3.48K subscribers
5.58K photos
393 videos
2.88K links
Breaking Brainwashed Media
Download Telegram
မုံရွာမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မုံရွေးတန်ပိုဂိတ်မှထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်

BBM - ဇန်နဝါရီ ၂၂
သတင်း - ခက်ဆစ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မုံရွေးတန်ပိုဂိတ်မှ ဆက်ကြေးကောက်၊ မိုင်းရှာထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပဒေသမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးဒဏ်ရာရပြီး တစ်ဦးမှာသေဆုံးနိုင်တယ်လို့ MONYWA DYNAMITE.STF အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၂၁ ရက်၊ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်မှာ မုံရွေးတန်ပိုဂိတ်မှ မုံရွာ-ချောင်းဦးလမ်းမပေါ်သို့ ဆက်ကြေးကောက်၊ မိုင်းရှာဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်သား၊ ရဲ၊ ပျူစောထီး အင်အား ၂၀ ခန့်ကို ပဒေသာမိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထိခိုက်ဒဏ်ရာရပြီး ၁ ဦးမှာ သေဆုံးနိုင်ကြောင်း မျက်မြင်တွေ့ရှိတဲ့ ပြည်သူတွေထံမှတဆင့် သိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကို မုံရွာမြို့ထဲမှထွက်လာတဲ့ သံပြားကာကား တစ်စီးနဲ့ လာရောက်တင်ဆောင်ခဲ့ပြီး မုံရွာ နမခ သို့ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကို BRAVE HEART AYMY-BHA ၊ MONYWA DYNAMITE - STF နဲ့ CHINDWIN FIGHTER GROUP - CFG တို့က လုပ်‌ဆောင်ခဲ့တာဖြစ်ပြီး လိုအပ်တဲ့ လက်နက်ခဲယမ်းအတွက်လည်း ပြည်သူတွေအနေနဲ့ ပါဝင်အားဖြည့်ပေးကြဖို့ကိုလည်း အဆိုပါအဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။

Video - MONYWA DYNAMITE - STF
https://www.facebook.com/share/v/1Fycz4xb9N/
8👏1
မင်းဘူးနယ်အတွင်း စစ်တပ်က PDF ပုံဖမ်းကာ သတင်းများလိုက်လံစုံစမ်းနေတယ်ဆိုတာ သတင်းမှားသာဖြစ်

🟥ဗမာပြည်ကာကွယ်ရေးတပ်-USBAမှ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့မှအတည်ပြု

BBM-ဇန်နဝါရီ၂၂
သတင်း-မင်းသော်

မင်းဘူးမြို့နယ်အတွင်း မုန်ထောင်ရဲစခန်းကို တော်လှန်ရေးအင်အားစုတွေက စီးနင်းတိုက်ခိုက်ပြီးတဲ့နောက် စစ်တပ်က PDF ပုံဖမ်းကာ သတင်းများ လိုက်လံစုံစမ်းနေတယ်ဆိုတာဟာ သတင်းမှားသာ ဖြစ်တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်-USBA ထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ရက်နေ့က မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်အတွင်းက မုန်ထောင်ရဲစခန်းကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်တပ်အနေနဲ့ အဆိုပါဒေသပတ်ဝန်းကျင်အနီးတစ်ဝိုက်ကို PDFအယောင်ဆောင်ကာ ဝင်ရောက်သတင်းယူမှုတွေရှိနေတယ်ဆိုပြီး ဒေသခံတွေထံမှ BBM အနေနဲ့ စုံစမ်းသိရှိခဲ့ရပြီး သတင်းထုတ်ဝေမှုတွေရှိခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်စိုးမိုးထားတဲ့ အဆိုပါနယ်မြေတွေအတွင်းထဲထိဝင်ပြီး သတင်းရယူတာတွေ ဖုန်းနံပတ်တောင်းယူတာတွေဟာ အမှန်တကယ်ပင် တော်လှန်ရေးရဲဘော်တွေဖြစ်ကြောင်းကို ဗမာပြည်ကာကွယ်ရေးတပ်-USBAမှ ကိုဗဟိန်းက BBM ကိုအတည်ပြုပြောဆိုပါတယ်။

"မင်းဘူးမြို့နယ်က ရွာတွေကို လျှပ်တပြတ်ဝင်ပြီး သတင်းယူတာတွေ၊ ပြည်သူနဲ့ဆက်
သွယ်တာတွေလုပ်ခဲ့တာက ကျွန်တော်တို့တပ်ဖွဲ့ပါ၊ အဲ့ဘက်နယ်တွေက စစ်တပ်စိုးမိုးတဲ့နယ်ဆိုတာလည်းဟုတ်ပါတယ်၊ ကျွန်တော်တို့ဝင်တဲ့အချိန်မှာတောင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးတွေရှိနေတုန်းပဲ၊ လျှပ်တပြတ် ဝင်ရောက်ပြီး ပြည်သူနဲ့ထိတွေ့ခဲ့တာပါ"

ဒါ့အပြင် အဆိုပါဒေသတွေဟာ စစ်တပ်အစဥ်
အဆက် စိုးမိုးထားရာနေရာတွေဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်လာစဥ်မှာပင် PDF ဆိုတာကိုမသိသူတွေနဲ့ စစ်တပ်က PDF အယောင်ဆောင်ပြီး ဝင်ရောက်လာတယ်လို့ ထင်တဲ့သူတွေလည်း အမှန်တကယ်ရှိကြောင်းလည်း ကိုဗဟိန်းမှ ဆက်ပြောပါတယ်။

"စစ်တပ်စိုးမိုးတဲ့နယ်တွေဆိုတော့ PDF ဆိုတာ ဘာမှန်းတောင်မသိတဲ့ သူတွေလည်းရှိတယ်အဲ့ဘက်နယ်တွေမှာ၊ စစ်တပ်က PDF အယောင် ဆောင်ပြီး သတင်းလာမေးတယ်လို့ ထင်တဲ့သူတွေလည်း ရှိကြပါတယ်"

ဗမာပြည်ကာကွယ်ရေး တပ်ဖွဲ့အနေနဲ့ စစ်တပ်နဲ့အနီးဆုံးထိဆင်းပြီး ပြည်သူလူထုနဲ့တွေ့ဆုံခဲ့ချိန် စစ်ကောင်စီထုတ်ကုန်တွေဖြစ်တဲ့ အရက်၊ ဘီယာနဲ့ဆေးလိပ်အများစု၊ ဘိလပ်မြေများကို ရောင်းဝယ်သုံးစွဲနေတာတွေတွေ့ရှိခဲ့ရပြီး လူထုမနစ်နာစေရန်အတွက် ပညာပေးကာလ(၁)နှစ် သတ်မှတ်ခဲ့ပြီး (၁)လအတွင်းရောင်းချပြီးတာနဲ့ စကစ ထုတ်ကုန်များကို ထပ်မံရောင်းဝယ်ဖောက်ကာတာတွေသုံးစွဲတာတွေ မပြုလုပ်ဖို့အတွက်စနစ်တကျ ရှင်းပြဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

Photo-ဗမာပြည်ကာကွယ်ရေးတပ်
ပုံစာ-ဗမာပြည်ကာကွယ်ရေးတပ်ဖွဲ့များနဲ့ မင်းဘူးဒေသမှ ပြည်သူတွေထံတွေ့ရှိရတဲ့ ပစ္စည်းများ

#bbmnews #bbm #bbmtv #minbu #PDF
https://www.facebook.com/share/p/17yYKWwgKn/
7👍2
မဲဆောက်မှာ ထိုင်းရဲကိုပစ်ခတ်ခဲ့တဲ့ သေနတ်သမားကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘော ကိုယ်တိုင်အပ်နှံ

BBM - ဇန်နဝါရီ ၂၂
သတင်း - Richard

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်ကုဘက်ခြမ်းမှာ လက်နက်အရောင်းအ၀ယ်လုပ်စဉ် ပစ်ခတ်ထွက်ပြေးခဲ့တဲ့ သေနတ်သမားကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောက ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေထံသို့ ကိုယ်တိုင်လာရောက်အပ်နှံခဲ့တယ်လို့ သတင်းရင်းမြစ်တွေအရ သိရပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့ ည ၈ နာရီခွဲခန့်မှာ တာ့ခ်ခရိုင်၊ မဲကု၊ ဖလမ်းရွာရှိ မဲဆောက်-အုံဖန် အဝေးပြေးလမ်းမကြီးပေါ်က Seven Eleven စတိုးဆိုင်နားမှာ မဲဆောက်ရဲတပ်ဖွဲ့က ကြိုတင်စီစဉ်ထားတဲ့ ဖမ်းဆီးမှုတစ်ခုအတွင်း အခုလိုပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။

ထိုင်းရဲအရာရှိတွေက နယ်စပ်ဖြတ်ကျော်လက်နက်ရောင်းဝယ်ရေးကွန်ရက်မှ သံသယရှိသူ ၂ ဦးဆီက သေနတ်တစ်လက်ဝယ်ယူဖို့ စီစဉ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

အဆိုပါ ဖြစ်စဉ်အတွင်း ဆိုင်ကယ်မောင်းနှင်သူ တရားခံတစ်ဦးကို ဖမ်းဆီးရရှိခဲ့ပေမဲ့ ထိုင်းရဲကို ပစ်ခတ်ခဲ့သူ နဂါးကြီး(ခ) နိုင်လင်းအောင်(၂၀ နှစ်)မှာ ၂ရက်ကြာ လွတ်မြောက်နေခဲ့ပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဝင်ကို ပစ်ခတ်ခဲ့သူ နိုင်လင်းအောင်ဟာ မြန်မာဘက်ခြမ်း ကရင်ပြည်နယ်ဘက်ကို ထွက်ပြေးသွားတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြခဲ့ပါတယ်။

အခုလို လွတ်မြောက်ပြီး ၂ ရက်အကြာ ဇန်နဝါရီလ ၂၂ ရက်၊ မနက်ပိုင်းမှာ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘော ကိုယ်တိုင်က ထိုင်းအာဏာနိုင်ပိုင်တွေထံကို ကိုယ်တိုင်သွားရောက်အပ်နှံခဲ့တာပါ။

လက်ရှိမှာ အပစ်ခတ်ခံခဲ့ရတဲ့ မဲဆောက်ရဲတပ်ဖွဲ့မှ အသက် ၅၁ နှစ်အရွယ် ရဲတပ်ကြပ်ကြီး ဆက်ဆန်ကန်ကာဟာ ကျန်းမာရေးအခြေအနေကောင်းမွန်လာတယ်လို့လည်း သိရပါတယ်။

အဆိုပါ ပစ်ခတ်ခံခဲ့ရတဲ့နေ့မှာပဲ ထိုင်းရဲတပ်ဖွဲ့ဝင် ဆက်ဆန်ကန်ကာအတွက် ထိုင်းရောက် မြန်မာနိုင်ငံသားတွေက မဲဆောက်ဆေးရုံကြီးကို သွားရောက်ပြီး သွေးလှူဒါန်းခဲ့ကြပါသေးတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ အခြေအနေတွေ ဆက်တိုက်ရှုပ်ထွေးလာနေတာကြောင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့လည်း အထူးသတိထားဆင်ခြင်နေထိုင်ကြဖို့ NUG အပါအဝင် တော်လှန်ရေး အဖွဲ့အစည်းတွေက တိုက်တွန်းထားကြပါတယ်။

ပုံ-လူမှုမီဒီယာ

#bbmnews #bbm #bbmtv #maesot #ဗိုလ်ဒါဘော
https://www.facebook.com/share/p/1BqD9gWYgr/
👍11
ဂရင်းလန်းအဖွဲ့တစ်ဖွဲ့က ပရဟိတအတွက် 'Make America Go Away' ဦးထုပ်တွေကို ရောင်းချနေ၊ အမေရိကန်တွေ အများဆုံးဝယ်ယူနေကြ

BBM - ဇန်နဝါရီ ၂၂

ဂရင်းလန်း ပရဟိတအဖွဲ့တစ်ခုက "Make America Go Away"(အမေရိကန်တွေထွက်သွား) ဆိုတဲ့ အဖြူရောင်စာလုံးတွေနဲ့ ရိုက်နှိပ်ထားသော အနီရောင်ဦးထုပ်တွေကို ရောင်းချလျက်ရှိပြီး ၀ယ်သူအများစုကလည်း အမေရိကန်နိုင်ငံသား‌ ဖြစ်တယ်လို့ ဆိုပါတယ်။

Make America Great Again(အမေရိကန် အားပြန်ကောင်းအောင်လုပ်မယ်) နိုင်ငံရေးလှုပ်ရှားမှုရဲ့ ကုန်အမှတ်တံဆိပ်ဦးထုပ်ကို လှောင်ပြောင်ဖို့ ဒီဇိုင်းထုတ်ထားတာပဲဖြစ်ပါတယ်။

ဒါဟာ သမ္မတဒေါ်နယ်ထရမ့်က ဂရင်းလန်းကို သိမ်းပိုက်ဖို့ ခြိမ်းခြောက်မှုတွေ တိုးမြှင့်လာချိန််မှာ အခုလို လှုပ်ရှားမှု ပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။

ဦးထုပ်တွေ ရောင်းချတဲ့ အဖွဲ့တစ်ခုရဲ့တည်ထောင်သူ Greenland Support မှ Victor Schøtt က အဆိုပါ ဒီဇိုင်းဟာ ထရမ့် ရဲ့ နိုင်ငံခြားဆက်ဆံရေးပုံစံကိုငြင်းပယ်တာနဲ့ ပိုမိုသက်ဆိုင်ပြီးအမေရိကကိုယ်တိုင်ကိုမနှစ်သက်တာမဟုတ်ဘူးလို့ Business Insider ကိုပြောကြားခဲ့ပါတယ်။

"ဒေါ်နယ်ထရမ့်အနေနဲ့ ဂရင်းလန်း ကိုသိမ်းပိုက်ဖို့ ကိစ္စနဲ့ ခပ်ဝေးဝေးမှာ နေသင့်တယ်" လို့ Schøtt ကပြောကြားခဲ့ပါတယ်။

ထရမ့်က နော်ဒစ်နဲ့ အာတိတ်ဒေသရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ နော်ဝေဝန်ကြီးချုပ်ဆီကို "ငြိမ်းချမ်းရေးကိုသာ စဉ်းစားဖို့ တာဝန်မရှိတော့ကြောင်း” သတိပေးတဲ့ သတင်းစကားပေးပို့ခဲ့ပါတယ်။

Schøtt က လွန်ခဲ့တဲ့ တစ်လခန့်က အဆိုပါ ဦးထုပ်ကမ်ပိန်းကို စတင်ခဲ့ပြီး ရောင်းအားဟာ တစ်ပတ်ကို ရာဂဏန်းအထိ တိုးလာခဲ့ပြီး အမေရိကန်တွေက အများဆုံး၀ယ်ယူတာဖြစ်ကြောင်း ပြောကြားထားပါတယ်။

Reference - Business Insider
Translator-Richard

#bbm #bbmnews #Trump #greenland #UpdateNews
https://www.facebook.com/share/p/1DSByQ3Tyd/
👍8👏2
ကိုယ့်လူကိုပြန်သတ်ပြီး လူမဆန်တဲ့လုပ်ရပ် စစ်ကောင်စီလုပ်နေဟု စစ်သုံ့ပန်းများပြော

BBM - ဇန်နဝါရီ ၂၂
သတင်း - သော်

ရခိုင်ပြည်နယ်အတွင်း စစ်ရေးနိမ့်နေတဲ့ စစ်ကောင်စီဟာ သူတို့အတွက် တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သားဟောင်းတွေနဲ့ မိသားစုဝင်တွေကို ငဲ့ညှာခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အပေါ် "စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်" လို့ အသက်ဘေးကနေ လွတ်မြောက်လာသူတွေက ပြောပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့က ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာရှိတဲ့ ချောင်းတူကျေးရွာနားမှာရှိတဲ့ စစ်သုံ့ပန်းစခန်းတစ်ခုကို စစ်ကောင်စီက ပေါင် ၃၀၀ ဗုံးသီး ၄ လုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း အယောက် ၂၀ ကျော် သေဆုံးပြီး ၃၀ ထက်မနည်း အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“ကျွန်မတို့ တပ်မတော်အတွက် ပေးဆပ်ခဲ့ဖူးပါတယ်၊ အခုလို ဗုံးကြဲတာက လူမဆန်တဲ့ လုပ်ရပ်ပါ၊ ကိုယ့်လူကို ပြန်သတ်နေတာ၊ ကျွန်မတို့ရဲ့ သစ္စာစောင့်သိမှုတွေဟာ အခုတော့ အသတ်ခံရဖို့ ဖြစ်နေတယ်”လို့ စစ်သုံ့ပန်းမိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အာရက္ခတပ်တော်ဘက်က စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးဖို့ စီစဉ်နေချိန်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ လက်အောက်ခံ တပ်သားတွေရဲ့ အသက်ကို တန်ဖိုးမထားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စစ်သုံ့ပန်းစခန်းမှာ အာရက္ခတပ်တော်ဆီ လက်နက်ချခဲ့တဲ့ ခမရ ၃၇၇ နဲ့ ၅၃၉ တပ်ရင်းတို့မှ စစ်သားတွေနဲ့ သူတို့ရဲ့ ဇနီးနဲ့ သားသမီးတွေ ရှိနေတာကို သိလျက်နဲ့ တိုက်ခိုက်ခဲ့တာပါ။

“ကျွန်တော်တို့ ဒီမှာ ရှိတာကို သိပါတယ်၊ တမင် ကိုယ့်လူကိုယ် ပြန်သတ်တာပါ၊ ပါးစပ်ကတော့ ငြိမ်းချမ်းရေး ပြောပေမဲ့ တကယ့်လက်တွေ့ကျ ကိုယ့်လူပါ ကိုယ်ပြန်သတ်နေတယ်”လို့ စစ်သုံ့ပန်းတစ်ဦးက ပြောပါတယ်။

အာရက္ခတပ်တော်အနေနဲ့ စစ်သုံ့ပန်းတွေကို ကာကွယ်ရမယ်ဆိုတဲ့ Geneva Conventions ကို လိုက်နာပြီး စစ်သုံ့ပန်းတွေကို လူသားဆန်စွာ ထိန်းသိမ်းထားကာ ပြန်လွှတ်ပေးဖို့ စီစဉ်နေချိန် စစ်ကောင်စီကတော့ ကိုယ့်တပ်သားကို ကိုယ်တိုင်ပြန်လည်သတ်ဖြတ်နေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို ထားတဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်တယ်ဆိုတာက Geneva Conventions ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့ ရခိုင့်စစ်ရေး လေ့လာသူတွေက ပြောပါတယ်။

Photo – ONN
ပုံစာ - စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော စစ်သုံ့ပန်းတစ်ဦး။

#bbm #bbmnews #စစ်သုံ့ပန်း #စစ်ကောင်စီ #Kyauktaw
https://www.facebook.com/share/p/1FmtbucB2t/
👍111😁1
တိုက်ပွဲဖြစ်ပွားနေတဲ့ ဖလမ်းမြို့နယ်ကို စစ်ကောင်စီတပ်က ကလေးမြို့မှ ထပ်မံအင်အားဖြည့်တင်းနေ

BBM - ဇန်နဝါရီ ၂၂
သတင်း - ကိုအိုက်

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်ကို စစ်ကောင်စီက တပ်အင်အားတွေ ထပ်မံ ဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ချင်းပြည်အစိုးရ (CC) စစ်ရေးသတင်းအရင်းမြစ်က BBM ကို ပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ဖလမ်းမြို့နယ်ကို စစ်ကောင်စီက ဇန်နဝါရီ ၂၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ကနေ ကလေး-သိုင်းငင်း ကားလမ်းအတိုင်း စစ်ကားတွေနဲ့ အင်အား ၂၀၀ ကျော်ဝန်းကျင်နဲ့ စစ်အင်အား ဖြည့်တင်းနေတာပါ။

"စကစတွေက ကလေးမြို့ ကနေ ၁၂ ဘီး ကား ၅ စီး၊ သံပြားကာကား ၃ စီး နဲ့ အင်အား ၂၀၀ ကျော်လောက် သိုင်းငင်းရွာကို ဇန်နဝါရီ ၂၀ ရက်က ရောက်တယ်၊ အဲသိုင်းငင်းရွာကနေတဆင့် ဖလမ်းမြို့ဘက်ကို စစ်ကူပို့တာဖြစ်ပါတယ် "လို့ ချင်းပြည်အစိုးရ (CC) စစ်ရေးသတင်းအရင်းမြစ်က BBM ကို ပြောပါတယ်။

သိုင်းငင်းရွာကို ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေဟာ သိုင်းငင်း-ဖလမ်း ကားလမ်းအတိုင်း ဖလမ်းမြို့နယ်ဘက်သို့ စတင်စစ်ကြောင်းထိုးနေပြီဖြစ်တယ်လို့ သိရပါတယ်။

"ဖလမ်းဘက်ကို ကားတွေနဲ့ စစ်ကြောင်းတွေ ထိုးနေပါပြီ၊ ခြေလျင်နဲ့ လာတာလည်းရှိတယ်၊ လောလောဆယ် အဲစစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်တာက မရှိသေးဘူး၊ ဖလမ်းဘက်က စစ်ကြောင်းဆီလည်း မရောက်သေးဘဲ လမ်းမှာပဲ ရှိသေးပါတယ်"လို့ ချင်းပြည်အစိုးရ (CC) စစ်ရေးသတင်းအရင်းမြစ်က BBM ကို ပြောပါတယ်။

ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေး တပ်ဖွဲ့တို့ နေ့စဥ်ထိတွေ့ တိုက်ပွဲပြင်းထန်နေပြီး လက်ရှိမှာ စစ်ကောင်စီက တပ်အင်အား ထပ်မံဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့ အခြေအနေရှိတယ်လို့ ဆိုပါတယ်။

"အခုအင်အားက ၂၀၀ ကျော် ဝန်းကျင်လောက်ဆိုတော့ ကားတွေလည်း ရောက်လာတော့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဆီမှာ လက်နက်တွေ၊ ခဲယမ်းတွေလည်း ပါလာနိုင်သလို ရိက္ခာတွေလည်း ပါလာနိုင်တာကြောင့် တိုက်ပွဲက ပိုပြင်းထန်မယ်လို့ ထင်ပါတယ်" လို့ ချင်းပြည်အစိုးရ (CC) စစ်ရေးသတင်းအရင်းမြစ်က BBM ကို ပြောပါတယ်။

ဖလမ်းမြို့ကို ပြန်ရရေးအတွက် စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှစပြီး ကလေးမြို့နယ်ကနေ ကလေး - ဝေဘူလ - ဖလမ်း ကားလမ်းနဲ့ ကလေး-သိုင်းငင်း-ဖလမ်း ကားလမ်းအတိုင်း စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးစစ်ဆင်နေတာပါ။

အဲဒီစစ်ကြောင်းဟာ ၃ လကျော်ကြာထိ ဖလမ်းမြို့ကို မရောက်နိုင်သေးပေမဲ့လည်း ဖလမ်းမြို့အနီး ခွန်လီ၊ ဆုမ်းရန်း စတဲ့ကျေးရွာမှာရောက်ရှိနေပြီး ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ နေ့စဥ်ထိတွေ့ တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပါတယ်။

Photo - ပုံဟောင်း
https://www.facebook.com/share/p/176jopvTPL/
👍6👏1
AA ရဲ့ ထိုးစစ်ဆင်မှု ကျောက်ဖြူမြို့နဲ့ ရေတပ်ဌာနချုပ်အနီးသို့ ရောက်ရှိလာ

BBM - ဇန်နဝါရီ ၂၂
သတင်း - ကိုအိုက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော်(AA) ရဲ့ ထိုးစစ်ဆင်မှု အမှတ် (၃၂) ရဲတပ်ရင်းနဲ့ ဓညဝတီရေတပ်ဌာနချုပ် အနီးသို့ ရောက်ရှိနေပြီလို့ ရခိုင်စစ်ရေးသတင်းအရင်းမြစ်နဲ့ ဒေသခံတွေက BBM ကို ပြောပါတယ်။

အခုလ ဇန်နဝါရီ ပထမအပတ်မှစပြီး ကျောက်ဖြူတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ လက်နက်ကြီးကျည် ပစ်ခတ်မှု အလွန်အကျွံ အသုံးပြုလာပေမဲ့ AA ရဲ့ ထိုးစစ်ဟာ မြို့နဲ့ ရေတပ်ဌာနချုပ်အနီး ရောက်ရှိလာပြီ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ကျောက်ဖြူအခြေစိုက် ဓညဝတီရေတပ်ဌာနချုပ်နဲ့ နှစ်မိုင်၊ သုံးမိုင်ခန့် ဝေးတဲ့ သုံးနေရာလောက်မှာ AA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်တာ တစ်လနီးပါးရှိပြီဖြစ်သလို တိုက်ပွဲအရှိန်လည်းမြင့်လာတယ်လို့ သိရပါတယ်။

"တိုက်ပွဲက တဖြည်းဖြည်းနဲ့ အရှိန်မြင့်လာသလို ရေတပ်ဌာနချုပ်က ဒရုန်းနဲ့ ပစ်ကူပေးတာ၊ လက်နက်ကြီးကျည် ပစ်ကူပေးတာ လုပ်ပါတယ်၊ တိုက်ပွဲဖြစ်တဲ့နေရာတွေနဲ့ အနီးအနားကျေးရွာတွေကို လေကြောင်း တိုက်ခိုက်တာတွေလည်း ရှိတယ်"လို့ ရခိုင်စစ်ရေးသတင်းအရင်းမြစ်က BBM ကို ပြောပါတယ်။

ရေတပ်ဌာနချုပ်အနီး ဦးဂင်း၊ စေမော်၊ ဇိုင်ချောင်း၊ သိုင်းချောင်း စတဲ့ ကျေးရွာအနီးအနားမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပွားနေတာပါ။

ဒါ့အပြင် ကျောက်ဖြူမြို့ ခမရ (၅၄၂) တပ်ရင်းအနီးမှာရှိတဲ့ အမှတ် (၃၂) ရဲတပ်ရင်းနဲ့ ၅ မိုင်လောက်ဝေးတဲ့ ပြိုင်စေ့ကေရွာမှာလည်း အခုလကစပြီး စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

"ပြိုင်စေ့ကေမှာလည်း တိုက်ပွဲဖြစ်တာ အတော်ကြာပြီ တခါတလေ တိုက်ပွဲ က ရဲတပ်ရင်းအနားဖြစ်သလို ကြားရတယ်၊ လိပ်ခမော် ဘက်မှာလည်း တိုက်ပွဲရှိတယ်၊ နေရာတိုင်းမှာ တိုက်ပွဲတွေရှိတယ်၊ တိုက်ပွဲကြားမှာ ညှပ်နေတယ်၊ ကျောက်ဖြူလည်းသွားမရ၊ တခြားတိုက်ပွဲနဲ့ လွတ်ကင်းမယ့်နေရာဘက်လည်း သွားမရဘူး"လို့ ဂုန်းချွန်ရွာသားတစ်ဦးက BBM ကို ပြောပါတယ်။

မြို့အနီးအနားမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွင်း အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု မရှိပေမဲ့ ရေတပ်ဌာနချုပ်အနီးဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီရဲ့ လေကြောင်း ပစ်ခတ်မှုနဲ့ လက်နက်ကြီးကျည် ပစ်ခတ်မှုတို့ကြောင့် အရပ်သား ထိခိုက်မှုသေဆုံးမှုတွေလည်းရှိတယ်လို့ သိရပါတယ်။

အဲဒီကျောက်ဖြူမြို့နယ်တိုက်ပွဲအတွင်းမှာ သောင်းနဲ့ချီ စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာတွေအပြင် ဆေးဝါး၊ သောက်ရေ စတာတွေ အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ အမှတ် (၃၂) ရဲတပ်ရင်း နဲ့ ဓညဝတီရေတပ်ဌာနချုပ်တို့ တည်ရှိနေတာလည်း ဖြစ်ပါတယ်။

#bbm #bbmtv #bbmnews #AA #Rakhine
https://www.facebook.com/share/p/1De3yBgxiD/
👍13
ထီးလင်းမြို့ကို Mi-17ရဟတ်ယာဥ်နဲ့ စစ်ကူပို့ခဲ့တဲ့ တပ်မ(၉၉)မှ တပ်သားတစ်ဦး လက်နက်နဲ့အလင်းဝင်

BBM-ဇန်နဝါရီ၂၂
သတင်း - ကို​ဘု​ဏ်း

မကွေးတိုင်း၊ ထီးလင်းမြို့ကို စစ်ကောင်စီဘက်က Mi-17ဟတ်ယာဥ်နဲ့ ပို့ဆောင်ပေးခဲ့တဲ့ တပ်မ(၉၉) လက်အောက်ခံတပ်မှ တပ်သားတစ်ဦး လက်နက် နဲ့တကွ အလင်းဝင်ရောက်လာခဲ့တယ်လို့ Yaw Revolution Army-ထီးလင်းတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က စစ်တပ်အနေနဲ့ ထီးလင်းမြို့ကို အင်အားဖြည့်ရန် စကစအချို့ပို့ဆောင်ခဲ့ပြီး အဆိုပါအင်အားထဲမှ တပ်မ(၉၉) လက်အောက်ခံ၊ ခမရ (၃၁၅)မှ ပြည်သူ့စစ်မှုထမ်းဆင်း တပ်သား အောင်ကျော်မင်းဟာ ဇန်နဝါရီလ၂၀ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီး ဂန့်ဂေါခရိုင်တပ်ရင်း(15/16/17)-YRAထီးလင်းထံ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်ရာတွင် ၎င်းနဲ့အတူ MA-3 သေနတ်တစ်လက်ကိုလည်း ယူဆောင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များကလည်း ကောင်းမွန်စွာစောင့်ရှောက်ကာ ဆုကြေးငွေများချီးမြှင့်၍လိုအပ်တာတွေကို ကူညီစောင့်ရှောက်သွားမယ်လို့လည်း Yaw Revolution Army-ထီးလင်းမှ ထုတ်ပြန်ကြေငြာထားပါတယ်။

Photo-Yaw Revolution Army-ထီးလင်း
https://www.facebook.com/share/p/1Am1epQ5Qz/
👍11👏1
အင်းတော်မြို့တွင်း စကစ လေကြောင်းဗုံးကြဲမှုကြောင့် ပကဖ တပ်သား(၅)ဦးသေဆုံး၊ ပြည်သူ(၂)ဦးဒဏ်ရာရ

BBM-ဇန်နဝါရီ၂၂
သတင်း-မင်းသော်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပကဖ တပ်သား(၅)ဦးသေဆုံးခဲ့ရပြီး ပြည်သူ(၂)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Indaw Revolution-IR အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ရက်နေ့ ည၁၁ နာရီလောက်က စစ်ကောင်စီတပ်က အင်းတော်မြို့နယ် မော်လူးမြို့၊ မာန်ဟဲရွာထိပ်ကို တိုက်လေယာဥ်(၁)စီးနဲ့ ဗုံး(၂)လုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပကဖရဲဘော်(၅)ဦးသေဆုံးခဲ့ရပြီး ပြည်သူ(၂)ဦးထိခိုက်ဒဏ်ရာရသလို နေအိမ်(၂)လုံး၊ အဆောက်ဦး(၁)ခုပျက်စီးပြီး နွားတစ်ကောင်လည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ရက်နေ့ကလည်း စစ်ကောင်စီက မော်လူးမြို့၊ပဲခူးရွာနဲ့ ရွာရှည်ကြားကို လေကြောင်းဗုံးကြဲခဲ့ပြီး G-12ကျောင်းသူတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို့လည်း Indaw Revolution-IR မှထုတ်ပြန်ထားပါတယ်။

Photo-Indaw Revolution-IR
https://www.facebook.com/share/p/172gUKsLEn/
🤬111
ထိုင်းရဲတပ်ကြပ်တစ်ဦးကို ပစ်ခတ်ထွက်ပြေးခဲ့တဲ့ မြန်မာနိုင်ငံသား (၁) ဦးကို ကူညီဖမ်းဆီးပေးရန် ထိုင်းအာဏာပိုင်တွေက KNUကို အကူအညီတောင်းခဲ့

BBM - ဇန်နဝါရီလ ၂၃
သတင်း - Richard

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ လက်နက်‌ ရောင်း၀ယ်တာဖမ်းဆီးဖို့ အသွင်ယူလာတဲ့ ထိုင်းရဲတပ်ကြပ်တစ်ဦးကို ပစ်ခတ်ထွက်ပြေးခဲ့တဲ့ နဂါးကြီး(ခ)နိုင်လင်းအောင်(၂၁နှစ်)ကို ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းအပ်ခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး(KNU)က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ (၂၀) ရက်နေ့ ညနေ ၅နာရီခွဲခန့် ဝန်ကျင်က တာခ်ခရိုင်၊ မဲဆောက်-အုန်းဖန်(Mae Sot – Um Phang)လမ်း မဲကု(Mae Ku)တိုက်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ထိုင်းရဲတပ်ကြပ် ၁ဦးကို သေနတ်နဲ့ ပစ်ခတ်ကာ ကရင်ပြည်နယ်ထဲကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ နဂါးကြီးကို ဖမ်းဆီးနိုင်ရေးအတွက် ထိုင်းအာဏာပိုင်တွေ
ကရင်အမျိုးသားအစည်းအရုံး(KNU)ဆီကို အသိပေး အကြောင်းကြားကာ ပူးပေါင်းဆောင်ရွက်ပြီး ဝိုင်းဝန်းဖမ်းဆီးပေးဖို့ အတွက် အကူအညီ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်ရင်း (၂၈) တပ်ရင်းမှူး ဒုတိယဗိုလ်မှုးကြီးဒါဘောမှ ဦးဆောင်ပြီး ပြစ်မှုကျူးလွန်သူ နဂါးကြီး (ခ) နိုင်လင်းအောင်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့ ညပိုင်းမှာ မြဝတီမြို့နယ်၊ ဖလူးဒေသမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

နောက်ရက်မနက် ဇန်နဝါရီလ (၂၂) ရက်နေ့ မနက် (၁၀) နာရီမှာ မဲဆောက်မြို့နယ်၊ မဟာ၀မ်ကျေးရွာအုပ်စု “မဲကိုကင်း” ကျေးရွာမှာ ထိုင်းအာဏာပိုင်တွေဆီကို လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဓါတ်ပုံ - ပြစ်မှုကျူးလွန်ခဲ့သူ နဂါးကြီး (ခ) နိုင်လင်းအောင်အား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်ရင်း (၂၈) တပ်ရင်းမှူး ဗိုလ်ဒါဘောမှ ထိုင်းအာဏာပိုင်များထံသို့ လွှဲပြောင်း ပေးအပ် ခဲ့သောပုံရိပ်များ။

#bbmnews #bbm #bbmtv #KNU #thai #maesot
https://www.facebook.com/share/p/1DX8oLLkYY/
👍12
ကုလသမဂ္ဂနဲ့အပြိုင် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို ထရမ့် စတင်ဖွဲ့စည်း

BBM - ဇန်နဝါရီ ၂၃

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကုလသမဂ္ဂနဲ့အပြိုင်
ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို ဇန်န၀ါရီလ ၂၂ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပါတယ်။

“ဘုတ်အဖွဲ့ကို အပြည့်အဝဖွဲ့စည်းပြီးတာနဲ့ ကျွန်တော်တို့လုပ်ချင်တဲ့ ဘယ်အရာကိုမဆို လုပ်ဆောင်နိုင်ပါတယ်။ ကုလသမဂ္ဂနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားပါမယ်" လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

ဘုတ်ဥက္ကဋ္ဌ တာဝန်ယူမယ့် ထရမ့်ဟာ အခြားကမ္ဘာ့ခေါင်းဆောင်များစွာကို ဖိတ်ကြားခဲ့ပြီး ဂါဇာအပစ်အခတ်ရပ်စဲရေးထက် ကျော်လွန်တဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းလိုကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါဘုတ်အဖွဲ့ဟာ ကမ္ဘာလုံးဆိုင်ရာ သံတမန်ရေးနဲ့ ပဋိပက္ခဖြေရှင်းရေးအတွက် အဓိကပလက်ဖောင်းဖြစ်တဲ့ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို ထိခိုက်စေနိုင်တယ်လို့ စိုးရိမ်မှုတွေရှိခဲ့ကြပါတယ်။

တူရကီ၊ အီဂျစ်၊ ဆော်ဒီအာရေဗျနဲ့ ကာတာအပါအဝင် အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အင်အားကြီးနိုင်ငံတွေအပြင် အင်ဒိုနီးရှားကဲ့သို့ တိုးတက်စနိုင်ငံတွေဟာ ဘုတ်အဖွဲ့မှာ ပါဝင်လာပေမဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ရိုးရာအနောက်တိုင်းအမေရိကန်မဟာမိတ်‌ေတွကတော့ သတိကြီးစွာထားနေကြပါတယ်။

အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ရန်ပုံငွေအနေနဲ့ ဒေါ်လာ ၁ ဘီလီယံစီ ထောက်ပံ့ပေးရမယ်လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

လက်မှတ်ရေးထိုးပွဲအခမ်းအနားမှာ ကမ္ဘာ့ထိပ်တန်းအင်အားကြီးနိုင်ငံတွေမှ ကိုယ်စားလှယ်တွေအပြင် အစ္စရေး နဲ့ ပါလက်စတိုင်း ကိုယ်စားလှယ်တွေကိုလည်း မတွေ့ရှိခဲ့ရပါဘူး။သ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဂါဇာဒေသ ငြိမ်းချမ်းရေးအစီအစဉ်ဟာ ဘုတ်အဖွဲ့ရဲ့ ပဏာမဦးတည်ချက်ဖြစ်တဲ့အပြင် "ကမ္ဘာ့အခြားဒေသတွေမှာလည်း အလားတူပြဿနာတွေကို ဖြေရှင်းပေးနိုင်လိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။

Reference-Reuters
Translator-Richard

#bbmnews #bbm #bbmtv #internationalnews #trump
https://www.facebook.com/share/p/174d3FhcTL/
5👍3😁2💯1
စစ်ကိုင်းမြို့နယ် ချိုင်းကြီးကျေးရွာ စစ်ကောင်စီအထိုင်စခန်းကို တော်လှန်ရေးတပ်များတိုက်ခိုက်

🟥စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ဆုတ်ခွာထွက်ပြေးသွားဟုဆို

BBM - ဇန်နဝါရီ ၂၃
သတင်း - ခက်ဆစ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ချိုင်းကြီးကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - မတ္တရာမြို့နယ်က ယမန်နေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်မှာ ချိုင်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၅ ဦးမျက်မြင်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရပြီးနောက် ဆုတ်ခွာထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မတ္တရာမြို့နယ် ပကဖ နဲ့ နယ်မြေခံတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

Video - မတ္တရာ ပကဖ

#bbmnews #bbm #bbmtv #pdf #mdy
https://www.facebook.com/share/v/16sYgMwNsd/
👍11
၀မ်ပေါင်မှာ ရွေးကောက်ပွဲ နောက်ဆုံးပိုင်းပြုလုပ်ဖို့ စကစရဲ့ မုံရွာ နမခမှ ကား ၈ စီးနဲ့ လုံခြုံရေးပို့ထား

BBM - ဇန်နဝါရီ ၂၃
သတင်း - Richard

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြိုနယ်ရှိ ဝမ်ပေါင်ကြေးနီစီမံကိန်းထဲကို ရွေးကောက်ပွဲ နောက်ဆုံးပိုင်းပြုလုပ်ဖို့ စစ်ကောင်စီရဲ့ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခမှ ကား ၈ စီးနဲ့ လုံခြုံရေးတွေ ပို့ဆောင်ထားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က BBM ကိုပြောပါတယ်။

ဇန်နဝါရီလ ၂၂ ရက်နေ့က ၀မ်ပေါင်ကြေးနီစီမံကိန်းထဲကို ရွေးကောက်ပွဲလုံခြုံရေးအနေနဲ့ စစ်ကောင်စီအင်အား ၁၂၀ ဦးခန့် ရောက်ရှိလာတယ်လို့ သိရပါတယ်။

“မုံရွာ နမခက ထွက်လာတာ၊ သံပြားကာကား ၆ စီးအပါအဝင် စုစုပေါင်း ၈ စီး‌ဗျ၊ အင်အား ၁၂၀ လောက်ပါတယ်”လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် မိုင်းမြို့အနီးက ယန်ဇီကြေးနီစီမံကိန်းထဲမှာလည်း မဲပုံးတွေပြင်ဆင်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ဖောင်းကားတောင်ရွာက ဘုန်းကြီးကျောင်းထဲမှာ ၀င်ရောက်တပ်စွဲထားပြီး အနီးအနားက ရွာတွေကို စစ်ကြောင်းထိုးလျက်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နို၀င်ဘာလ ၃၀ ရက်၊ ညနေပိုင်းမှာလည်း ရွေးကောက်ပွဲ အပိုင်း ၁ အတွက် လုံခြုံရေးလာတဲ့ အင်အား ၁၅၀ ပါစစ်ကြောင်းကို လက်နက်ငယ်တွေအပြင် ရှော့တိုက်ဒုံး ၅ လုံးနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ အဆိုပါ သတင်းရင်းမြစ်က ဆိုပါတယ်။

၀မ်ပေါင်တရုတ်ကြေးနီစီမံကိန်းထဲမှာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေ၊ ပျူစောထီးတွေနဲ့ ရှမ်းနီလက်နက်ကိုင်တွေ ၀င်ရောက်တပ်စွဲကာ အနီးအနားကရွာတွေကို စစ်ကြောင်းထိုးလေ့ရှိတာကြောင့် ဒေသခံ သောင်းနဲ့ချီ စစ်ဘေးရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

ပုံ-လူမှုကွန်ရက်

#bbmnews #bbm #bbmtv #sagaing #ဝမ်ပေါင်
https://www.facebook.com/share/p/178LR7C6p1/
👎7👍21
မဲဆောက်မှာ “အမှောင်မြစ်ထဲက ထီမထင်ငါးများ” တော်လှန်ကာတွန်းပြပွဲပြုလုပ်

BBM - ဇန်နဝါရီ ၂၃
သတင်း - Richard

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ “အမှောင်မြစ်ထဲက ထီမထင်ငါးများ” ကာတွန်းပြပွဲပြုလုပ်လျက်ရှိပါတယ်။

ဇန်နဝါရီလ ၂၃ရက်နေ့မှ ၂၅ရက်နေ့ထိ မနက် ၁၀နာရီမှ ည ၈နာရီထိ ၃ ရက်တိုင်တိုင် မဲဆောက်မြို့တစ်နေရာမှာ ပြသသွားမှာဖြစ်တယ်လို့ ပွဲစီစဉ်သူ ကာတွန်းဆရာ ရဲသွေးနီက BBMကိုပြောပါတယ်။

အဆိုပါကာတွန်းပြပွဲမှာ တော်လှန်ကာတွန်းဆရာတွေ ဖြစ်ကြတဲ့ နေညိုအေး(ဥသျှစ်ပင်)၊ ရဲသွေးနီ၊ ဝေယံ(တောင်ကြီး)၊ ညိုမြ၊ ဂျန် နဲ့ နာနတ်သီးတို့ရဲ့ တော်လှန်ကာတွန်းတွေပြသထားတာပဲဖြစ်တယ်။

ဓာတ်ပုံ-Richard

#bbm #bbmnews #revolution #Cartoon #Maesot #UpdateNews
https://www.facebook.com/share/p/17mwGKM7BW/
👍9
အောင်လံမြို့နယ် မင်္ဂလာဆောင် ဗုံးကြဲခံရပြီး လသားအရွယ်အပါအဝင် ၅ ဦး သေဆုံး

BBM - ဇန်နဝါရီ ၂၃
သတင်း - ကိုအိုက်

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ တပ်ကုန်းကျေးရွာ မင်္ဂလာဆောင် မဏ္ဍပ် ဗုံးကြဲခံရပြီး လသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ၅ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

အောင်လံမြို့နယ်၊ တပ်ကုန်းကျေးရွာ မင်္ဂလာဆောင်မဏ္ဍပ်ကို စစ်ကောင်စီက မနေ့က ဇန်နဝါရီလ ၂၂ ရက်၊ နေ့လယ် ၂ နာရီခန့်မှာ နေပြည်တော်လေတပ်မှ ဂျက်ဖိုက်တာ ၁ စီးနဲ့ ပေါင် ၁၀၀ ဗုံးသီး ၃ လုံး လေကြောင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

"ရွာမှာ တိုက်ပွဲမရှိဘဲ ပုံမှန်အခြေအနေမျိုးမှာ မင်္ဂလာဆောင် မဏ္ဍပ်ကို လေကြာင်း တိုက်ခိုက်သွားတာပါ"လို့ အောင်လံမြို့နယ် ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

အဲဒီလေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး သေဆုံးသူထဲမှာ အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး၊ အသက် ၃၀ ခန့် အမျိုးသားတစ်ဦး၊ လသားအရွယ် ကလေးငယ်တစ်ဦးတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

"သေဆုံးသူက ၅ ဦးရှိပါတယ်၊ အတည်ပြုထားနိုင်တာက ၃ ဦး၊ အတည်မပြုနိုင်သေးတာ ၂ ဦးရှိပါတယ်၊ အချက်အလက်မရသေးတဲ့လူတွေ ကျန်သေးတယ်၊ ဒီထက်ပိုများလာနိုင်သေးတယ်"လို့ အောင်လံမြို့နယ်ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

ဒါ့အပြင် ဒဏ်ရာရတဲ့ အရပ်သားတွေထဲမှာ အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးနဲ့ လူငယ်ပိုင်းတစ်ဦးတို့မှာ ပြင်းထန်ဒဏ်ရာရပြီး လူနေအိမ် နှစ်လုံးမှာလည်း ပြာကျသွားကာ နေအိမ်အများအပြား မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

တပ်ကုန်းရွာ မင်္ဂလာဆောင် မဏ္ဍပ် ဗုံးကြဲခံရပြီးနောက် ရွာသားတွေဟာ ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Video - ပေးပို့

#bbm #bbmnews #အောင်လံ #မကွေး #Airstrikes
https://www.facebook.com/share/v/1AWop4j6Yu/
🤬82👎1
ဗန်းမော်မြို့နယ်က နာရေးအိမ်ကို စစ်ကောင်စီ ဗုံးကြဲမှုကြောင့် အရပ်သား ၁၈ ဦးထက်မနည်း သေဆုံး

BBM-ဇန်နဝါရီ ၂၃
သတင်း-ကိုအိုက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ထီးလင်းရွာက နာရေးလုပ်တဲ့ နေအိမ်ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၈ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက BBM ကို ပြောပါတယ်။

ဗန်းမော်မြို့နယ်၊ ဧရာဝတီမြစ်ရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ ထီးလင်းရွာနာရေးအိမ်ကို တိုက်ပွဲမရှိဘဲ မနေ့ ဇန်နဝါရီ ၂၂ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းက ဗုံးသီး လေးလုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

"ရွာထဲက နာရေးအိမ် ဆုတောင်းပွဲ လုပ်တဲ့ချိန်မှာ ဗုံးနှစ်ကြိမ် ကြဲသွားတာပါ၊ ပထမအကြိမ် ဗုံးကြဲတုန်းက လူတွေက ထွက်ပြေးဖို့ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ချိန် နောက်တစ်ကြိမ် ဗုံးထပ်ကြဲတယ်၊ အဲမှာ လူတွေက ထိခိုက်သေဆုံးကုန်တာပါ"လို့ ဗန်းမော်မြို့နယ်ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

အဲဒီ လေကြောင်းတိုက်ခိုက်မှုမှာ နာရေးအိမ် ဆုတောင်းပွဲ လာကြသူတွေ၊ ချက်ပြုတ်လုပ်ပေးသူတွေ အရပ်သား ၁၈ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တချို့ဟာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်သေဆုံးသူတွေဟာ ဗန်းမော်မြို့သိမ်း တိုက်ပွဲတွင်း ထီးလင်းရွာမှာ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်အရပ်သားတွေဖြစ်တယ်လို့ သိရပါတယ်။

"ထိခိုက်သေဆုံးသူတွေ အများစုထဲမှာ ဗန်းမော်မြို့ကနေ စစ်ဘေးရှောင်သူတွေပါ၊ ဒေသခံတချို့လည်း ပါတယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲရှိပေမဲ့ အခုဗုံးကြဲခံရတဲ့ ရွာမှာ ဘာမှတိုက်ပွဲမရှိဘူး၊ တိုက်ပွဲဖြစ်တဲ့ ဗန်းမော်နဲ့လည်း အလှမ်းဝေးပါတယ်"လို့ ဗန်းမော်မြို့နယ်ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

အဲဒီ လေကြောင်း တိုက်ခိုက်မှုဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုမြောက်သလို စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ကို ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW) အဖွဲ့အနေနဲ့ အပြင်းထန်ဆုံး ရှုတ်ချထားတယ်လို့ မနေ့ ဇန်နဝါရီ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

"နောက်ထပ် အသက်တွေ မဆုံးရှုံးရအောင် လေယာဉ်ဆီတင်သွင်းခွင့်ကို နိုင်ငံတကာက အမြန်ဆုံး ပိတ်ပင်ပေးဖို့ လိုအပ်ပါတယ်၊ ပြီးတော့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာ တရားမျှတရေးအဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖို့ ခိုင်လုံတဲ့ သက်သေတစ်ခု ဖြစ်ပါတယ်"လို့ KHRW ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့ကပြောပါတယ်။

ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုများကြောင့် တစ်နှစ်အတွင်း အရပ်သား ၁၃၀ ကျော် သေဆုံးခဲ့တယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (KHRW) က ဇန်နဝါရီလ ၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-KHRW

#bbm #bbmnews #Bhamo #Airstrikes #MilitaryCouncil #UpdateNews
https://www.facebook.com/share/p/18BqnLk6qg/
🤬8👎1
ရွေးကောက်ပွဲအပေါ် ယုံကြည်ကိုးစားနိုင်မှု လျော့ပါးစေတဲ့ ဥပဒေနဲ့ ဖမ်းဆီးခံရသူ ၄၀၀ ကျော်ရှိ

BBM - ဇန်နဝါရီ ၂၃
သတင်း - သော်

လက်ရှိကျင်းပနေတဲ့ ရွေးကောက်ပွဲအတွင်း စစ်ကောင်စီ မတရားပြဌာန်းထားတဲ့ ရွေးကောက်ပွဲအပေါ် ယုံကြည်ကိုးစားနိုင်မှုကို လျော့ပါးစေတဲ့ ဥပဒေနဲ့ ဖမ်းဆီးခံရသူ ၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေ ကာကွယ်ပေးရေးဥပဒေကို အသုံးပြုပြီး ပြည်သူတွေကို ဖမ်းဆီးအရေးယူမှုတွေလုပ်ဆောင်နေပြီး အမှုဖွင့် အရေးယူမှု စုစုပေါင်း ၃၃၁မှုနဲ့ ဖမ်းဆီးခံရသူ ၄၀၄ ယောက်ထိ ရှိပါတယ်။

“ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းကနေ ကာကွယ်ပေးရေး ဥပဒေအရ အရေးယူဆောင်ရွက်မှုတွေကို ပြုလုပ်နေပါတယ်”လို့ စစ်ကောင်စီ လက်အောက်ရှိ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီရဲ့ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီက အရေးယူခဲ့တဲ့ အမှုပေါင်း ၃၃၁ မှုမှာ အမျိုးသား ၃၂၄ ယောက်နဲ့ အမျိုးသမီး အယောက် ၈၀ ပါဝင်တယ်လို့ စစ်ကောင်စီက စာရင်းထုတ်ပြန်ထားပါတယ်။

“လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟာ အွန်လိုင်းကဖြစ်စေ၊ offline ကဖြစ်စေ အခွင့်အရေးက အတူတူပါပဲ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မှာ အကျုံးဝင်ပါတယ်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ပြီး မတရားတဲ့ ဥပဒေနဲ့ ဖမ်းဆီးအရေးယူတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ်ပါ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ပြီးရွေးကောက်ပွဲ ကျင်းပတာကလည်း ရွေးကောက်ပွဲ အပေါ် ယုံကြည်ကိုးစားနိုင်မှုကို လျော့ပါးစေပါတယ်”လို့ မြန်မာအင်တာနက်ပရောဂျက်ရဲ့ ဒဏ်ဂျစ်တယ်အခွင့်အရေးလေ့လာသူ ကိုသစ်ဉာဏ်က ပြောပါတယ်။

ဒီမိုကရေစီဖော်ဆောင်ဖို့ ရွေးကောက်ပွဲကျင်းပတာလို့ စစ်ဗိုလ်ချုပ်တွေကပြောနေပေမဲ့ လူထုရဲ့ မဲပေးပိုင်ခွင့်ကို ခြိမ်းခြောက်ဖိအားပေးနေတဲ့အပြင် ရွေးကောက်ပွဲဆန့်ကျင်သူတွေကို ဒီနှစ် ၂၀၂၅ ဇူလိုင် ၃၁ ရက်ကမှ စစ်တပ်က အသစ်ရေးဆွဲပြဌာန်းထားတဲ့ ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ အကာအကွယ်ပေးရေးဥပဒေနဲ့ နှိပ်ကွပ်နေတာလည်း ဖြစ်ပါတယ်။

Photo - UEC
🤬8👍1