3.48K subscribers
5.58K photos
393 videos
2.88K links
Breaking Brainwashed Media
Download Telegram
အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာန နယ်မြေမှတော်လှန်ရေးဂိတ်အားလုံး ပိတ်ရန် ခရိုင်ကွပ်ကဲရေးအဖွဲ့ အမိန့်ပေး

BBM-ဖေဖော်ဝါရီ ၁၇
သတင်း-မင်းသော်

စစ်ကိုင်းတိုင်း၊ အမှတ်(၁) ရွှေဘိုခရိုင်စစ်ဌာနနယ်မြေအတွင်းရှိ တော်လှန်ရေးတပ်တွေ ဖွင့်လှစ်ထားတဲ့ ဂိတ်အားလုံးကို ဖေဖော်ဝါရီလ ၁၇ရက် နောက်ဆုံးထား ပိတ်သိမ်းရန် အမှတ်(၁) ရွှေဘိုခရိုင် ကွပ်ကဲရေးအဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနနဲ့ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေပါဝင်တဲ့ ခရိုင်ကွပ်ကဲရေးအဖွဲ့က ပြုလုပ်ခဲ့တဲ့ (၁/၂၀၂၆) အစည်းအဝေးဆုံးဖြတ်ချက်အရ အဆိုပါညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပြီးဖေဖော်ဝါရီလ ၁၀ ရက်နေ့ကတည်းက အမိန့်စာထွက်ရှိလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနအတွင်းက PDF တပ်ရင်းတွေ၊ Local PDF တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေ ဖွင့်လှစ်ထားတဲ့ အလှူခံဂိတ်၊ မဲရောင်းဂိတ်၊ လမ်းပြုပြင်ရေးရန်ပုံငွေဂိတ်နဲ့ စစ်ဆေးရေးဂိတ် စတဲ့ဂိတ်အားလုံးကို စနစ်တကျ စိစစ်ဆောင်ရွက်နိုင်ဖို့စစ်ဌာနမှ ပိတ်သိမ်းခိုင်းတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖတွေ၊ PDF တပ်ရင်းတွေနဲ့ Local PDF တပ်ရင်းတွေအနေနဲ့ လက်နက်ခဲယမ်း လိုအပ်ချက်တွေရှိပါကသက်ဆိုင်ရာ အထက်အဆင့်ဆင့်ကို တင်ပြတောင်းခံရမှာဖြစ်ပြီး ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ တရားမဝင်ဂိတ်ဖွင့်ပြီး ငွေကြေးကောက်တာတွေ၊ ရပ်ရွာပြည်သူထံမှ ခွဲတမ်းပစ်တာတွေ ပြုလုပ်ပြီး ရန်ပုံငွေရှာဖွေခြင်းတွေကို ရှောင်ကျဥ်ရန်နဲ့ ညွှန်ကြားချက်ကိုမလိုက်နာပါက ထိရောက်စွာ အရေးယူသွားမယ်လို့လည်းအမှတ်(၁)ရွှေဘိုခရိုင် ခရိုင်ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ-ခရိုင်အတွင်းရှိ pdfများ
https://www.facebook.com/share/p/18EeSePQ4g/
👍6
ထားဝယ်မြို့မှာ စစ်ကောင်စီစခန်း ၂ ခုကို DNLA တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်

🟥စစ်ကူလာတဲ့ စကစ ဗိုလ်မှူး အေးလွင်အပါ ၂၄ ဦးသေဆုံး

BBM - ဖေဖော်ဝါရီ ၁၈
သတင်း - ကိုဘုဏ်း

တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်မှာရှိတဲ့ မောင်မယ်ရှောင်ကျေးရွာရှိ (GTC)တပ်စခန်းနဲ့ ဘုရားမဲ့ စစ်ဆေးရေးဂိတ်တို့ကို DNLA တပ်တွေက တပြိုင်နက်တည်း ဝင်‌ရောက် တိုက်ခိုက်ခဲ့တယ်ရာ စစ်ကူလာတဲ့ စကစ ဗိုလ်မှူး အေးလွင်အပါ ၂၄ ဦးသေဆုံးခဲ့တယ်လို့ ဓ၀ယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၁၆ရက်နေ့က မနက် ၆ နာရီကျော်မှာ အဆိုပါ တပ်စခန်း ၂ ခုကို တိုက်ခိုက်ရင်း ၄နာရီကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအပြီးမှာ စစ်ကောင်စီဘက်မှ ဗိုလ်ကြီး တစ်ဦး ၊ အခြားအဆင့် ၁၉ဦး သေခဲ့တယ်လို့လည်းသိရပါတယ်။

အဲ့ဒီနောက် စစ်ကူလာတဲ့ စစ်ကောင်စီ ဗိုလ်မှူး အေးလွင်အပါ ၅ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက Type 81 စက်လက် (၁)လက်၊ G3 (၁၃)လက်၊G4 (၂)လက်၊AK 47 (၁)လက်၊MSA (၁)လက်၊G3 ကျည်ဘောက်(၇၃)ဘောက် Type 81 ကျည်ဘောက်အဝိုင်း (၁)ဘောက်၊AK47 ကျည်ဘောက် (၁)ဘောက်၊ G3 ကျည်(၃၀၀၀)၊AK47ကျည်(၁၀၀)၊ လက်ပစ်ဗုံး (၁၂)လုံး၊စကားပြောစက် (၅)လုံး နဲ့အခြားဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဟာ GTC တပ်စခန်းကို ယာယီထိန်းထားနိုင်ခဲ့ပြီး ဘုရားမဲ စခန်းကို ရလာအချိန်တွင် စစ်ကောင်စီဘက်က စစ်ကူများရောက်လာတာကြောင့် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA)ရဲ့ ဒူရကစစ်ကြောင်းနဲ့အတူ (DGRF)ထားဝယ် - ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ကြောင်းလည်းသိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးအရှိန်အဟုန်မြှင့်တင်နေတဲ့ကာလဖြစ်တာကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ရေးသတိ အမြဲရှိကြဖို့နဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကိုအမြဲသတိရှိကြရန်ကိုလည်းတိုက်တွန်းထားပါတယ်။

စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း ပြည်သူ့နဲ့အမြန်ဆုံးပူးပေါင်းကြရန်၊အမှန်တရားအတွက် ရပ်တည်ကြရန်ကိုလည်း ထားဝယ် အမျိူးသားလွတ်မြောက်ရေးတပ်မတော်(DNLA)က ထုတ်ပြန်ကြေငြာထားပါတယ်။

ပုံ - DNLA

#bbmnews #bbm #bbmtv #DNLA #Htawal
https://www.facebook.com/share/p/18Dqjot6tr/
👍5
ဘန်ကောက်မှာ မြန်မာအမျိုးသား ၄ဦးက အမေရိကန်နိုင်ငံသားကို တုတ်၊ဓားတွေနဲ့ သေဆုံးတဲ့အထိ ရိုက်နှက်

BBM - ဖေဖော်ဝါရီ ၁၈
သတင်း - Richard

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အမေရိကန်ခရီးသွားတစ်ဦး ရိုက်နှက်ခံရပြီး သေဆုံးသွားပြီးနောက် မြန်မာအမျိုးသား၄ဦး ရဲတပ်ဖွဲ့ဆီကို လာရောက်အဖမ်းခံခဲ့ကြတယ်လို့ ဖေ‌ဖော်ဝါရီလ ၁၇ရက်နေ့ရက်စွဲနဲ့ Bangkok Post မှာရေးသားထားပါတယ်။

အဆိုပါ အမေရိကန် အမျိုးသားဟာ မြန်မာအမျိုးသမီး ၁ဦးနဲ့ သမီးရည်းစား ဆက်ဆံ‌ရေး ပြန်လည် စတင်ဖို့ ကြိုးစားစဉ် အခုလို ရိုက်နှက်ခံရပြီး သေဆုံးခဲ့ရတာပါ။

ဖေဖော်၀ါရီလ ၁၆ရက် တနင်္လာနေ့ ညနေ ၅ နာရီခန့်မှာ ချွမ်သောင်ခရိုင်၊ Phuttha Bucha ၃၉ လမ်းဘေးရှိ ရာဇဝတ်မှုဖြစ်ပွားရာနေရာမှာ ရဲတွေရောက်ရှိလာချိန် ဓားရှည်တစ်ချောင်းနဲ့ သံပိုက်တစ်ချောင်းကိုင်ဆောင်ထားတဲ့ အမျိုးသား ၄ ဦးမှာ စောင့်ဆိုင်းနေခဲ့ကြတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွာရာ အနီးအနားမှာ ဓားဒဏ်ရာ ၅ ချက်နှင့် ခြေထောက်နှစ်ချောင်းကျိုးနေတဲ့ အသက် ၅၅ နှစ်အရွယ် Cole Stein Heath ရဲ့ အလောင်းတွေ့ရှိခဲ့ရတယ်လို့ ရဲတပ်ဖွဲက ဆိုပါတယ်။

ဘန်မော့ဒ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဆွန်ချိုင်း ပွန်ပိုလ်က သံသယရှိသူတွေက စုံစမ်းစစ်ဆေးသူတွေကို အဆိုပါ တရားခံတွေထဲက တစ်ဦးဖြစ်တဲ့ ညီမဖြစ်သူ မြန်မာအမျိုးသမီးတစ်ဦးဟာ Healthနဲ့ ဆက်ဆံရေးကို အဆုံးသတ်ပြီး သူတို့နဲ့အတူ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါ ကိစ္စကို အမေရိကန်နိုင်ငံသားက မကျေမနပ်ဖြစ်ပြီး ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပြီး သံသယရှိသူတွေနဲ့ အငြင်းပွားခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၆ရက်နေ့ ညနေပိုင်းက အမေရိကန်အမျိုးသားဟာ ဓားတစ်ချောင်းကိုင်ဆောင်ကာ ပြန်လာခဲ့ပြီး သူတို့အလုပ်လုပ်တဲ့ နေရာအနီးရှိ အမှိုက်ပုံထဲနားမှာ အဆိုပါ အမျိုးသား ၄ဦးနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဓားကိုမြင်တဲ့အခါ အဆိုပါ အမျိုးသား ၄ဦးဟာ ဓားတစ်ချောင်းနဲ့ သံပိုက်တွေကို ဆွဲယူကာ ရန်ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အမေရိကန်လူမျိုးဟယ အင်အားအလွန်အကျွံသုံးစွဲခံရပြီး သေဆုံးသွားခဲ့ရပါတယ်။

သံသယရှိသူတစ်ဦးဟာလည်း ဓားဒဏ်ရာရရှိခဲ့ကြောင်း ရဲမှူးကြီး ဆွန်ချိုင်းက ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

Reference - Bangkok Post

#bbmnews #bbm #bbmtv #usa #thaibangkok #myanmar
Photo - Bangkok Post
https://www.facebook.com/share/p/1JCxsBq3mU/
👍3👎1
ဆာကာကို ၂၀၃၁ ခုနှစ်အထိ အာဆင်နယ် သက်တမ်းတိုး

BBM - ဖေဖော်ဝါရီ ၁၈
သတင်း- David

အာဆင်နယ်အသင်းဟာ တောင်ပံတိုက်စစ်ကစားသမား ဘူကာယိုဆာကာကို ၂၀၃၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့တယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဘက်က တရားဝင်မကြေညာသေးပေမဲ့ ဆာကာဟာ ကလပ်ရဲ့လစာအများဆုံးအဖြစ် တစ်ပတ် ပေါင် သုံးသိန်း ရရှိသွား
မှာပါ။

စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုမှာ တစ်နှစ်နီးပါး ကြာမြင့်ခဲ့ပြီး ဆာကာက ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ အသင်းမှာ ဆက်ရှိနေမယ်လို့ ပြောခဲ့ပါတယ်။

၂၀၂၃ ခုနှစ်က ဆာကာ လက်မှတ်ရေးထိုးခဲ့တဲ့ မူလစာချုပ်မှာ ၂၀၂၇ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်တယ်။

ဆာကာဟာ အခုရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၃၃ ပွဲကစား ခုနစ်ဂိုးသွင်းကာ ခြောက်ဂိုး ဖန်တီးပေးခဲ့ပါတယ်။

၎င်းဟာ ၂၀၁၈ ခုနှစ်က ၁၇ နှစ်သားအရွယ်မှာပဲ အာဆင်နယ်နဲ့ ပွဲဦးထွက်ခဲ့ပြီး ပရီးမီးယားလိဂ် ၂၁၇ ပွဲကစားကာ ၅၇ ဂိုး သွင်းယူခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ဆာလီဘာ၊ ဂါဘရီရယ်လ်၊ နွမ်နယ်ရီ၊ လူးဝစ်ဆကယ်လီတို့ကိုလည်း စာချုပ်သက်တမ်း နှစ်ရှည်တိုးထား
ခဲ့ပါတယ်။

Photo - Arsenal

#bbmnews #bbm #bbmtv #Arsenal #SportsNews
https://www.facebook.com/share/p/186RLgknoy/
ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေ ကူညီကယ်ဆယ်ရေး မရတော့တာကြောင့် အခက်ကြုံနေရ

BBM - ဖေဖော်ဝါရီ ၁၈
သတင်း - နိုင်နိုင်

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စစ်ဘေးတိမ်းရှောင်နေကြတဲ့သူတွေဟာ လက်ရှိမှာကူညီကယ်ဆယ်ရေးတွေ မရရှိတာကြောင့် အငတ်ဘေးနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းကို လက်ရှိတိုက်ပွဲ ပြင်းထန်နေတဲ့ စစ်တွေ အပါအဝင် ပေါက်တော၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်ရှိကျေးရွာတွေက ဒေသခံတွေ လာရောက်စစ်ဘေး တိမ်းရှောင်နေကြတာလည်း ဖြစ်ပါတယ်။

လက်ရှိပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာ စစ်ဘေးတိမ်းရှောင်လာသူဦးရေ ၇ သောင်းကျော်ဝန်းကျင်ရှိနေပြီး သူတို့မှာ ကူညီကယ်ဆယ်ရေးမရတာ ၂ လ နီးပါးခန့် ကြာမြင့်လာပြီဖြစ်တာကြောင့် စားဝတ်နေရေးအတွက် အခက်အခဲကြုံတွေ့နေရတာဖြစ်တယ်လို့ စစ်တွေမြို့နယ်၊ ချီလည်ဖင်းကျေးရွာမှ စစ်ဘေးတိမ်းရှောင်လာသူ ဒေါ်လှဝင်းနွယ်က BBM ကို ပြောပါတယ်။

"စစ်ရှောင်ကန့်တစ်ခုလုံး စားဝတ်နေရေးက အဆင်မပြေဖြစ်နေပါတယ်၊ ၉ သောင်းကျပ် ဆိုပြီးတော့ ပြီးခဲ့တဲ့နှစ် ၁၂ လပိုင်းအစက တစ်ကြိမ်ရတာရှိပါတယ်၊ အခုတော့ ကယ်ဆယ်ရေးမရတာ ၂ လလောက်ရှိပါပြီ၊ ကန့်မှာရှိတဲ့ စစ်ဘေးရှောင်တွေကတော့ စားဝတ်နေရေး အရမ်းကိုခက်ခဲနေကြပါတယ်" လို့ ဒေါ်လှဝင်းနွယ်က ဆက်ပြောပါတယ်။

ဒေါ်လှဝင်းနွယ်တို့ ခိုလှုံနေတဲ့ စစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၄၀၀ ကျော်နဲ့ စစ်ဘေးတိမ်းရှောင်သူဦးရေ ၁၆,၀၀၀ ကျော်ရှိနေတာဖြစ်ပြီး အလုပ်အကိုင်ရှားပါးတာကြောင့်ပဲ စားဝတ်နေရေး အခက်ကြုံနေကြရတာဖြစ်တယ်လို့ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေဟာ ထင်းခုတ်၊ ဟင်းရှာစတဲ့ အလုပ်အကိုင်တွေနဲ့ပဲ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေကြရတာဖြစ်ပြီး လက်ရှိမှာ ထင်းရှားပါးလာမှုနဲ့အတူ ထင်းစျေးနှူန်းတွေမှာလည်း စျေးကောင်းမရတာကြောင့် တစ်နေ့တာစားဝတ်နေရေးကို လိုက်မမှီဘူးလို့လည်း စစ်တွေမြို့နယ်၊ ငတောက်တက်ကျေးရွာက စစ်ဘေးတိမ်းရှောင်လာသူ ဦးလှအေးမောင်က BBM ကို ပြောပါတယ်။

"စခန်းမှာ စစ်ရှောင်တွေအကုန်လုံး ထင်းခုတ်ပြီး လုပ်ကိုင်စားသောက်နေကြရတာပါ၊ ထင်းခုတ်သွားမယ်ဆိုရင် အသွားအပြန် ၇ နာရီ၊ ၈ နာရီလောက် လမ်းလျှောက်သွားရပါတယ်။ အဲတာကိုရောင်းချပြီးမှ ငွေ ၈ ထောင်ကျပ်လောက်ရရှိတာရှိပါတယ်။ အဲတာလည်း ဝယ်ယူသူရှိမှရတာပါ။ အလုပ်မလုပ်ရင်မစားရပါဘူး။ အလုပ်တွေကလည်း အတော်လေးရှားပါးပါတယ် " လို့ ဦးလှအေးမောင်က ဆက်ပြောပါတယ်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေဟာ နွေရာသီအချိန်ပိုင်းကို ရောက်ရှိလာတာနဲ့အမျှ သောက်သုံးရေရှားပါးတဲ့ ပြဿနာကိုပါ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့လည်း စစ်ရှောင်တွေဆီက သိရပါတယ်။

ရခိုင်မှာ တိုက်ပွဲတွေကြောင့် မြို့နယ်အသီးသီးက စစ်ဘေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်ဦးရေ ၇ သိန်းဝန်းကျင်ရှိနေပြီး ဖြစ်တယ်လို့လည်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ သူတွေဆီက သိရပါတယ်။

#bbmnews #bbm #bbmtv #rakhine #ArakanArmy
https://www.facebook.com/share/p/1E9PgM8hZB/
👎4
ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီလေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှု ပြည်သူ ၁ ဦးဒဏ်ရာရပြီး နေအိမ်၊ စာသင်ကျောင်းများပျက်စီး

BBM - ဖေဖော်ဝါရီ ၁၈
သတင်း - ခက်ဆစ်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းမှာ စစ်ကောင်စီက အရပ်သားပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ် ၉ လုံးနဲ့ စာသင်ကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ဒီနေ့ထုတ်ပြန်ပါတယ်။

ရွှေကျင်မြို့နယ်၊ ဝိုင်ကျွန်းကျေးရွာအတွင်းကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၉ ရက်မှာ စက်တပ်လေထီး(ပါရာမော်တာ)နဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာနေ ဒေါ်ရွက်ကောက်ရဲ့ နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်မှာလည်း ပျဥ်ရင်ကျေးရွာအတွင်းသို့ စစ်ကောင်စီက စက်တပ်လေထီး (ပါရာမော်တာ)နဲ့ ပေါင် ၃၀၀ ဗုံးသီး ၁ လုံး လာ‌ရောက်ပစ်ချခဲ့တာကြောင့် ဦးကျော်ဝင်းနဲ့ ဦးကျော်စိုးတို့ရဲ့ နေအိမ် ၂ လုံး၊ ပျဥ်ရင်ကျေးရွာစာသင်ကျောင်း ၁ ကျောင်း ထိမှန်ပျက်စီးခဲ့ပြီး ဦးချမ်းမြရဲ့ နွား ၁ ကောင်နဲ့ မြင်း ၁ ကောင် ထိခိုက်သေဆုံးခဲ့သလို နွား ၄ ကောင်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

မုန်းမြို့နယ်၊ ကင်မွန်းခြုံကျေးရွာအတွင်းသို့ ဖေဖော်ဝါရီလ ၁၄ ရက်မှာ စစ်ကောင်စီတပ် ခမရ ၃၀၇ နဲ့ ခမရ ၄၃၉ ပူးပေါင်းတပ်ရင်းမှ လက်နက်ကြီး အလုံး ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကင်းမွန်ခြုံရွာသား ဦးဝင်းနိုင် အသက် ၅၈ နှစ်ဟာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကျောက်ကြီးမြို့နယ်၊ ရေတွင်းကုန်း‌ကျေးရွာအတွင်းကိုလည်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ် ခမရ ၂၆၄ မှ ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် စောရောင်ရွက်ရဲ့ နေအိမ်နဲ့ ဂိုဒေါင် ၁ လုံးထိမှန်ပျက်စီးခဲ့ပြီး စောဆိဖိုးရဲ့ နေအိမ်နဲ့ ဆိုင်ကယ် ၁ စီး ထိမှန်ပျက်စီးခဲ့သလို အဆိုပါတပ်မှ (၈၁) မမ လက်နက်ကြီး (၁) လုံး ထပ်မံပစ်ခတ်ခဲ့တာကြောင့် စောဇင်ယော်ရဲ့ နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

တောင်ခင်ကျေးရွာနဲ့ ကြိတ်ကွေးကျေးရွာတွင်းသို့ စက်တပ်လေထီးနဲ့ ထပ်မံလာရောက်ပစ်ခတ်ခဲ့တာကြောင့် တောင်ခင်ကျေးရွာမှ ဦးညွန့်မောင်နဲ့ ဦးစံမြင့်တို့ရဲ့ နေအိမ် ၂ လုံးထိမှန်ပျက်စီးခဲ့ပြီး ကြိတ်ကွေးကျေးရွာမှ စောထူးအယ်ဝါးရဲ့ နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ညောင်‌လေးပင်ခရိုင်အတွင်း နေထိုင်တဲ့ အရပ်သားပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ အဆက်မပြတ် ကျူးလွန်လျက်ရှိတာကြောင့် ဒေသတွင်းနေထိုင်တဲ့ ပြည်သူလူထုဟာ ထိတ်လန့်ကြောက်ရွံ့စွာနဲ့ နေထိုင်နေရတယ်လို့ အသိပေးထားပါတယ်။

Photo - KNU

#bbmnews #bbm #bbmtv #bago #airstrike
https://www.facebook.com/share/p/1DnxEr57P4/
👍4
စစ်တွေမှာ ဒေသခံလက်လုပ်လက်စားတွေကို AA နဲ့ ဆက်စပ်တယ်လို့ဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်လာ

BBM - ဖေဖော်ဝါရီ ၁၈
သတင်း - နိုင်နိုင်

ရခိုင်ပြည်ရဲ့ မြို့တော် စစ်တွေမြို့မှာ ဒေသခံလက်လုပ်လက်စားတွေကို အာရက္ခတပ်တော် AA နဲ့ ဆက်စပ်တယ်လို့ဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးတွေမှု ဆက်တိုက်လုပ်ဆောင်လာနေတယ်လို့ စစ်တွေဒေသခံတွေဆီက သိရပါတယ်။

စစ်တွေမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် မြို့ပေါ်ရှိနေရာတွေကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ချထားကာ အရပ်သားတွေကို ဦးတည်ပြီးတော့ ဖမ်းဆီးမှုတွေ ပြုလုပ်လာနေတာဖြစ်တယ်လို့ စစ်တွေဒေသခံအမျိုးသားတစ်ဦးက BBM ကို ပြောပါတယ်။

"စစ်တွေမှာ မြို့ပေါ်နေရာ တော်တော်များများကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ် ချထားတာရှိပါတယ်။ နယ်ဖက်တွေမှာ တိုက်ပွဲတွေပြင်းထန်လာရင် မြို့ပေါ်ရပ်ကွက်က အခြေခံလက်လုပ်လက်စားတွေကို AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးတာမျိုးတွေ ဆက်တိုက်လုပ်ဆောင်လာနေတာရှိပါတယ်" လို့ အဆိုပါ အမျိုးသားက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း စစ်ကောင်စီတပ်ဟာ စစ်တွေမြို့၊ ဓညဝတီရပ်ကွက်နဲ့ စက်ရုံစုရပ်ကွက်က ဒေသခံလူတစ်ချို့ကို အမှတ် ၂ ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်လို့လည်း စစ်တွေဒေသခံတွေဆီက သိရပါတယ်။

အလားတူ စစ်ကောင်စီတပ်ဟာ ဒေါ် စောမြရာဇာလင်း ဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး မြို့ပေါ်ရှိဒေသခံတွေကို ဖမ်းဆီး ငွေညှစ်ကာပြန်လွတ်ပေးမှုတွေ ရှိနေတယ်လို့လည်း မင်းဂံရပ်ကွက်က ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

"စစ်တပ်နဲ့ ALP တပ်ဖွဲ့တွေ ပူးပေါင်းပြီးတော့လည်း မြို့ပေါ်ဒေသခံတွေကို ဖမ်းဆီးတာရှိပါတယ်။ သူတို့ကတော့ ဖမ်းဆီးတယ် ငွေရရင်တော့ ပြန်လွှတ်ပေးတာပေါ့။ ရခိုင်အပါအဝင် မူဆလင်ဒေသခံတွေပါ ဖမ်းဆီးတာမျိုးတွေရှိပါတယ်။ နောက်ပြီးနေအိမ်တွေကိုလည်း ဖြိုဖျက်ရောင်းချနေတာရှိပါတယ် " လို့ အဆိုပါ အမျိုးသားက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ စစ်တွေမြို့နယ်၊ ဘုမေမူဆလင်ကျေးရွာက ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လက်ရှိအချိန်အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရရှိသေးဘူးလို့လည်း သိရပါတယ်။

စစ်တွေမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ဟာ ကံကော်ကျွန်း၊ တောကန်၊ ဇော်မတတ် စတဲ့ကျေးရွာတွေအနီးမှာ တိုက်ပွဲတွေပြင်းထန်နေကြတာဖြစ်ပြီး အာရက္ခတပ်တော် AA ဟာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)နဲ့ ယာယီအခြေစိုက်ထားတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရှိနေတယ်လို့လည်း AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အဆိုပါ တိုက်ပွဲအခြေအနေကြောင့်ပဲ စစ်ကောင်စီတပ်ဟာ စစ်တွေမြို့ပေါ်ကနေရာ အများအပြားကို လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေတာဖြစ်ပြီး ငါးဖမ်းထွက်ကြတဲ့ ပေါက်တော၊ ရသေ့တောင်နဲ့ စစ်တွေမြို့နယ်က ဒေသခံတစ်ချို့ကိုပါ ဖမ်းဆီးမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ပုံစာ - Social Media

#bbmnews #bbm #bbmtv #sittwa #rakhine #ArakanArmy
https://www.facebook.com/share/p/1By8gfioAa/
👍4
ထီးလင်းမြို့ပေါ်မှာ ဓားပြတိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားပြီး တရားခံတွေကို စစ်ကောင်စီ ဖမ်းဆီးနိုင်ခြင်းမရှိ

BBM - ဖေဖော်ဝါရီ ၁၈
သတင်း - ကိုအိုက်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မကွေးတိုင်း၊ ထီးလင်းမြို့ပေါ်မှာ ဓားပြတိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ကျူးလွန်သူ တရားခံတွေကို ဖမ်းဆီးနိုင်ခြင်း မရှိတာကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့ မြို့ခံတွေက BBM ကို ပြောပါတယ်။

ထီးလင်းမြို့ပေါ်မှာ မျက်နှာဖုံးစွပ်ထားတဲ့ အမည်မသိ လူအုပ်စုက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှစ၍ သေနတ်တွေနဲ့ နေအိမ်တွေကို ဓားပြတိုက်တာဖြစ်ပြီး အခုဖေဖော်ဝါရီလမှာ ဓားပြတိုက်ခိုက်ခံရမှု ၃ ကြိမ်ထက်မနည်းရှိပြီလို့ သိရပါတယ်။

"ထီးလင်းမြို့ပေါ်မှာက အခု ဖေဖော်ဝါရီလထဲတင် ဓားပြတိုက်ခံရတာ ၃ ကြိမ်ထက်မနည်း ရှိနေပြီဗျ၊ မျက်နှာဖုံးစွပ်ထားတဲ့ အမည်မသိလူတစ်စုက သေနတ်တွေနဲ့ ညသန်းခေါင်ယံအချိန်မှာ နေအိမ်တွေထဲအထိ ဝင်ပြီး ဓားပြတိုက်နေတာ၊ အရင်လကဆို ဘဏ်ဝန်းထမ်းအိမ်လည်း ဓားပြတိုက်ခိုက်ခံရတယ်၊ ရွှေတွေ၊ ငွေတွေလည်း အတော်ပါသွားတယ်"လို့ ထီးလင်းမြို့ခံတစ်ဦးက BBM ကို ပြောပါတယ်။

ထီးလင်းမြို့ပေါ်မှာ အခုလ ဖေဖော်ဝါရီ လဆန်းမှာ ဓားပြတိုက်မှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပေမဲ့ စစ်ကောင်စီဘက်က အရေးယူဆောင်ရွက်ခြင်း မရှိတဲ့အပေါ် ဒေသခံပြည်သူတွေက ဝေဖန်နေကြသလို စိုးရိမ်မှုတွေလည်း ဖြစ်နေပါတယ်။

မျက်နှာဖုံးစွပ်ထားပေမဲ့ ကျူးလွန်သူတွေမှာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ဒေသခံတွေက ရိပ်မိနေကြပေမဲ့ လက်နက်ကိုင်ဆောင်ထားသူတွေ ဖြစ်နေတာကြောင့် အသက်အန္တရာယ်ကို စိုးရိမ်ပြီး မတိုင်ရဲဘဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။

"ဓားပြတိုက်တဲ့သူတွေက မျက်နှာဖုံးတွေ စွပ်ထားပေမဲ့ ဘယ်သူဘယ်ဝါဆိုတာ ရိပ်မိတယ်၊ သူတို့က လက်နက်ကိုင်ထားတဲ့သူတွေဆိုတော့ မတိုင်ရဲဘူး၊ ကိုယ်အသက်အန္တရာယ်ပါ ခြိမ်းခြောက်ခံရမှာစိုးလို့။ စစ်ကောင်စီဘက်ကလည်း တရားခံကို ဖမ်းဆီးရှာဖွေတာ မရှိဘူး"လို့ ထီးလင်းမြို့ခံတစ်ဦးက BBM ကို ပြောပါတယ်။

လက်ရှိ ထီးလင်းမြို့ကို မိတ္ထီလာအခြေစိုက် တပ်မ (၉၉) လက်အောက်ခံ တပ်ဖွဲ့ဝင် ၁၂၀ ကျော်က ဇန်နဝါရီလ ၇ ရက်နေ့မှစပြီး အစားထိုး အခြေစိုက်ထားပါတယ်။

အဲဒီတပ်ဖွဲ့ဝင်တွေထဲမှာ အရာရှိအဆင့်မှ အောက်ခြေတပ်သားတွေအထိ မူးယစ်ဆေးဝါးတွေကို သုံးစွဲနေကြတယ်လို့ ထီးလင်းမြို့ခံတွေ ဆိုကြပါတယ်။

ဓာတ်ပုံ-လူမှုကွန်ရက်

#bbmnews #bbm #bbmtv #drugs #junta
https://www.facebook.com/share/p/1HmkUL7qvU/
👍4
မုံရွာ - ချောင်းဦးလမ်းမှာ ဆက်ကြေးကောက်နေတဲ့ စကစ ပျူတွေကို ဒရုန်းနဲ့တိုက်ခိုက်

BBM - ဖေဖော်ဝါရီ ၁၈
သတင်း - ခက်ဆစ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းမပေါ်မှာ ဆက်ကြေးကောက်ဖို့ထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး အင်အား ၂၀ ခန့်ကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ Brave Heart Army BHA တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

မုံရွာမြို့နယ်အတွင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တောပုပျူရွာမှ အင်အား ၂၀ ခန့်နဲ့ ဖေဖော်ဝါရီလ ၁၇ ရက်၊ မနက် ၇ နာရီခန့်မှာ မုံရွာ-‌ချောင်းဦးလမ်းပေါ် ဆက်ကြေးကောက်ဖို့နဲ့ မိုင်းရှာဖို့ထွက်လာစဉ် ဒရုန်းဗုံးသီး ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ပြည်သူတွေကတဆင့် သိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါစစ်ဆင်ရေးကို BRAVE HEART AYMY - BHA ၊ MONYWA DYNAMITE.STF နဲ့ CHINDWIN FIGHTER GROUP - CFG တို့က လက်တွဲညီစွာ လုပ်ဆောင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

Video - BHA
https://www.facebook.com/share/v/18PQMS67K1/
👍5
စစ်ကောင်စီ နံပါတ်၃ ခေါင်း‌ဆောင်နဲ့ ဝန်ကြီးတွေအပြင် နိုင်းနိုင်းနဲ့ သရုပ်ဆောင်အချို့ ရွှေနဒီရွှေရည်ရုပ်သံလိုင်းထုတ်လွှင့်မှုပွဲ တက်ရောက်

BBM - ဖေဖော်ဝါရီ ၁၈
သတင်း - Richard

ရွှေနဒီရွှေရည် ရုပ်သံလိုင်းထုတ်လွှင့်မှု အခမ်းအနားကို စစ်ကောင်စီတပ် အကြီးပိုင်း ခေါင်းဆောင်တွေနဲ့ သရုပ်ဆောင်တွေ တက်ရောက်ခဲ့ပြီး ရွှေနဒီရွှေရည်ရဲ့ ဥက္ကဋ္ဌ တင်မောင်၀င်းက ဖွင့်ပွဲမှာ လက်ခံတွေ့ဆုံခဲ့တယ်လို့ ရွှေနဒီရွှေရည် ရုပ်ရှင်ထုတ်လုပ်ရေးက ဒီနေ့ ဖေဖော်ဝါရီလ ၁၈ရက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ ရွှေနဒီရွှေရည် ရုပ်သံလိုင်းထုတ်လွှင့်မှုအခမ်းအနားကို စစ်ကောင်စီတပ်ရဲ့ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ် ကျော်စွာလင်း၊ စစ်ကောင်စီခန့် ဝန်ကြီးချုပ် ညိုစော၊ ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်းတို့ တက်ရောက်ခဲ့တာပါ။

ဒါ့အပြင် အဆိုပါပွဲကို အမေရိကန်ပြန် နိုင်းနိုင်း၊ အလှမယ် သဲစုညိမ်း၊ အလှမယ် မီးမီး၊ ထူးအံ့လွင်(မီးမီး နဲ့သဲစုညိမ်းတို့ရဲ့ ဆရာဖြစ်သူ)၊ အကယ်ဒမီ ခြူးလေး၊ ထွန်းပုလဲရတနာ၊ အမရာဘို၊ မြင့်မြတ်မိုး၊ Na Na နဲ့ သက်ထားရွှေစင်တို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ ရွှေနဒီရွှေရည် ရုပ်ရုင်ထုတ်လုပ်ရေးရဲ့ ဥက္ကဋ္ဌဆိုသူ တင်မောင်ဝင်းက မင်းအောင်လှိုင်ရဲ့ သမီး ခင်ရီသက်မွန်ရဲ့ စီးပွားဘက် ဝေမင်းမောင် (ခ) ရွှေမန်းနဲ့လည်း လုပ်ငန်းဆိုင်ရာ ပတ်သက်မှုတွေ ရှိတယ်လို့ သိရပါတယ်။

ရွှေနဒီရွှေရည် HD ချန်နယ်ကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မြို့တွေမှာ DTH DVB -T2 စနစ်နဲ့ ဖမ်းယူကြည့်ရှုနိုင်တယ်လို့လည်း သိရပါတယ်။

ရွှေနဒီ ရွှေရည်ရုပ်ရှင်ထုတ်လုပ်ရေးဟာ မြေစာ၊ ဗြောသံ၊ နှောင် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ထုတ်လုပ်ခဲ့ပြီး အဆိုပါရုပ်ရှင်ထုတ်လုပ်‌ရေးဟာ ၂၀၂၄ ခုနှစ် ဝန်းကျင်မှ စတင်တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။

ပုံ - ရွှေနဒီရွှေရည် ရုပ်ရှင်ထုတ်လုပ်ရေးhttps://www.facebook.com/share/p/1DB6vBpqLE/
5👍4👎3
မြန်မာ-တရုတ်နယ်စပ်က တောင်သူတွေ လုပ်အားငှားရမ်းခနဲ့ စိုက်ပျိုးရေးသုံးပစ္စည်းတွေ ဈေးကြီးလို့ အခက်ကြုံ

BBM - ဖေဖော်ဝါရီ ၁၈
သတင်း - PJ

မြန်မာ - တရုတ်နယ်စပ်ရှိ စိုက်ပျိုးရေး တောင်သူတွေ လုပ်အား ငှားရမ်းခနဲ့ စိုက်ပျိုးရေးသုံး ပစ္စည်းတွေ ဈေးကြီးနေတာကြောင့် အခက်ကြုံနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

"ကြံရောင်းတဲ့ ဈေးနှုန်းကတော့ သိပ်မကွာဘူး၊ လုပ်အားခ ကွာသွားတယ်" လို့ နယ်စပ်ဒေသခံ ကြံစိုက်တောင်သူ တစ်ဦးက ပြောပါတယ်။

ပလပ်စတစ်အုပ်တာ ဆိုရင် အရင်နှစ်က တစ်သောင်းခွဲ၊ နှစ်သောင်းပဲ ရှိပေမယ့် ဒီနှစ်က သုံးသောင်း ဖြစ်သွားတယ်လို့ သူကပြောပါတယ်။

ကြံတင်တာကလည်း အရင်နှစ်က တစ်တန်ကို ၆၀၀၀ ကျပ်ပဲရှိပေမယ့် ဒီနှစ်မှာ တစ်တန်ကို ၁၀၀၀၀ ဖြစ်သွားပြီး ကြံ‌ပြန်ရောင်းရတဲ့ ဈေးနှုန်းမှာ မနှစ်ကဈေးနှုန်းနဲ့ တရုတ်ငွေ သုံးယွမ်လောက်ပဲ ကွာတယ်လို့ သူကရှင်းပြပါတယ်။

"စပါးစိုက်ရင် ပိုဆိုးတယ်၊ ဓာတ်မြေဩဇာ စရိတ်တွေ၊ စိုက်ပျိုးစရိတ်တွေ၊ နေ့စားငှားခတွေ ဈေးကြီးတဲ့အပြင် ရိတ်သိမ်းဖို့ ခက်ခဲတယ်၊ ဆန်ဈေးက မရဘူး၊ အနှုတ်ပြတယ်၊ ရှုံးတယ်" လို့ နယ်စပ်ဒေသခံ စပါးစိုက်တောင်သူ တစ်ဦးက ပြောပါတယ်။

ဆန်တွေ၊ စပါးတွေက ဘယ်သူမှမဝယ်ဘဲ ဈေးမရတဲ့အပြင် အရှုံးပါပြတာကြောင့် လယ်ကတော့ စားဖို့ လိုလို့ လုပ်တာပဲရှိပြီး လယ်ငှားတွေလည်း ဘယ်သူမှ မလုပ်ချင်တော့ဘူးလို့ သူက ပြောပါတယ်။

တရုတ်နယ်စပ်ဒေသက စပါးစိုက်တောင်သူတွေဟာ မြောက်ပိုင်း မဟာမိတ်ညီ‌နောင်ရဲ့ ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင် ကာလတွေမှာတော့ ဆန်၊ စပါးတွေကို တရုတ်ဘက် အဓိက တင်ပို ရောင်းချတာဖြစ်ပေမယ့် လက်ရှိမှာတော့ တရုတ်ဘက် တရားဝင်တင်ပိုလို့မရတော့တာကြောင့် ဝယ်လိုအားမရှိတော့ပဲ အခက်ကြုံကြရတာ ဖြစ်ပါတယ်။

Photo Crd - ဒေသခံ

#bbmnews #bbm #bbmtv #myanmar #china
https://www.facebook.com/share/p/184et8F9rJ/
👍2
ခင်ဦးမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှု အမျိုးသမီးတစ်ဦးအပါ ၃ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရ

BBM - ဖေဖော်ဝါရီ ၁၈
သတင်း - ကိုအိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

တံတားဦးလေတပ်စခန်းမှ တက်လာတဲ့ Yak-130 ဂျက်ဖိုက်တာတစ်စီးဟာ မနေ့က ဖေဖော်ဝါရီလ ၁၇ ရက်၊ ည ၁၀ နာရီခန့်မှာ ညောင်ပင်ကြီးစုကျေးရွာကို ပေါင် ၃၀၀ ဗုံး သုံးလုံးနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီလေကြောင်း တိုက်ခိုက်မှုကြောင့် ညောင်ပင်ကြီးစု အထက်တန်းကျောင်းဝန်း၊ ရေဦး-ရွှေဘို ကားလမ်းမနဲ့ ကျေးရွာအတွင်းရှိ လူနေအိမ်တွေပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

"ရွာမှာ ဘာမှ ထူးခြားတာမရှိဘူး၊ ပွဲလမ်းသဘင်၊ တိုက်ပွဲဖြစ်တာ၊ စစ်ရေးလှုပ်ရှားတာ မရှိဘူး၊ အရပ်သားတွေ နေထိုင်တဲ့နေရာကို ဗုံးကြဲတိုက်ခိုက်တာပါ၊ အိပ်နေချိန်ဆိုတော့ ပြေးချိန်မရလိုက်ဘူး"လို့ ခင်ဦးဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

သေဆုံးတဲ့ အရပ်သား ၃ ဦးမှာ ဦးကိုကျော်မြင့်၊ ကိုစိုးတင့် နဲ့ ဒေါ်ရွှေကြိုင် တို့ဖြစ်ပြီး ဒဏ်ရာရသူ ၈ ဦးမှာ မဥမ္မာ၊ ကိုဝင်းအောင်၊ ဒေါ်သောင်းဌေး၊ ကိုကိုမောင်၊ ဇင်မျိုးသူ၊ အောင်ဇင်လင်း၊ ဒေါ်ခင်တင့်၊ ဒေါ်တုတ်တို့ ဖြစ်ကြပါတယ်။

ဒါ့အပြင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၁၀ လုံးထက်မနည်းနဲ့ စာသင်ကျောင်းဆောင် တစ်ဆောင်တို့ ပြိုကျပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကလည်း ခင်ဦးမြို့နယ်၊ ကုန်းကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဓာတ်ပုံ-ပေးပို့

#bbmnews #bbm #bbmtv #bbm #khinU #sagaing
https://www.facebook.com/share/p/1CRFcvXM1A/
🤬3
စကစ ဗိုလ်မှူး အေးလွင်အပါ ၂၄ ဦးသေဆုံးပြီးစခန်း ၂ ခုကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံကို ဒူရက စစ်ကြောင်းထုတ်ပြန်

BBM - ဖေဖော်ဝါရီ ၁၈
သတင်း - မင်းသော်

စစ်ကောင်စီဘက်က ဗိုလ်မှူး အေးလွင်အပါ ၂၄ ဦးသေဆုံးပြီးစစ်ကောင်စီ စခန်း ၂ ခုကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံကို ဒူရက စစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာရှိ (GTC)တပ်စခန်းနဲ့ ဘုရားမဲ့ စစ်ဆေးရေးဂိတ်တို့ကို DNLA တပ်တွေက တပြိုင်နက်တည်း ဝင်‌ရောက် တိုက်ခိုက်ခဲ့တဲ့
အပြင် စစ်ကူလာတဲ့ စကစ ဗိုလ်မှူး အေးလွင် ဦးဆောင်တဲ့ စစ်ကြောင်းကိုလည်း ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့တင်မက အဆိုပါစစ်ကောင်စီစခန်းအတွင်းရှိ ရဲတပ်သားအများစုမှာ ပေါ်တာဆွဲပြီး စုဆောင်းခံထားရတဲ့သူများဖြစ်တဲ့အပြင် မော်လမြိုင်မြို့မှ အဆိုပါစခန်းကို ရောက်ရှိလာတာ ၂ လလောက်သာရှိသေးသူများဖြစ်တယ်လို့လည်း ဒူရကစစ်ကြောင်းမှ စစ်ကြောင်းမှူး ကိုဖားကြီးက BBM ကိုပြောပါတယ်။

" အဲ့စခန်းကရဲတွေက မော်လမြိုင်ကနေ ပြောင်းလာတာ (၂)လလောက်ပဲရှိသေးတယ်၊ ပြီးတော့ ရဲအများစုကလည်း ပေါ်တာဆွဲခံထားရတဲ့သူတွေပဲ"

အဆိုပါတိုက်ခိုက်မှုတွေအတွင်း စကစ ဗိုလ်မှူးအပါ (၂၄)ဦးသေဆုံးပြီး Type 81 စက်လက် (၁)လက်၊ G3 (၁၃)လက်၊G4 (၂)လက်၊AK 47 (၁)လက်၊MSA (၁)လက်၊G3 ကျည်ဘောက်(၇၃)ဘောက် Type 81 ကျည်ဘောက်အဝိုင်း (၁)ဘောက်၊AK47 ကျည်ဘောက် (၁)ဘောက်၊ G3 ကျည်(၃၀၀၀)၊AK47ကျည်(၁၀၀)၊ လက်ပစ်ဗုံး (၁၂)လုံး၊စကားပြောစက် (၅)လုံး နဲ့အခြားဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးအရှိန်အဟုန်မြှင့်တင်နေတဲ့ကာလဖြစ်တာကြောင့် စစ်ရေးသတိ အမြဲရှိကြဖို့၊ စစ်ကောင်စီရဲ့ လေကြောင်းရန်ကိုအမြဲသတိရှိကြရန်အပြင် စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ပြည်သူ့နဲ့အမြန်ဆုံးပူးပေါင်းကြပြီူ အမှန်တရားအတွက် ရပ်တည်ကြရန်အတွက်လည်း ထားဝယ် အမျိူးသားလွတ်မြောက်ရေးတပ်မတော်(DNLA)က ထုတ်ပြန်ကြေငြာထားပါတယ်။

Video-ဒူရကစစ်ကြောင်း

#bbmnews #bbm #bbmtv #DNLA #PDF
https://www.facebook.com/share/v/1LNtXWskaK/
7
စကစနဲ့ ပေါင်းသွားတဲ့ ဗိုလ်နဂါး ကျူးလွန်ထားတဲ့ သက်ငယ်မုဒိမ်းမှုအပါ အမှုများစွာကို စုံစမ်းစစ်ဆေးနေဟု NUG ပြည်ထဲရေး၀န်ကြီးဌာန ထုတ်ပြန်

BBM - ဖေဖော်ဝါရီ ၁၉
သတင်း - Richard

စစ်ကောင်စီတပ်ဆီ ပူးပေါင်းသွားတဲ့ ဗမာအမျိုးသား တော်လှန်‌‌ရေး တပ်မတော် ခေါင်းဆောင် ထင်လင်း (ခ) ဗိုလ်နဂါး ကျူးလွန်ထားတဲ့ သက်ငယ်မုဒိမ်းမှုတွေ အပါ အမှု ၇ မှုကို အမျိုးသားညီညွတ်‌ရေး အစိုးရရဲ့ ပြည်ထဲရေး၀န်ကြီးဌာနက စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၁၈ရက် ညနေ ၄နာရီ ၅ မိနစ်ခန့်မှာ ဗမာအမျိုးသားတော်လှန်‌‌ရေး တပ်မတော်(BNRA) ခေါင်းဆောင် ထင်လင်း (ခ) ဗိုလ်နဂါးဟာ မိသားစုနဲ့အတူ သေနတ် ၆လက်နဲ့ စစ်ကောင်စီတပ်ထံ ပူးပေါင်းလာခဲ့တယ်လို့ စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာပါ။

ထင်လင်း (ခ) ဗိုလ်နဂါးကျူးလွန်ထားတဲ့ အမှုတွေမှာ မုဒိမ်းကျင့်ရန် ကြံစည်သည်ဟုဆိုကာ လူသတ်အလောင်းဖျောက်မှု၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃ တပ်ဖွဲ့၀င် ‌မင်းထက်နိုင်ကို သေနတ်နဲ့ ပစ်သတ်မှု၊ ပကဖ ရဲဘော် ၁၀ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန် နှိပ်စက်မှု၊ အမျိုးသမီးငယ် ၂ဦးကို သက်ငယ်မုဒိမ်းကျူးလွန်မှု၊ ဥယျာဉ်နယ်မြေမှာ ဆင်မပိုးအိစံကို သတ်ဖြတ် ခုတ်ထစ် မီးရှို့မှု၊ NUG ဂိတ်စခန်းကို စီးနင်းပြီး တာ၀န်ရှိသူ‌များကို ရိုက်နှက်ဖမ်းဆီးမှု သေနတ်နဲ့ လိုက်လံ ပစ်ခတ်မှုနဲ့ ယင်းမာပင် ခရိုင် အမှတ် ၄ တပ်ရင်းမှ PDF ရဲဘော် ဂတုံးကို သေနတ်နဲ့ ပစ်သတ်မှုတို့ပဲ ဖြစ်ပါတယ်။

အဆိုပါ အမှုတွေကို ကျူးလွန်ခဲ့တဲ့ ဗိုလ်နဂါးနဲ့ BNRA တပ်ဖွဲ့၀င်တွေကို NUG ‌အောက်ရှိ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ရဲလုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ဆောင်ဖို့ရာ လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့ပေမဲ့ ကျူးလွန်သူတွေကို လွှဲပြောင်းမပေးအပ်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့ကြောင့် ဖေဖော်ဝါရီလ ၁၇ရက်နေ့မှာ ပြည်ထဲရေးနဲ့ လူ၀င်မှု ကြီးကြပ်ရေး ၀န်ကြီးဌာနက ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ အကူအညီနဲ့ အဆိုပါ ကျူးလွန်သူတွေကို ဖမ်းဆီးဖို့ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

သို့သော်လည်းပဲ အသာတကြည် ပူးပေါင်းဆောင်ရွက်တာမျိုးမရှိတာကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး လက်ရှိမှာ BNRA ရဲဘော်တချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် BNRA တပ်ဖွဲ့၀င် ၁၅၀ ကျော်ဟာလည်း PDFနဲ့ ပကဖတွေဆီကို လာရောက် အဖမ်းခံတာတွေ၊ လာရောက် ပူးပေါင်း ဆောင်ရွက်တာတွေနဲ့ လက်နက်အပ်နှံတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

NUGရဲ့ ပြည်ထဲရေးနဲ့ လူ၀င်မှု ကြီးကြပ်ရေး ၀န်ကြီးဌာနနဲ့ ကာကွယ်ရေး ၀န်ကြီးဌာနအနေနဲ့ စစ်အာဏာရှင် စနစ်အမြစ်ပြတ်‌ ချေမှုန်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ စနစ်ထူထောင်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
https://www.facebook.com/share/p/1FUPVYUphW/
💯51
ထိုင်းမှာ တရားမဝင် တရုတ်လူမျိုးတွေနဲ့အတူ မြန်မာတစ်ဦး ဖမ်းဆီးခံရ၊ မိုဘိုင်းဖုန်းရာပေါင်းများစွာ သိမ်းဆည်းရမိ

BBM - ဖေဖော်ဝါရီ ၁၉
သတင်း - Richard

ထိုင်းနိုင်ငံမှာ တရားမဝင် တရုတ် ရွှေ့ပြောင်းအလုပ်သမား ၈ဦးနဲ့ မြန်မာနိုင်ငံသား ၁ဦးကို ကမ္ဘောဒီးယားနယ်စပ်အနီးရှိ အရှေ့ပိုင်းပြည်နယ် အဝေးပြေးလမ်းမကြီးပေါ်မှာ အဝေးပြေးလမ်းမကြီးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မိုဘိုင်းဖုန်း ၂၈၃ လုံးကို သိမ်းဆည်းခဲ့တယ်လို့ Bangkok Post မှာရေးသားထားပါတယ်။

ဖေဖော်ဝါရီလ ၁၅ရက် တနင်္ဂနွေနေ့ မနက်မှာ သီရိမဟာဖော့ခရိုင်၊ ခရော့ဆွမ်ဘွန်းမြို့ရှိ အဝေးပြေးလမ်းမကြီး ၃၅၉ ပေါ်မှာ ထိုင်းအမျိုးသားတစ်ဦးမောင်းနှင်လာတဲ့ Toyota ကားနဲ့ ခရီးသွားနေတဲ့ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးခဲ့ကြောင်း အဝေးပြေးလမ်းမကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ပွန်ဆက်လောင်ရူ ဝီရာလိုင်းက ပြောကြားခဲ့ပါတယ်။

အဆိုပါ ကားဟာ မှန်အမည်းတွေ တင်ပြီးမောင်းလာတာကြောင့် ပုံမှန်မဟုတ်တဲ့ လေးလံတဲ့ ကုန်ပစ္စည်းတွေ သယ်ဆောင်တယ်ထင်ပြီး ရဲတွေက ရှာဖွေဖို့ ရပ်တန့်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းယာဉ်မောင်းမှာ အသက် ၃၇ နှစ်အရွယ် Chonlathit ဆိုသူဖြစ်ပါတယ်။

ကားထဲမှာ တရုတ်နိုင်ငံသား ၈ဦး ပါဝင်ပြီး အများစုမှာ တရားဝင်မှတ်ပုံတင်စ ာရွက်စာတမ်းတွေ မရှိဘူးလို့ ဆိုပါတယ်။

တရုတ်အမျိုးသမီးတစ်ဦးသာ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပြီး ဗီဇာသက်တမ်း ကုန်ဆုံးနေပြီဖြစ်တယ်လို့ ဆိုပါတယ်။

ကားပေါ်မှာ လိုက်ပါလာတဲ့ မြန်မာနိုင်ငံသားတစ်ဦးမှာလည်း နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပေမဲ့ ဗီဇာတုံး မရိုက်နှိပ်ထားဘူးလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက မိုဘိုင်းဖုန်း ၂၈၃ လုံး၊ အားသွင်းကြိုး ၁၁၈ ချောင်း၊ နုတ်ဘုတ်ကွန်ပျူတာ ၂ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ ထည့်ထားတဲ့ ကျောပိုးအိတ် ၉ လုံးကိုလည်း တွေ့ရှိခဲ့ကြောင်း ရဲမှူးကြီး ပွန်ဆက်က ပြောကြားခဲ့ပါတယ်။

ရဲတွေက ဖုန်းတွေကို နောက်ထပ်စစ်ဆေးဖို့အတွက် သိမ်းဆည်းထားခဲ့ပါတယ်။

ယာဉ်မောင်းက အဆိုပါ ခရီးသည်တွေကို ဆာကေးအိုပြည်နယ်၊ ဝပ်ထနာ နာခွန်ခရိုင်မှာ လာကြိုပြီး ဘန်ကောက်မြောက်ဘက် ပထုံဌာနီရှိ ဟိုတယ်တစ်ခုကို ပို့ဆောင်ဖို့အတွက် ဘတ် ၁၀၀၀၀ ရရှိကြောင်း ရဲတပ်ဖွဲ့ဝင်တွေကို ပြောကြားခဲ့ပါတယ်။

အဲ့ဒီနောက် ရဲတပ်ဖွဲ့ဝင်တွေဟာ ပထုံဌာနီရှိ ဟိုတယ်ကို ရှာဖွေခဲ့ပြီး တရားဝင်မှတ်ပုံတင်စာရွက်စာတမ်းတွေ မရှိတဲ့ အခြားမြန်မာနိုင်ငံသား ၅ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။

Reference-Bangkok Post
Photos-Bangkok Post

#bbmnews #bbm #bbmtv #Thai #Chinese #Myanmar
https://www.facebook.com/share/p/17xx52EeQw/
👍3