3.48K subscribers
5.58K photos
393 videos
2.88K links
Breaking Brainwashed Media
Download Telegram
ယောဒေသ စစ်ဆင်ရေးဖော်ဆောင်ခဲ့တဲ့ မှတ်တမ်း ဗီဒီယို ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့ထုတ်ပြန်

BBM - ဇန်နဝါရီ ၂၀
သတင်း - Richard

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်း ယောဒေသစစ်ဆင်ရေးမှာ ပါ၀င် တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ မှတ်တမ်း ဗီဒီယိုကို ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့က ဇန်နဝါရီလ ၁၉ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါ ယောဒေသ စစ်ဆင်ရေးကို ဒီဇင်ဘာလ ၂၇ရက်နေ့မှ ဇန်နဝါရီလ ၁ရက်နေ့အထိ ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့နဲ့ ဒရုန်းပူးပေါင်းတပ်ဖွဲ့တွေက ပျူစောထီးရွာတွေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပူး‌ပေါင်း တိုက်ခိုက်ခဲ့တာပါ။

အဆိုပါ စစ်ဆင်ရေးကို ဂန့်ဂေါခရိုင်စစ်ဌာန လက်အောက်ရှိ တပ်ရင်းတွေ ၊ ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့ ၊ KKG တပ်ရင်း(၅/၆) ၊ ဂန့်ဂေါခရိုင် ပကဖ ၊ ဂန့်ဂေါမြို့နယ်နဲ့ဆောမြို့နယ် ပကဖ ၊ မြိုင်မြို့နယ် ပကဖ(ဗိုလ်လကျ်ာအဖွဲ့) ၊ ယောတပ်တော်(YA )၊YDF (ရဲဘော် ကောင်းကောင်း အဖွဲ့) တို့က ပူးပေါင်း ပါဝင်ခဲ့ကြတာပဲဖြစ်ပါတယ်။

Video - ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့

#bbmnews #bbm #bbmtv #yaw #PDF
https://www.facebook.com/share/v/1DkUhfWPwG/
👍102
နိုဘယ်ဆုမရတဲ့နောက် ဂရင်းလန်းကိုသာ သိမ်းပိုက်ဖို့ ကြိုးစားလာတဲ့ ထရမ့်

BBM - ဇန်နဝါရီ ၂၀

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုဘယ်ငြိမ်းချမ်းရေးဆု မရမဲ့တူတူ ဂရင်းလန်းကို ထိန်းချုပ်ဖို့ တောင်းဆိုမှုကိုသာ ဆက်တိုက် ပြောကြားခဲ့ပါတယ်။

နော်ဝေဝန်ကြီးချုပ် ဂျိုးနက်စ် ဂါး စတိုးဆီ ပေးပို့တဲ့ စာထဲမှာ ထရမ့်က နော်ဝေနိုင်ငံကို သူ့ကို နိုဘယ်ဆုမပေးခဲ့တဲ့အတွက် အပြစ်တင်ခဲ့ပါတယ်။

စတိုးက ထရမ့်ကို ပြန်လည်ဖြေကြားရာမှာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက နော်ဝေအစိုးရမဟုတ်တဲ့ လွတ်လပ်တဲ့ ကော်မတီတစ်ခုက နိုဘယ်ငြိမ်းချမ်းရေးဆုကို ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုကို ချီးမြှင့်ခဲ့ကြောင်း ရှင်းပြခဲ့ပါတယ်။

ထရမ့်က “8 War PLUS ကို ရပ်တန့်စေခဲ့ပေမဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုကို ကျွန်တော့်ကို မပေးတဲ့အတွက် ငြိမ်းချမ်းရေးအကြောင်းပဲ စဉ်းစားဖို့ တာဝန်မရှိတော့ဘူးလို့ ခံစားရပါတယ်၊ ဒါပေမယ့် အခုလိုပြောတာဟာ အမြဲတမ်း‌အတွက်တော့မဟုတ်ပါဘူး။ သို့သော်လည်းပဲ လက်ရှိမှာတော့ အမေရိကန်အတွက် ကောင်းပြီး သင့်တော်တဲ့အရာတွေကိုပဲ လုပ်သွားမှာပါ" လို့ အမေရိကန်မီဒီယာက ရရှိတဲ့ သတင်းစကားမှာ ပြောကြားခဲ့ပါတယ်။

"အမေရိကန်အနေနဲ့ ဂရင်းလန်းကို အပြည့်အဝ ထိန်းချုပ်နိုင်တာမျိုးမရှိရင် ကမ္ဘာကြီးဟာ လုံခြုံမှုမရှိပါဘူး" လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

စတိုးက ဂရင်းလန်း အငြင်းပွားမှုနဲ့ ပတ်သက်ပြီး အကောက်ခွန်တိုးမြှင့်ဖို့ အဆိုပြုချက်ကို ကန့်ကွက်ကြောင်း ပြောကြားခဲ့ပြီး တင်းမာမှုတွေ လျော့ကျသွားအောင် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ထောက်ပြခဲ့ပြီး အဲဒီနေ့မှာပဲ သုံးပွင့်ဆိုင် ဖုန်းခေါ်ဆိုမှုတစ်ခုကို အဆိုပြုခဲ့ပါတယ်။

ထရမ့်က နှစ်စဉ်ဆုချီးမြှင့်ခံရဖို့ သူ့ရဲ့ဆန္ဒကို မြိုသိပ်မထားပါဘူး။

အမျိုးသားလုံခြုံရေးအကြောင်းပြချက်တွေ ကြောင့် အမေရိကန်ဟာ ဂရင်းလန်းကို သိမ်းပိုက်ဖို့ လိုအပ်တယ်လို့ သူက ပြောလာပါတယ်။

လူဦးရေနည်းပါးပေမယ့် အရင်းအမြစ်ကြွယ်ဝတဲ့ အာတိတ်ကျွန်းဟာ ဒုံးကျည်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရင် ကြိုတင်သတိပေးစနစ်တွေနဲ့ ဒေသတွင်းက သင်္ဘောတွေကို စောင့်ကြည့်ဖို့အတွက် ကောင်းမွန်တဲ့ အနေအထားမှာ ရှိပါတယ်။

ထရမ့်က အမေရိကန်အနေနဲ့ ဂရင်းလန်းကို ၀ယ်ချင်ကြောင်း ထပ်ခါတလဲလဲ ပြောကြားခဲ့ပြီး အဲ့လိုမှမဟုတ်ရင် နေတိုးလုံခြုံရေးမဟာမိတ်အဖွဲ့ဝင်နိုင်ငံတစ်ခုကို သိမ်းပိုက်ဖို့ စစ်ရေးအင်အားသုံးမယ်လို့ ပြောကြားခဲ့ပါတယ်။

Reference - BBC
Translator - Richard
Photo - Richard

#bbmnews #bbm #bbmtv #trump #novelprice #greenland
https://www.facebook.com/share/p/1HXMEDxLnw/
👍91
အီရတ်မှာ အမေရိကန်တပ်ဖွဲ့တွေ အပြည့်အဝ ထွက်ခွာမယ်ဟု ကြေညာ

BBM - ဇန်နဝါရီ ၂၀

အီရတ်နိုင်ငံရဲ့ ဖက်ဒရယ်နယ်မြေအတွင်းရှိ စစ်ဘက်အဆောက်အအုံတွေမှ အမေရိကန်တပ်ဖွဲ့တွေ “အပြည့်အဝ ဆုတ်ခွာ” သွားပြီဖြစ်ကြောင်း အီရတ်အစိုးရက ဇန်န၀ါရီလ ၁၉ရက် တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေဆဲဖြစ်တဲ့ ကာဒစ္စတန်ဒေသ မပါဝင်ပါဘူး။

အီရတ်ကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်အကြံပေးအဖွဲ့ရဲ့ နောက်ဆုံးအဖွဲ့ဟာ အမေရိကန်တပ်တွေကို နှစ်နှစ်ဆယ်ကျော်ကြာ လက်ခံထားခဲ့တဲ့ အီရတ်အနောက်ပိုင်း အန်ဘာပြည်နယ်ရှိ အယ်လ်-အာဆတ်လေတပ်စခန်းမှ ထွက်ခွာသွားပြီလို့ ပြောကြားခဲ့ပါတယ်။

အီရတ်အစိုးရက ၂၀၂၃ ခုနှစ်မှာ အမေရိကန်တပ်ဖွဲ့တွေကို ရုတ်သိမ်းဖို့ တောင်းဆိုပေမဲ့ အမေရိကန်စစ်တပ်က အချိန်ဆွဲနေခဲ့တာပါ။

အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ကို တိုက်ဖျက်ဖို့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ ပူးတွဲစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှလည်း ဆုတ်ခွာသွားခဲ့ပြီး စခန်းတွေကို အီရတ်လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အပြည့်အဝထိန်းချုပ်မှုအောက်မှာ ထားခဲ့ကြောင်း ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖြည့်စွက်ဖော်ပြထားပါတယ်။

ISIS ကို တိုက်ဖျက်ရာမှာ အမေရိကန်ရဲ့ အကူအညီကို ရယူခဲ့တဲ့ အီရတ်အစိုးရရဲ့ တောင်းဆိုချက်အရ ၂၀၁၄ ခုနှစ်မှာ တပ်ဖွဲ့ဝင် ၅,၀၀၀ ခန့်ကို အီရတ်ကို စေလွှတ်ခဲ့ပါတယ်။

အမေရိကန်တပ်ဖွဲ့တွေက ကာဒစ္စတန်ဒေသ၊ အာဘီလ်ပြည်နယ်ရှိ ဟာရီလေတပ်စခန်းမှာတော့ ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။

Reference-CNNWorld
Translator-Richard
Photo-CNNWorld

#bbmnews #bbm #bbmtv #iren #USA #international
https://www.facebook.com/share/p/14MReGPw6Ju/
👍19
MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမှာ တရုတ်နိုင်ငံသား လုပ်ငန်းရှင် ၃ ပုံ ၂ ပုံခန့်အထိလွှမ်းမိုးလာ

BBM - ဇန်နဝါရီ ၂၀
သတင်း - PJ

တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရာ လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီဒေသမှာ လက်ရှိ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေ ၃ ပုံ ၂ ပုံခန့်အထိ လွှမ်းမိုးလာကြောင်း ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ဒေသခံတွေဆီက သိရပါတယ်။

“သိန္နီဒေသမှာက လုပ်ငန်းအများစုကို တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေပဲ ကြီးစိုးတာ များသွားပြီ၊ ဘာဖြစ်လို့လဲဆိုတော့ ဒေသခံတွေက တိုက်ပွဲဒဏ်တွေ၊ နောက်ဆက်တွဲ စီးပွားရေး ခက်ခဲကျပ်တည်းတာတွေကြောင့် တရုတ်နိုင်ငံသားတွေလောက် အရင်းနှီးငွေ မတတ်နိုင်ဘူးလေ” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ဒေသခံတွေရဲ့ ခက်ခဲကျပ်တည်းမှုကို အခွင့်ကောင်းယူကာ တရုတ်နိုင်ငံသားတွေကတော့ မြေနေရာတွေကို ပေါက်ဈေးထက် အဆမတန် ဈေးပိုပေးပြီး ဝယ်ယူနေတာတွေ တွေ့ရပြီး တချို့ကတော့ ငှားရမ်းတာတွေလည်း တွေ့ရပေမယ့် အများစုက ဝယ်လိုက်တာလို့ သူက ပြောပါတယ်။

“သိန္နီကတော့ တရုတ်နယ်စပ်မြို့လို ဖြစ်သွားပြီ၊ ဘာပစ္စည်းမဆို တရုတ်နိုင်ငံသား လုပ်ငန်းရှင် သူဌေးတွေ ကိုယ်တိုင် လာရောင်းနေပြီ” လို့ နယ်စပ်ကုန်သည် တစ်ဦးကလည်း ပြောပါတယ်။

ကုန်တင်ယာဉ်တွေလည်း တရုတ်ကုန်တင်ယာဉ်တွေပဲ တိုက်ရိုက်ဝင်ရောက် ပြေးဆွဲနေတာကြောင့် မြန်မာကားတွေ ကုန်တင်ရဖို့ မလွယ်တော့တာကြောင့် ကုန်တင်ယာဉ်တွေ လည်ပတ်နိုင်ဖို့ ခက်ခဲသွားပြီလို့ သူက ပြောပါတယ်။

“တရုတ်တွေက ဘယ်လောက်ထိ လွှမ်းမိုးသွားသလဲဆိုရင် တရုတ်ဖုန်းလိုင်းတွေ ဆွဲထားတယ်၊ ဘာမဆို ရောင်းတာ၊ ဝယ်တာ၊ စက်ပစ္စည်းတွေ ပြင်တာဖြစ်ဖြစ် ကုန်ကျစရိတ်ကို တရုတ်ငွေရဲ့ နှုန်းထားနဲ့ပဲ တွက်ယူတယ်၊ တရုတ်ငွေနဲ့ မြန်မာငွေ နှစ်မျိုးစလုံးသုံးလို့ ရပေမယ့် ပေးရမဲ့ငွေကျတော့ တရုတ်ငွေနဲ့ပဲ တွက်ယူတာ” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

ဆိုင်လုပ်ငန်းဆိုင်းဘုတ်တွေကအစ အကုန်လုံး တရုတ်စာတွေနဲ့ အဓိကရေးရပြီး စိုက်ပျိုးရေးကအစ လုပ်ငန်းကြီးပိုင်းတွေကို တရုတ်နိုင်ငံသားတွေပဲ ပိုင်ဆိုင်တော့တယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ သိန္နီဒေသကို MNDAA ထိန်းချုပ်ထားပြီး ရှမ်းပြည်နယ် အထူးဒေသ ၁ ရဲ့ ခရိုင်တစ်ခုဖြစ်တဲ့ မူပန်ခရိုင်ဖြစ်ကာ MNDAA ဘက်ကတော့ အထူဒေသ ၁ မှာ တရုတ်ငွေ ယွမ်ငါးသိန်းနဲ့ အထက် ရင်းနှီးမြှုပ်နှံမှု လုပ်နိုင်သူတွေ မည်သူမဆို အထူးဒေသ ၁ ရဲ့ ဒေသခံအဖြစ် လျှောက်ယူနိုင်ကြောင်း ထုတ်ပြန်ထားတာရှိပါတယ်။

စီးပွားရေး အင်အားစုတွေ စုစည်းပြီး ရှမ်းပြည်နယ် အထူးဒေသ ၁ ဖွံ့ဖြိုးရေးကို မြှင့်တင်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့က ကိုးကန့် စီးပွားရေးလုပ်ငန်းရှင်များ အသင်း စတင်ဖွဲ့စည်းခဲ့ကြောင်း MNDAA ဘက်က ဇန်နဝါရီလ ၈ ရက်နေ့ မှာ သတင်းထုတ်ပြန်ထားပါတယ်။

ပုံ - ပေးပို့
https://www.facebook.com/share/p/1GXBHH7jzU/
🤬8👍4😢2
အာဆီယံက စစ်‌ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုသလို လေ့လာစောင့်ကြည့်တွေလည်း စေလွှတ်မှာ မဟုတ်ဘူးလို့ မလေးရှားပြော

BBM - ဇန်နဝါရီ ၂၀

အာဆီယံအနေနဲ့ စစ်ကောင်စီလက်ရှိကျင်းပနေတဲ့ အပိုင်း ၃ပိုင်းပါ ရွေးကောက်ပွဲကို စောင့်ကြည့်သူတွေ စေလွှတ်မှာ မဟုတ်တဲ့အပြင် ရွေးကောက်ပွဲတွေကိုလည်း ထောက်ခံမှာမဟုတ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ အဆိုပါ ရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ရက်နေ့က စတင်ခဲ့ပါတယ်။

အနောက်နိုင်ငံများစွာနဲ့ လူ့အခွင့်အရေးအဖွဲ့တွေဖြစ်တဲ့ ကုလသမဂ္ဂက အဆိုပါ ရွေးကောက်ပွဲတွေကို နိုင်ငံရေးကိုယ်စားလှယ်တွေမှတစ်ဆင့် စစ်အုပ်ချုပ်ရေးကို တရားဝင်ဖြစ်စေဖို့ လှည့်စားတဲ့ လှည့်ကွက်သာဖြစ်တယ်လို့ ဝေဖန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကတော့ အဆိုပါစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။

ဇန်နဝါရီလအစောပိုင်းက ရွေးကောက်ပွဲရဲ့ ရွေးကောက်ပွဲ အပိုင်း၂မှာ မဲပေးသူနည်းပါးခဲ့ပြီး ပထမအဆင့်မှာတော့ စစ်ကောင်စီတပ် ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုနဲ့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၈၈ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ခဲ့ပါတယ်။

ပါလီမန်ထဲမှာ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ၂၀၂၅ ခုနှစ် ကွာလာလမ်ပူမှာ ကျင်းပခဲ့တဲ့ နှစ်ပတ်လည်ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးအတွင်း ရွေးကောက်ပွဲစောင့်ကြည့်သူတွေ စေလွှတ်ဖို့ မြန်မာနိုင်ငံရဲ့ တောင်းဆိုချက်ကို အာဆီယံက ငြင်းပယ်ခဲ့ပေမဲ့ အဖွဲ့ဝင်နိုင်ငံအချို့က ကိုယ့်အစီအစဉ်နဲ့သာ လုပ်ဆောင်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။

“အာဆီယံအနေနဲ့ စောင့်ကြည့်သူတွေ မစေလွှတ်ဘူးလို့ ကျွန်တော်တို့ ပြောခဲ့ပြီးပါပြီ။ အဲဒီအတွက်ကြောင့် ရွေးကောက်ပွဲတွေကို ကျွန်တော်တို့ အသိအမှတ်မပြုပါဘူး” လို့ မလေးရှားနဲ့ အာဆီယံရဲ့ ရွေးကောက်ပွဲဆိုင်ရာ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး အခြားဥပဒေပြုအမတ်တစ်ဦးရဲ့ မေးခွန်းကို ဖြေကြားရာမှာ မိုဟာမတ်က ပြောကြားခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ စစ်ကောင်စီတပ်က အရပ်သားအစိုးရကို အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံဟာ ပဋိပက္ခတွေကြားထဲမှာ ပျက်စီးယိုယွင်းခဲ့ပါတယ်။

တစ်ဘက်မှာလည်း ဒါတွတ် ဆရီ မိုဟာမက်ကလည်း အာဆီယံဟာ တောင်တရုတ်ပင်လယ်ရှိ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ၂၀၂၆ ခုနှစ်နှာ ဘေကျင်းနဲ့ ကြာမြင့်စွာ အဆိုပြုထားသော အပြုအမူဆိုင်ရာ ကျင့်ဝတ် ၁ခုကို နိဂုံးချုပ်ဖို့ နောက်ဆုံးအဆင့်ကိုရောက်ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

"ဒီနှစ်မှာ ကျွန်တော်တို့ ဒါကို လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"လို့ သူက ပြောကြားခဲ့ပါတယ်။

အာဆီယံနဲ့ တရုတ်နိုင်ငံတို့ဟာ ၂၀၀၂ ခုနှစ်တုန်းက အပြုအမူဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတစ်ခု ရေးဆွဲဖို့ ကတိပြုခဲ့ပေမဲ့ ဆွေးနွေးမှုတွေ စတင်ဖို့ ၁၅ နှစ်ကြာခဲ့ပြီး တိုးတက်မှုတွေ နှေးကွေးနေခဲ့ပါတယ်။

ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့ရဲ့ ရေမိုင် ၂၀၀ သီးသန့်စီးပွားရေးဇုန်တွေရဲ့ အစိတ်အပိုင်း‌တွေအပါအဝင် တောင်တရုတ်ပင်လယ်အများစုကို ဘေကျင်းက ပိုင်ဆိုင်ကြောင်း ပြောဆိုနေတာ‌ကြောင့် အဆိုပါ‌ေဒသတွေမှာ ငါးဖမ်းတာနဲ့ စွမ်းအင်ရှာဖွေရေးလုပ်ငန်းတွေကို ရှုပ်ထွေးစေခဲ့ပါတယ်။

Reference-The Straits Times
Translator-Richard
Photo-The Straits Times
https://www.facebook.com/share/p/1QNq3KJroS/
👍13
ကော့ကရိတ်မှာ ‌ရွေးကောက်ပွဲလုံခြုံရေး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်နေ

BBM - ဇန်နဝါရီ ၂၀
သတင်း - ကိုဟန်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မြောက်ပိုင်းက ကျေးရွာတွေဘက်ကို စစ်ကောင်စီ စစ်ကြောင်းထိုးနေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

စစ်‌ကောင်စီတပ်ဟာ ရွေးကောက်ပွဲလုံခြုံရေးနဲ့ နယ်မြေစိုးမိုးမှုရယူဖို့ ကြိုးစားနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်မတိုင်ခင်ကတည်းက မြောက်ပိုင်း အောက်ဘိုတဲ၊ နောင်ကိုင်းကျေးရွာလမ်းပိုင်းမှတဆင့် စစ်ကြောင်းထိုး ဝင်လာတာပါ။

“အရင်ကတည်းက စစ်ရေးအသင့်မှာ ရှိနေတာ၊ ဒီတလော စစ်ကြောင်းထိုးလာလို့ ထိတွေ့မှု ပြန်ဖြစ်တာပါ၊ သူတို့ အဲဒီရွာတွေဘက်မှာပဲ ပိတ်မိနေတာ၊ ထွက်မရ၊ ဆုတ်မရဖြစ်နေတာပါ၊ တိုက်ပွဲမှာ သူတို့လည်း အကျအဆုံးများနေတယ်” လို့ အမည်မဖော်လိုတဲ့ KNLA တပ်ဖွဲ့အောက်က ရဲဘော်တဦးက BBM ကို ပြောပါတယ်။

လက်ရှိ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုခံနေရတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ လေကြောင်းအပါအဝင် လက်နက်ကြီးပစ်ကူတွေ တောင်းခံနေရတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီလိုမျိုးနှစ်ဘက်တိုက်ပွဲနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကော့ကရိတ်မြို့နယ်တောင်ဘက်နဲ့ မြောက်ဘက်က ကျေးရွာ ၂၀ ခန့်က ဒေသခံသောင်းချီ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ကူညီသူအချို့က ပြောပါတယ်။

“အခုတိုက်ပွဲဖြစ်နေတဲ့မြောက်ပိုင်းက ရွာတွေရောပဲ နောင်ကိုင်းတို့၊ ကမိုင်ကုန်း၊ ထိဖိုးဇံ နောင်ထပ္ပံ၊ စော်ဟဲရွာတွေရော တချို့ရွာတွေက တိုက်ပွဲမဖြစ်ဘူးလေ၊ တောင်ပိုင်းဆို ဒီတိုင်းလက်နက်ကြီးပစ်နေတော့ ပြေးကြရတာ၊ စစ်ရှောင်က များတယ်၊ အားလုံးပေါင်းရင် သောင်းဂဏန်းလောက် ရှိနိုင်တယ်၊ စာရင်းက လက်လှမ်းမမီတော့ အတိအကျမရသေးဘူး” လို့ ပြောပါတယ်။

ဒီအခြေအနေကို အခွင့်အကောင်းရယူဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီဟာ သူတို့ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီအတွက် ပြည်သူတွေကို အတင်းအကျပ်ဖိအားပေး မဲပေးခိုင်းမှုတွေ ရှိနေပါတယ်။

လာမဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ဟာ ရွေးကောက်ပွဲအပိုင်း(၃) ကျင်းပဖို့ စီစဉ်ထားပြီး အဲဒီရွေးကောက်ပွဲအတွက် ကရင်ပြည်နယ်မှာ ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်တို့ပါဝင်ပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်ဟာ သူတို့ရဲ့ သစ္စာခံလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကြံ့ခိုင်ရေးပါတီအတွက် ကြိုတင်မဲရရှိဖို့ ကြိုးစားနေတာလို့ ကော့ကရိတ်မြို့ခံတဦးက ပြောပါတယ်။

“ဒီကျုံဒိုးနယ်ဘက်ဆို အတင်းထည့်ခိုင်းတယ်လေ၊ ထွက်ပြေးနေတဲ့သူတွေကို ရွာပြန်လာရင် ထည့်ဖို့ ပြောတာပေါ့၊ ဘာမှ နားမလည်တဲ့ပြည်သူတွေက ကြောက်တော့ ထည့်ကြရတယ်၊ ထည့်ခိုင်းတော့လဲ ကြံ့ခိုင်ရေးပါတီကို သူတို့အချင်းချင်း ပေါင်းလုပ်နေကြတာပဲ” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ BGF/KNA တို့နဲ့အတူ မြို့ပေါ်နေရာအများစုကို လုံခြုံရေးတင်းကျပ်ထားပြီး မဲရုံအနီးအနားကိုတောင် ဖြတ်သန်းသွားလာခွင့်အတွက် စစ်ဆေးမှု တင်းကျပ်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

ရွေးကောက်ပွဲကို တော်လှန်ရေးတပ်တွေ ဟန့်တားနှောက်ယှက်တိုက်ခိုက်မှု မရှိစေရေးအတွက် စစ်တပ်ဟာ ကော့ကရိတ်မြို့နယ်တခုလုံးအတွက် စစ်သည်အင်အား ထောင်ချီအသုံးပြုထားပြီး တော်လှန်ရေးအားကောင်းတဲ့ နေရာတွေကို ဖိအားပေးနေတဲ့အတွက် နှစ်ဘက်တိုက်ပွဲက ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း တိုက်ပွဲပြင်းထန်နေတဲ့ ကော့ကရိတ်မြို့နယ်မြောက်ပိုင်း နောင်ကိုင်းရွာဘက်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အဆောက်အဦပျက်စီးမှု တွေရှိခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

ဓါတ်ပုံ - တော်လှန်ရေးတပ်၊ SAC
https://www.facebook.com/share/p/1KYfAnEtMn/
10😡1
မိုးကုတ်မြို့တွင်း Non-CDM တွေကို စကစ လုံခြုံရေးယူပြီး ပြန်ခေါ်လာနေ

🟥မိုးကုတ်ပတ်ချာလည်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွါးနေဆဲဟု မြေပြင်ရဲဘော်တွေအတည်ပြု

BBM-ဇန်နဝါရီ၂၀
သတင်း-မင်းသော်

မန္တလေးတိုင်း၊ မိုးကုတ်မြို့အတွင်းကို စစ်
ကောင်စီက လုံခြုံရေးပေးပြီး Non-CDM အမြောက်အများကို ပြန်လည် ခေါ်သွင်းလာနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းလောက်မှစကာ အင်အားရာကျော်တဲ့ Non-CDM တွေကို စစ်ကောင်စီက လုံခြုံရေးယူပေးပြီး ခေါ်ဆောင်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုဝင်ရောက်လာတဲ့ Non-CDM ဝန်ထမ်းတွေကို မိုးကုတ်မြို့လယ်ရှိ ကျောင်းကြီးအနီးမှာ စုဝေးထားတာမျိုးရှိပေမဲ့ စစ်ကောင်စီ ဝင်လာခါစကလို အဆိုပါဝန်ထမ်းတွေအနေနဲ့ တက်ကြွမှုရှိမနေဘူးဟုလည်း သိရပါတယ်။

ဒါ့အပြင် ယခုရောက်ရှိလာတဲ့ Non-CDMတွေဟာ မိုးကုတ်မြို့တိုက်ပွဲအတွင်း ထွက်ပြေးသွားကြတဲ့ ဌာနပေါင်းစုံမှ ပထမအသုတ်ဖြင့် ရောက်ရှိလာကြသူများဖြစ်ပြီး နောက်ထပ်ရက်ပိုင်းအတွင်းမှာတင် ဒုတိယအသုတ်အနေနဲ့ ထပ်မံရောက်ရှိလာဖို့ ကြားသိရကြောင်း ဒေသခံပြည်သူတစ်ဦးက BBM ကိုပြောပါတယ်။

"၁၉ရက်နေ့က Nonတွေပြန်ဝင်လာတာရှိပါတယ်၊ နောက်အပတ်ထဲမှာကို နောက်တစ်သုတ် ထပ်
ဝင်မယ်လည်းသိရတယ်ဗျ၊ ပြီးတော့ သူတို့က အရင်စစ်ခွေးတွေ(စစ်သား)ဝင်ခါစကလို သိပ်
ပြီးမြောက်ကြွကြွ ရှိမနေဘူး"

ဒါ့အပြင် ဒီလို Non-CDM တွေ ဝင်ရောက်လာတာနဲ့ပတ်သတ်ပြီး မှန်ကန်ကြောင်း နောက်ထပ်လည်း မိုးကုတ်ဗျူဟာမှ တော်လှန်ရေးရဲဘော်တစ်ဦးက BBM ကို ထပ်မံအတည်ပြုပြောဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ မိုးကုတ်မြို့နဲ့ပတ်ချာလည်ဒေသတွေကို အပြည့်အဝ ထိန်းချုပ်နိုင်နေပြီဆိုတဲ့ပုံစံမျိုးဖြင့် အရပ်သားဝန်ထမ်းတွေကိုပါ ခေါ်သွင်းပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့ ကြိုးစားနေပေမဲ့လည်း မိုးကုတ်မြို့ပတ်ချာလည်မှာ လက်ရှိအချိန်ထိ တိုက်ပွဲတွေဖြစ်ပွါးနေဆဲပဲဟုလည်း အဆိုပါရဲဘော်မှ ဆက်ပြောပါတယ်။

"မိုးကုတ်ကို Non-CDMတွေကို စကစ ကခေါ်လာတယ်ဆိုတာ ဟုတ်ပါတယ်ဗျ၊ မိုးကုတ်မြို့ပတ်ချာလည် မြေပြင်တိုက်ပွဲအခြေအနေတွေကတော့ တိုက်နေဆဲပါ၊"

စစ်ကောင်စီအနေနဲ့ ယခုရက်ပိုင်းအတွင်းမှာတင် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ခဲ့တဲ့ မိုးကုတ်-ဖော့တော-သပိတ်ကျင်း-စဥ့်ကူး-မန္တလေး ကားလမ်းတစ်လျှောက်ကို ပြန်လည်ထိန်းချုပ်
နိုင်ခဲ့ပြီဆိုပြီး စစ်တပ်ပိုင် Telegram channelတွေရဲ့ရေးသားဖော်ပြမှုတွေအရ သိရပါတယ်။

Photo-ပုံဟောင်း
https://www.facebook.com/share/p/14SvBkZyLnG/
👍14
ဖလမ်းမြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ပြီး မင်းတပ်၊ မတူပီမြို့ကို လေယာဥ်နဲ့ ကင်းထောက်နေ

BBM - ဇန်နဝါရီ ၂၀
သတင်း - ကိုအိုက်

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ပြီး မင်းတပ်၊ မတူပီမြို့ကို ကင်းထောက်နေတယ်လို့ ဒေသခံတွေက BBM ကို ပြောပါတယ်။

စစ်ကောင်စီက သူတို့ရဲ့ ဖလမ်းမြို့အခြေစိုက် ခလရ ၂၆၈ တပ်ရင်းကုန်းကို မနေ့က ဇန်နဝါရီလ ၁၉ ရက်၊ ည ၉ နာရီအချိန်မှာ ပေါင် ၅၀၀ ဗုံးသီးနဲ့ ကြဲချခဲ့သလို ဆုမ်းရန်းရွာကိုလည်း မနေ့က ည ၉ နာရီ ၃၀ မိနစ်မှာ ဗုံးသီး ၃ လုံးကြဲချခဲ့ပါတယ်။

"သူတို့ရဲ့ ခလရ ၂၆၈ တပ်ရင်းကုန်းအဝင်ကို ဗုံးကြဲတာပါ၊ အဲမှာဘယ်သူမှမရှိဘူး၊ ပျက်စီးမှုတော့ ရှိတယ်၊ အသေးစိတ် မကြည့်ရသေးပါဘူး၊ ဆုမ်းရန်းရွာမှာလည်း ဗုံးကြဲတယ်၊ အဲရွာဘက်မှာတော့ တိုက်ပွဲရှိတယ်၊ မနေ့ညကတော့ တိုက်ပွဲမရှိဘူး" လို့ ဖလမ်းမြို့နယ်ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

အဆိုပါ ဆုမ်းရန်းရွာကို မနေ့ညက လေကြောင်း တိုက်ခိုက်မှုမှာတော့ လူထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

ဆုမ်းရန်းရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က ချင်းတော်လှန်ရေးတပ်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်ပြီး ထိခိုက်သေဆုံးမှုများတဲ့ စစ်ကောင်စီက အကြိမ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့သလို မနေ့ညက ဆုမ်းရန်းရွာကို ထပ်မံလေကြောင်း တိုက်ခိုက်ခဲ့တာပါ။

ဒီနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့၊ မနက်မှာလည်း ဖလမ်းမြို့နယ်မှာ လေယာဥ်တွေ ပျံဝဲနေသေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း လဲန်သဲ (Lente) ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဘုရားကျောင်းနှစ်ကျောင်းနဲ့ နေအိမ်အများအပြား ပျက်စီးသွားတာလည်း ဖြစ်ပါတယ်။

အလားတူ မင်းတပ်၊ မတူပီမြို့နယ်မှာလည်း ဒီနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့၊ နေ့လယ် ၁၂ နာရီခန့်မှာ ကင်းထောက်လေယာဉ်တစ်စီးနဲ့ ကင်းထောက်နေတယ်လို့ သိရပါတယ်။

"မြို့ပေါ်မှာ မဟုတ်ဘူး၊ ရွာတွေဘက်မှာ နေ့လယ်က ကင်းထောက်လေယာဥ်တစ်စီးနဲ့ ပတ်ပျံပြီး ကင်းထောက်သွားတယ်၊ အကြာကြီးဘဲ၊ အရင်ကဆို ကင်းထောက်လေယာဥ် လာရင်ဗုံးကြဲတက်တယ်၊ အခုလည်း အရပ်သားတွေက ဗုံးကြဲမှာကို စိုးရိမ်နေကြတယ်"လို့ မတူပီဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်က ၎င်းတို့လက်လွတ်လိုက်ရတဲ့ မြို့၊ ရွာ ဒေသတွေကို လေကြောင်းက တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

အဲဒီလို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေက အရပ်သားပြည်သူတွေဟာ မြို့၊ ရွာတွေမှာ မနေရဲတော့ဘဲ တောတောင်၊ တောင်ယာတွေမှာ ပြောင်းရွှေ့ ခိုလှုံနေထိုင်ကြရတယ်လို့ သိရပါတယ်။

Photo - လူမှုကွန်ယက်

#bbm #bbmnews #Chin #Airstrikes
https://www.facebook.com/share/p/1BNLPug51u/
🤬7👍42
မွန်ပြည်တော်လှန်ရေးတပ် MSRF မှ ရဲဘော် ၁၄ ဦးထွက်ပြေးတာကြောင့် တပ်ပြေးအဖြစ်ကြေငြာ

🟥ထွက်ပြေးသူတွေထဲ ဗိုလ်ကြီးအဆင့်တစ်ဦးလည်းပါဝင်ဟု ကနဦး သိရ

BBM - ဇန်နဝါရီ ၂၀
သတင်း - ကိုဟန်

မွန်ကိုယ်စားပြုတပ်တခုဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF မှ ရဲဘော် ၁၄ ဦးထွက်ပြေးသွားခဲ့တဲ့အတွက် တပ်ပြေးအဖြစ် ကြေညာလိုက်တယ်လို့ တပ်ဘက်က အသိပေးထုတ်ပြန်လာပါတယ်။

အဆိုပါတပ်ပြေးစာရင်းကြေငြာခံထားရသူများမှာ ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့အထိ MSRF တပ်မှထွက်ပြေးသွားတဲ့ ရဲဘော်တွေဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် (၂) နှစ်အတွင်း ရဲဘော် နိုင်ဇွဲအောင်၊ နိုင်ထွီး(ခေါ်)အပေါ၊ နိုင်ထွန်းအေး၊ နိုင်စန်းအေး၊ နိုင်ဗညာ၊ နိုင်ခါရ၊ နိုင်ဉာဏ်သိုက်၊ နိုင်အောင်းနွန်၊ နိုင်းမင်းထွန်း၊ နိုင်သိုက်ထော၊ နိုင်အောင်းဇန၊ နိုင်ဟောင်းချမ်းနဲ့ နိုင်ဒင်တို့ ထွက်ပြေးခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ချက်မှာ အမည်နဲ့တကွ ဖော်ပြထားပါတယ်။

“ဒီနှစ်ထဲမှာ နှစ်ယောက်ပြေးတယ်၊ ကျန်တာက အရင်နှစ်တွေထဲက ထွက်ပြေးတာ၊ ရှေ့တန်းသွားရင်းနဲ့ ထွက်ပြေးတာ၊ အဆက်အသွယ်မလုပ်ဘဲ အိမ်ပြန်သွားတာမျိုးတွေပါတယ်” လို့ မွန်ပြည်တော်လှန်ရေးတပ်နဲ့ နီးစပ်သူတဦးက BBM ကို ပြောပါတယ်။

အခု ထွက်ပြေးသွားတဲ့သူတွေဟာ အဖွဲ့အလိုက် ထွက်ပြေးတာမျိုး မဟုတ်ဘဲ တစ်ဦးတည်း (သို့မဟုတ်)အများဆုံး နှစ်ယောက်ဖြင့် ထွက်ပြေးတာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ထွက်ပြေးသူတွေထဲက တစ်ဦးကပဲ ရှေ့တန်းကနေတဆင့် လက်နက်နဲ့အတူ ထွက်ပြေးခဲ့ပြီး ကျန်တဲ့သူတွေက လက်နက်ခဲယမ်းယူဆောင်သွားတာမျိုး မရှိဘူးလို့ သိရပါတယ်။

“သူတို့အားလုံးနဲ့ အဆက်အသွယ်လုံးဝမရတော့ဘူး၊ ပြောကြတာပဲ တချို့ကျတော့ ထိုင်းဘက် ရှောင်သွားကြ တယ်၊ သိရသလောက်တော့ စစ်တပ်နဲ့ သွားပေါင်းတာ မျိုးမဟုတ်ဘူး၊ ဘာဖြစ်လို့ ပြေးတာက သူတို့ ကာယကံရှင်ပဲ သိမှာပေါ့နော်” လို့ အထက်ပါ တပ်နဲ့ နီးစပ်သူက ဆက်ပြောပါတယ်။

ထွက်ပြေးသွားကြတဲ့သူတွေထဲ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးလည်း ပါဝင်ကြောင်း ပြောဆိုမှုတွေ ရှိနေပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒါကြောင့် BBMအနေနဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဩဂုတ်လထဲမှာ စတင်ဖွဲ့စည်းခဲ့တဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ဟာ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာနရဲ့ တပ်တခုဖြစ်ပြီး မွန်နဲ့ တနင်္သာရီတိုင်း၊ မြို့နယ်အချို့တို့မှာ မွန်၊ ကရင်၊ ထားဝယ်နဲ့ PDF မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူ စစ်ရေးလှုပ်ရှားနေတာ ဖြစ်ပါတယ်။

ဓါတ်ပုံ - မွန်ပြည်တော်လှန်ရေးတပ် MSRF
ပုံစာ - တပ်ပြေးအဖြစ် ကြေညာထားတဲ့ MSRF တပ်ဖွဲ့ဝင်ဟောင်းများ

#bbm #bbmnews #Mon #MSRF
https://www.facebook.com/share/p/1Bq4XTNdh7/
👍11
ဘုတလင်ကိုလာတဲ့ စစ်တပ်စစ်ကြောင်းတိုက်ခိုက်မှု စကစ ၂၀ ခန့်သေဆုံး၊ ၂၀ခန့် ဒဏ်ရာရ

🟥ပွိုင့် ၅ တပ်ထားတဲ့ ကားတစ်စီးပျက်စီးပြီး သေနတ်(၂)လက် သိမ်းဆည်းရရှိ

BBM - ဇန်နဝါရီ ၂၀
သတင်း - မင်းသော်

စစ်ကိုင်းတိုင်း ဘုတလင်မြို့ကိုလာတဲ့ စစ်ကောင် စီ စစ်ကြောင်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင် စီဘက်မှ ၂၀ ဦးခန့်သေဆုံးသလို၊ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရတဲ့အပြင် ပွိုင့်၅တင်ထားတဲ့ ကားတစ်စီးလည်းပျက်စီးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်က ဇန်နဝါရီ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၂၇ရက်နေ့မှာ
မုံရွာ နမခမှ ဘုတလင်မြို့ကို ရွေးကောက်ပွဲအတွက် အင်အားဖြည့်တင်းရန် စကစ အင်အား ၁၅၀ ခန့်ထွက်လာစဥ် Anonymous Hero အဖွဲ့နဲ့ Chindwin Brother အဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဒီဇင်ဘာ ၂၈ ရက်၊ မနက် ၈ နာရီခွဲခန့်လောက်မှာ ခရီးသွားပြည်သူတွေရဲ့ကားတွေကို အဓမ္မသိမ်းယူပြီး အနောက်ဇီးတောရွာမှ ဘုတလင်မြို့ကို ထပ်မံဦးတည်ထွက်ခွာလာစဉ် Anonymous Hero အဖွဲ့နဲ့ ချိုမိုင်မိုင်အဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ ၁ နာရီကျော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၀ ဦးခန့်သေဆုံး၊ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရပြီး ပွိုင့် ၅ (.5) စက်သေနတ်တပ်ဆင်ထားတဲ့ ကား ၁ စီး ပျက်စီးခဲ့တဲ့အပြင် MA 1 ၁ လက်၊ MA 2 ၁ လက်နဲ့ အခြား စစ်အသုံးအဆောင်ပစ္စည်းတွေကို တော်လှန်ရေးအင်အားစုတွေက သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ နမခမှ Paramotor စက်တပ်လေထီးနဲ့ ၂ ကြိမ်၊ Y-12 နဲ့ ၂ ကြိမ်၊ အမတ ၅၀၈ မှ ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ ၅ ကြိမ်ထက်မနည်း ပစ်ကူပေးခဲ့ပေမဲ့ မဟာမိတ်
ပူးပေါင်းတပ်တွေ အထိအခိုက်မရှိပေမဲ့လည်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဥ် လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော် ၃ ဦး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် (SAF) နဲ့အတူ Budalin Mobile Team (ဘုတလင်ရွေ့လျားစစ်ကြောင်း)၊ ရွာဇော်ကြီး - တော်လှန်အသံ (YZG)၊ ရွှေတြိဂံမဟာမိတ်တပ်ရင်း (မုံရွာခရိုင် တပ်ရင်း ၁၈)၊ မုံရွာခရိုင် တပ်ရင်း၂၅ တပ်ခွဲ ၄ (YSAF)၊ Yadanabon Revolution Force (YRF)၊ Sagaing PDF၊ Depeyin Mobile Team (DPY) နဲ့ BLDF တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ကျောင်းသားတပ်တော်အနေနဲ့ လူထုလွတ်မြောက်ရေးနဲ့ နိုင်ငံတော်သစ်ရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Photo-ကျောင်းသားလက်ရုံးတပ်တော်

#bbm #bbmnews #Sagaing #ဘုတလင် #UpdateNews
https://www.facebook.com/share/p/1MDrMgpfjJ/
👏12👍21
ကျောက်မဲမှာ မှတ်ပုံတင် အမြန်ကြေးမပေးနိုင်သူတွေကို Non-CDM၀န်ထမ်းတွေက အချိန်ဆွဲပြီးကြန့်ကြာအောင်လုပ်နေ

BBM - ဇန်နဝါရီ ၂၀
သတင်း - PJ

စစ်ကောင်စီ ပြန်လည် ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ အမြန်ကြေးမပေးနိုင်သူတွေ မှတ်ပုံတင်လုပ်ရ ကြန့်ကြာနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“မှတ်ပုံတင်လဲတာကို အမြန်လိုချင်ရင် အမြန်ကြေးပေး ဆိုပြီး တောင်းနေတာ။ ပိုက်ဆံမပေးနိုင်သူတွေက ကြာတယ်။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

လက်ရှိ ကျောက်မဲက ထွေအုပ်စာရေးတွေက ပွဲစားလုပ်ပြီး လဝက စာရေးမတွေနဲ့ မှတ်ပုံတင် တခုကို တစ်သိန်းနှစ်သောင်းစီနဲ့ လုပ်စားနေတာလို့ သူက ပြောပါတယ်။

“လဝက စာရေးမကတွေက မလွယ်ဘူး။ ပွဲစားတွေကိုပဲ ဦးစားပေးလုပ်ပေးနေတာ။ စမတ်ကတ် ကလည်း ပိုက်ဆံ ရှိတဲ့သူတွေကိုပဲ ဦးစားပေး လုပ်ပေးနေတာ။ ပိုက်ဆံက အဓိက ဖြစ်နေတယ်” လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒေသခံတွေက တိုက်ပွဲတွေကြား ပျောက်ဆုံးသွားသူတွေရှိသလို အသစ်လျှောက်မယ့်သူတွေ နဲ့ ၁၈ နှစ် ပြည့် လဲလှယ်ရမယ့်သူတွေလည်း အများအပြား ရှိနေပြီး ငွေကြေးမပေးနိုင်တာကြောင့် မှတ်ပုံတင်လုပ်ရဖို့ ကြန့်ကြာနေတယ်လို့ ဆိုပါတယ်။

မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး အလေးထား ဆောင်ရွက်ကြရန် စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လ၀ကဝန်ထမ်းတွေိကို ပြောခဲ့တာရှိပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပိုင်း ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာတော့ ရွေးကောက်ပွဲ ကျင်းပမယ့် နေရာတွေမှာ အိမ်ထောင်စုလူဦးရေစာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ပျောက်ဆုံးသွားတဲ့ ဒေသခံပြည်သူတွေ ၊ အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေး မလျှောက်ထားသေးသူတွေကို One Stop Service နဲ့ လုပ်ပေးခဲ့တာရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသူတွေကို e-ID စနစ်နဲ့ Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်တစ်ပါတည်း ထုတ်ပေးတာတွေရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။

လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့မှာတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကျင်းပမယ့် မြို့တွေထဲမှာ စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲနဲ့ သီပေါလည်း ပါဝင်တာဖြစ်ပါတယ်။

ပုံ-ပေးပို့

#bbmnews #bbm #bbmtv #kyaukmae #shan #noncdm
https://www.facebook.com/share/p/1BzkyqHF9h/
😡111
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အအေးမိထားတာကြောင့် ဆွစ်ဇာလန်နိုင်ငံခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြား

BBM - ဇန်နဝါရီ ၂၁

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အထူးမိန့်ခွန်းပြောကြားဖို့ စီစဉ်ထားတဲ့ ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မြို့က အစည်းအဝေးကို တက်ရောက်ဖို့ အစီအစဉ်တွေကို ဖျက်သိမ်းလိုက်ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇန်နဝါရီလ ၂၀ရက် အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

"ကံမကောင်းစွာဘဲ အထွေထွေအတွင်းရေးမှူးချုပ်က ဒါးဗို့စ်မှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ နှစ်ပတ်လည်အစည်းအဝေး တက်ရောက်ဖို့ကို ဖျက်သိမ်းလိုက်ရပါတယ်။ မနက်ဖြန်မှာ မိန့်ခွန်းပြောဖို့ စီစဉ်ထားပေမဲ့ သူ အအေးမိနေပါတယ်" လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ရိုလန်ဒို ဂိုမက်ဇ်က သတင်းထောက်တစ်ဦးရဲ့ မေးခွန်းကို ပြောကြားထားပါတယ်။

Reference-Reuters
Translator-Richard
Photo-Reuters

#bbmnews #bbm #bbmtv #UN #internationalnews #Switzerland
https://www.facebook.com/share/p/1896tN3cP9/
😱5👍3👏1
AA မကြာခင်ပြန်လွှတ်‌ပေးတော့မဲ့ စစ်သုံးပန်းနဲ့ မိသားစုဝင်တွေကို စကစဗုံးကြဲသဖြင့် သေဆုံးထိခိုက်မှုများရှိ

BBM - ဇန်နဝါရီ ၂၁
သတင်း - ခက်ဆစ်

အာရက္ခတပ်တော် AA က မကြာမီ ပြန်လည်လွှတ်ပေးတော့မဲ့ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေ ထားရှိရာနေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်းမိသားစုဝင်များနဲ့ စစ်သုံ့ပန်းအချို့ သေဆုံးထိခိုက်မှုတွေ ရှိခဲ့တယ်လို့ AA က ယမန်‌နေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

မနေ့က ဇန်နဝါရီလ ၂၀ ရက်၊ ည ၇ နာရီ ၂၄ မိနစ်နဲ့ ၂၈ မိနစ်တို့မှာ AA ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြိုန့ယ် အစပ်ရှိ ချောင်းတူ(ခ)ဆောင်းဒုံ (Chaung Tu) ကျေးရွာအနောက်ဘက် နေရာအချို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံး ၂ လုံးစီ ရှေ့ဆင့်နောက်ဆင့် ကြဲချတိုက်ခိုက်သွားတာပါ။

အခုလို တိုက်ခိုက်ခဲ့တာကြောင့် ဗုံးကြဲခံရတဲ့ နေရာပတ်ဝန်းကျင်မှာရှိကြတဲ့ စစ်သုံ့ပန်း မိသားစုဝင်တွေနဲ့ စစ်သုံ့ပန်းအချို့ ပွဲချင်းပြီး သေဆုံးတာ၊ ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ AA ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံး ဒဏ်ရာရတဲ့ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေဟာ မကြာမီပြန်လည်လွှတ်ပေးဖို့အတွက် အာရက္ခတပ်တော် AA က အဆိုပါနေရာမှာ ထားရှိထားတာဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရ အသေးစိတ်စာရင်းတွေကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ AA က ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်မှာလည်း မြောက်ဦးမြို့နယ်၊ ရမ်း‌ချောင်းအနီးတဝိုက် စစ်သုံ့ပန်းမိသားစုဝင်တွေ ထားတဲ့ နေရာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်နဲ့ အမျိုးသမီး စုစုပေါင်း ၂၈ ဦးသေဆုံးပြီး ၂၅ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ AA က ထုတ်ပြန်ခဲ့ပါသေးတယ်။

အခုလို သူတို့ရဲ့ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေ ထားရှိရာနေရာတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေဟာ ရခိုင်ပြည်အတွင်းမှာသာမက အခြားတော်လှန်ရေးအင်အာစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေမှာလည်း မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိကြောင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Photo - မြောက်ဦးမြို့နယ် စစ်သုံးပန်းမိသားစုဝင်တွေကို ၂၀၂၅ ဇန်နဝါရီ ၁၈ ရက်က ဗုံးကြဲခဲ့စဉ်။

#BBM #bbmnews #BBMTV #AA #Arakanese
https://www.facebook.com/share/p/188FACHPaG/
👍6🤬6👎1
မဲဆောက်မှာ လက်နက်ရောင်း၀ယ်တဲ့လူ၂ဦးက စစ်ဆေးတဲ့ ရဲအရာရှိကို ပစ်ခတ်ထွက်ပြေး၊ ၁ဦးဖမ်းမိပြီး ၁ဦးလွတ်နေလျက်ရှိ

BBM - ဇန်နဝါရီ ၂၁
သတင်း - Richard

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်ကုဘက်ခြမ်းမှာ လက်နက်ရောင်း၀ယ်ဖို့စောင့်နေတဲ့ လူ၂ဦးကို ကင်းလှည့်ရဲတွေက စစ်ဆေးဖို့လုပ်ဆောင်စဉ် ရဲတပ်ကြပ်တစ်ဦးကို ပစ်ခတ်ပြီး ၁ဦးမှာ ထွက်ပြေးလွတ်‌မြောက် သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဇန်နဝါရီလ ၂၀ရက်နေ့ ညနေ ၅နာရီ ၄၅၀န်းကျင်အချိန်ခန့်က မယ်ကုဘက်ခြမ်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ အဆိုပါ မှုခင်းအတွင်း ပစ်ခတ်ခံခဲ့ရတဲ့
လှည့်ကင်းတပ်ဖွဲ့ခေါင်းဆောင် ရဲတပ်ကြပ် ဆက်ဆန်ကန်ကာဟာ ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ သံသယရှိသူ၁ဦးကို ဖမ်းဆီးထားမိပြီးတော့ နောက်တစ်ဦးမှာ လွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

“တော့ဖောင်းစက်ရုံဘက်မှာဖြစ်တာ။ ရဲကိုတောင်ပစ်ရဲတာဆိုတော့ တော်ရုံလူကတော့မပစ်ရဲဘူး။ တော်လှန်ရေးဘက်ကလူဆို ပိုလို့တောင်မဖြစ်နိုင်သေးတယ်။ ကျွန်တော်တို့ဆို လက်ရှိ လူလက်မှတ်ရှိတာတောင် ရဲမြင်ရင် တုန်နေတုန်းပဲ။ ပြန်လုပ်ဖို့ဆို‌ဝေးရော”လို့ မယ်တောင်ဘက်ခြမ်းမှာနေတဲ့ မြန်မာနိုင်ငံသားတစ်ဦးက BBMကိုပြောပါတယ်။

လက်ရှိမှာ မဲဆောက်ရဲတပ်ဖွဲ့မှူးက လိုက်လံရှာဖွေရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားပြီး လွတ်မြောက်နေတဲ့ လူဟာ လက်နက်နဲ့ဖြစ်တာကြာင့် အန္တရာယ်များကြောင်း ပြည်သူလူထုကို သတိပေးထားပါတယ်။

ပြည်သူတွေအနေနဲ့ တွေ့ရှိပါကလည်း ချဉ်းကပ်ခြင်းမပြုဖို့၊ ချက်ချင်းဘေးကင်းရာကို ရှောင်တိမ်းဖို့နဲ့ အာဏာပိုင်တွေကို ချက်ချင်းအကြောင်းကြားဖို့ အကြံပြုထားပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာ ရဲတပ်ကြပ် ဆက်ဆန်ဟာ ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့ပြီး မဲဆောက်ဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

လမ်းမှာ သွေးထွက်လွန်တာကြောင့် ဆေးရုံမှ သွေးလှူဒါန်းဖို့ တောင်းဆိုခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ မဲဆောက်ရဲစခန်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ “မဲဆောက်တပ်ရင်း ၁ က လိုက်လံရှာဖွေရေးအဖွဲ့တစ်ခု ဖွဲ့စည်းလိုက်ပါပြီ။ သံသယရှိသူက ရဲအရာရှိတစ်ဦးကို ပစ်ခတ်ခဲ့ပါတယ်။ စစ်တပ်၊ ဒေသန္တရအုပ်ချုပ်ရေး၊ ဆက်စပ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေဆဲဖြစ်ပါတယ်။ သံသယရှိသူ၂ဦးအနက် ၁ဦးကို ဖမ်းဆီးထားပြီးဖြစ်ပါတယ်။ ရဲတွေကလည်း အခြားတစ်ဦးကို ရှာဖွေဖမ်းဆီးဖို့ ကြိုးပမ်းမှုတွေကို အရှိန်မြှင့်တင်လျက်ရှိပါတယ်။ အဆင့်ဆင့်ရှိ တပ်မှူးအဆင့်ဆင့်ကလည်း စစ်ဆင်ရေးကို ကိုယ်တိုင်ကြီးကြပ်လျက်ရှိပါတယ်။ မဲဆောက်ဆေးရုံမှာ ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ကြပ်ကြီး ဆက်ဆန်ကန်ကာအတွက်လည်း သွေး အရေးတကြီး လိုအပ်နေကြောင်း မေတ္တာရပ်ခံအပ်ပါတယ်” လို့ ရေးသားထားပါတယ်။

အဆိုပါအခင်းဖြစ်ပွားမှု မတိုင်ခင်မှာလည်း မယ်ကုနဲ့ ကပ်လျက်မှာရှိတဲ့ မယ်တောင်ဘက်က စိုက်ခင်းတစ်နေရာမှာလည်း ဧရာ၀တီမလို့ လူသိများတဲ့ LGBT Celeတစ်ဦးသတ်ဖြတ်ခံခဲ့ရပြီး ဖုန်း‌တွေ၊ လက်၀တ်ရတနာတွေလုယူသွားပြီး တရားခံမှာ လွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Reference-Thai PBS World

#bbmnews #bbm #bbmtv #thai #maesot
https://www.facebook.com/share/p/1Bvw74ia7U/
🤬8👍7