သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းလာတဲ့စကစကို ကြားဖြတ် တိုက်ခိုက်မှု စကစ ၉ ဦးသေပြီး သေနတ် ၇ လက် သိမ်းဆည်းရရှိ
BBM-ဖေဖော်ဝါရီ ၁၁
သတင်း-မင်းသော်
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့ စကစစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စကစ၉ ဦးသေဆုံးပြီး သေနတ် ၇ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က သရက်ချောင်းမြို့မှတဆင့် ဝင်းဝတပ်စခန်းကိုတပ်အင်အား ဖြည့်ဖို့လာတဲ့ စကစရဲ့တပ်ရင်း ၄၀၃ ၊ ၄၀၄ ၊ ၄၀၅ ပူးပေါင်းစစ်ကြောင်းကို KNLA တပ်မဟာ ၄ တပ်ရင်း ၁၂ ၊ တပ်မဟာ ၆ တပ်ရင်း ၂၇ တော်လှန်ရေးပူးပေါင်းစစ်ကြောင်းတို့က တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စကစ ဘက်မှ ၉ ဦးသေဆုံးပြီးနောက် MA-1 သေနတ် ၂ လက်၊ MA-3 သေနတ် ၅ လက်အပါ ခဲယမ်းပစ္စည်းတချို့ ကိုသိမ်းဆည်းနိုင်ခဲ့တယ်လို့ KNU မြိတ်ထားဝယ် ခရိုင်က ထုတ်ပြန်ထားပါတယ်။
#bbm #bbmtv #bbmnews #thayetchaung #tanintharyi
https://www.facebook.com/share/p/1AoH8MZW9g/

Facebook
Log in or sign up to view
See posts, photos and more on Facebook.
👍8❤1👏1
ကောလင်းအနောက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စကစ ကိုတိုက်ခိုက်ရာ စစ်သားအများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းမိ
🟥တော်လှန်ရေးဘက်မှလည်း PDF ရဲဘော် ၂ ဦးလည်းကျဆုံး
BBM-ဖေဖော်ဝါရီ၁၁
သတင်း-မင်းသော်
ကောလင်းမြို့အနောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကို တိုက်ခိုက် ရာ စစ်သားအများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းမိရရှိသလို တော်လှန်ရေးဘက်မှလည်း PDF ရဲဘော် ၂ ဦးကျဆုံးခဲ့တယ်လို့ ကောလင်းခရိုင် တပ်ရင်း(၂)က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ရက်နေ့က ကောလင်းမြို့တွင်းမှ စစ်ကောင်စီအင်အား၂၀၀ ကျော်ဟာ ကောလင်းမြို့အနောက်ခြမ်း သရက်ခုံကျေးရွာကို စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးအင်အားစုတွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီအမြောက်အများသေဆုံးခဲ့သလို လက်နက်ခဲယမ်းများကိုလည်း သိမ်းပိုက်နိုင်ခဲ့ပေမဲ့ တော်လှန်ရေးရဲဘော်(၂)ဦးသေဆုံးခဲ့တယ်လို့ ကောလင်ခရိုင် တပ်ရင်း(၂) ကထုတ်ပြန်ကြေငြာထားပါတယ်။
Video-ကောလင်းခရိုင် တပ်ရင်း(၂)
https://www.facebook.com/share/v/1CKgo6Qu3V/

👍6❤1👏1
အမေရိကန်မှာ ဗုဒ္ဓဘာသာ ရဟန်းတော်တွေရဲ့ ‘’ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ’ဟာ မြို့တော် ဝါရှင်တန်ဒီစီမှာ အဆုံးသတ်မှာဖြစ်
BBM - ဖေဖော်ဝါရီ ၁၂
သတင်း - Richard
အမေရိကန်နိုင်ငံမှာ ဗုဒ္ဓဘာသာရဟန်းတော်တဖွဲ့ရဲ့ ရက်သတ္တပတ် ၁၅ ပတ်ကြာ မိုင် ၂၃၀၀ ရှည်လျားတဲ့ ‘ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ’ဟာ ဖေဖော်ဝါရီလ ၁၁ရက်
ဗုဒ္ဓဟူးနေ့မှာ ပြီးဆုံးတော့မှာပဲဖြစ်ပါတယ်။
ဆရာတော် ဘိက္ခု ပညာကာရ ဦးဆောင်တဲ့ ရဟန်းအဖွဲ့ဟာ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်၊ အာလင်တန်မှာ တစ်ညတာ အိပ်စက်ပြီးနောက် မနက် ၈ နာရီခန့်မှာ ပိုတိုမက်မြစ်ပေါ်ရှိ Chain Bridge(ချိန်း တံတား) ကို ဖြတ်ကျော်ကာ နိုင်ငံရဲ့ မြို့တော် ဝါရှင်တန် ဒီစီကို နာရီပေါင်းများစွာ စောပြီး ဝင်ရောက်လာခဲ့ကြပါတယ်။
ရဟန်းတော်တွေရဲ့ အဆိုပါ ခရီးစဉ်ဟာ အောက်တိုဘာ ၂၆ ရက်နေ့က တက္ကဆက်ပြည်နယ်၊ ဖို့တ်ဝါ့သ်မှာ စတင်ခဲ့ပြီး ၁၀၈ ရက်အကြာမှာ ဆရာတော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ မြို့တော် ဝါရှင်တန်ဒီစီမြို့မှာ အဆုံးသတ်မှာပဲဖြစ်ပါတယ်။
ဒီနေ့ မနက်အစော ၄နာရီထပြီး ရွှေစင်တိပိဋက ဆရာတော်နဲ့အတူ W4Pအဖွဲ့နဲ့ သွားပူးပေါင်းတဲ့အခါ လမ်းမလျှောက်ခင် အဖွဲ့ Meeting လုပ်ပါတယ်။
ဆရာတော် ဦးပညာကာရ
အဓိက မိန့်ကြားတာကတော့ သံဃာတွေအနေနဲ့ ဗုဒ္ဓသာသနာတော်နဲ့ သံဃာ့အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာမကျစေဖို့ရန်အတွက် လမ်းလျှောက်နေစဉ် ဖုန်းမသုံးရ၊ ဓာတ်ပုံမရိုက်ရ၊ ဗီဒီယိုမရိုက်ရ၊ Liveမလွင့်ရ၊ ဗီဒီယို၊ ဓာတ်ပုံနဲ့ဆိုင်တဲ့ ဘာဆိုဘာမှကို မလုပ်ရ၊ စကားလည်း လုံးဝ (လုံးဝ) မပြောရ အခမ်းအနားအတွင်းရောက်နေစဉ်လည်း အထက်ပါအရာတွေကို မလုပ်ရဘူး”လို့ ဆိုကြောင်း ဆရာတော် သီရိ သုမင်္ဂလ သာမိက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
တကယ်လို့ လမ်းလျှောက်နေရင်း ဖုန်းပြောတာ၊ ဓာတ်ပုံရိုက်တာ၊ ဗီဒီယိုရိုက်တာ၊ စကားပြောတာ စတာတွေကို စေတနာ့၀န်ထမ်း (Volunteer) တစ်ယောက်ယောက်ကတွေ့လို့ လာပြောတဲ့အခါ ချက်ချင်းထွက်ခွါပေးရမှာဖြစ်ပြီး ဒုတိယအခွင့်အရေး မရှိဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် လမ်းလျှောက်ရင်း သကြားလုံးစတဲ့ အရာတစ်ခုခုကို သုံးစွဲတဲ့အခါ အမှိုက်တွေ လမ်းဘေးမပစ်ဘဲ မိမိအိတ်ထဲသာထည့်ခဲ့ဖို့နဲ့ အိမ်သာတွေတက်ပြီးရင်လည်း အိမ်သာကို ရေသေချာဆွဲချဖို့၊ အိမ်သာခွက်ပေါ်မှာ အညစ်အကြေး၊ ရေစက် စတဲ့အရာတွေ တင်ကျန်နေတာ၊ အောက်ကို ဖိတ်စဉ်နေတာရှိရင်လည်း နောက်လူအတွက် သေချာသုတ်သင် သန့်ရှင်းပေးခဲ့ရမှာဖြစ်ပြီး လက်ဆေးတဲ့ နေရာကိုလည်း သန့်ရှင်းပေးခဲ့ဖို့ မှာကြားခဲ့တယ်လို့ ဆရာတော် သုမင်္ဂလက ဆိုပါတယ်။
အကယ်၍ အိမ်သာသုံးတာ၊ ရေချိုးခန်းသုံးတာမှာ ညစ်တီးညစ်ပတ်ထားခဲ့ရင် ပိုင်ရှင်တွေက တပည့်တော်တို့ ပြန်သွားလို့ ဒါတွေကို တွေ့သွားမယ်ဆို ရဟန်းတော်တွေရဲ့ သံဠာတွေနဲ့ သာသနာ ဂုဏ်ပျက်မှာဖြစ်ကြောင်း ဆရာတော် ပညာကာရက မိန့်ကြားခဲ့ကြောင်းဆိုပါတယ်။
အခုလို မိန့်ကြားရတဲ့အတွက် အမှားပါတာ၊ စကားကြမ်းတာတွေရှိခဲ့၊ ပါခဲ့ရင် ခွင့်လွှတ်ပေးပါဘုရား ဆိုပြီး ဦးဆောင်သူ ဆရာတော် ပညာကာရက လျှောက်ခဲ့သေးကြောင်း ဆရာတော် သုမင်္ဂလက ရေးသားထားပါတယ်။
“ဒီနေ့မှာ သံဃာ ၂၀၀-၃၀၀ လောက်ရှိပါတယ်။
မနက်ဖန် များမလား၊ နည်းမလားမသိရသေးပါဘူး၊ မနက်ဖန်ကတော့ တအားအရေးပါတဲ့ နေရာတွေဖြစ်ပါတယ်၊ လူပေါင်းသောင်းချီကို တွေ့ရမယ့် နေရာတွေပါ၊ ငြိမ်းချမ်းရေး အထိမ်းအမှတ် ကျောက်စာတိုင်နေရာနဲ့ သမ္မတလင်းကွန်းရုပ်တုရှိရာ သမိုင်းဝင်နေရာတွေပါ၊ ပိုဂရုစိုက်ရပါမယ်”လို့ ဆရာတော် သုမင်္ဂလက ရေးသားထားပါတယ်။
ဒါ့ကြောင့် ရဟန်းတော်တို့ရဲ့ အပြုအမူနဲ့ သံဃာ့ဂုဏ်၊ သာသနာ့ဂုဏ်ကို မြှင့်တင်နိုင်ကြပါစေလို့ ရေးသားထားပါတယ်။
ဒီနေ့မှာ ရဟန်းတော်တွေဟာ မနက် ၉နာရီခွဲခန့်မှ စတင်ကာ ဝါရှင်တန်ဒီစီရှိ ကက်ပီတယ်တောင်ကုန်းရှိ ငြိမ်းချမ်းရေးအထိမ်းအမှတ်ကို ချီတက်ခြင်းဖြင့် အဆုံးသတ်မှာပဲဖြစ်ပါတယ်။
အဲ့ဒီနောက် နေ့လယ် ၁နာရီခွဲမှာ လင်ကွန်းအထိမ်းအမှတ်ကို လမ်းလျှောက်ဖို့ စီစဉ်ထားပြီး နေ့လယ် ၂နာရီခွဲမှာ “ငြိမ်းချမ်းရေးစုဝေးပွဲနဲ့ နိဂုံးချုပ်အခမ်းအနား”ကို ကျင်းပမှာပဲဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁၂ရက် ကြာသပတေးနေ့မှာ စမှတ် မေရီလန်းပြည်နယ်၊ အန်နာပိုလစ်မြို့ရှိ ဘတ်စ်ကားစီးကာ ဖို့ဝါ့သ်ကို ပြန်ကြွကြမှာပဲဖြစ်ပါတယ်။
အဆိုပါ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲမှာ ခွေးလေး အာလိုကာ(Aloka)ဟာလည်း ဆရာတော်တို့နဲ့ မိုင်ပေါင်း ၂၃၀၀ကျော် လမ်းလျှောက်ခဲ့တာကြောင့် ‘ငြိမ်းချမ်းရေး ခွေးလေး'အဖြစ် ကျော်ကြားခဲ့ပါသေးတယ်။
Reference- The Guardian/ The Well News
https://www.facebook.com/share/r/1KdbPCP9EW/

👍8🙏1
မှော်ဘီမှာ ပေါ်တာဆွဲဖို့ ထွက်လာတဲ့ ရဲနဲ့ပျူတွေကို လက်ပစ်ဗုံး၊လက်လုပ်မိုင်းတွေနဲ့ တိုက်ခိုက်
BBM - ဖေဖော်ဝါရီ ၁၂
သတင်း - ကိုဘုဏ်း
ရန်ကုန်တိုင်း၊မှော်ဘီမြို့နယ်မှာ ညအချိန်ပေါ်တာဆွဲဖို့ထွက်လာတဲ့ စစ်ကောင်စီလက်ပါးစေ ရဲနဲ့ ပျူစောထီးတွေကို ဖေဖော်ဝါရီလ ၁၀ရက်နေ့ညက လက်ပစ်ဗုံး၊လက်လုပ်မိုင်းတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက် Network ကထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၁၀ရက်နေ့ည ၁၀နာရီဝန်းကျင်မှာ မတရားလူဖမ်းပေါ်တာဆွဲဖို့အတွက် မှော်ဘီရဲစခန်းမှ အိမ်စီးကား နှစ်စီးနဲ့ အတူ စစ်ကောင်စီလက်ပါးစေ ရဲနဲ့ပျူစောထီးများထွက်လာကြတယ်လို့သိရပါတယ်။
စစ်ကောင်စီလက်ပါးစေတွေ လိုက်ပါလာတဲ့ကားတွေကို အချိန်ကိုက် ဗုံးပစ်တိုက်ခိုက်ခဲ့တာကြောင့် ကားကိုတိုက်ရိုက်ထိမှန်ခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်မှာ ထိခိုက်သေဆုံးမှု စာရင်းကိုတော့အတိအကျမသိရသေးပါဘူးလို့ ဆိုပါတယ်။
မြို့ပြကြွက်ကွန်ယက်အနေနဲ့ စစ်အာဏာရှင်စနစ်ချူပ်ငြိမ်းသည်အထိပြည်သူများနဲ့အတူရပ်တည်တိုက်ပွဲဝင်မှာဖြစ်ပြီးပြည်သူများအနေဖြင့်လည်း လူထုအပေါ်ဖိနှိပ် နေတဲ့မည်သည့်လက်ပါးစေ လက်ကိုင်တုတ်များရဲ့သတင်းကို မြို့ပြကြွက်ကွန်ယက်ကို ပေးပိုနိုင်ကြောင်းထုတ်ပြန်ကြေငြာထားပါတယ်။
https://www.facebook.com/share/p/1BfQXJ31jD/

👍8👏2
မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံနယ်မြေရဲစခန်းမှထွက်လာတဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်
BBM - ဖေဖော်ဝါရီ ၁၂
သတင်း - ခက်ဆစ်
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ရွှေပေါက်ကံနယ်မြေရဲစခန်းမှ ထွက်လာတဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army YA ယမန်နေ့၊ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၁ ရက်၊ ည ၁၁ နာရီ ၄၃ မိနစ်မှာ ရွှေပေါက်ကံနယ်မြေရဲစခန်းရှိ ရဲများ အပြင်ထွက်လာစဉ် စခန်းရဲ့ အရှေ့တည့်တည့်မှာ ရှေ့ထွက်မိုင်းတစ်လုံးနဲ့ ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ တိုက်ခိုက်မှု အခြေအနေ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး Yangon Army YA အဖွဲ့ကို BBM က ဆက်သွယ်ထားပေမဲ့ ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။
စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ပစ်မှတ်တွေ၊ စစ်ကောင်စီပြုလုပ်ခဲ့တဲ့ တရားမဝင်ရွေးကောက်ပွဲမှ တက်လာတဲ့ အစိုးရဆိုသူတွေကိုလည်း ဆက်လက်ပြီး အပြင်းအထန်တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Yangon Army YA နဲ့ ရန်ကုန်တိုင်း ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ (၇) ရဲဘော်တွေ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်မှာလည်း ရွှေပေါက်ကံနယ်မြေရဲစခန်းမှ ကင်းလှည့်ထွက်လာတဲ့ ရဲတွေကို Yangon Army YA နဲ့ အနောက်ပိုင်းခရိုင် ပကဖ တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။
Photo - ပုံဟောင်း
#bbmnews #bbm #bbmtv #northokkalapa #shwepaukkan #police
https://www.facebook.com/share/p/14Wm7szrmue/

BBM News
မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံနယ်မြေရဲစခန်းမှထွက်လာတဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်
BBM - ဖေဖော်ဝါရီ ၁၂
သတင်း - ခက်ဆစ်
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ...

❤8👏2
မိုးကုတ်မှာ ကျောက်ရှာတဲ့သူတွေကို စစ်တပ်ကပစ်ခတ်ဖမ်းဆီးသဖြင့် ကျောက်သမား ၁ ဦး ကျည်ထိပြီးခြေထောက်ဖြတ်ရ
BBM - ဖေဖော်ဝါရီ ၁၂
သတင်း - Richard
လက်ရှိ စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျောက်ရှာတဲ့သူတွေကို ပစ်ခတ်ဖမ်းဆီးမှုတွေရှိနေပြီး ကျောက်သမားတစ်ဦး ကျည်ထိမှန်တာကြောင့် ခြေထောက်ဖြတ်လိုက်ရတယ်လို့ ဒေသခံတစ်ဦးက BBM ကိုပြောပါတယ်။
မိုးကုတ်မြို့မှာ ကျောက်ရှာတဲ့သူတွေဟာ စစ်ကောင်စီတပ်ကို ဆပ်ကြေးပေးထားပေမဲ့လည်း အခုလို ဖမ်းဆီးခံရမှုတွေ ရှိနေတာပါ။
“ခနဲဆေးသမားဆို ၅သောင်း၊ တွင်းသမားဆို ၁ သိန်း ပေးရတယ်ဗျ၊ ဒီကောင်တွေ(စစ်ကောင်စီ)က ပိုက်ဆံကောက်တာတစ်ဖွဲ့၊ လာဖမ်းတာတစ်ဖွဲ့ဗျ”လို့ အဆိုပါ ဒေသခံက ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကုတ်မြို့ဂေါက်ကွင်းမှာ တွင်းလုပ်နေတဲ့ တွင်းသမားတွေကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ် ဖမ်းဆီးတာကြောင့် ပေါင်ကျည်ထိမှန်ပြီး ဖြတ်လိုက်ရတယ်လို့ သိရပါတယ်။
“တချို့တွေကျတော့လည်း နေ့ခင်းလုပ်မရတော့ ညဘက်လာခိုးလုပ်တာ၊ အဓိကက ပြီးခဲ့တဲ့ ရက်ပိုင်းက သိန်းထောင်ပိုင်း တစ်ပွင့်ရတော့ လောဘတက်ပြီး ပြန်သွားလုပ်ကြတာ၊ အဲ့မှာ စကစက လိုက်ဖမ်ရင်း ဖမ်းမိတဲ့သူကဖမ်းမိတယ်၊ ထိသွားတဲ့ အဲ့တစ်ယောက်ကတော့ ခြေတစ်ဖက်ဆုံးရှုံးလိုက်ရတယ်”လို့ အဆိုပါဒေသခံက ဆိုပါတယ်။
လက်ရှိမှာတော့ ဖမ်းမိတဲ့သူတွေကို စစ်ကောင်စီတပ်က ပိုက်ဆံတောင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ လပိုင်းအတွင်းကလည်း မိုးကုတ်ထောင်အနီးရှိ ချောင်းထဲမှာ ခနဲဆေး(ကျောက်ရှာ)သမား အယောက် ၁၀၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါသေးတယ်။
#bbmnews #bbm #bbmtv #mogok #pdf
Video - ပေးပို့
https://www.facebook.com/share/r/187Mex1UEd/

🤬10
ကလေးမြို့မှ စစ်ကောင်စီအင်အားဖြည့်စစ်ကြောင်း သိုင်းငင်းရွာကို ထပ်မံရောက်ရှိ
BBM - ဖေဖော်ဝါရီ ၁၂
သတင်း - ကိုအိုက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ထွက်ခွာလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကလေး - တီးတိန် ကားလမ်းရှိ သိုင်းငင်းကျေးရွာကို ထပ်မံရောက်ရှိလာတယ်လို့ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ Forland အမျိုးအစား မော်တော်ယာဉ် ၅ စီးနဲ့ မနေ့က ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ နေ့လယ်မှာ ရောက်ရှိလာတာဖြစ်ပြီး လက်ရှိမှာ စစ်ကြောင်းဟာ သိုင်းငင်းကျေးရွာအတွင်းမှာ အခြေပြုထားတယ်လို့ သိရပါတယ်။
"သိုင်းငင်းကို ကလေးဘက်က စစ်သားတွေ ကားတွေနဲ့ ထပ်ရောက်တယ်၊ အင်အားတော့ အသေးစိတ် မသိဘူး၊ ကားငါးစီးဆိုတော့ အင်အားများတော့ များပါတယ်"လို့ တီးတိန်မြို့နယ်ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
စစ်ကြောင်းဟာ မည်သည့်နေရာ ဆက်လက်ဦးတည်မည်ကို အတိအကျ မသိရသေးသဖြင့် ပြည်သူတွေအနေနဲ့ သွားလာရေးမှာ အထူးဂရုပြုကြဖို့ PDF-Zoland စစ်ဦးစီးချုပ် က သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှတဆင့် သတိပေးထားပါတယ်။
အခု ထပ်မံရောက်ရှိလာတဲ့ မော်တော်ယာဉ် ၅ စီးပါ စစ်ကြောင်းဟာ ဗားလုံကျေးရွာအနီးမှာ ပိတ်မိနေတဲ့ စစ်ကြောင်းကို အင်အားဖြည့်ဖို့ (သို့) ရိက္ခာပို့ဆောင်ဖို့အတွက် ဖြစ်နိုင်တယ်လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သုံးသပ်ကြပါတယ်။
"ကားတွေနဲ့လာတယ်ဆိုတော့ ရိက္ခာတွေ၊ ခဲယမ်းတွေနဲ့ တပ်အင်အားဖြည့်တာဖြစ်မယ်၊ ဘယ်ကို ဦးတည်မလဲဆိုတာ မသိပေမဲ့ ဗားလုံမှာပိတ်မိနေတဲ့ စစ်ကြောင်းကို အင်အားဖြည့်တာဖြစ်နိုင်တယ်၊ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်ပါတယ်"လို့ ရှေ့တန်းစစ်ရေးသတင်းမြစ်က BBM ကို ပြောပါတယ်။
အဆိုပါ လမ်းကြောင်းတစ်လျှောက်မှာ စစ်ကောင်စီနဲ့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
စစ်ကောင်စီဟာ ချင်းပြည်မြောက်ပိုင်းကို ဝင်ရောက်ရာမှာ အချက်အချာကျတဲ့ ကလေး-သိုင်းငင်း ကားလမ်းမကြီး အလုံးစုံထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလျက်ရှိနေပါတယ်။
လက်ရှိမှာ ဟိန်ဇိန်ကျေးရွာ၊ မွှာလ်ပီးကျေးရွာ၊ သိုင်းငင်းကျေးရွာ စတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ အခြေချတပ်စွဲထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း ဖလမ်းမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အထိနာနေတဲ့ ၎င်းတို့တပ်ဖွဲ့ဝင်တွေ အင်အားဖြည့်တင်းဖို့ ကလေးမြို့မှ စစ်သားအင်အား ၃၀၀ ခန့် သိုင်းငင်းဘက်သို့ စစ်ကူစေလွှတ်ခဲ့ပါတယ်။
အဲဒီ စစ်ကူစစ်ကြောင်းဟာ သိုင်းငင်းနဲ့ ဖလမ်းမြို့အကြားရှိ လမ်းကြောင်းမှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကို အပြင်းအထန် ခံခဲ့ရပါတယ်။
ဒါ့ကြောင့် လက်ရှိမှာ အဲဒီစစ်ကြောင်းဟာ ဗားလုံကျေးရွာအနီးမှာ ရှေ့ဆက်တိုးလို့မရဘဲ ပိတ်မိပြီး သောင်တင်နေတာ ဖြစ်ပါတယ်။
#bbm #bbmtv #bbmnews #Kalay #Sagaing
https://www.facebook.com/share/p/1A7mKd3btF/

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ထွက်ခွာလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ချင်းပြည်နယ်၊...

👍7
တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ကြိုးပမ်းမှုကြောင့် နွေဦးတော်လှန်ရေး အားကောင်းခဲ့ကြောင်း NUG ယာယီသမ္မတ ပြောကြား
BBM - ဖေဖော်ဝါရီ ၁၂
သတင်း - Richard
ခေတ်အဆက်ဆက်က တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် နွေဦးတော်လှန်ရေး အားကောင်းခဲ့တာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ (၇၉)နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့(ပြည်ထောင်စုနေ့) အထိမ်းအမှတ်အခမ်းအနားမှာ NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
တိုင်းရင်းသား ခေါင်းဆောင်အသီးသီးဟာ ပြည်ထောင်စုစစ်စစ်မူ ဖြစ်ထွန်းပေါ်ပေါက်ဖို့ နိုင်ငံရေးနည်းနဲ့ ကြိုးစားခဲ့ကြသလို အမျိုးသားရေးနည်းလမ်းတွေနဲ့လည်း ကြိုးစားခဲ့ကြတဲ့အပြင် ခုခံတော်လှန်ရေးနည်းလမ်းတွေနဲ့လည်း ပြည်ထောင်စုစစ်စစ် ဖြစ်ထွန်းပေါ်ပေါက်ဖို့ အားထုတ်ခဲ့ကြတာတွေ့ရကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။
“တိုင်းရင်းသားခေါင်းဆောင်အဆက်ဆက်ရဲ့ ကြိုးစားအားထုတ်မှုတွေဟာ အလကားမဖြစ်ခဲ့ဘူးဆိုတာ၊ လက်ရှိ ဖြတ်သန်းနေတဲ့ နွေဦးတော်လှန်ရေးက သက်သေပြနေပါတယ်” လို့ NUG အစိုးရ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။
တိုင်းရင်းသားပြည်သူတစ်ရပ်လုံးဟာ ရှေးရိုးစွဲပဒေသရာဇ်စစ်ဘုရင်တွေရဲ့ လက်အောက်မှာ အထွေထွေ မညီမျှမှုတွေကို ခံစားခဲ့ကြရပြီး ကိုလိုနီနယ်ချဲ့စနစ် လက်အောက်မှာလည်း အမျိုးသားရေးစိတ် ငြိုးငယ်စွာနဲ့ ဖြတ်သန်းကျော်ဖြတ်ခဲ့ကြရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ လွတ်လပ်ပြီး ခေတ်နောက်ပိုင်းမှာလည်း တိုင်းရင်းသားပြည်သူတစ်ရပ်လုံးဟာ စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒရဲ့ ဖိနှိပ်မှုကို အနုနည်းနဲ့ရော၊ အကြမ်းနည်းနဲ့ပါ ခံစားခဲ့ကြရတယ်လို့ ဆိုထားပါတယ်။
နိုင်ငံရေးအရ ဖိနှိပ်မှု၊ လူမျိုးရေးအရ ဖိနှိပ်မှု အပါအဝင်၊ စနစ်အရ ဖိနှိပ်မှုတွေကိုပါ၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက၊ ပုံစံအမျိုးမျိုးနဲ့ ခံစားခဲ့ကြရတယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် လူမှုဓလေ့ထဲမှာ အသားကျနေတဲ့ ယဉ်ကျေးမှုဆိုင်ရာ ဖိနှိပ်မှုတွေကိုလည်း အဖက်ဖက်က ခံစားခဲ့ကြရတယ်လို့ ဆိုပါတယ်၊၊
"ကျွန်တော်တို့နိုင်ငံဟာ နိုင်ငံ့သမိုင်းမှတ်တိုင်အဖြစ် ပြည်ထောင်စုနေ့ကို သတ်မှတ်နိုင်ခဲ့ကြပေမယ့် ပြည်ထောင်စုဆိုတဲ့ အနှစ်သာရကို ပြည့်ပြည့်ဝဝ မရရှိခဲ့တာကို ဝမ်းနည်းစွာ တွေ့မြင်ခဲ့ရတယ်” လို့ ယာယီသမ္မတက ပြောကြားခဲ့ပါတယ်၊၊
ဒါ့ကြောင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကနေတစ်ဆင့် တိုင်းရင်းသားခေါင်းဆောင် အသီးသီးကို ပြည်ထောင်စုစစ်စစ်ကို ဖော်ဆောင်နိုင်ဖို့အတွက်ဆိုရင် ပြည်သူတစ်ရပ်လုံးရဲ့ ဆင်းရဲ ဒုက္ခနဲ့ အထွေထွေ အကျပ်အတည်းကို လျစ်လျှူမရှုကြဖို့ကိုလည်း ယာယီသမ္မတ ဒူဝါလရှီးလက လေးနက်စွာ တိုက်တွန်းထားပါတယ်။
လက်ရှိမှာ ပြည်ထောင်စုသစ်တည်ဆောက်ရေးအတွက် သန်းနဲ့ချီတဲ့ ပြည်သူလူထုကြီး တရပ်လုံး ရှိထားပြီး ဖြစ်တာကြောင့် သက်ဆိုင်ရာ လူမျိုးစုခေါင်းဆောင် အသီးသီးက အမြော်အမြင်ကြီးကြီး၊ သဘောထားကျယ်ကျယ်ပြန့်ပြန့်နဲ့ ပေါင်းစည်းခေါင်းဆောင်ကြဖို့ကိုလည်း ယာယီသမ္မတက အလေးအနက် တိုက်တွန်းထားပါတယ်။
အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို ချိုးဖျက်ပြီး ပြည်ထောင်စုပေါင်းစည်းရေးနဲ့ ခေတ်သစ်နိုင်ငံတော်သစ်တစ်ရပ်ကို ဆက်လက်တည်ထောင်ဖို့၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအနေနဲ့လည်း စစ်အာဏာရှင်စနစ်အမျိုးမျိုးရဲ့ ဖိနှိပ်မှုကနေ ရုန်းထပြီး လွတ်လပ်သော၊ တရားမျှတသော၊ တန်းတူညီမျှသော ပြည်ထောင်စုသစ်ကို အတူချီတက်ကြဖို့ ယာယီ သမ္မတ ဒူဝါလရှီးလက တိုက်တွန်းထားတာ ဖြစ်ပါတယ်။
https://www.facebook.com/share/p/17nFNTnnBJ/

ခေတ်အဆက်ဆက်က တိုင်းရင်းသားခေါင်းဆောင်တွေရဲ့...

❤5👍4
တအာင်းပြည်မှာ ဖွင့်လှစ်မယ့် ဆေးဘက်ဆိုင်ရာကျောင်းမှာ ဆေးပညာဘွဲ့ (M.B.B.S) ပေးအပ်မည်
🟥၂၀၂၁ ခုနှစ်မတိုင်မီ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူတွေ၊ NUG ပညာရေး အခြေခံပညာပြီးမြောက်ထားသူတွေ လျှောက်ထားနိုင်
BBM - ဖေဖော်ဝါရီ ၁၂
သတင်း - ခက်ဆစ်
PSLF/TNLA နယ်မြေအတွင်း ဖွင့်လှစ်မယ့် ဆေးဘက်ဆိုင်ရာကျောင်းမှာ ဆေးပညာဘွဲ့ (M.B.B.S) ပေးအပ်မှာဖြစ်ပြီး အပတ်စဉ် ၁ အတွက် ဝင်ခွင့်လျှောက်လွှာခေါ်ယူလျက်ရှိရာ ၂၀၂၁ ခုနှစ်မတိုင်မီ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူတွေနဲ့ NUG ပညာရေး အခြေခံပညာပြီးမြောက်ထားသူတွေ လျှောက်ထားနိုင်တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်မှာ ဖွင့်လှစ်မယ့် “ Tealand Medical School” ရဲ့ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery (M.B.B.S)] အတွက် ဝင်ခွင့်လျှောက်လွှာတွေကို ဖေဖော်ဝါရီလမှ စတင်ခေါ်ယူလျက်ရှိတယ်လို့ ဆိုပါတယ်။
Tealand Medical School ဟာ ဆေးတက္ကသိုလ် (မန္တလေး)၊ ယာယီတက္ကသိုလ်ကောင်စီ (Interim University Council – IUC), University of Medicine (Mandalay)နဲ့ Ta’angland Health Council (THC) လက်အောက်ရှိ ကျန်းမာရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေးဌာနမှ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ ပူးပေါင်းမှုအားနဲ့ ဖွင့်လှစ်ထားတဲ့ ပညာရေးအဖွဲ့အစည်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။
ဝင်ခွင့်လျှောက်လွှာတွေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စတင်လက်ခံလျက်ရှိရာ မတ်လ ၁၀ ရက် နောက်ဆုံး လျှောက်ထားရမှာဖြစ်သလို အပတ်စဉ်(၁)မှာ ကျောင်းသား/သူ (၃၀) ဦးသာ လက်ခံမှာဖြစ်ပြီး သင်တန်းကာလမှာ စာသင်နှစ် (၆) နှစ်၊ အလုပ်သင်ကာလ (၁) နှစ် စုစုပေါင်း (၇) နှစ်ဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ်မတိုင်မီ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူတွေ၊ NUG ပညာရေးဝန်ကြီးဌာနရဲ့ အခြေခံပညာပြီးမြောက်ထားသူတွေ၊ တအာင်းပြည်ပညာရေးကောင်စီ TLEC အခြေခံပညာကျောင်းမှ ၁၂ တန်း အောင်မြင်ထားသူတွေ၊ GED အောင်မြင်ထားသူတွေနဲ့ IGCSE အောင်မြင်ထားသူတွေ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
ဝင်ခွင့်စာမေးပွဲတွေကို လူကိုယ်တိုင် လာရောက်ဖြေဆိုနိုင်ရမှာဖြစ်ပြီး တက္ကသိုလ်ကျောင်းပြီးဆုံးပါက တအာင်းပြည် (သို့မဟုတ်) တော်လှန်ရေးဒေသတွေမှာ အနည်းဆုံး (၃) နှစ် တာဝန်ထမ်းဆောင်နိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။
Photo - တအာင်းပြည် ပညာရေးကောင်စီမှ ပညာရေးပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားပြုလုပ်ခဲ့စဉ်။
#bbm #bbmnews #တအာင်းပြည် #TNLA #MBBS
https://www.facebook.com/share/p/1AVHk1YqLK/

🟥၂၀၂၁ ခုနှစ်မတိုင်မီ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူတွေ၊ NUG ပညာရေး အခြေခံပညာပြီးမြောက်ထားသူတွေ လျှောက်ထားနိုင်...

👍7❤1
လားရှိုးမှာ ရှော့တိုက်ဒုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ မြို့တွင်းစစ်ဆေးမှုတင်းကျပ်လာ
BBM - ဖေဖော်ဝါရီ ၁၂
သတင်း - ကိုအိုက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်မှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရမှု ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့တွင်းစစ်ဆေးမှုတွေ တင်းကျပ်လာတယ်လို့ မြို့ခံတွေနဲ့ ခရီးသွားလာသူတွေက BBM ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့က လားရှိုးမြို့ ရပ်ကွက် (၁၁) အတွင်းသို့ ရှော့တိုက်ဒုံး နှစ်လုံး ကျပေါက်ကွဲခဲ့ပြီးနောက် စစ်ကောင်စီတပ်ဟာ အခုလို စစ်ဆေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
စစ်ကောင်စီဟာ လားရှိုးမြို့တွင်း သွားလာနေသူတွေကို ပိတ်ဆို့စစ်ဆေးတာနဲ့ ဧည့်စာရင်းစစ်ဆေးတာတွေကို အရင်ကထက် ပိုမိုတင်းကျပ် လုပ်ဆောင်လာနေတာကြောင့် မြို့ခံတွေနဲ့ ခရီးသွားသူတွေဟာ ဖမ်းဆီးခံရမှာကို စိုးရိမ်နေကြပါတယ်။
"တခါတလေ ဧည့်စာရင်း မတိုင်မိတာ၊ ကိုယ့်မှာမှတ်ပုံတင်၊ စာရွက်စာတမ်းတွေ အပြည့်အစုံ မပါတဲ့ခါမျိုးမှာ အခုလို စစ်ဆေးမှုနဲ့ ကြုံတွေ့ရင် အဖမ်းခံရနိုင်သလို အသက်အန္တရာယ်ပါ စိုးရိမ်ရနိုင်တယ်"လို့ ခရီးသွားပြည်သူတစ်ဦးက BBM ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အေတီတံတား အပါအဝင် လားရှိုးမြို့အဝင်အထွက်ဂိတ်တွေမှာ ဆိုင်ကယ်စီးနင်းသူတွေကို အဓိကထားပြီး ဖုန်းတွေ၊ ဆိုင်ကယ်တူးဘောက်တွေ၊ လွယ်အိတ်တွေကို အသေးစိတ် စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြို့တွင်းရှိ လူနေအိမ်အချို့ကိုလည်း မသင်္ကာမှုနဲ့ ညပိုင်းအချိန်မတော် ဝင်ရောက်ပြီး ဧည့်စာရင်း စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
စစ်ကောင်စီဟာ ပစ်ခတ်မှုဖြစ်စဉ်နောက်ပိုင်း မြို့တွင်းမှာ စစ်ရေးလှုပ်ရှားမှုနဲ့ ပြင်ဆင်မှုတွေကိုလည်း မြင်သာထင်သာရှိလာတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
"အခုရက်ပိုင်း အစစ်ဆေးကြမ်းတာနဲ့ စစ်ရေးလှုပ်ရှားတာတွေ ပြင်ဆင်တာ သိသိသာသာလုပ်တယ်၊ မြို့ထဲ လူစည်းကားတဲ့နေရာ၊ လမ်းဆုံ၊ လမ်းခွမှာ စစ်သားတွေချည်း နေရာယူထားတယ်"လို့ လားရှိုးမြို့ခံတစ်ဦးက BBM ကို ပြောပါတယ်။
လားရှိုးမြို့ဟာ ၂၀၂၅ ခုနှစ် ဧပြီလအတွင်းက တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ကိုးကန့်တပ် MNDAA ထံမှ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ မြို့ဖြစ်ပါတယ်။
လက်ရှိဖြစ်ပွားခဲ့တဲ့ ရှော့တိုက်ဒုံးပစ်ခတ်မှုနဲ့ ပတ်သက်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်တာကို အတည်မပြုနိုင်သေးပေမဲ့ စစ်ကောင်စီလော်ဘီတွေက ကိုးကန့်တပ် MNDAA က လုပ်ဆောင်ခြင်းဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
#bbm #bbmnews #လားရှိုး #MNDAA #စစ်ကောင်စီ #UpdateNews
https://www.facebook.com/share/p/1AWemKB1XD/

👍6
ပြည်သူတွေက အစိုးရ၊ စစ်တပ်နဲ့ တစ်သားတည်းရပ်တည်ပြီး နိုင်ငံကိုကာကွယ်စောင့်ရှောက်ရန် မင်းအောင်လှိုင်ပြော
🟥ပြည်သူနဲ့လက်တွဲပြီး တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ပွဲဖော်ဆောင်မှုတွေကို ကာကွယ်မယ်လို့လည်း ကြွေးကြော်
BBM - ဖေဖော်ဝါရီ ၁၂
သတင်း - မင်းသော်
ကမ္ဘာတည်သရွေ့ တပ်မတော်တည်ရှိရမည်ဖြစ်ပြီး မြန်မာပြည်သူတစ်ရပ်လုံးအနေနဲ့ ကလည်း အစိုးရ၊ စစ်တပ်တို့နဲ့ တစ်သားတည်းရပ်တည်ကာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်လိုအပ်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီနေ့ ကျရောက်တဲ့ ၇၉ နှစ်မြောက် ပြည်ထောင်စု နေ့အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာအတွင်း ထည့်သွင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဆိုပါ သဝဏ်လွှာအတွင်း စစ်တပ်အနေနဲ့ ပြည်သူတွေနဲ့လက်တွဲပြီး တော်လှန်ရေးအဖွဲ့တွေရဲ့တိုက်ပွဲဖော်ဆောင်မှုတွေ နယ်မြေချဲ့ထွင်မှုတွေကိုလည်း ကာကွယ်သွားမယ်လို့ ဆိုပါတယ်။
ဒါတင်မက နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတို့အတွက် ပြည်ပအမှီအခိုမပါဘဲ ပြည်တွင်းအင်အားစုများကိုသာ အခြေခံပြီး ပြည်သူတစ်ရပ်လုံး ပါဝင်တဲ့ ခေတ်မီပြည်သူ့ကာကွယ်ရေး စနစ်ကိုလည်း ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း စစ်ခေါင်းဆောင်က ဆိုပါတယ်။
" ကမ္ဘာတည်သရွေ့ တပ်မတော်တည်ရှိနေပါမည်။ တပ်မတော်တည်ရှိနေသရွေ့ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲနေပါမည်။ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကလည်း နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တစ်သားတည်းရပ်တည်ပြီး ပြည်ထောင်စုမပြိုကွဲရေးအတွက် အမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ကြရန် လိုအပ်ပါသည်"
နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးတို့ပျက်ပြားအောင် တော်လှန်ရေးတပ်ဖွဲ့များက လုပ်ဆောင်နေတာဖြစ်ပြီး အဲ့လိုလုပ်ဆောင်ချက်ကြောင့် ကုန်သွယ်ရေးလမ်းကြောင်းပိတ်ဆို့တာ၊ ကုန်စည်စီးဆင်းမှု နှေးကွေးတာ၊ ပညာမသင်နိုင်တာ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရနိုင်တာဖြစ်တယ်လို့လည်း အပြစ်ဖို့ပြောဆိုသွားပါတယ်။
အဆိုပါသဝဏ်လွှာအတွင်း စစ်ခေါင်းဆောင်အနေနဲ့ ခါတိုင်းသုံးနေကျအသုံးတွေကဲ့သို့ပင် တော်လှန်ရေးအင်အားစုတွေကို သောင်းကျန်းသူအဖြစ် ရည်ညွှန်းသုံးနှုန်းခဲ့သလို ယခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေကလည်း တော်လှန်ရေးအင်အားစုတွေကြောင့်သာ ဖြစ်ပေါ်နေရတဲ့ သဘောမျိုးပြောဆိုသုံးနှုန်းသွားတယ်လို့လည်း သိရပါတယ်။
စစ်ခေါင်းဆောင်ရဲ့အဆိုပါ သဝဏ်လွှာနဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ပြင်းပြင်းထန်ထန်ပြောဆို ဝေဖန်မှုတွေပြုလုပ်ထားသလို လက်ရှိနိုင်ငံအတွင်းဖြစ်ပေါ်နေရတဲ့ အခြေအနေတွေဟာ စစ်အာဏာသိမ်းခြင်းကနေ အစပြုလာခြင်းဖြစ်တယ်လို့လည်း ပြောဆိုထားကြပါတယ်။
#bbm #bbmnews #မင်းအောင်လှိုင် #တော်လှန်ရေး
https://www.facebook.com/share/p/1D3amazXda/

👍5🖕2😁1
စကယ်ဒိုမြို့မှာ စစ်ကောင်စီရဲ့ ပူးပေါင်းစစ်ကြောင်းကို KNLA တိုက်ခိုက်တာကြောင့် စကစ(၉)ဦးသေဆုံး
BBM - ဖေဖော်ဝါရီ ၁၂
သတင်း - ကိုဘုဏ်း
ကေအဲန်ယူ ၊ကရင်အမျိုးသားအစည်းအရုံး၊ မြိတ် ထားဝယ်ခရိုင်မှာရှိတဲ့ စကယ်ဒိုမြို့မှာ စစ်ကောင်စီရဲ့ပူးပေါင်းစစ်ကြောင်းနဲ့ KNLA တပ်တို့ ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
သရက်ချောင်းမြို့ကနေ ဝင်းဝ တပ်စခန်းကိုအင်အားဖြည့်တင်းဖို့အတွက် ခမရ -၄၀၃၊ ခမရ-၄၀၄၊ ခမရ-၄၀၅ တို့မှ ပူးပေါင်းပြီး စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါစစ်ကြောင်းကို ကရင်အမျိူးသားတပ်မတော် (KNLA)တပ်မဟာ - ၄ တပ်ရင်း -၁၂ နဲ့ တပ်မဟာ -၆ တပ်ရင်း -၂၇ များက ဦးဆောင်ပြီး အခြားတော်လှန်ရေးတပ်ဖွဲ့များနဲ့အတူ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ပါတယ်လို့ သိရပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များရဲ့တိုက်ခိုက်မူ့ကြောင့်စစ်ကောင်စီတပ်သား ၉ဦးသေပြီး MA -1 (၂) လက်၊MA - 3 (၅)လက် နဲ့ ခဲယမ်းများသိမ်းဆည်းရမိခဲ့တယ်လို့ ကေအဲယူ ၊ကရင်အမျိူးသားအစည်းအရုံးက ထုတ်ပြန်ကြေငြာထားပါတယ်။
Photo-KNU
#bbm #bbmnews #KNU #စကယ်ဒို #UpdateNews
https://www.facebook.com/share/p/16C5fSGUZm/

ယင်းမာပင်ခရိုင် တပ်ရင်း (၆)အတွက် MFDMC မှ ကျည်ကာ၊ ကျည်ကာဦးထုပ်များ ထောက်ပံ့
BBM - ဖေဖော်ဝါရီ ၁၂
သတင်း - မင်းသော်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၆) တပ်ရင်းအတွက် မြန်မာဖက်ဒရယ် ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ ပေါင်းချုပ် (MFDMC) မှ ကျည်ကာ၊ကျည်ကာဦးထုပ်များကို ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း-၆ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
MFDMCအဖွဲ့အနေနဲ့ Level 4 အဆင့်ရှိ ကျည်ကာပြား၊ ကျည်ကာ ဦးထုပ် အစုံ ၄၀ ကို ထောက်ပံ့ခဲ့တာဖြစ်ပြီး အဆိုပါထောက်ပံ့မှုအတွက် မြန်မာဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေး အဖွဲ့ပေါင်းချုပ်ကို ကျေးဇူးတင်ဂုဏ်ပြုတယ်လို့လည်း ယင်းမာပင်ခရိုင် တပ်ရင်း(၆)က ဆိုပါတယ်။
အဆိုပါ (MFDMC) အဖွဲ့ဟာ အမျိုးသားညီညွှတ်ရေးအစိုးရ NUG မှတရားဝင်အသိအမှတ်ပြုထားတဲ့ အဖွဲ့ဖြစ်ပြီး ထောက်ပို့ အားလုံးကို မြေပြင်တွေဆီ တိုက်ရိုက်ရောက်ရှိအောင် ပို့ဆောင်နေတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
#bbm #bbmnews #MEDMC #ကျည်ကာ
https://www.facebook.com/share/p/1Ek47ug3jU/

👍5❤2
ထိုင်းနိုင်ငံမှာ ဆယ်ကျော်သက်သေနတ်သမားက ကျောင်းအုပ်ကို ပစ်သတ်ခဲ့ပြီး ကျောင်းသား ၃၀၀ ကို ဓားစာခံအဖြစ် ဖမ်းဆီး
BBM - ဖေဖော်ဝါရီ ၁၃
ထိုင်းနိုင်ငံ၊ ဟတ်ယိုင်ခရိုင်မှာ အသက် ၁၈ နှစ်အရွယ် သေနတ်သမားက ကျောင်းအုပ်ဆရာကို ပစ်သတ်ခဲ့ပြီး ကျောင်းသား ၃၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၄နာရီခွဲခန့်က ဟတ်ယိုင်ခရိုင်ရှိ ပတုန် ပရာထန် ခီရီဝပ်ကျောင်းမှာ ဖြစ်ပွားခဲ့တာပါ။
လူအများအပြား ဒဏ်ရာရရှိခဲ့ပေမဲ့ အရေအတွက် အတိအကျကိုတော့ ချက်ချင်းအတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။
ရဲတွေက သံသယရှိသူကို ဟတ်ယိုင်ဒေသခံ အသက် ၁၈ နှစ်အရွယ် ခီမာနန် ကက်စ်ချာရွန်လို့ ဖော်ထုတ်ခဲ့ကြပါတယ်။
ကျောင်းတိုက်ခိုက်မှုမတိုင်မီမှာ သွန်လုံရဲစခန်းမှ အရာရှိတွေဟာ ကျောင်းအနီးရှိ အိမ်တစ်အိမ်မှာ မိခင်ကို ကိုယ်ထိလက်ရောက်ကျူးလွန်ဖို့ ကြိုးစားတယ်ဆိုတဲ့ တိုင်ကြားချက်ကြောင့် သွားရောက်ခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေက အခြေအနေကို တည်ငြိမ်စေဖို့ ကြိုးပမ်းနေစဉ် သံသယရှိသူက ရဲတပ်ဖွဲ့ဆီမှ M4 ရိုင်ဖယ်သေနတ်တစ်လက်ကို လုယူသွားပြီး ကျောင်းဝင်းအတွင်းကို ထွက်ပြေးသွားကြောင်း ဆိုပါတယ်။
သူဟာ ကျောင်းက လုံခြုံရေးတဲကို ချဉ်းကပ်ပြီး လုံခြုံရေးအစောင့်တစ်ဦးကို ပစ်ခတ်ဖို့ ကြိုးစားခဲ့ပေမယ့် လက်နက်ချို့ယွင်းမှုကြောင့် အစောင့်မှာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ သေနတ်သမားဟာ ကျောင်းသား ၃၀၀ ကျော်ကို စာသင်ခန်းတစ်ခုအတွင်း ဖမ်းဆီးထားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
သံသယရှိသူက သေနတ်နဲ့ခြောက်လှန့် ပစ်ခတ်ခဲ့ပြီး ရဲတွေကို ၀င်မလာဖို့ လော်စပီကာနဲ့ သတိပေးခဲ့တယ်လို့ ဆိုပါတယ်။
ညနေ ၆နာရီ ခွဲခန့်မှာ ရဲတွေက သံသယရှိသူကို ပစ်ခတ်ပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အာဏာပိုင်တွေက အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီး ကျောင်းသားအားလုံးကို ဘေးကင်းရာကို ရွှေ့ပြောင်းပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
Reference-Khaosod English
Translator-Richard
#bbmnews #bbm #bbmtv #thai #school #InternationalNews
https://www.facebook.com/share/p/1DB38nT2Di/

👍3😱1
ရွေးကောက်ပွဲပြီးနောက် မွန်မှာ စစ်မှုထမ်းအတွက် လူငယ်တွေကို ဖမ်းဆီးပေါ်တာဆွဲတာ ဆက်တိုက်ပြုလုပ်လာ
BBM - ဖေဖော်ဝါရီ ၁၃
သတင်း - ကိုဟန်
ရွေးကောက်ပွဲပြီးနောက် မွန်ပြည်နယ်အတွင်း စစ်မှုထမ်းသင်တန်းအတွက် လူငယ်တွေကို ဖမ်းဆီးတာ ပေါ်တာဆွဲတာတွေ ဆက်တိုက်ပြုလုပ်လာတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
မကြာမီဖွင့်လှစ်ဖို့ စီစဉ်ထားတဲ့ စစ်မှုထမ်းအပတ်စဉ်(၂၁)အတွက် စစ်ကောင်စီက သူတို့ရဲ့ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေ ပြည်သူ့စစ်၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကို လူစာရင်း ပေးဖို့ အတင်းအကြပ်တောင်းခံနေတာဖြစ်ပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက ဒေသခံလူငယ်လူရွယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးမှုတွေ ပြုလုပ်လာနေပြီး အချို့ဆို ပေါ်တာဆွဲခံလိုက်ရပြီး မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက် သွားသူတွေ ရှိနေတယ်လို့ အသက် ၂၀ ကျော်အရွယ် လူငယ်တဦး ပေါ်တာ ဆွဲခံလိုက်ရတဲ့ အခြေအနေကို အဒေါ်ဖြစ်သူက BBM ကို ရှင်းပြပါတယ်။
“ တူလေးက သထုံကနေ မော်လမြိုင်ကို သွားတာ လမ်းမှာ ပျောက်သွားတယ်၊ နောက်တော့ ဖုန်းဆက်လာတယ်၊ စစ်မှုထမ်းဖို့ ခေါ်ထားတယ်၊ သိန်းနှစ်ရာနဲ့ လာရွေးခိုင်းတယ်၊ မေးတာပေါ့ ဗီဒီယို call ခေါ်ပြီး စကားပြောခွင့်ရမှ ပိုက်ဆံပေးမယ်ပေါ့၊ သူတို့က မပြဘူး၊ တနာရီအတွင်း လာမရွေးရင် စစ်မှုထမ်းဖို့ ပို့လိုက်မယ်ဆိုပြီး ခြိမ်းခြောက်တယ်၊ ကိုယ်ကလည်း မသေချာတော့ မယုံဘူးပေါ့၊ နောက်တော့ စုံစမ်းကြည့်တော့ စစ်မှုထမ်းအတွက် ဆေးစစ်ပြီးပြီတဲ့၊ ဒါက ပြန်ပေးဆွဲတဲ့ ပုံစံဖြစ်နေတယ်” လို့ ပြောပါတယ်။
အလားတူ ဖေဖော်ဝါရီလဒုတိယအပတ်ထဲမှာပင် သထုံမြို့နယ်အတွင်း လူငယ်တွေအပါအဝင် အယောက် ၂၀ ဦးထက်မနည်းကို စစ်တပ်လက်အောက်ခံလက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးပြီး စစ်မှုထမ်းသင်တန်းတက်ရောက်ဖို့ ပို့ဆောင်လိုက်တာ ရှိတယ်လို့ BBM က စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီအဖွဲ့တွေက မြို့အဝင်အထွက်၊ ညဘက်ကင်းလှည့်တာ၊ နေအိမ်ထဲ ဧည့်စာရင်း ဝင်စစ်တာတွေအပါအဝင် အကြောင်းအမျိုးမျိုးပြပြီး လူငယ်လူရွယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးနေတယ်လို့ ရေးမြို့ခံတဦးက ပြောပါတယ်။
“အခု ဆိုင်ကယ်စီးသွားတာ ဦးထုတ်မဆောင်းလို့ရှိရင် ဖမ်းလိုက်တယ်၊ အဲဒါကို ယာဉ်စည်းကမ်းလမ်းစည်းကမ်းဥပဒေနဲ့ အရေးမယူဘဲ စစ်မှုထမ်းဥပဒေနဲ့ ခြိမ်းခြောက်တယ်၊ ပိုက်ဆံတောင်းတယ်၊ မရရင် စစ်မှုထမ်းထဲ ပို့လိုက်တယ်၊ ဘာမှန်းမသိနေဘူး၊ သူတို့(စစ်တပ်) လုပ်ချင်သလို လုပ်နေကြတယ်” လို့ ပြောပါတယ်။
ဒေသတွင်းသတင်းဌာန၊ လူ့အခွင့်အရေးအဖွဲ့နဲ့ BBM က ကောက်ယူထားတဲ့ စာရင်းတွေအရ စစ်တပ်က ရွေးကောက်ပွဲကျင်းပပြီးတဲ့အချိန်ကနေ ဖေဖော်ဝါရီလဒုတိယပတ်အထိ မွန်ပြည်နယ်မှာ ဖမ်းဆီးခံရတဲ့ ပြည်သူ ၅၀ ဦးထက်မနည်းရှိတယ်လို့ ဆိုပါတယ်။
အဆိုပါဖမ်းဆီးခံထားရတဲ့သူတွေထဲက ၃၀ ဦးနီးပါးက စစ်မှုထမ်းသင်တန်းတက်ရောက်ဖို့ ဖမ်းဆီးခံထားရပြီး အချို့ကိုတော့ ငွေကြေးတောင်းခံပြီး ပြန်လွှတ်ပေးတာရှိသလို အချို့ကို စစ်ကြောင်းနဲ့အတူ ပေါ်တာဆွဲထားတာ ရှိတယ်လို့ ကျိုက်ထိုမြို့နယ် ဒေသခံတဦးက ပြောပါတယ်။
“ဒီလွန်ခဲ့တဲ့ ၂ ရက်လောက်က ကျိုက်ထို ဟို… ကျောက်ရေတွင်းဘက်မှာ ရွာထဲ စစ်ကြောင်းထိုးတော့ ရွာသားတွေ အများကြီး ဖမ်းခံလိုက်ရတယ်၊ ကလေးရော လူကြီးပိုင်းတွေရောပဲ၊ သူတို့က ဖမ်းချင်သလို ဖမ်းတယ်၊ တိုက်ခိုက်ခံရမှာစိုးလို့ ပေါ်တာဆွဲတာ လုပ်တာရှိတယ်၊ သူတို့တပ်စွဲတဲ့နေရာမှာ ဖမ်းချုပ်ထားပြီး ထမင်းဟင်းချက်ခိုင်းတာတွေ လုပ်တယ်၊ အဲဒီထဲက အချို့ဆို အခုထိ မလွတ်သေးဘူး၊ အဲဒီမှာ လူငယ်လူလတ်ပိုင်းလည်း ပါတော့ အခန့်မသင့်ရင် စစ်မှုထမ်းပို့ချင် ပို့နိုင်တယ်လေ” လို့ ပြောပါတယ်။
ဒီလိုမျိုး စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်းခံလိုက်ရတဲ့သူတွေထဲက အများစုကို မိသားစုနဲ့ အဆက်အသွယ်ပြုလုပ်ခွင့်မပေးဘဲ၊ သင်တန်းဖွင့်လှစ်ခါနီးမှ ဆေးစစ်ချက်အောင်သွားတဲ့အတွက် သင်တန်းတက်နေရပြီးဖြစ်ကြောင်း မိသားစုကို အသိပေးအကြောင်းကြားတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မိသားစုဝင်အချို့က ပြောပါတယ်။
စစ်မှုထမ်းသင်တန်းစတင်ဖွင့်လှစ်ခဲ့တဲ့ အပတ်စဉ်(၁)ကနေ (၂၀)အထိ မွန်ပြည်နယ်မှာ စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းခံရတဲ့ဦးရေ (၄၀၀၀)ကျော်ရှိပြီးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုထားပါတယ်။
ဓါတ်ပုံ - SAC ၊ လူမှုကွန်ရက်
#bbmnews #bbm #bbmtv #SAC #junta #mon
ပုံစာ - မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၉)သင်တန်းဆင်းပွဲအခမ်းအနား
https://www.facebook.com/share/p/1DCnCnj9ud/

🤬4👎1😡1