ထိုင်းမှာ စစ်ဘက်သံချပ်ကာယာဉ်တစ်စီးကို လက်လုပ်ဗုံး (IED)နဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်သားတစ်ဦး ဒဏ်ရာရရှိ
BBM - ဖေဖော်ဝါရီ ၉
သတင်း - Richard
ထိုင်းနိုင်ငံ၊ ဘန်နန်စတာခရိုင်မှာ ကင်းလှည့်နေတဲ့ စစ်ဘက်သံချပ်ကာယာဉ်တစ်စီးကို လက်လုပ်ဗုံး (IED)နဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် စစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ The Reporterက ဖော်ပြထားပါတယ်။
မနေ့က ဖေဖော်ဝါရီ ၈ရက် ညနေ ၄နာရီ ၃၅မိနစ်မှာ ဘန်ကာဆော့ဒ်အခြေစိုက် ပထမခြေလျင်တပ်ရင်းမှ စစ်သားတွေ တင်ဆောင်လာတဲ့ စစ်ဘက်သံချပ်ကာယာဉ် (Viva မော်ဒယ်) ကို ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတာပါ။
ဖြစ်စဉ်က ယာလာပြည်နယ်၊ ဘန်နန်စတာခရိုင်၊ ဘန်နန်စတာခရိုင်၊ ဘန်ဝမ်ဟင်းရွာအမှတ် ၈ ရှိ တံတားအနီးမှာ ဖြစ်ပွားခဲ့တာပါ။
ကနဦးသတင်းတွေအရ တပ်သား Worawit Sukchueyဟာ အနည်းငယ်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
နောက်ဆက်တွဲ အသေးစိတ်အချက်အလက်တွေကို ဆက်လက်စုံစမ်းလျက်ရှိပါတယ်။
Reference-The Reporter
Photos-The Reporter
#bbmnews #bbmtv #bbm #thai #InternationalNews
https://www.facebook.com/share/p/1CYH7Bn1ct/

Facebook
Log in or sign up to view
See posts, photos and more on Facebook.
👍6
သံတောင်မြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိူးသမီးတစ်ဦးသေဆုံး
BBM - ဖေဖော်ဝါရီ ၉
သတင်း - ကိုဘုဏ်း
ကရင်ပြည်နယ် ၊သံတောင်မြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦးသေဆုံးခဲ့တယ်လို့ ကေအဲန်ယူ ၊ကရင်အမျိုးသားအစည်းအရုံးက ဖေဖော်ဝါရီလ ၃နေ့က ထုတ်ပြန်ထားပါတယ်။
ပရှောလော်ကဝေါ်ရှိ ထို့ဘိုကြီးစစ်ကောင်စီစစ်စခန်းမှ လက်နက်ကြီး ၂လုံးနဲ့ပစ်ခတ်ရာ ဖိုးဝါးချောင်းရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ပါတယ်လို့ ဆိုပါတယ်။
အဆိုပါလက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဖိုးဝါးချောင်းကျေးရွာမှာနေတဲ့ ကလေးနှစ်ယောက် မိခင် နော်နီကမွီး (၃၈)နှစ်မှာ ဒဏ်ရာကြောင့် နေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ အရပ်သားပစ်မှတ်တွေ ကိုရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ်လို့ ကေအဲန်ယူ၊ကရင်အမျိုးသားအစည်းအရုံးကထုတ်ပြန် ကြေငြာထားပါတယ်။
Photo - Social Media
#bbmnews #bbm #bbmtv #karen #KNU
https://www.facebook.com/share/p/1CWkxqQaaH/

🤬7👍1
အနုတင်ရဲ့ ဘွန်ဂျိုင်ထိုင်းပါတီက မဲရလဒ်အများဆုံးနဲ့ ဦးဆောင်နေ
BBM - ဖေဖော်ဝါရီ ၉
သတင်း - Richard
ယာယီဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်ရဲ့ ဘွန်ဂျိုင်ထိုင်း ပါတီက လွှတ်တော်မဲဆန္ဒနယ် ၁၇၄ နေရာ အနိုင်ရရှိခဲ့ပြီး ပြည်သူ့ပါတီက ၈၇ နေရာနဲ့ ဖြူထိုင်းပါတီက ၅၈ နေရာ ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောကြားခဲ့ပါတယ်။
ရွေးကောက်ပွဲ အစောပိုင်း မဲရေတွက်မှုတွေအရ ဘွန်ဂျိုင်ထိုင်းပါတီက ဦးဆောင်နေကြောင်းကြေညာပြီးနောက် အနုတင် ချန်ဗီရာကူးလ်က အောင်ပွဲခံခဲ့ကာ ထောက်ခံခဲ့ကြတဲ့ မဲဆန္ဒရှင်တွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒီနေ့ ဖေဖော်ဝါရီလ ၉ရက်နေ့ မနက် ၃နာကီ ၅၇မိနစ်မှာ မဲ ၉၄% ရေတွက်ပြီးနောက် EC ရဲ့ တရားဝင်မဟုတ်မဲရလဒ်ဒိုင်ခွက်မှာ ရလဒ်တွေကို ဖော်ပြခဲ့ပါတယ်။
မဲဆန္ဒနယ်အမတ်တွေအတွက် လွှတ်တော်အမတ်နေရာ ၄၀၀ ရှိပါတယ်။
Klatham ပါတီက မဲဆန္ဒနယ်အမတ်တွေအတွက် လွှတ်တော်အမတ်နေရာ ၅၆ နေရာနဲ့ စတုတ္ထနေရာမှာ ရပ်တည်ခဲ့ပါတယ်။
ဒီမိုကရက်ပါတီက လွှတ်တော်အမတ်နေရာ ၁၀ နေရာနဲ့ ပဉ္စမနေရာမှာ ရပ်တည်ခဲ့ပါတယ်။
အနုတင်က ဘွန်ဂျိုင်ထိုင်းပါတီအနေနဲ့ ရေရှည်ပြဿနာတွေကို ဖြေရှင်းလိုသူတွေအတွက် အောင်ပွဲတစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
ပါတီက မဲဆန္ဒရှင်တွေရဲ့ မျှော်လင့်ချက်တွေကို လေးစားပြီး သမာဓိရှိရှိ အုပ်ချုပ်မှာဖြစ်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘုရင်ကို နိုင်ငံတော်အကြီးအကဲအဖြစ် ထားရှိကာ ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းမှာဖြစ်ကြောင်းနဲ့ လူထုယုံကြည်မှု ရရှိခဲ့တဲ့ ပါတီအားလုံးမှ လွှတ်တော်အမတ်တွေကို ဂုဏ်ပြုကြောင်း အနုတင်က ပြောကြားခဲ့ပါတယ်။
ဘွန်ဂျိုင်ထိုင်း ပါတီအနေနဲ့ ဘယ်ပါတီနဲ့ ပူးပေါင်းမယ်ဆိုတာ မေးမြန်းခဲ့ရာ အနုတင်က တိုက်ရိုက်ဖြေကြားတာမျိုး မပြုခဲ့ပါဘူး။
ပါတီရဲ့ အလုပ်အမှုဆောင်ကော်မတီနဲ့ ဦးစွာတွေ့ဆုံပြီး ကိန်းဂဏန်းတွေ တည်ငြိမ်လာတဲ့အထိ စောင့်ဆိုင်းမယ်လို့ သူက ပြောကြားခဲ့ပါတယ်။
Reference-Bangkok Post/ The Nation Thailand
Photo-Bangkok Post
#bbmnews #bbm #bbmtv #thai #thailandelection
https://www.facebook.com/share/p/1GSaUZEXQb/

👍8
ညောင်ဦးမြို့နယ် ငါ့သရောက်စခန်းမှထွက်လာတဲ့ စကစတပ်သား ၂ ဦးပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး
BBM - ဖေဖေါ်ဝါရီ ၉
သတင်း - ခက်ဆစ်
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ငါ့သရောက်စခန်းမှ ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၂ ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့ရာ တစ်ဦး သေဆုံးပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ 21 BAGAN - People Defense Force က ယမန်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ ၈ ရက်၊ နေ့လည် ၁၂ နာရီခွဲခန့်မှာ ငါ့သရောက်စခန်းမှ အပြင်သို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို စခန်းအဝအရောက်မှာ ပစ်ခတ်ရှင်းလင်းခဲ့ရာ တစ်ဦးမှာ နေရာတင် ပွဲချင်ပြီးသေဆုံးပြီး တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာနဲ့ အသက်ငင်နေကြောင်း သိရတယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှု ဖြစ်စဉ် အသေးစိတ်အခြေအနေတွေနဲ့ ပတ်သက်ပြီး အဆိုပါတပ်ဖွဲ့သို့ BBM က ဆက်သွယ်မေးမြန်းထားသော်လည်း အဆက်အသွယ်မရသေးပါဘူး။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ နေရာတွေနဲ့ ပတ်သက်ဆက်နွယ်မှု မပြုလုပ်ဖို့နဲ့ စစ်ကောင်စီတပ်သားတွေ ရှိရာနေရာတွေကို အဝေးမှရှောင်ရှားကြဖို့ကိုလည်း 21 BAGAN - People Defense Force က အသိပေးတိုက်တွန်းထားပါတယ်။
Photo - 21 BAGAN - PDF
#bbmnews #bbm #bbmtv #MDY #NyaungU #PDF
https://www.facebook.com/share/p/1b7rAYEm3j/

👍10❤1
သရက်ချောင်းမြို့နယ် ဟိန္ဒားကျေးရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်
BBM - ဖေဖေါ်ဝါရီ ၉
သတင်း - ကိုဘုဏ်း
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း ဟိန္ဒားကျေးရွာကို စစ်ကောင်စီက ဖေဖေါ်ဝါရီလ ၄ ရက်၊ မနက် ၉ နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ရဟန်းတစ်ပါးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်းအမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ကြေငြာထားပါတယ်။
စစ်ကောင်စီက ဂျက်တိုက်လေယာဥ်နဲ့ ဟိန္ဒားကျေးရွာအတွင်းကို ပေါင် ၃၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာရှိ ဘုန်းကြီးကျောင်း အဆောက်အဦတွေထိခိုက်ပျက်စီးခဲ့ပြီး ရဟန်းတစ်ပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Photo - KNU
#bbmnews #bbm #bbmtv #KNU #thayetchaung #KNLA
စစ်ကောင်စီဟာ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်တယ်လို့ ကေအဲန်ယူ၊ ကရင်အမျိူးသားအစည်းအရုံးက ထုတ်ပြန်ထားပါတယ်။
Photo - KNU
https://www.facebook.com/share/p/16w5pdEUmH/

🤬12👎1
စလင်းမြို့နယ်မှာ ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဘွားအိုတစ်ဦး သေဆုံးပြီး ထိခိုက်ပျက်စီးမှုများပြား
BBM - ဖေဖော်ဝါရီ ၉
သတင်း - ကိုအိုက်
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကန်ကြီးကျေးရွာကို စစ်ကောင်စီက ပါရာမော်တာနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်သဖြင့် အသက် (၈၀) အရွယ် အဘွားအိုတစ်ဦး သေဆုံးပြီး ထိခိုက်ပျက်စီးမှုများပြားတယ်လို့ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
စလင်းမြို့နယ်၊ ကန်ကြီးကျေးရွာကို မနေ့က ဖေဖော်ဝါရီ ၈ ရက်နေ့၊ နေ့လယ် ၁၁ နာရီဝန်းကျင်အချိန်မှာ စလင်းအခြေစိုက် စစ်ကောင်စီရဲ့ (ကပစ ၂၂) မှ တိုက်ပွဲဖြစ်တာမရှိဘဲ ပါရာမော်တာကို အသုံးပြုပြီး ဗုံးသီး ၃ လုံး ကြဲချခဲ့တာ ဖြစ်ပါတယ်။
"ရွာထဲမှာ ထူးခြားတာမရှိဘဲ ပုံမှန်အခြေအနေမျိုးမှာ စစ်ကောင်စီတပ်က ရွာအတွင်းထဲ ဗုံးသီး ၃ လုံး ရမ်းသမ်းကြဲချတိုက်ခိုက်သွားတာပါ၊ ဗုံးသီးတွေက ရွာအတွင်းထဲ တည့်တည့် အားလုံးကျပါတယ်"လို့ စလင်းဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၈၀) နှစ်အရွယ် အဘွားအိုတစ်ဦး ပွဲချင်းပြီး သေဆုံးပြီး အသက် (၇၀) အရွယ် အဘွားတစ်ဦးနဲ့ အသက် (၄၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးတို့မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျေးရွာအတွင်းရှိ နွား ၃ ကောင် သေဆုံးခဲ့ပြီး နေအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
အခုရက်ပိုင်းအတွင်း စလင်းမြို့နယ်အတွင်းရှိ အခြားကျေးရွာတွေဟာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုဒဏ်ကို ဆက်တိုက်ခံနေရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်ကလည်း စိဆွဲကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီက လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ တညောင်တိုက်နယ်၊ သန်းကုန်းကျေးရွာရှိ ပြည်သူ့နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး မီးလောင်းပျက်စီးခဲ့ပါတယ်။
အလားတူ ဖေဖော်ဝါရီ ၄ ရက်နေ့က အမှတ် (၂၅၃) တပ်ရင်းမှ ဟောင်ဝှစ်ဇာ အမြောက်နဲ့ ပစ်ခတ်ခဲ့ရာ ထနောင်းကုန်းကျေးရွာ စာသင်ကျောင်းဘက်ရှိ ပြောင်းခင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပါတယ်။
အဲဒီ ပေါက်ကွဲမှုကြောင့် မြေပြင်မှာ ပေ ၃၀ ပတ်လည်ခန့်ရှိသော ကျင်းကြီး ဖြစ်သွားတဲ့အထိ ပြင်းထန်ခဲ့ပါတယ်။
Photo - ပေးပို့
#bbm #bbmnews #မကွေး #စလင်း #ပါရာမော်တာ
https://www.facebook.com/share/p/1EJPBrjoZF/

🤬10❤1👎1
ဟားခါးမြို့အနီး တောတောင်ဒေသမှာ သွားလာလှုပ်ရှားခြင်းမပြုဖို့ CDF - Hakha ကြေညာ
BBM - ဖေဖေါ်ဝါရီ ၉
သတင်း - ခက်ဆစ်
ချင်းပြည်နယ်၊ ဟားခါးမြို့ အနီးပတ်ဝန်းကျင် တောတောင်ဒေသတွေမှာ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်ပြီး သွားလာလှုပ်ရှားမှုတွေ မပြုလုပ်ကြဖို့ Chinland Defense Force - Hakha က မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့မှစပြီး နောက်ထပ်ထုတ်ပြန်ချက် ထပ်မံမထုတ်ပြန်မချင်း ဟားခါးမြို့အနီးအနားရှိ တောတောင်ဒေသများအတွင်း သွားလာလှုပ်ရှားခြင်းမပြုလုပ်ဖို့ အများပြည်သူအား အသိပေးကြေညာကြောင်း ဖော်ပြထားပါတယ်။
လုံခြုံရေးနဲ့ ဆိုင်တဲ့ အခြေအနေတွေကြောင့် အန္တရာယ်ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူလူထုရဲ့ အသက်အန္တရာယ်ကာကွယ်ရေးအတွက် အခုလို ကန့်သတ်သတ်မှတ်ခြင်းဖြစ်ကြောင်း CDF - Hakha က အသိပေးထားပါတယ်။
ပြည်သူများအနေနဲ့ အဆိုပါထုတ်ပြန်ချက်ကို လေးနက်စွာ လိုက်နာပူးပေါင်းဆောင်ရွက်ကြဖို့ CDF - Hakha က မေတ္တာရပ်ခံထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာ ကျောင်းကို စစ်ကောင်စီက ကျောင်းသား/ကျောင်းသူတွေ စာသင်ကြားနေချိန်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား တစ်ဦးနဲ့ ကျောင်းသူ တစ်ဦးသေဆုံးပြီး အယောက် ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်ကလည်း ဟားခါးမြို့မရဲစခန်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ ချင်းတော်လှန်ရေးရဲဘော် ၅ ဦးကို ကယ်တင်ဖို့အတွက် CDF - Hakha စစ်ဦးစီးချုပ်နဲ့ တပ်မဟာမှူးတို့ ကိုယ်တိုင်ကြီးကြပ်ကွပ်ကဲတဲ့ အထူးစစ်ဆင်ရေးတရပ် ဖော်ဆောင်ခဲ့ရာ ရဲဘော် ၅ ဦးအပြင် အခြားအကျဉ်းသား ၁၀ ဦးကိုလည်း ခေါ်ထုတ်နိုင်ခဲ့ပါတယ်။
Photo - CDF - Hakha
#bbmnews #bbm #bbmtv #Hakha #CDF
https://www.facebook.com/share/p/1Cqk7nsnGH/

👍8🥰1
သံအမတ်ကြီး ဦးကျော်မိုးထွန်းက သစ္စာဖောက်ခဲ့ပြီး နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် နိုင်ငံတကာစင်မြင့်မှာ ဆွံ့အခဲ့ရဟု မင်းအောင်လှိုင် ညည်းတွား
🟥 ICJ မှာ မြန်မာဘက်က ပြန်လည်ချေပတာကို အားရကြောင်းဆို
BBM - ဖေဖော်ဝါရီ ၉
သတင်း - Richard
စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်က အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှ ပြန်လာတဲ့ ရှေ့နေအဖွဲ့ကို ကြိုဆိုတဲ့ ညစာစားပွဲမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သစ္စာဖောက်ခဲ့တဲ့အပြင် နိုင်ငံရေးမတည်မငြိမ်မှုတွေကြောင့် နိုင်ငံတကာစင်မြင့်မှာ ပြောရေးဆိုခွင့်ဆုံးရှုံးခဲ့ရကြောင်း မင်းအောင်လှိုင်က ထုတ်ပြောခဲ့ပါတယ်။
ဒါ့အပြင် အဆိုပါ ညစာစားပွဲမှာ တရားသွားရောက်ရင်ဆိုင်ခဲ့တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ICJ ကို သွားရောက်ဖြေရှင်းခဲ့တဲ့အပေါ် အားရကျေနပ်ကြောင်းကိုလည်း စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့် မီဒီယာကနေ ဖေဖော်ဝါရီလ ၉ ရက်နေ့က ဖော်ပြထားပါတယ်။။
အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)က ၂၀၂၁ ခုနှစ်၊ နှစ်လယ်ပိုင်းလောက်မှာ စတင်ဆက်သွယ်ခဲ့တဲ့အပေါ် စစ်ကောင်စီတပ်ဘက်က အကျေအလည် ဆွေးနွေးခဲ့သလို တရားရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီး Agent နဲ့ Alternate Agent ကိုယ်စားလှယ် ၂ ဦးခန့်အပ်ခဲ့ကြောင်း ဆိုပါတယ်။
ဒါ့အပြင် ICJ ဘက်က ဆက်သွယ်လာတဲ့အချိန်ဟာ မြန်မာနိုင်ငံအတွက် ပြည်တွင်း၊ ပြည်ပ ဖိအားတွေများနေတဲ့အချိန်ဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ လက်အောက်ခံအဖွဲ့တွေကလည်း စစ်ကောင်စီအစိုးရကို တရား၀င်သတ်မှတ်ဖို့ တွန့်ဆုတ်နေခဲ့ကာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း သစ္စာဖောက် ဘက်ပြောင်းသွားတဲ့အတွက် နိုင်ငံတကာစင်မြင့်မှာ ပြောရေးဆိုခွင့်ဆုံးရှုံးခဲ့ရကြောင်း ဆိုပါတယ်။
အလားတူပဲ အာဆီယံမှာလည်း မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို နိုင်ငံရေးအရ ဘေးဖယ်ထားခြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
၂၀၂၁ နှစ်လယ်ပိုင်းဟာ တော်လှန်ရေးစတင်အားကောင်းစအချိန်ဖြစ်ပြီးတော့ Covid 19 ကပ်ရောဂါလည်း ပြင်းထန်နေတဲ့အချိန် ဖြစ်ပါတယ်။
အဲ့ဒီအချိန်ကို စစ်ကောင်စီဘက်က မင်းမဲ့စရိုက်နဲ့ ဆူပူမှုတွေပြင်းထန်နေတဲ့အချိန် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဘက်က ပြန်လည်ချေပသည်ဖြစ်စေ၊ မချေပသည်ဖြစ်စေ ICJ တရားရုံးက အမှုကို ဆက်လက်စစ်ဆေးသွားမှာဖြစ်တဲ့အတွက် တစ်ဖက်သတ်မဖြစ်အောင် လက်ခံခဲ့ကြောင်း ဆိုပါတယ်။
“မြန်မာနိုင်ငံအနေဖြင့် သမိုင်းတစ်လျှောက် ဖျောက်မရသည့် ဂုဏ်သိက္ခာ အမည်းစက်ကြီး စွန်းထင်းသွားမည်ဖြစ်သကဲ့သို့ နောက်ဆက်တွဲအနေဖြင့် အခြားမလိုလားအပ်သည့်ကိစ္စများ ဆက်လက်တွဲပါလာနိုင်ကြောင်း၊ ထို့ကြောင့် ယင်းအချိန်ကာလအခြေအနေများအရ အကောင်းဆုံး ဖြေရှင်းချက်အဖြစ် အဆိုပါနည်းလမ်းကို ရွေးချယ်ခဲ့ရခြင်းဖြစ်ကြောင်း” ဖော်ပြထားပါတယ်။
ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ ၁၉ ရက်နေ့အထိပြုလုပ်ခဲ့တဲ့ နောက်ဆုံးအဆင့် နှုတ်နဲ့ စစ်ဆေးကြားနာပွဲမှာ မိမိတို့ ကိုယ်စားလှယ်အဖွဲ့တွေအနေနဲ့ ကောင်းကောင်းမွန်မွန် ပြင်ဆင် ချေပနိုင်ခဲ့တာကြောင့် အားရကြောင်းလည်း မင်းအောင်လှိုင်က ဆိုထားပါတယ်။
စစ်ခေါင်းဆောင်က အခုလို ပြောထားပေမဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ စစ်ကောင်စီကိုယ်စားလှယ် ဦးကိုကိုလှိုင်က အဘက်ဘက်က ဖိအားတွေများနေတာကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနေတယ်လို့ တရားရင်ဆိုင်မှုစတင်တဲ့ အစောပိုင်းရက်မှာတင် ညည်းတွားနေခဲ့တာပါ။
ICJ မှာ အစောပိုင်းကြားနာချက်တွေအရ ဂမ်ဘီယာနိုင်ငံရဲ့ ရှေ့နေ အာဆန်လန် ဆူလီမန်ရဲ့ လျှောက်ထားချက်တွေဟာ တိကျခိုင်လုံတာကြောင့် မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထောက်ခံမှုကိုရရှိခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ ကိုယ်စားလှယ် ဦးကိုကိုလှိုင်ကတော့ အာဆန်လန် ဆူလီမန်ရဲ့ လျှောက်ထားချက်တွေနဲ့ ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေစုဆောင်းရေး မစ်ရှင်ရဲ့ အချက်အလက်တွေဟာ မခိုင်လုံကြောင်းသာ ငြင်းဆိုခဲ့တာပါ။
အဆိုပါ ကြားနာပွဲဟာ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ အဆုံးသတ်ခဲ့ပြီးတော့ ရလဒ်တွေကတော့ အနည်းဆုံး ၆ လကနေ နှစ်နဲ့ချီ ကြာနိုင်တယ်လို့ သိရပါတယ်။
#bbm #bbmtv #MinAungHlaing #UKyawMoeTun #ICJ
https://www.facebook.com/share/p/1AhJxCMhA1/

MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမှာ တရုတ်လုပ်ငန်းရှင်တွေလွှမ်းမိုးမှုကြောင့် တရုတ်နယ်စပ်ကဲ့သို့ ဖြစ်လာ
BBM - ဖေဖော်ဝါရီ ၉
သတင်း - PJ
MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့မှာ တရုတ်လုပ်ငန်းရှင်တွေရဲ့ လွှမ်းမိုးမှုကြောင့် တရုတ် နယ်စပ်ကဲ့သို့ ဖြစ်လာနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
"သိန္နီမြို့တောင်မှ ကျယ်ဂေါင်လို ဖြစ်သွားပြီလို့ ပြောတယ်၊ တရုတ်ဆိုင်တွေချည်းပဲ၊ ဘာပစ္စည်းမဆို တရုတ်သူဌေးတွေပဲ ကိုယ်တိုင်အဲမှာ လာရောင်းတာ" လို့ နယ်စပ်ကုန်သည် တစ်ဦးက BBM ကို ပြောပါတယ်။
မန္တလေးကို ပြောင်းလာတဲ့ အသိအိမ်ကိုတောင်မှ တရုတ်သူဌေးတွေက လိုက်ဝယ်နေတယ်လို့ သူက ဆိုပါတယ်။
"တရုတ်တွေကျတော့ ပိုက်ဆံရှိတယ်လေနော်၊ တရုတ်ငွေက တစ်သိန်းဆိုရင် ဒီမှာ အများကြီးရပြီလေ" လို့ သူက ဆက်ပြောပါတယ်။
သိန္နီနဲ့ နမ့်စလပ်ကြားမှာလည်း အကုန်လုံး တရုတ်လုပ်ငန်းရှင်တွေရဲ့ ငှက်ပျောခြံဖြစ်ကုန်ပြီလို့သူက ရှင်းပြပါတယ်။
"ဟိုတယ် တည်းခိုခန်းတွေက KTV ၊ အနှိပ်ခန်း၊ ပြည့်တန်ဆာရုံတွေနဲ့ တွဲပြီးသား၊ သိန္နီမှာ အနှိပ်ခန်း KTV တွေ အရမ်းများလာပြီ၊ ဆိုင်ရှင်က တရုတ်လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေက ဒေသခံတွေ"လို့ ဒေသခံအမျိုးသား တစ်ဦးကလည်း ပြောပါတယ်။
ဒေသခံတွေရဲ့ ခြံတွေကိုလည်း မစိုက်နိုင်သေးလို့ လွတ်နေတာတွေကို MNDAA ဘက်က သိမ်းပြီး တရုတ်လုပ်ငန်းရှင်တွေကို အတင်း ငှားခိုင်းတာတွေ၊ ရောင်းခိုင်းတာတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။
သိန္နီမြို့ပေါ်မှာတော့ ဆိုင်တွေက ဆိုင်းဘုတ်တွေအားလုံးကို တရုတ်စာနဲ့ မဖြစ်မနေ ရေးခိုင်းတာဖြစ်ပြီး ဆိုင်တွေမှာ တရုတ်စာ၊ တရုတ်စကား၊ တရုတ်ငွေတွေ သုံးလို့ရနေပြီဖြစ်ကာ သီန္နီ မြို့နယ်အတွင်းအထိ တရုတ်ဖုန်းလိုင်းတွေပါ ဆွဲထားပြီဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
Photo Crd - ဒေသခံ
https://www.facebook.com/share/p/1EsfNdPibM/

👎8✍1👍1
တမူးမှာ ပျူစောထီးနှစ်ဦး မူးရူးမောင်းလာတဲ့ဆိုင်ကယ်နဲ့ ဝင်တိုက်ခံရပြီး အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး
BBM - ဖေဖော်ဝါရီ ၉
သတင်း - ကိုအိုက်
စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ အရက်သောက်စား မူးရူးနေတဲ့ ပျူစောထီးအဖွဲ့ဝင် နှစ်ဦး ဆိုင်ကယ်နဲ့ ဝင်တိုက်မိသဖြင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် တမူးမြို့၊ နာဂဘုရားကျောင်းအနီး အာရှလမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တာပါ။
အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့ဆိုင်ကယ်နဲ့ မျောက်ငိုသီးတွေ သယ်ဆောင်လာစဉ် အရက်မူးရူးပြီး မောင်းနှင်လာတဲ့ ပျူစောထီးအဖွဲ့ဝင်နှစ်ဦးရဲ့ ဆိုင်ကယ်က အရှိန်မထိန်းနိုင်ဘဲ အနောက်မှ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။
"ဆေးသမား၊ အရက်သမား မူးရူးနေတဲ့ ပျူစောထီး နှစ်ဦးက အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်နဲ့ အမျိုးသမီးတစ်ဦးကို ဝင်တိုက်သွားတာပါ၊ အမျိုးသမီးက နေရာမှာပဲ ပွဲချင်းပြီး ဆုံးသွားတယ်"လို့ ဖြစ်စဥ်သိရှိသူ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ပြစ်မှုကျူးလွန်သူ ပျူစောထီးအဖွဲ့ဝင် နှစ်ဦးအနက် တစ်ဦးကို မြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပေမဲ့ ၎င်းကို ထိရောက်စွာ အရေးယူခြင်း ရှိ၊ မရှိ နဲ့ပတ်သက်ပြီး မသိရသေးဘူးလို့ သိပါတယ်။
"ဆိုင်ကယ်မောင်းတဲ့ ပျူစောထီးတစ်ယောက်ကိုတော့ ရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ ကြားတယ်၊ သူ့ကို ဘယ်လိုအရေးယူမလဲ ဆိုတာတော့ မသိဘူး၊ အရေးယူမှုနဲ့ ပတ်သက်ပြီး ထုတ်ပြန်ပြောဆိုတာလည်း မရှိသေးပါဘူး"လို့ နောက်ထပ် တမူးဒေသခံ တစ်ဦးက BBM ကို ပြောပါတယ်။
တမူးမြို့မှာ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ မူးယစ်ဆေးဝါးတွေ သုံးစွဲပြီး ဆိုင်ကယ်နဲ့ မော်တော်ယာဉ်တွေကို မဆင်မခြင် မောင်းနှင်လေ့ရှိတယ်လို့လည်း သိရပါတယ်။
အာဏာပိုင်တွေဘက်ကလည်း သူတို့ကျူးလွန်တဲ့ ပြစ်မှုတွေကို တစုံတရာ အရေးယူဆောင်ရွက်ခြင်း မရှိတဲ့အတွက် ပြည်သူတွေကြား စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်နေရတယ်လို့ သိရပါတယ်။
#bbm #bbmnews #တမူးမြို့ #စစ်ကိုင်း #ပျူစောထီး
https://www.facebook.com/share/p/184cDWn9NW/

🤬9❤1👎1
စကစက မင်းလက်ပံကိုသာမက ဝေါလေဒေသဘက်ကိုပါ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေ
🟥မြဝတီမှလက်နက်ကြီးများပစ်ကူပေးနေတဲ့အပြင် ဂျက်ဖိုက်တာပျံဝဲမှုတွေကိုလည်း ဆက်တိုက်လုပ်ဆောင်
BBM-ဖေဖော်ဝါရီ၉
သတင်း-မင်းသော်
စစ်ကောင်စီအနေနဲ့ မြဝတီမြို့တောင်ဘက်ခြမ်းရှိ မင်းလက်ပံနဲ့ဖလူးကျေးရွာတွေကိုသာမက ဝေါလေဒေသဘက်ခြမ်းကိုပါ ထိုးစစ်ဆင်တာတွေ ပြုလုပ်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေသလို မြဝတီမှလည်း လက်နက်ကြီးပစ်ကူတွေ တစ်နေကုန်နီးပါး ပစ်ပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၄ရက်နေ့မနက်ပိုင်းကတည်းက မြဝတီမြို့ရှိ ခလရ(၂၇၅)တပ်ရင်းမှ ဝေါလေ-ဖလူးဒေသဘက်ကို စစ်အင်အားနဲ့လက်နက်ခဲယမ်းအမြောက်အများကို ဖြည့်တင်းပို့ဆောင်တာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီတပ်ဖွဲ့တွေ ထိုးစစ်ဆင်နေတဲ့ မင်းလက်ပံနဲ့ ဖလူးဒေသဘက်တွေမှာ လက် နက်ကြီး၊ ဒရုန်းပစ်ခတ်မှုတွေပိုမိုပြုလုပ်ခဲ့သလို ဝေါလေဒေသဘက်မှာလည်း ထိုးစစ်ဆင်တာတွေပြုလုပ်လာနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။
"အင်အားဖြည့်တယ်ဆိုတာဟုတ်တယ် အကြမ်းဖျဥ်းကတော့ စစ်ကားတစ်စီး၊ Double cab (၂)စီး၊ (၃)စီး၊ (၁၂)ဘီးကားတစ်စီး အဲ့လောက်အင်အားဖြည့်ထားကြတယ်၊ မင်းလက်ပံဘက်တော့ တစ်ညလုံး Drones ကျဲ။ လက်နက်ကြီးပစ်တယ်၊ ဝေါလေဘက်လည်းတစ်ချက် ပြန်လုံးနေတယ်"
စစ်ကောင်စီရဲ့ အဆိုပါထိုးစစ်တွေကို တော်လှန်ရေးအင်အားစုတွေကလည်း ခုခံကာကွယ်နေပြီး မင်းလက်ပံဒေသမှ စစ်တပ်ဒရုန်းအချို့ကို ဖျတ်ဆီးပစ်ထားနိုင်တာတွေရှိတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလ ၉ရက်(ဒီနေ့) တစ်နေကုန် လည်း အဆိုပါဒေသတွေမှာ တိုက်ပွဲတွေပြင်းထန် နေပြီး မြဝတီမြို့မှ လက်နက်ကြီးပစ်ကူပေးတာတွေ၊ တိုက်ပွဲဖြစ်ရာနေရာကို ဂျက်လေယာဥ်ပျံဝဲတာတွေရှိတယ်လို့လည်း မြဝတီဒေသခံတစ်ဦးမှ BBM ကိုပြောပါတယ်။
"ဒီမှာလေ(မြဝတီ) မနက်ကတည်းက အလုံးကြီးတွေထု၊ လေယာဥ်တွေဝဲ၊ ဂျက်ဖိုက်တာတွေဝဲနဲ့ ခုထိပဲ"
အဆိုပါ မင်းလက်ပံ၊ဖလူးနဲ့ ဝေါလေဒေသဘက်တွေကို စစ်ကောင်စီရဲ့ တပ်မ(၂၂)မှ အဓိကဦးဆောင်ထိုးစစ်ဆင်နေတာဖြစ်ပြီး အဆိုပါတိုက်ပွဲတွေအတွင်း စကစ သေဆုံးတာတွေအပြင် လက်နက်ချအလင်းဝင်ရောက်လာတာတွေလည်းရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က အခိုင်အမာဆိုထားကြပါတယ်။
#bbm #bbmtv #bbmnews #Minletpan #Myawaddy
https://www.facebook.com/share/p/1KPWgpLgG5/

👍7😡1
ယင်းမာပင်မြို့ပေါ်က စကစ စခန်းကို လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့
BBM. - ဖေဖော်ဝါရီ ၉
သတင်း - ကိုဘုဏ်း
စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင် ၊ယင်းမာပင်မြို့နယ်ရှိစစ်ကောင်စီစခန်းကို လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့က ယင်းမာပင်မြို့ပေါ်ရှိ စစ်ကောင်စီစခန်းကို ၄၀မမ၊၆၀မမ လက်နက်ကြီးများနဲ့တိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မူ့ကို ပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့နဲ့အတူတော်လှန်ပြောက်ကျားတပ်ဖွဲ့၊မျိုးဆက်သစ် လူငယ်တပ်ဖွဲ့၊ ဇာနည်ဘွား ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။
Video-ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့
https://www.facebook.com/share/v/1aDbRDxuZH/
BBM. - ဖေဖော်ဝါရီ ၉
သတင်း - ကိုဘုဏ်း
စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင် ၊ယင်းမာပင်မြို့နယ်ရှိစစ်ကောင်စီစခန်းကို လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့က ယင်းမာပင်မြို့ပေါ်ရှိ စစ်ကောင်စီစခန်းကို ၄၀မမ၊၆၀မမ လက်နက်ကြီးများနဲ့တိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မူ့ကို ပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့နဲ့အတူတော်လှန်ပြောက်ကျားတပ်ဖွဲ့၊မျိုးဆက်သစ် လူငယ်တပ်ဖွဲ့၊ ဇာနည်ဘွား ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။
Video-ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့
https://www.facebook.com/share/v/1aDbRDxuZH/
Facebook
Log in or sign up to view
See posts, photos and more on Facebook.
👍10❤2
စကစ တင့်ကား(၇)စီးလောက်ကို (၂)လအတွင်းဖျတ်ဆီးနိုင်လို့ ဗိုလ်ချုပ်ဂွန်မော်ပြော
🟥မြစ်ကြီးနားလေတပ်စခန်း ရေဒါတစ်ခုနဲ့ ဗန်းမော်တင့်ကားတစ်စီးကိုလည်း ယခုရက်ပိုင်းအတွင်း ဖျတ်ဆီးနိုင်
BBM-ဖေဖော်ဝါရီ၉
သတင်း-မင်းသော်
စစ်ကောင်စီရဲ့ တင့်ကား(၇)စီးလောက်ကို (၂)လ တာအတွင်း ဖျတ်ဆီးနိုင်ခဲ့သလို ယခုရက်ပိုင်းအတွင်းမှာလည်း မြစ်ကြီးနားလေတပ်စခန်းရေဒါတစ်ခုနဲ့ ဗန်းမော်တင့်ကားတစ်စီးတို့ကို ဖျတ်ဆီးထားနိုင်တယ်လို့ KIO ဒုတိယဥက္ကဌ ၁ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ကပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာပြုလုပ်တဲ့ ၆၅ နှစ်မြောက် ကချင်တော်လှန်ရေး နေ့ အခမ်းအနားမိန့်ခွန်းကို ဗိုလ်ချုပ်ဂွန်မော်က အွန်လိုင်းမှ ပြောကြားစဥ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
KIA /KIO တပ်ဖွဲ့အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့ပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံဖြင့် လက်တွဲတိုက်ပွဲဝင်လျက်ရှိပြီး စစ်ပွဲအခြေအနေတွေနဲ့ပတ်သတ်ကာ သိပ်ပြီး ထုတ်ပြန်လေ့မရှိဘူးဟုလည်း ဆိုပါတယ်။
သို့ပေမဲ့ မြေပြင်မှာတော့ တပ်ဖွဲ့ဝင်တွေအနေနဲ့ အမှန်တကယ်အလုပ်လုပ်ဆောင်နေပြီး (၂)လအတွင်းမှာ စကစ တင့်ကား(၇)စီးလောက်ဖျတ်ဆီးနိုင်ခဲ့သလို၊ ယခုရက်ပိုင်းမှာတင် မြစ်ကြီးနားလေတပ်စခန်းရေဒါနဲ့ ဗန်းမော်က တင့်ကား(၁)စီးတို့ကို ဖျတ်ဆီးနိုင်ကြောင်း ဗိုလ်ချုပ်ဂွန်မော်က ဆိုပါတယ်။
"ကျွန်တော်တို့ KIO ကတော့ သတင်းတွေကို သိပ်ပြီးတော့မှထုတ်ပြန်လေ့မရှိပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတစ်လေမှာ တချို့သတင်းတွေက ကိုယ်ထုတ်ပြန်လိုက်တဲ့အချိန်မှာ တစ်ဖက်ကနေပြန်ပြီး Counterလုပ်တာတို့၊စိတ်ဓာတ်စစ်ဆင်ရေးတို့လုပ်တက်ပါတယ်၊ဥပမာ လေယာဥ်ကိုတိုက်ခိုက်တဲ့ သတင်းတွေကို သိပ်ပြီးတော့ မထုတ်ပါဘူး ၊ တကယ်လည်း တောက်လျှောက်လုပ်နေပါတယ်၊ ဥပမာ မနေ့ကဆိုရင် ကျွန်တော်တို့ မြစ်ကြီးနားလေတပ်စခန်းရဲ့ ရေဒါစခန်းကို ရေဒါတစ်ခုကို ဖျတ်ဆီးပစ်ပါတယ်၊ မနေ့က ၊ ဗန်းမော်မှာလည်း ကျွန်တော်တို့ တင့်ကားတစ်စီးပျက်(ဖျက်)ပါတယ် မနေ့က၊ ဒီ(၂)လထဲမှာပဲ တင့်ကား(၇)စီးလောက်ကျွန်တော်တို့ဖျတ်ဆီးနိုင်ခဲ့ပါတယ်၊ အထူးသဖြင့်တော့ မနေ့က လေတပ်စခန်းရဲ့ရေဒါကို ဖျတ်ဆီးခဲ့တာဖြစ်ပါတယ်၊၊"
ဒါ့အပြင် ဗန်းမော်တိုက်ပွဲအတွင်းမှာလည်း လူမျိုးစုံ၊ တိုင်းရင်းသားစုံပါဝင်တိုက်ခိုက်နေပြီးနိုင်ငံရေးဂုဏ်သိက္ခာတိုက်ပွဲဖြစ်တာကြောင့်အရင်းအနှီးကြီးမှာကို သိပေမဲ့ နိုင်အောင် တိုက်ခိုက်မယ်လို့လည်းဆိုပါတယ်။
"ဗန်းမော်တိုက်ပွဲမှာဟာ နိုင်ငံရေးသိက္ခာတိုက်ပွဲဖြစ်ပါတယ်။ ခက်ခဲမယ်ဆိုတာ ကျွန်တော်သိပါတယ်။ မြစ်ကြီးနားနဲ့ ဝိုင်းမော်ကို တိုက်ပွဲတွေ ဖော်ဆောင်ဖို့ အဆင့်သင့် လုပ်ထားတဲ့အချိန်မှာပဲ ကျွန်တော်တို့ မေခမြစ်စိုးမိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ဖို့ မေခမြစ်ဘက်ကို ကျွန်တော်တို့က တိုက်ပွဲတွေဖော်ဆောင်တယ်။ ဗန်းမော်ကို တက်တယ်။ ၁ နှစ်ကျော်သွားပြီ ဗန်းမော်ကိုတိုက်နေတာ။ ဒီလိုကြာမယ် အရင်းအနှီးများမယ်ဆိုတာ ကျွန်တော်တို့ သိသော်လည်း လိုအပ်လို့ တိုက်နေတဲ့ တိုက်ပွဲဖြစ်တယ် အခုပြောသလို ဒီအထဲမှာ တိုင်းရင်းသားပေါင်းစုံပါတယ်။ PDF ပါတယ် ဂေါ်ရခါးပါတယ် ရှမ်းနီပါတယ် ချင်းတွေ နာဂ မျိုးစုံပါတယ် မြန်မာနိုင်ငံမှာ ရှိသမျှ အကုန်ပါတယ် ယောဆော အကုန်ပါတယ်"
ဗိုလ်ချုပ်ဂွန်မော်အနေနဲ့ တရုတ်အစိုးရအနေနဲ့ တိုက်ပွဲတွေမဖော်ဆောင်ဖို့ပြောပေမဲ့ ရှောင်လွှဲလို့မရနိုင်ကြောင်းနဲ့ ၂၀၂၆ ခုနှစ်အတွင်း အပြောင်းအလဲတွေအများကြီးဖြစ်လာမဲ့ နှစ်အဖြစ်မျှော်လင့်ကြောင်းလည်း အဆိုပါမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
Photo-ပုံဟောင်း
https://www.facebook.com/share/p/1KCX5zYKuf/

👍10👏1
မိုးကောင်းမြို့နယ်မှာ လူငယ်တွေမူးယစ်ဆေးဝါးသုံးစွဲမှု ပိုမို များပြားလာပြီး ခိုးဆိုးလုယက်မှုတွ အရင်ကထက် တိုးလာ
🟥 စစ်ကောင်စီတပ် အရာရှိတွေကစ မူးယစ်ဆေးဝါးကိစ္မမှာ ပါ၀င်ပတ်သက်နေ
BBM - ဖေဖော်ဝါရီ ၁၀
သတင်း - Richard
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်
အတွင်းမှာ မူးယစ်ဆေးဝါး သုံးစွဲရောင်းချတဲ့ လူငယ်တွေပိုမိုများပြားလာပြီး ခိုးဆိုးလုယက်မှုတွေလည်း တိုးလာတယ်လို့ ဒေသခံတစ်ဦးက BBMကိုပြောပါတယ်။
မိုးကောင်းမြို့နယ်
အတွင်းရှိ ဈေးကုန်းရပ်ကွက် နဲ့ ရွာသစ်ရပ်ကွက်အတွင်းမှာ
မူးယစ်ဆေးသုံးစွဲတဲ့အခန်းတွေလည်း ပို၍များပြားလာတာကိုတွေ့မြင်လာရတယ်လို့ ဆိုပါတယ်။
“မူးယစ်ဆေးဝါးသုံးစွဲသူအများစုက အသက် ၁၇၊ ၁၈အရွယ်လေးတွေများတယ်” ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
အခုလို မူးယစ်ဆေးဝါးများရောင်းချသုံးစွဲသူတွေ များပြားလာတာကြောင့် မြို့တွင်းရော မြို့ပြင်မှာပါ ဆိုင်ကယ်ခိုးယူမှုတွေ များပြားလာပြီး ဆိုင်ကယ်လုယူမှုတွေ၊ ငွေလုယက်မှုတွေ ဇန်နဝါရီလအတွင်းမှာစပြီး ပိုမိုပြုလုပ် လာတာမျိုးတွေရှိလာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အိမ်ထဲက မီးသီးကအစခိုးယူတဲ့ အဆင့်ထိရောက်လာနေတယ်လို့ ဆိုပါတယ်။
မိုးကောင်းမြို့နယ်အတွင်းမူးယစ်ဆေးဝါးရန်ကာကွယ်တားဆီးနှိမ်နှင်းရေးအဓိကတာဝန်အရှိဆုံးသူမှာ စစ်ကောင်စီတပ်ရဲ့ မိုးကောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲထွန်းအောင် နဲ့ မြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းမင်းသိန်း တို့မှာတာဝန်အရှိဆုံးဖြစ်တယ်လို့ ဆက်ပြောပါတယ်။
ဒါပေမဲ့ လက်ရှိအခြေအနေမှာ သူတို့ဟာ မူးယစ်ဆေးဝါးတွေကို တရားဝင်ရောင်းချခွင့်ပေးထားပြီး လိုင်းကြေးလစဉ်ယူပြီး နှိမ်နှင်းခြင်းမရှိတာကိုလဲတွေ့ရတယ်လို့ ဆိုပါတယ်။
ဒီလိုမူးယစ်ဆေးဝါးများကိုရောင်းချနေတာကို စစ်ကောင်စီတပ်ရဲ့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေကိုယ်တိုင်က မျက်ကွယ်ရာပြုထားပြီး
ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်းမရှိတာကြောင့် ကချင်ပြည်နယ် အတွင်းမှာ လူငယ် လူရွယ်အများစု ပျက်ဆီးဆုံးရှုံးမှုများစွာဖြစ်နေတာကိုလဲတွေ့မြင်လာရတယ်လို့ ပြောပါတယ်။
မူးယစ်ဆေးဝါးရောင်းချမှုတွေကို ကိုအမြန်ဆုံးနှိမ်နှင်းပေးဖို့ မိုးကောင်းမြို့နယ်အတွင်းရှိဒေသခံတွေက လိုလားနေကြပါတယ်။
ပုံ-ပေးပို့
#bbmnews #bbm #bbmtv #moekaung #drugs
https://www.facebook.com/share/p/1AdsAV46Ng/

BBM News
မိုးကောင်းမြို့နယ်မှာ လူငယ်တွေမူးယစ်ဆေးဝါးသုံးစွဲမှု ပိုမို များပြားလာပြီး ခိုးဆိုးလုယက်မှုတွ အရင်ကထက် တိုးလာ
🟥 စစ်ကောင်စီတပ် အရာရှိတွေကစ မူးယစ်ဆေးဝါးကိစ္မမှာ ပါ၀င်ပတ်သက်နေ
BBM - ဖေဖော်ဝါရီ ၁၀...

👍7🤬1
နိုဘယ်ဆုရှင် မိုဟာမာဒီကို အီရန်က ထောင်ဒဏ် ၇ နှစ် ထပ်မံချမှတ်
BBM - ဖေဖော်ဝါရီ ၁၀
၂၀၂၃ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် နဲ့အီရန်လူ့အခွင့်အရေးလှုပ်ရှားသူ နာဂက်စ် မိုဟာမာဒီကို ထောင်ဒဏ် ၇ နှစ်ကျော် ထပ်မံ ချမှတ်ခံခဲ့ရကြောင်း သူမရဲ့ရှေ့နေတွေနဲ့ သူမကိုထောက်ခံတဲ့ အဖွဲ့တစ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
အသက် ၅၃ နှစ်အရွယ် မိုဟာမာဒီဟာ ဖေဖော်ဝါရီလ ၈ရက် တနင်္ဂနွေနေ့က ပြီးဆုံးခဲ့တဲ့ တစ်ပတ်ကြာ အစာငတ်ခံဆန္ဒပြမှုမှာ ပါဝင်ခဲ့ကြောင်း နာဂက်စ်ဖောင်ဒေးရှင်းက ကြေညာချက်တစ်စောင်မှာ ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၈ရက် မိုဟာမာဒီက အကျဉ်းထောင်မှ ဖုန်းမှတဆင့် သူမရဲ့ရှေ့နေ မိုစတာဖာ နီလီကို ဖေဖော်ဝါရီလ ၇ရက် စနေနေ့မှာ ပြစ်ဒဏ်ချမှတ်ခံရကြောင်း ပြောကြားခဲ့ပါတယ်။
“သူမဟာ စုဝေးမှုနဲ့ ရာဇဝတ်မှုကျူးလွန်ဖို့ ပူးပေါင်းကြံစည်မှုတို့အတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရပါတယ်”လို့ နီလီက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
သူမဟာ ဝါဒဖြန့်ချိရေးလှုပ်ရှားမှုတွေ အတွက်လည်း ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်ခံခဲ့ရပြီး အရှေ့ပိုင်းပြည်နယ် တောင်ခိုရာဆန်ရှိ ကော့ဖ်မြို့ကို ပြည်နှင်ဒဏ် ၂ နှစ် ပေးခံရမည်ဖြစ်ကြောင်း ရှေ့နေက ထပ်လောင်းပြောကြားခဲ့ပါတယ်။
အစီရင်ခံစာအရ သူမဟာ နိုင်ငံမှ ထွက်ခွာခွင့် ၂ နှစ်ပိတ်ပင်ခံခဲ့ရပါတယ်။
နီလီက စီရင်ချက်ဟာ အပြီးသတ်မဟုတ်သေးဘဲ အယူခံဝင်နိုင်ကြောင်း၊ တက်ကြွလှုပ်ရှားသူကို သူမရဲ့ ကျန်းမာရေးပြဿနာတွေကြောင့် ယာယီ “ဆေးကုသမှုခံယူဖို့ အာမခံနဲ့ လွှတ်ပေးနိုင်” မယ်လို့ မျှော်လင့်ကြောင်း ဖော်ပြခဲ့ပါတယ်။
မိုဟာမာဒီဟာ သူမရဲ့ ထောင်ချခံရမှုအခြေအနေတွေ၊ ရှေ့နေတွေနဲ့ မိသားစုဆီ ဖုန်းခေါ်ဆိုနိုင်တာ မရှိတာတွေကို ဆန့်ကျင်တဲ့အနေနဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ အစာငတ်ခံဆန္ဒပြမှု စတင်ခဲ့ပါတယ်။
“နာဂက်စ် မိုဟာမာဒီက သူမရဲ့ အစာငတ်ခံဆန္ဒပြမှုကို ဒီနေ့ ၆ ရက်မြောက်နေ့မှာ အဆုံးသတ်ခဲ့ပြီး သတင်းတွေအရ သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ အလွန်စိုးရိမ်ဖွယ်ကောင်းကြောင်း ဖော်ပြနေတယ်”လို့ ဖောင်ဒေးရှင်းက ပြောကြားခဲ့ပါတယ်။
မိုဟာမာဒီက နီလီကို “သူမရဲ့ ကျန်းမာရေး ယိုယွင်းလာတာကြောင့်” လွန်ခဲ့တဲ့ ၃ ရက်ကမှ ဆေးရုံကို ပြောင်းရွှေ့ခဲ့ကြောင်း ပြောကြားခဲ့တယ်လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
“သို့သော်လည်းပဲ သူမရဲ့ ကုသမှုမပြီးဆုံးမီ မာရှ်ဟတ်ရှိ ထောက်လှမ်းရေးဝန်ကြီးဌာနရဲ့ လုံခြုံရေးထိန်းသိမ်းရေးစခန်းကို ပြန်လည်ပို့ဆောင်ခံခဲ့ရတယ်” လို့ ဖောင်ဒေးရှင်းက ပြောကြားခဲ့ပါတယ်။
မိုဟာမာဒီဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို မြှင့်တင်ဖို့ ကြိုးပမ်းမှုတွေအတွက် ရှီရင် အီဘာဒီ ၂၀၀၃ ခုနှစ်မှာ ဆုရရှိခဲ့ပြီးနောက် နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့တဲ့ ဒုတိယမြောက် အီရန်အမျိုးသမီးဖြစ်ပါတယ်။
ထင်ရှားတဲ့ စာရေးဆရာနဲ့ သတင်းထောက်တစ်ဦးဖြစ်တဲ့ မိုဟာမာဒီက အီရန်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ကာကွယ်ဖို့နဲ့ ပိုမိုကျယ်ပြန့်တဲ့ လူ့အခွင့်အရေးပြုပြင်ပြောင်းလဲမှုတွေကို မြှင့်တင်ဖို့ ရေရှည်ရည်ရွယ်ထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ လူ့အခွင့်အရေးကာကွယ်သူများစင်တာ (DHRC) ရဲ့ ဒုတိယညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ပါတယ်။
ကျား၊မ တန်းတူညီမျှမှုအတွက် သူမရဲ့ ထောက်ခံအားပေးမှုအပြင် သေဒဏ်နဲ့ အဂတိလိုက်စားမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်လှုပ်ရှားခဲ့ပါတယ်။
အမျိုးသမီးအခွင့်အရေးတွေအတွက် သူမရဲ့ ၂၀ နှစ်ကြာ တိုက်ပွဲဝင်မှုဟာ သူမရဲ့ လွတ်လပ်မှုရဲ့ သင်္ကေတတစ်ခု ဖြစ်စေခဲ့ကြောင်း နိုဘယ်ကော်မတီက ၂၀၂၃ ခုနှစ်မှာ ပြောကြားခဲ့ပါတယ်။
ရှေ့နေ ခိုစရိုး အလီကော်ဒီရဲ့ သံသယဖြစ်ဖွယ်သေဆုံးမှုကို ရှုတ်ချပြီးနောက် မိုဟာမာဒီဟာ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။
Reference-Al Jazeera
Translator-Richard
Photo-Al Jazeera
#bbmnews #bbm #bbmtv #Iren #NovelPrize
Photo-Al Jazeera
https://www.facebook.com/share/p/1D82EfRHUa/

👍9
ပေါက်တောင်ပိုင်းမှာ စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ရာ စကစတပ်သား ၁၈ ဦးသေဆုံး
BBM - ဖေဖော်ဝါရီ ၁၀
သတင်း - ခက်ဆစ်
မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တွေက ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံးခဲ့တယ်လို့ မြိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ပေါက်မြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်မ ၉၉ နဲ့ ပျူစောထီး ပူးပေါင်း အင်အား ၃၀၀ ခန့်ကို ပေါက်တောင်ပိုင်း သီးချောက်ရွာအနီးမှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဟာ မနက် ၇ နာရီမှ ညနေ ၅ နာရီခွဲအထိ ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးများခဲ့တာကြောင့် ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးနဲ့ ၆ ကြိမ် ပစ်ကူပေးခဲ့တဲ့အပြင် နေ့လည်ပိုင်းမှာ လေကြောင်းပစ်ကူ ၂ ကြိမ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလ ၆ ရက်မှာ အဆိုပါတိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရလူနာတွေနဲ့ ကပစ ၂၄ သို့ ပြန်လည်ဆုတ်ခွာသွားတဲ့ စစ်ကောင်စီ အင်အား ၁၇၀ ခန့်ကိုလည်း နေ့လည် ၁ နာရီ ၄၅ မိနစ်မှ ညနေ ၅ နာရီအထိ ပေါက်တောင်ပိုင်း ဆင်ဇာရွာမှ ပေါက်မြို့အနီး ပေါက်ချောင်း အောက်စုရွာအထိ အနီးကပ်လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ ကပစ ၂၄ မှ ၈၁ မမ လက်ကြီးနဲ့ ၄ ကြိမ် ထပ်မံပစ်ကူပေးခဲ့တယ်လို့လည်း သိရပါတယ်။
အထက်ပါ တိုက်ခိုက်မှု ၂ ကြိမ်အတွင်း စစ်ကောင်စီဘက်မှ ၁၈ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရသွားတာကြောင့် ပေါက်မြို့ဆေးရုံမှာ လူနာများလွန်းနေသဖြင့် မြို့နေပြည်သူတွေကို ဆေးရုံအတွင်း မဝင်ရလို့ ပိတ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါတိုက်ပွဲတွေမှာ ပေါက် ပကဖ နဲ့ မြိုင် ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲ ၂ ကြိမ်အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်မှ ရဲဘော် ၁ ဦး လေယာဥ်ဗုံးစထိမှန်ပြီး မစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Video - မြိုင် ပကဖ
#bbmnews #bbm #bbmtv #pauk #PDF
https://www.facebook.com/share/v/1FP5aZ5AaK/

👍11
ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ကသာခရိုင် တပ်ရင်း ၂ က ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်
BBM - ဖေဖော်ဝါရီ ၁၀
သတင်း - ခက်ဆစ်
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် အခြေစိုက် ကသာခရိုင် အမှတ် ၂ တပ်ရင်းက ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဖေဖော်ဝါရီလ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကသာခရိုင် အမှတ် ၂ တပ်ရင်း (K2) စတင်တည်ထောင်ခဲ့ချိန်မှစပြီး လက်ရှိအချိန်အထိ ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ အာဇာနည်ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကျန်ရစ်သူမိသားစုဝင်တွေကို ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ထောက်ပံ့ငွေပေးအပ်နိုင်ဖို့အတွက် ၂၀၂၅ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလအတွင်း "ဂုဏ်ပြုကူညီ ရှေ့ဆိုချီ" Project အနေနဲ့ ထီလက်မှတ် Campaign ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ Campaign ဖြစ်မြောက်အောင် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးကြတဲ့ တော်လှန်ပြည်သူလူထု၊ Indaw Revolution Team ၊ ထောက်ပို့ပြည်သူများ၊ အင်းတော် လူသားချင်းစာနာအဖွဲ့တို့ကို ကျေးဇူးတင်ကြောင်း ကသာခရိုင်တပ်ရင်း ၂ က အသိပေးထားပါတယ်။
မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးလမ်းကို ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ရဲဘော်တွေကို ဂုဏ်ပြုကြောင်း ကသာခရိုင် အမှတ် ၂ တပ်ရင်းက အသိပေးကြေညာထားတာ ဖြစ်ပါတယ်။
Photo - K2
#bbmnews #bbm #bbmtv #PDF #K2
https://www.facebook.com/share/v/14UCxmjUNQq/

👍11❤1