3.48K subscribers
5.58K photos
393 videos
2.89K links
Breaking Brainwashed Media
Download Telegram
ပခုက္ကူ-ရေစကြိုလမ်းပေါ်က စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ (၂)ယောက်မျက်မြင်ထိမှန်လဲကျ

🟥စကစ ဘက်က စနိုက်ပါ၊ လောင်ချာများနဲ့ပါပြန်လည်ပစ်ခတ်တာကြောင့် ဆုတ်ခွါခဲ့ရ

BBM - ဇန်နဝါရီ ၁၈
သတင်း - မင်းသော်

ပခုက္ကူ-ရေစကြိုလမ်းပေါ်က စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ (၂)ယောက် မျက်မြင်ထိမှန်လဲကျခဲ့ပြီး စကစ ဘက်မှလည်း စနိုက်ပါ၊ လောင်ချာများနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ Golden Eagle PDFရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ရက်နေ့ နေ့လယ် ၁၂နာရီခွဲလောက်မှာ ပခုက္ကူမြို့၊ စက်မှုဇုန်ရှိ ပခုက္ကူ-ရေစကြိုလမ်းပေါ်က ဆက်ကြေးကောက်နေတဲ့ စစ်သား၊ရဲ၊ ပျူသောထီးများရှိရာ ဂိတ်ကို တော်လှန်ရေးအဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုအတွင်း စကစ ဘက်က (၂)ယောက်လဲကျခဲ့တာကို မျက်မြင်တွေ့ရပြီး (၄)ယောက်ထက်မနည်းလည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး စနိုက်ပါများ၊ ၄၀မမ ဗုံးသီးလောင်ချာများနဲ့ ပြန်လည်ပစ်ခတ်တဲ့အပြင် မြို့ရှောင်လမ်းဆုံမှ စစ်သားများရောက်လာတာကြောင့် အထိခိုက်မရှိ အချိန်မှီပြန်လည် ဆုတ်ခွါခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Golden Eagle PDF နဲ့အညာဧရာဝတီတော်လှန်ရေးအင်အားစု(AARF)၊ ပခုက္ကူခရိုင် အမှတ်(၁၆)တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ရန်သူရှိရာနေရာများကို ဆက်လက်တိုက်ခိုက်သွားဦးမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ ရန်သူများနဲ့ ဝေးဝေးနေကြရန် မေတ္တာရပ်ခံကြောင်း Golden Eagle PDFမှ ထုတ်ပြန်ထားပါတယ်။

Video-Golden Eagle PDF

#bbm #bbmnews #PDF #ပခုက္ကူ #GoldenEagle #UpdateNews
https://www.facebook.com/share/r/1DpfNU5qvz/
👍14
မြိုင်မြို့နယ်ရှိ စကစ စခန်းကို ၆၀မမနဲ့ တိုက်ခိုက်တဲ့ရုပ်သံကို Salingyi Revolution Armyထုတ်ပြန်

BBM - ဇန်နဝါရီလ ၁၈
သတင်း -ကိုဘုဏ်း

မကွေးတိုင်း၊မြိုင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီစခန်းကို ၆၀မမ လက်နက်ကြီးများနဲ့ သွားရောက် တိုက်ခိုက်ခဲ့တဲ့ ရုပ်သံVideo ကို Salingyi Revolution Army က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ရက်နဲ့ ၁၄ ရက်တို့မှာ မြိုင်
မြို့နယ်အတွင်းမှာရှိတဲ့ စစ်တပ်စခန်းကိုရဲဘော်များက ၆၀ မမ လက်နက်ကြီးများနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်။

အဆိုပါတိုက်ခိုက်မူ့ကို Salingyi Revolution Army (S.R.A)တပ်ဖွဲ့မှ ရဲဘော်များကတိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။

Video-Salingyi Revolution Army (S.R.A)

#bbm #bbmnews #Myaing #Magway #UpdateNews #Myanmar
https://www.facebook.com/share/r/17mkHquRB1/
👍14
NUGလက်အောက်ခံ ပုလဲမြို့နယ်စစ်ကြောင်း (Unity Column)ရဲ့စစ်ရေးပြအခမ်းအနား ကျင်းပပြုလုပ်ခဲ့

BBM - ဇန်နဝါရီလ ၁၈
သတင်း - ကိုဘုဏ်း

စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင် ၊ပုလဲမြို့နယ်စစ်ကြောင်း(Unity Column)ရဲ့စစ်ရေးပြအခမ်းအနားကို ဇန်နဝါရီလ ၁၅ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါစစ်ကြောင်းကထုတ်ပြန်ထားပါတယ်။

အဆိုပါစစ်ကြောင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းတိုင်းစစ်ဌာန၊ယင်းမာပင်ခရိုင်စစ်ဌာန ၊ပုလဲမြို့နယ်ရဲ့စစ်ကြောင်းတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ပုလဲမြိုနယ်အတွင်းအခြေပြုလူပ်ရှားနေတဲ့ ယင်းမာပင်ခရိုင် အမှတ် (၆၊၁၀၊ ၁၂၊၃၈)တပ်ရင်း ၄ ရင်းတို့နဲ့ကနဦးစုဖွဲ့ထားပြီး
အမျိုးသားညီညွတ်ရေးအစိုးရရဲ့လမ်းညွန်ချက်နဲ့အညီ စည်းလုံးညီညွတ်ခြင်း၊စုဖွဲ့ကျစ်လစ်ခြင်း၊စည်းကမ်းပြည့်ဝခြင်း၊တိုက်ပွဲဝင်နိုင်ခြင်းအစရှိတဲ့ ထင်းစည်းပမာ ထုထည်ကြီးမားတဲ့စုဖွဲ့မူ့တစ်ရပ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါတင်မက ပုလဲမြို့နယ်စစ်ကြောင်း(Unity Column)ဟာစစ်အာဏာရှင်အမြစ်ဖျက်ချေမူန်းရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ရရှိရေးအတွက် ညီနောင်မဟာမိတ်များနဲ့ အဆုံးထိတိုက်ပွဲဝင်မှာဖြစ်ပြီး မိဘပြည်သူများအနေနဲ့လည်း ပုလဲမြို့နယ်စစ်ကြောင်း(Unity Column)ရဲ့စုဖွဲ့မူ့အပေါ်ဆက်လက်ပြီးဝန်းရံထောက်ပံ့ပေးကြဖို့ကိုလည်းအဆိုပါစစ်ကြောင်းကတိုက်တွန်းနိုးဆော်ထားပါတယ်။

Video-Unity Column

#bbm #bbmnews #UnityColumn #UpdateNews
https://www.facebook.com/share/v/16stwTZDgx/
👍121
ချောင်းဦးမြို့မှာ စစ်ကောင်စီတပ်ရဲ့ မဲရုံတွေနဲ့ စခန်းတွေကို ၆၀မမ လက်နက်ကြီးနဲ့အပြင် ဒရုန်းနဲ့ပါ ဗုံးကြဲချတိုက်ခိုက်ခဲ့

BBM -ဇန်နဝါရီ ၁၉
သတင်း - Richard

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ စခန်းတွေနဲ့ မဲရုံတွေကို ၆၀မမ လက်နက်ကြီးနဲ့အပြင် ဒရုန်းနဲ့ပါ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Thanlarwaddy Column - BLDFက ထုတ်ပြန်ထားပါတယ်။

ဇန်န၀ါရီလ ၁၀ရက်နေ့ ညနေပိုင်းက ချောင်းဦး‌မြို့ပေါ်က အဆိုပါ စခန်းတွေနဲ့ မဲရုံတွေကို ၆၀မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ဒါ့အပြင် ဇန်နဝါရီလ ၁၁ရက်နေ့မှာလည်း ၆၀မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို တိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီတပ်ဘက်က အထိအခိုက်အသေဆုံးများနိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်တိုက်လိုက်မှုကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF ( စစ်ဒေသ - ၃) မှ ဦးဆောင်ပြီး မဟာမိတ်အဖွဲ့များဖြစ်ကြတဲ့ မုံရွာခရိုင်တပ်ရင်း ၄ - ခွဲ (၂) ၊ မုံရွာခရိုင်ပကဖ (ရေနဂါး) တို့ ပူးပေါင်းကာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Video - Thanlarwaddy Column - BLDF

#bbmnews #bbm #bbmtv #ThanlarwaddyColumn #BLDF
https://www.facebook.com/share/v/1AaKxYFutj/
👍14
အီရန်ဆန္ဒပြမှုတွေအတွင်း လူ အနည်းဆုံး ၅၀၀၀ သေဆုံးခဲ့ကြောင်း အရာရှိတစ်ဦးက ပြောကြားခဲ့

BBM - ဇန်နဝါရီ ၁၉

အီရန်နိုင်ငံရှိ ဆန္ဒပြပွဲတွေအတွင်း အနည်းဆုံး လူ ၅၀၀၀ သေဆုံးခဲ့ပြီး အဆိုပါ သေဆုံးသူတွေထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၅၀၀ ခန့်ပါဝင်ကြောင်း အီရန်အရာရှိတစ်ဦးက ဇန်န၀ါရီလ ၁၈ရက် တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

အခုလို ပြောကြားတာဟာ အတည်ပြုထားတဲ့ ကိန်းဂဏန်းတွေကို ကိုးကားပြောဆိုခဲ့တာဖြစ်ကြောင်းပြောဆိုခဲ့ပြီး ဒါဟာ"အကြမ်းဖက်သမားတွေနဲ့ လက်နက်ကိုင်ဆူပူသူတွေ"ဟာ "အပြစ်မဲ့ အီရန်လူမျိုးတွေ" ကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့တုန်းက အီရန်နိုင်ငံတစ်ဝှမ်းရှိ ဆန္ဒပြပွဲတွေဟာ စီးပွားရေးအခက်အခဲတွေကြောင့် ပေါ်ပေါက်လာခဲ့ပါတယ်။

ဒါ့အပြင် ဘာသာရေးခေါင်းဆောင်တွေရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့ကြပြီးတော့ ကျယ်ပြန့်တဲ့ ဆန္ဒပြပွဲတွေအဖြစ် ၂ ပတ်ကျော် ကြီးထွားလာခဲ့ပါတယ်။

ဒါဟာ ၁၉၇၉ ခုနှစ် အီရန်မှာ အစ္စလာမ်မစ်တော်လှန်ရေးနောက်ပိုင်း အသေအပျောက်အများဆုံး မငြိမ်မသက်မှု ဖြစ်လာခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေ ဆက်လက်သေဆုံးတာ ဒါမှမဟုတ် ပစ်သတ်ခံရပါက ဝင်ရောက်စွက်ဖက်မယ်လို့ အကြိမ်ကြိမ် သတိပေး ခြိမ်းခြောက်ခဲ့ပါတယ်။

ဇန်နဝါရီလ ၁၇ရက် သောကြာနေ့မှာ ထရမ့်က အီရန်ခေါင်းဆောင် အလီခါမီနီရဲ့ လူ ၈၀၀ ကို ကွပ်မျက်ဖို့ စီစဉ်ထားမှုကို ဖျက်သိမ်းလိုက်ကြောင်း ပြောဆိုချက်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

တစ်ရက်အကြာမှာပဲ အလီ ခါမေနီက ဆန္ဒပြသူတွေကို ထောက်ခံတဲ့ ထရမ့်ကို "ရာဇဝတ်သား" အဖြစ် မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

Reference - Reuters
Translator-Richard
Photo - Reuters

#bbmnews #bbm #bbmtv #Iren #updatenews
https://www.facebook.com/share/p/1KARYwXz9G/
👍8😢2
စစ်ကိုင်းမှာ ပေါက်တောရွာစကစဂိတ်စခန်းကို တော်လှန်ရေးတပ်များ အလစ်ဝင်တိုက်ခိုက်

🟥စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး ၂၀ ဦးခန့် ဒဏ်ရာရဟုဆို

BBM - ဇန်နဝါရီ ၁၉
သတင်း - ခက်ဆစ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပေါက်တောရွာရှိ စစ်ကောင်စီ ဂိတ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ‌ရွှေဘိုခရိုင် အမှတ် ၁၇ တပ်ရင်း၊ တပ်ခွဲ ၄ - Acid စစ်ကြောင်းက ယမန်နေ့၊ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၁၆ ရက်၊ မနက် ၆ နာရီ ၄၅ မိနစ်မှာ ပေါက်တောရွာ ဂိတ်စခန်းကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀ ဦးမျက်မြင်သေဆုံးခဲ့ပြီး ၂၀ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရသူတွေကို တင်ဆောင်ပြီး မောင်းတဲ့ ပုစဉ်းခေါင်း Lefan ယာဉ်ဟာ ကြက်‌ထောင့်တောင်ရွာရှိ လမ်းကြိတ်စက်ကို ဝင်တိုက်မိတာကြောင့် စစ်ကောင်စီတပ်သား ၃ ဦးထပ်မံသေဆုံးကြောင်း သတင်းအတိအကျရခဲ့တယ်လို့ ဆိုထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက ပေါက်တောဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်နိုင်သော်လည်း စစ်ကိုင်းဘက်မှ အိမ်စီးကား ၄ စီး၊ 4 Wheel ကား ၂ စီး၊ Faw ကား ၁ စီးတို့နဲ့ စစ်ကူရောက်ရှိလာတဲ့အတွက် အိမ်စီးကား ၂ စီးကို ဖြတ်တောက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်အင်အား၊ ကျည်အင်အား သာလွန်တာတွေကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ အသိပေးထားပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်းမှာ တော်လှန်ရေးအင်အားစုတွေဘက်မှ ရဲဘော် တစ်ဦး ကျဆုံးခဲ့တဲ့အပြင် ရဲဘော် တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဌာနကွပ်ကဲရေး၊ ရွှေဘိုခရိုင် အမှတ် (၁၇) တပ်ရင်း တပ်ခွဲ (၄) - Acid (စစ်ကြောင်း)နဲ့ ပြည်သူ့စစ်သည်တော် အထူးပြောက်ကြား တပ်ဖွဲ့၊ မင်းကွန်းတိုက်နယ် ပလဖ၊ GUN STAR ပြောက်ကျားတပ်ဖွဲ့၊ နယ်မြေခံ ပကဖ တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video - Acid

#bbmnews #bbm #bbmtv #sagaing #acid
https://www.facebook.com/share/v/14YTdUZ72xx/
👍161
ဂရင်းလန်းရှိ အခြေစိုက်စခန်းက လေယာဉ်ပြေးလမ်းများကို ပင်တဂွန် ပြုပြင်မွမ်းမံလိုကြောင်းဆို

BBM - ဇန်နဝါရီ ၁၉

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ဂရင်းလန်းရှိ Pituffik စခန်းရဲ့ လေယာဉ်ပြေးလမ်းတွေအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်းအထိ သုံးစွဲလိုကြောင်း ပြောကြားထားပါတယ်။

ဂရင်းလန်းရှိ အမေရိကန်စရဲ့ တစ်ခုတည်းသော အခြေစိုက်စခန်းနဲ့ အဓိက ကြိုတင်သတိပေး ဒုံးကျည်ခြေရာခံရာနေရာဖြစ်တဲ့ Pituffikကို ပြင်ဆင်လိုကြောင်းပြောထားတာပါ။

SAM.gov မှာတင်ထားတဲ့ တင်ဒါခေါ်ယူမှုအရ ကာကွယ်ရေးဝန်ကြီးဌာနက ဆင်းသက်မှုတွေကို လမ်းညွှန်ဖို့ မီးအလင်းရောင်စနစ်အသစ်တွေ၊ မြစ်ကူးတံတားတွေ၊ အခြားလမ်းညွှန်ဆိုင်ရာ ဆိုင်းဘုတ်တွေနဲ့ ဓာတ်အားပေးစက်တွေအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်းအထိ ရှာဖွေနေကြောင်း ပြောကြားခဲ့ပါတယ်။

Pituffikလို အခြေစိုက်စခန်းငယ်တစ်ခုအတွက် အဆိုပါ ကုန်ကျမှုဟာ လုံလောက်တဲ့ အဆင့်မြှင့်တင်မှုတွေအတွက် ပုံမှန် ကုန်ကျစရိတ်ပဲဖြစ်ပါတယ်။

USA Today က ထမင်းစားခန်းအပါအဝင် အခြေစိုက်စခန်းရှိ အဆောက်အအုံများစွာကို အဆင့်မြှင့်တင်တာနဲ့ ပြုပြင်တာတွေအတွက် အစီအစဉ်တွေကို တင်ဒါခေါ်ယူထားတာပဲဖြစ်ပါတယ်။

အဆိုပါ တင်ဒါခေါ်ယူမှုကိုလည်း ဒိန်းမတ်နိုင်ငံအတွင်းရှိ ကုမ္ပဏီများကိုသာ ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။

Reference - Task and Purpose
Translator-Richard
Photo - Task and Purpose

#bbmnews #bbm #bbmtv #greenland #USA
https://www.facebook.com/share/p/17Jy3YxH1A/
👍7
စပိန်နိုင်ငံတွင် ရထား ၂စီး မျက်နှာချင်းဆိုင် တိုက်မိပြီး အနည်းဆုံး ၂၁ ဦး သေဆုံးကာ ၇၀ ကျော်ထိခိုက်ဒဏ်ရာရရှိ

BBM - ဇန်နဝါရီ ၁၉

စပိန်နိုင်ငံတောင်ပိုင်းမှာ မြန်နှုန်းမြင့်ရထားတွေ မတော်တဆမှုတိုက်မိပြီးနောက် ယ အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့ပြီး နောက်ဆက်တွဲ အနေနဲ့ သေဆုံးသူဦးရေဟာ ညတွင်းချင်း မြင့်တက်လာနိုင်ကြောင်း အာဏာပိုင်တွေက သတိပေးထားပါတယ်။

ပြင်းထန်ဒဏ်ရာရရှိသူ ၃၀ ကျော်ကို ဆေးရုံကို ပို့ဆောင်ထားကြောင်း စပိန်သယ်ယူပို့ဆောင်ရေးဝန်ကြီး Oscar Puente က ပြောကြားခဲ့ပါတယ်။

အဆိုပါ ဖြစ်ရပ်ဟာ ကော်ဒိုဘာမြို့အနီးရှိ အဒမ်မူဇ်မြို့အနီးမှာ ဖြစ်ပွားခဲ့ပြီး မာလာဂါမှ မက်ဒရစ်ကို မောင်းနှင်လာတဲ့ မြန်နှုန်းမြင့်ရထားတစ်စင်း လမ်းချော်ပြီး အခြားလမ်းကြောင်းတစ်ခုကို ရောက်သွားရာမှ မတော်တဆမှုဖြစ်ခဲ့တာဖြစ်ကြောင်း ရထားလမ်းကွန်ရက်အော်ပရေတာ Adif က ပြောကြားခဲ့ပါတယ်။

လမ်းချော်သွားတဲ့ ရထားဟာ Madrid မှ Huelva ကို မောင်းနှင်လာတဲ့ ရထားတစ်စင်းနဲ့ တိုက်မိခဲ့တာပါ။

Andalusian အရေးပေါ်ဝန်ဆောင်မှုက အဆိုပါတိုက်မှုအတွင်း အနည်းဆုံး လူ ၇၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ရထားလမ်းချော်သွားတဲ့အတွက် ဒီဖြစ်ရပ်ဟာ "အလွန်ထူးဆန်းတဲ့ကိစ္စ" ဖြစ်ပုံရတယ်လို့ Puente က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့နှစ် မေလက ပြန်လည်ပြုပြင်မွမ်းမံခဲ့တဲ့ ဖြောင့်တန်းတဲ့ ရထားလမ်းပေါ်မှာ ရထားလမ်းချော်တယ်ဆိုတာ ဖြစ်နိုင်‌ချေနည်းလို့ပါ။

ပကတိ အကြောင်းရင်းကို မသိရသေးပါဘူး။

စပိန်ဝန်ကြီးချုပ် Pedro Sánchez က နိုင်ငံဟာ ကြေကွဲရတဲ့ညတစ်ည ကို ဖြတ်သန်းနေရပါတယ်လို့ ပြောကြားခဲ့ပါတယ်။

Malaga ကနေ ခရီးစဉ်ကို ပြေးဆွဲတဲ့ ပုဂ္ဂလိကရထားကုမ္ပဏီ Iryo က ပထမဆုံး ချော်သွားတဲ့ ရထားပေါ်မှာ ခရီးသည် ၃၀၀ လောက် လိုက်ပါလာပြီး Renfe ပြေးဆွဲတဲ့ တခြားရထားမှာတော့ ခရီးသည် ၁၀၀ လောက် လိုက်ပါလာတယ်လို့ ပြောပါတယ်။

Adamuz မြို့တော်ဝန် Rafael Moreno ဟာ မတော်တဆမှုဖြစ်ပွားရာနေရာကို ပထမဆုံးရောက်ရှိခဲ့တဲ့ လူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။

သူက ဒါဟာ "အိပ်မက်ဆိုးကြီး"တစ်ခု လို့ ဖော်ပြခဲ့ပါတယ်။

X မှာ တင်ထားတဲ့ ပို့စ်တစ်ခုမှာ Andalucía အရေးပေါ်အေဂျင်စီက မတော်တဆမှုကနေ အသက်ရှင်ကျန်ရစ်သူတွေကို လူမှုမီဒီယာမှာ သူတို့ အသက်ရှင်နေသေးကြောင်း တင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ရထားရဲ့ ကွေးညွတ်နေတဲ့ အပျက်အစီးတွေကြောင့် အသက်ရှင်ကျန်ရစ်သူတွေနဲ့ ရုပ်အလောင်းတွေကို ပြန်လည်ရှာဖွေဖို့ ခက်ခဲစေခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

Reference - BBC
Translator-Richard

#bbmnews #bbm #bbmtv #internationalnews #spain
https://www.facebook.com/share/r/1CK2iqvi15/
👍8😢1
တောင်သာမြို့နယ် တမိုက်သာရွာရှိ စစ်တပ်နဲ့ သီတာယုမွန်ပျူ စခန်းကို ဝင်ရောက်တိုက်ခိုက်

🟥စစ်ကူလာတဲ့ ယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက်ရာ စကစ ၃ ဦးသေဆုံးဟုဆို

BBM - ဇန်နဝါရီ ၁၉
သတင်း - ခက်ဆစ်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ တမိုက်သာကျေးရွာရှိ စစ်ကောင်စီ နဲ့ သီတာယုမွန် လက်အောက်ခံ စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကူလာတဲ့ ကားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇန်နဝါရီလ ၁၇ ရက်၊ မနက် ၆ နာရီခွဲခန့်မှာ မြင်းခြံ-ပုဂံ‌ညောင်ဦးကားလမ်းဘေး၊ တမိုက်သာကျေးရွာရှိ စစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဘန်ကာအထိ တက်ရောက်သိမ်းနိုင်ခဲ့သလို စစ်ကောင်စီတပ်သားတွေနဲ့ သီတာယုမွန် လက်အောက်ခံ ပျူစောထီးတွေ ရွာမြောက်ဘက်သို့ ဆင်းပြေးသွားကြတယ်လို့ သိရပါတယ်။

အဲဒီနောက်မှာ တမိုက်သာရွာသို့ စစ်ကူလာဖို့ မြင်းခြံမှ ကား ၃ စီးနဲ့ထွက်လာတဲ့ စစ်ကောင်စီနဲ့ သီတာယုမွန် ပျူအဖွဲ့ကိုလည်း ဖြတ်တောက်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ကူလာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေဟာ လက်ရှိမှာ မြင်းခြံကို မပြန်သေးဘဲ ကန်တော်ရွာကို ဝင်ရောက်မီးရှို့နေကြတယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။

Video - မြင်းခြံခရိုင် တပ်ရင်း ၃

#bbm #bbmnews #တောင်သာ #မြင်းခြံ
https://www.facebook.com/share/v/169pHrLSmb/
👍141
စစ်ကောင်စီတပ်က တီမော လက်စတဲနိုင်ငံအပေါ် ရှုံ့ချမှုကို ချင်းလူအခွင့်အရေးအဖွဲ့ ကန့်ကွက်

BBM - ဇန်နဝါရီ ၁၉
သတင်း - Richard

ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က စစ်ကောင်စီရဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ကိစ္စရပ်တွေကို တီမော လက်စတဲနိုင်ငံကနေတစ်ဆင့် တရားစွဲဆိုတဲ့အပေါ် စစ်ကောင်စီတပ်က ရှုံ့ချကြောင်း ဇန်နဝါရီလ ၁၉ရက်နေ့က စစ်တပ်လက်အောက်ခံ သတင်းစာကတစ်ဆင့် ပြောထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က တီမော လက်စတဲသံရုံးမှ သံရုံးယာယီတာ၀န်ခံကို စစ်ကောင်စီတပ်ရဲ့ မြို့တော် နေပြည်တော်ကို ဇန်နဝါရီလ ၁၆ရက်နေ့က ဆင့်ခေါ်ခဲ့ပြီး အာဆီယံ ပဋိယညာဉ်ပါ အခြေခံမှုတွေကို ချိုးဖောက်တာအပြင် အခြားနိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တာကြောင့် လာရောက်ဖြေရှင်းဖို့ ဖော်ပြထားတာပါ။

အခုလို ရှုံ့ချမှုကို ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမန်ဟရဲလျန်က BBMကို အခုလိုပြောပါတယ်။

"အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတော်သမ္မတတစ်ယောက်က ဘယ်သူနဲ့တွေ့ရမယ်ဆိုတာကို စစ်ကောင်စီက လိုက်ပြီးညွှန်ကြားနေတာဟာ တကယ်တော့ ရယ်စရာကောင်းပါတယ်။ လွတ်လပ်တဲ့ ဥပဒေကြောင်းအရ တိုင်ကြားချက်တစ်ခုအပေါ်မှာ 'ရှင်းလင်းချက်' တောင်းနေတာဟာ အခြားနိုင်ငံရဲ့ တရားစီရင်ရေးလုပ်ငန်းစဉ်ကို ဗြောင်ကျကျ ဝင်ရောက်စွက်ဖက်နေတာပါပဲ” လို့ ဆလိုင်းမန်ဟရဲလျန်က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ နေပြည်တော်က သူတို့‌လက်အောက်က တရားရုံးတွေလိုမျိုး အခြားနိုင်ငံက တရားစီရင်ရေးစနစ်တွေ အားလုံးကိုလည်း သူတို့ 'လက်ခ၀ါးအောက်' မှာ ရှိနေတယ်လို့ ထင်နေပုံရတယ်လို့ ဆက်ပြောပါတယ်။

“ဒီမိုကရေစီစနစ်မှာ တရားရုံးတွေဟာ လွတ်လပ်တယ်၊ စစ်ဗိုလ်ချုပ်တွေရဲ့ အမိန့်ကို နာခံတာမဟုတ်ဘဲ ဥပဒေအတိုင်းပဲ ဆောင်ရွက်တယ်ဆိုတာကို သူတို့ နားလည်ထားဖို့ လိုပါတယ်”လို့ ဆိုပါတယ်။

ကိုယ့်ပြည်သူလူထုရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး လက်နက်အားကိုးနဲ့ အာဏာကို မတရားလုယူထားတဲ့ စစ်ကောင်စီတပ်က အခုလို နိုင်ငံတကာ ကျင့်ဝတ်တွေအကြောင်း ဆရာကြီးလုပ် သင်ပြနေတာဟာ တကယ်တော့ ရယ်စရာကောင်းလှပါပါတယ်လို့ ဆိုပါတယ်။

“အကြမ်းဖက်မှုနဲ့ အာဏာသိမ်းတယ်။ပြီးတော့ ကြောက်ရွံ့အောင်လုပ်ပြီး အုပ်ချုပ်နေတဲ့ အုပ်စုဟာ 'တရားဝင်အစိုးရ' ဆိုတဲ့ ဂုဏ်ပုဒ်ကို သုံးဖို့ ဘာဂုဏ်သိက္ခာမှ မရှိပါဘူး”

သေနတ်နဲ့ အာဏာလုပြီးတာနဲ့ ကမ္ဘာကြီးက ဥပဒေလိုက်နာတဲ့ နိုင်ငံတစ်ခုလို ဆက်ဆံလာလိမ့်မယ်လို့ လုံး၀မျှော်လင့်ထားလို့မရပါဘူး။

“အချုပ်အခြာအာဏာဆိုတာ ပြည်သူလူထုဆီမှာပဲ ရှိတာပါ၊
သေနတ်နဲ့ လုယူတဲ့သူတွေဆီမှာ ရှိတာမဟုတ်ပါဘူး” လို့ ဆက်ပြောပါတယ်။

အခုလို တရားစွဲဆိုမှုကို ဇန်နဝါရီလ ၁၃ရက်နေ့က ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က တီမောလက်စတဲ နိုင်ငံမှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။

တီမောလက်တဲနိုင်ငံမှာ တရားစွဲဆိုရတာဟာ တီမောလက်စတဲနိုင်ငံမှာ ကျင့်သုံးနေတဲ့ "ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ခွင့်" မူဝါဒကြောင့် ဖြစ်ပြီး အဲဒီဥပဒေအရ ကြီးလေးတဲ့ ရာဇဝတ်မှုတွေဟာ ဘယ်နိုင်ငံမှာဖြစ်ပွားခဲ့တာဖြစ်ပါစေ တီမောအာဏာပိုင်တွေအနေနဲ့ စုံစမ်းစစ်ဆေး အရေးယူပိုင်ခွင့်ရှိတယ်လို့ CHRO က ဆိုထားပါတယ်။

Photo - ဆလိုင်းဇာအုပ်

#bbm #bbmnews #Chin #CHRO #UpdateNews #Myanmar
https://www.facebook.com/share/p/19ZDhyacRM/
👍16
စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပြန်အလှန်ထိန်းချုပ်ထားတဲ့ ငဖဲမြို့နယ်က ဘိန်းစိုက်ခင်း ဧက ၃၀ ကျော်ကို PRA (မကွေး)က ဖျက်ဆီး

BBM - ဇန်နဝါရီ ၁၉
သတင်း - ကိုအိုက်

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ တောင်ပေါ်ဒေသမှာ ဒေသခံတောင်သူတွေ စိုက်ပျိုးတဲ့ ဘိန်းခင်းဟု ယူဆရတဲ့ ဘိန်းစိုက်ခင်း ဧက (၃၀) ကျော် ကို ဖျက်ဆီးခဲ့တယ်လို့ PRA (မကွေး) တာဝန်ရှိသူတစ်ဦးက BBM ကို ပြောပါတယ်။

အဲဒီဘိန်းခင်းဟာ ငဖဲမြို့နယ်ရှိ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပြန်အလှန်ထိန်းချုပ်ထားတဲ့ ဒေသမှာ စိုက်ပျိုးတဲ့ ဘိန်းခင်းတွေဖြစ်ပြီး ဇန်နဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့မှာ PRA (မကွေး) က ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

"ဘိန်းစိုက်ခင်းရှိတဲ့နေရာက စကစနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပြန်အလှန်ထိန်းချုပ်နိုင်တဲ့ ဒေသလို့ ပြောလို့ရပါတယ်။ ဖျက်ဆီးရှင်းလင်းလိုက်တဲ့ ဘိန်းစိုက်ခင်း ဧက (၃၀) ကျော်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အခုလက်ရှိပေါက်ဈေးတော့ မသိပါဘူး။"လို့ PRA (မကွေး) တာဝန်ရှိသူတစ်ဦးက BBM ကို ပြောပါတယ်။

ဘိန်းခင်း ပိုင်ရှင်တွေကို PRA (မကွေး) အနေနဲ့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး သိရှိပါက ဘိန်းခင်း ပိုင်ရှင်ကို အရေးယူမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

"ဘိန်းခင်းပိုင်ရှင်ကတော့ ဒေသခံတွေထဲကပဲဖြစ်မယ်လို့ ယူဆပါတယ်။ တခြားအဖွဲ့အစည်းတွေနဲ့ဆက်စပ်မှုရှိ/မရှိတော့ အသေအချာပြောဖို့ခက်ပါတယ်။ ဘိန်းခင်းပိုင်ရှင်ကို စုံစမ်းတာတော့ ရှိပါတယ်။ သိရှိတာနဲ့ စစ်ဆေးအရေးယူမှုတွေ လုပ်ဆောင်သွားမှာပါ။"လို့ PRA (မကွေး) တာဝန်ရှိသူတစ်ဦးက BBM ကို ပြောပါတယ်။

အခု ဘိန်းစိုက်ခင်း ဖျက်ဆီးခံရတဲ့ ဒေသတွေဟာ စစ်တပ်အာဏာ မသိမ်းခင်ကတည်းက ဘိန်းကို စိုက်ပျိုးခဲ့တာဖြစ်ပြီး လက်ရှိမှာ ဒေသခံတွေဟာ စီးပွားရေးအဖြစ် ဘိန်းစိုက်ပျိုးမှု ပိုတွင်ကျယ် လုပ်ကိုင်လာကြတယ်လို့ သိရပါတယ်။

"ဒီဘက် တောင်ပေါ်ဒေသတွေမှာ ဘိန်း၊ ဆေးခြောက်တွေ အရင်ကတည်း က စိုက်ပျိုးလာတာပါ။ အဲတုန်းကတော့ ဘိန်းကို ကိုယ်သုံးစွဲဖို့၊ တပိဿ၊ နှစ်ပိဿ ကိုယ့်အချင်းချင်း အဲလိုရောင်းကြတယ်။ နောက်ပြီး ဆေးဝါးအဖြစ် မှီဝဲကြတယ်။ ဆေးခြောက်ဆိုလည်း အဲအတိုင်းပဲ။ အခြောက်တွေသိမ်းထားတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း စီးပွားအဖြစ် စိုက်လာကြတယ်။ လူရောက်နည်းပါးတဲ့ နေရာမှာ အခင်းတွေ လုပ်လာကြတယ်။"လို့ ဒေသခံ ချင်းအမျိုးသားတစ်ဦးက BBM ကို ပြောပါတယ်။

၂ဝ၂၅ ခုနှစ်၊ မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်နိုင်ငံကိုကျော်လွန်ပြီး ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေတယ် လို့ UNODC က ထုတ်ပြန်ထားပါတယ်။

#bbm #bbmnews #ငဖ#PRA #ငဖဲမြို့
https://www.facebook.com/share/p/1AtXYkFfrV/
👍112👏1
ဖလမ်းမြို့အနီး စစ်ကောင်စီနေရာယူထားတဲ့ စခန်းကုန်း ၂ ခု ချင်းတော်လှန်ရေးတပ်များ သိမ်းပိုက်

BBM-ဇန်နဝါရီ ၁၉
သတင်း-ကိုအိုက်

ချင်းပြည်နယ်၊ ဖလမ်းမြို့အနီး ဆုမ်းရန်းရွာမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားပြီး စစ်ကောင်စီ နေရာယူထားတဲ့ စခန်းကုန်း ၂ ကုန်းကို ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ရရှိထားတယ်လို့ ရှေ့တန်းစစ်ရေးသတင်းမြစ်က BBM ကို ပြောပါတယ်။

ဖလမ်းမြို့ကို စစ်ကြောင်းထိုးဖို့ ဆုမ်းရန်းရွာကို ရောက်လာတဲ့ စစ်ကောင်စီကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက မနေ့ ဇန်နဝါရီ ၁၈ ရက်၊ မနက် ၉ နာရီကစပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။

"ဆုမ်းရန်းရွာမှာ ခြေကုတ်နေရာယူထားတဲ့ စစ်ကောင်စီတပ်တွေကို မနေ့က ထိုးစစ်ဆင်တာပါ၊ နှစ်နာရီလောက် တိုက်ပွဲပြင်းထန်တယ်၊ စစ်ကောင်စီ ခြေကုတ်ယူထားတဲ့ ဆုမ်းရန်းရွာက စခန်းကုန်းနှစ်ကုန်းကို ကျတော်တို့ ပြန်သိမ်းပိုက်ရတယ်"လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က BBM ကို ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီက ထိခိုက်သေဆုံးမှုများပြီး ဒရုန်းအပါအဝင် ဂျက်ဖိုက်တာ၊ Y12 လေယာဥ်တို့နဲ့ လေကြောင်း တိုက်ခိုက်ပေးတာကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့တချို့လည်း ထိခိုက်ကျဆုံးမှုရှိတယ်လို့ သိရပါတယ်။

"တိုက်ပွဲပြင်းထန်နေချိန်မှာ ဗုံးသီး အလုံး ၃၀ လောက် ကြဲတယ်၊ အဲဒါက သူတို့ဘက်က ထိခိုက်သေဆုံးမှုများလို့ အခုလို လေကြောင်းကနေ ပစ်ကူပေးတာပါ၊ လေကြောင်း ပစ်ကူကြောင့် တော်လှန်ရေးဘက်က တပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးမှုရှိလို့ တပ်ပြန်ဆုတ်လိုက်ပါတယ်"လို့ ရှေ့တန်းစစ်ရေးသတင်းမြစ်က BBM ကို ပြောပါတယ်။

ဆုမ်းရန်းရွာမှာ ခြေကုတ်နေရာယူထားတဲ့ စစ်ကောင်စီဟာ ဝေဘူလမြို့မှတဆင့် ဖလမ်းမြို့ကို ထိုးစစ်ဆင်လာတဲ့ ကလေးမြို့နယ်က စစ်ကောင်စီ စစ်ကြောင်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ဖလမ်းမြို့ကို ပြန်လည်ရရှိဖို့ ဝေဘူလမြို့ မှတဆင့် စစ်ကြောင်းထိုးသလို တီးတိန်မြို့နယ် သိုင်းငင်းရွာမှလည်း စစ်ကြောင်းထိုးပြီး သိုင်းငင်းရွာက စစ်ကောင်စီစစ်ကြောင်းဟာ ခွန်လီရွာကို နေရာယူတပ်စွဲထားပါတယ်။

ဓာတ်ပုံ-CNDF
https://www.facebook.com/share/p/1bX1XhimDP/
10👍3
ကသာမြို့တိုက်ပွဲအခြေအနေ ဆက်လက်တင်းမာနေပြီး စကစ က နေ့စဥ်လေယာဥ်ပျံဝဲကာအားဖြည့်နေ

BBM-ဇန်နဝါရီ၁၉
သတင်း-မင်းသော်

စစ်ကိုင်းတိုင်း၊ ကသာမြို့တိုက်ပွဲအခြေအနေများမှာ ဆက်လက်တင်းမာနေပြီး စစ်ကောင်စီဘက်မှ နေ့စဥ် လေယာဥ်ပျံဝဲတာတွေ၊ ရဟတ်ယာဥ်ဖြင့် အင်အားဖြည့်တင်းတာတွေကို ပြုလုပ်လျက်ရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အပိုင်း(၁)ကျင်းပရာ ပထမနေ့ဖြစ်တဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ၂၈ရက် နေ့ကတည်းက တော်လှန်ရေးအင်အားစုတွေက ကသာမြို့ပေါ်ရှိ စစ်စခန်းများကို ဝင်ရောက်
တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိုအချိန်ကစကာ တိုက်ပွဲ
များပြင်းထန်ခဲ့တာပဲ ဖြစ်ပါတယ်။

တိုက်ပွဲကာလအစောပိုင်းအတွင်း တော်လှန်ရေးအင်အားစုတွေက မြို့အဝင်ရပ်ကွက်(၅)၊ ကားကြီးကွင်း၊ ရပ်ကွက်(၈)ဘက်တွေသာမက စစ်ကောင်စီရဲ့ မြို့စောင့်တပ် ခမရ(၃၀၉) တပ်ရင်းအနားက တပ်ဦးဘုန်းကြီးကျောင်းတွေအထိ သိမ်းပိုက်နိုင်ခဲ့တာတွေရှိပေမဲ့ စကစ ကလေယာဥ်၊ လက်နက်ကြီး အလွန်အကျူး သုံးစွဲတာကြောင့် နေရာအချို့ကို ပြန်လည်လက်လွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဒီလို လေကြောင်းနဲ့လက်နက်ကြီး အလွန်အကျူး သုံးစွဲနေပေမဲ့လည်း မြို့အဝင်ဂိတ်စခန်းတွေကဲ့သို့ အရေးကြီးနေရာများကိုတော့ တော်လှန်ရေးဘက်မှ ဆက်လက်စိုးမိုးထားနိုင်နေဆဲဖြစ်ပြီး စစ်ရေးအခြေအနေမှာလည်း တင်းမာလျက်ရှိဆဲပဲဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက BBM ကိုအတည်ပြုပြောဆိုပါတယ်။

"ခုကဘယ်လိုလဲဆိုတော့ PDFတွေကလည်း ရှေ့တိုးလို့မရနေဘူး၊ စစ်တပ်ကလည်း ရှေ့တိုးလို့မရဘူး၊ ဘယ်ဘက်ကတိုးတိုး ပစ်ချနေတာဆိုတော့၊ တိုက်ပွဲတွေလည်းဖြစ်နေတယ်ကြားတယ်"

ဒါ့အပြင် စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ ဇန်နဝါရီ လအစောပိုင်းကတည်းက ကသာမြို့မကျစေရေးအတွက် လေယာဥ်ပစ်ကူသာမက လေကြောင်းမှလည်း ရဟတ်ယာဥ်များနဲ့ စစ်ကူပို့ဆောင်တာတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ယခုရက်ပိုင်းအတွင်းမှာလည်း အလားတူ လေကြောင်းမှ Y-12လေယာဥ်ဖြင့် ပျံဝဲတာတွေ၊ ရဟတ်ယာဥ်များမကြာခဏပျံသန်းတာတွေပြုလုပ်နေပြန်ပြီ လူအင်အားလာချတဲ့ အနေအထားမျိုးဖြစ်တယ်လို့လည်း ၎င်းမှ ဆက်ပြောပါတယ်။

"လေယာဥ်တွေကတော့ဖြတ်တယ်၊ မနေ့ကလည်း ရဟတ်ယာဥ်(၂)စီးရယ်၊ Y-12ရယ် ဖြတ်တယ်၊ ခုညနေလည်း Y-12တွေပတ်တယ်၊ လူတွေလာချတာလည်းရှိမယ်"

ဒါတင်မက စစ်ကောင်စီအနေနဲ့ ခမရ(၃၀၉)မှတပ်အတွင်းက သံချပ်ကာယာဥ်ဖြင့်လည်း ကသာမြို့တွင်း တော်လှန်ရေးအင်အားစုတွေရှိနိုင်တဲ့နေရာတွေကို လိုက်လံပစ်ခတ်တာတွေပြုလုပ်နေတယ်လို့လည်း မြေပြင်သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

ဒီလိုတိုက်ပွဲတွေပြင်းထန်နေတာကြောင့် ကသာမြို့ဒေသခံအများစုမှာ နီးစပ်ရာကျေးရွာတွေကိုသာမက မဲဇာဒေသတွေဘက်ထိ သွားရောက်စစ်ရှောင်နေရပြီး စားဝတ်နေရေးအတွက် ခက်ခဲနေတယ်လို့လည်း သိရပါတယ်။

Photo-ပုံဟောင်း

#bbmnews #bbm #bbmtv #katha #Sagaing
https://www.facebook.com/share/p/1Bhrmr2Lw4/
👍10
တောင်သာမြို့မှာရှိတဲ့မဲရုံတွေကိုလုံခြုံရေးလာယူတဲ့အင်းအား ၂၀၀ ပါ စကစကို တော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်

BBM - ဇန်နဝါရီလ ၁၉
သတင်း - ကိုဘုဏ်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာရှိတဲ့မဲရုံတွေကို လုံခြုံရေးယူရန် ကျောက်ပန်းတောင်းမြို့မှ လာတဲ့ အင်အား ၂၀၀ ပါ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက
တိုက်ခိုက်ခဲ့တယ်လို့ တောင်သာတပ်ရင်းရဲ့ ထုတ်ပြန်ကြေငြာချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ၁၈ရက်နေ့ မနက် ၈နာရီလောက်က အဆိုပါစစ်ကြောင်းဟာ ကျောက်ပန်းတောင်းမှထွက်လာပြီး ထနောင်းကုန်းကျေးရွာမှာ ညအိပ် ရပ်နားခဲ့ကြပါတယ်လို့သိရပါတယ်။

အဲ့ဒီနောက် ဇန်နဝါရီလ ၁၉ရက်နေ့ မနက်ပိုင်းမှာတော့ ထနောင်းကုန်းကျေးရွာမှ ဆက်လက်
စစ်ကြောင်းထွက်လာချိန်ပြီး ပဒပ်စာကုန်းကျေးရွာမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီလို တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ထနောင်းကုန်းကျေးရွာမှ စကစ အချို့စစ်ကူလိုက်လာပေမဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် နောက်ပြန်လှန်ပြေးသွားကြတယ်လို့ လည်းသိရပါတယ်။

တိုက်ပွဲအတွင်း ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားများ၊ ပြည်သူ့စစ်များကို ကန်သာယာကျေးရွာမှာဆေးကုသနေသလို အဆိုပါတိုက်ခိုက်မူ့ကိုလည်း မြင်းခြံခရိုင် အမှတ် (၃)တပ်ရင်း တောင်သာတပ်ရင်းက တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ကြေငြာထားပါတယ်။

Video-တောင်သာတပ်ရင်း
https://www.facebook.com/share/v/1CTvNcdj2L/
👍141👏1
ကရင်နီမှာ စစ်သုံ့ပန်းတွေထွက်ပြေးပြီးနောက် စကစ က လေကြောင်းကင်းထောက်မှုတွေ ခပ်
စိပ်စိပ်ပြုလုပ်

BBM-ဇန်နဝါရီ၁၉
သတင်း-မင်းသော်

ကရင်နီပြည်နယ်အတွင်း ဖမ်းဆီးထားတဲ့ စစ် ကောင်စီသုံ့ပန်းတွေ ထွက်ပြေးလွတ်မြောက်သွားပြီးတဲ့နောက် လေကြောင်းမှတဆင့် စစ်တပ်က ကင်းထောက်ပျံသန်းမှုတွေ ခပ်စိပ်စိပ်ပြုလုပ်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၈)ရက်နေ့ မနက်အစောပိုင်းမှာ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)လက်အောက်ရှိ အကျဥ်းထောင်(၂)မှ စစ်သုံ့ပန်းအများဆုံးပါဝင်တဲ့ ထောင်သား(၈၀)ကျော်ဟာ ဝန်းထမ်းများကိုဖမ်းဆီးပြီးနောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

အဆိုပါစစ်သုံ့ပန်းထောင်သားများ ထွက်ပြေးလွတ်မြောက်သွားတာကြောင့် ကရင်နီပြည်နယ်ရှိတော်လှန်ရေးတပ်ဖွဲ့များက သက်ဆိုင်ရာဒေသအလိုက် ပိတ်ဆို့ရှာဖွေတာတွေ ပြုလုပ်လျက်ရှိတယ်လို့လည်း သိရပါတယ်။

အဆိုပါ ထောင်သားများထွက်ပြေးလွတ်မြောက် သွားတဲ့ ကရင်နီပြည်နယ် မယ်စဲ့မြို့နယ်အတွင်းဒီနေ့ ဇန်နဝါရီလ(၁၉)ရက်နေ့ မှာ စကစ ဘက်က လေကြောင်းကင်းထောက်ပျံသန်းတာတွေ ခပ်စိပ်စိပ်ပြုလုပ်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။

"ဒီနေ့ Y-12နဲ့ လေကြောင်းကင်းထောက်သလို လာဝဲတာရှိတယ်ဗျ၊ နေ့ခင်း၁နာရီ၁နာရီခွဲလောက်က နိမ့်နိမ့်လေးပျံပြီးကို လာဝဲတာ၊ (၄)ကြိမ်လောက်ရှိမယ်"

ဒါ့အပြင် ထွက်ပြေးလွတ်မြောက်သွားတဲ့စစ်သုံ့ပန်းများ စစ်ကောင်စီလက်အောက်ကို အကြောင်းအမျိုးမျိုးဖြင့် ပြန်လည်ရောက်ရှိသွားမည်ဆိုပါက မြေပြင်သတင်းအချက်အလက်နဲ့ တည်နေရာအချို့ ပေါက်ကြားမှုရှိနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ လေကြောင်းဗုံးကြဲမှုနဲ့ပတ်
သတ်ပြီး စိုးရိမ်မှုတွေရှိနေတယ်လို့လည်း ၎င်းမှဆက်ပြောပါတယ်။

"ခုက ရှာနေကြတုန်းပဲ၊ ခွေးတွေ(စစ်တပ်)ဆီပြန် ရောက်ရင် တည်နေရာအတိအကျနဲ့ လေကြောင်းဗုံးကြဲတာတွေ ပိုလုပ်လာမှာဆိုးလို့ ဒေသခံတွေကတော့ စိုးရိမ်တာပေါ့"

ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီအကျဥ်းသားထဲမှာမှ ဒုဗိုလ်အဆင့်ရှိသူတစ်ဦးကို ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိထားပြီး နယ်မြေခံစစ်တပ်ထံလွှဲပြောင်းပေးထားတာတွေရှိတယ်လို့လည်း ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။

Photo-ပုံဟောင်း
https://www.facebook.com/share/p/1ATTfjgt4L/
🤬9
ယောဒေသ စစ်ဆင်ရေးဖော်ဆောင်ခဲ့တဲ့ မှတ်တမ်း ဗီဒီယို ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့ထုတ်ပြန်

BBM - ဇန်နဝါရီ ၂၀
သတင်း - Richard

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်း ယောဒေသစစ်ဆင်ရေးမှာ ပါ၀င် တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ မှတ်တမ်း ဗီဒီယိုကို ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့က ဇန်နဝါရီလ ၁၉ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါ ယောဒေသ စစ်ဆင်ရေးကို ဒီဇင်ဘာလ ၂၇ရက်နေ့မှ ဇန်နဝါရီလ ၁ရက်နေ့အထိ ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့နဲ့ ဒရုန်းပူးပေါင်းတပ်ဖွဲ့တွေက ပျူစောထီးရွာတွေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပူး‌ပေါင်း တိုက်ခိုက်ခဲ့တာပါ။

အဆိုပါ စစ်ဆင်ရေးကို ဂန့်ဂေါခရိုင်စစ်ဌာန လက်အောက်ရှိ တပ်ရင်းတွေ ၊ ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့ ၊ KKG တပ်ရင်း(၅/၆) ၊ ဂန့်ဂေါခရိုင် ပကဖ ၊ ဂန့်ဂေါမြို့နယ်နဲ့ဆောမြို့နယ် ပကဖ ၊ မြိုင်မြို့နယ် ပကဖ(ဗိုလ်လကျ်ာအဖွဲ့) ၊ ယောတပ်တော်(YA )၊YDF (ရဲဘော် ကောင်းကောင်း အဖွဲ့) တို့က ပူးပေါင်း ပါဝင်ခဲ့ကြတာပဲဖြစ်ပါတယ်။

Video - ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့

#bbmnews #bbm #bbmtv #yaw #PDF
https://www.facebook.com/share/v/1DkUhfWPwG/
👍102