မီဇိုရမ်မှာ ရူပီး ၁၁ သန်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေနဲ့အတူ မြန်မာလူငယ် ၃ ဦး ဖမ်းဆီးခံရ
BBM - ဖေဖော်ဝါရီ ၂၄
သတင်း - ကိုအိုက်
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အစပ်မှာ ရူပီး ၁၁ သန်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေနဲ့အတူ မြန်မာလူငယ် ၃ ဦးအပါအဝင် ၄ ဦးကို ဖမ်းမိတယ်လို့ မြန်မာစစ်ဘေးရှောင်တွေက BBM ကို ပြောပါတယ်။
အာသံရိုင်ဖယ် တပ်ဖွဲ့တွေက သတင်းအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က လောင်တလိုင်ခရိုင်၊ ကာကီကျေးရွာ အနီးမှာ စစ်ဆေးမှု ဆောင်ရွက်နေစဥ် မြန်မာနိုင်ငံသား ၃ ဦးနဲ့ ဒေသခံတစ်ဦးတို့ဆီက မူးယစ်ဆေးပြားတွေကို ဖမ်းမိခဲ့တာပါ။
"စစ်သားတွေက သတင်းရထားတာပြောတယ်၊ ကာကီရွာမှာ စောင့်ဆိုင်းပြီး စစ်နေတာ၊ ပလက်ဝဘက်က လာတဲ့ စက်လှေကို စစ်တဲ့ခါ ဖမ်းမိတာပါ၊ သူတို့က မြန်မာစစ်ဘေးရှောင်တွေ မဟုတ်ဘူး၊ စက်လှေသမားလိုလို မီဇိုရမ်ဘက် အဝင်အထွက်လုပ်တဲ့သူတွေပါ"လို့ ကာကီရွာ မြန်မာစစ်ဘေးရှောင်တစ်ဦးက BBM ကို ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးမှာ စိတ်ကြွရူးသွပ်ဆေးပြား (WY)တွေ ဖြစ်ပြီး စုစုပေါင်း ဆေးပြား ၈၀,၀၀၀ (အလေးချိန် ၃.၉၅ ကီလိုဂရမ်)၊ နိုင်ငံတကာပေါက်စျေးအရ အိန္ဒိယရူပီး ၁၁.၈၅ သန်း ခန့်ရှိတယ်လို့ မီဇိုရမ်သတင်းတွေမှာ ဖော်ပြကြပါတယ်။
မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးခံရသူတွေမှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ အသက် (၁၇) နှစ်အရွယ်တွေ ဖြစ်ကြတဲ့ ချိုင်းမောင်ဝင်း၊ သန်းလှိုင်နဲ့ အသက် (၁၅) နှစ်အရွယ် သန်းလှိုင်ဝင်း ဆိုသူတို့ ဖြစ်ကြပါတယ်။
ဒါ့အပြင် မီဇိုရမ်ဒေသခံတစ်ဦးဖြစ်သူ အသက် ၄၀ အရွယ်ရှိ လာလ်ရမ်းလျန်နာကိုလည်း ဖမ်းမိခဲ့ပါတယ်။
ဖမ်းဆီးရမိသူ ၄ ဦးနှင့် မူးယစ်ဆေးဝါးတွေကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး အာသံရိုင်ဖယ်တပ်ဖွဲ့က ဘုံတလန် ရဲစခန်းသို့ လွှဲပြောင်းအပ်နှံထားတယ်လို့ သိရပါတယ်။
"အခုရဲစခန်းမှာ စစ်းဆေးမေးမြန််းနေတုန်းပါ၊ တကယ်လို့ ပြစ်မှုထင်ရှားရင် ဖမ်းမိတဲ့မူးယစ်ဆေးဝါး ကာလတန်ဖိုးက မနည်းတဲ့အတွက် စီးပွားဖြစ်လုပ်တာကြောင့် ပြစ်မှုကကြီးနိုင်တယ်၊ ငွေဒဏ်၊ ထောင်ဒဏ်နှစ်ရပ်လုံး ကျခံနိုင်ပါတယ်"လို့ ကာကီရွာ မြန်မာစစ်ဘေးရှောင်တစ်ဦးက BBM ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နဲ့ ၂၁ ရက်နေ့ကလည်း အိန္ဒိယ-မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်၊ ဇိုခေါထာရ် နယ်စပ်စစ်ဆေးရေးဂိတ်မှာ မြန်မာနှစ်ဦးထံမှ ရူပီး ၃၁၀ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။
Photo - လူမှုကွန်ယက်
#bbmnews #bbm #bbmtv #indian #chin
https://www.facebook.com/share/p/1NUfVkTCLJ/

Facebook
Log in or sign up to view
See posts, photos and more on Facebook.
👍10
မြင်းမူမြို့နယ်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့ရာ ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါ ပြည်သူ ၉ ဦးသေဆုံး
BBM - ဖေဖော်ဝါရီ ၂၃
သတင်း - နိုင်နိုင်
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ကျေးရွာကို စစ်ကောင်စီတပ်က (Paramotor) စက်တပ်လေထီး (၂)စီးနဲ့ ဗုံးကြဲချတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၉ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မနေ့က ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ ညနေ ၇ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ရဲ့ မုံရွာအခြေစိုက် နမခမှ တက်ရောက်လာတဲ့ (Paramotor) စက်တပ်လေထီး ၂ စီးဟာ မြင်းမူမြို့နယ်၊ ရွေကျောင်းကန်ကျေးရွာက ဆီကြိတ်လုပ်ငန်းလုပ်ကိုင်တဲ့နေအိမ်နဲ့ စတားလင့် အင်တာနက်အသုံးပြုနေတဲ့ နေရာတွေကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက BBM ကိုပြောပါတယ်။
"မုံရွာ နမခ ကတက်လာတဲ့ စက်တပ်လေထီးနှစ်စီးက ဗုံးကြဲချတိုက်ခိုက်ခဲ့တာပါ၊ ၅ နှစ်ကလေး ကလေးငယ်တစ်ဦးပါ အရပ်သားပြည်သူ ၉ ဦး သေဆုံးသွားပါတယ်၊ ၅ ဦးကတော့ ဒဏ်ရာ ပြင်းထန်စွာရရှိသွားပါတယ်၊ စကစက ရည်ရွယ်ချက်ရှိရှိ အရပ်သားတွေနေတဲ့ နေရာကိုဗုံးကြဲချတိုက်ခိုက်သွားတာပါ" လို့ မြင်းမူမြို့နယ်မှ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားကြတဲ့သူတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက အရေးပေါ်ဆေးကုသမှုခံယူဖို့အတွက် ပို့ဆောင်ထားရပြီးတော့ သေဆုံးသွားတဲ့သူတွေမှာလည်း ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာကြောင့် မိသားစုတွေအနေနဲ့ အတည်ပြုဖို့ခက်ခဲနေကြတယ်လို့လည်း သိရပါတယ်။
လက်ရှိ စစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့ မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ကျေးရွာမှာ တိုက်ပွဲတွေတစ်စုံတစ်ရာ ဖြစ်ပွားတာမရှိဘဲ ရည်ရွယ်ချက်ရှိရှိ အကြောင်းမဲ့သက်သက်လာရောက် ဗုံးကြဲချတိုက်ခိုက်ခဲ့တာလို့လည်း ဒေသခံတွေက ဆိုပါတယ်။
ဗုံးကြဲချတိုက်ခိုက်ပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က ကင်းထောက်ဒရုန်းတွေနဲ့ မြင်းမူမြို့နယ်၊ ရွေကျောင်းကန်ကျေးရွာအနီး ပတ်ဝန်းကျင်တစ်လျှောက်ကို ကင်းထောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ပုံ - Monywa Revolution
https://www.facebook.com/share/p/1BFzPZz5hC/

👍6👎2😢2🤬1
AI ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ရာ သုတေသနတွေ ပြုလုပ်ဖို့ အမြန်လိုအပ်ကြောင်း Google AI အကြီးအကဲ ပြောကြား
BBM -ဖေဖော်ဝါရီ ၂၄
သတင်း - Richard
ဉာဏ်ရည်တု (AI)ရဲ့ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သုတေသနတွေ ပြုလုပ်ဖို့ "အရေးတကြီး လိုအပ်တယ်" လို့ Google DeepMindရဲ့ အကြီးအကဲက BBC News ကို ပြောကြားခဲ့ပါတယ်။
ဒေလီမှာ ကျင်းပခဲ့တဲ့ AI Impact Summitမှာ ပြောကြားခဲ့တဲ့ သီးသန့်အင်တာဗျူးတစ်ခုမှာ Sir Demis Hassabis က နည်းပညာကြောင့်ဖြစ်ပေါ်လာတဲ့ "အလွန်အန္တရာယ်များ”တဲ့ ခြိမ်းခြောက်မှုတွေ
အတွက် ကိုင်တွယ်ဖို့ "စနစ်ကျတဲ့ စည်းမျဉ်း" တွေကို လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
အဆိုပါ ထိပ်သီးအစည်းအဝေးမှာ နည်းပညာခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမားများစွာက အခမ်းအနားပြီးဆုံးခါနီးမှာ AI ကို ကမ္ဘာလုံးဆိုင်ရာ ထိန်းချုပ်မှုတွေ ပိုမိုပြုလုပ်နိုင်စေတဲ့ ပူးတွဲကြေညာချက်ထုတ်ပြန်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒါပေမဲ့ အမေရိကန်က အဆိုပါ တောင်းဆိုချက်ကို ငြင်းဆိုခဲ့ပြီး အိမ်ဖြူတော်နည်းပညာအကြံပေး Michael Kratsios က "AI ကို ဗျူရိုကရေစီနဲ့ ဗဟိုချုပ်ကိုင်မှုအောက်မှာ ထားပါက ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဦးတည်နိုင်မှာ မဟုတ်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။
Sir Demisက AIရဲ့ အဆိုးရွားဆုံးခြိမ်းခြောက်မှုတွေကို ကာကွယ်နိုင်ဖို့ "ခိုင်မာတဲ့ အကာအရံတွေ" တည်ဆောက်ဖို့ အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။
အဓိကခြိမ်းခြောက်မှု ၂ ခုမှာ "မကောင်းတဲ့ သူတွေ"(Bad Actors)အသုံးပြုနေတဲ့ နည်းပညာနဲ့ စနစ်တွေ ပိုမိုအားကောင်းလာတာနဲ့ အမျှ ထိန်းချုပ်မှုလွတ်သွားလာနိုင်တယ်လို့ သူက ပြောကြားခဲ့သည်။
OpenAIရဲ့ အကြီးအကဲ ဆမ် အော့လ်မန်းက AI ထိပ်သီးအစည်းအဝေးမှာ ပြောခဲ့တဲ့ မိန့်ခွန်းတစ်ခုအတွင်း "အရေးပေါ်ပြုလုပ်ရမဲ့ စည်းမျဉ်းစည်းကမ်းတွေ"ကို တောင်းဆိုခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီကလည်း AI မှ အကျိုးကျေးဇူးရရှိဖို့ နိုင်ငံတိုင်းက အတူတကွ လုပ်ဆောင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ အမေရိကန်ကတော့ အဆိုပါ အမြင်တွေရဲ့ တစ်ဖက်မှာ ရပ်တည်ခဲ့ပါတယ်။
ထရမ့်အစိုးရက “ကျွန်တော်တို့ဟာ AIကို ကမ္ဘာလုံးဆိုင်ရာ ထိန်းချုပ်ဖို့ ပြုလုပ်နေကြတဲ့အပေါ် လုံးဝငြင်းပယ်ပါတယ်" လို့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ရဲ့ ခေါင်းဆောင် Michael Kratsiosင ပြောကြားခဲ့ပါတယ်။
အဆိုပါ ထိပ်သီး ဆွေးနွေးပွဲကို ကမ္ဘာ့ခေါင်းဆောင်အများအပြားအပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒုတိယဝန်ကြီးချုပ် David Lammyက ယူကေအစိုးရကိုယ်စားလှယ်အနေနဲ့ တက်ရောက်ခဲ့ပါတယ်။
AI ဘေးကင်းလုံးခြုံရေးဟာ နည်းပညာကုမ္ပဏီတွေနဲ့သာ သက်ဆိုင်တာ မဟုတ်ဘဲ နိုင်ငံရေးသမားတွေကလည်း နည်းပညာနဲ့ "လက်တွဲလုပ်ဆောင်ဖို့" လိုအပ်ကြောင်း မစ္စတာ Lammyက ပြောကြားခဲ့ပြီး "လုံခြုံရေးနဲ့ ဘေးကင်းရေးကို ဦးစားပေးရမှာဖြစ်ပြီးတော့ ဒါမှသာ လူထုအတွက် အကျိုးရှိမယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
Sir Demisက အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ AI နည်းပညာဟာ တရုတ်နဲ့ ယှဉ်ရင် "အနည်းငယ်" ရှေ့ရောက်နေပေမဲ့ တရုတ်က လိုက်မီဖို့ "လအနည်းငယ်သာ" ကြာနိုင်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
Reference - BBC
Photo - BBC
https://www.facebook.com/share/p/18RvDCMBV7/

👍9
ပုဏ္ဏားကျွန်းမြို့၊ယိုးငူကျေးရွာကို စကစ လေကြောင်းဗုံးကြဲတာကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူများပြားလို့ ဦးခိုင်သုခအတည်ပြု
BBM - ဖေဖော်ဝါရီ ၂၄
သတင်း - နိုင်နိုင်
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေများပြားနေတယ်လို့ အာရက္ခတပ်တော် AA ပြောခွင့်ရသူ ဦးခိုင်သုခက BBM ကို ပြောပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်၊ နေ့လည် ၂ နာရီကျော်အချိန်မှာ စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာနဲ့ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာရှိ စျေးနေရာကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါ စစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ယိုးငူကျေးရွာက အရပ်သားပြည်သူတွေမှာ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေနဲ့ သေဆုံးသူတွေများပြားနေတယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက ဆိုပါတယ်။
"ကနဦးသတင်းအရ သေဆုံး ၊ ဒဏ်ရာရသူများပြားတယ်လို့ သိရပါတယ်။ သတင်းအချက်အလက်တွေ စိစိစုံစုံတက်လာခါ အတိအကျပြောပါမေ" လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက ဆိုပါတယ်။
လက်ရှိ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ယိုးငူကျေးရွာက နေအိမ်အများအပြားမှာလည်း မီးလောင်ပျက်စီးမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပက်ခွက်ဆိပ်ကျေးရွာအနီးက ပြည်သူတွေ စတားလင့်အင်တာနက်အသုံးပြုတဲ့နေရာကို လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်ကြိမ်လာရောက် ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
Photos Crd - Deep Sigh
#bbmnews #bbmtv #bbm #arakanarny #rakhine
https://www.facebook.com/share/p/1BP6GNe7oy/

🤬12👍1👎1
ယိုးငူကျေးရွာ ဗုံးကြဲချတိုက်ခိုက်ခံရမှု ကလေးငယ်အပါအဝင် ပြည်သူ ၁၇ ဦးသေဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ AA ဆို
BBM - ဖေဖော်ဝါရီ ၂၄
သတင်း - နိုင်နိုင်
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၁၇ ဦး သေဆုံးခဲ့ပြီး ၁၄ ဦးမှာထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ အာရက္ခတပ်တော် AA က ဒီကနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်၊ နေ့လည် ၂ နာရီကျော်အချိန်မှာ စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာနဲ့ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာရှိ စျေးတည်ရှိတဲ့နေရာကို ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါ စစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ယိုးငူကျေးရွာက စျေးရောင်း၊ စျေးဝယ်ပြုလုပ်နေကြတဲ့ ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၁၇ ဦး သေဆုံးခဲ့ပြီး ၁၄ ဦးမှာ ထိခိုက်ဒဏ်ရာရရှိသွားကာ အဲဒီအထဲက ဒဏ်ရာပြင်းထန်သူ ၃ ဦးမှာလည်း စိုးရိမ်ရတဲ့အခြေအနေ ဖြစ်နေတယ်လို့ ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
"သေဆုံး၊ ဒဏ်ရာရတဲ့အထဲမှာ ကလေးသူငယ်တွေ အများဆုံးပါဝင်တယ်လို့ ကြားပါတယ်။ ဒဏ်ရာရတဲ့သူ ၂၀ နီးပါးရှိပါတယ်။ အဲဒီအထဲက သုံးဦးမှာလည်း စိုးရိမ်ရတဲ့အခြေအနေ ဖြစ်ပါတယ်။ ဗုံးကြဲခံရပြီးသေဆုံးသွားတဲ့ အထဲမှာ စစ်ဘေးရှောင်တွေ ပါဝင်နေတာကိုလည်း တွေ့ရပါတယ်" လို့ ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ယိုးငူကျေးရွာကနေအိမ်တွေနဲ့ စျေးဆိုင်ခန်းအများအပြားမှာလည်း မီးလောင်ပျက်စီးမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာဟာ စစ်တွေ - ရန်ကုန် အဝေးပြေးကားလမ်းမပေါ်မှာ တည်ရှိနေတာဖြစ်ပြီး တိုက်ပွဲတွေကြောင့် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ စစ်တွေမြို့နယ်တွေက ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြတဲ့ ကျေးရွာတစ်ရွာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပက်ခွက်ဆိပ်ကျေးရွာအနီးက ပြည်သူတွေ စတားလင့်အင်တာနက်အသုံးပြုတဲ့နေရာကို လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်ကြိမ်လာရောက် ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
photo-AA info Desk
https://www.facebook.com/share/p/1FCpF5Jmxi/

🤬5👎1
တမူးမြို့နယ်မှာ နေရပ်စွန့်ခွာရွာသားတွေ ပိုင်တဲ့ မျောက်ငိုသီးတွေကို ပျူစောထီးအဖွဲ့ ခိုးယူရောင်းစားပြီး သိန်ရာကျော်ရရှိ
🟥အရင်ကလည်း ဗုံးခိုကျင်းတွေတူးဖို့ ပြည်သူပိုင်နေအိမ်တွေကို ဖြိုဖျက်ခဲ့ဖူးဟု ဆို
BBM-ဖေဖော်ဝါရီ ၂၄
သတင်း-ကိုအိုက်
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း တိုက်ပွဲတွေနဲ့ နယ်မြေမတည်ငြိမ်မှုတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ ကျေးရွာသားတွေရဲ့ စိုက်ပျိုးပင်တွေဖြစ်တဲ့ မျောက်ငိုသီးတွေကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့က အပင်ပြတ်ရောင်းစားမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တမူးမြို့နယ်၊ ကွန်းတောင်း၊ ကွန်းတောင်းရွာသစ် စတဲ့ ကျေးရွာရှိ ပြည်သူတွေ စီးပွားဖြစ် စိုက်ပျိုးထားတဲ့ မျောက်ငိုပင်တွေမှ အသီးတွေကို တမူးမြို့မ (၁၄) ရပ်ကွက်မှာ အခြေစိုက်ထားတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ပျူစောထီး ခေါင်းဆောင်ဖြစ်သူ သန်းနိုင် တို့အဖွဲ့က ခိုးယူရောင်းချခဲ့တာ ဖြစ်ပါတယ်။
ပျူစောထီးခေါင်းဆောင် သန်းနိုင်အဖွဲ့ဟာ တစ်ရွာလုံးရှိ မျောက်ငိုပင်တွေကို နန်းဖာလုန်ရပ်ကွက်ရှိ တံငါသည်တစ်ဦးထံသို့ တစ်ပင်ကို မြန်မာငွေ (၂) သိန်းခွဲခန့်ဖြင့် အပင်ပြတ် ရောင်းချခဲ့တာဖြစ်ပြီး သိန်းရာနဲ့ချီ ရနေတယ်လို့ သိရပါတယ်။
"မျောက်ငိုသီးက နှစ်တိုင်းလိုလို အထွက်အနှုန်း ကောင်းသလို စျေးကောင်းလည်းရတယ်။ ခြံပိုင်ရှင်တွေက တခြားနေရာဒေသကို ပြောင်းရွှေ့ကြပေမဲ့ သူတို့ယုံကြည်စိတ်ချရတဲ့ သူတွေကိုအပ်ထားပြီး ရောင်းချပေးတာပါ။ တရွာလုံးနီးပါး စိုက်ကြတယ်။ အဲဒါကို ပျူစောထီးက တပင်ကိုနှစ်သိန်း နှုန်းနဲ့ရောင်းတယ်။ တရွာလုံးအခင်းတွေဆို သိန်းရာနဲ့ချီရတယ်"လို့ တမူးဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
ကွန်းတောင်းရွာသစ်ကျေးရွာဟာ တမူးမြို့မှ (၆) မိုင်ခွဲခန့် အကွာ တည်ရှိပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက် စစ်ဘေးဒဏ်ကြောင့် ရွာလုံးကျွတ် တိမ်းရှောင်နေရတဲ့ ရွာတစ်ရွာဖြစ်သလို ပျူစောထီးအဖွဲ့ဟာ ကျေးရွာသားတွေရဲ့ ပိုငျဆိုငျမှုတှကျေို အရင်ကတည်းက ကျူးလွန်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၆ ရက်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ကွန်းတောင်ကျေးရွာအတွင်းရှိ လူနေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သလို ပြီးခဲ့တဲ့၂၀၂၅ ခုနှစ်အတွင်း ကျန်ရှိတဲ့ နေအိမ်တွေ စာသင်ကျောင်း (၂) ဆောင်ကို ပျူစောထီးတွေ ဖျက်ဆီး၍ ပစ္စည်းတွေကို ခိုးယူရောင်းစားခဲ့ပါတယ်။
"အရင်ကလည်း စစ်သားတွေ၊ ပျူစောထီးတွေက နေအိမ်ကောင်းတွေဆိုရင် ဗုံးခိုကျင်း၊ ကတုံးကျင်းဆောက်ဖို့ ဖြိုတယ်။ တစ်ဝက်ကို ရောင်းတယ်။ ပစ္စည်းကောင်းတွေဆိုလည်း ခိုးတယ်။ နွားတွေ၊ ဝက်တွေ၊ စပါးတွေဆို သတ်စား၊ ရောင်းချနေကြတယ်။"လို့ တမူးဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
ယခုနှစ်မှာ အထွက်နှုန်းကောင်းမွန်နေတဲ့ ပြည်သူပိုင် မျောက်ငိုသီးများကိုပါ ထပ်မံခိုးယူရောင်းစားနေခြင်း ဖြစ်ပါတယ်။
စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုများကြောင့် ဒေသခံရွာသားတွေဟာ မိမိတို့စိုက်ပျိုးထားတဲ့ အသီးအနှံကို ပြန်လည်သိမ်းဆည်းရန် သို့မဟုတ် ကောက်ယူရန် မဝံ့မရဲဖြစ်နေကြရပါတယ်။
နေရပ်စွန့်ခွာ ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် အဓိကအားထားရတဲ့ စီးပွားဖြစ်စိုက်ခင်းများမှာ ယခုကဲ့သို့ အဓမ္မရောင်းစားခံနေရတဲ့အတွက် ဒေသခံများမှာ ပိုင်ဆိုင်မှုများဆုံးရှုံးမှုတွေနဲ့ကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။
Photo-လူမှုကွန်ယက်
https://www.facebook.com/share/p/1732qHD64Q/

🤬6👎1
ရေးမှာ တော်လှန်ရေးအဖွဲ့ ပိတ်ဆို့တိုက်ခိုက်ခံရလို့ ရဲဘော်နှစ်ဦးကျဆုံးပြီး လက်နက်ခဲယမ်းအချို့ဆုံးရှုံး
🟥ရေးမြို့နယ် မြောက်ပိုင်းကို စစ်တပ်က အင်အားအလွန်အကျွံနဲ့ စစ်ကြောင်းဆက်ထိုးနေ
BBM-ဖေဖော်ဝါရီ၂၄
သတင်း - ကိုဟန်
မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းတိုက်ပွဲမှာ တော်လှန်ရေးတပ်ဘက်က ရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက် မနက် ၇ နာရီခန့်က ရေးမြို့နယ် အောင်သပြေကျေးရွာအနီးကို အင်အား (၁၅၀) ခန့် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တနာရီနီးပါးဖြစ်ပွားခဲ့ပြီး လူနဲ့ လက်နက်အင်အားမမျှတာကြောင့် တော်လှန်ရေး ပူးပေါင်းတပ်ဘက်က ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က BBM ကို ပြောပါတယ်။
“လက်နက်အင်အားလူအင်အားမမျှဘူး သူတို့ တက်လာပြီး ဝိုင်းပစ်တော့ ဒီဘက်က အထိအခိုက်ရှိသွားတာပါ”
တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်နှစ်ဦး ကျည်ထိဒဏ်ရာနဲ့ အခင်းဖြစ်ရပ်မှာပင် သေဆုံးသွားခဲ့ပြီး လက်နက် ခဲယမ်းအချို့လည်း ဆုံးရှုံးလိုက်ရတယ်လို့ သူက ဆက်ပြောပါတယ်။
တိုက်ပွဲမှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာနတပ်ဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ရေးပြည်သူ့ကာကွယ်ရေးတပ် YPDF နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ပွဲမတိုင်ခင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က သံဖြူဇရပ်မြို့နယ် အနင်းရဲစခန်းကို MSRF၊ PDF ဗျူဟာ ၃၃ ညီနောင်ဒရုန်းတပ်ပေါင်းစုမှ ဗုံးသံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီးနောက် အထိနာသွားတဲ့ စစ်တပ်ဟာ နှစ်ကရင် ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် ဒုတိယအကြိမ် ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများတယ်လို့ သိထားရပေမဲ့ အတိအကျကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောပါတယ်။
“အဓိက သူတို့ တိုက်ခိုက်ခံရပြီးတော့ စစ်ကြောင်းတွေ ထိုးတာပေါ့၊ နေရာတိုင်းကို ထိုးနေတာ၊ အခု စစ်မျက်နှာ ဖွင့်ထားရတဲ့အခြေအနေပေါ့၊ ဒီရေးမြောက်ပိုင်းမှာလေ၊ သူတို့ အင်အားက အလွန်အကျွံကို သုံးထားတယ်” လို့ ရေးမြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ PDF ရဲဘော်တဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ဘက်က လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်နေတဲ့အပြင် ဒရုန်းနဲ့ပါ ဗုံးသီးချတိုက်ခိုက်မှု တွေ လုပ်ဆောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ဒီလိုနှစ်ဖက်တိုက်ပွဲနဲ့ စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံအချို့ ထွက်ပြေးနေရတာ ရှိပေမဲ့ တိုက်ပွဲငြိမ်သက် သွားတဲ့အချိန်မှာ နေရပ်ကို ပြန်လာကြပြီး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေးမြို့နယ်တခွင်ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ ဒေသခံတွေကို ဖမ်းဆီးတာ ငွေညှစ်ခြိမ်းခြောက်တာတွေ လုပ်ဆောင်နေသလို နေအိမ်အတွင်း တန်းဖိုကြီးပစ္စည်းတွေကိုလည်း ယူဆောင်နေတာ ရှိတယ်လို့ သိရပါတယ်။
ဓါတ်ပုံ - စစ်တပ်ထောက်ခံတယ်လီဂရမ်
ပုံစာ - ဆုံးရှုံးသွားတဲ့ လက်နက်
https://www.facebook.com/share/p/1831mJKbcK/

😢3🤬1💔1
ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊အထူးတိုင်းစစ်ဌာနက တပ်ရင်း သုံးရင်း ထပ်မံဖွဲစည်း
BBM - ဖေဖော်ဝါရီ ၂၄
သတင်း - ကိုဘုဏ်း
ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊စစ်ရုံးချူပ်က အထူးတိုင်းစစ်ဌာနမှာ တပ်ရင်းသုံးရင်းထပ်တိုးဖွဲ့စည်းကြောင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကြေငြာထားပါတယ်။
အထူးတိုင်းစစ်ဌာနအောက်မှာ နည်းဗျူဟာ ၅ခုရှိပြီး တရားဝင် ကွပ်ကဲမူ့ခံယူထားသောတပ်ရင်း ၁၁ ရင်း၊ ဒရုန်းတပ်ဖွဲ့ ၅ဖွဲ့ရှိတယ်လို့လည်းသိရပြီးMOD စစ်ရုံးချူပ်နဲ့အမှတ် ၁ စစ်ဆင်ရေးမှူးရဲ့ လမ်းညွှန်ချက်များအညီ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ကွပ်ကဲမူ့အောက်တွင်COC ခိုင်မာတောင့်တင်းတဲ့ တပ်ရင်း၊တပ်ဖွဲ့ ၊စစ်ကြောင်းများအဖြစ် စနစ်တကျ စုဖွဲ့ပြင်ဆင်ကြောင်းကိုလည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဆက်လက်ပြီး ရန်ကုန်၊ပဲခူး၊မွန် (ပကဖ)များကို စနစ်တကျစုစည်းပြီး တိုက်ခိုက်ရေးစစ်ကြောင်း ၃ ကြောင်းဖွဲ့စည်းနိုင်ခဲ့တဲ့အပြင် အမှတ် (၈၀၀၁)တပ်ရင်းနဲ့ ၊အမှတ် (၁၈၁၉)ဒရုန်းတပ်ဖွဲ့တို့ကိုလည်း ထပ်တိုးဖွဲ့စည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
အခုအခါ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့တပ်ရင်းစံပြုတည်မြဲအမိန့်နဲ့အညီ အမှတ် (၈၀၀၂)တပ်ရင်း - Kanbauk Defence Force ၊အမှတ် (၈၀၀၃)တပ်ရင်းနဲ့ အမှတ် (၉၉၂၅)တပ်ရင်း - Rangoon Warriors PDF တပ်ရင်း သုံးရင်းကို အသစ်ထပ်တိုးဖွဲ့ခဲ့စည်းကြောင်း အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ကြေငြာထားပါတယ်။
photo-အထူးတိုင်းစစ်ဌာန ပုံဟောင်း

ICC က မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရင် လက်ရှိအာဆီယံဥက္ကဌ ဖိလစ်ပိုင်အပါ ကျန်နိုင်ငံများက စစ်ခေါင်းဆောင်ကိုဖမ်းဆီးကာ သည်ဟိတ်မြို့ကို ပို့ဆောင်ပေးရန် SAC-M အကြံပြု
🟥မြန်မာစစ်ခေါင်းဆောင်တွေကို ၎င်းတို့ လုပ်ရပ်အတွက် တာဝန်ခံစေခြင်းက အာဆီယံရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ခြင်းနဲ့ ဒေသတွင်း အာဏာလိုသူ စစ်ခေါင်းဆောင်တွေအတွက် သတိပေးချက်ဖြစ်
BBM-ဖေဖော်ဝါရီ၂၄
သတင်း-မင်းသော်
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး-ICC က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်ရင် လက်ရှိအာဆီယံဥက္ကဌ ဖိလစ်ပိုင် အပါ ကျန်အာဆီယံနိုင်ငံများက စစ်ခေါင်းဆောင်ကိုဖမ်းဆီးကာ သည်ဟိတ်မြို့ကို ပို့ဆောင်ပေးရန်နဲ့ မြန်မာစစ်ခေါင်းဆောင်များကို ၎င်းတို့ လုပ်ရပ်အတွက် တာဝန်ခံစေခြင်းက ပြည်သူတွေဆန္ဒဖြစ်သလို အာဆီယံရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)က ဖေဖော်ဝါရီ၂၄(ဒီနေ့)မှာ တိုက်တွန်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာလက အပြည်ပြည်ဆိုင် ရာ ရာဇဝတ်တရားရုံး (ICC) ရဲ့ အစိုးရရှေ့နေက မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် တောင်းဆိုခဲ့သလို မကြာသေးခင်ကမှ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)မှာလည်း ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုကွန်ဗင်းရှင်းအရ တရားစွဲထားသောအမှုကို အများပြည်သူရှေ့တွင် ကြားနာမှုများ ပြုလုပ်ခဲ့တာတွေ ရှိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အကယ်၍ ICC က မင်းအောင်လှိုင်
ကို ဖမ်းဝရမ်းထုတ်ခဲ့ပါက လက်ရှိအာဆီယံဥက္ကဌဖိလစ်ပိုင်နိုင်ငံအပါ တီမော၊ မလေးရှား၊ စင်ကာပူအင်ဒိုနီးရှားနဲ့ အခြားအာဆီယံနိုင်ငံများက စစ် ခေါင်းဆောင်ကို ဖမ်းဆီးပြီး သည်ဟာဂ်သို့ ပို့ ဆောင်ရာတွင် ပူးပေါင်းဆောင်ရွက်ပေးသင့်တယ်လို့လည်း SAC-Mက အကြံပြုထားပါတယ်။
ဒါတင်မက စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အဖွဲ့ဝင်တွေကို ၎င်းတို့လုပ်ဆောင်ခဲ့တာတွေနဲ့ပတ်သတ်ပြီး တာဝန်ခံစေခြင်းဟာ မြန်မာပြည်သူများရဲ့ဆန္ဒနဲ့ဒီမိုကရေစီအနာဂတ်ကို လေးစားသော အနာဂတ်အသစ်တစ်ခု ဖန်တီးနိုင်မည်ဖြစ်ပြီး အာဆီယံရဲ့ အပြည်ပြည်ဆိုင်ရာ ဂုဏ် သိက္ခာကို မြှင့်တင်ကာ ဒေသတွင်း အာဏာလိုချင်သူ စစ်ခေါင်းဆောင်တွေအတွက် သတိပေး ချက်တစ်ခုဖြစ်လာမယ်လို့ SAC-Mမှ ထုတ်ပြန်တိုက်တွန်းထားပါတယ်။
Photo-ပုံဟောင်း

👍10❤1