ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီလေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှု ပြည်သူ ၁ ဦးဒဏ်ရာရပြီး နေအိမ်၊ စာသင်ကျောင်းများပျက်စီး
BBM - ဖေဖော်ဝါရီ ၁၈
သတင်း - ခက်ဆစ်
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းမှာ စစ်ကောင်စီက အရပ်သားပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ် ၉ လုံးနဲ့ စာသင်ကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ဒီနေ့ထုတ်ပြန်ပါတယ်။
ရွှေကျင်မြို့နယ်၊ ဝိုင်ကျွန်းကျေးရွာအတွင်းကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၉ ရက်မှာ စက်တပ်လေထီး(ပါရာမော်တာ)နဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာနေ ဒေါ်ရွက်ကောက်ရဲ့ နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်မှာလည်း ပျဥ်ရင်ကျေးရွာအတွင်းသို့ စစ်ကောင်စီက စက်တပ်လေထီး (ပါရာမော်တာ)နဲ့ ပေါင် ၃၀၀ ဗုံးသီး ၁ လုံး လာရောက်ပစ်ချခဲ့တာကြောင့် ဦးကျော်ဝင်းနဲ့ ဦးကျော်စိုးတို့ရဲ့ နေအိမ် ၂ လုံး၊ ပျဥ်ရင်ကျေးရွာစာသင်ကျောင်း ၁ ကျောင်း ထိမှန်ပျက်စီးခဲ့ပြီး ဦးချမ်းမြရဲ့ နွား ၁ ကောင်နဲ့ မြင်း ၁ ကောင် ထိခိုက်သေဆုံးခဲ့သလို နွား ၄ ကောင်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
မုန်းမြို့နယ်၊ ကင်မွန်းခြုံကျေးရွာအတွင်းသို့ ဖေဖော်ဝါရီလ ၁၄ ရက်မှာ စစ်ကောင်စီတပ် ခမရ ၃၀၇ နဲ့ ခမရ ၄၃၉ ပူးပေါင်းတပ်ရင်းမှ လက်နက်ကြီး အလုံး ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကင်းမွန်ခြုံရွာသား ဦးဝင်းနိုင် အသက် ၅၈ နှစ်ဟာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကျောက်ကြီးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအတွင်းကိုလည်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ် ခမရ ၂၆၄ မှ ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် စောရောင်ရွက်ရဲ့ နေအိမ်နဲ့ ဂိုဒေါင် ၁ လုံးထိမှန်ပျက်စီးခဲ့ပြီး စောဆိဖိုးရဲ့ နေအိမ်နဲ့ ဆိုင်ကယ် ၁ စီး ထိမှန်ပျက်စီးခဲ့သလို အဆိုပါတပ်မှ (၈၁) မမ လက်နက်ကြီး (၁) လုံး ထပ်မံပစ်ခတ်ခဲ့တာကြောင့် စောဇင်ယော်ရဲ့ နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
တောင်ခင်ကျေးရွာနဲ့ ကြိတ်ကွေးကျေးရွာတွင်းသို့ စက်တပ်လေထီးနဲ့ ထပ်မံလာရောက်ပစ်ခတ်ခဲ့တာကြောင့် တောင်ခင်ကျေးရွာမှ ဦးညွန့်မောင်နဲ့ ဦးစံမြင့်တို့ရဲ့ နေအိမ် ၂ လုံးထိမှန်ပျက်စီးခဲ့ပြီး ကြိတ်ကွေးကျေးရွာမှ စောထူးအယ်ဝါးရဲ့ နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ညောင်လေးပင်ခရိုင်အတွင်း နေထိုင်တဲ့ အရပ်သားပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ အဆက်မပြတ် ကျူးလွန်လျက်ရှိတာကြောင့် ဒေသတွင်းနေထိုင်တဲ့ ပြည်သူလူထုဟာ ထိတ်လန့်ကြောက်ရွံ့စွာနဲ့ နေထိုင်နေရတယ်လို့ အသိပေးထားပါတယ်။
Photo - KNU
#bbmnews #bbm #bbmtv #bago #airstrike
https://www.facebook.com/share/p/1DnxEr57P4/

Facebook
Log in or sign up to view
See posts, photos and more on Facebook.
👍4
စစ်တွေမှာ ဒေသခံလက်လုပ်လက်စားတွေကို AA နဲ့ ဆက်စပ်တယ်လို့ဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်လာ
BBM - ဖေဖော်ဝါရီ ၁၈
သတင်း - နိုင်နိုင်
ရခိုင်ပြည်ရဲ့ မြို့တော် စစ်တွေမြို့မှာ ဒေသခံလက်လုပ်လက်စားတွေကို အာရက္ခတပ်တော် AA နဲ့ ဆက်စပ်တယ်လို့ဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးတွေမှု ဆက်တိုက်လုပ်ဆောင်လာနေတယ်လို့ စစ်တွေဒေသခံတွေဆီက သိရပါတယ်။
စစ်တွေမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် မြို့ပေါ်ရှိနေရာတွေကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ချထားကာ အရပ်သားတွေကို ဦးတည်ပြီးတော့ ဖမ်းဆီးမှုတွေ ပြုလုပ်လာနေတာဖြစ်တယ်လို့ စစ်တွေဒေသခံအမျိုးသားတစ်ဦးက BBM ကို ပြောပါတယ်။
"စစ်တွေမှာ မြို့ပေါ်နေရာ တော်တော်များများကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ် ချထားတာရှိပါတယ်။ နယ်ဖက်တွေမှာ တိုက်ပွဲတွေပြင်းထန်လာရင် မြို့ပေါ်ရပ်ကွက်က အခြေခံလက်လုပ်လက်စားတွေကို AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးတာမျိုးတွေ ဆက်တိုက်လုပ်ဆောင်လာနေတာရှိပါတယ်" လို့ အဆိုပါ အမျိုးသားက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း စစ်ကောင်စီတပ်ဟာ စစ်တွေမြို့၊ ဓညဝတီရပ်ကွက်နဲ့ စက်ရုံစုရပ်ကွက်က ဒေသခံလူတစ်ချို့ကို အမှတ် ၂ ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်လို့လည်း စစ်တွေဒေသခံတွေဆီက သိရပါတယ်။
အလားတူ စစ်ကောင်စီတပ်ဟာ ဒေါ် စောမြရာဇာလင်း ဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး မြို့ပေါ်ရှိဒေသခံတွေကို ဖမ်းဆီး ငွေညှစ်ကာပြန်လွတ်ပေးမှုတွေ ရှိနေတယ်လို့လည်း မင်းဂံရပ်ကွက်က ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
"စစ်တပ်နဲ့ ALP တပ်ဖွဲ့တွေ ပူးပေါင်းပြီးတော့လည်း မြို့ပေါ်ဒေသခံတွေကို ဖမ်းဆီးတာရှိပါတယ်။ သူတို့ကတော့ ဖမ်းဆီးတယ် ငွေရရင်တော့ ပြန်လွှတ်ပေးတာပေါ့။ ရခိုင်အပါအဝင် မူဆလင်ဒေသခံတွေပါ ဖမ်းဆီးတာမျိုးတွေရှိပါတယ်။ နောက်ပြီးနေအိမ်တွေကိုလည်း ဖြိုဖျက်ရောင်းချနေတာရှိပါတယ် " လို့ အဆိုပါ အမျိုးသားက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ စစ်တွေမြို့နယ်၊ ဘုမေမူဆလင်ကျေးရွာက ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လက်ရှိအချိန်အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရရှိသေးဘူးလို့လည်း သိရပါတယ်။
စစ်တွေမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ဟာ ကံကော်ကျွန်း၊ တောကန်၊ ဇော်မတတ် စတဲ့ကျေးရွာတွေအနီးမှာ တိုက်ပွဲတွေပြင်းထန်နေကြတာဖြစ်ပြီး အာရက္ခတပ်တော် AA ဟာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)နဲ့ ယာယီအခြေစိုက်ထားတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရှိနေတယ်လို့လည်း AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အဆိုပါ တိုက်ပွဲအခြေအနေကြောင့်ပဲ စစ်ကောင်စီတပ်ဟာ စစ်တွေမြို့ပေါ်ကနေရာ အများအပြားကို လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေတာဖြစ်ပြီး ငါးဖမ်းထွက်ကြတဲ့ ပေါက်တော၊ ရသေ့တောင်နဲ့ စစ်တွေမြို့နယ်က ဒေသခံတစ်ချို့ကိုပါ ဖမ်းဆီးမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
ပုံစာ - Social Media
#bbmnews #bbm #bbmtv #sittwa #rakhine #ArakanArmy
https://www.facebook.com/share/p/1By8gfioAa/

ထီးလင်းမြို့ပေါ်မှာ ဓားပြတိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားပြီး တရားခံတွေကို စစ်ကောင်စီ ဖမ်းဆီးနိုင်ခြင်းမရှိ
BBM - ဖေဖော်ဝါရီ ၁၈
သတင်း - ကိုအိုက်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မကွေးတိုင်း၊ ထီးလင်းမြို့ပေါ်မှာ ဓားပြတိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ကျူးလွန်သူ တရားခံတွေကို ဖမ်းဆီးနိုင်ခြင်း မရှိတာကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့ မြို့ခံတွေက BBM ကို ပြောပါတယ်။
ထီးလင်းမြို့ပေါ်မှာ မျက်နှာဖုံးစွပ်ထားတဲ့ အမည်မသိ လူအုပ်စုက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှစ၍ သေနတ်တွေနဲ့ နေအိမ်တွေကို ဓားပြတိုက်တာဖြစ်ပြီး အခုဖေဖော်ဝါရီလမှာ ဓားပြတိုက်ခိုက်ခံရမှု ၃ ကြိမ်ထက်မနည်းရှိပြီလို့ သိရပါတယ်။
"ထီးလင်းမြို့ပေါ်မှာက အခု ဖေဖော်ဝါရီလထဲတင် ဓားပြတိုက်ခံရတာ ၃ ကြိမ်ထက်မနည်း ရှိနေပြီဗျ၊ မျက်နှာဖုံးစွပ်ထားတဲ့ အမည်မသိလူတစ်စုက သေနတ်တွေနဲ့ ညသန်းခေါင်ယံအချိန်မှာ နေအိမ်တွေထဲအထိ ဝင်ပြီး ဓားပြတိုက်နေတာ၊ အရင်လကဆို ဘဏ်ဝန်းထမ်းအိမ်လည်း ဓားပြတိုက်ခိုက်ခံရတယ်၊ ရွှေတွေ၊ ငွေတွေလည်း အတော်ပါသွားတယ်"လို့ ထီးလင်းမြို့ခံတစ်ဦးက BBM ကို ပြောပါတယ်။
ထီးလင်းမြို့ပေါ်မှာ အခုလ ဖေဖော်ဝါရီ လဆန်းမှာ ဓားပြတိုက်မှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပေမဲ့ စစ်ကောင်စီဘက်က အရေးယူဆောင်ရွက်ခြင်း မရှိတဲ့အပေါ် ဒေသခံပြည်သူတွေက ဝေဖန်နေကြသလို စိုးရိမ်မှုတွေလည်း ဖြစ်နေပါတယ်။
မျက်နှာဖုံးစွပ်ထားပေမဲ့ ကျူးလွန်သူတွေမှာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ဒေသခံတွေက ရိပ်မိနေကြပေမဲ့ လက်နက်ကိုင်ဆောင်ထားသူတွေ ဖြစ်နေတာကြောင့် အသက်အန္တရာယ်ကို စိုးရိမ်ပြီး မတိုင်ရဲဘဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။
"ဓားပြတိုက်တဲ့သူတွေက မျက်နှာဖုံးတွေ စွပ်ထားပေမဲ့ ဘယ်သူဘယ်ဝါဆိုတာ ရိပ်မိတယ်၊ သူတို့က လက်နက်ကိုင်ထားတဲ့သူတွေဆိုတော့ မတိုင်ရဲဘူး၊ ကိုယ်အသက်အန္တရာယ်ပါ ခြိမ်းခြောက်ခံရမှာစိုးလို့။ စစ်ကောင်စီဘက်ကလည်း တရားခံကို ဖမ်းဆီးရှာဖွေတာ မရှိဘူး"လို့ ထီးလင်းမြို့ခံတစ်ဦးက BBM ကို ပြောပါတယ်။
လက်ရှိ ထီးလင်းမြို့ကို မိတ္ထီလာအခြေစိုက် တပ်မ (၉၉) လက်အောက်ခံ တပ်ဖွဲ့ဝင် ၁၂၀ ကျော်က ဇန်နဝါရီလ ၇ ရက်နေ့မှစပြီး အစားထိုး အခြေစိုက်ထားပါတယ်။
အဲဒီတပ်ဖွဲ့ဝင်တွေထဲမှာ အရာရှိအဆင့်မှ အောက်ခြေတပ်သားတွေအထိ မူးယစ်ဆေးဝါးတွေကို သုံးစွဲနေကြတယ်လို့ ထီးလင်းမြို့ခံတွေ ဆိုကြပါတယ်။
ဓာတ်ပုံ-လူမှုကွန်ရက်
#bbmnews #bbm #bbmtv #drugs #junta
https://www.facebook.com/share/p/1HmkUL7qvU/

မုံရွာ - ချောင်းဦးလမ်းမှာ ဆက်ကြေးကောက်နေတဲ့ စကစ ပျူတွေကို ဒရုန်းနဲ့တိုက်ခိုက်
BBM - ဖေဖော်ဝါရီ ၁၈
သတင်း - ခက်ဆစ်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းမပေါ်မှာ ဆက်ကြေးကောက်ဖို့ထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး အင်အား ၂၀ ခန့်ကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ Brave Heart Army BHA တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
မုံရွာမြို့နယ်အတွင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တောပုပျူရွာမှ အင်အား ၂၀ ခန့်နဲ့ ဖေဖော်ဝါရီလ ၁၇ ရက်၊ မနက် ၇ နာရီခန့်မှာ မုံရွာ-ချောင်းဦးလမ်းပေါ် ဆက်ကြေးကောက်ဖို့နဲ့ မိုင်းရှာဖို့ထွက်လာစဉ် ဒရုန်းဗုံးသီး ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ပြည်သူတွေကတဆင့် သိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါစစ်ဆင်ရေးကို BRAVE HEART AYMY - BHA ၊ MONYWA DYNAMITE.STF နဲ့ CHINDWIN FIGHTER GROUP - CFG တို့က လက်တွဲညီစွာ လုပ်ဆောင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
Video - BHA
https://www.facebook.com/share/v/18PQMS67K1/

👍5
စစ်ကောင်စီ နံပါတ်၃ ခေါင်းဆောင်နဲ့ ဝန်ကြီးတွေအပြင် နိုင်းနိုင်းနဲ့ သရုပ်ဆောင်အချို့ ရွှေနဒီရွှေရည်ရုပ်သံလိုင်းထုတ်လွှင့်မှုပွဲ တက်ရောက်
BBM - ဖေဖော်ဝါရီ ၁၈
သတင်း - Richard
ရွှေနဒီရွှေရည် ရုပ်သံလိုင်းထုတ်လွှင့်မှု အခမ်းအနားကို စစ်ကောင်စီတပ် အကြီးပိုင်း ခေါင်းဆောင်တွေနဲ့ သရုပ်ဆောင်တွေ တက်ရောက်ခဲ့ပြီး ရွှေနဒီရွှေရည်ရဲ့ ဥက္ကဋ္ဌ တင်မောင်၀င်းက ဖွင့်ပွဲမှာ လက်ခံတွေ့ဆုံခဲ့တယ်လို့ ရွှေနဒီရွှေရည် ရုပ်ရှင်ထုတ်လုပ်ရေးက ဒီနေ့ ဖေဖော်ဝါရီလ ၁၈ရက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ ရွှေနဒီရွှေရည် ရုပ်သံလိုင်းထုတ်လွှင့်မှုအခမ်းအနားကို စစ်ကောင်စီတပ်ရဲ့ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ် ကျော်စွာလင်း၊ စစ်ကောင်စီခန့် ဝန်ကြီးချုပ် ညိုစော၊ ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်းတို့ တက်ရောက်ခဲ့တာပါ။
ဒါ့အပြင် အဆိုပါပွဲကို အမေရိကန်ပြန် နိုင်းနိုင်း၊ အလှမယ် သဲစုညိမ်း၊ အလှမယ် မီးမီး၊ ထူးအံ့လွင်(မီးမီး နဲ့သဲစုညိမ်းတို့ရဲ့ ဆရာဖြစ်သူ)၊ အကယ်ဒမီ ခြူးလေး၊ ထွန်းပုလဲရတနာ၊ အမရာဘို၊ မြင့်မြတ်မိုး၊ Na Na နဲ့ သက်ထားရွှေစင်တို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါ ရွှေနဒီရွှေရည် ရုပ်ရုင်ထုတ်လုပ်ရေးရဲ့ ဥက္ကဋ္ဌဆိုသူ တင်မောင်ဝင်းက မင်းအောင်လှိုင်ရဲ့ သမီး ခင်ရီသက်မွန်ရဲ့ စီးပွားဘက် ဝေမင်းမောင် (ခ) ရွှေမန်းနဲ့လည်း လုပ်ငန်းဆိုင်ရာ ပတ်သက်မှုတွေ ရှိတယ်လို့ သိရပါတယ်။
ရွှေနဒီရွှေရည် HD ချန်နယ်ကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မြို့တွေမှာ DTH DVB -T2 စနစ်နဲ့ ဖမ်းယူကြည့်ရှုနိုင်တယ်လို့လည်း သိရပါတယ်။
ရွှေနဒီ ရွှေရည်ရုပ်ရှင်ထုတ်လုပ်ရေးဟာ မြေစာ၊ ဗြောသံ၊ နှောင် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ထုတ်လုပ်ခဲ့ပြီး အဆိုပါရုပ်ရှင်ထုတ်လုပ်ရေးဟာ ၂၀၂၄ ခုနှစ် ဝန်းကျင်မှ စတင်တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။
ပုံ - ရွှေနဒီရွှေရည် ရုပ်ရှင်ထုတ်လုပ်ရေးhttps://www.facebook.com/share/p/1DB6vBpqLE/

❤5👍4👎3
မြန်မာ-တရုတ်နယ်စပ်က တောင်သူတွေ လုပ်အားငှားရမ်းခနဲ့ စိုက်ပျိုးရေးသုံးပစ္စည်းတွေ ဈေးကြီးလို့ အခက်ကြုံ
BBM - ဖေဖော်ဝါရီ ၁၈
သတင်း - PJ
မြန်မာ - တရုတ်နယ်စပ်ရှိ စိုက်ပျိုးရေး တောင်သူတွေ လုပ်အား ငှားရမ်းခနဲ့ စိုက်ပျိုးရေးသုံး ပစ္စည်းတွေ ဈေးကြီးနေတာကြောင့် အခက်ကြုံနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"ကြံရောင်းတဲ့ ဈေးနှုန်းကတော့ သိပ်မကွာဘူး၊ လုပ်အားခ ကွာသွားတယ်" လို့ နယ်စပ်ဒေသခံ ကြံစိုက်တောင်သူ တစ်ဦးက ပြောပါတယ်။
ပလပ်စတစ်အုပ်တာ ဆိုရင် အရင်နှစ်က တစ်သောင်းခွဲ၊ နှစ်သောင်းပဲ ရှိပေမယ့် ဒီနှစ်က သုံးသောင်း ဖြစ်သွားတယ်လို့ သူကပြောပါတယ်။
ကြံတင်တာကလည်း အရင်နှစ်က တစ်တန်ကို ၆၀၀၀ ကျပ်ပဲရှိပေမယ့် ဒီနှစ်မှာ တစ်တန်ကို ၁၀၀၀၀ ဖြစ်သွားပြီး ကြံပြန်ရောင်းရတဲ့ ဈေးနှုန်းမှာ မနှစ်ကဈေးနှုန်းနဲ့ တရုတ်ငွေ သုံးယွမ်လောက်ပဲ ကွာတယ်လို့ သူကရှင်းပြပါတယ်။
"စပါးစိုက်ရင် ပိုဆိုးတယ်၊ ဓာတ်မြေဩဇာ စရိတ်တွေ၊ စိုက်ပျိုးစရိတ်တွေ၊ နေ့စားငှားခတွေ ဈေးကြီးတဲ့အပြင် ရိတ်သိမ်းဖို့ ခက်ခဲတယ်၊ ဆန်ဈေးက မရဘူး၊ အနှုတ်ပြတယ်၊ ရှုံးတယ်" လို့ နယ်စပ်ဒေသခံ စပါးစိုက်တောင်သူ တစ်ဦးက ပြောပါတယ်။
ဆန်တွေ၊ စပါးတွေက ဘယ်သူမှမဝယ်ဘဲ ဈေးမရတဲ့အပြင် အရှုံးပါပြတာကြောင့် လယ်ကတော့ စားဖို့ လိုလို့ လုပ်တာပဲရှိပြီး လယ်ငှားတွေလည်း ဘယ်သူမှ မလုပ်ချင်တော့ဘူးလို့ သူက ပြောပါတယ်။
တရုတ်နယ်စပ်ဒေသက စပါးစိုက်တောင်သူတွေဟာ မြောက်ပိုင်း မဟာမိတ်ညီနောင်ရဲ့ ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင် ကာလတွေမှာတော့ ဆန်၊ စပါးတွေကို တရုတ်ဘက် အဓိက တင်ပို ရောင်းချတာဖြစ်ပေမယ့် လက်ရှိမှာတော့ တရုတ်ဘက် တရားဝင်တင်ပိုလို့မရတော့တာကြောင့် ဝယ်လိုအားမရှိတော့ပဲ အခက်ကြုံကြရတာ ဖြစ်ပါတယ်။
Photo Crd - ဒေသခံ
#bbmnews #bbm #bbmtv #myanmar #china
https://www.facebook.com/share/p/184et8F9rJ/

👍2
ခင်ဦးမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှု အမျိုးသမီးတစ်ဦးအပါ ၃ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရ
BBM - ဖေဖော်ဝါရီ ၁၈
သတင်း - ကိုအိုက်
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
တံတားဦးလေတပ်စခန်းမှ တက်လာတဲ့ Yak-130 ဂျက်ဖိုက်တာတစ်စီးဟာ မနေ့က ဖေဖော်ဝါရီလ ၁၇ ရက်၊ ည ၁၀ နာရီခန့်မှာ ညောင်ပင်ကြီးစုကျေးရွာကို ပေါင် ၃၀၀ ဗုံး သုံးလုံးနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလေကြောင်း တိုက်ခိုက်မှုကြောင့် ညောင်ပင်ကြီးစု အထက်တန်းကျောင်းဝန်း၊ ရေဦး-ရွှေဘို ကားလမ်းမနဲ့ ကျေးရွာအတွင်းရှိ လူနေအိမ်တွေပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
"ရွာမှာ ဘာမှ ထူးခြားတာမရှိဘူး၊ ပွဲလမ်းသဘင်၊ တိုက်ပွဲဖြစ်တာ၊ စစ်ရေးလှုပ်ရှားတာ မရှိဘူး၊ အရပ်သားတွေ နေထိုင်တဲ့နေရာကို ဗုံးကြဲတိုက်ခိုက်တာပါ၊ အိပ်နေချိန်ဆိုတော့ ပြေးချိန်မရလိုက်ဘူး"လို့ ခင်ဦးဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
သေဆုံးတဲ့ အရပ်သား ၃ ဦးမှာ ဦးကိုကျော်မြင့်၊ ကိုစိုးတင့် နဲ့ ဒေါ်ရွှေကြိုင် တို့ဖြစ်ပြီး ဒဏ်ရာရသူ ၈ ဦးမှာ မဥမ္မာ၊ ကိုဝင်းအောင်၊ ဒေါ်သောင်းဌေး၊ ကိုကိုမောင်၊ ဇင်မျိုးသူ၊ အောင်ဇင်လင်း၊ ဒေါ်ခင်တင့်၊ ဒေါ်တုတ်တို့ ဖြစ်ကြပါတယ်။
ဒါ့အပြင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၁၀ လုံးထက်မနည်းနဲ့ စာသင်ကျောင်းဆောင် တစ်ဆောင်တို့ ပြိုကျပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကလည်း ခင်ဦးမြို့နယ်၊ ကုန်းကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဓာတ်ပုံ-ပေးပို့
#bbmnews #bbm #bbmtv #bbm #khinU #sagaing
https://www.facebook.com/share/p/1CRFcvXM1A/

🤬3
စကစ ဗိုလ်မှူး အေးလွင်အပါ ၂၄ ဦးသေဆုံးပြီးစခန်း ၂ ခုကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံကို ဒူရက စစ်ကြောင်းထုတ်ပြန်
BBM - ဖေဖော်ဝါရီ ၁၈
သတင်း - မင်းသော်
စစ်ကောင်စီဘက်က ဗိုလ်မှူး အေးလွင်အပါ ၂၄ ဦးသေဆုံးပြီးစစ်ကောင်စီ စခန်း ၂ ခုကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံကို ဒူရက စစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာရှိ (GTC)တပ်စခန်းနဲ့ ဘုရားမဲ့ စစ်ဆေးရေးဂိတ်တို့ကို DNLA တပ်တွေက တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့
အပြင် စစ်ကူလာတဲ့ စကစ ဗိုလ်မှူး အေးလွင် ဦးဆောင်တဲ့ စစ်ကြောင်းကိုလည်း ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့တင်မက အဆိုပါစစ်ကောင်စီစခန်းအတွင်းရှိ ရဲတပ်သားအများစုမှာ ပေါ်တာဆွဲပြီး စုဆောင်းခံထားရတဲ့သူများဖြစ်တဲ့အပြင် မော်လမြိုင်မြို့မှ အဆိုပါစခန်းကို ရောက်ရှိလာတာ ၂ လလောက်သာရှိသေးသူများဖြစ်တယ်လို့လည်း ဒူရကစစ်ကြောင်းမှ စစ်ကြောင်းမှူး ကိုဖားကြီးက BBM ကိုပြောပါတယ်။
" အဲ့စခန်းကရဲတွေက မော်လမြိုင်ကနေ ပြောင်းလာတာ (၂)လလောက်ပဲရှိသေးတယ်၊ ပြီးတော့ ရဲအများစုကလည်း ပေါ်တာဆွဲခံထားရတဲ့သူတွေပဲ"
အဆိုပါတိုက်ခိုက်မှုတွေအတွင်း စကစ ဗိုလ်မှူးအပါ (၂၄)ဦးသေဆုံးပြီး Type 81 စက်လက် (၁)လက်၊ G3 (၁၃)လက်၊G4 (၂)လက်၊AK 47 (၁)လက်၊MSA (၁)လက်၊G3 ကျည်ဘောက်(၇၃)ဘောက် Type 81 ကျည်ဘောက်အဝိုင်း (၁)ဘောက်၊AK47 ကျည်ဘောက် (၁)ဘောက်၊ G3 ကျည်(၃၀၀၀)၊AK47ကျည်(၁၀၀)၊ လက်ပစ်ဗုံး (၁၂)လုံး၊စကားပြောစက် (၅)လုံး နဲ့အခြားဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးအရှိန်အဟုန်မြှင့်တင်နေတဲ့ကာလဖြစ်တာကြောင့် စစ်ရေးသတိ အမြဲရှိကြဖို့၊ စစ်ကောင်စီရဲ့ လေကြောင်းရန်ကိုအမြဲသတိရှိကြရန်အပြင် စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ပြည်သူ့နဲ့အမြန်ဆုံးပူးပေါင်းကြပြီူ အမှန်တရားအတွက် ရပ်တည်ကြရန်အတွက်လည်း ထားဝယ် အမျိူးသားလွတ်မြောက်ရေးတပ်မတော်(DNLA)က ထုတ်ပြန်ကြေငြာထားပါတယ်။
Video-ဒူရကစစ်ကြောင်း
#bbmnews #bbm #bbmtv #DNLA #PDF
https://www.facebook.com/share/v/1LNtXWskaK/

❤7
စကစနဲ့ ပေါင်းသွားတဲ့ ဗိုလ်နဂါး ကျူးလွန်ထားတဲ့ သက်ငယ်မုဒိမ်းမှုအပါ အမှုများစွာကို စုံစမ်းစစ်ဆေးနေဟု NUG ပြည်ထဲရေး၀န်ကြီးဌာန ထုတ်ပြန်
BBM - ဖေဖော်ဝါရီ ၁၉
သတင်း - Richard
စစ်ကောင်စီတပ်ဆီ ပူးပေါင်းသွားတဲ့ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် ခေါင်းဆောင် ထင်လင်း (ခ) ဗိုလ်နဂါး ကျူးလွန်ထားတဲ့ သက်ငယ်မုဒိမ်းမှုတွေ အပါ အမှု ၇ မှုကို အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ပြည်ထဲရေး၀န်ကြီးဌာနက စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၁၈ရက် ညနေ ၄နာရီ ၅ မိနစ်ခန့်မှာ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်(BNRA) ခေါင်းဆောင် ထင်လင်း (ခ) ဗိုလ်နဂါးဟာ မိသားစုနဲ့အတူ သေနတ် ၆လက်နဲ့ စစ်ကောင်စီတပ်ထံ ပူးပေါင်းလာခဲ့တယ်လို့ စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာပါ။
ထင်လင်း (ခ) ဗိုလ်နဂါးကျူးလွန်ထားတဲ့ အမှုတွေမှာ မုဒိမ်းကျင့်ရန် ကြံစည်သည်ဟုဆိုကာ လူသတ်အလောင်းဖျောက်မှု၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃ တပ်ဖွဲ့၀င် မင်းထက်နိုင်ကို သေနတ်နဲ့ ပစ်သတ်မှု၊ ပကဖ ရဲဘော် ၁၀ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန် နှိပ်စက်မှု၊ အမျိုးသမီးငယ် ၂ဦးကို သက်ငယ်မုဒိမ်းကျူးလွန်မှု၊ ဥယျာဉ်နယ်မြေမှာ ဆင်မပိုးအိစံကို သတ်ဖြတ် ခုတ်ထစ် မီးရှို့မှု၊ NUG ဂိတ်စခန်းကို စီးနင်းပြီး တာ၀န်ရှိသူများကို ရိုက်နှက်ဖမ်းဆီးမှု သေနတ်နဲ့ လိုက်လံ ပစ်ခတ်မှုနဲ့ ယင်းမာပင် ခရိုင် အမှတ် ၄ တပ်ရင်းမှ PDF ရဲဘော် ဂတုံးကို သေနတ်နဲ့ ပစ်သတ်မှုတို့ပဲ ဖြစ်ပါတယ်။
အဆိုပါ အမှုတွေကို ကျူးလွန်ခဲ့တဲ့ ဗိုလ်နဂါးနဲ့ BNRA တပ်ဖွဲ့၀င်တွေကို NUG အောက်ရှိ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ရဲလုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ဆောင်ဖို့ရာ လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့ပေမဲ့ ကျူးလွန်သူတွေကို လွှဲပြောင်းမပေးအပ်ခဲ့ဘူးလို့ ဆိုပါတယ်။
ဒါ့ကြောင့် ဖေဖော်ဝါရီလ ၁၇ရက်နေ့မှာ ပြည်ထဲရေးနဲ့ လူ၀င်မှု ကြီးကြပ်ရေး ၀န်ကြီးဌာနက ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ အကူအညီနဲ့ အဆိုပါ ကျူးလွန်သူတွေကို ဖမ်းဆီးဖို့ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
သို့သော်လည်းပဲ အသာတကြည် ပူးပေါင်းဆောင်ရွက်တာမျိုးမရှိတာကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး လက်ရှိမှာ BNRA ရဲဘော်တချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် BNRA တပ်ဖွဲ့၀င် ၁၅၀ ကျော်ဟာလည်း PDFနဲ့ ပကဖတွေဆီကို လာရောက် အဖမ်းခံတာတွေ၊ လာရောက် ပူးပေါင်း ဆောင်ရွက်တာတွေနဲ့ လက်နက်အပ်နှံတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
NUGရဲ့ ပြည်ထဲရေးနဲ့ လူ၀င်မှု ကြီးကြပ်ရေး ၀န်ကြီးဌာနနဲ့ ကာကွယ်ရေး ၀န်ကြီးဌာနအနေနဲ့ စစ်အာဏာရှင် စနစ်အမြစ်ပြတ် ချေမှုန်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ စနစ်ထူထောင်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
https://www.facebook.com/share/p/1FUPVYUphW/

💯5❤1
ထိုင်းမှာ တရားမဝင် တရုတ်လူမျိုးတွေနဲ့အတူ မြန်မာတစ်ဦး ဖမ်းဆီးခံရ၊ မိုဘိုင်းဖုန်းရာပေါင်းများစွာ သိမ်းဆည်းရမိ
BBM - ဖေဖော်ဝါရီ ၁၉
သတင်း - Richard
ထိုင်းနိုင်ငံမှာ တရားမဝင် တရုတ် ရွှေ့ပြောင်းအလုပ်သမား ၈ဦးနဲ့ မြန်မာနိုင်ငံသား ၁ဦးကို ကမ္ဘောဒီးယားနယ်စပ်အနီးရှိ အရှေ့ပိုင်းပြည်နယ် အဝေးပြေးလမ်းမကြီးပေါ်မှာ အဝေးပြေးလမ်းမကြီးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မိုဘိုင်းဖုန်း ၂၈၃ လုံးကို သိမ်းဆည်းခဲ့တယ်လို့ Bangkok Post မှာရေးသားထားပါတယ်။
ဖေဖော်ဝါရီလ ၁၅ရက် တနင်္ဂနွေနေ့ မနက်မှာ သီရိမဟာဖော့ခရိုင်၊ ခရော့ဆွမ်ဘွန်းမြို့ရှိ အဝေးပြေးလမ်းမကြီး ၃၅၉ ပေါ်မှာ ထိုင်းအမျိုးသားတစ်ဦးမောင်းနှင်လာတဲ့ Toyota ကားနဲ့ ခရီးသွားနေတဲ့ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးခဲ့ကြောင်း အဝေးပြေးလမ်းမကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ပွန်ဆက်လောင်ရူ ဝီရာလိုင်းက ပြောကြားခဲ့ပါတယ်။
အဆိုပါ ကားဟာ မှန်အမည်းတွေ တင်ပြီးမောင်းလာတာကြောင့် ပုံမှန်မဟုတ်တဲ့ လေးလံတဲ့ ကုန်ပစ္စည်းတွေ သယ်ဆောင်တယ်ထင်ပြီး ရဲတွေက ရှာဖွေဖို့ ရပ်တန့်ခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းယာဉ်မောင်းမှာ အသက် ၃၇ နှစ်အရွယ် Chonlathit ဆိုသူဖြစ်ပါတယ်။
ကားထဲမှာ တရုတ်နိုင်ငံသား ၈ဦး ပါဝင်ပြီး အများစုမှာ တရားဝင်မှတ်ပုံတင်စ ာရွက်စာတမ်းတွေ မရှိဘူးလို့ ဆိုပါတယ်။
တရုတ်အမျိုးသမီးတစ်ဦးသာ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပြီး ဗီဇာသက်တမ်း ကုန်ဆုံးနေပြီဖြစ်တယ်လို့ ဆိုပါတယ်။
ကားပေါ်မှာ လိုက်ပါလာတဲ့ မြန်မာနိုင်ငံသားတစ်ဦးမှာလည်း နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပေမဲ့ ဗီဇာတုံး မရိုက်နှိပ်ထားဘူးလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေက မိုဘိုင်းဖုန်း ၂၈၃ လုံး၊ အားသွင်းကြိုး ၁၁၈ ချောင်း၊ နုတ်ဘုတ်ကွန်ပျူတာ ၂ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ ထည့်ထားတဲ့ ကျောပိုးအိတ် ၉ လုံးကိုလည်း တွေ့ရှိခဲ့ကြောင်း ရဲမှူးကြီး ပွန်ဆက်က ပြောကြားခဲ့ပါတယ်။
ရဲတွေက ဖုန်းတွေကို နောက်ထပ်စစ်ဆေးဖို့အတွက် သိမ်းဆည်းထားခဲ့ပါတယ်။
ယာဉ်မောင်းက အဆိုပါ ခရီးသည်တွေကို ဆာကေးအိုပြည်နယ်၊ ဝပ်ထနာ နာခွန်ခရိုင်မှာ လာကြိုပြီး ဘန်ကောက်မြောက်ဘက် ပထုံဌာနီရှိ ဟိုတယ်တစ်ခုကို ပို့ဆောင်ဖို့အတွက် ဘတ် ၁၀၀၀၀ ရရှိကြောင်း ရဲတပ်ဖွဲ့ဝင်တွေကို ပြောကြားခဲ့ပါတယ်။
အဲ့ဒီနောက် ရဲတပ်ဖွဲ့ဝင်တွေဟာ ပထုံဌာနီရှိ ဟိုတယ်ကို ရှာဖွေခဲ့ပြီး တရားဝင်မှတ်ပုံတင်စာရွက်စာတမ်းတွေ မရှိတဲ့ အခြားမြန်မာနိုင်ငံသား ၅ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။
Reference-Bangkok Post
Photos-Bangkok Post
#bbmnews #bbm #bbmtv #Thai #Chinese #Myanmar
https://www.facebook.com/share/p/17xx52EeQw/

👍3
အာဆင်နယ်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်သင့်တယ်လို့ အာတေတာ ဝန်ခံ
အာဆင်နယ်အသင်းနည်းပြ အာတေတာက ဇယားအောက်ဆုံးက ဝုလ်ဗ်အသင်းနဲ့ နှစ်ဂိုးစီ သရေကျပြီး ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်သင့်တယ်လို့
ဝန်ခံခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဆာကာ၊ ဟင်ကာပိုင်တို့ရဲ့ဂိုးတွေနဲ့ ဦးဆောင်ခဲ့ပေမဲ့ ပွဲအပြီးမှာ သရေနဲ့သာ ကျေနပ်ခဲ့ရတာပါ။
ဆာကာကတော့ ပြိုင်ပွဲစုံ ၁၅ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ မန်စီးတီးကို ငါးမှတ်ဖြတ်ထားနိုင်ပေမဲ့ တစ်ပွဲပိုကစားထားလို့ စိုးရိမ်စရာအခြေအနေ ဖြစ်လာခဲ့တယ်။
အာတေတာက ''ဒီရလဒ်က လုံးဝစိတ်ပျက်စရာပါပဲ။ အခုလိုပုံစံနဲ့ အဆုံးသတ်ရတာကိုပေါ့။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ်သာ
အပြစ်တင်ရမှာပါ။ ဒုတိယပိုင်းစွမ်းဆောင်ရည်က ဒီလိဂ်မှာ အနိုင်ရဖို့လိုအပ်တဲ့ စံနှုန်းတွေနဲ့ မနီးစပ်ခဲ့ဘူးလို့ ယူဆပါတယ်။ ကျွန်တော်တို့
အနေနဲ့ လိုအပ်တဲ့ အဆင့်အတန်းမျိုး မစွမ်းဆောင်နိုင်ခဲ့ပါဘူး''လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ နောက်ဆုံးပရီးမီးယားလိဂ် ခုနစ်ပွဲမှာ နှစ်ပွဲသာ အနိုင်ရခဲ့တာပါ။
လာမယ့်တနင်္ဂနွေနေ့မှာတော့ စပါးအသင်းကွင်းမှာ မြောက်လန်ဒန်ဒါဘီပွဲစဉ် သွားရောက်ကစားရပါလိမ့်မယ်။
Photo - Arsenal
#bbmnews #bbm #bbmtv #Arsenal #SportsNews
https://www.facebook.com/share/17wYQ3L9kd/

❤5👍2
ဒူရကစစ်ကြောင်းက တိုက်ခိုက်ခဲ့တဲ့ GTC တိုက်ပွဲအတွင်း ရဲမှူးအရင်သေသွားတာကြောင့် စစ်တပ်က ကြုံရာရဲတစ်ဦးကို အရာရှိအဖြစ် ဖုန်းဆက်ခန့်ကာ တိုက်ပွဲကိုဆက်ညွှန်ကြား
🟥အဆိုပါ စခန်းမှ ခေါင်းဆောင်ရဲမှူးအပါ ကျန်ရဲ အကုန်နီးပါး စစ်တပ်ထံမှ မူးယစ်ဆေးဝယ်သုံးကြ
BBM-ဖေဖော်ဝါရီ ၁၉
သတင်း-မင်းသော်
ဒူရကစစ်ကြောင်းမှ တိုက်ခိုက်ခဲ့တဲ့ ထားဝယ်မြို့ နည်းပညာတက္ကသိုလ်တိုက်ပွဲဖြစ်စဥ်အတွင်း အဆိုပါစခန်းကို ဦးဆောင်နေတဲ့ ရဲမှူးအရင်သေသွားတာကြောင့် စစ်တပ်က ကြုံရာရဲတစ်ဦးကို အရာရှိအဖြစ်ချက်ချင်းခန့်ကာ အမိန့်ပေးညွှန်ကြားတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒူရကစစ်ကြောင်းမှူး ကိုဖားကြီးထံမှ သိရပါတယ်။
အဆိုပါ နည်းပညာတက္ကသိုလ် GTC တပ်စခန်းကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မနက်၆နာရီလောက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပထမဦးဆုံး ဒရုန်းဖြင့်ကြဲချတိုက်ခိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီလိုဒရုန်းကျရောက်ပေါက်ကွဲတာကြောင့် အဆိုပါတပ်စခန်းကို ဦးဆောင်နေတဲ့ ရဲမှူးအဆင့်ရှိသူက ၎င်းကိုင်ဆောင်ရာ သေနတ်ဆွဲပြီး ဦးစွာထွက်လာတာကြောင့် တော်လှန်ရေးအဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့ပြီး တိုက်ပွဲအစမှာတင်
သေနတ်ထိမှန်သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
အဲ့ဒီနောက် အဆိုပါရဲမှူးရဲ့ဖုန်းကို ၎င်းတို့ထံ အမိန့်ပေးညွှန်ကြားနေတဲ့ စစ်တပ်မှ G1 အဆင့်ရှိသူတစ်ဦးက ဖုန်းခေါ်ခဲ့ပြီး ရဲမှူးသေသွားတာကြောင့် ဖုန်းလာကိုင်တဲ့ တပ်သားတစ်ဦးကို ချက်ချင်းအရာရှိခန့်ကာ တိုက်ပွဲညွှန်ကြားတာတွေပြုလုပ်ခဲ့ပြီး တိုက်ပွဲအပြီး အဆိုပါဖုန်းကိုသိမ်းဆည်းရမိချိန် ဖုန်းrecordတွေထံမှသိရတယ်လို့ ဒူရကစစ်ကြောင်းမှ စစ်ကြောင်းမှူး ကိုဖားကြီးက BBM ကိုပြောပါတယ်။
" အဲ့စခန်းမှာက ရဲမှူးတစ်ယောက်တည်းအုပ်ချုပ်တာ ကျန်တဲ့ကောင်အကုန်လုံးက ရဲဘော်တွေပဲ အဲ့ဗိုလ်(ရဲမှူး)က AK47 ကိုင်ထားတယ် ၊ အဲ့တာ တိုက်ပွဲအစတင် ဗိုလ်အရင်ကျသွားတာ ရဲမှူးအရင်ကျသွားတာ နည်းပညာတက္ကသိုလ်ထဲ၊ အဲ့အချိန်မှာ ကျသွားတဲ့ဗိုလ်ဆီဖုန်းဝင်တာ G1 က ဖုန်းဆက်တာ အဲ့မှာဖုန်းကိုင်လိုက်တဲ့ကောင်ကအရာရှိဖြစ်သွားတယ်၊ ဖုန်းထဲက G1 က မင်းအရာရှိဖြစ်ပြီ မင်းတပည့်တွေကို ကျည်တွေ ချွေခိုင်း၊ ငါတို့စစ်ကူလာနေပြီ၊တောင့်ထားလိုက် မင်းတပည့်တွေကို ပြောလိုက် ဆိုပြီးပြောတယ်"
အဲ့ဒီလို ဖုန်းကိုင်လို့ အရာရှိဖြစ်သွားသူ ရဲတပ်သားဟာ ညမထွက်ရ အမိန့်ဖြင့် ပေါ်တာဆွဲစုဆောင်းခံခဲ့ရသူဖြစ်ပြီး ရဲသက်တမ်း၈ လခန့်သာ ရှိသေးတယ်လို့လည်း သူကဆိုပါတယ်။
ဒါ့အပြင် အဆိုပါ GTC တပ်စခန်းအတွင်းရောက်ရှိနေသူ ရဲအများစုမှာလည်း ၎င်းနည်းတူ ပေါ်တာဆွဲ စုဆောင်းခံထားရသူများဖြစ်ပြီး မော်လမြိုင်မှတဆင့် အဆိုပါ စခန်းကိုရောက်ရှိလာတာ ၂ လခန့်သာ ရှိသေးတယ်လို့လည်း သိရပါတယ်။
ဒါတင်မက သေဆုံးသွားသူ ခေါင်းဆောင်ရဲမှူးအပါ ကျန်ရဲတပ်သားအများစုမှာ စစ်ကောင်စီတပ်သားများထံမှ မူးယစ်ဆေးဝါးများဝယ်ယူကာ သုံးစွဲသူများဖြစ်တယ်လို့ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေထံမှ သိရတယ်လို့လည်း ဒူရကစစ်ကြောင်းမှူး ကိုဖားကြီးမှ ဆက်ပြောပါတယ်။
" သေသွားတဲ့ ရဲမှူးက ဆေးသမား ဘော်ဒီဂတ်(၃)ယောက်လောက်နဲ့နေပြီး ဆေးမှိန်းမှိန်းနေတာ၊ ကျန်တဲ့ကောင်တွေမေးတော့လည်း ဆေးသုံးတယ် ဘယ်ကယူလဲဆိုတော့ တပ်ဂိတ်ကနေ ယူသုံးတာတဲ့"
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲ၁၁ ဦးကိုအရှင်ဖမ်းမိခဲ့သလို တိုက်ပွဲတစ်ခုလုံးအတွင်း စစ်တပ်ဘက်က ၁၉ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
Photo - ဒူရကစစ်ကြောင်း
#bbmnews #bbm #bbmtv #GTC #DNLA
https://www.facebook.com/share/p/1AwQj4b9zd/

👍8❤1😁1
ကျောက်ဖြူမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်နေ
BBM - ဖေဖော်ဝါရီ ၁၉
သတင်း - နိုင်နိုင်
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် စစ်ကောင်စီတပ်က အရပ်သားတွေကို ဦးတည်ကာ လေကြောင်းကို အဓိကအသုံးပြု တိုက်ခိုက်နေတယ်လို့ ကျောက်ဖြူစစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ဟာ ဓညဝတီရေတပ်ဌာနချုပ်အနီးက သစ်ပုတ်တောင်လမ်းတစ်လျှောက်မှာ တိုက်ပွဲတွေကြိုကြားကြိုကြား ဖြစ်ပွားနေကြတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိနေတယ်လို့လည်း အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေအခြေအနေကြောင့်ပဲ စစ်ကောင်စီတပ်ဟာ ဓညဝတီရေတပ်ဌာနချုပ်အနီးက ကျေးရွာတွေကို လေကြောင်းကနေ ဂျက်ဖိုက်တာ၊ ဒရုန်းတွေနဲ့ ဗုံးကြဲချတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ကျောက်ဖြူမြို့နယ် ရေမျက်နှာပြင်ကလည်း စစ်သင်္ဘောတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ ညနေ ၄ နာရီအချိန်မှာ စစ်ကောင်စီတပ်ဟာ ကျောက်ဖြူမြို့နယ်၊ မိကျောင်းရေသောက်ကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၂ ဦး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ကျောက်ဖြူမြို့နယ်က ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
"ရေတပ်ဌာနချုပ်အနီးက ကျေးရွာတစ်ဝိုက်ကို ဂျက်ဖိုက်တာ၊ ဒရုန်းတွေနဲ့ ဗုံးလာရောက်ကြဲချခဲ့တာရှိပါတယ်၊ မိကျောင်းရေသောက်ကျေးရွာကို ဂျက်နဲ့ လာချလို့ ၂ ယောက်တော့ ပွဲချင်းပြီးသေဆုံးသွားပါတယ်၊ အထိအခိုက်အပျက်အစီးတွေကတော့ တော်တော်လေးရှိပါတယ်" လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။
အလားတူ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာပဲ စစ်ကောင်စီတပ်ဟာ ကျောက်ဖြူမြို့နယ်နဲ့ ၁၀ မိုင်ခန့်ကွာဝေးတဲ့ ကြတ္တိန်ကျေးရွာကိုလည်း ဒရုန်းတွေနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ပြီး အထိအခိုက်အပျက်အစီးစာရင်းကိုတော့ BBM အနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ ညနေပိုင်းမှာလည်း စစ်ကောင်စီတပ်ဟာ ကျောက်ဖြူမြို့နယ်၊ ဝမျှောင်ကျေးရွာနဲ့ ငအုပ်ကျေးရွာကို ဒရုန်းနဲ့ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၇ နှစ် အရွယ်ကလေးငယ် ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ရဲ့ ရေတပ်သင်္ဘောတွေကနေ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ကျေးရွာမှ ဒေါ်စောဖြူမ (၈၀) နှစ်မှာ ကျည်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။
Photo - ပုံဟောင်း
#bbmnews #bbm #bbmtv #kyaukphyu #rakhine #AA
https://www.facebook.com/share/p/1TfBzeghmi/

🤬6👍3
မြင်းခြံမြို့နယ် တဲရွာရှိ စစ်ကောင်စီဂိတ်ကို တိုက်ခိုက်မှု ပြန်လည်ခုခံခြင်းမရှိဘဲ ထွက်ပြေးဟုဆို
BBM - ဖေဖော်ဝါရီ ၁၉
သတင်း - ခက်ဆစ်
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပြန်လည်ခုခံခြင်းမရှိဘဲ ထွက်ပြေးသွားကြတယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၁ က ဖေဖော်ဝါရီလ ၁၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
တဲရွာမှာ အထိုင်ချ ဂိတ်ဖွင့်ထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ
ဖြစ်ပြီး စစ်ကောင်စီဘက်က ပြန်လည်ခုခံခြင်းမရှိဘဲ ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီဘက်မှ စစ်ကူတွေရောက်လာတာကြောင့် ပြောက်ကျားစစ်အဖြစ် ဆင်နွှဲပြီးနောက် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း၊ အမှတ် ၂ တပ်ရင်း၊ အမှတ် ၇ တပ်ရင်းနဲ့ မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Video - မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်း
#bbmnews #bbm #bbmnews #PDF #MDY
https://www.facebook.com/share/v/17fjoLGq5Y/

👍16