3.48K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
မြိုင်မြို့နယ်တောင်ဘက်အခြမ်းရှိရွာတွေကို မီးရှို့နေတဲ့ စကစ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်

BBM - ဇန်နဝါရီလ ၂၆
သတင်း - ကိုဘုဏ်း

မကွေးတိုင်း၊ပခုက္ကူခရိုင်၊မြိုင်မြို့နယ်တောင်ဘက်ခြမ်းမှာရှိတဲ့ရွာတွေကို မီးရှို့ ပစ္စည်းခိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ Ayar Daung အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၂၂ရက်နေ့မှာ
မြိုင်မြို့တောင်ဘက် ဘုန်းကံရွာကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကြိုးတန်းရွာကိုရောက်ရှိပြီး ပြည်သူတွေ ပိုင်တဲ့ ပစ္စည်းတွေကို လုယက်ပြီး အဆိုပါရွာမှာ ညအိပ်ခဲ့ကြတယ်လို့ သိရပါတယ်။

မနက်ပိုင်းမှာကြိုးတန်းစွာရှိ ပြည်သူ့နေအိမ်များကို မီးရိူ့ဖျက်ဆီးပြီး ရွာထဲကအထွက်မှာတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မိနစ် ၃၀ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကမ္မရဲစခန်းထဲကိုထွက်ပြေးသွားကြတယ်လို့သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေ အထိအခိုက်အကျဆုံးများကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း
ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုက်ပွဲအပြီးမှာ တော်လှန်ရေးတပ်ပေါင်းစု တွေဘက်က ရဲဘော် ၂ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရခဲ့တယ်လိုလည်းသိရပါတယ်။

အဆိုပါ ကြိုးတန်းရွာက ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်မူ့တွင် ABSDF စစ်ကြောင်း ၃၊ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ကမ္မ တပ်ပေါင်းစု၊မြို့နယ်လုံခြုံရေးအင်အားစုများ(Red Giant - RG)(Hunter Pakokko)(ဗိုလ်မီးတောက်)(YGF လူငယ် ပျောက်ကျားတပ်ဖွဲ့)(Pi PDF)(Tiger Warrier Force)တို့နဲ့အတူ ခရိုင် ပကဖ တပ်ဖွဲ့ ၅ ဧရာဒေါင်းအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း ထုတ်ပြန်ကြေငြာထားပါတယ်။

Video-Ayar Daung အဖွဲ့

#bbmnews #bbm #bbmtv #AyarDaung #myaing #PDF
https://www.facebook.com/share/v/17mf2sbDVv/
5👍4
မုန်းမြို့နယ်မှာ စကစရဲ့လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄ ဦးဒဏ်ရာရ

BBM - ဇန်နဝါရီ ၂၆
သတင်း - ခက်ဆစ်

ပဲခူးတိုင်း၊ မုန်း(မူး)မြို့နယ် အတွင်းသို့ စစ်ကောင်စီက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ်အချို့လည်း ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၂၃ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်မှာ သံဘိုတပ်ရင်းရှိ စစ်ကောင်စီတပ်က မာနီကွင်းအတွင်းသို့ ၆၀ မမ လက်နက်ကြီး ၆ လုံးပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နိုတောတာကျေးရွာနေ နော်ဖောတရာထီး ၂၅ နှစ် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၂၄ ရက်၊ နေ့လယ် ၁၁ နာရီ ၂၆ မိနစ်မှာ တောင်ငူလေတပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာ တစ်စီးဟာ ရေလဲအနောက်ဘက်ကမ်းကျေးရွာအတွင်းသို့ ဗုံး ၄ လုံးကြဲချခဲ့တာကြောင့် ဦးနိုင်ဦး ၅၅ နှစ်၊ ဦးတိုးရွှေ ၇၅ နှစ်၊ မသီသီ ၂၇ နှစ်တို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၃ လုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်မှာလည်း KNU ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်မှာ စစ်ကောင်စီရဲ့ ခလရ ၂၈၄ မှ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ရော်ဘာခြစ်နေတဲ့ အသက် ၄၀ ‌ကျော် အမျိုးသမီး ၁ ဦး ကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

Photo - KNU

#bbmnews #bbm #bbmtv #mone #KNU
https://www.facebook.com/share/p/1HZZWZHY7k/
😡6🔥1😭1
စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲတွေ ပြီးဆုံးပြီးနောက် ကြံခိုင်ရေးပါတီက အပြတ်အသတ် အနိုင်ရရှိဖို့ သေချာနေ

BBM - ဇန်နဝါရီ ၂၆

နိုင်ငံတကာက အတုအယောင်ရွေးကောက်ပွဲလို့ သတ်မှတ်ထားတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အပိုင်း ၃ဟာ ဇန်နဝါရီလ ၂၅ရက်နေ့က ပြီးဆုံးခဲ့ပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ သူတို့နဲ့ ပနံသင့်တဲ့ ပါတီ ၆ ခုသာ လက်ခံယှဉ်ပြိုင်ခိုင်းပြီးတော့ လက်ရှိမှာ ကြံ့‌ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီက အပြတ်အသတ် အနိုင်ရရှိလိမ့်မယ်လို့ လေ့လာသုံးသပ်သူတွေက ခန့်မှန်းထားကြပါတယ်။

လက်ရှိစစ်ကောင်စီတပ်ဟာ ရွေးကောက်ပွဲအပေါ် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို ပယ်ချခဲ့ပြီး လွတ်လပ်ပြီး တရားမျှတတယ်လို့ ဆိုထားပါတယ်။

မြို့ကြီးတွေဖြစ်ကြတဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေ အပါအဝင် မြို့နယ် ၃၃၀ ရဲ့ ၅ ပုံ ၁ပုံခန့်မှာ ရွေးကောက်ပွဲ နောက်ဆုံးအဆင့်ကို ပြုလုပ်ခဲ့ကြပါတယ်။

ရွေးကောက်ပွဲမှာ အဆိုပါ ပါတီ ၆ခုက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်စားလှယ်လောင်းတွေ တင်သွင်းခဲ့ပြီး အခြားပါတီ ၅၁ ခုနဲ့ လွတ်လပ်တဲ့ ကိုယ်စားလှယ်လောင်းတွေက ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

အပိုင်း ၁နဲ့ ၂ကို ဒီဇင်ဘာလ ၂၈ ရက်နဲ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ကျင်းပခဲ့ပြီး စစ်ကောင်စီရဲ့ ကြံ့ခိုင်‌ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကပဲ အပြတ်အသတ် အနိုင်ရရှိခဲ့တယ်လို့ စစ်ကောင်စီဘက်က ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ နောက်ဆုံးကျင်းပခဲ့တဲ့ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲတွေမှာ ကြံ့ခိုင်ရေးပါတီဟာ လွှတ်တော်အမတ်နေရာ ၆% ကိုသာ အနိုင်ရရှိခဲ့ပါတယ်။

နောက်ဆုံးရလဒ်တွေ ကြေညာပြီးနောက် စစ်‌‌ေကာင်စီက သူတို့ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချမှတ်မှာပဲဖြစ်ပါတယ်။

လာမယ့် ၂လအတွင်းမှာ လွှတ်တော်က သမ္မတအသစ်တစ်ဦးကို ရွေးချယ်ဖို့ အစည်းအဝေးကျင်းပမှာဖြစ်ပါတယ်။

အားလုံးက အဆိုပါသမ္မတဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ ဖြစ်လိမ့်မယ်လို့ ပြောဆိုနေကြပါတယ်။

ဒါဟာ အရပ်၀တ်လဲသွားတာသာဖြစ်ပြီး အုပ်ချုပ်တာကတော့ စစ်အဇာဏာရှင်စနစ်ပဲဖြစ်နေမှာပါ။

အခုလိုသမ္မတ ရာထူးရယူရင် စစ်တပ်ထဲမှာ လက်ရှိ သူရယူထားတဲ့ ရာထူးကိုလည်း စွန့်လွှတ်ရမှာပဲ ဖြစ်ပါတယ်။

မင်းအောင်လှိုင်နေရာကို ဆက်ခံမယ့်သူဟာ သူ့ရဲ့လူယုံသစ္စာခံတစ်ဦးဖြစ်မှာ သေချာနေပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ထဲက အရာရှိတွေကိုယ်တိုင်ကလည်း မင်းအောင်လှိုင်ရဲ့ တိုင်းပြည်ကို သမ္မတက်လုပ်ပြီး အုပ်ချုပ်မယ့်အပေါ် အယုံအကြည်မရှိနေကြပါဘူး။

နိုင်ငံရေးနဲ့ပက်သက်လို့ ဝေဖန်မှုတွေ ပိုမိုများပြားလာတာနဲ့အမျှ မြန်မာနိုင်ငံက ဘယ်လမ်းကြောင်းကို ရွေးချယ်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး အစိုးရအတွင်း ပိုမိုကျယ်ပြန့်တဲ့ ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

သို့သော်လည်းပဲ လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ ခြေလှမ်းကတော့ အခုထိအလှမ်းဝေးနေဆဲပဲဖြစ်ပါတယ်။

Reference-BBC
Photo-BBC

#bbmnews #bbm #bbmtv #election #ShamElection
https://www.facebook.com/share/p/1DTb6hDrzN/
😁6
ဘုတလင်မြို့နယ် ပကဖ ရဲဘော် ၁၅၀ ဦးတက်ရောက်တဲ့ မွမ်းမံသင်တန်းဆင်းပွဲ ပြုလုပ်

BBM - ဇန်နဝါရီ ၂၆
သတင်း - ခက်ဆစ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ရဲဘော်ဟောင်းတွေနဲ့ ရဲဘော်သစ်တွေ ၁၅၀ ဦး တက်ရောက်ခဲ့တဲ့ အပတ်စဉ် ၁ မွမ်းမံသင်တန်းကို အောင်မြင်စွာသင်တန်းဆင်းနိုင်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံမှ သိရပါတယ်။

ဘုတလင်မြို့နယ် ရပ်/ရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေကို တော်လှန်ရေးကာလ ၅ နှစ်ဝန်းကျင်ရှိလာတာနဲ့ အမျှ လိုအပ်တဲ့တာဝန်အရပ်ရပ်တို့မှာ ထိရောက်စွာ၊ ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့အတွက် ပထမအကြိမ်အနေနဲ့ မွမ်းမံသင်တန်းပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အပတ်စဉ် (၁)မွမ်းမံသင်တန်းမှာ ရဲဘော်ဟောင်းတွေနဲ့ ရဲဘော်သစ်တွေ စုစုပေါင်း ၁၅၀ ဦးတက်ရောက်ခဲ့တာဖြစ်ပြီး မုံရွာခရိုင်စစ်ဌာနမှ သင်တန်းဆရာတွေနဲ့အတူ ဘုတလင်မြို့နယ် ပကဖ သင်တန်းတာဝန်ခံ ဆရာတွေက ထိရောက်စွာသင်တန်ပေးပြီး အောင်မြင်စွာ သင်တန်းဆင်းနိုင်ခဲ့တယ်လို့ ဘုတလင်မြို့နယ် ပကဖ က အသိပေးထားတာ ဖြစ်ပါတယ်။

Photo - ဘုတလင် ပကဖ

#bbmnews #bbm #bbmtv #butalin #sagaing #PDF
https://www.facebook.com/share/p/1CBmbst3M1/
12
ကပစ ၂၂ အနီးမှာ စကစရဲ့ ပါရာမော်တာ ၁ စီး စက်ချို့ယွင်းပျက်ကျပြီး စကစတပ်သား ၂ ဦး သေဆုံး

BBM - ဇန်နဝါရီ ၂၆
သတင်း - Richard

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ အမှတ် ၂၂ ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ- ၂၂) မှ တက်လာတဲ့ စက်တပ်လေထီး(Paramotor) ၁ စီးဟာ ကပစ ၂၂ အနီးနားမှာ ပျက်ကျသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ National Air Scout ထံက သိရပါတယ်။

ဇန်နဝါရီလ ၂၆ ရက်၊ ဒီနေ့ မနက် ၈ နာရီခန့်မှာ အဆိုပါ ကပစ-၂၂ မှ တက်လာတဲ့ စက်တပ်လေထီး (Paramotor) ၁ စီးဟာ ကပစ ကပစ ၂၂ အနီးရှိ မုန်တိုင်ချောင်း စစ်ကောင်စီတပ်ဂိတ်အနီးမှာ စက်ချို့ယွင်းပြီး ပျက်ကျခဲ့တာပါ။

အဆိုပါ စက်တပ်လေထီး ပျက်ကျမှုအတွင်း မောင်းနှင်သူ ၂ ဦး ထိခိုက်သေဆုံးမှုရှိတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာ ကပစ ၂၂ က စစ်ကောင်စီတပ်သားတွေဟာ စက်တပ်လေထီး ပျက်ကျသွားတဲ့ နေရာကို ရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နို၀င်ဘာလ တတိယပတ်လောက်မှာလည်း မြိုင်နဲ့ ပေါက်မြိုနယ်အစပ်မှာ စစ်ကောင်စီရဲ့ ပါရာ‌မော်တာ တစ်စီးပျက်ကျခဲ့ပါသေးတယ်။

ဓာတ်ပုံ − Social Media

#bbmnews #bbm #bbmtv #Magway #PDF #paramotor
https://www.facebook.com/share/p/1AgkTHaXTL/
5👏3
ICE အဖွဲ့က သူနာပြုတစ်ဦးကို အကြမ်းဖက်သတ်ဖြတ်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေကို အမြန်ဖယ်ရှားဖို့ မင်နီဆိုတာပြည်နယ် အုပ်ချုပ်ရေးမှူး ဝေါ့ဇ် တောင်းဆို

BBM - ဇန်နဝါရီ ၂၆

အမေရိကန်နိုင်ငံ၊ မင်နီဆိုတာပြည်နယ် မင်နီယာပိုလစ်မြို့မှာ ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ သူနာပြုတစ်ဦးကို ICEအဖွဲ့က ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့ပြီးနောက် ဒီမိုကရက်တစ် အုပ်ချုပ်ရေးမှူး တင်ဝေါ့ဇ်က သမ္မတဒေါ်နယ်ထရမ့်ကို “လေ့ကျင့်မထားတဲ့” ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးအေးဂျင့်တွေကို ပြည်နယ်မှ ရုတ်သိမ်းရန် တောင်းဆိုခဲ့ပါတယ်။

ဒါဟာ လူဝင်မှုကြီးကြပ်ရေးနှိမ်နင်းမှုတွေကြောင့် အဆိုပါမြို့မှာ ဒုတိယအကြိမ်မြောက် သေဆုံးမှုပဲဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ICU သူနာပြု အဲလက်စ် ပရက်တီ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ တောင်းဆိုမှုတွေ မြင့်တက်လာတာနဲ့အမျှ ဝေါ့ဇ်က ဇန်နဝါရီလ ၂၅ရက် တနင်္ဂနွေနေ့က သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ထရမ့်ကို တိုက်ရိုက်မေးခွန်းတစ်ခု မေးမြန်းခဲ့ပါတယ်။

"ဒေါ်နယ်ထရမ့်၊ ခင်ဗျားမှာ ဘာအစီအစဉ်ရှိလဲ။ ဘာအစီအစဉ်ရှိလဲ" လို့ ဝေါ့ဇ်က မေးခဲ့ပါတယ်။

"ဒီဖက်ဒရယ်အေးဂျင့်တွေကို ကျွန်တော်တို့ပြည်နယ်ကနေ မောင်းထုတ်ဖို့ ကျွန်တော်တို့ ဘာလုပ်ရမလဲ။ ကြောက်ရွံ့မှု၊ အကြမ်းဖက်မှုနဲ့ ရှုပ်ထွေးမှုတွေက ကျွန်တော်တို့ဆီက ရလိမ့်မယ်လို့ မင်းထင်နေတာလား။ ဒါဆိုရင် ဒီပြည်နယ်နဲ့ နိုင်ငံရဲ့ ပြည်သူတွေကို မင်း လျှော့တွက်ထားတာ ထင်ရှားတယ်။"

"ဒီပြည်နယ်မှာ တရားဥပဒေစိုးမိုးရေးကို ကျွန်တော်တို့ ယုံကြည်တယ်။ ငြိမ်းချမ်းရေးကိုလည်း ယုံကြည်တယ်" လို့ ဝေါ့ဇ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

"ပြီးတော့ ဒေါ်နယ်ထရမ့်ဟာ တခြားလူတစ်ယောက်ကို မသတ်ခင်မှာ ဒီလေ့ကျင့်မထားတဲ့ အေးဂျင့် ၃၀၀၀ ကို မင်နီဆိုတာကနေ ဆွဲထုတ်ဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။"

ဇန်နဝါရီလ ၂၄ရက်စနေနေ့က ဖက်ဒရယ်အေးဂျင့်တွေဟာ မင်နီယာပိုလစ်မြို့ရှိ ရေခဲလမ်းမပေါ်မှာ သူနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် ပရက်တီကို ပစ်သတ်ခဲ့ပြီး၊ အဲ့ဒီနေ့က အသက် ၃၇ နှစ်အရွယ် ကလေး ၃ ယောက်မိခင်နဲ့ အမေရိကန်နိုင်ငံသား ရီနီးဂွတ်ကို လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦးက ပစ်သတ်ခဲ့ပြီး သုံးပတ်မပြည့်မီမှာ အဆိုပါ ဖြစ်ရပ်ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

ဂွတ်သေဆုံးပြီးနောက်မှာ ပရက်တီဟာ အေးဂျင့်တွေကို အန္တရာယ်ပြုဖို့ ရည်ရွယ်ထားကြောင်း ထရမ့်အစိုးရအရာရှိတွေက ပြောဆိုခဲ့ပြီး လက်ကိုင်သေနတ်တစ်လက်ကိုလည်း ပရက်တီကိုယ်မှာ တွေ့ရှိကြောင်း လက်ညှိုးထိုးပြခဲ့ပါတယ်။

Reference - Al Jazeera
Translator - Richard
Photo - Al Jazeera

#bbm #bbmnews #ICE #Trump #UpdateNews
https://www.facebook.com/share/p/18DN8xTXC7/
👍62
MNDAA တပ်ဖွဲ့က တရုတ်ရိုးရာ “တာကျောင်” ပူဇော်ပွဲအတွင်း စစ်ကောင်စီ သုံ့ပန်း ၅၀၀ ပြန်လွှတ်ပေး

BBM - ဇန်နဝါရီ ၂၆
သတင်း - PJ

MNDAA တပ်ဖွဲ့က တရုတ်ရိုးရာ “တာကျောင်” ပူဇော်ပွဲအတွင်း ဇန်နဝါရီလ ၂၅ ရက်နေ့က စစ်ကောင်စီ သုံ့ပန်း ၅၀၀ ပြန်လွှတ်ပေးကြောင်း MNDAA ဘက်က သတင်းထုတ်ပြန်ချက်နဲ့ ဒေသခံတွေဆီက သိရပါတယ်။

“MNDAA ဘက်က သုံ့ပန်း ခဏခဏ လွှတ်ပေးတယ်၊ မယ်ဟန်ကနေ ဆုတ်တုန်းကလည်း အယောက် ၇၀ လောက်လွှတ်ပေးတယ်” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က နယ်မြေညှိနှိုင်း တောင်းဆိုလာတာမျိုးရှိရင် သုံ့ပန်း လွှတ်ပေးပြီး ဖြေသိမ့်ပေးနေတာလား တော့မသိဘူးလို့ သူက ဆက်ပြောပါတယ်။

အထူးဒေသအုပ်ချုပ်ရေး ဥပဒေအရ စီမံခန့်ခွဲမှုတွေကို အကောင်အထည်ဖော်ဖို့နဲ့ လူသားချင်း စာနာထောက်ထားမှု ကိုပြသတဲ့အနေနဲ့ "တာကျောင်" မဟာပူဇော်ပွဲ ကာလအတွင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း MNDAA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ကျင်းပပြုလုပ်သော "တာကျောင် (Da Jiao) မဟာပူဇော်ပွဲ" ဟာ သတ္တမမြောက်နေ့ ဖြစ်တဲ့ ယမန်နေ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ စစ်သုံ့ပန်း (၅၀၀) ဦးကိုပြန်လည်လွှတ်ပေးခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြစ်မှုငယ်ပြီး စာရိတ္တကောင်းမွန်သူ အကျင့်သား ၉ ဦး ကိုလွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သလို အခြားအကျဉ်းသား ၄၉ ဦးကိုလည်း ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြန်လည်လွတ်မြောက်လာသူတွေအနေနဲ့ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ရောက်ကာ ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အတူတကွ ပူးပေါင်းပါဝင်လာစေဖို့ လမ်းညွှန်ပေးလိုက်ခြင်းလည်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“MNDAA က ပူဇော်ပွဲလုပ်နေလို့ ဆိုပြီး ဈေးမှာလည်း သားသတ်ရောင်းတာတွေ မလုပ်ခိုင်းဘူး၊ ဝက်သား၊ အမဲသား၊ ကြက်သား ဘာသားမှ မရောင်းခိုင်းဘူး၊ မသတ်ခိုင်းဘူး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

MNDAA ထိန်းချုပ်ထားတဲ့ အထူးဒေသ ၁ နယ်မြေတွေ အားလုံးမှာ "တာကျောင် (Da Jiao) မဟာပူဇော်ပွဲ" ကာလအတွင်း သားသတ်တာတွေ မလုပ်ခိုင်းသလို သားသတ်လွတ်တွေ စားကြတယ်လို့ သိရကြောင်း သူက ပြောပါတယ်။

တာကျောင် တရားပွဲကို ပြက္ခဒိန် ရီစစ်နှစ် ပထမလဆန်း ၁ ရက်နေ့ဖြစ်တဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က စတင်ကျင်းပခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ဒေသတွင်းပြန်လည်ထူထောင်ရေးနဲ့ တော်လှန်ရေးခရီးကြမ်းမှာ အသက်ပေးလှူသွားကြတဲ့ လက်နက်ကိုင်တော်လှန်ရေး သူရဲကောင်းတွေကို ရည်စူးပြီး တရုတ်ရိုးရာဓလေ့ထုံးတမ်းအရ တာအိုဆရာတော်တွေက တရားစင်ဖွင့်ပြီး ဝိညာဉ်တွေ လမ်းမှန်ရစေဖို့ တရားတော်တွေ ရွတ်ဖတ်ပူဇော်ကြတာဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

Photo - The Kokang

#bbm #bbmnews #MNDAA #စစ်သုံ့ပန်း #dajiao
https://www.facebook.com/share/p/1AR7HC6sLw/
🤬4👎2
ရခိုင်ပြည်နယ် စစ်ဆင်ရေးမှပြန်လာတဲ့ ဗမာ့တပ်တော် ရဲဘော်တွေကို ကြိုဆို၊ ရဲဘော် ၄ ဦးကျဆုံးခဲ့

BBM - ဇန်နဝါရီ ၂၆
သတင်း - ခက်ဆစ်

ရခိုင်ပြည်နယ် စစ်ဆင်ရေးတွေမှာ တစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် နောက်တန်းသို့ ပြန်လာတဲ့ ဗမာ့တပ်တော် BA မှ ရဲဘော်တွေကို ရဲဘော်ရဲဘက်တွေနဲ့ မိသားစုဝင်တွေက ကြိုဆိုခဲ့ကြပြီး စစ်ဆင်ရေးတွေမှာ ရဲဘော် ၄ ဦးကျဆုံးခဲ့တယ်လို့ အဆိုပါတပ်က ယမန်နေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဗမာ့တပ်တော်၊ အမှတ် (၁) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အမှတ် (၁၀၁) တပ်ရင်းမှ အင်အား ၃၀ ဟာ အာရက္ခပြည် ရှေ့တန်းစစ်ဆင်ရေးမှာ တစ်နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ဇန်နဝါရီလ ၂၄ ရက်မှာ နောက်တန်းသို့ ပြန်လည်ရောက်ရှိခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးတွေမှာ ဗမာ့တပ်တော်မှ ရဲဘော် ၄ ဦးကျဆုံးခဲ့ပြီး ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော် ၃ ဦး ရှိခဲ့တယ်လို့ ဗမာ့တပ်တော်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရှေ့တန်းစစ်ဆင်ရေးမှာ ကာလကြာရှည်စွာ တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်တန်းသို့ စုဖွဲ့လေ့ကျင့်ဖို့ ပြန်လည်ရောက်ရှိလာတဲ့ ရဲဘော်တွေကို ရဲ‌ဘော်ရဲဘက်တွေနဲ့ မိသားစုဝင်တွေက ဝမ်းမြောက်ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြတယ်လို့ ဗမာ့တပ်တော်က အသိပေးထားပါတယ်။

Video - Bamar Army

#bbm #bbmnews #BurmaArmy #Rakhine #UpdateNews
https://www.facebook.com/share/v/1aqvQPfthN/
👍9😢1🫡1
အထက်မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စောင့်ကြိုတိုက်ခိုက်ရာ စကစတပ်သား ၄ ဦးသေဆုံး

BBM - ဇန်နဝါရီ ၂၆
သတင်း - ခက်ဆစ်

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေကို စီးနင်းတိုက်ခိုက်ဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြိုတင်သတင်းရသဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၂၆ ရက်၊ နေ့လယ် ၁၂ နာရီခန့်မှာ အထက်မင်းလှမြို့နယ် တောင်ဘက်ခြမ်းရှိ စစ္စနို့ကျေးရွာအတွင်းမှာ စည်းရုံးရေးလုပ်ငန်းတွေ လုပ်‌ဆောင်နေတဲ့ ဗမာပြည်ကာကွယ်ရေးတပ်မှ တပ်ဖွဲ့ဝင်တွေကို စစ္စနို့ကျေးရွာမြောက်ဘက် ၁ ကီလိုမီတာအကွာရှိ လမ်းဆုံဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်က ဒလန်သတင်းပို့တာကြောင့် စီးနင်းတိုက်ခိုက်ဖို့ လာရောက်ချဉ်းကပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို စီးနင်းတိုက်ခိုက်ဖို့ ဂိတ်စခန်းမှ ထွက်လာတာကို ကြိုတင်သတင်းရရှိတာကြောင့် အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ရှေ့ဆုံးမှတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးပြီး အဆိုပါရွာအဝင်မှာ မီတာ ၃၀ ခန့်အကွာ အနီးကပ်တိုက်ပွဲ ၅ မိနစ်ခန့် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

စစ္စနို့ကျေးရွာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအထိ စစ်အုပ်စု ယန္တရားတွေလည်ပတ်နေတဲ့ ကျေးရွာတွေဖြစ်သလို စစ်အုပ်စုကို အားပေးထောက်ခံသူတွေ များပြားတဲ့ဒေသဖြစ်ပြီး လက်ရှိအချိန်မှာ နောက်တိုးအင်အားတွေနဲ့ ရွာအတွင်းမှာ ဝင်ရောက်သောင်းကျန်းနေတဲ့အပြင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အချက်ပေါင်းများစွာ ပစ်ဖောက်လျက်ရှိတယ်လို့ သိရပါတယ်။

Photo - USBA

#bbm #bbmnews ##USBA #အထက်မင်းလှ #UpdateNews
https://www.facebook.com/share/p/1BUwC5JHxQ/
👍73
နတ်မောက်မှာ စစ်ကောင်စီ စစ်ကြောင်းက သားအဖနှစ်ဦးကို သတ်ဖြတ်မီးရှို့

BBM-ဇန်နဝါရီ ၂၆
သတင်း-ကိုအိုက်

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ စမ်းကုန်းရွာမှာ စစ်ကောင်စီ စစ်ကြောင်းက သားအဖနှစ်ဦးကို သတ်ဖြတ်ပြီး မီးရှို့ခဲ့တယ်လို့ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

သတ်ဖြတ်မီးရှို့ခံရတဲ့ သားနှစ်ဦးဟာ စမ်းကုန်းရွာက အသက် ၅၀ ကျော်အရွယ် ဦးစံမောင်နဲ့ သားဖြစ်သူ အသက်၂၁ နှစ်အရွယ် နိုင်လင်းမောင်တို့ ဖြစ်ပါတယ်။

မနေ့က ဇန်နဝါရီ ၂၅ ရက်၊ မနက် ၁၁ နာရီခန့်မှာ စမ်းကုန်းကျေးရွာရဲ့ တောင်ပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ တွေ့ပြီး ဖမ်းဆီးသတ်ဖြတ် မီးရှို့ခံခဲ့ရတာဖြစ်ပါတယ်။

"သားအဖတွေက ရွာထန်းတောမှာ နေတာပါ၊ ရွာထဲမှာ မင်္ဂလာဆောင်သွားရင်း လမ်းမှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ တွေ့ပြီး ဖမ်းဆီးခံရတာပါ၊ ပြီးမှ စစ်ကောင်စီက သူတို့ ထန်းတောထဲကို ခေါ်သွားပြီး သေနတ်နဲ့ ပစ်သတ်ပြီး ထန်းလျက်ဖိုထဲ မီးရှို့ခဲ့တာပါ"လို့ နတ်မောက်ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

ဦးစံမောင်တို့ သားအဖ ဖမ်းဆီးရစဥ် စစ်ကောင်စီက ရွာပတ်လည်မှာ လမ်းပြအဖြစ် လိုက်ပြခိုင်းပြီးမှ ညနေပိုင်းလောက်မှာ သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။

"ဖမ်းဆီးခံရတာနဲ့ သတ်ပစ်သွားတာ မဟုတ်ဘူး၊ စစ်ကောင်စီ စစ်ကြောင်းက သူတို့နှစ်ယောက်ကို ရွာပတ်လည်ကို လိုက်ပြခိုင်းသေးတယ်၊ ညနေ ၃ နာရီလောက်မှာ သူတို့နေတဲ့ တဲကို ခေါ်သွားပြီး ပစ်သတ်သွားတာပါ၊ အလောင်း ကို ထန်လျက်ဖိုမှာ မီးရှို့သွားတဲ့ သဘောပါ"လို့ နတ်မောက် ပကဖ အဖွဲ့ဝင်တစ်ဦးက BBM ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ သတ်ဖြတ်မီးရှို့ခံရတဲ့ ဦးစံမောင်တို့ သားအဖ နှစ်ဦးကို မနေ့က ညနေပိုင်းမှာ ရွာသားတွေက နေ့ချင်း မြေမြှုတ်သင်္ဂြိုဟ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

စမ်းကုန်ရွာထဲ စစ်ကောင်စီ စစ်ကြောင်း ဝင်လာချိန် ရွာသားတွေဟာ ရွာလုံးကျွတ် ထွက်ပြေးကြပေမဲ့ မနေ့က ညနေပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းဟာ ရွာမဘက် ထွက်သွားပြီးနောက် ဒီနေ့မနက်မှာ ရွာသားတွေ ရွာထဲ ပြန်ဝင်လာကြပြီလို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ နတ်မောက် ရွာမတပ်ဘက်က ထွက်လာတဲ့ အင်အား ၄၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

Photo - လူမှုကွန်ယက်
https://www.facebook.com/share/p/16zEnAVKAu/
🤬71
လေကြောင်းဗုံးကြဲခံရလို့ မိဘမဲ့သွားတဲ့ လသားအရွယ် ဒဏ်ရာရကလေး ဆေးကုသဖို့ အကူအညီ လိုအပ်နေ

BBM-ဇန်နဝါရီ ၂၆
သတင်း-PJ

စစ်ကောင်စီရဲ့လေကြောင်းဗုံးကြဲခံရမှုကြောင့် မိဘနှစ်ပါးလုံးသေဆုံးခဲ့ရပြီး မိဘမဲ့နေတဲ့ လသားအရွယ် ဒဏ်ရာရကလေးငယ်အနေနဲ့ ဆေးကုသဖို့ အကူအညီလိုအပ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက် ညနေ ၄ နာရီခွဲလောက်က ဗန်းမော်မြို့ အနောက်ဘက်၊ ဧရာဝတီမြစ်အနောက်ဖက်ကမ်း၊ မံမလင်းကျေးရွာအုပ်စု၊ ထီးလင်း ကောင်ဂျာကျေးရွာက နာရေးအိမ်ကို စကစမှ လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် မိဘမဲ့သွားတဲ့ လသားအရွယ် ဒဏ်ရာရကလေးငယ်ဟာ အခုအခါမှာ ဆေးကုသဖို့ အကူအညီ လိုအပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“မျက်နှာတစ်ခုလုံး လေယာဉ်ဗုံးစ ထိမှန်ထားလို့ မျက်လုံးတွေပါ ယောင်ကိုင်းနေတယ်။ အနာတော့ သိပ်မကျက်သေးဘူး။ ဆေးကုဖို့ အကူအညီက နည်းနည်းလာတယ်။ ဆေးကုဖို့နဲ့ ကလေးအတွက် နို့ဘူး၊ သေးခံတွေကအစ အသုံးအဆောင်တွေ အကူအညီ လိုအပ်နေတယ်” လို့ ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။

ဒဏ်ရာရကလေးက မောင်နှမ ၇ ယောက်ထဲမှာ အငယ်ဆုံးဖြစ်ပြီး လက်ရှိမှာတော့ ၁၅ နှစ်အရွယ် အမက အဲဒီ ဒဏ်ရာရ ကလေးကို ဆေးရုံမှာ လာရောက် စောင့်ရှောက်နေတယ်လို့ သိရပါတယ်။

“မိဘ နှစ်ပါးစလုံးက လေယာဉ်ဗုံးကြောင့် ဆုံးပါးသွားပြီ။ ဒဏ်ရာရသူတွေ အများကြီးထဲမှာ ဒီကလေးက အငယ်ဆုံးပဲ။ ၂ လ ပဲရှိသေးတယ်။ ဒဏ်ရာရ ကလေးရဲ့ အထက်က နှစ်နှစ်အရွယ် ကလေးကိုတောင် မိဘ နှစ်ပါး ဆုံးပါးသွားကြောင်း မပြောပြထားဘူး” လို့ နောက်ထပ် ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

လက်ရှိ အဲဒီလသားအရွယ် ဒဏ်ရာရကလေးအတွက် ဆေးကုသမှုနဲ့ အခြေခံလိုအပ်ချက်တွေကို ဆက်လက်ကူညီပေးဖို့ လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း သိရပါတယ်။

လေယာဉ်ဗုံးကြောင့် ဒေသခံ ပြည်သူ အယောက် ၄၀ ခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ၃၀ ကျော် ဆေးရုံမှာ ဆေးကုသမှု ခံယူနေဆဲဖြစ်ပြီး ၁၈ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ဆေးရုံပို့ချိန်လမ်းမှာနဲ့ ဆေးရုံမှာ ၅ ဦး ထပ်မံ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ထီးလင်း ကောင်ဂျာရွာက နာရေးလုပ်နေတဲ့ နေအိမ်ကို လေယာဉ်နဲ့ ၅၀၀ ပေါင် ဗုံး ၄ လုံး ဖြင့် အကြောင်းမဲ့သက်သ်ြ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video Crd# ဒေသခံ (ပေးပို့)
https://www.facebook.com/share/r/17ngYZGPcN/
😢8🤬4
မင်းဘူးခရိုင်အတွင်း စကစ နဲ့တော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွါးပြီး စကစ ဘက်မှအမြောက်အများသေဆုံး

🟥စကစရဲ့ထောက်ပို့ယာဥ်(၅)စီးကို ဖြတ်တောက်နိုင်ခဲ့ပြီး ခဲယမ်းပစ္စည်းတွေပါရရှိ

BBM-ဇန်နဝါရီ၂၆
သတင်း-မင်းသော်

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း အထိုင်ချနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့တာကြောင့် စကစ အမြောက်အများသေဆုံးပြီး ထောက်ပို့ယာဥ်(၅)စီးကိုလည်းဖြတ်တောက်နိုင်ကာ ခဲယမ်းပစ္စည်းသိမ်းဆည်းရရှိမှုတွေ ရှိတယ်လို့ ဗမာ့တပ်တော်-Bamar Armyရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ကတည်းက မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းက ဆင်ဖြူကျွန်းမြို့နဲ့ နွယ်တမယ်ကျေးရွာတွေမှာ အထိုင်ချနေတဲ့ စစ်စခန်းတွေကို ဗမာ့တပ်တော်နဲ့မဟာမိတ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ ထောက်ပို့ယာဥ်(၅)စီးကို ဖြတ်တောက်နိုင်ခဲ့ပြီး ခဲယမ်းပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ပေမဲ့ စစ်ကောင်စီရဲ့ နေပြည်တော်၊ မိတ္ထီလာ၊ မကွေးလေတပ်တွေမှ Jet Fighter၊ Y-12လေယာဥ်များနဲ့ အဆက်မပြတ်ဗုံးကြဲတာတွေ၊ စလေမြို့အခြေစိုက် ခလရ (၄၁၆)က ဟောင်ဝှစ်ဇာ လက်နက်တွေနဲ့ နေ့စဥ်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ဆင်ရေးအတွင်း စစ်တပ်ဘက်မှ အမြောက်အများထိခိုက်သေဆုံးတာတွေရှိသလို တော်လှန်ရေးအင်အားစုဘက်ကလည်း ဒဏ်ရာရရှိတဲ့ရဲဘော်တွေရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗမာ့တပ်တော်(BA)အနေနဲ့ ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ၁၂ရက်နေ့က ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်၊ ပင်လုံအနှစ်သာရကို လးစားတန်ဖိုးထားတဲ့ ပ်တော်တစ်ခုဖြစ်တယ်လို့လည်း ဗမာ့တပ်တော်မှ ထုတ်ပြန်ကြေငြာထားပါတယ်။

Video-ဗမာ့တပ်တော်
https://www.facebook.com/share/v/182QcGgt7w/
6👍4👏2
မလှိုင်မြို့နယ်အတွင်း ရွေးကောက်ပွဲမကျင်းပနိူင်တဲ့ကျေးရွာတွေကို စစ်တပ်မှ ဗုံးလိုက်ကြဲနေတာကြောင့် ပြည်သူ(၁)ဦးသေဆုံး

🟥ရွေးကောက်ပွဲမတိုင်မှီကတည်းက စစ်ရေးတင်းမာနေပြီး နေ့စဥ်

BBM-ဇန်နဝါရီ၂၆
သတင်း-မင်းသော်

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်အတွင်းက ရွေး ကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီမှ ဗုံးလိုက်ကြဲနေတာကြောင့် ဒေသခံတွေထွက်ပြေးနေရပြီး ပြည်သူ(၁)ဦးလည်း သေဆုံးထားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ စစ်ကောင်စီရဲ့ နောက်ဆုံးအသုတ်ရွေးကောက်ပွဲကို မလှိုင်မြို့နယ်အတွင်းမှာလည်း ကျင်းပဖို့ရှိတာကြောင့် စစ်ကောင်စီအနေနဲ့ ဇန်နဝါရီလ၁၆ရက် နေ့ကတည်းက ရဲအင်အားအမြောက်အများကို မလှိုင်မြို့နယ်အတွင်းပို့ဆောင်ကာ လုံခြုံရေးတိုးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမတိုင်မီ ဇန်နဝါရီလ၂၃ ရက်နေ့ကတည်းက မလှိုင်မြို့နယ်အတွင်း တော်လှန်ရေးအားကောင်းရာဒေသတွေကို မိတ္ထီလာလေတပ်မှတဆင့် Y-8၊ Mi-35၊ စက်တပ်
လေထီးများနဲ့ အမြဲမပြတ်ကင်းထောက်ပျံသန်းတာတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဇန်နဝါရီလ ၂၅ရက်နေ့ ရွေးကောက်ပွဲကျင်းပပြီးစီးချိန်မှာတော့ မလှိုင်မြို့နယ်အတွင်းက ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ ဒေသတွေကို လေကြောင်းဗုံးကြဲမှုတွေ စတင်လုပ်ဆောင်ခဲ့တာကြောင့် ပြည်သူ၁ဦး သေဆုံးပြီး ၊ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပြည်သူတစ်ဦးမှ BBM ကိုပြောပါတယ်။

"မလှိုင်မြို့နယ်ထဲက ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ဒေသတွေကို ၂၅ရက်နေ့ ညနေ၅နာရီအကျော်လောက်ကစပြီး မိတ္ထီလာလေတပ်ကနေ ပါရာမော်တာ(၂)စီးနဲ့ ဗုံးလိုက်ကြဲပါတယ်၊ ပြည်သူ(၁)ဦးသေပြီး (၂)ဦးတော့ထိထားတယ်၊ ရွာတွေတော်တော်များများကတော့ စိုးရိမ်လို့ရှောင်နေကြပါတယ်"

ဒါ့အပြင် မလှိုင်မြို့နယ်အတွင်း ရွေးကောက်ပွဲမတိုင်ခင်ကတည်းက စစ်ရေးအခြေအနေတင်းမာမှုတွေရှိခဲ့ပြီး ရွေးကောက်ပွဲကျင်းပတဲ့ရက်မှာလည်း မြို့ပေါ်အနီးက ထန်းတောမဲရုံမှာ ပေါက်ကွဲမှုဖြစ်ပြီး Non-CDM တစ်ဦး ထိခိုက်မှုရှိတယ်လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။

"ရွေးကောက်ပွဲနေ့ကလည်း ထန်းတောမဲရုံမှာ ပေါက်ကွဲမှုဖြစ်ပြီး Non-CDM တစ်ယောက်ထိသွားတယ်၊ အဲ့တာပြီးတာနဲ့ မြို့ပတ်လည်ကို လုံခြုံရေးတိုးပြီး ရွေးကောက်ပွဲပြီးအောင် ဒီကောင်တွေကျင်းပသွားရတယ်"

မလှိုင်မြို့နယ်ဟာ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးတပ်ရင်းတွေ၊ အထိုင်တပ်တွေသာမက လေတပ်ဌာနချုပ်ပါရှိတဲ့ မိတ္ထီလာမြို့နယ်နဲ့ကပ်ရက်ဖြစ်ပေမဲ့လည်း ရွေးကောက်ပွဲကိုတော့ မြို့ပေါ်နဲ့ မိတ္ထီလာ-မလှိုင်ကြားက ကျေးရွာတွေမှာသာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။

Photo-ပုံဟောင်း
https://www.facebook.com/share/p/17oizTee2v/
🤬91👎1
စစ်ကောင်စီဟာ လေယာဉ်လောင်စာဆီအတွက် ‘တစ္ဆေသင်္ဘော‌တွေ’ကို အသုံးပြုနေကြောင်း Amnesty ပြောကြား

BBM - ဇန်နဝါရီ ၂၇

စစ်ကောင်စီတပ်ဟာ ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယားနိုင်တို့လို အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်တဲ့ နည်းဗျူဟာတွေကို လက်ခံကျင့်သုံးခဲ့ပုံရပြီး မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေအတွက် အသုံးပြုတဲ့ လေယာဉ်လောင်စာဆီရင်းမြစ်တွေကို
ရရှိဖို့ တစ္ဆေသင်္ဘောတွေကို အသုံးပြုခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ Amnesty International က ဇန်နဝါရီလ ၂၆ရက် တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

လန်ဒန်အခြေစိုက် အဆိုပါအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအရ ကုန်သွယ်ရေး၊ သင်္ဘောပို့ဆောင်ရေး၊ ဂြိုဟ်တုနဲ့ ဆိပ်ကမ်းအာဏာပိုင်ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာချက်အရ စစ်ကောင်စီတပ်ဟာ AIS တည်နေရာခြေရာခံရေဒီယိုတွေကို ရှောင်ရှားနိုင်တဲ့ “တစ္ဆေသင်္ဘောတွေ” မှတစ်ဆင့် လေယာဉ်လောင်စာဆီ တင်သွင်းနေကြောင်း ညွှန်ပြနေတယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ်တုန်းက မြန်မာနိုင်ငံဟာ လေယာဉ်လောင်စာဆီ တန်ချိန် ၁သိန်း ၉ထောင် ကျော် တင်သွင်းခဲ့ပြီး လွန်ခဲ့တဲ့ နှစ်တွေထက် ၆၉% တိုးလာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒါဟာ ၂၀၂၁ ခုနှစ်မှာ စစ်ကောင်စီတပ်က ပြည်သူလူထု ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်စုကြည်ရဲ့ အစိုးရကို ဖြုတ်ချပြီးနောက်ပိုင်း အမြင့်ဆုံးပမာဏဖြစ်ကြောင်း Amnesty ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“အာဏာသိမ်းပြီး ငါးနှစ်အကြာမှာတော့ မြန်မာစစ်အစိုးရဟာ ပိတ်ဆို့မှုတွေကို ဆက်လက်ရှောင်လွှဲနေပြီး အရပ်သားတွေကို ဗုံးကြဲဖို့ အသုံးပြုတဲ့ ဂျက်လေယာဉ်လောင်စာဆီတွေကို တင်သွင်းဖို့ နည်းလမ်းသစ်တွေကို ရှာဖွေနေဆဲဖြစ်ကြောင်း ကျွန်တော်တို့ရဲ့ ခွဲခြမ်းစိတ်ဖြာမှုက ပြသနေပါတယ်။ ၂၀၂၁ ခုနှစ်မှာ စစ်အစိုးရ အာဏာသိမ်းပြီးကတည်းက ၂၀၂၅ ခုနှစ်ဟာ လေကြောင်းတိုက်ခိုက်မှု အများဆုံးနှစ်ဖြစ်ခဲ့ပြီး အသေအပျောက်အများဆုံးနှစ် ဖြစ်ပါတယ်” လို့ Amnestyရဲ့ ဒေသဆိုင်ရာ သုတေသနဒါရိုက်တာ Montse Ferrer က ပြောကြားခဲ့ပါတယ်။

မြန်မာစစ်အစိုးရကို ဆန့်ကျင်သူတွေက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ထိန်းချုပ်ဖို့အတွက် လေယာဉ်လောင်စာဆီထောက်ပံ့မှုကို ဖြတ်တောက်ဝာာဟာ အရေးကြီးကြောင်း ဖော်ပြခဲ့ကြပြီး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အရပ်သား သေဆုံးခဲ့တဲ့ အရေအတွက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒါပေမဲဘယ့ စစ်တပ်အာဏာ သိမ်းမှုကြောင့် တစ်နိုင်ငံလုံး ခုခံမှုတွေ ဖြစ်ပေါ်စေခဲ့ပြီးနောက်ပိုင်း အရပ်သား ၇၇၀၀ ကျော်ဟာ စစ်ကောင်စီတပ်လက်ချက်နဲ့ သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ အကူအညီပေးရေးအသင်းရဲ့ အဆိုအရ သိရပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့ ဦးဆောင်ပြီး စစ်ကောင်စီတပ်ကို ပိတ်ဆို့ဒဏ်ခတ်အရေးယူခဲ့တာတွေဟာ လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်ရာမှာ ထိရောက်မှု မရှိခဲ့ဘဲ ပြည်သူတွေမှာလည်း ထိရောက်တဲ့ ခုခံကာကွယ်မှု မရှိခဲ့ကြောင်း Amnesty ရဲ့ အဆိုအရ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ အဓိကမဟာမိတ်တွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်နိုင်ငံမှ လက်နက်တွေ၊နည်းဗျူဟာတွေ ထောက်ပံ့ပေးလျက်ရှိနေပါတယ်။

၂၀၂၄ ခုနှစ်လယ်ပိုင်းမှ ၂၀၂၅ ခုနှစ်ကုန်အထိ သင်္ဘော ၄စင်းနဲ့ မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့မှု အနည်းဆုံး ၉ ကြိမ် ပို့ဆောင်ခဲ့ကြောင်း Amnesty က အတည်ပြုခဲ့ပြီး၊ အဆိုပါကာလအတွင်း လေယာဉ်ဆီတွေ မြန်မာနိုင်ငံကို
ဘယ်လို၀င်ရောက်လာတယ်ဆိုတာကို ဖော်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တင်သွင်းတဲ့နည်းလမ်းတွေကတော့ AIS ရေဒီယိုတွေကို ပိတ်ထားတာ ဒါမှမဟုတ် မှားယွင်းတဲ့ တည်နေရာတွေကို ပြသတဲ့ တစ္ဆေသင်္ဘောတွေကို အသုံးပြုခြင်း၊
သ‌ေင်္ဘာရဲ့ အမည်၊ အလံ ဒါမှမဟုတ် ပိုင်ဆိုင်မှုတွေကို အကြိမ်ကြိမ်ပြောင်းလဲပြီး
သင်္ဘောတစ်ခုမှ သင်္ဘောကိုသာ လောင်စာဆီလွှဲပြောင်းတဲ့စနစ်တွေကျင့်သုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ Amnesty အစီရင်ခံစာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ချက်ချင်းတုံ့ပြန်တာမျိုး မရှိသေးပါဘူး။

၂၀၂၂ ခုနှစ်မှာ အီရန်၊ ဗင်နီဇွဲလားနဲ့ အထူးသဖြင့် ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုကြောင့် ပိတ်ဆို့မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ရုရှားအပါအဝင် ရေနံတင်ပို့သူတွေဟာ အဆိုပါ နည်းဗျူဟာတွေကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။

ရေနံတင်သွင်းသူ မြောက်ကိုရီးယားကလည်း “အရိပ်သင်္ဘောအုပ်စု” လို့ လူသိများတဲ့ တစ္ဆေသင်္ဘောတွေကို အသုံးပြုနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

လေယာဉ်လောင်စာဆီ တင်ပို့သူ ဒါမှမဟုတ် မူလရ်ုးမြစ်ကို အတည်မပြုနိုင်ကြောင်း Amnesty က ဝန်ခံခဲ့ပေမဲ့ ရှောင်လွှဲရေးနည်းဗျူဟာတွေဟာ “အီရန်မှ ခွင့်ပြုထားတဲ့ လောင်စာဆီတွေကို ရွှေ့ပြောင်းတဲ့ ရေနံတင်သင်္ဘောတွေ အသုံးပြုလေ့ရှိတဲ့ နည်းလမ်းတွေနဲ့ ထပ်တူကျနေတယ်”လို့ ပြောကြားခဲ့ပါတယ်။
🤬7👍21
နောက်ထပ် အရပ်သားတွေ ထိခိုက်မှုကို ကာကွယ်ဖို့အတွက် လေကြောင်းလောင်စာဆီတွေကို မြန်မာနိုင်ငံကို တင်ပို့တာ ပိတ်ပင်ဖို့နဲ့ ထောက်ပံ့ရေးကွင်းဆက်မှာ ပါဝင်ပတ်သက်တဲ့ ကုမ္ပဏီအားလုံးကို ရုပ်သိမ်းဖို့ Amnesty အဖွဲ့က တောင်းဆိုထားပါတယ်။

၂၀၂၂ ခုနှစ်မှ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်ခုမှာ စင်ကာပူနဲ့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံတကာကုမ္ပဏီတွေက မြန်မာနိုင်ငံကို လေကြောင်းလောင်စာဆီ တင်ပို့တဲ့ ထောက်ပံ့ရေးကွင်းဆက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ထောက်ပံ့ရေးကွင်းဆက်ရဲ့ အစိတ်အပိုင်းတွေအပေါ် ပိတ်ဆို့မှုတွေ ချမှတ်ပြီးနောက် “လောင်စာဆီရဲ့ မူလအစကို ဖုံးကွယ်ဖို့ ကြားထဲမှာ အကြိမ်ပေါင်းများစွာ ပြန်လည်ရောင်းချခဲ့ကြပါတယ်။ ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ် အစောပိုင်းမှာ တင်ပို့မှု အနည်းဆုံး ၉ ခုဟာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး အများစုမှာ ဗီယက်နမ်သိုလှောင်ရုံတစ်ခုမှတစ်ဆင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့မှုတွေကို ရှောင်ရှားတဲ့ နည်းဗျူဟာတွေကို ဖော်ပြနေတယ်” လို့ Amnestyက ပြောကြားခဲ့ပါတယ်။

Reference-AP News
Translator-Richard
Photo-PBC

#bbmnews #bbm #bbmtv #russia #Iren #NorthKorea #interantionalnews
https://www.facebook.com/share/p/16k3GKkHtP/
4👍3
မီးရှူးမီးပန်း‌တွေကြောင့် ဘန်‌ကောက်ရှိ ဘူမိဘောတံတား ပျက်စီးဆုံးရှုံးမှုမှာ ဘတ် ၁၅ သန်းအောက်သာရှိ

BBM - ဇန်နဝါရီ ၂၇

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ မီးရှူးမီးပန်းတွေနဲ့ ကစားနေတဲ့ ယောက်ျားလေးတွေကြောင့် ဘူမိဘောတံတားရဲ့ ကွန်ကရစ်တိုင်တစ်တိုင်မှာ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုဟာ ဘတ် ၁၅ သန်းထက်မပိုကြောင်း ကျေးလက်လမ်းဦးစီးဌာန (DRR) က ဇန်န၀ါရီလ ၂၆ရက် တနင်္လာနေ့မှာ ပြောပါတယ်။

သတင်းတွေအရ ယောက်ျားလေးတွေရဲ့ မိဘတွေဟာ ပြုပြင်စရိတ်ကို ကာမိဖို့ ဘတ် ၁၅ သန်းအထိ ပေးဆောင်ရမှာဖြစ်ပြီး အဲဒီထဲမှာ တန် ၃၀ လေးလံတဲ့ ကရိန်းအတွက် နေ့စဉ်ငှားရမ်းခ ဘတ် ၁၃၀၀၀ လည်း ပါဝင်ပါတယ်။

DRR က ပျက်စီးဆုံးရှုံးမှု အကဲဖြတ်ချက်တွေ မပြီးပြတ်သေးပေမဲ့ လူမှုမီဒီယာမှာ ပျံ့နေတဲ့ ကိန်းဂဏန်းတွေလောက် မြင့်မားမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

“အစီရင်ခံစာတွေမှာ တင်ပြထားတဲ့ အချက်အလက်တွေဟာ ကောလာဟလတွေကိုသာ အခြေခံထားပြီး သက်ဆိုင်ရာ တရားဝင်အေဂျင်စီတစ်ခုခုမှ အတည်ပြုတာ ဒါမှမဟုတ် အခြားနည်းနဲ့ အတည်ပြုထားတာမျိုး မရှိသေးပါဘူး” လို့ DRR က တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီလ ၁၅ ရက်နေ့ညက စမွတ်ပရာကန်ပြည်နယ်၊ ဖရာပရာဒိန်းခရိုင်ရှိ ကျောက်ဖရားမြစ်ကိုဖြတ်ဆောက်ထားတဲ့ တံတားရဲ့ ဖူးချောင်ဆမင်းဖရိုင်းဘက်ခြမ်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တာပါ။။

မီးတောက်တွေသာ တံတားအုတ်မြစ်တိုင်နဲ့ တွဲထားတဲ့ HDPE ရေနုတ်မြောင်းပိုက်တစ်ခုပေါ်ကို မီတာ ၅၀ ခန့်အထိ မြင့်တက်ခဲ့ပါတယ်။

ဆမ်ရောင်တိုင်ရဲစခန်းမှ ရဲတွေက အဆိုပါ မီးလောင်မှုဟာ အသက် ၁၁ နှစ်အရွယ် ယောက်ျားလေးတစ်စု တံတားအောက်မှာ မီးရှူးမီးပန်းတွေနဲ့ ကစားတာကြောင့် ဖြစ်ပွားခဲ့ကြောင်း ကောက်ချက်ချခဲ့ပါတယ်။

DRRရဲ့ ကနဦးအင်ဂျင်နီယာစစ်ဆေးမှုများအရ တံတားတိုင်ကွန်ကရစ်တွေဟာ မျက်နှာပြင်ပျက်စီးမှုကိုသာ ညွှန်ပြနေကြောင်း ပြောကြားခဲ့ပါတယ်။

တံတားတိုင် အတွင်းပိုင်းကတော့ ဖိအားကို ခံနိုင်ရည်ရှိနေပြီး “ပြည်သူ လူထု‌အနေနဲ့ ထိခိုက်မှုမရှိဘဲ ဘေးကင်းစွာအသုံးပြုနိုင်ပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် “ပြုပြင်ရေးလုပ်ငန်းကို အင်ဂျင်နီယာစံနှုန်းတွေနဲ့အညီ အမြန်ဆုံးလုပ်ဆောင်သွားမယ်” လို့ DDRက ပြောကြားခဲ့ပါတယ်။

Reference-The Bangkok Post
Translator-Richard

#bbmnews #bbm #bbmtv #thailand #InternationalNews
https://www.facebook.com/share/p/1HetH7rCjQ/
👍11