3.48K subscribers
5.58K photos
393 videos
2.88K links
Breaking Brainwashed Media
Download Telegram
မုံရွာမှာ ခရီးသည်တင်ယာဉ်တစ်စီးကို စစ်တပ်က တားဆီးစစ်ဆေးတာမရှိဘဲ ပစ်ခတ်မှုကြောင့် ယာဥ်မောင်းတစ်ဦးသေဆုံး

BBM - ဖေဖော်ဝါရီ ၂၂
သတင်း - နိုင်နိုင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ခရီးသည်တင်ကားတစ်စီးကို စစ်ကောင်စီတပ်က တားဆီးစစ်ဆေးတာမရှိဘဲ ပစ်ခတ်မှုကြောင့် ယာဥ်မောင်းတစ်ဦး သေဆုံးသွားတယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဆီက သိရပါတယ်။

မနေ့က ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ ည ၈ နာရီ ၄၀ မိနစ် အချိန်ခန့်မှာ မုံရွာမြို့၊ သာစည်ဘုရားမုဒ်ပေါက်အနီး လမ်းမှားဝင်ရောက်လာတဲ့ ခရီးသည်တင်ကားတစီးကို သာစည်ထောင်မှ စစ်ကောင်စီတပ်သားတွေက ဝိုင်းဝန်းပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတာဖြစ်တယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုပါတယ်။

"မနေ့ညက သာစည်ထောင်မှ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တာကြောင့် ရွှေပီနောင်းယာဉ်ငယ်ကားအသင်းမှ ယဉ်မောင်း ဆားလင်းကြီးရွာသား အမျိုးသား တစ်ဦးသေဆုံးသွားပါတယ်၊ ယာဉ်ပေါ်မှာ ခရီးသယ် ၄ ယောက်နဲ့ ကားမောင်းသူ အကူ ၆ ယောက်ပါရှိပါတယ်၊ သမုန်းကုန်းလမ်းခွဲကနေ ပေါက်ငယ်တောအတက် မြောက်နဲ့ တောင်မှားကွေ့မိရာမှ သာစည်ထောင်ရှေ့ ရောက်ရှိသွားပြီး ပစ်ခတ်ခံရတာလို့ သိရပါတယ်၊ ကျန်သူတွေ အထိခိုက်မရှိပါဘူးဗျ" လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က BBM ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ခရီးသည်တင်ကားဖြစ်နေချိန်မှာလည်း ကားမှန်တွေကို သေနတ်ဒင်တွေနဲ့ ထုရိုက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မုံရွာမြို့ မြို့ပတ်လမ်း အောင်သစ္စာဆီဆိုင်နဲ့ ကံမရွာကြားရှိ (အက်တောရေကျော်အနီး)မှာ အသက် ၁၈ နှစ် အရွယ် ဆံပင်ဂုတ်ဝဲပုံစံနဲ့ မိန်းကလေးတစ်ဦး ဒဏ်ရာတွေနဲ့ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

ပုံစာ - မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့။
https://www.facebook.com/share/p/1AkDBGjYoY/
🤬4👍1👎1
ခမရ(၅၉၁)တပ်ရင်းအနီးမှာတင် ကင်းလှည့်လာတဲ့ စကစ တွေတိုက်ခံရပြီး ဗိုလ်လေးတစ်ဦးအပါ လေးဦးသေဆုံး

🟥စကစ လက်နက် (၁)လက်နဲ့ ဆက်စပ်ပစ္စည်းများပါ သိမ်းဆည်းရရှိ

BBM-ဖေဖော်ဝါရီ ၂၂
သတင်း-မင်းသော်

မွန်ပြည်နယ်၊ ရေးမြို့၊ ကျောင်းရွာအခြေစိုက် ခမရ (၅၉၁) တပ်ရင်းရဲ့ မီတာ(၁၀၀)အကွာအဝေးမှာတင် ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ဗိုလ်လေးတစ်ဦး အပါ စကစ လေးဦးသေဆုံးသလို သေနတ် ၁ လက်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ထံမှ သိရပါတယ်။

ဖေ‌ဖော်ဝါရီ ၂၂ ရက်(ဒီနေ့ )မနက်(၈)နာရီလောက်က ခမရ (၅၉၁) တပ်ရင်းကနေ ကင်းလှည့်ရန် ထွက်လာတဲ့ စကစ ၇ ဦးကို အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း ၁ ပွင့် ရာထူးရှိ ဗိုလ်လေးဝင်းစိုးနဲ့ တပ်သား ၃ ဦးသေဆုံးပြီး MA-3 ‌သေနတ် ၁ လက်၊ ကျည်
ဘောက် ၃ ဘောက်နဲ့ ကျည်ဆံအတောင့် ၁၀၀ တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုမစတင်ခင်ကတည်းကပင် တော်လှန်ရေးအင်အားစုတွေဘက်က ကြိုတင်
ပြင်ဆင်မှုတွေပြုလုပ်ပြီး နေရာယူပစ်ခတ်နိုင်ခဲ့တာကြောင့် အခုကဲ့သို့ စစ်ကောင်စီဘက်က အထိနာခဲ့ခြင်းဖြစ်တယ်လို့လည်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်မှ BBM ကိုပြောပါတယ်။

"ဒီမနက်ဖြစ်သွားတဲ့ပွဲက သတင်းရရှိမှုကောင်းတာရယ်၊နောက်တစ်ခုက သူတို့ရဲ့ပြင်ဆင်ပုံတွေကို ကျွန်တော်တို့က ပိုင်ပိုင်နိုင်နိုင်လေ့လာထားနိုင်ခဲ့တယ်ပေါ့နော်၊ ဒါကြောင့်မို့လို့ သူတို့ကို အသေအချာ အရင်ဦးဆုံးနေရာယူပြီး စောင့်ဆိုင်းတိုက်ခိုက်နိုင်ခဲ့တယ်"

တိုက်ခိုက်မှုအတွင်း အထိနာသွားတဲ့ စကစ က လက်နက်ကြီး‌တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video-ရေးဘီလူး
https://www.facebook.com/share/r/16gkdc38Rp/
👍41
ရှမ်းမြောက်တိုက်ပွဲအတွင်း အသုံးပြုခဲ့တဲ့ အနီးစခန်းလေဆိပ်ကို စကစ အကြီးအကျယ် ပြင် ဆင်တိုးချဲ့

🟥လေဆိပ်တိုးချဲ့ရေးအတွက် အနီးရှိ ပြည်သူပိုင်အိမ်ခြံမြေတွေကို သိမ်းဆည်းရန်အကြောင်းကြား

BBM-ဖေဖော်ဝါရီ၂၂
သတင်း-မင်းသော်

ရှမ်းမြောက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အသုံးပြုခဲ့တဲ့ အနီးစခန်းလေဆိပ်ကို အခုအခါမှာတော့ အကြီးအကျယ်ပြင်ဆင်တာတွေပြုလုပ်နေတဲ့အပြင် အဆိုပါလေဆိပ်တိုးချဲ့ရန်အတွက် အနီးရှိပြည်သူပိုင်အိမ်ခြံမြေတွေကို သိမ်းဆည်းတာတွေကိုလည်း ပြုလုပ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်တွေအတွင်းမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွါးခဲ့တဲ့ ရှမ်းမြောက် က ၁၀၂၇ ပထမလှိုင်း၊ ဒုတိယလှိုင်းတွေသာမက နောက်ပိုင်းတိုက်ပွဲတွေမှာပါ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လေကြောင်းမှ စစ်ကူ၊ရိက္ခာပစ္စည်းပို့ဆောင်မှုတွေ ပြုလုပ်ရာမှာ အဆိုပါ အနီးစခန်းလေဆိပ်ကို စစ်တပ်ဘက်က အတော်လေးသုံးစွဲခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် တရုတ်နိုင်ငံရဲ့ကြားဝင်မှုနဲ့ ရှမ်းမြောက်က တိုက်ပွဲတွေမှာ တစ်ဖန်ပြန်အရေးသာခဲ့ပြီး အဓိကအဖွဲ့တွေနဲ့ အပစ်ရပ်ပြီးတဲ့နောက်မှာတော့ အဆိုပါအနီးစခန်းလေဆိပ်ကို ပြင်ဆင်ဖို့ စတင်ဆောင်ရွက်ခဲ့တာတွေရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အစောပိုင်းကတည်းကပင် စစ်တပ်အမိန့်နဲ့ အနီးစခန်းလေဆိပ်ကိုလေယာဥ်ပြေးလမ်းကအစ တိုးချဲ့နိုင်ရန် လေယာဥ်ကွင်းဘေးရှိ ပြည်သူပိုင်အိမ်ခြံမြေတွေကို ဖယ်ရှားဖို့ အကြောင်းကြားခဲ့တာတွေ ရှိသလို အချို့ တံတိုင်းကာထားတဲ့ ခြံမြေတွေကိုလည်း အုတ်တံတိုင်းဖြိုချတာမျိုးတွေပြုလုပ်နေတယ်လို့ ဒေသခံပြည်သူတစ်ဦးက BBM ကိုပြောပါတယ်။

"လေဆိပ်ချဲ့ဖို့ သိမ်းမယ်လို့ပြောထားတာ မနှစ်
ကတည်းကပဲ၊ သူတို့ကပ်ရက်အကွပ်တွေကိုတော့ မနှစ်ကတည်းက ဘော်ဒိုဇာတွေနဲ့ထိုးသွားပြီလေ၊လေယာဥ်ကွင်းနဲ့ကပ်ရပ်ခြံတွေကို သိမ်းနေပြီပေါ့၊ ဒီကွင်းက ရှမ်းမြောက်မှာတိုက်ပွဲတွေဖြစ်တုန်းကဆို လေယာဥ်တွေ တက်လိုက်ဆင်းလိုက် အများကြီးပဲ၊ ဒါကြောင့် ထပ်ချဲ့တာနေမယ်"

ဒီလိုတိုးချဲ့ဖို့အတွက် အနီးရှိ ပြည်သူပိုင်အိမ်
ခြံမြေတွေကို သိမ်းရန်အကြောင်းကြားရာမှာ လေယာဥ်ကွင်းရဲ့အနီးအဝေးပေါ်မူတည်ပြီး အဆင့်(၁)၊(၂)၊(၃) ဆိုပြီး သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် လက်ရှိ လေယာဥ်ပြေးလမ်းနဲ့ အဆောက်အဦးတွေကိုလည်း အကြီးအကျယ်တိုးချဲ့မှုတွေပြုလုပ်နေပြီး လေယာဥ်ကွင်းအပြင်ဘက်လူနေရပ်ကွက်တွေကပင် မြင်နေရတယ်လို့လည်း အဆိုပါဒေသခံမှဆက်ပြောပါတယ်။

"လေယာဥ်ကွင်းကိုချဲ့နေတာ ကားလမ်းကနေတောင် မြင်နေရတယ်၊ အကြီးအကျယ်ပဲ၊ နောက်ဆိုအဆင်းအတက်ဒီကပဲလုပ်မယ်ထင်
တယ်"

အဆိုပါလေယာဥ်ကွင်းတိုးချဲ့ရန် အိမ်ခြံမြေသိမ်းတာနဲ့ပတ်သတ်ပြီး ပြည်သူတွေအနေနဲ့ ကန့်ကွက်လိုပါက ဖေဖော်ဝါရီလ ၁၆ရက်နေ့မှာ ကန့်ကွက်ကြောင်းစာပို့ပြောကြားနိုင်တယ်လို့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေက ပြောဆိုထားတာကြောင့် ကန့်ကွက်စာပို့ဆောင်မှုတွေရှိနေပေမဲ့ လက်ရှိအချိန်ထိတော့ တစ်စုံတစ်ရာထူးခြားခြင်းမရှိသေးဘူးဟုလည်း ဒေသခံတွေကပြောပါတယ်။

Photo-အနီးစခန်းလေဆိပ်တိုးချဲ့ခြင်းကို စစ်ခေါင်းဆောင်လာကြည့်စဥ်

#bbmnews #bbm #bbmtv #MinAungHlaing #airport
https://www.facebook.com/share/p/1FVV4utsYh/
👍21🖕1
ဆော- ကျောက်ထု- မင်းတပ် လမ်းပိုင်းကို ညပိုင်းအချိန်များမှာ ပိတ်ထားမည် ဟု ဂန်ဂေါခရိုင် အမှတ် ၁၃ တပ်ရင်းကြေငြာ

BBM - ဖေဖော်ဝါရီ ၂၃
သတင်း - ကိုဘုဏ်း

မကွေးတိုင်း ၊ဂန်ဂေါခရိုင်အတွင်းမှာရှိတဲ့ ဆော - ကျောက်ထု -မင်းတပ် လမ်းကို ညအချိန် (ည၈:၃၀မှ မနက် ၆:၀၀)အတွင်း လုံခြုံရေးအရ လမ်းအသုံးပြုမှုကို ပိတ်ထားမှာဖြစ်ကြောင်း ဂန့်ဂေါခရိုင် အမှတ် ၁၃ တပ်ရင်း ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၂၂ရက်နေ့မှာ ထုတ်ပြန်တဲ့ စာအရ အဆိုပါ လမ်းကို ဆက်လက်ပြီး အသုံးပြုနေတဲ့ မိဘပြည်သူတွေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ လုံ ခြုံရေးအရ စစ်ဆေးတဲ့ ဂိတ်တွေမှာ စစ်ဆေးမှုတွေကို ကြည်ဖြူစွာပူးပေါင်းပါဝင်ပေးကြဖို့ ကိုလည်းမေတ္တာရပ်ခံထားပါတယ်။

ကန့်သတ်ချိန်နှင့် ကန့်သန့်နယ်မြေတွေကို ဂန့်ဂေါခရိုင်မှ တပ်ရင်းတပ်ဖွဲ့များမှ လွဲပြီး အခြားမည်သည့် အဖွဲ့အစည်းမဆို ခရီးသွားလာခွင့် (MO)ပါမှသာ ဖြတ်သန်းသွားလာခွင့်ပေးမှာဖြစ်ပြီး အရေးပေါ် အခြေအနေတွေမှာ ဖြတ်သန်းသွားလာမယ်ဆိုပါက တပ်ရင်း ၁၃ကို ကြိုတင်သတင်းပို့အကြောင်းကြားပြီးမှသာ စိစစ်ပြီး ဖြတ်သန်းခွင့်ပြုမှာဖြစ်ကြောင်းကိုလည်းဖော်ပြထားပါတယ်။

ဂန်ဂေါခရိုင် တပ်ရင်း ၁၃ကို အကြောင်းမကြားပဲဖြတ်သန်းသွားလာပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်းကိုလည်း အဆိုပါတပ်ရင်း၁၃က ထုတ်ပြန်ကြေငြာထားပါတယ်။

ပုံ-ဂန့်ဂေါခရိုင် အမှတ် ၁၃ တပ်ရင်း

#bbmnews #bbm #bbmtv #magway #PDF
https://www.facebook.com/share/p/1CD1QvGrY8/
👍5
ယူကရိန်းအနောက်ပိုင်းမှာ ပေါက်ကွဲမှုတွေအတွင်း အမျိုးသမီး ရဲအရာရှိ ၁ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိ

BBM - ဖေဖော်ဝါရီ ၂၃
သတင်း - Richard

ယူကရိန်းနိုင်ငံ အနောက်ပိုင်း Lviv မြို့မှာ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း အသက် ၂၃ နှစ်အရွယ် အမျိုးသမီးရဲအရာရှိတစ်ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ BBCမှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၂၂ရက် သန်းခေါင်ယံကျော်အချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေက အိမ်လုပ်ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းနှစ်ခု ပေါက်ကွဲခဲ့ကြောင်း ယူကရိန်းအမျိုးသားရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

အဆိုပါ အိမ်လုပ်ဗုံးတွေဟာ အမှိုက်ပုံးတွေထဲမှာ ရှိနေခဲ့ကြောင်း ရဲတပ်ဖွဲ့က ထပ်လောင်းပြောကြားခဲ့ပါတယ်။

သမ္မတ Volodymyr Zelensky က “အကြမ်းဖက်တိုက်ခိုက်မှုကို ကျူးလွန်တယ်လို့ သံသယရှိသူ” တစ်ဦးကို ဖမ်းဆီးထားကြောင်း အတည်ပြုခဲ့ပါတယ်။

Lviv မြို့တော်ဝန် Andriy Sadovyi က အဆိုပါ သံသယရှိသူဟာ ယူကရိန်းအမျိုးသမီးတစ်ဦး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

နောက်ပိုင်းမှာ ရဲတွေက အသက် ၃၃ နှစ်အရွယ် သံသယရှိသူဟာ ရုရှားရဲ့ အထူးဝန်ဆောင်မှုအေးဂျင့်တစ်ဦးရဲ့ “ညွှန်ကြားချက်” အရ ဖောက်ထွင်းမှုတွေကို ပြုလုပ်ပြီး လက်လုပ်ဗုံးတွေကို တပ်ဆင်ထားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါ ပေါက်ကွဲမှုအတွင်း သေဆုံးသွားတဲ့ ရဲအမျိုးသမီးဟာ Viktoria Shpylka လို့ ခေါ်ပါတယ်။

"သူမဟာ အသက် ၂၃ နှစ်သာ ရှိသေးပြီး Kherson ဒေသကို အပြည့်အဝ ကျူးကျော်ဝင်ရောက်မှု စတင်ချိန်မှာ သူမရဲ့ တာဝန်ထမ်းဆောင်မှုကို စတင်ခဲ့ပါတယ်" လို့ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့ မနက်ပိုင်းက Telegramမှာ ရေးသားခဲ့ပါတယ်။

မြို့လယ်ခေါင်ရှိ ဆိုင်တစ်ဆိုင်မှာ ဖောက်ထွင်းဝင်ရောက်တဲ့ သတင်းကြောင့် ရဲကားတစ်စီး ရောက်ရှိလာပြီးနောက် ပထမဆုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

"ဒုတိယအဖွဲ့တစ်ဖွဲ့ ထပ်မံ ရောက်ရှိလာချိန်မှာ နောက်ထပ်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်"လို့
ထပ်လောင်း ပြောကြားခဲ့ပါတယ်။

လူ ၁၁ ဦးကို ဆေးရုံကို ပို့ဆောင်ခဲ့ပြီး အဲ့ဒီထဲက ၆ ဦးမှာ အခြေအနေဆိုးရွားကြောင်း သိရပါတယ်။

ပြည်ထဲရေးဝန်ကြီး Ihor Klymenko က ရဲတပ်ဖွဲ့နဲ့ ယူကရိန်းလုံခြုံရေးဌာနက အနောက်မြောက်ပိုင်း Rivne ဒေသမှာ နေထိုင်တဲ့ သံသယရှိသူကို ဖမ်းဆီးထားကြောင်း ပြောကြားခဲ့ပါတယ်။

"အဆိုပါရာဇဝတ်မှုကို ကျူးလွန်ရာမှာ ပါဝင်ပတ်သက်တဲ့ အခြားလူတွေကိုလည်း ဖော်ထုတ်လျက်ရှိတယ်"လို့ သူရဲ့ Telegram မှာ ရေးသားခဲ့ပါတယ်။

အဲ့ဒီအတောအတွင်း ဒေသဆိုင်ရာ ရှေ့နေရုံးက "ပြင်းထန်တဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေတဲ့ အကြမ်းဖက်လုပ်ရပ်" ကို စုံစမ်းစစ်ဆေးမှု စတင်နေပြီလို့ ပြောကြားခဲ့ပါတယ်။

Reference-BBC
Photos-BBC

#bbmnews #bbm #bbmtv #internationalnews #Ukraine
https://www.facebook.com/share/p/1Fi3ePp98t/
👎3🤬1
မိမိကို ဆော်ဒီအာရေဗျက ပိုင်တယ်လို့ ရော်နယ်လ်ဒို ပြောကြား

BBM - ဖေဖော်ဝါရီ ၂၃
သတင်း - David

Al-Nassr အသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်လ်ဒိုက မိမိကို ဆော်ဒီအာရေဗျက ပိုင်တယ်လို့ ပြောခဲ့ပါတယ်။

ရော်နယ်လ်ဒို(၄၁ နှစ်)ဟာ မကြာသေးခင်က အသင်းကိုပိုင်ဆိုင်တဲ့ Public Investment Fund (PIF)ရဲ့ စီမံခန့်ခွဲမှုကို အသင်းပွဲစဉ် သုံးပွဲ
မကစားဘဲ ဆန္ဒပြခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်မှာ အသင်းအတွက် ပြန်လည်ကစားခဲ့ပြီး နှစ်ပွဲမှာ သုံးဂိုးအထိ သွင်းယူခဲ့ပါတယ်။

''ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော် အကြိမ်များစွာ ပြောခဲ့သလိုပဲ ဆော်ဒီအာရေဗျက ပိုင်ပါတယ်။ ဒီနိုင်ငံက ကျွန်တော့်ကို
ကောင်းစွာ ကြိုဆိုခဲ့ပါတယ်။ ကျွန်တော့်မိသားစု၊ မိတ်ဆွေတွေလည်း ဒီမှာ ပျော်ပါတယ်။ ကျွန်တော် ဆက်နေသွားချင်ပါတယ်။ အရေး
အကြီးဆုံးအရာက အမှတ်ပေးချန်ပီယံဆုအတွက် ဆက်လက်တွန်းအားပေးဖို့ပါပဲ။ ကျွန်တော်တို့ ထိပ်ဆုံးမှာရှိတယ်။ ကျွန်တော်တို့
ကိုယ့်အလုပ်ကိုယ် လုပ်နေတယ်၊ နိုင်ပွဲရတယ်။ ရာသီကုန်မှာ ဘာဖြစ်မလဲ ကြည့်ရအောင်ပါ''လို့ ရော်နယ်လ်ဒိုက ပြောခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ၂၀၂၃ ခုနှစ် နှစ်စမှာ ဆော်ဒီအာရေဗျကို ရောက်လာခဲ့ပေမဲ့ သူ စတင်ကစားခဲ့ကတည်းက ၂၀၂၃ Arab Club Champions Cup
ပြိုင်ပွဲမှာသာ ဗိုလ်စွဲခဲ့ဖူးပါတယ်။

လက်ရှိမှာတော့ သူ့ရဲ့ Al-Nassr အသင်းဟာ ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယားမှာ Al-Hilal အသင်းကို တစ်မှတ်အသာနဲ့ ဦးဆောင်နေပါတယ်။

Photo - Social Media

#bbmnews #bbm #bbmtv #SaudiArabia #CristianoRonaldo #SportsNews
https://www.facebook.com/share/p/181ZFKJihz/
👍2😐1
ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီရိက္ခာသယ်ယာဉ်တန်းကို တိုက်ခိုက်ရာ စကစတပ်သား ၁၀ ဦးသေဆုံး

BBM - ဖေဖော်ဝါရီ ၂၃
သတင်း - ခက်ဆစ်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီရဲ့ ရိက္ခာသယ်ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးခဲ့တယ်လို့ မန္တလေးခရိုင် အမှတ် (၃) တပ်ရင်းက ယမန်နေ့၊ ညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်၊ မနက် ၁၀ နာရီ ၃၀ မိနစ်မှာ ဆုံရွာမှ ဆီမီးခုံမြို့သို့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးခေါင်းဆောင် လိုက်ပါလာတဲ့ အင်အား ၂၀ ခန့်၊ ရိက္ခာသယ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေ အပါအဝင် ၆ ဦးသေဆုံးပြီး ကျန်ပျူစောထီး အများအပြားလည်း ထိခိုက်ဒဏ်ရာတွေနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ G3 ၂ လက်၊ ကာဘိုင် ၁ လက်၊ ကင်းထောက်ဒရုန်း ၁ စီးနဲ့ G3 ကျည် ၅၃ တောင့် တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နောက်ဆက်တွဲသတင်းတွေအရ ပျူခေါင်းဆောင် ၁ ဦး ဆီမီးခုံဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး နောက်လိုက် ပျူစောထီးနဲ့ ရဲ ၄ ဦး ဆေးရုံပေါ်မှာ ထပ်မံသေဆုံးသွားတယ်လို့ ဆိုထားပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ မန္တလေးခရိုင် အမှတ် ၃ တပ်ရင်း၊ ဆီမီးခုံပြည်သူ့ကာကွယ်ရေးအဖွဲ့၊ SRF- SINTKAING REVOLUTION FORCE ၊ SPECIAL TASK FORCE - NGAZUN ၊ ဧရာဝတီမင်းသားပြောက်ကျားတပ်ဖွဲ့၊ NBR - နယ်စည်းမခြားတပ်ဖွဲ့နဲ့ MGN - DANGER DYNAMITE တို့က ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

Photo - People's Defense Force - Mandalay

#bbmnews #bbm #bbmtv #MDYPDF #Mandalay
https://www.facebook.com/share/p/18F6YvVsbH/
6👍1
ဂရင်းလန်းဝန်ကြီးချုပ်က ထရမ့်ရဲ့ ဆေးရုံသင်္ဘောပို့ပေးတဲ့အပေါ် မကြိုဆို

BBM - ဖေဖော်ဝါရီ ၂၃
သတင်း - Richard

ဂရင်းလန်းဝန်ကြီးချုပ် Jens-Frederik Nielsen က အမေရိကန်သမ္မတ Donald Trump ရဲ့ ဆေးရုံသင်္ဘောတစ်စင်းကို ဂရင်းလန်းကို စေလွှတ်မယ့် အစီအစဉ်ကို မကြိုဆိုကြောင်း ဖေဖော်ဝါရီလ၂၂ရက်နေ့က ပြောကြားခဲ့ပါတယ်။

ထရမ့်က ဂရင်းလန်းကို လွှဲပြောင်းယူချင်တယ်လို့ အကြိမ်ကြိမ်ပြောနေခဲ့တာပါ။

ထရမ့်က ဂရင်းလန်းကို ဆေးရုံလှေတစ်စင်း စေလွှတ်ဖို့အတွက် ဂရင်းလန်းဆိုင်ရာ အထူးသံတမန် လူဝီစီယားနားပြည်နယ် အုပ်ချုပ်ရေးမှူး Jeff Landry နဲ့အတူ လုပ်ဆောင်နေကြောင်း ဖေဖော်ဝါရီလ ၂၁ရက် စနေနေ့က လူမှုမီဒီယာမှာ ပြောကြားခဲ့ပါတယ်။

“သမ္မတထရမ့်ရဲ့ အမေရိကန်ဆေးရုံသင်္ဘောတစ်စင်းကို ဂရင်းလန်းကို စေလွှတ်ဖို့ အကြံအစည်ကို သတိပြုမိကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ နိုင်ငံသားတွေအတွက် အခမဲ့ကုသမှုပေးတဲ့ အများပြည်သူကျန်းမာရေးစောင့်ရှောက်မှုစနစ်ရှိပါတယ်” လို့ Nielsen က Facebook မှာ ပို့စ်တစ်ခုတင်ခဲ့ပါတယ်။

အမေရိကန်နဲ့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်ဖို့ တံခါးဖွင့်ထားဆဲပါလို့ Nielsenက ပြောကြားခဲ့ပါတယ်။

“ဒါပေမယ့် ဆိုရှယ်မီဒီယာမှာ တင်တာမျိုးမလုပ်ဘဲ ကျွန်တော်တို့ကို တိုက်ရိုက် စကားပြောပါ” လို့ သူက ဆိုပါတယ်။

“လူဝီစီယားနားပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး Jeff Landry နဲ့ ပူးပေါင်းပြီး ဖျားနာနေပြီး အဲဒီမှာ ကုသမှုမခံယူရတဲ့ လူအများအပြားကို ပြုစုစောင့်ရှောက်ဖို့ ဂရင်းလန်းကို ဆေးရုံသင်္ဘောကြီးတစ်စင်း စေလွှတ်သွားမှာပါ၊ မကြာမီ လာမည်မျှော်” လို့ ထရမ့်က ဖေဖော်ဝါရီလ ၂၂ရက်နေ့က ပြောကြားခဲ့ပါတယ်။

အိမ်ဖြူတော်နဲ့ Landry ရဲ့ရုံး နှစ်ခုစလုံးက အဆိုပါ သင်္ဘောကို ဒိန်းမတ်နဲ့ ဂရင်းလန်းတို့မှ တောင်းဆိုခဲ့တာမျိုး ရှိ၊ မရှိဆိုတဲ့ မေးမြန်းချက်တွေကို တုံ့ပြန်တာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

စစ်ဘက်ဆိုင်ရာဌာနကလည်း ချက်ချင်းမှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

ပြီးခဲ့တဲ့အပတ်က ဒိန်းမတ်ဘုရင် Frederik က တစ်နှစ်အတွင်း ဂရင်းလန်းကို ဒုတိယအကြိမ် သွားရောက်လည်ပတ်ခဲ့ပါတယ်။

ဒါဟာ ထရမ့်ရဲ့ ဂရင်းလန်းကျွန်းကိုဝယ်ယူဖို့ ကြိုးစားနေတဲ့ အစီအစဉ်ကြောင့် ဒိန်းမတ်နဲ့ ဂရင်းလန်းတို့ရဲ့ စည်းလုံးညီညွတ်မှုကို ပြသဖို့ ကြိုးပမ်းမှုတစ်ခုပဲ ဖြစ်ပါတယ်။

Reference - NBC News
Photos - NBC News

#bbmnews #bbm #bbmtv #internationalnews #trump #greenland
https://www.facebook.com/share/p/1AyHpxAirQ/
👍5
စစ်တွေမှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ဒေသခံမူဆလင် ၁၂ ဦး မိသားစုနဲ့ အဆက်အသွယ်မရသေး

BBM - ဖေဖော်ဝါရီ ၂၃
သတင်း - နိုင်နိုင်

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ သဲချောင်းမူဆလင်ကျေးရွာနဲ့ သံတော်လီ မူဆလင်ကျေးရွာကနေ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံ မူဆလင် ၁၂ ဦးဟာ လက်ရှိအချိန်ထိ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရရှိသေးဘဲ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စစ်တွေမြို့နယ်၊ သဲချောင်းမူဆလင်ကျေးရွာကို ဝင်ရောက်လာပြီး ရာအိမ်မှူး မာမောက်အီဆမိုင်နဲ့ သံတော်လီမူဆလင်ကျေးရွာက ရာအိမ်မှူး အောလ်ဇော်အာမာလ်၊ နိုရိုလုဒ်၊ ဆောန်ဒုလ်အာမိလ်၊ ဆာဒတ်ဟူဆောန်နဲ့ ဝါဆလံဂိုရိမ်တို့ အပါအဝင် စုစုပေါင်းဒေသခံ ၁၁ ဦးတို့ကို အမှတ် ၂ မြို့မရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေမှာ လက်ရှိအချိန်အထိ ပြန်လည်လွတ်မြောက်တာမျိုးမရှိသေးသလို စစ်ကောင်စီက ဘယ်အတွက်ကြောင့် ဖမ်းဆီးသွားတယ်ဆိုတာကိုလည်း မသိရှိရသေးဘူး ဖြစ်နေတယ်လို့ သဲချောင်းမွတ်ဆလင်ကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

"တစ်ရက်တည်းမှာ ကျေးရွာ ၂ ရွာက ဒေသခံ ၁၂ ဦးကို ဖမ်းဆီးသွားတာပါ၊ ဘာအတွက်ကြောင့် ဖမ်းဆီးသွားတယ်ဆိုတာကိုလည်း မသိရှိရသေးဘူး၊ လက်ရှိအချိန်ထိလည်း ပြန်လွတ်လာတာမျိုးမရှိသေးပါဘူး၊ သူတို့ကို မိသားစုတွေနဲ့လည်း တွေ့ခွင့်မပေးတော့ အဆက်အသွယ်က မရသေးဘူးဖြစ်နေပါတယ်" လို့ အဆိုပါဒေသခံက BBM ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း စစ်ကောင်စီတပ်ဟာ စစ်တွေမြို့၊ ဓညဝတီရပ်ကွက်နဲ့ စက်ရုံစုရပ်ကွက်က ဒေသခံလူတစ်ချို့ကို အမှတ် ၂ ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်လို့လည်း စစ်တွေဒေသခံတွေဆီက သိရပါတယ်။

အလားတူ စစ်ကောင်စီတပ်ဟာ ဒေါ် စောမြရာဇာလင်း ဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး မြို့ပေါ်ရှိဒေသခံတွေကို ဖမ်းဆီးငွေညှစ်ကာ ပြန်လွှတ်ပေးမှုတွေ ရှိနေပြီး စစ်ရှောင်နေအိမ်တွေကိုလည်း ဖြိုဖျက်ရောင်းချမှူတွေ ရှိနေတယ်လို့ စစ်တွေဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း စစ်တွေမြို့နယ်၊ ဘုမေမူဆလင်ကျေးရွာက ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လက်ရှိအချိန်အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရရှိသေးဘူးလို့လည်း သိရပါတယ်။

Photo - ပုံဟောင်း

#bbmnews #bbm #bbmtv #sittwe #AA
https://www.facebook.com/share/p/18NSNJBzyj/
2👍1
ဖ‌လော်ရီဒါရှိ ထရမ့်ရဲ့ မာ-အာ-လာဂို အပန်းဖြေစခန်းအတွင်း လက်နက်ကိုင် ကျူးကျော်ဝင်ရောက်သူ ပစ်သတ်ခံရ

BBM - ဖေဖော်ဝါရီ ၂၃
သတင်း - Richard

အမေရိကန် လျှို့ဝှက်ဝန်ဆောင်မှုအေးဂျင့်တွေက ဖလော်ရီဒါရှိ သမ္မတဒေါ်နယ်ထရမ့်ရဲ့ မာ-အာ-လာဂို အပန်းဖြေစခန်းအတွင်းကို သေနတ်ကိုင်ဆောင်ပြီး ဝင်ရောက်လာတဲ့ အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ SBS News မှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၂၂ရက် မနက် ၁နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း အရာရှိတွေက ပြောကြားခဲ့ပါတယ်။

အဆိုပါ ဖြစ်ရပ်ဖြစ်ပွားချိန်မှာ ထရမ့်ဟာ ဝါရှင်တန်ဒီစီမှာ ရှိနေခဲ့ပါတယ်။

သံသယရှိသူဟာ အသက် ၂၀ ဝန်းကျင်ရှိ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်က အော်စတင် တီ မာတင်ဆိုသူ အမျိုးသားဖြစ်ပြီး မာ-အာ-လာဂိုအိမ်ယာရဲ့ မြောက်ဘက်တံခါးမှာ သေနတ်တစ်လက်နဲ့ လောင်စာဆီဘူးတစ်ဘူးကို ကိုင်ဆောင်ထားတယ်လို့ တွေ့ရှိခဲ့ကြောင်း အေးဂျင့်တွေက ပြောကြားခဲ့ပါတယ်။

အေးဂျင့်တွေက အဆိုပါ သေနတ်သမားကို ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး လက်နက်ချဖို့ ပြောခဲ့ပေမဲ့ သူက သေနတ်ကို ပစ်ခတ်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ သူ့ကို ပြောခဲ့တဲ့ တစ်ခုတည်းသော စကားက လက်နက်ချဖို့ပါပဲ လို့ Palm Beach ကောင်တီ ရှဲရစ်ဖ် Ric Bradshaw က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

"အဲဒီအချိန်မှာ သူက ဓာတ်ဆီဘူးကို ချပြီး ရိုင်ဖယ်သေနတ်ကို ပစ်ခတ်ဖို့ မြှောက်လိုက်တယ်" လို့ Bradshaw က ပြောကြားခဲ့ပါတယ်။

အဲ့ဒီနောက် လက်ထောက်တစ်ဦးနဲ့ လျှို့ဝှက်ဝန်ဆောင်မှုအေးဂျင့် ၂ဦးက သူ့ကို ပစ်သတ်ခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်အတွင်း သေနတ်သမား သေဆုံးသွားခဲ့ပြီး အမေရိကန်အရာရှိတွေကဘက်ကတော့ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ဆိုပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavittက လျှို့ဝှက်ဝန်ဆောင်မှု ပါဝင်တဲ့ ပြည်တွင်းလုံခြုံရေးဌာန (DHS)အစီအစဉ်ကို ရပ်ဆိုင်းခဲ့တဲ့ ဒီမိုကရက်တွေကို အပြစ်တင်ခဲ့ပါတယ်။

"ဒီမိုကရက်တွေက သူတို့ ရဲ့ဌာနကို ပိတ်ဖို့ ရွေးချယ်လိုက်တာဟာ ရှက်စရာကောင်းပြီး ပေါ့ဆမှုပါပဲ"လို့ သူမက X မှာ ရေးသားခဲ့ပါတယ်။

Reference - SBS News

#bbmnews #bbm #bbmtv #trump
https://www.facebook.com/share/p/18JPwXn6tN/
👍3
ဖလမ်းမြို့နယ်က စစ်ကောင်စီ စခန်းကို CC ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး ၂ ဦးသေဆုံး၊ တစ်ဦးအရှင်ဖမ်းမိ

BBM-ဖေဖော်ဝါရီ ၂၂
သတင်း-ကိုအိုက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းကို ချင်းပြည်အစိုးရ (CC) ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးသတင်းမြစ်က BBM ကို ပြောပါတယ်။

ဖလမ်းမြို့နယ်၊ ခွန်လီကျေးရွာနဲ့ ဆုန်ဟရမ်းကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ချင်းပြည်အစိုးရ (CC) ပူးပေါင်းတပ်တွေက မနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက်မှာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

"မနေ့က ခွန်လီနဲ့ ဆုန်ဟရမ်း ရွာမှာ ခြေကုတ် နေရာယူတပ်စွဲထားတဲ့ စခန်းကုန်းတွေကို တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်တာပါ။ တိုက်ပွဲ တစ်နေကုန်နီးပါးဖြစ်ပါတယ်။"လို့ CC စစ်ရေးသတင်းအရင်းမြစ်က BBM ကို ပြောပါတယ်။

အဲဒီ တိုက်ပွဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့သလို တစ်ဦးအရှင်ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

"တိုက်ပွဲအပြီးမှာ စစ်ကောင်စီ အလောင်းနှစ်လောင်း ရတယ်။ တစ်ယောက်ကို အရှင်ဖမ်းမိတယ်။ လက်နက်ခဲယမ်းမျိုးစုံကိုလည်း သိမ်းဆည်းရမိတာရှိတယ်။ တိုက်ပွဲက ပြင်းထန်နေဆဲ ဖြစ်ပါတယ်။"လို့ CC စစ်ရေးသတင်းအရင်းမြစ်က BBM ကို ပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့၊ နေ့လယ်အချိန်အထိ ခွန်လီနဲ့ ဆုန်ဟရမ်းရွာမှာ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲလို့ သိရပါတယ်။

စစ်ကောင်စီဟာ ဖလမ်းမြို့ ပြန်လည်သိမ်းပိုက်ဖို့ ကလေးမြို့က ထိုးစစ်ဆင်တဲ့ စစ်ကြောင်းဟာ ဖလမ်းမြို့နယ်၊ ခွန့လီရွာနဲ့ ဆုန်ဟရမ်းရွာမှာ ခြေကုတ်နေရာယူ တပ်စွဲထားတာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် ချင်းအမျိုးသားနေ့ကည်း ဖလမ်းနဲ့ ဟားခါးကြားရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ ဗုံးသီး အလုံးရေ ၅၀ ကျော်နဲ့ တပြိုင်နက် ဗုံးကြဲချ တိုက်ခိုက်ခဲ့ပြီး လူနဲ့ နေအိမ်အများပြား ထိခိုက်ပျက်စီးသွားပါတယ်။

Photo - ပေးပို့

#bbmnews #bbm #bbmtv #Falam #Chin
https://www.facebook.com/share/p/18JH3KQ1e5/
👍4
ဟုမ္မလင်းမြို့နယ်ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ပြီး ဒေသခံ ၇ ဦး သေဆုံး

BBM - ဖေဖော်ဝါရီ ၂၃
သတင်း - ကိုအိုက်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ပဲနုပ်ဆွပ်ကျေးရွာရှိ ရွှေမှော်စျေးတန်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၇ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက BBM ကို ပြောပါတယ်။

မနေ့က ဖေဖော်ဝါရီလ ၂၂ ရက်၊ ညနေ ၅ နာရီဝန်းကျင်မှာ ဟုမ္မလင်းမြို့နယ်၊ ပဲနုပ်ဆွပ်ရွှေမှော်ရှိ လူစည်ကားရာ ဈေးတန်းအတွင်းသို့ စစ်ကောင်စီတပ်က ဂျိုင်ရိုကော်ပတာ (Gyrocopter) တစ်စီးနဲ့ ဗုံးသီး ၄ လုံး လာရောက်ကြဲချခဲ့တာပါ။

"ဗုံးကြဲခံရတဲ့နေရာက စျေးသည်တွေနဲ့ ရွှေလုပ်သားတွေ ရှိတာပါ၊ စစ်ရေးပစ်မှတ်မဟုတ်ဘဲ သာမာန်အရပ်သားတွေရှိတဲ့ နေရာကို စစ်ကောင်စီက ဗုံးသီးလေးလုံးနဲ့ လေကြောင်း တိုက်ခိုက်သွားတာပါ"လို့ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

အဲဒီလေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ အရပ်သား ၇ ဦး နေရာတင် သေဆုံးခဲ့ပြီး အရပ်သားအများအပြား ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဈေးအတွင်း ရပ်နားထားတဲ့ အရပ်သားတွေရဲ့ မော်တော်ကားတွေနဲ့ ဆိုင်ကယ်အချို့လည်း ပေါက်ကွဲမှုဒဏ်ကြောင့် ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

"ဗုံးပေါက်ကွဲမှုကြောင့် ကားတွေ၊ ဆိုင်ကယ်တွေ ရစရာမရှိအောင် ပျက်စီးသွားတယ်၊ စျေးဆိုင်နဲ့ စျေးဆိုင်ထဲက ပစ္စည်းတွေလည်း အတော်လေး ပျက်စီးသွားပါတယ်" လို့ နောက်ထပ် ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ပဲနုတ်ဆွပ်ရွှေမှော် အနီးပတ်ဝန်းကျင်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အရပ်သားပြည်သူတွေကို စစ်ရေးပစ်မှတ်သဖွယ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေ ဆိုကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လေကြောင်း တိုက်ခိုက်မှု အပါအဝင် စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သား (၇,၈၀၇) ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဖေဖော်ဝါရီလ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - လူမှုကွန်ရက်

#bbmnews #bbm #bbmtv #homalin #sagaing
https://www.facebook.com/share/p/1BusBTDk5p/
👍3🤬2
ထိုင်းကုန်ပစ္စည်းဖမ်းဆီးမှု စစ်ကောင်စီအရှိန်မြှင့်လာပြီး ပြည်တွင်းမှာ ပစ္စည်းပြတ်လပ်လာ

BBM - ဖေဖော်ဝါရီ ၂၃
သတင်း - ကိုဟန်

ထိုင်း-မြန်မာနယ်စပ်တလျှောက် ထိုင်းကုန်ပစ္စည်းဖမ်းဆီးမှုတွေ စစ်ကောင်စီက အရှိန်မြှင့်လုပ်ဆောင်နေတာကြောင့် ပြည်တွင်းမှာ ပစ္စည်းတွေ ပြတ်လပ်မှုရှိလာပြီဖြစ်တယ်လို့ ကုန်သည်တွေနဲ့ ဒေသခံတွေထံက‌နေ သိရပါတယ်။

စစ်ကောင်စီဟာ တရားမဝင်ကုန်ပစ္စည်းတွေကို ဖမ်းဆီးမယ်လို့ အကြောင်းပြချက်ပေးပြီး နယ်စပ်အဝင်အထွက် လမ်းကြောင်းအားလုံးကို ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းကတည်းက တင်းကြပ်ထားပါတယ်။

နယ်စပ်လမ်းပိုင်းအများစုကို စစ်တပ်၊ ရဲ၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေက ဂိတ်ချစစ်ဆေးနေပြီး အချို့နေရာတွေမှာ စစ်တပ်လက်အောက်ခံ လက်နက်ကိုင်အဖွဲ့အချို့က ဂိတ်ချစစ်ဆေးနေတာပါ။

“မြဝတီမှာတောင် ဂိုထောင်ထဲ လိုက်စစ်နေတာ၊ ဒီလမ်းကြောင်းဂိတ်မပြောနဲ့ဦး၊ အရင်ကဆို အခြေအနေမကောင်းရင် ဘားအံတို့မှာ ပစ္စည်းခဏချသိမ်းထားတယ်၊ ပြီးမှ ထပ်ပို့ပေါ့၊ အခုက မရဘူး၊ ဆင်းလာတဲ့ပစ္စည်း သူတို့မှာ စာရင်းအတိအကျရှိနေတယ်၊ ဘယ်ကို သွားလဲကအစ နောက်လိုက်ပြီး ဖမ်းနေတာ၊ အခုဟာက အချို့ကုန်ဆို နယ်စပ်ကနေ တင်သွင်းခွင့် မပေးတဲ့ပုံစံရှိနေတယ်၊ အကုန်ဖမ်းနေတဲ့သဘောပဲ” လို့ မြဝတီမြို့မှ ကုန်သည်တဦးက BBM ကို ပြောပါတယ်။

စစ်ကောင်စီဟာ အကောက်ခွန်မဲ့ပစ္စည်းတွေကို သိမ်းဆည်းတဲ့အခါမှာ ကုန်ပစ္စည်းတွေသာမက ကုန်ပစ္စည်းတင်ဆောင်လာတဲ့ ကားတွေကိုပါ သိမ်းဆည်းနေတယ်လို့ ဆိုပါတယ်။

ကရင်နဲ့ မွန်ပြည်နယ် နယ်နမိတ်ထိစပ်နေတဲ့ ထိုင်း-မြန်မာနယ်စပ်လမ်းပိုင်းတွေမှာ စစ်တပ်နဲ့ သူတို့လက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေအပြင် တော်လှန်ရေးအဖွဲ့အစည်းအချို့ကလည်း ထိန်းချုပ်ထားပါတယ်။

ဒါ့အပြင် နယ်စပ်ထွက်ပေါက်တွေကို စစ်ဆေးမှု တင်းကျပ်ထားတဲ့ အစောပိုင်းကာလတွေမှာ မှောင်ခိုလမ်းကြောင်းမှ တင်သွင်းမှုရှိနေပေမဲ့ အခုနှစ်အစောပိုင်းမှစတင်ကာ ကုန်ကျစရိတ်ကြီးမားမှုတွေကြောင့် ကုန်ပစ္စည်းတင်သွင်းဖို့ ခက်ခဲလာကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တွေထဲမှာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်လမ်းပိုင်းအချို့ကို စစ်တပ်က ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး အဲဒီနေရာတွေမှာ ဂိတ်ချစစ်ဆေးမှုတွေ ပိုများလာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

“တရားဝင်လမ်းကြောင်းကတော့ သိတဲ့အတိုင်းပဲ မလွယ်ကူတော့ဘူး၊ မှောင်ခိုလမ်းကြောင်းကို အားကိုးတာပေါ့၊ အခု မှောင်ခိုလမ်းကြောင်းက စရိတ်အရမ်းများလာတယ်၊ ပြန်ရမဲ့ အကျိုးအမြတ်က နည်းသထက်နည်းလာတော့ တော်တော်များများ ရပ်နားထားကြတယ်” လို့ ဘုရားသုံးဆူမြို့မှ ကုန်သည်တဦးက ပြောပါတယ်။

ထိုင်းနိုင်ငံကနေ အခြေခံစားသောက်ကုန်ပစ္စည်း၊ အရက်/ဘီယာ၊ အလှကုန်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ အချိုရည်အမျိုးမျိုး၊ အထည်အလိပ် အစရှိတဲ့ပစ္စည်းတွေကို မြဝတီနယ်စပ်နဲ့ ဘုရားသုံးဆူ နယ်စပ်လမ်းကြောင်းကနေ အဓိကတင်သွင်းနေတာ ဖြစ်ပါတယ်။

အခုလိုမျိုး ဖမ်းဆီးမှုတွေကြောင့် ပြည်တွင်းဈေးကွက်မှာ ထိုင်းကုန်ပစ္စည်းတွေ ပြတ်လပ်လာနေပြီး အချို့ဆို ဈေးကြီးပေးကာ အဆမတန်ပေးဝယ်နေရတယ်လို့ မော်လမြိုင်မြို့ မောင်ငံရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသား တဦးက ပြောပါတယ်။

“ပစ္စည်းပြတ်တာတော့ အမှန်ပါပဲ၊ အချို့ပစ္စည်းတွေက ရှိနေသေးတယ်၊ ဘယ်လိလမ်းကြောင်းနဲ့ ရောက်လာတော့ မသိဘူး၊ လက်ကျန်လား မသိဘူးပေါ့နော်၊ အလှကုန်ပစ္စည်းဆို ဈေးတော်တော်ကြီးသွားတယ်၊ အရင်က ၂၀၀၀ တန်ဆို အခု ၃၀၀၀ လောက်ပေးနေရတယ်” လို့ ပြောပါတယ်။

အခုလို အကောက်ခွန်မဲ့ ထိုင်းကုန်ပစ္စည်းတွေ ဖမ်းဆီးဖို့ တင်းကျပ်ထားတဲ့ကာလမှာ စစ်ကောင်စီက ရေကြောင်းကနေတဆင့် တင်သွင်းဖို့ အသိပေးထားပေမဲ့ ကုန်ကျစရိတ်နဲ့ သတ်မှတ်အရေအတွက်ကြောင့် ကုန်သည်တွေက အခက်တွေ့နေကြပါတယ်။

တဖက်မှာလည်း စစ်တပ်က ဖမ်းဆီးရမိထားတဲ့ အကောက်ခွန်မဲ့ပစ္စည်းတွေကို သူတို့နဲ့ နီးစပ်တဲ့ ကုန်သည်အချို့နဲ့ ပူးပေါင်းကာ ပြန်လည်ရောင်းချနေတယ်လို့ ပစ္စည်းသိမ်းဆည်းခံထားရတဲ့ ကုန်သည်အချို့က ပြောဆိုထားပါတယ်။

ဓါတ်ပုံ - Social Media
ပုံစာ - ထိုင်း-မြန်မာနယ်စပ်လမ်းကြောင်းမှာ ကုန်သည်တင်ယာဉ်တွေကို စစ်ဆေးစဉ်။

#bbmnews #bbm #bbmtv #Thai #myanmar
https://www.facebook.com/share/p/1NX4sHBRr1/
👍3🤬1
ဒီးမော့ဆိုအနောက်ခြမ်းမှာ လက်နက်ကြီးကျည် ပေါက်ကွဲပြီး အမျိုးသားနှစ်ဦး သေဆုံး

BBM - ဖေဖော်ဝါရီ ၂၃
သတင်း- ခွန်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တစ်လုံးကို ကိုင်တွယ်နေစဉ် မတော်တဆ ပေါက်ကွဲသွားတာကြောင့် အမျိုးသား နှစ်ဦး အသက်ဆုံးရှုံးခဲ့ပြီး နောက်တစ်ဦးကတော့ ဒဏ်ရာရသွားခဲ့တယ်လို ဒေသခံတွေထံမှ သိရပါတယ်။

ဒီဖြစ်စဉ်က ဖေဖော်ဝါရီလ ၂၂ ရက်၊ မနက် ၈ နာရီ ၃၀ မိနစ်လောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသားသုံးဦးက မပေါက်ကွဲသေးတဲ့ ၆၀ မမ လက်နက်ကြီး ဗုံးသီးတစ်လုံးကို စနက်တံဖြုတ်ဖို့ ကြိုးစားနေချိန်မှာပဲ ပေါက်ကွဲသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“မနက်ပိုင်းမှာ အသံအကျယ်ကြီးကြားလိုက်ရတယ်၊ ခဏအတွင်းမှာပဲ တစ်ယောက်က နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် ကျန်နှစ်ဦးကို အရေးပေါ် ဆေးရုံပို့ခဲ့ရပေမယ့် နေ့လည်ပိုင်းလောက်မှာ နောက်တစ်ဦးက ဒဏ်ရာမခံနိုင်တော့ဘဲ ထပ်မံ အသက်ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။

ကျန်တစ်ဦးကတော့ ခြေထောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လက်ရှိမှာ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။

“စစ်ဘေးကြောင့် ကျန်နေတဲ့ ဗုံးသီးတွေကို မသိဘဲ ကိုင်တွယ်မိရင် အခုလို အသက်ဆုံးရှုံးမှုတွေ ဖြစ်နိုင်ပါတယ်၊ ဒေသခံတွေ အထူးသတိထားဖို့ လိုပါတယ်” လို့ အရေးပေါ်ကယ်ဆယ်ရေးနဲ့ နီးစပ်သူတစ်ဦးက ပြောကြားပါတယ်။

လက်ရှိ စစ်ဘေးဒဏ်သင့် ဒေသတွေမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေ၊ မြေမြှုပ်မိုင်းတွေ ကျန်နေသေးတဲ့အတွက် ကိုင်တွယ်ခြင်း၊ ဖြုတ်ကြည့်ခြင်း၊ ကောက်ယူခြင်းတွေ မလုပ်ကြဖို့ ဒေသခံအဖွဲ့အစည်းတွေက ဆက်တိုက်သတိပေးနေကြပါတယ်။

#bbmnews #bbm #bbmnews #Karenn #Demoso
https://www.facebook.com/share/p/1DQQoMe5kc/
👎3🤬1
ပုလဲမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းထိုးနေပြီး ဒေသခံတွေကို ပူးပေါင်းပါဝင်ဖို့ စည်းရုံးနေ

🟥နဂါးနဲ့အတူ လက်နက်ချထားတဲ့ BNRA အဖွဲ့ဝင်တချို့ တပ်ဖွဲ့ဝင်ဟောင်းတွေကို ဆက်သွယ်စည်းရုံးနေ

BBM - ဖေဖော်ဝါရီ ၂၃
သတင်း - နိုင်နိုင်

နဂါး စစ်အုပ်စုနဲ့ ပူးပေါင်းပြီးနောက် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းကို စစ်ကောင်စီတပ်တွေက အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက်နေပြီး လူသူရှိတဲ့ကျေးရွာတွေက ဒေသခံတွေကိုပါ ပူးပေါင်းပါဝင်ဖို့ လိုက်လံစည်းရုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်တွေဆီက သိရပါတယ်။

ပုလဲမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က အင်အား တစ်ရာကျော်ပါ စစ်ကြောင်း ၂ ကြောင်းနဲ့ စစ်ကြောင်းထိုးမှုတွေပြုလုပ်နေတာဖြစ်ပြီး ကျွန်းဘိုကုန်း၊ ကံပေါက်၊ ကံကြီးဘက်တွေကို စစ်ကြောင်းတစ်ကြောင်းနဲ့ ဆင်ရှင်၊ ကြောင်သန်း၊ သေတ္တရာဘက်တွေကို စစ်ကြောင်းတစ်ကြောင်းစီခွဲကာ စစ်ကြောင်းထိုးနေတာလည်း ဖြစ်ပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေဟာ အရင်လို ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့တာ၊ ဝင်ရောက်ဖျက်ဆီးတာတွေကို လက်ရှိအချိန်ထိ ပြုလုပ်မှုတွေမရှိသေးဘဲ ဒေသခံတွေကိုပါ ပူးပေါင်းပါဝင်ဖို့ စည်းရုံးမှုတွေ ရှိနေတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

"စစ်ကောင်စီတပ်က ပုလဲမြို့နယ်ကို အင်အားတစ်ရာကျော်ပါ စစ်ကြောင်း ၂ ကြောင်းထိုးနေတာရှိပါတယ်၊ ဒေသခံတွေမှာတော့ စစ်ကောင်စီစစ်ကြောင်း ဝင်လာရင် ကြောက်လန့်နေကြတာရှိပါတယ်၊ လက်ရှိအချိန်ထိတော့ ပစ်ခတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာမျိုးတွေ မရှိသေးပါဘူး၊ ဒါပေမဲ့လည်း စကစတပ်ကတော့ ကျေးရွာတွေက ဒေသခံတွေကို လိုက်လံစည်းရုံးနေတာရှိပါတယ်" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်တစ်ဦးက BBM ကို ပြောပါတယ်။

လက်ရှိ ပုလဲမြို့နယ်အတွင်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေမှာလည်း ထိတွေ့တိုက်ပွဲတွေဖြစ်ပွားတာ တစုံတရာမရှိသေးဘူးလို့လည်း သိရပါတယ်။

အခုနှစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်၊ မနက်ပိုင်းက အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဟာ BNRA စခန်းတွေကို ဝင်ရောက်ကာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်က တပ်ဖွဲ့ဝင်အင်အား ၁၅၀ ခန့် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဆီမှာ လက်နက်ချ ပူးပေါင်းခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာတော့ နဂါးဟာ သူရဲ့မိသားစုဝင်တွေနဲ့အတူ စစ်အုပ်စုထံလက်နက်ချ ပူးပေါင်းခဲ့ပြီး ၂ ရက်အကြာပဲ (BNRA) ဒုဥက္ကဋ္ဌ ကိုဖြိုးနဲ့ စစ်ရေးတာဝန်ခံ ကိုလတ် အပါအဝင်တပ်ဖွဲ့ဝင် ငါးဦးဟာ စစ်အုပ်စုထံ ထပ်မံလက်နက်ချ အလင်းဝင် ပူးပေါင်းလာတယ်လို့ စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေက ဆိုထားပါတယ်။

ဒါကြောင့် နဂါးနဲ့အတူ လက်နက်ချထားတဲ့ BNRA တပ်ဖွဲ့ဝင်တစ်ချို့ဟာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိန်းသိမ်းထားတဲ့ တပ်ဖွဲ့ဝင်ဟောင်းတွေကို ဖုန်းနဲ့အဆက်အသွယ်ပြုလုပ်နေကာ စာပို့စည်းရုံးနေတယ်လို့လည်း တော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။

"အလင်းဝင်လာတဲ့ သူတစ်ချို့ကိုတော့ ဖုန်းပေးသုံးပေးတာရှိပါတယ်၊ အဲတာကြောင့်ပဲ စာပို့စည်းရုံးလာတာကို သိရတာပါ၊ လက်ရှိ စစ်အုပ်စုဆီ ပူးပေါင်းသွားတဲ့သူတွေကပဲ တပ်ဖွဲ့ဝင်ဟောင်းတွေဆီ စာတွေပို့ပြီးတော့ စစ်အုပ်စုထံ ပူးပေါင်းလာကြဖို့ စည်းရုံးစာတွေ ပို့နေတာပါဗျ၊ ဘယ်သူတွေက လာပို့တာလည်းဆိုတာကိုတော့ စုံစမ်းနေပါတယ်" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက BBM ကို ဆက်ပြောပါတယ်။

NUG အစိုးရလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ BNRA တပ်ဖွဲ့ဝင် ၉၀ ရာခိုင်နှုန်းကို ဖမ်းဆီးထိန်းသိမ်းထားနိုင်တာရှိပြီး ပုလဲမြို့နယ်အတွင်း လွတ်မြောက်နေသေးတဲ့ BNRA တပ်ဖွဲ့ဝင်တွေကိုလည်း လိုက်လံဖမ်းဆီးမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

Photo - ပုံဟောင်း
https://www.facebook.com/share/p/1B4wyf7cFt/
👎3👍1