POEMS FROM BROWN'S LIFE.
108 subscribers
88 photos
7 videos
1 file
24 links
I am a life enthusiast. Then I write poetry. That's it.
Download Telegram
လူတွေကလည်းနော် ဒီဘက်ခေတ်မှာ ရှားတဲ့ ကဗျာအနှစ် ခံစားချက်အစစ်ကျ မဖတ်ကြဘူး။

နောင်တစ်ချိန်မှ ပြန်ရှာဖတ်ပြီး
ဪ ဒီလိုခေတ်မှာ ဒီလိုကဗျာတွေလည်း ရှိခဲ့ပါလားလို့ အဲ့ကျမှ
နောင်တမ‌ရစေချင်။ ။

*တာရာညို
💔3
This media is not supported in your browser
VIEW IN TELEGRAM
POEMS FROM BROWN'S LIFE.
👍 Sticker
စတစ်ကာ လာပြတာပါ ခဏနေကဗျာတင်ပါမည်🗿
🤷‍♀1🗿1
မေတ္တာတွေနဲ့
တစ်ရစ်ပြီးတစ်ရစ် လျော့လျော့ပေးခဲ့တဲ့
သံယောဇဉ် ရစ်ဘီးလေးပါ ချစ်သူ ။

ပြန်ရစ်ဖို့ မတွေးဖူးပါဘူး
ရေစက်မကုန်ခင် သို့မဟုတ် ကြိုးလေးမကုန်ခင်ထိတော့ မင်းတစ်ယောက်
ပြေးချင်သလောက် ပြေးပေါ့ ။

ဘုရင်နောင် ဖောင်ဖျက်ခဲ့ပြီပဲ
စိတ်ကော နာမ်ရော ကျန်းမာပါ‌စေ ။

- ချစ်ခြင်းသီအိုရီ အပိုင်းအစများ
- ကလောင်
🍓2
သံလွင်မြစ်ဖျားကနေ စိမ့်ဝင်သွားတဲ့
နှလုံးသားအပဲ့အရွဲ့တွေ
ခွဲထွက်ရာ စမ်းချောင်းများဆီသို့
မလွှတ်ချနိုင်သော ဒဏ်ရာတွေကို
ပွေ့လျက် အစုန်၊အဆန်
စီးမျောနေကြတယ်...။

-စောနွယ်
💔1
အကြင်နာကမ်းပါး_

ကိုယ့်ဝိဉာဉ်ကို ဝိုင်တစ်ခွက်အဖြစ်
အသင့်သောက်သုံးပါ။
ပန်းတစ်ပွင့်ကို ပြာချပြီး ကောင်း‌ကင်ပေါ်ပက်ဖြန်း
အကြင်နာ ဒါဟာ အချစ်တစ်ခုအဖြစ်
ကြယ်ကြွေခြင်းပေ့ါ။

ကိုယ်တို့ သစ်တောကနေဆို
မင်းရှိရာ ကြယ်တံခွန်လေးတွေကို
အတိုင်းသား တွေ့နေ မြင်နေရ၊
ခြံစည်းရိုးလို တိမ်တွေကာလို့
မင်းအိမ်ကလေးဟာ စကြာဝဠာထဲမှာ
သိပ်လှတယ် အကြင်နာ။

တကယ်မပျော်ပေမယ့်
အလည်ခေါ်ရင်တော့
တစ်ညလောက်စုံပါရစေပေါ့
အကြင်နာ။

ကမ်းပါးတွေ တဖြေးဖြေးပြိုကျ
ဒီလိုနဲ့ အကြင်နာ နှစ်တွေဟာဖြိုချ
အချစ်တွေသာ အိုသွားတဲ့
ငါတို့ တွေ့ဆုံခြင်းတွေမှာ...။ ။

- တာရာညို
💔3❤‍🔥1
ပြိုလဲသဘင်


ပြုံးတစ်ခါ ငိုတစ်လှည့်ပေါ့
ဒီတစ်ခါ ငိုရင်တော့
မျက်ရည်မများနဲ့။

အသက်တွေ ‌ကစားတဲ့ခေတ်မှာ
မိုးလောက်ပြိုမှ မီးစွဲမှ
ငါတို့ဟာ ငါတို့ပါဆိုတာ သိခဲ့မှ
လီးပဲကွာ ဘဝဆိုတာ
မသေးမျှင်ရဲ့
တော့် ကတွတ်ပီလောက်
နားဝင်မချိူ။ ။

- တာရာညို

https://vt.tiktok.com/ZSbdousF7/
Yolooooooo...,

တစ်ယောက်ပဲနော် 1subပဲလိုတော့တယ်။
PFBLရဲ့ PDf free file ထုတ်ဖို့ တစ်ယောက်ပဲလိုတော့တယ်ဗျိူ့၊🫆
ကဲ..📚🆓

ခင်ဗျားတို့က Sub goals 100ပြည့်အောင်လုပ်ပြီးပြီဆိုတော့...

အခုကျူပ်အလှည့်ပေါ့ ဆိုတော့ဗျာ (မိန်းမတွေနဲ့ပက်သပ်ရင် ကံသိပ်မကောင်းလို့) ကြေကွဲကဗျာဖြစ်စေ အချစ်ကဗျာဖြစ်စေ မည့်သည့်အနုပညာရသမဆို
အားလုံး လာပို့ကြပါဦးဗျိူ့။

ကဗျာ ၁၀၀ဆိုတဲ့ ebook လေး ကဗျာတစ်ရာပြည့်ရင်ထုတ်ပေးမယ်ဗျိူ့။ဆိုတော့ လာပေးကြပါကုန်။

ချစ်တဲ့ || ကိုတာရာညို
🍓1
POEMS FROM BROWN'S LIFE. pinned «ကဲ..📚🆓 ခင်ဗျားတို့က Sub goals 100ပြည့်အောင်လုပ်ပြီးပြီဆိုတော့... အခုကျူပ်အလှည့်ပေါ့ ဆိုတော့ဗျာ (မိန်းမတွေနဲ့ပက်သပ်ရင် ကံသိပ်မကောင်းလို့) ကြေကွဲကဗျာဖြစ်စေ အချစ်ကဗျာဖြစ်စေ မည့်သည့်အနုပညာရသမဆို အားလုံး လာပို့ကြပါဦးဗျိူ့။ ကဗျာ ၁၀၀ဆိုတဲ့ ebook လေး ကဗျာတစ်ရ…»
@iykyk0e0 မှာပို့ပေးကြပါကုန်
❤‍🔥1
ပို့ထားလို့ရမည့် သူများ -

@Saw_Yu_Nwe_28
@Ka_Laung
@san_myint004

ဖြစ်ပါကြောင်း
❤‍🔥3
ရည်ရွယ်ချက်ကတော့ ကဗျာ၁၀၀ပြည့်ဖို့ပါပဲ။(ရှင်းပါတယ်နော်)

တစ်ယောက်ကိုတစ်ပုဒ်နှုန်းပဲမို့ သက်သက်သာသာအေး‌အေးဆေးဆေးဖြစ်မှာယုံကြည်ပါတယ်။

ပို့တဲ့သူလည်းရှိသလိုမပို့တဲ့လူတွေလည်းကျန်တာမို့ ကိုယ်အသိလေးတွေကို share ပြီး အသိပေးလိုက်ပါဦးဗျိူ့။

ခင်ဗျားတို့မြန်လေ ကျူပ်တို့မြန်လေပါပဲ 📚 🆓

- PFBL• adm team
❤‍🔥3
လက်တစ်ဖက် _

အကြင်နာစော်ကားခဲ့တဲ့
မေတ္တာဆိုတာ
မင်းကမ္ဘာမှာ မရဘူးခဲ့တာတောင်
ဒီလူ့ကို ဘောင်မသွင်း ရှောင်ကွင်းပြီး
ကျော်သွားသတဲ့။

ခက်လိုက်ပါပေ့ အကြင်နာရယ်။ ။

- တာရာညို

https://vt.tiktok.com/ZSbLqHs1e/
💔5
ဒုက္ခတရားကို ဒုက္ခ ပါလို့ပြောဖို့
ငါမှာဒုက္ခရောက်နေတယ်။ ။

#Mgki
▪️မောင်စိုးပေ
အော်..ဒုက္ခ
2026.9.25.6:57
စမူတပြားကြောင့် လူကြားထဲ ထိုးသွားတဲ့ ဓါး 🗡️🔪။

ညီကိုလိုပေါင်းတဲ့ကောင်တွေတောင် သတိရသဗျိူ့ ခိခိ။
🗿4
အသက်မပါသော ညများ_

ညကြီးမင်းကြီး ကဗျာရေးဖို့
ငါ့ကင်ဆာ ငါပြန်ထုတ်တယ်
ဧကန္တ မင်းအကောင့်ထဲ ဝင်မိပြန်ပြီ
တမင်တကာပဲလုပ်လုပ် မမြင်သာအောင်ပဲ
ငါပုန်းစရာရှာတယ် မတွေ့
တွေ့ရင်လည်း ငါမပုန်း
ငါမှ မမုန်းခဲ့ဘဲလေ။

ဒီခန္ဓာအစုတ် ငါဖြုတ်ထုတ်ပစ်လိုက်ချင်
သန်းခေါင်ထက် ညဉ့်နက်ခဲ့ပြီပဲ
အခုဆို ၁:၄၂ ။

ပြန်လာတာ ငါလက်မခံ
ဝမ်းမသာစရာမနက်ဖြန်ကတော့
ဆက်ဆံတာ အေးစက်မှုလေးတွေကိုလည်း
လက်ခံစပြုနေပြီ။

အားမရှိတော့ဘူး ပျော့ခွေချင်လာပြီ
အို မရှိတဲ့မေမေ သားကို ကယ်ပါဦး။

မချစ်တတ်သူရဲ့ ဂရုစိုက်မှုတွေ
တသသတောင့်တမိ မင်းတကယ်ကို
ထားခဲ့တာဆိုတဲ့ စိတ်အရူးက
မိခင်လိုမေတ္တာမျိုးပဲလိုချင်ခဲ့တာတဲ့။

ငါမလွမ်းပါဘူး
မင်းတို့ကို အားကျလို့ပါ
အားတွေကျလို့ပါ။

ဒီနေ့ကစ ငါမေ့ပစ်တော့မယ်
စသဖြင့် ပြောပေါင်းလည်းများလှပါပြီ။

တောတောင် ပင်လယ် သမုဒ္ဒရာ
ငါမပိုင်ဆိုင်ခဲ့တဲ့ လက်ကလေးဟာ
ဝေးသထက်ဝေးရာ ထွက်ပြေးသလား
သူကရော မင်းခါးသွယ်သွယ်လေးကို
ဖက်သေးသလား နားရွက်လေးကြားထဲက
ပန်းကလေးရော အရင်လိုရှက်သေးသလား
မျက်မှေးလေးရေ ငါတော့လွမ်းတယ်
မင်းကောင်လေးက အပြင်မှာတွေ့ရင်
နမ်းမယ်လို့ ပြောတယ်မလား
မေတ္တာဟာ စူးတိုင်း မရူးပါစေနဲ့။

တောတောင် ပင်လယ် သမုဒ္ဒရာ
မာယာများလှပါတယ် အယုံလွယ်သူကို သတ်ဖို့
ဟန်ဆောင်မှုတွေ တပုံတပင် မင်းသုံးခဲ့တယ်
ငါသေတာပေါ့ အချစ်ရယ်
အရင်ထဲက ထားရာနေစေရာသွားဆိုတော့
ငါသေတာပေါ့။

အခုဆို တစ်ညလုံး အိပ်မရတာကနေ
နေ့လုံးပေါက် လွမ်းတတ်လာပြီ။

မေးထူးခေါ်ပြောခွင့် မရှိ
ပန်းချီကားတွေငေးကြည့်ခွင့် မရှိ
ကောင်းကင်တိမ်တွေ မော့ကြည့်ခွင့် မရှိ
ငတ်မွတ်ခေါင်းပါးလည်းမေတ္တာတွေ မရှိ
ဘာမှ မရှိထဲကြားထဲ မင်းကပါဘေးနားမရှိ။

ကျောက ဓားစူးရာတွေ
ဘဝရဲ့ ခါးတူးစရာတွေ
အချစ်ရဲ့ ဥပေက္ခာ တွေ
ထုဆစ်ထားခဲ့ လေလွင့်အိမ်တွေ
တစစီ တစစီ ပြိုကွဲလျက်
ပြိုလဲလျက်။

မင်း ထားခဲ့တဲ့နေ့ကစ
ငါရေတွက်ခဲ့တဲ့ မိုးလင်းညတွေ
ငါမပျော်ဖူး ဒါပေမဲ့ ခိုးငြင်းရတဲ့
မနိုးခြင်းညနေ တစ်မျိုးချင်းတော့လှပါတယ်
ဘဝမှာလည်း ငါချစ်သလို မင်းသူ့ကို သိပ်ချစ်တယ်
ဒူးထောက်ခဲ့ရတယ် အသက်တောင် ရှူဖို့မေ့နေတဲ့ထိ
လက်မြှောက်အသံတိတ် အလံလိပ်လို့ မင်းတို့ကို
အားကျိုးမာန်တက် အရှုံးပေးခဲ့ပါတယ်။

အချစ်ဆုံး
ရွှေဝါရောင် စပါးခင်းတွေကို နှစ်သက်ပါသလား
ငွေလရောင် ညတွေကို ချစ်တတ်ပါသလား
ဝေမြစွာ ကျတဲ့မျက်ရည်ကိုတော့ မင်းငြင်းရက်မယ်မလား
တစ်ခါက လင်းခဲ့တဲ့ မီးအိမ်လေး အခုလောင်စာတွေ
ကုန်လုနီးဖြစ်ပြီ၊ ထွန်းလင်းခွင့်ပြုပါ အချစ်ရေ
ဒီကဗျာပြီးရင် ကြယ်ညိုကလေးဟာ
ကြွေချင်ကြွေမှာ။

ကဗျာပဲချမ်းသာတဲ့ကောင်ဟာ
ကဗျာပဲ ပေးမှာပေါ့
အသပြာတော့ဘယ်ပေးနိုင်မလဲ
ကဗျာဟာ အရှုံးတွေအတွက်
ဆရာပါပဲ ရတနာ။

ငါရှုံးပါပြီ ငါခွက်ခွက်လန် ရှုံးခဲ့ပါတယ်
လက်အုပ်ချီလိုက်ပါတယ်
လက်တစ်ဆုပ်စာ မျှော်လင့်ချက်
လက်တစ်အုပ်စာ လက်ဝါးကလေး
လက်တစ်ဖက်နဲ့ လက်နှစ်ဖက်
အကျပ်ရိုက်တဲ့ side effect တွေ။

မင်းခံစားရတာ အထက်တန်းစားဆန်တယ်
ငါက အောက်တန်းစား ကဗျာဆရာ
ရိုင်းစိုင်းပေမဲ့ ပြိုင်းနေတဲ့ စိတ်ကို
ရိုးသားစွာ ဝန်ခံခဲ့ပါတယ်။

တစ်ရံ တစ်ခါ လွမ်းတတ်ပါတယ်။
အေးတူပူမျှဘဝကနေ ဆွေးသူအပူဘဝဖြင့်
မင်းတို့ အတူတကွပေါင်းရပါစေဆုတောင်းရင်း…။ ။

- တာရာညို (သေဆုံးခြင်း အဘိဓမ္မာ)
- အသက်ရှူနေသော ကဗျာများ
//2:38, Friday
💔3❤‍🔥1
ကဗျာ ၁၀၀အတွက် စုပေးနေတယ်ဗျိူ့။
ခက်တာက ကဗျာတွေလာမပို့ကြတာပဲ💔
🤷‍♀1🤷1