3.48K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
ပုတီးကုန်းမြို့နယ်တွင်းက စကစ ဂိတ်တစ်ခုကို တိုက်ခိုက်မှုအတွင်း စကစ(၂)ဦးသေ၊ (၁)ဦး ဒဏ်ရာရ

BBM-ဖေဖော်ဝါရီ၁၃
သတင်း-မင်းသော်

ပဲခူးတိုင်း၊ ပုတီးကုန်းမြို့နယ်အတွင်းက စစ်ကောင် ဂိတ်တစ်ခုကို တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ရာ စကစ(၂)ဦးသေပြီး (၁)ဦး ဒဏ်ရာရခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ရက်နေ့မနက်၆နာရီလောက်က ပြည်ခရိုင်၊ ပုတီးကုန်းမြို့နယ် ဘူးပြောရွာမှာရှိတဲ့ စစ်ကောင်စီဂိတ်စခန်းကို ဦးစွာ မိုင်း(၁)ကွင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးအဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေအနေနဲ့ ကျေးရွာအတွင်း ပြေးဝင်သွားပြီး ရွာတွင်းရှိ အိမ်ကြားနဲ့ အိမ်သာထဲမှာ စကစ (၂)ဦးသေဆုံးပြီး (၁)ဦး ဒဏ်ရာရရှိခဲ့သလို ၎င်းတို့ဆီမှ ဆိုင်ကယ်(၂)စီးလည်း သိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၂၁)မှ ကွပ်ကဲပြီး၊ ပြည်ခရိုင် တပ်ရင်း(၁) တပ်ရင်းရုံးတိုက်ခိုက်ရေးအဖွဲ့ တပ်ခွဲ(၁)၊ ပြည်ခရိုင် တပ်ရင်း(၂)၊ တပ်ခွဲ(၄)တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အထိခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ကြေငြာထားပါတယ်။
https://www.facebook.com/share/p/1KRFoGaMt1/
👏6👍3
ဖလမ်းမြို့နယ် တိုက်ပွဲမှာ WITCH အမျိုးသမီးတပ်ဖွဲ့ FPV ဒရုန်းတွေနဲ့ ပါဝင်တိုက်ခိုက်

BBM - ဖေဖော်ဝါရီ ၁၃
သတင်း - ကိုအိုက်

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ WITCH အမျိုးသမီးတပ်ဖွဲ့ဟာ FPV ဒရုန်းတွေနဲ့ ပါဝင်တိုက်ခိုက်ပေးနေတယ်လို့ AIF Myanmar အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက BBM ကို ပြောပါတယ်။

ဖလမ်းမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ချင်းတော်လှန်ရေး တပ်တွေနဲ့အတူ WITCH အမျိုးသမီးတပ်ဖွဲ့ဟာ ရှေ့တန်းစစ်မျက်နှာတွေမှာ FPV ဒရုန်းတွေနဲ့ ပူးပေါင်း ပါဝင်တိုက်ခိုက်ပေးနေတာ ဖြစ်ပါတယ်။

"တိုက်ခိုက်မှုတွေဟာ ဖလမ်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေကို တုံ့ပြန်တိုက်ခိုက်ခဲ့တာပါ၊ တိုက်ပွဲတွေက အခုထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်"လို့ AIF Myanmar တာဝန်ရှိသူတစ်ဦးက BBM ကို ပြောပါတယ်။

WITCH အမျိုးသမီး ဒရုန်းတပ်ဖွဲ့ဟာ စစ်ကောင်စီတပ်ရဲ့ ဆက်သွယ်ရေးလှိုင်းဖြတ်စက် (Jammer) တွေကို ကျော်ဖြတ်နိုင်တဲ့ အဆင့်မြင့် နည်းပညာသုံး အသေခံ ဒရုန်းတွေကို ကိုယ်တိုင်ထုတ်လုပ် အသုံးပြုနေတာ ဖြစ်ပါတယ်။

အဆိုပါ FPV ဒရုန်းတွေကို အသေခံ တိုက်ခိုက်ရေးစနစ်သာမက ဗုံးသီးချစနစ် နှစ်မျိုးစလုံးနဲ့ အသုံးပြုထားပြီး ဖလမ်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ပါတယ်။

စစ်ကောင်စီ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းတွေက ထုတ်နုတ်ထားတဲ့ တပ်ရင်း ၉ ရင်း အင်အားထောင်နဲ့ချီဟာ ဖလမ်းမြို့နယ်ကို စစ်ကြောင်းထိုးနေတယ်လို့ ချင်းပြည်အစိုးရ (CC) က ဖေဖော်ဝါရီလ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးတပ်တွေက လေးလအကြာ တိုက်ခိုက်ခဲ့ပြီး အရာရှိ ၉ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော် သေဆုံးကာ တချို့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၂၀ ရက်နဲ့ အခုလ ဖေဖော်ဝါရီ ၁၁ ရက်မှာ စစ်ကောင်စီဟာ ကလေးမြို့ကနေ ထပ်မံအင်အားဖြည့်တင်းလာပြီး ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။

"ဖလမ်းမြို့နယ်မှာ တိုက်ပွဲက နေ့တိုင်း ရှိပါတယ်၊ တိုက်ပွဲဖြစ်တာ ၃ နေရာလောက်ရှိတယ်၊ ထိခိုက်သေဆုံးမှုများတဲ့ စစ်ကောင်စီတပ်က ကလေးမြို့ကနေ ရိက္ခာတွေ၊ လက်နက်ခဲယမ်းတွေ၊ လူအင်အားတွေ တောက်လျှောက် ဖြည့်တင်းနေပါတယ်"လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က BBM ကို ပြောပါတယ်။

ဖလမ်းမြို့နယ် ခွာန်လီ၊ ဆုန်ဟရမ်း၊ ဗာလုံ၊ Tuphei စတဲ့နေရာတွေမှာ တိုက်ပွဲတွေဖြစ်နေတာပါ။

တိုက်ပွဲဖြစ်တဲ့ ဖလမ်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်ပြီး လူနေအိမ်၊ ဘုရားကျောင်းနဲ့ ဆေးခန်းတွေ ပျက်စီးမှုရှိနေပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်၊ ညနေ ၅ နာရီခန့်ကလည်း ဖလမ်းမြို့နယ်၊ Lunghawh ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားလူနေအိမ်တွေ အများအပြား ပျက်စီးခဲ့ပြီး ဒေသခံတွေဟာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပါတယ်။

Video - AIF Myanmar
https://www.facebook.com/share/v/1C6mcGTKDk/
🥰8👍3
ဆားလင်းကြီးမြို့နယ်ထဲက ပကဖ စခန်းကို စစ်တပ်က မီးလောင်ဗုံးလို့ယူဆရတဲ့ ဗုံးကြဲခဲ့တာကြောင့် ရဲဘော်(၁၁) ယောက်သေဆုံး

🟥ယင်းမာပင်PDFတပ်ရင်းမှ အရာရှိတစ်ဦးလည်း ဖမ်းဆီးခံရ

BBM-ဖေဖော်ဝါရီ၁၃
သတင်း-မင်းသော်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ စခန်းတစ်ခု လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရပြီးတဲ့နောက် စခန်းအတွင်းရှိ ရဲဘော်(၁၁)ယောက်ကျဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီက Gyrocopter(၂)စီးနဲ့ ဆားလင်းကြီးမြို့နယ်အတွင်းက ဖိုဝင်တောင်နဲ့ ရွှေဘတောင်ကြားရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စခန်းတစ်ခုကို မီးလောင်ဗုံးလို့ယူဆရတဲ့ ဗုံးကြဲခဲ့တာကြောင့် တော်လှန်ရေးရဲဘော်တွေ ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ သိရပါတယ်။

BBM မှကြည့်ခဲ့ရတဲ့ အဆိုပါတိုက်ခိုက်မှုအပြီးမြေပြင်သေဆုံးမှုတွေနဲ့ထိခိုက်မှုတွေကို မှတ်တမ်းတင်ထားတဲ့ Video file ထဲမှာတော့ ကျွင်းတစ်ခုတည်း ရဲဘော်(၅)ယောက် မီးလောင်သေဆုံးနေပြီး ကျွင်းအပြင်မှာတော့ နောက်ထပ်ရဲဘော်(၂)ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ရပါတယ်။

ရဲဘော်တွေ မီးလောင်ကျွမ်းပြီးသေဆုံးခဲ့ရတဲ့ အဆိုပါ ဖြစ်စဥ်နဲ့ပတ်သတ်ပြီး တော်လှန်ရေးအင်အားစုတွေကတော့ စစ်တပ်ဘက်က မီးလောင်ဗုံးအသုံးပြုတိုက်ခိုက်တာ ဖြစ်နိုင်ကြောင်းနဲ့ ယခုရက်ပိုင်းအတွင်းမှာတင် ဒီပဲယင်းဒေသမှာလည်း အလားတူလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်းလည်း BBM ကိုအတည်ပြုပြောဆိုပါတယ်။

"မီးလောင်ဗုံးနဲ့တိုက်ခိုက်သွားတာထင်တယ်၊ ခုနောက်ပိုင်းက အဲ့လိုတွေသုံးနေတယ်၊ ဟိုတလောမှာတင် ဒီပဲယင်းမှာလည်း အဲ့လိုဗုံးမျိုးသုံးပြီး ကြဲသွားတယ်"

အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်းသေဆုံးခဲ့ရတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ နာရေးကို ဖေဖော်ဝါရီလ၁၂ ရက်နေ့ညနေပိုင်းမှာတင်ပြုလုပ်ပြီးစီးခဲ့တယ်လို့သိရပြီး အဆိုပါစခန်းကိုပင် စစ်ကောင်စီက ဒီနေ့မနက်အစောပိုင်းမှာ ထပ်မံတိုက်ခိုက်ခဲ့သေးတယ်လို့လည်း မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်း ၂၀၂၆ ခုနှစ် အစောပိုင်းလတွေအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုတွေသာမက ကာကွယ်ရေးတပ်ဖွဲ့မှ အရာရှိအဆင့်ရှိသူအချို့တွေပါ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံနေရတာတွေရှိတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

" ယင်းမာပင် တပ်ရင်းတစ်ခုက IO အရာရှိတစ်ယောက်လည်း စကစ ဆီအဖမ်းခံထားရတာရှိတယ်၊ ပြီးတော့လေကြောင်းတိုက်ခံရလာတာတွေလည်း များနေတယ် အဲ့နောက်ပိုင်းက"

စစ်ကောင်စီအနေနဲ့ စစ်ကိုင်းတိုင်းအတွင်းလေကြောင်းတိုက်ခိုက်မှုတွေကိုပြင်းပြင်းထန်ထန် ပြုလုပ်ရုံသာမက စစ်ကိုင်း၊မုံရွာဘက်တစ်ကြောမှ တော်လှန်ရေးအင်အားစုတွေလည်း ၎င်းတို့ထံ ဘက်ပြောင်းခိုလှုံမှုတွေရှိတယ်ဆိုတဲ့သတင်းမျိုးကို ယခုနောက်ပိုင်း ထုတ်လွှင့်လာတာတွေရှိနေတာမို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ သတိထားဆင်ခြင်ဖို့လိုအပ်တယ်လို့လည်း မြေပြင်အင်အားစုတွေက ဆိုကြပါတယ်။
https://www.facebook.com/share/p/17xPVEi3iD/
👍71👎1💔1
ထိုင်းဝန်ကြီးချုပ်ရဲ့ပါတီက သက်ဆင်ရဲ့ ဖူအွန်ထိုင်းပါတီနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့စည်းဖို့ သဘောတူ

BBM - ဖေဖော်ဝါရီ ၁၄

အနိုင်ရ ထိုင်းဝန်ကြီးချုပ် အနုတင်ရဲ့ ဘွန်ဂျိုင်ထိုင်းပါတီက သက်ဆင်ရဲ့ ဖူအွန် ထိုင်းပါတီနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့စည်းဖို့ သဘောတူညီခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၈ရက် နေ့က ပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ဘွန်ဂျိုင်ထိုင်း ပါတီဟာ တတိယနေရာရရှိထားတဲ့ ဖူအွန်ထိုင်း ပါတီနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူး က ဖေဖော်ဝါရီ ၁၃ နေ့က ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ အချက်အလက်တွေအပေါ် အခြေခံပြီးတော့ ရိုက်တာသတင်းဌာနရဲ့ တွက်ချက်မှုတွေအရ အနုတင်ဦးဆောင်တဲ့ ဘွန်ဂျိုင်ထိုင်း ပါတီဟာ ရွေးကောက်ပွဲနေ့မှာ အံ့အားသင့်ဖွယ် အောင်ပွဲခံခဲ့ပြီး အမတ်နေရာ ၅၀၀ ရှိရာ အောက်လွှတ်တော်မှာ ဘွန်ဂျိုင်ထိုင်းက ၁၉၃ နေရာ၊ ပြုပြင်ပြောင်းလဲရေးပါတီက ၁၁၈ နေရာနဲ့ လူကြိုက်များတဲ့ ဖူအွန်ထိုင်း ပါတီက ၇၄ နေရာ ရရှိခဲ့ကြောင်း သိရပါတယ်။

လက်ရှိမှာ ထောင်ချခံထားရတဲ့ ဘီလီယံနာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ ထောက်ခံမှုနဲ့ ဖူအွန်ထိုင်းပါတီရဲ့ ထောက်ခံမှုဟာ အနုတင်ကို လွှတ်တော်မှာ ‌‌နေရာအများစု ရရှိစေပြီး တည်ငြိမ်တဲ့ ညွန့်ပေါင်းအစိုးရတစ်ရပ်ဖြစ်ပေါ်စေခဲ့ပါတယ်။

“ကျွန်တော်တို့ အစိုးရတစ်ရပ်အနေနဲ့ အတူတကွ လုပ်ဆောင်ပြီး နိုင်ငံအတွက် ကောင်းတာတွေ လုပ်ဆောင်နိုင်အောင် စီမံခန့်ခွဲသွားမှာပါ”လို့ အနုတင်က ဖူအွန်ထိုင်းခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီးနောက် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဘွမ်ဂျိုင်ထိုင်းပါတီဟာ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ အာဏာရလာတဲ့ ဖူအွန်ထိုင်းပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပေမဲ့ ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ဝန်ကြီးချုပ် ပတောင်တန်ရှင်နာဝပ်နဲ့ ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆန်တို့အကြား ဖုန်းခေါ်ဆိုမှု ပေါက်ကြားပြီးနောက် မဟာမိတ်အဖွဲ့မှ နှုတ်ထွက်ခဲ့ရပါတယ်။

နောက်ပိုင်းမှာ တရားရုံးအမိန့်နဲ့ ပေထုန်ထန်ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး အနုတင်က ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။

“အတိတ်က အထင်အမြင်လွဲမှားမှုတွေကို ဖျောက်ဖျက်ပေးပါ” လို့ အနုတင်က ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ အတူတကွ လုပ်ဆောင်ပြီး နိုင်ငံကို အတူတကွ အုပ်ချုပ်ချင်ပါတယ်။”

ဖူအွန်ထိုင်းပါတီက အထွေထွေရွေးကောက်ပွဲမှာ တတိယနေရာက ရပ်တည်ခဲ့ပြီး အဆိုးရွားဆုံး ရွေးကောက်ပွဲရလဒ်ကြောင့် သက်ဆင်တည်ဆောက်ခဲ့တဲ့ နိုင်ငံရေးယန္တရားရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

"ဘယ်ပါတီနဲ့မှ လက်တွဲလုပ်ဆောင်ဖို့ ကျွန်တော်တို့မှာ အခြေအနေမရှိပါဘူး" လို့ ဖူအွန်ထိုင်းပါတီရဲ့ အထွေထွေအတွင်းရေးမှူး ပရာဆတ်ချန်ရူအန်သောင်က ပါတီဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ
သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ရဲ့ ဦးစားပေးကတော့ ပြည်သူတွေရဲ့ အကြီးမားဆုံး အကျိုးကျေးဇူးအတွက် ရှေ့ဆက်သွားဖို့ပါပဲ။"

သက်ဆင်ဟာ အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ်တစ်နှစ် ကျခံနေရပေမဲ့ နိုင်ငံရေးသဘောတူညီချက်နဲ့အတူ သတ်မှတ်ထားတဲ့အချိန်ထက် စောပြီး လွတ်မြောက်လာမယ်လို့ စောင့်ကြည့်သူများစွာက ခန့်မှန်းထားကြပါတယ်။

Reference - CNA
Translator-Richard
Photo - CNA
https://www.facebook.com/share/p/1HZ8vftzhr/
👍122
PNO တပ်ဖွဲ့ဝင် အသက်မပြည့်သေးသူ သေဆုံးမှုအပြီး အသုဘတာဝန်ကို ရွာသားများအား ခိုင်းစေ

BBM -ဖေဖော်ဝါရီ ၁၄
သတင်း - ခွန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PNOပြည်သူ့စစ် တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးမှုအပြီး အသုဘပွဲအခမ်းအနားကို ရွာသားများအား တာဝန်ပေး လုပ်ဆောင်ခိုင်းစေခဲ့တယ်လို့ ရွာသားများထံမှသိရပါတယ်။

သေဆုံးသွားတဲ့ တပ်သားက ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း သေဆုံးခဲ့တာဖြစ်ပြီး၊ ဟိုပုံးမြို့နယ် ခိုလှိုင်ကျေးရွာနေ အသက် ၁၆ နှစ်အရွယ် ခွန်‌အောင်ပန်း (ခ) ခွန်တဗွို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံတစ်ဦးက “အသုဘကိစ္စ အားလုံးကို ရွာသားတွေကိုပဲ လုပ်ခိုင်းတာပါ။ အိမ်မှာ ကျန်ခဲ့တဲ့ သူ့မိသားစုကိုလည်း သနားပါတယ်။ ရွာက တစ်အိမ်ကို ၅,၀၀၀ ကျပ်စီ ကောက်ပြီး အသုဘပွဲ လုပ်ပေးခဲ့ရပါတယ်။ အခုကာလက အလုပ်အကိုင်လည်း မရှိကြတော့ တော်တော်ခက်ခဲကြပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် သေဆုံးသွားတဲ့ တပ်သားက အသက် ၁၆ နှစ်သာ ရှိသေးပေမယ့် အုပ်ချုပ်ရေးမှု ဘက်က အသက်ကို ၁၈ နှစ်လို့ လိမ်ရေးပေးဖို့ ဖိအားပေး ခိုင်းစေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တကယ်တော့ အဲဒီကလေးက အသက် ၁၆ နှစ်ပဲ ရှိသေးတာပါ။ ဒါကို အသက် ၁၈ လို့ လိမ်ရေးခိုင်းတယ်။ မရေးရင် ပြဿနာတက်မယ်ဆိုပြီး ခြိမ်းခြောက်လာတော့ ရွာသားတွေလည်း ကြောက်ပြီး လိုက်ရေးပေးခဲ့ရတယ်” လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။

ခွန်အောင်ပန်းရဲ့ ဈာပနအခမ်းအနားကိုတော့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ခိုလှိုင်ကျေးရွာမှာ ပြုလုပ်ပေးခဲ့ပြီး မီးသဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဒေသခံတွေက အသက်မပြည့်သေးသူတွေကို စစ်ရေးလုပ်ငန်းတွေမှာ အသုံးချနေတာ၊ သေဆုံးမှုအပြီး တာဝန်တွေကို ပြည်သူတွေထံ အတင်းအကျပ် ချထားနေတာတွေဟာ မသင့်တော်ဘူးလို့ ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

PNO ပြည်သူ့စစ်တပ်က ပအိုဝ်းဒေသရှိ လူငယ်တွေကို တပ်ထဲဝင်ဖို့ အတင်းအဓမ္မ စစ်သားစုဆောင်းနေပြီး၊ စုဆောင်းပြီးတာနဲ့ ရှေ့တန်းကို ပို့နေတယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။

ပုံ-ပေးပို့

#bnews #bbm #bbmtv #PNO #shan
https://www.facebook.com/share/p/1C6zgAzYJS/
🤬4👎1👏1
ရာမညမွန်တပ်တော်က အခြေခံစစ်ပညာသင်တန်းအမှတ်စဥ် (၆)သင်တန်းဆင်းပွဲပြုလုပ်

BBM - ဖေဖော်ဝါရီ ၁၄
သတင်း - ကိုဘုဏ်း

ရာမညမွန်တပ်တော်က ဦးစီးပြုလုပ်ခဲ့ တဲ့ အခြေခံစစ်ပညာသင်တန်း အမှတ်စဥ် ၆ကို လွတ်မြောက်နယ်မြေတစ်နေရာ၌ ကျင်းပြုလုပ်ခဲ့တယ်လို့ RMA ကထုတ်ပြန်ထားပါတယ်။

သင်တန်းကာလအတွင်းအခက်အခဲများကိုကျော်ဖြတ်ပြီး ထူးချွန်အောင်စွမိးဆောင်နိုင်ခဲ့ကြတဲ့အတွက် သင်တန်းသားများကို ဂုဏ်ပြုလွှာများလည်းချီးမြှင့်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါသင်တန်းဆင်းပွဲကို မွန်ပြည်သစ်ပါတီ (စစ်အာရှင်စနစ်တိုက်ဖျက်ရေး)ရာမညမွန်တပ်တော်(NMSP(AD)/RMA)ဥက္ကဌနိုင်ဇေယျ၊ဗိုလ်ချုပ်စလွန်းထော်၊ဒုဗိုလ်မူးကြီးနိုင်မာဃ၊ဒုကျောင်းအုပ် ဗိုလ်ချမ်းထော်၊ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊နည်းဗျူဟာ ၃၃ ဗျူဟာမူး စောဒါးကို၊မွန်ပြည်တော်လှန်ရေးတပ် (MSRF)တပ်ရင်းမူး ဗိုလ်မူးကြီးနိုင်ဒရာဂွန်တို့တက်ရောက်ခဲ့ကြပြီး RMA ဥက္ကဌ နိုင်ဇေယျ၊ဗိုလ်ချုပ်စလွန်းထော်၊ဒုဗိုလ်မူးကြီးနိုင်မာဃ၊ဒုကျောင်းအုပ် ဗိုလ်ချမ်းထော်တို့မှ အားပေးအမှာစကားများပြောကြားခဲ့တယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။

Photo - RMA

#bbmnews #bbm #bbmtv #RMA #pdf
https://www.facebook.com/share/p/1BMpDhSXuD/
👍8
ယနေ့ကစားမယ့် ဆော်ဒီလိဂ်ပွဲမှာ ရော်နယ်လ်ဒို ပြန်ကစားမယ်

BBM - ဖေဖော်ဝါရီ ၁၄
သတင်း - David

Al-Nassr အသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ ဆော်ဒီလိဂ်ပြိုင်ပွဲအပေါ် သပိတ်မှောက်ထားမှုကို ရပ်တန့်ပြီး ယနေ့ကစားမယ့်
Al-Fateh နဲ့ပွဲမှာ ပြန်ကစားဖို့ရှိနေပါတယ်။

ရော်နယ်လ်ဒို(၄၁ နှစ်)ဟာ Al-Fatehနဲ့ အဝေးကွင်းခရီးစဉ်ကို အသင်းဖော်တွေနဲ့အတူ လိုက်ပါလာတာဖြစ်တယ်။

ရော်နယ်လ်ဒိုဟာ အသင်းပိုင်ရှင်ကုမ္ပဏီ Saudi Public Investment Fund (PIF)ရဲ့ အပြောင်းအရွှေ့မူဝါဒအပေါ် မကျေနပ်လို့ ဆန္ဒပြတဲ့
အနေနဲ့ အသင်းပွဲစဉ် သုံးပွဲကို ဝင်ရောက်မကစားခဲ့ပါဘူး။

ဆော်ဒီလိဂ်မှာ Al-Hilal၊ Al-Nassr၊ Al-Ittihadနဲ့ Al-Ahli စတဲ့ ထိပ်သီးလေးသင်းကို PIF က ၇၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်တာပါ။

၎င်းက ရီးရဲလ်အသင်းဖော်ဟောင်း ဘန်ဇီမာ Al-Ittihad အသင်းကနေ ချန်ပီယံပြိုင်ဘက် Al-Hilal အသင်းထံ ရောက်ရှိသွားခဲ့တဲ့အပေါ်
ဒေါသပေါက်ကွဲခဲ့ပါတယ်။

ရော်နယ်လ်ဒိုက ဆော်ဒီလိဂ်ကို ၎င်းရောက်ရှိလာတဲ့ ၂၀၂၂-၂၃ ရာသီကတည်းက Al-Hilalရဲ့ အပြောင်းအရွှေ့အသုံးစရိတ်ဟာ Al-Nassrထက်
ပေါင် သန်း ၁၈၀ လောက်ပိုများနေကြောင်း ထောက်ပြခဲ့ပါတယ်။

ရော်နယ်လ်ဒိုအနေနဲ့ ဆော်ဒီလိဂ်မှာ တစ်ပတ် ပေါင် ငါးသိန်းနီးပါး ရရှိနေပြီး Al-Nassr အသင်းနဲ့ ၂၀၂၇ ခုနှစ် နွေရာသီအထိ စာချုပ်သက်တမ်း
ရှိနေပါတယ်။

Photo - Social Media

#bbmnews #bbm #bbmtv #sportsnews #Ronaldo
https://www.facebook.com/share/p/1CWkbyxidx/
👍4
ဖားကန့်မှာ ကျည်ဆော့ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၁ ဦးသေဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာရ

BBM - ဖေဖော်ဝါရီ ၁၄
သတင်း - ကိုအိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တောင်ပြိုကျေးရွာမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကို ကလေးငယ်တွေက ကောက်ယူဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်ဦး သေဆုံးကာ နှစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့က ဖေဖော်ဝါရီလ ၁၃ ရက်၊ မနက်ပိုင်းမှာ ဖားကန့်မြို့နယ်၊ တောင်ပြိုကျေးရွာရှိ မှော်မောင်းချောင်းဘေး အမှိုက်ပုံအနီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တစ်လုံးကို အသက် ၈ နှစ်အရွယ် ကလေးငယ်တွေက တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

"မှော်မောင်းချောင်းဘေး အမှိုက်ပုံအနားက မပေါက်ကွဲသေးတဲ့ ကျည်ကို ကလေးတွေက ကောက်ရပြီး ကျောက်ခဲပေါ်တင်ပြီး ထုရိုက်ဆော့ကစားရင်း ပေါက်ကွဲသွားတာပါ"လို့ ဖားကန့်ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် အသက် ၈ နှစ်အရွယ် ယောကျာ်းလေး တစ်ဦးမှာ ပွဲချင်းပြီး သေဆုံးသလို မိန်းကလေးငယ်တစ်ဦးနဲ့ ယောက်ျားလေးတစ်ဦးမှာ ပြင်းထန်ဒဏ်ရာနဲ့ မြစ်ကြီးနား ဆေးရုံကို အရေးပေါ်ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

"ကလေးတစ်ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်၊ နှစ်ယောက်ကိုကတော့ ပြင်းထန်ဒဏ်ရာနဲ့ မြစ်ကြီးနား ပို့ထားရတယ်၊ တခြားတယောက်တော့ မစိုးရိမ်ရတဲ့ ဒဏ်ရာရတယ်"လို့ ဖားကန့်ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်ကလည်း ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် လမ်းဘေးမှာ ထောင်ထားတဲ့ မြေမြှုပ်မိုင်း နင်းမိပြီး သင်းထောက်ဆရာတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိမှာ စစ်ရေးပဋိပက္ခများအတွင်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေနဲ့ မြေမြှုပ်မိုင်းတွေ ပြည်သူများအတွက် ကြီးမားသောအန္တရာယ် ဖြစ်နေပြီး မိဘတွေအနေနဲ့ မိမိတို့ရဲ့ ကလေးငယ်တွေကို သံသယဖြစ်ဖွယ် လက်နက်ပစ္စည်း၊ စစ်ကျန်ခဲယမ်းတွေကို မကိုင်တွယ်၊ မဆော့ကစားကြဖို့ အထူး အသိပညာပေးကြဖို့လည်း လိုအပ်တယ်လို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

Photo - Social Mediahttps://www.facebook.com/share/p/171TsY5CiF/
😢5😭1
ဖလမ်းမြို့နယ်မှာ စစ်ကောင်စီ စခန်းတစ်ခုကို သိမ်းပိုက်ရရှိပြီး စစ်သုံ့ပန်း နှစ်ဦး ဖမ်းမိ

BBM - ဖေဖော်ဝါရီ ၁၄
သတင်း - ကိုအိုက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ စခန်းကုန်းတစ်ခုကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိပြီး စစ်သုံ့ပန်းနှစ်ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က BBM ကို ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက်၊ မနက် ၁ နာရီဝန်းကျင်မှာ သိုင်းငင်းမှ ဖလမ်းမြို့ကို စစ်ကူပေးဖို့ ချီတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို Tuphei နဲ့ Lumbang ကျေးရွာအကြားမှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

"သိုင်းငင်းဘက်ကနေ ဖလမ်းမြို့ကို ထွက်လာတဲ့ စစ်ကူစစ်ကြောင်းဟာ Tuphei နဲ့ Lumhang ကြားမှာ ခြေကုတ်နေရာယူထားတဲ့ စခန်းတခုရှိတယ်၊ အဲဒီစခန်းကို မနေ့ည သန်ခေါင်ယံ အချိန်လောက်မှာ သွားတိုက်တာပါ၊ စခန်းကုန်းထိ ဝင်တိုက်နိုင်ခဲ့ပါတယ်"လို့ ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်က BBM ကို ပြောပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်မှ အများအပြားထိခိုက်သေဆုံးခဲ့သလို စစ်သုံ့ပန်းနှစ်ဦးကို အရှင်ဖမ်းဆီးရမိပြီး သေနတ်မျိုးစုံ (၁၁) လက် သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၁၃ ရက်၊ ညကလည်း ဖလမ်းမြို့နယ်၊ မဏိပူရ်မြစ်ဘေးမှာ ချင်းပူးပေါင်းတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ရာ စစ်ကောင်စီဘက်မှ ဝှက်ထားခဲ့တဲ့ လက်နက်ကြီးကျည် အများအပြား တွေ့ရှိခဲ့ပါတယ်။

"ညက မဏိပူရ်မြစ်ကမ်းဘေးမှာ တပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်၊ အဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖွက်ထားတဲ့ လက်နက်ခဲယမ်းမျိုးစုံကို သိမ်းဆည်းရမိတာရှိတယ်"လို့ ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်က BBM ကို ပြောပါတယ်။

သိမ်းဆည်းရမိသော ခဲယမ်းများမှာ ၁၂၂ မမ ရှော့တိုက်ဒုံးတွေ၊ ၁၂၀ မမ၊ ၈၁ မမ၊ RPG ဗုံးသီးတွေနဲ့ ဒရုန်းဗုံးသီးတွေ ဖြစ်ပါတယ်။

လတ်တလောမှာ ဖလမ်းမြို့နယ်အတွင်း စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီက ကလေးမြို့ကနေ အင်အားတွေဖြည့်တင်းနေတယ်လို့ သိရပါတယ်။

#bbmnews #bbm #bbmtv #phalam #chin
https://www.facebook.com/share/p/17ziuqAcXE/
👍8👏1
ကမ္မမြို့မှာ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူ ၃ ဦးသေဆုံး

BBM - ဖေဖော်ဝါရီ ၁၄
သတင်း - ခက်ဆစ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်သားနဲ့ ပျူ အင်အား ၂၅၀ ခန့်ကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနဲ့ ပျူ ၃ ဦးသေဆုံးခဲ့တယ်လို့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံမှ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်၊ မနက် ၆ နာရီခန့်မှာ ကမ္မရဲစခန်းမှ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကမ္မစျေးထဲမှာ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေစဉ်မှာ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

"မြိုင်တို့ ကမ္မတို့ ပတ်ချာလည် စစ်ကြောင်းပတ်ထိုးနေတဲ့ အင်အား ၂၅၀ ဝန်းကျင်စစ်ကြောင်းကို ကျနော်တို့ ကမ္မရဲစခန်းရဲ့မှ အရှေ့ဘက်နား စျေးနားမှာ တိုက်ပွဲစဖြစ်ခဲ့တာဗျ၊ သူတို့က စျေးကနေ အရှေ့ဘက်ကို ထွက်အလာမှာ ကျနော်တို့က အသင့်စောင့်ပြီး တိုက်ပွဲဖြစ်တာဗျ" လို့ ဧရာဒေါင်းတပ်ဖွဲ့မှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရှိန်းက BBM ကိုပြောပါတယ်။

တိုက်ပွဲကြာချိန်ဟာ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ စစ်သားနဲ့ ပျူ ၃ ဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

"ကျနော်တို့ တပ်တွင်းသတင်းတွေအရတော့ စစ်ခွေးဘက်က ၃ ယောက်နေရာတင်ပွဲချင်းပြီးသေတယ်တဲ့ဗျ၊ ထိခိုက်ဒဏ်ရာရအများအပြားနဲ့ ညောင်ဂျစ်ပင်ပျူစခန်းကို ပြန်လည်ခေါ်ဆောင်သွားတယ်လို့ သိရတယ်ဗျ၊ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာရ မရှိဘူးဗျ" လို့ သူက ဆက်ပြောပါတယ်။

ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ မိတ်ဖက်အဖွဲ့အစည်းများစွာနဲ့ ဘုံရန်သူကို အတူတကွ ရဲဘော်ရဲဘက်စိတ်နဲ့ တိုက်ခိုက်သွားမှာ ဖြစ်ကြောင်းအသိပေးထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဧရာဒေါင်း‌ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ABSDF အမှတ်(၃)စစ်ကြောင်း၊ ကံမ္မတပ်ပေါင်းစု၊ PC စစ်ကြောင်း၊ မကွေး PDF ၊ မြို့နယ်ပြည်သူ့လုံခြုံရေးအင်အားစုနဲ့ SAF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးအင်အားစုတွေဘက်မှာ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းက ‌ညောင်ဂျစ်ပင်ပျူစခန်းမှာ အင်အား ထပ်မံဖြည့်တင်းနေပြီး နောက်တကြိမ် စစ်ကြောင်းထိုးဖို့ ရှိနေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ စစ်ကြောင်းနဲ့ဝေးရာမှာ နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

Video - Ayar Daung

#bbmnews #bbm #bbmtv #AyarDaung #drone
https://www.facebook.com/share/v/17VZggVFq9/
👍10
ပွန်ချောင်းအနီး တိုက်ပွဲဖြစ်ပွားတဲ့ နှစ်ရက်အတွင်း PNO ဖက်က စစ်သား ၁၀၀ ကျော် သေဆုံး

BBM - ဖေဖော်ဝါရီ ၁၄
သတင်း - ခွန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်အရှေ့ဘက် ပွန်ချောင်းအနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် PNO ပြည်သူ့စစ်ဖက်က စစ်သား ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီတိုက်ပွဲတွေဟာ ဖေဖော်ဝါရီ ၁၂ ရက်နဲ့ ၁၃ ရက် နှစ်ရက်အတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ သေဆုံးသူတွေ များလွန်းတဲ့အတွက် PNO ပြည်သူ့စစ်က အလောင်းတွေကို မှန်လုံကားကြီး နှစ်စီးနဲ့ သယ်ပြန်သွားခဲ့တယ်လို့ သိရပါတယ်။

“မှန်လုံကား နှစ်စီးလုံး အလောင်းတွေနဲ့ ပြည့်နေတယ်။ အပွင့်ကားနဲ့ သယ်ရင် ပြည်သူတွေ မြင်မှာ စိုးလို့ အခုလို မှန်လုံကား အသုံးပြုခဲ့တာပါ။ " လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။

ဒါ့အပြင် ဒဏ်ရာရ စစ်သားတွေကိုတော့ PNO ဘက်က ရွာသားတွေကို မရပ်မနား ထမ်းခိုင်းခဲ့ရပြီး စစ်မြေပြင်ကို ကျော်လွန်မှ ကားနဲ့တင်ပြီး အောင်ပန်းမြို့ စစ်ဆေးရုံကို ပို့ခဲ့တယ်လို့လည်း အဆိုပါသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

လက်ရှိအချိန်မှာတော့ PNO ပြည်သူ့စစ်က ပွန်ချောင်းတစ်လျှောက် စစ်ကြောင်း ဆက်ထိုးနေဆဲဖြစ်ပြီး နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်နေတယ်လို့ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။

“အခုတစ်လော နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေတယ်။ PNO ဖက်က စစ်ကြောင်းတွေက တိုးလိုက် ဆုတ်လိုက် လုပ်နေတာ။ ဒါ့အပြင် လူနေကျေးရွာတွေကိုပါ ဒရုန်းနဲ့ ဗုံးကြဲနေတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် PNO ပြည်သူ့စစ်က တိုက်ပွဲမဖြစ်တဲ့ လူနေကျေးရွာတွေကိုပါ လက်နက်ကြီးနဲ့ ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်နေတဲ့အတွက် ကျေးရွာ ၈ ရွာက ဒေသခံတွေဟာ လက်ရှိမှာ ဘေးကင်းရာကို စစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

#bbm #bbmnews #ဆီဆိုင် #PNO #UpdateNews
https://www.facebook.com/share/p/1NLH4JR3X1/
👍101👏1
တောင်သာမြို့နယ်၊ ပဲခင်းကျော်ရွာကို စကစ စစ်ကြောင်း မီးဝင်ရှို့တဲ့အပြင် စစ်ရှောင်သွားတဲ့ ရွာသားတွေကိုလည်း မိုက်နဲ့အော်ခေါ်ကာ ခြိမ်းခြောက်

🟥အဆိုပါစစ်ကြောင်း ပြန်ထွက်သွားစဥ်မှာလည်း ရွာခံတွေရဲ့ တန်ဖိုးကြီးပစ္စည်းတွေကို (၁၂)ဘီးကားနဲ့ သယ်ဆောင်သွား

BBM-ဖေဖော်ဝါရီ၁၄
သတင်း-မင်းသော်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းရှိ ပဲခင်းကျော်ရွာကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျတ်ဆီးတာတွေ လုပ်တဲ့အပြင် စစ်ရှောင်နေတဲ့ ရွာခံတွေကိုလည်း မိုက်နဲ့အော်ခေါခြိမ်းခြောက် တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက်၁၁နာရီခွဲလောက်က ပျုစောထီးတွေပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပဲခင်းကျော်ကျေးရွာကို ဝင်ရောက်စီးနင်းတဲ့အပြင် အဆိုပါကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းမှာ ပုန်းခိုနေတဲ့ ပြည်သူ(၂၀)ကျော်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့ (၂)ရက်ဆက်တိုက် ကျေးရွာအတွင်း လှည့်လည်ကာ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျတ်ဆီးတာတွေ ပြုလုပ်ခဲ့တဲ့အပြင် ၎င်းတို့စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ ရွာခံတွေကိုလည်း ဘုန်းကြီးကျောင်းမှ အသံချဲ့စက်ဖြင့် အော်ခေါ်ခြိမ်းခြောက်တာတွေ၊ ကြိမ်းမောင်းတာတွေကို ပြုလုပ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက BBM ကိုပြောပါတယ်။

"ပဲခင်းကျော်ရွာကို စစ်တပ်က ၁၂ ရက်နေ့ကတည်းက ဝင်စီးပြီးမီးရှို့ခဲ့တာပါ၊ ပဲခင်းကျော် မြောက်ကျောင်း(ဘုန်းကြီးကျောင်း)ထဲဝင်ပုန်းနေတဲ့ ပြည်သူတွေကိုလည်း ဖမ်းတယ်ဗျ၊ အဲ့တာ(၂)ရက်လောက် မီးရှို့ပြီးတော့ ၁၃ ရက်နေ့ညက ဘုန်းကြီးကျောင်းက မိုက်နဲ့ပဲ အော်ပြီးစိန်ခေါ်နေတာ မျိုးစုံပဲဗျာ၊ မိုက်တဲ့ကောင်ထွက်ခဲ့ကော၊ တောနင်းပြီးရှာမယ်၊ တွေ့တာနဲ့သတ်မယ်ကော၊ အတော်မိုက်ရိုင်းတယ်"

ကျေးရွာအတွင်း အဆိုပါစစ်ကြောင်းဝင်ရောက်မီးရှို့နေစဥ် နောက်ထပ်လည်း စစ်ကောင်စီဘက်က အင်အားဖြည့်တင်းတာတွေ ပြုလုပ်ပြီး ရွာနီးစပ်ကို လုံခြုံရေးတင်းကြပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်းမီးရှို့ဖျတ်ဆီးစဥ် ပြည်သူပိုင်တန်ဖိုးကြီးပစ္စည်းများနဲ့ ရွာခံတွေစုဆောင်းထားတဲ့ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ မြေပဲ တွေကို ၎င်းတို့စိတ်ကြိုက်ယူဆောင်သွားတာတွေရှိတယ်လို့လည်း အဆိုပါဒေသခံက ဆက်ပြောပါတယ်။

"ရွာမှာက ဆန်၊ဆီ၊ မြေပဲတွေအကုန်လုံးကို ဘုန်းကြီးကျောင်းမှာစုထားတာ၊ အဲ့တာတွေအကုန်လုံးလည်း ၁၂ ဘီးကားနဲ့တင်သွားတယ်၊ ရွာထဲက တန်ဖိုးကြီးပစ္စည်းတွေလည်း စိတ်ကြိုက်ယူသွားတယ်"

အဆိုပါစစ်ကြောင်းအနေနဲ့ ပဲခင်းကျော်ကျေးရွာအတွင်းမှ ဖေဖော်ဝါရီလ ၁၃ ရက် ညပိုင်းမှာ ပြန်လည်ထွက်ခွါသွားခဲ့တယ်လို့ သိရပြီး ထွက်ခွါမသွားမှီ ၎င်းတို့တပ်စွဲခဲ့တဲ့ ပဲခင်းကျော်ဘုန်းကြီးကျောင်းကိုပါ မီးတင်ရှို့ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

မြင်းခြံ၊နွားထိုးကြီးနဲ့ တောင်သာဘက်တစ်ကြော စကစ စစ်ကြောင်းတွေအနေနဲ့ အခုရက်ပိုင်းအတွင်း အင်အားအလွန်အကျွံဖြင့် စစ်ကြောင်းထိုးတာတွေ၊ ကျေးရွာတွေကို မီးရှို့တာတွေနဲ့ပတ်သတ်ပြီး မြေပြင်တော်လှန်ရေးအင်အားစုတွေကလည်း BBM ကိုအတည်ပြုပေးပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း သိရပါတယ်။

Video-စကစ တပ်စွဲပြီး မီးရှို့ခဲ့တဲ့ ပဲခင်းကျော်မြောက်ကျောင်း(ဘုန်းကြီးကျောင်း)
https://www.facebook.com/share/v/1K4SF9CdVW/
🤬9👎1😡1
ထရမ့်က အီရန်ကိုတိုက်ခိုက်ဖို့ စစ်ဆင်ရေး ပြင်ဆင်နေကြောင်း အမေရိကန်အရာရှိနှစ်ဦးပြောကြား

BBM - ဖေဖော်ဝါရီ ၁၄
သတင်း - Richard

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က အီရန်ကိုတိုက်ခိုက်ဖို့ စစ်ဆင်ရေး ပြင်ဆင်နေကြောင်း အမေရိကန်အရာရှိနှစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒါဟာ နှစ်နိုင်ငံအကြား အရင်ကထက် ပိုမိုပြင်းထန်နဲ့ ပဋိပက္ခတစ်ခု ဖြစ်လာနိုင်ပါတယ်။

အမည်မဖော်လိုတဲ့ အရာရှိတွေရဲ့ ထုတ်ဖော်ပြောဆိုမှုဟာ ထိလွယ်ရှလွယ် အနေအထားကြောင့် အမေရိကန်နဲ့ အီရန်အကြား လုပ်ဆောင်နေတဲ့ သံတမန်ရေးဆိုင်ရာ ဆက်ဆံရေးကို ‌အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က အိုမန်မှာ အမေရိကန်နဲ့ အီရန်သံတမန်တွေက ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ၁၃ရက်နေ့က အမေရိကန်အရာရှိတွေဟာ ပင်တဂွန်က အရှေ့အလယ်ပိုင်းကို လေယာဉ်တင်သင်္ဘောတစ်စင်း ထပ်မံစေလွှတ်ခဲ့တဲ့အပြင် တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကိုလည်း ထပ်မံစေလွှတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

သောကြာနေ့က မြောက်ကယ်ရိုလိုင်းနားရှိ အခြေစိုက်စခန်းတစ်ခုမှာ ထရမ့်က အမေရိကန်တပ်တွေနဲ့ စကားပြောဆိုရာမှာ အီရန်နဲ့ "သဘောတူညီချက်တစ်ခု ပြုလုပ်ဖို့ ခက်ခဲခဲ့တယ်"လို့ ပြောကြားခဲ့ပါတယ်။

Reference-Reuters
https://www.facebook.com/share/p/1DVWoUuXf8/
👍9👏1
ခမရ (၄၁၆)မှ စစ်ကောင်စီတပ်ဖွဲဝင် နှစ်ဦး မန္တလေးအထူးလူပ်ရှားတပ်မထံလက်နက်နဲ့အလင်းဝင်

BBM. - ဖေဖော်ဝါရီ ၁၄
သတင်း - ကိုဘုဏ်း

စစ်ကောင်စီ ရဲ့ ခမရ (၄၁၆)မှ စစ်သား နှစ်ဦးဟာ လက်နက်တွေနဲ့အတူ အန္တလေးအထူးလူပ်ရှားတပ်မထံ ဖေဖော်ဝါရီလ ၉ ရက်နေ့က အလင်း ဝင်လာခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးမှာ ပြည်သူ့စစ်မှု့ထမ်း အမှတ်စဥ် ၁၇မှ ဖြစ်ပြီး ၎င်းတို့နဲ့အတူ လက်နက်များလည်းပါခဲ့တယ်လို့သိရပါတယ်။

ယခုအချိန်မှာ အဆိုပါအလင်းဝင် စစ်ကောင်စီရဲ့ ပြည်သူ့စစ် နှစ်ဦးကို နွေးထွေးစွာကြိုဆိုထားပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးကာ ဘေးကင်းလုံခြုံရာနေရာမှာ ပိုဆောင်ထားကြောင်း မန္တလေး အထူးလူပ်ရှားတပ်မက သတင်းထုတ်ပြန်ထားပါတယ်။
https://www.facebook.com/share/p/1FRmkAfhtP/
👍9👏1
ရုရှားက အတိုက်အခံခေါင်းဆောင် Alexei Navalny ကို ဖားအဆိပ်နဲ့ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

BBM - ဖေဖော်ဝါရီ ၁၅
သတင်း - Richard

ရုရှားအတိုက်အခံခေါင်းဆောင် Alexei Naval you ဟာ ဖားတစ်ကောင်မှ ထုတ်လုပ်ထားတဲ့ အဆိပ်နဲ့ သေဆုံးခဲ့ကြောင်း UK နဲ့ ဥရောပမဟာမိတ်တွေက ပြောကြားခဲ့ပါတယ်။

ဆိုက်ဘေးရီးယား အကျဉ်းထောင်အတွင်း Navalny သေဆုံးပြီး နှစ်နှစ်အကြာမှာ ဗြိတိန်နဲ့ မဟာမိတ်နိုင်ငံတွေက Navalnyရဲ့ ခန္ဓာကိုယ်မှာ ခွဲခြမ်းစိတ်ဖြာပြီးနောက် ရုရှား ကို အပြစ်တင်ခဲ့ကြပါတယ်။

Navalny ရဲ့ ခန္ဓာကိုယ်မှ ရယူထားတဲ့ နမူနာတွေထဲမှာ epibatidine လို့ခေါ်တဲ့ အဆိပ်တွေ့ရှိမှုကြောင့် ဒါဟာ ရုရှားလက်ချက်ဖြစ်တယ်ဆိုတာ UK နိုင်ငံခြားရေးရုံးက ပြောကြားခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Yvette Cooper က Munich လုံခြုံရေးညီလာခံမှာ “Alexei Navalny ရုရှားမှာ အကျဉ်းကျခံနေရစဉ်အတွင်း ကို ဒီသေစေနိုင်တဲ့ အဆိပ်ကို အသုံးပြုဖို့ ရုရှားအစိုးရမှာသာ အခွင့်အရေးရှိတယ်” လို့ ပြောကြားခဲ့ပါတယ်။

Cooperက တွေ့ရှိချက်တွေကို ကြေညာစဉ်အတွင်း ယူကေ၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီနဲ့ နယ်သာလန်နိုင်ငံတို့ကလည်း ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အခုသီတင်းပတ်ကုန်မှာ Cooperဟာ ညီလာခံမှာ Navalnyရဲ့ ဇနီး Yulia Navalnaya(ယူလီယာ နာဗယ်နာယာ)နဲ့ တွေ့ဆုံခဲ့ပါတယ်။

"ရုရှားနာဗယ်နီကိုNavalnyကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် မြင်ခဲ့တယ်"လို့ Cooperက အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

"ဒီအဆိပ်အမျိုးအစားကို အသုံးပြုခြင်းအားဖြင့် ရုရှားဟာ နိုင်ငံရေးအတိုက်အခံတွေအပေါ် အလွန်အမင်းကြောက်ရွံ့မှုကို ပြသခဲ့တယ်" လို့ Navalnyရဲ့ ဇနီး Yuliaက ထပ်လောင်းပြောကြားခဲ့ပါတယ်။

မဟာမိတ်‌တွေရဲ့ ကြေညာချက်အတွင်းမှာလည်း
Navalnyရဲ့သေဆုံးမှုဟာ ရုရှားကြောင့်ဖြစ်တယ်လို့ ဆိုထားကြပါတယ်။

"Epibatidine ကို တောင်အမေရိကရှိ သဘာဝအတိုင်း ပေါက်ဖွားလာတဲ့ ဖားတွေမှာသာ သဘာဝအတိုင်း တွေ့ရှိနိုင်ပါတယ်၊ စနစ်တကျ မွေးမြူပြီး ပေါက်ဖွားလာတဲ့ ဖားတွေကတော့ အဆိုပါအဆိပ်ကို မထုတ်လုပ်နိုင်ပါဘူး၊ ဒါ့အပြင် ရုရှားမှာလည်း သဘာဝအတိုင်း မတွေ့ရှိရပါ။"ဘူးလို့ ဆိုထားကြပါတယ်။

ယူကေနိုင်ငံခြားရေးရုံးက ရုရှားကို ဓာတုလက်နက်များ တားမြစ်ရေးဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်မှု စွပ်စွဲချက်နဲ့ပတ်သက်ပြီး ဓာတုလက်နက်များ တားမြစ်ရေးဆိုင်ရာ အဖွဲ့အစည်းကို အကြောင်းကြားထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားသူနဲ့ ရုရှားရဲ့ အပြင်းထန်ဆုံး အတိုက်အခံခေါင်းဆောင် နာဗယ်နီဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ အသက် ၄၇ နှစ်အရွယ်မှာ ရုတ်တရက် အကျဉ်းထောင်မှာ ကွယ်လွန်ခဲ့တာပဲဖြစ်ပါတယ်။

Reference-BBC
https://www.facebook.com/share/p/14UgdPb8Kdb/
👍10
NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းနဲ့ KNU အထွေထွေအတွင်းရေးမှူးဟောင်း ဗဒိုမန်းရှာလာဖန်းတို့ရဲ့ အောက်မေ့သတိရပွဲကျင်းပ

BBM - ဖေဖော်ဝါရီ ၁၅
သတင်း - မင်းသော်၊ ကိုထွန်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့အစ်ကို NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းရဲ့နာရေးနဲ့ (၁၈)နှစ်မြောက် ကျဆုံးသွားတဲ့ KNU အထွေထွေ အတွင်းရေးမှူး ဗဒိုမန်းရှာလာဖန်းတို့အတွက် အောက်မေ့သတိရဖွယ် အထိမ်းအမှတ်ကို ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ New Myanmar Foundation က ဒေါက်တာစန်းအောင်ဦးစီးပြီး
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းနဲ့ K.N.U အထွေထွေ အတွင်းရေးမှူးဟောင်း ဗဒိုမန်းရှာလားဖန်း တို့အတွက် သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း ၊ ဧည့်သည်များမှ တရားနာယူခြင်း အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အခမ်းအနားတွင် ဒီမိုကရေစီအရေး၊ တိုင်းရင်းသားများ၏ တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အရေး အဆက်ဆက်မှာ အသက်ပေးလှူသွားတဲ့ ရဟန်းရှင်လူ ၊ ခေါင်းဆောင်များ၊ ကျောင်းသားပြည်သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် “ ၈ “စက္ကန့်ငြိမ်သက်ပြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းအတွက်

နယူးမြန်မာဖောင်ဒေးရှင်း၏ Executive Director Dr. Sann Aung၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင် (CEC) ဆရာ ဟံသာမြင့်၊ ABSDF ဥက္ကဌ ရဲဘော်သံခဲ၊ မယ်တော်ဆေးခန်း ကလေးအထူးကု ဆရာဒေါက်တာသိန်းဝင်း၊ Children’s Development Centre (CDC) ကျောင်းအုပ်ကြီး ဆရာမန်းရွှေနှင်း၊ Burma Medical Association မှ ဒေါက်တာ မြင့်ချို၊ မယ်တော်ဆေးခန်း Founder Dr. စင်သီယာမောင်၊ ပအိုဝ်း အမျိုးသား ဖက်ဒရယ်ကောင်စီ ဥက္ကဌ ခွန်မြင့်ထွန်း တို့အသီးသီး မှ ဒေါက်တာစိန်ဝင်း နှင့် ဗဒိုမန်းရှာလားဖန်း တို့(၂)ဦး အတွက် အောက်မေ့သတိရ အမှတ်တရ ဂုဏ်ပြုအမှာစကားများ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် တက်ရောက်လာတဲ့ ဧည့်သည်တွေကပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရ (NUGUB) ဝန်ကြီးချုပ်ဟောင်း ဆရာဒေါက်တာစိန်ဝင်း နှင့် K.N.U အထွေထွေ အတွင်းရေးမှူးဟောင်း ဗဒိုမန်းရှာလားဖန်း တို့ရဲ့တိုင်းပြည်အပေါ် ထားရှိခဲ့တဲ့ စိတ်စေတနာ၊ အနစ်နာခံ လုပ်ဆောင်ခဲ့မှုတွေကို လေးစားဂုဏ်ပြုသောအားဖြင့် လွမ်းသူ့ပန်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
https://www.facebook.com/share/1HTM9ugrLx/
13👍4