3.48K subscribers
5.58K photos
393 videos
2.89K links
Breaking Brainwashed Media
Download Telegram
စစ်တွေမြို့နယ် သင်းပုန်းတန်းကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့

BBM - ဖေဖော်ဝါရီ ၂၃
သတင်း - နိုင်နိုင်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သင်းပုန်းတန်းကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ဒေသခံတွေရဲ့ နေအိမ် ၂၃ လုံး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နေ့လည် ၃ နာရီကျော်အချိန်ခန့်က စစ်တွေမြို့ရှိ ဒကစဌာနချုပ်ကနေ စစ်ကောင်စီတပ်သားတစ်ချို့ဟာ သင်းပုန်းတန်း၊ မောင်နီပြင်၊ ရေချမ်းပြင်ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး သင်းပုန်းတန်းကျေးရွာက လူနေအိမ် ၂၃ လုံး မီးရှို့ဖျက်ဆီးခဲ့တာလည်း ဖြစ်ပါတယ်။

"အဲဒီရွာတွေမှာက လူတွေကမရှိတော့ဘူး၊ စစ်ကောင်စီတပ်တွေက ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက် လုပ်နေကြတာပါ၊ အခုလည်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားပါတယ်၊ အရင်တုန်းကလည်း အဲဒီရွာက နေအိမ်တွေကို စကစက ဖြိုဖျက်ပြီးတော့ ရောင်းချတာတွေ၊ ဘန်ကာတွေပြုလုပ်တာတွေ ရှိခဲ့ပါတယ်" လို့ အဲဒီအခြေအနေကို သိရှိတဲ့သတင်းရင်းမြစ်တစ်ဦးက BBM ကို ပြောပါတယ်။

လက်ရှိ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ သင်းပုန်းတန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရုံ ကုတင် ၁၀၀ ဆံ့ ဆေးရုံကြီးတည်ရှိနေတာဖြစ်ပြီး အာရက္ခတပ်တော် AA ဝင်ရောက်တိုက်ခိုက်လာမှာကို စိုးရိမ်တာကြောင့် စစ်ကောင်စီတပ်ဟာ အဲဒီဆေးရုံကြီးအနီးအနားမှာ ဘန်ကာတွေအခိုင်အမာ ဆောက်လုပ်ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းကပင် စစ်တွေမြို့နယ်ရှိ ကျေးရွာတွေကဒေသခံ အကုန်နီးပါးကို စစ်တွေမြို့ပေါ်ကို မောင်းထုတ်ထားတာဖြစ်ပြီး နေအိမ်၊ သာသနိကအဆောက်အအုံတွေနဲ့ စာသင်ကျောင်းတွေကို ဖြိုဖျက်ကာ ရောင်းချမှုတွေရှိနေတယ်လို့လည်း သိရပါတယ်။

စစ်တွေမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ဟာ ဒကစ ဌာနချုပ်အနီးက ကံကော်ကျွန်း၊ တောကံ၊ ရာတန်၊ ကြံတော၊ ဇော်မတတ်ကျေးရွာတွေအနီးမှာ တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေကြတာလည်း ဖြစ်ပါတယ်။

စစ်တွေမြို့နယ်မှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) စစ်တွေနဲ့ ကွပ်ကဲမှုအောက်က ခြေလျင်၊ ခြေမြန် တိုက်ခိုက်ရေးတပ်တွေဖြစ်ကြတဲ့ ခလရ (၂၀)၊ ခလရ (၂၃၂)၊ ခလရ (၂၇၀)၊ ခမရ (၃၄၄)၊ ခမရ (၃၅၄) တပ်တွေအပြင် အမှတ် (၁၂)၊ အမှတ် (၃၆) ရဲတပ်ရင်းနဲ့ ကျားမသောက်ကျေးရွာအနီးရှိ အမှတ် (၉၀၈) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတို့အပါအဝင် ရွှေမင်းဂံရေတပ်စခန်း၊ ပွိုင့်ကမ်းခြေမှာရှိတဲ့ အမှတ် (၃) ဗျူဟာ ရေတပ်ဌာနချုပ်တို့ ရှိနေတာလည်း ဖြစ်ပါတယ်။

Photo - ပုံဟောင်း
https://www.facebook.com/share/p/1DQM25vVes/
🤬4👎2
ဖားကန့်မြို့နယ်မှာ စစ်ကောင်စီ တပ်စခန်းအနီး အမျိုးသားနှစ်ဦး ထပ်မံ ပစ်သတ်ခံရ

BBM-ဖေဖော်ဝါရီ ၂၃
သတင်း-ကိုအိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းအနီးမှာ အမျိုးသားနှစ်ဦး ထပ်မံ ပစ်သတ်ခံရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက BBM ကို ပြောပါတယ်။

အဲဒီအမျိုးသားနှစ်ဦးရဲ့ ရုပ်လောင်းတွေဟာ နှိပ်စက်ခံထားရတဲ့ လက္ခဏာတွေနဲ့ သေနတ်ပစ်သတ်ခံရပြီး လမ်းဘေးမှာ အလောင်းကို စွန့်ပစ်သွားခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

"ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့၊ မနက်မှာ အလောင်းကို လမ်းဘေးမှာ စွန့်ပစ်သွားတာပါ။ ခန္ဓကိုယ်တွေမှာလည်း ရိုက်နှက် နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေလည်းတွေ့တယ်။"လို့ ဖားကန့်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက BBM ကို ပြောပါတယ်။

ပစ်သတ်ခံရတဲ့ အမျိုးသားနှစ်ဦးဟာ မည်သူ၊ မည်ဝါ ဖြစ်ကြောင်း မသိရသေးသလို မည်သည့်အဖွဲ့အစည်းက ပစ်သတ်သွားတာကိုလည်း မသိရသေးပါဘူး။

"အလောင်းတွေက ဘယ်သူလဲဆိုတာ မသိရသေးဘူး။ ပိုင်ရှင်တွေလည်းမပေါ်သေးဘူး။ ပြီးတော့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက ပစ်သတ်သွားတာဆိုတာလည်း မသိရသေးဘူး။"လို့ ဖားကန့်မြို့နယ်ဒေသခံအမျိုးသားတစ်ဦးက BBM ကို ပြောပါတယ်။

အလောင်းတွေကို ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့၊ နေလယ်လောက်မှာ ဆိပ်မူကျေးရွာမှ လူမှုကူညီရေးအဖွဲ့အစည်းမှ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွင်း အရပ်သားတွေဟာ အခုလို မကြာခဏ ပစ်သတ်ခံရသလို လက်နက်ကြီးကျည်ကြောင့် ထိခိုက်သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ရက်နေ့ကလည်း အမျိုးသားတစ်ဦးက ဉရုချောင်းအနီးမှာ သေနတ်ပစ်သတ်ဒဏ်ရာတွေနဲ့ သေဆုံးလျက် တွေ့ရှိခဲ့တဲ့ဖြစ်စဥ်လည်း ရှိပါတယ်။

Photo-ဒေသခံ
https://www.facebook.com/share/p/1D3gSSuyL3/
👍3🤬21
🟥ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေ စတင်မဲ့နေ့ကို စကစ မှကြေငြာ

BBM-ဖေဖော်ဝါရီ၂၃
သတင်း-မင်းသော်

စစ်ကောင်စီက အချိန်အတော်ကြာ ရပ်နားထားရတဲ့ ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော်တို့ ကျင်းပမဲ့ရက်တွေကို ဖေဖော်ဝါရီလ ၂၃ရက်နေ့ ညပိုင်းမှာထုတ်ပြန်ထားပါတယ်။

လာမဲ့ ၂၀၂၆ ခုနှစ် မတ်လ ၁၆ရက်နေ့ မနက်(၁၀)နာရီ မှာ တတိယအကြိမ်မြောက် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပဖို့ခေါ်ယူတယ်ဆိုပြီး ပြည်သူ့လွှတ်တော်ဥက္ကဌ တီခွန်မြတ်ရဲ့ လက်မှတ်နဲ့ ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။

ဒါ့အပြင် စကစ ရဲ့ ကာလုံအဖွဲ့မှလည်း အမှုဆောင်ချုပ်ဖြစ်တဲ့ အောင်လင်းဒွေးလက်မှတ်နဲ့ အမျိုးသားလွှတ်တော်ကို မတ်လ(၁၈)ရက်နေ့ မနက်(၁၀)နာရီနဲ့ တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော်ကို မတ်လ၂၀ရက် နေ့တွေမှာ စတင်ကျင်းပမယ်လို့လည်း ကြေငြာထားပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ၁၈ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကောင်စီတို့တွေ့ဆုံမှုအပြီး ဧပြီလမတိုင်ခင် မြန်မာနိုင်ငံမှာ သမ္မတ၊ ဝန်ကြီးချုပ်နဲ့ကာချုပ်အပြောင်းအလဲတွေဖြစ်မယ်လို့ ထိုင်းဘက်က သတင်းတွေထွက်ပေါ်လာပြီးနောက် လွှတ်တော်(၃)ရပ် ခေါ်ယူတဲ့ ကြေငြာစာကို စကစ က ထုတ်ပြန်လာခြင်းပဲဖြစ်ပါတယ်။

Photo-ပုံဟောင်း

#bbmnews #bbm #bbmtv #junta #election2026
https://www.facebook.com/share/p/18DZRJSY67/
3👎2
မိုးကုတ်မြို့သိမ်းပိုက်ခံရစဥ်က ၎င်းတို့နဲ့မန္တလေးကို မလိုက်လာတဲ့ Non-CDMတွေကို ပိုက်ဆံဒဏ်ရိုက်ပြီး တာဝန်မှရပ်ဆိုင်း

🟥မိုးကုတ်မြို့တွင်း လဝက က မှတ်ပုံတင်နဲ့ စမက်ကဒ်တွေပြန်လုပ်ပေးနေပြီး ပိုက်ဆံအတောင်းကြမ်းနေ

BBM-ဖေဖော်ဝါရီ၂၃
သတင်း-မင်းသော်

မိုးကုတ်မြို့ကိုတော်လှန်ရေးအင်အားစုတွေသိမ်းပိုက်စဥ်က ၎င်းတို့နဲ့အတူ မန္တလေးမြို့ကို လိုက်ပါလာခြင်းမရှိတဲ့ Non-CDM ဝန်ထမ်းတွေကို စစ်ကောင်စီက ပြန်လည်စစ်ဆေးပြီး ဒဏ်ငွေရိုက်ကာ တာဝန်မှရပ်ဆိုင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ Non-CDM တွေနဲ့နီးစပ်သူ မိုးကုတ်သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကတည်းက တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ TNLA တပ်ဖွဲ့ထံမှ မိုးကုတ်မြို့ကို ပြန်လည်ရရှိပြီးနောက် စစ်အင်အားတွေသာမက အရပ်ဖက်
ဝန်ထမ်းတွေကိုပါမြို့တွင်းပြန်လည်ခေါ်သွင်းပြီး အရပ်ဖက်၊စစ်ဖက်အုပ်ချုပ်ရေးတွေအကုန် ပြန်လည် လည်ပတ်နိုင်ဖို့ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မိုးကုတ်မြို့အတွင်း အရပ်သားဝန်ထမ်းတွေပြန်လည်ရောက်ရှိလာပြီးနောက် ၁၀၂၇ စစ်ဆင်ရေးအတွင်း မိုးကုတ်မြို့သိမ်းပိုက်ခံရလို့ ၎င်းတို့ဆုတ်ခွါခဲ့ရစဥ်က စစ်တပ်နဲ့အတူ မန္တလေးမြို့ကို လိုက်ပါလာခြင်းမရှိတဲ့ ဝန်ထမ်းတွေ၊ တခြားဒေသတွေဆီ ရှောင်တိမ်းသွားတဲ့ ဝန်ထမ်းတွေအားလုံးကို ဖေဖော်ဝါရီလအတွင်း ကိုယ့်စရိတ်နဲ့ကိုယ် မန္တလေးထိ သွားကာ တရားရင်ဆိုင်ခိုင်းတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် အဆိုပါဝန်ထမ်းတွေအားလုံးကို ငွေဒဏ်ရိုက်ပြီးနောက် တာဝန်မှအပြီးရပ်ဆိုင်းတာတွေကို ပြုလုပ်ခဲ့တယ်လို့ Non-CDM တွေနဲ့နီးစပ်သူ မိုးကုတ်သတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။

"ဟိုတခါပြောတဲ့ စစ်ဖြစ်တုန်းက သူတို့နဲ့ လိုက်မပြေးတဲ့ Non တွေကို တရားရင်ဆိုင်ခိုင်းတယ်ဆိုတဲ့ ကိစ္စက ခု အဲ့ဝန်ထမ်းတွေအားလုံးကို ငွေဒဏ်သိန်း(၂၀)လားရိုက်ပြီး တာဝန်ကရပ်ဆိုင်းလိုက်တယ်လို့ကြားတယ်ဗျ၊ အသိထဲကကို စည်ပင်ကဝန်ထမ်းတစ်ယောက်ပါသွားတယ်၊ သူလဲ အခုအနားပေးခံလိုက်ရပြီ"

အဲ့ဒီလို စစ်ကောင်စီဘက်က အပြစ်ရှိတယ်လို့ ယူဆပြီး အနားပေးလိုက်တဲ့ အရပ်သားဝန်ထမ်းတွေဟာ အယောက်(၃၀)လောက်ပင်ရှိတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အခုမိုးကုတ်မြို့အတွင်းရောက်ရှိလာနေတဲ့ အရပ်ဖက်ရုံးတွေထဲမှာမှ စကစ လက်အောက် ခံ လဝက က ပြည်သူတွေကို မှတ်ပုံတင်ပြန်လုပ်ပေးတာတွေ၊ စမက်ကဒ်လုပ်ပေးတာတွေဆောင်ရွက်နေပြီး ငွေတောင်းကြမ်းနေတယ်လို့လည်း အဆိုပါဒေသခံမှဆက်ပြောပါတယ်။

"လဝက နဲ့စည်ပင်ကတော့ လုပ်ငန်းတွေစနေပြီဗျ၊ လဝက ဆိုရင် မှတ်ပုံတင်၊ စမက်ကဒ်တွေလုပ်ပေးနေတယ်၊ အရမ်းကိုအလုပ်ဖြစ်နေတာ ငွေကလည်းအတောင်းကြမ်းပဲ"

အဆိုပါ လဝက သာမက စည်ပင်ရုံးတွေကလည်း လုပ်ငန်းလည်ပတ်မှုတွေ၊ လုပ်ငန်းအခွန်ကောက်ခံမှုတွေ စတင်နေတာတွေရှိပြီး အခြားအရပ်ဖက်ရုံးတွေလည်း ပြန်လည်စတင်တော့မဲ့အရိပ်အယောင် မျိုးရှိနေတယ်လို့လည်း ဒေသခံတွေထံမှ သိရပါတယ်။

Photo-ပုံဟောင်း
https://www.facebook.com/share/p/1RD1Th69Wf/
2👍1👎1
မလေးရှားက ထိုင်းနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တရားမဝင်လမ်းကြောင်းတွေမှာ လုံခြုံရေးဝါယာကြိုးတွေ ပိုမိုတပ်ဆင်မည်

BBM - ဖေဖော်ဝါရီ ၂၄
သတင်း - Richard

မလေးရှားလုံခြုံရေးအာဏာပိုင်တွေက ထိုင်းနိုင်ငံ တစ်ဖက်ကမ်းရှိ ကျန်ရှိနေသေးတဲ့ တရားမဝင်လမ်းကြောင်းတွေကို သံဆူးကြိုးတွေနဲ့ ကာရံဖို့အတွက် အစိုးရထံမှ နောက်ထပ်ဘတ်ဂျက်တွေကို ရယူသွားမှာဖြစ်ကြောင်း Bangkok Postမှာ ရေးသားထားပါတယ်။

မလေးရှားနိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ် အာမက် ရတ်ဇီက ဆိပ်ခံတံတားဟောင်း ၆၉ ခုရှိ တရားမ၀င် လမ်းကြောင်းတွေကို အပြီးတိုင်ပိတ်ဖို့ လုံခြုံရေးခြံစည်းရိုးတွေ ပိုမိုဆောက်လုပ်ဖို့ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

အဆိုပါ လုပ်ငန်းစဥ်အတွက် အထွေထွေစစ်ဆင်ရေးတပ်ဖွဲ့က အမျိုးသားလုံခြုံရေးကောင်စီမှတစ်ဆင့် အစိုးရရဲ့ ဘဏ္ဍာရေးထောက်ပံ့မှုကို ပိုမိုတောင်းခံနေကြောင်း Bernama က ဖော်ပြခဲ့ပါတယ်။

အခုလမှာ ထိုင်းနိုင်ငံ နရာသီဝပ်ပြည်နယ်၊ ဆန်ဂိုင်း ကိုလော့ခရိုင်ရဲ့ တစ်ဖက်ကမ်းရှိ ၁.၅ ကီလိုမီတာအရှည်ရှိ တရားမ၀င် လမ်းကြောင်း ၂၇ ခုမှာ သံဆူးကြိုးတည်ဆောက်တဲ့ လုပ်ငန်းစဉ် ပထမအဆင့်ပြီးစီးပြီးနောက် ဆက်လက်လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

တရားမဝင်လမ်းကြောင်းအားလုံးဟာ ဂိုလော့မြစ်တစ်လျှောက် ခွင့်ပြုချက်မရှိဘဲ တည်ဆောက်ထားတဲ့ ဆိပ်ခံတံတားတွေနားမှာ ရှိတာပဲဖြစ်ပါတယ်။

မလေးရှားနိုင်ငံရဲ့ ကီလန်တန်ပြည်နယ်နဲ့ နာရာသီဝပ်အကြား တရားမဝင်ကုန်ကူးမှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနဲ့ အခြားနယ်စပ်ဖြတ်ကျော်မှုခင်းတွေကို တိုက်ဖျက်ဖို့အတွက် အဆိုပါလမ်းကြောင်းကို ပိတ်လိုက်ပြီပြဖြစ်ပါတယ်။

Reference - Bangkok Post
Photo - Bangkok Post
https://www.facebook.com/share/p/1GNmnmMS49/
👍2
ရွှေဘိုခရိုင်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များရဲ့ ဂိတ်အားလုံးကို ပိတ်သိမ်းခဲ့ဟု ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့ထုတ်ပြန်

BBM - ဖေဖော်ဝါရီ ၂၄
သတင်း - ကိုဘုဏ်း

စစ်ကိုင်းတိုင်းတိုင်း၊ရွှေဘိုခရိုင်အတွင်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေ ဖောင်းပွ နေမှုနဲ့ပတ်သတ်ပြီး ဂိတ်အားလုံးကို ပိတ်သိမ်းခဲ့တယ်လို့ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ကြေငြာထားပါတယ်။

အဆိုပါ ကြေညာချက်ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီးတော့ ရွှေဘိုခရိုင် စစ်ဌာန အမှတ် ၁ နယ်မြေအတွင်းရှိ မြို့နယ်အုပ်ချူပ်ချူပ်ရေးအဖွဲ့တွေက အကြောင်းအမျိူးမျိူးပြကာ ဖွင့်လှစ်ထားတဲ့ဂိတ်တွေမှာ ၇၅ ဂိတ် ရှိပြီး တစ်မြို့နယ်ကို ၂၅ ဂိတ်နှုန်းရှိတယ်လို့ သိရပါတယ်။

ဂိတ်အများစုမှာ အထက်အဆင့်ဆင့်ရဲ့ လမ်းညွန်ချက်တွေကြောင့်
မဟုတ်ဘဲမိမိတို့သဘောနဲ့ ဖွင့်လှစ်ထားတဲ့ဂိတ်တွေဖြစ်တဲ့အတွက်ကြောင့် ငွေကြေးတောင်းခံခြင်း၊ စစ်ဆေးမှု စနစ်မကျခြင်းတို့ကြောင့် ခရီးသွားများ၊လုပ်ငန်းရှင်များ၊ခရီးသယ်တင်ယာဥ်များ ၊တော်လှန်ရေးအဖွဲ့အစည်းများမှ ခရီးသွားလာရနှောင့်နှေးပြီး စိတ်အနှောက်အယှက်ဖြစ်ရတယ်လို့ ပြည်သူ့တွေကတိုင်ကြား လာတာကြောင့် အခုလို ထုတ်ပြန်ချက်ရတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

‌ဒါ့ကြောင့်ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့က ဖေဖော်ဝါရီ၁၇ရက်နေ့မှာ ကာကွယ်ရေးအဖွဲ့တွေရဲ့ ဂိတ်အားလုံးကိုပိတ်သိမ်းခဲ့ပြီး
စစ်ရေးလိုအပ်ချက်ကြောင့်သာ ဖွင့်လှစ်ရမယ့်ဂိတ်တွေကို ခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့‌တွေ၊စည်ပင်သာယာရေးအဖွဲ့တွေနဲ့ ပေါင်းစပ်ညှိနိူင်းပြီး မလိုအပ်တဲ့ဂိတ်တွေကို ပိတ်သိမ်းရေးနဲ့ လိုအပ်တဲ့ ဂိတ်တွေကိုဆက်လက်ဖွင့်နိုင်ရေးများကို စနစ်တကျဆောင်ရွက်နေပါတယ်လို့လည်း ထုတ်ပြန်ကြေငြာထားပါတယ်။

မလိုက်နာတဲ့ အဖွဲ့အစည်းတွေ ကိုထိရောက်စွာ အရေးယူဆောင်ရွက်ဖို့နဲ့ ပြည်သူတွေ အနေနဲ့လည်း သတ်မှတ်ခွဲတန်းတွေကို စစ်အာဏာရှင်စနစ် ချေမူန်းရေးအတွက် တာဝန်သိစိတ်နဲ့ပေးဆောင်ကြရန်ကိုလည်း အဆိုပါထုတ်ပြန်ချက်မှာ တိုက်တွန်းနှိုး ဆော်ထားတာကို တွေ့ရပါတယ်။

ဆက်လက်ပြီး ပြည်သူတွေကို လုံခြုံရေးအာမခံချက်ပေးနိုင်ဖို့နဲ့ အရေးတော်ပုံအောင်နိုင်ရေးအတွက် ကိုယ်ကျိုးမဖက်ပဲ ဆောင်ရွက်သွားမှာဖြစ်ကြောင်းကို ရွှေဘိုခရိုင် အမှတ် ၁ စစ်ဌာန ကွပ်ကဲရေးအဖွဲက ထုတ်ပြန်ကြေငြာထားပါတယ်။

ပုံ - ရွှေဘိုခရိုင် တပ်ရင်း ၂၄
https://www.facebook.com/share/p/1F7FY2fjET/
5👏2
ပရီးမီးယားလိဂ်ပြိုင်ပွဲက ချန်ပီယံလိဂ်ဝင်ခွင့် ပြိုင်ဆိုင်မှု

BBM - ဖေဖော်ဝါရီ ၂၄
သတင်း - David

ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အက်စတွန်ဗီလာ၊ မန်ချက်စတာယူနိုက်တက်၊ ချယ်လ်ဆီးနဲ့ လီဗာပူးလ်တို့ အဓိကပြိုင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ချန်ပီယံပြိုင်ဘက်နှစ်သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ မန်စီးတီးကို ဖယ်ထားရင် ကျန်နှစ်နေရာအတွက် ဒီလေးသင်း ယှဉ်လုရလိမ့်မယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲက ချန်ပီယံလိဂ်ကို တိုက်ရိုက်ဝင်ခွင့် လေးနေရာ ရထားပြီး အခုရာသီ ဥရောပကလပ်ပြိုင်ပွဲမှာ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ကာ Bonus အနေနဲ့ပေးတဲ့ နှစ်နေရာအနက် တစ်နေရာကိုလည်း ရရှိဖို့ အလားအလာကောင်းနေပါတယ်။

ယူရိုပါလိဂ်မှာ အက်စတွန်ဗီလာ၊ နော်တင်ဟမ်ဖောရက်စ်တို့ထဲက တစ်သင်း ချန်ပီယံဖြစ်ခဲ့ရင်လည်း အခုရာသီလို ခြောက်သင်းအထိ ယှဉ်ပြိုင်ခွင့်ရတာမျိုးတွေ ဖြစ်လာနိုင်တယ်။

လက်ရှိမှာ အက်စတွန်ဗီလာက ၅၁ မှတ်၊ ယူနိုက်တက်က ၄၈ မှတ်၊ ချယ်လ်ဆီးနဲ့ လီဗာပူးလ်က ၄၅ မှတ်စီ ရရှိနေတာပါ။

ယူနိုက်တက်ကတော့ အဲဗာတန်ကို အနိုင်ယူပြီးနောက် ကာရစ်လက်ထက် ခြောက်ပွဲကနေ ၁၅ မှတ် ရထားလို့ လက်ရှိ ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဘက်အသင်းတွေထဲမှာ အတည်ငြိမ်ဆုံး ဖြစ်နေပါတယ်။

Photo - Bleacher Report Football / ကလပ် Facebook

#bbmnews #bbm #bbmtv #ManchesterUnited #SportsNews #Chelsea #Liverpool
https://www.facebook.com/share/p/1HAjtoBLZP/
👍5
ချောက်မြို့နယ်မှာ မီးရှို့ပြီး ပြည်သူပိုင်ပစ္စည်းတွေခိုးယူတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်

BBM - ဖေဖော်ဝါရီ ၂၄
သတင်း - ခက်ဆစ်

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ မီးရှို့၊ ပြည်သူပိုင်ပစ္စည်းတွေ ယူဆောင်သွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးထက်မနည်းပြီး သေဆုံးပြီး အများအပြားအပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ မကွေးခရိုင် တပ်ရင်း ၁ က မနေ့က၊ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ချောက်မြို့နယ်အတွင်း ကျေးရွာတွေသို့ အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာပြီး မီးရှို့ ပြည်သူပိုင်ပစ္စည်းတွေ ယူဆောင်သွားတဲ့ စစ်‌ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီလ ၁၄ ရက်၊ ၁၅ ရက်တို့မှာ Rocketများ၊ ဒရုန်းများ၊ လက်နက်ငယ်များ၊ မိုင်းများနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်သား ၄ ဦးထက်မနည်း သေဆုံးပြီး အများအပြား အပြင်းအထန်ဒဏ်ရာများ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါတိုက်ခိုက်မှုများကို မကွေးခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်ရှိ မကွေးခရိုင်အမှတ်(၁)တပ်ရင်း၊ မကွေးခရိုင် အမှတ်(၂)တပ်ရင်း၊ မကွေးခရိုင်အမှတ် (၃)တပ်ရင်းနဲ့အတူ ပူးပေါင်းစစ်ကြောင်းက လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မကွေးခရိုင်စစ်ဌာနအောက်ရှိ တပ်ရင်း/တပ်ဖွဲ့တွေဟာ တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီး အာဏာရှင်အမြစ်ဖြတ် တိုက်ပွဲတွေ အရှိန်မြှင့်ဖော်ဆောင်လျက်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးခရိုင်အမှတ်(၁)တပ်ရင်းက အသိပေးထားပါတယ်။

Video - မကွေးခရိုင် တပ်ရင်း ၁
https://www.facebook.com/share/v/1AvjSyxMGG/
👍9
မော်လိုက်နဲ့ တောင်ငူမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ ဦး အလင်းဝင်

BBM - ဖေဖော်ဝါရီ ၂၄
သတင်း - ခက်ဆစ်

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ဆွတ်နန်းရွာမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သား တစ်ဦးက လက်နက်နဲ့အတူ အလင်းဝင်ရောက်ခဲ့တာကြောင့် ဂုဏ်ပြုဆုငွေ သိန်း ၅၀ ကျပ်ပေးအပ်ခဲ့တယ်လို့ မော်လိုက်တော်လှန်ရေးအင်အားစုက ဖေဖော်ဝါရီလ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ အတင်းအကျပ်ပေါ်တာဆွဲခံရတဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁၇ သင်တန်းဆင်း တပ်သားတစ်ဦးက MA1 သေနတ် ၁ လက်နဲ့အတူ ဖေဖော်ဝါရီလ ၂၂ ရက်မှာ ဆက်သွယ်အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို တာဝန်ရှိသူတွေက ဂုဏ်ပြုဆုငွေ သိန်း ၅၀ ကျပ်ပေးအပ်ခဲ့တယ်လို့ မော်လိုက်တော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၂၃ ရက်မှာလည်း ပဲခူးတိုင်း၊ တောင်ငူမြို့ အခြေစိုက် စစ်ကောင်စီရဲ့ အဆရ ၁၃ တပ်မှ တပ်သား အောင်မျိုးမင်းက နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - နတ်စစ်သည် ထံသို့ အလင်းဝင်ရောက်ခဲ့တာကြောင့် လိုအပ်တာတွေ စစ်ဆေးပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ နတ်စစ်သည်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Photo - Mawlaik Revolution ၊ နတ်စစ်သည်

#bbmnews #bbm #bbmtv #Mawlaik #Taungoo
https://www.facebook.com/share/p/14VU2uiwg88/
👍13
မီဇိုရမ်မှာ ရူပီး ၁၁ သန်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေနဲ့အတူ မြန်မာလူငယ် ၃ ဦး ဖမ်းဆီးခံရ

BBM - ဖေဖော်ဝါရီ ၂၄
သတင်း - ကိုအိုက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အစပ်မှာ ရူပီး ၁၁ သန်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေနဲ့အတူ မြန်မာလူငယ် ၃ ဦးအပါအဝင် ၄ ဦးကို ဖမ်းမိတယ်လို့ မြန်မာစစ်ဘေးရှောင်တွေက BBM ကို ပြောပါတယ်။

အာသံရိုင်ဖယ် တပ်ဖွဲ့တွေက သတင်းအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က လောင်တလိုင်ခရိုင်၊ ကာကီကျေးရွာ အနီးမှာ စစ်ဆေးမှု ဆောင်ရွက်နေစဥ် မြန်မာနိုင်ငံသား ၃ ဦးနဲ့ ဒေသခံတစ်ဦးတို့ဆီက မူးယစ်ဆေးပြားတွေကို ဖမ်းမိခဲ့တာပါ။

"စစ်သားတွေက သတင်းရထားတာပြောတယ်၊ ကာကီရွာမှာ စောင့်ဆိုင်းပြီး စစ်နေတာ၊ ပလက်ဝဘက်က လာတဲ့ စက်လှေကို စစ်တဲ့ခါ ဖမ်းမိတာပါ၊ သူတို့က မြန်မာစစ်ဘေးရှောင်တွေ မဟုတ်ဘူး၊ စက်လှေသမားလိုလို မီဇိုရမ်ဘက် အဝင်အထွက်လုပ်တဲ့သူတွေပါ"လို့ ကာကီရွာ မြန်မာစစ်ဘေးရှောင်တစ်ဦးက BBM ကို ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးမှာ စိတ်ကြွရူးသွပ်ဆေးပြား (WY)တွေ ဖြစ်ပြီး စုစုပေါင်း ဆေးပြား ၈၀,၀၀၀ (အလေးချိန် ၃.၉၅ ကီလိုဂရမ်)၊ နိုင်ငံတကာပေါက်စျေးအရ အိန္ဒိယရူပီး ၁၁.၈၅ သန်း ခန့်ရှိတယ်လို့ မီဇိုရမ်သတင်းတွေမှာ ဖော်ပြကြပါတယ်။

မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးခံရသူတွေမှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ အသက် (၁၇) နှစ်အရွယ်တွေ ဖြစ်ကြတဲ့ ချိုင်းမောင်ဝင်း၊ သန်းလှိုင်နဲ့ အသက် (၁၅) နှစ်အရွယ် သန်းလှိုင်ဝင်း ဆိုသူတို့ ဖြစ်ကြပါတယ်။

ဒါ့အပြင် မီဇိုရမ်ဒေသခံတစ်ဦးဖြစ်သူ အသက် ၄၀ အရွယ်ရှိ လာလ်ရမ်းလျန်နာကိုလည်း ဖမ်းမိခဲ့ပါတယ်။

ဖမ်းဆီးရမိသူ ၄ ဦးနှင့် မူးယစ်ဆေးဝါးတွေကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး အာသံရိုင်ဖယ်တပ်ဖွဲ့က ဘုံတလန် ရဲစခန်းသို့ လွှဲပြောင်းအပ်နှံထားတယ်လို့ သိရပါတယ်။

"အခုရဲစခန်းမှာ စစ်းဆေးမေးမြန််းနေတုန်းပါ၊ တကယ်လို့ ပြစ်မှုထင်ရှားရင် ဖမ်းမိတဲ့မူးယစ်ဆေးဝါး ကာလတန်ဖိုးက မနည်းတဲ့အတွက် စီးပွားဖြစ်လုပ်တာကြောင့် ပြစ်မှုကကြီးနိုင်တယ်၊ ငွေဒဏ်၊ ထောင်ဒဏ်နှစ်ရပ်လုံး ကျခံနိုင်ပါတယ်"လို့ ကာကီရွာ မြန်မာစစ်ဘေးရှောင်တစ်ဦးက BBM ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နဲ့ ၂၁ ရက်နေ့ကလည်း အိန္ဒိယ-မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်၊ ဇိုခေါထာရ် နယ်စပ်စစ်ဆေးရေးဂိတ်မှာ မြန်မာနှစ်ဦးထံမှ ရူပီး ၃၁၀ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။

Photo - လူမှုကွန်ယက်

#bbmnews #bbm #bbmtv #indian #chin
https://www.facebook.com/share/p/1NUfVkTCLJ/
👍10
မြင်းမူမြို့နယ်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့ရာ ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါ ပြည်သူ ၉ ဦးသေဆုံး

BBM - ဖေဖော်ဝါရီ ၂၃
သတင်း - နိုင်နိုင်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ‌ရွှေကျောင်းကန်ကျေးရွာကို စစ်ကောင်စီတပ်က (Paramotor) စက်တပ်လေထီး (၂)စီးနဲ့ ဗုံးကြဲချတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၉ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မနေ့က ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ ညနေ ၇ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ရဲ့ မုံရွာအခြေစိုက် နမခမှ တက်ရောက်လာတဲ့ (Paramotor) စက်တပ်လေထီး ၂ စီးဟာ မြင်းမူမြို့နယ်၊ ရွေကျောင်းကန်ကျေးရွာက ဆီကြိတ်လုပ်ငန်းလုပ်ကိုင်တဲ့နေအိမ်နဲ့ စတားလင့် အင်တာနက်အသုံးပြုနေတဲ့ နေရာတွေကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက BBM ကိုပြောပါတယ်။

"မုံရွာ နမခ ကတက်လာတဲ့ စက်တပ်လေထီးနှစ်စီးက ဗုံးကြဲချတိုက်ခိုက်ခဲ့တာပါ၊ ၅ နှစ်ကလေး ကလေးငယ်တစ်ဦးပါ အရပ်သားပြည်သူ ၉ ဦး သေဆုံးသွားပါတယ်၊ ၅ ဦးကတော့ ဒဏ်ရာ ပြင်းထန်စွာရရှိသွားပါတယ်၊ စကစက ရည်ရွယ်ချက်ရှိရှိ အရပ်သားတွေနေတဲ့ နေရာကိုဗုံးကြဲချတိုက်ခိုက်သွားတာပါ" လို့ မြင်းမူမြို့နယ်မှ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားကြတဲ့သူတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက အရေးပေါ်ဆေးကုသမှုခံယူဖို့အတွက် ပို့ဆောင်ထားရပြီးတော့ သေဆုံးသွားတဲ့သူတွေမှာလည်း ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာကြောင့် မိသားစုတွေအနေနဲ့ အတည်ပြုဖို့ခက်ခဲနေကြတယ်လို့လည်း သိရပါတယ်။

လက်ရှိ စစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့ မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ကျေးရွာမှာ တိုက်ပွဲတွေတစ်စုံတစ်ရာ ဖြစ်ပွားတာမရှိဘဲ ရည်ရွယ်ချက်ရှိရှိ အကြောင်းမဲ့သက်သက်လာရောက် ဗုံးကြဲချတိုက်ခိုက်ခဲ့တာလို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဗုံးကြဲချတိုက်ခိုက်ပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က ကင်းထောက်ဒရုန်းတွေနဲ့ မြင်းမူမြို့နယ်၊ ရွေကျောင်းကန်ကျေးရွာအနီး ပတ်ဝန်းကျင်တစ်လျှောက်ကို ကင်းထောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ပုံ - Monywa Revolution
https://www.facebook.com/share/p/1BFzPZz5hC/
👍6👎2😢2🤬1
AI ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ရာ သုတေသနတွေ ပြုလုပ်ဖို့ အမြန်လိုအပ်ကြောင်း Google AI အကြီးအကဲ ပြောကြား

BBM -ဖေဖော်ဝါရီ ၂၄
သတင်း - Richard

ဉာဏ်ရည်တု (AI)ရဲ့ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သုတေသနတွေ ပြုလုပ်ဖို့ "အရေးတကြီး လိုအပ်တယ်" လို့ Google DeepMindရဲ့ အကြီးအကဲက BBC News ကို ပြောကြားခဲ့ပါတယ်။

ဒေလီမှာ ကျင်းပခဲ့တဲ့ AI Impact Summitမှာ ပြောကြားခဲ့တဲ့ သီးသန့်အင်တာဗျူးတစ်ခုမှာ Sir Demis Hassabis က နည်းပညာကြောင့်ဖြစ်ပေါ်လာတဲ့ "အလွန်အန္တရာယ်များ”တဲ့ ခြိမ်း‌ခြောက်မှုတွေ
အတွက် ကိုင်တွယ်ဖို့ "စနစ်ကျတဲ့ စည်းမျဉ်း" တွေကို လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါ ထိပ်သီးအစည်းအဝေးမှာ နည်းပညာခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမားများစွာက အခမ်းအနားပြီးဆုံးခါနီးမှာ AI ကို ကမ္ဘာလုံးဆိုင်ရာ ထိန်းချုပ်မှုတွေ ပိုမိုပြုလုပ်နိုင်စေတဲ့ ပူးတွဲကြေညာချက်ထုတ်ပြန်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ အမေရိကန်က အဆိုပါ တောင်းဆိုချက်ကို ငြင်းဆိုခဲ့ပြီး အိမ်ဖြူတော်နည်းပညာအကြံပေး Michael Kratsios က "AI ကို ဗျူရိုကရေစီနဲ့ ဗဟိုချုပ်ကိုင်မှုအောက်မှာ ထားပါက ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဦးတည်နိုင်မှာ မဟုတ်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

Sir Demisက AIရဲ့ အဆိုးရွားဆုံးခြိမ်းခြောက်မှုတွေကို ကာကွယ်နိုင်ဖို့ "ခိုင်မာတဲ့ အကာအရံတွေ" တည်ဆောက်ဖို့ အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။

အဓိကခြိမ်းခြောက်မှု ၂ ခုမှာ "မကောင်းတဲ့ သူတွေ"(Bad Actors)အသုံးပြုနေတဲ့ နည်းပညာနဲ့ စနစ်တွေ ပိုမိုအားကောင်းလာတာနဲ့ အမျှ ထိန်းချုပ်မှုလွတ်သွားလာနိုင်တယ်လို့ သူက ပြောကြားခဲ့သည်။

OpenAIရဲ့ အကြီးအကဲ ဆမ် အော့လ်မန်းက AI ထိပ်သီးအစည်းအဝေးမှာ ပြောခဲ့တဲ့ မိန့်ခွန်းတစ်ခုအတွင်း "အရေးပေါ်ပြုလုပ်ရမဲ့ စည်းမျဉ်းစည်းကမ်းတွေ"ကို တောင်းဆိုခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီကလည်း AI မှ အကျိုးကျေးဇူးရရှိဖို့ နိုင်ငံတိုင်းက အတူတကွ လုပ်ဆောင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်ကတော့ အဆိုပါ အမြင်တွေရဲ့ တစ်ဖက်မှာ ရပ်တည်ခဲ့ပါတယ်။

ထရမ့်အစိုးရက “ကျွန်‌တော်တို့ဟာ AIကို ကမ္ဘာလုံးဆိုင်ရာ ထိန်းချုပ်ဖို့ ပြုလုပ်နေကြတဲ့အပေါ် လုံးဝငြင်းပယ်ပါတယ်" လို့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ရဲ့ ခေါင်းဆောင် Michael Kratsiosင ပြောကြားခဲ့ပါတယ်။

အဆိုပါ ထိပ်သီး ဆွေးနွေးပွဲကို ကမ္ဘာ့ခေါင်းဆောင်အများအပြားအပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒုတိယဝန်ကြီးချုပ် David Lammyက ယူကေအစိုးရကိုယ်စားလှယ်အနေနဲ့ တက်ရောက်ခဲ့ပါတယ်။

AI ဘေးကင်းလုံးခြုံရေးဟာ နည်းပညာကုမ္ပဏီတွေနဲ့သာ သက်ဆိုင်တာ မဟုတ်ဘဲ နိုင်ငံရေးသမားတွေကလည်း နည်းပညာနဲ့ "လက်တွဲလုပ်ဆောင်ဖို့" လိုအပ်ကြောင်း မစ္စတာ Lammyက ပြောကြားခဲ့ပြီး "လုံခြုံရေးနဲ့ ဘေးကင်းရေးကို ဦးစားပေးရမှာဖြစ်ပြီးတော့ ဒါမှသာ လူထုအတွက် အကျိုးရှိမယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

Sir Demisက အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ AI နည်းပညာဟာ တရုတ်နဲ့ ယှဉ်ရင် "အနည်းငယ်" ရှေ့ရောက်နေပေမဲ့ တရုတ်က လိုက်မီဖို့ "လအနည်းငယ်သာ" ကြာနိုင်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

Reference - BBC
Photo - BBC
https://www.facebook.com/share/p/18RvDCMBV7/
👍9
ပုဏ္ဏားကျွန်းမြို့၊ယိုးငူကျေးရွာကို စကစ လေကြောင်းဗုံးကြဲတာကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူများပြားလို့ ဦးခိုင်သုခအတည်ပြု

BBM - ဖေဖော်ဝါရီ ၂၄
သတင်း - နိုင်နိုင်

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေများပြားနေတယ်လို့ အာရက္ခတပ်တော် AA ပြောခွင့်ရသူ ဦးခိုင်သုခက BBM ကို ပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်၊ နေ့လည် ၂ နာရီကျော်အချိန်မှာ စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာနဲ့ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာရှိ စျေးနေရာကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ စစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ယိုးငူကျေးရွာက အရပ်သားပြည်သူတွေမှာ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေနဲ့ သေဆုံးသူတွေများပြားနေတယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက ဆိုပါတယ်။

"ကနဦးသတင်းအရ သေဆုံး ၊ ဒဏ်ရာရသူများပြားတယ်လို့ သိရပါတယ်။ သတင်းအချက်အလက်တွေ စိစိစုံစုံတက်လာခါ အတိအကျပြောပါမေ" လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ယိုးငူကျေးရွာက နေအိမ်အများအပြားမှာလည်း မီးလောင်ပျက်စီးမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပက်ခွက်ဆိပ်ကျေးရွာအနီးက ပြည်သူတွေ စတားလင့်အင်တာနက်အသုံးပြုတဲ့နေရာကို လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်ကြိမ်လာရောက် ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

Photos Crd - Deep Sigh

#bbmnews #bbmtv #bbm #arakanarny #rakhine
https://www.facebook.com/share/p/1BP6GNe7oy/
🤬12👍1👎1
🤬13😢7