3.48K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
လေကြောင်းဗုံးကြဲခံရလို့ မိဘမဲ့သွားတဲ့ လသားအရွယ် ဒဏ်ရာရကလေး ဆေးကုသဖို့ အကူအညီ လိုအပ်နေ

BBM-ဇန်နဝါရီ ၂၆
သတင်း-PJ

စစ်ကောင်စီရဲ့လေကြောင်းဗုံးကြဲခံရမှုကြောင့် မိဘနှစ်ပါးလုံးသေဆုံးခဲ့ရပြီး မိဘမဲ့နေတဲ့ လသားအရွယ် ဒဏ်ရာရကလေးငယ်အနေနဲ့ ဆေးကုသဖို့ အကူအညီလိုအပ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက် ညနေ ၄ နာရီခွဲလောက်က ဗန်းမော်မြို့ အနောက်ဘက်၊ ဧရာဝတီမြစ်အနောက်ဖက်ကမ်း၊ မံမလင်းကျေးရွာအုပ်စု၊ ထီးလင်း ကောင်ဂျာကျေးရွာက နာရေးအိမ်ကို စကစမှ လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် မိဘမဲ့သွားတဲ့ လသားအရွယ် ဒဏ်ရာရကလေးငယ်ဟာ အခုအခါမှာ ဆေးကုသဖို့ အကူအညီ လိုအပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“မျက်နှာတစ်ခုလုံး လေယာဉ်ဗုံးစ ထိမှန်ထားလို့ မျက်လုံးတွေပါ ယောင်ကိုင်းနေတယ်။ အနာတော့ သိပ်မကျက်သေးဘူး။ ဆေးကုဖို့ အကူအညီက နည်းနည်းလာတယ်။ ဆေးကုဖို့နဲ့ ကလေးအတွက် နို့ဘူး၊ သေးခံတွေကအစ အသုံးအဆောင်တွေ အကူအညီ လိုအပ်နေတယ်” လို့ ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။

ဒဏ်ရာရကလေးက မောင်နှမ ၇ ယောက်ထဲမှာ အငယ်ဆုံးဖြစ်ပြီး လက်ရှိမှာတော့ ၁၅ နှစ်အရွယ် အမက အဲဒီ ဒဏ်ရာရ ကလေးကို ဆေးရုံမှာ လာရောက် စောင့်ရှောက်နေတယ်လို့ သိရပါတယ်။

“မိဘ နှစ်ပါးစလုံးက လေယာဉ်ဗုံးကြောင့် ဆုံးပါးသွားပြီ။ ဒဏ်ရာရသူတွေ အများကြီးထဲမှာ ဒီကလေးက အငယ်ဆုံးပဲ။ ၂ လ ပဲရှိသေးတယ်။ ဒဏ်ရာရ ကလေးရဲ့ အထက်က နှစ်နှစ်အရွယ် ကလေးကိုတောင် မိဘ နှစ်ပါး ဆုံးပါးသွားကြောင်း မပြောပြထားဘူး” လို့ နောက်ထပ် ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

လက်ရှိ အဲဒီလသားအရွယ် ဒဏ်ရာရကလေးအတွက် ဆေးကုသမှုနဲ့ အခြေခံလိုအပ်ချက်တွေကို ဆက်လက်ကူညီပေးဖို့ လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း သိရပါတယ်။

လေယာဉ်ဗုံးကြောင့် ဒေသခံ ပြည်သူ အယောက် ၄၀ ခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ၃၀ ကျော် ဆေးရုံမှာ ဆေးကုသမှု ခံယူနေဆဲဖြစ်ပြီး ၁၈ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ဆေးရုံပို့ချိန်လမ်းမှာနဲ့ ဆေးရုံမှာ ၅ ဦး ထပ်မံ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ထီးလင်း ကောင်ဂျာရွာက နာရေးလုပ်နေတဲ့ နေအိမ်ကို လေယာဉ်နဲ့ ၅၀၀ ပေါင် ဗုံး ၄ လုံး ဖြင့် အကြောင်းမဲ့သက်သ်ြ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video Crd# ဒေသခံ (ပေးပို့)
https://www.facebook.com/share/r/17ngYZGPcN/
😢8🤬4
မင်းဘူးခရိုင်အတွင်း စကစ နဲ့တော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွါးပြီး စကစ ဘက်မှအမြောက်အများသေဆုံး

🟥စကစရဲ့ထောက်ပို့ယာဥ်(၅)စီးကို ဖြတ်တောက်နိုင်ခဲ့ပြီး ခဲယမ်းပစ္စည်းတွေပါရရှိ

BBM-ဇန်နဝါရီ၂၆
သတင်း-မင်းသော်

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း အထိုင်ချနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့တာကြောင့် စကစ အမြောက်အများသေဆုံးပြီး ထောက်ပို့ယာဥ်(၅)စီးကိုလည်းဖြတ်တောက်နိုင်ကာ ခဲယမ်းပစ္စည်းသိမ်းဆည်းရရှိမှုတွေ ရှိတယ်လို့ ဗမာ့တပ်တော်-Bamar Armyရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ကတည်းက မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းက ဆင်ဖြူကျွန်းမြို့နဲ့ နွယ်တမယ်ကျေးရွာတွေမှာ အထိုင်ချနေတဲ့ စစ်စခန်းတွေကို ဗမာ့တပ်တော်နဲ့မဟာမိတ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ ထောက်ပို့ယာဥ်(၅)စီးကို ဖြတ်တောက်နိုင်ခဲ့ပြီး ခဲယမ်းပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ပေမဲ့ စစ်ကောင်စီရဲ့ နေပြည်တော်၊ မိတ္ထီလာ၊ မကွေးလေတပ်တွေမှ Jet Fighter၊ Y-12လေယာဥ်များနဲ့ အဆက်မပြတ်ဗုံးကြဲတာတွေ၊ စလေမြို့အခြေစိုက် ခလရ (၄၁၆)က ဟောင်ဝှစ်ဇာ လက်နက်တွေနဲ့ နေ့စဥ်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ဆင်ရေးအတွင်း စစ်တပ်ဘက်မှ အမြောက်အများထိခိုက်သေဆုံးတာတွေရှိသလို တော်လှန်ရေးအင်အားစုဘက်ကလည်း ဒဏ်ရာရရှိတဲ့ရဲဘော်တွေရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗမာ့တပ်တော်(BA)အနေနဲ့ ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ၁၂ရက်နေ့က ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်၊ ပင်လုံအနှစ်သာရကို လးစားတန်ဖိုးထားတဲ့ ပ်တော်တစ်ခုဖြစ်တယ်လို့လည်း ဗမာ့တပ်တော်မှ ထုတ်ပြန်ကြေငြာထားပါတယ်။

Video-ဗမာ့တပ်တော်
https://www.facebook.com/share/v/182QcGgt7w/
6👍4👏2
မလှိုင်မြို့နယ်အတွင်း ရွေးကောက်ပွဲမကျင်းပနိူင်တဲ့ကျေးရွာတွေကို စစ်တပ်မှ ဗုံးလိုက်ကြဲနေတာကြောင့် ပြည်သူ(၁)ဦးသေဆုံး

🟥ရွေးကောက်ပွဲမတိုင်မှီကတည်းက စစ်ရေးတင်းမာနေပြီး နေ့စဥ်

BBM-ဇန်နဝါရီ၂၆
သတင်း-မင်းသော်

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်အတွင်းက ရွေး ကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီမှ ဗုံးလိုက်ကြဲနေတာကြောင့် ဒေသခံတွေထွက်ပြေးနေရပြီး ပြည်သူ(၁)ဦးလည်း သေဆုံးထားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ စစ်ကောင်စီရဲ့ နောက်ဆုံးအသုတ်ရွေးကောက်ပွဲကို မလှိုင်မြို့နယ်အတွင်းမှာလည်း ကျင်းပဖို့ရှိတာကြောင့် စစ်ကောင်စီအနေနဲ့ ဇန်နဝါရီလ၁၆ရက် နေ့ကတည်းက ရဲအင်အားအမြောက်အများကို မလှိုင်မြို့နယ်အတွင်းပို့ဆောင်ကာ လုံခြုံရေးတိုးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမတိုင်မီ ဇန်နဝါရီလ၂၃ ရက်နေ့ကတည်းက မလှိုင်မြို့နယ်အတွင်း တော်လှန်ရေးအားကောင်းရာဒေသတွေကို မိတ္ထီလာလေတပ်မှတဆင့် Y-8၊ Mi-35၊ စက်တပ်
လေထီးများနဲ့ အမြဲမပြတ်ကင်းထောက်ပျံသန်းတာတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဇန်နဝါရီလ ၂၅ရက်နေ့ ရွေးကောက်ပွဲကျင်းပပြီးစီးချိန်မှာတော့ မလှိုင်မြို့နယ်အတွင်းက ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ ဒေသတွေကို လေကြောင်းဗုံးကြဲမှုတွေ စတင်လုပ်ဆောင်ခဲ့တာကြောင့် ပြည်သူ၁ဦး သေဆုံးပြီး ၊ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပြည်သူတစ်ဦးမှ BBM ကိုပြောပါတယ်။

"မလှိုင်မြို့နယ်ထဲက ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ဒေသတွေကို ၂၅ရက်နေ့ ညနေ၅နာရီအကျော်လောက်ကစပြီး မိတ္ထီလာလေတပ်ကနေ ပါရာမော်တာ(၂)စီးနဲ့ ဗုံးလိုက်ကြဲပါတယ်၊ ပြည်သူ(၁)ဦးသေပြီး (၂)ဦးတော့ထိထားတယ်၊ ရွာတွေတော်တော်များများကတော့ စိုးရိမ်လို့ရှောင်နေကြပါတယ်"

ဒါ့အပြင် မလှိုင်မြို့နယ်အတွင်း ရွေးကောက်ပွဲမတိုင်ခင်ကတည်းက စစ်ရေးအခြေအနေတင်းမာမှုတွေရှိခဲ့ပြီး ရွေးကောက်ပွဲကျင်းပတဲ့ရက်မှာလည်း မြို့ပေါ်အနီးက ထန်းတောမဲရုံမှာ ပေါက်ကွဲမှုဖြစ်ပြီး Non-CDM တစ်ဦး ထိခိုက်မှုရှိတယ်လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။

"ရွေးကောက်ပွဲနေ့ကလည်း ထန်းတောမဲရုံမှာ ပေါက်ကွဲမှုဖြစ်ပြီး Non-CDM တစ်ယောက်ထိသွားတယ်၊ အဲ့တာပြီးတာနဲ့ မြို့ပတ်လည်ကို လုံခြုံရေးတိုးပြီး ရွေးကောက်ပွဲပြီးအောင် ဒီကောင်တွေကျင်းပသွားရတယ်"

မလှိုင်မြို့နယ်ဟာ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးတပ်ရင်းတွေ၊ အထိုင်တပ်တွေသာမက လေတပ်ဌာနချုပ်ပါရှိတဲ့ မိတ္ထီလာမြို့နယ်နဲ့ကပ်ရက်ဖြစ်ပေမဲ့လည်း ရွေးကောက်ပွဲကိုတော့ မြို့ပေါ်နဲ့ မိတ္ထီလာ-မလှိုင်ကြားက ကျေးရွာတွေမှာသာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။

Photo-ပုံဟောင်း
https://www.facebook.com/share/p/17oizTee2v/
🤬91👎1
စစ်ကောင်စီဟာ လေယာဉ်လောင်စာဆီအတွက် ‘တစ္ဆေသင်္ဘော‌တွေ’ကို အသုံးပြုနေကြောင်း Amnesty ပြောကြား

BBM - ဇန်နဝါရီ ၂၇

စစ်ကောင်စီတပ်ဟာ ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယားနိုင်တို့လို အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်တဲ့ နည်းဗျူဟာတွေကို လက်ခံကျင့်သုံးခဲ့ပုံရပြီး မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေအတွက် အသုံးပြုတဲ့ လေယာဉ်လောင်စာဆီရင်းမြစ်တွေကို
ရရှိဖို့ တစ္ဆေသင်္ဘောတွေကို အသုံးပြုခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ Amnesty International က ဇန်နဝါရီလ ၂၆ရက် တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

လန်ဒန်အခြေစိုက် အဆိုပါအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအရ ကုန်သွယ်ရေး၊ သင်္ဘောပို့ဆောင်ရေး၊ ဂြိုဟ်တုနဲ့ ဆိပ်ကမ်းအာဏာပိုင်ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာချက်အရ စစ်ကောင်စီတပ်ဟာ AIS တည်နေရာခြေရာခံရေဒီယိုတွေကို ရှောင်ရှားနိုင်တဲ့ “တစ္ဆေသင်္ဘောတွေ” မှတစ်ဆင့် လေယာဉ်လောင်စာဆီ တင်သွင်းနေကြောင်း ညွှန်ပြနေတယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ်တုန်းက မြန်မာနိုင်ငံဟာ လေယာဉ်လောင်စာဆီ တန်ချိန် ၁သိန်း ၉ထောင် ကျော် တင်သွင်းခဲ့ပြီး လွန်ခဲ့တဲ့ နှစ်တွေထက် ၆၉% တိုးလာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒါဟာ ၂၀၂၁ ခုနှစ်မှာ စစ်ကောင်စီတပ်က ပြည်သူလူထု ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်စုကြည်ရဲ့ အစိုးရကို ဖြုတ်ချပြီးနောက်ပိုင်း အမြင့်ဆုံးပမာဏဖြစ်ကြောင်း Amnesty ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“အာဏာသိမ်းပြီး ငါးနှစ်အကြာမှာတော့ မြန်မာစစ်အစိုးရဟာ ပိတ်ဆို့မှုတွေကို ဆက်လက်ရှောင်လွှဲနေပြီး အရပ်သားတွေကို ဗုံးကြဲဖို့ အသုံးပြုတဲ့ ဂျက်လေယာဉ်လောင်စာဆီတွေကို တင်သွင်းဖို့ နည်းလမ်းသစ်တွေကို ရှာဖွေနေဆဲဖြစ်ကြောင်း ကျွန်တော်တို့ရဲ့ ခွဲခြမ်းစိတ်ဖြာမှုက ပြသနေပါတယ်။ ၂၀၂၁ ခုနှစ်မှာ စစ်အစိုးရ အာဏာသိမ်းပြီးကတည်းက ၂၀၂၅ ခုနှစ်ဟာ လေကြောင်းတိုက်ခိုက်မှု အများဆုံးနှစ်ဖြစ်ခဲ့ပြီး အသေအပျောက်အများဆုံးနှစ် ဖြစ်ပါတယ်” လို့ Amnestyရဲ့ ဒေသဆိုင်ရာ သုတေသနဒါရိုက်တာ Montse Ferrer က ပြောကြားခဲ့ပါတယ်။

မြန်မာစစ်အစိုးရကို ဆန့်ကျင်သူတွေက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ထိန်းချုပ်ဖို့အတွက် လေယာဉ်လောင်စာဆီထောက်ပံ့မှုကို ဖြတ်တောက်ဝာာဟာ အရေးကြီးကြောင်း ဖော်ပြခဲ့ကြပြီး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အရပ်သား သေဆုံးခဲ့တဲ့ အရေအတွက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒါပေမဲဘယ့ စစ်တပ်အာဏာ သိမ်းမှုကြောင့် တစ်နိုင်ငံလုံး ခုခံမှုတွေ ဖြစ်ပေါ်စေခဲ့ပြီးနောက်ပိုင်း အရပ်သား ၇၇၀၀ ကျော်ဟာ စစ်ကောင်စီတပ်လက်ချက်နဲ့ သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ အကူအညီပေးရေးအသင်းရဲ့ အဆိုအရ သိရပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့ ဦးဆောင်ပြီး စစ်ကောင်စီတပ်ကို ပိတ်ဆို့ဒဏ်ခတ်အရေးယူခဲ့တာတွေဟာ လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်ရာမှာ ထိရောက်မှု မရှိခဲ့ဘဲ ပြည်သူတွေမှာလည်း ထိရောက်တဲ့ ခုခံကာကွယ်မှု မရှိခဲ့ကြောင်း Amnesty ရဲ့ အဆိုအရ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ အဓိကမဟာမိတ်တွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်နိုင်ငံမှ လက်နက်တွေ၊နည်းဗျူဟာတွေ ထောက်ပံ့ပေးလျက်ရှိနေပါတယ်။

၂၀၂၄ ခုနှစ်လယ်ပိုင်းမှ ၂၀၂၅ ခုနှစ်ကုန်အထိ သင်္ဘော ၄စင်းနဲ့ မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့မှု အနည်းဆုံး ၉ ကြိမ် ပို့ဆောင်ခဲ့ကြောင်း Amnesty က အတည်ပြုခဲ့ပြီး၊ အဆိုပါကာလအတွင်း လေယာဉ်ဆီတွေ မြန်မာနိုင်ငံကို
ဘယ်လို၀င်ရောက်လာတယ်ဆိုတာကို ဖော်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တင်သွင်းတဲ့နည်းလမ်းတွေကတော့ AIS ရေဒီယိုတွေကို ပိတ်ထားတာ ဒါမှမဟုတ် မှားယွင်းတဲ့ တည်နေရာတွေကို ပြသတဲ့ တစ္ဆေသင်္ဘောတွေကို အသုံးပြုခြင်း၊
သ‌ေင်္ဘာရဲ့ အမည်၊ အလံ ဒါမှမဟုတ် ပိုင်ဆိုင်မှုတွေကို အကြိမ်ကြိမ်ပြောင်းလဲပြီး
သင်္ဘောတစ်ခုမှ သင်္ဘောကိုသာ လောင်စာဆီလွှဲပြောင်းတဲ့စနစ်တွေကျင့်သုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ Amnesty အစီရင်ခံစာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ချက်ချင်းတုံ့ပြန်တာမျိုး မရှိသေးပါဘူး။

၂၀၂၂ ခုနှစ်မှာ အီရန်၊ ဗင်နီဇွဲလားနဲ့ အထူးသဖြင့် ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုကြောင့် ပိတ်ဆို့မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ရုရှားအပါအဝင် ရေနံတင်ပို့သူတွေဟာ အဆိုပါ နည်းဗျူဟာတွေကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။

ရေနံတင်သွင်းသူ မြောက်ကိုရီးယားကလည်း “အရိပ်သင်္ဘောအုပ်စု” လို့ လူသိများတဲ့ တစ္ဆေသင်္ဘောတွေကို အသုံးပြုနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

လေယာဉ်လောင်စာဆီ တင်ပို့သူ ဒါမှမဟုတ် မူလရ်ုးမြစ်ကို အတည်မပြုနိုင်ကြောင်း Amnesty က ဝန်ခံခဲ့ပေမဲ့ ရှောင်လွှဲရေးနည်းဗျူဟာတွေဟာ “အီရန်မှ ခွင့်ပြုထားတဲ့ လောင်စာဆီတွေကို ရွှေ့ပြောင်းတဲ့ ရေနံတင်သင်္ဘောတွေ အသုံးပြုလေ့ရှိတဲ့ နည်းလမ်းတွေနဲ့ ထပ်တူကျနေတယ်”လို့ ပြောကြားခဲ့ပါတယ်။
🤬7👍21
နောက်ထပ် အရပ်သားတွေ ထိခိုက်မှုကို ကာကွယ်ဖို့အတွက် လေကြောင်းလောင်စာဆီတွေကို မြန်မာနိုင်ငံကို တင်ပို့တာ ပိတ်ပင်ဖို့နဲ့ ထောက်ပံ့ရေးကွင်းဆက်မှာ ပါဝင်ပတ်သက်တဲ့ ကုမ္ပဏီအားလုံးကို ရုပ်သိမ်းဖို့ Amnesty အဖွဲ့က တောင်းဆိုထားပါတယ်။

၂၀၂၂ ခုနှစ်မှ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်ခုမှာ စင်ကာပူနဲ့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံတကာကုမ္ပဏီတွေက မြန်မာနိုင်ငံကို လေကြောင်းလောင်စာဆီ တင်ပို့တဲ့ ထောက်ပံ့ရေးကွင်းဆက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ထောက်ပံ့ရေးကွင်းဆက်ရဲ့ အစိတ်အပိုင်းတွေအပေါ် ပိတ်ဆို့မှုတွေ ချမှတ်ပြီးနောက် “လောင်စာဆီရဲ့ မူလအစကို ဖုံးကွယ်ဖို့ ကြားထဲမှာ အကြိမ်ပေါင်းများစွာ ပြန်လည်ရောင်းချခဲ့ကြပါတယ်။ ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ် အစောပိုင်းမှာ တင်ပို့မှု အနည်းဆုံး ၉ ခုဟာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး အများစုမှာ ဗီယက်နမ်သိုလှောင်ရုံတစ်ခုမှတစ်ဆင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့မှုတွေကို ရှောင်ရှားတဲ့ နည်းဗျူဟာတွေကို ဖော်ပြနေတယ်” လို့ Amnestyက ပြောကြားခဲ့ပါတယ်။

Reference-AP News
Translator-Richard
Photo-PBC

#bbmnews #bbm #bbmtv #russia #Iren #NorthKorea #interantionalnews
https://www.facebook.com/share/p/16k3GKkHtP/
4👍3
မီးရှူးမီးပန်း‌တွေကြောင့် ဘန်‌ကောက်ရှိ ဘူမိဘောတံတား ပျက်စီးဆုံးရှုံးမှုမှာ ဘတ် ၁၅ သန်းအောက်သာရှိ

BBM - ဇန်နဝါရီ ၂၇

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ မီးရှူးမီးပန်းတွေနဲ့ ကစားနေတဲ့ ယောက်ျားလေးတွေကြောင့် ဘူမိဘောတံတားရဲ့ ကွန်ကရစ်တိုင်တစ်တိုင်မှာ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုဟာ ဘတ် ၁၅ သန်းထက်မပိုကြောင်း ကျေးလက်လမ်းဦးစီးဌာန (DRR) က ဇန်န၀ါရီလ ၂၆ရက် တနင်္လာနေ့မှာ ပြောပါတယ်။

သတင်းတွေအရ ယောက်ျားလေးတွေရဲ့ မိဘတွေဟာ ပြုပြင်စရိတ်ကို ကာမိဖို့ ဘတ် ၁၅ သန်းအထိ ပေးဆောင်ရမှာဖြစ်ပြီး အဲဒီထဲမှာ တန် ၃၀ လေးလံတဲ့ ကရိန်းအတွက် နေ့စဉ်ငှားရမ်းခ ဘတ် ၁၃၀၀၀ လည်း ပါဝင်ပါတယ်။

DRR က ပျက်စီးဆုံးရှုံးမှု အကဲဖြတ်ချက်တွေ မပြီးပြတ်သေးပေမဲ့ လူမှုမီဒီယာမှာ ပျံ့နေတဲ့ ကိန်းဂဏန်းတွေလောက် မြင့်မားမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

“အစီရင်ခံစာတွေမှာ တင်ပြထားတဲ့ အချက်အလက်တွေဟာ ကောလာဟလတွေကိုသာ အခြေခံထားပြီး သက်ဆိုင်ရာ တရားဝင်အေဂျင်စီတစ်ခုခုမှ အတည်ပြုတာ ဒါမှမဟုတ် အခြားနည်းနဲ့ အတည်ပြုထားတာမျိုး မရှိသေးပါဘူး” လို့ DRR က တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီလ ၁၅ ရက်နေ့ညက စမွတ်ပရာကန်ပြည်နယ်၊ ဖရာပရာဒိန်းခရိုင်ရှိ ကျောက်ဖရားမြစ်ကိုဖြတ်ဆောက်ထားတဲ့ တံတားရဲ့ ဖူးချောင်ဆမင်းဖရိုင်းဘက်ခြမ်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တာပါ။။

မီးတောက်တွေသာ တံတားအုတ်မြစ်တိုင်နဲ့ တွဲထားတဲ့ HDPE ရေနုတ်မြောင်းပိုက်တစ်ခုပေါ်ကို မီတာ ၅၀ ခန့်အထိ မြင့်တက်ခဲ့ပါတယ်။

ဆမ်ရောင်တိုင်ရဲစခန်းမှ ရဲတွေက အဆိုပါ မီးလောင်မှုဟာ အသက် ၁၁ နှစ်အရွယ် ယောက်ျားလေးတစ်စု တံတားအောက်မှာ မီးရှူးမီးပန်းတွေနဲ့ ကစားတာကြောင့် ဖြစ်ပွားခဲ့ကြောင်း ကောက်ချက်ချခဲ့ပါတယ်။

DRRရဲ့ ကနဦးအင်ဂျင်နီယာစစ်ဆေးမှုများအရ တံတားတိုင်ကွန်ကရစ်တွေဟာ မျက်နှာပြင်ပျက်စီးမှုကိုသာ ညွှန်ပြနေကြောင်း ပြောကြားခဲ့ပါတယ်။

တံတားတိုင် အတွင်းပိုင်းကတော့ ဖိအားကို ခံနိုင်ရည်ရှိနေပြီး “ပြည်သူ လူထု‌အနေနဲ့ ထိခိုက်မှုမရှိဘဲ ဘေးကင်းစွာအသုံးပြုနိုင်ပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် “ပြုပြင်ရေးလုပ်ငန်းကို အင်ဂျင်နီယာစံနှုန်းတွေနဲ့အညီ အမြန်ဆုံးလုပ်ဆောင်သွားမယ်” လို့ DDRက ပြောကြားခဲ့ပါတယ်။

Reference-The Bangkok Post
Translator-Richard

#bbmnews #bbm #bbmtv #thailand #InternationalNews
https://www.facebook.com/share/p/1HetH7rCjQ/
👍11
ဆားလင်းကြီးမှာ စကစအထိုင်စခန်းတွေ တော်လှန်ရေးတပ်များ တပြိုင်တည်းတိုက်ခိုက်

BBM - ဇန်နဝါရီ ၂၇
သတင်း - ခက်ဆစ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ စစ်ကောင်စီ အထိုင်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့က ယမန်နေ့က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၂၅ ရက်၊ မနက် ၁၁ နာရီခွဲခန့်မှ ညနေ ၃ နာရီခွဲအထိ ဆားလင်းကြီးမြို့ပေါ် မြို့မရဲစခန်း၊ ထွေ/အုပ်ရုံးနဲ့ ဘုန်းကြီးကျောင်းတို့မှာ စစ်ကောင်စီ တပ်စွဲထားတဲ့ စခန်းတွေကို တပြိုင်နက်တည်း ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေ၊ Fixed Wings Dones ၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှုတွေရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို ချင်းတွင်းဒိုင်းနမိုက်ပြည်သူကာကွယ်ရေးအဖွဲ့ (Salingyi)၊ SOLO အောင်ကြီး(Salingyi)၊ S PDF ၊ ချင်းတွင်းကာကွယ်ရေး(CDF)၊ မျိုးဆက်သစ် လူငယ်၊ SRA ၊ တိုက်နယ် ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Video - ချင်းတွင်းဒိုင်းနမိုက်

#bbmnews #bbm #bbmtv #PDF #CDF
https://www.facebook.com/share/v/1EA5tDzVYf/
👍7👏2
ကမ္ဘောဒီးယားက ထရမ့်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ ပါ၀င်မယ်လို့ ဝန်ကြီးချုပ် ဟွန်မာနက် အတည်ပြု

BBM - ဇန်နဝါရီ ၂၇

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ ပါဝင်မယ်လို့ ဇန်နဝါရီလ ၂၆ရက်နေ့က အတည်ပြုပြောကြားခဲ့ပါတယ်။

‌ဒါဟာ အမေရိကန်ပြည်ထောင်စု အင်ဒို-ပစိဖိတ်ကွပ်ကဲမှုဌာနရဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး ဆမ်မြူရယ် ပါပါရိုနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။

ကမ္ဘောဒီးယားနိုင်ငံက အဆိုပါ ဘုတ်အဖွဲ့ကို နှစ်စဉ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ (ရင်းဂစ် ၄ ဘီလီယံ)ပေးပြီး အမြဲတမ်းအဖွဲ့ဝင်အနေနဲ့ နေမလား ဒါမှမဟုတ် ရိုးရိုးအဖွဲ့၀င် (၃နှစ် အခမဲ့) အနေနဲ့နေမလားဆိုတာတော့ မကြေညာထားသေးပါဘူး။

“Samdech Thipadei (မာနတ်) က ကမ္ဘောဒီးယားနိုင်ငံဟာ သမ္မတ ဒေါ်နယ် ထရမ့် Trump ထံမှ ‘ငြိမ်းချမ်းရေးဘုတ်အဖွဲ့’၀င်ဖို့ ဖိတ်ကြားစာ လက်ခံရရှိကြောင်း ရေတပ်ဗိုလ်ချုပ်ကြီးကို ပြောကြားခဲ့ပါတယ်။

“ကမ္ဘောဒီးယားနိုင်ငံက ဘုတ်အဖွဲ့အစည်းမှာ ပါဝင်မှာဖြစ်ပြီး၊ ဒါဟာ ကမ္ဘောဒီးယား စေတနာနဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအပေါ် ကတိကဝတ်ကို ပြသတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်” လို့ ဟွန်မာနက် က သူ့ရဲ့ Facebook စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့ပါတယ်။

ထရမ့်ဟာ ငြိမ်းချမ်းရေးဘုတ်အဖွဲ့(Board of Peace)ကို ဂါဇာအရေးကိုင်တွယ်ဖို့ ဖွဲ့စည်းခဲ့တာဖြစ်ကြောင်းပြောကြားထားပါတယ်။

Reference-The Star
Translator-Richard
https://www.facebook.com/share/p/1Csd8UBqCe/
👍9
အကောက်ခွန်မဲ့ ထိုင်းကုန်ပစ္စည်းတွေ ဖမ်းဆီးပြီး စစ်အုပ်စု ပြန်လည်ခိုးရောင်းနေ

BBM - ဇန်နဝါရီ ၂၇
သတင်း - ကိုဟန်

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ တရားမဝင်တင်သွင်းလာတဲ့ ထိုင်းကုန်ပစ္စည်းတွေကို စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးပြီးနောက် ပြန်လည်ရောင်းချနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

တရားမဝင်အကောက်ခွန်မဲ့ပစ္စည်းတွေကို ဖမ်းဆီးဖို့ စစ်ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်ကြောင့် မွန်နဲ့ ကရင်ပြည်နယ်အတွင်းက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့နှစ်စက်တင်ဘာလဝန်းကျင်ကတည်းက စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာပါ။

တရားမဝင်ကုန်ပစ္စည်းတွေကို တင်ဆောင်လာတဲ့ ကုန်ကားတွေအပါအဝင် ပစ္စည်းအားလုံးကို ချက်ချင်း သိမ်းဆည်းမှုတွေ ပြုလုပ်ခဲ့ပြီး အချို့ကို ဥပဒေအရ ဆောင်ရွက်တာမျိုး ရှိခဲ့ပေမဲ့ ကုန်ပစ္စည်းအချို့ကို အောက်ဈေးနဲ့ ပြန်လည်ရောင်းချမှုတွေ ရှိနေတယ်လို့ ထိုင်းကုန်ပစ္စည်းသိမ်းဆည်းခံလိုက်ရတဲ့ ကုန်သည်တဦးက BBM ကို ပြောပါတယ်။

“ပစ္စည်းအခုတရာလောက်သိမ်းထားရင် ထက်ဝက်လောက်က သူတို့ပြန်ရောင်းတယ်၊ ကျန်တာက ဥပဒေအရ သူတို့တရားစွဲတာမျိုးတွေလုပ်ဖို့ အထိပြတယ်၊ ဒီဈေးကွက်ထဲမှာ ပြန်ရောင်းနေတာ ကုန်သည်တွေ အချင်းချင်းက သိကြတယ်လေ၊ ဒီလမ်းကြောင်း ဒီဒေသ ဘယ်သူ့ပစ္စည်းက ဘယ်လို သယ်နေလဲဆိုတာ၊ သူတို့ မရောင်းရင် ဘယ်သူက ရောင်းမှာလဲ” လို့ ပြောပါတယ်။

အဲဒီထိုင်းကုန်ပစ္စည်းတွေကို စစ်ကောင်စီလက်အောက်ခံ ရဲ၊ စစ်တပ်၊ အကောက်ခွန်နဲ့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ အချို့က သူတို့နဲ့ နီးစပ်တဲ့ ကုန်သည်အချို့ကို ပြန်ရောင်းနေတာလို့ သူက ဆက်ပြောပါတယ်။

ထိုင်းနိုင်ငံကနေတဆင့် အလှကုန်ပစ္စည်းတွေ၊ အခြေခံစားသောက်ကုန်တွေ၊ အိမ်ဆောက်ပစ္စည်းတွေ၊ အရက်ဘီယာအမျိုးမျိုးတို့ကို တင်သွင်းနေတာ ဖြစ်ပါတယ်။

အဲဒီတရားမဝင်တင်သွင်းလာတဲ့ ပစ္စည်းတွေကို လမ်းဂိတ်အသီးသီးမှာ ဖွင့်လှစ်ထားတဲ့ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေထဲက ဝန်ထမ်းတချို့အပြင် လက်နက်ကိုင်အဖွဲ့အချို့ကိုလည်း ငွေကြေးပေးဆောင်ပြီးမှ ဖြတ်သန်း သယ်ဆောင်ခွင့်ပြုခဲ့တာ ရှိပါတယ်။

သို့သော် စစ်ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်ကြောင့် ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်လာပြီးနောက် သိမ်းဆည်းထားတဲ့ ကုန်ပစ္စည်းတွေကို ဝန်ထမ်းအချို့က ရောင်းချလာခြင်း ဖြစ်ပါတယ်။

“သိမ်းတာက သိမ်းတာပေါ့၊ ပြန်ရောင်းတာက မဖြစ်သင့်ဘူးလေ၊ နောက်ဆုံး ပြန်ရောင်းချင်ရင် သက်ဆိုင်ရာ ကုန်ပစ္စည်းတင်လာတဲ့ကုန်သည်တွေနဲ့ ညှိနှိုင်းပြီး ပြန်လုပ်စေချင်တာ၊ အခုက သူတို့အကျိုးအမြတ်ရရှိဖို့ပဲ လုပ်နေတာ၊ ဒါကို လူကြီးတွေက သိသိကြီးနဲ့ အရေးမယူဘူး” လို့ မော်လမြိုင်မြို့မှ ကုန်သည်တဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ နှစ်လပိုင်းကနေ နှစ်ကုန်ပိုင်းအထိ ထိုင်း-မြန်မာနယ်စပ်ကနေ ဖမ်းဆီးရမိတဲ့ ကုန်ပစ္စည်းတန်ဖိုး ကျပ်သိန်းပေါင်းသောင်းချီရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း ထိုင်း-မြန်မာနယ်စပ်ကနေ တင်သွင်းလာတဲ့ ကုန်ပစ္စည်းများ စစ်ဆေးဖမ်းဆီးမှုတွေ ရှိနေဆဲဖြစ်သလို အရင်က ဖမ်းဆီးထားတဲ့ ကုန်တင်ယာဉ် ရာချီကိုလည်း ပြန်လွှတ်ပေးတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

ဓါတ်ပုံ - Social Media
ပုံစာ - ကုန်ပစ္စည်းများ တင်ဆောင်လာတဲ့ ယာဉ်ကို စစ်ကောင်စီအဖွဲ့တွေက စစ်ဆေးနေစဉ်။(ပုံဟောင်း)

#bbm #bbmnews #ထိုင်းကုန်ပစ္စည်း #စစ်ကောင်စီ #UpdateNews
https://www.facebook.com/share/p/14RAh86Uonu/
3👍2😁2
ဘီးလင်းမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်သဖြင့် မြေးအဖွား ၂ ဦးသေဆုံး

BBM - ဇန်နဝါရီ ၂၇
သတင်း - ကိုဟန်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာမှာ စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် မြေးနဲ့ အဖွားဖြစ်သူတို့ နှစ်ဦးပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

မနေ့က ဇန်နဝါရီလ ၂၆ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်မှာ ဘီးလင်းမြို့နယ် အခြေစိုက် ခမရ ၃ တပ်ရင်းကနေ ဘီးလင်းနဲ့ ကျိုက်ထိုအစပ်ကြားက ကျေးရွာတွေဘက်ကို လက်နက်ကြီးရမ်းသမ်း ပစ်ခတ်ခဲ့တာပါ။

စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်အချို့ဟာ အလူးကြီးကျေးရွာ နေအိမ်တလုံးအပေါ်ကို ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အိမ်မှာရှိတဲ့ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“အိမ်တည့်တည့်ကို ထိမှန်တာဆိုတော့ အိမ်ထဲမှာရှိတဲ့သူတွေ အကုန်ထိတာပါ၊ ကလေးနဲ့ သူ့အဖွားဆို တခါတည်းပဲ ပွဲချင်းဆုံးသွားတာ၊ ခန္ဓာကိုယ်တခုလုံး ပြတ်ရှဒဏ်ရာတွေက ကြည့်ရက်စရာကို မရှိဘူး” လို့ ပြောပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃ နှစ်အရွယ် မမိုးရွှေစင်နဲ့အတူ အဖွားဖြစ်သူ အသက် ၅၉ နှစ်အရွယ် ဒေါ်အေးဝင်းတို့ သေဆုံးခဲ့ပြီး အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတဦးလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိ ဒဏ်ရာအပြင်းအထန်ရရှိထားတဲ့ အမျိုးသမီးဟာ ဘီးလင်းမြို့နယ် ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရပြီး အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

“ဒီဘက်က တိုက်ပွဲမဖြစ်နေဘူး၊ စစ်တပ်က သူတို့ စစ်ကြောင်းထိုးတာတွေတော့ ရှိတယ်၊ ရွာတွေဘက်တော့ မရောက်ဘူး၊ ဝင်လာရင် လမ်းမှာကြားဖြတ်တိုက်ခံရတာ ရှိနေတော့ အဲဒါကြောင့်မို့ သူတို့က စစ်ကြောင်းမဝင်ခင် လက်နက်ကြီးကြိုပစ်တာမျိုး ရှိသလို တခါတလေ ဘာစစ်ကြောင်းမှ မဝင်ဘဲ လက်နက်ကြီး ပစ်နေတာတော့ ရှိတယ်” လို့ သထုံခရိုင်အတွင်း စစ်ရှောင်ကူညီပေးနေသူတဦးက ပြောပါတယ်။

ဒီလိုမျိုး လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတွေက နေအိမ်ကနေ ခေတ္တခဏတိမ်းရှောင်တာမျိုး ရှိခဲ့ပေမဲ့ ငြိမ်သက်သွားတဲ့အချိန် နေရပ်ကို ပြန်လာကြပြီးဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအစောပိုင်းကလည်း ဘီးလင်းမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်လို့ သုံးဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ - ပေးပို့

#bbm #bbmnews #မွန် #ဘီးလင်း #လက်နက်ကြီး #UpdateNews
ပုံစာ - လက်နက်ကြီးကျရောက်ပေါက်ကွဲသည့်နေအိမ်
https://www.facebook.com/share/p/178tWJjkJm/
👎4😡3
မန္တလေးနန်းတွင်းမှာ မင်းအောင်လှိုင် ယတြာချေဖို့ရှိသဖြင့် ရှော့တိုက်ဒုံးများနဲ့ ပစ်ခတ်တိုက်ခိုက်

🟥တိုက်ခိုက်မှုပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပျောက်နေဟုဆို

BBM - ဇန်နဝါရီ ၂၇
သတင်း - ခက်ဆစ်

မန္တလေးမြို့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် မဲရုံတွေလိုက်လံကြည့်ရှုပြီးနောက် နန်းတော်အဝင် မင်္ဂလာတံတားမှာ ယတြာချေဖို့ရှိတဲ့အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လပခ ရှိရာ နန်းတွေထဲသို့ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar BWM အဖွဲ့ထံမှ သိရပါတယ်။

ဇန်နဝါရီလ ၂၇ ရက်၊ မနက် ၄ နာရီခွဲခန့်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ခေတ္တဝင်ရောက် တည်းခိုတဲ့ မန္တလေး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လပခ အတွင်းသို့ တော်လှန်ရေးတပ်ဖွဲ့တွေက ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးပစ်ခတ်ခဲ့ရာ ၃ လုံးကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဇန်နဝါရီလ ၂၇ ရက်နေ့၊ မနက် ၄ နာရီ ၄၁ မိနစ်အချိန်မှာ မင်းဝတ်တန်ဆာတွေဝတ်ဆင်ပြီး မန္တလေးနန်းတော်အဝင် မင်္ဂလာတံတားမှ ပြည်တော်ဝင်မဲ့ ယတြာချေဖို့ရှိနေတယ်လို့ သတင်းရရှိတဲ့အတွက် တော်လှန်ရေးအဖွဲ့တွေက ညတွင်းချင်းစီစဥ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

"မင်းအောင်လှိုင်က အတုအယောင်ရွေးကောက်ပွဲကို လိုက်ကြည့် အောင်ပွဲခံပြီး နောက်နေ့မနက်မှာ မင်းဝတ်တန်ဆာတွေဝတ်ပြီး ပြည်တော်ဝင်ယတြာချေဖို့ဆိုပြီး နန်းတွင်းထဲ ညကဝင်အိပ်တယ်လို့ သတင်းရလို့ ချက်ချင်းပစ်လိုက်တာပါ" လို့ BWM အဖွဲ့ရဲ့ တာဝန်ရှိသူက BBM ကိုပြောပါတယ်။

ပစ်ခတ်လိုက်တဲ့ ရှော့တိုက်ဒုံးတွေထဲမှ ၃ လုံးမှာ လပခ အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လပခတိုင်းမှူးအိမ်ကိုလည်း ထိမှန်ခဲ့တယ်လို့ ကနဦးစုံစမ်းသိရှိထားပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းလျက်ရှိတယ်လို့ ဆိုပါတယ်။

အခုလို ပစ်ခတ်ခဲ့ပြီးနောက်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပျောက်နေတယ်လို့ အတွင်းသတင်းတွေအရ သိရကြောင်းကိုလည်း BWM အဖွဲ့ရဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

"သူ့ယတြာဘာဆက်ဖြစ်လဲတော့မသိဘူး၊ လောလောဆယ် မင်းအောင်လှိုင်ကို ဖျောက်ထားတယ်၊ ပျောက်နေတယ်လို့ အတွင်းသတင်းအရ သိရတယ်" လို့ BWM အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့ No More Dictatorship (NMD-PDF) အဖွဲ့၊ Shadow (Mandalay) အဖွဲ့ နဲ့ Infinity (အညာ) အဖွဲ့တို့က BWM ရဲ့ Mission 50 အဖြစ် ပူးပေါင်းလုပ်‌ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Photo - ပေးပို့

#bbm #bbmnews #BWM #NMDPDF #ShadowMandalay #Mission50 #MinAungHlaing #Mandalay
https://www.facebook.com/share/1Die5Mujcz/
17👏13
Southern YSO PDF မှ အခြေခံစစ်သင်တန်းနဲ့အထူးလှုပ်ရှားတိုက်ခိုက်ရေးသင်တန်းကို အောင်မြင်စွာကျင်းပ

🟥လက်နက်ကိုင်စစ်ရေးကိုသာမက နိုင်ငံရေးနဲ့ အခြားစည်းကမ်းများကိုလည်း သင်ကြားပေး

BBM-ဇန်နဝါရီ၂၇
သတင်း-မင်းသော်

Southern YSO PDF အနေနဲ့ အခြေခံစစ်သင်တန်းနဲ့အထူးလှုပ်ရှားတိုက်ခိုက်ရေးသင်တန်းနှစ်ခုကို ပထမအသုတ်သင်တန်းအဖြစ် အောင်မြင်စွာပြီးစီးနိုင်ခဲ့ပြီ ဆိုပြီး အဆိုပါ တပ်ရင်းရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်သူ့လွတ်မြောက်ရေး တော်လှန်ရေးရဲ့အဓိကရည်မှန်းချက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန်၊တပ်ဖွဲ့ဝင်များရဲ့စစ်ရေးစွမ်းရည်၊ စည်းကမ်းလိုက်နာမှုနဲ့နိုင်ငံရေးခံယူချက်များကို ပိုမိုခိုင်မာစေဖို့အတွက်
အပတ်စဉ် ၉/၂၀၂၆ အဖြစ် အခြေခံစစ်သင်တန်း (မွမ်းမံ) သင်တန်းကို သင်တန်းသား၄၈ယောက်၊ အထူးလှုပ်ရှားတိုက်ခိုက်ရေး သင်တန်းကို ရဲဘော် ၃၀ ယောက်တို့နဲ့ ဇန်နဝါရီလ ၂၇ရက်နေ့မှာ ပထမအသုတ် သင်တန်းအဖြစ် အောင်မြင်စွာ ပြီးစီးနိုင်
ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းတွေဟာ လက်နက်ကိုင်စစ်ရေးနည်းပညာများကိုသာ အခြေခံသင်ကြားပေးခြင်းမဟုတ်ဘဲ တော်လှန်ရေးရဲ့ အခြေခံအင်အားဖြစ်တဲ့ နိုင်ငံရေးသဘောတရား၊ ပြည်သူအပေါ် တာဝန်ယူမှု၊ စည်းကမ်းနဲ့ ကိုယ်ကျင့်တရားတွေ ကို အခြေခံအုတ်မြစ်အဖြစ်ထားပြီး ရဲဘော်
တစ်ယောက်ချင်းစီက ပြည်သူကိုကာကွယ်ရမဲ့ တာဝန်ရှိသူ၊အာဏာရှင်စနစ်ကို အဆုံးသတ်ရမဲ့တော်လှန်ရေးဝင်ရိုးစွန်းအဖြစ် ပုံဖော်
ထူထောင်ပေးရန် ရည်ရွယ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင်အဆိုပါသင်တန်းများကို အောင်မြင်စွာ ပြီးစီးနိုင်ရေးအတွက် ယုံကြည်မှုနဲ့ အားပေးကူညီ ပံ့ပိုးပေးခဲ့ကြသော"Better Tomorrow"Group" နှင့် ပြည်သူအပေါင်းအားSOUTHERN YSO PDF တပ်ဖွဲ့မှ လေးနက်စွာ ကျေးဇူးတင်ရှိတယ်လို့လည်း ဆိုပါတယ်။

ဒါတင်မက SOUTHERN YSO PDF တပ်ဖွဲ့ဟာ
အာဏာရှင်စနစ်ရဲ့ အကြမ်းဖက်မှု၊ ဖိနှိပ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆန့်ကျင် တော်လှန်နေပြီး မည်သည့်အခါမျှ ပြည်သူထက် အာဏာကို မထားခဲ့သလို မည်သည့်အခြေအနေမှာမဆို ပြည်သူ့အကျိုးစီးပွားကို ဦးစားပေးထား
တဲ့ ခံယူချက်ကိုသာ အမြဲတမ်း ကိုင်စွဲလာခဲ့တယ်လို့ သိရပါတယ်။

SOUTHERN YSO PDF တပ်ဖွဲ့အနေနဲ့လက်နက်အင်အားနဲ့ အာဏာကို အစားထိုးရန် မဟုတ်ဘဲ ပြည်သူ့ဆန္ဒနဲ့ ပြည်သူ့သဘောတူညီမှုအပေါ် အခြေခံသည့် အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ရန် ဖြစ်တာကြောင့် ပြည်သူရဲ့အသက်အိုးအိမ်ကို ထိခိုက်စေတဲ့ လုပ်ရပ်တွေကိုလက်မခံဘဲပြည်သူ၏ အသံ၊လုံခြုံရေးနဲ့ အနာဂတ်အတွက် တာဝန်ယူခြင်းတို့ကို
တပ်ဖွဲ့ရဲ့ အခြေခံမူဝါဒအဖြစ် သတ်မှတ်ထားတယ်လို့ဆိုပါတယ်။

SOUTHERN YSO PDF တပ်ဖွဲ့အတွက် ပြည်သူမရှိရင် တပ်ဖွဲ့မရှိနိုင်သလို ပြည်သူ့ယုံ ကြည်မှုမရှိရင် တော်လှန်ရေးလည်း အောင်မြင်နိုင်မှာမဟုတ် ကြောင်းကိုအပြည့်အဝ နားလည် သဘောပေါက် ထားတာကြောင့် ပြည်သူနဲ့အတူအခက်အခဲ ဘယ်လောက်ကြီးမားနေပါစေ တော်လှန်ရေးရဲ့ လမ်းကြောင်းမှ မလွဲမသွားဘဲ လွတ်လပ်ရေး၊ တရားမျှတမှုနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုအမှန်တကယ် အကောင်အထည် ဖော်နိုင်တဲ့ တာဝန်ယူမှုအပြည့်ဖြင့် ဆက်လက် တော်လှန်သွားမယ်လို့ Southern YSO PDFမှထုတ်ပြန်ထားပါတယ်။

Video/Southern YSO PDF

#bbmnews #bbm #bbmtv #southernYSOPDF
https://www.facebook.com/share/v/1Bmwv84Js3/
9👍4
စစ်တပ်ရဲ့ ဝါဒဖြန့်ချီရေးနဲ့ စီးပွါးရေး အကောင့်ပေါင်း ၂၇၀ ကို Facebookမှ ဖယ်ရှား

🟥အခြားSocial platformမှ စကစ ဝါဒဖြန့်အကောင့်များကို ပိတ်ပင်ရန်လည်း တောင်ဆို

BBM-ဇန်နဝါရီ၂၇
သတင်း-မင်းသော်

စစ်တပ်ရဲ့ ဝါဒဖြန့်ချီရေးနဲ့ စီးပွားရေး တို့အတွက် ဖောက်လုပ်ထားတဲ့ လူမှုကွန်ရက်စာမျက်နှာများ၊ ဂရုများနှင့် ပရိုဖိုင်းအကောင့်များ စုစုပေါင်း ၂၇၀ ခုကို Facebookမှ ဖယ်ရှားခဲ့တယ်လို့ Justice For Myanmar မှ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

Facebookရဲ့ မိခင်ကုမ္ပဏီ Meta က ၂၀၂၁ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့
တဲ့ စစ်တပ်ထိန်းချုပ် စီးပွားရေးလုပ်ငန်းများနဲ့မီဒီယာများအား ပိတ်ပင်သည့်မူဝါဒနဲ့အညီ အကောင့်ပေါင်း၂၇၀ကို ပိတ်ပင်ခဲ့ခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

ယခုဖယ်ရှားလိုက်တဲ့ အကောင့်အများစုဟာ မိုင်တဲလ်ထုတ်ကုန်များနဲ့ဝန်ဆောင်မှုများကိုရောင်းချနေတဲ့အကောင့်များဖြစ်ပြီး၊ ကျန်
အကောင့်များကလည်း စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးများ ဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့ရဲ့ ကုမ္ပဏီခွဲများ၊လုပ်ငန်းအမှတ်တံဆိပ်များနဲ့ဆက်စပ်အကောင့်များ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါတင်မက တယ်လီကွန်းကွန်ရက် MECtel၊ အင်းဝဘဏ်၊ မြဝတီဘဏ်၊ ဆင်မင်းဘိလပ်မြေ၊ မြန်မာဘီယာနဲ့ ဒဂုန်ဘီယာအမှတ်တံဆိပ်များ၊ နန်းမြိုင်ကဖီး၊ Indoor Skydiving တို့နဲ့ ဆက်စပ်အကောင့်များလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Facebook ဟာ စစ်တပ်ဝါဒဖြန့်အကောင့်များဖြစ်တဲ့ a Light for Justice 3၊ News Service Station နဲ့ Myanmar Information Community တို့ကိုလည်း ဖယ်ရှားခဲ့သေးတယ်လို့ သိရပါတယ်။

အဲ့ဒီအကောင့်တွေဟာ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုများကို ပြစ်ဒဏ်ခံရခြင်းကင်းလွတ်စွာနဲ့ကျူးလွန်လျက်ရှိတဲ့ စစ်တပ်ကို ပံ့ပိုးကူညီခဲ့သည့်အကောင့်များ ဖြစ်တယ်လို့ သိရပြီး Justice For Myanmar အနေနဲလ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်တပ်နှင့်ဆက်စပ်အကောင့်များကို ပေးပို့တိုင်ကြားခဲ့သလို ၎င်းတို့ထံ သတင်းအချက်အလက် မျှဝေပေးသူအားလုံးကိုလည်း ကျေးဇူးတင်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခြားSocial Platform တွေဖြစ်တဲ့ Alphabet၊ Apple၊ TikTok နဲ့ Telegram တို့အနေနဲ့လည်း မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းများဝါဒဖြန့်ချိရေးအကောင့်များကို ယခုချက်ချင်း ပိတ်ပင်ရန် တောင်းဆိုတယ်လို့ Justice For Myanmar မှ ထုတ်ပြန်ကြေငြာထားပါတယ်။

#bbm #bbmtv #bbmnews #facebook #justiceformyanmar
https://www.facebook.com/share/p/1DebqNpy74/
8👍2👏2
ဖလမ်းမြို့သို့ စစ်ကူတက်လာတဲ့ စစ်ကောင်စီ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်း သေဆုံး

BBM- ဇန်နဝါရီ ၂၇
သတင်း-ကိုအိုက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဗာလုံရွာနဲ့ ဇောင်ကောင်ရွာမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

အဲဒီစစ်ကောင်စီ စစ်ကြောင်းဟာ ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေထံ အင်အားဖြည့်တင်းဖို့ တက်လာတာဖြစ်ပြီး မနေ့က ဇန်နဝါရီလ ၂၆ ရက်မှာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

"စစ်ကြောင်းက ဗာလုံရွာနဲ့ ဇောင်ကောင်ရွာမှာ ရောက်နေပြီ။ အဲစစ်ကြောင်းနဲ့ မနေ့က ချင်းတော်လှန်ရေးတပ်တွေတို့ တိုက်ပွဲဖြစ်ကြတယ်၊ ကြားတာက စကစ ဘက် ၇ ယောက်၊ ၈ ယောက် သေဆုံးတယ်လို့ ပြောတယ်၊ ဒဏ်ရာရတာလည်း အတော်များတယ်လို့ သိရတယ်၊ စစ်ကြောင်းက ရှေ့ဆက်မတိုးနိုင်သေးဘူး၊ ဖလမ်းဘက်မှာရှိတဲ့ စစ်ကောင်စီဆီလည်း မရောက်နိုင်သေးပါဘူး"လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က BBM ကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အထိနာမှုများသွားတဲ့ စစ်ကောင်စီတပ်ဟာ ဗာလုံရွာကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

"စစ်ကောင်စီတပ်က တိုက်ပွဲအပြီး ဗာလုံရွာကို မီးရှို့သွားပါတယ်၊ ရွာထဲက လူနေအိမ်တစ်လုံး မီးလောင်တာ တွေ့တယ်၊ ဘယ်နှစ်လုံးလောက် လောင်သွားလဲဆိုတာ မသိရသေးဘူး၊ ရွာအနားမှာလည်း စစ်ကြောင်းတွေ ရှိနေသေးတယ်၊ အသေးစိတ် ကြည့်မရသေးဘူး၊ ရွာသား စစ်ကြောင်းတွေ မရောက်ခင်ကတည်းက တိမ်းရှောင်နေကြပြီ"လို့ ဖလမ်းမြို့နယ်ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

ဖလမ်းမြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ အထိနာနေသဖြင့် စစ်ကောင်စီတပ်ဟာ အခုလ ဇန်နဝါရီ ၂၀ ရက်မှစတင်ပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ကလေး - သိုင်းငင်းလမ်း အတိုင်း စစ်ကူတွေ ထပ်မံစေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ စစ်ကြောင်းဟာ အင်အား ၃၀၀ ခန့်ပါဝင်ပြီး ၁၂ ဘီးကား ၅ စီး၊ သံပြားကာကား ၃ စီးနဲ့ ဖလမ်းမြို့နယ်၊ ဗာလုံရွာနဲ့ ဇောင်ကောင်ရွာကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ချင်းညီနောင် (CB) ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်ဖို့အတွက် စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှစပြီး ကလေးမြို့မှ စစ်ကြောင်းနှစ်ကြောင်း အင်အား ၁,၀၀၀ ခန့် အသုံးပြုကာ ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းတွေကို ချင်းတော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဟာ ၃ လကျော်ကြာအထိ ဖလမ်းမြို့ကို မရောက်နိုင်သေးပါဘူး။

ပုံစာ-ဖလမ်းမြို့နယ်တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း (ပုံအဟောင်း)
https://www.facebook.com/share/p/14cehB4Z79c/
8👍3👏1
စကစလေကြောင်းတိုက်ခိုက်မှုကြောင့် လယ်ဒိုမြို့မှ အသက်(၇)နှစ်အရွယ်ကလေးသေဆုံးပြီး အခြားကလေးများ ထိခိုက်

BBM - ဇန်နဝါရီလ ၂၇
သတင်း - ကိုဘုဏ်း

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကော်သူးလေ အုပ်ချူပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့မှ အသက်(၇)နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး အခြားကလေး(၃)ဦးထိခိုက်ကာ နေအိမ်(၅)လုံးလည်း ပျက်စီးခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းစစ်ကောင်စီရဲ့တောင်ငူလေတပ်ကနေဂျက်ဖိုက်တာ ၁စီးဟာ လယ်ဒိုမြို့နယ် ကွီးလားကျေးရွာအတွင်းကို ဗုံး ၆ လုံးကျဲချခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လေကြောင်းဗုံးကြဲမူ့ကြောင့် စောအယ်လောလမူး (၇)နှစ် မှာ ဗုံးထိမှန်သေဆုံးခဲ့ပြီး စောအယ်မူးခီး (၁၃)နှစ်၊စောအယ်လဲပွယ်မူး(၁၁)နှစ်၊စောအယ်နားဒိုမူး(၉)နှစ်တို့မှာ ထိခိုက်ဒဏ်ရာရခဲ့ကာ စောအယ်မူးသော၊ နော်ဖော၊ နော်ကပြူ၊ နော်ဝါးလို၊နော်လားဟဲတို့ရဲ့နေအိမ် (၅)လုံးလည်းပျက်စီးခဲ့ရတယ်လို့သိရပါတယ်။

စစ်ကောင်စီအနေနဲ့ ခလယ်လွီထူခရိုင်အတွင်းနေထိုင်တဲ့ အရပ်သားပြည်သူတွေရဲ့ နေထိုင်ရာနေရာများ၊ လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင် များကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး လက်နက်ကြီးများ၊ ဒရုန်းနဲ့ လေယာဥ်များဖြင့် နေ့စဥ်ပစ်ခတ်နေတာကြောင့် ပြည်သူလူထုရဲ့အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးနေရကာ၊ ကလေးသူငယ်များသာမက သက်ကြီးရွယ်အိုများပါမကျန် စိုးရိမ်ကြောက်ရွံ့စွာနဲ့နေနေရတယ်လို့ KNUမှထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-KNU
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်ဆီးသေဆုံးရမှုများ
https://www.facebook.com/share/p/1HUTaf4fjD/
🤬5👍3😭1
အီတလီဆောင်းရာသီအိုလံပစ်ပွဲကို ICE အေးဂျင့်တွေ စေလွှတ်မည်ဟု အမေရိကန်က ဆုံးဖြတ်၊ အီတလီ ဒေါသထွက်

BBM - ဇန်နဝါရီ ၂၈

အမေရိကန်နိုင်ငံ၊ မင်နီယာပိုလစ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ သေဆုံးမှု ၂ခုအတွင်း ပါဝင်ပတ်သက်ခဲ့တဲ့ အမေရိကန်လူဝင်မှုကြီးကြပ်ရေးအေဂျင်စီ(ICE)ကို အီတလီအိုလံပစ်ပွဲတော်ကို လုံခြုံရေးအတွက် စေလွှတ်မယ်လို့ သမ္မတ ထရမ့်က ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ အီတလီမှာ စတင်ကျင်းပမယ့် ဆောင်းရာသီအိုလံပစ်ပွဲတော်အတွင်းကို ICEအဖွဲ့တွေ စေလွှတ်မယ့်အပေါ် အီတလီက ဒေါသထွက်ခဲ့ပါတယ်။

"ICEဆိုတာ သတ်ဖြတ်ဖို့ သွေးဆူနေတဲ့ စစ်သွေးကြွအဖွဲ့ပါ။ မီလန်မှာ သူတို့ကို မကြိုဆိုပါဘူး" လို့ မြို့တော်ဝန် Beppe Sala က ဇန်န၀ါရီလ ၂၇ရက် အင်္ဂါနေ့က အီတလီရေဒီယိုမှာ ပြောကြားခဲ့ပါတယ်။

ICE ပြောရေးဆိုခွင့်ရှိသူက "လုံခြုံရေးဆိုင်ရာလုပ်ငန်း အားလုံးဟာ အီတလီအာဏာပိုင်အောက်မှာသာ ရှိနေပါတယ်"လို့ အလေးပေးပြောကြားခဲ့ပါတယ်။

ရောမမြို့ရှိ အမေရိကန်သံရုံးမှ သတင်းရင်းမြစ်တွေအရ အရင်က အိုလံပစ်ပြိုင်ပွဲတွေမှာ ဖက်ဒရယ်အေဂျင်စီတွေက လုံခြုံရေးယူပေး ခဲ့ကြောင်း အီတလီ မီဒီယာတွေကို ရှင်းပြခဲ့ပြီး အကောက်ခွန်နဲ့ ပြဌာန်းရေးအေဂျင်စီတွေ ပါဝင်ခဲ့ခြင်း ရှိ၊ မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့ ဆိုပါတယ်။

အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့တဲ့ အေဂျင်စီရဲ့ ကြေညာချက်မှာ "ICE ရဲ့ ပြည်တွင်းလုံခြုံရေးစုံစမ်းစစ်ဆေးရေး (HSI) ဟာ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ သံတမန်လုံခြုံရေးဝန်ဆောင်မှုနဲ့ အိမ်ရှင်နိုင်ငံကို နိုင်ငံတကာရာဇဝတ်အဖွဲ့အစည်းတွေမှ အန္တရာယ်တွေကို စစ်ဆေးပြီး လျှော့ချဖို့ ဖြစ်ပါတယ်"လို့ ရှင်းပြထားပါတယ်။

အီတလီပြည်ထဲရေးဝန်ကြီး Matteo Pantedosi က အမေရိကန်လူဝင်မှုကြီးကြပ်ရေးအရာရှိတွေဟာ မီလန်-ကော်တီးနာအိုလံပစ်ကို လာမှာကို အစပိုင်းက သိရှိပုံမရဘဲ ICEအဖွဲ့လာရင်တောင် နိုင်ငံခြားကိုယ်စားလှယ်အဖွဲ့တွေက သူတို့ရဲ့ ကိုယ်ပိုင်လုံခြုံရေးကို ရွေးချယ်နိုင်ကြောင်း ပြောကြားခဲ့ပြီး "ပြဿနာကဘာလဲဆိုတာ ကျွန်တော်မသိသေးပါဘူး၊ ဒါက ပုံမှန်ပါပဲ" လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ မင်နီယာပိုလစ်မှ ထွက်ပေါ်လာတဲ့ ICEရဲ့လုပ်ရပ်တွေကြောင့် အီတလီမှာလည်း အကြမ်းဖက်မှုတွေ လုပ်ဆောင်လာနိုင်ကြောင်း စိုးရိမ်နေကြပါတယ်။

ဇန်နဝါရီလ ၂၄ရက် စနေနေ့မနက်က မင်နီယာပိုလစ်လမ်းတွေပေါ်မှာ Alex Pretti ကို ဖက်ဒရယ်အေးဂျင့်တွေက ပစ်သတ်ပြီးနောက် အီတလီပြည်သူ့ရုပ်သံ Rai မှ သတင်းထောက်နှစ်ဦးဟာ အေဂျင်စီရဲ့ လုပ်ရပ်တွေကို သတင်းယူနေစဉ် ICE အရာရှိတွေရဲ့ ခြိမ်းခြောက်မှုကို ခံခဲ့ရပါတယ်။

Rai TV ရဲ့ အစီရင်ခံစာမှာ ICEအေးဂျင့်တစ်ဦးက ရုပ်သံ ဆက်လက်ရိုက်ကူးနေပါက အဆိုပလ သတင်းထောက်တွေရဲ့ ကားမှန်ကို ခွဲပစ်မယ်လို့ခြိမ်းခြောက်ခဲ့ပါသေးတယ်။

Reference-BBC
Translator-Richard
Photo-BBC
https://www.facebook.com/share/p/17QcTam1cY/
👍11
ပုလောမြို့မှာ KNU တပ်မဟာ ၄ အထူးတပ်ဖွဲ့ က စကစတပ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ Videoထုတ်ပြန်

BBM - ဇန်နဝါရီလ ၂၈
သတင်း - ကိုဘုဏ်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ကို KNU တပ်မဟာ ၄ ရဲ့ အထူးတပ်ဖွဲ့က ဒီဇင်ဘာလအတွင်း ဒရုန်းတိုက်ခိုက်နဲ့တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ပုလောမြို့နယ် တောင်ယာကမ်းရွာလမ်းဆုံ ဂိတ်ကနေစစ်ကောင်စီအင်အား ၃၀ခန့် စစ်ကြောင်းထိုးလာတာကြောင့် လှန်းကျွန်းဝရွာကိုရောက်ချိန်မှာ KNLA ထောင်ထားတဲ့မိုင်းထိပြီး အရာရှိ ၂ဦး သေဆုံးပြီး ‌အခြားအဆင့် ၅ ဦးအပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိူပါတယ်။

ဆက်လက်ပြီး ဒီဇင်ဘာလ ၁၈ရက် နေ့ မှာကျောက်စုရွာမှာရှိတဲ့ စစ်ကောင်စီဂိတ်ကို ဒရုန်းနဲ့ ဗုံးသီး ၁၂လုံးကျဲချတိုက်ခိုက်ခဲ့သလို ဒီဇင်ဘာလ ၂၀ ရက်နေ့မှာလည်း ပုလောမြို့နယ် အမှတ် ၅ဂိတ်ကို ဒရုန်းနဲ့ဆက်လက်တိုက်ခိုက်ခဲ့‌သေးတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်နဲ့၂၃ရက်နေ့တွေမှာလည်း ပုလောမြို့နယ် နန်းတောင် စစ်ကောင်စီစခန်းကုန်း၊တောင်ယာကမ်း စစ်ကောင်စီဂိတ်နဲ့ အမှတ် ၄ဝန်ထမ်းအိမ်ယာဝင်းတွေကို ဒရုန်းနဲ့ဆက်လက်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

နန်းတောင် စစ်ကောင်စီဂိတ်စခန်း၊ ကျောင်စုဂိတ်၊ပုလောမြို့အမှတ် ၇ နဲ့ တောင်ယာကမ်း ဂိတ်တွေကို ဒီဇင်ဘာလ ၂၈ရက်မှာ ဆက်လက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ဦးသေဆံုးခဲ့ တယ်လို့စုံစမ်းသိရှိရပါတယ်။

KNLA Special Force အနေနဲ့ တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး စစ်ကောင်စီနဲ့နီးစပ်တဲ့နေရာများမနေကြဖို့ကိုလည်း အဆိုပါအထူးတပ်ဖွဲ့က ထုတ်ပြန်ကြေငြာထားပါတယ်။

Video- KNU တပ်မဟာ ၄
https://www.facebook.com/share/v/17wc4xqpEp/
9👍4