3.48K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
မင်နီယာပိုလစ်မှာ အမေရိကန် ဖက်ဒရယ်အေးဂျင့်တွေက နောက်ထပ်လူတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးပြောကြား

BBM - ဇန်နဝါရီ ၂၅

အမေရိကန်နိုင်ငံ၊ မင်နီဆိုယာပိုလစ်မှာ လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုတွေ ပြုလုပ်နေစဉ်အတွင်း ဖက်ဒရယ်အေးဂျင့်တွေက နောက်ထပ်လူတစ်ဦးကို ပစ်ခတ်ခဲ့ကြောင်း မင်နီဆိုတာပြည်နယ် အုပ်ချုပ်ရေးမှူး တင်ဝေါ့ဇ်က ပြောကြားခဲ့ပါတယ်။

အမေရိကန်လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ အခြားဖက်ဒရယ်အေးဂျင့်တွေက မင်နီဆိုတာပြည်နယ်ကို ရက်သတ္တပတ်များစွာကြာ စစ်ဆေးမှုတွေလုပ်ဆောင်စဉ် ဖြစ်ပွားခဲ့တဲ့ “ထိတ်လန့်ဖွယ်ပစ်ခတ်မှု” ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါကိစ္စကို အိမ်ဖြူတော်နဲ့ စကားပြောဆိုခဲ့ကြောင်း ဇန်နဝါရီလ ၂၄ရက် စနေနေ့မှာ ဝေါ့ဇ်က ပြောကြားခဲ့ပါတယ်။

“မင်နီဆိုတာမှာ ကြုံခဲ့ရတယ်။ ဒါက စက်ဆုပ်ရွံရှာဖွယ်ကောင်းတယ်။ သမ္မတက ဒီစစ်ဆင်ရေးကို အဆုံးသတ်ရမယ်။ အကြမ်းဖက်တဲ့ ရဲအရာရှိထောင်ပေါင်းများစွာကို မင်နီဆိုတာကနေ ဆုတ်ခွာခိုင်းရမယ်။ အခုချင်ချင်းပဲ” လို့ ဝေါ့ဇ် က လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။

စနေနေ့က ပစ်ခတ်မှုရဲ့ တိကျတဲ့အခြေအနေတွေအပြင် ပစ်ခတ်ခံရသူရဲ့ အထောက်အထားနဲ့ အခြေအနေကို ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လူမှုမီဒီယာမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုမှတ်တမ်းတွေအရ အမေရိကန် ဥပဒေစိုးမိုးရေးအရာရှိအဖွဲ့တစ်ဖွဲ့ဟာ သေနတ်သံတွေ မကြားခင် လူတစ်ယောက်ကို မြေပြင်ပေါ် လဲကျအောင် နှောင့်ယှက်နေတာကို တွေ့ရပါတယ်။

ဒီပစ်ခတ်မှုဟာ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန (ICE) ရဲ့ အရာရှိတစ်ဦးက ဒီလအစောပိုင်းက မင်နီယာပိုလစ်မြို့က Renee Nicole Good ဆိုတဲ့ အမျိုးသမီးတစ်ဦးကို သူမရဲ့ကားထဲမှာ ပစ်ခတ်သတ်ဖြတ်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ ဖြစ်ပွားခဲ့တာပါ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ သူ့ရဲ့အစိုးရအဖွဲ့ရဲ့ အကြီးတန်းအဖွဲ့ဝင်တွေဟာ နိုင်ငံရဲ့သမိုင်းမှာ အကြီးမားဆုံး နှင်ထုတ်မှုစစ်ဆင်ရေးကို ဆောင်ရွက်ဖို့ ICE နဲ့ တခြားဖက်ဒရယ်အရာရှိတွေကို မင်နီယာပိုလစ်မြို့ကို စေလွှတ်ဖို့ အကြောင်းပြချက်ပေးခဲ့ကြပါတယ်။

ဒါပေမယ့် ဒေသခံတွေနဲ့ ရွေးကောက်ခံအရာရှိတွေက ထရမ့်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးဆန့်ကျင်ရေးမူဝါဒတွေအတွက် ရှုတ်ချခဲ့ပြီး သူတို့ရဲ့လမ်းတွေပေါ်မှာ လက်နက်ကိုင်ရဲအရာရှိတွေ ရှိနေတာက လူတွေကို ပိုလုံခြုံစေမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

မင်နီဆိုတာပြည်နယ်ကိုယ်စားပြု ဒီမိုကရက်တစ်အမေရိကန်အထက်လွှတ်တော်အမတ် အေမီ ကလိုဘူချာက စနေနေ့က ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အချက်အလက်တွေ ပိုမိုရရှိဖို့ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။

“ ထရမ့်အစိုးရနဲ့ ကွန်ဂရက်လွှတ်တော်ရှိ ရီပတ်ဘလီကန်အမတ်‌ေတွအ‌ေနနဲ့- ICE ကို ကျွန်မတို့ပြည်နယ်မှ အခုပင် ထွက်ခွာသွားစေပါ” လို့ သူမက X မှာ ရေးသားခဲ့ပါတယ်။

မင်နီယာပိုလစ်မြို့ကလည်း ဖြစ်ပျက်ခဲ့တဲ့ အရာတွေနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို စုဆောင်းဖို့ လုပ်ဆောင်နေစဉ် ဒေသခံတွေကို “စိတ်အေးအေးထားဖို့နဲ့ အခင်းဖြစ်ပွားရာနေရာကနေ ရှောင်ရှားဖို့” တိုက်တွန်းခဲ့ပါတယ်။

Reference-Al Jazeera
Translator-Richard
Photo-Al Jazeera

#bbmnews #bbm #bbmtv #USA #propaganda #InternationalNews
https://www.facebook.com/share/p/18AjvoUdCV/
👎7👍21
ရန်ကုန်မှာ ရွေးကောက်ပွဲဆန့်ကျင်ကန့်ကွက်ကြောင်း Bluetooth Speaker ဖွင့်ပြီး ဆန္ဒထုတ်ဖော်

BBM - ဇန်နဝါရီ ၂၅
သတင်း - ခက်ဆစ်

ရန်ကုန်မြို့ရှိ လူစည်းကားရာ နေရာမှာ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း Bluetooth Speaker ဖွင့်ပြီး လူထုအသံ အစစ်အမှန်ကို ထုတ်ဖော်တဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ယမန်နေ့ ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

အတုအယောင် ရွေးကောက်ပွဲကို လူထုက လုံးဝဆန့်ကျင်ကန့်ကွက်ကြောင်း၊ လက်မခံကြောင်းကို ဆိတ်သုဉ်းနေတဲ့ လူထုအသံနဲ့ လူထုဆန္ဒ အစစ်အမှန်ကို ရန်ကုန်မြို့ပြ လူစည်ကားတဲ့နေရာမှာ Bluetooth Box ဖွင့်ပြီး စမ်းချောင်းပင်မသပိတ်စစ်ကြောင်းနဲ့ ရန်ကုန်ပြည်သူလူထုက အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး People’s Voices Action လူထုလှုပ်ရှားမှုနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကို လူထုက လုံးဝမယုံကြည်၊ လက်မခံသော်လည်း ပြည်တွင်းမှာ စစ်တပ်က ပြည်သူတွေကို ခြိမ်းခြောက်တာ၊ ဖမ်းစီးတာနဲ့ စစ်ကြောရေးသို့ပို့ဆောင်ပြီး သတ်ဖြတ်တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ပြီး ပြည်သူတွေကို ဖိနှိပ်လျက်ရှိတာကြောင့် လူထုရဲ့ ဆန္ဒအမှန်နဲ့ လူထုအသံတို့ဟာ ဆိတ်သုဉ်းနေတယ်လို့ အသိပေးထားပါတယ်။

စစ်အုပ်စုဟာ လူထုကို အကျပ်ကိုင်ခြိမ်းခြောက်တာအပြင် ကြိုတင်မဲတွေနဲ့ မဲလိမ်မဲခိုးတာ၊ စစ်တပ်လက်ပါးစေ ရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း အကျင့်ပျက်ခြစားမှု၊ တရားမဝင် နည်းလမ်းမျိုးစုံနဲ့ အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ပြီး အာဏာထပ်မံသိမ်းယူဖို့ ကြိုးပမ်းနေခြင်းဖြစ်တယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက အသိပေးထုတ်ပြန်ထားပါတယ်။

Video - စမ်းချောင်းပင်မသပိတ်စစ်ကြောင်း

#bbmnews #bbm #bbmtv #election #sanchaung
https://www.facebook.com/share/v/16tTYcv5Ra/
👍6👏3
မွန်တောင်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းထိုးနေသဖြင့် ဒေသခံတွေ ဥယျာဉ်ခြံသွားလာဖို့ အခက်ကြုံနေ

BBM - ဇန်နဝါရီ ၂၅
သတင်း - မင်းဟန်

မွန်ပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ ဥယျာဉ်ခြံသွားလာဖို့ ခက်ခဲနေတဲ့အပြင် ဖမ်းဆီးခံရသူတွေလည်း ရှိနေတယ်လို့ ရော်ဘာခြံပိုင်ရှင်တွေနဲ့ ခြံလုပ်သားတွေက ပြောပါတယ်။

အခုနှစ်အစပိုင်းမှာ ရွေးကောက်ပွဲအကြောင်းပြပြီး အင်အားထောင်ချီ အသုံးပြုထားတဲ့ စစ်ကောင်စီတပ်ဟာ မော်လမြိုင်-ရေး အမှတ်(၈)ပြည်ထောင်စုလမ်းပိုင်းအပါအဝင် သံဖြူဇရပ်၊ ရေး၊ မုဒုံ၊ ကျိုက်မရောမြို့နယ်အတွင်း ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတာပါ။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံတွေအပါအဝင် ဥယျာဉ်ခြံလုပ်ငန်းမှာ အလုပ်လုပ်နေသူတွေကိုပါ မကျန် ဖမ်းဆီးနေတဲ့အတွက် ဥယျာဉ်ခြံလုပ်ငန်းခွင်သွားလာဖို့ အခက်ကြုံနေရတယ်လို့ သံဖြူဇရပ်မြို့နယ်မှ ရော်ဘာခြံပိုင်ရှင်တဦးက BBM ကို ပြောပါတယ်။

“ရွာတွေ ရှိတဲ့ဘက်ကို ဝင်လာတယ်၊ ပြီးတော့ ခြံထဲမှာ ကင်းပုန်းချလိုက်တော့ ဒီအလုပ်သမားတွေ ဘယ်လိုမှ ခြံထဲမသွားရဲတော့ဘူး၊ ဒီအချိန်က ရာဘာဆို ခြစ်နေရတဲ့ကာလ၊ အများကြီးပါပဲ၊ ဒုက္ခတွေ ရောက်ကြတာပေါ့” လို့ ပြောပါတယ်။

ယခုကာလဟာ ရော်ဘာအစေးခြစ်တဲ့ရာသီဖြစ်နေပေမဲ့ အခုလို စစ်တပ်စစ်ကြောင်းထိုးပြီး ခြံထဲ တပ်စွဲနေတဲ့ အတွက် လုပ်ငန်းအတွက် သက်ရောက်မှု ကြီးမားတယ်လို့ သူက ဆက်ပြောပါတယ်။

တဖက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်ကြောင်းထိုးရာ လမ်းတလျှောက်မှာ တွေ့ရှိသူမှန်သမျှကို ဖမ်းဆီးမှုများ ပြုလုပ်နေသလို အချို့ဆို စစ်ကြောင်းနဲ့အတူ ပေါ်တာဆွဲခံရတာ ရှိနေတယ်လို့ ဆိုပါတယ်။

“ဒီရေးနယ်တခွင်ဆို သူတို့(စစ်တပ်)ဝင်ပြီဆို ခြံထဲရော၊ ရွာကလူတွေရော ရှောင်ပြေးပြီး ဘယ်မှ မသွားရဲ မလာရဲ ဖြစ်ကုန်တယ်၊ သူတို့က ဖမ်းပြီး ပြန်မလွတ်ဘူး၊ ငွေတောင်းမယ်၊ မရရင် ပေါ်တာဆွဲသွားမယ်၊ ဒီတလောတောင် ရေးမှာ ဖမ်းခံရတာ ရှိတယ်” လို့ ရေးမြို့နယ် မော့ကနင်ကျေးရွာအနီးတဝိုက်မှာ ရော်ဘာအစေးခြစ်ခဲ့ဖူးသူတဦးက ပြောပါတယ်။

အဲဒီဖမ်းဆီးခံရတဲ့သူတွေထဲက လူငယ်ဖြစ်ပါက စစ်မှုထမ်းသင်တန်းပို့ဆောင်လိုက်တာမျိုး ရှိသလို အချို့ဆို ငွေကျပ်သိန်း ၂၀ ကနေ ၅၀ အထိ ပြန်ရွေးခိုင်းတာမျိုးလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဇန်နဝါရီလ တတိယအပတ်ထဲမှာပင် ရေးမြို့နယ်မှာ ဖမ်းဆီးခံရတဲ့သူ ၁၀ ဦးထက်မနည်း ရှိခဲ့ပြီး အများစုကို ပြန်လွတ်ပေးခြင်းမရှိသေးသလို မိသားစုနဲ့လည်း အဆက်အသွယ်မရသေးဘူးလို့ BBM က စုံစမ်းသိရှိရပါတယ်။

လက်ရှိ အစေးခြစ်လက်စ ရော်ဘာခြံအများအပြား ရပ်ထားရသလို အချို့ဆို အလုပ်သမားခေါ်ယူလို့ မရတဲ့ ပြဿနာနဲ့ ကြုံတွေ့နေရတယ်လို့ ရော်ဘာခြံပိုင်ရှင်အချို့က ပြောပါတယ်။

“အခုက တချို့ခြံတွေ အရွက်ကျတော့ နားထားတာ ရှိတာပေါ့၊ ဒါပေမဲ့ ဒီတခါ ပြန်စရင် အလုပ်သမား မရှိနေဘူး၊ ခေါ်မရတာလေ၊ အကုန်ပြန်ကုန်ပြီး တချို့ဆိုလေ၊ မနေရဲတာ၊ ဒီရေးမြောက်ပိုင်းကားလမ်းမနားဆို တိုက်ပွဲ ခဏခဏ ဖြစ်နေတော့ တခါတလေ လက်နက်ကြီးက ခြံထဲကို ကျတာ အလုပ်သမားတွေ ထိတာပေါ့၊ အမျိုးမျိုးပါပဲ၊ ကျွန်တော်တို့လည်း အလုပ်သမားမရှိတော့ အလုပ်ပြန်စလို့ မရဘူး” လို့ ရေးမြို့နယ်မှ ရော်ဘာခြံပိုင်ရှင်တဦးက ပြောပါတယ်။

မွန်ပြည်နယ်မှာ ရော်ဘာလုပ်ငန်းအပါအဝင် ဥယျာဉ်ခြံလုပ်ငန်းအတွက် ပဲခူး၊ စစ်ကိုင်း၊ မကွေး အစရှိတဲ့ အလယ်ပိုင်းနဲ့ အထက်ပိုင်းဒေသမှ အလုပ်သမားအများစုက မိသားစုအလိုက် လာရောက်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

ဓါတ်ပုံ - Social Media
ပုံစာ - မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအစေးခြစ်လုပ်ငန်းခွင် (ပုံဟောင်း)
https://www.facebook.com/share/p/1HX7brM5ef/
👍5👎3
စစ်ကောင်စီရဲ့ မိုင်းတွေကို AA ရှင်းနေသော်လည်း ဒေသခံပြည်သူများ ထိခိုက်မှုများရှိနေသေး

BBM - ဇန်နဝါရီ ၂၅
သတင်း - သော်

ရခိုင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲတွေအပြီး အာရက္ခတပ်တော်က နယ်မြေရှင်းလင်းရေးနဲ့ မိုင်းရှင်းလင်းရေးတွေကို ဆက်တိုက်ဆိုသလို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပေမယ့်လည်း စစ်ကောင်စီနဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေ ထောင်ထားခဲ့တဲ့ မိုင်းတွေကြောင့် ဒေသခံပြည်သူတွေဟာ ထိခိုက်မှုတွေ ရှိနေသေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူတို့ အခြေစိုက်ခဲ့တဲ့ စခန်းတွေမှာသာမက အရပ်သားအလုပ်လုပ်ကိုင်ရာ လယ်ယာခင်းတွေ၊ တောင်ယာတွေနဲ့ လမ်းဘေးဝဲယာတွေမှာပါ မိုင်းတွေကို ထောင်ထားခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က မောင်တောမြို့နယ် အမှတ် ၇၆၆ တပ်ရင်းအနီးနဲ့ မြကံသာဆည်ပတ်ဝန်းကျင်တို့မှာ AA က မိုင်းရှင်းလင်းရေးတွေ ပြုလုပ်ရာ M-14 နင်းမိုင်း ၇၈ လုံးထိ ရှာဖွေနိုင်ခဲ့ပါတယ်။

ဒီမိုင်းတွေဟာ စစ်ကောင်စီတပ်တွေသာမက ဘူးသီးတောင်-မောင်တောနယ်စပ်မှာ လှုပ်ရှားနေတဲ့ ARSA ၊ RSO နဲ့ ARA အဖွဲ့တွေကလည်း ထောင်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အဓိကက ပြည်သူတွေအတွက် မိုင်းအန္တရာယ် အသိပညာပေးမှုတွေ လိုအပ်နေတယ်၊ ဘယ်လိုပစ္စည်းက မိုင်းလဲ၊ မိုင်းရှိနိုင်တာက ဘယ်နေရာတွေလဲ၊ ဘယ်လို ခွဲခြားမလဲဆိုတာမျိုးပေါ့၊ ဒါတွေကို သိထားမှ အသက်အန္တရာယ်ကနေရော ကိုယ်လက်အင်္ဂါဆုံးရှုံးတာရောကပါ ကာကွယ်နိုင်မှာ”လို့ ရခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

၂၀၂၅ ခုနှစ်အတွင်းကလည်း ရခိုင်ပြည်နယ်ဟာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် သေဆုံးသူ ၂၁ ဦးနဲ့ ဒဏ်ရာရရသူ ၈၁ ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

အခုနှစ် နှစ်စမှာတင် မောင်တောမြို့နယ်က ဒေသခံအမျိုးသားတစ်ဦးဟာ သစ်ခုတ်သွားစဉ် နင်းမိုင်းကို နင်းမိတာကြောင့် အပြင်းအထန်ဒဏ်ရာရခဲ့သလို အမ်းမြို့နယ်မှာလည်း ၈ နှစ်အရွယ်ကလေးငယ်တစ်ဦး မိုင်းကြောင့်ပဲ သေဆုံးခဲ့ရပါတယ်။

“မြို့တွေကို AA က သိမ်းပြီးတော့ ကိုယ့်အိမ်ကိုယ် ပြန်ကြတယ်၊ စားဝတ်နေရေးအတွက်လည်း တောတောင်ထဲ ပြန်ဝင်ကြရတာပေါ့၊ မိုင်းတွေက ရှိနေသေးတော့ သတိထားသွားရတယ်”လို့ မောင်တောမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

အာရက္ခတပ်တော်အနေနဲ့ နယ်မြေရှင်းလင်းတာ၊ ပြန်လည်ထူထောင်တာနဲ့ စစ်ကျန်လက်နက်တွေကို ရှင်းလင်းနေပေမယ့်လည်း အလုံးစုံရှင်းနိုင်ဖို့အတွက် နိုင်ငံတကာ အကူအညီတွေလည်း လိုအပ်တယ်လို့ အာရက္ခတပ်တော်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာတွေကို မသွားဖို့ စစ်စခန်းဟောင်းတွေနဲ့ စွန့်ပစ်ထားတဲ့ ကတုတ်ကျင်းတွေနားကို မသွားဖို့ မိုင်းအန္တရာယ်ရှိကြောင်းပြထားတဲ့ အမှတ်အသားတွေကိုလည်း ကြည့်ဖို့ အာရက္ခတပ်တော်က သတိပေးထုတ်ပြန်ထားပါတယ်။

Photo-AA Info Desk
https://www.facebook.com/share/p/1Mo9WTHRj8/
😢10👎2💯1
မြိုင်မြို့နယ်အတွင်း ရိက္ခာရှာနေတဲ့ စကစ တွေကို သွားတိုက်ရာမှာ စကစ ကင်းပုန်းနဲ့တွေ့ပြီး တိုက်ပွဲဖြစ်ပွါး

🟥စကစ ဘက်မှ (၂)ဦးသေဆုံးပေမဲ့ တော်လှန်ရေးရဲဘော်(၃)ဦးသေကာ (၁)ဦးအရှင်ဖမ်းခံရ

BBM-ဇန်နဝါရီ၂၅
သတင်း-ကိုဘုဏ်း

မကွေးတိုင်းမြိုင်မြို့နယ်အတွင်း ရိက္ခာရှာနေတဲ့ စစ်ကောင်စီတပ်သားတွေကို သွားတိုက်ခိုက်ရာမှာ စကစ ကင်းပုန်းနဲ့တွေ့ပြီး တိုက်ပွဲဖြစ်ပွါးကာ စကစ ဘက်မှ (၂)ဦးသေဆုံးပေမဲ့ တော်လှန်ရေးရဲဘော်(၃)ဦးသေကာ (၁)ဦးအရှင်ဖမ်းခံခဲ့ရတယ်လို့ မြိုင် ပကဖ ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ရက်နေ့က ကင်းထောက်ဒရုန်းများနဲ့ကြည့်ရှုချက်အရ စစ်ကောင်စီတပ်များနဲ့ မြိုင်မြို့နယ် ကန်နီပျူစောထီးရွာက ပျူများကထန်းအူများပေါက်ကာ ရိက္ခာရှာနေတာကို တွေရှိခဲ့တယ်လို့သိရပါတယ်။

ထိုသို့ပြုလုပ်နေတဲ့နေရာကို ဇန်နဝါရီလ ၂၂ရက်နေ့မှာ မြိုင်ပကဖမှ ရဲဘော်များက စတင် ချည်းကပ်ရာ စစ်ကောင်စီရဲ့ ကင်းပုန်းများနဲ့ ထိတွေတိုက်ပွဲ တစ်နာရီခန့်ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ပျူစောထီးများဘက်က ပစ်အားသာလွန်းတာကြောင့် တော်လှန်ရေးတပ်ဖွဲ့များမှ နောက်ဆုတ်ပေးခဲ့ရပြီး စကစ ဘက်မှ ပျူစောထီး ၂ဦးသေခဲ့ပေမဲ့တော်လှန်ရေးရဲဘော် ၃ဦးကျဆုံးကာ ၁ ဦးအရှင်အဖမ်းခံရတယ်လို့ သိရပါတယ်။

ယခုလက်တလောအချိန်တွင် မြိုင်မြို့နယ်အတွင်းစစ်ကောင်စီ စခန်းများ ပိုမို လူပ်ရှားလာပြီး မြေပြင်ခေါင်းဆောင်များအနေနဲ့ ရန်သူ့သတင်းကို စနစ်တကျ ထောက်လှမ်းပြီးမှ သွားကြရန်နဲ့ စစ်ရေးဖော်ဆောင်ကြရန် မြိုင်မြို့နယ် ပကဖ ထုတ်ပြန်ကြေငြာထားပါတယ်။

Photo-မြိုင်ပကဖ
https://www.facebook.com/share/p/1G7tc5TUTq/
😱7👍41🤬1
ရွေးကောက်ပွဲအပိုင်း(၃) ပြုလုပ်နေတဲ့ တနင်္သာရီတိုင်းမှာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်

BBM - ဇန်နဝါရီ ၂၅
သတင်း - ကိုဟန်

ရွေးကောက်ပွဲ အပိုင်း ၃ ပြုလုပ်နေတဲ့ တနင်္သာရီတိုင်းရှိ မြို့နယ်တခုက မဲရုံအနီးမှာ ဒီကနေ့ မနက်ပိုင်းက ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၂၅ ရက်မှာ စစ်အုပ်စုပြုလုပ်တဲ့ ရွေးကောက်ပွဲအပိုင်း(၃)အတွင်း တနင်္သာရီတိုင်းမှာ သရက်ချောင်း၊ လောင်းလုံးနဲ့ ပုလောမြို့နယ်တို့ ပါဝင်ပါတယ်။

စစ်ကောင်စီတပ်ဟာ လုံခြုံရေးအများအပြားအသုံးပြုထားတဲ့ ရွေးကောက်ပွဲနေ့ မနက် ၁၀ နာရီခန့်က သရက်ချောင်းမြို့နယ် ပိန်းတောရွာရှိ မဲရုံအနီးပတ်ဝန်းကျင်မှာ ပေါက်ကွဲမှုတွေ ရှိခဲ့တာလို့ ဒေသခံတဦးက BBM ကို ပြောပါတယ်။

“ပေါက်ကွဲအသံတော့ ကြားလိုက်တယ်၊ တခါတည်းမဟုတ်ဘူး၊ နှစ်ခါ၊ သုံးခါလောက်ရှိတယ်၊ ဒီ ပိန်းတောမှာ မဲရုံ ရှိတယ်လေ အဲဒီအနားတဝိုက်မှာ တလုံးကြားရတယ်” လို့ ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်မှု ရှိ၊ မရှိကို မသိရသေးသလို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကို ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ရပ်ကွက်ကျေးရွာ ၁၀၀ ဝန်းကျင်ရှိတဲ့ သရက်ချောင်းမြို့နယ်မှာ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာအချို့မှာသာ ရွေးကောက်ပွဲပြုလုပ်နေတာ ဖြစ်ပါတယ်။

သရက်‌ချောင်းမြို့နယ်အပါအဝင် လောင်းလုံးနဲ့ ပုလောမြို့နယ်တို့ဟာ တော်လှန်ရေးအားကောင်းတဲ့ မြို့နယ်တွေ ဖြစ်ကြပြီး စစ်တပ်က သူတို့တပ်အထိုင်ချထားတဲ့ တပ်ရင်းတပ်စခန်းရှိတဲ့ ကျေးရွာတွေနဲ့ မြို့ပေါ်နေရာအချို့မှာ ရွေးကောက်ပွဲ ပြုလုပ်နေတာဖြစ်ပါတယ်။

“ဒီလောင်းလုံးမြို့ပေါ်မှာဆို မဲရုံဖွင့်ဖို့ သူတို့စီစဉ်ထားတယ်၊ ဒီနေ့တော့ ဟိုဘက်ထားဝယ်တက္ကသိုလ်မှာ မဲရုံလုပ်လိုက်တယ်၊ ဒီလောင်းလုံးမြို့ပေါ်မှာက နေ့တိုင်းလိုလိုပဲ ဒီတလော တိုက်ခိုက်ခံနေရတာ၊ ဒရုန်းရောပဲ ချနေတော့လေ၊ အဲဒါကြောင့်ဖြစ်မယ်၊ တချို့စီစဉ်ထားတဲ့နေရာကနေ ရုတ်တရက်ကြီး နေရာပြောင်းလိုက်တာ ရှိသေးတယ်”လို့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ လောင်းလုံးမြို့ခံတဦးက ပြောပါတယ်။

လုံခြုံရေးတင်းကြပ်ထားတဲ့ လောင်းလုံးမြို့ပေါ်မှာတော့ ဒီကနေ့ မနက်ပိုင်းအထိ ပစ်ခတ်ပေါက်ကွဲသံတွေ မကြားရသလို ပုလောမြို့နယ်မှာလည်း တိုက်ပွဲဖြစ်ပွားတာမျိုး မကြားရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲအပိုင်း(၁)ကို မြိတ်၊ ထားဝယ်၊ ဘုတ်ပြင်း၊ ကော့သောင်း မြို့နယ်တို့မှာ ပြုလုပ်ခဲ့ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့မှာ အပိုင်း(၂)ကို ကျွန်းစု၊ တနင်္သာရီနဲ့ ရေဖြူမြို့နယ်တို့မှာ ပြလုပ်ခဲ့ပြီးစီးခဲ့သလို လွှတ်တော်နေရာအများစုကို ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ - Social Media
ပုံစာ - ရွေးကောက်ပွဲနေ့က ဘုတ်ပြင်းမြို့နယ်မှာ ပြည်သူတွေ မဲထည့်စဉ်။(ပုံဟောင်း)

#bbmnews #bbm #bbmtv #Tanintharyi #election2026
👍12
မြင်းခြံမြို့နယ် အနောက်ဘက်မှာ စစ်ကြောင်းထိုးလာတဲ့ စကစတပ်ကို ပစ်ခတ်တိုက်ခိုက်

🟥 ဗိုလ် ၁ ဦးနဲ့ တပ်ကြပ် ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြား

BBM - ဇန်နဝါရီ ၂၅
သတင်း - Richard

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အနောက်ဘက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်‌ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ ဗိုလ် ၁ ဦးနဲ့ တပ်ကြပ် ၁ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ One More စစ်ကြောင်းရဲ့ တာ၀န်ရှိသူက BBM ကိုပြောပါတယ်။

ဇန်နဝါရီလ ၂၀ ရက်‌နေ့ မနက် ၈ နာရီ ၀န်းကျင်ခန့်ကစပြီး မြင်းခြံမြို့နယ်အနောက်ဘက် ရွှေကျွန်းသာရွာရှိ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေကိုပါ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဆိုပါ တိုက်ခိုက်မှုကြောင့် ဗိုလ် ၁ ဦးနဲ့ တပ်ကြပ် ၁ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ခွေးတွေက စစ်ကြောင်းထိုး မီးရှို့သတ်ဖြတ်တာတွေလုပ်နေတာပါ၊ အဲ့ဒီစစ်ကြောင်းကို တိုက်ခိုက်နိုင်ခဲ့တယ်ဗျ၊ ဒါပေမဲ့ စိတ်မကောင်းစရာက မဟာမိတ်တွေဘက်က ၁ ယောက်ကျတယ်ဗျာ” လို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို One More စစ်ကြောင်းနဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းဖော်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

ပုံ-One More စစ်ကြောင်း
(ပုံဟောင်း)

#bbm #bbmnews #OneMore #Myingyan #UpdateNews #Myanmar
https://www.facebook.com/share/p/1PkfJvKmGo/
👏7👍6
ပခုက္ကူမြို့နယ်အတွင်းက စကစ အထိုင်ချဂိတ်ဖွင့်ရာ နေရာကို ရှော့တိုက်ဒုံး(၄)လုံးနဲ့ တိုက်ခိုက်

BBM - ဇန်နဝါရီ ၂၅
သတင်း - မင်းသော်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းက စစ်ကောင်စီ အထိုင်ချဂိတ်ဖွင့်ထားတဲ့နေရာကို တော်လှန်ရေးအင်အားစုတွေဘက်က ရှော့တိုက်ဒုံး(၄)လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONEတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ရက်နေ့ ညနေ၆နာရီအကျော်မှာ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာ တောင်ဘက်မှာ အထိုင်ချတပ်စွဲထားတဲ့ စကစ ဂိတ်စခန်းကို သွားရောက်တိုက်ခိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုအတွင်း ရှော့တိုက်ဒုံး(၃)လုံးဟာ အဆိုပါ စခန်းအနီးအနားကို ကျရောက်ခဲ့ပေမဲ့လည်း ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ခြင်းမရှိသေးတဲ့အပြင် ည၈နာရီကျော်မှာလည်း စကစ ဘက်က လက်နက်ကြီး၁၀လုံးထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို COBRA ONE Pakokkuတပ်ဖွဲ့နဲ့ အောင်မြေပြောက်ကျားတပ်ဖွဲ့နဲ့ လက်နက်ကြီးတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်တယ်လို့ COBRA ONEအဖွဲ့မှ ထုတ်ပြန်ကြေငြာထားပါတယ်။

Video-COBRA ONE

#bbm #bbmnews ##CobraOne #မကွေး #ပခုက္ကူ #စစ်ကောင်စီ
https://www.facebook.com/share/p/1Gyy9tC4LV/
👏10👍8
မြဝတီမြို့မှ ထွက်ပေးဖို့ စစ်တပ်ကပြောထားပေမဲ့ KNA တပ်ဖွဲ့တွေ မြို့တွင်း ဆက်ရှိနေ

🟥စစ်တပ်နဲ့ KNA ညှိုနှိုင်းနေပြီး မြို့တွင်းစစ်ဖြစ်မှာကို ဒေသခံတွေ စိုးရိမ်နေ

BBM - ဇန်နဝါရီ ၂၅
သတင်း - မင်းသော်

ကရင်ပြည်နယ်၊ မြဝတီိမြို့တွင်းမှာရှိနေတဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)ကနေ အသွင်ပြောင်းထားတဲ့ ကရင်အမျိုးသားတပ်မတော်(KNA) တပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီလ (၂၅)ရက်နေ့ နောက်ဆုံးထားပြီး မြို့မှထွက်ခွာဖို့ စစ်တပ်ကပြောထားပေမဲ့ အခုချိန်အထိ မြဝတီမြို့တွင်းမှာ အဆိုပါ KNA တပ်ဖွဲ့များကို ဆက်လက်တွေ့မြင်နေရတယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က မြဝတီအပါ ကရင်ပြည်နယ်ကို စစ်ရေးအရတာဝန်ရှိတဲ့ စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မ(၂၂)တပ်မမှူးအား KNA တပ်ဖွဲ့ဝင်‌တွေကို မြဝတီမြို့မှ ထွက်ခွါပြီး တပ်နယ်(၂)မှာ ပြန်လည်နေထိုင်ရေးအတွက် လိုအပ်သလိုကြပ်မတ်ဆောင်ရွက်ဖို့ ညွှန်ကြားထားခဲ့တယ်လို့ ပေါက်ကြားလာတဲ့ ကြေးနန်းတွေအရ သိရပါတယ်။

ဒါပေမဲ့လည်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ညွှန်ကြားထားတဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ ရောက်တဲ့အထိပင် KNA တပ်ဖွဲ့ဝင်များအနေနဲ့ မြဝတီမြို့မှ ထွက်ခွါသွားခြင်းမရှိဘဲ ၎င်းတို့နေမြဲအတိုင်းဆက်လက်ရှိနေတာကို မြို့အတွင်းတွေ့ရှိရတယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။

"၂၅ ရက်နေ့ နောက်ဆုံးထားပြီးထွက်ဖို့ စစ်တပ်ကပြောတယ်၊ ဒါကို KNA ကလည်း လက်မခံဘူးလို့လည်း ကြားတယ်၊ ဒါမဲ့ ဒီနေ့တစ်နေကုန်လုံးတော့ မြဝတီမှာ သူတို့သွားမြဲအတိုင်းသွားနေတာကိုတွေ့ရတယ်၊ မထွက်ကြသေးဘူး"လို့ ပြောပါတယ်။

ဒီလို စစ်တပ်နဲ့ KNA တို့ကြား အခြေအနေရှုပ်ထွေးနေတာကြောင့် မြဝတီမြို့အတွင်း စစ်ရေးအရ တင်းမာမှုတွေဖြစ်ပေါ်လာမှာကိုတော့ ဒေသခံတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မြဝတီမြို့အတွင်းမှာ BGF မှ KNA အဖြစ်အသွင်မပြောင်းမီကတည်းကပင် အဆိုပါတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေ၊ ၎င်းတို့ရဲ့အကျိုးစီးပွါးတွေလည်း အမြောက်အများ ရှိနေတယ်လို့လည်း ဒေသခံတွေမှ ပြောပါတယ်။

ဒါကြောင့်မို့လည်း KNA တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်တပ်နဲ့ ညှိနှိုင်းမှုတွေကို တာဝန်ရှိသူတွေသာမက၊ ကြားခံအဖွဲ့အစည်းတွေကနေပါ ပြုလုပ်နေပြီး ပြေလည်မှုရအောင် ဆောင်ရွက်နေတာတွေရှိတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်နဲ့ နီးစပ်သူအဆိုပါဒေသခံမှ ဆက်ပြောပါတယ်။

"မြို့ထဲမှာက ဘားတွေ၊ ကလပ်တွေနဲ့ တခြားဆိုင်တွေကအစ သူတိူ့နဲ့ပတ်သတ်ရာ ပတ်သတ်ကြောင်းတွေချည်းပဲ၊ လွတ်တောင်မလွတ်ဘူး၊ အဲ့တာကြောင့်လည်း မြို့ကမထွက်ဖို့ ခု သူတို့ကိုးကွယ်နေတဲ့ ဆရာတော်တွေကနေတဆင့်လည်း ညှိနေတယ်တွေလည်းကြားတယ်" လို့ ပြောပါတယ်။

ကရင်နယ်ခြားစောင့်တပ် (BGF)အနေနဲ့ စစ်ကောင်စီပေးတဲ့ လစာ၊ရိက္ခာတွေကို မယူတော့ဘဲ ကရင်အမျိုးသားတပ်မတော်(KNA)အဖြစ် သီးခြားရပ်တည်မယ်ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လအစောပိုင်းကတည်းက ပြောဆိုမှုတွေရှိခဲ့ပေမဲ့ ၂၀၂၆ ခုနှစ် နှစ်ဦးအစပိုင်းရောက်မှသာ တရားဝင်ကူးပြောင်းလာခဲ့ခြင်းဖြစ်ပါတယ်။

ဒီလို BGF မှ KNA အဖြစ်သို့ကူးပြောင်းသွားပြီးတဲ့နောက် စစ်ကောင်စီဘက်မှလည်း BGF တပ်ဖွဲ့များနဲ့ တွဲဖက်ထားတဲ့ ၎င်းလက်အောက်ခံ အရာရှိ၊စစ်သည် မိသားစုဝင်များကို ဇန်နဝါရီလ၂ရက်နေ့မှာ ပြန်လည်ခေါ်ယူခဲ့တာတွေ ပြုလုပ်ခဲ့ပါတယ်။

Photo - ပုံဟောင်း

#bbm #bbmnews #myawaddy #BGF #KNA #UpdateNews
https://www.facebook.com/share/p/1E4YRGNNsA/
👍7👏2
ခလရ - ၄၀၆ က စစ်သား ၅ယောက် လက်နက်ခဲယမ်းများနဲ့ KNLA ထံအလင်းဝင်

BMM - ဇန်နဝါရီလ ၂၅
သတင်း - ကိုဘုဏ်း

ကော်သူးလေထိန်းချူပ်နယ်မြေ၊ မြိတ်ထားဝယ်ခရိုင် ၊ လယ်ဒိုစိုးမြို့မှာရှိတဲ့ ခလရ - ၄၀၆ မှ စစ်သား ၅ယောက် လက်နက်ခဲယမ်းများနဲ့အတူ့ KNLA ထံအလင်းဝင်လာတယ်လို့ KNU ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ စစ်ကောင်စီရဲ ခလရ - ၄၀၆ တပ်ရင်းမှ စစ်ကောင်စီတပ်သား၅ဦးတို့ဟာ KNU တပ်မဟာ (၄) တပ်ရင်း (၁၀)ထဲမှာ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါအလင်း ဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ၎င်းတို့နဲ့အတူ MA -1 (၃ )လက်၊ MA - 2 (၁)လက်၊MA - (၁)လက် ၊BA - 100 (၁)လက် တို့အပြင် ကျည်ဆံနဲ့ စစ်အသုံးအဆောင် ပစ္စည်း များပါ ယူဆောင်ပြီးအလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲထဲမှာရှိတဲ့တပ်သားများအနေနဲ့ အလင်းဝင်ပြီးပြည်သူနဲ့ ပူးပေါင်းချင်ပါက နီးစပ် တော်လှန်ရေးတပ်ဖွဲ့များထံမှာ အလင်းဝင်နိုင်ကြောင်း ကေအဲန်ယူ၊ကရင်အမျိူးသားအစည်းအရုံးမှ ထုတ်ပြန်ကြေငြာထားပါတယ်။

#bbmnews #bbm #bbmtv #KNLA #karen #KNU
https://www.facebook.com/share/p/1AYNEXe4zM/
👍10👏1
ရွေးကောက်ပွဲမှာ စစ်ကောင်စီရဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အနိုင်ရဖို့ သေချာနေလို့ လေ့လာသူတွေဆို

BBM - ဇန်နဝါရီ ၂၆
သတင်း - Richard

စစ်‌ကောင်စီရဲ့ အပိုင်း ၃ပိုင်းနဲ့ ၁ လကြာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေ ပြီးဆုံးခဲ့ပြီးနောက် ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကသာ အနိုင်ရရှိမယ့် လမ်းကြောင်းမှာ ရောက်နေပြီဖြစ်ကြောင်း တော်လှန်ရေးဘက်က အဖွဲ့တွေက ဇန်နဝါရီလ ၂၅ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံက ပြည်သူတွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က ဒီမိုကရေစီစနစ်ရဲ့ တစိတ်တပိုင်းကို ခံစားခဲ့ရပါတယ်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ထဲကို အကြီးအကျယ်ရောက်ရှိသွားပါတယ်။

ဒါ့အပြင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည် ဖမ်းဆီးခဲ့ပါသေးတယ်။

အာဏာသိမ်းမှု ၅ နှစ်ပြည့် အထိမ်းအမှတ် မတိုင်မီ တစ်ပတ်အလိုမှာ နိုင်ငံတစ်ဝှမ်းရှိ မဲဆန္ဒနယ်များစွာမှာ ရွေးကောက်ပွဲကို အဆင့် ၃ဆင့်နဲ့ ပြုလုပ်ခဲ့ပါတယ်။

ရွေးကောက်ပွဲတွေပြီး‌နောက် အာဏာကို ပြည်သူ့ဆီ ပြန်ပေးမယ်လို့ စစ်ကောင်စီတပ်က ကတိပြုထားပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLDပါတီကို ဖျက်သိမ်းလိုက်တာကြောင့် ရွေးကောက်ပွဲမှာ ၀င်ပြိုင်တဲ့ ပါတီတွေဟာ စစ်ကောင်စီရဲ့ မိတ်ဖက်ပါတီတွေသာ ဖြစ်နေတယ်လို့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲအပြီးမှာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ ငြင်းဆိုခြင်း မရှိသေးတဲ့ စစ်အစိုးရခေါင်းဆောင် မင်းအောင်လှိုင်ဟ။ အရပ်၀တ်နဲ့ မန္တလေးမြို့ရှိ မဲရုံတွေကို လှည့်လည်ခဲ့ပါတယ်။

“ဒါက ပြည်သူတွေ ရွေးချယ်ထားတဲ့ လမ်းကြောင်းပါ” လို့ AFPက သတင်း‌
ထောက်တွေရဲ့ မေးခွန်းကို ဖြေကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံက ပြည်သူတွေက သူတို့ ထောက်ခံချင်တဲ့ ဘယ်သူ့ကိုမဆို ထောက်ခံနိုင်ပါတယ်။” လို့ သူက ပြောကြားခဲ့ပါတယ်။

Reference - CNA
Photo - CNA

#bbmnews #bbm #bbmtv #election #USDP
https://www.facebook.com/share/p/1G8bq6jCb2/
😁5👍2
မြိုင်မြို့နယ်တောင်ဘက်အခြမ်းရှိရွာတွေကို မီးရှို့နေတဲ့ စကစ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်

BBM - ဇန်နဝါရီလ ၂၆
သတင်း - ကိုဘုဏ်း

မကွေးတိုင်း၊ပခုက္ကူခရိုင်၊မြိုင်မြို့နယ်တောင်ဘက်ခြမ်းမှာရှိတဲ့ရွာတွေကို မီးရှို့ ပစ္စည်းခိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ Ayar Daung အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၂၂ရက်နေ့မှာ
မြိုင်မြို့တောင်ဘက် ဘုန်းကံရွာကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကြိုးတန်းရွာကိုရောက်ရှိပြီး ပြည်သူတွေ ပိုင်တဲ့ ပစ္စည်းတွေကို လုယက်ပြီး အဆိုပါရွာမှာ ညအိပ်ခဲ့ကြတယ်လို့ သိရပါတယ်။

မနက်ပိုင်းမှာကြိုးတန်းစွာရှိ ပြည်သူ့နေအိမ်များကို မီးရိူ့ဖျက်ဆီးပြီး ရွာထဲကအထွက်မှာတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မိနစ် ၃၀ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကမ္မရဲစခန်းထဲကိုထွက်ပြေးသွားကြတယ်လို့သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေ အထိအခိုက်အကျဆုံးများကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း
ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုက်ပွဲအပြီးမှာ တော်လှန်ရေးတပ်ပေါင်းစု တွေဘက်က ရဲဘော် ၂ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရခဲ့တယ်လိုလည်းသိရပါတယ်။

အဆိုပါ ကြိုးတန်းရွာက ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်မူ့တွင် ABSDF စစ်ကြောင်း ၃၊ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ကမ္မ တပ်ပေါင်းစု၊မြို့နယ်လုံခြုံရေးအင်အားစုများ(Red Giant - RG)(Hunter Pakokko)(ဗိုလ်မီးတောက်)(YGF လူငယ် ပျောက်ကျားတပ်ဖွဲ့)(Pi PDF)(Tiger Warrier Force)တို့နဲ့အတူ ခရိုင် ပကဖ တပ်ဖွဲ့ ၅ ဧရာဒေါင်းအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း ထုတ်ပြန်ကြေငြာထားပါတယ်။

Video-Ayar Daung အဖွဲ့

#bbmnews #bbm #bbmtv #AyarDaung #myaing #PDF
https://www.facebook.com/share/v/17mf2sbDVv/
5👍4
မုန်းမြို့နယ်မှာ စကစရဲ့လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄ ဦးဒဏ်ရာရ

BBM - ဇန်နဝါရီ ၂၆
သတင်း - ခက်ဆစ်

ပဲခူးတိုင်း၊ မုန်း(မူး)မြို့နယ် အတွင်းသို့ စစ်ကောင်စီက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ်အချို့လည်း ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၂၃ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်မှာ သံဘိုတပ်ရင်းရှိ စစ်ကောင်စီတပ်က မာနီကွင်းအတွင်းသို့ ၆၀ မမ လက်နက်ကြီး ၆ လုံးပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နိုတောတာကျေးရွာနေ နော်ဖောတရာထီး ၂၅ နှစ် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၂၄ ရက်၊ နေ့လယ် ၁၁ နာရီ ၂၆ မိနစ်မှာ တောင်ငူလေတပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာ တစ်စီးဟာ ရေလဲအနောက်ဘက်ကမ်းကျေးရွာအတွင်းသို့ ဗုံး ၄ လုံးကြဲချခဲ့တာကြောင့် ဦးနိုင်ဦး ၅၅ နှစ်၊ ဦးတိုးရွှေ ၇၅ နှစ်၊ မသီသီ ၂၇ နှစ်တို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၃ လုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်မှာလည်း KNU ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်မှာ စစ်ကောင်စီရဲ့ ခလရ ၂၈၄ မှ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ရော်ဘာခြစ်နေတဲ့ အသက် ၄၀ ‌ကျော် အမျိုးသမီး ၁ ဦး ကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

Photo - KNU

#bbmnews #bbm #bbmtv #mone #KNU
https://www.facebook.com/share/p/1HZZWZHY7k/
😡6🔥1😭1
စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲတွေ ပြီးဆုံးပြီးနောက် ကြံခိုင်ရေးပါတီက အပြတ်အသတ် အနိုင်ရရှိဖို့ သေချာနေ

BBM - ဇန်နဝါရီ ၂၆

နိုင်ငံတကာက အတုအယောင်ရွေးကောက်ပွဲလို့ သတ်မှတ်ထားတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အပိုင်း ၃ဟာ ဇန်နဝါရီလ ၂၅ရက်နေ့က ပြီးဆုံးခဲ့ပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ သူတို့နဲ့ ပနံသင့်တဲ့ ပါတီ ၆ ခုသာ လက်ခံယှဉ်ပြိုင်ခိုင်းပြီးတော့ လက်ရှိမှာ ကြံ့‌ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီက အပြတ်အသတ် အနိုင်ရရှိလိမ့်မယ်လို့ လေ့လာသုံးသပ်သူတွေက ခန့်မှန်းထားကြပါတယ်။

လက်ရှိစစ်ကောင်စီတပ်ဟာ ရွေးကောက်ပွဲအပေါ် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို ပယ်ချခဲ့ပြီး လွတ်လပ်ပြီး တရားမျှတတယ်လို့ ဆိုထားပါတယ်။

မြို့ကြီးတွေဖြစ်ကြတဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေ အပါအဝင် မြို့နယ် ၃၃၀ ရဲ့ ၅ ပုံ ၁ပုံခန့်မှာ ရွေးကောက်ပွဲ နောက်ဆုံးအဆင့်ကို ပြုလုပ်ခဲ့ကြပါတယ်။

ရွေးကောက်ပွဲမှာ အဆိုပါ ပါတီ ၆ခုက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်စားလှယ်လောင်းတွေ တင်သွင်းခဲ့ပြီး အခြားပါတီ ၅၁ ခုနဲ့ လွတ်လပ်တဲ့ ကိုယ်စားလှယ်လောင်းတွေက ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

အပိုင်း ၁နဲ့ ၂ကို ဒီဇင်ဘာလ ၂၈ ရက်နဲ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ကျင်းပခဲ့ပြီး စစ်ကောင်စီရဲ့ ကြံ့ခိုင်‌ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကပဲ အပြတ်အသတ် အနိုင်ရရှိခဲ့တယ်လို့ စစ်ကောင်စီဘက်က ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ နောက်ဆုံးကျင်းပခဲ့တဲ့ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲတွေမှာ ကြံ့ခိုင်ရေးပါတီဟာ လွှတ်တော်အမတ်နေရာ ၆% ကိုသာ အနိုင်ရရှိခဲ့ပါတယ်။

နောက်ဆုံးရလဒ်တွေ ကြေညာပြီးနောက် စစ်‌‌ေကာင်စီက သူတို့ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချမှတ်မှာပဲဖြစ်ပါတယ်။

လာမယ့် ၂လအတွင်းမှာ လွှတ်တော်က သမ္မတအသစ်တစ်ဦးကို ရွေးချယ်ဖို့ အစည်းအဝေးကျင်းပမှာဖြစ်ပါတယ်။

အားလုံးက အဆိုပါသမ္မတဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ ဖြစ်လိမ့်မယ်လို့ ပြောဆိုနေကြပါတယ်။

ဒါဟာ အရပ်၀တ်လဲသွားတာသာဖြစ်ပြီး အုပ်ချုပ်တာကတော့ စစ်အဇာဏာရှင်စနစ်ပဲဖြစ်နေမှာပါ။

အခုလိုသမ္မတ ရာထူးရယူရင် စစ်တပ်ထဲမှာ လက်ရှိ သူရယူထားတဲ့ ရာထူးကိုလည်း စွန့်လွှတ်ရမှာပဲ ဖြစ်ပါတယ်။

မင်းအောင်လှိုင်နေရာကို ဆက်ခံမယ့်သူဟာ သူ့ရဲ့လူယုံသစ္စာခံတစ်ဦးဖြစ်မှာ သေချာနေပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ထဲက အရာရှိတွေကိုယ်တိုင်ကလည်း မင်းအောင်လှိုင်ရဲ့ တိုင်းပြည်ကို သမ္မတက်လုပ်ပြီး အုပ်ချုပ်မယ့်အပေါ် အယုံအကြည်မရှိနေကြပါဘူး။

နိုင်ငံရေးနဲ့ပက်သက်လို့ ဝေဖန်မှုတွေ ပိုမိုများပြားလာတာနဲ့အမျှ မြန်မာနိုင်ငံက ဘယ်လမ်းကြောင်းကို ရွေးချယ်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး အစိုးရအတွင်း ပိုမိုကျယ်ပြန့်တဲ့ ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

သို့သော်လည်းပဲ လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ ခြေလှမ်းကတော့ အခုထိအလှမ်းဝေးနေဆဲပဲဖြစ်ပါတယ်။

Reference-BBC
Photo-BBC

#bbmnews #bbm #bbmtv #election #ShamElection
https://www.facebook.com/share/p/1DTb6hDrzN/
😁6
ဘုတလင်မြို့နယ် ပကဖ ရဲဘော် ၁၅၀ ဦးတက်ရောက်တဲ့ မွမ်းမံသင်တန်းဆင်းပွဲ ပြုလုပ်

BBM - ဇန်နဝါရီ ၂၆
သတင်း - ခက်ဆစ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ရဲဘော်ဟောင်းတွေနဲ့ ရဲဘော်သစ်တွေ ၁၅၀ ဦး တက်ရောက်ခဲ့တဲ့ အပတ်စဉ် ၁ မွမ်းမံသင်တန်းကို အောင်မြင်စွာသင်တန်းဆင်းနိုင်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံမှ သိရပါတယ်။

ဘုတလင်မြို့နယ် ရပ်/ရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေကို တော်လှန်ရေးကာလ ၅ နှစ်ဝန်းကျင်ရှိလာတာနဲ့ အမျှ လိုအပ်တဲ့တာဝန်အရပ်ရပ်တို့မှာ ထိရောက်စွာ၊ ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့အတွက် ပထမအကြိမ်အနေနဲ့ မွမ်းမံသင်တန်းပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အပတ်စဉ် (၁)မွမ်းမံသင်တန်းမှာ ရဲဘော်ဟောင်းတွေနဲ့ ရဲဘော်သစ်တွေ စုစုပေါင်း ၁၅၀ ဦးတက်ရောက်ခဲ့တာဖြစ်ပြီး မုံရွာခရိုင်စစ်ဌာနမှ သင်တန်းဆရာတွေနဲ့အတူ ဘုတလင်မြို့နယ် ပကဖ သင်တန်းတာဝန်ခံ ဆရာတွေက ထိရောက်စွာသင်တန်ပေးပြီး အောင်မြင်စွာ သင်တန်းဆင်းနိုင်ခဲ့တယ်လို့ ဘုတလင်မြို့နယ် ပကဖ က အသိပေးထားတာ ဖြစ်ပါတယ်။

Photo - ဘုတလင် ပကဖ

#bbmnews #bbm #bbmtv #butalin #sagaing #PDF
https://www.facebook.com/share/p/1CBmbst3M1/
12
ကပစ ၂၂ အနီးမှာ စကစရဲ့ ပါရာမော်တာ ၁ စီး စက်ချို့ယွင်းပျက်ကျပြီး စကစတပ်သား ၂ ဦး သေဆုံး

BBM - ဇန်နဝါရီ ၂၆
သတင်း - Richard

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ အမှတ် ၂၂ ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ- ၂၂) မှ တက်လာတဲ့ စက်တပ်လေထီး(Paramotor) ၁ စီးဟာ ကပစ ၂၂ အနီးနားမှာ ပျက်ကျသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ National Air Scout ထံက သိရပါတယ်။

ဇန်နဝါရီလ ၂၆ ရက်၊ ဒီနေ့ မနက် ၈ နာရီခန့်မှာ အဆိုပါ ကပစ-၂၂ မှ တက်လာတဲ့ စက်တပ်လေထီး (Paramotor) ၁ စီးဟာ ကပစ ကပစ ၂၂ အနီးရှိ မုန်တိုင်ချောင်း စစ်ကောင်စီတပ်ဂိတ်အနီးမှာ စက်ချို့ယွင်းပြီး ပျက်ကျခဲ့တာပါ။

အဆိုပါ စက်တပ်လေထီး ပျက်ကျမှုအတွင်း မောင်းနှင်သူ ၂ ဦး ထိခိုက်သေဆုံးမှုရှိတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာ ကပစ ၂၂ က စစ်ကောင်စီတပ်သားတွေဟာ စက်တပ်လေထီး ပျက်ကျသွားတဲ့ နေရာကို ရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နို၀င်ဘာလ တတိယပတ်လောက်မှာလည်း မြိုင်နဲ့ ပေါက်မြိုနယ်အစပ်မှာ စစ်ကောင်စီရဲ့ ပါရာ‌မော်တာ တစ်စီးပျက်ကျခဲ့ပါသေးတယ်။

ဓာတ်ပုံ − Social Media

#bbmnews #bbm #bbmtv #Magway #PDF #paramotor
https://www.facebook.com/share/p/1AgkTHaXTL/
5👏3