3.48K subscribers
5.58K photos
393 videos
2.89K links
Breaking Brainwashed Media
Download Telegram
ထိုင်းနယ်စပ် ရွာဟေ့လူရွာအနီး စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စကစတပ်သား ၂ ဦးသေဆုံး

BBM - ဖေဖော်ဝါရီ ၁၅
သတင်း - ကိုဘုဏ်း

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်မှာရှိတဲ့ ရွာဟေ့လူကျေးရွာ စစ်ကောင်စီစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ်တွေအကြား ဖေဖော်ဝါရီလ ၁၂ ရက်၊ မနက် ၁၀ နာရီ ၄၅ မိနစ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။

နှစ်ဘက်တပ်များ မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့မှ ပကဖ ရဲဘော်တစ်ဦးလည်း မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဘုတ်ပြင်းမြို့နယ် ပကဖ၊ ကောသောင်းခရိုင် အမှတ် ၁ တပ်ရင်း တပ်ခွဲ ၂ နဲ့အတူ ဗိုလ်ချုပ်မြ အထူးတပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
https://www.facebook.com/share/p/1FnnzQqQyf/
👍6👏1
ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး CNDF ထံ လက်နက်ချအလင်းဝင်

BBM - ဖေဖော်ဝါရီ ၁၅
သတင်း - ကိုအိုက်

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးဟာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ထံ လက်နက်ချအလင်းဝင်ရောက်လာခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းမြစ်က BBM ကို ပြောပါတယ်။

ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်ဖို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနက် ၆ ဦးဟာ စိတ်ဓာတ်ပျက်ပြားနေပြီး မနေ့က ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ အလင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။

"ဖလမ်းမြို့၊ အရှေ့ဘက်ရွာ စစ်ကြောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးနဲ့ အနောက်ဘက်ရွာ စစ်ကြောင်းက ၄ ဦး၊ စုစုပေါင်း ၆ ဦးပါ၊ သူတို့မှာ လက်ပစ်ဗုံး ၄ လုံးပါတယ်"လို့ ရှေ့တန်းစစ်ရေးသတင်းမြစ်က BBM ကို ပြောပါတယ်။

အဆိုပါ အလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ စစ်မြေပြင်မှာ အလွန်အမင်း စိတ်ပင်ပန်းနွမ်းနယ်နေပြီး ရှေ့ဆက်ဖို့ မျှော်လင့်ချက်ကင်းမဲ့နေတာကို တွေ့ရှိရတယ်လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က ပြောပါတယ်။

မနေ့က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း ဖလမ်းမြို့နယ် ထင်းရှူးစခန်း ခံစစ်ကုန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စခန်းကို သိမ်းပိုက်ရရှိထားပါတယ်။

စခန်းသိမ်းပိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း နှစ်ဦးဖမ်းမိတဲအပြင် လက်နက် ၁၁ လက်ကိုလည်း သိမ်းဆည်းရရှိထားပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၁၃ ရက်၊ ညပိုင်းကလည်း ဖလမ်းမြို့နယ်၊ မဏိပူရ်မြစ်ဘေးမှာ ချင်းပူးပေါင်းတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ရာ စစ်ကောင်စီဘက်က ဝှက်ထားခဲ့တဲ့ လက်နက်ကြီးကျည် အများအပြားကိုလည်း ချင်းကာကွယ်‌ရေးပူးပေါင်းတပ်တွေက တွေရှိခဲ့ပါတယ်။

ဓာတ်ပုံ -The Rihli Voice
https://www.facebook.com/share/p/1KQSicwciw/
❤6👏1
မိုးကုတ်မြို့တွင်းကို စကစ ကား အစီးရေ(၄၀) လောက်ဖြင့် ထပ်မံအင်အားဖြည့်တင်း

🟥မိုးကုတ်မြို့ပတ်ချာလည်မှာလည်း တိုက်ပွဲဖြစ်ပွါးမှုတွေ ဆက်လက်ရှိနေပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ခြင်းမရှိသေး

BBM-ဖေဖော်ဝါရီ၁၅
သတင်း-မင်းသော်

မိုးကုတ်မြို့အတွင်းကို စစ်ကောင်စီကား အစီးရေ (၄၀) လောက်ဖြင့် ထပ်မံအင်အားဖြည့်တင်းနေပြီး မြို့ပတ်ချာလည်မှာလည်း တိုက်ပွဲဖြစ်ပွါးမှုတွေဆက်ရှိနေတယ်လို့ မိုးကုတ်မြို့ဒေသခံပြည်သူတွေထံမှ သိရှိရပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်(ဒီနေ့) နေ့လယ်ပိုင်း ၂ နာရီလောက်မှာ စစ်တပ်သုံး ဖောကားအကြီးတွေအပြင် 4 wheels ကားတွေပါဝင်တဲ့ စစ်ကောင်စီအင်အားအမြောက်အများဟာ ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်းမှတဆင့် မိုးကုတ်မြို့အတွင်း အင်အားဖြည့်ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်ယာဥ်တန်းများ မိုးကုတ်မြို့အတွင်း ဝင်ရောက်စဥ် ကားဟွန်းများ ပြိုင်တူတီးကာ အရှိန်ဖြင့် ဝင်ရောက်ခဲ့သလို ဒရုန်းဖြင့် တိုက်ခိုက်ခံရမှာကို စိုးရိမ်တာကြောင့် ယာဥ်တန်းတွေကြား Jammer ၃ ခုတပ်ဆင်လာတာတွေကိုလည်း တွေ့ရတယ်လို့ မိုးကုတ်ဒေသခံတစ်ဦးက BBM ကိုပြောပါတယ်။

"စစ်ကားတွေ မိုးကုတ်ကိုထပ်ဝင်တယ်ဗျ၊ အစီး 40လောက်ရှိတယ်၊ သံပြားကာကားတွေကော ၊ 4wheel တွေကောပါတော့ဗျ၊ Jammer သုံးခုလည်း ထပ်ပါလာတယ်ဗျ၊ ဟွန်းတွေအသေတီးပြီး ဝင်လာလို့ သိလိုက်တာ ဒီကောင်တွေလာတာကို "

အဆိုပါစစ်ယာဥ်တန်းတွေဟာ မိုးကုတ်မြို့တွင်းရှိ ဒေသအခေါ် အောက်ထောင်ရှေ့မှာ တစ်နာရီခန့် ရပ်တန့်ပြီးတဲ့နောက် မိုးကုတ်မြို့ဆေးရုံအတွင်းဝင်ရောက်သွားကာ ထိုမှ ကား၁၀စီးခန့်နဲ့ မိုးကုတ်မြို့အနောက်ဘက်ကို သွားရောက် အင်အားဖြည့်တင်းတာတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မိုးကုတ်မြို့အတွင်း ယခုလအစောပိုင်းမှစကာ စစ်တပ်က အုပ်ချုပ်ရေးယန္တရားပြန်လည်စတင်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ လက်ရှိအချိန်ထိ အုပ်ချုပ်ရေးယန္တရားစတင်နိုင်ခြင်းမရှိသေးတဲ့အပြင် မြို့ပတ်ချာလည်မှာလည်းတိုက်ပွဲတွေဖြစ်ပွါးနေဆဲရှိတယ်လို့လည်း အဆိုပါဒေသခံမှဆက်ပြောပါတယ်။

"စစ်ကြောင်းထိုးဖို့ပြင်နေတယ်ထင်တယ်ဗျ မြို့ပြင်ဘက်တွေကို သူတို့အခုချိန်ထိလဲယန္တရား မလည်ပတ်နိုင်သေးတော့၊ ပြီးတော့ မြို့နဲ့5မိုင်အကွာတွေမှာPDFရှိနေကြတယ်ဆိုတော့"

ဖေဖော်ဝါရီလ ပထမအပတ်အတွင်းမှာလည်း မိုးကုတ်မြို့အရှေ့ဘက်မှ ၄ မိုင်ပတ်ချာလည်သာ ဝေးတဲ့ ချောင်းကြီး၊ရှမ်းကုန်းစံဒေသတွေမှာတိုက်ပွဲပြင်းထန်စွာဖြစ်ပွါးပြီး စစ်ကောင်စီထိခိုက်သေဆုံးမှုများခဲ့ပြီးနောက် အခုလိုအလုံးအရင်းနဲ့ အင်အားဖြည့်တင်းလာခြင်းဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

Photo-ပုံဟောင်း
https://www.facebook.com/share/p/14TzLUYcup1/
👍5😁1
မန္တလေး PDFက မြေပြင်တပ်ရင်းတပ်ဖွဲ့တွေကို “ထိုးစစ်ထောက်ပို့ မန်းတိုင်းသို့’ “ ကမ်ပိန်းမှ ရရှိတဲ့ ကာကွယ်ရေးပစ္စည်းတွေ
တပ်ဆင်ပေး

BBM - ဖေဖေါ်ဝါရီလ ၁၆
သတင်း - Richard

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့တွေက ၂၀၂၅ ခုနှစ်၊ သြဂုတ်လမှာ ပြုလုပ်ခဲ့တဲ့ ‘Road to Mandalay - ထိုးစစ်ထောက်ပို့မန်းတိုင်းသို့’ ကမ်ပိန်းမှ ထောက်ပို့ကူညီတဲ့ ကာကွယ်ရေးပစ္စည်းတွေဖြစ်တဲ့ ကျည်ကာတွေ၊ ဦးထုပ်တွေကို မြေပြင်တပ်ရင်းတပ်ဖွဲ့တွေက ရရှိခဲ့ကြောင်း MDY PDFက ဖေဖော်ဝါရီလ ၁၅ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အခုလို ကူညီထောက်ပို့မှုအတွက် Forward Myanmar အဖွဲ့ နဲ့ တော်လှန်ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ကျေးဇူး အထူးတင်ရှိကြောင်းလည်း ဆိုပါတယ်။

Forward Myanmar အဖွဲ့က အခု လုပ်ဆောင်နေတဲ့ “ဆီသို့လှမ်းချီ တနင်္သာရီ” ကမ်ပိန်းမှာလည်း ပါဝင် အားဖြည့်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ပုံ - ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
https://www.facebook.com/share/p/18QjcJGjGT/
❤7
တနင်္သာရီမြို့ မှာ ပြည်သူနေအိမ် အလုံး ၁၀၀ကျော် စစ်ကောင်စီ မီးရှို့ဖျက်ဆီး

BBM - ဖေဖော်ဝါရီ ၁၆
သတင်း - ကိုဘုဏ်း

ကေအဲန်ယူ၊ကရင်အမျိုးသားအစည်းအရုံး၊ကော်သူးလေထိန်းချူပ်နယ်မြေ၊ မြိတ်ထားဝယ်ခရိုင် ၊တနောသရီမြို့မှာရှိတဲ့ လယ်သစ်ကျေးရွာကို ဖေဖော်ဝါရီလ ၁၃ရက်နေ့မှာ စစ်ကောင်စီက မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အဆိုပါလယ်သစ်ကျေးရွာမှာရှိတဲ့ပြည်သူ့နေအိမ် အလုံး၁၀၀ကျော်ကို မီးရိူ့ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ မကြာခဏဆိုသလို စစ်ရေးပစ်မှတ်နဟုတ်တဲ့အရပ်သားလူနေအိမ်များကို မီးရိူ့ဖျက်ဆီးနေတာဖြစ်ကြောင်း ကေအဲန်ယူ၊ကရင်အမျိူးသားအစည်းအရုံးက ထုတ်ပြန်ကြေငြာထားပါတယ်။
https://www.facebook.com/share/p/18CPbFapFM/
🤬3
ကမ္ဘာတစ်ဝှမ်းရှိ အီရန်ဆန္ဒပြပွဲတွေမှာ လူသိန်းနဲ့ချီပါဝင်

BBM - ဖေဖော်ဝါရီ ၁၆
သတင်း - Richard

ကမ္ဘာတစ်ဝှမ်းရှိ အီရန်အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ လူသိန်းနဲ့ချီ ပါဝင်ခဲ့ကြတယ်လို့ BBCမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကွယ်လွန်သူ ရှားဘုရင်ရဲ့ သားဖြစ်သူက "ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့" အတွက် တောင်းဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။

ရက်ဇာ ပါလာဗီ(Reza Pahlavi)က မြူးနစ်မြို့မှာ ခန့်မှန်းခြေအားဖြင့် လူပေါင်း ၂သိန်းခွဲ ခန့်ကို မိန့်ခွန်းပြောကြားရာမှာ အီရန်ရဲ့ အစ္စလာမ်မစ်အစိုးရကို ဖြုတ်ချဖို့ တောင်းဆိုခဲ့တဲ့ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေကို နှိမ်နင်းတာကို ရှုတ်ချခဲ့ပါတယ်။

မြူးနစ်၊ လော့စ်အိန်ဂျလိစ်နဲ့ တိုရွန်တိုမြို့တို့မှာ လူအများဆုံးဖြစ်ပြီးတော့ တဲလ်အဗစ်၊ လစ်စဘွန်း၊ ဆစ်ဒနီနဲ့ လန်ဒန်အပါအဝင် မြို့ကြီးတွေနဲ့ ဆန္ဒပြပွဲငယ်တွေ ပြုလုပ်ခဲ့ပါတယ်။

အီရန်နိုင်ငံမှာ နေထိုင်မှုစရိတ် မြင့်တက်လာမှုနဲ့ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ လူ ၆သောင်း ကျော် သေဆုံးခဲ့ကြောင်း တက်ကြွလှုပ်ရှားသူတွေက ပြောကြားခဲ့ပါတယ်။

နောက်ထပ် သေဆုံးမှုထောင်ပေါင်းများစွာကို စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

“ကျွန်တော့်ရဲ့ ပထမဆုံး သတင်းစကားကတော့ နိုင်ငံတွင်းက ကျွန်တော်တို့ရဲ့ ရဲရင့်ပြီး တိုက်ပွဲဝင်နေတဲ့ ညီအကိုမောင်နှမတွေဆီကိုပါ၊ ခင်ဗျားတို့ တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သိထားပါ၊ ဒီနေ့ ကမ္ဘာကြီးက ဒီတိုက်ပွဲမှာ ခင်ဗျားတို့နဲ့အတူ ရပ်တည်ပါတယ်” လို့ ပါလာဗီက လူအုပ်ကြီးကို ပြောကြားခဲ့ပါတယ်။

“ဒီအကျင့်ပျက်ခြစားမှု၊ ဖိနှိပ်ချုပ်ချယ်မှု၊ ကလေးသူငယ်သတ်ဖြတ်မှု အစိုးရနဲ့ ဆန့်ကျင်ဘက်အနေနဲ့ ခင်ဗျားတို့ဟာ ကြီးကျယ်တဲ့ ယဉ်ကျေးမှုကို ကိုယ်စားပြုပြီး မနက်ဖြန်ရဲ့ လွတ်လပ်တဲ့ အီရန်မှာ ကျွန်တော်တို့ဟာ ဘယ်လောက်ကြီးကျယ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်ဆိုတာ ကမ္ဘာကို သက်သေပြပါလိမ့်မယ်” လို့ အီရန်ရဲ့ ခေါင်းဆောင်မှုကို ဝေဖန်ရင်း သူက ပြောကြားခဲ့ပါတယ်။

ပါလာဗီရဲ့သမီး နူးရ် ပါလာဗီကလည်း လော့စ်အိန်ဂျလိစ်ရှိ လူအုပ်ကြီးကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အီရန်လူမျိုးတွေက "ဒီအစ္စလာမ္မစ်အစိုးရမှ သူတို့ကိုယ်တိုင် လွတ်မြောက်ဖို့ နီးစပ်ခဲ့ဖူးတာမရှိပါဘူး" လို့ ပြောကြားခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

သူမဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အီရန်ခေါင်းဆောင်မှုရဲ့ လက်ရှိပြုလုပ်နေတဲ့ နျူကလီးယားဆွေးနွေးပွဲတွေကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ပြီး ဒါကို"လူသတ်သမားတွေနဲ့ ညှိနှိုင်းခြင်း" အဖြစ် ဖော်ပြခဲ့ပါတယ်။

Reference - BBC
Photo - BBC
https://www.facebook.com/share/p/184FUzrufh/
👍7
👍9
👍8
👍11
ကျောက်ဖြူမှာ စစ်ကောင်စီရေတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

BBM - ဖေဖော်ဝါရီ ၁၆
သတင်း - နိုင်နိုင်

တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်ကောင်စီရေတပ်သင်္ဘောက လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်၊ ညနေ ၅ နာရီခွဲခန့်မှာ ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေးကျေးရွာ အောက်ဘက်ရှိ ရေတပ်ကနေ ကျောက်ပြောက်ကျေးရွာဘက်ကို လက်နက်ကြီးကျည် အများအပြားပစ်ခတ်ခဲ့တယ်လို့ ကျောက်ဖြူဒေသခံတွေဆီက သိရပါတယ်။

အဆိုပါ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့သူမှာ ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ကျေးရွာက ဒေါ်စောဖြူမ (၈၀) နှစ် ဖြစ်ပါတယ်။

"ကျောက်ဖြူမှာစစ်ရေးလှုပ်ရှားနေတဲ့ နေဗီတွေကတော့ လက်နက်ကြီးတွေနဲ့ အရပ်သားတွေ နေထိုင်တဲ့ကျေးရွာတွေကို လှမ်းပစ်ခတ်တာ အမြဲတမ်းရှိပါတယ်၊ အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေလည်း ရှိပါတယ်" လို့ ကျောက်ဖြူ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေကျေးရွာအနီးကို ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ရေးသင်္ဘောတွေကနေ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကုန်ဘွေကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

၂၀၂၆ ခုနှစ်အတွင်း ရခိုင်ဒေသကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃၀ ကျော်အထိ သေဆုံးခဲ့ပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။

#bbmnews #bbm #bbmtv #kyaukphyu #reakine #aa
https://www.facebook.com/share/15ZMrYrGu6R/
🤬9👎1
ဒဏ်ရာကစားသမားတချို့ ပြန်လာဖို့ လိုအပ်နေတယ်လို့ အာတေတာ ပြောကြား

အာဆင်နယ်အသင်းနည်းပြ အာတေတာက အသင်းမှာ ဒဏ်ရာကစားသမားတချို့ ပြန်ကစားနိုင်ဖို့ လိုအပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မိသလား မေးမြန်းမှုကို အာတေတာက ''ဟုတ်ပါတယ်။ ကနဦး တိုက်စစ်မှူးတွေ ဒဏ်ရာရခဲ့
တယ်။ အဲဒီနောက် နောက်ခံလူတွေအလှည့် ရောက်လာတယ်။ အခု ကွင်းလယ်လူတွေ ဒဏ်ရာရနေတယ်။ ကျွန်တော်တို့ အဲဒါကို ကိုင်တွယ်
ဖြေရှင်းရမှာပါ။ ဒါပေမဲ့ ကစားသမားတချို့ ပြန်လာဖို့ ကျွန်တော်တို့ လိုအပ်ပါတယ်။ အရေအတွက်သာမကဘဲ ပြိုင်ဘက်အသင်းတွေနဲ့
ဆက်စပ်ပြီး ကျွန်တော်တို့မှာ မတူညီတဲ့ ရွေးချယ်မှုတွေ ရှိရပါမယ်။ ဒါကြောင့် သူတို့ လျင်မြန်စွာ ပြန်လာတာဟာ ပိုကောင်းပါတယ်''လို့
အာတေတာက ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ FAဖလား စတုတ္ထအဆင့်မှာတော့ ဝီဂန်ကို ၄-၀ ဂိုးနဲ့ ဂိုးပြတ်နိုင်ပြီး နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ နောက်ခံလူ ကာလာဖီအိုရီက သွေးပူလေ့ကျင့်ခန်းမှာ ဒဏ်ရာရခဲ့ပြီး ဘင်ဝှိုက်ကိုလည်း ဒုတိယပိုင်းမှာ ဒဏ်ရာကြောင့် လူစားလဲခဲ့
ရပါတယ်။

အသင်းခေါင်းဆောင် အိုဒီဂွယ် မကစားနိုင်သေးသလို၊ ဟာဗက်ဇ်မှာ အခုလကုန်အထိ နားရဖွယ်ရှိပြီး မယ်ရီနိုကတော့ ရာသီကုန်အထိ
အနားယူရပါလိမ့်မယ်။

အာဆင်နယ်အသင်းကတော့ ဒဏ်ရာပြဿနာတွေနဲ့ ဖြတ်သန်းနေရပေမဲ့ ဖလားလေးလုံးလမ်းကြောင်းမှာ ဆက်လက်ရှိနေဆဲပါပဲ။

Photo - Arsenal

#bbmnews #bbm #bbmtv #Arsenal #SportsNews
https://www.facebook.com/share/p/17xPDftqLG/
👍9
👍12
CHRO ရဲ့ တရားစွဲဆိုမှုကို လက်ခံခဲ့သဖြင့် တီမောသံရုံးကို စစ်ကောင်စီ မြန်မာနိုင်ငံမှ နှင်ထုတ်

BBM - ဖေဖော်ဝါရီ ၁၆
သတင်း - ခက်ဆစ်

တီမောလက်စ်တေနိုင်ငံက စစ်ကောင်စီတပ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ တရားစွဲဆိုမှုအပေါ် လက်ခံခဲ့တာကြောင့် ရန်ကုန်မြို့ရှိ တီမောလက်စ်တဲ သံရုံးကို စစ်ကောင်စီက မြန်မာနိုင်ငံမှ ထွက်ခွာခိုင်းခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်အရ သိရပါတယ်။

ချင်းပြည်နယ်အတွင်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့အတွက် မင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီတပ် ခေါင်းဆောင်တွေကို ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း တီမောနိုင်ငံမှာတရားစွဲဆိုခဲ့သလို CHRO ကိုယ်စားလှယ်အဖွဲ့ကို တီမောသမ္မတက လက်ခံတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

တီမောသမ္မတက စစ်ကောင်စီကို တရားစွဲဆိုတဲ့ CHRO ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့တာ၊ တီမောအစိုးရက ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ တရားစွဲဆိုမှုကို လက်ခံပြီး ဝါရင့်ရှေ့နေတစ်ဦး ခန့်အပ်တာဝန်‌ပေးခဲ့တာတွေဟာ အာဆီယံပဋိညာဉ်နဲ့ မူတွေကို ချိုးဖောက်တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

တီမောသမ္မတအနေနဲ့ မြန်မာပြည်တွင်းရေးကို မကြာခဏဝင်ရောက်စွက်ဖက်နေတာကြောင့်ဟုဆိုကာ စစ်ကောင်စီက ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံးယာယီတာဝန်ခံကို ဖေဖော်ဝါရီ ၁၃ ရက်မှာ ဆင့်ခေါ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်မတိုင်ခင် မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်ခွာရန် ညွန်ကြားခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် တီမောလက်စ်တေ အနေနဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ရပ်တည်ချက်သဘောထားတွေ ပြောင်းလဲခြင်းမရှိသေးပါက ပိုမိုပြင်းထန်တဲ့အစီအမံတွေ ထပ်မံချမှတ်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း စစ်ကောင်စီက ခြိမ်းခြောက်ထားပါတယ်။

တီမောလက်စ်တေ သမ္မတ ဟိုဆေးရာမို့စ်ဟော်တာဟာ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသူဖြစ်သလို NUG အစိုးရ၊ ဝန်ကြီးများနဲ့လည်း ၂၀၂၄ ခုနှစ်အတွင်းမှာ တွေ့ဆုံမှုတွေရှိခဲ့ပြီး တီမောနိုင်ငံဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာတာလည်း ဖြစ်ပါတယ်။

Photo - တီမောသမ္မတနဲ့ NUG ၊ CHRO တို့တွေ့ဆုံခဲ့စဉ်။(ပုံဟောင်း)

#bbmnews #bbm #bbmtv #timor #myanmar
https://www.facebook.com/share/p/1CLCMiSzs4/
😡3👍1🤣1
မီဇိုရမ်ဒေသခံတစ်ဦး မြန်မာဘက်ခြမ်းမှာ သေဆုံးလျက်တွေ့ရှိပြီးနောက် နယ်စပ်ကုန်သွယ်ရေးလမ်းပိတ်ပင်မည်

BBM - ဖေဖော်ဝါရီ ၁၆
သတင်း - ကိုအိုက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ဒေသခံတစ်ဦး မြန်မာဘက်ခြမ်းမှာ သေဆုံးလျက် တွေ့ရှိပြီးနောက် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်း အကန့်အသတ်မရှိ ပိတ်ဆို့သွားမယ်လို့ မီဇိုရမ်လူငယ်အဖွဲ့အစည်းတွေဖြစ်တဲ့ Central Young Lai Association နဲ့ Mara Thyutlia Py တို့က မနေ့က ဖေဖော်ဝါရီ ၁၅ ရက်က ထုတ်ပြန်ထားပါတယ်။

အခုလို လမ်းပိတ်ရခြင်းမှာ လောင်တလိုင်မြို့မှ မြန်မာပြည် ဆာလာချွားရွာသို့ ကုန်စည်သွားရောက်ပို့ဆောင်တဲ့ ယာဉ်မောင်း Lalramsanga (၃၇) နှစ်အရွယ်အမျိုးသားတစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိသေးတာကြောင့် ဖြစ်ပါတယ်။

မီဇိုရမ်ဒေသခံအမျိုးသား ယာဥ်မောင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပျောက်ဆုံးခဲ့ပြီး ၃ ရက်အကြာ ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းမှာ မြန်မာဘက်ခြမ်းရှိ ဆိမ်တွီးပွီးမြစ်အတွင်းမှာ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာပါ။

ဒါကြောင့် လောင်တလိုင် (Lawngtlai) နဲ့ ဆိုင်းဟား (Siaha) ခရိုင်အတွင်းမှ မြန်မာနိုင်ငံသို့ ဆက်သွယ်ထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းအားလုံးကို ဒီနေ့ ဖေဖော်ဝါရီလ ၁၆ ရက်၊ ညနေ ၃ နာရီမှစတင်ပြီး အကန့်သတ်မရှိ ပိတ်တော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသို့ ဝင်ထွက်နေတဲ့ ကုန်တင်ယာဉ်တွေနဲ့ ကုန်သွယ်မှုလုပ်ငန်းအားလုံးကို လုံးဝဖြတ်သန်းခွင့်ပြုမှာ မဟုတ်ပါဘူး။

"ပျောက်ဆုံးမှုနဲ့ သေဆုံးမှုအပေါ် ခိုင်လုံတဲ့ အဖြေတစ်ခု မရမချင်း ဒီလမ်းတွေကို ပိတ်ထားမှာဖြစ်ပြီး လိုအပ်ရင် အရေးယူဆောင်ရွက်မှုတွေကို ဒီထက်မက တိုးမြှင့်သွားမှာပါ" လို့ CYLA နဲ့ MTP တို့က ပူးတွဲသတိပေးထားပါတယ်။

မီဇိုရမ်ဘက်မှ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားတာဟာ မြန်မာနိုင်ငံဘက်ခြမ်းရှိ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းအတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်လာနိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်ပြောဆိုထားပါတယ်။

အခြေခံစားသောက်ကုန်၊ လောင်စာဆီနဲ့ လူသုံးကုန်ပစ္စည်းတွေအတွက် မီဇိုရမ်ဘက်ကို အဓိကအားထားနေရတာဖြစ်တာ‌ကြောင့် ဈေးနှုန်းတွေ အဆမတန် မြင့်တက်သွားနိုင်တယ်လို့ ဆိုပါတယ်။

"စစ်ကောင်စီက ရခိုင်ပြည်နယ်ကို ကုန်စည်ပြတ်တောက်ထားပြီးနောက် ရခိုင်ပြည်နယ်ရဲ့ ကုန်စည်စီးဆင်းမှုက မီဇိုရမ်ဘက်ကိုပဲ အဓိက အားထားရတာပါ၊ အခုအဲလမ်းကို ပိတ်ဆို့သွားမယ်ဆိုရင် ရခိုင်မှာ ကုန်စည်ရှားပါးပြီး ကုန်စျေးနှုန်းတွေ မြင့်တက်သွားဖို့ပဲ ရှိတယ်"လို့ ရခိုင်ကုန်သည်တစ်ဦးက BBM ကို ပြောပါတယ်။

လမ်းပိတ်ဆို့မှု ကာလရှည်ကြာပါက နယ်စပ်ဒေသမှာ ရိက္ခာပြတ်လပ်မှုတွေ ကြုံတွေ့ရနိုင်သလို ဒေသခံ လူငယ်အဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်ချက်ကြောင့် နယ်စပ်ဖြတ်ကျော် သွားလာရေးမှာ ပိုမိုတင်းကျပ်လာနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ သေဆုံးသူရဲ့ ရုပ်အလောင်းကို လူငယ်အဖွဲ့အစည်းတွေက သယ်ယူဖို့ စီစဉ်နေပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် နှစ်ဖက်နယ်စပ် တာဝန်ရှိသူတွေအကြား ညှိနှိုင်းမှုများ ရှိမရှိကိုမူ ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Photo - လူမှုကွန်ယက်

#bbmnews #bbmtv #bbm #Mizoram #chin
https://www.facebook.com/share/p/1Ar3AR2U1c/
👍5
အတက်အကျများလွန်းတဲ့ ရှမ်းပြည်တပ်မတော် - အပိုင်း (၁)
ဆောင်းပါးကဏ္ဍ

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် ပဋိပက္ခနှင့်အကျပ်အတည်းများ မြန်မာနိုင်ငံတွင်း ဆက်လက်ဖြစ်ပွားနေ သလို နိုင်ငံရေးမတည်ငြိမ်မှုနှင့် မသေချာမရေရာမှုများကလည်း နိုင်ငံတစ်ဝှမ်းလွှမ်းခြုံထားတုန်းပင်။ ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလပိုင်းကာလများတွင် မိုင်းကိုင် ၊ ကျောက်မဲ ၊ သီပေါ နှင့် နမ္မတူမြို့များတွင် ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ (RCSS / SSA) နှင့် အင်အားပေါင်းစည်းထားကြသော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP / SSA) နှင့် ၎င်း၏မဟာမိတ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNLA) တို့ကြား ပြင်းထန် သောတိုက်ပွဲများဖြစ်ပွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း (အထူးသဖြင့် မုန်းကိုးနှင့် ပန်ဆိုင်း)တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့်စစ်ကောင်စီလက်အောက်ခံ တပ်ရင်း တပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်ခဲ့သည်။ အဆိုပါဒေသတွင်းနေထိုင်ကြသောပြည်သူများကလည်း တိုက်ပွဲများအတွင်း လူသေဆုံးမှုမြင့်မားခဲ့ကြောင်း သတင်းပေးပို့ခဲ့ကြသည်။ စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှု များအရှိန်မြှင့်တက်နေသည့် ရှမ်း - ကယားနယ်စပ်များကလွဲပြီး ရှမ်းပြည်နယ်၏နေရာအများအပြားတွင် တိုက်ပွဲ ငယ်များ ရံဖန်ရံခါဖြစ်ပွားခဲ့ပါသည်။

RCSS လှုပ်ရှားမှု၏ မူလရင်းမြစ်

RCSS နှင့် ကျန်သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား ဖြစ်ပွားလေ့ရှိသောပဋိပက္ခများကို နား လည်ရန်အတွက် နောက်ခံနိုင်ငံရေးအခြေအနေများကိုသဘောပေါက်ထားဖို့ အရေးကြီးပါသည်။ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော ဘိန်းဘုရင် ခွန်ဆာ က ၁၉၈၅ ခုနှစ်တွင်တည်ထောင်ခဲ့သည့် MTA (Mong Tai Army) ၏ ခေတ် ဟောင်းကာလများကိုတော့ ရှမ်းသမိုင်းတွင်ချန်လှပ်ထားခဲ့၍မရနိုင်ပါ။ ၁၉၈၀ ပြည့်လွန်နှစ်များနောက်ပိုင်းတွင် ထိုင်းနိုင်ငံနယ်စပ်တလျှောက်ရှိ ဟိုမိန်းနှင့် ဒွိုင်လန်းကြား အမာခံနယ်မြေများတွင်အခြေစိုက်ခဲ့သော MTA ၏ စစ် အင်အားက ၁၀၀၀၀ ကျော်အထိ တိုးမြှင့်ရောက်ရှိလာခဲ့သည်။ သို့သော်လည်း MTA တပ်မှူးများသည် ၎င်းတို့နှင့် ပုဂ္ဂိုလ်ရေးအရအဆက်အသွယ်ရှိသည့် ရှမ်းပြည်နယ်၏ဒေသများတွင်လည်း ၎င်းတို့တပ်များကို နေရာချထားနိုင်ဖို့ ကြိုးစားခဲ့ပါသည်။

၁၉၈၈ ခုနှစ် မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးကောင်စီ (နဝတ)ဟူသောအမည်ဖြင့် အာဏာရလာခဲ့ပြီးနောက် MTA သည်လည်း ပြောင်းလဲလာခဲ့လေသည်။ နောက်ပိုင်းနှစ်များမှာတော့ နဝတ က ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ကနေ ခွဲထွက်လာခဲ့သည့် "ဝ"ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) အပြင် အခြား သော EAOs နှင့် အပစ်အခတ်ရပ်စဲခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) သည် တရုတ်နယ်စပ် တလျှောက် နယ်မြေအများအပြားကိုထိန်းချုပ်ထားခဲ့သည်။

MTA နှင့် UWSA ကြား ပြိုင်ဆိုင်မှုပြင်းထန်လာသည်နှင့်အမျှ လူသိများထင်ရှားသော ဒွိုင်လန်းတိုက်ပွဲကြီး ဖြစ်ပွားခဲ့ လေသည်။ အဆိုပါတိုက်ပွဲကြီးပေါ်ပေါက်လာရခြင်းမှာ ထိုင်းနယ်စပ်ရှိ မြန်မာစစ်တပ်၏အကူအညီဖြင့် MTA ဌာန ချုပ်ကို "ဝ"တပ်ဖွဲ့က သိမ်းပိုက်ရန်ကြိုးစားခဲ့ခြင်းကြောင့်ဖြစ်သည်။ နှစ်ဘက်စလုံးထိခိုက်ကျဆုံးမှုများခဲ့သော ယင်း တိုက်ပွဲက ပြန်လည်လွတ်မြောက်လာသူများသည် ထိုတိုက်ပွဲကို နှစ်ပေါင်းများစွာကြာသည်အထိ အိပ်မက်ဆိုး တစ်ခုအနေဖြင့် မြင်မက်နေကြဆဲဖြစ်သည်။ ထိုအချိန်ကာလများကတည်းက UWSA နှင့် MTA တို့က ရှမ်းပြည်နိုင်ငံ ရေးတွင် ဩဇာလွှမ်းမိုးချုပ်ကိုင်နိုင်ရန်အတွက် အပြင်းအထန်ပြိုင်ဆိုင်လာခဲ့ကြပါသည်။

သို့သော် MTA ၊ UWSA နှင့် မြန်မာစစ်တပ်တို့အကြားဖြစ်ပွားခဲ့သည့်တိုက်ပွဲများက ထင်ထားသလောက်တော့လည်း မရိုးရှင်းပါ။ ၎င်းတိုက်ပွဲများနောက်ကွယ်တွင် အခြားသောအကျိုးစီးပွားများပါဝင်နေပါသည်။ မူးယစ်ဆေးဝါးရောင်း ဝယ်ဖောက်ကားမှုဖြင့် နိုင်ငံတကာတွင်နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သော "ဝေ ညီအစ်ကိုများ"ထဲကတစ်ဦးဖြစ်သူ "ဝေရှောက်ခန်း"သည်လည်း ခွန်ဆာ နှင့်အတူ အမေရိကန်၏စွဲချက်တင်ခံထားရသူဖြစ်သည်။

"ခွန်ဆာ" နှင့် "ဝေရှောက်ခန်း" တို့သည် ယခင်တုန်းက စီးပွားရေးအတူလုပ်ကိုင်ခဲ့ကြဖူးသော်လည်း "ဝေရှောက် ခန်း" က MTA ကိုရန်ငြိုးထားခဲ့ပြီး ခွန်ဆာ သည်လည်း ၎င်း၏ အကြီးမားဆုံးပြိုင်ဘက်တစ်ဦးဖြစ်လာခဲ့လေသည်။ ၁၉၈၉ ခုနှစ်တွင် UWSA ကိုဖွဲ့စည်းပြီးနောက် ဝေရှောက်ခန်း သည် တောင်ပိုင်းစစ်ဆင်ရေးများတွင် ဩဇာကြီးမား သောရာထူးရရှိခဲ့ပြီး လှုပ်ရှားမှုအသစ်များတွင်ပါဝင်လာခဲ့သည်။ ထို့ကြောင့်လည်း ဒွိုင်လန်းတိုက်ခိုက်မှုသည် အဆို ပါလှုံ့ဆော်မှုများကြောင့်ဖြစ်ပွားခဲ့ရသည်ဟု ဒေသခံပြည်သူများက ယူဆထားကြသည်။

UWSA ၏ တပ်မှူးတစ်ဦးဖြစ်ခဲ့သော "ဝေရှောက်ခန်း" သည် ခွန်ဆာ၏ အခြေစိုက်ဒေသကိုတိုက်ခိုက်ရာတွင် မြန်မာ စစ်တပ်ကိုကူညီပေးခဲ့သည်။ နောက်ဆုံးမှာတော့ ၁၉၉၆ ခုနှစ်တွင် ခွန်ဆာလည်း စစ်အစိုးရထံလက်နက်ချခဲ့သည်။ MTA ဒေသကိုလည်း "ဝေရှောက်ခန်း"ကို ထိန်းချုပ်ခွင့်ပေးခဲ့သည်။
👍4
အရေးအကြီးဆုံးက တရုတ်၏ဩဇာလွှမ်းမိုးမှုဖြစ်သည်။ UWSA တည်ထောင်ပြီးနောက်ပိုင်း "ဝ" ခေါင်းဆောင်များ သည် အိမ်နီးချင်းတရုတ်နိုင်ငံ၏အရာရှိများနှင့် နီးကပ်သောဆက်ဆံရေးရှိခဲ့ပြီး MTA ကတော့ သံသယစာရင်းထဲ ထည့်မှတ်ထားခြင်းခံခဲ့ရသည်။ MTA သည် ကူမင်တန်တရုတ်ဖြူများနှင့် အချိတ်အဆက်ရှိခဲ့သည်။ စစ်အေးကာလ တုန်းက ကူမင်တန်သည် ထိုင်းနိုင်ငံနှင့် ရှုူပ်ထွေးသောနယ်မြေပြဿနာများဖြစ်ပွားခဲ့သည်။ ၁၉၈၀ ပြည့်လွန်နှစ်များ အတွင်း ကူမင်တန်ဩဇာလွှမ်းမိုးမှုများကျဆင်းသွားသော်လည်း ဘေကျင်းရှုထောင့်ကကြည့်လျှင်မှု MTA သည် ထိုင်းနှင့်အမေရိကန်တို့၏အကျိုးစီးပွားကို ဆောင်ရွက်နေဆဲသာဖြစ်သည်။ UWSA ကလည်း တရုတ်၏ နောက် ကွယ်က တိတ်တဆိတ်ထောက်ပံ့ပေးနေမှုများအပေါ် ကြိတ်ကာသဘောကျနေခဲ့သည်သာဖြစ်၏။

ဖော်ပြပါနောက်ခံအခင်းအကျင်းများကိုဆန့်ကျင်ကာ ၁၉၉၅ ခုနှစ် ဇွန်လတွင် က အင်အား ၃၀၀၀ ခန့်ဖြင့် MTA ကခွဲထွက်ပြီး SSNA (Shan State National Army) ကိုထူထောင်ခဲ့သော်လည်း အပစ်အခတ်ရပ်စဲရန် နဝတ အစိုးရနှင့် သဘောတူညီခဲ့သည်။ အဆိုပါခွဲထွက်မှုက တမုဟုတ်ချင်းပင် MTA စစ်သားများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ အပေါ် သက်ရောက်မှုရှိခဲ့ပြီး ရှမ်းနှင့်တရုတ်လူမျိုးစုများအကြား ၎င်းတို့၏ရှေ့အလားအလာနှင့် သစ္စာစောင့်သိနေရ မှုအပေါ် အကြီးအကျယ်မေးခွန်းထုတ်စရာများဖြစ်လာခဲ့သည်။

မျှမျှတတဝေဖန်ရလျှင်မူ SSNA သည် SSPP နှင့်မဟာမိတ်ဖြစ်ထားသည်။ SSPP သည် ရှမ်းပြည်အလယ်ပိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်းနယ်မြေများကိုထိန်းချုပ်ထားသော သက်တမ်းပိုရင့်သည့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့လည်းဖြစ်သည်။ ကနဦးကာလများက SSA (ရှမ်းပြည်တပ်မတော်) ဟုလူသိများခဲ့သော SSPP ကို ၁၉၆၀ ပြည့်လွန်နှစ်များအအတွင်း ရှမ်းကျောင်းသားလူငယ်များက တည်ထောင်ခဲ့ကြပြီး ရှမ်းလူမျိုးရေးအတွက် အဓိက ကျသောနိုင်ငံရေးအသံအဖြစ် လျင်မြန်စွာဖြစ်တည်လာနိုင်ခဲ့သည်။ ထိုနှစ်ကာလများကိုကျော်လွန်ပြီးနောက်မှာ တော့ SSPP သည်လည်း MTA အခြေစိုက်ထားသော ရှမ်းပြည်တောင်ပိုင်းဒေသများတွင် နယ်မြေဆုံးရှုံးမှုများရှိလာ ခဲ့သလို ခွဲထွက်မှုနှင့်ဘက်ပြောင်းမှုများကိုပါ ကြုံတွေ့ခဲ့ရသည်။

ထိုအကြောင်းများကြောင့်ပင် ရှမ်းပြည်မြောက်ပိုင်းရှိ SSPP ခေါင်းဆောင်များသည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် စတင်နီးကပ်လာခဲ့ပြီး နောက်ပိုင်းတွင် UWSA နှင့်ပါ နီးကပ်သောဆက်ဆံရေးများရှိလာခဲ့သည်။ ၁၉၈၉ ခုနှစ်မှာ တော့ UWSA နှင့် အခြားသော ကွန်မြူနစ်ပါတီမှခွဲထွက်လာကြသည့်အုပ်စုများက နဝတ အစိုးရနှင့်အပစ်အခတ် ရပ် စဲရေးသဘောတူညီလိုက်သောအခါ SSPP လည်း ထိုလမ်းကြောင်းနောက်လိုက်ပါသွားခဲ့လေသည်။ SSPP နှင့် SSNA တို့ပူးပေါင်းပြီး "ရှမ်းပြည်ငြိမ်းချမ်းရေးကော်မတီ (SSPC) ကိုထူထောင်ခဲ့ကြပြီး ယင်းကပင် MTA စစ်သည် များ၏စိတ်ပိုင်းဆိုင်ရာအပေါ် များစွာထိခိုက်မှုရှိစေခဲ့ပါသည်။

အဘက်ဘက်၌ ဖိအားများတိုးလာမှုများကြောင့် လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ရန် ၁၉၉၆ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် ခွန်ဆာနှင့် MTA ခေါင်းဆောင်များက မြန်မာစစ်အစိုးရထံ လက်နက်ချခဲ့လေတော့သည်။ အဆိုပါသဘော တူညီချက်အရ MTA တပ်ဖွဲ့ဝင်ပေါင်း ၁၀၀၀၀ ကျော် လက်နက်ချခဲ့ရသည်ဟုသိရသည်။ သို့သော်လည်း ကြိုတင် ပြင်ဆင်ခြင်း သို့မဟုတ် ကြိုတင်စီစဥ်ခြင်းမျိုးမရှိဘဲ ထိုကဲ့သို့ ရုတ်တရက်အရှုံးပေးလက်မြှောက်လိုက်ခြင်းက ရှမ်း ပြည်နယ်၏ အခြားသောနယ်မြေများတွင်ရှိနေကြသည့် MTA တပ်ဖွဲ့ဝင်များကို ကသောင်းကနင်းဖြစ်စေခဲ့ပါသည်။

မြောက်မြားလှစွာသော MTA တပ်မှူးများသည် နဝတ အစိုးရ၏ ပြည်သူ့စစ်များအဖြစ်ပြောင်းလဲခံလိုက်ရပြီး မြန်မာ စစ်တပ်လက်အောက်ရှိနယ်မြေများတွင် စီးပွားရေးလုပ်ငန်းများ လုပ်ပိုင်ခွင့်များရရှိလာခဲ့ကြသလို တချို့ကတော့ ယနေ့အထိ လည်ပတ်နေဆဲဖြစ်သည်။ သို့သော် MTA စစ်သည်များနှင့် ၎င်းတို့၏မိသားစုဝင်အများစုမှာတော့ မည်သူက ထောက်ပံ့ပေးမည်မသိရသော မသေချာမရေရာသည့်အခြေအနေများဆီသို့ တွန်းပို့ခြင်းခံခဲ့ကြရသည်။

ဤနေရာတွင်သတိပြုစရာတစ်ချက်က MTA တပ်ဖွဲ့ဝင်များအားလုံး ခွန်ဆာ၏ဆုံးဖြတ်ချက်ကို သဘောတူလက်ခံခဲ့ ခြင်းမရှိကြပါ ဆိုသည်ကိုပင်။ ခွန်ဆာ၏အဆိုပါလုပ်ရပ်အပေါ်တုံ့ပြန်သည့်အနေဖြင့် ယွက်ဆစ်ခေါင်းဆောင်သော ရှမ်းအမျိုးသားရေးဝါဒီ လူငယ်အရာရှိအုပ်စုများက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)ကို ဖွဲ့စည်းလိုက်ကြပါတော့သည်။

အပိုင်း (၂)ကို ဆက်လက်ဖော်ပြပေးသွားပါမည်။

ဘုန်းမောင်
Ref: TNI, Wiki
https://www.facebook.com/share/p/1AQm3HfiEs/
👍3
မရမ်းကုန်းမြို့မှာ နေအိမ်နဲ့ ဆိုင်ခန်း မီးလောင်မှုဖြစ်ပွားပြီး သက်ကြီးပိုင်း အမျိုးသမီး နှစ်ဦး သေဆုံး

BBM - ဖေဖော်ဝါရီ ၁၆
သတင်း - ကိုအိုက်

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့ရှိ နေအိမ်နဲ့ ဆိုင်ခန်းတွဲဖွင့်ထားတဲ့ အဆောက်အအုံတစ်ခုမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ်အတွင်း ပိတ်မိနေတဲ့ သက်ကြီးပိုင်း ညီအစ်မနှစ်ဦး သေဆုံးသွားခဲ့တယ်လို့ မြို့ခံတွေက BBM ကို ပြောပါတယ်။

မရမ်းကုန်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ အောက်ဗဟိုလမ်းရှိ အဆိုပါ နေအိမ်နဲ့ ဆိုင်ခန်းတွဲဖွင့်ထားတဲ့ နေရာမှာ မနေ့က ဖေဖော်ဝါရီလ ၁၅ ရက်၊ မနက် ၃ နာရီခွဲခန့်က မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်မှုအတွင်း ညီအစ်မနှစ်ဦးမှာ အပြင်သို့ ထွက်မရဘဲ ပိတ်မိပြီး သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ မီးလောင်တဲ့ နေအိမ်မှာ နယ်မြေအတွင်း ဖြစ်ပွားလေ့ရှိတဲ့ ခိုးဆိုးလုယက်မှုနဲ့ ဖောက်ထွင်းမှု အန္တရာယ်တွေကို စိုးရိမ်တာကြောင့် နေအိမ်နဲ့ ဆိုင်ခန်းတံခါးတွေကို သော့အထပ်ထပ် ခတ်ထားလေ့ရှိတယ်လို့ သိရပါတယ်။

"ဘယ်ကစလောင်တဲ့ မီးဆိုတာ မသိရသေးဘူး၊ အိမ်ထဲမှာရှိတဲ့ ညီအစ်မနှစ်ယောက်က မီးလောင်တဲ့အချိန် အရေးပေါ်တံခါး ဖွင့်မရဘဲ အိမ်နောက်ဘက်မှာ ရုပ်အလောင်းကို တွေ့ရတယ်၊ ဒီဘက်ရပ်ကွက်မှာ ခိုးဆိုးလုယက်၊ ဖောက်ထွင်းမှုရှိတော့ တံခါးကို အထပ်ထပ် ခတ်ထားတယ်လို့ ကြားတယ်" လို့ မြို့ခံတစ်ဦးက BBM ကို ပြောပါတယ်။

မရမ်းကုန်းမြို့နယ် မီးသတ်ဌာန၊ လှိုင်မြို့နယ် မီးသတ်ဌာန၊ ရွှေရောင်သမိုင်း လူမှုကယ်ဆယ်ရေးအသင်းတို့ ပူးပေါင်း၍ မီးငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိလာချိန်မှာလည်း လုံခြုံရေးအတွက် ခတ်ထားတဲ့ သော့အထပ်ထပ်ကို ခက်ခက်ခဲခဲ ဖွင့်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - လူမှုကွန်ရက်

#bbmnews #bbm #bbmtv #Mayangone #Yangon
https://www.facebook.com/share/p/1Adxkt7baK/
👍3
တိုင်းရင်းသားခေါင်းဆောင်တွေက NUG နဲ့အတူ ညီညွတ်မှုပြသဖို့ လိုအပ်နေသေးဟု KNDF ဥက္ကဌ ပြောကြား

BBM - ဖေဖော်ဝါရီ ၁၆
သတင်း - ခက်ဆစ်

တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်တွေက အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့အတူ ညီညွတ်မှုကို ပြသဖို့ လိုအပ်နေသေးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဥက္ကဌ ခွန်ဘီထူးက ပြောကြားလိုက်ပါတယ်။

ကရင်နီပြည်နယ်အတွင်းရှိ စစ်ရေးလိုအပ်ချက်တွေကို ဖြည့်တင်းဖို့ ပြုလုပ်ခဲ့တဲ့ ရတနာအားမာန် Lucky Draw မဲဖွင့်ပွဲနဲ့ ကမ်ပိန်းပိတ်ပွဲ အခမ်းအနားကို မနေ့က ဖေဖော်ဝါရီလ ၁၅ ရက်မှာ ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားမှာ KNDF ဥက္ကဌ ခွန်ဘီထူးက အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဥက္ကဌ ခွန်ဘီထူးက တော်လှန်ရေးရဲ့ လက်ရှိအခြေအနေတွေ၊ စစ်ရေးအခြေအနေတွေ၊ နိုင်ငံရေးအခြေအနေတွေကို အဆိုပါအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

တော်လှန်ရေးဟာ အခက်အခဲတွေကြားမှာ ဆက်ပြီး ရှင်သန်နေဆဲဖြစ်သလို နည်းပေါင်းစုံနဲ့ ဆက်ပြီး ပွင့်လန်းနေဆဲဖြစ်ပြီး ခက်ခဲတဲ့အရာတွေထဲမှာ ဆက်ပြီးတော့ ကျော်လွှားရမယ့်အရာတွေရှိကြောင်း ဆိုပါတယ်။

"နံပါတ်တစ် အရေးကြီးတဲ့ အခက်အခဲ ကျော်လွှားရမဲ့ အရာတစ်ခုကတော့ ဒီနေ့ဒီချိန်မှာ ညီညွတ်မှုက အင်မတန်အရေးကြီးတယ်ပေါ့်နော်၊ ဒီညီညွတ်မှုက ကျွန်တော် ပထမဆုံးပြောလိုတဲ့ ညီညွတ်မှုက ခေါင်းဆောင်ပိုင်းမှာ ညီညွတ်မှုကို ကျွန်တော်တို့ ပြသဖို့ အင်မတန်လိုအပ်တယ်၊ ကျွန်တော်တို့ရဲ့ လက်ရှိခေါင်းဆောင်တွေကြားမှာပေါ့နော်၊ တော်လှန်ရေးကို စစ်ကောင်စီကို အားလုံး တော်လှန်နေကြတယ်၊ မြောက်ပိုင်းအဖွဲ့တွေပဲဖြစ်ဖြစ်၊ AA ပဲဖြစ်ဖြစ် စစ်ကောင်စီကို တော်လှန်နေကြတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ညီညွတ်မှုကို ပြသတဲ့ နေရာမှာ လိုအပ်ချက်တွေ ရှိနေသေးတယ်၊ NUG ကိုကပေါ့နော် တော်လှန်ပြည်သူတွေ ဦးဆောင်နေတဲ့ အစိုးရတစ်ရပ်အနေနဲ့ ရှိပေမယ့်ပေါ့နော်၊ NUG နဲ့အတူတူ ကျွန်တော်တို့ရဲ့ ညီညွတ်မှုကို ပြသဖို့ ကျွန်တော်တို့ လိုအပ်နေသေးတဲ့ အခြေအနေမျိုးဖြစ်တယ်ပေါ့နော်" လို့ KNDF ဥက္ကဌ ခွန်ဘီထူးက ပြောကြားခဲ့တာပါ။

ဒါ့အပြင် နိုင်ငံရေးဆွေးနွေးမှုတွေကို အဖွဲ့အစည်းပေါင်းစုံ တက်ကြ၊ ဆွေးနွေးကြရာမှာ ပြည်သူတွေကို ရှင်းလင်းတဲ့ ဦးဆောင်မှုကို ပြရမယ့် ညီညွတ်မှုမျိုး၊ တော်လှန်ရေးက တစ်စိတ်တစ်ဝမ်းထဲ ရှိနေတယ်ဆိုတာ ပြသရမယ့် အချိန်မျိုး၊ နိုင်ငံတကာကို မြင့်ချင်နေတဲ့ ညီညွတ်မှုမျိုးကို ပြသရမယ်အချိန်မျိုးမှာ ပျက်ကွက်နေသလို ဖြစ်ပြီး ခက်ခဲမှုတခုဖြစ်ကြောင်း KNDF ဥက္ကဌ ခွန်ဘီထူး ပြောကြားခဲ့ပါတယ်။

ခေါင်းဆောင်တွေအားလုံးက တော်လှန်ရေးအခြေအနေတစ်ခုကို ဦးဆောင်နေရသလို တော်လှန်ရေးကြားမှာ အဆက်မပြတ်ကြိုးစားနေကြတဲ့အပြင် ညီညွတ်မှုကို တည်ဆောက်နေကြတာဟာ မဖြစ်မနေလိုအပ်တဲ့အရာ ဖြစ်ကြောင်းကိုလည်း အသိပေးထားပါတယ်။

ဒါကြောင့် တော်လှန်ရေးကို ဆက်ပြီးဦးဆောင်နိုင်ဖို့အတွက် အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် ညီညွတ်မှုတွေကို အတူ ဆက်ပြီးပြကြရအောင် လို့ KNDF ဥက္ကဌ ခွန်ဘီထူး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Photo - KNU

#bbmnews #bbm #bbmtv #KNU #NUG
https://www.facebook.com/share/p/17Nygec5Wm/
👍6