ခမရ (၄၁၆)မှ စစ်ကောင်စီတပ်ဖွဲဝင် နှစ်ဦး မန္တလေးအထူးလူပ်ရှားတပ်မထံလက်နက်နဲ့အလင်းဝင်
BBM. - ဖေဖော်ဝါရီ ၁၄
သတင်း - ကိုဘုဏ်း
စစ်ကောင်စီ ရဲ့ ခမရ (၄၁၆)မှ စစ်သား နှစ်ဦးဟာ လက်နက်တွေနဲ့အတူ အန္တလေးအထူးလူပ်ရှားတပ်မထံ ဖေဖော်ဝါရီလ ၉ ရက်နေ့က အလင်း ဝင်လာခဲ့တယ်လို့ သိရပါတယ်။
အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးမှာ ပြည်သူ့စစ်မှု့ထမ်း အမှတ်စဥ် ၁၇မှ ဖြစ်ပြီး ၎င်းတို့နဲ့အတူ လက်နက်များလည်းပါခဲ့တယ်လို့သိရပါတယ်။
ယခုအချိန်မှာ အဆိုပါအလင်းဝင် စစ်ကောင်စီရဲ့ ပြည်သူ့စစ် နှစ်ဦးကို နွေးထွေးစွာကြိုဆိုထားပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးကာ ဘေးကင်းလုံခြုံရာနေရာမှာ ပိုဆောင်ထားကြောင်း မန္တလေး အထူးလူပ်ရှားတပ်မက သတင်းထုတ်ပြန်ထားပါတယ်။
https://www.facebook.com/share/p/1FRmkAfhtP/

Facebook
Log in or sign up to view
See posts, photos and more on Facebook.
👍9👏1
ရုရှားက အတိုက်အခံခေါင်းဆောင် Alexei Navalny ကို ဖားအဆိပ်နဲ့ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား
BBM - ဖေဖော်ဝါရီ ၁၅
သတင်း - Richard
ရုရှားအတိုက်အခံခေါင်းဆောင် Alexei Naval you ဟာ ဖားတစ်ကောင်မှ ထုတ်လုပ်ထားတဲ့ အဆိပ်နဲ့ သေဆုံးခဲ့ကြောင်း UK နဲ့ ဥရောပမဟာမိတ်တွေက ပြောကြားခဲ့ပါတယ်။
ဆိုက်ဘေးရီးယား အကျဉ်းထောင်အတွင်း Navalny သေဆုံးပြီး နှစ်နှစ်အကြာမှာ ဗြိတိန်နဲ့ မဟာမိတ်နိုင်ငံတွေက Navalnyရဲ့ ခန္ဓာကိုယ်မှာ ခွဲခြမ်းစိတ်ဖြာပြီးနောက် ရုရှား ကို အပြစ်တင်ခဲ့ကြပါတယ်။
Navalny ရဲ့ ခန္ဓာကိုယ်မှ ရယူထားတဲ့ နမူနာတွေထဲမှာ epibatidine လို့ခေါ်တဲ့ အဆိပ်တွေ့ရှိမှုကြောင့် ဒါဟာ ရုရှားလက်ချက်ဖြစ်တယ်ဆိုတာ UK နိုင်ငံခြားရေးရုံးက ပြောကြားခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး Yvette Cooper က Munich လုံခြုံရေးညီလာခံမှာ “Alexei Navalny ရုရှားမှာ အကျဉ်းကျခံနေရစဉ်အတွင်း ကို ဒီသေစေနိုင်တဲ့ အဆိပ်ကို အသုံးပြုဖို့ ရုရှားအစိုးရမှာသာ အခွင့်အရေးရှိတယ်” လို့ ပြောကြားခဲ့ပါတယ်။
Cooperက တွေ့ရှိချက်တွေကို ကြေညာစဉ်အတွင်း ယူကေ၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီနဲ့ နယ်သာလန်နိုင်ငံတို့ကလည်း ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
အခုသီတင်းပတ်ကုန်မှာ Cooperဟာ ညီလာခံမှာ Navalnyရဲ့ ဇနီး Yulia Navalnaya(ယူလီယာ နာဗယ်နာယာ)နဲ့ တွေ့ဆုံခဲ့ပါတယ်။
"ရုရှားနာဗယ်နီကိုNavalnyကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် မြင်ခဲ့တယ်"လို့ Cooperက အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
"ဒီအဆိပ်အမျိုးအစားကို အသုံးပြုခြင်းအားဖြင့် ရုရှားဟာ နိုင်ငံရေးအတိုက်အခံတွေအပေါ် အလွန်အမင်းကြောက်ရွံ့မှုကို ပြသခဲ့တယ်" လို့ Navalnyရဲ့ ဇနီး Yuliaက ထပ်လောင်းပြောကြားခဲ့ပါတယ်။
မဟာမိတ်တွေရဲ့ ကြေညာချက်အတွင်းမှာလည်း
Navalnyရဲ့သေဆုံးမှုဟာ ရုရှားကြောင့်ဖြစ်တယ်လို့ ဆိုထားကြပါတယ်။
"Epibatidine ကို တောင်အမေရိကရှိ သဘာဝအတိုင်း ပေါက်ဖွားလာတဲ့ ဖားတွေမှာသာ သဘာဝအတိုင်း တွေ့ရှိနိုင်ပါတယ်၊ စနစ်တကျ မွေးမြူပြီး ပေါက်ဖွားလာတဲ့ ဖားတွေကတော့ အဆိုပါအဆိပ်ကို မထုတ်လုပ်နိုင်ပါဘူး၊ ဒါ့အပြင် ရုရှားမှာလည်း သဘာဝအတိုင်း မတွေ့ရှိရပါ။"ဘူးလို့ ဆိုထားကြပါတယ်။
ယူကေနိုင်ငံခြားရေးရုံးက ရုရှားကို ဓာတုလက်နက်များ တားမြစ်ရေးဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်မှု စွပ်စွဲချက်နဲ့ပတ်သက်ပြီး ဓာတုလက်နက်များ တားမြစ်ရေးဆိုင်ရာ အဖွဲ့အစည်းကို အကြောင်းကြားထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားသူနဲ့ ရုရှားရဲ့ အပြင်းထန်ဆုံး အတိုက်အခံခေါင်းဆောင် နာဗယ်နီဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ အသက် ၄၇ နှစ်အရွယ်မှာ ရုတ်တရက် အကျဉ်းထောင်မှာ ကွယ်လွန်ခဲ့တာပဲဖြစ်ပါတယ်။
Reference-BBC
https://www.facebook.com/share/p/14UgdPb8Kdb/

👍10
NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းနဲ့ KNU အထွေထွေအတွင်းရေးမှူးဟောင်း ဗဒိုမန်းရှာလာဖန်းတို့ရဲ့ အောက်မေ့သတိရပွဲကျင်းပ
BBM - ဖေဖော်ဝါရီ ၁၅
သတင်း - မင်းသော်၊ ကိုထွန်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့အစ်ကို NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းရဲ့နာရေးနဲ့ (၁၈)နှစ်မြောက် ကျဆုံးသွားတဲ့ KNU အထွေထွေ အတွင်းရေးမှူး ဗဒိုမန်းရှာလာဖန်းတို့အတွက် အောက်မေ့သတိရဖွယ် အထိမ်းအမှတ်ကို ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ New Myanmar Foundation က ဒေါက်တာစန်းအောင်ဦးစီးပြီး
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းနဲ့ K.N.U အထွေထွေ အတွင်းရေးမှူးဟောင်း ဗဒိုမန်းရှာလားဖန်း တို့အတွက် သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း ၊ ဧည့်သည်များမှ တရားနာယူခြင်း အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
အခမ်းအနားတွင် ဒီမိုကရေစီအရေး၊ တိုင်းရင်းသားများ၏ တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အရေး အဆက်ဆက်မှာ အသက်ပေးလှူသွားတဲ့ ရဟန်းရှင်လူ ၊ ခေါင်းဆောင်များ၊ ကျောင်းသားပြည်သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် “ ၈ “စက္ကန့်ငြိမ်သက်ပြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းအတွက်
နယူးမြန်မာဖောင်ဒေးရှင်း၏ Executive Director Dr. Sann Aung၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင် (CEC) ဆရာ ဟံသာမြင့်၊ ABSDF ဥက္ကဌ ရဲဘော်သံခဲ၊ မယ်တော်ဆေးခန်း ကလေးအထူးကု ဆရာဒေါက်တာသိန်းဝင်း၊ Children’s Development Centre (CDC) ကျောင်းအုပ်ကြီး ဆရာမန်းရွှေနှင်း၊ Burma Medical Association မှ ဒေါက်တာ မြင့်ချို၊ မယ်တော်ဆေးခန်း Founder Dr. စင်သီယာမောင်၊ ပအိုဝ်း အမျိုးသား ဖက်ဒရယ်ကောင်စီ ဥက္ကဌ ခွန်မြင့်ထွန်း တို့အသီးသီး မှ ဒေါက်တာစိန်ဝင်း နှင့် ဗဒိုမန်းရှာလားဖန်း တို့(၂)ဦး အတွက် အောက်မေ့သတိရ အမှတ်တရ ဂုဏ်ပြုအမှာစကားများ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် တက်ရောက်လာတဲ့ ဧည့်သည်တွေကပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရ (NUGUB) ဝန်ကြီးချုပ်ဟောင်း ဆရာဒေါက်တာစိန်ဝင်း နှင့် K.N.U အထွေထွေ အတွင်းရေးမှူးဟောင်း ဗဒိုမန်းရှာလားဖန်း တို့ရဲ့တိုင်းပြည်အပေါ် ထားရှိခဲ့တဲ့ စိတ်စေတနာ၊ အနစ်နာခံ လုပ်ဆောင်ခဲ့မှုတွေကို လေးစားဂုဏ်ပြုသောအားဖြင့် လွမ်းသူ့ပန်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
https://www.facebook.com/share/1HTM9ugrLx/

❤13👍4
ရုရှားတပ်ဖွဲ့တွေက အတုအယောင် Starlink ဝန်ဆောင်မှုအတွက် ငွေပေးချေခဲ့ကြောင်း ယူကရိန်းတပ်ဖွဲ့ ပြောကြား
BBM - ဖေဖော်ဝါရီ ၁၅
သတင်း - Richard
ရုရှားတပ်ဖွဲ့တွေက ယူကရိန်း စစ်ဆိုက်ဘာဌာနဆီက Starlink ၀န်ဆောင်မှုအတုတစ်ခု ၀ယ်ယူခဲ့တယ်လို့ ယူကရိန်းက ဖေဖော်ဝါရီလ ၁၃ရက် ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။
၂၅၆ ကြိမ်မြောက် ဆိုက်ဘာတိုက်ခိုက်ရေးတပ်မဟာက open-source ထောက်လှမ်းရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရှရှားတပ်ဖွဲ့တွေကို ယူကရိန်း whitelist မှာ Starlink terminal တွေကို မှတ်ပုံတင်ဖို့ ကူညီပေးမယ့် Telegram channel တွေနဲ့ bot တွေကို မြှင့်တင်ဖို့ ပြောကြားခဲ့ပါတယ်။
အဆိုပါ channel တွေဟာ လှည့်စားမှုတစ်ခုသာဖြစ်ပြီး ယူကရိန်းတပ်ဖွဲ့တွေရဲ့ တည်နေရာနဲ့ terminal data အဟောင်းတွေကို ပေးပို့ခဲ့ကြောင်း ၂၅၆ ကြိမ်မြောက် တပ်မဟာက ပြောကြားခဲ့ပါတယ်။
ဒါဟာ ရုရှားတပ်ဖွဲ့တွေက ယူကရိန်းအရပ်သားတွေကို Starlink မှတ်ပုံတင်ဖို့အတွက် ငွေပေးပြီး ဒေသတစ်ဝှမ်းရှိ Starlink ပိတ်ဆို့တာကို ရှောင်ကွင်းဖို့ ကြိုးစားနေကြောင်း ထပ်ခါတလဲလဲ သတင်းတွေ ထွက်ပေါ်ပြီးနောက် အခုလိုဖြစ်စဉ်ဖြစ်ပွားလာတာပဲဖြစ်ပါတယ်။
အခုလအစောပိုင်းမှာ SpaceX က ယူကရိန်းနိုင်ငံရှိ Starlinkတွေကို ဖြတ်တောက်ခဲ့ပြီး ယူကရိန်းအစိုးရနဲ့ မှတ်ပုံတင်ထားတဲ့ နေရာတွေကိုသာ ဝန်ဆောင်မှုဆက်လက်ရရှိနိုင်စေခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့တွေက တိုက်ခိုက်ရေးဒရုန်းတွေကို အသုံးပြုဖို့နဲ့ စစ်မြေပြင် ဆက်သွယ်ရေးပိုင်းအတွက် မှောင်ခိုဈေးကွက်ရှိ Starlink တွေကို ဝယ်ယူနေကြောင်း ထပ်ခါတလဲလဲ သတင်းတွေ ထွက်ပေါ်ပြီးနောက် အခုလို တိုက်ခိုက်ခံခဲ့ရတာပဲဖြစ်ပါတယ်။
"ဒီပုံစံက Elon Musk ရဲ့ ကွန်ရက်ကို ပြန်လည်ထူထောင်ဖို့နဲ့ ဒီကနေ ဖြစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှုတွေကို ဘယ်လိုနည်းအောင် ရှာဖွေနေမလဲဆိုတာကို နားလည်တဲ့အတွက် InformNapalm နဲ့ MILITANT တို့နဲ့အတူ သူတို့ကို ကူညီသ ဖို့ ဆုံးဖြတ်ခဲ့ပါတယ်" လို့ တပ်မဟာက ၎င်းနဲ့ အလုပ်လုပ်ခဲ့တဲ့ အဖွဲ့နှစ်ဖွဲ့ကို ကိုးကားပြီး ရေးသားခဲ့ပါတယ်။
ရုရှားတပ်သားတွေနဲ့ အပြန်အလှန်ဆက်ဆံမှုတွေကို ပြသထားတဲ့ တပ်မဟာက တင်ထားတဲ့ ဖန်သားပြင်ဓာတ်ပုံတွေအရ Telegram bot တွေဟာ စစ်သားတွေကို သူတို့ရဲ့ Starlink terminal တွေအကြောင်း အချက်အလက်တွေ မေးမြန်းထားပါတယ်။
Reference-Business Insider
#bbmnews #bbm #bbmtv #russia #starlink #internationalnews
https://www.facebook.com/share/p/1DpZkfXAGR/

❤8👍4
မြန်မာနိုင်ငံကို အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အဖြစ် တရုတ်အတွက် ဖန်တီးဖို့ မင်းအောင်လှိုင် ဖိတ်ခေါ်ထား
BBM - ဖေဖော်ဝါရီ ၁၅
သတင်း - ခက်ဆစ်
မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်မဲ့ နိုင်ငံဖြစ်တဲ့အတွက် လာရောက်ရင်းနှီးမြှုပ်နှံဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖိတ်ခေါ်ထားတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်အရ သိရပါတယ်။
တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးနိုင်တဲ့နိုင်ငံဖြစ်တဲ့အတွက် တရုတ်က လာရောက်ရင်းနှီးမြှပ်နှံဖို့ကို မင်းအောင်လှိုင်က ဖိတ်ခေါ်ခဲ့ကြောင်း မနေ့က ရန်ကုန်မှာ ပြုလုပ်တဲ့ ၂၀၂၆ ခုနစ် မြင်းနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားမှာ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ထည့်သွင်းပြောဆိုခဲ့တာပါ။
နှစ်နိုင်ငံကြား ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိသလို မူဆယ်-မန္တလေး မီးရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းနဲ့ မန္တလေး-ကျောက်ဖြူ မီးရထားလမ်း စီမံကိန်းတို့ကိုလည်း အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
မူဆယ်-မန္တလေး မီးရထားလမ်းဟာ ကျောက်ဖြူ-ကူမင်းမီးရထားလမ်းစီမံကိန်းကို အကောင်အထည်ဖော်ခြင်းရဲ့ ပထမခြေလှမ်းဖြစ်ပြီး ကျောက်ဖြူ-ကူမင်းမီးရထားလမ်းစီမံကိန်းရဲ့ အဓိကကျတဲ့ အစိတ်အပိုင်း တရပ်လည်း ဖြစ်ကြောင်း၊ မန္တလေး-ကျောက်ဖြူမီးရထားလမ်းစီမံကိန်းဟာ တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အဖြစ် ပုံပေါ်လာနိုင်မည့် အလားအလာရှိတဲ့ အခွင့်အလမ်းကောင်းများဖြစ်ကြောင်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောခဲ့ပါတယ်။
"မြန်မာနိုင်ငံဟာ လမ်းပန်းဆက်သွယ်မှုအနေနဲ့ လမ်းဆုံနေရာမှာ တည်ရှိနေပြီး တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်မည့် နိုင်ငံဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍနဲ့ အခြေခံအဆောက်အဦကဏ္ဍများတွင် တရုတ်နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ၏ ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်းက တရုတ်နိုင်ငံခရီးစဉ်တွင် ဖိတ်ခေါ်ခဲ့ပြီး ဖြစ်ကြောင်း" စိုးဝင်းက တရုတ်နှစ်သစ်ကူးပွဲတော်မှာ ပြောခဲ့တာပါ။
မြန်မာနိုင်ငံအနေနဲ့ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဒီနေ့ထိ လက်ခံကျင့်သုံးနေသကဲ့သို့ စစ်မှန်တဲ့ မိတ်ဘက်ဆက်ဆံရေး အပြန်အလှန်ယုံကြည်မှုနဲ့ ရှိရင်းစွဲ ဆွေးမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်မှု အရှိန်အဟုန်မြှင့်တင်ရေးနဲ့ ဒေသတွင်းတည်ငြိမ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့နဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်ခဲ့တယ်လို စိုးဝင်းက ဆိုပါတယ်။
တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံကို အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အဖြစ် ဖန်တီးလိုက်ပါက မြန်မာနိုင်ငံကို တရုတ်ရဲ့ မဟာဗျူဟာကွင်းထဲ ဝင်သွားပြီလို့ နိုင်ငံတကာကမြင်နိုင်သလို အရေးကြီးမူဝါဒတွေမှာ တရုတ်အကျိုးစီးပွားကို စဉ်းစားရတဲ့ အခြေအနေဖြစ်လာနိုင်ပြီး တရုတ်ကို အလုံးစုံအားကိုးနေရတဲ့ တရုတ်လက်အောက်ခံ နိုင်ငံအဖြစ် ရောက်ရှိသွားနိုင်တဲ့အတွက် နိုင်ငံရေးပုံရိပ်ထိခိုက်နိုင်ကြောင်း ပထဝီနိုင်ငံရေးအရ လေ့လာသုံးသပ်မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။
Photo - မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ၂၀၂၅ မေလက ရုရှားမှာတွေ့ဆုံခဲ့စဉ်(ပုံဟောင်း)။
#bbmnews #bbm #bbmtv #MinAungHlaing #Myanmar
https://www.facebook.com/share/p/1JwQHeYmyH/

🖕10❤2
ဘိုင်ယန်တိုက်စစ်မှူး ဟာရီကိန်း ကစားသမားဘ၀ ဂိုး ၅၀၀၊ ပယ်နယ်တီဂိုး ၁၀၀ ပြည့်မြောက်
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းဟာ ဝါဒါဘရီမင်နဲ့ပွဲမှာ နှစ်ဂိုးသွင်းပြီးနောက် ကစားသမားဘ၀ ဂိုး ၅၀၀နဲ့ ပယ်နယ်တီ ဂိုး ၁၀၀
ပြည့်မြောက်ခဲ့ပါတယ်။
ဟာရီကိန်းအနေနဲ့ ပွဲချိန် ၂၂ မိနစ်မှာ ပယ်နယ်တီနဲ့ ၂၅ မိနစ်မှာ ဂိုးတွေ သွင်းယူခဲ့တာပါ။
၎င်းဟာ ကလပ်နဲ့ နိုင်ငံလက်ရွေးစင်ပွဲ ၇၄၃ ပွဲမှာ အခုမှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာဖြစ်တယ်။
အခုရာသီမှာ လိဂ်ဂိုး ၂၆ ဂိုးအပါအဝင် ပြိုင်ပွဲစုံသွင်းဂိုးလည်း ၄၁ ဂိုးအထိ ရှိလာခဲ့ပါတယ်။
ဒါ့အပြင် ဂိုး ၅၀၀ ပြည့်မှတ်တမ်းကို ပိုင်ဆိုင်ခွင့်ရတဲ့ ပထမဆုံး အင်္ဂလိပ်ကစားသမား ဖြစ်လာခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ဂျင်မီဂရေ့ဗ်စ်ရဲ့
၄၇၄ ဂိုးကို ကျော်ဖြတ်ခဲ့တာပါ။
ဟာရီကိန်းဟာ စပါးအတွက် ၂၈၀ ဂိုး၊ ဘိုင်ယန်မြူးနစ်အတွက် ၁၂၆ ဂိုး၊ အင်္ဂလန်အတွက် ၇၈ ဂိုး၊ မီဝေါလ်အတွက် ၉ ဂိုး၊ လေတန်အတွက်
၅ ဂိုး၊ လက်စတာအတွက် ၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။
၎င်းအနေနဲ့ ကစားတဲ့ပြိုင်ပွဲတိုင်းမှာ ဂိုးသွင်းနိုင်သူအဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။
Photo - Bayern & Bundesliga
#bbmnews #bbm #bbmtv #sportsnews #Bayern #Bundesliga
https://www.facebook.com/share/p/1WrmThJ8Q6/

👍5
ဖားကန့်တိုက်ပွဲအတွင်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ကလေး ၄ ဦးအပါ မိသားစု ၆ ဦး ဒဏ်ရာရ
BBM - ဖေဖော်ဝါရီ ၁၄
သတင်း - ကိုအိုက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရွာမှာ တိုက်ပွဲတွင်း ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျပေါက်ကွဲမှုကြောင့် ကလေးငယ် ၄ ဦးအပါအဝင် အရပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက BBM ကို ပြောပါတယ်။
မနေ့က ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ ညနေ ၄ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲအတွင်း ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ လုံးခင်းရွာ တရုတ်စာသင်ကျောင်းအနီး မိသားစုထမင်းစားနေကြတဲ့ နေအိမ်ပေါ်သို့ ကျပေါက်ကွဲတာပါ။
"တိုက်ပွဲတွင်း ပစ်ခတ်တာဆိုတော့ ဘယ်အဖွဲ့အစည်းက ပစ်တယ်ဆိုတာ မသိရဘူး၊ ဒဏ်ရာရတဲ့သူတွေက မိသားစုတစ်စုလို့ ကြားတယ်၊ ကလေး ၄ ယောက်၊ လူကြီး ၂ ယောက်ပါ"လို့ ဖားကန့်ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
ဖားကန့်မြို့၊ ဗျူဟာကုန်းနဲ့ လုံးခင်းနယ်မြေရဲစခန်းအပါအဝင် အနီးအနားရှိ စစ်ကောင်စီ တပ်စခန်းတွေကို KIA နဲ့ KPDF ပူးပေါင်းတပ်တွေက မနေ့က ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ နံနက်ပိုင်းမှစပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
အဆိုပါ တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လာသဖြင့် ဒေသခံပြည်သူတွေဟာ တိုက်ပွဲတွင်း ပိတ်မိနေမှာကို စိုးရိမ်တာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
"နံနက်ပိုင်းမှာ တိုက်ပွဲ စတင် ဖြစ်ကြတယ်၊ မနက်ပိုင်း ၈ နာရီလောက်မှာ တိုက်ပွဲတွေ ခဏငြိမ်သွားပြီး ညနေ ၄ နာရီလောက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်ကြတယ်၊ အခုဒေသခံ ပြည်သူတွေက ကြားညှပ်မှာ စိုးရိမ်နေလို့ ထွက်ပြေးတိမ်းရှောင်ကြရတယ်" လို့ လုံးခင်းကျေးရွာဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
လက်ရှိမှာ KIA ပူးပေါင်းတပ်တွေက ဖားကန့်မြို့နယ်၊ လုံးခင်းနယ်မြေရဲစခန်းကို ဝိုင်းရံပိတ်ဆို့ထားပြီး အသာစီးရနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီလဆန်းကတည်းက KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့ ဖြစ်ပွားတဲ့ ဖားကန့်တိုက်ပွဲမှာ လက်နက်ကြီးကျည်၊ လေကြောင်း တိုက်ခိုက်မှု၊ မိုင်းစတာတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု မြင့်တက်နေတယ်လို့ သိရပါတယ်။
#bbmnews #bbm #bbmtv #Hpakant #kachin #KIA
https://www.facebook.com/share/p/1C4DvfySe1/

🤬3👎2❤1
ဗန်းမက်ဒေသရှိ စစ်ဘေးရှောင်များ တည်ထားတဲ့ ကျေးရွာသစ်ကို PNO မီးရှို့ဖျက်ဆီး
BBM -ဖေဖော်ဝါရီ ၁၅
သတင်း- ခွန်း
ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ဗန်းမက်ဒေသမှာ စစ်ဘေးရှောင်တွေ တည်ထောင်ထားတဲ့ ကျေးရွာသစ်ကို PNO ပြည်သူ့စစ်က မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး အဆိုပါ ကျေးရွာဟာ ၂၀၂၃ ခုနှစ်မှာ နိုင်ငံတကာအလှူရှင်တွေနဲ့ ပြည်တွင်းအလှူရှင်တွေ စုပေါင်းလှူဒါန်းပြီး ဆောက်လုပ်ပေးထားတဲ့ စစ်ဘေးရှောင်ကျေးရွာလည်း ဖြစ်တယ်လို့ သိရပါတယ်။
“စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေက ပွန်ချောင်းကို ကျော်လာပြီး အဲဒီရွာကို ရောက်လာတာပါ။ သူတို့က ကိုယ်ကျိုးစီးပွားအတွက် ရွာတစ်ရွာလုံးကို မီးရှို့ဖျက်ဆီးသွားပါတယ်”လို့ ဒေသခံတစ်ဦးက BBMကို ပြောပါတယ်။
အဆိုပါ ကျေးရွာမှာ နေထိုင်သူတွေဟာ လွိုင်ကော်မြို့နယ် ပဒါညေးကျေးရွာက စစ်ဘေးရှောင်တွေဖြစ်ပြီး၊ လက်ရှိမှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် သက်တမ်း ၃ နှစ်ကျော်သာရှိသေးတဲ့ ကျေးရွာသစ်တစ်ရွာလုံး မီးလောင်ပျက်စီးသွားခဲ့ရတာ ဖြစ်ပါတယ်။
“PNO စစ်ကြောင်း စဝင်လာကတည်းက ရွာသားအားလုံး စစ်ရှောင်လိုက်ရပါတယ်။ တောတောင်ထဲကိုပဲ ထွက်ပြေးရှောင်နေရပါတယ်။ လူနေတဲ့ ကျေးရွာကို မီးရှို့ဖျက်ဆီးတာကတော့ တော်တော်ကို ရက်စက်လွန်းပါတယ်”လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။
ယင်းကျေးရွာမှာ အိမ်ခြေ ၁၆အိမ်ရှိပြီး လှုဦးရေအားဖြင့် ၁၃၀ကျော် နေထိုင်ကာ ပအိုဝ်တိုင်းရင်းသား အများစု နေထိုင်ကြတယ်လို့လည်း သိရပါတယ်။
အခုလက်ရှိမှာတော့ ကျေးရွာခံများမှာ ဘေးကင်းရာထင်တဲ့ တောတောင်တွေမှာ စစ်ဘေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးများ၊ မိုးကာများ အရေးပေါ်လိုအပ်လျက်ရှိတယ်လို့ပြောပါတယ်။
ယင်းဒေသမှာ PNO ပြည်သူ့စစ်နဲ့ ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLAတို့အကြား တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး နှစ်ဖက်စလုံးလည်း အထိအခိုက် သေဆုံးမှု များပြားလျက်ရှိတယ်လို့ပြောပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်နဲ့ ၁၃ ရက် နှစ်ရက်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာတော့ PNOပြည်သူ့စစ်ဖက် စစ်သား ၁၀၀ကျော်သေဆုံးခဲ့ပြီး မှန်လုံကားနဲ့ အလောင်းသယ်ခဲ့ရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
ပုံ - ရွာစတင်တည်ထောင်တုန်းကပုံ
https://www.facebook.com/share/p/1G9Q9DkC6y/

🤬5😡1
ထိုင်းနယ်စပ် ရွာဟေ့လူရွာအနီး စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စကစတပ်သား ၂ ဦးသေဆုံး
BBM - ဖေဖော်ဝါရီ ၁၅
သတင်း - ကိုဘုဏ်း
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်မှာရှိတဲ့ ရွာဟေ့လူကျေးရွာ စစ်ကောင်စီစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ်တွေအကြား ဖေဖော်ဝါရီလ ၁၂ ရက်၊ မနက် ၁၀ နာရီ ၄၅ မိနစ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
နှစ်ဘက်တပ်များ မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပကဖ ရဲဘော်တစ်ဦးလည်း မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ဘုတ်ပြင်းမြို့နယ် ပကဖ၊ ကောသောင်းခရိုင် အမှတ် ၁ တပ်ရင်း တပ်ခွဲ ၂ နဲ့အတူ ဗိုလ်ချုပ်မြ အထူးတပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
https://www.facebook.com/share/p/1FnnzQqQyf/

👍6👏1
ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး CNDF ထံ လက်နက်ချအလင်းဝင်
BBM - ဖေဖော်ဝါရီ ၁၅
သတင်း - ကိုအိုက်
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးဟာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ထံ လက်နက်ချအလင်းဝင်ရောက်လာခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းမြစ်က BBM ကို ပြောပါတယ်။
ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်ဖို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနက် ၆ ဦးဟာ စိတ်ဓာတ်ပျက်ပြားနေပြီး မနေ့က ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ အလင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။
"ဖလမ်းမြို့၊ အရှေ့ဘက်ရွာ စစ်ကြောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးနဲ့ အနောက်ဘက်ရွာ စစ်ကြောင်းက ၄ ဦး၊ စုစုပေါင်း ၆ ဦးပါ၊ သူတို့မှာ လက်ပစ်ဗုံး ၄ လုံးပါတယ်"လို့ ရှေ့တန်းစစ်ရေးသတင်းမြစ်က BBM ကို ပြောပါတယ်။
အဆိုပါ အလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ စစ်မြေပြင်မှာ အလွန်အမင်း စိတ်ပင်ပန်းနွမ်းနယ်နေပြီး ရှေ့ဆက်ဖို့ မျှော်လင့်ချက်ကင်းမဲ့နေတာကို တွေ့ရှိရတယ်လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က ပြောပါတယ်။
မနေ့က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း ဖလမ်းမြို့နယ် ထင်းရှူးစခန်း ခံစစ်ကုန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စခန်းကို သိမ်းပိုက်ရရှိထားပါတယ်။
စခန်းသိမ်းပိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း နှစ်ဦးဖမ်းမိတဲအပြင် လက်နက် ၁၁ လက်ကိုလည်း သိမ်းဆည်းရရှိထားပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလ ၁၃ ရက်၊ ညပိုင်းကလည်း ဖလမ်းမြို့နယ်၊ မဏိပူရ်မြစ်ဘေးမှာ ချင်းပူးပေါင်းတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ရာ စစ်ကောင်စီဘက်က ဝှက်ထားခဲ့တဲ့ လက်နက်ကြီးကျည် အများအပြားကိုလည်း ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက တွေရှိခဲ့ပါတယ်။
ဓာတ်ပုံ -The Rihli Voice
https://www.facebook.com/share/p/1KQSicwciw/

❤6👏1
မိုးကုတ်မြို့တွင်းကို စကစ ကား အစီးရေ(၄၀) လောက်ဖြင့် ထပ်မံအင်အားဖြည့်တင်း
🟥မိုးကုတ်မြို့ပတ်ချာလည်မှာလည်း တိုက်ပွဲဖြစ်ပွါးမှုတွေ ဆက်လက်ရှိနေပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ခြင်းမရှိသေး
BBM-ဖေဖော်ဝါရီ၁၅
သတင်း-မင်းသော်
မိုးကုတ်မြို့အတွင်းကို စစ်ကောင်စီကား အစီးရေ (၄၀) လောက်ဖြင့် ထပ်မံအင်အားဖြည့်တင်းနေပြီး မြို့ပတ်ချာလည်မှာလည်း တိုက်ပွဲဖြစ်ပွါးမှုတွေဆက်ရှိနေတယ်လို့ မိုးကုတ်မြို့ဒေသခံပြည်သူတွေထံမှ သိရှိရပါတယ်။
ဖေဖော်ဝါရီလ ၁၅ ရက်(ဒီနေ့) နေ့လယ်ပိုင်း ၂ နာရီလောက်မှာ စစ်တပ်သုံး ဖောကားအကြီးတွေအပြင် 4 wheels ကားတွေပါဝင်တဲ့ စစ်ကောင်စီအင်အားအမြောက်အများဟာ ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်းမှတဆင့် မိုးကုတ်မြို့အတွင်း အင်အားဖြည့်ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။
အဆိုပါစစ်ယာဥ်တန်းများ မိုးကုတ်မြို့အတွင်း ဝင်ရောက်စဥ် ကားဟွန်းများ ပြိုင်တူတီးကာ အရှိန်ဖြင့် ဝင်ရောက်ခဲ့သလို ဒရုန်းဖြင့် တိုက်ခိုက်ခံရမှာကို စိုးရိမ်တာကြောင့် ယာဥ်တန်းတွေကြား Jammer ၃ ခုတပ်ဆင်လာတာတွေကိုလည်း တွေ့ရတယ်လို့ မိုးကုတ်ဒေသခံတစ်ဦးက BBM ကိုပြောပါတယ်။
"စစ်ကားတွေ မိုးကုတ်ကိုထပ်ဝင်တယ်ဗျ၊ အစီး 40လောက်ရှိတယ်၊ သံပြားကာကားတွေကော ၊ 4wheel တွေကောပါတော့ဗျ၊ Jammer သုံးခုလည်း ထပ်ပါလာတယ်ဗျ၊ ဟွန်းတွေအသေတီးပြီး ဝင်လာလို့ သိလိုက်တာ ဒီကောင်တွေလာတာကို "
အဆိုပါစစ်ယာဥ်တန်းတွေဟာ မိုးကုတ်မြို့တွင်းရှိ ဒေသအခေါ် အောက်ထောင်ရှေ့မှာ တစ်နာရီခန့် ရပ်တန့်ပြီးတဲ့နောက် မိုးကုတ်မြို့ဆေးရုံအတွင်းဝင်ရောက်သွားကာ ထိုမှ ကား၁၀စီးခန့်နဲ့ မိုးကုတ်မြို့အနောက်ဘက်ကို သွားရောက် အင်အားဖြည့်တင်းတာတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့အတွင်း ယခုလအစောပိုင်းမှစကာ စစ်တပ်က အုပ်ချုပ်ရေးယန္တရားပြန်လည်စတင်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ လက်ရှိအချိန်ထိ အုပ်ချုပ်ရေးယန္တရားစတင်နိုင်ခြင်းမရှိသေးတဲ့အပြင် မြို့ပတ်ချာလည်မှာလည်းတိုက်ပွဲတွေဖြစ်ပွါးနေဆဲရှိတယ်လို့လည်း အဆိုပါဒေသခံမှဆက်ပြောပါတယ်။
"စစ်ကြောင်းထိုးဖို့ပြင်နေတယ်ထင်တယ်ဗျ မြို့ပြင်ဘက်တွေကို သူတို့အခုချိန်ထိလဲယန္တရား မလည်ပတ်နိုင်သေးတော့၊ ပြီးတော့ မြို့နဲ့5မိုင်အကွာတွေမှာPDFရှိနေကြတယ်ဆိုတော့"
ဖေဖော်ဝါရီလ ပထမအပတ်အတွင်းမှာလည်း မိုးကုတ်မြို့အရှေ့ဘက်မှ ၄ မိုင်ပတ်ချာလည်သာ ဝေးတဲ့ ချောင်းကြီး၊ရှမ်းကုန်းစံဒေသတွေမှာတိုက်ပွဲပြင်းထန်စွာဖြစ်ပွါးပြီး စစ်ကောင်စီထိခိုက်သေဆုံးမှုများခဲ့ပြီးနောက် အခုလိုအလုံးအရင်းနဲ့ အင်အားဖြည့်တင်းလာခြင်းဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
Photo-ပုံဟောင်း
https://www.facebook.com/share/p/14TzLUYcup1/

👍5😁1
မန္တလေး PDFက မြေပြင်တပ်ရင်းတပ်ဖွဲ့တွေကို “ထိုးစစ်ထောက်ပို့ မန်းတိုင်းသို့’ “ ကမ်ပိန်းမှ ရရှိတဲ့ ကာကွယ်ရေးပစ္စည်းတွေ
တပ်ဆင်ပေး
BBM - ဖေဖေါ်ဝါရီလ ၁၆
သတင်း - Richard
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့တွေက ၂၀၂၅ ခုနှစ်၊ သြဂုတ်လမှာ ပြုလုပ်ခဲ့တဲ့ ‘Road to Mandalay - ထိုးစစ်ထောက်ပို့မန်းတိုင်းသို့’ ကမ်ပိန်းမှ ထောက်ပို့ကူညီတဲ့ ကာကွယ်ရေးပစ္စည်းတွေဖြစ်တဲ့ ကျည်ကာတွေ၊ ဦးထုပ်တွေကို မြေပြင်တပ်ရင်းတပ်ဖွဲ့တွေက ရရှိခဲ့ကြောင်း MDY PDFက ဖေဖော်ဝါရီလ ၁၅ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အခုလို ကူညီထောက်ပို့မှုအတွက် Forward Myanmar အဖွဲ့ နဲ့ တော်လှန်ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ကျေးဇူး အထူးတင်ရှိကြောင်းလည်း ဆိုပါတယ်။
Forward Myanmar အဖွဲ့က အခု လုပ်ဆောင်နေတဲ့ “ဆီသို့လှမ်းချီ တနင်္သာရီ” ကမ်ပိန်းမှာလည်း ပါဝင် အားဖြည့်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
ပုံ - ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
https://www.facebook.com/share/p/18QjcJGjGT/

❤7
တနင်္သာရီမြို့ မှာ ပြည်သူနေအိမ် အလုံး ၁၀၀ကျော် စစ်ကောင်စီ မီးရှို့ဖျက်ဆီး
BBM - ဖေဖော်ဝါရီ ၁၆
သတင်း - ကိုဘုဏ်း
ကေအဲန်ယူ၊ကရင်အမျိုးသားအစည်းအရုံး၊ကော်သူးလေထိန်းချူပ်နယ်မြေ၊ မြိတ်ထားဝယ်ခရိုင် ၊တနောသရီမြို့မှာရှိတဲ့ လယ်သစ်ကျေးရွာကို ဖေဖော်ဝါရီလ ၁၃ရက်နေ့မှာ စစ်ကောင်စီက မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အဆိုပါလယ်သစ်ကျေးရွာမှာရှိတဲ့ပြည်သူ့နေအိမ် အလုံး၁၀၀ကျော်ကို မီးရိူ့ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ မကြာခဏဆိုသလို စစ်ရေးပစ်မှတ်နဟုတ်တဲ့အရပ်သားလူနေအိမ်များကို မီးရိူ့ဖျက်ဆီးနေတာဖြစ်ကြောင်း ကေအဲန်ယူ၊ကရင်အမျိူးသားအစည်းအရုံးက ထုတ်ပြန်ကြေငြာထားပါတယ်။
https://www.facebook.com/share/p/18CPbFapFM/
BBM - ဖေဖော်ဝါရီ ၁၆
သတင်း - ကိုဘုဏ်း
ကေအဲန်ယူ၊ကရင်အမျိုးသားအစည်းအရုံး၊ကော်သူးလေထိန်းချူပ်နယ်မြေ၊ မြိတ်ထားဝယ်ခရိုင် ၊တနောသရီမြို့မှာရှိတဲ့ လယ်သစ်ကျေးရွာကို ဖေဖော်ဝါရီလ ၁၃ရက်နေ့မှာ စစ်ကောင်စီက မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အဆိုပါလယ်သစ်ကျေးရွာမှာရှိတဲ့ပြည်သူ့နေအိမ် အလုံး၁၀၀ကျော်ကို မီးရိူ့ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ မကြာခဏဆိုသလို စစ်ရေးပစ်မှတ်နဟုတ်တဲ့အရပ်သားလူနေအိမ်များကို မီးရိူ့ဖျက်ဆီးနေတာဖြစ်ကြောင်း ကေအဲန်ယူ၊ကရင်အမျိူးသားအစည်းအရုံးက ထုတ်ပြန်ကြေငြာထားပါတယ်။
https://www.facebook.com/share/p/18CPbFapFM/
Facebook
Log in or sign up to view
See posts, photos and more on Facebook.
🤬3
ကမ္ဘာတစ်ဝှမ်းရှိ အီရန်ဆန္ဒပြပွဲတွေမှာ လူသိန်းနဲ့ချီပါဝင်
BBM - ဖေဖော်ဝါရီ ၁၆
သတင်း - Richard
ကမ္ဘာတစ်ဝှမ်းရှိ အီရန်အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ လူသိန်းနဲ့ချီ ပါဝင်ခဲ့ကြတယ်လို့ BBCမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကွယ်လွန်သူ ရှားဘုရင်ရဲ့ သားဖြစ်သူက "ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့" အတွက် တောင်းဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။
ရက်ဇာ ပါလာဗီ(Reza Pahlavi)က မြူးနစ်မြို့မှာ ခန့်မှန်းခြေအားဖြင့် လူပေါင်း ၂သိန်းခွဲ ခန့်ကို မိန့်ခွန်းပြောကြားရာမှာ အီရန်ရဲ့ အစ္စလာမ်မစ်အစိုးရကို ဖြုတ်ချဖို့ တောင်းဆိုခဲ့တဲ့ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေကို နှိမ်နင်းတာကို ရှုတ်ချခဲ့ပါတယ်။
မြူးနစ်၊ လော့စ်အိန်ဂျလိစ်နဲ့ တိုရွန်တိုမြို့တို့မှာ လူအများဆုံးဖြစ်ပြီးတော့ တဲလ်အဗစ်၊ လစ်စဘွန်း၊ ဆစ်ဒနီနဲ့ လန်ဒန်အပါအဝင် မြို့ကြီးတွေနဲ့ ဆန္ဒပြပွဲငယ်တွေ ပြုလုပ်ခဲ့ပါတယ်။
အီရန်နိုင်ငံမှာ နေထိုင်မှုစရိတ် မြင့်တက်လာမှုနဲ့ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ လူ ၆သောင်း ကျော် သေဆုံးခဲ့ကြောင်း တက်ကြွလှုပ်ရှားသူတွေက ပြောကြားခဲ့ပါတယ်။
နောက်ထပ် သေဆုံးမှုထောင်ပေါင်းများစွာကို စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။
“ကျွန်တော့်ရဲ့ ပထမဆုံး သတင်းစကားကတော့ နိုင်ငံတွင်းက ကျွန်တော်တို့ရဲ့ ရဲရင့်ပြီး တိုက်ပွဲဝင်နေတဲ့ ညီအကိုမောင်နှမတွေဆီကိုပါ၊ ခင်ဗျားတို့ တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သိထားပါ၊ ဒီနေ့ ကမ္ဘာကြီးက ဒီတိုက်ပွဲမှာ ခင်ဗျားတို့နဲ့အတူ ရပ်တည်ပါတယ်” လို့ ပါလာဗီက လူအုပ်ကြီးကို ပြောကြားခဲ့ပါတယ်။
“ဒီအကျင့်ပျက်ခြစားမှု၊ ဖိနှိပ်ချုပ်ချယ်မှု၊ ကလေးသူငယ်သတ်ဖြတ်မှု အစိုးရနဲ့ ဆန့်ကျင်ဘက်အနေနဲ့ ခင်ဗျားတို့ဟာ ကြီးကျယ်တဲ့ ယဉ်ကျေးမှုကို ကိုယ်စားပြုပြီး မနက်ဖြန်ရဲ့ လွတ်လပ်တဲ့ အီရန်မှာ ကျွန်တော်တို့ဟာ ဘယ်လောက်ကြီးကျယ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်ဆိုတာ ကမ္ဘာကို သက်သေပြပါလိမ့်မယ်” လို့ အီရန်ရဲ့ ခေါင်းဆောင်မှုကို ဝေဖန်ရင်း သူက ပြောကြားခဲ့ပါတယ်။
ပါလာဗီရဲ့သမီး နူးရ် ပါလာဗီကလည်း လော့စ်အိန်ဂျလိစ်ရှိ လူအုပ်ကြီးကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။
အီရန်လူမျိုးတွေက "ဒီအစ္စလာမ္မစ်အစိုးရမှ သူတို့ကိုယ်တိုင် လွတ်မြောက်ဖို့ နီးစပ်ခဲ့ဖူးတာမရှိပါဘူး" လို့ ပြောကြားခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
သူမဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အီရန်ခေါင်းဆောင်မှုရဲ့ လက်ရှိပြုလုပ်နေတဲ့ နျူကလီးယားဆွေးနွေးပွဲတွေကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ပြီး ဒါကို"လူသတ်သမားတွေနဲ့ ညှိနှိုင်းခြင်း" အဖြစ် ဖော်ပြခဲ့ပါတယ်။
Reference - BBC
Photo - BBC
https://www.facebook.com/share/p/184FUzrufh/

👍7
ကျောက်ဖြူမှာ စစ်ကောင်စီရေတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး
BBM - ဖေဖော်ဝါရီ ၁၆
သတင်း - နိုင်နိုင်
တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်ကောင်စီရေတပ်သင်္ဘောက လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်၊ ညနေ ၅ နာရီခွဲခန့်မှာ ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေးကျေးရွာ အောက်ဘက်ရှိ ရေတပ်ကနေ ကျောက်ပြောက်ကျေးရွာဘက်ကို လက်နက်ကြီးကျည် အများအပြားပစ်ခတ်ခဲ့တယ်လို့ ကျောက်ဖြူဒေသခံတွေဆီက သိရပါတယ်။
အဆိုပါ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့သူမှာ ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ကျေးရွာက ဒေါ်စောဖြူမ (၈၀) နှစ် ဖြစ်ပါတယ်။
"ကျောက်ဖြူမှာစစ်ရေးလှုပ်ရှားနေတဲ့ နေဗီတွေကတော့ လက်နက်ကြီးတွေနဲ့ အရပ်သားတွေ နေထိုင်တဲ့ကျေးရွာတွေကို လှမ်းပစ်ခတ်တာ အမြဲတမ်းရှိပါတယ်၊ အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေလည်း ရှိပါတယ်" လို့ ကျောက်ဖြူ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေကျေးရွာအနီးကို ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ရေးသင်္ဘောတွေကနေ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကုန်ဘွေကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။
၂၀၂၆ ခုနှစ်အတွင်း ရခိုင်ဒေသကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃၀ ကျော်အထိ သေဆုံးခဲ့ပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
#bbmnews #bbm #bbmtv #kyaukphyu #reakine #aa
https://www.facebook.com/share/15ZMrYrGu6R/

🤬9👎1