3.48K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲပြန်ဖြစ်နေ

🟥စစ်တပ်ဘက်က အရပ်သားပစ်မှတ်တွေကိုပါ ဒရုန်းနဲ့တိုက်ခိုက်မှုရှိ

BBM - ဇန်နဝါရီ ၁၇
သတင်း - ကိုဟန်

မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်းကို စစ်တပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ တော်လှန်ရေးတပ်တွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက် အင်အား ၂၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ခုခွဲပြီး ရေးမြို့နယ် မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီထဲက အင်အားတစ်ရာပါတဲ့ စစ်ကြောင်းဟာ ရေးမြို့နယ် အောင်သပြေကျေးရွာအရောက်မှာ တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ အဲဒီနယ်မြေမှာလှုပ်ရှားတဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးက BBM ကို ပြောပါတယ်။

“အောင်သပြေဘက်က ဝင်လာတဲ့ စစ်ကြောင်းနဲ့ ထိတွေ့မှု ဖြစ်တာ၊ တိုက်ပွဲက အရမ်းမကြာပေမဲ့ ထိခိုက်မှုရှိတယ်”လို့ ပြောပါတယ။

နှစ်ဖက်တိုက်ပွဲကြောင့် စစ်ကောင်စီတပ်ဘက်က ၃ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး တော်လှန်ရေးပူးပေါင်း တပ်ဘက်ကလည်း တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို သိရှိနိုင်ဖို့ တိုက်ပွဲမှာ ပါဝင်တဲ့ အဖွဲ့တချို့ရဲ့ ပြောရေးဆိုခွင့် ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ သတင်းထုတ်ပြန်ပြီးမှသာ ဖြေကြားပေးမယ်လို့ BBMကို အကြောင်းပြန်ခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြန်လည်ဆုတ်ခွာ သွားခြင်းမရှိသေးဘဲ နောက်ထပ်စစ်ကြောင်းတစ်ခုနဲ့အတူ အောင်သပြေကျေးရွာအနီးတဝိုက်မှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

“တပ်စွဲထားသေးတယ်၊ ဒီဘက်ကို အတင်းတိုးဝင်လာဖို့ လုပ်နေသလိုလို ရှိနေပေမဲ့ တကယ်တမ်းက မဝင်ဘဲနဲ့ အရိပ်အယောင်ပြပြီး နယ်မြေစိုးမိုးမှု ရယူနေတဲ့သဘောထင်တယ်” လို့ အထက်ပါရဲဘော်က ဆက်ပြောပါတယ်။

အောင်သပြေကျေးရွာအနားတဝိုက်မှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ကျေးရွာထဲ ဝင်ရောက်လာပြီး ဒေသခံတွေကို ဖမ်းဆီးတာ၊ လူသားဒိုင်းအသုံးပြုတာနဲ့ ပေါ်တာဆွဲမှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ရွေးကောက်ပွဲကာလမတိုင်ခင်ကတည်းက အင်အားထောင်ချီအသုံးပြုပြီး မော်လမြိုင်-ရေး အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်းအပါအဝင် အဲဒီနယ်မြေတလျှောက်ကို ပြန်လည်ရယူနိုင်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား မကြာခဏတိုက်ပွဲဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း ရေးမြို့နယ်နဲ့ ကပ်လျှက် ရေဖြူမြို့နယ် သာယာမွန်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“အဲဒီရွာ(အောင်သပြေကျေးရွာ)ဘက်တော့ မသွားရဲကြဘူး၊ တိုက်ပွဲခဏခဏ ဖြစ်နေတော့လေ အခုတလော တိုက်ပွဲက ဖြစ်တာနည်းသွားတယ်၊ ပြန်ဖြစ်လာပြန်ပြီးလေ၊ စစ်သားတွေက စစ်ကြောင်းထိုးနေတာက မလျှော့ကျသွားဘူး၊ သူတို့ရှိနေတော့ ရွာသွား တွေ ဖမ်းခံရမှာ ကြောက်တော့ ခြံထဲတောင် မသွားရဲကြဘူး” မော်လမြိုင်မြို့မှာ စစ်ဘေးရှောင်နေတဲ့ အောင်သပြေကျေးရွာဒေသခံတဦးက ပြောပါတယ်။

ဒီလိုမျိုး နှစ်ဖက်စစ်ရေးပြင်းထန်လာမှုနဲ့အတူ အရပ်သားထိခိုက်သေဆုံးမှုလည်း မြင့်တက်နေသလို စစ်တပ်က လည်း အရပ်သားပစ်မှတ်ပါမကျန် ဒရုန်း၊ လက်နက်ကြီးပစ်ခတ်မှုတွေ အရှိန်မြင့်လုပ်ဆောင်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြထားပါတယ်။

ဓါတ်ပုံ - MSRF ၊ တော်လှန်ရေးပူးပေါင်းတပ်
ပုံစာ - တော်လှန်ရေးတပ်ဖွဲ့ဝင်များ

#bbm #bbmnews #Mon #Ye #MSRF #UpdateNews #Myanmar
https://www.facebook.com/share/p/18GLUdfV1T/
👍12
အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က တပ်ခွဲအလိုက် မွမ်းမံသင်တန်းဆင်းပွဲပြုလုပ်ခဲ့

BBM - ဇန်နဝါရီလ ၁၇
သတင်း - ကိုဘုဏ်း

အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အမှတ်(၁၀၀၉)တပ်ရင်း က နောက်တန်းပြန်လာသောတပ်ခွဲများကို မွမ်းမံသင်တန်းများပေးပြီးနောက် သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း (၁၀၀၉)အနေနဲ့ "တိုက်ရင်းလေ့ကျင့် လေ့ကျင်းရင်းတိုက်"ဆိုသလို နောက်တန်းပြန်ရောက်လာတဲ့ တပ်ခွဲများကို တပ်ခွဲအလိုက် မွမ်းမံသင်တန်းတွေဖွင့်လှစ်ပြီးနောက် ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့မှာ သင်တန်းဆင်းပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တစ်ဖက်က စစ်ကောင်စီရဲ့ ထိုးစစ်များကို ခုခံကာကွယ်နေသလို အခြားတစ်ဖက်မှာလည်းတပ်တည်ဆောက်ရေးမူဝါဒ(၅)ချက်နဲ့ စနစ်တကျတပ်ကိုတည်ဆောက်လျက်ရှိတယ်လို့သိရပါတယ်။

အဆိုပါ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁၀၀၉)ဟာ အင်းလေးဒေသကိုအခြေခံပြီးဖွဲ့စည်းထားတဲ့တပ်တစ်တပ်ဖြစ်သလို စစ်စည်းကမ်းကောင်းသော၊လေ့ကျင့်ရေးပြည့်ဝသော၊တိုက်ပွဲဝင်စိတ်ပြင်းထန်သော၊ပြည်သူလူထုအားကိုးယုံကြည်ရသောတပ်တစ်တပ်အဖြစ်
တည်ဆောက်ရင်း စစ်အာဏာရှင်စနစ်ကိုအမြစ်
ပြတ်ချေမူန်းနိုင်ရေးအတွက် ဆက်လက်လျှောက် လှမ်းနေတယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။

Video-အင်းလေးပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၁၀၀၉

#bbm #bbmnews #အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #UpdateNews
https://www.facebook.com/share/v/16ucetTVqG/
👍121
အရာတော်မြို့နယ်အတွင်း မူကြိုကျောင်းကို
တိုက်လေယာဥ်ဖြင့်ဗုံးကြဲမှုကြောင့် ကလေးငယ်၁ဦးနဲ့ အမျိုးသမီး၁ဦးသေဆုံး

BBM-ဇန်နဝါရီ၁၇
သတင်း-မင်းသော်

စစ်ကိုင်းတိုင်းအရာတော်မြို့နယ်အတွင်းက မူကြိုကျောင်းတစ်ကျောင်းကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်၁ဦးနဲ့ အမျိုးသမီး၁ဦးတို့သေဆုံးခဲ့တယ်လို့ Northwest Plains Revolutionary Forces-NPRFရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇန်နဝါရီလ၁၇ရက်နေ့ နေ့လယ်၁ နာရီခွဲလောက်မှာ အရာတော်မြို့နယ်၊ ကန်ရင်းကျေးရွာအတွင်းမှာရှိတဲ့ မူကြိုကျောင်းတစ်ခုကို တံတားဦးလေတပ်မှလာတဲ့ တိုက်လေယာဥ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ကနဦး ကလေးငယ်(၁)ဦးနဲ့ အမျိုးသမီး(၁)ဦးသေဆုံးခဲ့ရကာ အမြောက်
အများထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆိုပါနယ်မြေဟာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လာရောက်ကြဲချခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

Video-Northwest Plains Revolutionary Forces-NPRF

#bbmnews #bbm #bbmtv #sagaing #MDY
https://www.facebook.com/share/v/17xRwcqRvZ/
🤬12😢2👎1
ဆန္ဒပြပွဲများတွင် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရခြင်း၏ နောက်ကွယ်တွင် အမေရိကန်နှင့် အစ္စရေးတို့ ရှိနေကြောင်း အီရန်ခေါင်းဆောင် ခါမေနီ ပြောကြား

BBM - ဇန်နဝါရီ ၁၈

အီရန်နိုင်ငံရဲ့ အထွတ်အထိပ်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက နိုင်ငံအတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း လူ "ထောင်ပေါင်းများစွာ" သေဆုံးရတာဟာ အမေရိကန်၊ အစ္စရေးတို့နဲ့ ဆက်စပ်ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်နိုင်ငံမှာ နှစ်ပတ်ကျော်ကြာ ပြင်းထန်စွာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း "အစ္စရေး၊ အမေရိကန်တို့နဲ့ ဆက်စပ်နေတဲ့ သူတွေကြောင့် ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေပြီး ထောင်ပေါင်းများစွာ သေဆုံးခဲ့တယ်" လို့ ခါမေနီက ဇန်န၀ါရီလ ၁၇ရက် စနေနေ့က ပြောကြားခဲ့ပါတယ်။

သူက နှစ်နိုင်ငံဟာ အကြမ်းဖက်မှုမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို “ရာဇဝတ်သား” လို့ ဖော်ပြခဲ့ပါတယ်။ “နောက်ဆုံး အီရန်ဆန့်ကျင်ရေး ပုန်ကန်မှုဟာ အမေရိကန်သမ္မတကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့တာနဲ့ ကွာခြားပါတယ်” လို့ အီရန်နိုင်ငံပိုင် မီဒီယာက သူ့စကားကို ကိုးကားဖော်ပြခဲ့ပါတယ်။

အီရန်အာဏာပိုင်တွေဟာ မငြိမ်မသက်မှုအတွက် ပြည်ပအင်အားကြီးနိုင်ငံတွေကို လက်ညှိုးထိုးပြောဆိုလာခဲ့ပြီး အရင်ကတည်းက ပထဝီနိုင်ငံရေးပြိုင်ဘက်တွေဖြစ်တဲ့
အစ္စရေးနဲ့ အမေရိကန်ဟာ မြေပြင်မှာ စစ်ဆင်ရေးတွေကို ညွှန်ကြားနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

အဆိုပါ အကျိုးဆက်တွေနဲ့ ပက်သက်ပြီး တာ၀န်ယူရလိမ့်မယ်လို့ ခါမေနီက သတိပေးခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ နိုင်ငံကို စစ်ပွဲထဲ ဆွဲမသွင်းပါဘူး၊ ဒါပေမယ့် ပြည်တွင်းနဲ့ နိုင်ငံတကာက ရာဇဝတ်သားတွေကိုတော့ အပြစ်မပေးဘဲ လွှတ်မထားပါဘူး” လို့ သူက ပြောပါတယ်။

Reference-Al Jazeera
Translator-Richard
Photo - Al Jazeera

#bbmnews #bbm #bbmtv #USA #Iran
https://www.facebook.com/share/p/17tLxbUe4c/
👍10🤣3
အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့် အစီအစဉ်ကို မီဇိုရမ်အဖွဲ့အစည်းတွေက အိုင်ဇောလ်မှာ ဆန္ဒပြကန့်ကွက်

BBM-ဇန်နဝါရီ ၁၇
သတင်း-ကိုအိုက်

အိန္ဒိယ ဗဟိုအစိုးရရဲ့ အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့် အစီအစဉ်ကို မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ မီဇိုရမ်အခြေစိုက် အဖွဲ့အစည်းတွေက ကန့်ကွက် ဆန္ဒ ဖော်ထုတ်ခဲ့ကြတယ်လို့ မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်တွေဆီက သိရပါတယ်။

ဇိုမျိုးနွယ်စုများ ပြန်လည်ပေါင်းစည်းရေး (ZORO) နဲ့ မီဇိုးကျောင်းသားသမဂ္ဂ (MZP) တို့က ဦးဆောင်ပြီး မနေ့ ဇန်နဝါရီ ၁၆ ရက် နံနက် ၁၁ နာရီအချိန်မှာ အိုင်ဇောလ်မြို့ရှိ Vanapa Hall ရှေ့မှာ ဆန္ဒဖော်ထုတ်ကြတာဖြစ်ပါတယ်။

အဲဒီအဖွဲ့တာဝန်ရှိသူတွေနဲ့ မီဇိုရမ်ပြည်သူတွေ ငြိမ်းချမ်းစွာ စုရုံးပြီး နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်မည့် အစီအစဉ်ဟာ သွေးသားညီအစ်ကိုတွေ ဖြစ်ကြတဲ့ ဇိုနဲ့ ချင်း လူမျိုး တွေကို ပိုင်းခြားဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်လို့ ဆန္ဒဖော်ထုတ်တာပါ။

"ဘုရားသခင်ပေးထားတဲ့ ဒီမြေပေါ်မှာ ဇိုနဲ့ ချင်းလူမျိုးတွေ တစ်စုတစ်စည်းပြန်လည်ပေါင်းစည်းနေထိုင်ဖို့ မျှော်လင့်နေချိန်မှာ မိမိတို့ကို ဝေးကွာစေမယ့် နယ်စပ် အုတ်တံတိုင်း တည်ဆောက်မှုကို လုံးဝ လက်မခံနိုင်ဘူး။"လို့ မီဇိုးကျောင်းသားသမဂ္ဂ (MZP) ရဲ့ ဥက္ကဌ Dr. C.Lalremruata က ပြောကြားခဲ့ပါတယ်။

ဒါ့ကြောင့် အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုး ခတ်မည့်အစီစဥ်ကို ချက်ချင်းပြန်လည်ရုပ်သိမ်းပေးဖို့ Dr. C. Lalremruata က တောင်းဆိုထားပါတယ်။

ဆန္ဒပြပွဲမှာ လာရောက်ကြတဲ့ မီဇိုရမ်ပြည်သူတွေကလည်း ချင်းပြည်နယ်နဲ့ မီဇိုရမ်ပြည်နယ် နယ်စပ်ခြံစည်းရိုး ခတ်မည့်အစီအစဉ် အလိုမရှိကြောင်း ဇို နဲ့ ချင်း လူမျိုးတွေကို ပိုင်းခြားခြင်းကို ဆက်လက် ဆန့်ကျင်သွားမယ်လို့ ပြိုင်တူ ကြွေးကြော်ခဲ့ပါတယ်။

အဲဒီ ဆန္ဒပြမှုဟာ ထိရောက်မှု မရှိပါက အိန္ဒိယဗဟိုအစိုးရရဲ့ ဆောင်ရွက်ချက်တွေ အဆုံးစွန်ထိ ဆက်လက်ဆန့်ကျင်သွားမယ်လို့ မီဇိုးကျောင်းသားသမဂ္ဂ နဲ့ ဇိုမျိုးနွယ်စုများ ပြန်လည်ပေါင်းစည်းရေးအဖွဲ့က အသိပေးထားပါသေးတယ်။

အိန္ဒိယဗဟိုအစိုးရဟာ နှစ်နိုင်ငံလွတ်လပ်စွာ သွားလာခွင့်စနစ် (FMR) ကို ဖျက်သိမ်းပြီးနောက် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးခတ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ပုံ - လူမှုကွန်ရက်

#bbmnews #bbm #bbmtv
https://www.facebook.com/share/p/1bGe56uFF2/
👍16
သထုံမြို့နယ် တက်တူကုန်းရွာ နေအိမ်၊ စျေးဆိုင်တွေကို စကစ ဖျက်ဆီးခိုးယူပြီး အရပ်သားတဦးကို ညှင်းပန်းနှိပ်စက်

BBM - ဇန်နဝါရီ ၁၈
သတင်း - ခက်ဆစ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကဒီပုကျေးရွာအုပ်စု၊ တက်တူကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်နဲ့ စျေးဆိုင်တွေကို ဖျက်ဆီးခဲ့တဲ့အပြင် အရပ်သား တစ်ဦးကို ဖမ်းဆီးချုပ်နှောင် ညှင်းပန်းနှိပ်စက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီနေ့ ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်၊ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်မှာ စစ်ကောင်စီတပ်ဟာ တက်တူကုန်းရွာကို ဝင်ရောက်တပ်စွဲခဲ့ပြီးနောက် ကျေးရွာနေ ဒေါ်မိုးမိုးဝင်း၊ အသက် ၄၃ နှစ်ရဲ့ နေအိမ်တံခါးကိုဖျက်ဆီးခဲ့ပြီးအသုံးအဆောင်ပစ္စည်း တချို့နဲ့ စျေးဆိုင်ပစ္စည်းတွေအပါအဝင် ငွေကျပ်တစ်သိန်းကိုလည်း ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာ စစ်ကောင်စီတပ်ဟာ အဆိုပါကျေးရွာနေ ဒေါ်မြရှင် အသက် ၇၇ နှစ်ရဲ့ နေအိမ်အသုံးဆောင်ပစ္စည်းအချို့နဲ့ ငွေနှစ်သိန်းယူဆောင်ခဲ့သလို ဦးသာဒွန်း၊ အသက် (၄၇)နှစ်ရဲ့ နေအိမ်ကိုလည်း ဖောက်ထွင်းဝင်ရောက်ပြီး အသုံးဆောင်ပစ္စည်းတွေနဲ့ ဆိုင်ကယ်တစ်စီးယူဆောင်ခဲ့တဲ့အပြင် ဦးအောင်သက်ဝင်း၊ အသက်(၅၇)နှစ်ရဲ့ နေအိမ်တံခါးကိုလည်းဖျက်ဆီးပြီး အသုံးအဆောင်ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ သိရပါတယ်။

အလားတူ စစ်ကောင်စီတပ်ဟာ တက်တူကုန်းရွာနေ ဒေါ်ခင်နှင်းသက် အသက်(၅၆)နှစ်၊ ဒေါ်ကြည်အေး အသက်(၅၆)နှစ်၊ ဦးဘဂျမ်း အသက်(၄၇) နှစ်တို့ရဲ့ နေအိမ်တွေကို စီးနင်းဝင်ရောက်ပြီး အိမ်အသုံးဆောင်ပစ္စည်းတွေယူဆောင်သွားသလို ဒေါ်ရင်ဌေး အသက်(၆၇)နှစ်ရဲ့ အိမ်ဆောက်ပစ္စည်းတွေနဲ့ အိမ်အသုံးဆောင်ပစ္စည်းတွေကိုလည်း ယူဆောင်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အမတ ၃၁၄ မှလည်း လက်နက်ကြီး ပစ်ခတ်ခဲ့ရာ တက်တူကုန်းရွာအတွင်းကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေါ်သန်းလှ အသက်(၇၇)နှစ်ရဲ့ နေအိမ်တစ်လုံးထိခိုက်ပျက်စီးခဲ့ပြီး တပ်စွဲနေစဉ်အတွင်း ကဒီပုရွာသစ်နေ စောချစ်သူ အသက်(၃၈) နှစ်ကိုလည်း ဖမ်းဆီးချုပ်နှောင်ထားပြီး ရိုက်နှက် ညှင်းပန်းနှိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ တက်တူကုန်းရွာအတွင်းမှာ ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၁၂ ရက်အထိ တပ်စွဲခဲ့ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဇန်နဝါရီလ ၁၃ ရက်မှာ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ KNU က အသိပေးထားတာ ဖြစ်ပါတယ်။

Photo - KNU

#bbmnews #bbm #bbmtv #mon #thahton
https://www.facebook.com/share/p/1Hms4SRaue/
🤬9👍2
စစ်မျက်နှာ ၅ ခုမှာ ထိုးစစ်အရှိိန်မြှင့်လာတဲ့ AA နဲ့ စကခမှူးတွေပါ ကျဆုံးမှုတွေရှိနေတဲ့ ပဲခူးအစပ်တိုက်ပွဲ (ဆောင်းပါးရုပ်သံ)

အာရက္ခတပ်တော် AA ဟာ ၂၀၂၆ နှစ်သစ်ကို ရောက်ရှိလာတာနဲ့အမျှ တိုက်ပွဲတွေမှာလည်း ရခိုင်၊ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတိုင်းတွေမှာ အရင်ကထက် ထိုးစစ်အရှိိန်မြှင့်တင်လာနေတာကို တွေ့ရပါတယ်။

ရခိုင်စစ်မျက်နှာတွေ ဖြစ်ကြတဲ့ ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ဟာ နှစ်ဖက်စစ်ဆိုင်းနေကြတဲ့ အခြေအနေတွေကနေ AA ကတော့ စစ်ရေးဗျူဟာသစ်ထပ်မံပြောင်းလဲကာ ထိုးစစ်အရှိန်ကိုမြှင့်တင်လာနေတယ်လို့လည်း စစ်ရေးလေ့လာသူတွေက ဆိုပါတယ်။

ရခိုင်ပြည်ရဲ့ မြို့တော်စစ်တွေနဲ့ တရုတ်စီမံကိန်းတွေများစွာရှိတဲ့ ကျောက်ဖြူမြို့နယ်ကို အာရက္ခတပ်တော် AA ဟာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ၁၁ လခန့်ကြာမြင့်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဆောင်းပါးရုပ်သံအပြည့်အစုံကို အတူကြည့်လိုက်ရအောင်။

#bbm #bbmtv #AA #FiveFronts #Offensive #Rakhine #SAC


https://www.facebook.com/share/p/1H9mBLmfWx/
👍13
ထရမ့်ရဲ့ ခြိမ်းခြောက်မှုကို ဂရင်းလန်းနိုင်ငံသား ထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ

BBM - ဇန်နဝါရီ ၁၈

ထရမ့်ရဲ့ ခြိမ်းခြောက်မှုကို ဂရင်းလန်းသားထောင်ပေါင်းများစွာက ရေခဲပြင်တွေကြားမှ ဇန်န၀ါရီလ ၁၇ရက်က စနေနေ့က ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

အဆိုပါ ဂရင်းလန်းသားတွေဟာ “ဂရင်းလန်းဟာ ရောင်းဖို့မဟုတ်ဘူး” ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

ဂရင်းလန်းရဲ့ မြို့တော် Nuuk မြို့လယ်ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကိုရှေ့မှာ ဆန္ဒပြခဲ့ကြတာပါ။

ထရမ့်ဟာ လာမယ့် ဖေဖော်ဝါရီလကစပြီးတော့ ဥရောပနိုင်ငံ ၈ နိုင်ငံအပေါ် အမေရိကန်ရဲ့ ဂရင်းလန်းထိန်းချုပ်မှုကို ဆန့်ကျင့်တာကြောင့် ၁၀% အခွန်ကောက်ခံမယ်လို့ ကြေညာခဲ့ပါတယ်။

“ဒီနေ့က ဒီထက်ဆိုးလာမယ်လို့ ကျွန်တော်ထင်တဲ့အတိုင်း တကယ်ပဲ အခြေအနေ ပိုဆိုးသွားခဲ့ပါတယ်” လို့ Malik Dollerup-Scheibelက Associated Press မှာဖြေကြားထားတဲ့ ထရမ့်ရဲ့ ကြေညာချက်ကို တုံ့ပြန်ခဲ့ပါတယ်။

“အခုအချိန်မှာ ထရမ့်ဟာ သူ့လုပ်ချင်တာတွေလုပ်နေတဲ့အပြင် အဲ့အပေါ်မှာ နောင်တရပုံလည်း မရပါဘူး”

ထရမ့်က အမေရိကန်အနေနဲ့ မဟာဗျူဟာကျတဲ့ နေရာမှာ တည်ရှိပြီး သတ္တုကြွယ်ဝတဲ့ ကျွန်းကို ပိုင်ဆိုင်သင့်တယ်လို့ ထင်မြင်ကြောင်း အရင်ကတည်းက ပြောကြားခဲ့ပါတယ်။

ဒီလအစောပိုင်းမှာ ထရမ့်ဟာ ဗင်နီဇွဲလားသမ္မတဟောင်း Nicolás Maduro ကို ဖြုတ်ချဖို့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်ပြီးနောက် တစ်ရက်အကြာမှာ သူ့ရဲ့ တောင်းဆိုမှုတွေကို ပိုမိုပြင်းထန်လာခဲ့ပါတယ်။

Reference-The Guardian
Translator-Richard
Photo - The Guardian
https://www.facebook.com/share/p/1aG84me33j/
👍9
ကရင်နီ အကျဥ်းထောင်မှ စစ်သုံ့ပန်း ၅၉ယောက် လက်နက်(၁၀)လက်ယူကာ ထွက်ပြေးလွတ်မြောက်နေ

BBM-ဇန်နဝါရီ၁၈
သတင်း-မင်းသော်

ကရင်နီပြည်နယ် အကျဥ်းထောင်တစ်ခုအတွင်းမှ စစ်သုံ့ပန်း၅၉ ယောက်ဟာ လက်နက်၁၀ လက်နဲ့အတူ ထွက်ပြေးလွတ်မြောက်နေတယ်လို့ ကရင်နီပြည်နယ် မြေပြင် သတင်းရင်းမြစ်တွေရဲ့ အတည်ပြုပြောဆိုချက်အရ သိရပါတယ်။

ဇန်နဝါရီလ ၁၈ရက်နေ့ (ဒီနေ့) မနက်ပိုင်း ၄နာရီလောက်ကတည်းက စပြီး ကရင်နီပြည် ကြားကာ လ အုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့လက်အောက် မှာ ရှိနေတဲ့ အကျဥ်းထောင်(၂)မှ ထွက်ပြေး လွတ်မြောက်သွားခြင်းဖြစ်ပြီး အစောင့်(၂)ဦးကိုလည်း ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ လက်ရှိအချိန်မှာ အဆိုပါနေရာတစ်ဝိုက်ကို သက်ဆိုင်ရာ တပ်ရင်း၊တပ်ဖွဲ့တွေ အလိုက် ပိတ်ဆို့ရှာဖွေတာတွေ ပြုလုပ်နေသလို ဒေသခံပြည်သူတွေကိုလည်း သတိထားနေထိုင်ရန် မှာကြားတာတွေပြုလုပ်ထားတယ်လို့ ဒေသခံတစ်ဦးက BBM ကိုပြောပါတယ်။

"မနက်ပိုင်းက၄နာရီလောက်ရှိမယ်၊ ထောင်ကနေ ခွေး(စစ်သား) ၅၉ကောင် လွတ်သွားတယ်၊ သေနတ်၁၀လက်ယူသွားတယ်၊ အစောင့်နှစ်ယောက်ကိုခေါ်သွားတယ်၊ ခုတပ်ရင်းတွေကတော့ ပိတ်ရှာနေပါတယ်"

ကရင်နီပြည်နယ်အတွင်း ဖမ်းဆီးရမိတဲ့စစ်သုံ့ပန်း အများစုကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) လက်အောက်ရှိအကျဥ်းထောင်များမှာ ထိန်းသိမ်းထားလေ့ရှိကြတယ်လို့ သိရပြီး ရှေ့မှာလည်း ဒီလိုထွက်ပြေးတဲ့ ဖြစ်စဥ်မျိုးရှိဖူးတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

Photo-ပုံဟောင်း
https://www.facebook.com/share/p/1DT4fvmEk8/
🤬11👍3👎1
ပခုက္ကူ၊ ရေစကြိုနဲ့ မြိုင်အစပ်က အိမ်ခြေ ၁၃၀‌ ကျော်ကို တစ်ပတ်ထဲမှာပဲ စကစတပ်မီးရှိုဖျက်စီး

🟥 အဘွားအိုတစ်ဦး မီးရှို့သတ်ဖြတ်ခံရပြီး ပြည်သူ ၁၈ ဦးထက်မနည်းဖမ်းဆီးခံရ

BBM - ဇန်နဝါရီ ၁၈
သတင်း - Richard

မကွေးတိုင်းအတွင်းရှိ ‌ပခုက္ကူ၊ ရေစကြိုနဲ့ မြိုင်မြို့နယ်အစပ်က ရွာတွေကို စစ်ကောင်စီတပ်က တစ်ပတ်အတွင်း အိမ်ခြေ ၁၃၀‌ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၁၈ဦးထက်မနည်းဖမ်းခဲ့ကာ အဘွားအိုတစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ မြိုင်ဒေါင်းမင်း သတင်းမှန်ပြန်ကြား
ရေးအဖွဲ့ရဲ့ တာ၀န်ရှိသူက BBMကို ပြောပါတယ်။

ဇန်နဝါရီလ ၁၂ရက်နေ့ မနက်၅နာရီခွဲကစပြီးတော့စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၅၀ပါ စစ်ကောင်စီစစ်‌ကြောင်းဟာ ပခုက္ကမြို့နယ် အင်ပင်ရွာ ခွေးဂိတ်ကိုရောက်လာပြီး ဇန်နဝါရီလ ၁၄ရက် မနက် ၆နာရီ ၅၃မိနစ်မှာတော့ သုံးမြို့နယ်အစပ်က ကွမ်းသီးကန် စစ်ရှောင်တောတိုက်တွေကို မီးရှို့ပြီးတော့ ကိုင်းရွာကို ရောက်တယ်လို့ ဆိုပါတယ်။

“ကိုင်းရွာထဲမှာလည်း နေအိမ် ၃၀ လောက်ကို မီးရှို့သွားတယ်” လို့ အဆိုပါ တာ၀န်ခံက ဆိုပါတယ်။

မီးရှို့ပြီး စစ်ကြောင်းဆက်လက်ထိုးလာတဲ့ အဆိုပါစစ်ကြောင်းဟာ မနက် ၁၀နာရီ ၄၅မိနစ်မှာ ပခုက္ကူမြို့နယ်ထဲက ကိုင်းရွာကို ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ကိုင်းရွာကနေတစ်ဆင့် ဇန်နဝါရီလ ၁၅ရက် မနက် ၁၀နာရီခွဲ၀န်းကျင်မှာတော့ မြိုင်မြို့နယ်ထဲက နှောပင်‌ကျေးရွာကိုရောက်ရှိလာခဲ့ပြီးတော့ ပြည်သူ ၁၈ဦးထက်မနည်းကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

“ပြည်သူတွေကို ရိုက်နှက်ဖမ်းဆီးသွားတယ်။ နောက် ညနေ၆နာရီ မိနစ်၅၀အချိန်မှာ မီးစတင်ရှို့ခဲ့တာဗျ”လို့ အဆိုပါ တာ၀န်ခံကဆက်ပြောပါတယ်။

အဆိုပါ နှောပင်ကျေးရွာဟာ အိမ်ခြေ ၅၀၀ကျော်ရှိတဲ့ရွာကြီးဖြစ်ပြီးတော့ စစ်ကောင်စီတပ်ဟာ အိမ်ခြေ ၇၂လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ အသက် ၇၀အရွယ် အဘွားတစ်ယောက်ကိုလည်း မီးရှို့သတ်ဖြတ်သွားသေးတယ်လို့ သိရပါတယ်။

လက်ရှိမှာ အဆိုပါ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တော့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

မကွေးတိုင်းထဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာတွေ ဆက်တိုက်ပြုလုပ်လာနေတာကြောင့် မိဘပြည်သူတွေ အနေနဲ့လည်း သတင်းအချက်အလက်တွေကို စဉ်ဆက်မပြတ် နားစွင့်ဖို့ကိုလည်း
အဆိုပါတာ၀န်ခံက တိုက်တွန်းထားပါတယ်။

Video - မြိုင်ဒေါင်းမင်း သတင်းမှန်ပြန်ကြား
ရေးအဖွဲ့
https://www.facebook.com/share/v/16h5EBfHR7/
🤬111👍1👎1
တနင်္သာရီမှာ စကစ စစ်ကြောင်းနဲ့ တော်လှန်ရေးတို့ (၁၂)ရက်ကြာ တိုက်ပွဲဖြစ်ပြီး စကစ (၁၀)ဦးခန့်သေ

🟥တော်လှန်ရေး ရဲဘော်(၂)ဦးလည်း သေဆုံးပြီး နယ်မြေရှင်းလင်းမှုဆက်လက်လုပ်ဆောင်

BBM - ဇန်နဝါရီ ၁၈
သတင်း - မင်းသော်

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီ၊ ပျူစောထီး ပူးပေါင်းစစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတို့ ၁၂ရက်ကြာ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၁၀ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော်၂ဦး ကျဆုံးခဲ့ရတယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ၃၁ရက်နေ့ မနက်(၆)နာရီလောက်က စစ်ကောင်စီနဲ့ပျူစောထီးတွေဟာ စစ်သင်္ဘော(၃)စီး၊ သားပေါက်လှေ(၂)စီး၊ သစ်လှေငယ်(၁)စီး၊ ဖိုင်ဘာငယ်(၁)စီးတို့နဲ့ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကျောက်တန်းငယ် ကျေးရွာဘက်ကို မန်းကြီးမြစ်ကြောင်းအတိုင်း ထိုးစစ်ဆင်လာတာကြောင့် (၃)ကြိမ်တိုင်တိုင် ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် ညနေ(၄)နာရီလောက်မှာ စစ်တပ်ဘက်က ပြန်လည်ဆုတ်ခွါသွားတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ၁ ရက်နေ့မှာတော့ စစ်တပ်ဘက်က အင်အားထပ်ဖြည့်ပြီး ဝင်ရောက်လာကာ ပွိုင့်ဖိုက်၊ Bofor Gunတို့ဖြင့် အဝေးမှအဆက်မပြတ်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲလည်း (၃)ကြိမ်ခန့်ဖြစ်ပွါးတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(အမှတ်၂)တပ်ရင်း၊ မြိတ်-ပကဖ၊ တနင်္သာရီ - ပကဖတို့လည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပေမဲ့ စစ်တပ်ဘက်က ကျောက်တန်းရွာကို ဝင်ရောက်နိုင်ခဲ့ပြီး နေအိမ်များကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဇန်နဝါရီလ၂ရက်နေ့မှာ ပြန်လည်ထွက်ခွါခဲ့ပြီး ဇန်နဝါရီလ ၃ရက်နေ့မှာတော့ ကံမော်ဘက်မှ စစ်သင်္ဘော၊ ချောင်းကြီးဝ၊အတြ်ဖိုမော်ဘက်မှ စစ်သင်္ဘောများအပါ စုစုပေါင်း သင်္ဘော(၅)စီး၊ သားပေါက်လှေကြီး(၄)စီး၊ သစ်လှေငယ်(၁)စီးတို့ဖြင့် ထပ်မံဝင်ရောက်လာတာကြောင့် ထိတွေ့တိုက်ပွဲများဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၄ရက်နေ့နောက်မှာတော့ ပျူစောထီးနဲ့ စကစ တို့က ကျောက်တန်းငယ်ရွာမှာ အခြေတည်ပြီး ဒရုန်း၊ ၆၀မမလက်နက်ကြီးများနဲ့ဆက်တိုက်ပစ်ခတ်တာကြောင့် တိုက်ပွဲဖြစ်ပွါးခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဇန်နဝါရီလ၁၁ရက်နေ့မှာ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့စခန်းကို ဒရုန်းနဲ့(၃)ကြိမ်ထက်မနည်း တိုက်ခိုက်တာကြောင့် စခန်းမီးလောင်ပြီး ရဲဘော်(၂)ဦးကျဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

ဒါတင်မက အဆိုပါနေ့မှာတင် တော်လှန်ရေးရဲဘော်တွေရဲ့ ကာကင်းစခန်း(၂)ခုကို ဝင်သိမ်းပြီး ကျောက်တန်းငယ်၊ အောက်ကြတ်တန်း၊ မန်းကြီး၊ ဝန်သိုက် ကျေးရွာတွေကို ဝင်ရောက်ကာ ရွာလုံးကျွတ်နေအိမ်တွေမီးရှို့တာနဲ့ ပစ္စည်းလုယက်တာတွေ ပြုလုပ်ပြီး ပြန်လည် ဆုတ်ခွါခဲ့တယ်လို့ သိရပါတယ်။

၁၂ရက်တာ ကြာမြင့်ခဲ့တဲ့အဆိုပါတိုက်ပွဲတွေအတွင်း တော်လှန်ရေးရဲဘော်(၂)ဦး ကျဆုံးပြီးနောက် အဆိုပါနယ်မြေများကို ဆက်လက်
ရှင်းလင်းနေတယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ထားပါတယ်။

Video-ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

#bbm #bbmnews #Tanintharyi #PDF #UpdateNews #Myanmar
https://www.facebook.com/share/v/17afXS2duR/
👍84🤬2
ပခုက္ကူ-ရေစကြိုလမ်းပေါ်က စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ (၂)ယောက်မျက်မြင်ထိမှန်လဲကျ

🟥စကစ ဘက်က စနိုက်ပါ၊ လောင်ချာများနဲ့ပါပြန်လည်ပစ်ခတ်တာကြောင့် ဆုတ်ခွါခဲ့ရ

BBM - ဇန်နဝါရီ ၁၈
သတင်း - မင်းသော်

ပခုက္ကူ-ရေစကြိုလမ်းပေါ်က စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ (၂)ယောက် မျက်မြင်ထိမှန်လဲကျခဲ့ပြီး စကစ ဘက်မှလည်း စနိုက်ပါ၊ လောင်ချာများနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ Golden Eagle PDFရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ရက်နေ့ နေ့လယ် ၁၂နာရီခွဲလောက်မှာ ပခုက္ကူမြို့၊ စက်မှုဇုန်ရှိ ပခုက္ကူ-ရေစကြိုလမ်းပေါ်က ဆက်ကြေးကောက်နေတဲ့ စစ်သား၊ရဲ၊ ပျူသောထီးများရှိရာ ဂိတ်ကို တော်လှန်ရေးအဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုအတွင်း စကစ ဘက်က (၂)ယောက်လဲကျခဲ့တာကို မျက်မြင်တွေ့ရပြီး (၄)ယောက်ထက်မနည်းလည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး စနိုက်ပါများ၊ ၄၀မမ ဗုံးသီးလောင်ချာများနဲ့ ပြန်လည်ပစ်ခတ်တဲ့အပြင် မြို့ရှောင်လမ်းဆုံမှ စစ်သားများရောက်လာတာကြောင့် အထိခိုက်မရှိ အချိန်မှီပြန်လည် ဆုတ်ခွါခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Golden Eagle PDF နဲ့အညာဧရာဝတီတော်လှန်ရေးအင်အားစု(AARF)၊ ပခုက္ကူခရိုင် အမှတ်(၁၆)တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ရန်သူရှိရာနေရာများကို ဆက်လက်တိုက်ခိုက်သွားဦးမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ ရန်သူများနဲ့ ဝေးဝေးနေကြရန် မေတ္တာရပ်ခံကြောင်း Golden Eagle PDFမှ ထုတ်ပြန်ထားပါတယ်။

Video-Golden Eagle PDF

#bbm #bbmnews #PDF #ပခုက္ကူ #GoldenEagle #UpdateNews
https://www.facebook.com/share/r/1DpfNU5qvz/
👍14
မြိုင်မြို့နယ်ရှိ စကစ စခန်းကို ၆၀မမနဲ့ တိုက်ခိုက်တဲ့ရုပ်သံကို Salingyi Revolution Armyထုတ်ပြန်

BBM - ဇန်နဝါရီလ ၁၈
သတင်း -ကိုဘုဏ်း

မကွေးတိုင်း၊မြိုင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီစခန်းကို ၆၀မမ လက်နက်ကြီးများနဲ့ သွားရောက် တိုက်ခိုက်ခဲ့တဲ့ ရုပ်သံVideo ကို Salingyi Revolution Army က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ရက်နဲ့ ၁၄ ရက်တို့မှာ မြိုင်
မြို့နယ်အတွင်းမှာရှိတဲ့ စစ်တပ်စခန်းကိုရဲဘော်များက ၆၀ မမ လက်နက်ကြီးများနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်။

အဆိုပါတိုက်ခိုက်မူ့ကို Salingyi Revolution Army (S.R.A)တပ်ဖွဲ့မှ ရဲဘော်များကတိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။

Video-Salingyi Revolution Army (S.R.A)

#bbm #bbmnews #Myaing #Magway #UpdateNews #Myanmar
https://www.facebook.com/share/r/17mkHquRB1/
👍14
NUGလက်အောက်ခံ ပုလဲမြို့နယ်စစ်ကြောင်း (Unity Column)ရဲ့စစ်ရေးပြအခမ်းအနား ကျင်းပပြုလုပ်ခဲ့

BBM - ဇန်နဝါရီလ ၁၈
သတင်း - ကိုဘုဏ်း

စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင် ၊ပုလဲမြို့နယ်စစ်ကြောင်း(Unity Column)ရဲ့စစ်ရေးပြအခမ်းအနားကို ဇန်နဝါရီလ ၁၅ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါစစ်ကြောင်းကထုတ်ပြန်ထားပါတယ်။

အဆိုပါစစ်ကြောင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းတိုင်းစစ်ဌာန၊ယင်းမာပင်ခရိုင်စစ်ဌာန ၊ပုလဲမြို့နယ်ရဲ့စစ်ကြောင်းတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ပုလဲမြိုနယ်အတွင်းအခြေပြုလူပ်ရှားနေတဲ့ ယင်းမာပင်ခရိုင် အမှတ် (၆၊၁၀၊ ၁၂၊၃၈)တပ်ရင်း ၄ ရင်းတို့နဲ့ကနဦးစုဖွဲ့ထားပြီး
အမျိုးသားညီညွတ်ရေးအစိုးရရဲ့လမ်းညွန်ချက်နဲ့အညီ စည်းလုံးညီညွတ်ခြင်း၊စုဖွဲ့ကျစ်လစ်ခြင်း၊စည်းကမ်းပြည့်ဝခြင်း၊တိုက်ပွဲဝင်နိုင်ခြင်းအစရှိတဲ့ ထင်းစည်းပမာ ထုထည်ကြီးမားတဲ့စုဖွဲ့မူ့တစ်ရပ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါတင်မက ပုလဲမြို့နယ်စစ်ကြောင်း(Unity Column)ဟာစစ်အာဏာရှင်အမြစ်ဖျက်ချေမူန်းရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ရရှိရေးအတွက် ညီနောင်မဟာမိတ်များနဲ့ အဆုံးထိတိုက်ပွဲဝင်မှာဖြစ်ပြီး မိဘပြည်သူများအနေနဲ့လည်း ပုလဲမြို့နယ်စစ်ကြောင်း(Unity Column)ရဲ့စုဖွဲ့မူ့အပေါ်ဆက်လက်ပြီးဝန်းရံထောက်ပံ့ပေးကြဖို့ကိုလည်းအဆိုပါစစ်ကြောင်းကတိုက်တွန်းနိုးဆော်ထားပါတယ်။

Video-Unity Column

#bbm #bbmnews #UnityColumn #UpdateNews
https://www.facebook.com/share/v/16stwTZDgx/
👍121
ချောင်းဦးမြို့မှာ စစ်ကောင်စီတပ်ရဲ့ မဲရုံတွေနဲ့ စခန်းတွေကို ၆၀မမ လက်နက်ကြီးနဲ့အပြင် ဒရုန်းနဲ့ပါ ဗုံးကြဲချတိုက်ခိုက်ခဲ့

BBM -ဇန်နဝါရီ ၁၉
သတင်း - Richard

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ စခန်းတွေနဲ့ မဲရုံတွေကို ၆၀မမ လက်နက်ကြီးနဲ့အပြင် ဒရုန်းနဲ့ပါ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Thanlarwaddy Column - BLDFက ထုတ်ပြန်ထားပါတယ်။

ဇန်န၀ါရီလ ၁၀ရက်နေ့ ညနေပိုင်းက ချောင်းဦး‌မြို့ပေါ်က အဆိုပါ စခန်းတွေနဲ့ မဲရုံတွေကို ၆၀မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ဒါ့အပြင် ဇန်နဝါရီလ ၁၁ရက်နေ့မှာလည်း ၆၀မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို တိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီတပ်ဘက်က အထိအခိုက်အသေဆုံးများနိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်တိုက်လိုက်မှုကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF ( စစ်ဒေသ - ၃) မှ ဦးဆောင်ပြီး မဟာမိတ်အဖွဲ့များဖြစ်ကြတဲ့ မုံရွာခရိုင်တပ်ရင်း ၄ - ခွဲ (၂) ၊ မုံရွာခရိုင်ပကဖ (ရေနဂါး) တို့ ပူးပေါင်းကာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Video - Thanlarwaddy Column - BLDF

#bbmnews #bbm #bbmtv #ThanlarwaddyColumn #BLDF
https://www.facebook.com/share/v/1AaKxYFutj/
👍14