3.48K subscribers
5.58K photos
393 videos
2.89K links
Breaking Brainwashed Media
Download Telegram
မိုးကုတ်မြို့အတွင်း ကျော်စိုးဦးနဲ့ သဇင်ဦးတို့ရောက်ရှိနေချိန် တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်

🟥ကျော်စိုးဦးတို့ လော်ဘီတစ်သိုက်က လုံခြံရေး(၈)ယောက်ခန့်ဖြင့် လူစည်ကားရာနေရာတွေကို လာရောက်မှတ်တမ်းတင်

BBM-ဇန်နဝါရီ၂၃
သတင်း-မင်းသော်

မိုးကုတ်မြို့အတွင်းကို ကျော်စိုးဦး၊ သဇင်ဦးနဲ့ အခြားလော်ဘီတစ်သိုက် ရောက်ရှိနေချိန်တွင် တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာ မြို့တွင်းနေရာအချို့ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေး-မိုးကုတ်လမ်းပိုင်းကို ၎င်းတို့အနေနဲ့ အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ကြေငြာပြီးတဲ့နောက် တရုတ်အကူအညီဖြင့် ၎င်းတို့ရရှိထားတဲ့ မိုးကုတ်မြို့ကို စစ်အင်အားတွေသာမက အရပ်
ဘက်ဝန်ထမ်းအမြောက်အများကိုပါ အသုတ်လိုက်ခွဲပြီး ပို့ဆောင်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါအရပ်ဖက်ဝန်ထမ်းတွေနဲ့အတူ စစ်ကောင်စီအတွက် တစိုက်မက်မက် ဝါဒဖြန့်ချီပေးနေတဲ့ ကျော်စိုးဦး၊ သဇင်ဦးနဲ့ အခြားလော်ဘီတချို့လည်း မိုးကုတ်မြို့အတွင်း ရောက်ရှိနေတယ်လို့လည်း သိရပါတယ်။

ဒီလို ကျော်စိုးဦးနဲ့ လော်ဘီတစ်ချို့ မိုးကုတ်မြို့အတွင်း ရောက်ရှိနေချိန် ဒီဇင်ဘာလ၂၃ရက် (၄)နာရီပတ်ချာလည်မှာ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတပ်သားတွေရှိရာ ရုံးပေါင်းစုံအနီးကို ရှော့တိုက်ဒုံး(၃)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာတွေရှိတယ်လို့ ဒေသခံတစ်ဦးမှ BBM ကိုပြောပါတယ်။

"မိုးကုတ်ကိုက ကျော်စိုးဦးတို့၊ သဇင်ဦးတို့ လော်ဘီတွေရောက်နေပါတယ်၊ အဲ့အချိန်ပဲ ဒီနေ့ ရှော့တိုက်(၃)လုံးနဲ့ အဖွဲ့တွေက ထွေအုပ်ရုံး၊ တရားရုံး၊ မြေစာရင်းရုံးတွေဘက်ကို ပစ်သွားတယ်ဗျ၊ အသံလည်း အတော်ကျယ်တယ်"

မြို့ခံပြည်သူတွေအနေနဲ့ စစ်ကောင်စီကစစ်မေးတာတွေ ပြုလုပ်မှာကို စိုးရိမ်တာကြောင့် ပစ်ခတ်မှုအပြီးဘအဆိုပါနေရာတစ်ဝိုက်ကို သိပ်ပြီးသွားလာခြင်းမရှိတာကြောင့် ထိခိုက်မှုကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးဘူးဟုလည်း သိရပါတယ်။

ဒါ့အပြင် ပစ်ခတ်မှုမတိုင်မှီ နေ့လယ်လောက်ကတည်းက ကျော်စိုးဦးပါဝင်တဲ့ စစ်ကောင်စီလော်ဘီတစ်သိုက်ဟာ မိုးကုတ်မြို့ ကန်ဘောင်အနီးက ကျောက်စျေး ဒေသအခေါ်(ထားပွဲ) ကို အရပ်ဝတ်လုံခြုံရေး (၈)ယောက်လောက်ဖြင့် လာရောက်ပြီး မှတ်တမ်းတင်ရိုက်ကူးတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မိုးကုတ်မြို့က ပတ္တမြားစေတီအပါ အခြားလူစည်ကားရာနေရာအချို့ကိုလည်း အဆိုပါ အရပ်ဝတ်လုံခြုံရေးတွေအကူအညီဖြင့် သွားရောက်ခဲ့တာတွေရှိတယ်လို့လည်း အဆိုပါဒေသခံမှ ဆက်လက်ပြောပါတယ်။

"နေ့ခင်းကလည်း ကျော်စိုးဦးတို့သဇင်ဦးတို့ကန်ဘောင်ထာပွဲကို လာသွားတယ်ဗျ၊ အရပ်ဝတ်လုံခြုံရေး(၈)ယောက်နဲ့လာသွားတာဗျ၊ Videoတွေလည်း ရိုက်သွားတယ်"

ဒီလိုလော်ဘီတစ်သိုက် မိုးကုတ်မြို့အတွင်း ရောက်ရှိနေတယ်ဆိုတာနဲ့ ပတ်သတ်ပြီး ကျော်စိုးဦးကိုယ်တိုင်လည်း မှတ်တမ်းတင်Video ရိုက်ကာ Social mediaအပေါ် ဖြန့်ဝေတာကိုတွေ့ရပါတယ်။

စစ်ကောင်စီအနေနဲ့ မိုးကုတ်မြို့ကိုသာမက သပိတ်ကျဥ်းနဲ့ စဥ့်ကူးဒေသတစ်ဝိုက်ကို ပြန်လည်သိမ်းယူနိုင်စဥ်ကလည်း ၎င်းတို့လက်အောက်ခံ လော်ဘီတစ်သိုက်ဖြင့် အောင်ပွဲခံ Videoရိုက်ကူးခဲ့ပြီး အောင်ပွဲခံတာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။

Photo-ပုံဟောင်း
https://www.facebook.com/share/p/1Fs239XHjo/
👍12🤬21🥰1👏1
ဖြူးမြို့နယ် မှာ ရွေးကောင်ပွဲအတွက် ရှောင်တခင် လာစစ်တဲ့စကစတပ်ကို ရှောင်တခင်တိုက်ခိုက်

🟥တော်လှန်ရေးရဲဘော်များရဲ့ ပစ်ခတ်တိုက်ခိုက်မူ့ကြောင့် စကစ ၂ဦးသေ

BBM - ဇန်နဝါရီလ ၂၃
သတင်း - ကိုဘုဏ်း

ပဲခူးတိုင်း၊ဖြူးမြို့နယ်၊ဇောင်းလျှာခုံကျေးရွာကိုရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးအင်အားစုတွေက ရှောင်တခင်တိုက်ခိုက်ခဲ့တာကြောင့် စကစ ဘက်မှ(၂)ဦးသေဆုံးခဲ့တယ်လို့ ဧရာဝတီအမှတ်(၃) တပ်ရင်းP-26002ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက် ၁၀နာရီ ပတ်ချာလည်မှာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် ဖြူးမြို့နယ်၊ ဇောင်းလျှာခုံကျေးရွာကို စကစ မှ လာရောက်စဥ် ဧရာဝတီ အမှတ် ၃တပ်ရင်း (ဟင်္သာတခရိုင် အမှတ် ၂ တပ်ရင်း)နဲ့ ဗျူဟာ ၂၃/၂၄ မှ စနိုက်ဘာ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ(၂)ဦးသေဆုံးခဲ့တယ်လို့ တပ်ရင်းမှဆိုထားပြီး ပြည်သူများအနေနဲ့လည်း စစ်ကောင်စီရဲ့ရွေးကောင်ပွဲကို မပါကြရန်၊စစ်ကောင်စီတပ်များနဲ့နီးနီးကပ်ကပ် မနေကြရန် ဧရာဝတီ အမှတ် ၃တပ်ရင်း P 26002 က ထုတ်
ပြန်ကြေငြာထားပါတယ်။

Video-ဧရာဝတီ အမှတ် ၃တပ်ရင်း P 26002
https://www.facebook.com/share/v/173ycrX8Ta/
👍92👏1
ပေါက်ခေါင်းမြို့နယ်မှာ (၁၀)ရက်တာ တိုက်ပွဲအတွင်း စကစ (၅၀)ကျော် ထိခိုက်သေဆုံး

BBM-ဇန်နဝါရီ၂၃
သတင်း-မင်းသော်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယခအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား(၁၀)ရက်ကြာ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်မှ (၅၅)ယောက်သေဆုံးခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း(၂)ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ရက်နေ့ ၊ နေ့လယ်ပိုင်းက ပေါက်ခေါင်းမြို့နယ်၊ ရေဖြူးကျေးရွာရှိ မဲရုံမှာ မဲစာရင်းနဲ့ပတ်သတ်တဲ့ စာရွက်စာတမ်းတွေကို တော်လှန်ရေးအဖွဲ့တွေက မီးရှို့ပြီး ပြည်သူတွေကိုလည်း ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး မပါဝင်ဖို့ ဆွေးနွေးပြောဆိုခဲ့တာကြောင့် ဇန်နဝါရီလ၈ရက် နေ့ မနက်၉နာရီအကျော်မှာ အဆိုပါရွာကို စကစ အင်အား(၆၀)လောက်နဲ့ စစ်ကြောင်းထိုးလာတယ်လို့ သိရပါတယ်။

အဆိုပါစစ်ကြောင်းကို ပြည်ခရိုင်တပ်ရင်း(၂)၊ တပ်ခွဲ(၃)နဲ့ ပေါက်ခေါင်းမြို့နယ်(ပကဖ)တို့က ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာကြောင့် မိနစ်(၂၀)ခန့်တိုက်ပွဲဖြစ်ပွါးကာ စကစ ဘက်မှ (၅)ဦးခန့် နေရာမှာသေဆုံးတာကို မျက်မြင်တွေ့ခဲ့ရပြီး ၎င်းတို့ဘက်မှလည်း (၄၀)မမ ဗုံးသီး(၂)လုံးဖြင့် ပြန်လည်ပစ်ခတ်ပေမဲ့ အထိခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ် အဆိုပါ ဇန်နဝါရီလ၈ရက်နေ့၊ နေ့လယ်(၁၁)နာရီလောက်မှာ ပြည်မြို့မှ ပေါက်ခေါင်းမြို့နယ်ဘက်ကို ကား (၁၂)စီးလောက်နဲ့ မဲပုံးတွေတင်လာတဲ့ ယာဥ်တန်းကို လုံခြုံရေးလိုက်ပေးနေတဲ့ စကစ(၁၂)ဦးပါ ကားကို ပြည်ခရိုင်တပ်ရင်း(၂)၊ တပ်ခွဲ(၃)မှရဲဘော်များက ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ၉ရက်နေ့၊ ည(၁၀)နာရီခွဲလောက်မှာ ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ကျေးရွာကနေ ပေါက်ခေါင်းမြို့ဘက်ကို ပြန်လာတဲ့ စကစ ဖောကားကို မိုင်းဆွဲတာကြောင့် စကစ(၅)ဦး သေဆုံးခဲ့ရသေးတယ်လို့လည်း ဆိုပါတယ်။

ဒါတင်မက ဇန်နဝါရီလ ၁၀ရက်နေ့ကလည်း ပေါက်ခေါင်းမြို့နယ်၊ သာယာကုန်းကျေးရွာ သင်္ချိုင်းနဲ့ ကန်စု စာသင်ကျောင်းအတွင်းက စကစ အင်အား(၅၀)လောက်ကို နေ့လယ်(၃)နာရီအကျော်မှာ ပြည်ခရိုင်တပ်ရင်း(၂)၊ တပ်ခွဲ(၃)၊ ပြည်ခရိုင်တပ်ရင်း(၁)၊ တပ်ခွဲ(၃)နဲ့ ပေါက်ခေါင်းမြို့နယ် ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

ဇန်နဝါရီလ ၁၃ရက်နေ့ ညနေ၃နာရီမှာလည်း ပေါက်ခေါင်းမြို့နယ် ချင်းလည်စစ်ဆေးရေးဂိတ်ကနေထွက်လာတဲ့ စကစ(၂၀၀)လောက်ကို ပြည်ခရိုင်တပ်ရင်း(၂)၊ တပ်ခွဲ(၁)၊(၃)၊(၄)၊ ပြည်
ခရိုင်တပ်ရင်း(၁)၊ တပ်ခွဲ(၁)၊ ရွှေတောင် ပကဖ ၊ ပေါက်ခေါင်း ပကဖ တို့က စန်းကုန်းကျေးရွာနားမှာ ၆၀မမ ဗုံးသီး(၃)လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စကစရဲ့အဲ့ဒီစစ်ကြောင်းကို မုံညှင်းကွင်းဘက်နဲ့ ဖျားထိုးကျွန်းကျေးရွာတွေဘက်မှာ ဆက်လက်ပြီး ဇန်နဝါရီလ(၁၄)ရက်နေ့မှာ လိုက်လံတိုက်ခိုက်ခဲ့ကာ စကစ(၂၀) ဦးခန့်သေဆုံးတယ်လို့လည်း သိရပါတယ်။

နောက်ထပ် ဇန်နဝါရီလ(၁၆)ရက်နေ့ မနက်၄နာရီအကျော်မှာ ပေါက်ခေါင်းမြို့နယ် တောင်လည်တာဝါတိုင်အထိုင်စခန်းကို အင်အားလာဖြည့်တဲ့ စကစ ခန့်မှန်း(၃၅)ယောက်လောက်ကို ကြို့ကုန်းကျေးရွာအနီးမှာ ပြည်ခရိုင်တပ်ရင်း(၂)၊ တပ်ခွဲ(၃)နဲ့ ရွှေတောင် ပကဖ တို့ပူးပေါင်းတိုက်ခိုက်တာကြောင့် စကစ(၅)ဦး မျက်မြင်
သေဆုံးတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၁၈ရက်နေ့ မနက်၁နာရီလောက်မှာ တောင်လည်ကျေးရွာမှ ပေါ်လံကြီး ကျေးရွာကို လာတဲ့ စကစ (၁၃၀)လောက်ကို ညောင်ဝန်းကျေးရွာ၊ရှောက်ပင်ကျွန်းတော အနီးမှာ ပြည်ခရိုင်တပ်ရင်း(၂)၊ တပ်ခွဲ(၃)က မိုင်းဆွဲပြီး ပစ်ခတ် တိုက်ခိုက်တာကြောင့် စကစ(၂၀)ခန့် မျက်မြင်ထိခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီလို(၁၀)ရက်ကြာ တိုက်ပွဲတွေအတွင်း စကစ ဘက်က (၅၅)ဦး ထိခိုက်သေဆုံးခဲ့ရပြီးတော်လှန်ရေးအင်အားစုတွေဘက်က ထိခိုက်မှုမရှိခဲ့ပေမဲ့ စစ်တပ်လက်နက်ကြီးကြောင့် ပြည်
သူ(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း(၂)မှ ထုတ်ပြန်ကြေငြာထားပါတယ်။

Photo-ပုံဟောင်း

#bbmnews #bbm #bbmtv #bago #pyae #PDF
https://www.facebook.com/share/p/16uunJjnxD/
👍82
ကဘူးလ်မြို့ ပေါက်ကွဲမှုအပြီး တာလီဘန်တွေ‌အနေနဲ့ တရုတ်နိုင်ငံသားတွေကို ကာကွယ်ပေးဖို့ တရုတ် တောင်းဆို

BBM - ဇန်နဝါရီ ၂၄

အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော် ကဘူးလ်ရှိ တရုတ်စားသောက်ဆိုင်တစ်ဆိုင်မှာ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ပြီးနောက် ဘေဂျင်းက တာလီဘန်အစိုးရကို သူ့ရဲ့နိုင်ငံသားတွေကို ကာကွယ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဇန်န၀ါရီလ ၁၉ရက် တနင်္လာနေ့က လုံခြုံရေးတင်းကျပ်စွာချထားတဲ့ မြို့လယ်ခေါင်ရှိ တရုတ်စားသောက်ဆိုင်တစ်ဆိုင်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

အဆိုပါ ပေါက်ကွဲမှုကြောင့် အာဖဂန်နစ္စတန်နိုင်ငံသား ၆ ဦးနဲ့ တရုတ်နိုင်ငံသား ၁ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အရာရှိတွေက မီဒီယာကို ပြောကြားခဲ့ပါတယ်။

ဂျီဟတ်စစ်သွေးကြွအဖွဲ့ အစ္စလာမ္မစ်နိုင်ငံတော် (IS) က အဆိုပါ တိုက်ခိုက်မှုရဲ့နောက်ကွယ်မှာ ရှိကြောင်း ပြောကြားခဲ့ပေမဲ့ ကဘူးလ်ရှိ ရဲတပ်ဖွဲ့က "ပေါက်ကွဲမှုရဲ့ တကယ့်ဖြစ်ရပ်မှန်ကို အခုချိန်အထိ မသိရသေးဘဲ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်"လို့ ပြောကြားခဲ့ပါတယ်။

၂၀၂၁ ခုနှစ်တုန်းက တရုတ်နိုင်ငံဟာ သူ့ရဲ့နိုင်ငံသားတွေကို တာလီဘန်တွေ ထိန်းချုပ်ခဲ့တဲ့ အာဖဂန်နစ္စတန်ကို ခရီးမသွားဖို့ တိုက်တွန်းခဲ့ပါတယ်။

အဲ့အချိန်မှစပြီးတော့ အစ္စလာမ္မစ်နိုင်ငံတော်(IS)က ဗုံးခွဲမှုများစွာကို ပြုလုပ်ခဲ့ကြောင်း ကြေငြာခဲ့ပါတယ်။

ဇန်နဝါရီလ ၂၀ရက် အင်္ဂါနေ့က ပေကျင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က "အာဖဂန်နစ္စတန်ကို အရေးတကြီး တိုင်ကြားမှုတွေ ပြုလုပ်ခဲ့ပြီး အာဖဂန်ဘက်မှ ဒဏ်ရာရရှိသူတွေကို ကုသဖို့နဲ့ တရုတ်နိုင်ငံသားတွေရဲ့ ဘေးကင်းရေးကို ကာကွယ်ဖို့ ထိရောက်တဲ့ အစီအမံတွေ ဆက်လက်လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

မြို့တော်ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Khalid Zadran က ပေါက်ကွဲမှုဟာ မြို့တော် Shahr-e-Naw ဧရိယာရှိ ဧည့်ဂေဟာတစ်ခုအောက်မှာရှိတဲ့ Chinese Noodle စားသောက်ဆိုင်ရဲ့ မီးဖိုချောင်အနီးမှာ ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အာဖဂန်နစ္စတန် လူသားချင်းစာနာထောက်ထားမှုအဖွဲ့ရဲ့ အရေးပေါ်ညွှန်ကြားရေးမှူး Dejan Panic က ဆေးရုံမှာ "လူ ၂၀" ကို လက်ခံကုသခဲ့ပြီး အဲ့ဒီထဲက ၇ဦးဟာ ရောက်ရှိချိန်မှာ သေဆုံးသွားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဒဏ်ရာရသူတွေထဲမှာ အမျိုးသမီး ၄ဦးနဲ့ ကလေး ၁ဦးလည်း ပါဝင်ပါတယ်။

ပေါက်ကွဲမှုအပြီး လူမှုမီဒီယာမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုထဲမှာ အဆောက်အဦးရဲ့ ဘေးမှာ ကြီးမားတဲ့ အပေါက်တစ်ခုကို တွေရကြောင်း Reuters သတင်းဌာနက ပြောကြားခဲ့ပါတယ်။

မျက်မြင်သက်သေတေံက BBC Afghan ကို ပြောကြားရာမှာ စားသောက်ဆိုင်အပြင်ဘက်ရှိ ကားတစ်စီးဟာ လုံးဝပျက်စီးသွားပြီး ဒေသခံတွေက "စိုးရိမ်ရတဲ့ အခြေအနေ" ရှိသူတွေကို ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ဖို့ ကူညီပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာ ပျက်စီးနေတဲ့ အဆောက်အဦးကို ဖုံးအုပ်ဖို့ ကြီးမားတဲ့ အခင်းတွေကို ခင်းကျင်းခဲ့ပါတယ်။

ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Zadran က အဆိုပါစားသောက်ဆိုင်ဟာ တရုတ်မွတ်စလင်တွေအတွက်ဖြစ်ပြီး ပိုင်ရှင်တွေကလည်း ရှင်ကျန်းဒေသမှ တရုတ်မွတ်စလင်အမျိုးသားတစ်ဦး၊ ဇနီးနဲ့ အာဖဂန်စီးပွားရေးလုပ်ဖော်ကိုင်ဖက်တို့က ဖွင့်လှစ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

ISရဲ့ ကြေညာချက်ထဲမှာ အထူးသဖြင့် တရုတ်နိုင်ငံဟာ ဝီဂါမွတ်စလင်တွေအပေါ် ရာဇဝတ်မှုတွေ ပိုမိုတိုးပွားလုပ် ဆောင်လာနေတာကြောင့်" တရုတ်နိုင်ငံရဲ့ ကို ပစ်မှတ် "စာရင်း"ထဲမှာ ထည့်သွင်းထားကြောင်း ပြောကြားခဲ့ပါတယ်။

ရှင်ကျန်းဒေသ အနောက်မြောက်ပိုင်းရှိ ဝီဂါမွတ်စလင်တွေနဲ့ အခြားမွတ်စလင်အများစုအပေါ် လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ တရုတ်နိုင်ငံက စွပ်စွဲခံထားရပါတယ်။

တရုတ်အစိုးရက ရှင်ကျန်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပါတယ်။

၂၀၂၂ ခုနှစ်က ကဘူးလ်ရှိ တရုတ်ပိုင်ဟိုတယ်တစ်ခုမှာ တိုက်ခိုက်သူ ၃ ဦးသေဆုံးပြီး အနည်းဆုံး ၂ဦး ဒဏ်ရာရရှိခဲ့တဲ့ တိုက်ခိုက်မှုရဲ့နောက်ကွယ်မှာ IS ရှိတယ်လို့ အရင်က ပြောကြားခဲ့ပါတယ်။

မကြာသေးမီက တာဂျစ်ကစ္စတန်နယ်စပ်အနီးရှိ တရုတ်နိုင်ငံသားတွေကို အမည်မသိတိုက်ခိုက်သူတွေက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါသေးတယ်။

နိုဝင်ဘာလမှာ တရုတ်နိုင်ငံသား ၆ဦးဟာ အခြား ဖြစ်ရပ် ၃ခုမှာ သေဆုံးခဲ့ပါသေးတယ်။

ဘေကျင်းက သူ့ရဲ့နိုင်ငံသားတွေကို တာဂျစ်-အာဖဂန်နယ်စပ်မှ ထွက်ခွာဖို့ ပြောကြားခဲ့ပါတယ်။

Reference-BBC
Translator-Richard
https://www.facebook.com/share/r/17okLcrSsW/
👍6😁41
လယ်ဒိုမြို့နဲ့ မူးမြို့နယ်တို့မှာ စစ်ကောင်စီက လက်နက်ကြီး၊ဒရုန်း၊ ဂျိုင်ရိုကော်ပတာ တွေနဲ့ပစ်ခတ်တိုက်ခိုက်

🟥ပြည်သူ ၃ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရ

BBM - ဇန်နဝါရီလ၂၄
သတင်း - ကိုဘုဏ်း

ကရင်အမျိူးသားအစည်းအရုံး၊ ကော်သူးလေထိန်းချူပ်နယ်မြေတွေ ဖြစ်တဲ့လယ်ဒိုမြို့နဲ့မူးမြို့နယ်မှာရှိတဲ့ ပြည်သူတွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီ ကလက်နက်ကြီး၊ဒရုန်း၊ ဂျိုင်ရိုကော်ပတာ တွေနဲ့တိုက်ခိုက်ခဲ့တယ်လို ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၂၁ရက်နေ့မှာ ပဲနွယ်ကုန်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီ တပ်မ ၁၂၀မမ လက်နက်ကြီးနဲ့ပစ်ခတ်ရာ ဇရက်ခင်ကျေးရွာမှာရှိတဲ့ ဒေါ်သီတာစန်း ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီလ၂၀ရက်နေ့မှာ မူးမြို့နယ်အတွင်းရှိ မာနေကွင်းနေရာကို ဒရုန်းနဲ့ဗုံးကြဲရာ ကပ်ကြီးဆိပ်ရွာသားတွေဖြစ်တဲ့ ဦးမဲလုံးနဲ့ကိုကျော်မင်းထက်တို့ ဒဏ်ရာရပြီးသေဆုံးခဲ့လိုမောင်မင်းခန့်နဲ့ မမေကဗျာ ၂ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဇန်နဝါရီလ ၂၁ရက်နေ့မှာလည်း စစ်ကောင်စီဟာ ဂျိုင်ရိုကော်ပတာနဲ့ နတ်လောင်းကြီးကျေးရွာကိုပစ်ခတ်တာကြောင့် ဦးသောင်းစိန် (၆၉)နှစ် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ နေ့စဥ်အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ကြေငြာထားပါတယ်။

ပုံ-KNU

#bbmnews #bbm #bbmtv #KNU #Kawthoolei
https://www.facebook.com/share/p/1BytfXVVUF/
🤬7👎1😡1
အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေအတွက် ယာယီနေထိုင်ခွင့်(TPS) ရပ်ဆိုင်းမယ့်အစီအစဉ် ‌ယာယီရွှေ့ဆိုင်း

BBM - ဇန်နဝါရီ ၂၄
သတင်း - Richard

အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေအတွက် ယာယီနေထိုင်ခွင့်(TPS)ရပ်ဆိုင်းမယ့်အစီအစဉ်ကို ယာယီ ရွှေ့ဆိုင်းထားကြောင်း ဖက်ဒရယ်တရားသူကြီး မက်သရူး အက်ဖ် ကနေဒီ(Matthew F. Kennelly)က ဇန်နဝါရီလ ၂၃ရက်နေ့က အမိန့်ချမှတ်ခဲ့ပါတယ်။

မက်သရူး အက်ဖ် ကနေဒီ(Matthew F. Kennelly)ရဲ့ သုံးသပ်ချက်အရ အမေရိကန်အစိုးရဟာ TPS ကို ရပ်ဆိုင်းရန် ကြိုးပမ်းရာမှာ ဥပဒေချိုးဖောက်မှုတွေ ရှိခဲ့ကြောင်း တွေ့ရှိရတာကြောင့်လို့ ဆိုပါတယ်။

တရားသူကြီး မက်သရူးတင်ပြသွားတဲ့ အချက်တွေထဲမှာ ပထမအချက်အနေနဲ့ DHS ဝန်ကြီး နိုအမ်(Noem)ဟာ ဆုံးဖြတ်ချက်မချခင်မှာ အခြားသက်ဆိုင်ရာ ဌာနတွေနဲ့ ဥပဒေအရ လိုအပ်တဲ့ တိုင်ပင်ဆွေးနွေးမှုတွေကို လုပ်ဆောင်ခဲ့တာမျိုး မရှိဘူးလို့ ဆိုပါတယ်။

ဒုတိယအချက်အနေနဲ့ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၃၂၁ မြို့နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေကြောင်း အမေရိကန် အစိုးရရဲ့ အစီရင်ခံစာတွေက ဖော်ပြနေပေမဲ့ အဆိုပါအချက်ကို လျစ်လျူရှုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တတိယအချက်အနေနဲ့ ဒီလုပ်ရပ်ဟာ နိုင်ငံများစွာရဲ့ TPS အစီအစဉ်တွေကို ဥပဒေနဲ့အညီ စိစစ်တာမျိုးမရှိဘဲ ဖျက်သိမ်းဖို့ အတင်းကြိုးစားနတဲ့ အစိုးရရဲ့ "ပုံစံခွက် လုပ်ရပ်" (Pattern and Practice) တစ်ခု ဖြစ်နေကြောင်း တရားသူကြီးက ထောက်ပြခဲ့ပါတယ်။

လက်ရှိ TPS ရပ်ဆိုင်းမယ့် အစီအစဉ်ကို ယာယီရွှေ့ဆိုင်းထားပေမဲ့ အပြီးသတ်ရပ်တန့်သွားတာမျိုးတော့မဟုတ်ပါဘူး။

Department of Homeland security(DHS)က အဆိုပါအမိန့်ကို မကျေနပ်လို့ အထက်တရားရုံး ဒါမှမဟုတ် တရားရုံးချုပ် (Supreme Court) အထိ အယူခံဝင် တက်ရောက်နိုင်တာ‌ကြောင့် အခြေအနေတွေ ပြန်လည် ပြောင်းလဲသွားနိုင်ပါသေးတယ်။

လက်ရှိအချိန်မှာတော့ TPS ရပ်ဆိုင်းမယ့်အစီအစဉ် ယာယီရွှေ့ဆိုင်းထားတာကြောင့် ပြည်တော်ပြန်ရန် မလိုသလို၊ အလုပ်လုပ်ကိုင်ခွင့် (Work Permit) လည်း ဆက်လက် သက်တမ်းရှိနေမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန်အစိုးရဘက်မှ အယူခံဝင်လာနိုင်တာကြောင့် နောက်ဆက်တွဲသတင်းတွေကို ဆက်လက်နားစွင့်ထားကြဖို့လိုတယ်လို့ ဆိုပါတယ်။

လက်ရှိ မိမိတို့ ကိုင်ဆောင်ထားတဲ့ စာရွက်စာတမ်းတွေကို သိမ်းဆည်းထားပြီး အလုပ်ရှင်တွေက မေးမြန်းလာပါက ပြသနိုင်ဖို့ ပူးတွဲပါ တရားရုံး အမိန့်စာ (Document 51 နှင့် 52) တွေကို သိမ်းဆည်းထားပါလို့ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း အမေရိကန် ICEအဖွဲ့ရဲ့ရှာဖွေဖမ်းဆီးစစ်ဆေးမှုတွေကြောင့် ကြောင်လန့်လို့ မြန်မာကျောင်းသားလူငယ်တစ်ဦး အဆုံးစီရင်ဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။

#bbmnews #bbm #bbmtv #USA #TPS #ICE #internationalnews
https://www.facebook.com/share/p/1AMkGZoD6E/
👍13
ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးအတွင်း ဗမာ့တပ်တော်မှ ရဲဘော် ၂ ဦးကျဆုံး

BBM -ဇန်နဝါရီ ၂၄
သတင်း - ခက်ဆစ်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်မှုနဲ့အတူ တိုက်ပွဲဝင်လျက်ရှိတဲ့ ဗမာ့တပ်တော် BA မှ ရဲဘော် ၂ ဦးကျဆုံးခဲ့တယ်လို့ အဆိုပါတပ်က ယမန်နေ့ ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ဗန်းမော်မြို့သိမ်းစစ်ဆင်‌ရေးအတွင်း ဇန်နဝါရီလ ၁၆ ရက်မှာ ရဲဘော် ၁ ဦး၊ ဇန်နဝါရီလ ၂၁ ရက်မှာ ရဲဘော် ၁ ဦး တို့ဟာ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ပြည်သူ့ဘဝ လုံခြုံအေးချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြိုးပမ်းတိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ အသိပေးထားပါတယ်။

ကချင်ပြည်နယ်အတွင်း အထူးစစ်ဆင်ရေးတွေမှာ KIA ရဲ့ ဦးဆောင်ကွပ်ကဲမှုနဲ့အတူ ၂၀၂၃ ခုနှစ်မှာ လေးလုံ(အောင်ဂျာစခန်းသိမ်းတိုက်ပွဲ)၊ ၂၀၂၄ ခုနှစ်မှာ စကစရဲ့ အမှတ်(၃၇၀)အမြောက်တပ်ရင်း၊ အမှတ်(၆၁၆) ဒုံးတပ်ရင်း၊ အမှတ်(၂၃၆) ခြေလျင်တပ်ရင်း၊ အမှတ်(၄၃၇) ခြေမြန်တပ်ရင်း၊ ဘွမ်ရယ်ဘွမ်(ပွိုင့် ၇၇၁) ဗျူဟာကုန်း၊ ဖွန်ပြန်ဘွမ်(သံခမောက်တောင်) ဗျူဟာကုန်း၊ ဂဂမ်ဘွမ်ဗျူဟာကုန်း၊ အောင်မြေ ၁ (ဝိုင်းမော်)၊ စပါးလင်ကုန်းနဲ့ အခြားကာကင်းစခန်းငယ်များစတဲ့ တပ်ရင်းဌာနချုပ်နဲ့ အရေးပါတဲ့ ဗျူဟာကုန်း၊ စခန်းကြီးတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဗမာ့တပ်တော်က ဆိုပါတယ်။

ဒါ့အပြင် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်၊ ပင်လုံအနှစ်သာရကို လေးစားတန်ဖိုးထားတဲ့ တပ်တော်တခု ဖြစ်တယ်လို့လည်း ဗမာ့တပ်တော်(BA) က အသိပေးထားတာ ဖြစ်ပါတယ်။

Photo - ကျဆုံးရဲဘော် ၂ ဦး/ ဗမာ့တပ်တော် BA

#bbmnews #bbm #bbmtv #bhamo #PDF #KIA
https://www.facebook.com/share/p/1AkSwetXqC/
😢7👍1🫡1
နတ်သံကွင်းမြို့က စကစ တွေကို ROBIHHOOD Missile Team မှထုတ်တဲ့ လက်နက်ကြီးတွေနဲ့တိုက်ခိုက်

BBM - ဇန်နဝါရီလ ၂၄
သတင်း - ကိုဘုဏ်း

ပဲခူးတိုင်း၊ နတ်သံကွင်းမြို့မှာရှိတဲ့စစ်ကောင်စီကာကင်းစခန်းတစ်ခုကို ROBIHHOOD Missile Team မှထုတ်လုပ် ပံ့ပိုးပေးထားတဲ့ လက်နက်ကြီးများနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့က ထုတ်ပြန်ကြေငြာထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ရက်နေ့ က NUG၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့စစ်ဆင်ရေးနယ်မြေ (၂)၊ KNU တပ်မဟာ( ၃ )KNLA တပ်ရင်း (၉)ရဲ့နယ်မြေအတွင်းမှာရှိတဲ့ စကစ စခန်းကို ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များရဲ့ပစ်ခတ်တိုက်ခိုက်မူဟာ စစ်ကောင်စီစခန်းအနီးကျရောက်ပေါက်ကွဲတာကြောင့် စကစ တပ်သားများထိခိုက်ဒဏ်ရာရရှိမူ့များရှိကြောင်း မြေပြင်သတင်းများအရသိရတယ်လို့လည်းဆိုပါတယ်။

အဆိုပါတိုက်ခိုက်မူ့ကို KNLA တပ်ရင်း (၉)၊ ပဲခူးခရိုင် အမှတ် (၂)တပ်ရင်း P2 - 3702တပ်ရင်း၊ သာယာဝတီ ဂဠုန်တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ပဲခူးခရိုင်အတွင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်မူ့များကိုဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သာယာဝတီ ဂဠုန်တပ်ဖွဲ့က ထုတ်ပြန်ကြေငြာထားပါတယ်။

#bbm #bbmnews #Bago #KNLA #သာယာဝတီဂဠုန်တပ်ဖွဲ့
https://www.facebook.com/share/r/1CBfTiRZ8G/
👍103
ဂန့်ဂေါမြို့မရဲစခန်းက ဒုရဲအုပ်တစ်ဦး ဒရုန်း ဗုံးကြဲခံရပြီး သေဆုံး

BBM - ဇန်နဝါရီ ၂၄
သတင်း - ကိုအိုက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့ ရဲစခန်းက ဒုရဲအုပ်တစ်ဦး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး တစ်ပတ်ကျော်ကြာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက BBM ကို ပြောပါတယ်။

ဂန့်ဂေါမြို့ ခလရ ၅၀ တပ်အနီး လမ်းဆုံမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီလို ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ဂိတ်မှာရှိတဲ့ ဒုရဲအုပ်တစ်ဦးအပါအဝင် ရဲနှစ်ဦးနဲ့ စစ်ကောင်စီတပ်သား နှစ်ဦးတို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အပြင်းအထန်ဒဏ်ရာရတဲ့ ဒုရဲအုပ်တစ်ဦးဟာ မနေ့က ဇန်နဝါရီလ ၂၃ ရက်နေ့မှာ သေဆုံးခဲ့ပြီး သူ့ရဲ့အလောင်းကို နေ့ချင်းမြေမြှုပ်သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။

"ဂန့်ဂေါမြို့ မိုးကောင်းသင်္ချိုင်းမှာ စစ်သားတွေ မနေ့က အလောင်းသင်္ဂြိုဟ်တာ တွေ့တယ်၊ ကျတော်တို့ ဒီမနက်မှဘဲ ဒုရဲအုပ် သေတယ်ဆိုတဲ့ဟာ သိရတယ်၊ မနေ့က သေပြီး နေ့ချင်း သင်္ဂြိုဟ်လိုက်တဲ့ သဘောပါ၊ သတင်းတွေကို ဖုံးချင်တာလည်းဖြစ်နိုင်ပါတယ်"လို့ ဂန့်ဂေါမြို့ခံအမျိုးသားတစ်ဦးက BBM ကို ပြောပါတယ်။

ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်းအပါအဝင် စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ရှော့တိုက်ဒုံးတွေ ပစ်ခတ်မှုတွေ မကြာခဏ လုပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီကလည်း ဂန့်ဂေါမြို့အနီးအနား ကျေးရွာတွေကို လက်နက်ကြီးကျည် ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်မှုတွေ ရှိနေပါတယ်။

ဂန့်ဂေါမြို့မှာ မနက်ဖြန် ဇန်နဝါရီ ၂၅ ရက်နေ့ စစ်ကောင်စီရဲ့ အတုယောင် ရွေးကောက်ပွဲ မဲရလဒ်ကြည့်ဖို့အတွက် မြို့တွင်း လုံခြုံရေး တင်းကျပ်ထားတယ်လို့ သိရပါတယ်။

"ဒီမနက် မြို့ထဲ စစ်သားတွေ ခြေရှုပ်နေကြတယ်၊ ခလရ ၅၀ တပ်ရင်းထဲက စစ်သားတွေ မြို့ပတ်လည်မှာ ကင်းပုန်းတွေ ချထားကြတယ်၊ မနက်ဖြန် မဲရလဒ်ကြည့်ဖို့လို့ ကြားတယ်"လို့ ဂန့်ဂေါမြို့ခံ အမျိုးသားတစ်ဦးက BBM ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်နေတဲ့ကြားက စစ်ကောင်စီဟာ ဂန့်ဂေါမြို့မှာ အပိုင်း (၂) ရွေးကောက်ပွဲကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။

#bbm #bbmnews #ဂန့်ဂေါ #ရဲစခန်း #မကွေး
https://www.facebook.com/share/p/1AN296avH3/
👍92
မြင်းခြံမှာ စကစတပ်ကို MBT နဲ့ပူးပေါင်းတပ်များ တစ်ရက်တာတိုက်ခိုက်မှုအတွင်း စကစ ၂၂ ဦးသေဆုံး

🟥တော်လှန်ရေးအင်အားစုဘက်မှ ၂ ဦးကျဆုံးပြီး ၁၄ ဦးဒဏ်ရာရခဲ့

BBM - ဇန်နဝါရီ၂၄
သတင်း - မင်းသော်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ တစ်ရက်အတွင်းမှာတင် စစ်ကောင်စီတပ်သား ၂၂ ဦးသေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Myingyan Black Tiger (MBT)အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့၊ မနက် ၇ နာရီကနေ ညနေ ၆ နာရီအထိ မြင်းခြံမြို့နဲ့ နွားထိုးမြို့ကြား စကစတပ်နဲ့ MBTတပ်ဖွဲ့၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ Burmese Guerrilla Force(BGF) တပ်ဖွဲ့တို့ တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စကစ ဘက်က အထိနာတာကြောင့် ဂျက်ဖိုက်တာနဲ့ တစ်ကြိမ်၊ MI-35 နဲ့တစ်ကြိမ် လာရောက် ပစ်ကူပေးတာတွေရှိခဲ့ပေမဲ့ တိုက်ပွဲအတွင်း စကစတပ်သား ၇ ဦးသေဆုံးကာ အမြောက်အများဒဏ်ရာရရှိပြီး ခဲယမ်းအချို့နဲ့ ဆက်စပ်ပစ္စည်းတွေကို တော်လှန်ရေးအင်အားစုတွေဘက်က သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တရက်တည်းမှာ မနက် ၈ နာရီမှ ၉ နာရီအထိ နောက်ထပ်တနေရာဖြစ်တဲ့ မြင်းခြံမြို့အနောက်ဘက်ရှိ ပတ္တာကျေးရွာနဲ့ လေးအိမ်တန်းကျေးရွာကြား MBT တပ်၊ MGN အညာသားပြောက်ကျားတပ်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစဘက်မှ ဗိုလ်တစ်ဦးအပါအဝင် ၁၅ ဦးသေဆုံးပြီး ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တစ်ရက်အတွင်းဖြစ်ပွါးခဲ့တဲ့ အဆိုပါတိုက်ပွဲဖြစ်စဥ်(၂)ခုမှာ စကစ ဘက်က စုစုပေါင်း (၂၂)ဦးသေဆုံးပြီး (၂၀)ဦးကျော် ဒဏ်ရာရသလို MBT တပ်ဖွဲ့ဘက်မှလည်း ရဲဘော်(၂)ဦးကျဆုံးကာ (၁၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Myingyan Black Tiger (MBT) အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Video - MBT
https://www.facebook.com/share/v/1AqJPA6qaH/
👍92👏1
မလှိုင်မြို့နယ်အတွင်း ရွေးကောက်ပွဲအတွက် ရဲအင်အား(၆၀၀)ကျော်အထိ ရောက်ရှိနေ

🟥ခရီးသည်ယာဥ်လိုင်းများအားလုံး (၂၇)ရက်နေ့အထိ ပိတ်ထားပြီး အရပ်ကားတွေကို ချောဆွဲနေ

BBM-ဇန်နဝါရီ၂၄
သတင်း-မင်းသော်

မမ္တလေးတိုင်း၊ မလှိုင်မြို့နယ်အတွင်း ရွေးကောက် ပွဲပြုလုပ်ရန်အတွက် စစ်ကောင်စီအနေနဲ့ ရဲအင်အား(၆၀၀)လောက်အထိ စေလွှတ်ထားသလို မြို့နယ်အတွင်း ခရီးသည်ယာဥ်လိုင်းတွေကို (၂၇)ရက်နေ့အထိ ပိတ်ပင်ထားတာတွေ၊ အရပ်သားကားတွေကို ပေါ်တာဆွဲတာတွေ ပြုလုပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ယခုလာမဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာကျင်းပမဲ့ စစ်ကောင်စီရဲ့ နောက်ဆုံးအသုတ်ရွေးကောက်ပွဲကို မလှိုင်မြို့နယ်အတွင်းမှာလည်း ကျင်းပဖို့ရှိနေတာကြောင့် ရွေးကောက်ပွဲမတိုင်မှီ ယခုကဲ့သို့ ရဲအင်အားအမြောက်အများကို ပို့ဆောင်ထားခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ၁၆ရက်နေ့ကစပြီး မလှိုင်မြို့နယ်အတွင်း လုံခြုံရေးရဲများ ရောက်ရှိပြီးနောက် ဇန်နဝါရီလ ၂၃ ရက်နေ့မှာတော့ ရွေးကောက်ပွဲကျင်းပမဲ့ မြို့နယ်အတွင်းရှိကျေးရွာတွေကို အဆိုပါလုံခြုံရေးတွေနဲ့အတူ မဲရုံဝန်ထမ်းများကို စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

ဒီလို မြို့နယ်အတွင်းရှိကျေးရွာတွေကို သွားရာမှာ စကစ ရဲ့လုံခြုံရေးတွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေ ဂိတ်ချခဲ့ဖူးတဲ့နေရာတွေနဲ့ ၎င်းတို့မသင်္ကာရာနေရာတွေကို သေနတ်ပစ်ဖောက်တာတွေလုပ်ဆောင်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။

" မလှိုင်မြို့နယ်အတွင်း ရွေးကောက်ပွဲအတွက်
လုံခြုံရေးအင်းအား ၆၀၀ကျော်ရောက်ရှိနေပါတယ်ဗျ၊ အဲ့လုံခြုံရေးတွေနဲ့အတူ Non-CDM တွေကို ၂၃ရက်နေ့ကစပြီး ရွေးကောက်ပွဲ လုပ်မဲ့ရွာတွေကိုလွှတ်တယ်၊ အဲ့တာဝါးခွ ရွာဘက်မှာကောသေနတ်တွေပစ်ဖောက်သွားကြတယ်၊ ဘာတိုက်ပွဲမှမဖြစ်ဘဲ မိနစ်နှစ်ဆယ်လောက်ကိုပစ်တာ"

ဒါ့အပြင် မလှိုင်မြို့နယ်အတွင်းက ကားလိုင်းတွေအကုန်လုံးကိုလည်း ရွေးကောက်ပွဲကာလအတွင်း လုံခြုံးရေးအကြောင်းပြချက်ဖြင့် အားလုံးရပ်ဆိုင်းခိုင်းထားပြီး ၂၇ရက်နေ့မှ ပြန်လည် လုပ်ကိုင်ခွင့်ပြုမယ်လို့လည်း သိရပါတယ်။

ဒါတင်မက မလှိုင်မြို့နယ်အတွင်းက ရွေးကောက်ပွဲကျင်းပမဲ့ကျေးရွာတွေကို Non-CDM တွေနဲ့ စကစ တပ်သားတွေသွားလာရာမှာလည်း မြို့နယ်တွင်းက အရပ်သားကားတွေကို ချောဆွဲတာတွေပြုလုပ်နေတယ်လို့လည်း အဆိုပါဒေသခံမှဆက်ပြောပါတယ်။

"မြို့ပေါ်က ခု ကားလိုင်းတွေအကုန် ၂၇ရက်နေ့အထိ နားခိုင်းထားပါတယ်၊ ကားတွေကို ချောဆွဲတာလည်း ရက်ရက်စက်စက်ပဲ ၊ မြို့ပေါ်မှာတင် အစီး၅၀ ကျော်တယ်"

မလှိုင်မြို့နယ်ဟာ စစ်ကောင်စီတပ်တွေအမြောက်အများ အခြေပြုထားရာ မိတ္ထီလာမြို့နယ်နဲ့ကပ်ရပ်ရှိနေပေမဲ့လည်း တော်လှန်ရေးအားကောင်းရာမြို့နယ်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့်မို့လည်း စစ်ကောင်စီအနေနဲ့ မလှိုင်မြို့ပေါ်နဲ့ မလှိုင်-မိတ္ထီလာကြားကိုသာ ရွေးကောက်ပွဲကျင်းပနိုင်ပြီး မြို့အနောက်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းက ကျေးရွာတွေမှာတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိဘူးဟု သိရပါတယ်။

Photo-ပုံဟောင်း
😁6🤬2👎1
မြင်းခြံမှာ မဲရုံစောင့်ပြည်သူ့စစ် ၁ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေလက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီး

BBM - ဇန်နဝါရီလ ၂၄
သတင်း -ကိုဘုဏ်း

မြင်းခြံခရိုင် ၊မြင်းခြံမြို့ပေါ်မှာမဲရုံစောင့်နေတဲ့ ပြည်သူ့စစ်တစ်ဦးကို လက်နက်ခဲယမ်းများနဲ့အတူ အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ Myingyan Twenty One Guerllia Force ကထုတ်ပြန်ကြေငြာထားပါတယ်။

မြင်းခြံမြို့ပေါ်အတွင်း မဲရုံစာင့်နေရင်းအပြင်ထွက်လာချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းနဲ့အတူ ကာဘိုင် သေနတ် ၁လက် အပြင် ခဲယမ်းအချို့ပါသိမ်းဆည်းရမိတယ်လို့သိရပါတယ်။

အဆိုပါပြည်သူ့စစ်ကိုဖမ်းဆီးရာမှာ Myingyan Twenty One Guerrilla Force နဲ့အတူ TFM ပျောက်ကျားတပ်ဖွဲ့၊ TLK ပျောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းထုတ်ပြန်
ကြေငြာထားပါတယ်။

Photo-Myingyan Twenty One Guerrilla Force
👍9👏1
👍11
ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်တွေရှိရာကို စကစ မှ ဒရုန်း(၂)စီးဖြင့်တိုက်ခိုက်တာကြောင့် ပြည်သူ(၂)ဦးသေဆုံး

🟥ကလေးငယ်တစ်ဦးအပါ အရပ်သား(၅)ဦးလည်း ဒဏ်ရာရ

BBM-ဇန်နဝါရီ၂၄
သတင်း-မင်းသော်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေရှိရာကို စစ်ကောင်စီ မှ ဒရုန်း(၂)စီးဖြင့်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ(၂)ဦးသေဆုံးခဲ့ရပြီး ကလေးငယ်တစ်ဦးအပါ အရပ်သား(၅)ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းတိုက်နယ်၊ မူရွင်းကျေးရွာရှိ စာသင်ကျောင်းမှာ လာရောက်စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေကို ဇန်နဝါရီလ ၂၄ရက် နေ့လယ် ၁၂နာရီ၅၅မိနစ်နဲ့ ၁၂နာရီ ၅၈ မိနစ်တို့မှာ ဒရုန်း(၂)စီးနဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းရွာမှ ဒေါ်ဖြူနုမ (၈၁ နှစ်) နဲ့ ဦးမှဲ့ဒေါင်း (၅၆ နှစ်) တို့ သေဆုံးပြီး၊ စိုင်ခြုံဒွိန် ကျေးရွာနေ မောင်အေးမင်းခိုင် (၉ လ) ၊ ဒေါ်ခင်ဆန်းဝင်း (၃၄ နှစ်)၊ သိုင်းချောင်းကျေးရွာနေ ဒေါ်မမြရင် (၅၆ နှစ်)၊ ဇိုင်ချောင်းကျေးရွာနေ ဒေါ်ဘနုမ (၆၇ နှစ်)နဲ့ ဦးမောင်ကျော် (၆၃ နှစ်) တို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါတင်မက စကစဟာ ၎င်းမူရွင်းကျေးရွာအား ဇန်နဝါရီလ (၂၄) ရက်နေ့ ညနေ (၄) နာရီ (၄၀) မိနစ်ခန့်အချိန်မှာ နောက်ထပ်ဒရုန်း (၂) စီးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တဲ့အပြင် ညနေ (၅) နာရီ (၂၀) မိနစ်ခန့်အချိန်မှာလည်း မူရွင်းရွာနဲ့ ကုန်ဘောင်ရွာတို့ကို ဂျက်ဖိုက်တာတစ်စီးနဲ့ လေကြောင်းဗုံးကြဲမှုတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီအနေနဲ့ ဇန်နဝါရီလ (၁၈၊ ၁၉) ရက်နေ့ တွေမှာလည်း ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေကျေးရွာအား ဂျက်ဖိုက်တာ၊ ဒရုန်းများနဲ့သာမက ပင်လယ်ပြင်၌တပ်စွဲထားသော စစ်သင်္ဘောနေဗီများပေါ်မှ လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သေးပြီး ထိုတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူ (၂) ဦးသေဆုံးခဲ့ကာ (၂) ဦး ဒဏ်ရာရရှိခဲ့ပြီး အရပ်သားပြည်သူများရဲ့နေအိမ်အချို့ မှာလည်း မီးလောင်ပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ (၂၂) ရက်နေ့မှာလည်းကျောက်ဖြူမြို့နယ်၊ ဇင်ချောင်း ကုန်ဘွေရွာကို ဒရုန်း (၁) စီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ (၂) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သေးတယ်လို့ အာရက္ခတပ်တော်မှ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ- ပုံဟောင်း
https://www.facebook.com/share/p/1Z52bJN8ex/
😡71👍1
ရုရှားက ယူကရိန်းကို ဆက်လက်တိုက်ခိုက်မှုတွေကြောင့် ပထမဆုံး ၃ပွင့်ဆိုင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အဆုံးသတ်

BBM -ဇန်နဝါရီ ၂၅

အမေရိကန်၊ ရုရှားနဲ့ ယူကရိန်းကြားက ပထမဆုံး ၃ ပွင့်ဆိုင်‌ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ယူကရိန်းကို ရုရှားက ပြန်လည်ဗုံးကြဲတိုက်ခိုက်ပြီးနောက် အောင်မြင်တဲ့ ရလဒ်မထွက်ဘဲ အဆုံးသတ်သွားခဲ့ပါတယ်။

အဘူဒါဘီမြို့မှာ ၂ ရက်ကြာဆွေးနွေးမှု တွေအပြီး ယူကရိန်းသမ္မတ ဇယ်လင်စကီးက နောက်အပတ်အစောပိုင်းမှာ ဒုတိယအကြိမ်တွေ့ဆုံဖို့ အလားအလာရှိကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဇလန်စကီးရဲ့ X မှာ ရေးသားထားတဲ့ ပို့စ်တစ်ခုအရ "အများကြီးဆွေးနွေးခဲ့ကြတယ်"လို့ ပြောကြားခဲ့ပြီး ဆွေးနွေးမှုတွေဟာ "တည်ဆောက်မှု" ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီလ ၂၄ရက် စနေနေ့အထိ ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၁ဦးသေဆုံးပြီး ၃၅ ဦး ဒဏ်ရာရရှိပြီးနောက် အစည်းအဝေးကို အဆုံးသတ်ခဲ့တာပဲဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆီဘီဟာက ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်မှ အမိန့်ပေးခဲ့တဲ့ "ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုဟာ ကျွန်ုတော်တို့ရဲ့ ပြည်သူတွေကိုသာမက ညှိနှိုင်းရေးစားပွဲကိုပါ ထိခိုက်စေခဲ့တယ်"လို့ ပြောကြားခဲ့ပါတယ်။

အဘူဒါဘီမြို့မှာ ကျင်းပတဲ့ ဆွေးနွေးပွဲတွေဟာ ၂၀၂၂ ခုနှစ်တုန်းက ရုရှားက ယူကရိန်းကို အပြည့်အဝကျူးကျော်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း ပထမဆုံး ၃ ပွင့်ဆိုင်တွေ့ဆုံမှုပဲဖြစ်ပါတယ်။

"စစ်ဘက်ရေးရာ ကိုယ်စားလှယ်တွေက နောက်ထပ်အစည်းအဝေးတစ်ခုအတွက် အလားအလာရှိတဲ့ ပြဿနာတွေကို ဖော်ထုတ်ခဲ့ကြပါတယ်။ ရှေ့ဆက်သွားဖို့ အသင့်ဖြစ်နေပြီး ယူကရိန်းကလည်း အသင့်ဖြစ်နေပါက နောက်ထပ်အစည်းအဝေးတွေကို လာမယ့် အပတ်အစောပိုင်းမှာ ကျင်းပနိုင်မှာဖြစ်တယ်"လို့ ရုရှားဘက်က ပြောကြားခဲ့ပါတယ်။

ရုရှားသတင်းဌာန RIA ကလည်း ရုရှား၊ ယူကရိန်းနဲ့ အမေရိကန်တို့အကြား ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်ဖို့ ဆက်လက်တည်ရှိနေကြောင်း ဖော်ပြခဲ့ပါတယ်။

ကိယက်ဗ်မြို့တော်ဝန် Vitali Klitschko က ဒဏ်ရာရရှိသူ ၄ ဦးအနက် ၃ ဦးကို ဆေးရုံတင်ထားရတယ်လို့ Telegram မှာ ပြောကြားထားပါတယ်။

မြို့တော်ရဲ့ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးသွားပြီး အဆောက်အဦး ၆၀၀၀ ဟာ အပူပေးစနစ် မရှိဘဲ ဖြစ်နေတယ်လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံရဲ့ ဒေသတချို့မှာ အပူချိန်ဟာ -၁၂ ဒီဂရီစင်တီဂရိတ်လောက်အထိ ကျဆင်းသွားခဲ့ပါတယ်။

တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဇလန်စကီးက က "ရုရှားတွေရဲ့ အဓိကပစ်မှတ်ကဟာ စွမ်းအင်အခြေခံအဆောက်အအုံ တွေပါ" လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က ရုရှားက ကိယက်ဗ်မြို့ရဲ့ လျှပ်စစ်အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တာကြောင့် ဇလန်းစကီး ဟာ ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်မယ့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။

Kharkiv မြို့တော်ဝန် Ihor Terekhov က စနေနေ့ မနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း လူ ၃၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

မီးဖွားဆေးရုံနဲ့ အိုးမဲ့အိမ်မဲ့တွေအတွက် တည်းခိုခန်းတစ်ခု ပျက်စီးသွားခဲ့ပါတယ်။

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံရဲ့ ၂၀% ခန့်ကို သိမ်းပိုက်ထားပြီး အဲ့ဒီထဲမှာ အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသရဲ့ အစိတ်အပိုင်းအချို့လည်း ပါဝင်ပါတယ်။

ရုရှားက ယူကရိန်းအနေနဲ့ နယ်မြေရဲ့ ကြီးမားတဲ့ ဧရိယာတွေကို လွှဲပြောင်းပေးစေလိုပေမဲ့ ယူကရိန်းက အဆိုပါကိစ္စကို ငြင်းဆိုထားပါတယ်။

ဒါးဗို့စ်မှာ ဇလင်စကီးက “အားလုံးက နယ်မြေကိစ္စပါ။ ဒါက မဖြေရှင်းရသေးတဲ့ ပြဿနာပါ” လို့ ပြောကြားခဲ့ပါတယ်။

Reference-BBC
Translator-Richard
Photo-Reuters

#bbmnews #bbm #bbmtv #Russia #Ukarain #internationalnews
https://www.facebook.com/share/p/186Qu5ZJ5q/
👍7