3.48K subscribers
5.58K photos
393 videos
2.88K links
Breaking Brainwashed Media
Download Telegram
ကလေးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ အင်အား ဆက်တိုက်ဖြည့်တင်း

BBM - ဖေဖော်ဝါရီ ၂၀
သတင်း - ကိုအိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ဒုတိယအပတ်မှစ၍ လေကြောင်းနဲ့ အင်အား ဆက်တိုက်ဖြည့်တင်းနေတယ်လို့ မြို့ခံတွေက BBM ကို ပြောပါတယ်။

ကလေးမြို့၊ လေ့ကျင့်ရေးတပ်ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ မန္တလေးတိုင်း၊ တံတားဦး လေတပ်မှ ဆင်းသက်လာတဲ့ ရဟတ်ယာဥ်နဲ့ တပ်အင်အား (၁၀၀) နီးပါးကို ဖြည့်တင်းသွားတယ်လို့ သိရပါတယ်။

"လေဆိပ်မှာ အင်အား ၁၀၀ လောက်ချသွားပြီး Sinotruck ကား (၃)စီးစာ အပြည့်နဲ့ စစ်ကောင်စီတပ်တွေက လေ့ကျင့်ရေးကျောင်းကို ခေါ်သွားပါတယ်၊ သင်တန်းဆင်း ရဲဘော်တွေလို့ ကြားတယ်"လို့ ကလေးမြို့ခံတစ်ဦးက BBM ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်း လေယာဥ်နဲ့ လူအင်အားတွေအပြင် လက်နက်ခဲယမ်းတွေကိုလည်း ဆက်တိုက်ဖြည်းတင်းနေတယ်လို့ သိရပါတယ်။

"ညဘက် လေယာဥ်ဆင်းပြီးဆိုရင် စစ်တပ် လေယာဥ်ပဲ၊ သူတို့က ညဘက်မှ လာတာများတယ်၊ တခါလာပြီဆိုရင် စစ်ကား ၃ စီး၊ ၄ စီးနဲ့ သယ်သယ်သွားတယ်၊ စစ်ကားအပြည့်ပဲ၊ ဒစက၊ လေ့ကျင့်ရေးတပ်ဘက်ကို မောင်းမောင်းသွားတယ်"လို့ နောက်ထပ် ကလေးမြို့ခံတစ်ဦးက BBM ကို ပြောပါတယ်။

စစ်ကောင်စီဟာ ချင်းပြည်နယ်မြောက်ပိုင်းကို ထိုးစစ်ဆင်တဲ့ စစ်ကြောင်းမှာ ကလေးမြို့ကနေ အသုံးပြုတာကြောင့် အခုလို တပ်အင်အားတွေ ဖြည့်တင်းနေတာဖြစ်တယ်လို့ ကလေးစစ်ရေးစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

"တီးတိန်၊ ဖလမ်းဘက် စစ်ကြောင်းမှာ အသုံးပြုဖို့ ကလေးမြို့မှာ အင်အားဖြည့်တင်းတဲ့ သဘောပါ၊ လက်ရှိ ချင်းပြည်မြောက်ပိုင်းမှာ စစ်ကြောင်းထိုးတဲ့ စစစ်ကောင်စီတပ်ဟာ ကလေးမြို့ကဖြစ်ပါတယ်၊ ချင်းမြောက်ပိုင်းမှာ အရေးနိမ့် ထိခိုက်သေဆုံးမှုများပြီး ထပ်မံ အင်အားဖြည့်တင်းနိုင်ဖို့ ကလေးမှာ အင်အားချသွားတာပါ"လို့ ကလေးမြို့နယ်စစ်ရေးစောင့်ကြည့်သူတစ်ဦးက BBM ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နဲ့ ကလေး-သိုင်းငင်း လမ်းတို့ကို ပြန်လည်သိမ်းပိုက်ရေး ၂၀၂၅ ခုနှစ် အောက်တိုဘာမှစပြီး ကလေးမြို့ကနေ ကလေး-ဝေဘူလ- ဖလမ်းနဲ့ ကလေး-သိုင်းငင်း-ဖလမ်း စစ်ကြောင်းထိုးနေတာပါ။

ကလေး-သိုင်းငင်း လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ပေမဲ့ ဖလမ်းမြို့ကို ထိုးစစ်ဆင်ရာ လမ်းတလျှောက် စစ်ကောင်စီတပ်ဟာ ချင်းတော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများပြီး ၅ လနီးပါးကြာထိ မသိမ်းနိုင်သေးပါဘူး။

ဓာတ်ပုံ-လူမှုကွန်ရက်

#bbmnews #bbm #bbmtv #Kalay #Sagaing
https://www.facebook.com/share/p/18GbbLRkvf/
👎3👍2
တောင်ခေါင်းလောင်းရွာ စခန်းသိမ်းနေစဉ် အာရုံလွှဲဖို့ တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စကစ စခန်းကို တိုက်ခိုက်

BBM - ဖေဖော်ဝါရီ ၂၀
သတင်း - Richard

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တောင်ခေါင်းလောင်းရွာစခန်းသိမ်းနေစဉ် အာရုံလွှဲဖို့ တောင်ယာကမ်းကျေးရွာမှာ စစ်ကောင်စီ အင်အား ၄၀ တပ်စွဲထားတဲ့ တပ်စခန်းကို တိုက်ခိုက်ရာ ၃ဦး သေဆုံးခဲ့တယ်လို့ KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၁၇ရက် မနက် ၅နာရီ ၄၀မိနစ်မှာ အဆိုပါ တောင်ယာကမ်းကျေးရွာရှိ တပ် တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ မိနစ် ၂၀အကြာမှာ ပွိုင့်5 သေနတ် တင်ဆောင်လာတဲ့ အင်အား ၈ဦးပါ Vigoကားတစ်စီးမှ စစ်ကူလာပေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က ဒရုန်းနဲ့ ၃ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဘက်က မနက် ၇နာရီခန့်မှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို KNLA Special Forcesအဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရပါတာ်။

Video - KNLA Task Force

#bbmnews #bbm #bbmtv #KNLA #SpecialForces
https://www.facebook.com/share/v/18BXx1cSbv/
👍6
နဂါးရဲ့ BNRA အဖွဲ့မှ သုဘရာဇာနဲ့ ဒေါင်းညိုတို့ကို ဖမ်းမိထိန်းသိမ်းထားကြောင်း ဓါးမဆိုင်းတပ်ဖွဲ့မှ ဗိုလ်စွမ်းထုတ်ပြ

BBM - ဖေဖော်ဝါရီ ၂၀
သတင်း - Richard

စစ်ကောင်စီတပ်ဆီ အညံ့ခံ ပူးပေါင်းသွားတဲ့ နဂါးရဲ့ BNRA အဖွဲ့မှ တကိုယ်တော် သုဘရာဇာနဲ့ ဒေါင်းညိုတို့ကို ဖမ်းမိထားပြီး ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း ဓါးမဆိုင်းတပ်ဖွဲ့မှ ဗိုလ်စွမ်းက လူမှုကွန်ရက်မှာ Video File နဲ့တကွ ဖော်ပြထားပါတယ်၊၊

ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ တကိုယ်တော် သုဘရာဇာနဲ့ ဒေါင်းညိုတို့ကို ဖမ်းဆီးရမိကြောင်း ဓါးမဆိုင်းတပ်ဖွဲ့မှ ဗိုလ်စွမ်းက သူ့ရဲ့ လူမှုကွန်ရက်မှာ Video File နဲ့တကွ ဖော်ပြထားတာပါ၊၊

“သုဘရာဇာ နဲ့ဒေါင်းညို အကောင်းပကတိအတိုင်းပါ၊ အကြောက်တရားနဲ့ သွေးမခွဲပါနဲ့၊
ဖြူစင်တဲ့နှလုံးသားနဲ့ လူလိုဆက်ဆံထားပါတယ်” လို့ ဓါးမဆိုင်းအဖွဲ့မှ ဗိုလ်စွမ်းက ဆိုပါတယ်။

အဆိုပါ တကိုယ်တော် သုဘရာဇာနဲ့ ဒေါင်းညိုတို့ကို မဖမ်းမိခင်က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ PDF တပ်ရင်း၊ တပ်ဖွဲ့တွေက ရှင်းလင်းလိုက်ပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်၊၊

အဆိုပါသတင်းထွက်ပေါ်နေတဲ့အ‌ပေါ် ဓါးမဆိုင်းတပ်ဖွဲ့မှ ဗိုလ်စွမ်းနဲ့ ပုလဲသားတို့က သူတို့ သေဆုံးခြင်းမရှိကြောင်း ရုပ်သံမှတ်တမ်းနဲ့ စာများရေးသားပြီး ဖေ့ခ်ဘွတ်ခ် စာမျက်နှာမှတဆင့် အသိ‌ပေးထားကြပါတယ်။

လက်ရှိမှာ BNRA တပ်ဖွဲ့ ခေါင်းဆောင် နဂါးဟာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ မိသားစုတွေ ခေါ်ဆောင်ပြီးတော့ လက်နက် (၆) လက်နဲ့အတူ စစ်ကောင်စီထံ အညံ့ခံ ပူးပေါင်းသွားတာဖြစ်ပြီး သူရဲ့ တပ်ဖွဲ့၀င် ၁၅၀ ကျော်ဟာလည်း PDF နဲ့ ပကဖ တွေဆီကို လာရောက်အဖမ်းခံတာတွေ၊ ပူးပေါင်း ဆောင်ရွက်တာတွေနဲ့ လက်နက်အပ်နှံတာတွေ ပြုလုပ်ခဲ့တာလည်း ရှိပါတယ်။

အလားတူ BNRA နဲ့ စစ်ရေးတာဝန်ခံ ကိုလတ်နဲ့ ကိုဖြိုးဆိုသူတွေဟာလည်း ဗိုလ်နဂါး စစ်ကောင်စီတပ်နဲ့ ပူးပေါင်းသွားပြီးနောက်ပိုင်း ထွက်ပြေးလွတ်မြောက်နေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Video - ဗိုလ်စွမ်း
https://www.facebook.com/share/v/1AW95ewbSK/
👍4👎2
AA သိမ်းထားတဲ့ ပွိုင့် ၆၆၆ စခန်းကုန်းကို စစ်ကောင်စီက ကပစ စက်ရုံတွေကနေ စစ်အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်နေ

BBM - ဖေဖော်ဝါရီ ၂၀
သတင်း - နိုင်နိုင်

အာရက္ခတပ်တော် AA သိမ်းထားတဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်တပ်နယ်ရှိ ပွိုင့် ၆၆၆ စခန်းကုန်းကို ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် စစ်ကောင်စီတပ်က ကပစ စက်ရုံတွေကနေ အင်အားတွေဖြည့်တင်းကာ စစ်ကြောင်းထိုး ထိုးစစ်ဆင်တိုက်ခိုက်လာနေတယ်လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဥသျှစ်ပင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာအခြေစိုက် ကပစ ၆ စက်ရုံကနေ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ AA သိမ်းထားတဲ့ ညောင်ကျိုးနဲ့ ပွိုင့် ၆၆၆ စခန်းကို ထိုးစစ်ဆင်လာနေတာဖြစ်ပြီး မသုန်ကျေးရွာအနီးရှိ ကပစ ၁၆ စက်ရုံကလည်း စစ်ကောင်စီအင်အား အများအပြားပါ စစ်ကြောင်းဟာ ပွိုင့် ၆၆၆ စခန်းကို ပြန်လည်ရရှိဖို့အတွက် စစ်ကြောင်းထိုး ထိုးစစ်ဆင်တိုက်ခိုက်လာနေတယ်လို့ စစ်ရေးအခြေအနေကို သိရှိတဲ့ AA စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

" AA သိမ်းထားတဲ့ ပွိုင့် ၆၆၆ တို့ ညောင်ကျိုးဖက်တွေကိုတော့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာရှိပါတယ်၊ ကပစ စက်ရုံတွေကပဲ စစ်ကြောင်းထိုးနေတာပါ၊ ကပစ ၆ က ဆိုရင်တော့ ညောင်ကျိုးဘက်ရယ်၊ ပွိုင့် ၆၆၆ ဘက်တွေကိုတော့ ထိုးနေတာရှိပါတယ်၊ ကပစ ၁၆ စက်ရုံကတော့ ပွိုင့် ၆၆၆ စခန်းကုန်းကို ဦးတည်ပြီး ထိုးနေတာပါ၊ အခုတော့ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတာရှိပါတယ် " လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

ဥသျှစ်ပင်တိုက်နယ်အတွင်းမှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ဟာ ပွိုင့် ၆၆၆ စခန်းကုန်းနဲ့ ပွိုင့် ၅၀၈ စခန်းကုန်းကြားတွေမှာ နှစ်ဘက်အပြန်အလှန် စစ်ဆင်ရေးတွေပြင်ဆင်ကာ စစ်ရေးတွေတင်းမာနေကြတယ်လို့လည်း သိရပါတယ်။

ပွိုင့် ၆၆၆ စခန်းကုန်းအနီးမှာ နှစ်ဘက်တိုက်ပွဲတွေကြောင့်ပဲ စစ်ကောင်စီတပ်ဟာ လေကြောင်းကို အဓိကအသုံးပြုကာ တိုက်ခိုက်လာနေတာကြောင့် ရခိုင်ရိုးမပေါ်ရှိတောင်ကုန်းတစ်ချို့မှာ တောမီးလောင်မှုတွေ ဖြစ်ပွားနေကြတယ်လို့လည်း သိရပါတယ်။

"ပွိုင့် ၆၆၆ နဲ့ ပွိုင့် ၅၀၈ ကြားမှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ နေရာဖြန့်ပြီးတော့ စစ်ဆင်ရေးတွေ ပြင်ဆင်နေတာရှိပါတယ်၊ အခုကတိုက်ပွဲတွေကြောင့် ရိုးပေါ်မှာ တောမီးတွေတော်တော်များများ မီးလောင်နေတာရှိပါတယ်" လို့ အဆိုပါ စစ်ရေးအခြေအနေကို သိရှိသူတစ်ဦးက BBM ကို ပြောပါတယ်။

အလားတူ စစ်ကောင်စီတပ်ဟာ မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့ကနေလည်း ကားကြီးတွေနဲ့ လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ ကပစ စက်ရုံတွေဘက်ကို စစ်အင်အား ဖြည့်တင်းမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဥသျှစ်ပင်တပ်နယ်ရှိ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသွားကြတဲ့သူတွေကိုလည်း ရွှေတောင်မြို့ရှိ ကုတင် ၁၀၀ ဆံ့ ဆေးရုံကြီးကို ဆေးကုသဖို့ခံယူဖို့အတွက် ပို့ဆောင်နေပြီး ပြင်းထန်ဒဏ်ရာရရှိတဲ့သူတွေကိုတော့ ရန်ကုန်မြို့ကို ထပ်မံပို့ဆောင်နေကြတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်တပ်နယ်အတွင်း အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဟာ ကစပ ၆ စက်ရုံနဲ့ ၇ မိုင်အကွာ၊ ကစပ ၁၆ စက်ရုံနဲ့ ၆ မိုင်ခန့်အကွာအထိကို ရောက်ရှိလာနေတာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ပဲခူးတိုင်းမှာ ကပစ စက်ရုံ ၇ ရုံ ရှိနေတာဖြစ်ပြီး ပြည်မြို့နယ်မှာ ကစပ ၃၊ ၇၊ ၁၉ စက်ရုံတို့ရှိနေသလို ဥသျှစ်ပင်မြို့နယ်မှာတော့ ကပစ ၅၊ ၆၊ ၉ နဲ့ ၁၆ စက်ရုံတို့ တည်ရှိနေတာလည်း ဖြစ်ပါတယ်။

ပုံစာ - ပုံဟောင်း

#bbmnews #bbm #bbmtv #AA #Bago
https://www.facebook.com/share/p/1DjCzofNXT/
👍6
NUG ထိန်းချုပ်ထားတဲ့ ခမ်းပတ်မြို့မှာ လူနေအိမ်မီးလောင်မှုဖြစ်ပွားပြီး အမျိုးသမီး ၂ ဦး သေဆုံး

BBM - ဖေဖော်ဝါရီ ၂၀
သတင်း - ကိုအိုက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့မှာ လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသက် (၈၀) ကျော်အရွယ် အိမ်ရှင်အမျိုးသမီးကြီးအပါအဝင် အမျိုးသမီး ၂ ဦး မီးထဲပိတ်မိကာ သေဆုံးသွားခဲ့တယ်လို့ မြို့ခံတွေက BBM ကို ပြောပါတယ်။

မီးလောင်မှုဟာ မနေ့က ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ ည ၈ နာရီခန့်အချိန်မှာ ခမ်းပတ်မြို့၊ အမှတ် (၃) ရပ်ကွက်ရှိ လူနေအိမ်တစ်လုံးမှာ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီမီးလောင်ကျွမ်းမှုကြောင့် နေအိမ်အတွင်းရှိနေတဲ့ အိမ်ရှင်အမျိုးသမီးနှစ်ဦးစလုံး အပြင်သို့ ထွက်ခွာနိုင်ခြင်းမရှိဘဲ သေဆုံးခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

မီးလောင်မှုအတွင်း သေဆုံးသွားသူတွေမှာ အသက် (၈၀) ကျော် ဒေါ်ဟွေ့နဲမ်နဲ့ ယောင်းမဖြစ်သူ ဒေါ်ဆွန့်ညင်းတို့ ဖြစ်ကြပါတယ်။

"မီးလောင်မှုက သူတို့နှစ်ယောက်နေတဲ့ အိမ်တစ်လုံးတည်းမှာ လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်၊ အနီးနားရှိ အခြားနေအိမ်တွေ ကူးစက်လောင်ကျွမ်းခြင်းမရှိခင် ငြိမ်းသတ်နိုင်ခဲ့တယ်"လို့ ခမ်းပတ်မြို့ခံတစ်ဦးက BBM ကို ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားချိန်မှာ ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြပြီး အိမ်အတွင်း ပိတ်မိနေတဲ့ အမျိုးသမီးကြီးနှစ်ဦးကို ကယ်ထုတ်ဖို့ ကြိုးပမ်းခဲ့ကြပေမဲ့ မီးဟုန်ပြင်းထန်မှုကြောင့် ကယ်ထုတ်နိုင်ခြင်းမရှိဘဲ မီးငြိမ်းသွားချိန်မှာ ရုပ်အလောင်းတွေကိုသာ ပြန်လည်တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ အသေးစိတ် မသိရှိရသေးဘဲ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးဆဲ ဖြစ်ပါတယ်။

Photo - ပေးပို့

#bbmnews #bbm #bbmtv #NUG #sagaing
https://www.facebook.com/share/p/1CMACP1fQJ/
👎3😢2
ဂါဇာမှာ ဘောလုံးနဲ့ပတ်သက်တဲ့ စီမံကိန်းများအတွက် FIFA ဒေါ်လာ သန်း ၅၀ ထောက်ပံ့မယ်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဟာ ဂါဇာမှာ ဘောလုံးနဲ့ပတ်သက်တဲ့ စီမံကိန်းများအတွက် ဒေါ်လာ သန်း ၅၀ ထောက်ပံ့လှူဒါန်းပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

အစ္စရေး-ဟားမက်စ် နှစ်နှစ်ကျော်ကြာ စစ်ပွဲအတွင်း ဂါဇာမှာ အခြေခံအဆောက်အဦ အတော်များများ ပျက်စီးခဲ့ရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်တဲ့ ဂါဇာငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကြာသပတေးနေ့က ပြုလုပ်ခဲ့ပြီး FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုလည်း တက်ရောက်ခဲ့တာပါ။

အင်ဖန်တီနိုက ''ကျွန်တော်တို့ဟာ နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ လမ်းတွေကို ပြန်မတည်ဆောက်နိုင်သေးပါဘူး။ ဒါပေမဲ့ လူတွေ၊ စိတ်ခံစားမှု၊ မျှော်လင့်ချက်နဲ့ ယုံကြည်ချက်ကို ပြန်တည်ဆောက်ပေးရမယ်။ ဒါဟာ ကျွန်တော့်အားကစားဖြစ်တဲ့ ဘောလုံးဆိုတဲ့
အကြောင်းပဲဖြစ်ပါတယ်''လို့ ပြောကြားခဲ့ပါတယ်။

FIFA ဟာ ပရိသတ် ၂၀၀၀၀နဲ့ ၂၅၀၀၀ ဝင်ဆံ့တဲ့ အမျိုးသားအားကစားကွင်းတစ်ကွင်း၊ ဘောလုံးအကယ်ဒမီတစ်ခု တည်ဆောက်ပေးဖို့ လျာထားပါတယ်။

ဒါ့အပြင် ဘောလုံးကွင်းအသေး ကွင်း ၅၀ အတွက် ဒေါ်လာ ၂.၅ သန်း၊ ကွင်းကြီး ၅ ကွင်းအတွက် ဒေါ်လာ ၁ သန်းစီ ထပ်မံထည့်ဝင်မှာ ဖြစ်ပါတယ်။

Photo - Social Media

#bbmnews #bbm #bbmtv #FIFA #SportsNews #Trump
https://www.facebook.com/share/p/1FQVoh6wqb/
👍10
ချင်းအမျိုးသားနေ့မှာ ဖလမ်းမြို့နယ်ကို စစ်ကောင်စီ ဗုံးသီးအလုံး ၅၀ ကျော်နဲ့ တိုက်ခိုက်

BBM - ဖေဖော်ဝါရီ ၂၀
သတင်း - ကိုအိုက်

ချင်းလူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ချင်းအမျိုးသားနေ့ ကျရောက်တဲ့ ဒီနေ့မှာ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ ကျေးရွာ ၆ ရွာကို စစ်ကောင်စီက ဗုံးသီး ၅၀ ကျော်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ ၂၀ ရက်၊ မနက် ၁၀ နာရီ ၄၀ မိနစ်ဝန်းကျင်မှ စတင်ပြီး စစ်ကောင်စီတပ်ဟာ ဖလမ်းမြို့နယ်အတွင်းရှိ တိုက်ပွဲမရှိတဲ့ ကျေးရွာတွေကို L-410 UVP-E20 လေယာဉ်နဲ့ တပြိုင်နက်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

လေကြောင်း တိုက်ခိုက်ခံရတဲ့ ကျေးရွာတွေမှာ ဖလမ်းမြို့နယ်၊ ဇာလိုင်၊ လိုင်ကွာ၊ ရမ်ထလို၊ တလန်ရောန်၊ တလန်ဇာ၊ တားလ် စတဲ့ကျေးရွာတွေဖြစ်ကြပါတယ်။

"ဗုံးကြဲခံရတဲ့ ရွာတွေက ဖလမ်းမြို့အရှေ့ဘက်နဲ့ တောင်ဘက်မှာရှိတဲ့ ရွာတွေပါ၊ တစ်ရွာပြီး တစ်ရွာ တပြိုင်နက် တိုက်ခိုက်သွားတာပါ၊ ဗုံးသီး ၅၀ ကျော်နဲ့ တိုက်ခိုက်သွားပါတယ်၊ တချို့ရွာတွေက စစ်ကောင်စီ စစ်ကြောင်းထိုးလို့ လူမရှိဘူး၊ တချို့ရွာမှာက လူနည်းနည်းရှိတယ်"လို့ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

အဆိုပါ လေကြောင်းဗုံးကြဲမှုကြောင့် ကျေးရွာတွေအတွင်း ထိခိုက်ပျက်စီးမှုတွေ ရှိနေပေမဲ့ လက်ရှိမှာ ဆက်သွယ်ရေး ခက်ခဲမှုနဲ့ မြေပြင်အခြေအနေတွေကြောင့် လူထိခိုက်မှုနဲ့ နေအိမ်ပျက်စီးမှု အသေးစိတ်ကို အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်ဟာ ချင်းအမျိုးသားနေ့ မတိုင်မီ မနေ့က ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာလည်း ဟားခါးမြို့နယ်နဲ့ ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Photo - ပုံအဟောင်း

#bbmnews #bbm #bbmtv #ChinNationalDay #Falam
https://www.facebook.com/share/p/1GyhQ3KNcP/
👍4😡41
လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းဖို့ ချင်းတိုင်းရင်းသားတွေအပါ ပြည်သူအကုန် ၎င်းတို့အစိုးရနဲ့ပူးပေါင်းရန် မင်းအောင်လှိုင်ပြော

🟥ချင်းပြည်နယ်အပါ နိုင်ငံအတွင်းအဖျက်လုပ်ငန်းများရှိနေပြီး နိုင်ငံတော်အတွက် အလွန်အန္တရာယ်ကြီးမားလို့လည်းဆို

BBM-ဖေဖော်ဝါရီ၂၀
သတင်း-မင်းသော်

လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းဖို့ ချင်းတိုင်းရင်းသားတွေသာမက အခြားတိုင်းရင်းသား ပြည်သူတွေအကုန်၎င်းတို့အစိုးရနဲ့ပူးပေါင်းရန်နဲ့ချင်းပြည်နယ်အပါ နိုင်ငံအတွင်းအဖျက်လုပ်ငန်းများ များစွာရှိနေတာကြောင့် နိုင်ငံတော်အတွက် အလွန်အန္တရာယ်ကြီးမားနေတယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဆိုပါတယ်။

ဒီနေ့ကျရောက်တဲ့ ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားအတွက် သဝဏ်လွှာပေးပို့ရာမှာ အထက်ပါအတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောထားပါတယ်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုတွေဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနဲ့ နိုင်ငံတည်ဆောက်ရေးတွေအတွက် အရေးပါတာကြောင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို ချင်းတိုင်းရင်းသားတွေအပါ အခြားတိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံတော်အစိုးရနဲ့အတူ လက်တွဲကြိုးပမ်းဖော်ဆောင်ကြရန် အလေးအနက်ထား တိုက်တွန်းတယ်လို့ အဆိုပါသဝဏ်လွှာအတွင်းပါရှိပါတယ်။

ဒါတင်မက အခုချိန်မှာ ချင်းပြည်နယ်ရဲ့ နေရာဒေသအချို့အပါ နိုင်ငံအတွင်း ဆူပူအကြမ်းဖက်မှုတွေ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုတွေ၊ နိုင်ငံကို ပြိုကွဲပျက်စီးစေမဲ့ အဖျက်လုပ်ရပ်များစွာရှိနေပြီး နိုင်ငံတော်အတွက် အလွန်အန္တရာယ်ကြီးမားလှတာကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား နှစ်ပေါင်းထောင်ချီနေတဲ့ သံယောဇဉ်နဲ့ ချစ်ကြည်ရင်းနှီးမှုတွေကို ဖြိုခွဲဖျက်ဆီးနေတဲ့ ပြည်တွင်းပြည်ပအဖျက်အင်အားစုတွေရဲ့ သွေးခွဲရန်တိုက်ပေးမှု၊ ကျဉ်းမြောင်းတဲ့ လူမျိုးရေးအယူဝါဒ သွတ်သွင်းနေမှုတွေကို အထူးသတိပြုကာကွယ်ကြရန်လိုအပ်တယ်လို့လည်း ၎င်းကဆိုပါတယ်။

ဒါ့အပြင် ချင်းတိုင်းရင်းသားတွေအနေနဲ့ သမိုင်းစဉ်ဆက် ရှိရင်းစွဲဖြစ်တဲ့ ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကို အရင်းတည်ပြီး ချင်းပြည် နယ်အကျိုး၊ ပြည်ထောင်စုအကျိုးကို ဆက်လက် ထမ်းဆောင်နိုင်ကြစေကြောင်းလည်း ဆုမွန်ကောင်းတောင်းတယ်လို့ မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။

Photo-စစ်ခေါင်းဆောင်မင်းအောင်လှိုင်
https://www.facebook.com/share/p/187eggdKCm/
🤬4😁21👎1🖕1
လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြိမ်ပြုလုပ်တဲ့ကြားမှ သရက်ခရိုင် အမှတ်(၄)တပ်ရင်းရဲ့ စစ်သင်တန်းပြီးဆုံး

BBM-ဖေဖော်ဝါရီ ၂၀
သတင်း-မင်းသော်

စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုတွေ၊ လေကြောင်းဗုံးကြဲမှုတွေ အကြိမ်ကြိမ်ပြုလုပ်ရုံသာမက မြေပြင်က စစ်ကြောင်းထိုးတာတွေပြုလုပ်ခဲ့တဲ့ကြားမှ သရက်ခရိုင် အမှတ်(၄) တပ်ရင်းရဲ့ စစ်သင်တန်းပြီးဆုံးအောင်သင်ကြားနိုင်ခဲ့တဲ့အပြင် သင်တန်းဆင်းပွဲလည်း ပြုလုပ်
နိုင်ခဲ့တယ်လို့ အဆိုပါတပ်ရင်းရဲ့ထုတ်ပြန်ချက်
အရ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ လေကြောင်းမှ ဂျက်ဖိုက်တာနဲ့ ၁၂ ကြိမ်၊ Y12 နဲ့ ဗုံးသီးအလုံး ၂၀ ခန့်ထိ ကြဲချတိုက်ခိုက်ခဲ့ရုံသာမက မြေပြင်မှလည်း စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာတွေ ပြုလုပ်ခဲ့ပေမဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁၂)ရဲ့ လေ့ကျင့်ရေးတွေကို ပြီးဆုံးအောင် သင်ကြားနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း အဆိုပါသင်တန်းရဲ့ သင်တန်းဆင်းပွဲကို အလံတော်အလေးပြုခြင်း၊ သင်တန်းဆင်းရဲဘော်များက အလံကိုင်ကတိသစ္စာသီဆိုခြင်းများ အကျဥ်းချုပ်ပြုလုပ်ပြီး အခမ်းအနားကိုအောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါတင်မက အခက်အခဲတွေကြားက စည်းလုံးညီညွတ်စွာနဲ့ သင်တန်းပြီးဆုံးတဲ့အထိ ကျရာတာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော်တွေအားလုံးကို လေးနက်စွာဂုဏ်ပြုကြောင်းလည်း သရက်ခရိုင် အမှတ်(၄)တပ်ရင်း က သတင်းထုတ်ပြန်ထားပါတယ်။

Video-သရက်ခရိုင် အမှတ်(၄)တပ်ရင်း
https://www.facebook.com/share/r/1AaryCrMpg/
👍4👎3👏1🫡1
မကြည်ပြာနဲ့လသူ့ခင်ပွန်းအမှုကိစ္စတို့မှ တွေ့ရှိချက်များကို NUG မှ အွန်လိုင်းသတင်းစာရှင်းလင်းပွဲပြုလုပ်မည်

BBM-ဖေဖော်ဝါရီ၂၀
သတင်း-မင်းသော်

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG )ရဲ့ အမြဲတမ်းအတွင်းဝန် မကြည်ပြာနဲ့ ၎င်းရဲ့ခင်ပွန်းဖြစ်သူတို့ရဲ့ အမှုကိစ္စနဲ့ပတ်သတ်ပြီး အွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်မယ်လို့ NUG မှ ဒီနေ့မှာ ထုတ်ပြန်ကြေငြာထားပါတယ်။

မကြည်ပြာနဲ့ ၎င်းခင်ပွန်းတို့ တိုင်ကြားမှုနဲ့ပတ်သတ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့တွေ့ရှိချက်တွေ၊ သုံးသပ်ချက်တွေနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်တွေရဲ့ ဆောင်ရွက်ချက်တွေကို ပြည်သူလူထုကို အစီရင်ခံတင်ပြနိုင်ဖို့ သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဆိုပါသတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ (မနက်ဖြန်) နေ့လယ်(၁)နာရီမှာ စတင်မှာဖြစ်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ၊ PVTV(Public Voice Television)နဲ့ သတင်းမီဒီယာတချို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေကတဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့လည်း NUG အစိုးရက ဆိုထားပါတယ်။

မကြည်ပြာကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၉ရက်နေ့ကတည်းက ကိုဖြိုးအပါ လူပုဂ္ဂိုလ်၁၂ ဦးက အဂတိလိုက်စားမှု၊လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် အရေးယူပေးဖို့ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH) ဥက္ကဌနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်တို့ကို လိပ်မူပြီးတိုင်ကြားခဲ့ပေမဲ့ NUGစုံစမ်းရေးအဖွဲ့က မကြည်ပြာအပေါ် တရားစွဲဆို အရေးယူရန်နဲ့ ရာထူးမှ ထုတ်ပယ်ရန် လုံလောက်တဲ့ အချက်အလက်မတွေ့တာကြောင့် ဝန်ထမ်းတွေအပေါ် ချိုသာစွာဆက်ဆံရန်သာ သတိပေးကြောင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါထုတ်ပြန်ချက်နဲ့ပတ်သတ်ပြီး ပြည်သူလူ ထုကြား ပြင်းထန်စွာဝေဖန်မှုတွေရှိခဲ့သလို NUG ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့ ၊ လွတ်လပ်သောCDM နိုင်ငံဝန်ထမ်းထုအဖွဲ့နဲ့ အခြားတော်လှန်ရေးအဖွဲ့အစည်းများစွာက NUGအနေနဲ့ စုံစမ်းစစ်ဆေးရေးဆိုင်ရာ သက်သေခံတွေကို ပြည်သူရှေ့ ပွင့်လင်းစွာချပြပြီး စစ်ဆေးမှုအတွင်း လိုအပ်ချက်ရှိပါကလည်း ပြန်လည်သုံးသပ်ရန် တိုက်တွန်းကြောင်းထုတ်ပြန်တာတွေပြုလုပ်ခဲ့ပြီးနောက် NUG အစိုးရက အဆိုပါအမှုကို သတင်းစာရှင်းလင်းပွဲလုပ်မယ်ဖြစ်ကြောင်း ယခုကဲ့သို့ ကြေငြာခဲ့ခြင်းဖြစ်ပါတယ်။

Photo-မကြည်ပြာ
https://www.facebook.com/share/p/17y9vq2QAR/
👍6👎1
🟥 မြစ်ကြီးနားလေဆိပ်မှ စကစ လူကြီးပိုင်းလိုက်ပါမဲ့ လေယာဥ်တစ်စီး ဒရုန်းမှန်ပြီး အမြီးပိုင်းထိ

BBM-ဖေဖော်ဝါရီ၂၀
သတင်း-မင်းသော်

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်မှ စစ်ကောင်စီရဲ့ လူကြီးပိုင်းလိုက်ပါမဲ့ လေယာဥ်တစ်စီး ဒရုန်းမှန်ပြီးတဲ့နောက် အမြီးပိုင်းထိခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၀ရက် (ဒီနေ့)ည ၈ နာရီအကျော်မှာ မြစ်ကြီးနားလေဆိပ်မှ ထွက်ခွါရန် ပြင်ဆင်ထားတဲ့ MNA လေကြောင်းလိုင်းမှ ခရီးသည်လေယာဥ်တစ်စီး ဒရုန်းထိမှန်ခြင်းဖြစ်တယ်လို့လည်း ကနဦးသိရှိရပါတယ်။

အဆိုပါလေယာဥ်အတွင်း စစ်ကောင်စီဘက်မှ လူကြီးပိုင်းတစ်ဦး လိုက်ပါမှာသေချာပေမဲ့ မည်သည့်အဆင့်နဲ့ ရာထူးဆိုတာကို အတည်ပြုလို့မရသေးဘူးဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။

"မြစ်ကြီးနားမှာ အကောင်ကြီးတစ်ကောင်ပြန်ပါသွားမဲ့ MNA လေယာဥ်ကိုပစ်ချတာ၊ မပျက်ကျပေမဲ့ တော်တော်ထိသွားတယ်ကြားတယ်၊ အကောင်ကြီးက ဘယ်သူလဲတော့ တိတိကျကျမသိပေမဲ့ တော်တော်တော့ ကြီးမယ်၊ လုံခြုံရေးကြပ်ပြီး ကလေးတွေကို တိုင်းရင်းသားဝတ်စုံနဲ့ကြိုခိုင်းတာဆိုတော့"

ဒါ့အပြင် မြစ်ကြီးနားမြို့အတွင်း ပြီးခဲ့တဲ့ ဖေဖော် ဝါရီ ၁၈ ရက်နေ့ကတည်းက လူကြီးလမ်းကြောင်းရှိတာကြောင့် လုံခြုံရေးတင်းကြပ်ထားတဲ့အပြင် ယနေ့ညပိုင်းမှာ ပြန်ဖို့ရှိတယ်ဆိုတဲ့သတင်းလည်းထွက်ပေါ်နေတာကြောင့် အခုကဲ့သို့ ဒရုန်းနဲ့တိုက်ခိုက်ခံရခြင်းဖြစ်ပုံရတယ်လို့လည်း အဆိုပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

"မြစ်ကြီးနားမှာက နှစ်ရက်ရှိပြီ လူကြီးလာမှာမို့ လုံခြုံရေးကြပ်ထားတာ ဒီနေ့ညပြန်မှာကြားတာ အဲ့ဒါမို့ Drone နဲ့ဆော်ပုံရတယ်"

အဆိုပါဒရုန်းတိုက်ခိုက်မှုနဲ့ပတ်သတ်ပြီး မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကို အခုချိန်ထိ မသိရှိရသေးဘဲ မြစ်ကြီးနားလေဆိပ်တစ်ဝိုက် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေကို လက်ရှိအချိန်ထိ ကြားနေရတယ်လို့လည်း ဒေသခံတွေရဲ့အဆိုအရ သိရပါတယ်။

Photo-ဒရုန်းထိမှန်ထားတဲ့ လေယာဥ်အမြီးပိုင်း
https://www.facebook.com/share/p/1N3mCAC4RN/
👍11
အီရန်မှာ ဗြိတိန်စုံတွဲကို ထောင်ဒဏ် ၁၀ နှစ်ထောင်ဒဏ်ချမှတ်မှု ဗြိတိန်ရှုတ်ချ

BBM - ဖေဖော်ဝါရီ ၂၁
သတင်း - Richard

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Yvette Cooper က အီရန်နိုင်ငံက ဗြိတိသျှစုံတွဲတစ်တွဲကို Spyလုပ်မှုနဲ့ ထောက်ဒဏ် ၁၀ နှစ်ပြစ်ဒဏ်ချမှတ်တာကို “လုံးဝတရားမျှတမှုမရှိ” လိို့ ဖေဖော်ဝါရီလ ၁၉ရက်‌နေ့က ရှုတ်ချခဲ့ပါတယ်လို့ CNN Worldမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဗြိတိန်အစိုးရအနေနဲ့ အဆိုပါ စုံတွဲ လွတ်မြောက်ရေးအတွက် ဆက်လက်ဖိအားပေးသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Craig နဲ့ Lindsay Foreman တို့စုံတွဲဟ။ အီရန် နိုင်ငံရဲ့ နေရာအတော်များများမှာ သတင်းအချက်အလက်တွေ စုဆောင်းနေတယ်လို့ အီရန်ကစွပ်စွဲပြီးနောက် သူလျှိုမှုနဲ့ တရားစွဲဆိုခံခဲ့ရတာပါ။

“Craig နဲ့ Lindsay Foreman တို့စုံတွဲကို UKနိုင်ငံကို ဘေးကင်းကင်းနဲ့ ပြန်ရောက်ပြီး သူတို့ရဲ့ မိသားစုနဲ့ ပြန်လည်ပေါင်းစည်းနိုင်တဲ့အထိ အီရန်အစိုးရနဲ့အတူ အဆိုပါ အမှုကို အဆက်မပြတ်ဆက်လက်ဆောင်ရွက်သွားပါမယ်” လို့ Cooper က ကြေညာချက်တစ်စောင်မှာ ပြောကြားခဲ့ပါတယ်။

အဆိုပါ Foremanစုံတွဲဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ ကမ္ဘာတစ်ဝှမ်း မော်တော်ဆိုင်ကယ်ခရီးစဉ်နဲ့ အီရန်နိုင်ငံကိုဖြတ်ပြီး ခရီးသွားနေစဉ် ဖမ်းဆီးခံခဲ့ရတာပါ။

နောက်တစ်လမှာ အီရန်နိုင်ငံပိုင်မီဒီယာက သူတို့ကို သူလျှိုလုပ်မှု စွဲချက်တွေနဲ့ ဖမ်းဆီးထားကြောင်း ကြေညာခဲ့ပါတယ်။

အခုအခါ ထိန်းသိမ်းထံထားရတာ ၁၃ လကျော်ထဲ ရောက်ရှိလို့‌လာနေပါပြီ။

အဆိုပါ စုံတွဲရဲ့ သားဖြစ်သူ ဂျိုးဘန်နက်က အောက်တိုဘာ ၂၇ ရက်နေ့ကပြုလုပ်တဲ့ ၃နာရီကြာ ရုံးတင်စစ်ဆေးမှုအတွင်း သူ့မိဘတွေဟာ ခုခံကာကွယ်ခွင့်မရှိခဲ့ဘူးလို့ သီးခြားကြေညာချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

“သူလျှိုလုပ်မှုစွဲချက်ကို သက်သေပြနိုင်တဲ့ အထောက်အထားတစ်စုံတစ်ရာ မတွေ့ရပါ”လို့ ဂျိုးက ပြောကြားခဲ့ပြီး သူ့မိဘတွေရဲ့ ကျန်းမာရေးနဲ့ တရားစီရင်ရေးလုပ်ငန်းစဉ်တွေမှာ ပွင့်လင်းမြင်သာမှု မရှိတဲ့အပေါ် အလွန်စိုးရိမ်မိကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

သူ့မိဘတွေ လွတ်မြောက်ရေးအတွက် “ပြတ်ပြတ်သားသားလုပ်ဆောင်ပြီး ရနိုင်တဲ့နည်းလမ်းအကုန် အသုံးပြဖို့” ဗြိတိသျှအစိုးရကို ဘန်းနက် က တောင်းဆိုခဲ့ပါတယ်။

Reference - CNN World
Photos - CNN World

#bbmnews #bbm #bbmtv #Iren #YvetteCooper
https://www.facebook.com/share/p/16txfARGU7/
👍8
ငြိမ်းချမ်းရေး လမ်းလျှောက်တဲ့ ဆရာတော်များနှင့် ပြည်တွင်းက စကစရဲ့ ဘုန်းကြီးများကို နှိုင်းယှဉ်ပြောဆိုနေကြသည့် အပေါ် ခင်ရီ ၀မ်းနည်းဟုဆို

BBM - ဖေဖော်ဝါရီ ၂၁
သတင်း - Richard

မြန်မာပြည်သူတွေက ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခြင်း(Walk For Peace)ဆရာတော်တွေကို ချီးမွမ်းပြီး ပြည်တွင်းက အစွန်းရောက် မဘသဘုန်းကြီးတွေ၊ ဝီရသူ၊ သီတဂူတို့လို ဘုန်းကြီးတွေကို အဆိုးမြင်တဲ့အပေါ် စိတ်မကောင်းဖြစ်မိလို့ ကြံ့ဖွံ့ ဥက္ကဋ္ဌခင်ရီက ပြောဆိုခဲ့ပါတယ်။

ဖေဖော်‌ဝါရီလ ၂၀ရက်နေ့မှာ အဆိုပါ ပြောဆိုချက်ကို USDPနဲ့ Khin Yiဆိုတဲ့ လူမှုကွန်ရက်မှာ တင်ခဲ့တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၆ရက်နေ့ကနေ ၂၀၂၁၆ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အထိ ဆရာ‌တော် ဦးပညာကာရ ဦးဆောင်တဲ့ သံဃာတော်တွေဟာ အမေရိကန်နိုင်ငံရဲ့ တောင်ပိုင်းပြည်နယ်ဖြစ်တဲ့ တက္ကဆက်ကနေ မြို့တော် ဝါရှင်တန် ဒီစီအထိ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ ပြုလုပ်ခဲ့ကြတာပါ။

အဆိုပါ ဆရာတော်ကြီးတွေနဲ့နှိုင်းယှဉ်ပြီး ပြည်တွင်းက စစ်ကောင်စီရဲ့ ဘက်တော်သား မဘသဘုန်းကြီးတွေ၊ သီတဂူ၊ ဝီရသူတို့လို ဘုန်းကြီးတွေကို ပြောဆိုတဲ့အပေါ် စိတ်မကောင်းဖြစ်မိတယ်လို့ ခင်ရီက အခုလိုဆိုထားတာပါ။

“Walk For Peace ဆရာတော်ကြီးတွေနဲ့ ပြည်တွင်းမှာရှိတဲ့ ဆရာတော်ကြီးတွေကို လွဲမှားစွာ နှိုင်းယှဉ်သုံးသပ်ပြီးတော့ မလိုတမာပြောကြားတာတွေကို ကျွန်တော်အတော်ပဲ ၀မ်းနည်းပါတယ်”လို့ ခင်ရီက သူ့ရဲ့ လူမှုကွန်ရက်မှာ ပြောဆိုထားတာပါ။

အဆိုပါ မဘသဘုန်းကြီး၊ ဝီရသူ၊ သီတဂူတို့လို ဘုန်းကြီးတွေဆိုတာ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့ ရိုဟင်ဂျာ‌တွေအပေါ် လူမျိုးတုံး သတ်ဖြတ်တဲ့အမှုမှာ မြန်မာစစ်တပ်ရဲ့ ကြံရာပါ၊ လော်ဘီတွေအတွက် တရားစွဲဆိုခံထားရတဲ့ ဘုန်းကြီးတွေပါ။

ဒါ့အပြင် ခင်ရီဟာ အခုလို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရဲ့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခြင်းဟာ အနောက်နိုင်ငံလို ခရစ်ယာန်သာသနာထွန်ကားတဲ့ နိုင်ငံတွေမှာ ဗုဒ္ဓဘာသာက ထိုးဖောက်နိုင်တယ်ဆိုတဲ့ အချက်ကိုလည်း ပြောကြားသွားခဲ့ပါသေးတယ်။

Photo - Social Media

#bbmnews #bbmtv #bbm #khinyi #USDP
https://www.facebook.com/share/p/15hYd7Hdpo/
😁9👍3
ချင်းအမျိုးသားနေ့ အခမ်းအနားကို ULA/AA မှ တက်ရောက်ဂုဏ်ပြုခဲ့

BBM - ဖေဖော်ဝါရီ ၂၁
သတင်း - နိုင်နိုင်

ရခိုင်ပြည်၊ မင်းပြားခရိုင်အတွင်း ကျင်းပတဲ့ ၇၈ ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) မှ တက်ရောက်ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။

မနေ့က ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ (၇၈) ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို မနက် ၈ နာရီကနေ စတင်ကာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အာရက္ခတပ်တော်ရဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတွေ၊ ပါတီရုံးမှ တာဝန်ရှိသူတွေ၊ အုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဒေသခံတွေတက်ရောက် ဂုဏ်ပြုပေးခဲ့ကြတယ်လို့ ပွဲတက်ရောက်ခဲ့သူတွေဆီက သိရပါတယ်။

အခမ်းအနားကို တက်ရောက်လာခဲ့ကြတဲ့သူတွေကိုလည်း ချင်း၊ သက္ကမလူမျိုးတွေနဲ့ အာရက္ခတပ်တော် AA ရဲ့ စစ်သည်တော်တွေက အဆို၊ အကတွေနဲ့ ဖျော်ဖြေပေးတဲ့အပြင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) ကလည်း အဲဒီအခမ်းအနားမှာ ထောက်ပံ့ငွေ သိန်း ၁၀၀ ကျော် ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီအခမ်းအနားမှာ ULA / AA ရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေက ချင်းလူမျိုးတွေရဲ့ အမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုကြောင်း သဝဏ်လွှာဖတ်ကြားခဲ့တဲ့အပြင် ချီးကျူးဂုဏ်ပြုစကားတွေ ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိကျင်းပခဲ့တဲ့ (၇၈) ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို ပလက်ဝအပါအဝင် ရခိုင်ပြည်အတွင်းရှိ မင်းပြားခရိုင်၊ ကျောက်ဖြူခရိုင်နဲ့ တခြားသောခရိုင်တွေမှာလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တာဖြစ်ပြီး ULA/AA ရဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက တက်ရောက်ဂုဏ်ပြုပေးခဲ့တယ်လို့လည်း သိရပါတယ်။

#bbmnews #bbm #bbmtv #ChinNationalDay #AA #ULA

Photo - AA info Desk / Arakan Princess Media
https://www.facebook.com/share/p/1DiHe3aza9/
5👍3👏2
ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို အိုဇေးလ် သွားရောက်လည်ပတ်

BBM - ဖေဖော်ဝါရီ ၂၁
သတင်း - David

ဂျာမန်ဘောလုံးသမားဟောင်း မတ်ဆုအိုဇေးလ်ဟာ ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။

အိုဇေးလ်ဟာ တူရကီသမ္မတ အာဒိုဂန်ရဲ့သားဖြစ်သူ ဘီလားအာဒိုဂန်နဲ့အတူ သွားရောက်ခဲ့တာဖြစ်တယ်။

ဖေဖော်ဝါရီလ ၁၉ ရက်မှာ တစ်ရက်တာ လည်ပတ်ခဲ့ပြီး အိုဇေးလ်က ဖေဖော်ဝါရီ ၂၀ ရက်မှာ ဒီလည်ပတ်မှုကို သူ့ရဲ့လူမှုကွန်ရက်ကနေ
မျှဝေခဲ့ပါတယ်။

အိုဇေးလ်နဲ့ ဘီလားတို့ဦးဆောင်တဲ့အဖွဲ့ဟာ အူခီးယားရှိ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။

ဒါ့အပြင် တူရကီနိုင်ငံက အကူအညီထောက်ပံ့ပေးထားတဲ့ ဆေးရုံတစ်ရုံနဲ့ ပညာရေးဆိုင်ရာလုပ်ငန်းစဉ်တွေကိုလည်း ကြည့်ရှုခဲ့ကြပါတယ်။

အိုဇေးလ်ဟာ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ခေတ္တခဏ ဘောလုံးကစားခဲ့တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ - အိုဇေးလ်

#bbmnews #bbm #bbmtv #အိုဇေးလ် #SportsNews #Bangladesh
https://www.facebook.com/share/p/1QAEigkFSv/
👍51
ချင်းအမျိုးသားနေ့ပွဲမှာ ဒုဗိုလ်ချုပ်ကြီး ရာပြည့် ရောက်နေစဉ် CDF - Hakha က အသေခံဒရုန်းနဲ့တိုက်ခိုက်

BBM - ဖေဖော်ဝါရီ ၂၁
သတင်း - နိုင်နိုင်

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီတပ်က ဦးဆောင်ကာ ကျင်းပပြုလုပ်နေတဲ့ ချင်းအမျိုးသားနေ့အခမ်းအနားကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ အဲဒီအခမ်းအနားကို တက်ရောက်နေတဲ့ စစ်ကောင်စီရဲ့ ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်ဟာ ခွေးပြေးဝက်ပြေး ထွက်ပြေးတိမ်းရှောင်ကာ ချက်ချင်းပြန်လှည့် သွားခဲ့ရတယ်လို့ ချင်းဒေသကာကွယ်ရေးတပ် CDF - Hakha က မနေ့က ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ရုပ်သံဖိုင်နဲ့အတူ ထုတ်ပြန်ပါတယ်။

ဟားခါးမြို့ပေါ်ရှိ မြိုနယ်စုပေါင်းရုံးနဲ့ ခရိုင်စု ပေါင်းရုံးရှေ့မှာ ကျင်းပနေတဲ့ (၇၈) နှစ်မြောက်နေ့ ချင်းအမျိုးသားနေ့ပွဲကို စစ်ကောင်စီခန့် ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ လက်အောက်တပ်ဖွဲ့ဝင်တွေ တက်ရောက်နေစဥ် CDF - Hakha ရဲ့ ဒရုန်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ မရှုမလှ ပွဲပျက်သွားခဲ့တယ်လို့ CDF - Hakha အဖွဲ့က ဆိုပါတယ်။

"အကြမ်းဖက်သမား ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ အခြားပြည်ထောင်စုအဆင့် အကြမ်းဖက်လူကြီး (၁၇) ဦး၊ အကြမ်းဖက် ချင်းပြည်နယ်ဝန်ကြီးချုပ်မှ မြို့နယ်အဆင့် စစ်ကျွန်ဝန်ထမ်းများနဲ့ ဝန်ကြီး ဦးကောလ်လျန်ထန်းရဲ့ တင်ဒါအခွင့်ထူးခံ ကုမ္ပဏီ (၄၂) ခုတို့ အပါအဝင် (၇၈) နှစ်မြောက်နေ့ ချင်းအမျိုးသားနေ့ကို ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံးနဲ့ ခရိုင်စုပေါင်းရုံးရှေ့မှာ ကျင်းပနေသော အကြမ်းဖက်အဖွဲ့ကို CDF-Hakha ရဲ့ ဒရုန်းတပ်ဖွဲ့မှ တိုက်ခိုက်ရာ မရှုမလှပွဲပျက်သွားခဲ့ရပါတယ်" လို့ CDF - Hakha က ဆိုပါတယ်။

အဆိုပါ အခမ်းအနားကျင်းပနိုင်ဖို့အတွက် ပြီးခဲ့တဲ့ သုံးရက်ခန့်ကတည်းက နည်းမျိုးစုံ ညွှန်ကြား ပြင်ဆင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

CDF - Hakha ဒရုန်းတပ်ဖွဲ့ဟာ မနေ့က ဖေဖော်ဝါရီလ ၂၀ ရက်မှာ ချင်းအမျိုးသားနေ့ ကျင်းပနေတဲ့ အခမ်းအနားကိုသာမက စစ်ကောင်စီတပ်က တပ်စွဲထားတဲ့နေရာတော်တော်များများကိုလည်း ဒရုန်းနဲ့ဗုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုအခြေအနေကြောင့် ထိခိုက်သေဆုံး ရှိ၊ မရှိကို သိရှိနိုင်ဖို့အတွက် BBM အနေနဲ့ စုံစမ်းမေးမြန်းဆဲ ဖြစ်ပါတယ်။

နောက်နောင်မှာလည်း အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ငန်းလည်ပတ်မှုတွေမှာ ကျောထောက်နောက်ခံပြုနေတဲ့ ဘယ်သူမဆို စစ်ရေးအရ ထိရောက်စွာအရေးယူဆောင်ရွက်သွာမှာ ဖြစ်ကြောင်း CDF - Hakha က ဆိုထားပါတယ်။

မနေ့က ဖေဖော်ဝါရီ ၂၀ ရက်နေ့ ချင်းအမျိုးသားနေ့မှာ စစ်ကောင်စီတပ်ဟာ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ ကျေးရွာ ၆ ရွာကို ဗုံးသီး ၅၀ ကျော်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

Video - CDF - Hakha

#bbmnews #bbm #bbmtv #ChinNationalNews #CDF #Hakha
https://www.facebook.com/share/v/1AXwjzSZqh/
👍10👏3
ကွတ်ခိုင်နဲ့ တာမိုးညဲကြား တရုတ်လူမျိုးတွေကို TNLA ဘက်က စစ်ဆေးရေးတင်းကျပ်ပြီး အသွားအလာကန့်သတ်

BBM - ဖေဖော်ဝါရီ ၂၁
သတင်း - PJ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်နဲ့ တာမိုးညဲကြားမှာ တရုတ်လူမျိုးတွေကို TNLA ဘက်က ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကစ စစ်ဆေးရေးတင်းကျပ်ပြီး အသွားအလာကန့်သတ်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။

"တရုတ်တွေကိုပဲ ပေးမဖြတ်ဘူး၊ တခြားလူမျိုးဆိုရင် ပေးဖြတ်တယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကွတ်ခိုင်ကနေ တာမိုးညဲသွားတဲ့ လမ်းဘက် ရပ်ကွက် ၇ အကျော် ရွာတစ်ရွာမှာ TNLA ဂိတ်လုပ်ထားတဲ့ နေရာမှာ စစ်ဆေးနေတာလို့ သူကပြောပါတယ်။

"ခက်ပြီ၊ တာမိုးညဲလမ်းက ပိတ်သွားသလိုတောင်ကြားတယ်၊ TNLA ဘက်ကလည်း တင်းကျပ်ထားတယ်၊ MNDAA တွေဘက်ကလည်း တင်းကျပ်ထားတယ်" လို့ ယာဉ်မောင်းတစ်ဦးကလည်း ပြောပါတယ်။

လောက်ကိုင်လမ်းဘက်မှာတော့ ကွတ်ခိုင်ဘက် ပြန်တယ်ဆိုရင် MNDAA တပ်ဖွဲ့ဝင်တွေက သိပ်ပြီး ပေးမပြန်ချင်တော့ဘူးလို့လည်း သူကဆက်ပြောပါတယ်။

"ဘာလူမျိုးလဲလို့ မေးတယ်၊ ကွတ်ခိုင်ဆို ပေးမသွားချင်ဘူး၊ ကွတ်ခိုင်ကျော်သွားမှာလို့ ပြောမှပဲ ပြန်လို့ရတော့တယ်" လို့ သူကရှင်းပြပါတယ်။

ပြီးခဲ့တဲ့ နှစ်က နမ့်စလပ်နဲ့ သိန္နီကြားမှာလည်း SSPP နဲ့ MNDAA နှစ်ဘက်စစ်ကြောင်းပဲထိုးကြမယ်ထင်နေတာ နှစ်ဘက်ညှိနေတဲ့ကြားက တိုက်ပွဲဖြစ်လာတာ လမ်းတောင် ဖြတ်လို့မရဘဲ ပိတ်သွားတဲ့အထိ ဖြစ်သွားတယ်လို့ သူ့အတွေ့အကြုံကို ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ရွှေတူးတာနဲ့ ပတ်သက်ပြီး မုံးစီးမှာလည်း ဒေသခံ အများအပြား ပစ်သတ်လိုက်တာကို ကြည့်ရင် MNDAA ဘက်က ရှည်ရှည်ဝေးဝေးမတွေးဘဲ တိုက်ပွဲဖော်ဆောင်လာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။
https://www.facebook.com/share/p/1B2rouBBN5/
👍101
ဟားခါးမြို့မှာ လျှပ်စစ်ဝန်ထမ်းတစ်ဦးကို စစ်ကောင်စီက အကြောင်းမဲ့ ပစ်သတ်

BBM - ဖေဖော်ဝါရီ ၂၁
သတင်း - ကိုအိုက်

ချင်းပြည်နယ်ရဲ့ မြို့တော် ဟားခါးမှာ လျှပ်စစ်ဝန်ထမ်းတစ်ဦးကို လုံခြုံရေးဆောင်ရွက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မည်သည့် စစ်ဆေးမေးမြန်းခြင်း မလုပ်ဘဲ အကြောင်းမဲ့ ပစ်သတ်သွားတယ်လို့ မြို့ခံတွေက BBM ကို ပြောပါတယ်။

သေဆုံးသူဟာ ဖလမ်းမြို့ဇာတိ အသက် (၃၁) နှစ်အရွယ် ဦးဗန်ဆွီးအုပ်လာလ် ဖြစ်ပါတယ်။

ဦးဗန်ဆွီးအုပ်လာလ် ဟာ မနေ့က ဖေဖော်ဝါရီ ၂၀ ရက်၊ မနက် ၁၀ နာရီခွဲခန့်မှာ ဟားခါးမြို့၊ ချင်းဦးစီးရပ်ကွက်အတွင်းရှိ လျှပ်စစ်ရုံးမှာ တာဝန်ထမ်းဆောင်ပြီးနောက် နေအိမ်သို့ ဆိုင်ကယ်တစ်စီးနဲ့ ပြန်လာစဥ် ပစ်ခတ်ခံရတာပါ။

"လျှပ်စစ်ရုံးကနေ နေအိမ်ကို ပြန်လာကြတာပါ၊ အမျိုးသား ၃ ယောက်ပါ၊ လုခြုံရေးယူတဲ့ စစ်သားတွေက သူတို့ကို ဘာမှမမေးဘဲ ဒီအတိုင်း လှည့်ပစ်သွားတာပါ၊ အဲမှာ ဦးဗန်ဆွီးအုပ်လာလ်က ကျည်ထိမှန်သွားတာဖြစ်ပါတယ်၊ ကျန်တဲ့နှစ်ယောက်က ဘာမှမဖြစ်ဘူး"လို့ ဟားခါးမြို့ခံတစ်ဦးက BBM ကို ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ဦးဗန်ဆွီးအုပ်လာလ်ဟာ ဦးခေါင်းမှာ ကျည်ဆံထိမှန်ပြီး အခင်းဖြစ်ပွားရာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ သူဟာ ဖလမ်းမြို့ကနေ ဟားခါးမြို့မှာ စစ်ဘေးရှောင်ရင်း လျှပ်စစ်ရုံးမှာ အလုပ်လုပ်ကိုင်သူ ဖြစ်ပါတယ်။

အဲဒီပစ်သတ်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဟားခါးမြို့ အခြေစိုက် ခလရ (၂၆၆) မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ မြို့ခံတွေ ပြောကြပါတယ်။

"ဖလမ်းမြို့ တိုက်ပွဲတွေကြောင့် ဟားခါးမြို့ကို စစ်ဘေးရှောင်တာပါ၊ ဟားခါး ရောက်လာတော့ လျှပ်စစ်ရုံးမှာ အလုပ်ဝင်လုပ်ရင်း အသက်မွေးနေတာ ကြာပါပြီ၊ အခုလို အကြောင်းမဲ့ အပစ်သတ်ခံလိုက်ရတာ တော်တော်လေးကို စိတ်မကောင်းစရာပါပဲ" လို့ သူနဲ့ နီးစပ်သူတစ်ဦးက BBM ကို ပြောပါတယ်။

အခုလို နေ့ခင်းအချိန်မှာတောင် အရပ်သား ဝန်ထမ်းတစ်ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့တဲ့အပေါ် ဟားခါးမြို့ခံတွေကြား ထိတ်လန့်တုန်လှုပ်မှုတွေ ဖြစ်ပွားလျက်ရှိပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့တွင်းလုံခြုံရေး အကြောင်းပြချက်နဲ့ ဟားခါးမြို့ နေရာအနှံ့မှာ တပ်စွဲထားပြီး သွားလာနေတဲ့ ပြည်သူတွေကို မကြာခဏဆိုသလို ရန်ပြုပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဓာတ်ပုံ-ပေးပို့

#bbmnews #bbm #bbmtv #Chin #Hakha
https://www.facebook.com/share/p/176pNMSa9h/
👍7🤬1