3.48K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
မောက်မယ်မြို့နယ် စစ်ဘေးရှောင် တစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

BBM - ဖေဖော်ဝါရီ ၁၃
သတင်း - ခွန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ နားဟီး ကျေးရွာသို့ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တစ်ထောင်ကျော် အတွက် စားနပ်ရိက္ခာများ အ‌ရေး‌ပေါ်လိုအပ်‌နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

အဲဒီစစ်ဘေးရှောင်တွေဟာ ဖေဖော်ဝါရီလ ပထမပတ်မှာ ရောက်ရှိလာကြပြီး လက်ရှိမှာတော့ ကျေးရွာခံ‌တွေ ကူညီလှူဒါန်း‌ပေးတဲ့ ဆန်နဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ဝမ်းရေးဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။

"စစ်ရှောင်လူဦးရေက များလို့ စားနပ်ရိက္ခာလုံလောက်မှုမရှိဘူး၊ ထွက်ပြေးလာတုန်းက လည်း ရုတ်တရက်နဲ့ဆို‌တော့ အရေးကြီးတဲ့ မှတ်ပုံတင်တွေ၊ အိမ်ထောင်စုဇယားတွေလောက်ဘဲ ပါလာခဲ့တာ၊ ဆန်တွေ စပါးတွေ စိုက်ပျိုးထားတဲ့ သီးနှံတွေ အကုန်ထားခဲ့ရတယ်"လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

စားနပ်ရိက္ခာအပြင် ဆေးဝါးများ၊ အမျိုးသမီး လစဉ်သုံးပစ္စည်းများ၊ ခြင်ထောင်များ၊ အဝတ်အထည်များ လည်း အရေးပေါ် လိုအပ်နေတယ်လို့ ပြောပါတယ်။

အဆိုပါစစ်ဘေးရှောင်တွေက ကဒူကြီးကျေးရွာအုပ်စု၊ ဗန်းမက်၊ မုဲင်းဟုဲင်၊ ထီတဖြေ၊ ကျောင်းနာ၊ ဟမ်းဗွာ ကျေးရွာတို့မှ ဒေသခံတွေဖြစ်ကြပြီး စုစုပေါင်း အိမ်ထောင်စု ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်အများစုမှာ နားဟီးကျေးရွာရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာ ခန်းမဆောင်များမှာ စုပေါင်းပြီး နေကြရတယ်လို့ သိရပါတယ်။

လက်ရှိမှာ ပအိုဝ်းပြည်သူ့စစ် PNO က ဗန်းမက်‌ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာ‌နေဆဲဖြစ်လို့ ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် PNLA နဲ့လည်း နေ့စဉ် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Photo - CJ

#bbmnews #bbmtv #bbm #mautmal #shan
https://www.facebook.com/share/p/1C8zwCxr8s/
4👎1🤬1😢1
မြစ်ကြီးနားလေဆိပ် အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံရ

BBM - ဖေဖော်ဝါရီ ၁၃
သတင်း - ခက်ဆစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်နဲ့ အနီးဝန်းကျင်နေရာတွေကို အသေခံဒရုန်းများ(FPV Drone)တွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်ကောင်စီက ယမန်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်၊ မနက်ပိုင်းမှာ မြစ်ကြီးနားမြို့၊ ပန်းမတီးရပ်ကွက်ရှိ မြစ်ကြီးနားလေဆိပ်နဲ့ အနီးဝန်းကျင် နေရာတွေကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက FPV Drone တွေအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် လေဆိပ်အတွင်းကျရောက်ပေါက်ကွဲခြင်း မရှိဘဲ လေယာဉ်ပြေးလမ်းနဲ့ အနီးဝန်းကျင်နေရာတွေမှာ မြေပြင်ပေါ်ပျက်ကျခဲ့ပြီး Drone ယာဉ်မှာပါတဲ့ ‌ဖောက်ခွဲရေးပစ္စည်းတွေကိုလည်း သက်မဲ့ပြုလုပ်ခြင်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ လူ၊ အဆောက်အအုံနဲ့ လေယာဉ်ပြေးလမ်းတွေ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း စစ်ကောင်စီက ဆိုထားပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေဘက်က တစုံတရာထုတ်ပြန်ထားတာ မတွေ့ရသေးသလို ထိခိုက်ပျက်စီးမှု အခြေအနေတွေနဲ့ ပတ်သက်လို့ BBM က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

အခုလို လေယာဉ်ကွင်းကို တိုက်ခိုက်တာဟာ ဂျီနီဗာကွန်ဗန်းရှင်းတွေနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန်ခြင်းဖြစ်တယ်လို့လည်း ပြည်သူလူထုကို နေ့စဉ်လေကြောင်းမှ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာလည်း မြစ်ကြီးနားမြို့၊ နမ့်ပေါင်လေတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ၂၀၂၆ ခုနှစ်ဖေဖော်ဝါရီလ ၈ ရက်နေ့မှာလည်း ရေဒါစခန်းတခုကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Photo - စစ်ကောင်စီ

#bbmnews #bbmtv #bbm #Kachin #FPVdrone #MyitkyinaAirport
https://www.facebook.com/share/p/1Zbsphb8DC/
👍12👏1
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က သူ့သမီးကို သူ့နေရာ ဆက်ခံမယ့်သူအဖြစ် ချပြလာနေ

BBM - ဖေဖော်ဝါရီ ၁၃

တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ သမီးဖြစ်သူ ကင်ဂျူအဲကို သူ့နေရာ ဆက်ခံသူအဖြစ် သတ်မှတ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူဟာ “ဖြစ်နိုင်ခြေအရှိဆုံး ဆက်ခံသူ” ဖြစ်ကြောင်း အေဂျင်စီရဲ့ အစောပိုင်းအကဲဖြတ်မှုဟာ ပိုမိုသေချာလာခဲ့ပါတယ်။

တောင်ကိုရီးယားရဲ့ တရားဝင် Yonhap သတင်းဌာနရဲ့ အဆိုအရ ဖေဖော်၀ါရီလ ၁၂ရက်နေ့က ဆိုးလ်မြို့ရှိ အမျိုးသားထောက်လှမ်းရေးဌာနဟာ တံခါးပိတ်အစည်းအဝေးတစ်ခုအတွင်း ဥပဒေပြုအမတ်တွေကို အဆိုပါ သတင်းကို အသိပေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ထောက်လှမ်းရေးအေဂျင်စီရဲ့ တွေ့ရှိချက်တွေကို နောက်ပိုင်းမှာ တောင်ကိုရီးယားနိုင်ငံရေးသမားတွေဖြစ်တဲ့ ပါ့ခ်ဆွန်ဝမ်နဲ့ လီဆောင်ဂွမ်တို့က မီဒီယာကို မျှဝေခဲ့ပါတယ်။

“ကင်ဂျူအဲရဲ့ တက်ရောက်မှုကို မကြာသေးမီက ကျင်းပခဲ့တဲ့ တပ်မတော်နေ့ အခမ်းအနားနဲ့ ကူမ်ဆူဆန် နေနန်းတော်ကို သွားရောက်လည်ပတ်ခြင်းလိုမျိုး အခမ်းအနားတွေမှာ ပိုမိုထင်ရှားလာပြီး သူမဟာ မူဝါဒတချို့အပေါ် ထင်မြင်ချက်တွေ ထုတ်ဖော်ပြောဆိုနေတဲ့ လက္ခဏာတွေတောင် ရှိပါတယ်” လို့ လီက သတင်းထောက်တွေကို ပြောကြားခဲ့တယ်လို့ ယွန်ဟပ် သတင်းဌာနက ဖော်ပြပါတယ်။

“လက်ရှိမှာ သူမဟာ ဆက်ခံမှု ရွေးချယ်ရေးအဆင့်ကို ရောက်ရှိနေပြီလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” လို့ လီက ပြောပါတယ်။

ကူမ်ဆူဆန် နေနန်းတော်ဟာ မြောက်ကိုရီးယားရဲ့ အရေးအကြီးဆုံးနေရာတွေထဲက တစ်ခုအဖြစ် နိုင်ငံရဲ့ ကြီးကျယ်တဲ့ ခေါင်းဆောင်ကြီး ကင်အီဆွန်းနဲ့ သားဖြစ်သူ ချစ်လှစွာသော ခေါင်းဆောင်ကြီး ကင်ဂျုံအီလ် လက်ရှိ ကင်မ်ရဲ့ အဘိုးနဲ့ ဖခင်၊ ဂျူအဲရဲ့ အဘိုးတို့ရဲ့ နောက်ဆုံး မြှုပ်နှံရာနေရာအဖြစ် သတ်မှတ်ခံထားရပါတယ်။

ကင်မ်ရဲ့သမီးအကြောင်း အနည်းငယ်သာ သိရှိရပေမယ့် ဆယ်ကျော်သက်အရွယ်မှာပဲ ရှိသေးတယ်လို့ ယုံကြည်ရပါတယ်။

သူမရဲ့ ပထမဆုံး အများပြည်သူရှေ့မှောက် ထွက်လာမှုက ၂၀၂၂ ခုနှစ်တုန်းက မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုမှာဖြစ်ပြီး အဲဒီအချိန်ကစပြီး နိုင်ငံတစ်ဝှမ်းက ပွဲတွေမှာ သူမရဲ့ဖခင်နဲ့အတူ တက်ရောက်ခဲ့ပါတယ်။

ဇန်နဝါရီလမှာ ပြုံယမ်းရဲ့ မြောက်ကိုရီးယားဗဟိုသတင်းဌာနက သူမရဲ့ဖခင်နဲ့အတူ ကြီးမားတဲ့ ရော့ကက်ပစ်လွှတ်မှုစနစ် စမ်းသပ်ပစ်လွှတ်မှုကို တက်ရောက်နေတဲ့ ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီးမှာ ဂျပန်လက်နက်ချခဲ့တဲ့ နှစ် ၈၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြပွဲကို တက်ရောက်ဖို့ စက်တင်ဘာလမှာ သူမရဲ့ဖခင်နဲ့အတူ သံချပ်ကာရထားနဲ့ ဘေဂျင်းကို သွားရောက်ခဲ့ပြီး အဲဒီမှာ တရုတ်နဲ့ ရုရှားခေါင်းဆောင်တွေနဲ့ တွေ့ခဲ့ပါတယ်။

ကင်မ်ဟာ ပဲ့ထိန်းဒုံးကျည် ၁၀ စင်းအထိ သယ်ဆောင်နိုင်ပြီး နျူကလီးယားဓာတ်ပေါင်းဖိုဖြင့် စွမ်းအင်ပေးဖို့ ဒီဇိုင်းထုတ်ထားတဲ့ ရေငုပ်သင်္ဘောကြီးတစ်စင်း တည်ဆောက်မှုကို လက်ရှိမှာ ညွှန်ကြားနေကြောင်း ဆိုးလ် ထောက်လှမ်းရေးအေဂျင်စီက ပြောကြားခဲ့ပါတယ်။

Reference - Al Jazeera
Translator-Richard
Photo - Al Jazeera

#bbmnews #bbm #bbmtv #northkorea #kim #internationalnews
https://www.facebook.com/share/18MwqdgFwh/
👍3👎2
ဘရန့်ဖို့ဒ်နဲ့ သရေကျပြီး လေးမှတ်သာ ဖြတ်နိုင်တော့တဲ့ အာဆင်နယ်

BBM -ဖေဖော်ဝါရီ ၁၃

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်-၂၆ မှာ ဘရန့်ဖို့ဒ်နဲ့ အဝေးကွင်းမှာ တစ်ဂိုးစီ သရေကျပြီး ဒုတိယနေရာက မန်စီးတီးကို
လေးမှတ်သာ ဖြတ်နိုင်ပါတော့တယ်။

အာဆင်နယ်အတွက် ၆၁ မိနစ်မှာ မာဒူအေကေက ဦးဆောင်ဂိုး သွင်းခဲ့ပေမဲ့ ၁၀ မိနစ်အကြာမှာ လူးဝစ်ပေါ်တာက ချေပဂိုး ပြန်သွင်းခဲ့တာ
ဖြစ်တယ်။

အာဆင်နယ်အသင်းဟာ အဓိကကစားသမားတချို့ကို ပွဲထွက်စာရင်းမှာ မသုံးဘဲ ဆာကာ၊ အိုဒီဂွယ်၊ မာတင်နယ်လီနဲ့ ကာလာဖီအိုရီတို့ကို
ဒုတိယပိုင်းရောက်မှ လူစားဝင်ကစားစေခဲ့တာပါ။

အာဆင်နယ်အနေနဲ့ စုဖွဲ့မှုကောင်းတဲ့ ဘရန့်ဖို့ဒ်အသင်းကို ဖိအားမပေးနိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။

အာဆင်နယ်ရဲ့ xG က ဝ.၆ သာရှိခဲ့ပြီး ဘရန့်ဖို့ဒ်က ၁.၃၅ ရှိခဲ့လို့ အခုရာသီမှာ အာဆင်နယ်အဖို့ အဆိုးရွားဆုံးကွာခြားမှုအဖြစ် မှတ်တမ်းဝင်
ခဲ့ပါတယ်။

ဘရန့်ဖို့ဒ်ကတော့ ပြီးခဲ့တဲ့ရာသီကတည်းက လက်ပစ်ဘောကနေတစ်ဆင့် ၁၀ ဂိုး သွင်းခဲ့ပြီး အနီးဆုံးပြိုင်ဘက်ထက် နှစ်ဆ ပိုများနေပါတယ်။

Photo - Social Media

#bbmnews #bbm #bbmtv #football #Brentford #Arsenal #SportsNews
https://www.facebook.com/share/p/18foNrq9Ei/
👍5
ဗိုလ်ချုပ်ရဲ့ရည်ရွယ်ချက်က က‌လေးတိုင်း ဂုဏ်သိက္ခာအခွင့်အလမ်းမျှော်လင့်ချက်တွေနဲ့ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းတည်ဆောက်ဖို့ဟု ကင်မ်ပြောကြား

BBM - ဖေဖော်ဝါရီ ၁၃
သတင်း - ခက်ဆစ်

ဗိုလ်ချုပ် အောင်ဆန်းရဲ့ ရည်ရွယ်ချက်က က‌လေးတိုင်း ဂုဏ်သိက္ခာ၊ အခွင့်အလမ်း၊ မျှော်လင့်ချက်တွေနဲ့ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ဖို့ ဖြစ်ကြောင်း မြေးဖြစ်သူ ကင်မ်အဲရစ်(ခ) ကိုထိန်လင်းက ဗိုလ်ချုပ်ရဲ့ မွေးနေ့မှာ ပြောကြားခဲ့ပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ ၁၃ ရက်ဟာ ဗိုလ်ချုပ် အောင်ဆန်းရဲ့ မွေးနေ့ဖြစ်သလို မြန်မာနိုင်ငံရဲ့ ကလေးများနေ့လည်း ဖြစ်ပြီး နိုင်ငံရဲ့ အနာဂတ်ဟာ ကလေးတွေရဲ့ လက်ထဲမှာရှိနေတယ်ဆိုတာကို သတိပေးတဲ့နေ့လည်းဖြစ်ကြောင်း ကင်မ်က ဆိုပါတယ်။

"ဖိုးဖိုးက လွတ်လပ်ရေးရတာဟာ အစပဲရှိသေးတယ်လို့ ယုံကြည်ခဲ့ပါတယ်၊ တကယ့်ရည်ရွယ်ချက်က ကလေးတိုင်း ဂုဏ်သိက္ခာ၊ အခွင့်အလမ်းနဲ့ မျှော်လင့်ချက်တွေနဲ့ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ဖို့ပါ"လို့ ကင်မ်အဲရစ်က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံက ကလေးများဟာ အကြမ်းဖက်မှုနဲ့ မလုံခြုံမှုတွေကြားမှာ ကြီးပြင်းနေရတာကြောင့် ကလေးတွေအတွက်၊ အနာဂတ်အတွက်၊ လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုအတွက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရည်ရွယ်မျှော်မှန်းချက်ကို ဆက်လက်တာဝန်ယူ အကောင်အထည်ဖော်ကြရမှာဖြစ်ကြောင်း ကင်မ်က အသိပေးထားပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ကလေးတွေဟာ အိုးမဲ့အိမ်မဲ့ဖြစ်နေကြပြီး ပညာရေးဆုံးရှုံးနေကြတဲ့အပြင် ကျောင်းတွေမှာ ပညာသင်ကြားနေရင်းနဲ့ သေဆုံးမှုတွေလည်း အများကြီးရှိနေကြောင်း ကင်မ်က ထောက်ပြထားပါတယ်။

"မြန်မာနိုင်ငံမှာ မေမေနဲ့ နေထိုင်စဉ်က ဖိုးဖိုး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကတ်တနာဓါးကို စောင့်ရှောက်ခွင့်ရခဲ့ပါတယ်၊ အဲဒါက ကျွန်တော့်အတွက် အမြဲတမ်း အဓိပ္ပါယ်နက်နက်ရှိုင်းရှိုင်းရှိပါတယ်၊ မေမေက ကျွန်တော် ဒီဓါးကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာသိပြီး ဒါဟာကျနော့်အတွက် ဖိုးဖိုးရဲ့ အမွေလို့ ပြောခဲ့ပါတယ်" လို့ ကင်မ်က ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ် အောင်ဆန်းရဲ့ အမွေအနှစ်ဖြစ်သလို သူပုံဖော်ပေးခဲ့တဲ့ သမိုင်းရဲ့ သင်္ကေတတစ်ခုအနေနဲ့ တစ်နေ့မှာ ဒီဓါးကို ပြန်ရလိမ့်မယ်လို့ မျှော်လင့်ကြောင်း ကင်မ်အဲရစ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Video - Kim Aris

#bbmnews #bbm #bbmtv #GeneralAungSan #HappyBirthday #KimAris
https://www.facebook.com/share/v/14QJaGQzGpv/
👍116
ဟားခါးမြို့မှာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး အရာရှိတစ်ဦးအပါ ၃ ဦးသေဆုံး

BBM - ဖေဖော်ဝါရီ ၁၃
သတင်း - ကိုအိုက်

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး အရာရှိတစ်ဦးအပါအဝင် ၃ ဦးသေဆုံးကာ ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် (ဟားခါ) နဲ့ နီးစပ်သူတစ်ဦးက BBM ကို ပြောပါတယ်။

ဟားခါးမြို့မှာ ပြည်သူလူထုထံမှ မတရားသဖြင့် ငွေကြေးကောက်ခံနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြည်ထောင်စုနေ့ဖြစ်တဲ့ မနေ့အ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ည ၇ နာရီဝန်းကျင်မှာ CDF-Hakha က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

"ပြည်သူလူထုတွေဆီက မတရား ငွေကြေး အတင်းအဓမ္မ ကောက်ခံနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ မော်တော်ယာဥ်နဲ့ လာနေစဥ် ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်"လို့ CDF - Hakha နဲ့ နီးစပ်သူတစ်ဦးက BBM ကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ရဲအရာရှိ တစ်ဦး၊ ရဲဘော် နှစ်ဦး သေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက် ဟားခါးမြို့ ရုန်းတောင်ဗျူဟာကုန်းမှ စစ်ကောင်စီဟာ အရပ်သားပြည်သူတွေ နေထိုင်တဲ့ နေရာတွေ၊ မြို့အနီးအနား ပတ်ဝန်းကျင်မှာ လက်နက်ကြီးကျည်တွေ ရမ်းသမ်းပစ်ခတ်နေပါတယ်။

"ညက တောက်လျှောက် လက်နက်ကြီးကျည်တွေ ရမ်းသမ်းပစ်ခတ်နေတယ်၊ မြို့အနီးအနားမှာ လက်နက်ကြီးကျည် ပစ်ခတ်တာကြောင့် မြို့ခံတွေ အိပ်မရလောက်အောင်ပါပဲ"လို့ ဟားခါးမြို့ခံတစ်ဦးက BBM ကို ပြောပါတယ်။

လက်ရှိ ဟားခါးမြို့အတွင်းမှာ လုံခြုံရေးတင်းကျပ်ထားပြီး မြို့ခံများမှာ စိုးရိမ်ထိတ်လန့်လျက် ရှိနေကြတယ်လို့ သိရပါတယ်။

Photo - Social Media

#bbmnews #bbmtv #bbm #chin #Hakha
https://www.facebook.com/share/p/1EFstTNFNj/
👏83
ပုတီးကုန်းမြို့နယ်တွင်းက စကစ ဂိတ်တစ်ခုကို တိုက်ခိုက်မှုအတွင်း စကစ(၂)ဦးသေ၊ (၁)ဦး ဒဏ်ရာရ

BBM-ဖေဖော်ဝါရီ၁၃
သတင်း-မင်းသော်

ပဲခူးတိုင်း၊ ပုတီးကုန်းမြို့နယ်အတွင်းက စစ်ကောင် ဂိတ်တစ်ခုကို တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ရာ စကစ(၂)ဦးသေပြီး (၁)ဦး ဒဏ်ရာရခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ရက်နေ့မနက်၆နာရီလောက်က ပြည်ခရိုင်၊ ပုတီးကုန်းမြို့နယ် ဘူးပြောရွာမှာရှိတဲ့ စစ်ကောင်စီဂိတ်စခန်းကို ဦးစွာ မိုင်း(၁)ကွင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးအဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေအနေနဲ့ ကျေးရွာအတွင်း ပြေးဝင်သွားပြီး ရွာတွင်းရှိ အိမ်ကြားနဲ့ အိမ်သာထဲမှာ စကစ (၂)ဦးသေဆုံးပြီး (၁)ဦး ဒဏ်ရာရရှိခဲ့သလို ၎င်းတို့ဆီမှ ဆိုင်ကယ်(၂)စီးလည်း သိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၂၁)မှ ကွပ်ကဲပြီး၊ ပြည်ခရိုင် တပ်ရင်း(၁) တပ်ရင်းရုံးတိုက်ခိုက်ရေးအဖွဲ့ တပ်ခွဲ(၁)၊ ပြည်ခရိုင် တပ်ရင်း(၂)၊ တပ်ခွဲ(၄)တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အထိခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ကြေငြာထားပါတယ်။
https://www.facebook.com/share/p/1KRFoGaMt1/
👏6👍3
ဖလမ်းမြို့နယ် တိုက်ပွဲမှာ WITCH အမျိုးသမီးတပ်ဖွဲ့ FPV ဒရုန်းတွေနဲ့ ပါဝင်တိုက်ခိုက်

BBM - ဖေဖော်ဝါရီ ၁၃
သတင်း - ကိုအိုက်

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ WITCH အမျိုးသမီးတပ်ဖွဲ့ဟာ FPV ဒရုန်းတွေနဲ့ ပါဝင်တိုက်ခိုက်ပေးနေတယ်လို့ AIF Myanmar အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက BBM ကို ပြောပါတယ်။

ဖလမ်းမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ချင်းတော်လှန်ရေး တပ်တွေနဲ့အတူ WITCH အမျိုးသမီးတပ်ဖွဲ့ဟာ ရှေ့တန်းစစ်မျက်နှာတွေမှာ FPV ဒရုန်းတွေနဲ့ ပူးပေါင်း ပါဝင်တိုက်ခိုက်ပေးနေတာ ဖြစ်ပါတယ်။

"တိုက်ခိုက်မှုတွေဟာ ဖလမ်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေကို တုံ့ပြန်တိုက်ခိုက်ခဲ့တာပါ၊ တိုက်ပွဲတွေက အခုထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်"လို့ AIF Myanmar တာဝန်ရှိသူတစ်ဦးက BBM ကို ပြောပါတယ်။

WITCH အမျိုးသမီး ဒရုန်းတပ်ဖွဲ့ဟာ စစ်ကောင်စီတပ်ရဲ့ ဆက်သွယ်ရေးလှိုင်းဖြတ်စက် (Jammer) တွေကို ကျော်ဖြတ်နိုင်တဲ့ အဆင့်မြင့် နည်းပညာသုံး အသေခံ ဒရုန်းတွေကို ကိုယ်တိုင်ထုတ်လုပ် အသုံးပြုနေတာ ဖြစ်ပါတယ်။

အဆိုပါ FPV ဒရုန်းတွေကို အသေခံ တိုက်ခိုက်ရေးစနစ်သာမက ဗုံးသီးချစနစ် နှစ်မျိုးစလုံးနဲ့ အသုံးပြုထားပြီး ဖလမ်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ပါတယ်။

စစ်ကောင်စီ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းတွေက ထုတ်နုတ်ထားတဲ့ တပ်ရင်း ၉ ရင်း အင်အားထောင်နဲ့ချီဟာ ဖလမ်းမြို့နယ်ကို စစ်ကြောင်းထိုးနေတယ်လို့ ချင်းပြည်အစိုးရ (CC) က ဖေဖော်ဝါရီလ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးတပ်တွေက လေးလအကြာ တိုက်ခိုက်ခဲ့ပြီး အရာရှိ ၉ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော် သေဆုံးကာ တချို့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၂၀ ရက်နဲ့ အခုလ ဖေဖော်ဝါရီ ၁၁ ရက်မှာ စစ်ကောင်စီဟာ ကလေးမြို့ကနေ ထပ်မံအင်အားဖြည့်တင်းလာပြီး ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။

"ဖလမ်းမြို့နယ်မှာ တိုက်ပွဲက နေ့တိုင်း ရှိပါတယ်၊ တိုက်ပွဲဖြစ်တာ ၃ နေရာလောက်ရှိတယ်၊ ထိခိုက်သေဆုံးမှုများတဲ့ စစ်ကောင်စီတပ်က ကလေးမြို့ကနေ ရိက္ခာတွေ၊ လက်နက်ခဲယမ်းတွေ၊ လူအင်အားတွေ တောက်လျှောက် ဖြည့်တင်းနေပါတယ်"လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က BBM ကို ပြောပါတယ်။

ဖလမ်းမြို့နယ် ခွာန်လီ၊ ဆုန်ဟရမ်း၊ ဗာလုံ၊ Tuphei စတဲ့နေရာတွေမှာ တိုက်ပွဲတွေဖြစ်နေတာပါ။

တိုက်ပွဲဖြစ်တဲ့ ဖလမ်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်ပြီး လူနေအိမ်၊ ဘုရားကျောင်းနဲ့ ဆေးခန်းတွေ ပျက်စီးမှုရှိနေပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်၊ ညနေ ၅ နာရီခန့်ကလည်း ဖလမ်းမြို့နယ်၊ Lunghawh ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားလူနေအိမ်တွေ အများအပြား ပျက်စီးခဲ့ပြီး ဒေသခံတွေဟာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပါတယ်။

Video - AIF Myanmar
https://www.facebook.com/share/v/1C6mcGTKDk/
🥰8👍3
ဆားလင်းကြီးမြို့နယ်ထဲက ပကဖ စခန်းကို စစ်တပ်က မီးလောင်ဗုံးလို့ယူဆရတဲ့ ဗုံးကြဲခဲ့တာကြောင့် ရဲဘော်(၁၁) ယောက်သေဆုံး

🟥ယင်းမာပင်PDFတပ်ရင်းမှ အရာရှိတစ်ဦးလည်း ဖမ်းဆီးခံရ

BBM-ဖေဖော်ဝါရီ၁၃
သတင်း-မင်းသော်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ စခန်းတစ်ခု လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရပြီးတဲ့နောက် စခန်းအတွင်းရှိ ရဲဘော်(၁၁)ယောက်ကျဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီက Gyrocopter(၂)စီးနဲ့ ဆားလင်းကြီးမြို့နယ်အတွင်းက ဖိုဝင်တောင်နဲ့ ရွှေဘတောင်ကြားရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စခန်းတစ်ခုကို မီးလောင်ဗုံးလို့ယူဆရတဲ့ ဗုံးကြဲခဲ့တာကြောင့် တော်လှန်ရေးရဲဘော်တွေ ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ သိရပါတယ်။

BBM မှကြည့်ခဲ့ရတဲ့ အဆိုပါတိုက်ခိုက်မှုအပြီးမြေပြင်သေဆုံးမှုတွေနဲ့ထိခိုက်မှုတွေကို မှတ်တမ်းတင်ထားတဲ့ Video file ထဲမှာတော့ ကျွင်းတစ်ခုတည်း ရဲဘော်(၅)ယောက် မီးလောင်သေဆုံးနေပြီး ကျွင်းအပြင်မှာတော့ နောက်ထပ်ရဲဘော်(၂)ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ရပါတယ်။

ရဲဘော်တွေ မီးလောင်ကျွမ်းပြီးသေဆုံးခဲ့ရတဲ့ အဆိုပါ ဖြစ်စဥ်နဲ့ပတ်သတ်ပြီး တော်လှန်ရေးအင်အားစုတွေကတော့ စစ်တပ်ဘက်က မီးလောင်ဗုံးအသုံးပြုတိုက်ခိုက်တာ ဖြစ်နိုင်ကြောင်းနဲ့ ယခုရက်ပိုင်းအတွင်းမှာတင် ဒီပဲယင်းဒေသမှာလည်း အလားတူလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်းလည်း BBM ကိုအတည်ပြုပြောဆိုပါတယ်။

"မီးလောင်ဗုံးနဲ့တိုက်ခိုက်သွားတာထင်တယ်၊ ခုနောက်ပိုင်းက အဲ့လိုတွေသုံးနေတယ်၊ ဟိုတလောမှာတင် ဒီပဲယင်းမှာလည်း အဲ့လိုဗုံးမျိုးသုံးပြီး ကြဲသွားတယ်"

အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်းသေဆုံးခဲ့ရတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ နာရေးကို ဖေဖော်ဝါရီလ၁၂ ရက်နေ့ညနေပိုင်းမှာတင်ပြုလုပ်ပြီးစီးခဲ့တယ်လို့သိရပြီး အဆိုပါစခန်းကိုပင် စစ်ကောင်စီက ဒီနေ့မနက်အစောပိုင်းမှာ ထပ်မံတိုက်ခိုက်ခဲ့သေးတယ်လို့လည်း မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်း ၂၀၂၆ ခုနှစ် အစောပိုင်းလတွေအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုတွေသာမက ကာကွယ်ရေးတပ်ဖွဲ့မှ အရာရှိအဆင့်ရှိသူအချို့တွေပါ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံနေရတာတွေရှိတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

" ယင်းမာပင် တပ်ရင်းတစ်ခုက IO အရာရှိတစ်ယောက်လည်း စကစ ဆီအဖမ်းခံထားရတာရှိတယ်၊ ပြီးတော့လေကြောင်းတိုက်ခံရလာတာတွေလည်း များနေတယ် အဲ့နောက်ပိုင်းက"

စစ်ကောင်စီအနေနဲ့ စစ်ကိုင်းတိုင်းအတွင်းလေကြောင်းတိုက်ခိုက်မှုတွေကိုပြင်းပြင်းထန်ထန် ပြုလုပ်ရုံသာမက စစ်ကိုင်း၊မုံရွာဘက်တစ်ကြောမှ တော်လှန်ရေးအင်အားစုတွေလည်း ၎င်းတို့ထံ ဘက်ပြောင်းခိုလှုံမှုတွေရှိတယ်ဆိုတဲ့သတင်းမျိုးကို ယခုနောက်ပိုင်း ထုတ်လွှင့်လာတာတွေရှိနေတာမို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ သတိထားဆင်ခြင်ဖို့လိုအပ်တယ်လို့လည်း မြေပြင်အင်အားစုတွေက ဆိုကြပါတယ်။
https://www.facebook.com/share/p/17xPVEi3iD/
👍71👎1💔1
ထိုင်းဝန်ကြီးချုပ်ရဲ့ပါတီက သက်ဆင်ရဲ့ ဖူအွန်ထိုင်းပါတီနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့စည်းဖို့ သဘောတူ

BBM - ဖေဖော်ဝါရီ ၁၄

အနိုင်ရ ထိုင်းဝန်ကြီးချုပ် အနုတင်ရဲ့ ဘွန်ဂျိုင်ထိုင်းပါတီက သက်ဆင်ရဲ့ ဖူအွန် ထိုင်းပါတီနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့စည်းဖို့ သဘောတူညီခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၈ရက် နေ့က ပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ဘွန်ဂျိုင်ထိုင်း ပါတီဟာ တတိယနေရာရရှိထားတဲ့ ဖူအွန်ထိုင်း ပါတီနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူး က ဖေဖော်ဝါရီ ၁၃ နေ့က ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ အချက်အလက်တွေအပေါ် အခြေခံပြီးတော့ ရိုက်တာသတင်းဌာနရဲ့ တွက်ချက်မှုတွေအရ အနုတင်ဦးဆောင်တဲ့ ဘွန်ဂျိုင်ထိုင်း ပါတီဟာ ရွေးကောက်ပွဲနေ့မှာ အံ့အားသင့်ဖွယ် အောင်ပွဲခံခဲ့ပြီး အမတ်နေရာ ၅၀၀ ရှိရာ အောက်လွှတ်တော်မှာ ဘွန်ဂျိုင်ထိုင်းက ၁၉၃ နေရာ၊ ပြုပြင်ပြောင်းလဲရေးပါတီက ၁၁၈ နေရာနဲ့ လူကြိုက်များတဲ့ ဖူအွန်ထိုင်း ပါတီက ၇၄ နေရာ ရရှိခဲ့ကြောင်း သိရပါတယ်။

လက်ရှိမှာ ထောင်ချခံထားရတဲ့ ဘီလီယံနာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ ထောက်ခံမှုနဲ့ ဖူအွန်ထိုင်းပါတီရဲ့ ထောက်ခံမှုဟာ အနုတင်ကို လွှတ်တော်မှာ ‌‌နေရာအများစု ရရှိစေပြီး တည်ငြိမ်တဲ့ ညွန့်ပေါင်းအစိုးရတစ်ရပ်ဖြစ်ပေါ်စေခဲ့ပါတယ်။

“ကျွန်တော်တို့ အစိုးရတစ်ရပ်အနေနဲ့ အတူတကွ လုပ်ဆောင်ပြီး နိုင်ငံအတွက် ကောင်းတာတွေ လုပ်ဆောင်နိုင်အောင် စီမံခန့်ခွဲသွားမှာပါ”လို့ အနုတင်က ဖူအွန်ထိုင်းခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီးနောက် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဘွမ်ဂျိုင်ထိုင်းပါတီဟာ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ အာဏာရလာတဲ့ ဖူအွန်ထိုင်းပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပေမဲ့ ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ဝန်ကြီးချုပ် ပတောင်တန်ရှင်နာဝပ်နဲ့ ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆန်တို့အကြား ဖုန်းခေါ်ဆိုမှု ပေါက်ကြားပြီးနောက် မဟာမိတ်အဖွဲ့မှ နှုတ်ထွက်ခဲ့ရပါတယ်။

နောက်ပိုင်းမှာ တရားရုံးအမိန့်နဲ့ ပေထုန်ထန်ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး အနုတင်က ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။

“အတိတ်က အထင်အမြင်လွဲမှားမှုတွေကို ဖျောက်ဖျက်ပေးပါ” လို့ အနုတင်က ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ အတူတကွ လုပ်ဆောင်ပြီး နိုင်ငံကို အတူတကွ အုပ်ချုပ်ချင်ပါတယ်။”

ဖူအွန်ထိုင်းပါတီက အထွေထွေရွေးကောက်ပွဲမှာ တတိယနေရာက ရပ်တည်ခဲ့ပြီး အဆိုးရွားဆုံး ရွေးကောက်ပွဲရလဒ်ကြောင့် သက်ဆင်တည်ဆောက်ခဲ့တဲ့ နိုင်ငံရေးယန္တရားရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

"ဘယ်ပါတီနဲ့မှ လက်တွဲလုပ်ဆောင်ဖို့ ကျွန်တော်တို့မှာ အခြေအနေမရှိပါဘူး" လို့ ဖူအွန်ထိုင်းပါတီရဲ့ အထွေထွေအတွင်းရေးမှူး ပရာဆတ်ချန်ရူအန်သောင်က ပါတီဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ
သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ရဲ့ ဦးစားပေးကတော့ ပြည်သူတွေရဲ့ အကြီးမားဆုံး အကျိုးကျေးဇူးအတွက် ရှေ့ဆက်သွားဖို့ပါပဲ။"

သက်ဆင်ဟာ အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ်တစ်နှစ် ကျခံနေရပေမဲ့ နိုင်ငံရေးသဘောတူညီချက်နဲ့အတူ သတ်မှတ်ထားတဲ့အချိန်ထက် စောပြီး လွတ်မြောက်လာမယ်လို့ စောင့်ကြည့်သူများစွာက ခန့်မှန်းထားကြပါတယ်။

Reference - CNA
Translator-Richard
Photo - CNA
https://www.facebook.com/share/p/1HZ8vftzhr/
👍122
PNO တပ်ဖွဲ့ဝင် အသက်မပြည့်သေးသူ သေဆုံးမှုအပြီး အသုဘတာဝန်ကို ရွာသားများအား ခိုင်းစေ

BBM -ဖေဖော်ဝါရီ ၁၄
သတင်း - ခွန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PNOပြည်သူ့စစ် တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးမှုအပြီး အသုဘပွဲအခမ်းအနားကို ရွာသားများအား တာဝန်ပေး လုပ်ဆောင်ခိုင်းစေခဲ့တယ်လို့ ရွာသားများထံမှသိရပါတယ်။

သေဆုံးသွားတဲ့ တပ်သားက ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း သေဆုံးခဲ့တာဖြစ်ပြီး၊ ဟိုပုံးမြို့နယ် ခိုလှိုင်ကျေးရွာနေ အသက် ၁၆ နှစ်အရွယ် ခွန်‌အောင်ပန်း (ခ) ခွန်တဗွို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံတစ်ဦးက “အသုဘကိစ္စ အားလုံးကို ရွာသားတွေကိုပဲ လုပ်ခိုင်းတာပါ။ အိမ်မှာ ကျန်ခဲ့တဲ့ သူ့မိသားစုကိုလည်း သနားပါတယ်။ ရွာက တစ်အိမ်ကို ၅,၀၀၀ ကျပ်စီ ကောက်ပြီး အသုဘပွဲ လုပ်ပေးခဲ့ရပါတယ်။ အခုကာလက အလုပ်အကိုင်လည်း မရှိကြတော့ တော်တော်ခက်ခဲကြပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် သေဆုံးသွားတဲ့ တပ်သားက အသက် ၁၆ နှစ်သာ ရှိသေးပေမယ့် အုပ်ချုပ်ရေးမှု ဘက်က အသက်ကို ၁၈ နှစ်လို့ လိမ်ရေးပေးဖို့ ဖိအားပေး ခိုင်းစေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တကယ်တော့ အဲဒီကလေးက အသက် ၁၆ နှစ်ပဲ ရှိသေးတာပါ။ ဒါကို အသက် ၁၈ လို့ လိမ်ရေးခိုင်းတယ်။ မရေးရင် ပြဿနာတက်မယ်ဆိုပြီး ခြိမ်းခြောက်လာတော့ ရွာသားတွေလည်း ကြောက်ပြီး လိုက်ရေးပေးခဲ့ရတယ်” လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။

ခွန်အောင်ပန်းရဲ့ ဈာပနအခမ်းအနားကိုတော့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ခိုလှိုင်ကျေးရွာမှာ ပြုလုပ်ပေးခဲ့ပြီး မီးသဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဒေသခံတွေက အသက်မပြည့်သေးသူတွေကို စစ်ရေးလုပ်ငန်းတွေမှာ အသုံးချနေတာ၊ သေဆုံးမှုအပြီး တာဝန်တွေကို ပြည်သူတွေထံ အတင်းအကျပ် ချထားနေတာတွေဟာ မသင့်တော်ဘူးလို့ ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

PNO ပြည်သူ့စစ်တပ်က ပအိုဝ်းဒေသရှိ လူငယ်တွေကို တပ်ထဲဝင်ဖို့ အတင်းအဓမ္မ စစ်သားစုဆောင်းနေပြီး၊ စုဆောင်းပြီးတာနဲ့ ရှေ့တန်းကို ပို့နေတယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။

ပုံ-ပေးပို့

#bnews #bbm #bbmtv #PNO #shan
https://www.facebook.com/share/p/1C6zgAzYJS/
🤬4👎1👏1
ရာမညမွန်တပ်တော်က အခြေခံစစ်ပညာသင်တန်းအမှတ်စဥ် (၆)သင်တန်းဆင်းပွဲပြုလုပ်

BBM - ဖေဖော်ဝါရီ ၁၄
သတင်း - ကိုဘုဏ်း

ရာမညမွန်တပ်တော်က ဦးစီးပြုလုပ်ခဲ့ တဲ့ အခြေခံစစ်ပညာသင်တန်း အမှတ်စဥ် ၆ကို လွတ်မြောက်နယ်မြေတစ်နေရာ၌ ကျင်းပြုလုပ်ခဲ့တယ်လို့ RMA ကထုတ်ပြန်ထားပါတယ်။

သင်တန်းကာလအတွင်းအခက်အခဲများကိုကျော်ဖြတ်ပြီး ထူးချွန်အောင်စွမိးဆောင်နိုင်ခဲ့ကြတဲ့အတွက် သင်တန်းသားများကို ဂုဏ်ပြုလွှာများလည်းချီးမြှင့်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါသင်တန်းဆင်းပွဲကို မွန်ပြည်သစ်ပါတီ (စစ်အာရှင်စနစ်တိုက်ဖျက်ရေး)ရာမညမွန်တပ်တော်(NMSP(AD)/RMA)ဥက္ကဌနိုင်ဇေယျ၊ဗိုလ်ချုပ်စလွန်းထော်၊ဒုဗိုလ်မူးကြီးနိုင်မာဃ၊ဒုကျောင်းအုပ် ဗိုလ်ချမ်းထော်၊ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊နည်းဗျူဟာ ၃၃ ဗျူဟာမူး စောဒါးကို၊မွန်ပြည်တော်လှန်ရေးတပ် (MSRF)တပ်ရင်းမူး ဗိုလ်မူးကြီးနိုင်ဒရာဂွန်တို့တက်ရောက်ခဲ့ကြပြီး RMA ဥက္ကဌ နိုင်ဇေယျ၊ဗိုလ်ချုပ်စလွန်းထော်၊ဒုဗိုလ်မူးကြီးနိုင်မာဃ၊ဒုကျောင်းအုပ် ဗိုလ်ချမ်းထော်တို့မှ အားပေးအမှာစကားများပြောကြားခဲ့တယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။

Photo - RMA

#bbmnews #bbm #bbmtv #RMA #pdf
https://www.facebook.com/share/p/1BMpDhSXuD/
👍8
ယနေ့ကစားမယ့် ဆော်ဒီလိဂ်ပွဲမှာ ရော်နယ်လ်ဒို ပြန်ကစားမယ်

BBM - ဖေဖော်ဝါရီ ၁၄
သတင်း - David

Al-Nassr အသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ ဆော်ဒီလိဂ်ပြိုင်ပွဲအပေါ် သပိတ်မှောက်ထားမှုကို ရပ်တန့်ပြီး ယနေ့ကစားမယ့်
Al-Fateh နဲ့ပွဲမှာ ပြန်ကစားဖို့ရှိနေပါတယ်။

ရော်နယ်လ်ဒို(၄၁ နှစ်)ဟာ Al-Fatehနဲ့ အဝေးကွင်းခရီးစဉ်ကို အသင်းဖော်တွေနဲ့အတူ လိုက်ပါလာတာဖြစ်တယ်။

ရော်နယ်လ်ဒိုဟာ အသင်းပိုင်ရှင်ကုမ္ပဏီ Saudi Public Investment Fund (PIF)ရဲ့ အပြောင်းအရွှေ့မူဝါဒအပေါ် မကျေနပ်လို့ ဆန္ဒပြတဲ့
အနေနဲ့ အသင်းပွဲစဉ် သုံးပွဲကို ဝင်ရောက်မကစားခဲ့ပါဘူး။

ဆော်ဒီလိဂ်မှာ Al-Hilal၊ Al-Nassr၊ Al-Ittihadနဲ့ Al-Ahli စတဲ့ ထိပ်သီးလေးသင်းကို PIF က ၇၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်တာပါ။

၎င်းက ရီးရဲလ်အသင်းဖော်ဟောင်း ဘန်ဇီမာ Al-Ittihad အသင်းကနေ ချန်ပီယံပြိုင်ဘက် Al-Hilal အသင်းထံ ရောက်ရှိသွားခဲ့တဲ့အပေါ်
ဒေါသပေါက်ကွဲခဲ့ပါတယ်။

ရော်နယ်လ်ဒိုက ဆော်ဒီလိဂ်ကို ၎င်းရောက်ရှိလာတဲ့ ၂၀၂၂-၂၃ ရာသီကတည်းက Al-Hilalရဲ့ အပြောင်းအရွှေ့အသုံးစရိတ်ဟာ Al-Nassrထက်
ပေါင် သန်း ၁၈၀ လောက်ပိုများနေကြောင်း ထောက်ပြခဲ့ပါတယ်။

ရော်နယ်လ်ဒိုအနေနဲ့ ဆော်ဒီလိဂ်မှာ တစ်ပတ် ပေါင် ငါးသိန်းနီးပါး ရရှိနေပြီး Al-Nassr အသင်းနဲ့ ၂၀၂၇ ခုနှစ် နွေရာသီအထိ စာချုပ်သက်တမ်း
ရှိနေပါတယ်။

Photo - Social Media

#bbmnews #bbm #bbmtv #sportsnews #Ronaldo
https://www.facebook.com/share/p/1CWkbyxidx/
👍4
ဖားကန့်မှာ ကျည်ဆော့ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၁ ဦးသေဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာရ

BBM - ဖေဖော်ဝါရီ ၁၄
သတင်း - ကိုအိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တောင်ပြိုကျေးရွာမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကို ကလေးငယ်တွေက ကောက်ယူဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်ဦး သေဆုံးကာ နှစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့က ဖေဖော်ဝါရီလ ၁၃ ရက်၊ မနက်ပိုင်းမှာ ဖားကန့်မြို့နယ်၊ တောင်ပြိုကျေးရွာရှိ မှော်မောင်းချောင်းဘေး အမှိုက်ပုံအနီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တစ်လုံးကို အသက် ၈ နှစ်အရွယ် ကလေးငယ်တွေက တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

"မှော်မောင်းချောင်းဘေး အမှိုက်ပုံအနားက မပေါက်ကွဲသေးတဲ့ ကျည်ကို ကလေးတွေက ကောက်ရပြီး ကျောက်ခဲပေါ်တင်ပြီး ထုရိုက်ဆော့ကစားရင်း ပေါက်ကွဲသွားတာပါ"လို့ ဖားကန့်ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် အသက် ၈ နှစ်အရွယ် ယောကျာ်းလေး တစ်ဦးမှာ ပွဲချင်းပြီး သေဆုံးသလို မိန်းကလေးငယ်တစ်ဦးနဲ့ ယောက်ျားလေးတစ်ဦးမှာ ပြင်းထန်ဒဏ်ရာနဲ့ မြစ်ကြီးနား ဆေးရုံကို အရေးပေါ်ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

"ကလေးတစ်ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်၊ နှစ်ယောက်ကိုကတော့ ပြင်းထန်ဒဏ်ရာနဲ့ မြစ်ကြီးနား ပို့ထားရတယ်၊ တခြားတယောက်တော့ မစိုးရိမ်ရတဲ့ ဒဏ်ရာရတယ်"လို့ ဖားကန့်ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်ကလည်း ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် လမ်းဘေးမှာ ထောင်ထားတဲ့ မြေမြှုပ်မိုင်း နင်းမိပြီး သင်းထောက်ဆရာတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိမှာ စစ်ရေးပဋိပက္ခများအတွင်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေနဲ့ မြေမြှုပ်မိုင်းတွေ ပြည်သူများအတွက် ကြီးမားသောအန္တရာယ် ဖြစ်နေပြီး မိဘတွေအနေနဲ့ မိမိတို့ရဲ့ ကလေးငယ်တွေကို သံသယဖြစ်ဖွယ် လက်နက်ပစ္စည်း၊ စစ်ကျန်ခဲယမ်းတွေကို မကိုင်တွယ်၊ မဆော့ကစားကြဖို့ အထူး အသိပညာပေးကြဖို့လည်း လိုအပ်တယ်လို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

Photo - Social Mediahttps://www.facebook.com/share/p/171TsY5CiF/
😢5😭1
ဖလမ်းမြို့နယ်မှာ စစ်ကောင်စီ စခန်းတစ်ခုကို သိမ်းပိုက်ရရှိပြီး စစ်သုံ့ပန်း နှစ်ဦး ဖမ်းမိ

BBM - ဖေဖော်ဝါရီ ၁၄
သတင်း - ကိုအိုက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ စခန်းကုန်းတစ်ခုကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိပြီး စစ်သုံ့ပန်းနှစ်ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က BBM ကို ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက်၊ မနက် ၁ နာရီဝန်းကျင်မှာ သိုင်းငင်းမှ ဖလမ်းမြို့ကို စစ်ကူပေးဖို့ ချီတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို Tuphei နဲ့ Lumbang ကျေးရွာအကြားမှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

"သိုင်းငင်းဘက်ကနေ ဖလမ်းမြို့ကို ထွက်လာတဲ့ စစ်ကူစစ်ကြောင်းဟာ Tuphei နဲ့ Lumhang ကြားမှာ ခြေကုတ်နေရာယူထားတဲ့ စခန်းတခုရှိတယ်၊ အဲဒီစခန်းကို မနေ့ည သန်ခေါင်ယံ အချိန်လောက်မှာ သွားတိုက်တာပါ၊ စခန်းကုန်းထိ ဝင်တိုက်နိုင်ခဲ့ပါတယ်"လို့ ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်က BBM ကို ပြောပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်မှ အများအပြားထိခိုက်သေဆုံးခဲ့သလို စစ်သုံ့ပန်းနှစ်ဦးကို အရှင်ဖမ်းဆီးရမိပြီး သေနတ်မျိုးစုံ (၁၁) လက် သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၁၃ ရက်၊ ညကလည်း ဖလမ်းမြို့နယ်၊ မဏိပူရ်မြစ်ဘေးမှာ ချင်းပူးပေါင်းတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ရာ စစ်ကောင်စီဘက်မှ ဝှက်ထားခဲ့တဲ့ လက်နက်ကြီးကျည် အများအပြား တွေ့ရှိခဲ့ပါတယ်။

"ညက မဏိပူရ်မြစ်ကမ်းဘေးမှာ တပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်၊ အဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖွက်ထားတဲ့ လက်နက်ခဲယမ်းမျိုးစုံကို သိမ်းဆည်းရမိတာရှိတယ်"လို့ ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်က BBM ကို ပြောပါတယ်။

သိမ်းဆည်းရမိသော ခဲယမ်းများမှာ ၁၂၂ မမ ရှော့တိုက်ဒုံးတွေ၊ ၁၂၀ မမ၊ ၈၁ မမ၊ RPG ဗုံးသီးတွေနဲ့ ဒရုန်းဗုံးသီးတွေ ဖြစ်ပါတယ်။

လတ်တလောမှာ ဖလမ်းမြို့နယ်အတွင်း စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီက ကလေးမြို့ကနေ အင်အားတွေဖြည့်တင်းနေတယ်လို့ သိရပါတယ်။

#bbmnews #bbm #bbmtv #phalam #chin
https://www.facebook.com/share/p/17ziuqAcXE/
👍8👏1
ကမ္မမြို့မှာ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူ ၃ ဦးသေဆုံး

BBM - ဖေဖော်ဝါရီ ၁၄
သတင်း - ခက်ဆစ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်သားနဲ့ ပျူ အင်အား ၂၅၀ ခန့်ကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနဲ့ ပျူ ၃ ဦးသေဆုံးခဲ့တယ်လို့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံမှ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်၊ မနက် ၆ နာရီခန့်မှာ ကမ္မရဲစခန်းမှ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကမ္မစျေးထဲမှာ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေစဉ်မှာ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

"မြိုင်တို့ ကမ္မတို့ ပတ်ချာလည် စစ်ကြောင်းပတ်ထိုးနေတဲ့ အင်အား ၂၅၀ ဝန်းကျင်စစ်ကြောင်းကို ကျနော်တို့ ကမ္မရဲစခန်းရဲ့မှ အရှေ့ဘက်နား စျေးနားမှာ တိုက်ပွဲစဖြစ်ခဲ့တာဗျ၊ သူတို့က စျေးကနေ အရှေ့ဘက်ကို ထွက်အလာမှာ ကျနော်တို့က အသင့်စောင့်ပြီး တိုက်ပွဲဖြစ်တာဗျ" လို့ ဧရာဒေါင်းတပ်ဖွဲ့မှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရှိန်းက BBM ကိုပြောပါတယ်။

တိုက်ပွဲကြာချိန်ဟာ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ စစ်သားနဲ့ ပျူ ၃ ဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

"ကျနော်တို့ တပ်တွင်းသတင်းတွေအရတော့ စစ်ခွေးဘက်က ၃ ယောက်နေရာတင်ပွဲချင်းပြီးသေတယ်တဲ့ဗျ၊ ထိခိုက်ဒဏ်ရာရအများအပြားနဲ့ ညောင်ဂျစ်ပင်ပျူစခန်းကို ပြန်လည်ခေါ်ဆောင်သွားတယ်လို့ သိရတယ်ဗျ၊ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာရ မရှိဘူးဗျ" လို့ သူက ဆက်ပြောပါတယ်။

ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ မိတ်ဖက်အဖွဲ့အစည်းများစွာနဲ့ ဘုံရန်သူကို အတူတကွ ရဲဘော်ရဲဘက်စိတ်နဲ့ တိုက်ခိုက်သွားမှာ ဖြစ်ကြောင်းအသိပေးထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဧရာဒေါင်း‌ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ABSDF အမှတ်(၃)စစ်ကြောင်း၊ ကံမ္မတပ်ပေါင်းစု၊ PC စစ်ကြောင်း၊ မကွေး PDF ၊ မြို့နယ်ပြည်သူ့လုံခြုံရေးအင်အားစုနဲ့ SAF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးအင်အားစုတွေဘက်မှာ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းက ‌ညောင်ဂျစ်ပင်ပျူစခန်းမှာ အင်အား ထပ်မံဖြည့်တင်းနေပြီး နောက်တကြိမ် စစ်ကြောင်းထိုးဖို့ ရှိနေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ စစ်ကြောင်းနဲ့ဝေးရာမှာ နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

Video - Ayar Daung

#bbmnews #bbm #bbmtv #AyarDaung #drone
https://www.facebook.com/share/v/17VZggVFq9/
👍10