3.48K subscribers
5.58K photos
393 videos
2.89K links
Breaking Brainwashed Media
Download Telegram
ထိုင်းကုန်ပစ္စည်းဖမ်းဆီးမှု စစ်ကောင်စီအရှိန်မြှင့်လာပြီး ပြည်တွင်းမှာ ပစ္စည်းပြတ်လပ်လာ

BBM - ဖေဖော်ဝါရီ ၂၃
သတင်း - ကိုဟန်

ထိုင်း-မြန်မာနယ်စပ်တလျှောက် ထိုင်းကုန်ပစ္စည်းဖမ်းဆီးမှုတွေ စစ်ကောင်စီက အရှိန်မြှင့်လုပ်ဆောင်နေတာကြောင့် ပြည်တွင်းမှာ ပစ္စည်းတွေ ပြတ်လပ်မှုရှိလာပြီဖြစ်တယ်လို့ ကုန်သည်တွေနဲ့ ဒေသခံတွေထံက‌နေ သိရပါတယ်။

စစ်ကောင်စီဟာ တရားမဝင်ကုန်ပစ္စည်းတွေကို ဖမ်းဆီးမယ်လို့ အကြောင်းပြချက်ပေးပြီး နယ်စပ်အဝင်အထွက် လမ်းကြောင်းအားလုံးကို ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းကတည်းက တင်းကြပ်ထားပါတယ်။

နယ်စပ်လမ်းပိုင်းအများစုကို စစ်တပ်၊ ရဲ၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေက ဂိတ်ချစစ်ဆေးနေပြီး အချို့နေရာတွေမှာ စစ်တပ်လက်အောက်ခံ လက်နက်ကိုင်အဖွဲ့အချို့က ဂိတ်ချစစ်ဆေးနေတာပါ။

“မြဝတီမှာတောင် ဂိုထောင်ထဲ လိုက်စစ်နေတာ၊ ဒီလမ်းကြောင်းဂိတ်မပြောနဲ့ဦး၊ အရင်ကဆို အခြေအနေမကောင်းရင် ဘားအံတို့မှာ ပစ္စည်းခဏချသိမ်းထားတယ်၊ ပြီးမှ ထပ်ပို့ပေါ့၊ အခုက မရဘူး၊ ဆင်းလာတဲ့ပစ္စည်း သူတို့မှာ စာရင်းအတိအကျရှိနေတယ်၊ ဘယ်ကို သွားလဲကအစ နောက်လိုက်ပြီး ဖမ်းနေတာ၊ အခုဟာက အချို့ကုန်ဆို နယ်စပ်ကနေ တင်သွင်းခွင့် မပေးတဲ့ပုံစံရှိနေတယ်၊ အကုန်ဖမ်းနေတဲ့သဘောပဲ” လို့ မြဝတီမြို့မှ ကုန်သည်တဦးက BBM ကို ပြောပါတယ်။

စစ်ကောင်စီဟာ အကောက်ခွန်မဲ့ပစ္စည်းတွေကို သိမ်းဆည်းတဲ့အခါမှာ ကုန်ပစ္စည်းတွေသာမက ကုန်ပစ္စည်းတင်ဆောင်လာတဲ့ ကားတွေကိုပါ သိမ်းဆည်းနေတယ်လို့ ဆိုပါတယ်။

ကရင်နဲ့ မွန်ပြည်နယ် နယ်နမိတ်ထိစပ်နေတဲ့ ထိုင်း-မြန်မာနယ်စပ်လမ်းပိုင်းတွေမှာ စစ်တပ်နဲ့ သူတို့လက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေအပြင် တော်လှန်ရေးအဖွဲ့အစည်းအချို့ကလည်း ထိန်းချုပ်ထားပါတယ်။

ဒါ့အပြင် နယ်စပ်ထွက်ပေါက်တွေကို စစ်ဆေးမှု တင်းကျပ်ထားတဲ့ အစောပိုင်းကာလတွေမှာ မှောင်ခိုလမ်းကြောင်းမှ တင်သွင်းမှုရှိနေပေမဲ့ အခုနှစ်အစောပိုင်းမှစတင်ကာ ကုန်ကျစရိတ်ကြီးမားမှုတွေကြောင့် ကုန်ပစ္စည်းတင်သွင်းဖို့ ခက်ခဲလာကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တွေထဲမှာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်လမ်းပိုင်းအချို့ကို စစ်တပ်က ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး အဲဒီနေရာတွေမှာ ဂိတ်ချစစ်ဆေးမှုတွေ ပိုများလာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

“တရားဝင်လမ်းကြောင်းကတော့ သိတဲ့အတိုင်းပဲ မလွယ်ကူတော့ဘူး၊ မှောင်ခိုလမ်းကြောင်းကို အားကိုးတာပေါ့၊ အခု မှောင်ခိုလမ်းကြောင်းက စရိတ်အရမ်းများလာတယ်၊ ပြန်ရမဲ့ အကျိုးအမြတ်က နည်းသထက်နည်းလာတော့ တော်တော်များများ ရပ်နားထားကြတယ်” လို့ ဘုရားသုံးဆူမြို့မှ ကုန်သည်တဦးက ပြောပါတယ်။

ထိုင်းနိုင်ငံကနေ အခြေခံစားသောက်ကုန်ပစ္စည်း၊ အရက်/ဘီယာ၊ အလှကုန်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ အချိုရည်အမျိုးမျိုး၊ အထည်အလိပ် အစရှိတဲ့ပစ္စည်းတွေကို မြဝတီနယ်စပ်နဲ့ ဘုရားသုံးဆူ နယ်စပ်လမ်းကြောင်းကနေ အဓိကတင်သွင်းနေတာ ဖြစ်ပါတယ်။

အခုလိုမျိုး ဖမ်းဆီးမှုတွေကြောင့် ပြည်တွင်းဈေးကွက်မှာ ထိုင်းကုန်ပစ္စည်းတွေ ပြတ်လပ်လာနေပြီး အချို့ဆို ဈေးကြီးပေးကာ အဆမတန်ပေးဝယ်နေရတယ်လို့ မော်လမြိုင်မြို့ မောင်ငံရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသား တဦးက ပြောပါတယ်။

“ပစ္စည်းပြတ်တာတော့ အမှန်ပါပဲ၊ အချို့ပစ္စည်းတွေက ရှိနေသေးတယ်၊ ဘယ်လိလမ်းကြောင်းနဲ့ ရောက်လာတော့ မသိဘူး၊ လက်ကျန်လား မသိဘူးပေါ့နော်၊ အလှကုန်ပစ္စည်းဆို ဈေးတော်တော်ကြီးသွားတယ်၊ အရင်က ၂၀၀၀ တန်ဆို အခု ၃၀၀၀ လောက်ပေးနေရတယ်” လို့ ပြောပါတယ်။

အခုလို အကောက်ခွန်မဲ့ ထိုင်းကုန်ပစ္စည်းတွေ ဖမ်းဆီးဖို့ တင်းကျပ်ထားတဲ့ကာလမှာ စစ်ကောင်စီက ရေကြောင်းကနေတဆင့် တင်သွင်းဖို့ အသိပေးထားပေမဲ့ ကုန်ကျစရိတ်နဲ့ သတ်မှတ်အရေအတွက်ကြောင့် ကုန်သည်တွေက အခက်တွေ့နေကြပါတယ်။

တဖက်မှာလည်း စစ်တပ်က ဖမ်းဆီးရမိထားတဲ့ အကောက်ခွန်မဲ့ပစ္စည်းတွေကို သူတို့နဲ့ နီးစပ်တဲ့ ကုန်သည်အချို့နဲ့ ပူးပေါင်းကာ ပြန်လည်ရောင်းချနေတယ်လို့ ပစ္စည်းသိမ်းဆည်းခံထားရတဲ့ ကုန်သည်အချို့က ပြောဆိုထားပါတယ်။

ဓါတ်ပုံ - Social Media
ပုံစာ - ထိုင်း-မြန်မာနယ်စပ်လမ်းကြောင်းမှာ ကုန်သည်တင်ယာဉ်တွေကို စစ်ဆေးစဉ်။

#bbmnews #bbm #bbmtv #Thai #myanmar
https://www.facebook.com/share/p/1NX4sHBRr1/
👍3🤬1
ဒီးမော့ဆိုအနောက်ခြမ်းမှာ လက်နက်ကြီးကျည် ပေါက်ကွဲပြီး အမျိုးသားနှစ်ဦး သေဆုံး

BBM - ဖေဖော်ဝါရီ ၂၃
သတင်း- ခွန်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တစ်လုံးကို ကိုင်တွယ်နေစဉ် မတော်တဆ ပေါက်ကွဲသွားတာကြောင့် အမျိုးသား နှစ်ဦး အသက်ဆုံးရှုံးခဲ့ပြီး နောက်တစ်ဦးကတော့ ဒဏ်ရာရသွားခဲ့တယ်လို ဒေသခံတွေထံမှ သိရပါတယ်။

ဒီဖြစ်စဉ်က ဖေဖော်ဝါရီလ ၂၂ ရက်၊ မနက် ၈ နာရီ ၃၀ မိနစ်လောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသားသုံးဦးက မပေါက်ကွဲသေးတဲ့ ၆၀ မမ လက်နက်ကြီး ဗုံးသီးတစ်လုံးကို စနက်တံဖြုတ်ဖို့ ကြိုးစားနေချိန်မှာပဲ ပေါက်ကွဲသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“မနက်ပိုင်းမှာ အသံအကျယ်ကြီးကြားလိုက်ရတယ်၊ ခဏအတွင်းမှာပဲ တစ်ယောက်က နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် ကျန်နှစ်ဦးကို အရေးပေါ် ဆေးရုံပို့ခဲ့ရပေမယ့် နေ့လည်ပိုင်းလောက်မှာ နောက်တစ်ဦးက ဒဏ်ရာမခံနိုင်တော့ဘဲ ထပ်မံ အသက်ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။

ကျန်တစ်ဦးကတော့ ခြေထောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လက်ရှိမှာ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။

“စစ်ဘေးကြောင့် ကျန်နေတဲ့ ဗုံးသီးတွေကို မသိဘဲ ကိုင်တွယ်မိရင် အခုလို အသက်ဆုံးရှုံးမှုတွေ ဖြစ်နိုင်ပါတယ်၊ ဒေသခံတွေ အထူးသတိထားဖို့ လိုပါတယ်” လို့ အရေးပေါ်ကယ်ဆယ်ရေးနဲ့ နီးစပ်သူတစ်ဦးက ပြောကြားပါတယ်။

လက်ရှိ စစ်ဘေးဒဏ်သင့် ဒေသတွေမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေ၊ မြေမြှုပ်မိုင်းတွေ ကျန်နေသေးတဲ့အတွက် ကိုင်တွယ်ခြင်း၊ ဖြုတ်ကြည့်ခြင်း၊ ကောက်ယူခြင်းတွေ မလုပ်ကြဖို့ ဒေသခံအဖွဲ့အစည်းတွေက ဆက်တိုက်သတိပေးနေကြပါတယ်။

#bbmnews #bbm #bbmnews #Karenn #Demoso
https://www.facebook.com/share/p/1DQQoMe5kc/
👎3🤬1
ပုလဲမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းထိုးနေပြီး ဒေသခံတွေကို ပူးပေါင်းပါဝင်ဖို့ စည်းရုံးနေ

🟥နဂါးနဲ့အတူ လက်နက်ချထားတဲ့ BNRA အဖွဲ့ဝင်တချို့ တပ်ဖွဲ့ဝင်ဟောင်းတွေကို ဆက်သွယ်စည်းရုံးနေ

BBM - ဖေဖော်ဝါရီ ၂၃
သတင်း - နိုင်နိုင်

နဂါး စစ်အုပ်စုနဲ့ ပူးပေါင်းပြီးနောက် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းကို စစ်ကောင်စီတပ်တွေက အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက်နေပြီး လူသူရှိတဲ့ကျေးရွာတွေက ဒေသခံတွေကိုပါ ပူးပေါင်းပါဝင်ဖို့ လိုက်လံစည်းရုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်တွေဆီက သိရပါတယ်။

ပုလဲမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က အင်အား တစ်ရာကျော်ပါ စစ်ကြောင်း ၂ ကြောင်းနဲ့ စစ်ကြောင်းထိုးမှုတွေပြုလုပ်နေတာဖြစ်ပြီး ကျွန်းဘိုကုန်း၊ ကံပေါက်၊ ကံကြီးဘက်တွေကို စစ်ကြောင်းတစ်ကြောင်းနဲ့ ဆင်ရှင်၊ ကြောင်သန်း၊ သေတ္တရာဘက်တွေကို စစ်ကြောင်းတစ်ကြောင်းစီခွဲကာ စစ်ကြောင်းထိုးနေတာလည်း ဖြစ်ပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေဟာ အရင်လို ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့တာ၊ ဝင်ရောက်ဖျက်ဆီးတာတွေကို လက်ရှိအချိန်ထိ ပြုလုပ်မှုတွေမရှိသေးဘဲ ဒေသခံတွေကိုပါ ပူးပေါင်းပါဝင်ဖို့ စည်းရုံးမှုတွေ ရှိနေတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

"စစ်ကောင်စီတပ်က ပုလဲမြို့နယ်ကို အင်အားတစ်ရာကျော်ပါ စစ်ကြောင်း ၂ ကြောင်းထိုးနေတာရှိပါတယ်၊ ဒေသခံတွေမှာတော့ စစ်ကောင်စီစစ်ကြောင်း ဝင်လာရင် ကြောက်လန့်နေကြတာရှိပါတယ်၊ လက်ရှိအချိန်ထိတော့ ပစ်ခတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာမျိုးတွေ မရှိသေးပါဘူး၊ ဒါပေမဲ့လည်း စကစတပ်ကတော့ ကျေးရွာတွေက ဒေသခံတွေကို လိုက်လံစည်းရုံးနေတာရှိပါတယ်" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်တစ်ဦးက BBM ကို ပြောပါတယ်။

လက်ရှိ ပုလဲမြို့နယ်အတွင်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေမှာလည်း ထိတွေ့တိုက်ပွဲတွေဖြစ်ပွားတာ တစုံတရာမရှိသေးဘူးလို့လည်း သိရပါတယ်။

အခုနှစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်၊ မနက်ပိုင်းက အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဟာ BNRA စခန်းတွေကို ဝင်ရောက်ကာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်က တပ်ဖွဲ့ဝင်အင်အား ၁၅၀ ခန့် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဆီမှာ လက်နက်ချ ပူးပေါင်းခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာတော့ နဂါးဟာ သူရဲ့မိသားစုဝင်တွေနဲ့အတူ စစ်အုပ်စုထံလက်နက်ချ ပူးပေါင်းခဲ့ပြီး ၂ ရက်အကြာပဲ (BNRA) ဒုဥက္ကဋ္ဌ ကိုဖြိုးနဲ့ စစ်ရေးတာဝန်ခံ ကိုလတ် အပါအဝင်တပ်ဖွဲ့ဝင် ငါးဦးဟာ စစ်အုပ်စုထံ ထပ်မံလက်နက်ချ အလင်းဝင် ပူးပေါင်းလာတယ်လို့ စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေက ဆိုထားပါတယ်။

ဒါကြောင့် နဂါးနဲ့အတူ လက်နက်ချထားတဲ့ BNRA တပ်ဖွဲ့ဝင်တစ်ချို့ဟာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိန်းသိမ်းထားတဲ့ တပ်ဖွဲ့ဝင်ဟောင်းတွေကို ဖုန်းနဲ့အဆက်အသွယ်ပြုလုပ်နေကာ စာပို့စည်းရုံးနေတယ်လို့လည်း တော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။

"အလင်းဝင်လာတဲ့ သူတစ်ချို့ကိုတော့ ဖုန်းပေးသုံးပေးတာရှိပါတယ်၊ အဲတာကြောင့်ပဲ စာပို့စည်းရုံးလာတာကို သိရတာပါ၊ လက်ရှိ စစ်အုပ်စုဆီ ပူးပေါင်းသွားတဲ့သူတွေကပဲ တပ်ဖွဲ့ဝင်ဟောင်းတွေဆီ စာတွေပို့ပြီးတော့ စစ်အုပ်စုထံ ပူးပေါင်းလာကြဖို့ စည်းရုံးစာတွေ ပို့နေတာပါဗျ၊ ဘယ်သူတွေက လာပို့တာလည်းဆိုတာကိုတော့ စုံစမ်းနေပါတယ်" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက BBM ကို ဆက်ပြောပါတယ်။

NUG အစိုးရလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ BNRA တပ်ဖွဲ့ဝင် ၉၀ ရာခိုင်နှုန်းကို ဖမ်းဆီးထိန်းသိမ်းထားနိုင်တာရှိပြီး ပုလဲမြို့နယ်အတွင်း လွတ်မြောက်နေသေးတဲ့ BNRA တပ်ဖွဲ့ဝင်တွေကိုလည်း လိုက်လံဖမ်းဆီးမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

Photo - ပုံဟောင်း
https://www.facebook.com/share/p/1B4wyf7cFt/
👎3👍1
MNDAA နဲ့ TNLA တို့ အကြား အခြေအနေ ဆက်လက်တင်းမာ

BBM - ဖေဖော်ဝါရီ ၂၃
သတင်း - PJ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့အကြား နှစ်ဘက်အခြေအနေတွေ ဆက်လက်တင်းမာနေဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

"ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား ရှုခင်းသာမှာ TNLA တွေ အင်အားဖြည့်ပြီး တုတ်ချောင်းကိုင်ပြီး စောင့်ကြတယ်၊ ရှုခင်းသာမှာ TNLA တွေ ဂိတ်လုပ်ထားတယ်" လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

MNDAA တပ်တွေက နမ့်ဖလွန် ဘက်မှာရှိနေကြတာတွေ့ရပြီး TNLA တပ်ဖွဲ့ဝင်တွေက ရှုခင်းသာက သူတို့ဂိတ်မှာ ဖေဖော်ဝါရီလ ၂၁ ရက်၊ နေ့ခင်းပိုင်းက အင်အား ၆၀ ခန့်ဖြည့်ထားပြီး နှစ်ဘက်စောင့်ကြည့်နေကြတယ်လို့ သူကဆက်ပြောပါတယ်။

မိုင်းယုလေး၊ ငေါ့ငါး၊ တဘန်၊ ကုန်းရှောက်၊ သာကုန်း တကြောနဲ့ အောက်ပြည် အောက်ရွာကနေ တက်လာရင် နမ့်ခမ်းသို့ ပေါက်တဲ့လမ်းတလျှောက်မှာ MNDAA တပ်တွေက အင်အားအများအပြား ဦးတည်သွားပြီး နမ့်ခမ်း ပတ်ပတ်လည် ဝိုင်းထားဖို့တောင် ပြင်နေတဲ့ အနေအထား တွေ့ရတယ်လို့ ဆိုပါတယ်။

"အရင်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာလည်း မန်လွယ်နား တုတ်တွေမှာ သံကြိုးတွေ ချည်ထားပြီး စောင့်နေကြတယ်" လို့ ယာဥ်မောင်း တစ်ဦးကလည်း ပြောပါတယ်။

နမ့်ဖတ်ကာ အနီးအနားတွေမှာလည်း TNLA တပ်ဖွဲ့ဝင်တွေ သေနတ်ရော ဓါးတွေရော လွယ်ပြီး အသင့်အနေအထား တွေ့ရတယ်လို့ အဆိုပါ ယာဉ်မောင်းက ဆက်ပြောပါတယ်။

နှစ်ဘက်စလုံးမှာ အင်အား အများအပြားတွေ့ရပြီး ရိုက်ပွဲဆိုရင်တော့ TNLA ဘက်က အင်အားသာနိုင်သလို တိုက်ပွဲဆိုရင်တော့ MNDAA ဘက်က နည်းပညာပိုင်း ပိုသာနိုင်တယ်လို့ သူက သုံးသပ်ပြောပြပါတယ်။

"TNLA က MNDAA နဲ့ လက်နက်အင်အားလည်း မမီဘူး၊ စစ်သည် အင်အားလည်း မမီဘူး၊ အခုက နေရာအနှံ့ သူတို့ နှစ်ဘက် အခြေအနေ တင်းမာနေကြတယ်၊ TNLA ကတော့ သနားစရာ ဖြစ်သွားလိမ့်မယ်" လို့ ဒေသခံက သူ့ရဲ့အမြင်ကို ပြောပြပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစပြီး ကွတ်ခိုင်မြို့မှာ TNLA နဲ့ MNDAA တို့အကြား အငြင်းပွားရာကနေ လက်ရှိမှာတော့ ကွတ်ခိုင်မြို့နယ်အတွင်း နေရာတော်တော်များများမှာ နှစ်ဘက် အခြေအနေတွေ တင်းမာလာကြတာ ဖြစ်ပါတယ်။

Video - credit
https://www.facebook.com/share/r/18AKZPqWqv/
👍3
ရေးမှာ ဈေးဝယ်ထွက်တဲ့ အရာရှိအမျိုးသမီးတွေ လုံခြုံရေးယူပေးတဲ့ စစ်သား ပစ်ခတ်ခံရလို့ ၄ ဦးသေဆုံး

BBM - ဖေဖော်ဝါရီ ၂၃
သတင်း - ကိုဟန်

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာဘက်ကို ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ခဲ့လို့ စစ်သား ၄ ဦးသေဆုံးသွားတယ်လို့ ရေးဘီလူးတပ်ရင်းထံကနေ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက် မနက် ၈ နာရီခန့်က ကျောင်းရွာအခြေစိုက် ခမရ - ၅၉၁ တပ်ရင်းမှ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ရေးဘီလူးတပ်ရင်းက တိုက်ခိုက်ခဲ့တာပါ။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ကျော်ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဘက်က ဗိုလ်လေး ဝင်းစိုးအပါအဝင် ၄ ဦးသေဆုံးသွားတယ်လို့ ရေးဘီလူးတပ်ရင်းခေါင်းဆောင်က BBM ကို ပြောပါတယ်။

“ (၅၉၁) တပ်အပြင်ကို သူတို့အမျိုးသမီးတွေ၊ အရာရှိ အမျိုးသမီးတွေ ဈေးဝယ်ထွက်တဲ့အချိန်မှာ လုံခြုံရေးကင်းယူပေးတဲ့ကောင်တွေပေါ့၊ နေရာယူစောင့်ဆိုင်းပြီး ပစ်ခတ်တာပါ။” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေထံမှ MA 3 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည်ဆံ ၁၀၀ တို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်မှုတွေ အဆက်မပြတ်လုပ်ဆောင်ခဲ့တာကြောင့် ကျေးရွာတွေထဲ ကျရောက်ပေါက်ကွဲပြီး သက်ကြီးပိုင်းအမျိုးသား ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“လက်နက်ကြီးတွေ တောက်လျှောက်ပစ်တာ၊ ရွာအနီးအနားကျတာ ရှိတယ်၊ အခုတော့ နည်းနည်းငြိမ်နေတယ်၊ ဘယ်သူမှ အပြင်မထွက်ကြဘူး” လို့ ကျောင်းရွာဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက တိုက်ပွဲဖြစ်ပွားရာကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာနေပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်လာမှာကို ရွာသားတွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ရေးမြို့နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ တော်လှန်ရေးတပ်တွေနဲ့ နှစ်ဖက်စစ်ရေးတင်းမာနေသလို လက်နက်ကြီးပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓါတ်ပုံ - ရေးဘီလူးတပ်ရင်း
ပုံစာ - သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ

#bbmnews #bbm #bbmtv #mon #ye
https://www.facebook.com/share/p/1H6CNq3tSr/
👍5
စစ်တွေမြို့နယ် သင်းပုန်းတန်းကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့

BBM - ဖေဖော်ဝါရီ ၂၃
သတင်း - နိုင်နိုင်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သင်းပုန်းတန်းကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ဒေသခံတွေရဲ့ နေအိမ် ၂၃ လုံး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နေ့လည် ၃ နာရီကျော်အချိန်ခန့်က စစ်တွေမြို့ရှိ ဒကစဌာနချုပ်ကနေ စစ်ကောင်စီတပ်သားတစ်ချို့ဟာ သင်းပုန်းတန်း၊ မောင်နီပြင်၊ ရေချမ်းပြင်ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး သင်းပုန်းတန်းကျေးရွာက လူနေအိမ် ၂၃ လုံး မီးရှို့ဖျက်ဆီးခဲ့တာလည်း ဖြစ်ပါတယ်။

"အဲဒီရွာတွေမှာက လူတွေကမရှိတော့ဘူး၊ စစ်ကောင်စီတပ်တွေက ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက် လုပ်နေကြတာပါ၊ အခုလည်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားပါတယ်၊ အရင်တုန်းကလည်း အဲဒီရွာက နေအိမ်တွေကို စကစက ဖြိုဖျက်ပြီးတော့ ရောင်းချတာတွေ၊ ဘန်ကာတွေပြုလုပ်တာတွေ ရှိခဲ့ပါတယ်" လို့ အဲဒီအခြေအနေကို သိရှိတဲ့သတင်းရင်းမြစ်တစ်ဦးက BBM ကို ပြောပါတယ်။

လက်ရှိ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ သင်းပုန်းတန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရုံ ကုတင် ၁၀၀ ဆံ့ ဆေးရုံကြီးတည်ရှိနေတာဖြစ်ပြီး အာရက္ခတပ်တော် AA ဝင်ရောက်တိုက်ခိုက်လာမှာကို စိုးရိမ်တာကြောင့် စစ်ကောင်စီတပ်ဟာ အဲဒီဆေးရုံကြီးအနီးအနားမှာ ဘန်ကာတွေအခိုင်အမာ ဆောက်လုပ်ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းကပင် စစ်တွေမြို့နယ်ရှိ ကျေးရွာတွေကဒေသခံ အကုန်နီးပါးကို စစ်တွေမြို့ပေါ်ကို မောင်းထုတ်ထားတာဖြစ်ပြီး နေအိမ်၊ သာသနိကအဆောက်အအုံတွေနဲ့ စာသင်ကျောင်းတွေကို ဖြိုဖျက်ကာ ရောင်းချမှုတွေရှိနေတယ်လို့လည်း သိရပါတယ်။

စစ်တွေမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ဟာ ဒကစ ဌာနချုပ်အနီးက ကံကော်ကျွန်း၊ တောကံ၊ ရာတန်၊ ကြံတော၊ ဇော်မတတ်ကျေးရွာတွေအနီးမှာ တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေကြတာလည်း ဖြစ်ပါတယ်။

စစ်တွေမြို့နယ်မှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) စစ်တွေနဲ့ ကွပ်ကဲမှုအောက်က ခြေလျင်၊ ခြေမြန် တိုက်ခိုက်ရေးတပ်တွေဖြစ်ကြတဲ့ ခလရ (၂၀)၊ ခလရ (၂၃၂)၊ ခလရ (၂၇၀)၊ ခမရ (၃၄၄)၊ ခမရ (၃၅၄) တပ်တွေအပြင် အမှတ် (၁၂)၊ အမှတ် (၃၆) ရဲတပ်ရင်းနဲ့ ကျားမသောက်ကျေးရွာအနီးရှိ အမှတ် (၉၀၈) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတို့အပါအဝင် ရွှေမင်းဂံရေတပ်စခန်း၊ ပွိုင့်ကမ်းခြေမှာရှိတဲ့ အမှတ် (၃) ဗျူဟာ ရေတပ်ဌာနချုပ်တို့ ရှိနေတာလည်း ဖြစ်ပါတယ်။

Photo - ပုံဟောင်း
https://www.facebook.com/share/p/1DQM25vVes/
🤬4👎2
ဖားကန့်မြို့နယ်မှာ စစ်ကောင်စီ တပ်စခန်းအနီး အမျိုးသားနှစ်ဦး ထပ်မံ ပစ်သတ်ခံရ

BBM-ဖေဖော်ဝါရီ ၂၃
သတင်း-ကိုအိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းအနီးမှာ အမျိုးသားနှစ်ဦး ထပ်မံ ပစ်သတ်ခံရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက BBM ကို ပြောပါတယ်။

အဲဒီအမျိုးသားနှစ်ဦးရဲ့ ရုပ်လောင်းတွေဟာ နှိပ်စက်ခံထားရတဲ့ လက္ခဏာတွေနဲ့ သေနတ်ပစ်သတ်ခံရပြီး လမ်းဘေးမှာ အလောင်းကို စွန့်ပစ်သွားခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

"ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့၊ မနက်မှာ အလောင်းကို လမ်းဘေးမှာ စွန့်ပစ်သွားတာပါ။ ခန္ဓကိုယ်တွေမှာလည်း ရိုက်နှက် နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေလည်းတွေ့တယ်။"လို့ ဖားကန့်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက BBM ကို ပြောပါတယ်။

ပစ်သတ်ခံရတဲ့ အမျိုးသားနှစ်ဦးဟာ မည်သူ၊ မည်ဝါ ဖြစ်ကြောင်း မသိရသေးသလို မည်သည့်အဖွဲ့အစည်းက ပစ်သတ်သွားတာကိုလည်း မသိရသေးပါဘူး။

"အလောင်းတွေက ဘယ်သူလဲဆိုတာ မသိရသေးဘူး။ ပိုင်ရှင်တွေလည်းမပေါ်သေးဘူး။ ပြီးတော့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက ပစ်သတ်သွားတာဆိုတာလည်း မသိရသေးဘူး။"လို့ ဖားကန့်မြို့နယ်ဒေသခံအမျိုးသားတစ်ဦးက BBM ကို ပြောပါတယ်။

အလောင်းတွေကို ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့၊ နေလယ်လောက်မှာ ဆိပ်မူကျေးရွာမှ လူမှုကူညီရေးအဖွဲ့အစည်းမှ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွင်း အရပ်သားတွေဟာ အခုလို မကြာခဏ ပစ်သတ်ခံရသလို လက်နက်ကြီးကျည်ကြောင့် ထိခိုက်သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ရက်နေ့ကလည်း အမျိုးသားတစ်ဦးက ဉရုချောင်းအနီးမှာ သေနတ်ပစ်သတ်ဒဏ်ရာတွေနဲ့ သေဆုံးလျက် တွေ့ရှိခဲ့တဲ့ဖြစ်စဥ်လည်း ရှိပါတယ်။

Photo-ဒေသခံ
https://www.facebook.com/share/p/1D3gSSuyL3/
👍3🤬21
🟥ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေ စတင်မဲ့နေ့ကို စကစ မှကြေငြာ

BBM-ဖေဖော်ဝါရီ၂၃
သတင်း-မင်းသော်

စစ်ကောင်စီက အချိန်အတော်ကြာ ရပ်နားထားရတဲ့ ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော်တို့ ကျင်းပမဲ့ရက်တွေကို ဖေဖော်ဝါရီလ ၂၃ရက်နေ့ ညပိုင်းမှာထုတ်ပြန်ထားပါတယ်။

လာမဲ့ ၂၀၂၆ ခုနှစ် မတ်လ ၁၆ရက်နေ့ မနက်(၁၀)နာရီ မှာ တတိယအကြိမ်မြောက် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပဖို့ခေါ်ယူတယ်ဆိုပြီး ပြည်သူ့လွှတ်တော်ဥက္ကဌ တီခွန်မြတ်ရဲ့ လက်မှတ်နဲ့ ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။

ဒါ့အပြင် စကစ ရဲ့ ကာလုံအဖွဲ့မှလည်း အမှုဆောင်ချုပ်ဖြစ်တဲ့ အောင်လင်းဒွေးလက်မှတ်နဲ့ အမျိုးသားလွှတ်တော်ကို မတ်လ(၁၈)ရက်နေ့ မနက်(၁၀)နာရီနဲ့ တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော်ကို မတ်လ၂၀ရက် နေ့တွေမှာ စတင်ကျင်းပမယ်လို့လည်း ကြေငြာထားပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ၁၈ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကောင်စီတို့တွေ့ဆုံမှုအပြီး ဧပြီလမတိုင်ခင် မြန်မာနိုင်ငံမှာ သမ္မတ၊ ဝန်ကြီးချုပ်နဲ့ကာချုပ်အပြောင်းအလဲတွေဖြစ်မယ်လို့ ထိုင်းဘက်က သတင်းတွေထွက်ပေါ်လာပြီးနောက် လွှတ်တော်(၃)ရပ် ခေါ်ယူတဲ့ ကြေငြာစာကို စကစ က ထုတ်ပြန်လာခြင်းပဲဖြစ်ပါတယ်။

Photo-ပုံဟောင်း

#bbmnews #bbm #bbmtv #junta #election2026
https://www.facebook.com/share/p/18DZRJSY67/
3👎2
မိုးကုတ်မြို့သိမ်းပိုက်ခံရစဥ်က ၎င်းတို့နဲ့မန္တလေးကို မလိုက်လာတဲ့ Non-CDMတွေကို ပိုက်ဆံဒဏ်ရိုက်ပြီး တာဝန်မှရပ်ဆိုင်း

🟥မိုးကုတ်မြို့တွင်း လဝက က မှတ်ပုံတင်နဲ့ စမက်ကဒ်တွေပြန်လုပ်ပေးနေပြီး ပိုက်ဆံအတောင်းကြမ်းနေ

BBM-ဖေဖော်ဝါရီ၂၃
သတင်း-မင်းသော်

မိုးကုတ်မြို့ကိုတော်လှန်ရေးအင်အားစုတွေသိမ်းပိုက်စဥ်က ၎င်းတို့နဲ့အတူ မန္တလေးမြို့ကို လိုက်ပါလာခြင်းမရှိတဲ့ Non-CDM ဝန်ထမ်းတွေကို စစ်ကောင်စီက ပြန်လည်စစ်ဆေးပြီး ဒဏ်ငွေရိုက်ကာ တာဝန်မှရပ်ဆိုင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ Non-CDM တွေနဲ့နီးစပ်သူ မိုးကုတ်သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကတည်းက တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ TNLA တပ်ဖွဲ့ထံမှ မိုးကုတ်မြို့ကို ပြန်လည်ရရှိပြီးနောက် စစ်အင်အားတွေသာမက အရပ်ဖက်
ဝန်ထမ်းတွေကိုပါမြို့တွင်းပြန်လည်ခေါ်သွင်းပြီး အရပ်ဖက်၊စစ်ဖက်အုပ်ချုပ်ရေးတွေအကုန် ပြန်လည် လည်ပတ်နိုင်ဖို့ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မိုးကုတ်မြို့အတွင်း အရပ်သားဝန်ထမ်းတွေပြန်လည်ရောက်ရှိလာပြီးနောက် ၁၀၂၇ စစ်ဆင်ရေးအတွင်း မိုးကုတ်မြို့သိမ်းပိုက်ခံရလို့ ၎င်းတို့ဆုတ်ခွါခဲ့ရစဥ်က စစ်တပ်နဲ့အတူ မန္တလေးမြို့ကို လိုက်ပါလာခြင်းမရှိတဲ့ ဝန်ထမ်းတွေ၊ တခြားဒေသတွေဆီ ရှောင်တိမ်းသွားတဲ့ ဝန်ထမ်းတွေအားလုံးကို ဖေဖော်ဝါရီလအတွင်း ကိုယ့်စရိတ်နဲ့ကိုယ် မန္တလေးထိ သွားကာ တရားရင်ဆိုင်ခိုင်းတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် အဆိုပါဝန်ထမ်းတွေအားလုံးကို ငွေဒဏ်ရိုက်ပြီးနောက် တာဝန်မှအပြီးရပ်ဆိုင်းတာတွေကို ပြုလုပ်ခဲ့တယ်လို့ Non-CDM တွေနဲ့နီးစပ်သူ မိုးကုတ်သတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။

"ဟိုတခါပြောတဲ့ စစ်ဖြစ်တုန်းက သူတို့နဲ့ လိုက်မပြေးတဲ့ Non တွေကို တရားရင်ဆိုင်ခိုင်းတယ်ဆိုတဲ့ ကိစ္စက ခု အဲ့ဝန်ထမ်းတွေအားလုံးကို ငွေဒဏ်သိန်း(၂၀)လားရိုက်ပြီး တာဝန်ကရပ်ဆိုင်းလိုက်တယ်လို့ကြားတယ်ဗျ၊ အသိထဲကကို စည်ပင်ကဝန်ထမ်းတစ်ယောက်ပါသွားတယ်၊ သူလဲ အခုအနားပေးခံလိုက်ရပြီ"

အဲ့ဒီလို စစ်ကောင်စီဘက်က အပြစ်ရှိတယ်လို့ ယူဆပြီး အနားပေးလိုက်တဲ့ အရပ်သားဝန်ထမ်းတွေဟာ အယောက်(၃၀)လောက်ပင်ရှိတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အခုမိုးကုတ်မြို့အတွင်းရောက်ရှိလာနေတဲ့ အရပ်ဖက်ရုံးတွေထဲမှာမှ စကစ လက်အောက် ခံ လဝက က ပြည်သူတွေကို မှတ်ပုံတင်ပြန်လုပ်ပေးတာတွေ၊ စမက်ကဒ်လုပ်ပေးတာတွေဆောင်ရွက်နေပြီး ငွေတောင်းကြမ်းနေတယ်လို့လည်း အဆိုပါဒေသခံမှဆက်ပြောပါတယ်။

"လဝက နဲ့စည်ပင်ကတော့ လုပ်ငန်းတွေစနေပြီဗျ၊ လဝက ဆိုရင် မှတ်ပုံတင်၊ စမက်ကဒ်တွေလုပ်ပေးနေတယ်၊ အရမ်းကိုအလုပ်ဖြစ်နေတာ ငွေကလည်းအတောင်းကြမ်းပဲ"

အဆိုပါ လဝက သာမက စည်ပင်ရုံးတွေကလည်း လုပ်ငန်းလည်ပတ်မှုတွေ၊ လုပ်ငန်းအခွန်ကောက်ခံမှုတွေ စတင်နေတာတွေရှိပြီး အခြားအရပ်ဖက်ရုံးတွေလည်း ပြန်လည်စတင်တော့မဲ့အရိပ်အယောင် မျိုးရှိနေတယ်လို့လည်း ဒေသခံတွေထံမှ သိရပါတယ်။

Photo-ပုံဟောင်း
https://www.facebook.com/share/p/1RD1Th69Wf/
2👍1👎1
မလေးရှားက ထိုင်းနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တရားမဝင်လမ်းကြောင်းတွေမှာ လုံခြုံရေးဝါယာကြိုးတွေ ပိုမိုတပ်ဆင်မည်

BBM - ဖေဖော်ဝါရီ ၂၄
သတင်း - Richard

မလေးရှားလုံခြုံရေးအာဏာပိုင်တွေက ထိုင်းနိုင်ငံ တစ်ဖက်ကမ်းရှိ ကျန်ရှိနေသေးတဲ့ တရားမဝင်လမ်းကြောင်းတွေကို သံဆူးကြိုးတွေနဲ့ ကာရံဖို့အတွက် အစိုးရထံမှ နောက်ထပ်ဘတ်ဂျက်တွေကို ရယူသွားမှာဖြစ်ကြောင်း Bangkok Postမှာ ရေးသားထားပါတယ်။

မလေးရှားနိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ် အာမက် ရတ်ဇီက ဆိပ်ခံတံတားဟောင်း ၆၉ ခုရှိ တရားမ၀င် လမ်းကြောင်းတွေကို အပြီးတိုင်ပိတ်ဖို့ လုံခြုံရေးခြံစည်းရိုးတွေ ပိုမိုဆောက်လုပ်ဖို့ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

အဆိုပါ လုပ်ငန်းစဥ်အတွက် အထွေထွေစစ်ဆင်ရေးတပ်ဖွဲ့က အမျိုးသားလုံခြုံရေးကောင်စီမှတစ်ဆင့် အစိုးရရဲ့ ဘဏ္ဍာရေးထောက်ပံ့မှုကို ပိုမိုတောင်းခံနေကြောင်း Bernama က ဖော်ပြခဲ့ပါတယ်။

အခုလမှာ ထိုင်းနိုင်ငံ နရာသီဝပ်ပြည်နယ်၊ ဆန်ဂိုင်း ကိုလော့ခရိုင်ရဲ့ တစ်ဖက်ကမ်းရှိ ၁.၅ ကီလိုမီတာအရှည်ရှိ တရားမ၀င် လမ်းကြောင်း ၂၇ ခုမှာ သံဆူးကြိုးတည်ဆောက်တဲ့ လုပ်ငန်းစဉ် ပထမအဆင့်ပြီးစီးပြီးနောက် ဆက်လက်လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

တရားမဝင်လမ်းကြောင်းအားလုံးဟာ ဂိုလော့မြစ်တစ်လျှောက် ခွင့်ပြုချက်မရှိဘဲ တည်ဆောက်ထားတဲ့ ဆိပ်ခံတံတားတွေနားမှာ ရှိတာပဲဖြစ်ပါတယ်။

မလေးရှားနိုင်ငံရဲ့ ကီလန်တန်ပြည်နယ်နဲ့ နာရာသီဝပ်အကြား တရားမဝင်ကုန်ကူးမှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနဲ့ အခြားနယ်စပ်ဖြတ်ကျော်မှုခင်းတွေကို တိုက်ဖျက်ဖို့အတွက် အဆိုပါလမ်းကြောင်းကို ပိတ်လိုက်ပြီပြဖြစ်ပါတယ်။

Reference - Bangkok Post
Photo - Bangkok Post
https://www.facebook.com/share/p/1GNmnmMS49/
👍2
ရွှေဘိုခရိုင်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များရဲ့ ဂိတ်အားလုံးကို ပိတ်သိမ်းခဲ့ဟု ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့ထုတ်ပြန်

BBM - ဖေဖော်ဝါရီ ၂၄
သတင်း - ကိုဘုဏ်း

စစ်ကိုင်းတိုင်းတိုင်း၊ရွှေဘိုခရိုင်အတွင်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေ ဖောင်းပွ နေမှုနဲ့ပတ်သတ်ပြီး ဂိတ်အားလုံးကို ပိတ်သိမ်းခဲ့တယ်လို့ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ကြေငြာထားပါတယ်။

အဆိုပါ ကြေညာချက်ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီးတော့ ရွှေဘိုခရိုင် စစ်ဌာန အမှတ် ၁ နယ်မြေအတွင်းရှိ မြို့နယ်အုပ်ချူပ်ချူပ်ရေးအဖွဲ့တွေက အကြောင်းအမျိူးမျိူးပြကာ ဖွင့်လှစ်ထားတဲ့ဂိတ်တွေမှာ ၇၅ ဂိတ် ရှိပြီး တစ်မြို့နယ်ကို ၂၅ ဂိတ်နှုန်းရှိတယ်လို့ သိရပါတယ်။

ဂိတ်အများစုမှာ အထက်အဆင့်ဆင့်ရဲ့ လမ်းညွန်ချက်တွေကြောင့်
မဟုတ်ဘဲမိမိတို့သဘောနဲ့ ဖွင့်လှစ်ထားတဲ့ဂိတ်တွေဖြစ်တဲ့အတွက်ကြောင့် ငွေကြေးတောင်းခံခြင်း၊ စစ်ဆေးမှု စနစ်မကျခြင်းတို့ကြောင့် ခရီးသွားများ၊လုပ်ငန်းရှင်များ၊ခရီးသယ်တင်ယာဥ်များ ၊တော်လှန်ရေးအဖွဲ့အစည်းများမှ ခရီးသွားလာရနှောင့်နှေးပြီး စိတ်အနှောက်အယှက်ဖြစ်ရတယ်လို့ ပြည်သူ့တွေကတိုင်ကြား လာတာကြောင့် အခုလို ထုတ်ပြန်ချက်ရတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

‌ဒါ့ကြောင့်ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့က ဖေဖော်ဝါရီ၁၇ရက်နေ့မှာ ကာကွယ်ရေးအဖွဲ့တွေရဲ့ ဂိတ်အားလုံးကိုပိတ်သိမ်းခဲ့ပြီး
စစ်ရေးလိုအပ်ချက်ကြောင့်သာ ဖွင့်လှစ်ရမယ့်ဂိတ်တွေကို ခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့‌တွေ၊စည်ပင်သာယာရေးအဖွဲ့တွေနဲ့ ပေါင်းစပ်ညှိနိူင်းပြီး မလိုအပ်တဲ့ဂိတ်တွေကို ပိတ်သိမ်းရေးနဲ့ လိုအပ်တဲ့ ဂိတ်တွေကိုဆက်လက်ဖွင့်နိုင်ရေးများကို စနစ်တကျဆောင်ရွက်နေပါတယ်လို့လည်း ထုတ်ပြန်ကြေငြာထားပါတယ်။

မလိုက်နာတဲ့ အဖွဲ့အစည်းတွေ ကိုထိရောက်စွာ အရေးယူဆောင်ရွက်ဖို့နဲ့ ပြည်သူတွေ အနေနဲ့လည်း သတ်မှတ်ခွဲတန်းတွေကို စစ်အာဏာရှင်စနစ် ချေမူန်းရေးအတွက် တာဝန်သိစိတ်နဲ့ပေးဆောင်ကြရန်ကိုလည်း အဆိုပါထုတ်ပြန်ချက်မှာ တိုက်တွန်းနှိုး ဆော်ထားတာကို တွေ့ရပါတယ်။

ဆက်လက်ပြီး ပြည်သူတွေကို လုံခြုံရေးအာမခံချက်ပေးနိုင်ဖို့နဲ့ အရေးတော်ပုံအောင်နိုင်ရေးအတွက် ကိုယ်ကျိုးမဖက်ပဲ ဆောင်ရွက်သွားမှာဖြစ်ကြောင်းကို ရွှေဘိုခရိုင် အမှတ် ၁ စစ်ဌာန ကွပ်ကဲရေးအဖွဲက ထုတ်ပြန်ကြေငြာထားပါတယ်။

ပုံ - ရွှေဘိုခရိုင် တပ်ရင်း ၂၄
https://www.facebook.com/share/p/1F7FY2fjET/
5👏2
ပရီးမီးယားလိဂ်ပြိုင်ပွဲက ချန်ပီယံလိဂ်ဝင်ခွင့် ပြိုင်ဆိုင်မှု

BBM - ဖေဖော်ဝါရီ ၂၄
သတင်း - David

ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အက်စတွန်ဗီလာ၊ မန်ချက်စတာယူနိုက်တက်၊ ချယ်လ်ဆီးနဲ့ လီဗာပူးလ်တို့ အဓိကပြိုင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ချန်ပီယံပြိုင်ဘက်နှစ်သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ မန်စီးတီးကို ဖယ်ထားရင် ကျန်နှစ်နေရာအတွက် ဒီလေးသင်း ယှဉ်လုရလိမ့်မယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲက ချန်ပီယံလိဂ်ကို တိုက်ရိုက်ဝင်ခွင့် လေးနေရာ ရထားပြီး အခုရာသီ ဥရောပကလပ်ပြိုင်ပွဲမှာ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ကာ Bonus အနေနဲ့ပေးတဲ့ နှစ်နေရာအနက် တစ်နေရာကိုလည်း ရရှိဖို့ အလားအလာကောင်းနေပါတယ်။

ယူရိုပါလိဂ်မှာ အက်စတွန်ဗီလာ၊ နော်တင်ဟမ်ဖောရက်စ်တို့ထဲက တစ်သင်း ချန်ပီယံဖြစ်ခဲ့ရင်လည်း အခုရာသီလို ခြောက်သင်းအထိ ယှဉ်ပြိုင်ခွင့်ရတာမျိုးတွေ ဖြစ်လာနိုင်တယ်။

လက်ရှိမှာ အက်စတွန်ဗီလာက ၅၁ မှတ်၊ ယူနိုက်တက်က ၄၈ မှတ်၊ ချယ်လ်ဆီးနဲ့ လီဗာပူးလ်က ၄၅ မှတ်စီ ရရှိနေတာပါ။

ယူနိုက်တက်ကတော့ အဲဗာတန်ကို အနိုင်ယူပြီးနောက် ကာရစ်လက်ထက် ခြောက်ပွဲကနေ ၁၅ မှတ် ရထားလို့ လက်ရှိ ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဘက်အသင်းတွေထဲမှာ အတည်ငြိမ်ဆုံး ဖြစ်နေပါတယ်။

Photo - Bleacher Report Football / ကလပ် Facebook

#bbmnews #bbm #bbmtv #ManchesterUnited #SportsNews #Chelsea #Liverpool
https://www.facebook.com/share/p/1HAjtoBLZP/
👍5
ချောက်မြို့နယ်မှာ မီးရှို့ပြီး ပြည်သူပိုင်ပစ္စည်းတွေခိုးယူတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်

BBM - ဖေဖော်ဝါရီ ၂၄
သတင်း - ခက်ဆစ်

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ မီးရှို့၊ ပြည်သူပိုင်ပစ္စည်းတွေ ယူဆောင်သွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးထက်မနည်းပြီး သေဆုံးပြီး အများအပြားအပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ မကွေးခရိုင် တပ်ရင်း ၁ က မနေ့က၊ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ချောက်မြို့နယ်အတွင်း ကျေးရွာတွေသို့ အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာပြီး မီးရှို့ ပြည်သူပိုင်ပစ္စည်းတွေ ယူဆောင်သွားတဲ့ စစ်‌ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီလ ၁၄ ရက်၊ ၁၅ ရက်တို့မှာ Rocketများ၊ ဒရုန်းများ၊ လက်နက်ငယ်များ၊ မိုင်းများနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်သား ၄ ဦးထက်မနည်း သေဆုံးပြီး အများအပြား အပြင်းအထန်ဒဏ်ရာများ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါတိုက်ခိုက်မှုများကို မကွေးခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်ရှိ မကွေးခရိုင်အမှတ်(၁)တပ်ရင်း၊ မကွေးခရိုင် အမှတ်(၂)တပ်ရင်း၊ မကွေးခရိုင်အမှတ် (၃)တပ်ရင်းနဲ့အတူ ပူးပေါင်းစစ်ကြောင်းက လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မကွေးခရိုင်စစ်ဌာနအောက်ရှိ တပ်ရင်း/တပ်ဖွဲ့တွေဟာ တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီး အာဏာရှင်အမြစ်ဖြတ် တိုက်ပွဲတွေ အရှိန်မြှင့်ဖော်ဆောင်လျက်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးခရိုင်အမှတ်(၁)တပ်ရင်းက အသိပေးထားပါတယ်။

Video - မကွေးခရိုင် တပ်ရင်း ၁
https://www.facebook.com/share/v/1AvjSyxMGG/
👍9
မော်လိုက်နဲ့ တောင်ငူမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ ဦး အလင်းဝင်

BBM - ဖေဖော်ဝါရီ ၂၄
သတင်း - ခက်ဆစ်

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ဆွတ်နန်းရွာမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သား တစ်ဦးက လက်နက်နဲ့အတူ အလင်းဝင်ရောက်ခဲ့တာကြောင့် ဂုဏ်ပြုဆုငွေ သိန်း ၅၀ ကျပ်ပေးအပ်ခဲ့တယ်လို့ မော်လိုက်တော်လှန်ရေးအင်အားစုက ဖေဖော်ဝါရီလ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ အတင်းအကျပ်ပေါ်တာဆွဲခံရတဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁၇ သင်တန်းဆင်း တပ်သားတစ်ဦးက MA1 သေနတ် ၁ လက်နဲ့အတူ ဖေဖော်ဝါရီလ ၂၂ ရက်မှာ ဆက်သွယ်အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို တာဝန်ရှိသူတွေက ဂုဏ်ပြုဆုငွေ သိန်း ၅၀ ကျပ်ပေးအပ်ခဲ့တယ်လို့ မော်လိုက်တော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၂၃ ရက်မှာလည်း ပဲခူးတိုင်း၊ တောင်ငူမြို့ အခြေစိုက် စစ်ကောင်စီရဲ့ အဆရ ၁၃ တပ်မှ တပ်သား အောင်မျိုးမင်းက နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - နတ်စစ်သည် ထံသို့ အလင်းဝင်ရောက်ခဲ့တာကြောင့် လိုအပ်တာတွေ စစ်ဆေးပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ နတ်စစ်သည်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Photo - Mawlaik Revolution ၊ နတ်စစ်သည်

#bbmnews #bbm #bbmtv #Mawlaik #Taungoo
https://www.facebook.com/share/p/14VU2uiwg88/
👍13
မီဇိုရမ်မှာ ရူပီး ၁၁ သန်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေနဲ့အတူ မြန်မာလူငယ် ၃ ဦး ဖမ်းဆီးခံရ

BBM - ဖေဖော်ဝါရီ ၂၄
သတင်း - ကိုအိုက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အစပ်မှာ ရူပီး ၁၁ သန်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေနဲ့အတူ မြန်မာလူငယ် ၃ ဦးအပါအဝင် ၄ ဦးကို ဖမ်းမိတယ်လို့ မြန်မာစစ်ဘေးရှောင်တွေက BBM ကို ပြောပါတယ်။

အာသံရိုင်ဖယ် တပ်ဖွဲ့တွေက သတင်းအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က လောင်တလိုင်ခရိုင်၊ ကာကီကျေးရွာ အနီးမှာ စစ်ဆေးမှု ဆောင်ရွက်နေစဥ် မြန်မာနိုင်ငံသား ၃ ဦးနဲ့ ဒေသခံတစ်ဦးတို့ဆီက မူးယစ်ဆေးပြားတွေကို ဖမ်းမိခဲ့တာပါ။

"စစ်သားတွေက သတင်းရထားတာပြောတယ်၊ ကာကီရွာမှာ စောင့်ဆိုင်းပြီး စစ်နေတာ၊ ပလက်ဝဘက်က လာတဲ့ စက်လှေကို စစ်တဲ့ခါ ဖမ်းမိတာပါ၊ သူတို့က မြန်မာစစ်ဘေးရှောင်တွေ မဟုတ်ဘူး၊ စက်လှေသမားလိုလို မီဇိုရမ်ဘက် အဝင်အထွက်လုပ်တဲ့သူတွေပါ"လို့ ကာကီရွာ မြန်မာစစ်ဘေးရှောင်တစ်ဦးက BBM ကို ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးမှာ စိတ်ကြွရူးသွပ်ဆေးပြား (WY)တွေ ဖြစ်ပြီး စုစုပေါင်း ဆေးပြား ၈၀,၀၀၀ (အလေးချိန် ၃.၉၅ ကီလိုဂရမ်)၊ နိုင်ငံတကာပေါက်စျေးအရ အိန္ဒိယရူပီး ၁၁.၈၅ သန်း ခန့်ရှိတယ်လို့ မီဇိုရမ်သတင်းတွေမှာ ဖော်ပြကြပါတယ်။

မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးခံရသူတွေမှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ အသက် (၁၇) နှစ်အရွယ်တွေ ဖြစ်ကြတဲ့ ချိုင်းမောင်ဝင်း၊ သန်းလှိုင်နဲ့ အသက် (၁၅) နှစ်အရွယ် သန်းလှိုင်ဝင်း ဆိုသူတို့ ဖြစ်ကြပါတယ်။

ဒါ့အပြင် မီဇိုရမ်ဒေသခံတစ်ဦးဖြစ်သူ အသက် ၄၀ အရွယ်ရှိ လာလ်ရမ်းလျန်နာကိုလည်း ဖမ်းမိခဲ့ပါတယ်။

ဖမ်းဆီးရမိသူ ၄ ဦးနှင့် မူးယစ်ဆေးဝါးတွေကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး အာသံရိုင်ဖယ်တပ်ဖွဲ့က ဘုံတလန် ရဲစခန်းသို့ လွှဲပြောင်းအပ်နှံထားတယ်လို့ သိရပါတယ်။

"အခုရဲစခန်းမှာ စစ်းဆေးမေးမြန််းနေတုန်းပါ၊ တကယ်လို့ ပြစ်မှုထင်ရှားရင် ဖမ်းမိတဲ့မူးယစ်ဆေးဝါး ကာလတန်ဖိုးက မနည်းတဲ့အတွက် စီးပွားဖြစ်လုပ်တာကြောင့် ပြစ်မှုကကြီးနိုင်တယ်၊ ငွေဒဏ်၊ ထောင်ဒဏ်နှစ်ရပ်လုံး ကျခံနိုင်ပါတယ်"လို့ ကာကီရွာ မြန်မာစစ်ဘေးရှောင်တစ်ဦးက BBM ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နဲ့ ၂၁ ရက်နေ့ကလည်း အိန္ဒိယ-မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်၊ ဇိုခေါထာရ် နယ်စပ်စစ်ဆေးရေးဂိတ်မှာ မြန်မာနှစ်ဦးထံမှ ရူပီး ၃၁၀ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။

Photo - လူမှုကွန်ယက်

#bbmnews #bbm #bbmtv #indian #chin
https://www.facebook.com/share/p/1NUfVkTCLJ/
👍10
မြင်းမူမြို့နယ်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့ရာ ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါ ပြည်သူ ၉ ဦးသေဆုံး

BBM - ဖေဖော်ဝါရီ ၂၃
သတင်း - နိုင်နိုင်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ‌ရွှေကျောင်းကန်ကျေးရွာကို စစ်ကောင်စီတပ်က (Paramotor) စက်တပ်လေထီး (၂)စီးနဲ့ ဗုံးကြဲချတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၉ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မနေ့က ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ ညနေ ၇ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ရဲ့ မုံရွာအခြေစိုက် နမခမှ တက်ရောက်လာတဲ့ (Paramotor) စက်တပ်လေထီး ၂ စီးဟာ မြင်းမူမြို့နယ်၊ ရွေကျောင်းကန်ကျေးရွာက ဆီကြိတ်လုပ်ငန်းလုပ်ကိုင်တဲ့နေအိမ်နဲ့ စတားလင့် အင်တာနက်အသုံးပြုနေတဲ့ နေရာတွေကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက BBM ကိုပြောပါတယ်။

"မုံရွာ နမခ ကတက်လာတဲ့ စက်တပ်လေထီးနှစ်စီးက ဗုံးကြဲချတိုက်ခိုက်ခဲ့တာပါ၊ ၅ နှစ်ကလေး ကလေးငယ်တစ်ဦးပါ အရပ်သားပြည်သူ ၉ ဦး သေဆုံးသွားပါတယ်၊ ၅ ဦးကတော့ ဒဏ်ရာ ပြင်းထန်စွာရရှိသွားပါတယ်၊ စကစက ရည်ရွယ်ချက်ရှိရှိ အရပ်သားတွေနေတဲ့ နေရာကိုဗုံးကြဲချတိုက်ခိုက်သွားတာပါ" လို့ မြင်းမူမြို့နယ်မှ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားကြတဲ့သူတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက အရေးပေါ်ဆေးကုသမှုခံယူဖို့အတွက် ပို့ဆောင်ထားရပြီးတော့ သေဆုံးသွားတဲ့သူတွေမှာလည်း ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာကြောင့် မိသားစုတွေအနေနဲ့ အတည်ပြုဖို့ခက်ခဲနေကြတယ်လို့လည်း သိရပါတယ်။

လက်ရှိ စစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့ မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ကျေးရွာမှာ တိုက်ပွဲတွေတစ်စုံတစ်ရာ ဖြစ်ပွားတာမရှိဘဲ ရည်ရွယ်ချက်ရှိရှိ အကြောင်းမဲ့သက်သက်လာရောက် ဗုံးကြဲချတိုက်ခိုက်ခဲ့တာလို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဗုံးကြဲချတိုက်ခိုက်ပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က ကင်းထောက်ဒရုန်းတွေနဲ့ မြင်းမူမြို့နယ်၊ ရွေကျောင်းကန်ကျေးရွာအနီး ပတ်ဝန်းကျင်တစ်လျှောက်ကို ကင်းထောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ပုံ - Monywa Revolution
https://www.facebook.com/share/p/1BFzPZz5hC/
👍6👎2😢2🤬1
AI ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ရာ သုတေသနတွေ ပြုလုပ်ဖို့ အမြန်လိုအပ်ကြောင်း Google AI အကြီးအကဲ ပြောကြား

BBM -ဖေဖော်ဝါရီ ၂၄
သတင်း - Richard

ဉာဏ်ရည်တု (AI)ရဲ့ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သုတေသနတွေ ပြုလုပ်ဖို့ "အရေးတကြီး လိုအပ်တယ်" လို့ Google DeepMindရဲ့ အကြီးအကဲက BBC News ကို ပြောကြားခဲ့ပါတယ်။

ဒေလီမှာ ကျင်းပခဲ့တဲ့ AI Impact Summitမှာ ပြောကြားခဲ့တဲ့ သီးသန့်အင်တာဗျူးတစ်ခုမှာ Sir Demis Hassabis က နည်းပညာကြောင့်ဖြစ်ပေါ်လာတဲ့ "အလွန်အန္တရာယ်များ”တဲ့ ခြိမ်း‌ခြောက်မှုတွေ
အတွက် ကိုင်တွယ်ဖို့ "စနစ်ကျတဲ့ စည်းမျဉ်း" တွေကို လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါ ထိပ်သီးအစည်းအဝေးမှာ နည်းပညာခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမားများစွာက အခမ်းအနားပြီးဆုံးခါနီးမှာ AI ကို ကမ္ဘာလုံးဆိုင်ရာ ထိန်းချုပ်မှုတွေ ပိုမိုပြုလုပ်နိုင်စေတဲ့ ပူးတွဲကြေညာချက်ထုတ်ပြန်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ အမေရိကန်က အဆိုပါ တောင်းဆိုချက်ကို ငြင်းဆိုခဲ့ပြီး အိမ်ဖြူတော်နည်းပညာအကြံပေး Michael Kratsios က "AI ကို ဗျူရိုကရေစီနဲ့ ဗဟိုချုပ်ကိုင်မှုအောက်မှာ ထားပါက ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဦးတည်နိုင်မှာ မဟုတ်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

Sir Demisက AIရဲ့ အဆိုးရွားဆုံးခြိမ်းခြောက်မှုတွေကို ကာကွယ်နိုင်ဖို့ "ခိုင်မာတဲ့ အကာအရံတွေ" တည်ဆောက်ဖို့ အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။

အဓိကခြိမ်းခြောက်မှု ၂ ခုမှာ "မကောင်းတဲ့ သူတွေ"(Bad Actors)အသုံးပြုနေတဲ့ နည်းပညာနဲ့ စနစ်တွေ ပိုမိုအားကောင်းလာတာနဲ့ အမျှ ထိန်းချုပ်မှုလွတ်သွားလာနိုင်တယ်လို့ သူက ပြောကြားခဲ့သည်။

OpenAIရဲ့ အကြီးအကဲ ဆမ် အော့လ်မန်းက AI ထိပ်သီးအစည်းအဝေးမှာ ပြောခဲ့တဲ့ မိန့်ခွန်းတစ်ခုအတွင်း "အရေးပေါ်ပြုလုပ်ရမဲ့ စည်းမျဉ်းစည်းကမ်းတွေ"ကို တောင်းဆိုခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီကလည်း AI မှ အကျိုးကျေးဇူးရရှိဖို့ နိုင်ငံတိုင်းက အတူတကွ လုပ်ဆောင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်ကတော့ အဆိုပါ အမြင်တွေရဲ့ တစ်ဖက်မှာ ရပ်တည်ခဲ့ပါတယ်။

ထရမ့်အစိုးရက “ကျွန်‌တော်တို့ဟာ AIကို ကမ္ဘာလုံးဆိုင်ရာ ထိန်းချုပ်ဖို့ ပြုလုပ်နေကြတဲ့အပေါ် လုံးဝငြင်းပယ်ပါတယ်" လို့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ရဲ့ ခေါင်းဆောင် Michael Kratsiosင ပြောကြားခဲ့ပါတယ်။

အဆိုပါ ထိပ်သီး ဆွေးနွေးပွဲကို ကမ္ဘာ့ခေါင်းဆောင်အများအပြားအပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒုတိယဝန်ကြီးချုပ် David Lammyက ယူကေအစိုးရကိုယ်စားလှယ်အနေနဲ့ တက်ရောက်ခဲ့ပါတယ်။

AI ဘေးကင်းလုံးခြုံရေးဟာ နည်းပညာကုမ္ပဏီတွေနဲ့သာ သက်ဆိုင်တာ မဟုတ်ဘဲ နိုင်ငံရေးသမားတွေကလည်း နည်းပညာနဲ့ "လက်တွဲလုပ်ဆောင်ဖို့" လိုအပ်ကြောင်း မစ္စတာ Lammyက ပြောကြားခဲ့ပြီး "လုံခြုံရေးနဲ့ ဘေးကင်းရေးကို ဦးစားပေးရမှာဖြစ်ပြီးတော့ ဒါမှသာ လူထုအတွက် အကျိုးရှိမယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

Sir Demisက အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ AI နည်းပညာဟာ တရုတ်နဲ့ ယှဉ်ရင် "အနည်းငယ်" ရှေ့ရောက်နေပေမဲ့ တရုတ်က လိုက်မီဖို့ "လအနည်းငယ်သာ" ကြာနိုင်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

Reference - BBC
Photo - BBC
https://www.facebook.com/share/p/18RvDCMBV7/
👍9
ပုဏ္ဏားကျွန်းမြို့၊ယိုးငူကျေးရွာကို စကစ လေကြောင်းဗုံးကြဲတာကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူများပြားလို့ ဦးခိုင်သုခအတည်ပြု

BBM - ဖေဖော်ဝါရီ ၂၄
သတင်း - နိုင်နိုင်

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေများပြားနေတယ်လို့ အာရက္ခတပ်တော် AA ပြောခွင့်ရသူ ဦးခိုင်သုခက BBM ကို ပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်၊ နေ့လည် ၂ နာရီကျော်အချိန်မှာ စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာနဲ့ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာရှိ စျေးနေရာကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ စစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ယိုးငူကျေးရွာက အရပ်သားပြည်သူတွေမှာ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေနဲ့ သေဆုံးသူတွေများပြားနေတယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက ဆိုပါတယ်။

"ကနဦးသတင်းအရ သေဆုံး ၊ ဒဏ်ရာရသူများပြားတယ်လို့ သိရပါတယ်။ သတင်းအချက်အလက်တွေ စိစိစုံစုံတက်လာခါ အတိအကျပြောပါမေ" လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ယိုးငူကျေးရွာက နေအိမ်အများအပြားမှာလည်း မီးလောင်ပျက်စီးမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပက်ခွက်ဆိပ်ကျေးရွာအနီးက ပြည်သူတွေ စတားလင့်အင်တာနက်အသုံးပြုတဲ့နေရာကို လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်ကြိမ်လာရောက် ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

Photos Crd - Deep Sigh

#bbmnews #bbmtv #bbm #arakanarny #rakhine
https://www.facebook.com/share/p/1BP6GNe7oy/
🤬12👍1👎1