ဖလမ်းမြို့သို့ စစ်ကူတက်လာတဲ့ စစ်ကောင်စီ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်း သေဆုံး
BBM- ဇန်နဝါရီ ၂၇
သတင်း-ကိုအိုက်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဗာလုံရွာနဲ့ ဇောင်ကောင်ရွာမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
အဲဒီစစ်ကောင်စီ စစ်ကြောင်းဟာ ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေထံ အင်အားဖြည့်တင်းဖို့ တက်လာတာဖြစ်ပြီး မနေ့က ဇန်နဝါရီလ ၂၆ ရက်မှာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
"စစ်ကြောင်းက ဗာလုံရွာနဲ့ ဇောင်ကောင်ရွာမှာ ရောက်နေပြီ။ အဲစစ်ကြောင်းနဲ့ မနေ့က ချင်းတော်လှန်ရေးတပ်တွေတို့ တိုက်ပွဲဖြစ်ကြတယ်၊ ကြားတာက စကစ ဘက် ၇ ယောက်၊ ၈ ယောက် သေဆုံးတယ်လို့ ပြောတယ်၊ ဒဏ်ရာရတာလည်း အတော်များတယ်လို့ သိရတယ်၊ စစ်ကြောင်းက ရှေ့ဆက်မတိုးနိုင်သေးဘူး၊ ဖလမ်းဘက်မှာရှိတဲ့ စစ်ကောင်စီဆီလည်း မရောက်နိုင်သေးပါဘူး"လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က BBM ကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် အထိနာမှုများသွားတဲ့ စစ်ကောင်စီတပ်ဟာ ဗာလုံရွာကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
"စစ်ကောင်စီတပ်က တိုက်ပွဲအပြီး ဗာလုံရွာကို မီးရှို့သွားပါတယ်၊ ရွာထဲက လူနေအိမ်တစ်လုံး မီးလောင်တာ တွေ့တယ်၊ ဘယ်နှစ်လုံးလောက် လောင်သွားလဲဆိုတာ မသိရသေးဘူး၊ ရွာအနားမှာလည်း စစ်ကြောင်းတွေ ရှိနေသေးတယ်၊ အသေးစိတ် ကြည့်မရသေးဘူး၊ ရွာသား စစ်ကြောင်းတွေ မရောက်ခင်ကတည်းက တိမ်းရှောင်နေကြပြီ"လို့ ဖလမ်းမြို့နယ်ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
ဖလမ်းမြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ အထိနာနေသဖြင့် စစ်ကောင်စီတပ်ဟာ အခုလ ဇန်နဝါရီ ၂၀ ရက်မှစတင်ပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ကလေး - သိုင်းငင်းလမ်း အတိုင်း စစ်ကူတွေ ထပ်မံစေလွှတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ စစ်ကြောင်းဟာ အင်အား ၃၀၀ ခန့်ပါဝင်ပြီး ၁၂ ဘီးကား ၅ စီး၊ သံပြားကာကား ၃ စီးနဲ့ ဖလမ်းမြို့နယ်၊ ဗာလုံရွာနဲ့ ဇောင်ကောင်ရွာကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ချင်းညီနောင် (CB) ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်ဖို့အတွက် စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှစပြီး ကလေးမြို့မှ စစ်ကြောင်းနှစ်ကြောင်း အင်အား ၁,၀၀၀ ခန့် အသုံးပြုကာ ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းတွေကို ချင်းတော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဟာ ၃ လကျော်ကြာအထိ ဖလမ်းမြို့ကို မရောက်နိုင်သေးပါဘူး။
ပုံစာ-ဖလမ်းမြို့နယ်တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း (ပုံအဟောင်း)
https://www.facebook.com/share/p/14cehB4Z79c/

Facebook
Log in or sign up to view
See posts, photos and more on Facebook.
❤8👍3👏1
စကစလေကြောင်းတိုက်ခိုက်မှုကြောင့် လယ်ဒိုမြို့မှ အသက်(၇)နှစ်အရွယ်ကလေးသေဆုံးပြီး အခြားကလေးများ ထိခိုက်
BBM - ဇန်နဝါရီလ ၂၇
သတင်း - ကိုဘုဏ်း
စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကော်သူးလေ အုပ်ချူပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့မှ အသက်(၇)နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး အခြားကလေး(၃)ဦးထိခိုက်ကာ နေအိမ်(၅)လုံးလည်း ပျက်စီးခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းစစ်ကောင်စီရဲ့တောင်ငူလေတပ်ကနေဂျက်ဖိုက်တာ ၁စီးဟာ လယ်ဒိုမြို့နယ် ကွီးလားကျေးရွာအတွင်းကို ဗုံး ၆ လုံးကျဲချခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လေကြောင်းဗုံးကြဲမူ့ကြောင့် စောအယ်လောလမူး (၇)နှစ် မှာ ဗုံးထိမှန်သေဆုံးခဲ့ပြီး စောအယ်မူးခီး (၁၃)နှစ်၊စောအယ်လဲပွယ်မူး(၁၁)နှစ်၊စောအယ်နားဒိုမူး(၉)နှစ်တို့မှာ ထိခိုက်ဒဏ်ရာရခဲ့ကာ စောအယ်မူးသော၊ နော်ဖော၊ နော်ကပြူ၊ နော်ဝါးလို၊နော်လားဟဲတို့ရဲ့နေအိမ် (၅)လုံးလည်းပျက်စီးခဲ့ရတယ်လို့သိရပါတယ်။
စစ်ကောင်စီအနေနဲ့ ခလယ်လွီထူခရိုင်အတွင်းနေထိုင်တဲ့ အရပ်သားပြည်သူတွေရဲ့ နေထိုင်ရာနေရာများ၊ လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင် များကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး လက်နက်ကြီးများ၊ ဒရုန်းနဲ့ လေယာဥ်များဖြင့် နေ့စဥ်ပစ်ခတ်နေတာကြောင့် ပြည်သူလူထုရဲ့အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးနေရကာ၊ ကလေးသူငယ်များသာမက သက်ကြီးရွယ်အိုများပါမကျန် စိုးရိမ်ကြောက်ရွံ့စွာနဲ့နေနေရတယ်လို့ KNUမှထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-KNU
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်ဆီးသေဆုံးရမှုများ
https://www.facebook.com/share/p/1HUTaf4fjD/

🤬5👍3😭1
အီတလီဆောင်းရာသီအိုလံပစ်ပွဲကို ICE အေးဂျင့်တွေ စေလွှတ်မည်ဟု အမေရိကန်က ဆုံးဖြတ်၊ အီတလီ ဒေါသထွက်
BBM - ဇန်နဝါရီ ၂၈
အမေရိကန်နိုင်ငံ၊ မင်နီယာပိုလစ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ သေဆုံးမှု ၂ခုအတွင်း ပါဝင်ပတ်သက်ခဲ့တဲ့ အမေရိကန်လူဝင်မှုကြီးကြပ်ရေးအေဂျင်စီ(ICE)ကို အီတလီအိုလံပစ်ပွဲတော်ကို လုံခြုံရေးအတွက် စေလွှတ်မယ်လို့ သမ္မတ ထရမ့်က ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၆ ရက်နေ့ အီတလီမှာ စတင်ကျင်းပမယ့် ဆောင်းရာသီအိုလံပစ်ပွဲတော်အတွင်းကို ICEအဖွဲ့တွေ စေလွှတ်မယ့်အပေါ် အီတလီက ဒေါသထွက်ခဲ့ပါတယ်။
"ICEဆိုတာ သတ်ဖြတ်ဖို့ သွေးဆူနေတဲ့ စစ်သွေးကြွအဖွဲ့ပါ။ မီလန်မှာ သူတို့ကို မကြိုဆိုပါဘူး" လို့ မြို့တော်ဝန် Beppe Sala က ဇန်န၀ါရီလ ၂၇ရက် အင်္ဂါနေ့က အီတလီရေဒီယိုမှာ ပြောကြားခဲ့ပါတယ်။
ICE ပြောရေးဆိုခွင့်ရှိသူက "လုံခြုံရေးဆိုင်ရာလုပ်ငန်း အားလုံးဟာ အီတလီအာဏာပိုင်အောက်မှာသာ ရှိနေပါတယ်"လို့ အလေးပေးပြောကြားခဲ့ပါတယ်။
ရောမမြို့ရှိ အမေရိကန်သံရုံးမှ သတင်းရင်းမြစ်တွေအရ အရင်က အိုလံပစ်ပြိုင်ပွဲတွေမှာ ဖက်ဒရယ်အေဂျင်စီတွေက လုံခြုံရေးယူပေး ခဲ့ကြောင်း အီတလီ မီဒီယာတွေကို ရှင်းပြခဲ့ပြီး အကောက်ခွန်နဲ့ ပြဌာန်းရေးအေဂျင်စီတွေ ပါဝင်ခဲ့ခြင်း ရှိ၊ မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့ ဆိုပါတယ်။
အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့တဲ့ အေဂျင်စီရဲ့ ကြေညာချက်မှာ "ICE ရဲ့ ပြည်တွင်းလုံခြုံရေးစုံစမ်းစစ်ဆေးရေး (HSI) ဟာ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ သံတမန်လုံခြုံရေးဝန်ဆောင်မှုနဲ့ အိမ်ရှင်နိုင်ငံကို နိုင်ငံတကာရာဇဝတ်အဖွဲ့အစည်းတွေမှ အန္တရာယ်တွေကို စစ်ဆေးပြီး လျှော့ချဖို့ ဖြစ်ပါတယ်"လို့ ရှင်းပြထားပါတယ်။
အီတလီပြည်ထဲရေးဝန်ကြီး Matteo Pantedosi က အမေရိကန်လူဝင်မှုကြီးကြပ်ရေးအရာရှိတွေဟာ မီလန်-ကော်တီးနာအိုလံပစ်ကို လာမှာကို အစပိုင်းက သိရှိပုံမရဘဲ ICEအဖွဲ့လာရင်တောင် နိုင်ငံခြားကိုယ်စားလှယ်အဖွဲ့တွေက သူတို့ရဲ့ ကိုယ်ပိုင်လုံခြုံရေးကို ရွေးချယ်နိုင်ကြောင်း ပြောကြားခဲ့ပြီး "ပြဿနာကဘာလဲဆိုတာ ကျွန်တော်မသိသေးပါဘူး၊ ဒါက ပုံမှန်ပါပဲ" လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ မင်နီယာပိုလစ်မှ ထွက်ပေါ်လာတဲ့ ICEရဲ့လုပ်ရပ်တွေကြောင့် အီတလီမှာလည်း အကြမ်းဖက်မှုတွေ လုပ်ဆောင်လာနိုင်ကြောင်း စိုးရိမ်နေကြပါတယ်။
ဇန်နဝါရီလ ၂၄ရက် စနေနေ့မနက်က မင်နီယာပိုလစ်လမ်းတွေပေါ်မှာ Alex Pretti ကို ဖက်ဒရယ်အေးဂျင့်တွေက ပစ်သတ်ပြီးနောက် အီတလီပြည်သူ့ရုပ်သံ Rai မှ သတင်းထောက်နှစ်ဦးဟာ အေဂျင်စီရဲ့ လုပ်ရပ်တွေကို သတင်းယူနေစဉ် ICE အရာရှိတွေရဲ့ ခြိမ်းခြောက်မှုကို ခံခဲ့ရပါတယ်။
Rai TV ရဲ့ အစီရင်ခံစာမှာ ICEအေးဂျင့်တစ်ဦးက ရုပ်သံ ဆက်လက်ရိုက်ကူးနေပါက အဆိုပလ သတင်းထောက်တွေရဲ့ ကားမှန်ကို ခွဲပစ်မယ်လို့ခြိမ်းခြောက်ခဲ့ပါသေးတယ်။
Reference-BBC
Translator-Richard
Photo-BBC
https://www.facebook.com/share/p/17QcTam1cY/

👍11
ပုလောမြို့မှာ KNU တပ်မဟာ ၄ အထူးတပ်ဖွဲ့ က စကစတပ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ Videoထုတ်ပြန်
BBM - ဇန်နဝါရီလ ၂၈
သတင်း - ကိုဘုဏ်း
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ကို KNU တပ်မဟာ ၄ ရဲ့ အထူးတပ်ဖွဲ့က ဒီဇင်ဘာလအတွင်း ဒရုန်းတိုက်ခိုက်နဲ့တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။
ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ပုလောမြို့နယ် တောင်ယာကမ်းရွာလမ်းဆုံ ဂိတ်ကနေစစ်ကောင်စီအင်အား ၃၀ခန့် စစ်ကြောင်းထိုးလာတာကြောင့် လှန်းကျွန်းဝရွာကိုရောက်ချိန်မှာ KNLA ထောင်ထားတဲ့မိုင်းထိပြီး အရာရှိ ၂ဦး သေဆုံးပြီး အခြားအဆင့် ၅ ဦးအပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိူပါတယ်။
ဆက်လက်ပြီး ဒီဇင်ဘာလ ၁၈ရက် နေ့ မှာကျောက်စုရွာမှာရှိတဲ့ စစ်ကောင်စီဂိတ်ကို ဒရုန်းနဲ့ ဗုံးသီး ၁၂လုံးကျဲချတိုက်ခိုက်ခဲ့သလို ဒီဇင်ဘာလ ၂၀ ရက်နေ့မှာလည်း ပုလောမြို့နယ် အမှတ် ၅ဂိတ်ကို ဒရုန်းနဲ့ဆက်လက်တိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၂၂ ရက်နဲ့၂၃ရက်နေ့တွေမှာလည်း ပုလောမြို့နယ် နန်းတောင် စစ်ကောင်စီစခန်းကုန်း၊တောင်ယာကမ်း စစ်ကောင်စီဂိတ်နဲ့ အမှတ် ၄ဝန်ထမ်းအိမ်ယာဝင်းတွေကို ဒရုန်းနဲ့ဆက်လက်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
နန်းတောင် စစ်ကောင်စီဂိတ်စခန်း၊ ကျောင်စုဂိတ်၊ပုလောမြို့အမှတ် ၇ နဲ့ တောင်ယာကမ်း ဂိတ်တွေကို ဒီဇင်ဘာလ ၂၈ရက်မှာ ဆက်လက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ဦးသေဆံုးခဲ့ တယ်လို့စုံစမ်းသိရှိရပါတယ်။
KNLA Special Force အနေနဲ့ တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး စစ်ကောင်စီနဲ့နီးစပ်တဲ့နေရာများမနေကြဖို့ကိုလည်း အဆိုပါအထူးတပ်ဖွဲ့က ထုတ်ပြန်ကြေငြာထားပါတယ်။
Video- KNU တပ်မဟာ ၄
https://www.facebook.com/share/v/17wc4xqpEp/

❤9👍4
ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး
BBM - ဇန်နဝါရီ ၂၈
သတင်း - Richard
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ဆားလင်းကြီးမြို့ပေါ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ စခန်းကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ ၄ ဦးသေဆုံးခဲ့တယ်လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ရွေးကောက်ပွဲ နောက်ဆုံးပိုင်းကျင်းပခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့က ဆားလင်းကြီးမြို့ပေါ်ကအင်အား ၁၀၀ ကျော်နဲ့ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို လက်နက်ကြီးတွေ၊ Drone တွေ၊ လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း မျက်မြင်စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး နောက်ပိုင်းမှာ နောက်ထပ်စစ်ကောင်စီတပ်သား ၃ ဦးထပ်မံသေဆုံးခဲ့ကြောင်း သိရပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်တွေဘက်မှာ အထိအခိုက် မရှိခဲ့ကြောင်း သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖလက်ရုံးတပ်၊ ဆားလင်းကြီးမြို့နယ် ပလဖ၊ C.D.Fချင်းတွင်းကာကွယ်ရေးအဖွဲ့၊ မျိုးဆက်သစ်လူငယ် S.P.D.F ၊ Soloအောင်ကြီး၊ SRA ၊ ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊BED ငညို ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့နဲ့ အခြားမဟာမိတ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Video-Royal Tiger Force ပြောက်ကျားတပ်ဖွဲ့
#bbmnews #bbm #bbmtv #PDF #sagaing
https://www.facebook.com/share/r/19ajzLTv5j/

👍11👏1
လော့ဘူရီမှာ ရာမဆေးပြား ၄.၇ သန်းနဲ့အတူ ထရပ်ကားမောင်းသူကို ဖမ်းဆီးရမိ
🟥မောင်းပြေးဖို့ကြိုးစားစဉ် တူးမြောင်းထဲ ကားပြုတ်ကျ
BBM - ဇန်နဝါရီ ၂၈
ထိုင်းနိုင်ငံ၊ လော့ဘူလီပြည်နယ်မှာ တူးမြောင်းထဲကို မောင်းနှင်ထွက်ပြေးဖို့ ကြိုးစားတဲ့ ၁၀ဘီးကားမောင်းနဲ့အတူ မက်သမ်ဖက်တမင်းဆေးပြား(စိတ်ကြွဆေး) ၄.၇ သန်းကို သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဆိုပါ မူးယစ်ဆေးဝါးတွေကို ချင်းမိုင်မှ ထိုင်းနိုင်ငံ အတွင်းပိုင်းပြည်နယ်တွေရှိ ဖောက်သည်တွေဆီက သယ်ယူပို့ဆောင်နေကြောင်း သတင်းရရှိခဲ့တာကြောင့်
ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ရဲတွေက ထရပ်ကားကို ပြည်နယ် တောင်ဘက်ပိုင်းမှာ ခြေရာခံမိခဲ့ပြီးတဲ့ နောက် မဟာရာ့ဂျ်တူးမြောင်းအနီးမှာ ဖမ်းဆီးနိုင်ခဲ့ပြီး ထွက်ပြေးရန်ကြိုးပမ်းစဉ် ကားက တူးမြောင်းထဲကို ပြုတ်ကျသွားတာဖြစ်တယ်ခို့ ဆိုပါတယ်။
ထိုင်းရဲအရာရှိတွေက မက်သမ်ဖက်တမင်းဆေးပြား ၄.၇၉ သန်းခန့်ပါတဲ့ အိတ် ၂၁ အိတ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အချို့ကတော့ တူးမြောင်းထဲမှာ ပေါလောမြောလာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါစိတ်ကြွဆေးပြားတွေကို ဂျင်းအပါအဝင် စိုက်ပျိုးရေးထွက်ကုန်တွေကြားမှာ ဝှက်ခဲ့တာကြောင်း ရဲတွေက ပြောကြားခဲ့ပါတယ်။
သံသယရှိသူကို မူးယစ်ဆေးဝါးတွေ လက်ဝယ်ထားရှိမှုနဲ့ တရားစွဲဆိုထားပါတယ်။
အဆိုပါ အဖြူရောင် Isuzu ၁၀ ဘီးထရပ်ကားနဲ့ ကားထဲက မိုဘိုင်းဖုန်း ၂ လုံးကိုလည်း သိမ်းဆည်းခဲ့ပြီး မူးယစ်ဆေးဝါးတွေနဲ့ သိမ်းဆည်းရမိတဲ့ ပစ္စည်းစုစုပေါင်းတန်ဖိုးမှာ ဘတ် သန်း ၁၅၀ ခန့်ရှိတယ်လို့ သိရပါတယ်။
စုံစမ်းစစ်ဆေးသူတွေက အဆိုပါအမှုဟာ ဘန်ကောက်ကို ဖြန့်ဖြူးတာမျိုးမပြုမီ အလယ်ပိုင်းဒေသရှိ မူးယစ်ဆေးဝါးတွေကို သိုလှောင်ထားတဲ့ ပိုမိုကျယ်ပြန့်တဲ့ မူယစ်ကွန်ရက်တစ်ခုနဲ့ ဆက်စပ်နေကြောင်း ပြောကြားခဲ့ပါတယ်။
Video - ထိုင်းရဲ TV လိုင်း
#bbmnews #bbm #bbmtv #thai #unternationalnews
https://www.facebook.com/share/v/1L8uaQRj6a/

❤9👍3
ဖလူးဒေသကို စစ်ကောင်စီ ဗုံးကြဲ
BBM - ဇန်နဝါရီ ၂၈
သတင်း - သော်
ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်ရှိ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ ဖလူးဒေသကို စစ်ကောင်စီတပ်က ဒီကနေ့ ဇန်နဝါရီ ၂၈ရက် မနက်ပိုင်းက ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ရက်နေ့ကလည်း စစ်ကောင်စီက မြဝတီမြို့ရှိ ခလရ ၂၇၅တပ်ရင်း မတိုက်ခိုက်ခံရစေဖို့ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် နဲ့ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)တို့ဆီကို အာမခံချက်တောင်းထားပြီး တိုက်ခိုက်ခံရပါက မြဝတီမြို့ရဲ့ နေရာ ၁၈ခုကို ဗုံးကြဲမှာ ဖြစ်တယ်လို့ သတိပေးစာကို DKBAဆီကို ပေးပို့ခဲ့ပြီးနောက် ဖလူးဒေသဘက်မှာ ထိုးစစ်ဆင်လာနေတာပါ။
“ဗုံးလာကြဲတယ်။ မနက် ၉ခွဲအချိန်လောက်က၊ ဂျက်နဲ့ လေးခါ လာကြဲသွားတယ်။ လက်နက်ကြီး ပစ်တာမျိုးလည်း ရှိတယ်။ ထိခိုက်မှု ရှိမရှိတော့ မသိရသေးပါဘူး။ ထိတွေ့ တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး။”လို့ မြေပြင် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက လေးကေ့ကော်မြို့သစ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ စစ်ကောင်စီဟာ အခုအခါ မြဝတီမြို့တောင်ဘက်ခြမ်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးရာနယ်မြေကို ထပ်ံပြီး ထိုးစစ်ဆင်လာနေတာပါ။
“လာကြဲသွားတာ ၃/၄လုံးလောက်ရှိတယ်။ အခုလိုတွေ ဖြစ်တော့ မသွားရဲ မလာရဲပေါ့။ ပြီးခဲ့တဲ့ ၁လလောက်ကလည်း တိုက်ပွဲဖြစ်ထားတော့ အိမ်တွေမှာ ပြန်မနေနိုင်သေးဘူး။ အခုလည်း စစ်ရှောင်ဖို့အတွက် လုပ်ရဦးမလား မသိဘူး”လို့ ဖလူးဒေသခံတစ်ဦးက ပြောပါတယ်။
တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ မြဝတီမြို့ တောင်ဘက်ပိုင်းကို စစ်ကော်မရှင်က ပြန်ထိန်းချုပ်နိုင်ရေး ကြိုးစားနေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ရက်နေ့ကလည်း ဖလူးဒေသကို စစ်ကော်မရှင်က စစ်ကြောင်းထိုးမှုတွေ ရှိခဲ့ပါသေးတယ်။
Photo - Social Media
#bbmnews #bbmtv #bbm #karen #myawaddy #airstrike
https://www.facebook.com/share/p/1GSJZRvpDe/

🤬8👎1
ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ၃ နှစ်အရွယ် ကလေးငယ်အပါ ၂ ဦးသေဆုံး
BBM - ဇန်နဝါရီ ၂၈
သတင်း - ခက်ဆစ်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အတွင်းမှာ စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ် တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ယမန်နေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ဇန်နဝါရီလ ၂၆ ရက်၊ ည ၉ နာရီ ၂၅ မိနစ်မှာ စစ်ကောင်စီရဲ့ အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ် လက်အောက်ရှိ ခမရ ၃ မှ အရပ်သားပြည်သူနေထိုင်တဲ့ ကျေးရွာသို့ ၁၂၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ လက်နက်ကြီးတွေဟာ ကျိုက်ထိုမြို့နယ်၊ အလူးကျေးရွာအုပ်စု အလူးကြီးရွာအတွင်းမှာ ၁ လုံး၊ ဖိုးဝါးသိမ်ရွာ ဘုရားကုန်းအနီးမှာ ၁ လုံးနဲ့ ညောင်ထောက်ရွာအနီးမှာ ၁ လုံး အသီးသီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
အဆိုပါလက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် စောပေစိရဲ့ နေအိမ် ၁ လုံး မီးလောင်ပျက်စီးပြီး စောပေစိရဲ့ ဇနီးဖြစ်သူ နော်အေးဝင်း အသက် ၅၉ နှစ်၊ စောမြစိုးနဲ့ နော်တင်တင်နွယ်ရဲ့သမီး အသက် ၃ နှစ်အရွယ် မမိုးရွှေစင် တို့ ၂ ဦးဟာ လက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့ပြီး စောပေစိရဲ့ သမီးဖြစ်သူ မနော်သော်တာ အသက် ၂၇ နှစ်ဟာလည်း ညာလက်မောင်းကို လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့တဲ့အပြင် အရပ်သားပြည်သူ စိုက်ပျိုးသီးနှံပင်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်မှာလည်း KNU လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၇ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၃ ဦးဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Photo - KNU
#bbmnews #bbm #bbmtv #KNU #mon
https://www.facebook.com/share/p/18Airwngfb/

🤬9👎2
အလုပ်ဖိစီးမှုတွေကြောင့် လိင်တူချစ်သူ(LGBT)တွေ ဖြစ်လာစေနိုင်ဟု မလေးရှား ဘာသာရေးဝန်ကြီးဆို
BBM - ဇန်နဝါရီ ၂၈
အလုပ်နဲ့ဆက်စပ်တဲ့ စိတ်ဖိစီးမှုတွေဟာ LGBT(လိင်စိတ်ခံယူမှု ကွဲပြားမှု)ဖြစ်လာစေမယ့် အကြောင်းရင်းတွေထဲမှ တစ်ခု ဖြစ်နိုင်ကြောင်း ဝန်ကြီးချုပ်ဌာန (ဘာသာရေး) ဝန်ကြီး ဒေါက်တာ ဇူလ်ကီဖလီ ဟာဆန်က ဇန်နဝါရိလ ၂၈ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ဟာဆန်က ၂၀၁၇ ခုနှစ်က လေ့လာမှုတစ်ခုကို ကိုးကားပြီးတော့ လူမှုရေးလွှမ်းမိုးမှု၊ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံတွေနဲ့ အခြားကိုယ်ရေးကိုယ်တာအချက်
တွေဟာလည်း LGBT(လိင်စိတ်ခံယူမှု ကွဲပြားမှု)ဖြစ်စေနိုင်တဲ့ အခန်းကဏ္ဍတစ်ခုမှ ပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဖော်ပြပါ အချက်တွေ ပေါင်းစပ်မှုကြောင့် LGBT နဲ့ ဆက်စပ်တဲ့ အပြုအမူတွေ ဖြစ်ပေါ်လာမှုကို အထောက်အကူပြုနိုင်ကြောင်း လေ့လာမှုက အကြံပြုထားပါတယ်။
သို့သော် မလေးရှားနိုင်ငံရှိ LGBT လူဦးရေပမဏနဲ့ ပတ်သက်ပြီး တရားဝင်စာရင်းအင်းများ မရှိကြောင်း ဒေါက်တာ ဇူလ်ကီဖလီ ဟာဆန်က ပြောကြားခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း LGBT ဆက်စပ်ဖမ်းဆီးမှုတွေ၊ တရားစွဲဆိုမှု အရေအတွက်နဲ့ ပတ်သက်ပြီး Hulu Terengganu လွှတ်တော်အမတ် Datuk Rosol Wahid ရဲ့ လွှတ်တော်မေးခွန်းကို ဖြေကြားရာမှာ အမှုစုစုပေါင်း ၁၃၅ မှု မှတ်တမ်းတင်ခဲ့ကြောင်း ဘာသာရေး ဝန်ကြီး ဒေါက်တာ ဇူလ်ကီဖလီ ဟာဆန်က ပြောကြားခဲ့ပါတယ်။
Reference-Daily Express
Translator-Richard
Photo- Daily Express
#bbmnews #bbm #bbmtv #LGBT #malaysia #InternationalNews
https://www.facebook.com/share/p/1CvKRBHDHq/

😁6
မင်းကွန်းမြို့နယ်အတွင်း စကစ စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့က စောင့်ကြို တိုက်ခိုက်ခဲ့တာကြောင့် စကစ ၁၀ ဦးသေဆုံး
BBM - ဇန်နဝါရီ ၂၈
သတင်း - မင်းသော်
စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွါးပြီး စကစ (၁၀)ဦးသေဆုံးခဲ့တယ်လို့ မယူနီးကွန်းပျောက်ကြားတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ မနက်၈နာရီလောက်က မင်းကွန်းတိုက်နယ်၊ ချောင်းမကြီးကျေးရွာအနီးမှာ စစ်ကိုင်းတိုင်း တပ်မ(၃၃) က ထွက်လာတဲ့ ပျူစောထီးနဲ့ စကစ အင်အား(၁၅၀) ခန့်ကို တော်လှန်ရေးအဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၁၀ ယောက်လောက် ထိခိုက်သေဆုံးခဲ့ပြီး စစ်ကြောင်းပျက်ကာနောက်ဆုတ် ထွက်ပြေးခဲ့တာကြောင့် လိုက်လံရှင်းလင်းရာ ချောင်းမကြီး ကျေးရွာထဲ ဝင်ရောက်သွားတယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ယူနီကွန်းပျောက်ကြားတပ်ဖွဲနဲ့ အတူ Mingun PDF၊ People Servant Force၊ ရတနာပုံတပ်ဦး၊ Nomore Dictatorship(NMD)၊ GS Force၊ ဥဒေါင်းမင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားမှ ထုတ်ပြန်ကြေငြာထားပါတယ်။
Video-ယူနီကွန်းပျောက်ကြားတပ်
#bbm #bbmnews #ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ #MingunPDF #NMD #GSForce #ဥဒေါင်းမင်း #PeopleServantForce #ရတနာပုံတပ်ဦး
https://www.facebook.com/share/v/18AhioVf2s/

❤8👍3👏2
ပလမြို့ပေါ် နေအိမ် ၇၀ ကျော်ကို စစ်တပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီး
🟥တနင်္သာရီတိုင်းအတွင်း စစ်တပ်ရဲ့မီးရှို့မှုကြောင့် နေအိမ်၇၀၀ကျော် မီးလောင်ပျက်ဆီး
သတင်း - ကိုဟန်
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပလမြို့ပေါ်မှာ စစ်တပ်က အကြောင်းပြချက်မရှိဘဲ နေအိမ် ၇၀ ခန့်ကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ ဇန်နဝါရီလ ၂၇ ရက် မွန်လွဲပိုင်းက ပလမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက နေအိမ်တွေကို စတင်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် ပလမြို့ အမှတ်(၄)ရပ်ကွက်ရှိ နေအိမ် ၇၀ ကျော်မီးလောင်ပျက်စီးသွားတယ်လို့ စစ်ဘေးတိမ်း ရှောင်နေရတဲ့ ပလမြို့ခံတဦးက ပြောပါတယ်။
“မြို့ထဲမှာ သူတို့(စစ်သား)ပဲ တပ်စွဲထားတယ်၊ အခုဟာက ဘာတိုက်ပွဲမဖြစ်ဘူး၊ တနေရာတည်းကနေ စရှို့သွားတာ မဟုတ်ဘူးပြောတယ်၊ ဟိုနားနည်းနည်း ဒီနားနည်းနည်း ရှို့လိုက်ရာကနေ မီးတွေ ကူးပြီး အများကြီး လောင်ကုန်တာပါ” လို့ ပြောပါတယ်။
အဆိုပါနေအိမ်မီးလောင်နေမှုကို တော်လှန်ရေးတပ်တွေက အချိန်မှီ မီးငြိမ်းသတ်နိုင်ခဲ့တဲ့အတွက် ပျက်စီးမှု နည်းသွားတာလို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ပလမြို့ပေါ်ရပ်ကွက်ရှိ ဒေသခံတွေထဲက အများစုဟာ ယခင်ကတည်းက စစ်ဘေးရှောင် နေရပြီး အိမ်စောင့်အနည်းငယ်ကသာ နေအိမ်မှာ ကျန်ရစ်နေတာလို့ ဆိုပါတယ်။
“ကျွန်တော်တို့ အဆက်အသွယ်ရသလောက်တော့ သူတို့ ရှို့ပြီး ချက်ချင်းဆုတ်သွားတယ်၊ အဝေးကြီးတော့ မဟုတ်ဘူး၊ ဒီပလမြို့အနီးအနားလောက်မှာ ရှိနေသေးတယ်လို့ ကြားတယ်” လို့ အထက်ပါဒေသခံက ပြောပါတယ်။
စစ်တပ်က ပလမြို့ပေါ်မှာ နေရာအချို့မှာ တပ်စွဲထားပေမဲ့ မြို့အနီးတဝိုက်နေရာအများစုကို တော်လှန်ရေးတပ် တွေက နယ်မြေစိုးမိုးမှု ရယူထားတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် အဲဒီနယ်မြေတဝိုက်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်
စစ်ရေး တင်းမာနေပြီး စစ်တပ်က လေကြောင်းအပါအဝင် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေ မကြာမကြာ ပြုလုပ်နေတယ်လို့ တော်လှန်ရေး အဖွဲ့တွေက ပြောပါတယ်။
“သူတို့က ခဏခဏ ဝင်ရှို့နေတာပဲ၊ အခုမှ မဟုတ်ဘူး၊ အရင်ကလည်း ရှို့တယ်၊ အခုလည်း ရှို့တယ်၊ ဒီနယ်ထဲတော့ တော်လှန်ရေးဘက်က ထိန်းထားတော့ အဲဒါကို ဘာမှ မဆိုင်တဲ့ အရပ်သားနေအိမ်ကို ရှို့နေတာ၊ အခုတလော တိုက်ပွဲကတော့ နေ့တိုင်းမဖြစ်နေဘူး၊ အနည်းငယ်ဖြစ်တာရှိတယ်၊ အဲဒီလောက်ပဲ” လို့ ပုလောမြို့နယ်အခြေစိုက် တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။
Fe5 တနင်္သာရီအဖွဲ့ပြုစုထားတဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်အတွင်း တနင်္သာရီတိုင်းတခုလုံးမှာ စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် ၇၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ဓါတ်ပုံ - KPDF (ပုလော)
ပုံစာ - ပလမြို့အနီးရှိ ကျေးရွာတရွာမှာ နေအိမ် မီးရှို့ခံရစဉ်။(ပုံဟောင်း)
https://www.facebook.com/share/p/1E8QNQiJ28/

👍6🤬5❤2
မင်းလက်ပံတိုက်ပွဲတွေအတွင်း စကစ က ကျေးရွာတွေကိုရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ပစ်နေပြီး ထိုင်းဘက်ကို ကျည်ကျမှုတွေရှိ
🟥ဒရုန်းနဲ့ လက်နက်ကြီးကိုသာ စကစ အဓိကအားကိုးနေပေမဲ့လည်း တော်လှန်ရေးဘက်မှ စကစ ဒရုန်းတွေကို ဖျက်ဆီးနိုင်မှုတွေရှိ
BBM-ဇန်နဝါရီ ၂၈
သတင်း-မင်းသော်
ကရင်ပြည်နယ်၊ မင်းလက်ပံရွာတိုက်ပွဲအတွင်း စစ်ကောင်စီက အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာထဲကို ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးပစ်ထည့်တာတွေပြုလုပ်နေပြီး ထိုင်းဘက်ထဲကိုလည်း ကျည်ကျမှုတွေရှိနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလကစပြီး တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားနိုင်ခဲ့တဲ့ သင်္ကန်းညီနောင်နဲ့ လေးကေ့ကော်မြို့သစ်တို့ကို စစ်တပ်ဘက်က ပြန်လည်ရရှိပြီးတဲ့နောက် တစ်ဆက်တည်းဆိုသလိုပင် မင်းလက်ပံကျေးရွာကို ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေပြင်းထန်လာခဲ့ရတယ်လို့ သိရပါတယ်။
မြဝတီမြို့တောင်ဘက်မှာရှိတဲ့ အဆိုပါမင်းလက်ပံကျေးရွာကိုရရှိဖို့ စစ်တပ်က ၃လ ကြာအောင် ထိုးစစ်ဆင်နေပေမဲ့လည်း လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွါးနေဆဲသာရှိတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် အဆိုပါတိုက်ပွဲတွေအတွင်း စစ်တပ်က ကျေးရွာတွေအတွင်းကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ပစ်ထည့်နေတာတွေအပြင် ထိုင်းဘက်ကို ကျည်ကျရောက်တာတွေရှိတယ်လို့ မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးက BBM ကိုပြောပါတယ်။
" တိုက်ပွဲတွေကတော့ ဖြစ်နေတယ်၊ အမြဲတမ်းပါပဲ၊ ဒီကောင်တွေကတော့ ရွာထဲမှာ လက်နက်ကြီးလှမ်းပစ်ထည့်နေတယ်၊ ပြီးတော့ ထိုင်းဘက်ကျတာလည်း ဟုတ်တယ်၊ ရွာတွေထဲတော့မဟုတ်ပါဘူး၊ (၂)လုံးကျတာအဲ့တာတွေတော့ရှိတယ်"
နေ့စဥ်ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေအတွင်းမှာလည်း စစ်ကောင်စီအနေနဲ့ မြေပြင်စစ်ကြောင်းထက် လေကြောင်းမှ ဒရုန်းတွေ၊ လက်နက်ကြီးတွေကိုသာ အဓိကဖောဖောသီသီအသုံးပြုနေတယ်လို့လည်း သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်မှလည်း တန်ပြန်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်သားအချို့ကိုရှင်းလင်းနိုင်သလို ဒရုန်းအချို့ကို ဖျက်ဆီးနိုင်တာတွေရှိတယ်လို့လည်း အဆိုပါသတင်းရင်းမြစ်မှဆက်ပြောပါတယ်။
"တိုက်ပွဲကတော့ စကစ က လက်နက်ကြီးပစ်တယ်၊ ဒရုန်းနဲ့ချတယ်၊ ရှေ့တော့မတိုးဘူး၊ ပုံမှန်ပဲ၊ ၂၀ရက်နေ့လောက်က ဒီကောင်တွေဒရုန်းတစ်စီးကို ဖျက်ဆီးထားနိုင်လိုက်တယ်"
စစ်ကောင်စီရဲ့ အဆိုပါထိုးစစ်တွေနဲ့ပတ်သတ်ပြီး မြဝတီမြို့အတွင်းရှိ စကစ အခြေပြုရာစခန်းအချို့မှ လက်နက်ကြီးပစ်ခတ်မှုတွေရှိတယ်လို့ မြဝတီဒေသခံအချို့မှ ပြောဆိုမှုတွေရှိနေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိတယ်လို့ သိရပါတယ်။
Photo-ပုံဟောင်း
https://www.facebook.com/share/p/185KhBEedv/

❤10👍8
ပုလောမြို့နယ်တိုက်ပွဲအတွင်း တော်လှန်ရေးအဖွဲ့တွေရဲ့ ဒရုန်းကြောင့် စကစ အရာရှိ(၁)ဦးအပါ (၆)ဦးသေဆုံး
BBM-ဇန်နဝါရီ၂၈
သတင်း-မင်းသော်
မြိတ်ခရိုင်၊ ပုလောမြို့နယ်တိုက်ပွဲတွေအတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းကြောင့် စစ်ကောင်စီဘက်မှ အရာရှိ(၁)ဦးအပါ (၆)ဦးသေဆုံးပြီး (၅)ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၂၅ရက်နေ့က တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ပုလောမြို့နယ်ထဲက တပိုရွာနဲ့ သင်္ကန်းတောရွာအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စကစ မြေပြင်ထိတွေ့တိုက်ပွဲတွေဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ပွဲကို ဝေဟင်မှ ဒရုန်းတွေဖြင့် ပစ်ကူပေးခဲ့ရာ တပိုရွာရှိစကစ အရာရှိ(၁)ဦးအပါ (၆)ဦးသေဆုံးပြီး (၅)ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့သလို သင်္ကန်းတောရွာက စကစတွေလည်း ထိခိုက်သေဆုံးမှုများရှိတယ်လို့ သိရပါတယ်။
ဖော်ပြပါတိုက်ခိုက်မှုများကို KNU တပ်မဟာ(၄)၊ KNDO တပ်ရင်း(၇) ၊ တပ်ခွဲ(၂) ၊ KNDO Drone Forces ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း ၊T2 Sky Shadow UAV Forces နဲ့ ပုလောမြို့နယ် ပကဖတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူများအနေ နဲ့ လုံခြုံရေးအခြေအနေကို သတိပြုကာ မလိုအပ်တဲ့ သွားလာလှုပ်ရှားမှုတွေကို ရှောင်ရှားကြဖို့အတွက် တိုက်တွန်းကြောင်း KNDO Drone Forceမှ ထုတ်ပြန်ထားပါတယ်။
Video-KNDO Drone Force
https://www.facebook.com/share/v/14X3gjd6GxX/

👍11👏2❤1
မာဒူရိုက သဘောတူညီချက်ကို ငြင်းဆန်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ပြောကြား
BBM - ဇန်နဝါရီ ၂၉
အမေရိကန်နိုင်ငံခြားရေး၀န်ကြီး မာကို ရူဘီယိုက ဇန်နဝါရီ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရုံးချိန်းမှာ ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ် မာဒူရိုဟာ "တိုးတက်မှုအတွက် အဟန့်အတား" တစ်ခုဖြစ်ပြီး ထရမ့်အစိုးရနဲ့ သဘောတူညီချက် မယူခဲ့ဘူးလို့ အထက်လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ပါတယ်။
"ဒါဟာ တခြားရွေးချယ်စရာတွေမရှိတဲ့ မာဒူရိုအတွက် တစ်ခုတည်းသော ရွေးချယ်စရာပါ" လို့ မာဒူရိုကို ရာထူးကနေ ဖယ်ရှားပြီး တစ်လမပြည့်ခင်မှာ ရူဘီယိုက အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီကို ပြောကြားခဲ့ပါတယ်။
မာဒူရိုက သဘောတူညီချက်များစွာကို ချိုးဖောက်ခဲ့ပြီး "ဗာတီကန်တောင်" သူ့ကို ဆက်ဆံလိုခြင်းမရှိကြောင်း ရူဘီယိုက ပြောကြားခဲ့ပါတယ်။
မာဒူရို ဖမ်းဆီးခံရပြီးကတည်းက ထရမ့်အစိုးရက ဗင်နီဇွဲလားနိုင်ငံရဲ့ ရေနံ၀ယ်ယူဖို့ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ သဘောတူညီချက်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။
အဲ့ဒီအချိန်ကစပြီးတော့ မာဒူရိုရဲ့နေရာကို တာဝန်ယူခဲ့တဲ့ ဒုတိယသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်က နိုင်ငံရဲ့ ရေနံကိုရောင်းချဖို့ နိုင်ငံရဲ့ဥပဒေပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။
မကြာသေးမီရက်များအတွင်း ရိုဒရီဂွက်ဇ်က အမေရိကန်ပြည်ထောင်စုအပေါ် ရန်လိုတဲ့ မှတ်ချက်များ ပိုမိုပြုလုပ်ခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံရဲ့ ရေနံကို ဒေါ်လာဘီလီယံပေါင်းများစွာနဲ့ ဝယ်ယူဖို့ ထရမ့်အစိုးရက စီစဉ်နေချိန်မှာပဲဖြစ်ပါတယ်။
"ဗင်နီဇွဲလား နိုင်ငံရေးသမားတွေအပေါ် ဝါရှင်တန်ရဲ့ အမိန့်တွေ လုံလောက်ပါပြီ" လို့ သူမက ဇန်နဝါရီ ၂၅ ရက်နေ့မှာ ရေနံလုပ်သားတွေကို ပြောကြားခဲ့ပါတယ်။
ရူဘီယိုက ရိုဒရီဂွက်ဇ်နဲ့ အမေရိကန်တို့ဟာ "လေးစားမှုရှိပြီး အကျိုးဖြစ်ထွန်းတဲ့ ဆက်သွယ်ရေးလမ်းကြောင်း" ပေါ်မှာ ရှိကြောင်း ပြောကြားခဲ့ပါတယ်။
သို့သော်လည်းပဲ ထရမ့်အစိုးရက "စကားလုံးတွေနဲ့ မဟုတ်ဘဲ လုပ်ရပ်တွေနဲ့ သက်သေပြမယ်"လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
Reference-USA Today
Translator-Richard
https://www.facebook.com/share/p/1CV1j5b4uG/

👍12
လောင်းလုံးမြို့မရဲစခန်းနဲ့ စရဖ ရုံးကို ၃ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးသီးတွေကြဲချတိုက်လိုက်
BBM - ဇန်နဝါရီလ ၂၉
သတင်း - ကိုဘုဏ်း
တနသ်ာရီတိုင်း၊ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့ပေါ်ရှိ လောင်းလုံးမြို့မရဲစခတ်းနဲ့စရဖရုံးကို သုံး ရက်ဆက်တိုက် ဗုံးသီးကျဲချတိုက်ခိုက်ခဲ့တယ်လို့ L.L.S.B.F အဖွဲ့ကထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၂၁ ရက်နေ့နဲ့ ၂၂ ရက်နေ့မှာ လောင်းလုံးမြို့မရဲစခန်းကို နှစ်ရက်ဆက်တိုက် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ပါတယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေမှာ လောင်းလုံးမြို့ပေါ်ရှိ စရဖ ရုံးကို ဗုံးသီး၂လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွေကြောင့် ဒုရဲအုပ် ၁ဦးအပါအဝင် ၆ဦးသေပြီး အများအပြားဒဏ်ရာရခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဒဏ်ရာပြင်းထန်တဲ့ စစ်ကောင်စီတပ် ရဲတွေကို ညတွင်းချင်းကား၂ စီးနဲ့ ထားဝယ်ဆေးရုံကို ပို့ခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေကို လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F)ရဲ့ ရဲဘော်တွေက လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။
ပုံ-L.L.S.B.F
https://www.facebook.com/share/p/1KHvaC2doZ/

❤10👍4👏2
မွန်ပြည်တော်လှန်ရေးတပ်ရဲ့ အပတ်စဉ် ၄ အထူးအခြေခံမွမ်းမံစစ်သင်တန်းဆင်းပွဲကျင်းပပြုလုပ်
BBM - ဇန်နဝါရီ ၂၉
သတင်း - ခက်ဆစ်
မွန်ပြည်နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ်ရဲ့ အပတ်စဉ် ၄ အထူးအခြေခံမွမ်းမံစစ်သင်တန်း ဆင်းပွဲကို တပ်ရင်းဌာနချုပ်မှာ ဇန်နဝါရီလ ၂၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မွန်ပြည်တော်လှန်ရေးတပ်က ဦးစီးဆောင်ရွက်တဲ့ အပတ်စဉ် ၄ အထူးအခြေခံမွမ်းမံစစ်သင်တန်းမှာ မွန်ပြည်တော်လှန်ရေးတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ (၃၃) မှ ထောက်ပို့တပ်သားတွေနဲ့ အရာရှိတွေကို (၁၅) ရက်ကြာ လေ့ကျင့်သင်ကြားပို့ချခဲ့တဲ့ သင်တန်းဖြစ်တယ်လို့ သိရပါတယ်။
သင်တန်းဆင်းပွဲအခမ်းအနားမှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နိုင်ကသုမွန်၊ မွန်ပြည်တော်လှန်ရေးတပ် တပ်ရင်းမှူး ဗိုလ်မှူးကြီး နိုင်ဒရာဂွန်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ (၃၃) ဗျူဟာမှူး စောဒါးကိုနဲ့ မွန်ပြည်တော်လှန်ရေးတပ် ဒု-တပ်ရင်းမှူး ဗိုလ်မှူး နိုင်ဗညားနွန် တို့က တက်ရောက်မိန့်ခွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အခမ်းအနားကို မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတွေဖြစ်တဲ့ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (KBDF)၊ ရေးပြောက်ကျားတပ် (YGF) နဲ့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ အမှတ် ၁၈၁၅ မော်လီကျူး ဒရုန်းတပ်ရင်း၊ Nonentity Coach တို့မှ တာဝန်ရှိသူတွေနဲ့ ရဲဘော်တွေ တက်ရောက်ဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Photo - MSRF
#bbmnews #bbm #bbmtv #mon #PDF #MSRF
https://www.facebook.com/share/p/1DYNyWfpSj/

BBM News
မွန်ပြည်တော်လှန်ရေးတပ်ရဲ့ အပတ်စဉ် ၄ အထူးအခြေခံမွမ်းမံစစ်သင်တန်းဆင်းပွဲကျင်းပပြုလုပ်
BBM - ဇန်နဝါရီ ၂၉
သတင်း - ခက်ဆစ်
မွန်ပြည်နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ်ရဲ့...

မြန်မာ့အရေးကို 'စုပေါင်း အဖြေရှာ'ဖို့ အာဆီယံ အတည်ပြု
BBM - ဇန်နဝါရီ ၂၉
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN)က မြန်မာ့ ငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ဖော်မှုဆိုင်ရာ အလွတ်သဘော အစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး နိုင်ငံတွင်း အကျပ်အတည်းအတွက် ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်တစ်ခု ရှာဖွေဖို့ “စုပေါင်းဆုံးဖြတ်ချက်” ကို ဇန်နဝါရီလ ၂၈ရက်နေ့က အတည်ပြုခဲ့ပါတယ်။
ဖိလစ်ပိုင် အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုင်ငံခြားရေးဝန်ကြီး မာသီရီဆာ လာဇာရိုက စီဘူးမြို့ရှိ Nustar ဟိုတယ်မှာ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ၅ ချက်ကို ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။
လာဇာရိုက အာဆီယံဟာ “ရှေ့ဆက်သွားရမယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်” လို့ ပြောကြားခဲ့ပါတယ်။
အာဆီယံရဲ့ “မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်တစ်ခုကို ရှာဖွေဖို့ စုပေါင်းဆုံးဖြတ်ချက်” ကို ထပ်မံအတည်ပြုခဲ့ပါတယ်။
စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ နောက်ဆုံးပိုင်း အပြီးမှာ အစည်းအဝေးကို ကျင်းပခဲ့တာပဲဖြစ်ပါတယ်။
အလွတ်သဘောဆွေးနွေးပွဲတွေ အပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ပြောရေးဆိုခွင့်ရှိသူ Dax Imperial က မြန်မာနိုင်ငံရှိ နိုင်ငံရေး၊ လူမျိုးစုတွေနဲ့ ထိတွေ့ဆက်ဆံဖို့ အထူးသံတမန်ရဲ့ ကြိုးပမ်းမှုတွေကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အပြုသဘောဆောင်စွာ ကြိုဆိုခဲ့ကြကြောင်း ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပင် အာဆီယံက မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲရလဒ်တွေကို အသိအမှတ်ပြုမလားဆိုတာ ဝန်ကြီးတွေက မဆုံးဖြတ်ရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
အာဆီယံက မြန်မာပြည်သူတွေ ထောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံမလားဆိုတာလည်း အခုချိန်မှာ ခန့်မှန်းရခက်တယ်လို့ သူက ပြောပါတယ်။
“တကယ်တော့ ခန့်မှန်းရခက်ပါတယ်။ အနည်းဆုံး ဖိလစ်ပိုင်ကတော့… ရွေးကောက်ပွဲရလဒ်တွေကို ကြည့်ရှုသွားမှာပါ”လို့ သူကဆက်ပြောပါတယ်။
“ရွေးကောက်ပွဲက ပြီးဆုံးသွားပြီဆိုတော့ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာပါ”လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
Reference-PNA
Photo-PNA
#bbmnews #bbm #bbmtv #myanmar #ASEAN #InternationalNews