3.47K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
ဖလူးဒေသကို စစ်ကောင်စီ ဗုံးကြဲ

BBM - ဇန်နဝါရီ ၂၈
သတင်း - သော်

ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်ရှိ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ ဖလူးဒေသကို စစ်ကောင်စီတပ်က ဒီကနေ့ ဇန်နဝါရီ ၂၈ရက် မနက်ပိုင်းက ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ရက်နေ့ကလည်း စစ်ကောင်စီက မြဝတီမြို့ရှိ ခလရ ၂၇၅တပ်ရင်း မတိုက်ခိုက်ခံရစေဖို့ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် နဲ့ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)တို့ဆီကို အာမခံချက်တောင်းထားပြီး တိုက်ခိုက်ခံရပါက မြဝတီမြို့ရဲ့ နေရာ ၁၈ခုကို ဗုံးကြဲမှာ ဖြစ်တယ်လို့ သတိပေးစာကို DKBAဆီကို ပေးပို့ခဲ့ပြီးနောက် ဖလူးဒေသဘက်မှာ ထိုးစစ်ဆင်လာနေတာပါ။

“ဗုံးလာကြဲတယ်။ မနက် ၉ခွဲအချိန်လောက်က၊ ဂျက်နဲ့ လေးခါ လာကြဲသွားတယ်။ လက်နက်ကြီး ပစ်တာမျိုးလည်း ရှိတယ်။ ထိခိုက်မှု ရှိမရှိတော့ မသိရသေးပါဘူး။ ထိတွေ့ တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး။”လို့ မြေပြင် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက လေးကေ့ကော်မြို့သစ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ စစ်ကောင်စီဟာ အခုအခါ မြဝတီမြို့တောင်ဘက်ခြမ်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးရာနယ်မြေကို ထပ်ံပြီး ထိုးစစ်ဆင်လာနေတာပါ။

“လာကြဲသွားတာ ၃/၄လုံးလောက်ရှိတယ်။ အခုလိုတွေ ဖြစ်တော့ မသွားရဲ မလာရဲပေါ့။ ပြီးခဲ့တဲ့ ၁လလောက်ကလည်း တိုက်ပွဲဖြစ်ထားတော့ အိမ်တွေမှာ ပြန်မနေနိုင်သေးဘူး။ အခုလည်း စစ်ရှောင်ဖို့အတွက် လုပ်ရဦးမလား မသိဘူး”လို့ ဖလူးဒေသခံတစ်ဦးက ပြောပါတယ်။

တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ မြဝတီမြို့ တောင်ဘက်ပိုင်းကို စစ်ကော်မရှင်က ပြန်ထိန်းချုပ်နိုင်ရေး ကြိုးစားနေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ရက်နေ့ကလည်း ဖလူးဒေသကို စစ်ကော်မရှင်က စစ်ကြောင်းထိုးမှုတွေ ရှိခဲ့ပါသေးတယ်။

Photo - Social Media

#bbmnews #bbmtv #bbm #karen #myawaddy #airstrike
https://www.facebook.com/share/p/1GSJZRvpDe/
🤬8👎1
ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ၃ နှစ်အရွယ် ကလေးငယ်အပါ ၂ ဦးသေဆုံး

BBM - ဇန်နဝါရီ ၂၈
သတင်း - ခက်ဆစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အတွင်းမှာ စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အသက် ၃ နှစ်အရွယ် က‌လေးငယ် တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ယမန်နေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဇန်နဝါရီလ ၂၆ ရက်၊ ည ၉ နာရီ ၂၅ မိနစ်မှာ စစ်ကောင်စီရဲ့ အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ် လက်အောက်ရှိ ခမရ ၃ မှ အရပ်သားပြည်သူနေထိုင်တဲ့ ကျေးရွာသို့ ၁၂၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ လက်နက်ကြီးတွေဟာ ကျိုက်ထိုမြို့နယ်၊ အလူးကျေးရွာအုပ်စု အလူးကြီးရွာအတွင်းမှာ ၁ လုံး၊ ဖိုးဝါးသိမ်ရွာ ဘုရားကုန်းအနီးမှာ ၁ လုံးနဲ့ ညောင်ထောက်ရွာအနီးမှာ ၁ လုံး အသီးသီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် စောပေစိရဲ့ နေအိမ် ၁ လုံး မီးလောင်ပျက်စီးပြီး စောပေစိရဲ့ ဇနီးဖြစ်သူ နော်အေးဝင်း အသက် ၅၉ နှစ်၊ စောမြစိုးနဲ့ နော်တင်တင်နွယ်ရဲ့သမီး အသက် ၃ နှစ်အရွယ် မမိုးရွှေစင် တို့ ၂ ဦးဟာ လက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့ပြီး စောပေစိရဲ့ သမီးဖြစ်သူ မနော်သော်တာ အသက် ၂၇ နှစ်ဟာလည်း ညာလက်မောင်းကို လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့တဲ့အပြင် အရပ်သားပြည်သူ စိုက်ပျိုးသီးနှံပင်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်မှာလည်း KNU လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၇ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၃ ဦးဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

Photo - KNU

#bbmnews #bbm #bbmtv #KNU #mon
https://www.facebook.com/share/p/18Airwngfb/
🤬9👎2
အလုပ်ဖိစီးမှုတွေကြောင့် လိင်တူချစ်သူ(LGBT)တွေ ဖြစ်လာစေနိုင်ဟု မလေးရှား ဘာသာရေးဝန်ကြီးဆို

BBM - ဇန်နဝါရီ ၂၈

အလုပ်နဲ့ဆက်စပ်တဲ့ စိတ်ဖိစီးမှုတွေဟာ LGBT(လိင်စိတ်ခံယူမှု ကွဲပြားမှု)ဖြစ်လာစေမယ့် အကြောင်းရင်းတွေထဲမှ တစ်ခု ဖြစ်နိုင်ကြောင်း ဝန်ကြီးချုပ်ဌာန (ဘာသာရေး) ဝန်ကြီး ဒေါက်တာ ဇူလ်ကီဖလီ ဟာဆန်က ဇန်နဝါရိလ ၂၈ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဟာဆန်က ၂၀၁၇ ခုနှစ်က လေ့လာမှုတစ်ခုကို ကိုးကားပြီးတော့ လူမှုရေးလွှမ်းမိုးမှု၊ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံတွေနဲ့ အခြားကိုယ်ရေးကိုယ်တာအချက်
တွေဟာလည်း LGBT(လိင်စိတ်ခံယူမှု ကွဲပြားမှု)ဖြစ်စေနိုင်တဲ့ အခန်းကဏ္ဍတစ်ခုမှ ပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဖော်ပြပါ အချက်တွေ ပေါင်းစပ်မှုကြောင့် LGBT နဲ့ ဆက်စပ်တဲ့ အပြုအမူတွေ ဖြစ်ပေါ်လာမှုကို အထောက်အကူပြုနိုင်ကြောင်း လေ့လာမှုက အကြံပြုထားပါတယ်။

သို့သော် မလေးရှားနိုင်ငံရှိ LGBT လူဦးရေပမဏနဲ့ ပတ်သက်ပြီး တရားဝင်စာရင်းအင်းများ မရှိကြောင်း ဒေါက်တာ ဇူလ်ကီဖလီ ဟာဆန်က ပြောကြားခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း LGBT ဆက်စပ်ဖမ်းဆီးမှုတွေ၊ တရားစွဲဆိုမှု အရေအတွက်နဲ့ ပတ်သက်ပြီး Hulu Terengganu လွှတ်တော်အမတ် Datuk Rosol Wahid ရဲ့ လွှတ်တော်မေးခွန်းကို ဖြေကြားရာမှာ အမှုစုစုပေါင်း ၁၃၅ မှု မှတ်တမ်းတင်ခဲ့ကြောင်း ဘာသာရေး ဝန်ကြီး ဒေါက်တာ ဇူလ်ကီဖလီ ဟာဆန်က ပြောကြားခဲ့ပါတယ်။

Reference-Daily Express
Translator-Richard
Photo- Daily Express

#bbmnews #bbm #bbmtv #LGBT #malaysia #InternationalNews
https://www.facebook.com/share/p/1CvKRBHDHq/
😁6
မင်းကွန်းမြို့နယ်အတွင်း စကစ စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့က စောင့်ကြို တိုက်ခိုက်ခဲ့တာကြောင့် စကစ ၁၀ ဦးသေဆုံး

BBM - ဇန်နဝါရီ ၂၈
သတင်း - မင်းသော်

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွါးပြီး စကစ (၁၀)ဦးသေဆုံးခဲ့တယ်လို့ မယူနီးကွန်းပျောက်ကြားတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ မနက်၈နာရီလောက်က မင်းကွန်းတိုက်နယ်၊ ချောင်းမကြီးကျေးရွာအနီးမှာ စစ်ကိုင်းတိုင်း တပ်မ(၃၃) က ထွက်လာတဲ့ ပျူစောထီးနဲ့ စကစ အင်အား(၁၅၀) ခန့်ကို တော်လှန်ရေးအဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၁၀ ယောက်လောက် ထိခိုက်သေဆုံးခဲ့ပြီး စစ်ကြောင်းပျက်ကာနောက်ဆုတ် ထွက်ပြေးခဲ့တာကြောင့် လိုက်လံရှင်းလင်းရာ ချောင်းမကြီး ကျေးရွာထဲ ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ယူနီကွန်းပျောက်ကြားတပ်ဖွဲနဲ့ အတူ Mingun PDF၊ People Servant Force၊ ရတနာပုံတပ်ဦး၊ Nomore Dictatorship(NMD)၊ GS Force၊ ဥဒေါင်းမင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားမှ ထုတ်ပြန်ကြေငြာထားပါတယ်။

Video-ယူနီကွန်းပျောက်ကြားတပ်

#bbm #bbmnews #ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ #MingunPDF #NMD #GSForce #ဥဒေါင်းမင်း #PeopleServantForce #ရတနာပုံတပ်ဦး
https://www.facebook.com/share/v/18AhioVf2s/
8👍3👏2
ပလမြို့ပေါ် နေအိမ် ၇၀ ကျော်ကို စစ်တပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီး

🟥တနင်္သာရီတိုင်းအတွင်း စစ်တပ်ရဲ့မီးရှို့မှုကြောင့် နေအိမ်၇၀၀ကျော် မီးလောင်ပျက်ဆီး

သတင်း - ကိုဟန်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပလမြို့ပေါ်မှာ စစ်တပ်က အကြောင်းပြချက်မရှိဘဲ နေအိမ် ၇၀ ခန့်ကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ ဇန်နဝါရီလ ၂၇ ရက် မွန်လွဲပိုင်းက ပလမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက နေအိမ်တွေကို စတင်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် ပလမြို့ အမှတ်(၄)ရပ်ကွက်ရှိ နေအိမ် ၇၀ ကျော်မီးလောင်ပျက်စီးသွားတယ်လို့ စစ်ဘေးတိမ်း ရှောင်နေရတဲ့ ပလမြို့ခံတဦးက ပြောပါတယ်။

“မြို့ထဲမှာ သူတို့(စစ်သား)ပဲ တပ်စွဲထားတယ်၊ အခုဟာက ဘာတိုက်ပွဲမဖြစ်ဘူး၊ တနေရာတည်းကနေ စရှို့သွားတာ မဟုတ်ဘူးပြောတယ်၊ ဟိုနားနည်းနည်း ဒီနားနည်းနည်း ရှို့လိုက်ရာကနေ မီးတွေ ကူးပြီး အများကြီး လောင်ကုန်တာပါ” လို့ ပြောပါတယ်။

အဆိုပါနေအိမ်မီးလောင်နေမှုကို တော်လှန်ရေးတပ်တွေက အချိန်မှီ မီးငြိမ်းသတ်နိုင်ခဲ့တဲ့အတွက် ပျက်စီးမှု နည်းသွားတာလို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ပလမြို့ပေါ်ရပ်ကွက်ရှိ ဒေသခံတွေထဲက အများစုဟာ ယခင်ကတည်းက စစ်ဘေးရှောင် နေရပြီး အိမ်စောင့်အနည်းငယ်ကသာ နေအိမ်မှာ ကျန်ရစ်နေတာလို့ ဆိုပါတယ်။

“ကျွန်တော်တို့ အဆက်အသွယ်ရသလောက်တော့ သူတို့ ရှို့ပြီး ချက်ချင်းဆုတ်သွားတယ်၊ အဝေးကြီးတော့ မဟုတ်ဘူး၊ ဒီပလမြို့အနီးအနားလောက်မှာ ရှိနေသေးတယ်လို့ ကြားတယ်” လို့ အထက်ပါဒေသခံက ပြောပါတယ်။

စစ်တပ်က ပလမြို့ပေါ်မှာ နေရာအချို့မှာ တပ်စွဲထားပေမဲ့ မြို့အနီးတဝိုက်နေရာအများစုကို တော်လှန်ရေးတပ် တွေက နယ်မြေစိုးမိုးမှု ရယူထားတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် အဲဒီနယ်မြေတဝိုက်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်
စစ်ရေး တင်းမာနေပြီး စစ်တပ်က လေကြောင်းအပါအဝင် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေ မကြာမကြာ ပြုလုပ်နေတယ်လို့ တော်လှန်ရေး အဖွဲ့တွေက ပြောပါတယ်။

“သူတို့က ခဏခဏ ဝင်ရှို့နေတာပဲ၊ အခုမှ မဟုတ်ဘူး၊ အရင်ကလည်း ရှို့တယ်၊ အခုလည်း ရှို့တယ်၊ ဒီနယ်ထဲတော့ တော်လှန်ရေးဘက်က ထိန်းထားတော့ အဲဒါကို ဘာမှ မဆိုင်တဲ့ အရပ်သားနေအိမ်ကို ရှို့နေတာ၊ အခုတလော တိုက်ပွဲကတော့ နေ့တိုင်းမဖြစ်နေဘူး၊ အနည်းငယ်ဖြစ်တာရှိတယ်၊ အဲဒီလောက်ပဲ” လို့ ပုလောမြို့နယ်အခြေစိုက် တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

Fe5 တနင်္သာရီအဖွဲ့ပြုစုထားတဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်အတွင်း တနင်္သာရီတိုင်းတခုလုံးမှာ စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် ၇၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ဓါတ်ပုံ - KPDF (ပုလော)
ပုံစာ - ပလမြို့အနီးရှိ ကျေးရွာတရွာမှာ နေအိမ် မီးရှို့ခံရစဉ်။(ပုံဟောင်း)
https://www.facebook.com/share/p/1E8QNQiJ28/
👍6🤬52
မင်းလက်ပံတိုက်ပွဲတွေအတွင်း စကစ က ကျေးရွာတွေကိုရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ပစ်နေပြီး ထိုင်းဘက်ကို ကျည်ကျမှုတွေရှိ

🟥ဒရုန်းနဲ့ လက်နက်ကြီးကိုသာ စကစ အဓိကအားကိုးနေပေမဲ့လည်း တော်လှန်ရေးဘက်မှ စကစ ဒရုန်းတွေကို ဖျက်ဆီးနိုင်မှုတွေရှိ

BBM-ဇန်နဝါရီ ၂၈
သတင်း-မင်းသော်

ကရင်ပြည်နယ်၊ မင်းလက်ပံရွာတိုက်ပွဲအတွင်း စစ်ကောင်စီက အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာထဲကို ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးပစ်ထည့်တာတွေပြုလုပ်နေပြီး ထိုင်းဘက်ထဲကိုလည်း ကျည်ကျမှုတွေရှိနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလကစပြီး တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားနိုင်ခဲ့တဲ့ သင်္ကန်းညီနောင်နဲ့ လေးကေ့ကော်မြို့သစ်တို့ကို စစ်တပ်ဘက်က ပြန်လည်ရရှိပြီးတဲ့နောက် တစ်ဆက်တည်းဆိုသလိုပင် မင်းလက်ပံကျေးရွာကို ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေပြင်းထန်လာခဲ့ရတယ်လို့ သိရပါတယ်။

မြဝတီမြို့တောင်ဘက်မှာရှိတဲ့ အဆိုပါမင်းလက်ပံကျေးရွာကိုရရှိဖို့ စစ်တပ်က ၃လ ကြာအောင် ထိုးစစ်ဆင်နေပေမဲ့လည်း လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွါးနေဆဲသာရှိတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အဆိုပါတိုက်ပွဲတွေအတွင်း စစ်တပ်က ကျေးရွာတွေအတွင်းကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ပစ်ထည့်နေတာတွေအပြင် ထိုင်းဘက်ကို ကျည်ကျရောက်တာတွေရှိတယ်လို့ မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးက BBM ကိုပြောပါတယ်။

" တိုက်ပွဲတွေကတော့ ဖြစ်နေတယ်၊ အမြဲတမ်းပါပဲ၊ ဒီကောင်တွေကတော့ ရွာထဲမှာ လက်နက်ကြီးလှမ်းပစ်ထည့်နေတယ်၊ ပြီးတော့ ထိုင်းဘက်ကျတာလည်း ဟုတ်တယ်၊ ရွာတွေထဲတော့မဟုတ်ပါဘူး၊ (၂)လုံးကျတာအဲ့တာတွေတော့ရှိတယ်"

နေ့စဥ်ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေအတွင်းမှာလည်း စစ်ကောင်စီအနေနဲ့ မြေပြင်စစ်ကြောင်းထက် လေကြောင်းမှ ဒရုန်းတွေ၊ လက်နက်ကြီးတွေကိုသာ အဓိကဖောဖောသီသီအသုံးပြုနေတယ်လို့လည်း သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်မှလည်း တန်ပြန်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်သားအချို့ကိုရှင်းလင်းနိုင်သလို ဒရုန်းအချို့ကို ဖျက်ဆီးနိုင်တာတွေရှိတယ်လို့လည်း အဆိုပါသတင်းရင်းမြစ်မှဆက်ပြောပါတယ်။

"တိုက်ပွဲကတော့ စကစ က လက်နက်ကြီးပစ်တယ်၊ ဒရုန်းနဲ့ချတယ်၊ ရှေ့တော့မတိုးဘူး၊ ပုံမှန်ပဲ၊ ၂၀ရက်နေ့လောက်က ဒီကောင်တွေဒရုန်းတစ်စီးကို ဖျက်ဆီးထားနိုင်လိုက်တယ်"

စစ်ကောင်စီရဲ့ အဆိုပါထိုးစစ်တွေနဲ့ပတ်သတ်ပြီး မြဝတီမြို့အတွင်းရှိ စကစ အခြေပြုရာစခန်းအချို့မှ လက်နက်ကြီးပစ်ခတ်မှုတွေရှိတယ်လို့ မြဝတီဒေသခံအချို့မှ ပြောဆိုမှုတွေရှိနေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိတယ်လို့ သိရပါတယ်။

Photo-ပုံဟောင်း
https://www.facebook.com/share/p/185KhBEedv/
10👍8
ပုလောမြို့နယ်တိုက်ပွဲအတွင်း တော်လှန်ရေးအဖွဲ့တွေရဲ့ ဒရုန်းကြောင့် စကစ အရာရှိ(၁)ဦးအပါ (၆)ဦးသေဆုံး

BBM-ဇန်နဝါရီ၂၈
သတင်း-မင်းသော်

မြိတ်ခရိုင်၊ ပုလောမြို့နယ်တိုက်ပွဲတွေအတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းကြောင့် စစ်ကောင်စီဘက်မှ အရာရှိ(၁)ဦးအပါ (၆)ဦးသေဆုံးပြီး (၅)ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၅ရက်နေ့က တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ပုလောမြို့နယ်ထဲက တပိုရွာနဲ့ သင်္ကန်းတောရွာအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စကစ မြေပြင်ထိတွေ့တိုက်ပွဲတွေဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲကို ဝေဟင်မှ ဒရုန်းတွေဖြင့် ပစ်ကူပေးခဲ့ရာ တပိုရွာရှိစကစ အရာရှိ(၁)ဦးအပါ (၆)ဦးသေဆုံးပြီး (၅)ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့သလို သင်္ကန်းတောရွာက စကစတွေလည်း ထိခိုက်သေဆုံးမှုများရှိတယ်လို့ သိရပါတယ်။

ဖော်ပြပါတိုက်ခိုက်မှုများကို KNU တပ်မဟာ(၄)၊ KNDO တပ်ရင်း(၇) ၊ တပ်ခွဲ(၂) ၊ KNDO Drone Forces ၊ ပြည်သူ့ကာကွယ်‌ရေးတပ်မတော် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း ၊T2 Sky Shadow UAV Forces နဲ့ ပုလောမြို့နယ် ပကဖတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူများအနေ နဲ့ လုံခြုံရေးအခြေအနေကို သတိပြုကာ မလိုအပ်တဲ့ သွားလာလှုပ်ရှားမှုတွေကို ရှောင်ရှားကြဖို့အတွက် တိုက်တွန်းကြောင်း KNDO Drone Forceမှ ထုတ်ပြန်ထားပါတယ်။

Video-KNDO Drone Force
https://www.facebook.com/share/v/14X3gjd6GxX/
👍11👏21
မာဒူရိုက သဘောတူညီချက်ကို ငြင်းဆန်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ပြောကြား

BBM - ဇန်နဝါရီ ၂၉

အမေရိကန်နိုင်ငံခြားရေး၀န်ကြီး မာကို ရူဘီယိုက ဇန်နဝါရီ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရုံးချိန်းမှာ ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ် မာဒူရိုဟာ "တိုးတက်မှုအတွက် အဟန့်အတား" တစ်ခုဖြစ်ပြီး ထရမ့်အစိုးရနဲ့ သဘောတူညီချက် မယူခဲ့ဘူးလို့ အထက်လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ပါတယ်။

"ဒါဟာ တခြားရွေးချယ်စရာတွေမရှိတဲ့ မာဒူရိုအတွက် တစ်ခုတည်းသော ရွေးချယ်စရာပါ" လို့ မာဒူရိုကို ရာထူးကနေ ဖယ်ရှားပြီး တစ်လမပြည့်ခင်မှာ ရူဘီယိုက အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီကို ပြောကြားခဲ့ပါတယ်။

မာဒူရိုက သဘောတူညီချက်များစွာကို ချိုးဖောက်ခဲ့ပြီး "ဗာတီကန်တောင်" သူ့ကို ဆက်ဆံလိုခြင်းမရှိကြောင်း ရူဘီယိုက ပြောကြားခဲ့ပါတယ်။

မာဒူရို ဖမ်းဆီးခံရပြီးကတည်းက ထရမ့်အစိုးရက ဗင်နီဇွဲလားနိုင်ငံရဲ့ ရေနံ၀ယ်ယူဖို့ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ သဘောတူညီချက်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။

အဲ့ဒီအချိန်ကစပြီးတော့ မာဒူရိုရဲ့နေရာကို တာဝန်ယူခဲ့တဲ့ ဒုတိယသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်က နိုင်ငံရဲ့ ရေနံကိုရောင်းချဖို့ နိုင်ငံရဲ့ဥပဒေပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။

မကြာသေးမီရက်များအတွင်း ရိုဒရီဂွက်ဇ်က အမေရိကန်ပြည်ထောင်စုအပေါ် ရန်လိုတဲ့ မှတ်ချက်များ ပိုမိုပြုလုပ်ခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံရဲ့ ရေနံကို ဒေါ်လာဘီလီယံပေါင်းများစွာနဲ့ ဝယ်ယူဖို့ ထရမ့်အစိုးရက စီစဉ်နေချိန်မှာပဲဖြစ်ပါတယ်။

"ဗင်နီဇွဲလား နိုင်ငံရေးသမားတွေအပေါ် ဝါရှင်တန်ရဲ့ အမိန့်တွေ လုံလောက်ပါပြီ" လို့ သူမက ဇန်နဝါရီ ၂၅ ရက်နေ့မှာ ရေနံလုပ်သားတွေကို ပြောကြားခဲ့ပါတယ်။

ရူဘီယိုက ရိုဒရီဂွက်ဇ်နဲ့ အမေရိကန်တို့ဟာ "လေးစားမှုရှိပြီး အကျိုးဖြစ်ထွန်းတဲ့ ဆက်သွယ်ရေးလမ်းကြောင်း" ပေါ်မှာ ရှိကြောင်း ပြောကြားခဲ့ပါတယ်။

သို့သော်လည်းပဲ ထရမ့်အစိုးရက "စကားလုံးတွေနဲ့ မဟုတ်ဘဲ လုပ်ရပ်တွေနဲ့ သက်သေပြမယ်"လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

Reference-USA Today
Translator-Richard
https://www.facebook.com/share/p/1CV1j5b4uG/
👍12
လောင်းလုံးမြို့မရဲစခန်းနဲ့ စရဖ ရုံးကို ၃ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးသီးတွေကြဲချတိုက်လိုက်

BBM - ဇန်နဝါရီလ ၂၉
သတင်း - ကိုဘုဏ်း

တနသ်ာရီတိုင်း၊ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့ပေါ်ရှိ လောင်းလုံးမြို့မရဲစခတ်းနဲ့စရဖရုံးကို သုံး ရက်ဆက်တိုက် ဗုံးသီးကျဲချတိုက်ခိုက်ခဲ့တယ်လို့ L.L.S.B.F အဖွဲ့ကထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၂၁ ရက်နေ့နဲ့ ၂၂ ရက်နေ့မှာ လောင်းလုံးမြို့မရဲစခန်းကို နှစ်ရက်ဆက်တိုက် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ပါတယ်လို့ သိရပါတယ်။

ဆက်လက်ပြီး ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေမှာ လောင်းလုံးမြို့ပေါ်ရှိ စရဖ ရုံးကို ဗုံးသီး၂လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေကြောင့် ဒုရဲအုပ် ၁ဦးအပါအဝင် ၆ဦးသေပြီး အများအပြားဒဏ်ရာရခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဒဏ်ရာပြင်းထန်တဲ့ စစ်ကောင်စီတပ် ရဲတွေကို ညတွင်းချင်းကား၂ စီးနဲ့ ထားဝယ်ဆေးရုံကို ပို့ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F)ရဲ့ ရဲဘော်တွေက လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။

ပုံ-L.L.S.B.F
https://www.facebook.com/share/p/1KHvaC2doZ/
10👍4👏2
မွန်ပြည်တော်လှန်ရေးတပ်ရဲ့ အပတ်စဉ် ၄ အထူးအခြေခံမွမ်းမံစစ်သင်တန်းဆင်းပွဲကျင်းပပြုလုပ်

BBM - ဇန်နဝါရီ ၂၉
သတင်း - ခက်ဆစ်

မွန်ပြည်နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ်ရဲ့ အပတ်စဉ် ၄ အထူးအခြေခံမွမ်းမံစစ်သင်တန်း ဆင်းပွဲကို တပ်ရင်းဌာနချုပ်မှာ ဇန်နဝါရီလ ၂၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မွန်ပြည်တော်လှန်ရေးတပ်က ဦးစီးဆောင်ရွက်တဲ့ အပတ်စဉ် ၄ အထူးအခြေခံမွမ်းမံစစ်သင်တန်းမှာ မွန်ပြည်တော်လှန်ရေးတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ (၃၃) မှ ထောက်ပို့တပ်သားတွေနဲ့ အရာရှိတွေကို (၁၅) ရက်ကြာ လေ့ကျင့်သင်ကြားပို့ချခဲ့တဲ့ သင်တန်းဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲအခမ်းအနားမှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နိုင်ကသုမွန်၊ မွန်ပြည်တော်လှန်ရေးတပ် တပ်ရင်းမှူး ဗိုလ်မှူးကြီး နိုင်ဒရာဂွန်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ (၃၃) ဗျူဟာမှူး စောဒါးကိုနဲ့ မွန်ပြည်တော်လှန်ရေးတပ် ဒု-တပ်ရင်းမှူး ဗိုလ်မှူး နိုင်ဗညားနွန် တို့က တက်ရောက်မိန့်ခွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခမ်းအနားကို မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတွေဖြစ်တဲ့ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (KBDF)၊ ရေးပြောက်ကျားတပ် (YGF) နဲ့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ အမှတ် ၁၈၁၅ မော်လီကျူး ဒရုန်းတပ်ရင်း၊ Nonentity Coach တို့မှ တာဝန်ရှိသူတွေနဲ့ ရဲဘော်တွေ တက်ရောက်ဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။

Photo - MSRF

#bbmnews #bbm #bbmtv #mon #PDF #MSRF
https://www.facebook.com/share/p/1DYNyWfpSj/
👍11
မြန်မာ့အရေးကို 'စုပေါင်း အဖြေရှာ'ဖို့ အာဆီယံ အတည်ပြု

BBM - ဇန်နဝါရီ ၂၉

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN)က မြန်မာ့ ငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ဖော်မှုဆိုင်ရာ အလွတ်သဘော အစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး နိုင်ငံတွင်း အကျပ်အတည်းအတွက် ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်တစ်ခု ရှာဖွေဖို့ “စုပေါင်းဆုံးဖြတ်ချက်” ကို ဇန်နဝါရီလ ၂၈ရက်နေ့က အတည်ပြုခဲ့ပါတယ်။

ဖိလစ်ပိုင် အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုင်ငံခြားရေးဝန်ကြီး မာသီရီဆာ လာဇာရိုက စီဘူးမြို့ရှိ Nustar ဟိုတယ်မှာ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ၅ ချက်ကို ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။

လာဇာရိုက အာဆီယံဟာ “ရှေ့ဆက်သွားရမယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်” လို့ ပြောကြားခဲ့ပါတယ်။

အာဆီယံရဲ့ “မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်တစ်ခုကို ရှာဖွေဖို့ စုပေါင်းဆုံးဖြတ်ချက်” ကို ထပ်မံအတည်ပြုခဲ့ပါတယ်။

စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ နောက်ဆုံးပိုင်း အပြီးမှာ အစည်းအဝေးကို ကျင်းပခဲ့တာပဲဖြစ်ပါတယ်။

အလွတ်သဘောဆွေးနွေးပွဲတွေ အပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ပြောရေးဆိုခွင့်ရှိသူ Dax Imperial က မြန်မာနိုင်ငံရှိ နိုင်ငံရေး၊ လူမျိုးစုတွေနဲ့ ထိတွေ့ဆက်ဆံဖို့ အထူးသံတမန်ရဲ့ ကြိုးပမ်းမှုတွေကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အပြုသဘောဆောင်စွာ ကြိုဆိုခဲ့ကြကြောင်း ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပင် အာဆီယံက မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲရလဒ်တွေကို အသိအမှတ်ပြုမလားဆိုတာ ဝန်ကြီးတွေက မဆုံးဖြတ်ရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

အာဆီယံက မြန်မာပြည်သူတွေ ထောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံမလားဆိုတာလည်း အခုချိန်မှာ ခန့်မှန်းရခက်တယ်လို့ သူက ပြောပါတယ်။

“တကယ်တော့ ခန့်မှန်းရခက်ပါတယ်။ အနည်းဆုံး ဖိလစ်ပိုင်ကတော့… ရွေးကောက်ပွဲရလဒ်တွေကို ကြည့်ရှုသွားမှာပါ”လို့ သူကဆက်ပြောပါတယ်။

“ရွေးကောက်ပွဲက ပြီးဆုံးသွားပြီဆိုတော့ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာပါ”လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

Reference-PNA
Photo-PNA

#bbmnews #bbm #bbmtv #myanmar #ASEAN #InternationalNews
👍11
ချင်းမိုင်မှာ ထိုင်းလေတပ်လေယာဉ် ပျက်ကျမှုကြောင့် လေယာဉ်မှူး ၂ဦး သေဆုံး

BBM - ဇန်နဝါရီ ၂၉
သတင်း - Richard

ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ ထိုင်းတော်ဝင်လေတပ် (RTAF) မှ Beechcraft AT-6TH လေယာဉ်တစ်စင်းဟာ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ လေယာဉ်မှူး ၂ဦး သေဆုံးခဲ့ရတယ်လို့ ထိုင်းသတင်းဌာနတွေကဖော်ပြထားပါတယ်။

ဇန်နဝါရီလ ၂၉ရက်နေ့ မနက်က အဆိုပါ တိုက်လေယာဉ်ငယ်ဟာ ချွန်သောင်ခရိုင်ရှိ ဟွေးမွမ်င်ဖန်ဆိုင်းရွာရှိ တောအုပ်တစ်ခုမှာ လေ့ကျင့်ပျံသန်းနေစဉ် ပျက်ကျခဲ့ကြောင်း ထိုင်းတော်၀င်လေတပ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

လေယာဉ်မီးလောင်မှုမဖြစ်ပွားမီ ကျယ်လောင်တဲ့ ပေါက်ကွဲသံနှစ်ခုကြားခဲ့ရကြောင်း ဒေသခံတွေက Amarin TV မှာဖြေကြားထားပါတယ်။

ထိုင်းတော်၀င်လေတပ်မှာ တိုက်ခိုက်ရေးမစ်ရှင်တွေအပါအဝင် အခြား ရည်ရွယ်ချက်အမျိုးမျိုးအတွက် AT-6TH လေယာဉ် ၈စင်း ရှိပါတယ်။

Reference-The Bangkok Post
Photo-The Bangkok Post

#bbmnews #bbm #bbmtv #thailand #thaiairforce #international #ChiangMai
😢3👍2
တောင်သာ PDF ရဲ့ အမှတ်စဉ်(၅)အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲပြုလုပ်ကျင်းပ

BBM - ဇန်နဝါရီလ ၂၉
သတင်း - ကိုဘုဏ်း

တောင်သာ PDF ရဲ့ အမှတ်စဥ်(၅) အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၂ ရက်က ပြုကျင်းပခဲ့တယ်လို့ Taung Tha People Defense Force က ထုတ်ပြန်ထားပါတယ်။

သင်တန်းသား/သင်တန်းသူ (၃၂)ဦး တက်ရောက်ခဲ့တဲ့ အဆိုပါအခြေခံစစ်ပညာသင်တန်းဟာ သင်တန်းကာလ (၃)လ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ သင်တန်းဆင်း ရဲဘော်တွေဟာ ရှေ့တန်းစစ်မြေပြင်မှာ တော်လှန်ရေးတာဝန်တွေ ပါဝင်ထမ်းဆောင်ဖို့ အသင့်ဖြစ်နေပြီလို့လည်း တောင်သာ PDF က အသိပေးထားပါတယ်။

တော်လှန်ရေးကာလ ဒုက္ခဆိုးပေါင်းများစွာကို အတူရင်ဆိုင်ကာ ပြည်သူတွေနဲ့အတူ တသားတည်း ရပ်တည်လျက် ပြည်သူကိုမျက်နှာမူပြီး စစ်အာဏာရှင်စနစ်အပြီးတိုင်ချူပ်ငြိမ်းတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ တောင်သာ PDF က အသိပေး ကြေငြာထားပါတယ်။

Video - တောင်သာ PDF

#bbm #bbmnews #TaungThaPDF #UpdateNews #Myanmar
https://www.facebook.com/share/v/1BqDFz2UuQ/
👍91😢1
ရခိုင်မှာ အသေခံဒရုန်းတွေသုံးပြီး အရပ်သားတွေကို ချေမှုန်းလာတဲ့ စစ်ကောင်စီ

BBM - ဇန်နဝါရီ ၂၉
သတင်း - သော်

စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို အသေခံဒရုန်းတွေ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၈ ရက်နေ့က စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းအစပ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က အသေခံ ဒရုန်းတွေ သုံးပြီး မီးလောင်ဗုံးတွေနဲ့ပါ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ပက်ခွက်ဆိပ် ကျေးရွာအနီးမှာရှိတဲ့ အများပြည်သူ အင်တာနက်သုံးရာ‌နေရာကို လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

“လေကြောင်းတိုက်ခိုက်မှုတွေက ဆက်တိုက်လုပ်လာနေတာ၊ ညသန်းခေါင်တွေလာလာပြီး ဗုံးချတယ်၊ အင်တာနက် သုံးတဲ့နေရာကို ဗုံးလာချတော့လည်း ညဘက်မို့ လူထိခိုက်မှု မရှိခဲ့တာ၊ နေ့ခင်းဆိုရင်တော့ တော်တော်လေး သေဆုံးမှုရှိမှာ”လို့ ရခိုင်ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ သူတို့ လက်လွှတ်ခဲ့ရတဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုကို ပြန်လည်စိုးမိုးနိုင်ဖို့ စစ်ရေးအရ ထိုးစစ်ဆင်မှုတွေ ပြင်းပြင်းထန်ထန်တွေ လုပ်နေတာပါ။

စစ်ကေင်စီဟာ ရခိုင်စစ်မြေပြင်မှာ အရှုံးနဲ့ ရင်ဆိုင်နေရပေမဲ့ နယ်မြေပြန်စိုးမိုးနိုင်ဖို့ သူရဲ့ အားသာချက်တခုဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်လာနေတာဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇန်နဝါရီ ၂၀ ရက်နေ့က အာရက္ခတပ်တော်က ပြန်လွှတ်ပေးတော့မယ့် စစ်သုံ့ပန်းတွေနေရာကို ဗုံးကြဲလို့ အယောက် ၃၀ ကျော် သေဆုံးခဲ့ရပါသေးတယ်။

“အရင်ကတော့ တိုက်ပွဲတွေ ထိပ်တိုက်ဖြစ်နေတာဆိုတော့ ဗမာစစ်တပ်က ရမ်းပြီး ပစ်တာ၊ ဗုံးကြဲတာတွေ ရှိခဲ့တယ်၊ အခုကျတော့ နှစ်ဖက် တိုက်ပွဲမရှိတော့ဘူးလေ၊ AA က ထိန်းချုပ်ပြီး ကိုယ့်အရပ် ကိုယ်ပြန်နေကြတာ၊ ဒါပေမဲ့ စစ်တပ်က လေကြောင်းတိုက်တာတွေ လုပ်လာတာ ပိုများလာတယ်၊ အကုန်လုံးက သတိထားပြီး နေနေရတယ်”လို့ ကျောက်တော် ဒေသခံ တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့က ကျောက်ဖြူမြို့နယ်မှာ တစ်နေ့တည်း ၂ ကြိမ်အထိ လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် ဒေသခံ ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးကျော် အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၈ ရက်နေ့၊ ညနေပိုင်းကလည်း ပေါက်တောမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါသေးတယ်။

လက်ရှိမှာတော့ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ကြား ထိတွေ့တိုက်ပွဲတွေဟာ ကျောက်ဖြူ၊ မာန်အောင်နဲ့ စစ်တွေမြို့တို့မှာသာရှိနေပြီး စစ်ကောင်စီကတော့ လက်နက်ကြီးတိုက်ခိုက်မှုတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကိုပါ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

Photo - AA Info Desk ပုံစာ - စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ဖြူမြိုနယ်မှ အပျက်အစီးများ

#bbm #bbmnews #Rakhine #Drone #AA #UpdateNews
https://www.facebook.com/share/p/1WVwEbX8rY/
🤬7👍4
တွန်းဇံမြို့နယ်က CNA နဲ့ CDF-တွန်းဇံ ပူးပေါင်းစခန်းကို ဇိုမီးတော်လှန်ရေးတပ် ZRA ကတိုက်ခိုက်

BBM - ဇန်နဝါရီ ၂၉
သတင်း - ကိုအိုက်

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်က ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ချင်းကာကွယ်ရေးတပ် (တွန်းဇံ) ပူးပေါင်းတပ်စခန်းကို ဇိုမီးတော်လှန်ရေးတပ် (ZRA) က တိုက်ခိုက်ခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းမြစ်က BBM ကို ပြောပါတယ်။

မနေ့က ဇန်နဝါရီလ ၂၈ ရက်၊ မနက် ၅ နာရီဝန်းကျင်မှာ တွန်းဇံမြို့အနီး နတ်ဇန်ကျေးရွာမှာ နေရာယူအခြေချထားတဲ့ CNA နဲ့ CDF တွန်းဇံ ပူးပေါင်းကာကင်းစခန်းကို ZRA တပ်ဖွဲ့ က ဒရုန်းဗုံးသီးနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

"စခန်းကို မနေ့ကမနက်အစောပိုင်းက ဒရုန်းနဲ့ ဗုံးကြဲသွားပါတယ်၊ ဗုံးသီးတစ်လုံးက စခန်းအနား ပေါက်ကွဲသွားတယ်၊ တစ်လုံးက မပေါက်ကွဲဘူး၊ နှစ်လုံးကြဲတာပါ"လို့ CDF တွန်းဇံ ရဲဘော်တစ်ဦးက BBM ကို ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် တွန်းဇံမြို့မှာ နှစ်ဘက်စစ်ရေးတင်မာနေပြီး တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်မှာကို ဒေသခံပြည်သူတွေက စိုးရိမ်နေကြပါတယ်။

"မနေ့ကမနက် တွန်းဇံမှာ နှစ်ဘက်အဖွဲ့တွေ စစ်ရေးပြန်လှုပ်ရှားတာ တွေ့ရတယ်၊ ပြည်သူတွေလည်း စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်နေကြတယ်၊ ဘာလုပ်ရမှန်း မသိဘူးဖြစ်နေကြတယ်၊ တိုက်ပွဲတွေပြန်ဖြစ်မလား၊ ကြိုရှောင်ရမလား၊ တိုက်ပွဲတွေဖြစ်ရင် ပြည်သူတွေက ထပ်စစ်ဘေးရှောင်ရအုံးမယ်၊ အချင်းချင်းတွေ မဖြစ်စေချင်တော့ဘူး"လို့ တွန်းဇံဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

တွန်းဇံမြို့က CNA နဲ့ CDF တွန်းဇံ တပ်စခန်းတွေကို ZRA က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဧပြီလတုန်းကလည်း အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေပြင်းထန်ကာ ဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင် စစ်ဘေးရှောင်နေကြရပါတယ်။

တွန်းဇံမြို့နယ်ကို CNA နဲ့ ချင်းပြည်အစိုးရကာကွယ်ရေးတပ်ပူးပေါင်းအဖွဲ့က ၂၀၂၄ ခုနှစ်၊ မေလတုန်းက စစ်ကောင်စီထံမှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

#bbm #bbmtv #bbmnews #CNA #CDFtonzhan
👍8
မြဝတီမြို့အတွင်း စစ်တပ်ကအင်အားဖြည့်တင်းထားပေမဲ့လည်း KNA တပ်ဖွဲ့တွေမြို့ထဲကင်းလှည့်နေ

🟥တိုက်ပွဲပြင်းထန်ရာဖလူးဘက်ကိုလည်း စစ်တပ်နဲ့ BGFမှ စစ်ကူများသွားရောက်

BBM-ဇန်နဝါရီ၂၉
သတင်း-မင်းသော်

ကရင်ပြည်နယ်၊မြဝတီမြို့တွင်းကို စစ်တပ်ဘက်က အင်အားဖြည့်တင်းမှုတွေဆောင်ရွက်နေပေမဲ့လည်း ကရင်အမျိုးသားတပ်မတော်(KNA)မှ တပ်ဖွဲ့ဝင်တွေကလည်း မြို့တွင်းဆက်ရှိနေပြီး လှည့်လည်ကင်းပတ်နေတာတွေပင် ပြုလုပ်နေတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ရက်နေ့ နောက်ဆုံးထားပြီး BGF မှ KNA အဖြစ်ကူးပြောင်းသွားတဲ့ မြဝတီမြို့တွင်းရှိ အင်အားတွေအကုန်လုံး တပ်မဟာ (၂)နယ်မြေအတွင်း ဆုတ်ခွါဖို့ စစ်တပ်ဘက်က ဖိအားပေးမှုတွေရှိခဲ့ပေမဲ့ KNA တပ်ဖွဲ့ဝင်တွေကို ဒီနေ့အထိ မြို့တွင်းမှာမြင်နေရဆဲရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ကလည်း ယခုရက်ပိုင်းအတွင်းမှာတင် မြဝတီမြို့နယ်ဘက်ကို စစ်အင်အားအလုံးအရင်းနဲ့ပို့ဆောင်နေတာတွေရှိသလို KNA တပ်ဖွဲ့ဝင်တွေကလည်း မြို့တွင်း အင်အားအပြည့်ဖြင့် ကင်းလှည့်တာမျိုးတွေ ပြုလုပ်နေတယ်လို့ မြဝတီမြို့ဒေသခံတစ်ဦးမှ BBM ကိုပြောပါတယ်။

"မြဝတီမြို့ထဲ စစ်တပ်က အင်အားတွေဖြည့်တယ်လို့လည်းကြားနေရတာတွေတော့ရှိတယ်၊ ဒါပေမဲ့ မြို့ထဲကို စစ်တပ်ကိုယ်တိုင်ဆိုတာထက် သူ့အောက်က BGF တွေက အဓိက ကင်းလှည့်တာတွေလုပ်နေတာ၊ ပြီးတော့ KNA ကောဒီနေ့ ဝတ်စုံပြည့်နဲ့ကင်းလှည့်နေတာလည်း တွေ့ခဲ့ရတယ်။"

အရင်က မြဝတီမြို့အတွင်းကင်းပတ်တာမျိုးတွေကို စစ်တပ်လက်အောက်ခံ BGF မှသာ အဓိကပြုလုပ်တာမျိုးရှိပေမဲ့ အခုရက်ပိုင်းမှာတော့ DKBAနဲ့ KNA တပ်ဖွဲ့တွေပါ ကင်းပတ်နေတာတွေရှိတယ် လို့ သိရပါတယ်။

ဒီလိုမြဝတီမြို့တွင်း အခြေအနေရှုပ်နေသလို မြို့ရဲ့တောင်ဘက်ဖြစ်တဲ့ မင်းလက်ပံနဲ့ဖလူးဒေသမှာလည်းတိုက်ပွဲတွေဖြစ်ပွါးနေပြီး မြဝတီမြို့တွင်းမှတဆင့် စစ်ကောင်စီနဲ့ BGFတပ်ဖွဲ့ဝင်အမြောက်အများ စစ်ကူသွားတာတွေရှိတယ်လို့လည်း အဆိုပါဒေသခံမှဆက်ပြောပါတယ်။

"BGFတံဆိပ်နဲ့စစ်ကားတွေ အများကြီး
မနေ့ညနေက ဖလူးဘက်ကို ကားတွေနဲ့စစ်ကူသွားခဲ့တာကိုလည်းတွေ့တယ်၊ ဖလူးဘက်မှာက တိုက်ပွဲတွေပြင်းနေတယ်လည်းကြားတယ်၊ လေယာဥ်သံ၊ လက်နက်ကြီးသံကတော့ အမြဲကြားနေရတယ်"

မင်းလက်ပံနဲ့ဖလူးဒေသဘက်က တိုက်ပွဲတွေနဲ့ပတ်သတ်ပြီး မြေပြင်တော်လှန်ရေးသတင်းရင်းမြစ်တွေကို ဆက်သွယ်မေးမြန်းရာမှာလည်း မြေပြင်တိုက်ပွဲတွေထက် စစ်တပ်ဘက်က လက်နက်ကြီး၊လေကြောင်းနဲ့ ဒရုန်းတွေကိုသာ ဖောဖောသီသီအသုံးပြုတိုက်ခိုက်နေတယ်လို့ BBM ကိုအတည်ပြုပြောဆိုတာတွေရှိပါတယ်။

အဆိုပါတိုက်ပွဲတွေနဲ့ပတ်သတ်ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်အချို့ ထိုင်းဘက်ကမ်းကို ကျရောက်တာတွေရှိသလိုပဲ လေကြောင်းနဲ့လက်နက်ကြီးအသံတွေကိုလည်း မြဝတီတစ်ဖက်ကမ်း ထိုင်းမှပင်ကြားနေရတာတွေရှိတယ်လို့ သိရပါတယ်။

Phto-ပုံဟောင်း

#bbm #bbmtv #bbmnews #KNA #Myawadi
https://www.facebook.com/share/p/1CAi8xUocF/
👍9😁1
စစ်ကောင်စီက ဂျန်ဘာသုံးပြီး အင်တာနက်ဖြတ်တောက်ကာ ရွေးကောက်ပွဲကျင်းပခဲ့

BBM - ဇန်နဝါရီ ၂၉
သတင်း - သော်

စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲအတွင်း မဲရုံတွေနဲ့ စစ်ဆေးရေးဂိတ်တွေမှာ ဆက်သွယ်ရေး အချက်ပြလှိုင်း နှောင့်ယှက်စက် Jammerတွေကို အသုံးပြုပြီး အင်တာနက်ဖြတ်တောက်ကာ ရွေးကောက်ပွဲကျင်းပခဲ့တယ်လို့ မြန်မာအင်တာနက်ပရောဂျက်(MIP)နဲ့ နွေဦးလုံခြံရေး(SRS)တို့ရဲ့ ဇန်နဝါရီ ၂၉ရက်ထုတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ကမြောင်ကင်းတံတားထိပ် စစ်ဆေးရေးဂိတ်၊ ရှင်မုတ္ထီးရွာနဲ့ ကနိုင်ဒါရွာက မဲရုံတွေနဲ့ မွန်ပြည်နယ်ဘက်က မဲရုံပတ်ဝန်းကျင်တချို့မှာ Jammerတွေကို တပ်ဆင် အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း ကျောက်ပန်းတောင်းနဲ့ ပုပ္ပားဒေသက နေရာအချို့မှာလည်း ရွေးကောက်ပွဲ ဒုတိယပိုင်း ကာလအတွင်းမှာ Jammaerတွေကို အသုံးပြုခဲ့တယ်လို့ မြန်မာအင်တာနက်ပရောဂျက်(MIP)ရဲ့ ဒစ်ဂျစ်တယ်အခွင့်အရေးလေ့လာသူ ကိုသစ်ဉာဏ်က ပြောပါတယ်။

“ထားဝယ်ဘက်က တချို့နေရာတွေနဲ့၊ မွန်ပြည်နယ်ဘက် တချို့နေရာတွေမှာ ဂျန်ဘာသုံးခဲ့တယ်။ ဂျန်ဘာသုံးခဲ့တာဟာလည်း သူတို့ရဲ့ လုံခြုံရေးအတွက် သုံးခဲ့တာဖြစ်တယ်။ မဲရုံ လုံခြုံရေးအတွက်ကို သုံးတယ်လို့ ပြောလို့ရတယ်။ အင်တာနက်ကို လုံးဝဖြတ်တာမျိုး မလုပ်ဘဲ အချိန်နဲ့ နေရာကို ကွက်ပြီး ဖြတ်လို့ရတဲ့ ဂျန်ဘာကို သုံးသွားတာပေါ့”လို့ သူက ပြောပါတယ်။

မွန်ပြည်နယ်အတွင်းက မဲရုံတွေမှာ ဒရုန်းနဲ့ လက်နက်ကြီးရန်ကို ကြောက်ရွံ့တာကြောင့် ဂျန်ဘာတွေကို တပ်ဆင်ခဲ့တာဖြစ်ပြီး မသင်္ကာသူတွေကို ဖမ်းဆီးချုပ်နှောင်ဖို့ စစ်ကောင်စီက ညွှန်ကြားခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီဟာ သူတို့လုံခြုံရေးအတွက် ဂျန်ဘာတွေကို အသုံးပြုတာကြောင့် မဲရုံပတ်ဝန်းကျင်က ပြည်သူတွေဟာ ဖုန်းခေါ်ဆိုလို့မရတာ၊ အင်တာနက် သုံးစွဲလို့မရတာ စတာတွေကို ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

“ရွေးကောက်ပွဲ ကာလတုန်းက လုံခြုံရေးတင်းကြပ်တာတွေ တော်တော်လေး လုပ်ခဲ့တယ်။ မဲရုံနားရောက်ရင် ဖုန်းလိုင်းတွေ မရတာတွေတော့ ဖြစ်တယ်။ အဲ့တုန်းကတော့ တခုခုဖြစ်ရင် ဘယ်သူ့ အကြောင်းကြားရမလဲဆိုပြီး စိုးရိမ်ခဲ့ရသေးတယ်”လို့ မွန်ပြည်နယ် ရေးမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

နည်းပညာကျွမ်းကျင်သူတွေက အခုလို ဂျန်ဘာတွေကို အသုံးပြုတာဟာ တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့အပြင် ရွေးကောက်ပွဲအတွင်း ဖြစ်ပျက်တဲ့ မြေပြင်အခြေအနေတွေကို မသိအောင် သတင်းအမှောင်ချတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီသာ ရွေးကောက်ပွဲ မတိုင်ခင်နဲ့ အဲ့ဒီကာလတလျှောက် နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်တွေ၊ ဆက်သွယ်ရေးဖြတ်တောက်မှုတွေနဲ့အတူ မသင်္ကာသူတွေကို ဖမ်းဆီးတာအပြင် ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေတွေနဲ့လည်း ပြည်သူတွေကို ဖမ်းဆီးမှုတွေ လုပ်ခဲ့ပါသေးတယ်။

#bbm #bbmtv #bbmnews #election #jammer
https://www.facebook.com/share/p/1BrR2FQ4Z9/
👍9
စစ်ကိုင်းမြို့မှာ ပြည်သူတွေကို အတင်းအဓမ္မ ငွေကြေးတောင်းခံနေတဲ့ ဒုရဲအုပ်နဲ့ ပြည်သူ့စစ်(ပစ)ကို ပစ်ခတ်ရှင်လင်းခဲ့

BBM - ဇန်နဝါရီလ ၂၉
သတင်း - ကိုဘုဏ်း

စစ်ကိုင်းမြို့မှာ စက်သုံးဆီယာဥ်များကို အတင်းအဓမ္မဖမ်းဆီးဆီးပြီးငွေကြေးတောင်းခံနေတဲ့ ဒုရဲအုပ် ၁ယောက်နဲ့ပြည်သူ့စစ်(ပစ) တစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂၅ရက်နေ့က အဆိုပါ ဒုရဲအုပ်နဲ့ ပြည်သူ့စစ်(ပစ)ဟာ စက်သုံးဆီ ယာဥ်များကို အတင်းအဓမ္မ ဖမ်းဆီးငွေညှစ်ပြီး ဆီပုံးများချနေစဥ်တော်လှန်ရေးအဖွဲ့များပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပါတယ်။

ပစ်ခတ်ရှင်းလင်းခြင်းခံရတဲ့ဒုရဲအုပ်နဲ့ ပြည့်သူ့စစ် (ပစ)မှာနေရာတွင်ပွဲချင်းပြီးသေခဲ့ပြီးတော်လှန်ရေးရဲဘော်များမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့သိရပြီး အင်တာနတ်လိုင်းအခက်အခဲများကြောင့် သတင်းတင်နိုင်မူ့နောက်ကျခြင်းဖြစ်တယ်လို့ လင်းယုန် ညီနောင်ပြောက်ကျားတပ်ဖွဲ့ ထုတ်ပြန်ကြေငြာထားပါတယ်။

Photo-လင်းယုန်ညီနောင် ပြောက်ကျား
https://www.facebook.com/share/p/1CS6d5Pe1Q/
👍12