ဂရင်းလန်းကို ရွေ့လျားဆေးရုံလှေတစ်စင်း(Hospital Boat) စေလွှတ်မယ်လို့ ထရမ့်ပြော
BBM - ဖေဖော်ဝါရီ ၂၂
သတင်း - Richard
သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်း၊ အာတိတ်ကျွန်းနဲ့ သူရယူလိုသော ဒိန်းမတ်နယ်မြေသို့ ဆေးရုံလှေတစ်စင်း စေလွှတ်မယ်လို့ ဖေဖော်ဝါရီလ ၂၁ရက်နေ့က ပြောကြားခဲ့ပါတယ်။
“လူဝီစီယားနားပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး ဂျက်ဖ် လန်ဒရီနဲ့ ပူးပေါင်းပြီး ဂရင်းလန်းကို ဆေးရုံလှေကြီးတစ်စင်း စေလွှတ်မှာဖြစ်ပြီး အဲ့ဒီနေရာမှာ ကုသမှုမခံယူရသေးတဲ့ လူများစွာကို ပြုစုစောင့်ရှောက်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
“မကြာမီ လာမည်” လို့ သမ္မတက ရေတပ်ဆေးရုံသင်္ဘော USNS Mercy ရဲ့ပုံနဲ့အတူ လူမှုမီဒီယာမှာ တင်ခဲ့ပါသေးတယ်။
ထရမ့်အခုလို လုပ်ဆောင်တဲ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အရင်ကတည်းက ဂရင်းလန်းနဲ့ ဒိန်းမတ်နိုင်ငံတို့မှာ အခမဲ့၊ အမျိုးသားပိုင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ ရှိပြီးသားပါ။
CNNက အိမ်ဖြူတော်၊ ဝါရှင်တန်ရှိ ဒိန်းမတ်သံရုံး၊ Landry ရဲ့ရုံး၊ ဒိန်းမတ်အစိုးရနဲ့ Greenland ပါလီမန်တို့ဆီကို အသေးစိတ်အချက်အလက်တွေရရှိဖို့ ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။
ပင်တဂွန်က အဆိုပါမေးခွန်းတွေကို အမေရိကန်မြောက်ပိုင်းကွပ်ကဲမှုဌာနချုပ်ဆီကို လွှဲပြောင်းပေးခဲ့ပြီး အမေရိကန်ရေတပ်ကို မေးခွန်းတွေကို လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
ရေတပ်က မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်းမတုံ့ပြန်ခဲ့ပါဘူး။
ဒီဇင်ဘာလတုန်းက ထရမ့်ဟာ ဂရင်းလန်း ဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခဲ့တဲ့ Landry က “အခုလို အရေးကြီးတဲ့ကိစ္စ”မှာ ထရမ့်နဲ့အတူ “အလုပ်လုပ်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်” လို့ လူမှုမီဒီယာမှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်ရေတပ်မှာ ရွေ့လျားဆေးရုံသင်္ဘော USNS Mercy နဲ့ USNS Comfort တို့ရှိပြီး အဆိုပါပါ ရွေ့လျားဆေးရုံသင်္ဘောတွေဟာ တပ်ဖြန့်ချထားစဉ်အတွင်း တပ်ဖွဲ့ဝင်တွေကို ပံ့ပိုးပေးဖို့အပြင် အမေရိကန်ဘေးအန္တရာယ်ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေအတွက် ဝန်ဆောင်မှုပေးဖို့ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်တုန်းက Covid-19 ကပ်ရောဂါ အပြင်းထန်ဆုံးဖြစ်ပွားနေချိန်မှာ ရေတပ်က အမေရိကန်ပြည်ထောင်စုရဲ့ ဗိုင်းရပ်စ်ကူးစက်မှုဗဟိုချက်ဖြစ်တဲ့ နယူးယောက်မြို့မှာ USNS Comfort ရွေ့လျားဆေးရုံသင်္ဘော ကိုထားရှိပေးခဲ့ပါတယ်။
စစ်ရေးအရ မဟာဗျူဟာကျတဲ့ နေရာမှာတည်ရှိနေတဲ့ ဂရင်းလန်းဟာ ကမ္ဘာပေါ်မှာ လူဦးရေသိပ်သည်းမှုအနည်းဆုံးနိုင်ငံဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးကွန်ရက် အကန့်အသတ်ရှိသောကြောင့် လူဦးရေ ၅၆,၀၀၀ဟ လှေ၊ ရဟတ်ယာဉ်၊ လေယာဉ်တို့နဲ့ ခရီးသွားလာကြရပါတယ်။
ဂရင်းလန်းကျွန်းရဲ့ အနောက်ဘက်ကမ်းရိုးတန်းမှာ Pituffikလို့ ခေါ်တဲ့ အမေရိကန် အာကာသ စစ်အခြေစိုက်စခန်းတစ်ခုရှိပါတယ်။
ထရမ့်ရဲ့ အခုလို ပြောကြားတဲ့အပေါ် ဥရောပမဟာမိတ်တွေက တုန်လှုပ်စေခဲ့ပြီး အဆိုပါ Hospital Boat ပေးပို့တာဟာ အမေရိကန်က ဂရင်းလန်းကို လုံးဝထိန်းချုပ်ဖို့ လိုလားကြောင်း အခိုင်အမာပြောဆိုခဲ့ပြီးနောက် တစ်လအကြာမှာ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
ဇန်နဝါရီလကုန်ပိုင်းမှာ ထရမ့်က နေတိုးအကြီးအကဲနဲ့ ဂရင်းလန်းဆိုင်ရာ “အနာဂတ်သဘောတူညီချက် မူဘောင်” ကို ကြေညာခဲ့ပေမဲ့ အာတိတ်ကျွန်းအပေါ် သူရဲ့ ဆက်လက်စိတ်ဝင်စားမှုဟာ မလျော့သွားခဲ့ပါဘူး။
Reference - CNN World
Photo - CNN World
https://www.facebook.com/share/p/17y5sVw39Q/

Facebook
Log in or sign up to view
See posts, photos and more on Facebook.
👍4
မန္တလေးတိုင်းထဲက NUG မြေအောက်ဆေးရုံကို စစ်တပ်က မိုင်းခွဲဖျက်ဆီး
BBM - ဖေဖော်ဝါရီ ၂၂
သတင်း - Florist
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆောက်လုပ်ထားတဲ့ မြေအောက်ဆေးရုံကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ကနေ သိရပါတယ်။
နွားထိုးကြီးမြို့နယ်ထဲရှိ NUG အစိုးရ ဆောက်လုပ်ထားတဲ့မြေအောက်ဆေးရုံကို ဖေဖော်ဝါရီလ ၁၈ ရက်မှာ စစ်ကောင်စီတပ်သားတွေက ဆေးရုံအတွင်းပိုင်းထိဝင်ရောက်ကာ မိုင်းခွဲဖျက်ဆီးခဲ့ပြီး စစ်တပ်လော်ဘီတယ်လီဂရန် ချန်နယ်တွေကနေလည်း ဆေးရုံဖျက်ဆီးခံခဲ့ရတဲ့ရုပ်သံကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ရက်စွဲနဲ့ ဖော်ပြခဲ့တာတွေ့ရပါတယ်။
စစ်ကောင်စီတပ်က ဆေးရုံကို ဖျက်ဆီးမှုမလုပ်ခင် ၁၀ ရက်လောက်အလို ဖေဖော်ဝါရီလ ဒုတိယအပတ်ကတည်းက ဆေးရုံဝန်ထမ်းတွေနဲ့လူနာတွေကို ပြောင်းရွေ့ထားခဲ့တာကြောင့် လူထိခိုက်မိတာမျိုးတော့ မရှိခဲ့ဘူးလို့ ပြောပါတယ်။
"စစ်တပ်က ၂၀၂၅ နှစ်နှောင်းပိုင်းကလည်းလေကြောင်းနဲ့လာကြဲတယ်၊ အဲဒီကတည်းကဆေးရုံတည်နေရာကို ခန့်မှန်းနိုင်နေပြီ အဲ့နောက်တော့အင်အားရာနဲ့ချီစစ်ကြောင်းဖြန့်ရှာတာ တွေလုပ်လာတယ်၊ ဒီမြေအောက်ဆေးရုံရဲ့ တည်နေရာကို ထောက်လှမ်းရေးဒရုန်းတွေကနေတဆင့်တွေ့သွားတာဖြစ်နိုင်ပါတယ်" လို့လည်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ခုတင် ၁၀၀ ဆန့်မြေအောက်ဆေးရုံကို NUG အစိုးရက ငွေကျပ် သိန်း ၁၂၀၀ ကျော်အကုန်အကျခံဆောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၂၄ နှစ်ကုန်ပိုင်းကစတင်ကာ ကုသရေးလုပ်ငန်းတွေလည်ပတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီတပ်က နွားထိုးကြီးမြောက်ဘက်ခြမ်းက ပြင်စည်-နွားထိုးကြီး-မြင်းခြံလမ်းပိုင်းမှာရှိတဲ့ ရွာတွေကိုအင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီး ရွာတွေကိုမီးရှို့တာတွေလုပ်နေတာကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေ ဘေးလွတ်ရာတွေမှာ ရှောင်တိမ်းနေရတယ်လို့ မြေပြင်အခြေအနေကို သိရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ ညသန်းခေါင်အချိန်ကလည်း မန္တလေးတိုင်း၊ တောင်သာမြို့နယ်ထဲက ရွာတရွာကို စစ်ကောင်စီတပ်က တိုက်လေယာဥ်တစီးနဲ့ ဗုံးသီးကြဲချသွားခဲ့တာကြောင့် ဘုရားစေတီအပေါ် ကျရောက်ပေါက်ကွဲပျက်စီးခဲ့တယ်လို့ သိရပါတယ်။
#bbm #bbmnews #Mandalay #hospital #MilitaryCouncil
https://www.facebook.com/share/p/1Afh78Vtc4/

🤬5👍1👎1
မီဇိုရမ်နယ်စပ်မှာ နှစ်ရက်အတွင်း ရူပီးသန်း ၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနှစ်ဦး ဖမ်းဆီးခံရ
BBM - ဖေဖော်ဝါရီ ၂၂
သတင်း - ကိုအိုက်
အိန္ဒိယ-မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်၊ ဇိုခေါထာရ် နယ်စပ်စစ်ဆေးရေးဂိတ်မှာ နှစ်ရက်အတွင်း အိန္ဒိယရူပီး ၃၁၀ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဇိုခေါထာရ်စစ်ဆေးရေးဂိတ်မှာ မြန်မာနိုင်ငံသားတစ်ဦး မောင်းနှင်လာတဲ့ ဗင်ကားတစ်စီးကို မသင်္ကာသဖြင့် ဇိုခေါထာရ် ရဲတပ်ဖွဲ့ဝင်နဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့တွေက တားဆီးစစ်ဆေးခဲ့ပါတယ်။
အဲဒီ ကားရဲ့ အရှေ့ခြမ်းမှာ အကွက်ချဝှက်သယ်လာတဲ့ ဘိန်းဖြူ (၁၂) ထုပ် နဲ့ စိတ်ကြွဆေးပြား ၁၀.၂၅၉ ကီလိုဂရမ်၊ ရူပီး ၃၁၀ သန်းကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးခံရသူမှာ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်၊ Lamzang ကျေးရွာသား အသက် (၅၂) နှစ်အရွယ် ဦးဇအဲန်းနာ (Zaena) ဖြစ်ပါတယ်။
ဇအဲန်းနာကို အိန္ဒိယနိုင်ငံရဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေ အက်ဥပဒေ ပုဒ်မ ၂၂(ဂ)၊ ၂၁(ခ)၊ ၂၅ နဲ့ ၂၁ တို့ဖြင့် အမှုဖွင့်ထားပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်မှ နှစ် ၂၀ အထိ ကျခံရနိုင်ပါတယ်။
အလားတူ မနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာလည်း ဇိုခေါထာရ်ကျေးရွာမှာ Kenbo ဆိုင်ကယ်နဲ့ မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို အာသံရိုင်ဖယ်တပ်တွေ နဲ့ ရဲတပ်ဖွဲ့တို့က ပူးပေါင်းဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး မက်သမ်ဖက်တမင် ၁၅.၉၁ ကီလိုဂရမ် ရူပီး ၄၇.၇၄ သိန်းခန့်ရှိပြီး ဖမ်းဆီးခံရသူမှာ မြန်မာနိုင်ငံသား Lalramliana ဖြစ်ပါတယ်။
ဖမ်းဆီးရမိမှုတွေဟာ နိုင်ငံတကာပေါက်ဈေးအရ တန်ဖိုးအလွန်မြင့်မားပြီး စီးပွားဖြစ် အလုံးအရင်းဖြင့် သယ်ဆောင်ခြင်းဖြစ်သောကြောင့် သူတို့နောက်ကွယ်မှာ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးဂိုဏ်းကြီးများ ပါဝင်ပတ်သက်မှု ရှိ၊ မရှိကို အာဏာပိုင်တွေက ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိနေပါတယ်။
"ဇိုခေါထာရ်က အိန္ဒိယ-မြန်မာဝင်ပေါက် ဂိတ်ဖြစ်တယ်၊ တနေရာတည်းမှာ နှစ်ရက်ဆက်တိုက် မြန်မာတွေဆီက မူးယစ်ဆေးဝါးတွေ အမြောက်အမြား ဖမ်းရမိတော့ စစ်ဆေးမှု တင်းကျပ်လာတယ်၊ အခုလည်း တောက်လျောက် မူးယစ်ဆေးဝါးတွေကို စစ်ဆေးနေတယ်"လို့ ဇိုခေါထာရ်ရွာမှာ နေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်တစ်ဦးက BBM ကို ပြောပါတယ်။
မီဇိုရမ်ပြည်နယ်မှာ ၂၀၂၀ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ၆ နှစ်အတွင်း မူးယစ်ဆေးဝါးမှုကြောင့် ဖမ်းဆီးခံရသူ လူပေါင်း ၄၈၁၅ ဦးရှိခဲ့တဲ့အနက် ၁၄၀ ဦးမှာ မြန်မာနိုင်ငံသားတွေဖြစ်ကြပြီး ရာခိုင်နှုန်းအားဖြင့် ၂.၉ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။
#bbm #bbmnews #မီဇိုရမ် #အိန္ဒိယ #မြန်မာ
https://www.facebook.com/share/v/1DUSDmbW8n/

ရွာငံတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် ၁၀ ဦးသေဆုံး
BBM - ဖေဖော်ဝါရီ ၂၂
သတင်း - ခွန်း
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် တပ်သား ၁၀ ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ရွာငံမြို့နယ် အရှေ့ဘက် အုတ်တွင်းကျေးရွာအနီး ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အင်အား ၂၀ ကျော်ပါတဲ့ စစ်ကြောင်းတစ်စုနဲ့ တက်လာချိန်မှာ တော်လှန်ရေးတပ်တွေက လမ်းကြားမှာ စောင့်ပြီး ခြုံခိုတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။
“စစ်ကြောင်းက ရုတ်တရက် တက်လာတာကို တွေ့လိုက်ရတော့ လမ်းပေါ်မှာပဲ ထိတွေ့တိုက်ပွဲဖြစ်သွားတယ်၊ မိနစ် ၃၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီဘက် ၁၀ ဦး သေသွားတယ်” လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အဲဒီနောက် သေဆုံးသွားသူတွေနဲ့ ဒဏ်ရာရသူတွေကို စစ်တပ်က ရွာသားကားကို ခေါ်ပြီး အောင်ပန်းမြို့ ရှိ ကုတင် ၇၀၀ ပါ စစ်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း ရွာငံ–အောင်ပန်းလမ်းပိုင်း၊ ညောင်ပင်ခွရွာအနီးမှာ ကားနှစ်စီးနဲ့ လှုပ်ရှားလာတဲ့ ပျူစောထီးအဖွဲ့ကို တော်လှန်ရေးတပ်တွေက ထပ်မံခြုံခိုတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
လက်ရှိအခြေအနေအရ စစ်ကောင်စီဘက်က ထိခိုက်ဆုံးရှုံးမှုများနေတာကြောင့် နောက်ထပ် အင်အားအများအပြားနဲ့ ကျေးရွာတွေထဲကို စစ်ကြောင်းထိုးလာနိုင်တယ်လို့ ခန့်မှန်းထားပြီး ဒေသခံပြည်သူတွေကို သွားလာရာမှာ အထူးသတိထားကြဖို့ တော်လှန်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။
#bbm #bbmnews #ရွာငံ #ရှမ်းပြည်နယ်
https://www.facebook.com/share/p/1DFv1mtF9F/

👍3❤1
မုံရွာမှာ ခရီးသည်တင်ယာဉ်တစ်စီးကို စစ်တပ်က တားဆီးစစ်ဆေးတာမရှိဘဲ ပစ်ခတ်မှုကြောင့် ယာဥ်မောင်းတစ်ဦးသေဆုံး
BBM - ဖေဖော်ဝါရီ ၂၂
သတင်း - နိုင်နိုင်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ခရီးသည်တင်ကားတစ်စီးကို စစ်ကောင်စီတပ်က တားဆီးစစ်ဆေးတာမရှိဘဲ ပစ်ခတ်မှုကြောင့် ယာဥ်မောင်းတစ်ဦး သေဆုံးသွားတယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဆီက သိရပါတယ်။
မနေ့က ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ ည ၈ နာရီ ၄၀ မိနစ် အချိန်ခန့်မှာ မုံရွာမြို့၊ သာစည်ဘုရားမုဒ်ပေါက်အနီး လမ်းမှားဝင်ရောက်လာတဲ့ ခရီးသည်တင်ကားတစီးကို သာစည်ထောင်မှ စစ်ကောင်စီတပ်သားတွေက ဝိုင်းဝန်းပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတာဖြစ်တယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုပါတယ်။
"မနေ့ညက သာစည်ထောင်မှ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တာကြောင့် ရွှေပီနောင်းယာဉ်ငယ်ကားအသင်းမှ ယဉ်မောင်း ဆားလင်းကြီးရွာသား အမျိုးသား တစ်ဦးသေဆုံးသွားပါတယ်၊ ယာဉ်ပေါ်မှာ ခရီးသယ် ၄ ယောက်နဲ့ ကားမောင်းသူ အကူ ၆ ယောက်ပါရှိပါတယ်၊ သမုန်းကုန်းလမ်းခွဲကနေ ပေါက်ငယ်တောအတက် မြောက်နဲ့ တောင်မှားကွေ့မိရာမှ သာစည်ထောင်ရှေ့ ရောက်ရှိသွားပြီး ပစ်ခတ်ခံရတာလို့ သိရပါတယ်၊ ကျန်သူတွေ အထိခိုက်မရှိပါဘူးဗျ" လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က BBM ကို ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ခရီးသည်တင်ကားဖြစ်နေချိန်မှာလည်း ကားမှန်တွေကို သေနတ်ဒင်တွေနဲ့ ထုရိုက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မုံရွာမြို့ မြို့ပတ်လမ်း အောင်သစ္စာဆီဆိုင်နဲ့ ကံမရွာကြားရှိ (အက်တောရေကျော်အနီး)မှာ အသက် ၁၈ နှစ် အရွယ် ဆံပင်ဂုတ်ဝဲပုံစံနဲ့ မိန်းကလေးတစ်ဦး ဒဏ်ရာတွေနဲ့ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။
ပုံစာ - မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့။
https://www.facebook.com/share/p/1AkDBGjYoY/

🤬4👍1👎1
ခမရ(၅၉၁)တပ်ရင်းအနီးမှာတင် ကင်းလှည့်လာတဲ့ စကစ တွေတိုက်ခံရပြီး ဗိုလ်လေးတစ်ဦးအပါ လေးဦးသေဆုံး
🟥စကစ လက်နက် (၁)လက်နဲ့ ဆက်စပ်ပစ္စည်းများပါ သိမ်းဆည်းရရှိ
BBM-ဖေဖော်ဝါရီ ၂၂
သတင်း-မင်းသော်
မွန်ပြည်နယ်၊ ရေးမြို့၊ ကျောင်းရွာအခြေစိုက် ခမရ (၅၉၁) တပ်ရင်းရဲ့ မီတာ(၁၀၀)အကွာအဝေးမှာတင် ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ဗိုလ်လေးတစ်ဦး အပါ စကစ လေးဦးသေဆုံးသလို သေနတ် ၁ လက်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ထံမှ သိရပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်(ဒီနေ့ )မနက်(၈)နာရီလောက်က ခမရ (၅၉၁) တပ်ရင်းကနေ ကင်းလှည့်ရန် ထွက်လာတဲ့ စကစ ၇ ဦးကို အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း ၁ ပွင့် ရာထူးရှိ ဗိုလ်လေးဝင်းစိုးနဲ့ တပ်သား ၃ ဦးသေဆုံးပြီး MA-3 သေနတ် ၁ လက်၊ ကျည်
ဘောက် ၃ ဘောက်နဲ့ ကျည်ဆံအတောင့် ၁၀၀ တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုမစတင်ခင်ကတည်းကပင် တော်လှန်ရေးအင်အားစုတွေဘက်က ကြိုတင်
ပြင်ဆင်မှုတွေပြုလုပ်ပြီး နေရာယူပစ်ခတ်နိုင်ခဲ့တာကြောင့် အခုကဲ့သို့ စစ်ကောင်စီဘက်က အထိနာခဲ့ခြင်းဖြစ်တယ်လို့လည်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်မှ BBM ကိုပြောပါတယ်။
"ဒီမနက်ဖြစ်သွားတဲ့ပွဲက သတင်းရရှိမှုကောင်းတာရယ်၊နောက်တစ်ခုက သူတို့ရဲ့ပြင်ဆင်ပုံတွေကို ကျွန်တော်တို့က ပိုင်ပိုင်နိုင်နိုင်လေ့လာထားနိုင်ခဲ့တယ်ပေါ့နော်၊ ဒါကြောင့်မို့လို့ သူတို့ကို အသေအချာ အရင်ဦးဆုံးနေရာယူပြီး စောင့်ဆိုင်းတိုက်ခိုက်နိုင်ခဲ့တယ်"
တိုက်ခိုက်မှုအတွင်း အထိနာသွားတဲ့ စကစ က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Video-ရေးဘီလူး
https://www.facebook.com/share/r/16gkdc38Rp/

👍4❤1
ရှမ်းမြောက်တိုက်ပွဲအတွင်း အသုံးပြုခဲ့တဲ့ အနီးစခန်းလေဆိပ်ကို စကစ အကြီးအကျယ် ပြင် ဆင်တိုးချဲ့
🟥လေဆိပ်တိုးချဲ့ရေးအတွက် အနီးရှိ ပြည်သူပိုင်အိမ်ခြံမြေတွေကို သိမ်းဆည်းရန်အကြောင်းကြား
BBM-ဖေဖော်ဝါရီ၂၂
သတင်း-မင်းသော်
ရှမ်းမြောက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အသုံးပြုခဲ့တဲ့ အနီးစခန်းလေဆိပ်ကို အခုအခါမှာတော့ အကြီးအကျယ်ပြင်ဆင်တာတွေပြုလုပ်နေတဲ့အပြင် အဆိုပါလေဆိပ်တိုးချဲ့ရန်အတွက် အနီးရှိပြည်သူပိုင်အိမ်ခြံမြေတွေကို သိမ်းဆည်းတာတွေကိုလည်း ပြုလုပ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်တွေအတွင်းမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွါးခဲ့တဲ့ ရှမ်းမြောက် က ၁၀၂၇ ပထမလှိုင်း၊ ဒုတိယလှိုင်းတွေသာမက နောက်ပိုင်းတိုက်ပွဲတွေမှာပါ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လေကြောင်းမှ စစ်ကူ၊ရိက္ခာပစ္စည်းပို့ဆောင်မှုတွေ ပြုလုပ်ရာမှာ အဆိုပါ အနီးစခန်းလေဆိပ်ကို စစ်တပ်ဘက်က အတော်လေးသုံးစွဲခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် တရုတ်နိုင်ငံရဲ့ကြားဝင်မှုနဲ့ ရှမ်းမြောက်က တိုက်ပွဲတွေမှာ တစ်ဖန်ပြန်အရေးသာခဲ့ပြီး အဓိကအဖွဲ့တွေနဲ့ အပစ်ရပ်ပြီးတဲ့နောက်မှာတော့ အဆိုပါအနီးစခန်းလေဆိပ်ကို ပြင်ဆင်ဖို့ စတင်ဆောင်ရွက်ခဲ့တာတွေရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အစောပိုင်းကတည်းကပင် စစ်တပ်အမိန့်နဲ့ အနီးစခန်းလေဆိပ်ကိုလေယာဥ်ပြေးလမ်းကအစ တိုးချဲ့နိုင်ရန် လေယာဥ်ကွင်းဘေးရှိ ပြည်သူပိုင်အိမ်ခြံမြေတွေကို ဖယ်ရှားဖို့ အကြောင်းကြားခဲ့တာတွေ ရှိသလို အချို့ တံတိုင်းကာထားတဲ့ ခြံမြေတွေကိုလည်း အုတ်တံတိုင်းဖြိုချတာမျိုးတွေပြုလုပ်နေတယ်လို့ ဒေသခံပြည်သူတစ်ဦးက BBM ကိုပြောပါတယ်။
"လေဆိပ်ချဲ့ဖို့ သိမ်းမယ်လို့ပြောထားတာ မနှစ်
ကတည်းကပဲ၊ သူတို့ကပ်ရက်အကွပ်တွေကိုတော့ မနှစ်ကတည်းက ဘော်ဒိုဇာတွေနဲ့ထိုးသွားပြီလေ၊လေယာဥ်ကွင်းနဲ့ကပ်ရပ်ခြံတွေကို သိမ်းနေပြီပေါ့၊ ဒီကွင်းက ရှမ်းမြောက်မှာတိုက်ပွဲတွေဖြစ်တုန်းကဆို လေယာဥ်တွေ တက်လိုက်ဆင်းလိုက် အများကြီးပဲ၊ ဒါကြောင့် ထပ်ချဲ့တာနေမယ်"
ဒီလိုတိုးချဲ့ဖို့အတွက် အနီးရှိ ပြည်သူပိုင်အိမ်
ခြံမြေတွေကို သိမ်းရန်အကြောင်းကြားရာမှာ လေယာဥ်ကွင်းရဲ့အနီးအဝေးပေါ်မူတည်ပြီး အဆင့်(၁)၊(၂)၊(၃) ဆိုပြီး သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် လက်ရှိ လေယာဥ်ပြေးလမ်းနဲ့ အဆောက်အဦးတွေကိုလည်း အကြီးအကျယ်တိုးချဲ့မှုတွေပြုလုပ်နေပြီး လေယာဥ်ကွင်းအပြင်ဘက်လူနေရပ်ကွက်တွေကပင် မြင်နေရတယ်လို့လည်း အဆိုပါဒေသခံမှဆက်ပြောပါတယ်။
"လေယာဥ်ကွင်းကိုချဲ့နေတာ ကားလမ်းကနေတောင် မြင်နေရတယ်၊ အကြီးအကျယ်ပဲ၊ နောက်ဆိုအဆင်းအတက်ဒီကပဲလုပ်မယ်ထင်
တယ်"
အဆိုပါလေယာဥ်ကွင်းတိုးချဲ့ရန် အိမ်ခြံမြေသိမ်းတာနဲ့ပတ်သတ်ပြီး ပြည်သူတွေအနေနဲ့ ကန့်ကွက်လိုပါက ဖေဖော်ဝါရီလ ၁၆ရက်နေ့မှာ ကန့်ကွက်ကြောင်းစာပို့ပြောကြားနိုင်တယ်လို့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေက ပြောဆိုထားတာကြောင့် ကန့်ကွက်စာပို့ဆောင်မှုတွေရှိနေပေမဲ့ လက်ရှိအချိန်ထိတော့ တစ်စုံတစ်ရာထူးခြားခြင်းမရှိသေးဘူးဟုလည်း ဒေသခံတွေကပြောပါတယ်။
Photo-အနီးစခန်းလေဆိပ်တိုးချဲ့ခြင်းကို စစ်ခေါင်းဆောင်လာကြည့်စဥ်
#bbmnews #bbm #bbmtv #MinAungHlaing #airport
https://www.facebook.com/share/p/1FVV4utsYh/

👍2❤1🖕1
ဆော- ကျောက်ထု- မင်းတပ် လမ်းပိုင်းကို ညပိုင်းအချိန်များမှာ ပိတ်ထားမည် ဟု ဂန်ဂေါခရိုင် အမှတ် ၁၃ တပ်ရင်းကြေငြာ
BBM - ဖေဖော်ဝါရီ ၂၃
သတင်း - ကိုဘုဏ်း
မကွေးတိုင်း ၊ဂန်ဂေါခရိုင်အတွင်းမှာရှိတဲ့ ဆော - ကျောက်ထု -မင်းတပ် လမ်းကို ညအချိန် (ည၈:၃၀မှ မနက် ၆:၀၀)အတွင်း လုံခြုံရေးအရ လမ်းအသုံးပြုမှုကို ပိတ်ထားမှာဖြစ်ကြောင်း ဂန့်ဂေါခရိုင် အမှတ် ၁၃ တပ်ရင်း ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၂၂ရက်နေ့မှာ ထုတ်ပြန်တဲ့ စာအရ အဆိုပါ လမ်းကို ဆက်လက်ပြီး အသုံးပြုနေတဲ့ မိဘပြည်သူတွေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ လုံ ခြုံရေးအရ စစ်ဆေးတဲ့ ဂိတ်တွေမှာ စစ်ဆေးမှုတွေကို ကြည်ဖြူစွာပူးပေါင်းပါဝင်ပေးကြဖို့ ကိုလည်းမေတ္တာရပ်ခံထားပါတယ်။
ကန့်သတ်ချိန်နှင့် ကန့်သန့်နယ်မြေတွေကို ဂန့်ဂေါခရိုင်မှ တပ်ရင်းတပ်ဖွဲ့များမှ လွဲပြီး အခြားမည်သည့် အဖွဲ့အစည်းမဆို ခရီးသွားလာခွင့် (MO)ပါမှသာ ဖြတ်သန်းသွားလာခွင့်ပေးမှာဖြစ်ပြီး အရေးပေါ် အခြေအနေတွေမှာ ဖြတ်သန်းသွားလာမယ်ဆိုပါက တပ်ရင်း ၁၃ကို ကြိုတင်သတင်းပို့အကြောင်းကြားပြီးမှသာ စိစစ်ပြီး ဖြတ်သန်းခွင့်ပြုမှာဖြစ်ကြောင်းကိုလည်းဖော်ပြထားပါတယ်။
ဂန်ဂေါခရိုင် တပ်ရင်း ၁၃ကို အကြောင်းမကြားပဲဖြတ်သန်းသွားလာပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်းကိုလည်း အဆိုပါတပ်ရင်း၁၃က ထုတ်ပြန်ကြေငြာထားပါတယ်။
ပုံ-ဂန့်ဂေါခရိုင် အမှတ် ၁၃ တပ်ရင်း
#bbmnews #bbm #bbmtv #magway #PDF
https://www.facebook.com/share/p/1CD1QvGrY8/

👍5
ယူကရိန်းအနောက်ပိုင်းမှာ ပေါက်ကွဲမှုတွေအတွင်း အမျိုးသမီး ရဲအရာရှိ ၁ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိ
BBM - ဖေဖော်ဝါရီ ၂၃
သတင်း - Richard
ယူကရိန်းနိုင်ငံ အနောက်ပိုင်း Lviv မြို့မှာ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း အသက် ၂၃ နှစ်အရွယ် အမျိုးသမီးရဲအရာရှိတစ်ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ BBCမှာ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၂၂ရက် သန်းခေါင်ယံကျော်အချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေက အိမ်လုပ်ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းနှစ်ခု ပေါက်ကွဲခဲ့ကြောင်း ယူကရိန်းအမျိုးသားရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
အဆိုပါ အိမ်လုပ်ဗုံးတွေဟာ အမှိုက်ပုံးတွေထဲမှာ ရှိနေခဲ့ကြောင်း ရဲတပ်ဖွဲ့က ထပ်လောင်းပြောကြားခဲ့ပါတယ်။
သမ္မတ Volodymyr Zelensky က “အကြမ်းဖက်တိုက်ခိုက်မှုကို ကျူးလွန်တယ်လို့ သံသယရှိသူ” တစ်ဦးကို ဖမ်းဆီးထားကြောင်း အတည်ပြုခဲ့ပါတယ်။
Lviv မြို့တော်ဝန် Andriy Sadovyi က အဆိုပါ သံသယရှိသူဟာ ယူကရိန်းအမျိုးသမီးတစ်ဦး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
နောက်ပိုင်းမှာ ရဲတွေက အသက် ၃၃ နှစ်အရွယ် သံသယရှိသူဟာ ရုရှားရဲ့ အထူးဝန်ဆောင်မှုအေးဂျင့်တစ်ဦးရဲ့ “ညွှန်ကြားချက်” အရ ဖောက်ထွင်းမှုတွေကို ပြုလုပ်ပြီး လက်လုပ်ဗုံးတွေကို တပ်ဆင်ထားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အဆိုပါ ပေါက်ကွဲမှုအတွင်း သေဆုံးသွားတဲ့ ရဲအမျိုးသမီးဟာ Viktoria Shpylka လို့ ခေါ်ပါတယ်။
"သူမဟာ အသက် ၂၃ နှစ်သာ ရှိသေးပြီး Kherson ဒေသကို အပြည့်အဝ ကျူးကျော်ဝင်ရောက်မှု စတင်ချိန်မှာ သူမရဲ့ တာဝန်ထမ်းဆောင်မှုကို စတင်ခဲ့ပါတယ်" လို့ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့ မနက်ပိုင်းက Telegramမှာ ရေးသားခဲ့ပါတယ်။
မြို့လယ်ခေါင်ရှိ ဆိုင်တစ်ဆိုင်မှာ ဖောက်ထွင်းဝင်ရောက်တဲ့ သတင်းကြောင့် ရဲကားတစ်စီး ရောက်ရှိလာပြီးနောက် ပထမဆုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
"ဒုတိယအဖွဲ့တစ်ဖွဲ့ ထပ်မံ ရောက်ရှိလာချိန်မှာ နောက်ထပ်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်"လို့
ထပ်လောင်း ပြောကြားခဲ့ပါတယ်။
လူ ၁၁ ဦးကို ဆေးရုံကို ပို့ဆောင်ခဲ့ပြီး အဲ့ဒီထဲက ၆ ဦးမှာ အခြေအနေဆိုးရွားကြောင်း သိရပါတယ်။
ပြည်ထဲရေးဝန်ကြီး Ihor Klymenko က ရဲတပ်ဖွဲ့နဲ့ ယူကရိန်းလုံခြုံရေးဌာနက အနောက်မြောက်ပိုင်း Rivne ဒေသမှာ နေထိုင်တဲ့ သံသယရှိသူကို ဖမ်းဆီးထားကြောင်း ပြောကြားခဲ့ပါတယ်။
"အဆိုပါရာဇဝတ်မှုကို ကျူးလွန်ရာမှာ ပါဝင်ပတ်သက်တဲ့ အခြားလူတွေကိုလည်း ဖော်ထုတ်လျက်ရှိတယ်"လို့ သူရဲ့ Telegram မှာ ရေးသားခဲ့ပါတယ်။
အဲ့ဒီအတောအတွင်း ဒေသဆိုင်ရာ ရှေ့နေရုံးက "ပြင်းထန်တဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေတဲ့ အကြမ်းဖက်လုပ်ရပ်" ကို စုံစမ်းစစ်ဆေးမှု စတင်နေပြီလို့ ပြောကြားခဲ့ပါတယ်။
Reference-BBC
Photos-BBC
#bbmnews #bbm #bbmtv #internationalnews #Ukraine
https://www.facebook.com/share/p/1Fi3ePp98t/

👎3🤬1
မိမိကို ဆော်ဒီအာရေဗျက ပိုင်တယ်လို့ ရော်နယ်လ်ဒို ပြောကြား
BBM - ဖေဖော်ဝါရီ ၂၃
သတင်း - David
Al-Nassr အသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်လ်ဒိုက မိမိကို ဆော်ဒီအာရေဗျက ပိုင်တယ်လို့ ပြောခဲ့ပါတယ်။
ရော်နယ်လ်ဒို(၄၁ နှစ်)ဟာ မကြာသေးခင်က အသင်းကိုပိုင်ဆိုင်တဲ့ Public Investment Fund (PIF)ရဲ့ စီမံခန့်ခွဲမှုကို အသင်းပွဲစဉ် သုံးပွဲ
မကစားဘဲ ဆန္ဒပြခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်မှာ အသင်းအတွက် ပြန်လည်ကစားခဲ့ပြီး နှစ်ပွဲမှာ သုံးဂိုးအထိ သွင်းယူခဲ့ပါတယ်။
''ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော် အကြိမ်များစွာ ပြောခဲ့သလိုပဲ ဆော်ဒီအာရေဗျက ပိုင်ပါတယ်။ ဒီနိုင်ငံက ကျွန်တော့်ကို
ကောင်းစွာ ကြိုဆိုခဲ့ပါတယ်။ ကျွန်တော့်မိသားစု၊ မိတ်ဆွေတွေလည်း ဒီမှာ ပျော်ပါတယ်။ ကျွန်တော် ဆက်နေသွားချင်ပါတယ်။ အရေး
အကြီးဆုံးအရာက အမှတ်ပေးချန်ပီယံဆုအတွက် ဆက်လက်တွန်းအားပေးဖို့ပါပဲ။ ကျွန်တော်တို့ ထိပ်ဆုံးမှာရှိတယ်။ ကျွန်တော်တို့
ကိုယ့်အလုပ်ကိုယ် လုပ်နေတယ်၊ နိုင်ပွဲရတယ်။ ရာသီကုန်မှာ ဘာဖြစ်မလဲ ကြည့်ရအောင်ပါ''လို့ ရော်နယ်လ်ဒိုက ပြောခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ ၂၀၂၃ ခုနှစ် နှစ်စမှာ ဆော်ဒီအာရေဗျကို ရောက်လာခဲ့ပေမဲ့ သူ စတင်ကစားခဲ့ကတည်းက ၂၀၂၃ Arab Club Champions Cup
ပြိုင်ပွဲမှာသာ ဗိုလ်စွဲခဲ့ဖူးပါတယ်။
လက်ရှိမှာတော့ သူ့ရဲ့ Al-Nassr အသင်းဟာ ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယားမှာ Al-Hilal အသင်းကို တစ်မှတ်အသာနဲ့ ဦးဆောင်နေပါတယ်။
Photo - Social Media
#bbmnews #bbm #bbmtv #SaudiArabia #CristianoRonaldo #SportsNews
https://www.facebook.com/share/p/181ZFKJihz/

👍2😐1
ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီရိက္ခာသယ်ယာဉ်တန်းကို တိုက်ခိုက်ရာ စကစတပ်သား ၁၀ ဦးသေဆုံး
BBM - ဖေဖော်ဝါရီ ၂၃
သတင်း - ခက်ဆစ်
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီရဲ့ ရိက္ခာသယ်ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးခဲ့တယ်လို့ မန္တလေးခရိုင် အမှတ် (၃) တပ်ရင်းက ယမန်နေ့၊ ညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၀ ရက်၊ မနက် ၁၀ နာရီ ၃၀ မိနစ်မှာ ဆုံရွာမှ ဆီမီးခုံမြို့သို့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးခေါင်းဆောင် လိုက်ပါလာတဲ့ အင်အား ၂၀ ခန့်၊ ရိက္ခာသယ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေ အပါအဝင် ၆ ဦးသေဆုံးပြီး ကျန်ပျူစောထီး အများအပြားလည်း ထိခိုက်ဒဏ်ရာတွေနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ G3 ၂ လက်၊ ကာဘိုင် ၁ လက်၊ ကင်းထောက်ဒရုန်း ၁ စီးနဲ့ G3 ကျည် ၅၃ တောင့် တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် နောက်ဆက်တွဲသတင်းတွေအရ ပျူခေါင်းဆောင် ၁ ဦး ဆီမီးခုံဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး နောက်လိုက် ပျူစောထီးနဲ့ ရဲ ၄ ဦး ဆေးရုံပေါ်မှာ ထပ်မံသေဆုံးသွားတယ်လို့ ဆိုထားပါတယ်။
အဆိုပါတိုက်ခိုက်မှုမှာ မန္တလေးခရိုင် အမှတ် ၃ တပ်ရင်း၊ ဆီမီးခုံပြည်သူ့ကာကွယ်ရေးအဖွဲ့၊ SRF- SINTKAING REVOLUTION FORCE ၊ SPECIAL TASK FORCE - NGAZUN ၊ ဧရာဝတီမင်းသားပြောက်ကျားတပ်ဖွဲ့၊ NBR - နယ်စည်းမခြားတပ်ဖွဲ့နဲ့ MGN - DANGER DYNAMITE တို့က ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
Photo - People's Defense Force - Mandalay
#bbmnews #bbm #bbmtv #MDYPDF #Mandalay
https://www.facebook.com/share/p/18F6YvVsbH/

❤6👍1
ဂရင်းလန်းဝန်ကြီးချုပ်က ထရမ့်ရဲ့ ဆေးရုံသင်္ဘောပို့ပေးတဲ့အပေါ် မကြိုဆို
BBM - ဖေဖော်ဝါရီ ၂၃
သတင်း - Richard
ဂရင်းလန်းဝန်ကြီးချုပ် Jens-Frederik Nielsen က အမေရိကန်သမ္မတ Donald Trump ရဲ့ ဆေးရုံသင်္ဘောတစ်စင်းကို ဂရင်းလန်းကို စေလွှတ်မယ့် အစီအစဉ်ကို မကြိုဆိုကြောင်း ဖေဖော်ဝါရီလ၂၂ရက်နေ့က ပြောကြားခဲ့ပါတယ်။
ထရမ့်က ဂရင်းလန်းကို လွှဲပြောင်းယူချင်တယ်လို့ အကြိမ်ကြိမ်ပြောနေခဲ့တာပါ။
ထရမ့်က ဂရင်းလန်းကို ဆေးရုံလှေတစ်စင်း စေလွှတ်ဖို့အတွက် ဂရင်းလန်းဆိုင်ရာ အထူးသံတမန် လူဝီစီယားနားပြည်နယ် အုပ်ချုပ်ရေးမှူး Jeff Landry နဲ့အတူ လုပ်ဆောင်နေကြောင်း ဖေဖော်ဝါရီလ ၂၁ရက် စနေနေ့က လူမှုမီဒီယာမှာ ပြောကြားခဲ့ပါတယ်။
“သမ္မတထရမ့်ရဲ့ အမေရိကန်ဆေးရုံသင်္ဘောတစ်စင်းကို ဂရင်းလန်းကို စေလွှတ်ဖို့ အကြံအစည်ကို သတိပြုမိကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ နိုင်ငံသားတွေအတွက် အခမဲ့ကုသမှုပေးတဲ့ အများပြည်သူကျန်းမာရေးစောင့်ရှောက်မှုစနစ်ရှိပါတယ်” လို့ Nielsen က Facebook မှာ ပို့စ်တစ်ခုတင်ခဲ့ပါတယ်။
အမေရိကန်နဲ့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်ဖို့ တံခါးဖွင့်ထားဆဲပါလို့ Nielsenက ပြောကြားခဲ့ပါတယ်။
“ဒါပေမယ့် ဆိုရှယ်မီဒီယာမှာ တင်တာမျိုးမလုပ်ဘဲ ကျွန်တော်တို့ကို တိုက်ရိုက် စကားပြောပါ” လို့ သူက ဆိုပါတယ်။
“လူဝီစီယားနားပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး Jeff Landry နဲ့ ပူးပေါင်းပြီး ဖျားနာနေပြီး အဲဒီမှာ ကုသမှုမခံယူရတဲ့ လူအများအပြားကို ပြုစုစောင့်ရှောက်ဖို့ ဂရင်းလန်းကို ဆေးရုံသင်္ဘောကြီးတစ်စင်း စေလွှတ်သွားမှာပါ၊ မကြာမီ လာမည်မျှော်” လို့ ထရမ့်က ဖေဖော်ဝါရီလ ၂၂ရက်နေ့က ပြောကြားခဲ့ပါတယ်။
အိမ်ဖြူတော်နဲ့ Landry ရဲ့ရုံး နှစ်ခုစလုံးက အဆိုပါ သင်္ဘောကို ဒိန်းမတ်နဲ့ ဂရင်းလန်းတို့မှ တောင်းဆိုခဲ့တာမျိုး ရှိ၊ မရှိဆိုတဲ့ မေးမြန်းချက်တွေကို တုံ့ပြန်တာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။
စစ်ဘက်ဆိုင်ရာဌာနကလည်း ချက်ချင်းမှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
ပြီးခဲ့တဲ့အပတ်က ဒိန်းမတ်ဘုရင် Frederik က တစ်နှစ်အတွင်း ဂရင်းလန်းကို ဒုတိယအကြိမ် သွားရောက်လည်ပတ်ခဲ့ပါတယ်။
ဒါဟာ ထရမ့်ရဲ့ ဂရင်းလန်းကျွန်းကိုဝယ်ယူဖို့ ကြိုးစားနေတဲ့ အစီအစဉ်ကြောင့် ဒိန်းမတ်နဲ့ ဂရင်းလန်းတို့ရဲ့ စည်းလုံးညီညွတ်မှုကို ပြသဖို့ ကြိုးပမ်းမှုတစ်ခုပဲ ဖြစ်ပါတယ်။
Reference - NBC News
Photos - NBC News
#bbmnews #bbm #bbmtv #internationalnews #trump #greenland
https://www.facebook.com/share/p/1AyHpxAirQ/

စစ်တွေမှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ဒေသခံမူဆလင် ၁၂ ဦး မိသားစုနဲ့ အဆက်အသွယ်မရသေး
BBM - ဖေဖော်ဝါရီ ၂၃
သတင်း - နိုင်နိုင်
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ သဲချောင်းမူဆလင်ကျေးရွာနဲ့ သံတော်လီ မူဆလင်ကျေးရွာကနေ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံ မူဆလင် ၁၂ ဦးဟာ လက်ရှိအချိန်ထိ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရရှိသေးဘဲ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စစ်တွေမြို့နယ်၊ သဲချောင်းမူဆလင်ကျေးရွာကို ဝင်ရောက်လာပြီး ရာအိမ်မှူး မာမောက်အီဆမိုင်နဲ့ သံတော်လီမူဆလင်ကျေးရွာက ရာအိမ်မှူး အောလ်ဇော်အာမာလ်၊ နိုရိုလုဒ်၊ ဆောန်ဒုလ်အာမိလ်၊ ဆာဒတ်ဟူဆောန်နဲ့ ဝါဆလံဂိုရိမ်တို့ အပါအဝင် စုစုပေါင်းဒေသခံ ၁၁ ဦးတို့ကို အမှတ် ၂ မြို့မရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေမှာ လက်ရှိအချိန်အထိ ပြန်လည်လွတ်မြောက်တာမျိုးမရှိသေးသလို စစ်ကောင်စီက ဘယ်အတွက်ကြောင့် ဖမ်းဆီးသွားတယ်ဆိုတာကိုလည်း မသိရှိရသေးဘူး ဖြစ်နေတယ်လို့ သဲချောင်းမွတ်ဆလင်ကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။
"တစ်ရက်တည်းမှာ ကျေးရွာ ၂ ရွာက ဒေသခံ ၁၂ ဦးကို ဖမ်းဆီးသွားတာပါ၊ ဘာအတွက်ကြောင့် ဖမ်းဆီးသွားတယ်ဆိုတာကိုလည်း မသိရှိရသေးဘူး၊ လက်ရှိအချိန်ထိလည်း ပြန်လွတ်လာတာမျိုးမရှိသေးပါဘူး၊ သူတို့ကို မိသားစုတွေနဲ့လည်း တွေ့ခွင့်မပေးတော့ အဆက်အသွယ်က မရသေးဘူးဖြစ်နေပါတယ်" လို့ အဆိုပါဒေသခံက BBM ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း စစ်ကောင်စီတပ်ဟာ စစ်တွေမြို့၊ ဓညဝတီရပ်ကွက်နဲ့ စက်ရုံစုရပ်ကွက်က ဒေသခံလူတစ်ချို့ကို အမှတ် ၂ ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်လို့လည်း စစ်တွေဒေသခံတွေဆီက သိရပါတယ်။
အလားတူ စစ်ကောင်စီတပ်ဟာ ဒေါ် စောမြရာဇာလင်း ဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး မြို့ပေါ်ရှိဒေသခံတွေကို ဖမ်းဆီးငွေညှစ်ကာ ပြန်လွှတ်ပေးမှုတွေ ရှိနေပြီး စစ်ရှောင်နေအိမ်တွေကိုလည်း ဖြိုဖျက်ရောင်းချမှူတွေ ရှိနေတယ်လို့ စစ်တွေဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း စစ်တွေမြို့နယ်၊ ဘုမေမူဆလင်ကျေးရွာက ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လက်ရှိအချိန်အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရရှိသေးဘူးလို့လည်း သိရပါတယ်။
Photo - ပုံဟောင်း
#bbmnews #bbm #bbmtv #sittwe #AA
https://www.facebook.com/share/p/18NSNJBzyj/

❤2👍1
ဖလော်ရီဒါရှိ ထရမ့်ရဲ့ မာ-အာ-လာဂို အပန်းဖြေစခန်းအတွင်း လက်နက်ကိုင် ကျူးကျော်ဝင်ရောက်သူ ပစ်သတ်ခံရ
BBM - ဖေဖော်ဝါရီ ၂၃
သတင်း - Richard
အမေရိကန် လျှို့ဝှက်ဝန်ဆောင်မှုအေးဂျင့်တွေက ဖလော်ရီဒါရှိ သမ္မတဒေါ်နယ်ထရမ့်ရဲ့ မာ-အာ-လာဂို အပန်းဖြေစခန်းအတွင်းကို သေနတ်ကိုင်ဆောင်ပြီး ဝင်ရောက်လာတဲ့ အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ SBS News မှာ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၂၂ရက် မနက် ၁နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း အရာရှိတွေက ပြောကြားခဲ့ပါတယ်။
အဆိုပါ ဖြစ်ရပ်ဖြစ်ပွားချိန်မှာ ထရမ့်ဟာ ဝါရှင်တန်ဒီစီမှာ ရှိနေခဲ့ပါတယ်။
သံသယရှိသူဟာ အသက် ၂၀ ဝန်းကျင်ရှိ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်က အော်စတင် တီ မာတင်ဆိုသူ အမျိုးသားဖြစ်ပြီး မာ-အာ-လာဂိုအိမ်ယာရဲ့ မြောက်ဘက်တံခါးမှာ သေနတ်တစ်လက်နဲ့ လောင်စာဆီဘူးတစ်ဘူးကို ကိုင်ဆောင်ထားတယ်လို့ တွေ့ရှိခဲ့ကြောင်း အေးဂျင့်တွေက ပြောကြားခဲ့ပါတယ်။
အေးဂျင့်တွေက အဆိုပါ သေနတ်သမားကို ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး လက်နက်ချဖို့ ပြောခဲ့ပေမဲ့ သူက သေနတ်ကို ပစ်ခတ်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့ သူ့ကို ပြောခဲ့တဲ့ တစ်ခုတည်းသော စကားက လက်နက်ချဖို့ပါပဲ လို့ Palm Beach ကောင်တီ ရှဲရစ်ဖ် Ric Bradshaw က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
"အဲဒီအချိန်မှာ သူက ဓာတ်ဆီဘူးကို ချပြီး ရိုင်ဖယ်သေနတ်ကို ပစ်ခတ်ဖို့ မြှောက်လိုက်တယ်" လို့ Bradshaw က ပြောကြားခဲ့ပါတယ်။
အဲ့ဒီနောက် လက်ထောက်တစ်ဦးနဲ့ လျှို့ဝှက်ဝန်ဆောင်မှုအေးဂျင့် ၂ဦးက သူ့ကို ပစ်သတ်ခဲ့ပါတယ်။
အဆိုပါ ဖြစ်စဉ်အတွင်း သေနတ်သမား သေဆုံးသွားခဲ့ပြီး အမေရိကန်အရာရှိတွေကဘက်ကတော့ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ဆိုပါတယ်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavittက လျှို့ဝှက်ဝန်ဆောင်မှု ပါဝင်တဲ့ ပြည်တွင်းလုံခြုံရေးဌာန (DHS)အစီအစဉ်ကို ရပ်ဆိုင်းခဲ့တဲ့ ဒီမိုကရက်တွေကို အပြစ်တင်ခဲ့ပါတယ်။
"ဒီမိုကရက်တွေက သူတို့ ရဲ့ဌာနကို ပိတ်ဖို့ ရွေးချယ်လိုက်တာဟာ ရှက်စရာကောင်းပြီး ပေါ့ဆမှုပါပဲ"လို့ သူမက X မှာ ရေးသားခဲ့ပါတယ်။
Reference - SBS News
#bbmnews #bbm #bbmtv #trump
https://www.facebook.com/share/p/18JPwXn6tN/

👍3
ဖလမ်းမြို့နယ်က စစ်ကောင်စီ စခန်းကို CC ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး ၂ ဦးသေဆုံး၊ တစ်ဦးအရှင်ဖမ်းမိ
BBM-ဖေဖော်ဝါရီ ၂၂
သတင်း-ကိုအိုက်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းကို ချင်းပြည်အစိုးရ (CC) ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးသတင်းမြစ်က BBM ကို ပြောပါတယ်။
ဖလမ်းမြို့နယ်၊ ခွန်လီကျေးရွာနဲ့ ဆုန်ဟရမ်းကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ချင်းပြည်အစိုးရ (CC) ပူးပေါင်းတပ်တွေက မနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက်မှာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
"မနေ့က ခွန်လီနဲ့ ဆုန်ဟရမ်း ရွာမှာ ခြေကုတ် နေရာယူတပ်စွဲထားတဲ့ စခန်းကုန်းတွေကို တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်တာပါ။ တိုက်ပွဲ တစ်နေကုန်နီးပါးဖြစ်ပါတယ်။"လို့ CC စစ်ရေးသတင်းအရင်းမြစ်က BBM ကို ပြောပါတယ်။
အဲဒီ တိုက်ပွဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့သလို တစ်ဦးအရှင်ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
"တိုက်ပွဲအပြီးမှာ စစ်ကောင်စီ အလောင်းနှစ်လောင်း ရတယ်။ တစ်ယောက်ကို အရှင်ဖမ်းမိတယ်။ လက်နက်ခဲယမ်းမျိုးစုံကိုလည်း သိမ်းဆည်းရမိတာရှိတယ်။ တိုက်ပွဲက ပြင်းထန်နေဆဲ ဖြစ်ပါတယ်။"လို့ CC စစ်ရေးသတင်းအရင်းမြစ်က BBM ကို ပြောပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့၊ နေ့လယ်အချိန်အထိ ခွန်လီနဲ့ ဆုန်ဟရမ်းရွာမှာ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲလို့ သိရပါတယ်။
စစ်ကောင်စီဟာ ဖလမ်းမြို့ ပြန်လည်သိမ်းပိုက်ဖို့ ကလေးမြို့က ထိုးစစ်ဆင်တဲ့ စစ်ကြောင်းဟာ ဖလမ်းမြို့နယ်၊ ခွန့လီရွာနဲ့ ဆုန်ဟရမ်းရွာမှာ ခြေကုတ်နေရာယူ တပ်စွဲထားတာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက် ချင်းအမျိုးသားနေ့ကည်း ဖလမ်းနဲ့ ဟားခါးကြားရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ ဗုံးသီး အလုံးရေ ၅၀ ကျော်နဲ့ တပြိုင်နက် ဗုံးကြဲချ တိုက်ခိုက်ခဲ့ပြီး လူနဲ့ နေအိမ်အများပြား ထိခိုက်ပျက်စီးသွားပါတယ်။
Photo - ပေးပို့
#bbmnews #bbm #bbmtv #Falam #Chin
https://www.facebook.com/share/p/18JH3KQ1e5/

ဟုမ္မလင်းမြို့နယ်ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ပြီး ဒေသခံ ၇ ဦး သေဆုံး
BBM - ဖေဖော်ဝါရီ ၂၃
သတင်း - ကိုအိုက်
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ပဲနုပ်ဆွပ်ကျေးရွာရှိ ရွှေမှော်စျေးတန်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၇ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက BBM ကို ပြောပါတယ်။
မနေ့က ဖေဖော်ဝါရီလ ၂၂ ရက်၊ ညနေ ၅ နာရီဝန်းကျင်မှာ ဟုမ္မလင်းမြို့နယ်၊ ပဲနုပ်ဆွပ်ရွှေမှော်ရှိ လူစည်ကားရာ ဈေးတန်းအတွင်းသို့ စစ်ကောင်စီတပ်က ဂျိုင်ရိုကော်ပတာ (Gyrocopter) တစ်စီးနဲ့ ဗုံးသီး ၄ လုံး လာရောက်ကြဲချခဲ့တာပါ။
"ဗုံးကြဲခံရတဲ့နေရာက စျေးသည်တွေနဲ့ ရွှေလုပ်သားတွေ ရှိတာပါ၊ စစ်ရေးပစ်မှတ်မဟုတ်ဘဲ သာမာန်အရပ်သားတွေရှိတဲ့ နေရာကို စစ်ကောင်စီက ဗုံးသီးလေးလုံးနဲ့ လေကြောင်း တိုက်ခိုက်သွားတာပါ"လို့ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
အဲဒီလေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ အရပ်သား ၇ ဦး နေရာတင် သေဆုံးခဲ့ပြီး အရပ်သားအများအပြား ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဈေးအတွင်း ရပ်နားထားတဲ့ အရပ်သားတွေရဲ့ မော်တော်ကားတွေနဲ့ ဆိုင်ကယ်အချို့လည်း ပေါက်ကွဲမှုဒဏ်ကြောင့် ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
"ဗုံးပေါက်ကွဲမှုကြောင့် ကားတွေ၊ ဆိုင်ကယ်တွေ ရစရာမရှိအောင် ပျက်စီးသွားတယ်၊ စျေးဆိုင်နဲ့ စျေးဆိုင်ထဲက ပစ္စည်းတွေလည်း အတော်လေး ပျက်စီးသွားပါတယ်" လို့ နောက်ထပ် ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ပဲနုတ်ဆွပ်ရွှေမှော် အနီးပတ်ဝန်းကျင်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အရပ်သားပြည်သူတွေကို စစ်ရေးပစ်မှတ်သဖွယ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေ ဆိုကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် လေကြောင်း တိုက်ခိုက်မှု အပါအဝင် စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သား (၇,၈၀၇) ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဖေဖော်ဝါရီလ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
#bbmnews #bbm #bbmtv #homalin #sagaing
https://www.facebook.com/share/p/1BusBTDk5p/

👍3🤬2