3.48K subscribers
5.58K photos
393 videos
2.88K links
Breaking Brainwashed Media
Download Telegram
အမေရိကန်နဲ့ ဆွေးနွေးမှုတွေအတွင်း စွမ်းအင်၊ သတ္တုတူးဖော်ရေးနဲ့ လေယာဉ် အရောင်းအဝယ်တွေ ပါဝင်နိုင်ကြောင်း အီရန်ပြောကြား

BBM - ဖေဖော်ဝါရီ ၁၇
သတင်း - Richard

အီရန်နိုင်ငံက အမေရိကန်နဲ့ နှစ်ဖက်စလုံး စီးပွားရေးအကျိုးအမြတ်တွေ ရရှိစေမယ့် နျူကလီးယားသဘောတူညီချက်တစ်ရပ်ကို ကြိုးပမ်းဆောင်ရွက်နေကြောင်း အီရန်သံတမန်တစ်ဦးက ဖေဖော်ဝါရီလ ၁၅ရက် တနင်္ဂနွေနေ့က ပြောကြားခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

အီရန်နဲ့ အမေရိကန်တို့က အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး ဆယ်စုနှစ်များစွာကြာ အငြင်းပွားမှုကို ဖြေရှင်းဖို့နဲ့ စစ်ရေးအရ ရင်ဆိုင်မှုအသစ်တစ်ခုကို ရှောင်ရှားဖို့အတွက် အခုလအစောပိုင်းမှာ ဆွေးနွေးပွဲတွေကို ပြန်လည်စတင်ခဲ့ကြပါတယ်။

ဒေသတွင်းကို အမေရိကန်က ဒုတိယမြောက် လေယာဉ်တင်သင်္ဘောတစ်စင်း စေလွှတ်ခဲ့ပြီး ဆွေးနွေးပွဲတွေ မအောင်မြင်ပါက ရေရှည်စစ်ရေးလှုပ်ရှားမှုတစ်ခု ဖြစ်နိုင်ခြေအတွက် ပြင်ဆင်နေကြောင်း အမေရိကန်အရာရှိများက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဘရာတစ်စလာဗာမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားရာမှာ သမ္မတ ဒေါ်နယ်ထရမ့်က သံတမန်ရေးနဲ့ ညှိနှိုင်းဖြေရှင်းရေးကို ပိုမိုနှစ်သက်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီး ဒါဟာ မဖြစ်နိုင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။

“အီရန်နဲ့ အောင်မြင်တဲ့ သဘောတူညီချက်တစ်ခု မရရှိသေူပေမဲ့ ကျွန်တော်တို့ ကြိုးစားသွားပါမယ်” လို့ ရူဘီယိုက ပြောကြားခဲ့ပါတယ်။

အီရန်က အမေရိကန်တပ်ဖွဲ့တွေရဲ့ အတိုက်ခိုက်ခံရပါက အရှေ့အလယ်ပိုင်းရှိ အမေရိကန်စခန်းတွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပေမဲ့ ဖေဖော်ဝါရီလ ၁၅ရက် တနင်္ဂနွေနေ့မှာ ပြေလည်ရေးလမ်းကြောင်းကို ကျင့်သုံးခဲ့ပါတယ်။

"သဘောတူညီချက်တစ်ခု ရေရှည်တည်တံ့မှုအတွက် အမေရိကန်အ‌နေနဲ့ စီးပွားရေးအကျိုးအမြတ်ရှိတဲ့ နေရာတွေမှာလည်း အကျိုးကျေးဇူးရရှိဖို့ အရေးကြီးပါတယ်" လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ စီးပွားရေးသံတမန်ရေးရာ ဒုတိယညွှန်ကြားရေးမှူး ဟာမစ် ဂန်ဘာရီက Fars သတင်းဌာနရဲ့ အဆိုအရ ပြောကြားခဲ့ပါတယ်။

"ရေနံနဲ့ သဘာဝဓာတ်ငွေ့မြေတွေ၊ ပူးတွဲမြေတွေ၊ သတ္တုတူးဖော်ရေး ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လေယာဉ်ဝယ်ယူမှုတွေမှာ ဘုံအကျိုးစီးပွားတူ ညှိနှိုင်းမှုတွေ ထည့်သွင်းထားတယ်" လို့ ဂန်ဘာရီက ပြောကြားခဲ့ပါတယ်။

၂၀၁၈ ခုနှစ်တုန်းက ထရမ့်ဟာ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်ဖို့ အီရန်အပေါ် ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးတဲ့ သဘောတူညီချက်မှ အမေရိကန်က နှုတ်ထွက်ခဲ့ပြီး တီဟီရန်အပေါ် ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ပြန်လည်ချမှတ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၃ရက်နေ့က သတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနသို့ ပြောကြားရာမှာ သံတမန် Steve Witkoff နဲ့ Jared Kushner အပါအဝင် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ ဖေဖော်ဝါရီလ ၁၇ရက် အင်္ဂါနေ့မှာ ဂျီနီဗာမှာ အီရန်အရာရှိ တွေနဲ့ တွေ့ဆုံမှာ ဖြစ်ကြောင်း‌ ပြောကြားခဲ့ပါတယ်။

အဆိုပါအစည်းအဝေးကို ဖေဖော်ဝါရီလ ၁၅ရက် တနင်္ဂနွေနေ့တုန်းက အီရန်အကြီးတန်းအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို အတည်ပြုခဲ့ပါတယ်။

Reference - Reuters
Photo - Reuters

#bbmnews #bbm #bbmtv #USA #Iren #InternationalNews
https://www.facebook.com/share/p/18EoScpEuf/
👍3
ဖားကန့် ကုဋေမှော်မှာ မြေစာပုံပြိုပြီး ထိခိုက်ဒဏ်ရာရသူများပြား

BBM - ဖေဖော်ဝါရီ ၁၇
သတင်း - PJ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ ကုဋေမှော် အဲဗားကုမ္ပဏီမှာ ဖေဖော်ဝါရီလ ၁၆ ရက်၊ ည ၉ နာရီခွဲဝန်းကျင်က ကျောက်စိမ်း တူဖော်ထားတဲ့ စွန့်ပစ်မြေစာပုံပြိုပြီး ရေမဆေးကျောက်ရှာသူတချို့ ထိခိုက်ဒဏ်ရာရသူတွေရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“မြေစာပြိုပြီး လက်ကျိုးသွားတဲ့သူတွေ ပြောတာကတော့ ၇ ယောက်လောက်ပဲ ကျန်တာ၊ ကျန်တာ သူတို့ အကုန် ပြန်တက်ခဲ့တယ်လို့ ပြောတယ်” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ည မြေစာပြိုချိန် ည ၉ နာရီနဲ့ ၂၅ မိနစ်မှာ ကုဋေမှော် အဲဗားဝင်းမှာ မြေပြိုချိန် လူဦးရေ ၂၀ ခန့် ပါသွားပေမယ့် ရေကူးပြီး ပြန်တက်လာခဲ့ကြပြီး တချို့ထိခိုက် ဒဏ်ရာရသူတွေလည်းပါတယ်လို့ သူကပြောပါတယ်။

“ဒေသခံ ပရဟိတအသင်းတွေနဲ့ အုပ်ချုပ်ရေးကို လူပျောက်အကြောင်းကြားတာ၊ အကူအညီတောင်းတာ မရှိဘူးလို့ သိရတယ်၊ မနေ့က ဖြစ်စဉ်မှာ ရှိနေတဲ့သူတွေ ပြောပြချက်အရ ထိခိုက်ဒဏ်ရာရသူ အချို့ရှိခဲ့တယ် ဆိုတာပဲ အတည်ပြုနိုင်တယ်” လို့ နောက်ထပ် ဒေသခံ တစ်ဦးကလည်း ပြောပါတယ်။

သက်ဆိုင်ရာကို ပျောက်ဆုံးစာရင်းလာတိုင်တာတွေ၊ ပျောက်ဆုံးစာရင်းထွက်လာတာတွေ မရှိသလို ကုမ္ပဏီကလည်း လုပ်ငန်းတွေ ပုံမှန်ပြန်လုပ်နေတယ်လို့ သူက ပြောပါတယ်။

ဖားကန့်မှာတော့ မြေစာပုံတွေ ပြိုကျတာ မကြာခဏ ကြုံတွေ့ရတာဖြစ်ပြီး လက်ရှိ ထိခိုက် ဒဏ်ရာရသူ အရေအတွက် အတိအကျ မသိထားဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းကလည်း အဲဒီ ကုဋေမှော် အဲဗားဝင်း အနီးမှာ မြေစာပုံပြိုကျလို့ ရေမဆေးရှာဖွေသူ ၃ ဦး သေဆုံးပြီး ၅ ဦးထိခိုက် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

Video - ဒေသခံ

#bbmnews #bbm #bbmtv #hpakant #kachin
https://www.facebook.com/share/r/1BuMnK8YSQ/
👎4
ဖားဆောင်းမြို့ကို စကစ ပြန်စိုးမိုးချိန် သံလွင်
မြစ်ကူးတံတား မိုင်းခွဲခံရပြီး ပြိုကျ

BBM-ဖေဖော်ဝါရီ၁၇
သတင်း-မင်းသော်

ကရင်နီပြည်နယ် ဖားဆောင်းမြို့ကို စစ်ကောင်စီဘက်က ပြန်လည်စိုးမိုးလာပြီးတဲ့နောက် ဖားဆောင်းမြို့ရှိ သံလွင်မြစ်ကူးတံတား မိုင်းခွဲခံရပြီး ပြိုကျခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့(ဒီနေ့) မနက် အစောပိုင်းမှာ လမ်းပန်းဆက်သွယ်ရေးအတွက်အရေးပါတဲ့ ဖားဆောင်းမြို့အနောက်ဘက်ရှိ အဆိုပါမြစ်ကူးတံတားမိုင်းခွဲခံရပြီး ပြိုကျခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေရဲ့ပြောဆိုချက်အရ ဖားဆောင်းမြို့နေရာအတော်များများကို စစ်ကောင်စီဘက်မှ ပြန်လည်ရရှိသွားပြီးတဲ့နောက် သံလွင်မြစ်တစ်ဖက်ကမ်းရှိ တော်လှန်ရေးစိုးမိုးရာနေရာများကို စကစ စစ်ကြောင်းတွေမရောက်ရှိလာစေဖို့အတွက် တော်လှန်ရေးအင်အားစုတွေဘက်က မိုင်းခွဲခဲ့ခြင်းဖြစ်တယ်လို့ ကနဦး သိရပါတယ်။

"ဒီမနက်က ဖားဆောင်းတံတားမိုင်းခွဲခံရတာဟုတ်ပါတယ်၊ စစ်ခွေး စစ်ကြောင်းတွေမရောက်လာဖို့အတွက် ရဲဘော်တွေက မဖြစ်မနေခွဲရတာလို့လည်း သိထားရတယ်"ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။

အဆိုပါ ဖားဆောင်းမြို့တံတား မိုင်းခွဲတာနဲ့ပတ်သတ်ပြီး မေးမြန်းရန် မြေပြင်တော်လှန်ရေးသတင်းရင်းမြစ်တွေထံ ဆက်သွယ်နေပေမဲ့ BBM အနေနဲ့ ခုချိန်ထိ အဆက်အသွယ်ရရှိခြင်းမရှိသေးပါဘူး။

၂၀၂၅ခုနှစ်အတွင်း တော်လှန်ရေးအင်အားစုတွေ အဓိကစိုးမိုးထားနိုင်ပြီး စစ်ကောင်စီရဲ့ ခလရ(၁၃၅)တပ်တစ်ခုတည်းသာ ကျန်တော့တဲ့ ဖားဆောင်းမြို့ကို စစ်တပ်က ဘောလခဲဒေသမှ အဓိက စစ်ကူတွေစေလွှတ်ပြီး ပြန်လည်ထိုးစစ်ဆင်လာတာကြောင့် တော်လှန်ရေးအင်အားစုတွေက ဖားဆောင်းရှိနယ်မြေတချို့ကို လက်လွှတ်ခဲ့ရခြင်းဖြစ်ပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့လည်း သိရပါတယ်။

#bbmnews #bbm #bbmtv #hpasawng #Thanlwin
https://www.facebook.com/share/p/17YWAKtv1p/
👍4
ပုလဲမြို့နယ်မှာ NUG တပ်နဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်တို့ တိုက်ပွဲဖြစ်ပွား

🟥BNRA ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု၊ အမှုအခင်းတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနိုင်ဖို့ ဆောင်ရွက်နေဟု NUG အသိပေး

BBM - ဖေဖော်ဝါရီ ၁၇
သတင်း - နိုင်နိုင်၊ ခက်ဆစ်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်ဖွဲ့တွေနဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) တပ်တို့ တိုက်ပွဲတွေအပြန်အလှန် ဖြစ်ပွားနေကြတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းမှစတင်ကာ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာမှာ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ၊ လက်အောက်ခံတပ်ဖွဲ့တွေနဲ့ BNRA တပ်ဖွဲ့တွေ နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားနေကြတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

"ဟုတ်ပါတယ်၊ အခုလိုမျိုး ၂ ဘက်စလုံးဖြစ်တာကတော့ ကျနော်တို့ သိရသလောက်ဆိုရင် ကျနော်မသိတာတွေလဲ ရှိကောင်းရှိနိုင်တယ်၊ ကျနော်သိရသလောက်ဆိုရင် ကျနော်တို့ ဒီဘက်အညာဘက်မှာ ဒါပထမဦးဆုံး အချင်းချင်းဖြစ်ကြတဲ့ ပွဲလို့ပြောတယ်၊ အချင်းချင်းဖြစ်ကြတာတောင်မှ အစိုးရတပ်ဦးလို့ ကျနော်တို့ခေါ်ခဲ့တဲ့ ကျနော်တို့ရဲ့ မိခင်ဗဟိုတပ်ကြီးနဲ့ ဖြစ်ကြတယ်ဆိုတော့ အရမ်းကိုမှ လှိုင်းလုံးကြီးက အရမ်းကြီးမားတယ်ပေါ့" လို့ အညာမြေမှ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက BBM ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ရဲ့ တပ်ရင်း (၃) မှ ရဲဘော်နှစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ယင်းမာပင်ခရိုင်၊ တပ်ရင်း (၄) မှ ထောက်လှမ်းရေးအရာရှိ ရဲဘော် ဝင်းမင်းဌေး (ခ) ရဲဘော် ကတုံး သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဥ်ဖြစ်ပွားပြီးနောက် ဒီကနေ့မှာ နှစ်ဘက်တပ်တွေ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ပေါ်ပေါက်လာတာဖြစ်ပြီး ထိခိုက်ကျဆုံးမှုအခြေအနေတွေကို BBM အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

"အခုကကျတော့ ကျနော့်အမြင်ကတော့ ရန်သူကိုရှေ့မှာထားပြီး အချင်းချင်းဗျူဟာပျောက်နေကြတဲ့ ပုံစံမျိုးတွေ ဖြစ်နေတာပေါ့ ရန်သူကိုရှေ့မှာထားပြီး အချင်းချင်းတိုက်ခိုက်နေရတဲ့ ဗျူဟာတွေနဲ့ပဲ ရန်သူကိုတိုက်ဖို့ ဗျူဟာမရှိတော့ဘူး၊ ဒီလိုမျိုးတွေမြင်နေရတာပေါ့"လို့ အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆက်ပြောပါတယ်။

လက်ရှိ နှစ်ဘက်ပစ်ခတ်မှု ဖြစ်စဥ်နဲ့ပတ်သက်ပြီးတော့ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က "BNRA က သူတွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ၊ အမှုအခင်းတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနိုင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပူးပေါင်းဆောင်ရွက်ဖို့ ရှိတယ်လို့တော့ သိထားပါတယ်" လို့ BBM ကို ပြောပါတယ်။

BNRA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက " NUG ရဲ့ MOD တပ်ရင်းတွေဟာ ဒီနေ့နံနက် ၇ နာရီခွဲမှစ BNRA ဂိတ်စခန်းများအား လက်နက်ကြီးပစ်ခတ်ခြင်းနှင့် ဒရုန်းဗုံးသီးများဖြင့်ပါ ကိုလာရောက်တိုက်ခိုက်နေပြီဖြစ်ပါတယ်" လို့ ဒီနေ့မနက်ပိုင်းမှာ လူမှုကွန်ရက်ကနေ အသိပေး ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့မှာ ပုလဲမြို့နယ်ရှိ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)ရဲ့ အ‌ကောက်ခွန်ဂိတ် ၂ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်တွေက ဝင်ရောက်စီးနင်းပြီး ပိတ်သိမ်းခဲ့ပါသေးတယ်။

Photo - BNRA (ပုံဟောင်း)

#bbmnews #bbm #bbmtv #BNRA #NUG #PDF
https://www.facebook.com/share/p/17u4v9wsmf/
👍7
လားရှိုးမှာ စစ်ကောင်စီက အင်အားဖြည့် လုံခြုံရေး ထပ်တိုးထား

BBM-ဖေဖော်ဝါရီ ၁၇
သတင်း-PJ

တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ စစ်ကောင်စီ ပြန်လည် ရယူ ထိန်းချုပ်ထားတဲ့ လားရှိုးမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတွေ အင်အားဖြည့် လုံခြုံရေး ထပ်တိုးထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် မြို့တွင်းရှိ လေဆိပ်မှ ပြေးလမ်းတွေ၊ မျှော်စင်တွေကိုလည်း ပြုပြင်မွမ်းမံခဲ့တာတွေရှိပြီး အခုအခါမှာတော့ ပြီးသလောက်ပင်ရှိနေပြီလို့လည်း သိရပါတယ်။

"လားရှိုးမှာက ထိုးစစ်ထက် လုံခြုံရေး တိုးချတာလောက်ပါ။ လေဆိပ် မျှော်စင်၊ ပြေးလမ်း‌တွေ ပြင်ဆင် ပြီးသလောက် ဖြစ်သွားပြီ" လို့ ဒေသခံ အမျိုးသား တစ်ဦးက BBMကိုပြောပါတယ်။

အခု ဖေဖော်ဝါရီလ ၇ ရက်နေ့ကစ စစ်ကောင်စီဘက်က အင်အားဖြည့် လုံခြုံရေး ထပ်တိုးချလာတာလို့ လားရှိုးမြို့ခံ အမျိုးသား တစ်ဦးကလည်း ပြောပါတယ်။

လားရှိုး မြို့အဝင်အထွက်ကိုလည်း စစ်ကောင်စီက စစ်ဆေးရေး တင်းကြပ်ထားတဲ့အပြင် စစ်မေးရာမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့နာမည်တွေကိုပါ ပြောရတာတွေရှိတယ်လို့ လူငယ်တစ်ဦးက ပြောပါတယ်။

"တနေ့ကရှန်ခိုက်သွားတာ လားရှိုးအ၀င်အထွက် အရမ်းစစ်နေတယ်။ ရပ်ကွက် လူကြီးနာမည်ပါ ပြောရတယ်" လို့ သူက ပြောပါတယ်။

စစ်ကောင်စီက လားရှိုးမြို့ပြင်ထိ ထွက်စစ်နေတာဖြစ်ပြီး အင်အားလည်း ဖြည့်နေတယ်လို့တော့ကြားတယ်လို့ သူက ပြောပါတယ်။

အခုလ ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက် ၈ နာရီ ဝန်းကျင်ခန့်က လားရှိုးမြို့ထဲ ရပ်ကွက် ၁၁ နယ်မြေ ၉ ဘက် ရှော့တိုက်ဒုံး ပစ်ထည့်ခံရပြီး နေအိမ်တစ်အိမ် ထိခိုက်ပြီး လူထိခိုက်မှု မရှိခဲ့ပေမယ့် မြို့ထဲ ရှော့တိုက်ဒုံး ပစ်ထည့်ခံရပြီးနောက် စစ်ကောင်စီဘက်က လုံခြုံရေး ထပ်တိုးလာတာ လို့ဒေသခံတွေက ပြောပါတယ်။

Photo Crd# ဒေသခံ

#bbmnews #bbm #bbmtv #lashio #shan
https://www.facebook.com/share/p/1S9dVGh79m/
👍3
ကလေးမြို့မှာ စစ်ကောင်စီက လူငယ်တွေကို တစ်ရက် ၁၀ ဦးထက်မနည်း စစ်မှုထမ်းဖို့ ဖမ်းဆီးနေ

BBM - ဖေဖော်ဝါရီ ၁၇
သတင်း - ကိုအိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ လူစည်ကားရာနေရာတွေမှာ စစ်ကောင်စီတပ်က ရွေ့လျားစစ်ဆေးမှုတွေ ပြုလုပ်ကာ လူငယ်တွေကို တစ်ရက်လျှင် ၁၀ ဦးထက်မနည်း စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက BBM ကို ပြောပါတယ်။

ကလေးမြို့မှာ စစ်ကောင်စီက အခုရက်ပိုင်း လမ်းဆုံလမ်းခွတွေ၊ ဈေးဆိုင်တွေ၊ လက်ဖက်ရည်ဆိုင် စတဲ့ လူစည်ကားတဲ့ နေရာတွေမှာ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအဓမ္မ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

"တစ်နေရာတည်းမှာ အကြာကြီး မဖမ်းဘူး၊ ၁၀ မိနစ်လောက်ပဲ နေတယ်၊ နေရာ ထပ်ရွှေ့ပြီး ဖမ်းဆီးတယ်၊ အဲလိုတွေ ဖမ်းဆီးနေကြတယ်၊ မနေ့ကဆိုရင် လူငယ် ၁၁ ယောက်လောက် အဖမ်းခံရတယ်၊ ၁၅ ရက်နေ့ကလည်း လူငယ် ၃၀ ကျော်ပါသွားတယ်"လို့ ကလေးမြို့ခံတစ်ဦးက BBM ကို ပြောပါတယ်။

စစ်ကောင်စီတပ်က အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်းရှိ လူငယ်တွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးနေတာဖြစ်ပါတယ်။

အဲဒီဖမ်းဆီးခံရတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်က ကလေးမြို့ စုပေါင်းရုံးမှာ ခေတ္တထိန်းသိမ်းထားလေ့ရှိပြီး သူတို့ကို စစ်သင်တန်းပေးဖို့အတွက် Y-8 လေယာဥ်တွေနဲ့ တခြားမြို့နယ်တွေကို ပို့ဆောင်နေတယ်လို့ သိရပါတယ်။

"အရင်က စစ်မှုထမ်းဖို့ ဖမ်းဆီးခံရတဲ့ လူငယ်တွေကို ကလေးမြို့က လေ့ကျင့်ရေးကျောင်းမှာ စစ်သင်တန်း တက်ခိုင်းတယ်၊ အခုကျတော့ စုပေါင်းရုံးမှာ တစ်ပတ်၊ နှစ်ပတ် လောက်ထားတယ်၊ ပြီးမှ လေယာဥ်တွေနဲ့ တခြားမြို့နယ်တွေက စစ်သင်တန်းကို ပို့တယ်"လို့ နောက်ထပ် ကလေးမြို့ခံတစ်ဦးက BBM ကို ပြောပါတယ်။

အခုလို စစ်ကောင်စီက လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးမှုတွေကြောင့် လူငယ်မိဘတွေက သူတို့ သားသမီးတွေ ဖမ်းဆီးခံရမှာ စိုးရိမ်နေကြသလို လူငယ်တွေကလည်း အိမ်အပြင်ထွက်ဖို့ စိုးရိမ်နေကြပြီး တချို့မှာ ဘေးလွတ်ရာ တိမ်းရှောင်နေကြပါတယ်။

ကလေးမြို့တွင်း သွားလာနေကြတဲ့ မိဘပြည်သူတွေနဲ့ လူငယ်တွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရွေ့လျားစစ်ဆေးရေးဂိတ်တွေနဲ့ ကင်းလှည့်ယာဉ်တွေကို အထူးသတိပြုရှောင်ရှားကြဖို့ ကလေးလူထုသပိတ်အဖွဲ့ကလည်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့က အရေးပေါ် သတိပေး ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-လူမှုကွန်ရက်
https://www.facebook.com/share/p/1AoUxPYAjT/
👍4
တနင်္သာရီတိုင်းရှိ မြို့နယ်နှစ်ခုကို စစ်တပ်က လေယာဉ်ဗုံးကြဲသလို မြေပြင်တိုက်ပွဲများလည်း ပြင်းထန်နေ

BBM-ဖေဖော်ဝါရီ၁၇
သတင်း - ကိုဟန်

တနင်္သာရီတိုင်း၊ ထားဝယ်နည်းပညာတက္ကသိုလ်တဝိုက်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေနဲ့ ဒေသခံတွေထံကနေ သိရပါတယ်။

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှာ ရှိတဲ့ ထားဝယ်နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဖေဖော်ဝါရီလ ၁၆ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ မနက် ၁၀ နာရီဝန်းကျင်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ တယ်လို့ ထားဝယ်အခြေစိုက်တော်လှန်ရေးရဲဘော်တဦးက BBM ကို ပြောပါတယ်။

“ဒီတက္ကသိုလ်အနား တိုက်ပွဲဖြစ်နေတဲ့ ရွာတဝိုက်ကို ကြဲချတာပါ၊ လက်နက်ကြီးတွေလည်း တောက်လျှောက်ပစ် တယ်” လို့ ပြောပါတယ်။

လေကြောင်းဗုံးကြဲမှုနဲ့ပတ်သက်ပြီး ထိခိုက်မှုအခြေအနေကို မသိရသေးပေမဲ့ လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေး တင်းမာနေဆဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အဆိုပါ ထားဝယ်နည်းပညာတက္ကသိုလ်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အစောပိုင်းကတည်းက စစ်ကောင်စီတပ်က အင်အားရာချီ တပ်စွဲထားတယ်လို့ ဆိုပါတယ်။

အသေးစိတ်အချက်အလက်ကို သိရှိနိုင်ဖို့ တိုက်ပွဲမှာ ပါဝင်တဲ့တော်လှန်ရေးအဖွဲ့တချို့ကို ဆက်
သွယ်မေးမြန်းထားပေမဲ့ လက်ခံဖြေကြားပေးခြင်း မရှိသေးပါဘူး။

အလားတူ ဖေဖော်ဝါရီလ ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်ကလည်း စစ်ရေးတင်းမာနေတဲ့ တနင်္သာရီမြို့နယ် လယ်သစ်ရွာအနားကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

“ကြားထားရသလောက်တော့ လူထိခိုက်မှု မရှိဘူး၊ အဲဒီက ရွာခံတွေနဲ့ အဆက်အသွယ်မရသေးတော့ သေချာ မသိရသေးဘူး၊ အဲဒီမှာက အရင်နေ့က တိုက်ပွဲဖြစ်တာရှိတယ်၊ ဒီနေ့ လာမကြဲခင် ပစ်ခတ်သံတော့ မကြားရဘူး၊ တိုက်ပွဲမဖြစ်ဘူးထင်တယ်” လို့ တနင်္သာရီဒေသခံတစ်ဦးက ပြောပါတယ်။

ဒီလိုမျိုး လေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲကြောင့် အရပ်သားထောင်ချီထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီ တွေ လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်တပ်ဟာ ရွေးကောက်ပွဲကျင်းပပြီးတဲ့နောက် တနင်္သာရီတိုင်းရှိ လက်လွတ်ထားတဲ့ နယ်မြေအချို့ကို ပြန်လည် ရယူဖို့ စစ်ကြောင်းထိုးနေတာကြောင့် တကျော့ပြန်တိုက်ပွဲပြင်းထန်လာခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုမျိုး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ လေကြောင်းအကူအညီရယူနေသလို မြေပြင်စစ်ကြောင်းထိုးရာ တလျှောက်ရှိ ဒေသခံနေအိမ်အများအပြားကိုလည်း မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓါတ်ပုံ - Social Media ၊ DGRF
ပုံစာ - ထားဝယ်နည်းပညာတက္ကသိုလ်၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ
https://www.facebook.com/share/p/1QTYqFnZtF/
👍4
အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာန နယ်မြေမှတော်လှန်ရေးဂိတ်အားလုံး ပိတ်ရန် ခရိုင်ကွပ်ကဲရေးအဖွဲ့ အမိန့်ပေး

BBM-ဖေဖော်ဝါရီ ၁၇
သတင်း-မင်းသော်

စစ်ကိုင်းတိုင်း၊ အမှတ်(၁) ရွှေဘိုခရိုင်စစ်ဌာနနယ်မြေအတွင်းရှိ တော်လှန်ရေးတပ်တွေ ဖွင့်လှစ်ထားတဲ့ ဂိတ်အားလုံးကို ဖေဖော်ဝါရီလ ၁၇ရက် နောက်ဆုံးထား ပိတ်သိမ်းရန် အမှတ်(၁) ရွှေဘိုခရိုင် ကွပ်ကဲရေးအဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနနဲ့ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေပါဝင်တဲ့ ခရိုင်ကွပ်ကဲရေးအဖွဲ့က ပြုလုပ်ခဲ့တဲ့ (၁/၂၀၂၆) အစည်းအဝေးဆုံးဖြတ်ချက်အရ အဆိုပါညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပြီးဖေဖော်ဝါရီလ ၁၀ ရက်နေ့ကတည်းက အမိန့်စာထွက်ရှိလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနအတွင်းက PDF တပ်ရင်းတွေ၊ Local PDF တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေ ဖွင့်လှစ်ထားတဲ့ အလှူခံဂိတ်၊ မဲရောင်းဂိတ်၊ လမ်းပြုပြင်ရေးရန်ပုံငွေဂိတ်နဲ့ စစ်ဆေးရေးဂိတ် စတဲ့ဂိတ်အားလုံးကို စနစ်တကျ စိစစ်ဆောင်ရွက်နိုင်ဖို့စစ်ဌာနမှ ပိတ်သိမ်းခိုင်းတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖတွေ၊ PDF တပ်ရင်းတွေနဲ့ Local PDF တပ်ရင်းတွေအနေနဲ့ လက်နက်ခဲယမ်း လိုအပ်ချက်တွေရှိပါကသက်ဆိုင်ရာ အထက်အဆင့်ဆင့်ကို တင်ပြတောင်းခံရမှာဖြစ်ပြီး ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ တရားမဝင်ဂိတ်ဖွင့်ပြီး ငွေကြေးကောက်တာတွေ၊ ရပ်ရွာပြည်သူထံမှ ခွဲတမ်းပစ်တာတွေ ပြုလုပ်ပြီး ရန်ပုံငွေရှာဖွေခြင်းတွေကို ရှောင်ကျဥ်ရန်နဲ့ ညွှန်ကြားချက်ကိုမလိုက်နာပါက ထိရောက်စွာ အရေးယူသွားမယ်လို့လည်းအမှတ်(၁)ရွှေဘိုခရိုင် ခရိုင်ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ-ခရိုင်အတွင်းရှိ pdfများ
https://www.facebook.com/share/p/18EeSePQ4g/
👍6
ထားဝယ်မြို့မှာ စစ်ကောင်စီစခန်း ၂ ခုကို DNLA တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်

🟥စစ်ကူလာတဲ့ စကစ ဗိုလ်မှူး အေးလွင်အပါ ၂၄ ဦးသေဆုံး

BBM - ဖေဖော်ဝါရီ ၁၈
သတင်း - ကိုဘုဏ်း

တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်မှာရှိတဲ့ မောင်မယ်ရှောင်ကျေးရွာရှိ (GTC)တပ်စခန်းနဲ့ ဘုရားမဲ့ စစ်ဆေးရေးဂိတ်တို့ကို DNLA တပ်တွေက တပြိုင်နက်တည်း ဝင်‌ရောက် တိုက်ခိုက်ခဲ့တယ်ရာ စစ်ကူလာတဲ့ စကစ ဗိုလ်မှူး အေးလွင်အပါ ၂၄ ဦးသေဆုံးခဲ့တယ်လို့ ဓ၀ယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၁၆ရက်နေ့က မနက် ၆ နာရီကျော်မှာ အဆိုပါ တပ်စခန်း ၂ ခုကို တိုက်ခိုက်ရင်း ၄နာရီကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအပြီးမှာ စစ်ကောင်စီဘက်မှ ဗိုလ်ကြီး တစ်ဦး ၊ အခြားအဆင့် ၁၉ဦး သေခဲ့တယ်လို့လည်းသိရပါတယ်။

အဲ့ဒီနောက် စစ်ကူလာတဲ့ စစ်ကောင်စီ ဗိုလ်မှူး အေးလွင်အပါ ၅ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက Type 81 စက်လက် (၁)လက်၊ G3 (၁၃)လက်၊G4 (၂)လက်၊AK 47 (၁)လက်၊MSA (၁)လက်၊G3 ကျည်ဘောက်(၇၃)ဘောက် Type 81 ကျည်ဘောက်အဝိုင်း (၁)ဘောက်၊AK47 ကျည်ဘောက် (၁)ဘောက်၊ G3 ကျည်(၃၀၀၀)၊AK47ကျည်(၁၀၀)၊ လက်ပစ်ဗုံး (၁၂)လုံး၊စကားပြောစက် (၅)လုံး နဲ့အခြားဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဟာ GTC တပ်စခန်းကို ယာယီထိန်းထားနိုင်ခဲ့ပြီး ဘုရားမဲ စခန်းကို ရလာအချိန်တွင် စစ်ကောင်စီဘက်က စစ်ကူများရောက်လာတာကြောင့် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA)ရဲ့ ဒူရကစစ်ကြောင်းနဲ့အတူ (DGRF)ထားဝယ် - ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ကြောင်းလည်းသိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးအရှိန်အဟုန်မြှင့်တင်နေတဲ့ကာလဖြစ်တာကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ရေးသတိ အမြဲရှိကြဖို့နဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကိုအမြဲသတိရှိကြရန်ကိုလည်းတိုက်တွန်းထားပါတယ်။

စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း ပြည်သူ့နဲ့အမြန်ဆုံးပူးပေါင်းကြရန်၊အမှန်တရားအတွက် ရပ်တည်ကြရန်ကိုလည်း ထားဝယ် အမျိူးသားလွတ်မြောက်ရေးတပ်မတော်(DNLA)က ထုတ်ပြန်ကြေငြာထားပါတယ်။

ပုံ - DNLA

#bbmnews #bbm #bbmtv #DNLA #Htawal
https://www.facebook.com/share/p/18Dqjot6tr/
👍5
ဘန်ကောက်မှာ မြန်မာအမျိုးသား ၄ဦးက အမေရိကန်နိုင်ငံသားကို တုတ်၊ဓားတွေနဲ့ သေဆုံးတဲ့အထိ ရိုက်နှက်

BBM - ဖေဖော်ဝါရီ ၁၈
သတင်း - Richard

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အမေရိကန်ခရီးသွားတစ်ဦး ရိုက်နှက်ခံရပြီး သေဆုံးသွားပြီးနောက် မြန်မာအမျိုးသား၄ဦး ရဲတပ်ဖွဲ့ဆီကို လာရောက်အဖမ်းခံခဲ့ကြတယ်လို့ ဖေ‌ဖော်ဝါရီလ ၁၇ရက်နေ့ရက်စွဲနဲ့ Bangkok Post မှာရေးသားထားပါတယ်။

အဆိုပါ အမေရိကန် အမျိုးသားဟာ မြန်မာအမျိုးသမီး ၁ဦးနဲ့ သမီးရည်းစား ဆက်ဆံ‌ရေး ပြန်လည် စတင်ဖို့ ကြိုးစားစဉ် အခုလို ရိုက်နှက်ခံရပြီး သေဆုံးခဲ့ရတာပါ။

ဖေဖော်၀ါရီလ ၁၆ရက် တနင်္လာနေ့ ညနေ ၅ နာရီခန့်မှာ ချွမ်သောင်ခရိုင်၊ Phuttha Bucha ၃၉ လမ်းဘေးရှိ ရာဇဝတ်မှုဖြစ်ပွားရာနေရာမှာ ရဲတွေရောက်ရှိလာချိန် ဓားရှည်တစ်ချောင်းနဲ့ သံပိုက်တစ်ချောင်းကိုင်ဆောင်ထားတဲ့ အမျိုးသား ၄ ဦးမှာ စောင့်ဆိုင်းနေခဲ့ကြတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွာရာ အနီးအနားမှာ ဓားဒဏ်ရာ ၅ ချက်နှင့် ခြေထောက်နှစ်ချောင်းကျိုးနေတဲ့ အသက် ၅၅ နှစ်အရွယ် Cole Stein Heath ရဲ့ အလောင်းတွေ့ရှိခဲ့ရတယ်လို့ ရဲတပ်ဖွဲက ဆိုပါတယ်။

ဘန်မော့ဒ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဆွန်ချိုင်း ပွန်ပိုလ်က သံသယရှိသူတွေက စုံစမ်းစစ်ဆေးသူတွေကို အဆိုပါ တရားခံတွေထဲက တစ်ဦးဖြစ်တဲ့ ညီမဖြစ်သူ မြန်မာအမျိုးသမီးတစ်ဦးဟာ Healthနဲ့ ဆက်ဆံရေးကို အဆုံးသတ်ပြီး သူတို့နဲ့အတူ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါ ကိစ္စကို အမေရိကန်နိုင်ငံသားက မကျေမနပ်ဖြစ်ပြီး ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပြီး သံသယရှိသူတွေနဲ့ အငြင်းပွားခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၆ရက်နေ့ ညနေပိုင်းက အမေရိကန်အမျိုးသားဟာ ဓားတစ်ချောင်းကိုင်ဆောင်ကာ ပြန်လာခဲ့ပြီး သူတို့အလုပ်လုပ်တဲ့ နေရာအနီးရှိ အမှိုက်ပုံထဲနားမှာ အဆိုပါ အမျိုးသား ၄ဦးနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဓားကိုမြင်တဲ့အခါ အဆိုပါ အမျိုးသား ၄ဦးဟာ ဓားတစ်ချောင်းနဲ့ သံပိုက်တွေကို ဆွဲယူကာ ရန်ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အမေရိကန်လူမျိုးဟယ အင်အားအလွန်အကျွံသုံးစွဲခံရပြီး သေဆုံးသွားခဲ့ရပါတယ်။

သံသယရှိသူတစ်ဦးဟာလည်း ဓားဒဏ်ရာရရှိခဲ့ကြောင်း ရဲမှူးကြီး ဆွန်ချိုင်းက ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

Reference - Bangkok Post

#bbmnews #bbm #bbmtv #usa #thaibangkok #myanmar
Photo - Bangkok Post
https://www.facebook.com/share/p/1JCxsBq3mU/
👍3👎1
ဆာကာကို ၂၀၃၁ ခုနှစ်အထိ အာဆင်နယ် သက်တမ်းတိုး

BBM - ဖေဖော်ဝါရီ ၁၈
သတင်း- David

အာဆင်နယ်အသင်းဟာ တောင်ပံတိုက်စစ်ကစားသမား ဘူကာယိုဆာကာကို ၂၀၃၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့တယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဘက်က တရားဝင်မကြေညာသေးပေမဲ့ ဆာကာဟာ ကလပ်ရဲ့လစာအများဆုံးအဖြစ် တစ်ပတ် ပေါင် သုံးသိန်း ရရှိသွား
မှာပါ။

စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုမှာ တစ်နှစ်နီးပါး ကြာမြင့်ခဲ့ပြီး ဆာကာက ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ အသင်းမှာ ဆက်ရှိနေမယ်လို့ ပြောခဲ့ပါတယ်။

၂၀၂၃ ခုနှစ်က ဆာကာ လက်မှတ်ရေးထိုးခဲ့တဲ့ မူလစာချုပ်မှာ ၂၀၂၇ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်တယ်။

ဆာကာဟာ အခုရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၃၃ ပွဲကစား ခုနစ်ဂိုးသွင်းကာ ခြောက်ဂိုး ဖန်တီးပေးခဲ့ပါတယ်။

၎င်းဟာ ၂၀၁၈ ခုနှစ်က ၁၇ နှစ်သားအရွယ်မှာပဲ အာဆင်နယ်နဲ့ ပွဲဦးထွက်ခဲ့ပြီး ပရီးမီးယားလိဂ် ၂၁၇ ပွဲကစားကာ ၅၇ ဂိုး သွင်းယူခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ဆာလီဘာ၊ ဂါဘရီရယ်လ်၊ နွမ်နယ်ရီ၊ လူးဝစ်ဆကယ်လီတို့ကိုလည်း စာချုပ်သက်တမ်း နှစ်ရှည်တိုးထား
ခဲ့ပါတယ်။

Photo - Arsenal

#bbmnews #bbm #bbmtv #Arsenal #SportsNews
https://www.facebook.com/share/p/186RLgknoy/
ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေ ကူညီကယ်ဆယ်ရေး မရတော့တာကြောင့် အခက်ကြုံနေရ

BBM - ဖေဖော်ဝါရီ ၁၈
သတင်း - နိုင်နိုင်

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စစ်ဘေးတိမ်းရှောင်နေကြတဲ့သူတွေဟာ လက်ရှိမှာကူညီကယ်ဆယ်ရေးတွေ မရရှိတာကြောင့် အငတ်ဘေးနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းကို လက်ရှိတိုက်ပွဲ ပြင်းထန်နေတဲ့ စစ်တွေ အပါအဝင် ပေါက်တော၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်ရှိကျေးရွာတွေက ဒေသခံတွေ လာရောက်စစ်ဘေး တိမ်းရှောင်နေကြတာလည်း ဖြစ်ပါတယ်။

လက်ရှိပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာ စစ်ဘေးတိမ်းရှောင်လာသူဦးရေ ၇ သောင်းကျော်ဝန်းကျင်ရှိနေပြီး သူတို့မှာ ကူညီကယ်ဆယ်ရေးမရတာ ၂ လ နီးပါးခန့် ကြာမြင့်လာပြီဖြစ်တာကြောင့် စားဝတ်နေရေးအတွက် အခက်အခဲကြုံတွေ့နေရတာဖြစ်တယ်လို့ စစ်တွေမြို့နယ်၊ ချီလည်ဖင်းကျေးရွာမှ စစ်ဘေးတိမ်းရှောင်လာသူ ဒေါ်လှဝင်းနွယ်က BBM ကို ပြောပါတယ်။

"စစ်ရှောင်ကန့်တစ်ခုလုံး စားဝတ်နေရေးက အဆင်မပြေဖြစ်နေပါတယ်၊ ၉ သောင်းကျပ် ဆိုပြီးတော့ ပြီးခဲ့တဲ့နှစ် ၁၂ လပိုင်းအစက တစ်ကြိမ်ရတာရှိပါတယ်၊ အခုတော့ ကယ်ဆယ်ရေးမရတာ ၂ လလောက်ရှိပါပြီ၊ ကန့်မှာရှိတဲ့ စစ်ဘေးရှောင်တွေကတော့ စားဝတ်နေရေး အရမ်းကိုခက်ခဲနေကြပါတယ်" လို့ ဒေါ်လှဝင်းနွယ်က ဆက်ပြောပါတယ်။

ဒေါ်လှဝင်းနွယ်တို့ ခိုလှုံနေတဲ့ စစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၄၀၀ ကျော်နဲ့ စစ်ဘေးတိမ်းရှောင်သူဦးရေ ၁၆,၀၀၀ ကျော်ရှိနေတာဖြစ်ပြီး အလုပ်အကိုင်ရှားပါးတာကြောင့်ပဲ စားဝတ်နေရေး အခက်ကြုံနေကြရတာဖြစ်တယ်လို့ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေဟာ ထင်းခုတ်၊ ဟင်းရှာစတဲ့ အလုပ်အကိုင်တွေနဲ့ပဲ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေကြရတာဖြစ်ပြီး လက်ရှိမှာ ထင်းရှားပါးလာမှုနဲ့အတူ ထင်းစျေးနှူန်းတွေမှာလည်း စျေးကောင်းမရတာကြောင့် တစ်နေ့တာစားဝတ်နေရေးကို လိုက်မမှီဘူးလို့လည်း စစ်တွေမြို့နယ်၊ ငတောက်တက်ကျေးရွာက စစ်ဘေးတိမ်းရှောင်လာသူ ဦးလှအေးမောင်က BBM ကို ပြောပါတယ်။

"စခန်းမှာ စစ်ရှောင်တွေအကုန်လုံး ထင်းခုတ်ပြီး လုပ်ကိုင်စားသောက်နေကြရတာပါ၊ ထင်းခုတ်သွားမယ်ဆိုရင် အသွားအပြန် ၇ နာရီ၊ ၈ နာရီလောက် လမ်းလျှောက်သွားရပါတယ်။ အဲတာကိုရောင်းချပြီးမှ ငွေ ၈ ထောင်ကျပ်လောက်ရရှိတာရှိပါတယ်။ အဲတာလည်း ဝယ်ယူသူရှိမှရတာပါ။ အလုပ်မလုပ်ရင်မစားရပါဘူး။ အလုပ်တွေကလည်း အတော်လေးရှားပါးပါတယ် " လို့ ဦးလှအေးမောင်က ဆက်ပြောပါတယ်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေဟာ နွေရာသီအချိန်ပိုင်းကို ရောက်ရှိလာတာနဲ့အမျှ သောက်သုံးရေရှားပါးတဲ့ ပြဿနာကိုပါ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့လည်း စစ်ရှောင်တွေဆီက သိရပါတယ်။

ရခိုင်မှာ တိုက်ပွဲတွေကြောင့် မြို့နယ်အသီးသီးက စစ်ဘေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်ဦးရေ ၇ သိန်းဝန်းကျင်ရှိနေပြီး ဖြစ်တယ်လို့လည်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ သူတွေဆီက သိရပါတယ်။

#bbmnews #bbm #bbmtv #rakhine #ArakanArmy
https://www.facebook.com/share/p/1E9PgM8hZB/
👎4
ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီလေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှု ပြည်သူ ၁ ဦးဒဏ်ရာရပြီး နေအိမ်၊ စာသင်ကျောင်းများပျက်စီး

BBM - ဖေဖော်ဝါရီ ၁၈
သတင်း - ခက်ဆစ်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းမှာ စစ်ကောင်စီက အရပ်သားပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ် ၉ လုံးနဲ့ စာသင်ကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ဒီနေ့ထုတ်ပြန်ပါတယ်။

ရွှေကျင်မြို့နယ်၊ ဝိုင်ကျွန်းကျေးရွာအတွင်းကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၉ ရက်မှာ စက်တပ်လေထီး(ပါရာမော်တာ)နဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာနေ ဒေါ်ရွက်ကောက်ရဲ့ နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်မှာလည်း ပျဥ်ရင်ကျေးရွာအတွင်းသို့ စစ်ကောင်စီက စက်တပ်လေထီး (ပါရာမော်တာ)နဲ့ ပေါင် ၃၀၀ ဗုံးသီး ၁ လုံး လာ‌ရောက်ပစ်ချခဲ့တာကြောင့် ဦးကျော်ဝင်းနဲ့ ဦးကျော်စိုးတို့ရဲ့ နေအိမ် ၂ လုံး၊ ပျဥ်ရင်ကျေးရွာစာသင်ကျောင်း ၁ ကျောင်း ထိမှန်ပျက်စီးခဲ့ပြီး ဦးချမ်းမြရဲ့ နွား ၁ ကောင်နဲ့ မြင်း ၁ ကောင် ထိခိုက်သေဆုံးခဲ့သလို နွား ၄ ကောင်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

မုန်းမြို့နယ်၊ ကင်မွန်းခြုံကျေးရွာအတွင်းသို့ ဖေဖော်ဝါရီလ ၁၄ ရက်မှာ စစ်ကောင်စီတပ် ခမရ ၃၀၇ နဲ့ ခမရ ၄၃၉ ပူးပေါင်းတပ်ရင်းမှ လက်နက်ကြီး အလုံး ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကင်းမွန်ခြုံရွာသား ဦးဝင်းနိုင် အသက် ၅၈ နှစ်ဟာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကျောက်ကြီးမြို့နယ်၊ ရေတွင်းကုန်း‌ကျေးရွာအတွင်းကိုလည်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ် ခမရ ၂၆၄ မှ ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် စောရောင်ရွက်ရဲ့ နေအိမ်နဲ့ ဂိုဒေါင် ၁ လုံးထိမှန်ပျက်စီးခဲ့ပြီး စောဆိဖိုးရဲ့ နေအိမ်နဲ့ ဆိုင်ကယ် ၁ စီး ထိမှန်ပျက်စီးခဲ့သလို အဆိုပါတပ်မှ (၈၁) မမ လက်နက်ကြီး (၁) လုံး ထပ်မံပစ်ခတ်ခဲ့တာကြောင့် စောဇင်ယော်ရဲ့ နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

တောင်ခင်ကျေးရွာနဲ့ ကြိတ်ကွေးကျေးရွာတွင်းသို့ စက်တပ်လေထီးနဲ့ ထပ်မံလာရောက်ပစ်ခတ်ခဲ့တာကြောင့် တောင်ခင်ကျေးရွာမှ ဦးညွန့်မောင်နဲ့ ဦးစံမြင့်တို့ရဲ့ နေအိမ် ၂ လုံးထိမှန်ပျက်စီးခဲ့ပြီး ကြိတ်ကွေးကျေးရွာမှ စောထူးအယ်ဝါးရဲ့ နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ညောင်‌လေးပင်ခရိုင်အတွင်း နေထိုင်တဲ့ အရပ်သားပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ အဆက်မပြတ် ကျူးလွန်လျက်ရှိတာကြောင့် ဒေသတွင်းနေထိုင်တဲ့ ပြည်သူလူထုဟာ ထိတ်လန့်ကြောက်ရွံ့စွာနဲ့ နေထိုင်နေရတယ်လို့ အသိပေးထားပါတယ်။

Photo - KNU

#bbmnews #bbm #bbmtv #bago #airstrike
https://www.facebook.com/share/p/1DnxEr57P4/
👍4
စစ်တွေမှာ ဒေသခံလက်လုပ်လက်စားတွေကို AA နဲ့ ဆက်စပ်တယ်လို့ဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်လာ

BBM - ဖေဖော်ဝါရီ ၁၈
သတင်း - နိုင်နိုင်

ရခိုင်ပြည်ရဲ့ မြို့တော် စစ်တွေမြို့မှာ ဒေသခံလက်လုပ်လက်စားတွေကို အာရက္ခတပ်တော် AA နဲ့ ဆက်စပ်တယ်လို့ဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးတွေမှု ဆက်တိုက်လုပ်ဆောင်လာနေတယ်လို့ စစ်တွေဒေသခံတွေဆီက သိရပါတယ်။

စစ်တွေမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် မြို့ပေါ်ရှိနေရာတွေကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ချထားကာ အရပ်သားတွေကို ဦးတည်ပြီးတော့ ဖမ်းဆီးမှုတွေ ပြုလုပ်လာနေတာဖြစ်တယ်လို့ စစ်တွေဒေသခံအမျိုးသားတစ်ဦးက BBM ကို ပြောပါတယ်။

"စစ်တွေမှာ မြို့ပေါ်နေရာ တော်တော်များများကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ် ချထားတာရှိပါတယ်။ နယ်ဖက်တွေမှာ တိုက်ပွဲတွေပြင်းထန်လာရင် မြို့ပေါ်ရပ်ကွက်က အခြေခံလက်လုပ်လက်စားတွေကို AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးတာမျိုးတွေ ဆက်တိုက်လုပ်ဆောင်လာနေတာရှိပါတယ်" လို့ အဆိုပါ အမျိုးသားက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း စစ်ကောင်စီတပ်ဟာ စစ်တွေမြို့၊ ဓညဝတီရပ်ကွက်နဲ့ စက်ရုံစုရပ်ကွက်က ဒေသခံလူတစ်ချို့ကို အမှတ် ၂ ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်လို့လည်း စစ်တွေဒေသခံတွေဆီက သိရပါတယ်။

အလားတူ စစ်ကောင်စီတပ်ဟာ ဒေါ် စောမြရာဇာလင်း ဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး မြို့ပေါ်ရှိဒေသခံတွေကို ဖမ်းဆီး ငွေညှစ်ကာပြန်လွတ်ပေးမှုတွေ ရှိနေတယ်လို့လည်း မင်းဂံရပ်ကွက်က ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

"စစ်တပ်နဲ့ ALP တပ်ဖွဲ့တွေ ပူးပေါင်းပြီးတော့လည်း မြို့ပေါ်ဒေသခံတွေကို ဖမ်းဆီးတာရှိပါတယ်။ သူတို့ကတော့ ဖမ်းဆီးတယ် ငွေရရင်တော့ ပြန်လွှတ်ပေးတာပေါ့။ ရခိုင်အပါအဝင် မူဆလင်ဒေသခံတွေပါ ဖမ်းဆီးတာမျိုးတွေရှိပါတယ်။ နောက်ပြီးနေအိမ်တွေကိုလည်း ဖြိုဖျက်ရောင်းချနေတာရှိပါတယ် " လို့ အဆိုပါ အမျိုးသားက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ စစ်တွေမြို့နယ်၊ ဘုမေမူဆလင်ကျေးရွာက ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လက်ရှိအချိန်အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရရှိသေးဘူးလို့လည်း သိရပါတယ်။

စစ်တွေမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ဟာ ကံကော်ကျွန်း၊ တောကန်၊ ဇော်မတတ် စတဲ့ကျေးရွာတွေအနီးမှာ တိုက်ပွဲတွေပြင်းထန်နေကြတာဖြစ်ပြီး အာရက္ခတပ်တော် AA ဟာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)နဲ့ ယာယီအခြေစိုက်ထားတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရှိနေတယ်လို့လည်း AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အဆိုပါ တိုက်ပွဲအခြေအနေကြောင့်ပဲ စစ်ကောင်စီတပ်ဟာ စစ်တွေမြို့ပေါ်ကနေရာ အများအပြားကို လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေတာဖြစ်ပြီး ငါးဖမ်းထွက်ကြတဲ့ ပေါက်တော၊ ရသေ့တောင်နဲ့ စစ်တွေမြို့နယ်က ဒေသခံတစ်ချို့ကိုပါ ဖမ်းဆီးမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ပုံစာ - Social Media

#bbmnews #bbm #bbmtv #sittwa #rakhine #ArakanArmy
https://www.facebook.com/share/p/1By8gfioAa/
👍4