BNRA ဒုဥက္ကဋ္ဌ ကိုဖြိုးနဲ့ စစ်ဆင်ရေးတာဝန်ခံ ကိုလတ် အပါအဝင် တပ်ဖွဲ့ဝင်ငါးဦး စစ်ကောင်စီထံ ပူးပေါင်းသွား
BBM - ဖေဖော်ဝါရီ ၂၁
သတင်း - နိုင်နိုင်
ဗိုလ်နဂါး စစ်ကောင်စီတပ်နဲ့ ပူးပေါင်းသွားပြီးနောက် ၂ ရက်အကြာမှာပဲ (BNRA) ဒုဥက္ကဋ္ဌ ကိုဖြိုးနဲ့ စစ်ရေးတာဝန်ခံ ကိုလတ် အပါအဝင်တပ်ဖွဲ့ဝင် ငါးဦးဟာ မနေ့က ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာပဲ စစ်ကောင်စီထံ ထပ်မံလက်နက်ချ အလင်းဝင် ပူးပေါင်းလာတယ်လို့ စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ထံ ပူးပေါင်းသွားသူ BNRA တပ်ဖွဲ့ဝင် ငါးဦးထဲမှာ ဗိုလ်နဂါးရဲ့ ယောက်ဖတော်စပ်သူဖြစ်တဲ့ ဒု-ဥက္ကဌ ကိုဖြိုးနဲ့ စစ်ဆင်းရေးတာဝန်ခံ စစ်ကြောင်းမှူး ကိုလတ်တို့ပါဝင်ပြီး တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ မင်းထွန်း၊ ငထက်နဲ့ စာကလေးတို့ ပါဝင်ကြတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ရဲဘော် တစ်ဦးက BBM ကို ပြောပါတယ်။
"မနေ့က စစ်အုပ်နဲ့ ပူးပေါင်းသွားတဲ့အထဲမှာ ကိုဖြိုးတို့ ကိုလတ်တို့ ပါပါတယ်။ နောက်ထပ်တပ်ဖွဲ့ဝင် သုံးဦးလည်း ပါတာတွေ့ရပါတယ်။ သူတို့ ၅ ဦးကိုလည်း စစ်အုပ်စုက ရဟတ်ယာဥ်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဗိုလ်နဂါးနဲ့ အတူ ၁၈ ရက်နေ့ကတည်းပါသွားတာလည်း ဖြစ်နိုင်ပါတယ် " လို့ အဆိုပါ ရဲဘော်က ဆက်ပြောပါတယ်။
မနေ့က ဖေဖော်ဝါရီလ ၂၀ ရက်နေ့ စစ်အုပ်စုရဲ့ လော်ဘီချန်နယ်တွေမှာတော့ BNRA တပ်ဖွဲ့ဝင် ငါးဦးဟာလက်နက် ၅ လက်နဲ့အတူ ဘက်ပြောင်းခိုလှုံကာ အလင်းဝင်ရောက်ခဲ့တယ်လို့ ဆိုထားပါတယ်။
အလားတူ မနေ့က ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာပဲ စစ်ကောင်စီတပ်ဆီအညံ့ခံ ပူးပေါင်းသွားတဲ့ နဂါးရဲ့ BNRA အဖွဲ့က တကိုယ်တော် သုဘရာဇာနဲ့ ဒေါင်းညိုတို့ကို ဖမ်းဆီးရမိထားပြီး ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း ဓါးမဆိုင်းတပ်ဖွဲ့မှ ဗိုလ်စွမ်းက လူမှုကွန်ရက်မှာ Video File နဲ့တကွ ဖော်ပြထားပါတယ်၊၊
"သုဘရာဇာ နဲ့ဒေါင်းညို အကောင်းပကတိအတိုင်းပါ၊ အကြောက်တရားနဲ့ သွေးမခွဲပါနဲ့၊ ဖြူစင်တဲ့နှလုံးသားနဲ့ လူလိုဆက်ဆံထားပါတယ်" လို့ ဓါးမဆိုင်းအဖွဲ့မှ ဗိုလ်စွမ်းက မနေ့က ပြောဆိုထားပါတယ်။
လက်ရှိမှာ BNRA တပ်ဖွဲ့ ခေါင်းဆောင် နဂါးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ မိသားစုတွေ ခေါ်ဆောင်ပြီးတော့ လက်နက် (၆) လက်နဲ့အတူ စစ်ကောင်စီထံအညံ့ခံ ပူးပေါင်းသွားတာဖြစ်ပြီး သူရဲ့ တပ်ဖွဲ့၀င် ၁၅၀ ကျော်ဟာလည်း PDF နဲ့ ပကဖ တွေဆီကို လာရောက်အဖမ်းခံတာတွေ၊ ပူးပေါင်း ဆောင်ရွက်တာတွေနဲ့ လက်နက်အပ်နှံတာတွေ ပြုလုပ်ခဲ့တာလည်း ရှိပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းရှိ BNRA အဖွဲ့ဝင် ရဲဘော်တွေအနေနဲ့ ကိုင်ဆောင်ထားတဲ့ လက်နက်ခဲယမ်းတွေကို မိမိနေထိုင်ရာ ခရိုင်/မြို့နယ် ပကဖ အဖွဲ့များထံကို ချိတ်ဆက်ပြီး လာရောက်အပ်နှံကြဖို့နဲ့ လာရောက်အပ်နှံ့တာမရှိပါက PDF ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဥပဒေ၊ စစ်စည်းကမ်းတွေအရပဲ အရေးယူသွားမှာ ဖြစ်တယ်လို့ ယင်းမာပင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အဖွဲ့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ပြောဆိုထားပါတယ်။
ဗိုလ်နဂါး စစ်ကောင်စီတပ်နဲ့ ပူးပေါင်းသွားပြီးနောက် ၂ ရက်အကြာမှာပဲ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းကို စစ်ကြောင်း ၂ ကြောင်းခွဲကာ အင်အား ၃၀၀ ကျော်နဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ဒေသခံထောင်နဲ့ချီမှာလည်း ဘေးလွတ်ရာနေရာတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-စကစ တယ်လီဂရမ်
https://www.facebook.com/share/p/1C8jiNhFtt/

Facebook
Log in or sign up to view
See posts, photos and more on Facebook.
👍7🤬1🖕1
NUG ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာရဲ့ အမျိုးသားနဲ့ ဆွေမျိုးအချို့ ခန့်အပ်ထားခဲ့မှု ဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်ထဲပါနိုင်ဟုဆို
🟥ဒေါ်ကြည်ပြာရဲ့ အမျိုးသား ဦးညီညီမင်းနဲ့ မိသားစုဝင် ၂ ဦးကို တာဝန်မှရပ်ဆိုင်း
BBM - ဖေဖော်ဝါရီ ၂၁
သတင်း - ခက်ဆစ်
NUG အစိုးရ ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာရဲ့ အမျိုးသားနဲ့ ဆွေမျိုးအချို့ကို ရာထူးတာဝန်ပေးအပ်ထားတာနဲ့ ပတ်သက်ပြီး တာဝန်ရှိမှုဟာ ဝန်ကြီးဌာနနဲ့ ဆုံးဖြတ်တာဝန်ပေးမှုမှာသာ ပါနိုင်ကြောင်း ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောကြားခဲ့ပါတယ်။
ဒီနေ့ ဖေဖော်ဝါရီလ ၂၁ ရက်မှာပြုလုပ်တဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် နှင့် ခင်ပွန်းဖြစ်သူတို့အား တိုင်ကြားမှုနဲ့ပက်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက်၊သုံးသပ်ချက်တွေနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ ဆောင်ရွက်ချက်တွေကို ပြည်သူလူထုထံသို့ တင်ပြအစီရင်ခံခြင်းနဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုမှာ ပြောကြားခဲ့တာပါ။
"Decision Making လုပ်တဲ့ဟာပေါ့ ဒီဇန်နဝါရီ ၁ ရက်နေ့ကနေ စပြီးလုပ်တာ ဖြစ်တယ်ဆိုတဲ့အကြောင်း ကျနော်ဟာ ရှေ့ပိုင်းမှာ ပညာရေးနဲ့ ကျန်းမာရေးကိုသာ Decision Making အနေနဲ့ပေါ့ ဒါ EC ကျနော်တို့က Decision Making ဆိုတာ စုပေါင်းခေါင်းဆောင်မှုနဲ့ သွားတာဖြစ်တဲ့အတွက် စုပေါင်းခေါင်းဆောင်မှုအတိုင်းပဲ ဝန်ကြီးဌာနအသီးသီးမှာ Executive Committee တွေ Admin တွေမှာပဲ ဆုံးဖြတ်ပြီးသွားတော့ ဝန်ကြီးဌာနရဲ့ Decision Making ထဲမှာသာ ပါနိုင်ခဲ့တာဖြစ်တယ်" လို့ ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှုနဲ့ အစိုးရအတွင်း လွှမ်းမိုးချယ်လှယ်မှုဆိုင်ရာတွေမှာ စွပ်စွဲပြစ်တင်ဖို့ လုံလောက်တဲ့အကြောင်းမတွေ့ရှိသော်လည်း ဆက်ဆံရေးအားနည်းချက်နဲ့ မိသားစုဝန်တွေကို ခန့်အပ်ဆောင်ရွက်ခြင်း အားနည်းချက်များတွေ့ရှိရသဖြင့် ပြင်းထန်စွာ သတိပေးသွားရန် ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ အရေးယူဆောင်ရွက်ထားတာ တွေ့ရပါတယ်။
ဒါ့အပြင် ဦးညီညီမင်းအနေနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှု မဟုတ်သော်လည်း အစိုးရရဲ့ မူဝါဒနဲ့ ကျင့်ဝတ်များအပေါ် ဖောက်ဖျက်သဖြင့် ပြင်းထန်စွာသတိပေးသွားရန်နဲ့ ဦးညီညီမင်းနဲ့ မိသားစုဝင် (တူတော်စပ်သူ) ၂ ဦးကို တာဝန်မှရပ်ဆိုင်းသွားဖို့ အရေးယူဆောင်ရွက်ထားပါတယ်။
တိုင်ကြားသူတွေဟာ အစိုးရဌာနတွင်း တိုင်ကြားမှုနဲ့ စုံစမ်းစစ်ဆေးရေးကာလအတွင်း လိုက်နာစောင့်စည်းရမယ့် ကျင့်ဝတ်ကို အကြိမ်ကြိမ်ဖောက်ဖျက်ခဲ့တာကြောင့် NUG အစိုးရရဲ့ ဌာနအသီးသီးမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း ၄ ဦးကို စာဖြင့် သတိပေးဖို့ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရက အသိပေးထုတ်ပြန်ထားပါတယ်။
Photo - Social Media
#bbmnews #bbm #bbmtv #NUG #kyipyar #nyinyimin
https://www.facebook.com/share/p/18DNGJi7Nx/

👍9
မြစ်ကြီးနားလေဆိပ်မှာ MNA လေယာဉ် ဗုံးထိမှန်မီးလောင်ပြီး ပြည်တွင်းလေကြောင်းခရီးစဉ်အားလုံး ရပ်နားလိုက်ရ
BBM-ဖေဖော်ဝါရီ ၂၁
သတင်း-ကိုအိုက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်မှာ ရပ်နားထားတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ပိုင် ခရီးသည်တင်လေယာဉ်တစ်စင်း ဗုံးထိမှန်မီးလောင်ခဲ့ပြီး လေကြောင်းခရီးစဉ် အားလုံးကို ရပ်ဆိုင်းလိုက်တယ်လို့ မြို့ခံတွေက BBM ကို ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီလ ၂၀ ရက် ည ၈ နာရီဝန်းကျင်မှာ မြစ်ကြီးနားမှ မန္တလေးသို့ ပျံသန်းနေတဲ့ ATR-72-600 အမျိုးအစား လေယာဉ်ဟာ အမြီးပိုင်း ခေါင်းပိုင်းနဲ့ ကိုယ်ထည်ပိုင်းတို့ ဒရုန်း ဗုံးသီး ပစ်ခတ်တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
အဲဒီဒရုန်း ဗုံးသီး ထိမှန်မှုကြောင့် လေယာဥ်မှာ မီးလောင်ပျက်စီးသွားသလို အရေးပေါ် ဆင်းသက်ရပြီး မြစ်ကြားနားသို့ ပြေးဆွဲနေတဲ့ ခရီးစဉ်အားလုံးကို ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ရပ်နားထားတယ်လို့ သိရပါတယ်။
"မနေ့ည ခရီးသည် ၁၀၀ ခန့်ပါတဲ့ လေယာဥ် အတက်မှာ ဒရုန်းဗုံးသီး ထိမှန်ပြီး အမြီးပိုင်း မီးလောင်လို့ အရေးပေါ် ဆင်းသက်လိုက်ရတယ်။ ခရီးသည်တွေက စိုးရိတ်ထိတ်လန့်တာကလွဲပြီး ထိခိုက်မှုမရှိဘူး။ ဒီမနက် လေယာဥ်လက်မှတ်အရောင်းဌာနက ဝန်ထမ်းတွေ ပြောပြတာ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီလို့ ပြောတယ်"လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက BBM ကို ပြောပါတယ်။
အဲဒီလေယာဥ် ပစ်ခတ်ခံရတဲ့ ဖြစ်စဥ်နဲ့ပတ်သက်၍ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား အပြန်အလှန် စွပ်စွဲခါးကြပါတယ်။
KIA နဲ့ PDF တွေက အရပ်ဘက် ခရီးတင် လေယာဥ်ကို ဒရုန်းတွေနဲ့ လာရောက်တိုက်ခိုက်ခဲ့ပြီး လေယဥ်မှာ ပျက်စီးသွားတယ်လို့ မနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့၊ ညပိုင်းမှာ စစ်ကောင်စီတပ်က စွပ်စွဲသတင်းထုတ်ပြန်ထားပါတယ်။
KIO/KIA အနေနဲ့ အရပ်ဘက်ပစ်မှတ်နဲ့ လေယာဉ်တွေ တိုက်ခိုက်စရာအကြောင်း မရှိသလို မြစ်ဆုံစီမံကိန်းအတွက် လူထုတွေ့ဆုံပွဲလုပ်နေတဲ့အချိန်မှာ ပြည်သူတွေ အထင်လွဲစေဖို့ စစ်ကောင်စီက လုပ်ကြံဖန်တီးထားတာဖြစ်တယ်လို့ KIA ဘက်က သတင်းဌာနတချို့မှာ ပြောဆိုတုံ့ပြန်ထားပါတယ်။
မနေ့ညက စစ်ကောင်စီ လက်အောက်ခံ မြစ်ကြားနားမြို့ (၂၉) ရဲတပ်ရင်းမှာ လက်နက်ကြီးကျည်တွေ ပစ်ခတ်တာ၊ လက်နက်ငယ်တွေ ပစ်ခတ်တာတွေ ဆက်တိုက်ရှိပြီး တဆက်တည်း လေဆိပ်မှာ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်တာလို့ သိရပါတယ်။
"လေယာဥ်ထိမှန်တဲ့ ဒရုန်းဗုံးသီးက ဘယ်အဖွဲ့အစည်းဟာဆိုတာ သေချာမသိဘူး။ မနေ့ညက ၂၉ ရဲတပ်ရင်းမှာ လက်နက်ကြီးကျည်၊ လက်နက်ငယ်တွေ ပစ်ခတ်တာရှိတယ်။ တဆက်တည်းပဲ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်တယ်။ အဒါလေဆိပ်မှာ ဖြစ်သွားတာပါ။"မြစ်ကြီးနားမြို့ခံတစ်ဦးက BBM ကို ပြောတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း မြစ်ကြီးနားလေဆိပ်အတွင်းသို့ FPV Suicide Drone တွေ ကျရောက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ရှိခဲ့ဖူးပြီး စစ်ကောင်စီတပ်က KIA ရဲ့ လက်ချက်ကြောင့်ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
ဓာတ်ပုံ-လူမှုကွန်ရက်
https://www.facebook.com/share/p/186ggrNXVz/

👍10
ခမရ (၅၁၃) တပ်က ပင်လုံမြို့အဝင်အထွက်
ဂိတ်များမှ လစဥ်သိန်းရာကျော်ရရှိနေပြီး အဆိုပါဂိတ်တာဝန်များကို တပ်ရင်းမှူးမိန်းမက စီမံခန့်ခွဲ
🟥ရရှိငွေများကို ပြန်ခွဲရာမှာ အဆင့်ဆင့်ခေါင်းပုံဖြတ်နေတာကြောင့် တပ်သားအချင်းချင်းမကျေလည်မှုတွေဖြစ်နေ
BBM-ဖေဖော်ဝါရီ၂၁
သတင်း-မင်းသော်
ပင်လုံမြို့အခြေစိုက် တပ်တစ်ခုဖြစ်တဲ့ ခမရ (၅၁၃)တပ်ဟာ မြို့အဝင်အထွက် ဂိတ်စခန်းများမှ လစဥ် သိန်းရာကျော်ရရှိနေပြီး အဆိုပါဂိတ်တာဝန်များကို တပ်ရင်းမှူးရဲ့မိန်းမက အဓိကစီမံခန့်ခွဲနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်အရသိရပါတယ်။
အဆိုပါ ခမရ (၅၁၃)တပ်ဟာ ရလခ တိုင်းစစ်ဌာနချုပ်ရှိ စကခ(၂)လက်အောက်ခံ တပ်ရင်းတစ်ရင်းဖြစ်ပြီး ပင်လုံ-လဲချားအဝင်အထွက်လမ်းနဲ့ ပင်လုံ-လွိုင်လင် အဝင်အထွက်လမ်းတို့မှာ ဂိတ်စခန်းဖွင့်ကာ ဒုအရာခံဗိုလ်တစ်ဦးခေါင်းဆောင်ပြီး အခြားစစ်ကောင်စီတပ်သားလေးယောက်အထိအင်အားချကာ ဂိတ်ဖွင့်ငွေတောင်းခံတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
အဆိုပါဂိတ်စခန်းတွေမှ တစ်လလျှင် သိန်းငါးရာနီးပါးအထိ ဝင်ငွေရရှိနေပြီး အဆိုပါနေရာတွေကို တာဝန်ထမ်းဆောင်ဖို့ လူရွေးချယ်ရာမှာ ယာယီတပ်ရင်းမှူး ဗိုလ်မှူးဝင်းမင်းသူရဲ့ မိန်းမဖြစ်သူက အဓိက စီမံညွှန်ကြားနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။
" ခမရ(၅၁၃)က ပင်လုံ-လဲချား၊ ပင်လုံ-လွိုင်လင် အဝင် / အထွက် ဂိတ်တွေကို လုံခြုံရေးလုပ်နေရတာပါ၊ အဲ့မှာက ဒုအရာခံဗိုလ်တွေက အလှည့်ကျခေါင်းဆောင်ရတာ တစ်လတစ်လကို သိန်း၄၅၀လောက်ရတယ်၊ အဲ့လိုငွေဝင်တဲ့နေရာမှာ တာဝန်ချပေးဖို့ကိုက တပ်ရင်းမှူး မိန်းမကအဓိကစီမံတာပဲ သူနဲ့တည့်တဲ့ သူတွေကိုပဲ အဓိက ချပေးတာ"
အဆိုပါဂိတ်စခန်းတွေကို ခေါင်းဆောင်အဖြစ်တာဝန်ပေးရာမှာ တပ်ရင်းမှူးမိန်းမနဲ့သင့်မြတ်တဲ့ ဒုအရာခံဗိုလ်ခင်မောင်ညွှန့်၊ ဒုအရာခံဗိုလ် မင်းအောင်နဲ့ ဒုအရာခံဗိုလ် ဆန်းကျော်တို့ကိုသာ အလှည့်ကျနေရာပေးတာတွေပြုလုပ်တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ရရှိလာတဲ့ငွေတွေကို တပ်ရင်းမှူးနဲ့ ဌာနချုပ်တပ်ခွဲမှူးတို့ကို သိန်းရာကျော် ပြန်ပေးပြီးနောပ် ကျန်ရှိတဲ့ ပိုက်ဆံတွေကို ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်သူ အဆိုပါဒုအရာခံဗိုလ် တွေကသာ အဓိကယူပြီး ကျန်စစ်သားတွေကို ခွဲဝေပေးမှုတွေ မရှိတာကြောင့် တပ်တွင်း မကျေနပ်မှုတွေ လက်အောက်မှာ ဖြစ်နေတယ်လို့လည်း အဆိုပါ တပ်တွင်းသတင်းရင်းမြစ်ကဆက်ပြောပါတယ်။
" တပ်ရင်းမှူးနဲ့ ဌာနချုပ်တပ်ခွဲမှူးတို့ကိုပေးပြီး ကျန်ပိုက်ဆံတွေကို ဒုအရာခံဗိုလ်တွေကပဲ ယူတာ အောက်ကိုက တစ်ရက် ၁ သောင်းလောက်ပဲပေးတယ်၊ ယူချင်ယူ မယူချင်နေဆိုတဲ့ပုံမျိုးနဲ့ပေးတာ၊ တကယ်လို့ အထက်ကသိလို့ ထောင်ကျရင် သူတို့ပဲထောင်ကျမှာ ဒါကြောင့် သူတို့ပဲယူမယ်ဆိုပြီးတောင် တရားဝင်ပြောသေးတယ်"
ခမရ (၅၁၃) တပ်ရင်းအတွင်း အဆိုပါဂိတ်စခန်းကိစ္စသာမက အခြားတပ်တွင်းဖိနှိပ်မှုတွေ၊ အထက်အောက် အနိုင်ကျင့်ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ခွင့်ကိစ္စ မကျေလည်မှုတွေပါ အမြောက်အများရှိနေပြီး အထက်ကိုသတင်းပို့တိုင်ကြားပေမဲ့လည်း အကြောင်းတစ်စုံတစ်ရာထူးခြင်းမရှိဘူးဟုလည်း သိရပါတယ်။
Photo-social media
https://www.facebook.com/share/p/18DFY2RiAX/

👍4❤1
ရွေးကောက်ပွဲပြီးလို့ တကျော့ပြန်တိုက်ပွဲပြင်းထန်လာတဲ့ တနင်္သာရီတိုင်းမှာ လေကြောင်းနဲ့ပိုတိုက်ခိုက်နေ
BBM-ဖေဖော်ဝါရီ၂၁
သတင်း - ကိုဟန်
တနင်္သာရီတိုင်းရှိ မြို့နယ်အချို့မှာ စစ်တပ်က တကျော့ပြန်ထိုးစစ်ဆင်တာတွေ လုပ်ဆောင်နေတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ စစ်ရေးတင်းမာနေပြီး လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မြေပြင်စစ်ကြောင်းအတွက် အင်အားထောင်ချီအသုံးပြုထားတဲ့ စစ်တပ်ဟာ သရက်ချောင်း၊ ပုလော၊ ထားဝယ်၊ တနင်္သာရီ၊ ရေဖြူမြို့နယ်တို့မှာ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
ဒီလိုစစ်ကြောင်းမထိုးခင် စစ်တပ်ဟာ တော်လှန်ရေးတပ်တွေ ရှိနိုင်တဲ့နေရာကို ကြိုတင်ကင်းထောက်တာတွေ ပြုလုပ်ပြီး လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ပြီးမှသာ မြေပြင် စစ်ကြောင်းက အချိန်ကိုက် ဝင်လာတာလို့ ထားဝယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
“စစ်ရေးအရှိန်မြှင့်ထားတာ ဒီလိုမမြှင့်ခင်မှာ တော်လှန်ရေးတပ်တွေရဲ့ နေရာအတည်တကျကို ကြိုတင်ပြုစုထား တဲ့ ပုံစံပဲ၊ ဒါပေမဲ့ တကယ်တမ်းတိုက်ခိုက်တဲ့အခါမှာ အရပ်သားတွေ နေထိုင်တဲ့နေရာပဲ တိုက်ခိုက်နေတာ” လို့ ထားဝယ်အခြေစိုက်တော်လှန်ရေးရဲဘော်တဦးက BBM ကို ပြောပါတယ်။
ဒါဟာ ရွေးကောက်ပွဲပြီးတဲ့ကာလနောက်ပိုင်း စစ်တပ်ဘက်က စစ်ရေးအရှိန်မြှင့်တင်လာတာဖြစ်ပြီး ဖေဖော်ဝါရီလ သုံးပတ်တာအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်အထက်မှာ ရှိခဲ့တာ တွေ့ရှိရပါတယ်။
လက်ရှိ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ဟာ ထားဝယ်အရှေ့တောဒေသ၊ အမှတ်(၈)ပြည်ထောင်စုလမ်းပိုင်းနဲ့ မြို့နယ်နေရာအချို့မှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။
တိုက်ပွဲအများစုဟာ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်က ကြားဖြတ်တိုက်ခိုက်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တဲ့ အတွက် ပစ်ခတ်ချိန်က မိနစ်ပိုင်းမျှသာ ရှိခဲ့ပေမဲ့ အချို့တိုက်ပွဲတွေဟာ နာရီနဲ့ချီကြာမြင့်ပြီး စစ်တပ်အခြေစိုက် တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ယာယီထိန်းချုပ်နိုင်ခဲ့တာ ရှိနေပါတယ်။
အနီးစပ်ဖြစ်စဉ်တခုမှာ ဖေဖော်ဝါရီလတတိယအပတ်ထဲမှာပင် ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ GTC တပ်စခန်းနဲ့ ပုလောမြို့နယ် တောင်ခေါင်းလောင်းရွာ စစ်တပ်စခန်းကို ကရင်တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
“ဖြစ်နေတာက နေရာအများကြီးပေါ့နော်၊ သူတို့(စစ်တပ်)ဘက်က သူတို့အရှိန်ပဲ မြှင့်မြှင့်ပေါ့၊ ကျွန်တော်တို့လည်း ကျွန်တော်တို့လုပ်နေပါတယ်၊ တခုခုဆို အခုတိုက်ပွဲဖြစ်နေတဲ့နေရာကို ကျွန်တော်တို့ မပြောချင်သေးဘူး၊ ဘာလို့ဆိုတော့ အခုတောင်တခုခုဆို သူတို့လေကြောင်းအားသာချက်ရှိနေတယ်၊ အဲဒီတော့ ဘယ်နေရာ ဖြစ်နေသလဲဆိုတာ မပြောပါရစေနဲ့ အခြေအနေက ပိုပြီးကြမ်းနေတဲ့သဘောတော့ ရှိတယ်” လို့ ပုလောမြို့နယ် အခြေစိုက်တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။
ဒီလိုမျိုး လက်လွှတ်ထားတဲ့နယ်မြေကို ပြန်လည်ရရှိဖို့နဲ့ နယ်မြေချဲ့ထွင်းနေတဲ့ စစ်တပ်ဟာ အရပ်သားပစ်မှတ်ကို တိုက်ခိုက်နေသလို ဒေသခံနေအိမ် မီးရှို့ဖျက်ဆီးတာ၊ ဖမ်းဆီးသတ်ဖြတ်တာ၊ ပေါ်တာဆွဲတာတွေ လုပ်ဆောင်နေ တယ်လို့ ဒေသခံအချို့က ပြောပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုသာမက လက်နက်ကြီးပစ်ခတ်မှုတွေ အဆက်မပြတ်ရှိနေတဲ့ အတွက် ဒေသခံတွေ ထိခိုက်သေဆုံးတာ ရှိနေသလို အချို့ဆို ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ကူညီသူအချို့က ပြောပါတယ်။
“နေရာတိုင်းကို စာရင်းလိုက်ကောက်တာ လက်လှမ်းမမီသေးဘူး၊ ဒီတလော ဖြစ်တဲ့တိုက်ပွဲကြောင့် ဒီလေးမြို့နယ်၊ ငါးမြို့နယ်မှာ အရပ်သားထောင်ချီလောက်က ထွက်ပြေးနေရတယ်၊ အခုအခြေအနေက စစ်ရေးတင်းမာနေတုန်းကာလဆိုတော့ ရေရှည်တိမ်းရှောင်ရမဲ့သဘောရှိတယ်” ဟု ရေဖြူမြို့နယ်မှာ စစ်ဘေးရှောင်ကူညီနေသူတဦးက ပြောပါတယ်။
အခုတိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ပြည်သူတွေဟာ တောတောင်၊ ဥယျာဉ်ခြံမြေနဲ့ စစ်ရှောင်စခန်းအချို့မှာ တိမ်းရှောင်နေရပြီး သူတို့အတွက် သောက်သုံးရေ၊ စားနပ်ရိက္ခာနဲ့ အမိုးအကာ၊ ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့ သူကဆက်ပြောပါတယ်။
“ကျွန်တော်တို့ ရေးနဲ့ ရေဖြူအစပ်ကြားဆို စစ်ကြောင်းက နေတိုင်းတိုးနေတယ်၊ ပြီးတော့ ထားဝယ် ရေနက်ဆိပ်ကမ်းဘက်ဆို အင်အားဖြည့်ထားတော့ အဲဒီဘက်လည်း ထိတွေ့မှု ရှိတယ်၊ အဓိက ဒရုန်းနဲ့ လက်နက်ကြီးကို ပစ်တယ်၊ ဒီမြေပြင်စစ်ကြောင်းက အရမ်းမတိုးလာရဲဘူး” လို့ ရေဖြူအခြေစိုက်တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။
တနင်္သာရီတိုင်းမှာ ယခုနှစ်အစောပိုင်းကာလအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ KNU ပူးပေါင်းတပ်ဘက်က ထိခိုက်သေဆုံးမှု ရှိခဲ့သလို စစ်တပ်ဘက်က ဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် အများအပြားသေဆုံးထားပြီး စစ်သုံ့ပန်း၊ လက်နက်ခဲယမ်းနဲ့ စစ်တပ်အချို့ကို တော်လှန်ရေးပူးပေါင်း တပ်ဘက်က သိမ်းဆည်းရခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဓါတ်ပုံ - KNU ၊ ဒူရကစစ်ကြောင်း
ပုံစာ - တနင်္သာရီတိုင်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းများ
https://www.facebook.com/share/p/1GLUxw5NXo/

👍3🤬1
မကွေး မြို့သစ်မြို့နယ်က ကပစ ၁၇ ရဲ့ ကင်းစခန်း ၁ခုကို တိုက်ခိုက်ခဲ့ပြီး စကစ ၅ဦးသေ
BBM - ဖေဖော်ဝါရီ ၂၁
သတင်း - ကိုဘုဏ်း
မကွေးတိုင်း၊မြို့သစ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ကပစ ၁၇ ကာကင်းစခန်းတစ်ခုကို မြို့သစ်ပကဖ က ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ၃နာရီ ၄၅ မိနစ်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
ထိုတိုက်ခိုက်မူ့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးသေခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များက ခဲယမ်းလိုအပ်ချက်ကြောင့် တိုက်ခိုက်မူ့ ပြီးပြီးချင်း အထိအခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့လည်းသိရပါတယ်။
အဆိုပါတိုက်ခိုက်မူ့ကို မကွေးတိုင်း ၊မြို့သစ်
မြို့နယ် ပကဖ တွေ က တိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။
Video-မြို့သစ်မြို့နယ် ပကဖ
https://www.facebook.com/share/v/18H7qxgEp9/
BBM - ဖေဖော်ဝါရီ ၂၁
သတင်း - ကိုဘုဏ်း
မကွေးတိုင်း၊မြို့သစ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ကပစ ၁၇ ကာကင်းစခန်းတစ်ခုကို မြို့သစ်ပကဖ က ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ၃နာရီ ၄၅ မိနစ်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
ထိုတိုက်ခိုက်မူ့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးသေခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များက ခဲယမ်းလိုအပ်ချက်ကြောင့် တိုက်ခိုက်မူ့ ပြီးပြီးချင်း အထိအခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့လည်းသိရပါတယ်။
အဆိုပါတိုက်ခိုက်မူ့ကို မကွေးတိုင်း ၊မြို့သစ်
မြို့နယ် ပကဖ တွေ က တိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။
Video-မြို့သစ်မြို့နယ် ပကဖ
https://www.facebook.com/share/v/18H7qxgEp9/
Facebook
Log in or sign up to view
See posts, photos and more on Facebook.
👍4❤1
ထိုင်းရဲတွေက တရုတ်နှစ်သစ်ကူးပွဲမှာ ခြင်္သေ့အကသမားတွေအဖြစ် ဟန်ဆောင်ပြီး သူခိုးလို့ သံသယရှိသူကို ဖမ်းဆီး
BBM - ဖေဖော်ဝါရီ ၂၂
သတင်း - Richard
ထိုင်းရဲတပ်ဖွဲ့က တရုတ်နှစ်သစ်ကူးပွဲတော်အတွင်း အမေရိကန်ဒေါ်လာ ၆၄၀၀၀ (စင်ကာပူဒေါ်လာ ၈၁၀၀၀) တန်ဖိုးရှိတဲ့ ဗုဒ္ဓဘာသာ ရှေးဟောင်းပစ္စည်းတွေ ခိုးယူမှုနဲ့ စွပ်စွဲခံရသူတစ်ဦးကို ဖမ်းဆီးဖို့အတွက် တရုတ်ရိုးရာ ခြင်္သေ့အကဝတ်စုံကို ဝတ်ဆင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီလ အစောပိုင်းက ဘန်ကောက်မြို့ဆင်ခြေဖုံးရပ်ကွက်မှာ အိမ်ဖောက်ထွင်းမှုတစ်ခုအကြောင်း အစီရင်ခံစာတစ်စောင်ကို လက်ခံရရှိပြီးနောက် အနီနဲ့ အဝါရောင် ခြင်္သေ့ဝတ်စုံဝတ်ဆင်ထားတဲ့ ရဲအရာရှိတွေက ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်မှာ ဖမ်းဆီးခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တစ်ခုအရ ဖောက်ထွင်းမှုအတွင်း “ဗုဒ္ဓဘာသာနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေနဲ့ ၁၂ လက်မ ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ” အပြင် အိမ်ထဲကို အကြိမ်ကြိမ်ဝင်ရောက်ဖို့ ကြိုးပမ်းထားတဲ့ အထောက်အထားတွေ ပါဝင်တယ်လို့ သိရပါတယ်။
ရဲအရာရှိတွေက ဗုဒ္ဓဘာသာဘုရားကျောင်းရဲ့ အနီးအနားရှိ ခြင်္သေ့ကပွဲမှာ အယောင်ဆောင်တာ မပြုလုပ်မီ ရက်သတ္တပတ်များစွာ စောင့်ကြည့်နေခဲ့ကြပါတယ်။
“သံသယရှိသူကို မဖမ်းဆီးခင် အရင်စောင့်ကြည့် နေခဲ့ကြတယ်” လို့ ရဲတွေက ပြောကြားခဲ့ပါတယ်။
ထိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ ရဲအရာရှိတစ်ဦးက နဂါးဝတ်စုံမှ ရုတ်တရက်ထွက်လာပြီး လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကူအညီနဲ့ သံသယရှိသူကို မြေပြင်ပေါ်မှာ ဖိထားခဲ့တယ်လို့ သိရပါတယ်။
သံသယရှိသူမှာ အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ ခိုးမှုတို့နဲ့ပတ်သက်ပြီး ရာဇဝတ်မှုမှတ်တမ်းရှိသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထပ်လောင်းပြောကြားခဲ့ပါတယ်။
Reference-The Strait times
Photo-The Strait times
#bbmnews #bbm #bbmtv #thaipolice #chinanewyear
https://www.facebook.com/share/p/181uS8yNNx/

👍3
စစ်ကောင်စီရဲ့ ခမရ-၄၃၉ နဲ့ ခမရ-၅၉၈ က တပ်သားတွေ KNLA နဲ့KNDO ထံအလင်းဝင်
BBM - ဖေဖော်ဝါရီ ၂၂
သတင်း - ကိုဘုဏ်း
ကရင်အမျိုးသားအစည်းအရုံးရဲ့ ကော်သူးလေ ထိန်းချူပ်နယ်မြေ အတွင်းရှိ လယ်ဒိုမြို့မှာ စစ်ကောင်စီရဲ့ ခနရ - ၄၂၉ နဲ့ ခမရ - ၅၉၈ က တပ်သားတွေ KNDO နဲ့ KNLA ထံ အလင်းဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ စစ်ကောင်စီရဲ့ ပြည်သူစစ်မှုထမ်းအမှတ်စဥ် ၁၃နဲ့ ၁၅ မှာတက်ခဲ့တဲ့ စစ်မှုထမ်းတပ်သားတွေဟာ ခမရ -၄၂၉ မှာ တာဝန်ထမ်းဆောင် င်း KNDO တပ်ရင်း- ၃ ထံ လက်နက်ချခဲ့ကြတာပါ။
လက်နက်ချစစ်ကောင်စီ စစ်မှုထမ်းတွေမှာ သက်လွင်စိုး၊သက်လွင်ဦး၊ချစ်မောင်မောင်၊ချစ်ဝေဖြိုးတို့ဖြစ်ကြတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၂၀ရက်နေ့မှာလည်း ခမရ - ၅၉၈ က စစ်မူ့ထမ်းတပ်သားတွေ ဖြစ်တဲ့ မျိုးဝင်းဇော် ၊သန်းဌေးအောင်၊ကျော်လင်းထက်၊ရဲကျော်သူဝင်း၊တင်မောင်မြင့် ၊ဖိုးသားတို့မှာ KNLA တပ်ရင်း- ၉ထံလက်နက်ချအလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့အတင်းအဓမ္မ စစ်မူထမ်းစေခိုင်းခြင်းခံတဲ့စစ်ကောင်စီတပ်သားတွေအနေနဲ့နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချ အလင်းဝင်နိုင်ကြောင်း ကေအဲန်ယူ၊ ကရင်အမျိူးသားအစည်းအရုံးက ထုတ်ပြန်ကြေငြာထားပါတယ်။
ပုံ - KNU
#bbmnews #bbm #bbmtv #KNLA #KNDO
https://www.facebook.com/share/p/1KJYCeYbm7/

👍5❤1
ပရီးမီးယားလိဂ် ပွဲအများဆုံးကစားသမား ဖြစ်လာခဲ့တဲ့ မေလ်နာ
BBM - ဖေဖော်ဝါရီ ၂၂
သတင်း - David
ဘရိုက်တန်အသင်းက ဝါရင့်ကစားသမား မေလ်နာဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပွဲအများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။
၎င်းဟာ ဘရန့်ဖို့ဒ်ကို ၂-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ပွဲထွက်ကစားပြီး အခုမှတ်တမ်းသစ်ကို ရေးထိုးခဲ့တာပါ။
မိနစ် ၉၀မှာတော့ မေလ်နာကို လူစားလဲချိန် နှစ်ဖက်အသင်းပရိသတ်တွေက လက်ခုပ်သြဘာပေးခဲ့ကြပါတယ်။
မေလ်နာ(၄၀ နှစ်)အနေနဲ့ ကစားသမားဘ၀ ပရီးမီးယားလိဂ် ပွဲပေါင်း ၆၅၄ ပွဲ ရှိလာပြီး ဘယ်ရီ(၆၅၃ ပွဲ)ကို ကျော်ဖြတ်ခဲ့တာပါ။
မေလ်နာဟာ လိဒ်စ်၊ နယူးကာဆယ်၊ အက်စတွန်ဗီလာ၊ မန်စီးတီး၊ လီဗာပူးလ်နဲ့ အခု ဘရိုက်တန်အသင်းတွေမှာ ကစားခဲ့တာဖြစ်တယ်။
၎င်းဟာ ၂၀၂၂ ခုနှစ်က လိဒ်စ်အသင်းနဲ့အတူ ပရီးမီးယားလိဂ် ပွဲဦးထွက်ခဲ့ပြီး ပွဲပေါင်း ၆၅၄ ပွဲမှာ ၅၄ ဂိုး သွင်းယူပေးခဲ့ပါတယ်။
ဒါ့အပြင် ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှုပေါင်း အကြိမ် ၉၀ အထိ ပြုလုပ်ပေးထားခဲ့ပါတယ်။
Photo - Brighton / Premier League
#bbmnews #bbm #bbmtv #brighton #PremierLeague #SportsNews
https://www.facebook.com/share/p/1DJsSyjFXk/

တောင်ကြီးမှာ တစ်လအတွင်း လူငယ် ၅၀ ကျော် ပေါ်တာဆွဲဖမ်းခံရ
BBM - ဖေဖော်ဝါရီ ၂၂
သတင်း- ခွန်း
ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီးမြို့ မှာ ယခု ဖေဖော်ဝါရီလအတွင်း လူငယ်၊ လူလတ်ပိုင်းတွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်ဖြစ်နေပြီး လက်ရှိအချိန်ထိ ဖမ်းခံရသူ ၅၀ ကျော်ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
အခု ပေါ်တာဆွဲတဲ့ပုံစံက အရင်လိုမဟုတ်တော့ဘဲ ညဘက်တွေမှာ Drone နဲ့ အရင်ကြိုကင်းထောက်ကာ လူခြေနည်းပြီး ပတ်ဝန်းကျင်တိတ်ဆိတ်တဲ့နေရာတွေကို ရွေးချယ်ဖမ်းဆီးနေကြတာဖြစ်ပါတယ်။
“အခုက လမ်းမှာ တွေ့လို့ ဖမ်းတာမဟုတ်တော့ဘူး၊ Drone နဲ့ အရင်ကြည့်ပြီးမှ လူကိုရွေးပြီး လာဆွဲတာ၊ Drone နဲ့ ခဏကြာ စောင့်ကြည့်ပြီး probox ၊ wish ကားတွေသုံးပြီး ဘာမှ မအော်ခွင့်မပေးဘဲ ချက်ချင်းဆွဲခေါ်သွားတယ်”လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်ညမှာ ဝါးပြားလမ်းဆုံဘက်က လူ ၈ ယောက်၊ မင်္ဂလာရာမကျောင်းတိုက်နားဘက်က လူ ၅ ယောက် ဖမ်းခံခဲ့ရတယ်လို့ သိရပြီး အဲဒီ ၅ ယောက်ထဲက ၂ ယောက်က လုပ်ငန်းရှင်တွေရဲ့ ဝန်ထမ်းတွေဖြစ်နေလို့ တစ်ယောက်ကို ကျပ်သိန်း ၅၀ ပေးပြီး ညတွင်းချင်း ပြန်ထုတ်နိုင်ခဲ့တယ်လို့လည်း ပြောကြပါတယ်။
နောက်ထပ် မြို့ခံတစ်ဦးက“ဖမ်းခံရသူတချို့ကိုတော့ မိဘတွေက ငွေနဲ့ ပြန်ထုတ်နိုင်တာရှိတယ်။ ငွေမပေးနိုင်တဲ့သူတွေကိုတော့ ရပ်စောက်ဘက် ဗထူးတပ် သင်တန်းကျောင်းအထိ ပို့ထားတယ်။ ဒီလိုတွေကြောင့် သားတွေပါသွားတဲ့ မိဘတွေ စိတ်သောကရောက်နေကြရတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် လူစည်နေတဲ့ စဝ်စံထွန်းစျေးအနီး၊ ချမ်းမြ view point၊ ရွှေတောင်ဘက်၊ ကံသာ နိဗ္ဗာန်လမ်းဆုံ၊ ၂၁၂ စစ်တပ်အနီး၊ ရတနာသီရိနဲ့ မီးပုံပျံကွင်းနားတွေမှာလည်း ဆက်တိုက် ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
လက်ရှိအခြေအနေကြောင့် ညနေ ၆ နာရီခွဲနောက်ပိုင်း ချောင်ကျတဲ့နေရာတွေကို သွားလာတာ၊ delivery ပို့တာတွေမှာ အထူးသတိထားဖို့ မြို့ခံတွေက အချင်းချင်း သတိပေးထားကြပါတယ်။
Photo - Social Media (ပုံဟောင်း)
#bbmnews #bbm #bbmtv #TaungGyi #Shan
https://www.facebook.com/share/p/1ArEeT14Ae/

👎4
NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ ရာထူးမှ နှုတ်ထွက်
BBM - ဖေဖော်ဝါရီ ၂၂
သတင်း - ခက်ဆစ်
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ ဟာ တိုင်ကြားခံရမှုကိစ္စ စစ်ဆေးဆောင်ရွက်မှုတွေအပြီးမှာ ကျန်းမာရေးအခြေအနေကြောင့်ဟုဆိုကာ အမြဲတမ်းအတွင်းဝန်တာဝန်မှ နှုတ်ထွက်ခွင့်တင်ပြထားတယ်လို့ သိရပါတယ်။
NUG ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို တိုင်ကြားတဲ့ ကိစ္စအပေါ် စစ်ဆေးဆောင်ရွက်ချက်တွေနဲ့ အရေးယူဆောင်ရွက်မှုတွေ အပြီး ဒေါ်ကြည်ပြာက ဖေဖော်ဝါရီလ ၂၁ ရက်မှာ အခုလို နှုတ်ထွက်စာတင်ပြခဲ့တာဖြစ်ပါတယ်။
တိုင်ကြားမှု ကိစ္စတွေနဲ့ပတ်သက်ပြီး တာဝန်မှယာယီရပ်နားခံရပြီးနောက် ၃ လတာ စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်မှာ အပြည့်အဝပူးပေါင်းပါဝင်ခဲ့သလို စုံစမ်းစစ်ဆေးရေးရလဒ်လည်း ထွက်ပေါ်လာခဲ့ပြီး မမှန်မကန်စွပ်စွဲထားတဲ့ ကိစ္စတွေလည်း အဖြေပေါ်ပေါက်ခဲ့ပြီ ဖြစ်တယ်လို့ ဒေါ်ကြည်ပြာက ဆိုထားပါတယ်။
လတ်တလောမှာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူရမယ့် အခြေအနေကြောင့် ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်တာဝန်မှ နှုတ်ထွက်ခွင့်ပြုဖို့ တင်ပြခြင်းဖြစ်ကြောင်းနဲ့ တော်လှန်ရေးအောင်တဲ့အထိ တက်နိုင်တဲ့ဘက်မှ ဆက်လက်ကြိုးစား ပါဝင်သွားမယ်လို့လည်း ဒေါ်ကြည်ပြာက နှုတ်ထွက်စာမှာ ဆိုထားပါတယ်။
NUG ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ဦးညီညီမင်းတို့ကို လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ ဆွေမျိုးကောင်းစားရေး၊ အဂတိလိုက်စားခြင်းနဲ့ မလျော်ဩဇာသုံး လွှမ်းမိုးခြယ်လှယ်ခြင်း စတဲ့ စွပ်စွဲချက်တွေနဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၉ ရက်မှာ တိုင်ကြားခံခဲ့ရတာဖြစ်ပါတယ်။
NUG အစိုးရက တိုင်ကြားမှုကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းဆေးပြီးနောက် ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာကို ပြင်းထန်စွာ သတိပေးသွားဖို့၊ ခင်ပွန်းဖြစ်သူ ဦးညီညီမင်း ကိုလည်း ပြင်းထန်စွာသတိပေးသွားဖို့၊ ဦးညီညီမင်းနဲ့ မိသားစုဝင် (တူတော်စပ်သူ) ၂ ဦးကို တာဝန်မှရပ်ဆိုင်းသွားဖို့ အရေးယူဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။
အဆိုပါအမှုကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပြီးနောက်မှာ အရေးယူဆောင်ရွက်ဖို့၊ စာထုတ်ပြန်ဖို့တွေလည်း ဆက်လက်ရှိနေသေးကြောင်း ဖေဖော်ဝါရီလ ၂၁ ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ NUG အစိုးရ ဝန်ကြီးတွေက ပြောကြားခဲ့တဲ့အပြင် အမှုအခင်းဖြစ်စဉ်တွေအပေါ် သုံးသပ်အကြံပြုချက်တွေအရ ရှေ့လုပ်ငန်းစဉ်တွေလည်း ချမှတ်ထားကြောင်း NUG အစိုးရက ထုတ်ပြန်ထားပါတယ်။
Photo - Social Media
#bbm #bbmnews #bbmtv #KyiPyar #NUG
https://www.facebook.com/share/p/178x6213gm/

👍3❤1👏1
ကျိုက်ထိုမှာ စစ်ဘေးရှောင်တစ်သောင်းကျော် အကူအညီလိုအပ်နေ
BBM - ဖေဖော်ဝါရီ ၂၂
သတင်း - ကိုဟန်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ တိုက်ပွဲနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တစ်သောင်းကျော်က နေထိုင်စားသောက်ရေးနဲ့ ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က စစ်ကောင်စီတပ်ဟာ ကျိုက်ထိုမြို့နယ် ခရွဲ၊ ဝင်းကံကျေးရွာတွေဘက်ကို စစ်ကြောင်း ထိုးလာတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။
လက်ရှိ စစ်ကောင်စီစစ်ကြောင်းဟာ ပြန်လည်ဆုတ်ခွာသွားခြင်း မရှိသေးဘဲ ကျေးရွာအနီးမှာ တပ်စွဲတာ၊ လက်နက်ကြီးပစ်ခတ်တာနဲ့ အရပ်သားတွေကို ဖမ်းဆီးမှုတွေ ရှိနေတာကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်တယ်လို့ စစ်ရှောင်ကူညီသူအချို့က BBM ကို ပြောပါတယ်။
“အခုစစ်ရှောင်က သိမ်ဇရပ်ဘက်က များတယ်၊ ရွာနားနီးတဝိုက်မှာ စစ်ကြောင်းက ရှိနေတော့ ဘယ်သူမှ မပြန်ရဲသေးဘူး၊ တော်တော်ဒုက္ခရောက်နေကြတယ်၊ ရာသီဥတုက အရမ်းပူတော့ သောက်ရေတို့ အမိုးအကာတို့ အလိုအပ်ဆုံးပဲ၊ နေရာပြန့်ကျဲရှောင်နေတော့ အကူအညီက လူတိုင်းဆီမရောက်သေးဘူး” လို့ စစ်ရှောင်ကူညီပေးနေသူတဦးက ပြောပါတယ်။
KNU အပါအဝင် စစ်ရှောင်ကူညီနေသူအချို့ ပြောဆိုချက်အရ ကျိုက်ထိုမြို့နယ်ရှိ ခရွဲ၊ ငှက်ပျောတော၊ အလူးလေး၊ အလူးကြီး၊ ဝင်းကံ၊ မုက္ကမော့၊ စစ်ကွင်း၊ ကျောက်ရေတွင်း အစရှိတဲ့ ကျေးရွာ ၂၀ ခန့်က ဒေသခံ (၁၃,၀၀၀)နီးပါးက တောတောင်ဥယျာဉ်ခြံမြေ၊ နီးစပ်ရာ ဆွေမျိုးနေအိမ်နဲ့ စစ်ရှောင်စခန်းအချို့ကို ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေထဲမှာ သက်ကြီးရွယ်အိုနဲ့ ကလေးတွေ အများအပြားပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်လက်ချက်နဲ့ အရပ်သား ၄ ဦးသေဆုံးကာ ၃ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိထားပြီး ဒေသခံနေအိမ်တွေကို ဖောက်ထွင်းကာ ဆိုင်ကာ ၁၅ စီး၊ ဖုန်း၊ ငွေသားနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ခိုးယူသွားတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
“စစ်တပ်က ရွာပြန်ဖို့ အတင်းဖိအားပေးနေတာရှိတယ်၊ မပြန်ရင် အိမ်ကို မီးရှို့မယ်၊ ခြိမ်းခြောက်ထားတာ ရှိတယ်၊ ရွာခံတွေက မပြန်ရဲကြဘူးလေ၊ သူတို့(စစ်တပ်)က ရွာသားတွေပြန်လာရင် ဖမ်းဆီးသတ်ဖြတ်ချင်ရင် လုပ်မှာလေ၊ ကြောက်နေကြတယ်” လို့ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ခံတဦးက ပြောပါတယ်။
လက်ရှိ ကျိုက်ထိုမြို့နယ် KNU ထိန်းချုပ်ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တို့ အကြား နှစ်ဖက်စစ်ရေးတင်းမာနေသလို စစ်တပ်က အင်အားထပ်မံဖြည့်တင်းတာတွေ လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။
အဲဒီစစ်ကောင်စီစစ်ကြောင်းကို ဗိုလ်မှူး အောင်ဇော်မိုး ဦးဆောင်ပြီး ခမရ-၂၊ ခလရ-၈ ပူးပေါင်းတပ်တွေ ပါဝင်တဲ့ စုစုပေါင်း အင်အား ၅၀၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။
“ ဒီ ၉ ရက်နေ့ကတည်းက စစ်ကြောင်းက ပတ်ထိုးနေတာ၊ တရွာဝင် တရွာထွက်ပဲ၊ အခုလည်း မဆုတ်သေးဘဲ သိမ်ဇရပ်မြို့အနားက ရွာတွေမှာ ရှိနေတာ၊ ဖြစ်နေတာက ရှိတယ်၊ ဒီရက်ထဲ ငြိမ်နေပေမဲ့ နှစ်ဖက်စစ်ရေးတင်းမာနေတယ်ပေါ့” လို့ KNU တပ်မဟာ - ၁ လက်အောက် လှုပ်ရှားနေတဲ့ PDF ရဲဘော်တဦးက ပြောပါတယ်။
ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဖြစ်ပွားနေတဲ့ ကျိုက်ထိုမြို့နယ်တိုက်ပွဲမှာ နှစ်ဖက်စလုံးက ထိခိုက်သေဆုံးမှု ရှိတယ်လို့ အတည်ပြုသော်လည်း အရေအတွက် အတိအကျကို ထုတ်ပြန်မယ်လို့ ဆိုပါတယ်။
ဓါတ်ပုံ - KNU
ပုံစာ - ကျိုက်ထိုမြို့နယ်အတွင်း စစ်ဘေးရှောင်များ
#bbmnews #bbm #bbmtv #Kyaikto #mon
https://www.facebook.com/share/p/14VrKFrePiw/

အမတ ၃၄၄ အမြောက်တပ်ရင်းအနီး တိုက်ပွဲပြင်းထန်နေ
BBM - ဖေဖော်ဝါရီ ၂၂
သတင်း - နိုင်နိုင်
ဧရာဝတီတိုင်း၊ ဂွ - ငသိုင်းချောင်း ကားလမ်းပိုင်းရှိမြောက်စမ်းကျေးရွာမှာ တည်ရှိတဲ့ အမြောက်တပ် အမတ (၃၄၄) တပ်ရင်းအနီးကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တို့ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာကြောင့် တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေကြတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က စတင်ကာ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေဟာ အမတ (၃၄၄) တပ်ရင်းအနီးရှိ ကာကင်းစခန်းတစ်ချို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတစ်ချို့ ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
"တိုက်ပွဲကတော့ အခုရက်ပိုင်းမှာ ပိုပြင်းထန်နေတာပါ၊ စစ်ကောင်စီတပ်က အထိနာတော့ လေကြောင်းပစ်ကူတွေ၊ စက်တပ်လေထီးတွေနဲ့ လာရောက်ပစ်ခတ်တာရှိပါတယ်၊ စစ်ကောင်စီတပ်ကတော့ အကျအဆုံးတွေ များပါတယ်၊ အဲတာကြောင့်ပဲ အင်အားတွေ ဆက်ပြီးပို့ဆောင်နေတာလည်း ရှိပါတယ်" လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။
အဆိုပါ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီက အထိနာနေတာကြောင့် ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ တပ်ရင်းကနေ ကားကြီးတွေနဲ့ အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကိုတော့ ပြန်လည်ကယ်ထုတ်နေတာရှိတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း အမတ (၃၄၄) အမြောက်တပ်ရင်းကို စစ်သင်တန်းဆင်း ပြည်သူ့စစ်မှုထမ်း (ပစ) တွေအပါအဝင် စစ်ကောင်စီတပ်သား ၂၀၀ ခန့်ကို ပို့ဆောင်လိုက်ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
AA နဲ့ ပူးပေါင်းတပ်တွေဟာ အမတ (၃၄၄) အမြောက်တပ်ရင်းကို သိမ်းပိုက်နိုင်ဖို့အတွက် ပုသိမ် - မုံရွာလမ်းပိုင်းက စက်စက်ယို၊ စောပြာ စတဲ့ကျေးရွာတွေဖက်ကိုလည်း တိုက်ပွဲတွေဖော်ဆောင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
"အခုရက်ပိုင်း အမတ (၃၄၄) တပ်ရင်းကတော့ လက်နက်ကြီးတွေ အရမ်းကြီးပစ်ခတ်နေတာရှိပါတယ်၊တိုက်ပွဲဖြစ်ပြီးဆိုရင် လက်နက်ကြီးသံတွေ တစ်ရက်လုံးလိုလိုကြားရပါတယ်၊ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေကို ဦးတည်ပစ်ခတ်နေတာ ဖြစ်ပါတယ်" လို့ ငသိုင်းချောင်း ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ် PDF တို့ဟာ ရခိုင်ရိုးမတစ်လျှောက် ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်ထဲက မကျီဇင်ကျေးရွာနဲ့ ဘောမိကျေးရွာတို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ဂွ - ငသိုင်းချောင်းလမ်းပိုင်းက စစ်စခန်း ၁ ခု ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားတယ်လို့ ISP Myanmar ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
အလားတူ AA နဲ့ ပူးပေါင်းတပ်တွေဟာ ဧရာဝတီတိုင်းထဲကို ပြီးခဲ့တဲ့နှစ် ၂၀၂၅ ခုနှစ်၊ နှစ်စပိုင်းမှာ စတင်ထိုးဖောက်ဝင်ရောက်လာတာဖြစ်ပြီး ရေကြည်၊ သာပေါင်း ၊ ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ အင်္ဂပူနဲ့ မြန်အောင်မြို့နယ်တွေအထိပါ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။
https://www.facebook.com/share/p/1DBYSSig2v/

👍6
ဂရင်းလန်းကို ရွေ့လျားဆေးရုံလှေတစ်စင်း(Hospital Boat) စေလွှတ်မယ်လို့ ထရမ့်ပြော
BBM - ဖေဖော်ဝါရီ ၂၂
သတင်း - Richard
သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်း၊ အာတိတ်ကျွန်းနဲ့ သူရယူလိုသော ဒိန်းမတ်နယ်မြေသို့ ဆေးရုံလှေတစ်စင်း စေလွှတ်မယ်လို့ ဖေဖော်ဝါရီလ ၂၁ရက်နေ့က ပြောကြားခဲ့ပါတယ်။
“လူဝီစီယားနားပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး ဂျက်ဖ် လန်ဒရီနဲ့ ပူးပေါင်းပြီး ဂရင်းလန်းကို ဆေးရုံလှေကြီးတစ်စင်း စေလွှတ်မှာဖြစ်ပြီး အဲ့ဒီနေရာမှာ ကုသမှုမခံယူရသေးတဲ့ လူများစွာကို ပြုစုစောင့်ရှောက်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
“မကြာမီ လာမည်” လို့ သမ္မတက ရေတပ်ဆေးရုံသင်္ဘော USNS Mercy ရဲ့ပုံနဲ့အတူ လူမှုမီဒီယာမှာ တင်ခဲ့ပါသေးတယ်။
ထရမ့်အခုလို လုပ်ဆောင်တဲ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အရင်ကတည်းက ဂရင်းလန်းနဲ့ ဒိန်းမတ်နိုင်ငံတို့မှာ အခမဲ့၊ အမျိုးသားပိုင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ ရှိပြီးသားပါ။
CNNက အိမ်ဖြူတော်၊ ဝါရှင်တန်ရှိ ဒိန်းမတ်သံရုံး၊ Landry ရဲ့ရုံး၊ ဒိန်းမတ်အစိုးရနဲ့ Greenland ပါလီမန်တို့ဆီကို အသေးစိတ်အချက်အလက်တွေရရှိဖို့ ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။
ပင်တဂွန်က အဆိုပါမေးခွန်းတွေကို အမေရိကန်မြောက်ပိုင်းကွပ်ကဲမှုဌာနချုပ်ဆီကို လွှဲပြောင်းပေးခဲ့ပြီး အမေရိကန်ရေတပ်ကို မေးခွန်းတွေကို လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
ရေတပ်က မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်းမတုံ့ပြန်ခဲ့ပါဘူး။
ဒီဇင်ဘာလတုန်းက ထရမ့်ဟာ ဂရင်းလန်း ဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခဲ့တဲ့ Landry က “အခုလို အရေးကြီးတဲ့ကိစ္စ”မှာ ထရမ့်နဲ့အတူ “အလုပ်လုပ်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်” လို့ လူမှုမီဒီယာမှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်ရေတပ်မှာ ရွေ့လျားဆေးရုံသင်္ဘော USNS Mercy နဲ့ USNS Comfort တို့ရှိပြီး အဆိုပါပါ ရွေ့လျားဆေးရုံသင်္ဘောတွေဟာ တပ်ဖြန့်ချထားစဉ်အတွင်း တပ်ဖွဲ့ဝင်တွေကို ပံ့ပိုးပေးဖို့အပြင် အမေရိကန်ဘေးအန္တရာယ်ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေအတွက် ဝန်ဆောင်မှုပေးဖို့ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်တုန်းက Covid-19 ကပ်ရောဂါ အပြင်းထန်ဆုံးဖြစ်ပွားနေချိန်မှာ ရေတပ်က အမေရိကန်ပြည်ထောင်စုရဲ့ ဗိုင်းရပ်စ်ကူးစက်မှုဗဟိုချက်ဖြစ်တဲ့ နယူးယောက်မြို့မှာ USNS Comfort ရွေ့လျားဆေးရုံသင်္ဘော ကိုထားရှိပေးခဲ့ပါတယ်။
စစ်ရေးအရ မဟာဗျူဟာကျတဲ့ နေရာမှာတည်ရှိနေတဲ့ ဂရင်းလန်းဟာ ကမ္ဘာပေါ်မှာ လူဦးရေသိပ်သည်းမှုအနည်းဆုံးနိုင်ငံဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးကွန်ရက် အကန့်အသတ်ရှိသောကြောင့် လူဦးရေ ၅၆,၀၀၀ဟ လှေ၊ ရဟတ်ယာဉ်၊ လေယာဉ်တို့နဲ့ ခရီးသွားလာကြရပါတယ်။
ဂရင်းလန်းကျွန်းရဲ့ အနောက်ဘက်ကမ်းရိုးတန်းမှာ Pituffikလို့ ခေါ်တဲ့ အမေရိကန် အာကာသ စစ်အခြေစိုက်စခန်းတစ်ခုရှိပါတယ်။
ထရမ့်ရဲ့ အခုလို ပြောကြားတဲ့အပေါ် ဥရောပမဟာမိတ်တွေက တုန်လှုပ်စေခဲ့ပြီး အဆိုပါ Hospital Boat ပေးပို့တာဟာ အမေရိကန်က ဂရင်းလန်းကို လုံးဝထိန်းချုပ်ဖို့ လိုလားကြောင်း အခိုင်အမာပြောဆိုခဲ့ပြီးနောက် တစ်လအကြာမှာ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
ဇန်နဝါရီလကုန်ပိုင်းမှာ ထရမ့်က နေတိုးအကြီးအကဲနဲ့ ဂရင်းလန်းဆိုင်ရာ “အနာဂတ်သဘောတူညီချက် မူဘောင်” ကို ကြေညာခဲ့ပေမဲ့ အာတိတ်ကျွန်းအပေါ် သူရဲ့ ဆက်လက်စိတ်ဝင်စားမှုဟာ မလျော့သွားခဲ့ပါဘူး။
Reference - CNN World
Photo - CNN World
https://www.facebook.com/share/p/17y5sVw39Q/

👍4
မန္တလေးတိုင်းထဲက NUG မြေအောက်ဆေးရုံကို စစ်တပ်က မိုင်းခွဲဖျက်ဆီး
BBM - ဖေဖော်ဝါရီ ၂၂
သတင်း - Florist
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆောက်လုပ်ထားတဲ့ မြေအောက်ဆေးရုံကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ကနေ သိရပါတယ်။
နွားထိုးကြီးမြို့နယ်ထဲရှိ NUG အစိုးရ ဆောက်လုပ်ထားတဲ့မြေအောက်ဆေးရုံကို ဖေဖော်ဝါရီလ ၁၈ ရက်မှာ စစ်ကောင်စီတပ်သားတွေက ဆေးရုံအတွင်းပိုင်းထိဝင်ရောက်ကာ မိုင်းခွဲဖျက်ဆီးခဲ့ပြီး စစ်တပ်လော်ဘီတယ်လီဂရန် ချန်နယ်တွေကနေလည်း ဆေးရုံဖျက်ဆီးခံခဲ့ရတဲ့ရုပ်သံကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ရက်စွဲနဲ့ ဖော်ပြခဲ့တာတွေ့ရပါတယ်။
စစ်ကောင်စီတပ်က ဆေးရုံကို ဖျက်ဆီးမှုမလုပ်ခင် ၁၀ ရက်လောက်အလို ဖေဖော်ဝါရီလ ဒုတိယအပတ်ကတည်းက ဆေးရုံဝန်ထမ်းတွေနဲ့လူနာတွေကို ပြောင်းရွေ့ထားခဲ့တာကြောင့် လူထိခိုက်မိတာမျိုးတော့ မရှိခဲ့ဘူးလို့ ပြောပါတယ်။
"စစ်တပ်က ၂၀၂၅ နှစ်နှောင်းပိုင်းကလည်းလေကြောင်းနဲ့လာကြဲတယ်၊ အဲဒီကတည်းကဆေးရုံတည်နေရာကို ခန့်မှန်းနိုင်နေပြီ အဲ့နောက်တော့အင်အားရာနဲ့ချီစစ်ကြောင်းဖြန့်ရှာတာ တွေလုပ်လာတယ်၊ ဒီမြေအောက်ဆေးရုံရဲ့ တည်နေရာကို ထောက်လှမ်းရေးဒရုန်းတွေကနေတဆင့်တွေ့သွားတာဖြစ်နိုင်ပါတယ်" လို့လည်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ခုတင် ၁၀၀ ဆန့်မြေအောက်ဆေးရုံကို NUG အစိုးရက ငွေကျပ် သိန်း ၁၂၀၀ ကျော်အကုန်အကျခံဆောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၂၄ နှစ်ကုန်ပိုင်းကစတင်ကာ ကုသရေးလုပ်ငန်းတွေလည်ပတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီတပ်က နွားထိုးကြီးမြောက်ဘက်ခြမ်းက ပြင်စည်-နွားထိုးကြီး-မြင်းခြံလမ်းပိုင်းမှာရှိတဲ့ ရွာတွေကိုအင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီး ရွာတွေကိုမီးရှို့တာတွေလုပ်နေတာကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေ ဘေးလွတ်ရာတွေမှာ ရှောင်တိမ်းနေရတယ်လို့ မြေပြင်အခြေအနေကို သိရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ ညသန်းခေါင်အချိန်ကလည်း မန္တလေးတိုင်း၊ တောင်သာမြို့နယ်ထဲက ရွာတရွာကို စစ်ကောင်စီတပ်က တိုက်လေယာဥ်တစီးနဲ့ ဗုံးသီးကြဲချသွားခဲ့တာကြောင့် ဘုရားစေတီအပေါ် ကျရောက်ပေါက်ကွဲပျက်စီးခဲ့တယ်လို့ သိရပါတယ်။
#bbm #bbmnews #Mandalay #hospital #MilitaryCouncil
https://www.facebook.com/share/p/1Afh78Vtc4/

🤬5👍1👎1