3.48K subscribers
5.58K photos
393 videos
2.88K links
Breaking Brainwashed Media
Download Telegram
မွန်ပြည်တော်လှန်ရေးတပ် MSRF မှ ရဲဘော် ၁၄ ဦးထွက်ပြေးတာကြောင့် တပ်ပြေးအဖြစ်ကြေငြာ

🟥ထွက်ပြေးသူတွေထဲ ဗိုလ်ကြီးအဆင့်တစ်ဦးလည်းပါဝင်ဟု ကနဦး သိရ

BBM - ဇန်နဝါရီ ၂၀
သတင်း - ကိုဟန်

မွန်ကိုယ်စားပြုတပ်တခုဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF မှ ရဲဘော် ၁၄ ဦးထွက်ပြေးသွားခဲ့တဲ့အတွက် တပ်ပြေးအဖြစ် ကြေညာလိုက်တယ်လို့ တပ်ဘက်က အသိပေးထုတ်ပြန်လာပါတယ်။

အဆိုပါတပ်ပြေးစာရင်းကြေငြာခံထားရသူများမှာ ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့အထိ MSRF တပ်မှထွက်ပြေးသွားတဲ့ ရဲဘော်တွေဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် (၂) နှစ်အတွင်း ရဲဘော် နိုင်ဇွဲအောင်၊ နိုင်ထွီး(ခေါ်)အပေါ၊ နိုင်ထွန်းအေး၊ နိုင်စန်းအေး၊ နိုင်ဗညာ၊ နိုင်ခါရ၊ နိုင်ဉာဏ်သိုက်၊ နိုင်အောင်းနွန်၊ နိုင်းမင်းထွန်း၊ နိုင်သိုက်ထော၊ နိုင်အောင်းဇန၊ နိုင်ဟောင်းချမ်းနဲ့ နိုင်ဒင်တို့ ထွက်ပြေးခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ချက်မှာ အမည်နဲ့တကွ ဖော်ပြထားပါတယ်။

“ဒီနှစ်ထဲမှာ နှစ်ယောက်ပြေးတယ်၊ ကျန်တာက အရင်နှစ်တွေထဲက ထွက်ပြေးတာ၊ ရှေ့တန်းသွားရင်းနဲ့ ထွက်ပြေးတာ၊ အဆက်အသွယ်မလုပ်ဘဲ အိမ်ပြန်သွားတာမျိုးတွေပါတယ်” လို့ မွန်ပြည်တော်လှန်ရေးတပ်နဲ့ နီးစပ်သူတဦးက BBM ကို ပြောပါတယ်။

အခု ထွက်ပြေးသွားတဲ့သူတွေဟာ အဖွဲ့အလိုက် ထွက်ပြေးတာမျိုး မဟုတ်ဘဲ တစ်ဦးတည်း (သို့မဟုတ်)အများဆုံး နှစ်ယောက်ဖြင့် ထွက်ပြေးတာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ထွက်ပြေးသူတွေထဲက တစ်ဦးကပဲ ရှေ့တန်းကနေတဆင့် လက်နက်နဲ့အတူ ထွက်ပြေးခဲ့ပြီး ကျန်တဲ့သူတွေက လက်နက်ခဲယမ်းယူဆောင်သွားတာမျိုး မရှိဘူးလို့ သိရပါတယ်။

“သူတို့အားလုံးနဲ့ အဆက်အသွယ်လုံးဝမရတော့ဘူး၊ ပြောကြတာပဲ တချို့ကျတော့ ထိုင်းဘက် ရှောင်သွားကြ တယ်၊ သိရသလောက်တော့ စစ်တပ်နဲ့ သွားပေါင်းတာ မျိုးမဟုတ်ဘူး၊ ဘာဖြစ်လို့ ပြေးတာက သူတို့ ကာယကံရှင်ပဲ သိမှာပေါ့နော်” လို့ အထက်ပါ တပ်နဲ့ နီးစပ်သူက ဆက်ပြောပါတယ်။

ထွက်ပြေးသွားကြတဲ့သူတွေထဲ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးလည်း ပါဝင်ကြောင်း ပြောဆိုမှုတွေ ရှိနေပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒါကြောင့် BBMအနေနဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဩဂုတ်လထဲမှာ စတင်ဖွဲ့စည်းခဲ့တဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ဟာ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာနရဲ့ တပ်တခုဖြစ်ပြီး မွန်နဲ့ တနင်္သာရီတိုင်း၊ မြို့နယ်အချို့တို့မှာ မွန်၊ ကရင်၊ ထားဝယ်နဲ့ PDF မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူ စစ်ရေးလှုပ်ရှားနေတာ ဖြစ်ပါတယ်။

ဓါတ်ပုံ - မွန်ပြည်တော်လှန်ရေးတပ် MSRF
ပုံစာ - တပ်ပြေးအဖြစ် ကြေညာထားတဲ့ MSRF တပ်ဖွဲ့ဝင်ဟောင်းများ

#bbm #bbmnews #Mon #MSRF
https://www.facebook.com/share/p/1Bq4XTNdh7/
👍11
ဘုတလင်ကိုလာတဲ့ စစ်တပ်စစ်ကြောင်းတိုက်ခိုက်မှု စကစ ၂၀ ခန့်သေဆုံး၊ ၂၀ခန့် ဒဏ်ရာရ

🟥ပွိုင့် ၅ တပ်ထားတဲ့ ကားတစ်စီးပျက်စီးပြီး သေနတ်(၂)လက် သိမ်းဆည်းရရှိ

BBM - ဇန်နဝါရီ ၂၀
သတင်း - မင်းသော်

စစ်ကိုင်းတိုင်း ဘုတလင်မြို့ကိုလာတဲ့ စစ်ကောင် စီ စစ်ကြောင်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင် စီဘက်မှ ၂၀ ဦးခန့်သေဆုံးသလို၊ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရတဲ့အပြင် ပွိုင့်၅တင်ထားတဲ့ ကားတစ်စီးလည်းပျက်စီးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်က ဇန်နဝါရီ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၂၇ရက်နေ့မှာ
မုံရွာ နမခမှ ဘုတလင်မြို့ကို ရွေးကောက်ပွဲအတွက် အင်အားဖြည့်တင်းရန် စကစ အင်အား ၁၅၀ ခန့်ထွက်လာစဥ် Anonymous Hero အဖွဲ့နဲ့ Chindwin Brother အဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဒီဇင်ဘာ ၂၈ ရက်၊ မနက် ၈ နာရီခွဲခန့်လောက်မှာ ခရီးသွားပြည်သူတွေရဲ့ကားတွေကို အဓမ္မသိမ်းယူပြီး အနောက်ဇီးတောရွာမှ ဘုတလင်မြို့ကို ထပ်မံဦးတည်ထွက်ခွာလာစဉ် Anonymous Hero အဖွဲ့နဲ့ ချိုမိုင်မိုင်အဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ ၁ နာရီကျော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၀ ဦးခန့်သေဆုံး၊ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရပြီး ပွိုင့် ၅ (.5) စက်သေနတ်တပ်ဆင်ထားတဲ့ ကား ၁ စီး ပျက်စီးခဲ့တဲ့အပြင် MA 1 ၁ လက်၊ MA 2 ၁ လက်နဲ့ အခြား စစ်အသုံးအဆောင်ပစ္စည်းတွေကို တော်လှန်ရေးအင်အားစုတွေက သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ နမခမှ Paramotor စက်တပ်လေထီးနဲ့ ၂ ကြိမ်၊ Y-12 နဲ့ ၂ ကြိမ်၊ အမတ ၅၀၈ မှ ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ ၅ ကြိမ်ထက်မနည်း ပစ်ကူပေးခဲ့ပေမဲ့ မဟာမိတ်
ပူးပေါင်းတပ်တွေ အထိအခိုက်မရှိပေမဲ့လည်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဥ် လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော် ၃ ဦး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် (SAF) နဲ့အတူ Budalin Mobile Team (ဘုတလင်ရွေ့လျားစစ်ကြောင်း)၊ ရွာဇော်ကြီး - တော်လှန်အသံ (YZG)၊ ရွှေတြိဂံမဟာမိတ်တပ်ရင်း (မုံရွာခရိုင် တပ်ရင်း ၁၈)၊ မုံရွာခရိုင် တပ်ရင်း၂၅ တပ်ခွဲ ၄ (YSAF)၊ Yadanabon Revolution Force (YRF)၊ Sagaing PDF၊ Depeyin Mobile Team (DPY) နဲ့ BLDF တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ကျောင်းသားတပ်တော်အနေနဲ့ လူထုလွတ်မြောက်ရေးနဲ့ နိုင်ငံတော်သစ်ရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Photo-ကျောင်းသားလက်ရုံးတပ်တော်

#bbm #bbmnews #Sagaing #ဘုတလင် #UpdateNews
https://www.facebook.com/share/p/1MDrMgpfjJ/
👏12👍21
ကျောက်မဲမှာ မှတ်ပုံတင် အမြန်ကြေးမပေးနိုင်သူတွေကို Non-CDM၀န်ထမ်းတွေက အချိန်ဆွဲပြီးကြန့်ကြာအောင်လုပ်နေ

BBM - ဇန်နဝါရီ ၂၀
သတင်း - PJ

စစ်ကောင်စီ ပြန်လည် ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ အမြန်ကြေးမပေးနိုင်သူတွေ မှတ်ပုံတင်လုပ်ရ ကြန့်ကြာနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“မှတ်ပုံတင်လဲတာကို အမြန်လိုချင်ရင် အမြန်ကြေးပေး ဆိုပြီး တောင်းနေတာ။ ပိုက်ဆံမပေးနိုင်သူတွေက ကြာတယ်။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

လက်ရှိ ကျောက်မဲက ထွေအုပ်စာရေးတွေက ပွဲစားလုပ်ပြီး လဝက စာရေးမတွေနဲ့ မှတ်ပုံတင် တခုကို တစ်သိန်းနှစ်သောင်းစီနဲ့ လုပ်စားနေတာလို့ သူက ပြောပါတယ်။

“လဝက စာရေးမကတွေက မလွယ်ဘူး။ ပွဲစားတွေကိုပဲ ဦးစားပေးလုပ်ပေးနေတာ။ စမတ်ကတ် ကလည်း ပိုက်ဆံ ရှိတဲ့သူတွေကိုပဲ ဦးစားပေး လုပ်ပေးနေတာ။ ပိုက်ဆံက အဓိက ဖြစ်နေတယ်” လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒေသခံတွေက တိုက်ပွဲတွေကြား ပျောက်ဆုံးသွားသူတွေရှိသလို အသစ်လျှောက်မယ့်သူတွေ နဲ့ ၁၈ နှစ် ပြည့် လဲလှယ်ရမယ့်သူတွေလည်း အများအပြား ရှိနေပြီး ငွေကြေးမပေးနိုင်တာကြောင့် မှတ်ပုံတင်လုပ်ရဖို့ ကြန့်ကြာနေတယ်လို့ ဆိုပါတယ်။

မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး အလေးထား ဆောင်ရွက်ကြရန် စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လ၀ကဝန်ထမ်းတွေိကို ပြောခဲ့တာရှိပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပိုင်း ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာတော့ ရွေးကောက်ပွဲ ကျင်းပမယ့် နေရာတွေမှာ အိမ်ထောင်စုလူဦးရေစာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ပျောက်ဆုံးသွားတဲ့ ဒေသခံပြည်သူတွေ ၊ အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေး မလျှောက်ထားသေးသူတွေကို One Stop Service နဲ့ လုပ်ပေးခဲ့တာရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသူတွေကို e-ID စနစ်နဲ့ Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်တစ်ပါတည်း ထုတ်ပေးတာတွေရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။

လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့မှာတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကျင်းပမယ့် မြို့တွေထဲမှာ စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲနဲ့ သီပေါလည်း ပါဝင်တာဖြစ်ပါတယ်။

ပုံ-ပေးပို့

#bbmnews #bbm #bbmtv #kyaukmae #shan #noncdm
https://www.facebook.com/share/p/1BzkyqHF9h/
😡111
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အအေးမိထားတာကြောင့် ဆွစ်ဇာလန်နိုင်ငံခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြား

BBM - ဇန်နဝါရီ ၂၁

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အထူးမိန့်ခွန်းပြောကြားဖို့ စီစဉ်ထားတဲ့ ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မြို့က အစည်းအဝေးကို တက်ရောက်ဖို့ အစီအစဉ်တွေကို ဖျက်သိမ်းလိုက်ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇန်နဝါရီလ ၂၀ရက် အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

"ကံမကောင်းစွာဘဲ အထွေထွေအတွင်းရေးမှူးချုပ်က ဒါးဗို့စ်မှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ နှစ်ပတ်လည်အစည်းအဝေး တက်ရောက်ဖို့ကို ဖျက်သိမ်းလိုက်ရပါတယ်။ မနက်ဖြန်မှာ မိန့်ခွန်းပြောဖို့ စီစဉ်ထားပေမဲ့ သူ အအေးမိနေပါတယ်" လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ရိုလန်ဒို ဂိုမက်ဇ်က သတင်းထောက်တစ်ဦးရဲ့ မေးခွန်းကို ပြောကြားထားပါတယ်။

Reference-Reuters
Translator-Richard
Photo-Reuters

#bbmnews #bbm #bbmtv #UN #internationalnews #Switzerland
https://www.facebook.com/share/p/1896tN3cP9/
😱5👍3👏1
AA မကြာခင်ပြန်လွှတ်‌ပေးတော့မဲ့ စစ်သုံးပန်းနဲ့ မိသားစုဝင်တွေကို စကစဗုံးကြဲသဖြင့် သေဆုံးထိခိုက်မှုများရှိ

BBM - ဇန်နဝါရီ ၂၁
သတင်း - ခက်ဆစ်

အာရက္ခတပ်တော် AA က မကြာမီ ပြန်လည်လွှတ်ပေးတော့မဲ့ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေ ထားရှိရာနေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်းမိသားစုဝင်များနဲ့ စစ်သုံ့ပန်းအချို့ သေဆုံးထိခိုက်မှုတွေ ရှိခဲ့တယ်လို့ AA က ယမန်‌နေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

မနေ့က ဇန်နဝါရီလ ၂၀ ရက်၊ ည ၇ နာရီ ၂၄ မိနစ်နဲ့ ၂၈ မိနစ်တို့မှာ AA ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြိုန့ယ် အစပ်ရှိ ချောင်းတူ(ခ)ဆောင်းဒုံ (Chaung Tu) ကျေးရွာအနောက်ဘက် နေရာအချို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံး ၂ လုံးစီ ရှေ့ဆင့်နောက်ဆင့် ကြဲချတိုက်ခိုက်သွားတာပါ။

အခုလို တိုက်ခိုက်ခဲ့တာကြောင့် ဗုံးကြဲခံရတဲ့ နေရာပတ်ဝန်းကျင်မှာရှိကြတဲ့ စစ်သုံ့ပန်း မိသားစုဝင်တွေနဲ့ စစ်သုံ့ပန်းအချို့ ပွဲချင်းပြီး သေဆုံးတာ၊ ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ AA ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံး ဒဏ်ရာရတဲ့ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေဟာ မကြာမီပြန်လည်လွှတ်ပေးဖို့အတွက် အာရက္ခတပ်တော် AA က အဆိုပါနေရာမှာ ထားရှိထားတာဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရ အသေးစိတ်စာရင်းတွေကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ AA က ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်မှာလည်း မြောက်ဦးမြို့နယ်၊ ရမ်း‌ချောင်းအနီးတဝိုက် စစ်သုံ့ပန်းမိသားစုဝင်တွေ ထားတဲ့ နေရာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်နဲ့ အမျိုးသမီး စုစုပေါင်း ၂၈ ဦးသေဆုံးပြီး ၂၅ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ AA က ထုတ်ပြန်ခဲ့ပါသေးတယ်။

အခုလို သူတို့ရဲ့ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေ ထားရှိရာနေရာတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေဟာ ရခိုင်ပြည်အတွင်းမှာသာမက အခြားတော်လှန်ရေးအင်အာစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေမှာလည်း မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိကြောင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Photo - မြောက်ဦးမြို့နယ် စစ်သုံးပန်းမိသားစုဝင်တွေကို ၂၀၂၅ ဇန်နဝါရီ ၁၈ ရက်က ဗုံးကြဲခဲ့စဉ်။

#BBM #bbmnews #BBMTV #AA #Arakanese
https://www.facebook.com/share/p/188FACHPaG/
👍6🤬6👎1
မဲဆောက်မှာ လက်နက်ရောင်း၀ယ်တဲ့လူ၂ဦးက စစ်ဆေးတဲ့ ရဲအရာရှိကို ပစ်ခတ်ထွက်ပြေး၊ ၁ဦးဖမ်းမိပြီး ၁ဦးလွတ်နေလျက်ရှိ

BBM - ဇန်နဝါရီ ၂၁
သတင်း - Richard

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်ကုဘက်ခြမ်းမှာ လက်နက်ရောင်း၀ယ်ဖို့စောင့်နေတဲ့ လူ၂ဦးကို ကင်းလှည့်ရဲတွေက စစ်ဆေးဖို့လုပ်ဆောင်စဉ် ရဲတပ်ကြပ်တစ်ဦးကို ပစ်ခတ်ပြီး ၁ဦးမှာ ထွက်ပြေးလွတ်‌မြောက် သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဇန်နဝါရီလ ၂၀ရက်နေ့ ညနေ ၅နာရီ ၄၅၀န်းကျင်အချိန်ခန့်က မယ်ကုဘက်ခြမ်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ အဆိုပါ မှုခင်းအတွင်း ပစ်ခတ်ခံခဲ့ရတဲ့
လှည့်ကင်းတပ်ဖွဲ့ခေါင်းဆောင် ရဲတပ်ကြပ် ဆက်ဆန်ကန်ကာဟာ ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ သံသယရှိသူ၁ဦးကို ဖမ်းဆီးထားမိပြီးတော့ နောက်တစ်ဦးမှာ လွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

“တော့ဖောင်းစက်ရုံဘက်မှာဖြစ်တာ။ ရဲကိုတောင်ပစ်ရဲတာဆိုတော့ တော်ရုံလူကတော့မပစ်ရဲဘူး။ တော်လှန်ရေးဘက်ကလူဆို ပိုလို့တောင်မဖြစ်နိုင်သေးတယ်။ ကျွန်တော်တို့ဆို လက်ရှိ လူလက်မှတ်ရှိတာတောင် ရဲမြင်ရင် တုန်နေတုန်းပဲ။ ပြန်လုပ်ဖို့ဆို‌ဝေးရော”လို့ မယ်တောင်ဘက်ခြမ်းမှာနေတဲ့ မြန်မာနိုင်ငံသားတစ်ဦးက BBMကိုပြောပါတယ်။

လက်ရှိမှာ မဲဆောက်ရဲတပ်ဖွဲ့မှူးက လိုက်လံရှာဖွေရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားပြီး လွတ်မြောက်နေတဲ့ လူဟာ လက်နက်နဲ့ဖြစ်တာကြာင့် အန္တရာယ်များကြောင်း ပြည်သူလူထုကို သတိပေးထားပါတယ်။

ပြည်သူတွေအနေနဲ့ တွေ့ရှိပါကလည်း ချဉ်းကပ်ခြင်းမပြုဖို့၊ ချက်ချင်းဘေးကင်းရာကို ရှောင်တိမ်းဖို့နဲ့ အာဏာပိုင်တွေကို ချက်ချင်းအကြောင်းကြားဖို့ အကြံပြုထားပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာ ရဲတပ်ကြပ် ဆက်ဆန်ဟာ ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့ပြီး မဲဆောက်ဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

လမ်းမှာ သွေးထွက်လွန်တာကြောင့် ဆေးရုံမှ သွေးလှူဒါန်းဖို့ တောင်းဆိုခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ မဲဆောက်ရဲစခန်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ “မဲဆောက်တပ်ရင်း ၁ က လိုက်လံရှာဖွေရေးအဖွဲ့တစ်ခု ဖွဲ့စည်းလိုက်ပါပြီ။ သံသယရှိသူက ရဲအရာရှိတစ်ဦးကို ပစ်ခတ်ခဲ့ပါတယ်။ စစ်တပ်၊ ဒေသန္တရအုပ်ချုပ်ရေး၊ ဆက်စပ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေဆဲဖြစ်ပါတယ်။ သံသယရှိသူ၂ဦးအနက် ၁ဦးကို ဖမ်းဆီးထားပြီးဖြစ်ပါတယ်။ ရဲတွေကလည်း အခြားတစ်ဦးကို ရှာဖွေဖမ်းဆီးဖို့ ကြိုးပမ်းမှုတွေကို အရှိန်မြှင့်တင်လျက်ရှိပါတယ်။ အဆင့်ဆင့်ရှိ တပ်မှူးအဆင့်ဆင့်ကလည်း စစ်ဆင်ရေးကို ကိုယ်တိုင်ကြီးကြပ်လျက်ရှိပါတယ်။ မဲဆောက်ဆေးရုံမှာ ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ကြပ်ကြီး ဆက်ဆန်ကန်ကာအတွက်လည်း သွေး အရေးတကြီး လိုအပ်နေကြောင်း မေတ္တာရပ်ခံအပ်ပါတယ်” လို့ ရေးသားထားပါတယ်။

အဆိုပါအခင်းဖြစ်ပွားမှု မတိုင်ခင်မှာလည်း မယ်ကုနဲ့ ကပ်လျက်မှာရှိတဲ့ မယ်တောင်ဘက်က စိုက်ခင်းတစ်နေရာမှာလည်း ဧရာ၀တီမလို့ လူသိများတဲ့ LGBT Celeတစ်ဦးသတ်ဖြတ်ခံခဲ့ရပြီး ဖုန်း‌တွေ၊ လက်၀တ်ရတနာတွေလုယူသွားပြီး တရားခံမှာ လွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Reference-Thai PBS World

#bbmnews #bbm #bbmtv #thai #maesot
https://www.facebook.com/share/p/1Bvw74ia7U/
🤬8👍7
ဂရင်းလန်းကျွန်း သိမ်းပိုက်ဖို့အစီအစဉ် နောက်ပြန်လှည့်ဖို့ မရှိဘူးလို့ ထရမ့်အကြိမ်ကြိမ်ပြောလာ

BBM - ဇန်နဝါရီ ၂၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကို ထိန်းချုပ်ဖို့ကို ထပ်လောင်းအတည်ပြုခဲ့ပြီး "နောက်ပြန်လှည့်ဖို့မရှိဘူး" လို့ လူမှုမီဒီယာမှာလည်း ရေးသားခဲ့ပါတယ်။

ဒါ့အပြင် "ဂရင်းလန်းဟာ အမေရိကန်အတွက် မရှိမဖြစ်လိုအပ်ကြောင်း" ကိုလည်း ပြောကြားခဲ့ပါတယ်။

အိမ်ဖြူတော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ဂရင်းလန်းကို ရယူဖို့ ဘယ်လောက်ထိ လုပ်ဆောင်လိုကြောင်း မေးမြန်းခဲ့ရာ ထရမ့်က"သင်ကိုယ်တိုင် မျက်မြင်တွေ့လာပါလိမ့်" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် အစည်းအဝေးအတွင်း "ဒါဟာ စည်းမျဉ်းမဲ့ကမ္ဘာကို ဦးတည်နေတယ်"လို့ သတိပေးခဲ့ပြီး ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနေးကလည်း အလားတူ ပြောကြားထားပါတယ်။

ဇန်နဝါရီလ ၂၁ရက် ဗုဒ္ဓဟူးနေ့မှာ ထရမ့်က ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မြို့ကို သွားရောက်ဖို့ စီစဉ်ထားပြီး "ဂရင်းလန်းနဲ့ ပတ်သက်ပြီးတော့ အစည်းအဝေးများစွာ စီစဉ်ထားတယ်” လို့ ပြောကြားခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲအတွင်း ထရမ့်က သတင်းထောက်တွေကို “ဂရင်းလန်းမှာ အရာအားလုံး အတော်လေး အဆင်ပြေသွားလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။

ဒါဟာ နေတိုးမဟာမိတ်အဖွဲ့ကနေ ထွက်ရနိုင်ချေရှိနေတဲ့အပေါ် BBC မှ မေးမြန်းခဲ့ရာ "ကျွန်တော်လောက် နေတိုးအပေါ် ဘယ်သူမှ ပိုမလုပ်ပေးခဲ့ဖူးပါဘူး” ‘လို့ တုံ့ပြန်ခဲ့ပြီး "နေတိုးအနေနဲ့လည်း ပျော်ရွှင်နေမှာဖြစ်ပြီး ကျွန်တော်တို့လည်း ပျော်ရွှင်နေမှာပါ"လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် "ကမ္ဘာ့လုံခြုံရေးအတွက် ကျွန်တော်တို့ ဂရင်းလန်းကို သိမ်းဖို့ လိုအပ်ပါတယ်"လို့လည်း ပြောကြားခဲ့ပါတယ်။

Reference - BBC
Translator-Richard
Photo - The Guardian

#bbmnews #bbm #bbmtv #greenland #USA #trump
https://www.facebook.com/share/p/1CztTMG1Nn/
👍6
စစ်သုံ့ပန်းတွေကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုဟာ Geneva Conventions ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဟုဆို

BBM - ဇန်နဝါရီ ၂၁
သတင်း - သော်

ရခိုင်ပြည်နယ် မြို့သိမ်းတိုက်ပွဲ‌တွေအတွင်း အာရက္ခတပ်တော်ဆီ လက်နက်ချအညံ့ခံခဲ့တဲ့ စစ်သုံ့ပန်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ထိန်းသိမ်းထားရာနေရာကို စစ်ကောင်စီက လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ထပ်မံဗုံးကြဲတိုက်ခိုက်တာဟာ Geneva Conventions ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့ ညပိုင်းက ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် အစပ်မှာရှိတဲ့ ချောင်းတူကျေးရွာအနီးကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မကြာခင် ပြန်လည်လွတ်မြောက်တော့မဲ့ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေ အများအပြားသေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။

“စစ်ကောင်စီဘက်က စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို ထားတဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်တယ်ဆိုတာက Geneva Conventionsကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်၊ နောက်ပြီး ဒါဟာ စစ်ရာဇဝတ်မှုကိုလည်း ကျူးလွန်တာဖြစ်တယ်၊ ရခိုင်ပြည်နယ်ထဲရှိတဲ့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဆေးရုံတွေနဲ့ စစ်ရှောင်စခန်းတွေဆိုလည်း မကြာခဏ လေကြောင်းကနေ ပစ်မှတ်ထား ဗုံးကြဲတယ်၊ စစ်ကောင်စီက စစ်ပွဲအတွင်း လိုက်နာရမယ့် ကျင့်ဝတ်တွေကို ချိုးဖောက်နေတာဖြစ်တယ်”လို့ ရခိုင့်စစ်ရေး လေ့လာသူတစ်ဦးက ပြောပါတယ်။

အာရက္ခတပ်တော်အနေနဲ့ စစ်သုံ့ပန်းတွေကို ကာကွယ်ရမယ်ဆိုတဲ့ Geneva Conventions ကို လိုက်နာပြီး စစ်သုံ့ပန်းတွေကို လူသားဆန်စွာ ထိန်းသိမ်းထားကာ ပြန်လွှတ်ပေးဖို့ စီစဉ်နေချိန် စစ်ကောင်စီကတော့ ပြန်လည် သတ်ဖြတ်နေတာပါ။

အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်မှာတော့ ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် အစပ်မှာရှိတဲ့ ချောင်းတူကျေးရွာအနီးက နေရာတချို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ် နှစ်စီးနဲ့ တစ်နေရာကို ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“စစ်ကောင်စီက အခုနောက်ပိုင်းမှာ သူတို့လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေထဲက ဘယ်အရာကိုမဆို ရန်သူလို့ပဲ သတ်မှတ်တော့တာ၊ လက်နက်ချသွားတဲ့ သူတို့ရဲဘော်တွေကိုတောင် ပြန်လက်ခံဖို့ ဆန္ဒမရှိတော့ဘူး၊ ဒါဟာ စစ်နည်းဗျူဟာထက် ယုတ်ညံ့တဲ့ လူသတ်မှုကို ကျူးလွန်နေတာ”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်တော် ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းကလည်း မြောက်ဦးမြို့နယ်မှာ ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းတွေကို အာရက္ခတပ်တော်က ပြန်လည်လွှတ်ပေးတော့မယ့်အချိန် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်သုံ့ပန်းတွေအပြင် အမျိုးသမီးနဲ့ ကလေးငယ်တွေ အယောက် ၃၀ နီးပါး သေဆုံးခဲ့ရပါသေးတယ်။

Photo - AA Info Desk
ပုံစာ - ၂၀၂၅ ဇန်နဝါရီ ၁၈ ရက်က မြောက်ဦးမြို့နယ်ကို ဗုံးကြဲခဲ့မှုကြောင့် သေဆုံးသွားသော စစ်သုံ့ပန်းများ။

#bbmnews #bbm #bbmtv #aa #arakan
https://www.facebook.com/share/p/1aW2gBeFts/
👍111
ဆောမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းနှစ်ခု လေကြောင်းတိုက်ခိုက်ခံရသဖြင့် တစ်ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

BBM - ဇန်နဝါရီ ၂၁
သတင်း - ကိုအိုက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေ ခိုလှုံနေထိုင်တဲ့ စစ်ဘေးရှောင်စခန်းနှစ်ခုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် တစ်ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက BBM ကို ပြောပါတယ်။

ဆောမြို့နယ်၊ လယ်ကြီးအိုင့်ကျေးရွာနဲ့ ချောင်းခွကျေးရွာရှိ စစ်ဘေးရှောင်စခန်းနှစ်ခုကို မနေ့က ဇန်နဝါရီလ ၂၀ ရက်၊ ညနေ ၄ နာရီဝန်းကျင်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးနဲ့ ရော့ကတ် ၅ လုံး ပစ်ခတ်သွားတာ ဖြစ်ပါတယ်။

"စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ချောင်းခွရွာ နတ်စဉ်နားမှာ ရော့ကတ် သုံးလုံးကျတယ်၊ လယ်ကြီးအိုင့် ဘုန်းကြီးကျောင်းနား လမ်းမမှာ နှစ်လုံးကျတယ်၊ အဲလမ်းမဘေးမှာ စစ်ဘေးရှောင်တွေရှိတယ်"လို့ ဆောဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

အဲဒီလေကြောင်း တိုက်ခိုက်မှုကြောင့် ချောင်းခွရွာက အသက် (၆၀) ကျော်အရွယ် စစ်ဘေးရှောင်အမျိုးသား ဦးဖေခင်မှာ ပွဲချင်း သေဆုံးပြီး အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီး သုံးဦးတို့မှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အိမ်စီးကား၊ နေအိမ်နှစ်လုံး၊ ဆိုင်ကယ်ပြင်ဆိုင်တွေလည်း ပျက်စီးသွားပြီး နောက်ထပ် လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်မှာကို စိုးရိမ်တဲ့အတွက် စစ်ဘေးရှောင်တွေက ဘေးလွတ်ရာကို တိမ်းရှောင်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

"အဲနေရာမှာ စစ်ဘေးတွေက မနေရဲတော့ဘူး၊ မနေ့ညကဆို တခြားနေရာတွေမှာ ပြောင်းအိပ်ရတယ်၊ ဒီနေ့ မနက်လည်း လေယာဥ်ထပ်လာသွားတယ်၊ စစ်ဘေးရှောင်ပြည်သူတွေက ထပ် ဗုံးကြဲသွားမှာစိုးရိမ်တာကြောင့် စခန်းထဲမှာ ဆက်မနေရဲကြတော့ဘူး၊ နေရာပြောင်းဖို့ ပြင်ဆင်သူတွေက ပြင်ဆင်နေကြပါတယ်" လို့ ဆောဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

စစ်ကောင်စီဟာ အခုရက်ပိုင်း ယောဒေသဖြစ်တဲ့ ဆော၊ ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု စတဲ့ မြို့တွေကို လေကြောင်းကနေ တပ်အင်အားဖြည့်တင်းပြီး မြေပြင်ကနေ စစ်ကြောင်းထိုးတာ၊ လေကြောင်းတိုက်ခိုက်တာ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

Photo - ပေးပို့

#bbm #bbmnews #ဆောမြို့ #စစ်ရှောင် #Airstrike
https://www.facebook.com/share/p/1C7Dniz7oR/
🤬8😢1
ဆောမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းနှစ်ခု လေကြောင်းတိုက်ခိုက်ခံရသဖြင့် တစ်ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

BBM - ဇန်နဝါရီ ၂၁
သတင်း - ကိုအိုက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေ ခိုလှုံနေထိုင်တဲ့ စစ်ဘေးရှောင်စခန်းနှစ်ခုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် တစ်ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက BBM ကို ပြောပါတယ်။

ဆောမြို့နယ်၊ လယ်ကြီးအိုင့်ကျေးရွာနဲ့ ချောင်းခွကျေးရွာရှိ စစ်ဘေးရှောင်စခန်းနှစ်ခုကို မနေ့က ဇန်နဝါရီလ ၂၀ ရက်၊ ညနေ ၄ နာရီဝန်းကျင်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးနဲ့ ရော့ကတ် ၅ လုံး ပစ်ခတ်သွားတာ ဖြစ်ပါတယ်။

"စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ချောင်းခွရွာ နတ်စဉ်နားမှာ ရော့ကတ် သုံးလုံးကျတယ်၊ လယ်ကြီးအိုင့် ဘုန်းကြီးကျောင်းနား လမ်းမမှာ နှစ်လုံးကျတယ်၊ အဲလမ်းမဘေးမှာ စစ်ဘေးရှောင်တွေရှိတယ်"လို့ ဆောဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

အဲဒီလေကြောင်း တိုက်ခိုက်မှုကြောင့် ချောင်းခွရွာက အသက် (၆၀) ကျော်အရွယ် စစ်ဘေးရှောင်အမျိုးသား ဦးဖေခင်မှာ ပွဲချင်း သေဆုံးပြီး အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီး သုံးဦးတို့မှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အိမ်စီးကား၊ နေအိမ်နှစ်လုံး၊ ဆိုင်ကယ်ပြင်ဆိုင်တွေလည်း ပျက်စီးသွားပြီး နောက်ထပ် လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်မှာကို စိုးရိမ်တဲ့အတွက် စစ်ဘေးရှောင်တွေက ဘေးလွတ်ရာကို တိမ်းရှောင်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

"အဲနေရာမှာ စစ်ဘေးတွေက မနေရဲတော့ဘူး၊ မနေ့ညကဆို တခြားနေရာတွေမှာ ပြောင်းအိပ်ရတယ်၊ ဒီနေ့ မနက်လည်း လေယာဥ်ထပ်လာသွားတယ်၊ စစ်ဘေးရှောင်ပြည်သူတွေက ထပ် ဗုံးကြဲသွားမှာစိုးရိမ်တာကြောင့် စခန်းထဲမှာ ဆက်မနေရဲကြတော့ဘူး၊ နေရာပြောင်းဖို့ ပြင်ဆင်သူတွေက ပြင်ဆင်နေကြပါတယ်" လို့ ဆောဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

စစ်ကောင်စီဟာ အခုရက်ပိုင်း ယောဒေသဖြစ်တဲ့ ဆော၊ ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု စတဲ့ မြို့တွေကို လေကြောင်းကနေ တပ်အင်အားဖြည့်တင်းပြီး မြေပြင်ကနေ စစ်ကြောင်းထိုးတာ၊ လေကြောင်းတိုက်ခိုက်တာ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

Photo - ပေးပို့

#bbmnews #bbm #bbmtv #saw #magway
https://www.facebook.com/share/p/1DG1hDg55f/
🤬7😢1
ဂျပန်ခေါင်းဆောင်ဟောင်း အာဘေးကို လက်လုပ်သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခဲ့သူကို ထောင်ဒဏ်တစ်သက် ချမှတ်

BBM - ဇန်နဝါရီ ၂၁

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို အိမ်လုပ်သေနတ်ဖြင့် သတ်ဖြတ်ခဲ့သူကို ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ကြောင်း ဒီနေ့ ဇန်နဝါရီလ ၂၁ရက်နေ့က ဂျပန်ရုပ်သံလိုင်း NHKက ဖော်ပြခဲ့ပါတယ်။

သေနတ်နဲ့ အကြမ်းဖက်မှုတွေမရှိ‌သလောက်ရှားတဲ့ ဂျပန်နိုင်ငံမှာ အခုလိုလုပ်ကြံသတ်ဖြတ်တာဟာ ဂျပန်ပြည်သူတွေကို အံ့အားသင့်‌ စေခဲ့ပြီးတော့ အဆိုပါ အမှုကို နှစ်ပေါင်းများစွာကြာ ရုံးတင်စစ်ဆေးမှုပြီးနောက် အခုလို အမိန့်ချမှတ်လိုက်တာပါ။

အဆိုပါ အမှုဟာ ဂျပန်နိုင်ငံမှာ ဩဇာကြီးမားတဲ့ ဘာသာရေးဂိုဏ်းတစ်ခုနဲ့လည်း ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်တုန်းက ခေါင်းဆောင်ဟောင် အာဘေးဟာ ဂျပန်နိုင်ငံ၊ အနောက်ပိုင်းမြို့ နာရာရှိ လမ်းမတစ်ခုပေါ်မှာ ရွေးကောက်ပွဲ မိန့်ခွန်းပြောကြားနေစဉ် တက်ဆုယာ ယာမာဂါမီက နေ့ခင်းကြောင်တောင်မှာပဲ လက်လုပ် သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တာပါ။

အာဘေးက ကျန်းမာရေးအကြောင်းပြချက်တွေကြောင့် ၂၀၂၀ ခုနှစ်တုန်းကတည်းက ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ခဲ့ပါတယ်။

ဒါပေမဲ့ သူဟာနိုင်ငံရေးမှာ တက်ကြွစွာပါဝင်နေဆဲဖြစ်ပြီး ဂျပန်ရဲ့ အရှည်ကြာဆုံး ဝန်ကြီးချုပ်အဖြစ် ကြီးမားတဲ့ ဩဇာလွှမ်းမိုးမှုကို ဆုပ်ကိုင်ထားပါတယ်။

အသက် ၄၅ နှစ်အရွယ် ယာမာဂါမီကို အခင်းဖြစ်ပွားရာနေရာမှာ ဖမ်းဆီးခဲ့ပြီး နောက်တစ်နှစ်အကြာမှာ လူသတ်မှုနဲ့ လက်နက်ကိုင်ဆောင်မှုစွဲချက်တွေနဲ့ သူ့ကို တရားစွဲဆိုခဲ့ပါတယ်။

တရားခွင်ကို မျက်မြင်တွေ့ခွင့်ရဖို့ နာရာမြို့ရှိ တရားရုံးအပြင်ဘက်မှာ ရာပေါင်းများစွာသော လူတွေ တန်းစီစောင့်ဆိုင်းခဲ့ကြပါတယ်။

အာဘေးဟာ ဝန်ကြီးချုပ်ရာထူးကို ဂျပန်နိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှု နောက်ဆုံးကာလဖြစ်တဲ့ ၂၀၀၆ မှ ၂၀၀၇ ခုနှစ်အထိ နဲ့ ၂၀၁၂ မှ ၂၀၂၀ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

Reference-CNN World
Translator-Richard

#bbmnews #bbmtv #bbm #japan #NHK
https://www.facebook.com/share/p/182eX4JL6G/
👍82
လောင်းလုံးပေါက်ကွဲမှုမှာ အရပ်သား ၃ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

BBM-ဇန်နဝါရီ၂၁
သတင်း - ကိုဟန်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာအုပ်စုမှာ ဒရုန်းဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

မနေ့ ဇန်နဝါရီလ ၂၀ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က စခန်းကြီးကျေးရွာမှာ ဒရုန်းဗုံးသီးကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

“ထိသွားတာ တော်တော်များတယ်၊ အိမ်နှစ်အိမ်အနားကျကွဲတာ အဲဒီက မိသားစုဝင်တွေ ထိခိုက်သေဆုံးတာ၊ လူကြီးပိုင်းတွေ ထိကြတာများတယ်” လို့ လောင်းလုံးမြို့ပေါ်မှာ အလုပ်လုပ်နေတဲ့ စခန်းကြီးရွာခံတဦးက BBM ကို ပြောပါတယ်။

ဗုံးသီးပေါက်ကွဲမှုကြောင့် ဒေါ်မာလာ၊ ဒေါ်ချို၊ မခင်မာအေးတို့ သုံးဦးဟာ အခင်းဖြစ်ရပ်မှာပင် သေဆုံးသွားပြီး ကလေးနဲ့ အမျိုးသား၊ အမျိုးသမီးတို့ သုံးဦးက ဒဏ်ရာရရှိခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေထဲက ကလေးနဲ့ အမျိုးသမီးတို့ဟာ ဒဏ်ရာပြင်းထန်နေပြီး ဆေးကုသမှု ခံယူနေရတယ် လို့သိရသလို
ဒေသခံအချို့ ပြောဆိုချက်အရ ဒရုန်းဗုံးသီးချတိုက်ခိုက်ခံရတဲ့အချိန်ဟာ စခန်းကြီးကျေးရွာထဲမှာ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်ပြီး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒီတိုက်ခိုက်မှုဟာ တော်လှန်ရေးတပ်တွေ လုပ်ဆောင်ခဲ့တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုမှုတွေ ရှိနေ ပေမဲ့ BBM အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကို ထုတ်ပြန်ထားခြင်း မရှိသေးသလို ဒေသတွင်း လှုပ်ရှားနေတဲ့ အဖွဲ့တွေကို ဆက်သွယ်ဖို့ ကြိုစားနေပေမဲ့ အဆက်သွယ်မရသေးပါဘူး။

“တော်လှန်ရေးအဖွဲ့က လုပ်တယ်လို့ပဲ ကြားထားတယ်၊ ဘာလို့ဆိုတော့ အဲဒီနေ့က စစ်သားတွေရော ဝန်ထမ်းတွေရော ရွာထဲရှိနေတာလို့ ပြောတယ်၊ ကျကွဲတာလဲ အဲဒီစစ်သားနဲ့သူတို့အဖွဲ့ ရှိတဲ့နေရာနဲ့ မလှမ်းမကမ်းမှာပဲတဲ့” လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

မဲစာရင်းကိစ္စဆောင်ရွက်ပြီး စခန်းကြီးကျေးရွာကနေ ပြန်ထွက်သွားတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့လိုက်ပါလာတဲ့ ယာဉ်တန်းကို ထပ်မံမိုင်းဆွဲခဲ့ပေမဲ့ ထိခိုက်မှု ရှိ၊ မရှိကို မသိရသေးဘူးဟုလည်း ဆိုပါတယ်။

ရွေးကောက်ပွဲအပိုင်း(၃)မှာ ပါဝင်တဲ့ လောင်းလုံးမြို့နယ်မှာ မြို့ပေါ်ရပ်ကွက်တွေနဲ့ စခန်းကြီးကျေးရွာအုပ်စုအပါ အဝင် ကျေးရွာအုပ်စုအချို့မှာ ရွေးကောက်ပွဲကျင်းပဖို့ ရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေက သူတို့ ထိန်းချုပ်ထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်မှု မရှိအောင် လုံခြုံရေးတင်းကြပ်ထားပေမဲ့လည်း လောင်းမြို့ပေါ်နေရာအပါအဝင် စစ်အခြေစိုက် တပ်ရင်းတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်တာ ခံနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ - Social Media ၊ KNU
ပုံစာ - လက်နက်ကြီးကျရောက်ပေါက်ကွဲထားစဉ်။ (ပုံဟောင်း)

#bbm #bbmnews #လောင်းလုံး #Drone #UpdateNews
https://www.facebook.com/share/p/1WX6afMTj2/
👍8
မိုးကုတ်မြို့အတွင်းဝင်လာတဲ့ Non-CDM တွေကို ကြိုဆိုဖို့ စစ်တပ်က မြို့နေလူထုကို အတင်းအကြပ်ဖိအားပေး

🟥မိုးကုတ်မြို့အရှေ့ပိုင်းဘက်ကိုလည်း ကားအစီးရေ(၄၀)လောက်နဲ့ စစ်တပ်က အင်အားဖြည့်

BBM-ဇန်နဝါရီ၂၁
သတင်း-မင်းသော်

မိုးကုတ်မြို့အတွင်းကို ပြန်လည်ဝင်ရောက်လာတဲ့ Non-CDM တွေကို ကြိုဆိုဖို့အတွက် စစ်ကောင်စီအနေနဲ့ ဒေသခံပြည်သူတွေကို အတင်းအကြပ်ဖိအားပေးစေခိုင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ၂၀ရက်နေ့ ည၈နာရီခွဲလောက်က မန္တလေး-မိုးကုတ်လမ်းပိုင်းမှတဆင့် စစ်ကောင်စီရဲ့ စီစဥ်ပေးမှုနဲ့ Non-CDMဝန်ထမ်းတွေဟာ မိုးကုတ်မြို့တွင်းကို ယာဥ်တန်းတွေနဲ့ ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

ဒီလို Non-CDM တွေမဝင်ရောက်လာခင်ကတည်းက မိုးကုတ်မြို့တွင်းက စစ်ကောင်စီတပ်သားတွေအနေနဲ့ ညဘက် မြို့ခံပြည်သူတွေရှိ
တဲ့ မိုးကုတ်ညစျေးတန်းအတွင်း ရောက်လာပြီး Non-CDMတွေကို မဖြစ်မနေကြိုဆိုရမယ်ဆိုပြီး ဖိအားပေးစေခိုင်းခဲ့တယ်လို့ ဒေသခံပြည်သူတစ်ဦးထံမှ သိရပါတယ်။

"မနေ့ညကညဈေးတန်းမုန့်လာဝယ်တဲ့ လူတွေမှန်သမျှဖိအားပေးပြီး ကြိုခိုင်းတယ်ဗျ၊ လူစည်တာ ညဆိုရင် အဲ့နေရာပဲရှိတော့ ရွေးလုပ်တာဗျ အဲ့နေရာကို၊ ဘယ်ပြည်သူမှ လဲ အမှန်တကယ် စိတ်မဝင်စားဘူး "

မိုးကုတ်မြို့အတွင်း အဆိုပါ Non-CDM များကိုဝင်ရောက်စေခဲ့ပေမဲ့လည်း စစ်တပ်အနေနဲ့ ၎င်းတို့အတွက် နေရာထိုင်ခင်းတွေကို အဆင်သင့်ပြင်ဆင်ထားခြင်းမရှိတာကြောင့် မိုးကုတ်မြို့အလယ်ရှိ အထက (၁) စာသင်ကျောင်းမှာသာ စုပြုံနေရာချထားပေးတယ်လို့လည်း သိရပါတယ်။

အဆိုပါ Non-CDM တွေနဲ့အတူ မန္တလေး-စဥ့်ကူးတို့ဘက်မှ စစ်ကောင်စီစစ်ကြောင်းအချို့လည်း လိုက်ပါလာတာတွေရှိပြီး ၎င်းတို့မရောက်မှီကတည်းက စစ်တပ်ဝါဒဖြန့်သူအချို့က မှတ်တမ်းတင်Video ရိုက်ရန်အတွက် ကြိုတင်ပြင်ဆင်နေတာတွေ ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် ဒီလိုအရပ်ဘက်ဝန်ထမ်းတွေကို မြို့တွင်းခေါ်ဆောင်လာပြီးတဲ့နောက် စစ်တပ်
အနေနဲ့ မိုးကုတ်ပတ်ချာလည်ကို လုံခြုံရေးတိုးမြှင့်ရန် ယမန်နေ့ည ၉နာရီခွဲလောက်မှာတင် စစ်ကားအစီးရေ(၄၀)ကျော်ဖြင့် မိုးကုတ်မြို့အရှေ့ပိုင်းမှတဆင့်ထွက်ခွါသွားတာတွေရှိတယ်လို့လည်း အဆိုပါဒေသခံမှဆက်ပြောပါတယ်။

"မိုးကုတ်ကတပ်တစ်ချို့ ထုတ်နှုတ်နေတယ်ဗျ၊ ကားအစီး 40လောက်ရှိမယ်၊ မနေ့ညက ၉ နာရီ၄၅လောက်ကထွက်သွားတယ်၊ မိုးကုတ်
အရှေ့ပိုင်း ပန်းမထိပ်ဘက်က ထွက်သွားတာပါ၊ မြို့ပတ်ချာလည် လုံခြုံရေးပိုတင်းကြပ်ဖို့ထင်
တယ်"

ဒီလို မိုးကုတ်မြို့အတွင်း စစ်တပ်ဘက်က အရပ်သားဝန်ထမ်းကော၊ စစ်အင်အားပါ ဖြည့်တင်းတာတွေ ဆောင်ရွက်နေပေမဲ့လည်း မကြာခဏဆိုသလိုပင် ၎င်းတို့အခြေပြုထားရာ မိုးကုတ်မြို့တွင်းက စစ်စခန်းတွေကို တော်လှန်ရေးအင်အားစုတွေဘက်က ရှော့တိုက်ဒုံးတွေ၊ ဒရုန်းတွေဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

Video-ဒေသခံ
🤣6🤬2
မင်းဘူးမြို့နယ်အတွင်း စစ်တပ်က PDF ပုံဖမ်းကာ အနီးဝန်းကျင်မှသတင်းများလိုက်လံစုံစမ်းနေ

🟥သတင်းထူးရင်ဆက်သွယ်ရန်ဟုလည်းဆိုကာ ပြည်သူတွေထံမှ ဖုန်းနံပတ်တွေလည်းတောင်း

BBM-ဇန်နဝါရီ၂၁
သတင်း-မင်းသော်

မင်းဘူးမြို့နယ်အတွင်း မုန်ထောင်ရဲစခန်းကို တော်လှန်ရေးအင်အားစုတွေက စီးနင်းတိုက်ခိုက်ပြီးတဲ့နောက် အဆိုပါဒေသအနီးပတ်ဝန်းကျင်က တော်လှန်ရေးတပ်ဖွဲ့တွေထံ သတင်းပေးနေသူတွေကို ဖော်ထုတ်ရန်အတွက် စစ်တပ်က ၎င်းတို့ကိုယ်တိုင် PDF ပုံစံအသွင်ယူပြီး လိုက်လံစုံစမ်းနေတာတွေရှိတယ်လို့ ဒေသခံပြည်သူတွေရဲ့ပြောဆိုချက်အရသိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ၁၆ရက်နေ့က မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မုန်ထောင်ရဲစခန်းကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်စီးနင်းခဲ့ပြီးတဲ့နောက် ရဲစခန်းအတွင်းရှိ အဆောက်အဦးတွေကို မီးရှို့ဖျတ်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မုန်ထောင်ရဲစခန်းအတိုက်ခံရပြီးတဲ့နောက် စစ်တပ်က ၎င်းတို့ကိုယ်တိုင်ပင် PDF ကဲ့သို့ဝတ်ဆင်ကာ အနီးအနားကျေးရွာတွေမှာ သတင်းလိုက်လံစုံစမ်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒီလိုလိုက်လံစုံစမ်းရာမှာ စစ်ကောင်စီအင်အား (၅၀) လောက်ဟာ PDF တွေကဲ့သို့ပင် ဝတ်ဆင်ကာ အနီးအနားကျေးရွာတွေမှ ဒေသခံပြည်သူတွေကို အိမ်တိုင်းစေ့ လိုက်လံနှုတ်ဆက်တာတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အဆိုပါ ကျေးရွာမှပြည်သူတွေထံမှလည်း သတင်းတစ်ခုခုထူးရင် ဆက်သွယ်လို့ရနိုင်ရန် ဖုန်းနံပတ်တွေကို လိုက်လံတောင်းခံတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း ဒေသခံပြည်သူတစ်ဦးမှ BBM ကိုပြောပါတယ်။

" ဟိုတလောက မင်းဘူး(စကု)မြို့နယ် မုန်ထောင်ရဲစခန်းကိုPDFတွေ ဝင်တိုက်သွားပြီးသွားတော့ စစ်တပ်ကရွာနီးချင်တွေထဲက သတင်းပေးတဲ့သူကိုသူတို့ကိုယ်‌တိုင်PDFအယောင်ဆောင်ပြီးစုံစမ်းနေတယ်ဗျ၊ တချို့လူတွေက အယောင်ဆောင်ဆိုတာ သိပေမဲ့ တချို့သက်ကြီးရွယ်အိုတွေကတော့မသိဘူးပေါ့ဗျာ ကျွန်တော်တို့ရွာကိုက စစ်တပ် စိုးမိုး‌နယ်မြေဗျ သူတို့အယောင်ဆောင်တေက၅၀ ဝန်းကျင်လောက်ရှိတယ်ဗျ၊ သူတို့သာPDFအစစ် တွေဆိုရင် စစ်တပ်က သူတို့စိုးမိုးနယ်မြေပဲ ‌မိနစ်မခြားရောက်ချလာမှာပါ အယောင်ဆောင်တွေကအေးဆေး တစ်အိမ်ဆင်းတစ်အိမ်တက်နဲ့ကျွန်တော်တို့ကPDFအမေ့သားတွေပါ ဘာမှကြောက်စရာမလိုပါဘူး phoneနံပါတ်ပေးလို့ရလား သတင်းထူးရင်ဆက်သွယ်လို့ရအောင်ဆိုပြီး အိမ်တိုင်းတောင်းတယ်ဗျ "

ဒါတင်မက အခြားတစ်ဖက်မှာလည်း စစ်ကောင်စီအနေနဲ့ အဆိုပါရဲစခန်းတိုက်ခိုက်ခံရပြီးတဲ့နောက် မုန်ထောင်ရွာအပါအဝင် အနီးပတ်ဝန်းကျင်က ချောင်းဖြူး၊ သီးကုန်းစတဲ့ ကျေးရွာတွေကိုလည်း စစ်ကြောင်းထိုးတာတွေ ပြုလုပ်ခဲ့သေးတယ်လို့လည်း သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မုန်တောင်ရွာရဲစခန်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုတွေရှိသလို ရဲစခန်းမှူးအပါ တာဝန်ကျရဲတချို့ကိုလည်း အရှင်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာတွေရှိတယ်လို့လည်း မြေပြင်သတင်းရင်းမြစ်တွေအရ သိရပါတယ်။

#bbm #bbmtv #bbmnews #Minbu #UpdateNews
https://www.facebook.com/share/p/1BwB5cPkvW/
👍7
မြသိန်းတန်စေတီနဲ့ ရဲစခန်းမှာတပ်စွဲထားတဲ့ စကစအင်အား(၁၀၀)လောက်ကို တော်လှန်ရေးတပ်များတိုက်ခိုက်

BBM - ဇန်နဝါရီလ ၂၁
သတင်း - ကိုဘုဏ်း

စစ်ကိုင်းတိုင်း ၊မင်းကွန်းတိုက်နယ် မှာရှိတဲ့ မြသိန်းတန်စေတီ နဲ့ မင်းကွန်းရဲစခန်းတို့ မှာတပ်စွဲထားတဲ့ အင်အား(၁၀၀)ခန့် စကစတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီး ဘန်ကာတစ်လုံးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ရက်နေ့ နေ့လယ်၂နာရီလောက်မှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်အင်အား ၁၀၀ခန့် တပ်စွဲထားတဲ့ အဆိုပါနေရာတွေကို တော်လှန်ရေးအင်အားစုတွေက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေးပူးပေါင်းတပ်များက စစ်ကောင်စီရဲ့ ဘန်ကာ ၁ လုံးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပေမဲ့ နယ်မြေအနေအထားအရ စခန်းသိမ်းပိုက်နိုင်ခြင်းမရှိဘဲ ရဲဘော်များအထိခိုက်နည်းစေရန် ပြန်လည်ဆုတ်ခွါခဲ့ရတယ်လို့လည်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မူ့ကိုယူနီကွန်းပျောက်ကြားတပ်ဖွဲ့နဲ့အတူမင်းကွန်း PDF၊မင်းကွန်း ပကဖ၊ မင်းကွန်းပလဖ၊People Servent Force၊ရတနာပုံတပ်ဦး၊Nomore Dictatorship (NMD)၊GS Force၊ဥဒေါင်းမင်းတပ်ဖွဲ့၊ ဒေါင်းမာန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊လယ်သမားတော်လှန်ရေးတပ်ဖွဲ(FRF)၊မဟာရာရွှေဘိုသား PDFတို့မှ တိုက်ခိုက်ခဲ့ကြတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ကထုတ်ပြန်ကြေငြာထားပါတယ်။

Video-ယူနီကွန်းပျောက်ကြား
https://www.facebook.com/share/r/1AVPbHqdfv/
👍8
YOMA GBK(PDF) မှ တပ်စုမှူးရဲဘော်ကြယ်ကြီးနဲ့ ရဲဘော်ရှိုင်းလေးတို့ရဲ့ စျာပနကိုကျင်းပပြုလုပ်

BBM-ဇန်နဝါရီ၂၁
သတင်း-မင်းသော်

သာယာဝတီခရိုင် တပ်ရင်း(၁) ၊ တပ်ခွဲ(၁)မှ တပ်စုမှူး ရဲဘော်ကြယ်ကြီးနဲ့ ရဲဘော်ရှိုင်းလေးတို့ရဲ့ စျာပနကို တော်လှန်ရေးလွတ်မြောက်နေရာတစ်ခုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က တပ်စုမှူး ရဲဘော်ကြယ်ကြီးနဲ့ ရဲဘော်ရှိုင်းလေးတို့ဟာ တပ်ရင်းတာဝန်ထမ်းဆောင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ပေးအပ်တဲ့ တာဝန်တွေကိုကျေပြွန်စွာထမ်းဆောင်ရင်း ကျဆုံးသွားရတဲ့ အဆိုပါရဲဘော်(၂)ယောက်အတွက် တပ်ရင်းအနေဖြင့် အကြီးအကျယ် ဝမ်းနည်းကြေကွဲရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မြင့်မြတ်စွာကျဆုံးသွားတဲ့ ရဲဘော်တွေကို အစဥ်အောက်မေ့သတိရလျက် တော်လှန်ရေးအောင်မြင်တဲ့အထိ တပ်ဖွဲ့အနေဖြင့် အာဏာရှင်ကို ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်းလည်း သာယာဝတီခရိုင်တပ်ရင်း(၁)၊တပ်ခွဲ(၁)မှ ထုတ်ပြန်ကြေငြာထားပါတယ်။

Video-သာယာဝတီခရိုင် တပ်ရင်း(၁)၊ တပ်ခွဲ(၁)
https://www.facebook.com/share/v/17xMYcLrki/
👍6👎1🥰1
ကမ္ဘောဒီးယား ကျားဖြန့်၀င်းတွေမှ လိမ်လည်သူထောင်နဲ့ချီ ထွက်ပြေးခဲ့တယ်လို့ အရာရှိတွေ ပြောကြား

BBM - ဇန်နဝါရီ ၂၂

ကမ္ဘောဒီးယားမှာ ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ ကျားဖြန့် လုပ်ငန်းတွေကို နှိမ်နင်းဖို့ နိုင်ငံတကာဖိအားတွေ တိုးပွားလာပြီးနောက် မကြာသေးမီရက်တွေအတွင်း ကမ္ဘောဒီးယားတစ်ဝှမ်းရှိ ကျားဖြန့်၀င်းတွေမှ ထွက်ပြေးလာတဲ့ လူလိမ်ပ ထောင်ပေါင်းများစွာရှိတယ်လို့ အရာရှိတွေက ဆိုပါတယ်။

ဖနွမ်းပင်ရှိ အင်ဒိုနီးရှားသံရုံးက ကျားဖြန့်စင်တာတွေက ထွက်ပြေးလာတဲ့ နိုင်ငံသား ၁၄၄၀ ဆီမှ အစီရင်ခံစာတွေကို လက်ခံရရှိခဲ့ပြီး တရုတ်သံရုံးအပြင်ဘက်မှာလည်း တရုတ်နိုင်ငံသားများစွာ တန်းစီစောင့်ဆိုင်းနေသည်ကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်အရ ထွက်ပြေးသူအရေအတွက် တိတိကျကျမသိရသေးပေမဲ့ Amnesty International ကတော့ ထောင်နဲ့ချီပြီး ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အဆိုကိစ္စရပ်မှာ ရဲတွေဘယ်လို ပါဝင်နေလဲဆိုတာ ဆုံးဖြတ်ဖို့ ခက်ခဲတယ်လို့ Amnesty ရဲ့ ဒေသဆိုင်ရာ သုတေသန ဒါရိုက်တာ Montse Ferrer က ပြောကြားခဲ့ပြီး ဗီဒီယိုတချို့မှာ ရဲတွေကို မြင်နိုင်ပေမယ့် တခြားဗီဒီယိုတွေမှာတော့ မမြင်ရဘူးလို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ထွက်ပြေးလာတဲ့ လိမ်လည်သူတွေကို ပံ့ပိုးမှုမရှိတာနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိတယ်လို့ Ferrer က ထပ်လောင်းပြောကြားခဲ့ပါတယ်။

တချို့ဆိုရင် “အကူအညီရှာဖို့ လျှောက်သွားနေကြတာကို တွေ့ရပါတယ်။ ပြီးတော့ တချို့လူတွေက ဘေးကင်းတဲ့အိမ်တွေကို ရောက်နေပြီဆိုတာလည်း ကျွန်မတို့ သိပါတယ်” လို့ သူမက ပြောပါတယ်။

ကူညီပံ့ပိုးမှုမရှိရင် အလုပ်သမားတွေဟာ ကျားဖြန့်၀င်း အသစ်တစ်ခုကို ပြောင်းရွှေ့ခံရနိုင်ခြေရှိပါတယ်။

အရင်ထုတ်ပြန်မှုတွေမှာ “တခြားဝင်းတွေကို ပြောင်းရွှေ့ဖို့ အတင်းအကျပ်ခိုင်းစေခံရတဲ့သူတွေကို ကျွန်မတို့ တွေ့ခဲ့ရပါတယ်၊ လူတွေ ထွက်ပြေးလွတ်မြောက်သွားပေမယ့် ဘယ်ကိုသွားရမှန်းမသိဘူး၊ နောက်ဘာလုပ်ရမှန်းမသိရင် တခြားဝင်းတစ်ခုမှာ အဆုံးသတ်သွားနိုင်ပါတယ်။”

မကြာသေးမီနှစ်တွေအတွင်းအွန်လိုင်းလိမ်လည်မှုလုပ်ငန်းဟာ အရှေ့တောင်အာရှရဲ့ အစိတ်အပိုင်းတွေမှာ ထွန်းကားလာခဲ့ပြီး ကုလသမဂ္ဂက ဝင်းတွေထဲမှာ အလုပ်လုပ်သူ ၁သိန်းခန့် အလုပ်လုပ်နေတယ်လို့ ခန့်မှန်းထားတဲ့ နိုင်ငံတွေထဲမှာ ကမ္ဘောဒီးယားနိုင်ငံ အပါအဝင်ပါ။

အလုပ်သမားအများအပြားဟာ ဝင်းတွေမှာ အလုပ်လက်ခံဖို့ လှည့်စားခံခဲ့ရပြီး သူတို့ရဲ့ဆန္ဒမပါဘဲ ဖမ်းဆီးခံရကာ အချစ်ဇာတ်လမ်း၊ ရင်းနှီးမြှုပ်နှံမှုလိမ်လည်မှုတွေနဲ့ crypto လိမ်လည်မှုအပါအဝင် အွန်လိုင်းလိမ်လည်မှုတွေကို လုပ်ဆောင်ဖို့ အတင်းအကျပ်ခိုင်းစေခံခဲ့ရပါတယ်။

ဟားဗတ်တက္ကသိုလ်ရဲ့ အာရှစင်တာမှာ ဧည့်ပညာရှင် Jacob Sims က မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တွေဟာ ကမ္ဘောဒီးယားမှာ မကြုံစဖူးဖြစ်ရပ်တစ်ခုလို့ ဖော်ပြခဲ့ပါတယ်။

"ဒီကစ္စရပ် တွေဟာ နှစ်ပေါင်းများစွာကတည်းက မြင့်တက်လာနေပေမဲ့ အောက်တိုဘာ ၁၄ ရက်နေ့တွင် ချန်ဇီအပေါ် ယူကေနဲ့ အမေရိကန်တို့ရဲ့ သမိုင်းဝင်အရေးယူမှုနဲ့အတူ အဆမတန် မြင့်တက်လာတဲ့ နိုင်ငံတကာဖိအားတွေကြောင့် ဒီအရာအားလုံး အရှိန်အဟုန်မြင့်တက်လာခြင်းဖြစ်တယ်ဆိုတာ အလွန်ရှင်းလင်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Reference - The Guardian
Translator-Richard

#bmnews #bbm #bbmtv #cambodia #onlinescam
https://www.facebook.com/share/p/17sMGosKFU/
👍5