ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊အထူးတိုင်းစစ်ဌာနက တပ်ရင်း သုံးရင်း ထပ်မံဖွဲစည်း
BBM - ဖေဖော်ဝါရီ ၂၄
သတင်း - ကိုဘုဏ်း
ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊စစ်ရုံးချူပ်က အထူးတိုင်းစစ်ဌာနမှာ တပ်ရင်းသုံးရင်းထပ်တိုးဖွဲ့စည်းကြောင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကြေငြာထားပါတယ်။
အထူးတိုင်းစစ်ဌာနအောက်မှာ နည်းဗျူဟာ ၅ခုရှိပြီး တရားဝင် ကွပ်ကဲမူ့ခံယူထားသောတပ်ရင်း ၁၁ ရင်း၊ ဒရုန်းတပ်ဖွဲ့ ၅ဖွဲ့ရှိတယ်လို့လည်းသိရပြီးMOD စစ်ရုံးချူပ်နဲ့အမှတ် ၁ စစ်ဆင်ရေးမှူးရဲ့ လမ်းညွှန်ချက်များအညီ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ကွပ်ကဲမူ့အောက်တွင်COC ခိုင်မာတောင့်တင်းတဲ့ တပ်ရင်း၊တပ်ဖွဲ့ ၊စစ်ကြောင်းများအဖြစ် စနစ်တကျ စုဖွဲ့ပြင်ဆင်ကြောင်းကိုလည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဆက်လက်ပြီး ရန်ကုန်၊ပဲခူး၊မွန် (ပကဖ)များကို စနစ်တကျစုစည်းပြီး တိုက်ခိုက်ရေးစစ်ကြောင်း ၃ ကြောင်းဖွဲ့စည်းနိုင်ခဲ့တဲ့အပြင် အမှတ် (၈၀၀၁)တပ်ရင်းနဲ့ ၊အမှတ် (၁၈၁၉)ဒရုန်းတပ်ဖွဲ့တို့ကိုလည်း ထပ်တိုးဖွဲ့စည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
အခုအခါ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့တပ်ရင်းစံပြုတည်မြဲအမိန့်နဲ့အညီ အမှတ် (၈၀၀၂)တပ်ရင်း - Kanbauk Defence Force ၊အမှတ် (၈၀၀၃)တပ်ရင်းနဲ့ အမှတ် (၉၉၂၅)တပ်ရင်း - Rangoon Warriors PDF တပ်ရင်း သုံးရင်းကို အသစ်ထပ်တိုးဖွဲ့ခဲ့စည်းကြောင်း အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ကြေငြာထားပါတယ်။
photo-အထူးတိုင်းစစ်ဌာန ပုံဟောင်း

👍10
ICC က မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရင် လက်ရှိအာဆီယံဥက္ကဌ ဖိလစ်ပိုင်အပါ ကျန်နိုင်ငံများက စစ်ခေါင်းဆောင်ကိုဖမ်းဆီးကာ သည်ဟိတ်မြို့ကို ပို့ဆောင်ပေးရန် SAC-M အကြံပြု
🟥မြန်မာစစ်ခေါင်းဆောင်တွေကို ၎င်းတို့ လုပ်ရပ်အတွက် တာဝန်ခံစေခြင်းက အာဆီယံရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ခြင်းနဲ့ ဒေသတွင်း အာဏာလိုသူ စစ်ခေါင်းဆောင်တွေအတွက် သတိပေးချက်ဖြစ်
BBM-ဖေဖော်ဝါရီ၂၄
သတင်း-မင်းသော်
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး-ICC က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်ရင် လက်ရှိအာဆီယံဥက္ကဌ ဖိလစ်ပိုင် အပါ ကျန်အာဆီယံနိုင်ငံများက စစ်ခေါင်းဆောင်ကိုဖမ်းဆီးကာ သည်ဟိတ်မြို့ကို ပို့ဆောင်ပေးရန်နဲ့ မြန်မာစစ်ခေါင်းဆောင်များကို ၎င်းတို့ လုပ်ရပ်အတွက် တာဝန်ခံစေခြင်းက ပြည်သူတွေဆန္ဒဖြစ်သလို အာဆီယံရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)က ဖေဖော်ဝါရီ၂၄(ဒီနေ့)မှာ တိုက်တွန်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာလက အပြည်ပြည်ဆိုင် ရာ ရာဇဝတ်တရားရုံး (ICC) ရဲ့ အစိုးရရှေ့နေက မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် တောင်းဆိုခဲ့သလို မကြာသေးခင်ကမှ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)မှာလည်း ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုကွန်ဗင်းရှင်းအရ တရားစွဲထားသောအမှုကို အများပြည်သူရှေ့တွင် ကြားနာမှုများ ပြုလုပ်ခဲ့တာတွေ ရှိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အကယ်၍ ICC က မင်းအောင်လှိုင်
ကို ဖမ်းဝရမ်းထုတ်ခဲ့ပါက လက်ရှိအာဆီယံဥက္ကဌဖိလစ်ပိုင်နိုင်ငံအပါ တီမော၊ မလေးရှား၊ စင်ကာပူအင်ဒိုနီးရှားနဲ့ အခြားအာဆီယံနိုင်ငံများက စစ် ခေါင်းဆောင်ကို ဖမ်းဆီးပြီး သည်ဟာဂ်သို့ ပို့ ဆောင်ရာတွင် ပူးပေါင်းဆောင်ရွက်ပေးသင့်တယ်လို့လည်း SAC-Mက အကြံပြုထားပါတယ်။
ဒါတင်မက စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အဖွဲ့ဝင်တွေကို ၎င်းတို့လုပ်ဆောင်ခဲ့တာတွေနဲ့ပတ်သတ်ပြီး တာဝန်ခံစေခြင်းဟာ မြန်မာပြည်သူများရဲ့ဆန္ဒနဲ့ဒီမိုကရေစီအနာဂတ်ကို လေးစားသော အနာဂတ်အသစ်တစ်ခု ဖန်တီးနိုင်မည်ဖြစ်ပြီး အာဆီယံရဲ့ အပြည်ပြည်ဆိုင်ရာ ဂုဏ် သိက္ခာကို မြှင့်တင်ကာ ဒေသတွင်း အာဏာလိုချင်သူ စစ်ခေါင်းဆောင်တွေအတွက် သတိပေး ချက်တစ်ခုဖြစ်လာမယ်လို့ SAC-Mမှ ထုတ်ပြန်တိုက်တွန်းထားပါတယ်။
Photo-ပုံဟောင်း

👍10❤1
မြောက်ကိုရီးယားခေါင်းဆောင်က စီးပွားရေးတိုးတက်အောင် ပြုလုပ်မယ်လို့ ကတိပြု၊ ညီမဖြစ်သူကို ရာထူးတိုးပေး
BBM - ဖေဖော်ဝါရီ ၂၄
သတင်း - Richard
အာဏာရပါတီညီလာခံမှာ မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအန်ရဲ့ ညီမဟာ ရာထူးတိုးမြှင့်ခံခဲ့ရတယ်လို့ Independent News မှာ ဖော်ပြထားပါတယ်။
ဒါဟာ ကင်မ် မိသားစုရဲ့ အာဏာကို ပိုမိုခိုင်မာလာစေခဲ့ပါတယ်။
အရင်က အာဏာရ ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီရဲ့ ဒုတိယဌာနညွှန်ကြားရေးမှူးဖြစ်ခဲ့ဖူးတဲ့ ကင်ယိုဂျုံဟာ ဌာနတစ်ခုရဲ့ ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရကြောင်း ကိုရီးယားဗဟိုသတင်းဌာနက ဖေဖော်ဝါရီလ ၂၄ရက်နေ့က ဖော်ပြခဲ့ပါတယ်။
မစ္စကင်မ်က ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေး၊ ပြင်ပမဟာဗျူဟာတွေကို ကြီးကြပ်ဖို့နဲ့ ဝါဒဖြန့်ချိရေးဌာနကို ဦးဆောင်ဖို့ တာဝန်ပေးအပ်ခံရဖွယ်ရှိကြောင်း သတင်းတွေအရ သိရပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ မစ္စကင်မ်ဟာ ပါတီမှာ ဩဇာအရှိဆုံး အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမရဲ့အစ်ကို ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ အနီးကပ်ဆုံးလက်ထောက်တွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။
သူမဟာ မြောက်ကိုရီးယားအစိုးရကိုယ်စား တောင်ကိုရီးယားနဲ့ အမေရိကန်ကို ဝေဖန်ဖို့ ပြင်းထန်တဲ့ ကြေညာချက်တွေကို မကြာခဏ ထုတ်ပြန်လေ့ရှိပါတယ်။
၅နှစ်တစ်ကြိမ် ကျင်းပတဲ့ ပါတီညီလာခံအတွက် ပါတီထိပ်တန်းခေါင်းဆောင်ထောင်ပေါင်းများစွာ ပြုံယမ်းမှာ စုဝေးနေစဉ် သူမဟာ ရာထူးတိုးမြှင့်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။
အာဏာရပါတီရဲ့ ညီလာခံဟာ မြောက်ကိုရီးယားအနေနဲ့ ကမ္ဘာကို ဝါဒဖြန့်ချိရေးသတင်းစကားတွေ ထုတ်ပြန်ဖို့၊ နောက်ထပ်နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးတွေကို ဆုံးဖြတ်ဖို့အတွက် စည်းဝေးတဲ့ ညီလာခံပဲဖြစ်ပါတယ်။
မစ္စစ်ကင်မ်ဟာ သူမရဲ့အစ်ကိုက လာမယ့် ၅ နှစ်အတွင်း မြောက်ကိုရီးယားရဲ့ စီးပွားရေးကို အားကောင်းစေပြီး တိုးတက်စေရနယ်လို့ ကတိပြုပြီး ၁ ရက်အကြာမှာ ရာထူးတိုးမြှင့်ခံခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
Reference - Independent
Photo- Al Jazeera/ Independenthttps://www.facebook.com/share/p/1HhFYd16aL/

Facebook
Log in or sign up to view
See posts, photos and more on Facebook.
👍2😁1
အာဆီယံက မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ၅ချက်ကို ပြန်လည်သုံးသပ်နေကြောင်းနဲ့ ရေရှည်သံတမန်ထားရှိဖို့ စဉ်းစားနေ
BBM - ဖေဖော်ဝါရီ ၂၅
သတင်း - Richard
အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာသီရီဆာ လာဇာရိုက မြန်မာနိုင်ငံဆိုင်ရာ 'ဘုံသဘောတူညီချက် ၅ချက်’ကို ပြန်လည် သုံးသပ်ဖို့နဲ့ ရေရှည်အထူးသံတမန်ရာထူးကို ဖန်တီးဖို့ စဉ်းစားနေကြောင်း ပြောကြားခဲ့ပါတယ်။
မကြာသေးမီက Thai PBS ‘Tanloke’ အစီအစဉ်နဲ့ အင်တာဗျူးတစ်ခုမှာ လာဇာရိုက မြန်မာနိုင်ငံနဲ့ ဆက်ဆံရာမှာ ဘုံသဘောတူညီချက်ဟာ "အခြေခံ သဘောတူညီချက်" အဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်ပေမဲ့ တစ်ဖက်မှာလည်း စီဘူးမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အဆိုပါ ငါးချက်ကို ပြန်လည်ညှိနှိုင်းဖို့ တင်ပြခဲ့ကြကြောင်း ပြောကြားခဲ့ပါတယ်။
"အတိုင်းအတာတစ်ခုအထိတော့ ဘုံသဘောတူညီချက် ၅ချက်ကို ပြန်လည်သုံးသပ်သင့်တယ်လို့ ကျွန်မထင်ပါတယ်" ဟု သူမက ပြောကြားခဲ့ပါတယ်။
အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ရေရှည်တည်တံ့စေဖို့အတွက် ရေရှည်အထူးသံတမန်ရာထူးတစ်ခု ဖန်တီးနိုင်ဖို့ကိုလည်း ဆွေးနွေးခဲ့ပြီး အကြီးတန်းအရာရှိတွေက အဆိုပြုချက်ကို ဆက်လက်လေ့လာဖို့ တာဝန်ပေးအပ်ခံရမှာပဲဖြစ်ပါတယ်။
အခုနှစ်မှာ လာဇာရိုက မလေးရှားနိုင်ငံဆီကနေ ဥက္ကဋ္ဌရာထူးကို ရယူပြီးနောက် အာဆီယံ ၁၀ နိုင်ငံပါဝင်တဲ့ အဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် လက်ရှိမှာ တာဝန်ထမ်းဆောင်နေပါတယ်။
သူမဟာ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ်လည်း တာဝန်ထမ်းဆောင်နေတာပါ။
ဖိလစ်ပိုင်နိုင်ငံက အာဆီယံအနေနဲ့ ရေရှည်အထူးသံတမန်တစ်ဦးကို ခန့်အပ်သင့်ကြောင်း ပြောကြားခဲ့ပြီး အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေ လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။
“အတိတ်က ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို သိရှိထားသင့်ပါတယ်”လို့ လာဇာရိုက ပြောကြားခဲ့ပါတယ်။
အဆိုပြုထားတဲ့ ပြန်လည်သုံးသပ်ချက် တွေရှိနေပေမဲ့ သဘောတူညီချက် ၅ချက်ကို အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုကို ဆက်လက်လမ်းညွှန်ပေးမှာဖြစ်ပြီး အာဆီယံပဋိဉာဉ်စာတမ်း၊ အရှေ့တောင်အာရှ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ် အပါအဝင် အဖွဲ့ရဲ့ အဓိကမူတွေကတော့ ခိုင်မာစွာ ဆက်လက်တည်ရှိနေမှာ ဖြစ်ကြောင်း လာဇာရိုက အလေးပေးပြောကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ သဘောတူညီချက်ထဲမှာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ အတိုက်အခံအဖွဲ့တွေ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ ပါ၀င်ဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်ဖို့၊ အထူးသံတမန်မှ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့ရာတွေကို တောင်းဆိုထားပါတယ်။
လာဇာရိုက အထူးသံတမန်အနေနဲ့ သဘောတူညီချက်တွေနဲ့ အညီ စစ်တပ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံဖို့ နေပြည်တော်ကို ခရီးသွားတာအပြင် ဖိလစ်ပိုင်ရှိ သက်ဆိုင်သူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့လည်း ပါဝင်ပါတယ်။
အဆိုပါ လုပ်ငန်းစဉ်ဟာ မလေးရှားနိုင်ငံက ဥက္ကဋ္ဌတာဝန်ယူစဉ်အတွင်း ပထမဆုံးစတင်ခဲ့တဲ့ လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါတယ်။
အာဆီယံအနေနဲ့ အဓိက လုပ်ဆောင်ရမယ့် သဘောတူညီချက် ၂ခု ကျန်ရှိနေသေးကြောင်း သူမက ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ ထိရောက်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်ခွင့်တွေပေးဖို့ပါ။
Reference - Thai PBS World
Photo - Thai PBS World
https://www.facebook.com/share/p/1HPRhijW6V/

👍5
ရေးနဲ့ သံဖြူဇရပ်မှာ စစ်ကောင်စီရဲစခန်းနဲ့ စစ်ကြောင်းတို့ကို တိုက်ခိုက်မှု စကစတပ်သား ၅ ဦးသေဆုံး
BBM - ဖေဖော်ဝါရီ ၂၅
သတင်း - ခက်ဆစ်
မွန်ပြည်နယ်၊ ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ ရဲစခန်းတို့ကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က ယမန်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ ၂၃ ရက်မှာ ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီး ရောက်ရှိလာတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား မနက် ၇ နာရီ ၁၇ မိနစ်မှ ၈ နာရီ ၅ မိနစ်အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
သံဖြူဇရပ်မြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ အနင်းရဲစခန်းကို ဖေဖော်ဝါရီလ ၂၁ ရက်မှာ ဒရုန်းနဲ့ ဗုံးသီး (၂) လုံးကျဲတိုက်ခိုက်ခဲ့သလို ရေးမြို့နယ် နှစ်ကရင်ရွာအတွင်းသို့ အင်အား (၁၅၀) ခန့်နဲ့ ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကိုလည်း ဒရုန်းဗုံးသီးနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ စစ်ကောင်စီရဲစခန်းနဲ့ စစ်ကြောင်းတို့ကို ဒရုန်းဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေမှာ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရေးပြောက်ကျားတပ်(YGF)၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁)နဲ့ ဗျူဟာ ၃၃ ဒေါနချေမှုန်းရေးတပ်ခွဲ၊ တပင်ရွှေထီးတပ် တို့ပူးပေါင်းပါဝင်ခဲ့တာ ဖြစ်ပြီး မွန်ပြည်တော်လှန်ရေးတပ်မှ ရဲဘော် (၂)ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Photo - MSRF
https://www.facebook.com/share/p/1CPEPBDXwG/

👍8❤2
စစ်တွေမှာ AA နဲ့ စစ်ကောင်စီတို့ အပြန်အလှန် လက်နက်ကြီးပစ်ခတ်နေပြီး တိုက်ပွဲတွေဖြစ်ပွားနေ
BBM - ဖေဖော်ဝါရီ ၂၅
သတင်း - နိုင်နိုင်
ရခိုင်ပြည်၊ စစ်တွေမြို့နယ်အနီးမှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ အပြန်အလှန်လက်နက်ကြီးတွေ ပစ်ခတ်နေပြီး တိုက်ပွဲတွေဖြစ်ပွားနေကြတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့စတင်ကာ စစ်ကောင်စီတပ်ဟာ စစ်တွေမြို့ပေါ်ရှိ အမှတ် ၁၂ ရဲတပ်ရင်းနဲ့ မြို့နယ်ရှိ ကျားမသောက်၊ ပါဒလိတ်စခန်းတွေကနေ AA ရှိနိုင်တဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်နေပြီး အာရက္ခတပ်တော် AA ကလည်း စစ်တွေမြို့နယ်ရှိ ဒကစ ဌာနချုပ်နဲ့ ကာကင်းစခန်းတွေကို လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်မှုတွေရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
"လက်နက်ကြီးတွေ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ပစ်ခတ်နေကြတာပါ၊ စစ်ကောင်စီတပ်က မြို့ပေါ်တပ်ရင်းတွေကလည်း အခုရက်ပိုင်းလက်နက်ကြီးတွေ ပစ်ခတ်တာရှိပါတယ်၊ ကာကင်းစခန်းတွေကလည်း လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဗုံးကြဲချတိုက်ခိုက်တာရှိပါတယ်၊ AA ကလည်း အဲလိုပဲ စစ်ကောင်စီရဲ့ ကာကင်းစခန်းတွေကို လက်နက်ကြီးတွေနဲ့ တန်ပြန်ပစ်ခတ်နေပါတယ်၊ အဲတာကြောင့် တိုက်ပွဲတွေ ဖြစ်နေကြတာပါ" လို့ အဆိုပါစစ်ရေးသတင်းရင်းမြစ်က BBM ကို ပြောပါတယ်။
အာရက္ခတပ်တော် AA ဟာ အခုနှစ် ၂၀၂၆ နှစ်ဆန်းပိုင်းမှာ စစ်တွေမြို့နယ်၊ ဒကစ ဌာနချုပ်အနီးက ကံကော်ကျွန်း၊ တောကံ၊ ရာတန်၊ ကြံတော၊ ဇော်မတတ်ကျေးရွာရှိ ကာကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့မှာတော့ ကာကင်းစခန်း ၂ ခုထက်မနည်းကို AA က သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
အဲဒီအခြေအနေကြောင့်ပဲ စစ်ကောင်စီတပ်ဟာ စစ်တွေမြို့ပေါ်မှာ လုံခြုံရေးအင်အားတွေကို တိုးချဲ့ချထားသလို ဒကစဌာနချုပ်အနီးက ကျေးရွာတွေကိုလည်း စစ်ကြောင်းထိုး ဝင်ရောက်ကာ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးမှုတွေရှိတဲ့အပြင် ခိုင်ခံ့တဲ့နေအိမ်တွေကို ဖျက်ပြီး ကာကင်းစခန်းနဲ့ ဒကစဌာနချုပ်အနီး ဘန်ကာတွေအခိုင်အမာ ဆောက်လုပ်ပြင်ဆင်နေကြတယ်လို့ စစ်တွေဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
"မြို့ပေါ်မှာ စကစ က လုံခြုံရေးအင်အားတွေကို အရင်ကထက်တိုးချဲ့ချထားပါတယ်၊ ပြီးတော့ ဒကစဌာနချုပ်အနီးမှာလည်း နေအိမ်တွေကိုဖြိုဖျက်ကာ ဘန်ကာတွေကို ဆောက်လုပ်နေတယ်လို့ သိရပါတယ်၊ ပြီးခဲ့ရက်ပိုင်းကလည်း အဲဒီဌာနချုပ်အနီးက ကျေးရွာတွေကို ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာရှိပါတယ်၊ စစ်တွေမြို့ပေါ်တိုက်ပွဲတွေကတော့ ပြန်ဖြစ်လိုက်၊ ပြန်ငြိမ်လိုက် အဲလိုသဘောရှိနေပါတယ် " လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။
လက်ရှိ စစ်တွေမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ဟာ ဇော်မတက်၊ ကံကော်ကျွန်း၊ တောကံ၊ ပါဒလိတ်စတဲ့ကျေးရွာဘက်တွေမှာ နှစ်ဘက်စစ်ဆိုင်နေကြတဲ့ အနေအထားဖြစ်တယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အာရက္ခတပ်တော် AA ဟာ ရခိုင်က မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် စစ်တွေမြို့ကို မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတာထက် ဝိုင်းပတ်ပိတ်ဆို့ဖြတ်တောက်ထားတဲ့ အနေအထားဖြစ်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။
"စစ်တွေကို အာရက္ခတပ်တော် AA က မြို့သိမ်းတိုက်ပွဲ လုပ်တာထက် ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ အနေအထားပါ၊ ပြီးရင်မြို့ထဲမှာလည်း သူတို့မှာ တိုက်စရာတပ်တွေက မရှိသေးဘူး၊ တပ်တွေအကုန်လုံးက စစ်တွေမြို့ရဲ့အပြင်ဖက် စစ်တွေ - ရန်ကုန်ကားလမ်းမရဲ့ ဘေးမှာရှိတာပါ၊ မြို့ထဲမှာရှိတာက ရဲတပ်ရင်းတွေနဲ့ မြို့ရဲ့အစွန်းမှာတော့ နေဗီတပ်တစ်တပ်ရှိပါမယ်၊ ဒါတွေက ပြောပလောက်တဲ့အနေအထားမရှိဘူး၊ ဒါပေမဲ့ ဒကစ ကျသွားရင် စစ်တွေမြို့က တိုက်စရာမလိုပဲ ကျသွားမှာပါ၊ AA တိုက်တဲ့ပုံစံမျိုးက မြို့နယ်လူထုကို ဒုက္ခရောက်အောင် သူတို့မတိုက်ဘူး၊ တပ်ရင်း၊ ဌာနချုပ်တွေကိုပဲ တိုက်တာပေါ့နော်၊ တပ်ရင်း၊ ဌာနချုပ်တွေက မြို့ပြင်မှာပဲရှိတာဖြစ်တဲ့အတွက် အဲဒီတပ်ရင်းတွေကို AA က ခြိမ်းခြောက်ပစ်ခတ်တဲ့ အနေအထားမျိုးဖြစ်ပါတယ် " လို့ CDM ဗိုလ်ကြီးဇင်ယော်က BBM ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်တွေမြို့တိုက်ပွဲတွေအခြေအနေကြောင့်ပဲ AA သိမ်းထားတဲ့ မြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်မှုတွေ အဆက်မပြတ်ပြုလုပ်လာနေတယ်လို့ စစ်ရေးလေ့လာသူတွေက ပြောဆိုကြပါတယ်။
မနေ့က ဖေဖော်ဝါရီလ ၂၄ ရက်၊ နေ့လည် ၂ နာရီကျော်အချိန်မှာ စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာနဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာရှိ စျေးတည်ရှိတဲ့နေရာကို ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၁၇ ဦး သေဆုံးခဲ့ပြီး ၁၄ ဦးမှာ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ထားပါတယ်။
Video - Credit
https://www.facebook.com/share/v/1Ey7naQzkm/

🤬4👍1
ပုလဲမြို့နယ်ကို ထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်း ချင်ပြစ်ကျင်းကျေးရွာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ
BBM - ဖေဖော်ဝါရီ ၂၅
သတင်း - နိုင်နိုင်
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းကို ထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်း ၂ ကြောင်းထဲက တစ်ကြောင်းဟာ ချင်ပြစ်ကျင်းကျေးရွာက နေအိမ်တွေ မီးရှို့ဖျက်ဆီးမှုတွေ ရှိနေတယ်လို့ ပုလဲဒေသခံတွေဆီက သိရပါတယ်။
မနေ့က ဖေဖော်ဝါရီလ ၂၄ ရက်၊ မနက် ၁၀ နာရီကျော်အချိန်မှာ အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပုလဲမြို့နယ်၊ ချင်ပြစ်ကျင်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်တွေဝင်ရောက်စစ်ဆေးတာတွေနဲ့ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ပုလဲဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
"ချင်ပြစ်ကျင်းရွာက နေအိမ်တွေကို စကစ စစ်ကြောင်းက မနေ့က မီးရှို့ခဲ့တယ်လို့ သိရပါတယ်၊ မီးရှို့တာကတော့ ကွက်သစ်ဖက်က တစ်အိမ်ထဲကို ရှို့သွားတာလို့ လက်ရှိသိထားရတာရှိပါတယ်၊ ရွာထဲက နေအိမ်ဘယ်နှစ်လုံးလောက် ရှို့သွားသလဲဆိုတာကတော့ စုံစမ်းနေဆဲပါ" လို့ သူကဆက်ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့တဲ့ ချင်းပြစ်ကျင်းကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး ဒေသခံတွေမှာလည်း စစ်ကောင်စီ စစ်ကြောင်းထိုးမှုတွေကြောင့် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
လက်ရှိ မီးရှို့ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ BNRA ခေါင်းဆောင် နဂါးကို စစ်တပ်က ခေါ်ဆောင်သွားတဲ့ သေတ္တရာကျေးရွာကနေ အနောက်ဖက် ဆင်ရှင်၊ ငှက်ပျောတော၊ ဇီးဖြူကုန်း၊ နှောရိုးနဲ့ ချင်ပြစ်ကျင်းကျေးရွာဖက်ကို ထိုးနေတဲ့စစ်ကြောင်း ဖြစ်တယ်လို့လည်း သိရပါတယ်။
"မနေ့က အဲဒီစစ်ကြောင်းဟာ ချင်ပြစ်ကျင်းကျေးရွာမှာ ညအိပ်တပ်စွဲခဲ့တယ်လို့ သိရပါတယ်၊ အဲဒီ စစ်ကြောင်းကပဲ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ၊ ဒီမနက်တော့ နွယ်အင်းရွာဖက်တွေကို ဆက်လက်ထိုးနေပါတယ်" လို့ ပုလဲဒေသခံနောက်တစ်ဦးက BBM ကို ပြောပါတယ်။
BNRA ခေါင်းဆောင်း နဂါးစစ်ကောင်စီတပ်နဲ့ ပူးပေါင်းသွားပြီးနောက် ပုလဲမြို့နယ်အတွင်းကို အင်အား ၃၀၀ ခန့်နဲ့အတူ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာဖြစ်ပြီး ထွက်ပြေးလွတ်မြောက်နေကြတဲ့ လက်ကျန် BNRA တပ်ဖွဲ့ဝင်တွေကလည်း အဆိုပါစစ်ကြောင်းတွေနဲ့ ပူးပေါင်းမှုတွေရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Photo - ပုံဟောင်း
https://www.facebook.com/share/p/15kMGHF28R/

🤬6
အကြမ်းဖက်မှုတွေ ဖြစ်ပွားနေပေမဲ့ ကမ္ဘာ့ဖလားအိမ်ရှင် မက္ကဆီကိုအပေါ် FIFA ယုံကြည်နေဆဲ
BBM - ဖေဖော်ဝါရီ ၂၅
သတင်း - David
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) ဥက္ကဋ္ဌ အင်ဖန်တီနိုက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ပူးတွဲအိမ်ရှင် မက္ကဆီကိုမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွါးနေပေမယ့် ပြိုင်ပွဲကျင်းပနိုင်စွမ်းအပေါ် ယုံကြည်နေဆဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
မက္ကဆီကိုစစ်တပ်က El Mencho လို့ အမည်ပေးထားတဲ့ စစ်ဆေးရေးအတွင်း မူးယစ်ဂိုဏ်းခေါင်းဆောင် နယ်မယ်ဆီယိုကို အသေပစ်သတ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ကျန်ဂိုဏ်းသားများက ခေါင်းဆောင်သေဆုံးမှုအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ လမ်းများကို အတားအဆီးလုပ်တာ၊ ယာဉ်တွေကို မီးရှို့တာတွေ ပြုလုပ်ခဲ့ပါတယ်။
မက္ကဆီကိုဟာ ဇွန်လ ၁၁ ရက်ကနေ ဇူလိုင်လ ၁၉ ရက်အထိကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမေရိကန်၊ ကနေဒါနိုင်ငံတွေနဲ့အတူပူးတွဲကျင်းပခွင့် ရရှိထားတာပါ။
Guadalajara မြို့ကနေ အကြမ်းဖက်မှုတွေ စတင်ခဲ့ပြီး ဒီမြို့မှာ ကမ္ဘာ့ဖလားပွဲစဉ် လေးပွဲ ကျင်းပဖို့ စီစဉ်ထားပါတယ်။
ငါးပွဲကို မြို့တော် Mexico City၊ လေးပွဲကို Monterrey မြို့မှာ ကစားသွားမှာဖြစ်ပါတယ်။
ဥက္ကဋ္ဌ အင်ဖန်တီနိုကတော့ မက္ကဆီကိုရဲ့ ကမ္ဘာ့ဖလားကျင်းပနိုင်စွမ်းအပေါ် စိတ်ချလက်ချရှိနေပြီး ကြီးကျယ်ခမ်းနားလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
#bbmnews #bbm #bbmtv #Mexico #SportsNews
https://www.facebook.com/share/p/1CQTDCtqgX/

👍4
ဖလမ်းမြို့နယ် တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာမှာ မိုင်းနင်းမိပြီး ဒေသခံအမျိုးသားတစ်ဦးသေဆုံး
BBM - ဖေဖော်ဝါရီ ၂၅
သတင်း - ကိုအိုက်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကောင်စီနဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာမှာ တောင်ယာသွားတဲ့ အရပ်သာတစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
သေဆုံးသူမှာ ဖလမ်းမြို့နယ်၊ Khuangmual ကျေးရွာမှ အသက် ၅၇ နှစ်အရွယ် Pu Hial Lian ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သူ့ရဲ့ ကော်ပီခြံအတွင်း သမင်ပစ်ဖို့သွားစဉ် မတော်တဆ မိုင်းနင်းမိခဲ့တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂၃ ရက်၊ ညနေ ၅ နာရီခန့်မှာ ဗုံးပေါက်ကွဲသံ ကြားခဲ့ရပေမဲ့ Pu Hial Lian မှာ ပုံမှန်အားဖြင့် ညသန်းခေါင်မှ အိမ်ပြန်လာလေ့ရှိသူဖြစ်သော်လည်း တစ်ညလုံး အိမ်ပြန်မလာသဖြင့် မိသားစုနဲ့ ရွာသားများက လိုက်လံရှာဖွေရာ မနေ့က ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ နေ့လယ်ပိုင်းမှာ အလောင်းကို တွေ့ရှိခဲ့ရပါတယ်။
"မိုင်းပေါက်ကွဲသံက ကြားတယ်၊ ဘယ်နေရာဆိုတာ အတိကျမသိဘူး၊ ပြီးတော့ Pu Hial Lian က တောင်ယာသွားရင် စောစောပြန်လာတာ မရှိဘူး၊ ည ၈ နာရီ၊ ၁၀ နာရီလောက်မှ ပြန်လာလေ့ရှိတဲ့အတွက် ဘယ်သူမှ သတိမထားမိဘူး"လို့ ဒေသခံအမျိုးသားတစ်ဦးက BBM ကို ပြောပါတယ်။
အဲဒီ မိုင်းပေါက်ကွဲမှုကြောင့် Pu Hial Lian မှာ ခါးအောက်ပိုင်းနဲ့ လက်နှစ်ဖက်စလုံး ပြတ်ထွက်သွားတဲ့ ဒဏ်ရာများဖြင့် သေဆုံးနေတာကို တွေ့ရှိခဲ့ရတာလို့ သိရပါတယ်။
Khuangmual ကျေးရွာဟာ စစ်ကောင်စီတပ်တွေ ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကြောင်းထိုးရာ လမ်းကြောင်းပေါ်မှာ ရှိနေပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
"မိုင်းနင်းတဲ့နေရာက စစ်ကောင်စီ စစ်ကြောင်းထိုးတဲ့ လမ်းကြောင်းပေါ်မှာရှိတာပါ၊ အရင်လက စစ်ကောင်စီနဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်၊ ဒါပေမဲ့ အဲဒီမိုင်းက ဘယ်သူ့မိုင်းဆိုတာ မသိရပါဘူး"လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက BBM ကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာနဲ့ စစ်ကြောင်းဖြတ်သန်းသွားတဲ့ လမ်းကြောင်းတွေမှာ မပေါက်ကွဲသေးတဲ့ လက်နက်ခဲယမ်းတွေနဲ့ မြေမြှုပ်မိုင်းအန္တရာယ်တွေ ရှိနေနိုင်သဖြင့် ဒေသခံများအနေနဲ့ သွားလာရာမှာ အထူးဂရုပြုကြဖို့ ၎င်းက တိုက်တွန်းထားပါတယ်။
Photo - လူမှုကွန်ယက်
https://www.facebook.com/share/p/1CCgN7HSrT/

😢4👎1
ရွာငံမြိုနယ်မှာ အုတ်ရိုက်စားတဲ့ လင်မယား သေနတ်နဲ့ပစ်ခံရပြီး မိန်းမဖြစ်သူ သေဆုံး
BBM - ဖေဖော်ဝါရီ ၂၅
သတင်း - ခွန်း
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြိုနယ်၊ နွားဘန်းကြီးကျေးရွာအုပ်စုထဲက ပွေးနဖားရွာမှာ အုတ်ရိုက်လုပ်ကိုင်စားသောက်နေတဲ့ လင်မယားနှစ်ဦးကို အမည်မသိ လက်နက်ကိုင်တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဇနီးဖြစ်သူက နေရာမှာတင် သေဆုံးသွားပြီး ခင်ပွန်းဖြစ်သူမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ်က ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပစ်ခတ်ခံရတဲ့အချိန်မှာ မိန်းမဖြစ်သူက အခင်းဖြစ်ပွားရာ နေရာမှာပဲ အသက်ဆုံးရှုံးသွားခဲ့ပြီး ခင်ပွန်းဖြစ်သူကိုတော့ တောင်ကြီးမြို့က ဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ရတယ်လို့ ပြောပါတယ်။
“အဲဒီလင်မယားက အုတ်ရိုက်စားတဲ့ လူသနားလေးတွေပါ၊ ဘာနိုင်ငံရေးလုပ်တယ်ဆိုတာလည်း မကြားဖူးဘူး၊ ဘာကြောင့် ဒီလိုလုပ်သွားလဲဆိုတာကို ရွာသားတွေတောင် မသိရဘူး၊ သူ့မိန်းမကတော့ နေရာတင် သေသွားတယ်၊ ယောက်ျားကတော့ ဆေးရုံပို့လိုက်ရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်းမှာ ပွေးနဖားရွာနဲ့ နွားဘန်းကြီးကျေးရွာတွေထဲကို လုံခြုံရေးအဖွဲ့တွေ ဝင်လာပြီး စစ်ဆေးမှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ညဘက်အချိန်တွေမှာ ရုတ်တရက် အိမ်တိုင်းလိုလို ဝင်စစ်တာတွေ လုပ်နေတဲ့အတွက် ရွာသားတွေကြားမှာ ကြောက်ရွံ့မှုတွေ ပိုများလာနေတယ်လို့လည်း ဆိုပါတယ်။
“ညရောက်ရင် အိမ်တိုင်းနီးပါး လာခေါက်စစ်တယ်၊ လူစုံမစုံ စစ်တယ်၊ ရွာထဲမှာ ဘယ်သူမှ စိတ်မချနိုင်ဘူး၊ တော်တော်ကြောက်နေကြရတယ်”လို့ နောက်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းတုန်းကလည်း အဲဒီမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ အရပ်သား ၄ ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းခေါ်သွားပြီးနောက် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကိုသာ ပြန်တွေ့ခဲ့ရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
ဒီလိုမျိုး ကျေးရွာတွေထဲမှာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေ မကြာခဏ ဖြစ်ပွားလာနေတဲ့အတွက် ဒေသခံပြည်သူတွေက လုံခြုံရေးအခြေအနေကို အလွန်စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ရွာငံမြိုဆိုင်းဘုတ်(ပုံဟောင်း)
https://www.facebook.com/share/p/1856FTuXvn/

🤬5❤1