3.48K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
ယင်းမာပင်မြို့ပေါ်က စကစ စခန်းကို လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့

BBM. - ဖေဖော်ဝါရီ ၉
သတင်း - ကိုဘုဏ်း

စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင် ၊ယင်းမာပင်မြို့နယ်ရှိစစ်ကောင်စီစခန်းကို လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့က ယင်းမာပင်မြို့ပေါ်ရှိ စစ်ကောင်စီစခန်းကို ၄၀မမ၊၆၀မမ လက်နက်ကြီးများနဲ့တိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မူ့ကို ပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့နဲ့အတူတော်လှန်ပြောက်ကျားတပ်ဖွဲ့၊မျိုးဆက်သစ် လူငယ်တပ်ဖွဲ့၊ ဇာနည်ဘွား ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။

Video-ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့
https://www.facebook.com/share/v/1aDbRDxuZH/
👍102
စကစ တင့်ကား(၇)စီးလောက်ကို (၂)လအတွင်းဖျတ်ဆီးနိုင်လို့ ဗိုလ်ချုပ်ဂွန်မော်ပြော

🟥မြစ်ကြီးနားလေတပ်စခန်း ရေဒါတစ်ခုနဲ့ ဗန်းမော်တင့်ကားတစ်စီးကိုလည်း ယခုရက်ပိုင်းအတွင်း ဖျတ်ဆီးနိုင်

BBM-ဖေဖော်ဝါရီ၉
သတင်း-မင်းသော်

စစ်ကောင်စီရဲ့ တင့်ကား(၇)စီးလောက်ကို (၂)လ တာအတွင်း ဖျတ်ဆီးနိုင်ခဲ့သလို ယခုရက်ပိုင်းအတွင်းမှာလည်း မြစ်ကြီးနားလေတပ်စခန်းရေဒါတစ်ခုနဲ့ ဗန်းမော်တင့်ကားတစ်စီးတို့ကို ဖျတ်ဆီးထားနိုင်တယ်လို့ KIO ဒုတိယဥက္ကဌ ၁ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ကပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာပြုလုပ်တဲ့ ၆၅ နှစ်မြောက် ကချင်တော်လှန်ရေး နေ့ အခမ်းအနားမိန့်ခွန်းကို ဗိုလ်ချုပ်ဂွန်မော်က အွန်လိုင်းမှ ပြောကြားစဥ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

KIA /KIO တပ်ဖွဲ့အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့ပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံဖြင့် လက်တွဲတိုက်ပွဲဝင်လျက်ရှိပြီး စစ်ပွဲအခြေအနေတွေနဲ့ပတ်သတ်ကာ သိပ်ပြီး ထုတ်ပြန်လေ့မရှိဘူးဟုလည်း ဆိုပါတယ်။

သို့ပေမဲ့ မြေပြင်မှာတော့ တပ်ဖွဲ့ဝင်တွေအနေနဲ့ အမှန်တကယ်အလုပ်လုပ်ဆောင်နေပြီး (၂)လအတွင်းမှာ စကစ တင့်ကား(၇)စီးလောက်ဖျတ်ဆီးနိုင်ခဲ့သလို၊ ယခုရက်ပိုင်းမှာတင် မြစ်ကြီးနားလေတပ်စခန်းရေဒါနဲ့ ဗန်းမော်က တင့်ကား(၁)စီးတို့ကို ဖျတ်ဆီးနိုင်ကြောင်း ဗိုလ်ချုပ်ဂွန်မော်က ဆိုပါတယ်။

"ကျွန်တော်တို့ KIO ကတော့ သတင်းတွေကို သိပ်ပြီးတော့မှထုတ်ပြန်လေ့မရှိပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတစ်လေမှာ တချို့သတင်းတွေက ကိုယ်ထုတ်ပြန်လိုက်တဲ့အချိန်မှာ တစ်ဖက်ကနေပြန်ပြီး Counterလုပ်တာတို့၊စိတ်ဓာတ်စစ်ဆင်ရေးတို့လုပ်တက်ပါတယ်၊ဥပမာ လေယာဥ်ကိုတိုက်ခိုက်တဲ့ သတင်းတွေကို သိပ်ပြီးတော့ မထုတ်ပါဘူး ၊ တကယ်လည်း တောက်လျှောက်လုပ်နေပါတယ်၊ ဥပမာ မနေ့ကဆိုရင် ကျွန်တော်တို့ မြစ်ကြီးနားလေတပ်စခန်းရဲ့ ရေဒါစခန်းကို ရေဒါတစ်ခုကို ဖျတ်ဆီးပစ်ပါတယ်၊ မနေ့က ၊ ဗန်းမော်မှာလည်း ကျွန်တော်တို့ တင့်ကားတစ်စီးပျက်(ဖျက်)ပါတယ် မနေ့က၊ ဒီ(၂)လထဲမှာပဲ တင့်ကား(၇)စီးလောက်ကျွန်တော်တို့ဖျတ်ဆီးနိုင်ခဲ့ပါတယ်၊ အထူးသဖြင့်တော့ မနေ့က လေတပ်စခန်းရဲ့ရေဒါကို ဖျတ်ဆီးခဲ့တာဖြစ်ပါတယ်၊၊"

ဒါ့အပြင် ဗန်းမော်တိုက်ပွဲအတွင်းမှာလည်း လူမျိုးစုံ၊ တိုင်းရင်းသားစုံပါဝင်တိုက်ခိုက်နေပြီးနိုင်ငံရေးဂုဏ်သိက္ခာတိုက်ပွဲဖြစ်တာကြောင့်အရင်းအနှီးကြီးမှာကို သိပေမဲ့ နိုင်အောင် တိုက်ခိုက်မယ်လို့လည်းဆိုပါတယ်။

"ဗန်းမော်တိုက်ပွဲမှာဟာ နိုင်ငံရေးသိက္ခာတိုက်ပွဲဖြစ်ပါတယ်။ ခက်ခဲမယ်ဆိုတာ ကျွန်တော်သိပါတယ်။ မြစ်ကြီးနားနဲ့ ဝိုင်းမော်ကို တိုက်ပွဲတွေ ဖော်ဆောင်ဖို့ အဆင့်သင့် လုပ်ထားတဲ့အချိန်မှာပဲ ကျွန်တော်တို့ မေခမြစ်စိုးမိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ဖို့ မေခမြစ်ဘက်ကို ကျွန်တော်တို့က တိုက်ပွဲတွေဖော်ဆောင်တယ်။ ဗန်းမော်ကို တက်တယ်။ ၁ နှစ်ကျော်သွားပြီ ဗန်းမော်ကိုတိုက်နေတာ။ ဒီလိုကြာမယ် အရင်းအနှီးများမယ်ဆိုတာ ကျွန်တော်တို့ သိသော်လည်း လိုအပ်လို့ တိုက်နေတဲ့ တိုက်ပွဲဖြစ်တယ် အခုပြောသလို ဒီအထဲမှာ တိုင်းရင်းသားပေါင်းစုံပါတယ်။ PDF ပါတယ် ဂေါ်ရခါးပါတယ် ရှမ်းနီပါတယ် ချင်းတွေ နာဂ မျိုးစုံပါတယ် မြန်မာနိုင်ငံမှာ ရှိသမျှ အကုန်ပါတယ် ယောဆော အကုန်ပါတယ်"

ဗိုလ်ချုပ်ဂွန်မော်အနေနဲ့ တရုတ်အစိုးရအနေနဲ့ တိုက်ပွဲတွေမဖော်ဆောင်ဖို့ပြောပေမဲ့ ရှောင်လွှဲလို့မရနိုင်ကြောင်းနဲ့ ၂၀၂၆ ခုနှစ်အတွင်း အပြောင်းအလဲတွေအများကြီးဖြစ်လာမဲ့ နှစ်အဖြစ်မျှော်လင့်ကြောင်းလည်း အဆိုပါမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

Photo-ပုံဟောင်း
https://www.facebook.com/share/p/1KCX5zYKuf/
👍10👏1
မိုးကောင်းမြို့နယ်မှာ လူငယ်တွေမူးယစ်ဆေးဝါးသုံးစွဲမှု ပိုမို များပြားလာပြီး ခိုးဆိုးလုယက်မှုတွ အရင်ကထက် တိုးလာ

🟥 စစ်ကောင်စီတပ် အရာရှိတွေကစ မူးယစ်ဆေးဝါးကိစ္မမှာ ပါ၀င်ပတ်သက်နေ

BBM - ဖေဖော်ဝါရီ ၁၀
သတင်း - Richard

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်
အတွင်းမှာ မူးယစ်ဆေးဝါး သုံးစွဲရောင်းချတဲ့ လူငယ်တွေပိုမိုများပြားလာပြီး ခိုးဆိုးလုယက်မှုတွေလည်း တိုးလာတယ်လို့ ဒေသခံတစ်ဦးက BBMကိုပြောပါတယ်။

မိုးကောင်းမြို့နယ်
အတွင်းရှိ ဈေးကုန်းရပ်ကွက် နဲ့ ရွာသစ်ရပ်ကွက်အတွင်းမှာ
မူးယစ်ဆေးသုံးစွဲတဲ့အခန်းတွေလည်း ပို၍များပြားလာတာကိုတွေ့မြင်လာရတယ်လို့ ဆိုပါတယ်။

“မူးယစ်ဆေးဝါးသုံးစွဲသူအများစုက အသက် ၁၇၊ ၁၈အရွယ်လေးတွေများတယ်” ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

အခုလို မူးယစ်ဆေးဝါးများရောင်းချသုံးစွဲသူတွေ များပြားလာတာကြောင့် မြို့တွင်းရော မြို့ပြင်မှာပါ ဆိုင်ကယ်ခိုးယူမှုတွေ များပြားလာပြီး ဆိုင်ကယ်လုယူမှုတွေ၊ ငွေလုယက်မှုတွေ ဇန်နဝါရီလအတွင်းမှာစပြီး ပိုမိုပြုလုပ် လာတာမျိုးတွေရှိလာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အိမ်ထဲက မီးသီးကအစခိုးယူတဲ့ အဆင့်ထိရောက်လာနေတယ်လို့ ဆိုပါတယ်။

မိုးကောင်းမြို့နယ်အတွင်းမူးယစ်ဆေးဝါးရန်ကာကွယ်တားဆီးနှိမ်နှင်းရေးအဓိကတာဝန်အရှိဆုံးသူမှာ စစ်ကောင်စီတပ်ရဲ့ မိုးကောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲထွန်းအောင် နဲ့ မြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းမင်းသိန်း တို့မှာတာဝန်အရှိဆုံးဖြစ်တယ်လို့ ဆက်ပြောပါတယ်။

ဒါပေမဲ့ လက်ရှိအခြေအနေမှာ သူတို့ဟာ မူးယစ်ဆေးဝါးတွေကို တရားဝင်ရောင်းချခွင့်ပေးထားပြီး လိုင်းကြေးလစဉ်ယူပြီး နှိမ်နှင်းခြင်းမရှိတာကိုလဲတွေ့ရတယ်လို့ ဆိုပါတယ်။

ဒီလိုမူးယစ်ဆေးဝါးများကိုရောင်းချနေတာကို စစ်ကောင်စီတပ်ရဲ့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေကိုယ်တိုင်က မျက်ကွယ်ရာပြုထားပြီး
ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်းမရှိတာကြောင့် ကချင်ပြည်နယ် အတွင်းမှာ လူငယ် လူရွယ်အများစု ပျက်ဆီးဆုံးရှုံးမှုများစွာဖြစ်နေတာကိုလဲတွေ့မြင်လာရတယ်လို့ ပြောပါတယ်။

မူးယစ်ဆေးဝါးရောင်းချမှုတွေကို ကိုအမြန်ဆုံးနှိမ်နှင်းပေးဖို့ မိုးကောင်းမြို့နယ်အတွင်းရှိဒေသခံတွေက လိုလားနေကြပါတယ်။

ပုံ-ပေးပို့

#bbmnews #bbm #bbmtv #moekaung #drugs
https://www.facebook.com/share/p/1AdsAV46Ng/
👍7🤬1
နိုဘယ်ဆုရှင် မိုဟာမာဒီကို အီရန်က ထောင်ဒဏ် ၇ နှစ် ထပ်မံချမှတ်

BBM - ဖေဖော်ဝါရီ ၁၀

၂၀၂၃ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် နဲ့အီရန်လူ့အခွင့်အရေးလှုပ်ရှားသူ နာဂက်စ် မိုဟာမာဒီကို ထောင်ဒဏ် ၇ နှစ်ကျော် ထပ်မံ ချမှတ်ခံခဲ့ရကြောင်း သူမရဲ့ရှေ့နေတွေနဲ့ သူမကိုထောက်ခံတဲ့ အဖွဲ့တစ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

အသက် ၅၃ နှစ်အရွယ် မိုဟာမာဒီဟာ ဖေဖော်ဝါရီလ ၈ရက် တနင်္ဂနွေနေ့က ပြီးဆုံးခဲ့တဲ့ တစ်ပတ်ကြာ အစာငတ်ခံဆန္ဒပြမှုမှာ ပါဝင်ခဲ့ကြောင်း နာဂက်စ်ဖောင်ဒေးရှင်းက ကြေညာချက်တစ်စောင်မှာ ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၈ရက် မိုဟာမာဒီက အကျဉ်းထောင်မှ ဖုန်းမှတဆင့် သူမရဲ့ရှေ့နေ မိုစတာဖာ နီလီကို ဖေဖော်ဝါရီလ ၇ရက် စနေနေ့မှာ ပြစ်ဒဏ်ချမှတ်ခံရကြောင်း ပြောကြားခဲ့ပါတယ်။

“သူမဟာ စုဝေးမှုနဲ့ ရာဇဝတ်မှုကျူးလွန်ဖို့ ပူးပေါင်းကြံစည်မှုတို့အတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရပါတယ်”လို့ နီလီက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

သူမဟာ ဝါဒဖြန့်ချိရေးလှုပ်ရှားမှုတွေ အတွက်လည်း ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်ခံခဲ့ရပြီး အရှေ့ပိုင်းပြည်နယ် တောင်ခိုရာဆန်ရှိ ကော့ဖ်မြို့ကို ပြည်နှင်ဒဏ် ၂ နှစ် ပေးခံရမည်ဖြစ်ကြောင်း ရှေ့နေက ထပ်လောင်းပြောကြားခဲ့ပါတယ်။

အစီရင်ခံစာအရ သူမဟာ နိုင်ငံမှ ထွက်ခွာခွင့် ၂ နှစ်ပိတ်ပင်ခံခဲ့ရပါတယ်။

နီလီက စီရင်ချက်ဟာ အပြီးသတ်မဟုတ်သေးဘဲ အယူခံဝင်နိုင်ကြောင်း၊ တက်ကြွလှုပ်ရှားသူကို သူမရဲ့ ကျန်းမာရေးပြဿနာတွေကြောင့် ယာယီ “ဆေးကုသမှုခံယူဖို့ အာမခံနဲ့ လွှတ်ပေးနိုင်” မယ်လို့ မျှော်လင့်ကြောင်း ဖော်ပြခဲ့ပါတယ်။

မိုဟာမာဒီဟာ သူမရဲ့ ထောင်ချခံရမှုအခြေအနေတွေ၊ ရှေ့နေတွေနဲ့ မိသားစုဆီ ဖုန်းခေါ်ဆိုနိုင်တာ မရှိတာတွေကို ဆန့်ကျင်တဲ့အနေနဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ အစာငတ်ခံဆန္ဒပြမှု စတင်ခဲ့ပါတယ်။

“နာဂက်စ် မိုဟာမာဒီက သူမရဲ့ အစာငတ်ခံဆန္ဒပြမှုကို ဒီနေ့ ၆ ရက်မြောက်နေ့မှာ အဆုံးသတ်ခဲ့ပြီး သတင်းတွေအရ သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ အလွန်စိုးရိမ်ဖွယ်ကောင်းကြောင်း ဖော်ပြနေတယ်”လို့ ဖောင်ဒေးရှင်းက ပြောကြားခဲ့ပါတယ်။

မိုဟာမာဒီက နီလီကို “သူမရဲ့ ကျန်းမာရေး ယိုယွင်းလာတာကြောင့်” လွန်ခဲ့တဲ့ ၃ ရက်ကမှ ဆေးရုံကို ပြောင်းရွှေ့ခဲ့ကြောင်း ပြောကြားခဲ့တယ်လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

“သို့သော်လည်းပဲ သူမရဲ့ ကုသမှုမပြီးဆုံးမီ မာရှ်ဟတ်ရှိ ထောက်လှမ်းရေးဝန်ကြီးဌာနရဲ့ လုံခြုံရေးထိန်းသိမ်းရေးစခန်းကို ပြန်လည်ပို့ဆောင်ခံခဲ့ရတယ်” လို့ ဖောင်ဒေးရှင်းက ပြောကြားခဲ့ပါတယ်။

မိုဟာမာဒီဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို မြှင့်တင်ဖို့ ကြိုးပမ်းမှုတွေအတွက် ရှီရင် အီဘာဒီ ၂၀၀၃ ခုနှစ်မှာ ဆုရရှိခဲ့ပြီးနောက် နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့တဲ့ ဒုတိယမြောက် အီရန်အမျိုးသမီးဖြစ်ပါတယ်။

ထင်ရှားတဲ့ စာရေးဆရာနဲ့ သတင်းထောက်တစ်ဦးဖြစ်တဲ့ မိုဟာမာဒီက အီရန်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ကာကွယ်ဖို့နဲ့ ပိုမိုကျယ်ပြန့်တဲ့ လူ့အခွင့်အရေးပြုပြင်ပြောင်းလဲမှုတွေကို မြှင့်တင်ဖို့ ရေရှည်ရည်ရွယ်ထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ လူ့အခွင့်အရေးကာကွယ်သူများစင်တာ (DHRC) ရဲ့ ဒုတိယညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ပါတယ်။

ကျား၊မ တန်းတူညီမျှမှုအတွက် သူမရဲ့ ထောက်ခံအားပေးမှုအပြင် သေဒဏ်နဲ့ အဂတိလိုက်စားမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်လှုပ်ရှားခဲ့ပါတယ်။

အမျိုးသမီးအခွင့်အရေးတွေအတွက် သူမရဲ့ ၂၀ နှစ်ကြာ တိုက်ပွဲဝင်မှုဟာ သူမရဲ့ လွတ်လပ်မှုရဲ့ သင်္ကေတတစ်ခု ဖြစ်စေခဲ့ကြောင်း နိုဘယ်ကော်မတီက ၂၀၂၃ ခုနှစ်မှာ ပြောကြားခဲ့ပါတယ်။

ရှေ့နေ ခိုစရိုး အလီကော်ဒီရဲ့ သံသယဖြစ်ဖွယ်သေဆုံးမှုကို ရှုတ်ချပြီးနောက် မိုဟာမာဒီဟာ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။

Reference-Al Jazeera
Translator-Richard
Photo-Al Jazeera

#bbmnews #bbm #bbmtv #Iren #NovelPrize

Photo-Al Jazeera
https://www.facebook.com/share/p/1D82EfRHUa/
👍9
ပေါက်တောင်ပိုင်းမှာ စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ရာ စကစတပ်သား ၁၈ ဦးသေဆုံး

BBM - ဖေဖော်ဝါရီ ၁၀
သတင်း - ခက်ဆစ်

မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တွေက ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံးခဲ့တယ်လို့ မြိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ပေါက်မြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်မ ၉၉ နဲ့ ပျူစောထီး ပူးပေါင်း အင်အား ၃၀၀ ခန့်ကို ပေါက်တောင်ပိုင်း သီးချောက်ရွာအနီးမှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဟာ မနက် ၇ နာရီမှ ညနေ ၅ နာရီခွဲအထိ ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးများခဲ့တာကြောင့် ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးနဲ့ ၆ ကြိမ် ပစ်ကူပေးခဲ့တဲ့အပြင် နေ့လည်ပိုင်းမှာ လေကြောင်းပစ်ကူ ၂ ကြိမ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၆ ရက်မှာ အဆိုပါတိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရလူနာတွေနဲ့ ကပစ ၂၄ သို့ ပြန်လည်ဆုတ်ခွာသွားတဲ့ စစ်ကောင်စီ အင်အား ၁၇၀ ခန့်ကိုလည်း နေ့လည် ၁ နာရီ ၄၅ မိနစ်မှ ညနေ ၅ နာရီအထိ ပေါက်တောင်ပိုင်း ဆင်ဇာရွာမှ ပေါက်မြို့အနီး ပေါက်ချောင်း အောက်စုရွာအထိ အနီးကပ်လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ ကပစ ၂၄ မှ ၈၁ မမ လက်ကြီးနဲ့ ၄ ကြိမ် ထပ်မံပစ်ကူပေးခဲ့တယ်လို့လည်း သိရပါတယ်။

အထက်ပါ တိုက်ခိုက်မှု ၂ ကြိမ်အတွင်း စစ်ကောင်စီဘက်မှ ၁၈ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရသွားတာကြောင့် ပေါက်မြို့ဆေးရုံမှာ လူနာများလွန်းနေသဖြင့် မြို့နေပြည်သူတွေကို ဆေးရုံအတွင်း မဝင်ရလို့ ပိတ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါတိုက်ပွဲတွေမှာ ပေါက် ပကဖ နဲ့ မြိုင် ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲ ၂ ကြိမ်အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်မှ ရဲဘော် ၁ ဦး လေယာဥ်ဗုံးစထိမှန်ပြီး မစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Video - မြိုင် ပကဖ

#bbmnews #bbm #bbmtv #pauk #PDF
https://www.facebook.com/share/v/1FP5aZ5AaK/
👍11
ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ကသာခရိုင် တပ်ရင်း ၂ က ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်

BBM - ဖေဖော်ဝါရီ ၁၀
သတင်း - ခက်ဆစ်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် အခြေစိုက် ကသာခရိုင် အမှတ် ၂ တပ်ရင်းက ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဖေဖော်ဝါရီလ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကသာခရိုင် အမှတ် ၂ တပ်ရင်း (K2) စတင်တည်ထောင်ခဲ့ချိန်မှစပြီး လက်ရှိအချိန်အထိ ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ အာဇာနည်ရဲ‌ဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကျန်ရစ်သူမိသားစုဝင်တွေကို ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ထောက်ပံ့ငွေပေးအပ်နိုင်ဖို့အတွက် ၂၀၂၅ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလအတွင်း "ဂုဏ်ပြုကူညီ ‌ရှေ့ဆိုချီ" Project အနေနဲ့ ထီလက်မှတ် Campaign ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ Campaign ဖြစ်မြောက်အောင် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးကြတဲ့ တော်လှန်ပြည်သူလူထု၊ Indaw Revolution Team ၊ ထောက်ပို့ပြည်သူများ၊ အင်းတော် လူသားချင်းစာနာအဖွဲ့တို့ကို ကျေးဇူးတင်ကြောင်း ကသာခရိုင်တပ်ရင်း ၂ က အသိပေးထားပါတယ်။

မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးလမ်းကို ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ရဲဘော်တွေကို ဂုဏ်ပြုကြောင်း ကသာခရိုင် အမှတ် ၂ တပ်ရင်းက အသိပေးကြေညာထားတာ ဖြစ်ပါတယ်။

Photo - K2

#bbmnews #bbm #bbmtv #PDF #K2
https://www.facebook.com/share/v/14UCxmjUNQq/
👍111
အီရန်ရဲ့လေယာဉ်ဆီတွေနဲ့ ချင်းပြည်နယ်အတွင်း စစ်ကောင်စီ ဗုံးကြဲနေမှုအပေါ် CHRO ပြင်းထန်စွာရှုတ်ချ

BBM - ဖေဖော်ဝါရီ ၁၀
သတင်း - Richard

အီရန်ရဲ့ တစ္ဆေသင်္ဘောတွေနဲ့ မှောင်ခို လေယာဉ်ဆီတွေ တင်သွင်းပေးမှုတွေနဲ့ ချင်းပြည်နယ်အတွင်းရှိ ခရစ္စယာန်နဲ့ ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ၊ ပြည်သူတွေကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်နေမှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ချင်းလူအခွင့်အရေးအဖွဲ့(CHRO)က ဖေဖော်ဝါရီလ ၉ ရက်မှာ ဖော်ပြထားပါတယ်။

အခုလိုတိုက်ခိုက်တာတွေဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်သလို ကာကွယ်ရမယ့် ပြည်သူတွေ၊ အဆောက်အအုံတွေကို ဦးတည်တိုက်ခိုက်တာကြောင့် စစ်ရာဇ၀တ်မှုလည်း မြောက်တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့က ကန်ပက်လက်၊ မင်းတပ်နဲ့ မတူပီမြို့နယ်တွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ စစ်တမ်းတွေအရ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၃ ဦး အပါအ၀င် ပြည်သူ ၇ ဦးသေဆုံးပြီး ဘာသာရေး ပုဂ္ဂိုလ်တွေအပါအ၀င် ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘာသာရေး အဆောက်အအုံ ၆ လုံး ပျက်စီးခဲ့ပြီး စာသင်ကျောင်း ၂ ကျောင်း၊ ဆေးရုံ ၁ ရုံနဲ့ ပြည်သူအယောက် ၆၀ ကျော်ရဲ့ နေအိမ်တွေလည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

“အခုလို တိုက်ခိုက်မှုတွေဟာ ဘာသာရေး လွတ်လပ်‌ခွင့်နဲ့ ယုံကြည်မှုတွေကို ပြင်းထန်စွာ‌ချိုးဖောက်တာဖြစ်ပါတယ်”လို့ CHROရဲ့ အမှုဆောင် ဒါရိုက်တာ ဆလိုင်း ဇာအုတ်က ပြောပါတယ်။

အခုလို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နိုင်အောင် နောက်ကွယ်ကနေ လေယာဉ်လောင်စာဆီတွေ ထောက်ပံ့နေတဲ့ အီရန်နိုင်ငံကိုလည်း နိုင်ငံတကာအနေနဲ့ ဖိအားပေးဖို့ တောင်းဆိုထားပါတယ်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့မှာ အီရန် ရေနံတင်သင်္ဘောတစ်စင်းက တိုက်လေယာဉ်ထောင်ပေါင်းများစွာအတွက် ဂျက်လေယာဉ်လောင်စာဆီ တန်ချိန် ၁ သောင်း ၆ ထောင်ကျော်ကို စစ်ကောင်စီထံ တင်ပို့ပေးခဲ့ပါတယ်။

အီရန်နိုင်ငံမှ တရားမဝင် ဂျက်လေယာဉ်လောင်စာဆီတွေ ပို့ဆောင်မှုဟာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို အရှိန်မြှင့်ပေးခဲ့ပြီး ၁၅ လအတွင်း အရပ်သားနေရာ ၁၀၀၀ ကျော်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရိုက်တာသတင်းဌာနရဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုအရ သိရပါတယ်။

“အီရန်က တိုက်ရိုက်တင်သွင်းတဲ့ လောင်စာဆီတွေကြောင့် စစ်ကောင်စီကအခုလို ဘာ‌သာရေးအဖွဲ့အစည်းတွေကို တိုက်ခိုက်နိုင်နေတာပါ၊ အခုလို နောက်ကွယ်ကနေ ထောက်ပံ့နေတဲ့ အီရန်ကို အရေးယူဖို့ လုပ်ဆောင်သင့်ပါတယ်”လို့ ဆလိုင်းဇာအုတ်က ဆိုပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ အီရန်ဟာ သင်္ဘော ၉ စီးနဲ့ စုစုပေါင်း ၁ သိန်း ၇ သောင်း ၅ ထောင် တန်ကို စစ်အစိုးရဆီ ပို့ဆောင်ပေးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ပြန်လည်သုံးသပ်ထားတဲ့ သင်္ဘောစာရွက်စာတမ်းတွေနဲ့ အမေရိကန်ကုမ္ပဏီ SynMax Intelligence ရဲ့ ဂြိုဟ်တုပုံရိပ်တွေနဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေအရ သိရကြောင်း The Jerusalem Post သတင်းဌာနကလည်း ဖော်ပြထားပါတယ်။

နှစ်ပေါင်းများစွာ ပိတ်ဆို့အရေးယူတွေခံထားရတဲ့ အီရန်ဟာ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုကြောင့် ‌ဖြစ်ပေါ်လာတဲ့ ပြည်သူ့တော်လှန်ရေးကို တိုက်ခိုက်ဖို့ လေယာဉ်လောင်စာဆီ လိုအပ်နေတဲ့ စစ်ကောင်စီတပ်ကို ပင်မရောင်းချသူ ဖြစ်လာပါတယ်။

စစ်ကောင်စီဟာ တရုတ်ထုတ် JF-17 တိုက်လေယာဉ်တွေ၊ ရုရှားထုတ် MiG-29 တိုက်လေယာဉ်တွေနဲ့ Sukhoi-30 တိုက်လေယာဉ်တွေ အပါအဝင် စစ်လေယာဉ် ၁၀၀ ခန့်ဟာ လောင်စာဆီကုန်သွယ်မှု တိုးတက်လာပြီးနောက်ပိုင်း ဗုံးကြဲတိုက်ခိုက်မှုတွေကို ပိုမိုလုပ်ဆောင်လျက်ရှိပါတယ်။

#bbm #bbmtv #bbmnews #Iran #CHRO
https://www.facebook.com/share/p/18NusgwsVB/
👍9😡1
ဗန်းမောက်မြို့ကို စွန့်ခွာသွားခြင်းမဟုတ်ဘဲ KIA နဲ့ PDF ပူးပေါင်းတပ်များ ဝန်းရံပိတ်ဆို့တိုက်ခိုက်လျက်ရှိ

BBM - ဖေဖော်ဝါရီ ၁၀
သတင်း - ကိုအိုက်

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက စွန့်ခွာသွားတာမဟုတ်ဘဲ မြို့ကို ဝန်းရံပိတ်ဆို့တိုက်ခိုက်လျက်ရှိတာကြောင့် မြို့တွင်းတိုက်ပွဲတွေ ငြိမ်သက်သွားတာမရှိဘဲ ပြင်းထန်နေဆဲဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက BBM ကို ပြောပါတယ်။

စစ်ကောင်စီတပ်က ဗန်းမောက်မြို့ကို ပြန်လည်ထိန်းချုပ်လိုက်ပေမဲ့ KIA နဲ့ PDF ပူးပေါင်းတပ်တွေက မြို့ကို စွန့်ခွာသွားတာမရှိဘဲ ဘေးပတ်လည် ပိတ်ဆို့ဝန်းရံ တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

"တော်လှန်ရေးတပ်ဖွဲ့တွေက မြို့ထဲကနေ ဆုတ်ပေးလိုက်ရတာပါ၊ မြို့ကို စွန့်ခွာသွားတာ မဟုတ်ဘူး၊ မြို့ဘေးပတ်လည်ကို ပိတ်ဆို့ဝန်းရံပြီး တိုက်နေပါတယ်" လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက BBM ကို ပြောပါတယ်။

စစ်ကောင်စီဟာ ဗန်းမောက်မြို့ကို ပြန်လည်ရရှိဖို့ အင်အားအလုံးအရင်းနဲ့ (၅) လ နီးပါးအကြာ တိုက်ပွဲပေါင်း (၁၀၀) နီးပါး ဖော်ဆောင်ခဲ့တဲ့အပြင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ကူတွေ အလွန်အကျွံ အသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှု နည်းပါးစေဖို့ ၄ လအကြာ ထိန်းချုပ်ထားပြီးနောက် ဖေဖော်ဝါလ ၈ ရက်နေ့မှာ ဗန်းမောက်မြို့ပေါ်မှ ပြန်လည် ဆုတ်ခွာပေးလိုက်ရတာ ဖြစ်ပါတယ်။

"စစ်ကောင်စီတပ်ဘက်က ဒရုန်း၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးကျည် ပစ်ခတ်မှု အမြောက်အမြား အသုံးပြုလာတဲ့အတွက် ရဲဘော်တွေ ထိခိုကျဆုံးမှု နည်းစေဖို့ မြို့ထဲကနေ ဆုတ်ပေးလိုက်ရတာပါ၊ စစ်ကောင်စီက မြို့ကိုထိန်းချုပ်ထားပေမဲ့ တိုက်ပွဲတွေက မငြိမ်သေးဘဲ ပြင်းထန်နေဆဲဖြစ်ပါတယ်"လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက BBM ကို ပြောပါတယ်။

ဗန်းမောက်မြို့ကို စစ်ကောင်စီတပ်က ပြန်လည်ဝင်ရောက်ထိန်းချုပ်ထားနိုင်ပေမဲ့လည်း အဆိုပါမြို့နဲ့အနီးမှာရှိတဲ့ ပင်လည်ဘူးမြို့နဲ့ အင်းတော်မြို့ တို့ကိုမူ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အခိုင်အမာ ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။

Photo - ဗန်းမောက်မြို့ကို ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း တော်လှန်‌ရေးအင်အားစုများ သိမ်းပိုက်ခဲ့စဉ်။

#bbm #bbmtv #bbmnews #banmauk #KIA #PDF
https://www.facebook.com/share/p/16kqnKh1z1/
👍10👏2
နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ ဒရုန်းဗုံးထိမှန်ပြီး PDF ရဲဘော် ၆ ဦးကျဆုံး

BBM - ဖေဖော်ဝါရီ ၁၀
သတင်း - ခက်ဆစ်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးရေးတပ်မတော် PDF ရှေ့တန်းကင်းစခန်းကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် PDF ရဲဘော် ၆ ဦး ကျဆုံးခဲ့တယ်လို့ ဗမာ့တော်လှန်ရေးတပ်တော် BRA က ဒီနေ့ ထုတ်ပြန်ခဲ့ပါတယ်။

PDF ရဲဘော် ၆ ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်၊ မနက် ၉ နာရီခန့်မှာ စစ်ကောင်စီကို ခုခံတိုက်ခိုက်ရင်း ရှေ့တန်းတနေရာမှာ ဒရုန်းဗုံးသီးထိမှန်ပြီး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် ၃၈၀၁၊ တပ်ခွဲ ၄ ဖြစ်တဲ့ Bamar Revolution Army - BRA မှ တပ်စုမှူး ရဲဘော် မိုးစက်၊ ရဲဘော် နေကြီး၊ ရဲဘော် ရှိုင်းလေး၊ ရဲဘော် နောက်တိုး၊ ရဲဘော် မဲလုံးနဲ့ ရဲဘော် ကြွက်နီတို့ ဖြစ်ကြပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ စွန့်လွှတ်အနစ်နာခံ ပေးဆပ်မှုတွေကို အစဥ်အမြဲအောက်မေ့သတိရနေပြီး မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးကို ဆုံးခန်းတိုင်အထိ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကတိသစ္စာပြုကြောင်း ဗမာ့တော်လှန်ရေးတပ်တော် BRA က အသိပေးထားတာ ဖြစ်ပါတယ်။

Photo - BRA

#bbm #bbmtv #BRA #BamarRevolutionArmy #နတ်တလင်း
https://www.facebook.com/share/p/19xyAmoQbv/
😢7👎1💔1🫡1
ထန်တလန်မြို့နယ်မှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီဗုံးကြဲခဲ့သဖြင့် အရပ်သား ၆ ဦးသေဆုံး

BBM - ဖေဖော်ဝါရီ ၁၀
သတင်း - ကိုအိုက်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ တလန်ခွါကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၆ ဦး ထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက BBM ကို ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ တံတားဦးလေတပ်မှ တက်လာတဲ့ A-5 Bomber Jet တစ်စီးနဲ့ တလန်ခွာရွာကို စစ်ရေးလှုပ်ရှားတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

"ရွာထဲမှာ စစ်ရေးလှုပ်ရှားတာ၊ တော်လှန်ရေးဘက်က တပ်စွဲထားတာ မရှိဘဲ ပုံမှန်အခြေအနေမျိုးမှာ စစ်ကောင်စီက ဗုံးကြဲသွားတယ်၊ အမျိုးသားတွေချည်း ၆ ယောက် သေဆုံးသွားပါတယ်၊ ထိခိုက်ဒဏ်ရာရသူတွေလည်း များတယ်"လို့ ထန်တလန်မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက BBM ကို ပြောပါတယ်။

အဲဒီ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဦးရာလ်အီယပ်ဖ်၊ ဦးထန်းကျဲအို၊ ဦးဆွေကျုံး၊ ဦးငွန်လျန်ထောင်း၊ ဦးကျုံးကျင်ထောင်းနဲ့ ဦးဗျက်ကုန်းတို့ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း များပြားနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း ခွါဖိုးကျေးရွာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် စာသင်ကျောင်းနဲ့ အဆောက်အအုံတွေ ပျက်စီးသွားခဲ့ပါတယ်။

ထန်တလန်အပါအဝင် မင်းတပ်၊ မတူပီ၊ ပလက်ဝ၊ ကန်ပက်လက်၊ တွန်းဇံ၊ ဖလမ်း စတဲ့မြို့နယ်တွေကို စစ်ကောင်စီက အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။

အရေးပေါ် ကြေညာထားတဲ့ မင်းတပ်၊ ကန်ပက်လက်၊ မတူပီမြို့ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၈ ရက်နေ့က တပြိုင်နက် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးအပါအဝင် ၃ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။

#bbm #bbmnews #Chin #ထန်တလန် #စစ်ကောင်စီ
https://www.facebook.com/share/p/1cifuEvm4A/
🤬4👎2👍1
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေး

BBM - ဖေဖော်ဝါရီ ၁၀
သတင်း - မင်းသော်

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊အာရက္ခတပ်တော်(ULA/AA)နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီတို့ ပြီးခဲ့တဲ့၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က တရားဝင်တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တွေ့ဆုံဆွေးနွေးရာမှာ နှစ်ဖက်အဖွဲ့အစည်းကြား မဟာမိတ်စိတ်ဓာတ်ထက်ပိုတဲ့ ဂရုစိုက်မှုဖော်ရွေမှုများ ပြသပေးခဲ့တဲ့အတွက် ULA/AAကို မရာနယ်မြေအုပ်ချုပ်ရေးကောင်စီအနေနဲ့ လေးစားကျေးဇူးတင်ကြောင်းလည်းဆိုပါတယ်။

ဒါ့အပြင် အနာဂတ်မှာလည်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီနဲ့ ULA/AA တို့အတူ မိတ်ဖက်စိတ်ဓာတ်၊ ယုံကြည်မှု၊ နားလည်မှုတွေအပေါ် အခြေခံပြီး ပိုမိုခိုင်မာတဲ့ လက်တွဲပူးပေါင်းမှုများကို တည်ဆောက်သွားလိုကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီမှထုတ်ပြန်ကြေငြာထားပါတယ်။

#bbm #bbmnews #ArakanArmy #မရ#Rakhine
https://www.facebook.com/share/p/1DJpRkgrAw/
👍7🥰1
ဖားကန့် မရှီကထောင်တိုက်ပွဲဖြစ်ပွါးရာကို စကစ လေကြောင်းဗုံးကြဲတဲ့အပြင် စက်သေနတ်တွေနဲ့ပါပစ်ခတ်

🟥ဝိုင်းမော်ဘက်မှာလည်း စစ်ကြောင်းထပ်တိုးလာတာကြောင့် တိုက်ပွဲပြင်းထန်

BBM-ဖေဖော်ဝါရီ၁၀
သတင်း-မင်းသော်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွါးနေရာ မရှီကထောင်အနောက်ဘက်ဒေသတွေကို စစ်ကောင်စီဘက်က လေကြောင်းဗုံးကြဲတာတွေအပြင် စက်သေနတ်တွေနဲ့ပါ ပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

KIAနဲ့တော်လှန်ရေးအင်အားစုတွေအားကောင်းရာ ဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသတစ်ကြောကို ပြန်လည်စိုးမိုးနိုင်ဖို့အတွက် စစ်ကောင်စီအနေနဲ့ မရှီကထောင်အနောက်ဘက်၊ ယူမာကျေးရွာတို့သာမက ဥရုချောင်းဘက်တွေမှလည်း ထိုးစစ်ဆင်တာတွေပြုလုပ်နေတာကြောင့် ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲတွေ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွါးနေရတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေပြင်းထန်ရာ မရှီကထောင်အနောက်ဘက်ရှိ ထုံးဘိုကျေးရွာဘက်တွေကို ဖေဖော်ဝါရီလ(၁၀)ရက်(ဒီနေ့) နေ့လယ် ၁နာရီခွဲအကျော်နဲ့ ညနေ၄နာရီအကျော်မှာ လေကြောင်းမှ ဗုံးလာရောက်ကြဲချတဲ့အပြင် စက်သေနတ်နဲ့ပစ်ခတ်တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုလေကြောင်းပစ်ကူလာရောက်ပြီးတဲ့နောက် မြေပြင်မှာ တိုက်ပွဲဖြစ်ပွါးမှုတွေ ဆက်လက်ရှိနေပေမဲ့ ထိခိုက်သေဆုံးမှုတွေကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးဘူးဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။

"စကမ တွေက ဆိုင်းတောင်တစ်ကြောကိုပြန်စိုးမိုးဖို့ ယူမာဘက်၊ မရှီကထောင်အနောက်ဘက်နဲ့ ဥရုချောင်းဘက်တွေကနေထိုးလာလို့ တိုက်ပွဲတွေဖြစ်နေတယ်၊ ဒီနေ့နေ့ခင်းကိုလေယာဥ်နဲ့လာကြဲပြီးစက်သေနတ်နဲ့ပစ်တာတွေရှိတယ်၊ အထိခိုက်ကတော့ မသိရသေးဘူး"

ဒီလိုတိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဖားကန့်မြို့ဘက်ကို ယနေ့မှာပဲနောက်ထပ် ကာမိုင်း-ဖားကန့်လမ်းကြောင်းဘက်မှ စစ်လက်နက်တွေပါတဲ့ စကစ ယာဥ်တန်းတွေအင်အားဖြည့်လာရောက်တာတွေရှိပြီး လမ်းတစ်လျှောက်တော်လှန်ရေးအင်အားစုတွေမှလည်း မိုင်းဆွဲတိုက်ခိုက်တာတွေရှိတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မြစ်ကြီးနား)အနီးရှိ ဝိုင်းမော်ဒေသမှာလည်း စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတာတွေရှိတာကြောင့် ဒီနေ့မှာပဲ တိုက်ပွဲတွေဆက်လက်ဖြစ်ပွါးနေတယ်လို့ နောက်ထပ်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။

"ဝိုင်းမော်ဘက်က ကာကင်းတွေသိမ်းတဲ့သတင်းတွေတော့ ကျွန်တော်သေချာမသိသေးပါဘူး၊ ဒါမဲ့ စကစ တွေထပ်တိုးလာလို့ တိုက်ပွဲတွေဖြစ်နေတာတော့ဟုတ်တယ်၊ လက်နက်ကြီးနဲ့ပစ်ကူပေးနေတာလည်းရှိတယ်"

ယခုရက်ပိုင်းအတွင်းမှာတင် ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ဖားကန့်၊ဝိုင်းမော်ဒေသတွေမှာ တိုက်ပွဲကြီးကြီးမားမားဖြစ်ပွါးနေတယ်လို့ သိရပြီး စစ်ကောင်စီရဲ့တင့်ကားတွေ လေကြောင်းရေဒါ
တွေကိုလည်း တော်လှန်ရေးအင်အးစုတွေဘက်က ဖျတ်ဆီးထားနိုင်တာတွေရှိတယ်လို့ ဗိုလ်ချုပ်ဂွန်မော်ကိုယ်တိုင် ထုတ်ဖော်ပြောဆိုထားတာတွေရှိပါတယ်။

#bbm #bbmtv #bbmnews #hpakant #kachin
https://www.facebook.com/share/p/1DGzkMort4/
👍3👎2🤬2
မူးမြို့နယ်နဲ့ လယ်ဒိုမြို့နယ်တွေမှာ စစ်ကောင်စီက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေ

🟥ပြည်သူတစ်ဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရကာ နေအိမ်ခြောက်လုံးနဲ့ဓမ္မာရုံ တစ်ခုလည်း ပျက်စီး

BBM. - ဖေဖော်ဝါရီ ၁၀
သတင်း - ကိုဘုဏ်း

ကော်သူးလေအုပ်ချုပ်မူ့နယ်မြေ၊ ခလယ်လွီထူးခရိုင်အတွင်းရှိ မူးမြို့နယ်နဲ့လယ်ဒိုမြို့နယ် မှာရှိတဲ့ အရပ်သားပြည်သူတွေကိုပစ်မှတ်ထားပြီး စစ်ကောင်စီက တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကေအဲန်ယူ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ရက်နေ့က ခမရ - ၃၀၇ တပ်ရင်းမှ ဆိပ်ဖြူရွာထဲကို ဒရုန်းနဲ့ဗုံးကြဲတာကြောင့် ဒေသခံရွာသားဦးဇော်ကြီး သေဆုံးပြီး ဒေါ်သီတာဝင်း၊မပုတိုမနဲ့ ၁လသားအရွယ်ကလေးတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ​လ ၅ ရက်နေ့မှာလည်း ကွီးဒိုခေါ်တွင်မှာ နေထိုင်တဲ့စောလယ်ကပေါ်ဝါးဟာ စစ်ကောင်စီထောင်ထားတဲ့မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဆက်လက်ပြီး ဖေဖော်ဝါရီလ၆ရက်နေ့မှာ ခင်ကြီးရွာကိုစစ်ကောင်စီရဲ့ ခမရ - ၄၃၉ က ဒရုန်းနဲ့ဗုံးကြဲခဲ့ပြန်ပြီ ပြည်သူ့နေအိမ် နှစ်လုံးပျက်စီးခဲ့တယ်လို့လည်းသိရပါတယ်။

ဒါ့အပြင်ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ပျဥ်ရေကျေးရွာကို ဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့တာကြောင့် ဒေသခံ မောင်မင်းကိုနိုင် ထိခိုက်သေဆုံးခဲ့ရသလိုပဲ အခြာရွာသားသုံးဦးလည်းထိခိုက်ဒဏ်ရာရခဲ့ကြသလို နေအိမ် တစ်လုံးပျက်စီးခဲ့တယ်လို့သိရပါတယ်။

အဆိုပါနေ့မှာပဲ အင်းပုရစ်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူနေအိမိ တစ်လုံးပျက်စီခဲ့ပါတယ်။ဖေဖော်ဝါရီလ ၈ရက်နေ့မှာ နတ်သံကွင်းမှာရှိတဲ့ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံး ၃ လုံး ကြဲတာကြောင့် ပြည်သူ့နေအိမ် တစ်လုံး ဓမ္မာရုံ တစ်ခု ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာအရပ်သားပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ ဆက်လက်တိုက်ခိုက်နေတာကြောင့် ပြည်သူများမှာ ထိခိုက်သေကြေရပြီး နေအိမ် အဆောက်အဦးများလည်းပျက်စီခဲ့ရတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ကြေငြာထားပါတယ်။
https://www.facebook.com/share/p/1Dsne4e2zT/
👎3🤬3👍1
ဒီးမော့ဆိုအနောက်ခြမ်းရှိ ယ ဘိန်းခင်းတွေကို KNDF ဖျက်ဆီး

BBM - ဖေဖော်ဝါရီ ၁၁
သတင်း - Richard

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းရှိတဲ့ ဘိန်းခင်းတွေကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဖျက်ဆီးခဲ့ကြောင်း ဒေသခံတွေက ဆိုပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်ပိုင်းက ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းရှိတဲ့အဆိုပါ ဘိန်းခင်းကို KNDF ဗျူဟာ ၄ ကဖျက်စီးခဲ့တာပါ။

ဒါဟာ ဘိန်းမစိုက်ရဘူးလို့ ထုတ်ပြန်ထားကို မလိုက်နာတာကြောင့် အခုလို ဖျက်စီးရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလပိုင်းက ဒီးမော့ဆိုအနောက်ခြမ်း ၊ လွိုင်နန်းဖ မြို့နယ်အတွင်း ဘိန်းစိုက်ပျိုးတာ လုံးဝ မပြုလုပ်ဖို့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က အသိပေးကြေညာထားခဲ့ပေမဲ့လည်း အရင်အတိုင်း ဆက်ရှိနေတယ်လို့ သိရပါတယ်။

လာမယ့်နှစ်တွေမှာလည်း ဒီးမော့ဆို မြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှုကို တားဆီးသွားမှာဖြစ်ပြီး အပြစ်ပေးအရေးယူမှုတွေလည်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ KNDF ဗျူဟာ (၄)က အသိပေးထားပါတယ်။

၂၀၂၅ခုနှစ်ကုန်ပိုင်းလောက်က ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)ရဲ့ စစ်တမ်းတွေအရ ကမ္ဘာမှာ မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုးမှုမှာ အာဖဂန်နစ္စတန်နိုင်ငံကို ကျော်ပြီး နံပါတ် ၁နေရာကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

#bbmnews #bbm #bbmtv #UNODC #demoso
https://www.facebook.com/share/v/18CSnoTzAi/
👍7👏1
ဂျော်ဒန်းနိုး ကုမ္ပဏီ တည်ထောင်သူ ဟောင်ကောင် ဒီမိုကရေစီ သူဌေးကြီး ဂျင်မီလိုင် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရ

BBM - ဖေဖော်ဝါရီ ၁၁

ဟောင်ကောင်က ဂျော်ဒန်နိုး ကုမ္ပဏီတည် ထောင်သူ နဲ့ ဒီမိုကရေစီလိုလားတဲ့ မီဒီယာလုပ်ငန်းရှင် သူဌေးကြီး ဂျင်မီလိုင်ဟာ မြို့တော်ရဲ့ အငြင်းပွားဖွယ်ရာ အမျိုးသားလုံခြုံရေးဥပဒေအရ နိုင်ငံခြားတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကြံစည်မှုနဲ့ ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံခဲ့ရပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေနဲ့ မိသားစုတွေက အသက် ၇၈ နှစ်အရွယ် ဂျင်မီလိုင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေကို ထုတ်ဖော်ပြောဆိုခဲ့ကြပေမဲ့ ဟောင်ကောင်ခေါင်းဆောင်ကတော့ "အလွန်ကျေနပ်ဖွယ်ကောင်းတယ်" လို့ ပြောကြားခဲ့ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ကြီးမားတဲ့ ဆန္ဒပြပွဲတွေအပြီးမှာ ဖမ်းဆီးခံခဲ့ရတာပဲဖြစ်ပါတယိ။

ဒါဟာ တရုတ်နိုင်ငံက ချမှတ်ခဲ့တဲ့ ဥပဒေအရ အပြင်းထန်ဆုံး ပြစ်ဒဏ်ဖြစ်ပြီး
မြို့တော်ရဲ့ တည်ငြိမ်မှုအတွက် မရှိမဖြစ်လိုအပ်လို့ လုပ်ဆောင်ရတာဖြစ်တယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။

ဗြိတိန်နိုင်ငံသား လိုင်ဟာ ဥပဒေအရ ဖမ်းဆီးခံရသူ ရာပေါင်းများစွာထဲမှာ အထင်ရှားဆုံးဖြစ်ပါတယ်။

လိုင်ဟာ တရုတ်နိုင်ငံကို ပြင်းထန်စွာဝေဖန်သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ Apple Daily သတင်းစာကနေတဆင့် ဝေဖန်ရေးသားမှုတွေ မကြာခဏလုပ်လေ့ရှိတဲ့သူပါ။

"အလွန်ဝမ်းနည်းကြေကွဲဖွယ်ကောင်းပါတယ်" လို့ လိုင်ရဲ့သား ဆီဘတ်စရှိတ်က BBC ရဲ့ Today အစီအစဉ်ကို ပြောကြားခဲ့ပြီး လိုင်ရဲ့ထောင်ဒဏ်ချမှတ်ခံရမှုကို UK အစိုးရဆီကို အကြိမ်ကြိမ်တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ "ကျွန်တော့်အဖေကတော့ ထောင်ထဲမှာရှိနေသေးတယ်ဆိုတာ ထင်ရှားပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဆီဘတ်စရှန် လိုင်နဲ့ အခြားသူတွေက မကြာသေးမီက ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာရဲ့ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်မှုဟာ အလဟဿဖြစ်စေတဲ့ အခွင့်အရေးတစ်ခုအဖြစ် ဝေဖန်ခဲ့ကြပါတယ်။

အဆိုပါ စီရင်ချက်ဟာ "ဟောင်ကောင်ဥပဒေစနစ်ကို လုံးဝဖျက်ဆီးနေတာအပြင် တရားမျှတမှုမရှိ‌တော့ဘူးဆိုတာကို ညွှန်ပြနေတယ်" လို့ ဆီဘတ်စရှန်က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ဟောင်ကောင်အာဏာပိုင်တွေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက လိုင်ရဲ့ ပြစ်ဒဏ်ချမှတ်မှုဟာ မြို့တော်ရဲ့ တရားဥပဒေစိုးမိုးရေးကို ပြသနေတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

တရားသူကြီးတွေက လိုင်ကို ပြစ်ဒဏ်ချမှတ်ရာမှာ "ပြင်းထန်တဲ့ ရာဇဝတ်မှု အဖြစ် ရှုတ်ချခဲ့ပြီး "အပြင်းထန်ဆုံး" အမျိုးအစားဖြစ်တဲ့ ပူးပေါင်းကြံစည်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဖေဖာ်ဝါရီလ ၉ရက် တနင်္လာနေ့မနက်ပိုင်းက လိုင်ကို ပြစ်ဒဏ်မချမှတ်ခင် တရားရုံးတစ်ဝိုက်မှာ ရဲတပ်ဖွဲ့ဝင်တွေ ထူထပ်စွာချရှိနေပါတယ်။

တစ်ဖက်မှာ လိုင်ရဲ့ ထောက်ခံသူများစွာလည်း ရှိနေပြီး သူတို့ထဲက အချို့ဟာ တရားရုံးထဲကို ၀င်ခွင့်ရဖို့ မျှော်လင့်ချက်နဲ့ ရက်ပေါင်းများစွာ စခန်းချခဲ့ကြပါတယ်။

"မစ္စတာလိုင်ကို တရားရုံးမှာ ကိုယ်တိုင်နှုတ်ဆက်ချင်ပါတယ်။ ကျွန်တော်တောင်းဆိုတာက ဒါပါပဲ၊ ဘာလို့လဲဆိုတော့ ကျွန်တော်သူ့ကို နောက်ဆုံးအကြိမ်တွေ့တာဖြစ်လိမ့်မယ်ထင်လို့ပါ" လို့ ဖေဖော်ဝါရီလ ၅ရက်နေ့ ကြာသပတေးနေ့ညကတည်းက တန်းစီနေခဲ့တယ်လို့ ထောက်ခံသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

အဖြူရောင်ဂျာကင်အင်္ကျီနဲ့ မျက်မှန်အနက်ရောင်ဝတ်ဆင်ထားတဲ့ လိုင်ဟာ သူ့ရဲ့ မိသားစုနှင့် ထောက်ခံသူတွေကို တောက်ပစွာပြုံးပြခဲ့ပါတယ်။

တရားရုံးက ပြစ်ဒဏ်ချမှတ်တဲ့အခါမှာလည်း သူဟာ တည်ငြိမ်စွာခေါင်းညိတ်ခဲ့ပြီး ပြည်သူအချို့ ငိုကြွေးနေတာကို ကြားခဲ့ရပါတယ်။

ဇနီးဖြစ်သူ ထရီဆာကတော့ တရားရုံးမှ ထွက်ခွာသွားစဉ် မျက်ရည်တွေကို ထိန်းထားခဲ့ပါတယ်။

Reference-BBC
Translator-Richard

#bbmnews #bbm #BBMTV #InternationalNews
https://www.facebook.com/share/p/1GA4ypEhoC/
👍6👎1
ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးရဲဘော်တွေကို ကျည်ကာဝတ်စုံများတပ်ဆင်

BBM - ဖေဖော်ဝါရီ ၁၁
သတင်း - ခက်ဆစ်

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရန်ကုန် ပကဖ ရဲ့ တိုက်ခိုက်‌ရေးရဲဘော်များအတွက် ယူနီဖောင်းနဲ့ ကျည်ကာပစ္စည်းတွေကို ထပ်မံဖြည့်တင်း တပ်ဆင်ပေးခဲ့တယ်လို့ ရန်ကုန်တိုင်း ပကဖ က ယမန်နေ့ ညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

ယူနီဖောင်းနဲ့ ကျည်ကာပစ္စည်းတွေကို ရန်ကုန်တိုင်း ပကဖ ရဲ့ “ယူနီဖောင်း၊ ကျည်ကာ သိန်းထောင့်ငါးရာ” ကမ်ပိန်းမှ ရရှိလာတဲ့ ထောက်ပို့ငွေတွေနဲ့ ရန်ကုန်တိုင်း ပကဖ မှ ရဲဘော်များအတွက် ယူနီဖောင်းနှင့် ကျည်ကာပစ္စည်းများကို ထပ်မံဖြည့်တင်း တပ်ဆင်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ပြည်သူတွေရဲ့ တခဲနက်ပါဝင်မှုနဲ့ အောင်မြင်ခဲ့တဲ့ အဆိုပါကမ်ပိန်းမှရရှိတဲ့ ထောက်ပို့ငွေတွေဟာ ရဲဘော်တွေရဲ့ ရှေ့တန်းစစ်မျက်နှာမှာ အသက်ကယ်မယ့် ခေတ်မီကာကွယ်ရေးပစ္စည်းတွေ ဖြစ်လာခဲ့တယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်မှာလည်း ချေမှုန်းရေးမွမ်းမံသင်တန်းမှ သင်တန်းဆင်းလာတဲ့ ရဲဘော်တွေကို ယူနီဖောင်းအပြည့်အစုံတပ်ဆင်ပေးခဲ့သလို ရန်ကုန်တိုင်းပကဖ ကွပ်ကဲမှုအောက်ရှိ သက်ဆိုင်ရာခရိုင်အလိုက် တိုက်ခိုက်ရေးတပ်ဖွဲ့( ၁၊ ၂၊ ၄၊ ၅၊ ၇)ရဲဘော်တွေကိုလည်း ယူနီဖောင်း၊ ဦးထုတ်၊ ဖိနပ်၊ ခြေအိတ်များ တပ်ဆင်ပေးခဲ့တယ်လို့ ရန်ကုန် ပကဖ က ထုတ်ပြန်ထားပါတယ်။

Photo - ရန်ကုန် ပကဖ

#bbmnews #bbm #bbmtv #YGN #PaKaPha
https://www.facebook.com/share/p/1H5o4a9YPc/
7👍3