3.48K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
ဒီးမော့ဆိုအနောက်ခြမ်းရှိ ယ ဘိန်းခင်းတွေကို KNDF ဖျက်ဆီး

BBM - ဖေဖော်ဝါရီ ၁၁
သတင်း - Richard

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းရှိတဲ့ ဘိန်းခင်းတွေကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဖျက်ဆီးခဲ့ကြောင်း ဒေသခံတွေက ဆိုပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်ပိုင်းက ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းရှိတဲ့အဆိုပါ ဘိန်းခင်းကို KNDF ဗျူဟာ ၄ ကဖျက်စီးခဲ့တာပါ။

ဒါဟာ ဘိန်းမစိုက်ရဘူးလို့ ထုတ်ပြန်ထားကို မလိုက်နာတာကြောင့် အခုလို ဖျက်စီးရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလပိုင်းက ဒီးမော့ဆိုအနောက်ခြမ်း ၊ လွိုင်နန်းဖ မြို့နယ်အတွင်း ဘိန်းစိုက်ပျိုးတာ လုံးဝ မပြုလုပ်ဖို့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က အသိပေးကြေညာထားခဲ့ပေမဲ့လည်း အရင်အတိုင်း ဆက်ရှိနေတယ်လို့ သိရပါတယ်။

လာမယ့်နှစ်တွေမှာလည်း ဒီးမော့ဆို မြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှုကို တားဆီးသွားမှာဖြစ်ပြီး အပြစ်ပေးအရေးယူမှုတွေလည်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ KNDF ဗျူဟာ (၄)က အသိပေးထားပါတယ်။

၂၀၂၅ခုနှစ်ကုန်ပိုင်းလောက်က ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)ရဲ့ စစ်တမ်းတွေအရ ကမ္ဘာမှာ မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုးမှုမှာ အာဖဂန်နစ္စတန်နိုင်ငံကို ကျော်ပြီး နံပါတ် ၁နေရာကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

#bbmnews #bbm #bbmtv #UNODC #demoso
https://www.facebook.com/share/v/18CSnoTzAi/
👍7👏1
ဂျော်ဒန်းနိုး ကုမ္ပဏီ တည်ထောင်သူ ဟောင်ကောင် ဒီမိုကရေစီ သူဌေးကြီး ဂျင်မီလိုင် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရ

BBM - ဖေဖော်ဝါရီ ၁၁

ဟောင်ကောင်က ဂျော်ဒန်နိုး ကုမ္ပဏီတည် ထောင်သူ နဲ့ ဒီမိုကရေစီလိုလားတဲ့ မီဒီယာလုပ်ငန်းရှင် သူဌေးကြီး ဂျင်မီလိုင်ဟာ မြို့တော်ရဲ့ အငြင်းပွားဖွယ်ရာ အမျိုးသားလုံခြုံရေးဥပဒေအရ နိုင်ငံခြားတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကြံစည်မှုနဲ့ ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံခဲ့ရပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေနဲ့ မိသားစုတွေက အသက် ၇၈ နှစ်အရွယ် ဂျင်မီလိုင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေကို ထုတ်ဖော်ပြောဆိုခဲ့ကြပေမဲ့ ဟောင်ကောင်ခေါင်းဆောင်ကတော့ "အလွန်ကျေနပ်ဖွယ်ကောင်းတယ်" လို့ ပြောကြားခဲ့ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ကြီးမားတဲ့ ဆန္ဒပြပွဲတွေအပြီးမှာ ဖမ်းဆီးခံခဲ့ရတာပဲဖြစ်ပါတယိ။

ဒါဟာ တရုတ်နိုင်ငံက ချမှတ်ခဲ့တဲ့ ဥပဒေအရ အပြင်းထန်ဆုံး ပြစ်ဒဏ်ဖြစ်ပြီး
မြို့တော်ရဲ့ တည်ငြိမ်မှုအတွက် မရှိမဖြစ်လိုအပ်လို့ လုပ်ဆောင်ရတာဖြစ်တယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။

ဗြိတိန်နိုင်ငံသား လိုင်ဟာ ဥပဒေအရ ဖမ်းဆီးခံရသူ ရာပေါင်းများစွာထဲမှာ အထင်ရှားဆုံးဖြစ်ပါတယ်။

လိုင်ဟာ တရုတ်နိုင်ငံကို ပြင်းထန်စွာဝေဖန်သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ Apple Daily သတင်းစာကနေတဆင့် ဝေဖန်ရေးသားမှုတွေ မကြာခဏလုပ်လေ့ရှိတဲ့သူပါ။

"အလွန်ဝမ်းနည်းကြေကွဲဖွယ်ကောင်းပါတယ်" လို့ လိုင်ရဲ့သား ဆီဘတ်စရှိတ်က BBC ရဲ့ Today အစီအစဉ်ကို ပြောကြားခဲ့ပြီး လိုင်ရဲ့ထောင်ဒဏ်ချမှတ်ခံရမှုကို UK အစိုးရဆီကို အကြိမ်ကြိမ်တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ "ကျွန်တော့်အဖေကတော့ ထောင်ထဲမှာရှိနေသေးတယ်ဆိုတာ ထင်ရှားပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဆီဘတ်စရှန် လိုင်နဲ့ အခြားသူတွေက မကြာသေးမီက ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာရဲ့ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်မှုဟာ အလဟဿဖြစ်စေတဲ့ အခွင့်အရေးတစ်ခုအဖြစ် ဝေဖန်ခဲ့ကြပါတယ်။

အဆိုပါ စီရင်ချက်ဟာ "ဟောင်ကောင်ဥပဒေစနစ်ကို လုံးဝဖျက်ဆီးနေတာအပြင် တရားမျှတမှုမရှိ‌တော့ဘူးဆိုတာကို ညွှန်ပြနေတယ်" လို့ ဆီဘတ်စရှန်က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ဟောင်ကောင်အာဏာပိုင်တွေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက လိုင်ရဲ့ ပြစ်ဒဏ်ချမှတ်မှုဟာ မြို့တော်ရဲ့ တရားဥပဒေစိုးမိုးရေးကို ပြသနေတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

တရားသူကြီးတွေက လိုင်ကို ပြစ်ဒဏ်ချမှတ်ရာမှာ "ပြင်းထန်တဲ့ ရာဇဝတ်မှု အဖြစ် ရှုတ်ချခဲ့ပြီး "အပြင်းထန်ဆုံး" အမျိုးအစားဖြစ်တဲ့ ပူးပေါင်းကြံစည်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဖေဖာ်ဝါရီလ ၉ရက် တနင်္လာနေ့မနက်ပိုင်းက လိုင်ကို ပြစ်ဒဏ်မချမှတ်ခင် တရားရုံးတစ်ဝိုက်မှာ ရဲတပ်ဖွဲ့ဝင်တွေ ထူထပ်စွာချရှိနေပါတယ်။

တစ်ဖက်မှာ လိုင်ရဲ့ ထောက်ခံသူများစွာလည်း ရှိနေပြီး သူတို့ထဲက အချို့ဟာ တရားရုံးထဲကို ၀င်ခွင့်ရဖို့ မျှော်လင့်ချက်နဲ့ ရက်ပေါင်းများစွာ စခန်းချခဲ့ကြပါတယ်။

"မစ္စတာလိုင်ကို တရားရုံးမှာ ကိုယ်တိုင်နှုတ်ဆက်ချင်ပါတယ်။ ကျွန်တော်တောင်းဆိုတာက ဒါပါပဲ၊ ဘာလို့လဲဆိုတော့ ကျွန်တော်သူ့ကို နောက်ဆုံးအကြိမ်တွေ့တာဖြစ်လိမ့်မယ်ထင်လို့ပါ" လို့ ဖေဖော်ဝါရီလ ၅ရက်နေ့ ကြာသပတေးနေ့ညကတည်းက တန်းစီနေခဲ့တယ်လို့ ထောက်ခံသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

အဖြူရောင်ဂျာကင်အင်္ကျီနဲ့ မျက်မှန်အနက်ရောင်ဝတ်ဆင်ထားတဲ့ လိုင်ဟာ သူ့ရဲ့ မိသားစုနှင့် ထောက်ခံသူတွေကို တောက်ပစွာပြုံးပြခဲ့ပါတယ်။

တရားရုံးက ပြစ်ဒဏ်ချမှတ်တဲ့အခါမှာလည်း သူဟာ တည်ငြိမ်စွာခေါင်းညိတ်ခဲ့ပြီး ပြည်သူအချို့ ငိုကြွေးနေတာကို ကြားခဲ့ရပါတယ်။

ဇနီးဖြစ်သူ ထရီဆာကတော့ တရားရုံးမှ ထွက်ခွာသွားစဉ် မျက်ရည်တွေကို ထိန်းထားခဲ့ပါတယ်။

Reference-BBC
Translator-Richard

#bbmnews #bbm #BBMTV #InternationalNews
https://www.facebook.com/share/p/1GA4ypEhoC/
👍6👎1
ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးရဲဘော်တွေကို ကျည်ကာဝတ်စုံများတပ်ဆင်

BBM - ဖေဖော်ဝါရီ ၁၁
သတင်း - ခက်ဆစ်

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရန်ကုန် ပကဖ ရဲ့ တိုက်ခိုက်‌ရေးရဲဘော်များအတွက် ယူနီဖောင်းနဲ့ ကျည်ကာပစ္စည်းတွေကို ထပ်မံဖြည့်တင်း တပ်ဆင်ပေးခဲ့တယ်လို့ ရန်ကုန်တိုင်း ပကဖ က ယမန်နေ့ ညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

ယူနီဖောင်းနဲ့ ကျည်ကာပစ္စည်းတွေကို ရန်ကုန်တိုင်း ပကဖ ရဲ့ “ယူနီဖောင်း၊ ကျည်ကာ သိန်းထောင့်ငါးရာ” ကမ်ပိန်းမှ ရရှိလာတဲ့ ထောက်ပို့ငွေတွေနဲ့ ရန်ကုန်တိုင်း ပကဖ မှ ရဲဘော်များအတွက် ယူနီဖောင်းနှင့် ကျည်ကာပစ္စည်းများကို ထပ်မံဖြည့်တင်း တပ်ဆင်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ပြည်သူတွေရဲ့ တခဲနက်ပါဝင်မှုနဲ့ အောင်မြင်ခဲ့တဲ့ အဆိုပါကမ်ပိန်းမှရရှိတဲ့ ထောက်ပို့ငွေတွေဟာ ရဲဘော်တွေရဲ့ ရှေ့တန်းစစ်မျက်နှာမှာ အသက်ကယ်မယ့် ခေတ်မီကာကွယ်ရေးပစ္စည်းတွေ ဖြစ်လာခဲ့တယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်မှာလည်း ချေမှုန်းရေးမွမ်းမံသင်တန်းမှ သင်တန်းဆင်းလာတဲ့ ရဲဘော်တွေကို ယူနီဖောင်းအပြည့်အစုံတပ်ဆင်ပေးခဲ့သလို ရန်ကုန်တိုင်းပကဖ ကွပ်ကဲမှုအောက်ရှိ သက်ဆိုင်ရာခရိုင်အလိုက် တိုက်ခိုက်ရေးတပ်ဖွဲ့( ၁၊ ၂၊ ၄၊ ၅၊ ၇)ရဲဘော်တွေကိုလည်း ယူနီဖောင်း၊ ဦးထုတ်၊ ဖိနပ်၊ ခြေအိတ်များ တပ်ဆင်ပေးခဲ့တယ်လို့ ရန်ကုန် ပကဖ က ထုတ်ပြန်ထားပါတယ်။

Photo - ရန်ကုန် ပကဖ

#bbmnews #bbm #bbmtv #YGN #PaKaPha
https://www.facebook.com/share/p/1H5o4a9YPc/
7👍3
ပေါက်မြို့နယ် ရွာစျေးတန်ကို စစ်ကောင်စီက လေကြောင်းမှ အငြိုးတေးနဲ့ဗုံးကြဲပြီး အရပ်သား ၁၀ ဦးသေဆုံး

BBM - ဖေဖော်ဝါရီ ၁၁
သတင်း - ကိုအိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ် ချက်ကန်ရွာ စျေးတန်းကို စစ်ကောင်စီတပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး အများပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

ပေါက်မြို့နယ်၊ ချက်ကန်ရွာကို မနေ့က ဖေဖော်ဝါရီလ ၁၀ ရက်၊ နေ့လယ် ၁၁ နာရီဝန်းကျင်မှာ ပါရာမော်တာနဲ့ စတင်ပစ်ခတ်ခဲ့ပြီး ဂျက်ဖိုက်တာ (၃) စီးနဲ့ ဗုံးသီး၊ ရော့ကတ်၊ ပွိုင့်ဖိုက် စက်သေနတ်ပါ အသုံးပြုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

"အရင်ဆုံး ပါရာမော်တာနဲ့ စပစ်ပါတယ်၊ နောက်ပြီး ဂျက်ဖိုက်တာ (၃) စီးလာတယ်၊ အဲမှာ ဂျက်ဖိုက်တာနဲ့ ဗုံးသီး၊ ရော့ကတ်၊ ပွိုင့်ဖိုက် စက်သေနတ်နဲ့ ရမ်းသမ်း ဆက်တိုက် ပစ်ခတ်သွားတယ်"လို့ ပေါက်ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

အဆိုပါ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကို စစ်ကောင်စီဟာ အဆင့်ဆင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု ပိုမိုပြင်းထန်စေရန် ရည်ရွယ်ခဲ့ပုံရတယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

"တိုက်ခိုက်မှုကို အဆင့်ဆင့် လုပ်သွားတာပါ၊ အရပ်သားပြည်သူတွေ စျေးဝယ်နေတဲ့ စျေးတန်းကို တည့်တည့် ဗုံးကြဲသွားတယ်၊ ဒါဟာ ရည်ရွယ်ချက်ရှိရှိ လုပ်တာပါ၊ ထိခိုက်သေဆုံးမှုလည်း များတယ်"လို့ ပေါက်ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရကာ စျေးတန်းတွေလည်း ပျက်စီးဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အနီးအနားကျေးရွာများမှ ချက်ကန်ရွာသို့ ဈေးလာဝယ်သူအချို့မှာလည်း တိုက်ခိုက်မှုအပြီးမှာ ပျောက်ဆုံးနေဆဲဖြစ်သဖြင့် သေဆုံးသူအရေအတွက်မှာ ယခုထက် ပိုမိုများပြားလာနိုင်တယ်လို့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

ပေါက်မြို့နယ်အတွင်းရှိ ကပစ (၂၄) လက်နက်စက်ရုံမှလည်း အနီးအနားရှိ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိသလို ဂျိုင်ရိုကော်ပတာနဲ့ ပါရာမော်တာတွေ အသုံးပြုပြီး ကင်းထောက်ခြင်းနဲ့ ပစ်ခတ်ခြင်းများကိုပါ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Photo - ပေးပို့

#bbmnews #bbm #bbmtv #pauk #Magway
https://www.facebook.com/share/p/14WBRTfaxT8/
🤬4👎2😡1
မိုးကုတ် ပကဖ နဲ့ ဗျူဟာရဲ့ အကြီးပိုင်းတာ၀န်ရှိသူ နေအိမ်တွေကို စစ်ကောင်စီ ချိတ်ပိတ်

BBM - ဖေဖော်ဝါရီ ၁၁
သတင်း - Richard

စစ်ကောင်စီပြန်လည် ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့မှာ မိုးကုတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဗျူဟာအဖွဲ့ရဲ့ အကြီးပိုင်းတာ၀န်ရှိသူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က လိုက်လံ ချိတ်ပိတ်နေတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်က BBM ကိုပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလပိုင်းလောက်ကစပြီး တော်လှန်ရေးအင်အားစုတွေဘက်က နေအိမ်တွေကို စတင်ချိတ်ပိတ်နေတာပါ။

“မိုးကုတ် ပကဖ ခေါင်းဆောင်ပိုင်းနဲ့ မိုးကုတ်ဗျူဟာအကြီးပိုင်းအိမ်တွေဗျ၊ အခုဆို ၄ အိမ်ရှိလာပြီ၊ ဟိုနေ့က ဟိုမိုင်းဘုန်းကြီးကျောင်းနားက အိမ်ကောအပါဆိုရင်” လို့ အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အခုလို လိုက်လံချိတ်မပိတ်ခင် နေအိမ်အတွင်းက ပစ္စည်းတွေကို အရင်ခိုးယူပြီးမှ ချိတ်ပိတ်တာဖြစ်တယ်လို့လည်း သိရပါတယ်။

“သူတို့(စကစ)က မချိတ်ပိတ်ခင် အဲ့အိမ်တွေ ဆိုင်ကယ်နဲ့ပတ်ပြီး ပုံလိုက်ရိုက်တာမျိုးရှိတယ်ဗျ၊ ပြီးရင် ၁ ပတ် ၂ ပတ်နေရင် အဲ့အိမ်တွေကို ကားနဲ့လာပြီး အကုန်လိုက်စစ်ဆေးတယ်၊ ပြီးတော့ ပရိဘောဂပစ္စည်းတွေမှန်သမျှ အကုန်သယ်တယ်၊ အိမ်အခွံပဲကျန်အောင်လုပ်သွားတာ”လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ နေအိမ်တွေကို ချိတ်ပိတ်ရာမှာ အခုလို တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူပြီးမှ ချိတ်ပိတ်တာဖြစ်ပြီး အဆိုပါချိတ်ပိတ်ခံရတဲ့ နေအိမ်တွေမှာလည်း နေထိုင်သူတွေ မရှိဘူးလို့ သိရပါတယ်။

“လက်ရှိက ဒီကောင်တွေထဲမှာ ပစ(ပြည်သူ့စစ်မှုထမ်း‌)တွေ အများဆုံးပါမယ်ဗျ၊ သူတို့အနေနဲ့ နီးစပ်ရာ အဖွဲ့အစည်းတွေဆီမှာ ဆက်သွယ်ပြီး အလင်း၀င်စေချင်တယ်၊ အာဏာရူးတသိုက်အတွက်နဲ့ ကိုယ့်ဘ၀ကိုယ် မြေစာပင်အဖြစ်မခံစေချင်ဘူး” လို့ အဆိုပါ သတင်းရင်းမြစ်က အသိပေးတိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့နှစ် နို၀င်ဘာလကုန်ပိုင်းလောက်မှာ TNLA က မိုးကုတ်မြို့ပေါ်ကနေ ထွက်ခွာပေးခဲ့ပြီး စစ်ကောင်စီတပ်ကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီအချိန်ကတည်းက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မြို့ပြင်နေရာ ပတ်ဝန်းကျင်တွေမှာ နေရာယူထားပြီး စစ်ကောင်စီကို တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိပါတယ်။

#bbmnews #bbm #bbmtv #Mogok #MDY
https://www.facebook.com/share/p/17sBe4tz2e/
🤬6👎1
ချောက်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားနဲ့ ပျူ ၁၀ ဦးခန့် သေဆုံး

BBM - ဖေဖော်ဝါရီ ၁၁
သတင်း - ခက်ဆစ်

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း စစ်ကောင်စီ အင်အား ၇၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားနဲ့ ပျူစောထီး ၁၀ ဦးခန့် သေဆုံးခဲ့ပြီး ပျူ တဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်၊ နေ့လယ် ၁၁ နာရီ ၄၃ မိနစ်မှာ ဆင်ကရွာမှ ထွက်လာတဲ့ အင်အား ၇၀ ခန့်ပါ စစ်ကြောင်းကို စန်းကန်နဲ့ ဘိုကုန်းရွာကြားမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၁၀ ဦးခန့် နေရာတင်ပွဲချင်းပြီး သေဆုံးပြီး ပျူစောထီး တစ်ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ပစ်ခတ်တဲ့ ၆၀ မမ လက်နက်ကြီးစထိမှန်ပြီး တော်လှန်ရေးရဲဘော် ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်ဆင်ရေးမှာ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဦးဆောင်ပြီး CRA ၊ ချောက်မြို့နယ် ပကဖ နဲ့ ပုဂံဗိုလ်ချိုတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်‌ကြောင်း သိရပါတယ်။

Photo - Ayar Daung

#bbmnews #bbm #bbmtv #CRA #chauk
https://www.facebook.com/share/r/1Bxtgxh4dq/
👍63👏1
အမေရိကန်အောက်လွှတ်တော်က စစ်ကောင်စီအကျပ်ရိုက်စေမဲ့ BRAVE Burma Act ကို အတည်ပြုတဲ့အပေါ် တင်မ်ကနေဒီ ချီးကျူးဂုဏ်ပြု

BBM - ဖေဖော်ဝါရီ ၁၁
သတင်း - Richard

အမေရိကန်အောက်လွှတ်တော်က စစ်ကောင်စီတပ်ကို တာဝန်ခံယူမှု၊ တာဝန်ခံမှုရှိစေဖို့အပြင် ဒီမိုကရေစီနဲ့ အခြေခံလူ့အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေဘက်ကပါ ရပ်တည်မယ့် BRAVE Burma Act (H.R. 3190) ဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

အခုလို အတည်ပြုတဲ့အပေါ် အဆိုပါ ဥပဒေကို ပူးတွဲတင်သွင်းသူ ၁ ဦးဖြစ်တဲ့ ရီပတ်ဘလစ်ကန်ပါတီမှ ကွန်ဂရက်လွှတ်တော်အမတ် တင်မ်ကနေဒီ Timothy M. Kennedy က ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။

“BRAVE Burma Act ကို အတည်ပြုလိုက်တာဟာ စစ်ကောင်စီတပ်ကို ပိတ်ဆို့ အရေးယူဖို့နဲ့ ဆက်လက်တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေကို မျက်နှာလွှဲမှာ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြသလိုက်တာဖြစ်တယ်” လို့ လွှတ်တော်အမတ် ကနေဒီက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသားတွေအပေါ် အကြမ်းဖက်မှုတွေကို လောင်စာဖြည့်ပေးနေတဲ့ အရင်းအမြစ်တွေကို ကန့်သတ်ဖို့နဲ့ လူ့အခွင့်အရေးတွေအပေါ် အမေရိကန်ရဲ့ ကတိကဝတ်ကို ပြန်လည်အတည်ပြုဖို့ ဖြစ်ကြောင်း အဆိုပါဥပဒေရဲ့ ရည်ရွယ်ချက်ကို ကနေဒီက ဖော်ပြခဲ့ပါတယ်။

BRAVE Burma Act ဟာ ၂၀၃၂ ခုနှစ်အထိ စစ်ကောင်စီတပ်အပေါ် ပိတ်ဆို့အရေးယူမှုတွေပြုလုပ်မှာပဲ ဖြစ်တယ်လို့ သိရပါတယ်၊၊

ဒါ့အပြင် အဆိုပါ ဥပဒေပြုရေးထဲမှာ သမ္မတက အမေရိကန်ရဲ့ ပိတ်ဆို့တာ၊ လက်နက်ရောင်းချမှု ပိတ်ပင်တာ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးတာနဲ့ သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုဆိုင်ရာ မူဝါဒတွေကို ညှိနှိုင်းဆောင်ရွက်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တစ်ဦးကို ခန့်အပ်ဖို့ လိုအပ်မယ်လို့ သိရပါတယ်။

တင်မ် ကနေဒီဟာ သူ့ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ အနောက်နယူးယောက်မှာ စစ်ကောင်စီလက်အောက်က ထွက်ပြေးလာကြတဲ့ မြန်မာပြည်သူတွေအ‌ပေါ် အလုပ်သမား အရေးနဲ့ ယာယီနေထိုင်ခွင့်(TPS)အတွက် တရားမျှတပြီး လူသားဆန်တဲ့ ဖက်ဒရယ်မူဝါဒတွေမှာ ဦးဆောင်ထောက်ခံသူတစ်ဦး ဖြစ်ပါတယ်။

လက်ရှိမှာ BRAVE Burma Act ဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော်က အတည်ပြုထားလိုက်ပြီဖြစ်ပြီးတော့ အထက်လွှတ်တော်မှာ ဆွေးနွေးဖို့ ဆက်လက်တင်ပြထားတယ်လို့ သိရပါတယ်။

Reference - House.Gov
Photo - House.Gov

#bbm #bbmnews #BRAVEBurmaArt #American #US #Timothy
https://www.facebook.com/share/p/14XGQpdQiT5/
👍6👏1
မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ကရင်အဖွဲ့အစည်းများအားလုံး စည်းလုံးညီညွတ်ဖို့ KNU ဥက္ကဌ တိုက်တွန်း

BBM - ဖေဖော်ဝါရီ ၁၁
သတင်း - ခက်ဆစ်

ကရင်အမျိုးသားများရဲ့ လိုလားတောင့်တချက်တွေ ပြည့်ဖို့အတွက် မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရေး ကရင်အဖွဲ့အစည်းများအားလုံး စည်းလုံးညီညွတ်စွာ ကျရာကဏ္ဍကနေ ဝိုင်းဝန်ကြိုးပမ်းဆောင်ရွက်ဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌက တိုက်တွန်းလိုက်ပါတယ်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်မှာ ကျရောက်တဲ့ ၇၈ ကြိမ်မြောက် ကရင်အမျိုးသားနေ့သို့ ပြောကြားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းရဲ့ မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

ကရင်လူမျိုးများ တိုးတက်ကြီးပွားစေဖို့အတွက် မြန်မာနိုင်ငံမှာ "လွတ်လပ်မှု၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်" စတဲ့အခွင့်အရေးတွေ ရှိရမှာဖြစ်သလို အဆိုပါအခွင့်အရေးတွေဟာ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြဌာန်းထားရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ကရင်အမျိုးသားသမိုင်းတလျှောက်နဲ့ လက်ရှိအခြေအနေတွေကို ပြန်ကြည့်ပါက ကရင်လူမျိုးရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တောင့်တင်းခိုင်မာစွာရပ်တည်ရေးတို့ နှောင့်ယှက်ဖျက်ဆီးတဲ့ စနစ်ဟာ "မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်" တို့ ဖြစ်ကြောင်း KNU ဥက္ကဌ က ပြောကြားခဲ့ပါတယ်။

"ကျနော်တို့ ကရင်အမျိုးသားများ၏ လိုလားတောင့်တချက်များ ပြည့်မီရန်အတွက် ကရင်အမျိုးသားများအားလုံး၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး၊ ကရင်နိုင်ငံ‌ရေးပါတီများအားလုံးနှင့် ကရင်အဖွဲ့အစည်းများအားလုံး စည်းလုံးညီညွတ်စွာဖြင့် မိမိကျရာကဏ္ဍအသီးသီးတွင် မိမိတို့ တတ်စွမ်းသည့်အပိုင်းကို ဝိုင်းဝန်းလုပ်ဆောင်ကြရမည်" လို့ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်ဟာ ကရင်အမျိုးသားများအတွက်သာမက အခြားသောလူမျိုးများအတွက် စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတဲ့အချိန်ဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်တာဟာ ကရင်အမျိုးသားများနဲ့ တိုင်းရင်းသားလူမျိုးများအားလုံးရဲ့ လိုလားချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်မဲ့ ရည်မှန်းချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေကြောင်းကိုလည်း အသိပေးထားပါတယ်။

ဒါ့အပြင် ကရင်လူမျိုးတွေအပါအဝင် တိုင်းရင်းသားအားလုံး ရေရှည်တည်တံ့ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့အတွက် တိုင်းရင်းသားလူမျိုးများအားလုံးအတူတကွ လက်တွဲပြီး အာဏာရှင်စနစ်ရဲ့ ထောက်တိုင်အားလုံးကို ဖြိုချက်ဖျက်ဆီးရမှာ ဖြစ်ကြောင်း အသိပေးထားပါတယ်။

ကရင်တမျိုးသားလုံးရဲ့ အနာဂတ်နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ ကရင်လူမျိုးများ ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ဖို့၊ အမျိုးသားရန်သူဖြစ်တဲ့ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရမှာဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ က တိုက်တွန်းထားတာ ဖြစ်ပါတယ်။

Photo - KNU (ပုံဟောင်း)

#bbm #bbmnews #Karen #ကရင#KNU #ပဒိုစောကွယ်ထူးဝင်း #UpdateNews
https://www.facebook.com/share/p/1P4yc2c1mD/
👍7
ကန့်ဘလူခရိုင်အတွင်း AA တပ်ဖွဲ့နဲ့ PDF၊ ပကဖတွေ ပူးပေါင်းပြီး စကစ စခန်း(၄)ခုနဲ့ လှုပ်ရှားစစ်ကြောင်းတစ်ခုကို တိုက်ခိုက်

🟥တိုက်ပွဲအတွင်း စကစ (၉၆)ယောက်သေဆုံးပြီး (၁၀၁)ယောက် အရှင်ဖမ်းမိ

BBM-ဖေဖော်ဝါရီ၁၁
သတင်း-မင်းသော်

စစ်ကိုင်းတိုင်း ၊ကန့်ဘလူခရိုင်အတွင်း AAတပ်ဖွဲ့နဲ့ PDF၊ ပကဖ တွေပူးပေါင်းပြီး စစ်ကောင်စီစခန်း (၄)ခု၊လှုပ်ရှားစစ်ကြောင်း(၁)ခုတို့ကို ၂၀၂၅ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအစအတွင်း တိုက်ခိုက်ရာ စကစ ဘက်က ၉၆ ယောက်သေဆုံးသလို ၁၀၁ ယောက်ကို အရှင်ဖမ်းမိနိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိ အင်တိုင်းရွာရှိ တပ်ကြပ်ကြီး အောင်အောင် ဦးစီးတဲ့ ခမရ-၃၆၁ ၊ပျူစောထီး ပူးပေါင်းအင်အား (၈၅)ယောက်နဲ့ ပျူစောထီး ခေါင်းဆောင် ဇော်ကြီး ဦးစီး ပျူစောထီး အင်အား (၂၃) ယောက်ရှိ ရွှေပေါ်ကုန်းစခန်း၊ Power House စခန်းကို ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) လှုပ်ရှားအဖွဲ့၊ AA တပ်ဖွဲ့၊ ကျွန်းလှမြို့နယ်/ တန့်ဆည်မြို့နယ် ပကဖ၊ ကန့်ဘလူခရိုင်/အမှတ် (၁) စစ်ဒေသ ဒရုန်းတပ်ဖွဲ့၊ ခရိုင် လက်နက်ကြီးတပ်ဖွဲ့ တို့က ပူးပေါင်းပြီး တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၂၀) ရက်နေ့နဲ့(၂၁)ရက်နေ့တို့မှာလည်း ကန့်ဘလူခရိုင်အတွင်းက ပေကြီးရွာစခန်းနဲ့ ငှက်ပျောတိုင်းရွာစခန်းတို့ရှိ ဒု-ဗိုလ်မှူးကြီး အောင်မျိုးဦး ဦးစီးထားတဲ့ စကစ၊ ပျူစောထီး ပူးပေါင်းအင်အား(၁၀၅)ယောက်ကို ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အထူးလှုပ်ရှားတပ်မ၊ ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင်ကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၊ ကန့်ဘလူမြို့နယ်နဲ့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ဇန်နဝါရီလ (၂၈) ရက်ကနေ(၃၁) ရက်နေ့အထိလည်း ကိုးတောင်ဘို့ရွာစခန်းရှိ ဗိုလ်ကြီး နောင်သူရ ဦးစီးတဲ့ ခလရ-၃၀၅ နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၀၀) ယောက်ကို ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ကိုင်းတိုင်း ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) စုစည်းစစ်ကြောင်း၊ AAတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါတင်မက ဖေဖော်ဝါရီလ (၇) ရက်နေ့မှ (၈) ရက်နေ့အထိလည်း ကောလင်းမြို့နယ်၊ သရက်ခုံရွာကို စစ်ကြောင်းထိုးလာတဲ့ ကောလင်းမြို့မှ စကစ စစ်ကြောင်းကို ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) စုစည်းစစ်ကြောင်း၊ ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ့၊ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ AA တပ်ဖွဲ့တို့ မှတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲတွေကြောင့် ရန်သူ့ဘက်မှ (၉၆) ယောက် သေဆုံးပြီး (၃၈) ယောက် ထိခိုက်
ဒဏ်ရာရကာ စစ်ကော်မရှင်အဖွဲ့ဝင် (၁)ယောက်အပါ (၁၀၁) ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပြီး တိုက်ပွဲများအတွင်း ရန်သူ့ဘက်မှ Jet Fighter/ Y-12 များနဲ့ (၃၇) ကြိမ် လာရောက်ဗုံးကြဲသလို Gyrocopter ဖြင့် (၄) ကြိမ်၊ ကာမီကာဇယ် ဒရုန်းဖြင့် (၄) ကြိမ် ထပ်မံတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေအတွင်း စကစထံမှ အလက်နက်မျိုးစုံ (၁၈၇) လက်၊ ကျည်မျိုးစုံ (၂၄၆၅၂) တောင့်၊ ဗုံးသီးမျိုးစုံ (၅၃၀) လုံး၊ စစ်သုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများလည်း သိမ်းဆည်းရမိကာ ပေကြီးရွာစခန်းနှင့် ငှက်ပျောတိုင်းရွာစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လည်ဆုတ်ခွာခဲ့ပေမဲ့ အင်တိုင်းရွာစခန်းနှင့် ကိုးတောင်ဘို့ရွာစခန်းတွေကိုတော့ တော်လှန်ရေးအင်အားစုတွေဘက်မှ ဆက်လက် ထိမ်းသိမ်းထားတယ်လို့ အမှတ် (၁) စစ်ဒေသမှ ထုတ်ပြန်ကြေငြာထားပါတယ်။

Photo-အမှတ်(၁)စစ်ဒေသ

#bbm #bbmnews #ကန့်ဘလူ #AA #PDF #ပကဖ
https://www.facebook.com/share/p/186zzAqZwt/
👍83🥰1
ဖားကန့်မြို့ မရှီကထောင်မှာ မိုင်းပေါက်ကွဲ၍ အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရ

BBM - ဖေဖော်ဝါရီ ၁၁
သတင်း - ကိုအိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်မှာ မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက BBM ကို ပြောပါတယ်။

ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်၊ မနက် ၆ နာရီခွဲဝန်းကျင်မှာ မရှီကထောင်ရပ်ကွက်၊ ထုံးဘိုလမ်းရှိ ရွှေမြန်မာ ဆီဆိုင်အနီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ကုမ္ပဏီဝန်ထမ်းလို့ သိရတဲ့ ဇနီးမောင်နှံနှစ်ဦး မိုင်းနင်းမိခဲ့ရာ အမျိုးသားဖြစ်သူမှာ နေရာမှာပင် သေဆုံးခဲ့ပြီး ဇနီးဖြစ်သူမှာ ဒဏ်ရာတွေနဲ့ ဆေးရုံသို့ ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။

"ကုမ္ပဏီဝန်ထမ်း လင်မယားဖြစ်ဖို့များတယ်၊ အမျိုးသားက ပွဲချင်းပြီး ဆုံးသွားတယ်၊ အမျိုးသမီးကျတော့ ဒဏ်ရာနဲ့ ဆေးရုံ ပို့ထားတယ်"လို့ ဖားကန့်မြို့ခံတစ်ဦးက BBM ကို ပြောပါတယ်။

ဘယ်အဖွဲ့အစည်းက ထောင်ထားတဲ့မိုင်းဖြစ်တယ်ဆိုတာကို အတည်မပြုနိုင်သေးပေမဲ့ အဆိုပါဒေသမှာ စစ်ကောင်စီတပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်တဲ့ နေရာဖြစ်ပါတယ်။

"မိုင်းက ဘယ်သူမိုင်းဆိုတာ မသိရသေးဘူး၊ အဲနေရာက KIA/KPDF ပူးပေါင်းနဲ့ စစ်ကောင်စီတို့ စစ်ရေးတင်းမာနေတဲ့နေရာပါ၊ စစ်ကောင်စီဘက်က ပစ်တဲ့လက်နက်ကြီးကျည်တွေ ရပ်ကွက်ထဲ မကြာခဏ ကျပေါက်ကွဲတာတွေတော့ ရှိပါတယ်"လို့ ဖားကန့်မြို့ခံတစ်ဦးက BBM ကို ပြောပါတယ်။

ဒီနေ့မှာပဲ မရှီကထောင်နဲ့ အနီးဝန်းကျင်မှာလည်း စစ်ကောင်စီတပ်နဲ့ KIA/KPDF တို့ နှစ်ဖက်တပ်တို့ကြား လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ လူနေရပ်ကွက်တွေအတွင်း လက်နက်ကြီးကျည် ကျပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် ဖားကန့်ဒေသခံတွေအနေနဲ့ ပစ်ခတ်မှုဖြစ်ပွားနေတဲ့ လမ်းပိုင်းတွေ သွားလာခြင်းမပြုကြဖို့ တိုက်တွန်းထားပါတယ်။

#bbm #bbmtv #bbmnews #Hpakant #KIA #PDF
https://www.facebook.com/share/p/1EHZdCeus6/
🤬5👎1
ဖာပွန်ပျူဟာစခန်းကုန်းမကျဖို့ လေကြောင်းပစ်ကူနေရတဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်း ရှေ့မတိုးနိုင်

🟥အဆိုပါဗျူဟာစခန်းအတွင်း စကစ တွေသာမက ၎င်းမိသားစုတွေနဲ့ Non-CDMတွေပါ ပိတ်မိနေ

BBM-ဖေဖော်ဝါရီ၁၁
သတင်း - ကိုဟန်

ကရင်တော်လှန်ရေးပူးပေါင်းတပ်တွေ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတဲ့ ကရင်ပြည်နယ်၊ ဖာပွန်မြို့အခြေစိုက်ဗျူဟာကုန်းမကျဖို့ စစ်တပ်က အပြင်းအထန်ခုခံကာကွယ်နေပြီး လေကြောင်းကနေ ပစ်ကူပေးနေရတယ်လို့ စစ်ရေးသတင်းအရင်းတွေထံကနေ သိရပါတယ်။

KNU - ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅)နယ်မြေ မူတြော်ခရိုင် ဖာပွန်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ဗျူဟာစခန်းကုန်းမှာရှိတဲ့စစ်တပ် ထိုးဖောက်ဖို့ကြိုးစားလာတာနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလပထမအပတ်ထဲမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်လာတာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်က ကရင်နယ်ခြားစောင့်တပ် BGF ၊ DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့ အကူအညီရယူပြီး မြေပြင်စစ်ကြောင်းထိုးနေပေမဲ့ တော်လှန်ရေးတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ရှေ့ဆက်တိုးမရဖြစ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တဦးက Bbm ကို ပြောပါတယ်။

“ပိတ်ဆို့ခံထိထားတာ နှစ်ချီရှိပြီးလေ ၂ နှစ်လောက်ရှိနေပြီး၊ အဲဒါသူတို့က BGF/ DKBA ဗိုလ်ဘိတို့က စစ်ကူပို့ပေးနေတာ ကမမောင်းကနေ ကတိုင်တိကြားမှာပဲ ဖြတ်တိုက်ခံနေရတော့ စစ်ကူက မရောက်ဘူး၊ အရှေ့မှာလည်း အနီးကပ်ဖြစ်နေကြတာတော့ ဗျူဟာကုန်းကအဖွဲ့က ထွက်ဖို့ လုပ်တော့လေ၊ လေကြောင်းက ပစ်တာ၊ ထိတာတော့ နှစ်ဖက်စလုံးပဲ ဘာလို့ဆိုတော့ အခု တိုက်ပွဲဖြစ်တဲ့နေရာက သူတို့ ဗျူဟာကုန်းတောင်ခြေတလျှောက် လေယာဉ်နဲ့ ပစ်ချတော့ နှစ်ဖက်စလုံးကို ထိခိုက်မှု ရှိနေတယ်”

တိုက်ပွဲမှာ စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းတိုးမပေါက်နေတာကြောင့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေသလို ဒရုန်း၊ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အခုရက်ပိုင်းထဲ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဘက်က အထိအခိုက် အကျဆုံးများ ရှိခဲ့တယ်လို့ သိရှိရပေမဲ့ အသေးစိပ်ကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ကရင်တော်လှန်ရေးပူးပေါင်းတွေ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတဲ့ ဖာပွန်ဗျူဟာစခန်းကုန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ဝန်းကျင်ခန့်ရှိနေသော်လည်း ပြီးခဲ့တဲ့ တိုက်ပွဲနဲ့ တကျော့ပြန်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

“အဲဒီဖာပွန်မှာ စစ်အခြေစိုက်စခန်းတပ်ရင်းအားလုံးကို ပြီးခဲ့တဲ့ နှစ်ကတည်းက ဝိုင်းတိုက်တော့ သူတို့က တပ်ရင်းကနေ အကုန်ဆုတ်ခွာပြီး နောက်ဆုံးမှာ ကျန်နေတဲ့ ဗျူဟာကုန်းမှာ တပ်ပေါင်းစု သွားပေါင်းပြီး ခံစစ်လုပ်နေတာ၊ နှစ်ချီကြာလာတော့ သူတို့ တောင့်မခံနိုင်တဲ့ အခြေအနေ ဖြစ်လာပြီးပေါ့နော်၊ ဖောက်ထွက်တာ တိုက်ပွဲမှာတော့ အဓိက စစ်တပ်ရဲ့ လေကြောင်းက သတိထားနေရတော့ ကိုယ့်ဘက်ကလည်း အခက်အခဲ ဖြစ်နေတာ ရှိတယ်” လို့ အမည်မဖော်လိုတဲ့ KNU တပ်မဟာ ၅ လက်အောက်မှာ လှုပ်ရှားတဲ့ PDF ရဲဘော်တဦးက ပြောပါတယ်။

ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ ဗျူဟာကုန်းထဲမှာ စစ်ကောင်စီတပ်သားအပါအဝင် သူတို့ရဲ့ မိသားစုဝင်တွေနဲ့ Non CDM ဝန်ထမ်းအချို့လည်း ပိတ်မိနေတယ်လို့ မြေပြင်တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။

ကရင်နီ(ကယားပြည်)နဲ့ နယ်နမိတ်ထိစပ်နေတဲ့ ဖာပွန်မြို့ဟာ စစ်ကောင်စီတပ်အတွက် စစ်ရေးအရ မဟာဗျူဟာကျတဲ့ နေရာဖြစ်ပြီး အဲဒီနယ်မြေကျသွားပါက နေပြည်တော်၊ ပဲခူး၊ မွန်အစရှိတဲ့နယ်မြေထဲကို တော်လှန်ရေးတပ်တွေ ဝင်ရောက်လာနိုင်တဲ့အတွက် စစ်တပ်က အပြင်းအထန်ကာကွယ်နေတာ ဖြစ်တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ထားသည်။

ဖွာပွန်မြို့မှာ ခလရ ၁၉၊ ခမရ ၃၄၃၊ စစ်လက်နက်ပစ္စည်းတပ်(စစန) ၆၂၄ တပ်ဌာနချုပ်တွေကို KNLA ပူးပေါင်းမိတ်တပ်တွေက ၂၀၂၄ ခုနှစ်အစောပိုင်းကတည်းက တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဓါတ်ပုံ - NUG
ပုံစာ - ဖာပွန်မြို့သိမ်းတိုက်ပွဲ
https://www.facebook.com/share/p/1ETY6ZhSQq/
👍71
သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းလာတဲ့စကစကို ကြားဖြတ် တိုက်ခိုက်မှု စကစ ၉ ဦးသေပြီး သေနတ် ၇ လက် သိမ်းဆည်းရရှိ

BBM-ဖေဖော်ဝါရီ ၁၁
သတင်း-မင်းသော်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့ စကစစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စကစ၉ ဦးသေဆုံးပြီး သေနတ် ၇ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က သရက်ချောင်းမြို့မှတဆင့် ဝင်းဝတပ်စခန်းကိုတပ်အင်အား ဖြည့်ဖို့လာတဲ့ စကစရဲ့တပ်ရင်း ၄၀၃ ၊ ၄၀၄ ၊ ၄၀၅ ပူးပေါင်းစစ်ကြောင်းကို KNLA တပ်မဟာ ၄ တပ်ရင်း ၁၂ ၊ တပ်မဟာ ၆ တပ်ရင်း ၂၇ တော်လှန်ရေးပူး‌ပေါင်းစစ်ကြောင်းတို့က တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စကစ ဘက်မှ ၉ ဦးသေဆုံးပြီးနောက် MA-1 သေနတ် ၂ လက်၊ MA-3 သေနတ် ၅ လက်အပါ ခဲယမ်းပစ္စည်းတချို့ ကိုသိမ်းဆည်းနိုင်ခဲ့တယ်လို့ KNU မြိတ်ထားဝယ် ခရိုင်က ထုတ်ပြန်ထားပါတယ်။

#bbm #bbmtv #bbmnews #thayetchaung #tanintharyi
https://www.facebook.com/share/p/1AoH8MZW9g/
👍81👏1
ကောလင်းအနောက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စကစ ကိုတိုက်ခိုက်ရာ စစ်သားအများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းမိ

🟥တော်လှန်ရေးဘက်မှလည်း PDF ရဲဘော် ၂ ဦးလည်းကျဆုံး

BBM-ဖေဖော်ဝါရီ၁၁
သတင်း-မင်းသော်

ကောလင်းမြို့အနောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကို တိုက်ခိုက် ရာ စစ်သားအများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းမိရရှိသလို တော်လှန်ရေးဘက်မှလည်း PDF ရဲဘော် ၂ ဦးကျဆုံးခဲ့တယ်လို့ ကောလင်းခရိုင် တပ်ရင်း(၂)က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ရက်နေ့က ကောလင်းမြို့တွင်းမှ စစ်ကောင်စီအင်အား၂၀၀ ကျော်ဟာ ကောလင်းမြို့အနောက်ခြမ်း သရက်ခုံကျေးရွာကို စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးအင်အားစုတွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီအမြောက်အများသေဆုံးခဲ့သလို လက်နက်ခဲယမ်းများကိုလည်း သိမ်းပိုက်နိုင်ခဲ့ပေမဲ့ တော်လှန်ရေးရဲဘော်(၂)ဦးသေဆုံးခဲ့တယ်လို့ ကောလင်ခရိုင် တပ်ရင်း(၂) ကထုတ်ပြန်ကြေငြာထားပါတယ်။

Video-ကောလင်းခရိုင် တပ်ရင်း(၂)
https://www.facebook.com/share/v/1CKgo6Qu3V/
👍61👏1
အမေရိကန်မှာ ဗုဒ္ဓဘာသာ ရဟန်းတော်တွေရဲ့ ‘’ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ’ဟာ မြို့တော် ဝါရှင်တန်ဒီစီမှာ အဆုံးသတ်မှာဖြစ်

BBM - ဖေဖော်ဝါရီ ၁၂
သတင်း - Richard

အမေရိကန်နိုင်ငံမှာ ဗုဒ္ဓဘာသာရဟန်းတော်တဖွဲ့ရဲ့ ရက်သတ္တပတ် ၁၅ ပတ်ကြာ မိုင် ၂၃၀၀ ရှည်လျားတဲ့ ‘ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ’ဟာ ဖေဖော်ဝါရီလ ၁၁ရက်
ဗုဒ္ဓဟူးနေ့မှာ ပြီးဆုံးတော့မှာပဲဖြစ်ပါတယ်။

ဆရာတော် ဘိက္ခု ပညာကာရ ဦးဆောင်တဲ့ ရဟန်းအဖွဲ့ဟာ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်၊ အာလင်တန်မှာ တစ်ညတာ အိပ်စက်ပြီးနောက် မနက် ၈ နာရီခန့်မှာ ပိုတိုမက်မြစ်ပေါ်ရှိ Chain Bridge(ချိန်း တံတား) ကို ဖြတ်ကျော်ကာ နိုင်ငံရဲ့ မြို့တော် ဝါရှင်တန် ဒီစီကို နာရီပေါင်းများစွာ စောပြီး ဝင်ရောက်လာခဲ့ကြပါတယ်။

ရဟန်းတော်တွေရဲ့ အဆိုပါ ခရီးစဉ်ဟာ အောက်တိုဘာ ၂၆ ရက်နေ့က တက္ကဆက်ပြည်နယ်၊ ဖို့တ်ဝါ့သ်မှာ စတင်ခဲ့ပြီး ၁၀၈ ရက်အကြာမှာ ဆရာတော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ မြို့တော် ဝါရှင်တန်ဒီစီမြို့မှာ အဆုံးသတ်မှာပဲဖြစ်ပါတယ်။

ဒီနေ့ မနက်အစော ၄နာရီထပြီး ရွှေစင်တိပိဋက ဆရာတော်နဲ့အတူ W4Pအဖွဲ့နဲ့ သွားပူးပေါင်းတဲ့အခါ လမ်းမလျှောက်ခင် အဖွဲ့ Meeting လုပ်ပါတယ်။

ဆရာတော် ဦးပညာကာရ
အဓိက မိန့်ကြားတာကတော့ သံဃာတွေအနေနဲ့ ဗုဒ္ဓသာသနာတော်နဲ့ သံဃာ့အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာမကျစေဖို့ရန်အတွက် လမ်းလျှောက်နေစဉ် ဖုန်းမသုံးရ၊ ဓာတ်ပုံမရိုက်ရ၊ ဗီဒီယိုမရိုက်ရ၊ Liveမလွင့်ရ၊ ဗီဒီယို၊ ဓာတ်ပုံနဲ့ဆိုင်တဲ့ ဘာဆိုဘာမှကို မလုပ်ရ၊ စကားလည်း လုံးဝ (လုံးဝ) မပြောရ အခမ်းအနားအတွင်းရောက်နေစဉ်လည်း အထက်ပါအရာတွေကို မလုပ်ရဘူး”လို့ ဆိုကြောင်း ဆရာတော် သီရိ သုမင်္ဂလ သာမိက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

တကယ်လို့ လမ်းလျှောက်နေရင်း ဖုန်းပြောတာ၊ ဓာတ်ပုံရိုက်တာ၊ ဗီဒီယိုရိုက်တာ၊ စကားပြောတာ စတာတွေကို ‌စေတနာ့၀န်ထမ်း (Volunteer) တစ်ယောက်ယောက်ကတွေ့လို့ လာပြောတဲ့အခါ ချက်ချင်းထွက်ခွါပေးရမှာဖြစ်ပြီး ဒုတိယအခွင့်အရေး မရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် လမ်းလျှောက်ရင်း သကြားလုံးစတဲ့ အရာတစ်ခုခုကို သုံးစွဲတဲ့အခါ အမှိုက်တွေ လမ်းဘေးမပစ်ဘဲ မိမိအိတ်ထဲသာထည့်ခဲ့ဖို့နဲ့ အိမ်သာတွေတက်ပြီးရင်လည်း အိမ်သာကို ရေသေချာဆွဲချဖို့၊ အိမ်သာခွက်ပေါ်မှာ အညစ်အကြေး၊ ရေစက် စတဲ့အရာတွေ တင်ကျန်နေတာ၊ အောက်ကို ဖိတ်စဉ်နေတာရှိရင်လည်း နောက်လူအတွက် သေချာသုတ်သင် သန့်ရှင်းပေးခဲ့ရမှာဖြစ်ပြီး လက်ဆေးတဲ့ နေရာကိုလည်း သန့်ရှင်းပေးခဲ့ဖို့ မှာကြားခဲ့တယ်လို့ ဆရာတော် သုမင်္ဂလက ဆိုပါတယ်။

အကယ်၍ အိမ်သာသုံးတာ၊ ရေချိုးခန်းသုံးတာမှာ ညစ်တီးညစ်ပတ်ထားခဲ့ရင် ပိုင်ရှင်တွေက တပည့်တော်တို့ ပြန်သွားလို့ ဒါတွေကို တွေ့သွားမယ်ဆို ရဟန်းတော်တွေရဲ့ သံဠာတွေနဲ့ သာသနာ ဂုဏ်ပျက်မှာဖြစ်ကြောင်း ဆရာတော် ပညာကာရက မိန့်ကြားခဲ့ကြောင်းဆိုပါတယ်။

အခုလို မိန့်ကြားရတဲ့အတွက် အမှားပါတာ၊ စကားကြမ်းတာတွေရှိခဲ့၊ ပါခဲ့ရင် ခွင့်လွှတ်ပေးပါဘုရား ဆိုပြီး ဦးဆောင်သူ ဆရာတော် ပညာကာရက လျှောက်ခဲ့သေးကြောင်း ဆရာတော် သုမင်္ဂလက ရေးသားထားပါတယ်။

“ဒီနေ့မှာ သံဃာ ၂၀၀-၃၀၀ လောက်ရှိပါတယ်။
မနက်ဖန် များမလား၊ နည်းမလားမသိရသေးပါဘူး၊ မနက်ဖန်ကတော့ တအားအရေးပါတဲ့ နေရာတွေဖြစ်ပါတယ်၊ လူပေါင်းသောင်းချီကို တွေ့ရမယ့် နေရာတွေပါ၊ ငြိမ်းချမ်းရေး အထိမ်းအမှတ် ကျောက်စာတိုင်နေရာနဲ့ သမ္မတလင်းကွန်းရုပ်တုရှိရာ သမိုင်းဝင်နေရာတွေပါ၊ ပိုဂရုစိုက်ရပါမယ်”လို့ ဆရာတော် သုမင်္ဂလက ရေးသားထားပါတယ်။

ဒါ့ကြောင့် ရဟန်း‌တော်တို့ရဲ့ အပြုအမူနဲ့ သံဃာ့ဂုဏ်၊ သာသနာ့ဂုဏ်ကို မြှင့်တင်နိုင်ကြပါစေလို့ ရေးသားထားပါတယ်။

ဒီနေ့မှာ ရဟန်းတော်တွေဟာ မနက် ၉နာရီခွဲခန့်မှ စတင်ကာ ဝါရှင်တန်ဒီစီရှိ ကက်ပီတယ်တောင်ကုန်းရှိ ငြိမ်းချမ်းရေးအထိမ်းအမှတ်ကို ချီတက်ခြင်းဖြင့် အဆုံးသတ်မှာပဲဖြစ်ပါတယ်။

အဲ့ဒီနောက် နေ့လယ် ၁နာရီခွဲမှာ လင်ကွန်းအထိမ်းအမှတ်ကို လမ်းလျှောက်ဖို့ စီစဉ်ထားပြီး နေ့လယ် ၂နာရီခွဲမှာ “ငြိမ်းချမ်းရေးစုဝေးပွဲနဲ့ နိဂုံးချုပ်အခမ်းအနား”ကို ကျင်းပမှာပဲဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၂ရက် ကြာသပတေးနေ့မှာ စမှတ် မေရီလန်းပြည်နယ်၊ အန်နာပိုလစ်မြို့ရှိ ဘတ်စ်ကားစီးကာ ဖို့ဝါ့သ်ကို ပြန်ကြွကြမှာပဲဖြစ်ပါတယ်။

အဆိုပါ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲမှာ ခွေးလေး အာလိုကာ(Aloka)ဟာလည်း ဆရာတော်တို့နဲ့ မိုင်ပေါင်း ၂၃၀၀ကျော် လမ်းလျှောက်ခဲ့တာကြောင့် ‘ငြိမ်းချမ်းရေး ခွေးလေး'အဖြစ် ကျော်ကြားခဲ့ပါသေးတယ်။

Reference- The Guardian/ The Well News
https://www.facebook.com/share/r/1KdbPCP9EW/
👍8🙏1
မှော်ဘီမှာ ပေါ်တာဆွဲဖို့ ထွက်လာတဲ့ ရဲနဲ့ပျူတွေကို လက်ပစ်ဗုံး၊လက်လုပ်မိုင်းတွေနဲ့ တိုက်ခိုက်

BBM - ဖေဖော်ဝါရီ ၁၂
သတင်း - ကိုဘုဏ်း

ရန်ကုန်တိုင်း၊မှော်ဘီမြို့နယ်မှာ ညအချိန်ပေါ်တာဆွဲဖို့ထွက်လာတဲ့ စစ်ကောင်စီလက်ပါးစေ ရဲနဲ့ ပျူစောထီးတွေကို ဖေဖော်ဝါရီလ ၁၀ရက်နေ့ညက လက်ပစ်ဗုံး၊လက်လုပ်မိုင်းတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက် Network ကထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၁၀ရက်နေ့ည ၁၀နာရီဝန်းကျင်မှာ မတရားလူဖမ်းပေါ်တာဆွဲဖို့အတွက် မှော်ဘီရဲစခန်းမှ အိမ်စီးကား နှစ်စီးနဲ့ အတူ စစ်ကောင်စီလက်ပါးစေ ရဲနဲ့ပျူစောထီးများထွက်လာကြတယ်လို့သိရပါတယ်။

စစ်ကောင်စီလက်ပါးစေတွေ လိုက်ပါလာတဲ့ကားတွေကို အချိန်ကိုက် ဗုံးပစ်တိုက်ခိုက်ခဲ့တာကြောင့် ကားကိုတိုက်ရိုက်ထိမှန်ခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာ ထိခိုက်သေဆုံးမှု စာရင်းကိုတော့အတိအကျမသိရသေးပါဘူးလို့ ဆိုပါတယ်။

မြို့ပြကြွက်ကွန်ယက်အနေနဲ့ စစ်အာဏာရှင်စနစ်ချူပ်ငြိမ်းသည်အထိပြည်သူများနဲ့အတူရပ်တည်တိုက်ပွဲဝင်မှာဖြစ်ပြီးပြည်သူများအနေဖြင့်လည်း လူထုအပေါ်ဖိနှိပ် နေတဲ့မည်သည့်လက်ပါးစေ လက်ကိုင်တုတ်များရဲ့သတင်းကို မြို့ပြကြွက်ကွန်ယက်ကို ပေးပိုနိုင်ကြောင်းထုတ်ပြန်ကြေငြာထားပါတယ်။
https://www.facebook.com/share/p/1BfQXJ31jD/
👍8👏2