3.48K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်တဲ့ အမှုကို ဂမ်ဘီယာက သက်သေမပြနိုင်ကြောင်း ကမ္ဘာ့တရားရုံးကို ဦးကိုကိုလှိုင် ငြင်းဆို

BBM - ဇန်နဝါရီ ၁၇

စစ်ကောင်စီက ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးမှာ လူနည်းစု မွတ်စလင် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ဂမ်ဘီယာက သက်သေမပြနိုင်ကြောင်း ပြန်လည် ချေပခဲ့ပါတယ်။

မွတ်စလင်နိုင်ငံဖြစ်တဲ့ ဂမ်ဘီယာဟာ ၂၀၁၉ ခုနှစ်မှာ အဆိုပါ အမှုကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ တင်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၃ရက်နေ့မှာ အနောက်အာဖရိကနိုင်ငံတွေက မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို နှိမ်နှင်းဖို့ ပစ်မှတ်ထားခဲ့ကြောင်း တရားရုံးကို ပြောကြားခဲ့ပြီး အဆိုပါ စွပ်စွဲချက်တွေကို
လက်ရှိ စစ်ကောင်စီတပ်က ငြင်းဆိုခဲ့ပါတယ်။

"ဂမ်ဘီယာအနေနဲ့ သက်သေဖို့ လိုအပ်‌ပါသေးတယ်။ ဒီအမှုကို အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ မဟုတ်ဘဲ သက်သေပြနိုင်တဲ့ အချက်အလက်တွေနဲ့ ဆုံးဖြတ်သွားမှာပါ" လို့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ် ကိုကိုလှိုင်က ကမ္ဘာ့တရားရုံးလို့လည်း လူသိများတဲ့ ICJ မှာ ပြောကြားခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ဟာ အနည်းဆုံး ရိုဟင်ဂျာ ၇ သိန်း ၃ သောင်း ကို သူတို့ရဲ့ နေအိမ်တွေကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အတင်းအကျပ် တွန်းပို့ခဲ့တဲ့ ထိုးစစ်ဆင်မှုတစ်ခု စတင်ခဲ့ပါတယ်။

ဒါ့အပြင် သတ်ဖြတ်မှုတွေ၊ အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်မှုတွေနဲ့ မီးရှို့မှုတွေပါ၀င်ပါတယ်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်တစ်ခုက ၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုမှာ "လူမျိုးတုံးသတ်ဖြတ်မှု လုပ်ရပ်တွေ" ပါဝင်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

ဦးကိုကိုလှိုင်က မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ငြင်းဆိုခဲ့ပြီး အဆိုပါ ထိုးစစ်ဆင်မှုတွေဟာ မွတ်စလင်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ တရားဝင် အကြမ်းဖက်မှုတန်ပြန်စစ်ဆင်ရေးတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်ဟာ ယုံကြည်စိတ်ချရမှုမရှိဘူးလို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဂမ်ဘီယာနိုင်ငံမှ ရှေ့နေတွေက အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ရိုဟင်ဂျာအရပ်သားထောင်ပေါင်းများစွာကို မြန်မာစစ်တပ်က တိုက်ခိုက်ခဲ့တဲ့အပြင် ရွာတွေကို မီးရှို့တာဟာ အကြမ်းဖက်မှုကို တိုက်ဖျက်ရန်အတွက်သာဖြစ်တယ်ဆိုတာ ကျိုးကြောင်းဆီလျော်မှုမရှိကြောင်း တရားသူကြီးတွေကို လျှောက်ထားကြပါတယ်။

နှိမ်နင်းမှုအတွင်း အပြုအမူပုံစံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ရန် တရားဝင်လိုအပ်သော လူမျိုးတုံးသတ်ဖြတ်မှု ရည်ရွယ်ချက်ကို ညွှန်ပြနေကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွေမှ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်နေရာချထားဖို့ မြန်မာအစိုးရက ကတိကဝတ်ပြုထားပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ၊ ဆိုင်ကလုန်းနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် လက်တွေ့အကောင်အထည်မဖော်နိုင်ကြောင်း ဦးကိုကိုလှိုင်က အလေးပေးပြောခဲ့ပါတယ်။

“၂၀၁၇ ခုနှစ်ကစပြီးတော့ မြန်မာနိုင်ငံရဲ့ ကတိကဝတ်နဲ့ စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်မှုတွေဟာ ရိုဟင်ဂျာတွေကို ဖျက်ဆီးဖို့ ဒါမှမဟုတ် အတင်းအကြပ်နှင်ထုတ်ဖို့ဖြစ်တယ်ဆိုတဲ့ ဂမ်ဘီယာရဲ့ ပြောဆိုချက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ICJ ဟာ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်ပြီး နိုင်ငံအချင်းချင်းကြား အငြင်းပွားမှုတွေကို ကိုင်တွယ်ဖြေရှင်းပေးပါတယ်။

အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)မှ ထောက်ခံတဲ့ ဂမ်ဘီယာရဲ့ အမှုဟာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ICJ မှ အပြည့်အဝကြားနာနေတဲ့ ပထမဆုံးလူမျိုးတုံးသတ်ဖြတ်မှုပဲ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်ကုန်ပိုင်းမှာ နောက်ဆုံးဆုံးဖြတ်ချက်ချမှတ်ဖို့ မျှော်လင့်ရပါတယ်။

အဆိုပါ ရလဒ်ဟာ မြန်မာနိုင်ငံပြင်ပရှိ အလားတူနိုင်ငံတွေကိုပါ သက်ရောက်မှုရှိမှာဖြစ်ပါတယ်။

အဲ့ဒါကတော့ ၂၀၂၃ ခုနှစ်တုန်းက ဂါဇာမှာ အစ္စရေးက လူမျိုးတုံးသတ်ဖြတ်မှုကို တောင်ဖရိကနိုင်ငံက တရားလိုအနေနဲ့ ICJမှာ တရားစွဲထားတဲ့ အမှုပါ။

အစ္စရေးကလည်း လူမျိုးတုံးသတ်ဖြတ်မှုကို ငြင်းဆိုပြီး အစ္စရေးရှေ့နေတွေက တောင်အာဖရိကရဲ့ အမှုကို လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို အလွဲသုံးစားပြုမှုအဖြစ် ပယ်ချခဲ့ပါတယ်။

Reference-Reuters
Translator-Richard
Photos-Reuters

#bbmnews #bbm #bbmtv #rohingya #ICJ
https://www.facebook.com/share/p/1Bzg41ieTe/
🤣11👍1
မကွေးတိုင်းရှိ မြို့နယ်၃ခုမှာ စစ်ရေးတင်းမာလျက်ရှိပြီး စကစ စစ်ကြောင်းတွေနဲ့ ရဲစခန်းတွေ အတိုက်ခံနေရ

BBM-ဇန်နဝါရီ ၁၇
သတင်း-ကိုဘုဏ်း

မကွေးတိုင်း ၊ကံမမြို့နယ်၊ရေနံသာရဲစခန်းက နေကာ (၃)စီးနဲ့ထွက်လာတဲ့ အင်အား (၁၀၀)ကျော်ပါစစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တာကြောင့် ၇ဦးသေဆုံးခဲ့တယ်လို့ သရက်ခရိုင် အမှတ်၄တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၁၅ရက်နေ့က အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ကံမမြို့နယ် ပုညိုကျေးရွာမှာ ကားတွေထိုးခဲ့ပြီး ခြေလျင်စစ်ကြောင်းထိုးလာခဲ့တာပါ။

ညနေ ၃နာရီခန့်မှာ အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို
တော်လှန်ရေးတပ်ဖွဲ့တွေက စောင့်ကြိုပစ်ခတ်တိုက်ခိုက်ရာ ( ၁၀)မိနစ်ခန့်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၇ဦး သေခဲ့တယ်လို့သိရပါတယ်။

အထိနာသွားတဲ့စစ်ကောင်စီတပ်တွေဟာ တောမကုန်းကျေးရွာမှ ပြည်သူတွေ ပိုင်ဆိုင်တဲ့အဖိုးတန် ပစ္စည်းတွေကို လုယူခဲ့ကြပြီး ကျောက်စောင်းကုန်းကျေးရွာဘက်ထိ စစ်ကြောင်းထိုးလာကာ တိုက်ပွဲအတွင်း သေကြေဒဏ်ရာရခဲ့သူတွေကို ရေနံသာရဲစခန်းဘက်ကိုသယ်ပြီး ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ ပြန်လည်ဆုပ်ခွာ အထိုင်ချနေတဲ့ရေနံသာရဲစခန်းကို ည ၉နာရီခွဲမှာ ၆၀မမ ဗုံးသီး၂ခုံးနဲ့ဆက်လက်တိုက်ခိုက်ရာ စခန်းအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု တွေလည်းရှိနိုင်တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၁၅ရက်နေ့မှာပဲ စစ်ကောင်စီအင်အား၂၀၀ခန့်ဟာ သရက်မြို့နယ် ဆင်ကော်ရဲစခန်းကနေစစ်ကြောင်းထိုးလာတယ်လို့ ဆိုပါတယ်။

မင်းတုန်းမြို့နယ် ချင်းနစ်ရွာမှာ အထိုင်ချပြီးအနီးပတ်ဝန်းကျင်ရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ပြီး ကံတွင်း၊လယ်ပွ ၊လယ်ပြားကျေးရွာတွေကို ဆက်လက်စစ်ကြောင်းထိုးနေပြီး ပြည်သူတွေရဲ့ အဖိုးလက်တန်ပစ္စည်းတွေနဲ့ ဆန်စပါးတွေကို လုယူနေတယ် လို့လည်းသိရပါတယ်။

ဆက်လက်ပြီး အဆိုပါစစ်ကြောင်းဟာ မင်းတုန်းမြို့နယ်အတွင်းရှိသဖန်းကိုင်းကျေးရွာမှ နေအိမ် ၈လုံး၊ပုဇင်းဒါးကျေးရွာမှ နေအိမ် ၃၈လုံးကို PDF တွေနဲ့ ပတ်သက်တယ်လို့ ဆိုကာ မီးရှို့ခဲ့ကြပါတယ်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ သရက်မြို့နယ်အတွင်းမှာရှိတဲ့ကျေးရွ‌ာတွေကိုလည်း ဝင်ရောက်ပြီး အဖိုးတန်ပစ္စည်း‌တွေ၊ ဆန်စပါးတွေ၊ အသုံးအဆောင်ပစ္စည်းတွေကို ယူနေတယ်လို့လည်း သိရပါတယ်။

သရက်၊ကံမ၊ မင်းတုန်းမြို့နယ်တွေ အတွင်းစစ်ရေးတင်းမာလျက်ရှိတာကြောင့် ပြည်သူ‌တွေအနေနဲ့ စစ်ရေးသတိရှိကြဖို့နဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်၊ လက်နက်ကြီးရန်တွေ ကိုကာကွယ်ပြီနေကြဖို့ သရက်ခရိုင်အမှတ် ၄တပ်ရင်းက ထုတ်ပြန်ကြေငြာထားပါတယ်။

ပုံ-သရက်ခရိုင်အမှတ် ၄တပ်ရင်း

#bbmnews #bbm #bbmtv #magway #PDF
https://www.facebook.com/share/p/1BfczXsiVV/
👍162
မုဒိမ်းမှုများကျူးလွန်ထားသူ ပျူခေါင်းဆောင် လင်းထင်အပါ ပျူ ၁၀ ဦးခန့် ဒရုန်းနဲ့ဗုံးကြဲခံရပြီးသေဆုံး

BBM - ဇန်နဝါရီ ၁၇
သတင်း - ခက်ဆစ်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တွေ ခြင်းခတ်နေစဉ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁ လကျော်ဖမ်းဆီးဖို့စောင့်ဆိုင်းနေတဲ့ မုဒိမ်းမှုများ ကျူးလွန်ထားသူ ပျူခေါင်းဆောင် လင်းထင် အပါအဝင် ပျူ ၁၀ ဦး ခန့်သေဆုံးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ က ယမန်နေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဇန်နဝါရီလ ၁၅ ရက်၊ ညနေ ၅ နာရီခွဲခန့်မှာ ရေစကြို-ပခုက္ကူ ကားလမ်းဘေးရှိ ဆင်ချောင်းပျူရွာမှာ ပျူစောထီး အဖွဲ့တွေ ခြင်းခတ်နေစဉ် Drone တွေနဲ့ Drop Bomb ပေါင်းများစွာနဲ့ ကြဲချတိုက်ခိုက်ခဲ့ရာ ပျူခေါင်းဆောင် လင်းထင်(ခ)ငလင်း အပါအဝင် ပျူစောထီး ၁၀ ဦးခန့် သေဆုံးကြောင်း စုံစမ်းသိရှိရတယ်လို့ ဆိုပါတယ်။

ဆင်‌ချောင်းပျူရွာမှ ပျူခေါင်းဆောင် လင်းထင် (ခ) ငလင်း ဆိုသူမှာ ဝန်ကြီးဟောင်း စိုးမောင်ရဲ့ တူ တော်စပ်သူဖြစ်ပြီး ပြည်သူလူထုအပေါ် ပိုက်ဆံကောက်တာ၊ မိန်းကလေးငယ်တွေကို ဖမ်းဆီးမုဒိမ်းကျင့်မှုတွေ ကျူးလွန်ထားတဲ့ အချက်အလက်သက်သေတွေကိုလည်း ရရှိထားပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲတာကြောင့် ပျူစောထီး ခေါင်းဆောင် လင်းထင်(ခ)ငလင်းကို လက်ရဖမ်းစီးဖို့ ၁ လကျော်ကြာစောင့်ဆိုင်းပြီး ဝေဟင်မှ ကင်းထောက်တာ၊ မြေပြင် စနိုက်ဘာတပ်ဖွဲ့ဝင်တွေက နေ့စဥ်ကင်းထောက်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ ၁၅ ရက်၊ ညနေပိုင်းမှာ သူတို့ခြင်းခတ်နေစဥ် လက်ရဖမ်းဆီးခြင်းမပြုတော့ဘဲ Drop Bomb များချပြီး သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ရှင်းလင်းလိုက်တာကြောင့် လက်ရှိအချိန်မှာ ပျူခေါင်းဆောင် လင်းထင် ရဲ့ လက်ပါးစေ ပျူစောထီးတွေ ရှက်ရမ်းရမ်းနေတာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ သတိပြုသွားလာကြဖို့ကိုလည်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့က သတိပေးထားပါတယ်။

Photo - ရေစကြို ပကဖ

#bbmnews #bbm #bbmtv #magway #PaKaPha #PDF
https://www.facebook.com/share/p/1Hg36KxKH5/
👍13👏3
ဂရင်းလန်းကို ထိန်းချုပ်ဖို့သဘောမတူတဲ့ နိုင်ငံတွေကို အခွန်စည်းကြပ်မယ်လို့ ထရမ့် ခြိမ်းခြောက်၊ အမျိုးသားလုံခြုံရေးအတွက်လို့ ပြောကြား

BBM - ဇန်နဝါရီ၁၇

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကို အမေရိကန်က ထိန်းချုပ်ခွင့်တောင်းဆိုမှုကို မထောက်ခံတဲ့ နိုင်ငံတွေကို အခွန်တိုးကောက်ခံနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါဟာ ဒိန်းမတ်မြို့တော်မှာ တင်းမာမှုတွေ လျှော့ချဖို့ နှစ်ပါတီကွန်ဂရက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ရဲ့ ကြိုးပမ်းမှုနဲ့အတူ ဒီသတင်းစကား ထွက်ပေါ်လာခဲ့တာပါ။

ဇန်နဝါရီလမှာ ထရမ့် အိမ်ဖြူတော်ပြန်ရောက်လာပြီးကတည်းက နေတိုးမဟာမိတ် ဒိန်းမတ်ရဲ့ တစ်စိတ်တစ်ပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်တဲ့ ဂရင်းလန်းကို အမေရိကန်က ထိန်းချုပ်သင့်တယ်လို့ အကြိမ်ကြိမ် အခိုင်အမာပြောဆိုခဲ့ပြီး အာတိတ်ကျွန်းကို အမေရိကန်လက်ထဲမှာပဲ ထားသင့်တယ်လို့ ဒီအပတ်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီလ ၁၆ရက်‌နေ့က အိမ်ဖြူတော်မှာ ကျင်းပတဲ့ပွဲတစ်ခုမှာ ပြောကြားခဲ့ပြီးတော့ လက်မခံရင် ဥရောပမဟာမိတ်တွေအပေါ် ဆေးဝါးခွန်တွေ တိုးကောက်မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။

“ဂရင်းလန်းကို ထိန်းချုပ်ဖို့ သဘောမတူတဲ့ နိုင်ငံတွေအပေါ် အခွန်ကောက်ခံနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်း ကို လိုအပ်လို့ပါ”လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

ထရမ့်က ဂရင်းလန်းကျွန်းဟာ
အမေရိကန်ရဲ့ မဟာဗျူဟာကျတဲ့နေရာဖြစ်တဲ့အပြင်
သတ္တုဓာတ်ပေါကြွယ်၀မှု‌ကြောင့် အမေရိကန်လုံခြုံရေးအတွက် အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။

နောက်ပိုင်းမှာ ထရမ့်ဟာ ဂရင်းလန်း ကို ထိန်းချုပ်လိုတဲ့ အကြောင်းအရင်းတွေကို ထပ်မံအတည်ပြုခဲ့ပြီး ကျွန်းနဲ့ပတ်သက်ပြီး NATO နဲ့ ဆွေးနွေးနေကြောင်း ပြောကြားခဲ့ပါတယ်။

“အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်း ကို ကျွန်တော်တို့ အလွန်လိုအပ်ပါတယ်။ ကျွန်တော်တို့မှာ အဲဒါမရှိရင် အမျိုးသားလုံခြုံရေးမှာ အားနည်းချက်ကြီးတစ်ခုရှိပါလိမ့်တယ်၊ အထူးသဖြင့် Golden Dome နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လုပ်ဆောင်နေတဲ့အရာတွေနဲ့ ပတ်သက်လာရင်ပေါ့” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Reference-Al Jazeera
Translator-Richard
Photos-AP News

#bbmnews #bbm #bbmtv #trump #greenland #greenlandpioneer
https://www.facebook.com/share/p/182LmCudUR/
👍125
အမေရိကန်အနေနှင့် ကျူးဘားအပေါ် ခြိမ်းခြောက်မှုတွေကို လက်ခံနိုင်စရာမရှိဟု ရုရှားဆို

BBM - ဇန်နဝါရီ ၁၇

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟာဗားနားကို အချိန်မနှောင်းမီ သဘောတူညီချက်တစ်ခု ပြုလုပ်ဖို့ ပြောကြားပြီးနောက် ကျူးဘားအပေါ် ခြိမ်းခြောက်မှုတွေဟာ လက်ခံနိုင်စရာမရှိကြောင်း ရုရှားက ဇန်နဝါဂီလ ၁၅ရက် ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

“လက်တင်အမေရိကနဲ့ ကာရစ်ဘီယံဒေသရှိ အခြေအနေကို ကျွန်မတို့ အနီးကပ် စောင့်ကြည့်နေပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဆွေဖြစ်တဲ့ ကျူးဘားသမ္မတနိုင်ငံအပေါ် တင်းမာမှုတွေ တိုးပွားလာတာနဲ့ ရန်လိုတဲ့ စကားတွေ မြင့်တက်လာတဲ့အပေါ် စိုးရိမ်မိပါတယ်”လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ပြောကြားခဲ့ပါတယ်။

"ခြိမ်းခြောက်မှုတွေကို လုံးဝလက်မခံနိုင်စရာမရှိဘူးလို့ ကျွန်မတို့ ယုံကြည်ပါတယ်၊ အထူးသဖြင့် လွတ်လပ်တဲ့ကျွန်းကအစိုးရနဲ့ ပြည်သူတွေအပေါ် လွတ်ခဲ့တဲ့ဆယ်စုနှစ်များစွာကတည်းက ပိတ်ဆို့မှုတွေရဲ့ဒဏ်ခံနေရတဲ့ ကျွန်းနဲ့ ပတ်သက်ပြီးပေါ့။”လို့ သူမက ထပ်လောင်း‌ပြောကြားခဲ့ပါတယ်။

Reference-Reuters
Translator-Richard
https://www.facebook.com/share/p/17HhjenPuu/
👍10🤣2
ကံတလူတိုးဂိတ်ကို တပ်မ ၃၃ မှ အရာရှိများစစ်ဆေးနေစဥ် ကင်းယူပေးထားတဲ့ စကစတွေကို မိုင်းဆွဲတိုက်ခိုက်

🟥အဆိုပါဂိတ်သို့ တပ်မ(၃၃)မှ (၁၂)ဘီးကားဖြင့် စစ်ကူများ ထပ်မံပို့ဆောင်ထား

BBM - ဇန်နဝါရီ ၁၇
သတင်း - မင်းသော်

တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကိုင်း ကံတလူဂိတ်ကို စစ်ကောင်စီရဲ့တပ်မ(၃၃)မှ အရာရှိများက လာရောက်စစ်ဆေးနေစဥ် ၎င်းတို့ကို ကင်းယူပေးထားတဲ့ စကစများအား တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့(စစ်ကိုင်း)ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ကံတလူတိုးဂိတ်မှာပဲ စကစ များက ပလက်စတစ်ထိုင်ခံများနဲ့ ဂိတ်ကြေးကောက်နေပြီး တပ်မ(၃၃)မှ အရာရှိတွေပါဝင်တဲ့ အိမ်စီးကား (၇)စီးဖြင့် အဆိုပါဂိတ်ကို လာရောက်စစ်ဆေးနေစဥ် ဇန်နဝါရီလ ၁၇ ရက်(ဒီနေ့)မှာ ကင်းယူနေတဲ့ စစ်သားတွေကို မိုင်းဖြင့်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုတိုက်ခိုက်မှုကြောင့် ငွေကြေးကောက်ခံနေတဲ့ စစ်သားများက ထွက်ပြေးသွားပြီး ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေက လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့သလို အရာရှိတွေကလည်း ကား(၂)စီးနဲ့ စစ်ကိုင်းမြို့ဘက်ကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုတွေရှိနိုင်ပြီး နောက်ထပ်လည်း ကံတလူဂိတ်ကို ၁၂ ဘီးကားတွေနဲ့ အင်အားအပြည့်ပို့ဆောင်ထားတယ်လို့ လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့(စစ်ကိုင်း)က ထုတ်ပြန်ထားပါတယ်။

Photo-ပုံဟောင်း

#bbm #bbmnews #Sagaing #PDF #UpdateNews #Myanmar
https://www.facebook.com/share/p/1GMvVPMxYB/
👍152
ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲပြန်ဖြစ်နေ

🟥စစ်တပ်ဘက်က အရပ်သားပစ်မှတ်တွေကိုပါ ဒရုန်းနဲ့တိုက်ခိုက်မှုရှိ

BBM - ဇန်နဝါရီ ၁၇
သတင်း - ကိုဟန်

မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်းကို စစ်တပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ တော်လှန်ရေးတပ်တွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက် အင်အား ၂၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ခုခွဲပြီး ရေးမြို့နယ် မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီထဲက အင်အားတစ်ရာပါတဲ့ စစ်ကြောင်းဟာ ရေးမြို့နယ် အောင်သပြေကျေးရွာအရောက်မှာ တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ အဲဒီနယ်မြေမှာလှုပ်ရှားတဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးက BBM ကို ပြောပါတယ်။

“အောင်သပြေဘက်က ဝင်လာတဲ့ စစ်ကြောင်းနဲ့ ထိတွေ့မှု ဖြစ်တာ၊ တိုက်ပွဲက အရမ်းမကြာပေမဲ့ ထိခိုက်မှုရှိတယ်”လို့ ပြောပါတယ။

နှစ်ဖက်တိုက်ပွဲကြောင့် စစ်ကောင်စီတပ်ဘက်က ၃ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး တော်လှန်ရေးပူးပေါင်း တပ်ဘက်ကလည်း တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို သိရှိနိုင်ဖို့ တိုက်ပွဲမှာ ပါဝင်တဲ့ အဖွဲ့တချို့ရဲ့ ပြောရေးဆိုခွင့် ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ သတင်းထုတ်ပြန်ပြီးမှသာ ဖြေကြားပေးမယ်လို့ BBMကို အကြောင်းပြန်ခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြန်လည်ဆုတ်ခွာ သွားခြင်းမရှိသေးဘဲ နောက်ထပ်စစ်ကြောင်းတစ်ခုနဲ့အတူ အောင်သပြေကျေးရွာအနီးတဝိုက်မှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

“တပ်စွဲထားသေးတယ်၊ ဒီဘက်ကို အတင်းတိုးဝင်လာဖို့ လုပ်နေသလိုလို ရှိနေပေမဲ့ တကယ်တမ်းက မဝင်ဘဲနဲ့ အရိပ်အယောင်ပြပြီး နယ်မြေစိုးမိုးမှု ရယူနေတဲ့သဘောထင်တယ်” လို့ အထက်ပါရဲဘော်က ဆက်ပြောပါတယ်။

အောင်သပြေကျေးရွာအနားတဝိုက်မှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ကျေးရွာထဲ ဝင်ရောက်လာပြီး ဒေသခံတွေကို ဖမ်းဆီးတာ၊ လူသားဒိုင်းအသုံးပြုတာနဲ့ ပေါ်တာဆွဲမှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ရွေးကောက်ပွဲကာလမတိုင်ခင်ကတည်းက အင်အားထောင်ချီအသုံးပြုပြီး မော်လမြိုင်-ရေး အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်းအပါအဝင် အဲဒီနယ်မြေတလျှောက်ကို ပြန်လည်ရယူနိုင်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား မကြာခဏတိုက်ပွဲဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း ရေးမြို့နယ်နဲ့ ကပ်လျှက် ရေဖြူမြို့နယ် သာယာမွန်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“အဲဒီရွာ(အောင်သပြေကျေးရွာ)ဘက်တော့ မသွားရဲကြဘူး၊ တိုက်ပွဲခဏခဏ ဖြစ်နေတော့လေ အခုတလော တိုက်ပွဲက ဖြစ်တာနည်းသွားတယ်၊ ပြန်ဖြစ်လာပြန်ပြီးလေ၊ စစ်သားတွေက စစ်ကြောင်းထိုးနေတာက မလျှော့ကျသွားဘူး၊ သူတို့ရှိနေတော့ ရွာသွား တွေ ဖမ်းခံရမှာ ကြောက်တော့ ခြံထဲတောင် မသွားရဲကြဘူး” မော်လမြိုင်မြို့မှာ စစ်ဘေးရှောင်နေတဲ့ အောင်သပြေကျေးရွာဒေသခံတဦးက ပြောပါတယ်။

ဒီလိုမျိုး နှစ်ဖက်စစ်ရေးပြင်းထန်လာမှုနဲ့အတူ အရပ်သားထိခိုက်သေဆုံးမှုလည်း မြင့်တက်နေသလို စစ်တပ်က လည်း အရပ်သားပစ်မှတ်ပါမကျန် ဒရုန်း၊ လက်နက်ကြီးပစ်ခတ်မှုတွေ အရှိန်မြင့်လုပ်ဆောင်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြထားပါတယ်။

ဓါတ်ပုံ - MSRF ၊ တော်လှန်ရေးပူးပေါင်းတပ်
ပုံစာ - တော်လှန်ရေးတပ်ဖွဲ့ဝင်များ

#bbm #bbmnews #Mon #Ye #MSRF #UpdateNews #Myanmar
https://www.facebook.com/share/p/18GLUdfV1T/
👍12
အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က တပ်ခွဲအလိုက် မွမ်းမံသင်တန်းဆင်းပွဲပြုလုပ်ခဲ့

BBM - ဇန်နဝါရီလ ၁၇
သတင်း - ကိုဘုဏ်း

အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အမှတ်(၁၀၀၉)တပ်ရင်း က နောက်တန်းပြန်လာသောတပ်ခွဲများကို မွမ်းမံသင်တန်းများပေးပြီးနောက် သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း (၁၀၀၉)အနေနဲ့ "တိုက်ရင်းလေ့ကျင့် လေ့ကျင်းရင်းတိုက်"ဆိုသလို နောက်တန်းပြန်ရောက်လာတဲ့ တပ်ခွဲများကို တပ်ခွဲအလိုက် မွမ်းမံသင်တန်းတွေဖွင့်လှစ်ပြီးနောက် ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့မှာ သင်တန်းဆင်းပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တစ်ဖက်က စစ်ကောင်စီရဲ့ ထိုးစစ်များကို ခုခံကာကွယ်နေသလို အခြားတစ်ဖက်မှာလည်းတပ်တည်ဆောက်ရေးမူဝါဒ(၅)ချက်နဲ့ စနစ်တကျတပ်ကိုတည်ဆောက်လျက်ရှိတယ်လို့သိရပါတယ်။

အဆိုပါ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁၀၀၉)ဟာ အင်းလေးဒေသကိုအခြေခံပြီးဖွဲ့စည်းထားတဲ့တပ်တစ်တပ်ဖြစ်သလို စစ်စည်းကမ်းကောင်းသော၊လေ့ကျင့်ရေးပြည့်ဝသော၊တိုက်ပွဲဝင်စိတ်ပြင်းထန်သော၊ပြည်သူလူထုအားကိုးယုံကြည်ရသောတပ်တစ်တပ်အဖြစ်
တည်ဆောက်ရင်း စစ်အာဏာရှင်စနစ်ကိုအမြစ်
ပြတ်ချေမူန်းနိုင်ရေးအတွက် ဆက်လက်လျှောက် လှမ်းနေတယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။

Video-အင်းလေးပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၁၀၀၉

#bbm #bbmnews #အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #UpdateNews
https://www.facebook.com/share/v/16ucetTVqG/
👍121
အရာတော်မြို့နယ်အတွင်း မူကြိုကျောင်းကို
တိုက်လေယာဥ်ဖြင့်ဗုံးကြဲမှုကြောင့် ကလေးငယ်၁ဦးနဲ့ အမျိုးသမီး၁ဦးသေဆုံး

BBM-ဇန်နဝါရီ၁၇
သတင်း-မင်းသော်

စစ်ကိုင်းတိုင်းအရာတော်မြို့နယ်အတွင်းက မူကြိုကျောင်းတစ်ကျောင်းကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်၁ဦးနဲ့ အမျိုးသမီး၁ဦးတို့သေဆုံးခဲ့တယ်လို့ Northwest Plains Revolutionary Forces-NPRFရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇန်နဝါရီလ၁၇ရက်နေ့ နေ့လယ်၁ နာရီခွဲလောက်မှာ အရာတော်မြို့နယ်၊ ကန်ရင်းကျေးရွာအတွင်းမှာရှိတဲ့ မူကြိုကျောင်းတစ်ခုကို တံတားဦးလေတပ်မှလာတဲ့ တိုက်လေယာဥ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ကနဦး ကလေးငယ်(၁)ဦးနဲ့ အမျိုးသမီး(၁)ဦးသေဆုံးခဲ့ရကာ အမြောက်
အများထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆိုပါနယ်မြေဟာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လာရောက်ကြဲချခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

Video-Northwest Plains Revolutionary Forces-NPRF

#bbmnews #bbm #bbmtv #sagaing #MDY
https://www.facebook.com/share/v/17xRwcqRvZ/
🤬12😢2👎1
ဆန္ဒပြပွဲများတွင် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရခြင်း၏ နောက်ကွယ်တွင် အမေရိကန်နှင့် အစ္စရေးတို့ ရှိနေကြောင်း အီရန်ခေါင်းဆောင် ခါမေနီ ပြောကြား

BBM - ဇန်နဝါရီ ၁၈

အီရန်နိုင်ငံရဲ့ အထွတ်အထိပ်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက နိုင်ငံအတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း လူ "ထောင်ပေါင်းများစွာ" သေဆုံးရတာဟာ အမေရိကန်၊ အစ္စရေးတို့နဲ့ ဆက်စပ်ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်နိုင်ငံမှာ နှစ်ပတ်ကျော်ကြာ ပြင်းထန်စွာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း "အစ္စရေး၊ အမေရိကန်တို့နဲ့ ဆက်စပ်နေတဲ့ သူတွေကြောင့် ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေပြီး ထောင်ပေါင်းများစွာ သေဆုံးခဲ့တယ်" လို့ ခါမေနီက ဇန်န၀ါရီလ ၁၇ရက် စနေနေ့က ပြောကြားခဲ့ပါတယ်။

သူက နှစ်နိုင်ငံဟာ အကြမ်းဖက်မှုမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို “ရာဇဝတ်သား” လို့ ဖော်ပြခဲ့ပါတယ်။ “နောက်ဆုံး အီရန်ဆန့်ကျင်ရေး ပုန်ကန်မှုဟာ အမေရိကန်သမ္မတကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့တာနဲ့ ကွာခြားပါတယ်” လို့ အီရန်နိုင်ငံပိုင် မီဒီယာက သူ့စကားကို ကိုးကားဖော်ပြခဲ့ပါတယ်။

အီရန်အာဏာပိုင်တွေဟာ မငြိမ်မသက်မှုအတွက် ပြည်ပအင်အားကြီးနိုင်ငံတွေကို လက်ညှိုးထိုးပြောဆိုလာခဲ့ပြီး အရင်ကတည်းက ပထဝီနိုင်ငံရေးပြိုင်ဘက်တွေဖြစ်တဲ့
အစ္စရေးနဲ့ အမေရိကန်ဟာ မြေပြင်မှာ စစ်ဆင်ရေးတွေကို ညွှန်ကြားနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

အဆိုပါ အကျိုးဆက်တွေနဲ့ ပက်သက်ပြီး တာ၀န်ယူရလိမ့်မယ်လို့ ခါမေနီက သတိပေးခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ နိုင်ငံကို စစ်ပွဲထဲ ဆွဲမသွင်းပါဘူး၊ ဒါပေမယ့် ပြည်တွင်းနဲ့ နိုင်ငံတကာက ရာဇဝတ်သားတွေကိုတော့ အပြစ်မပေးဘဲ လွှတ်မထားပါဘူး” လို့ သူက ပြောပါတယ်။

Reference-Al Jazeera
Translator-Richard
Photo - Al Jazeera

#bbmnews #bbm #bbmtv #USA #Iran
https://www.facebook.com/share/p/17tLxbUe4c/
👍10🤣3
အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့် အစီအစဉ်ကို မီဇိုရမ်အဖွဲ့အစည်းတွေက အိုင်ဇောလ်မှာ ဆန္ဒပြကန့်ကွက်

BBM-ဇန်နဝါရီ ၁၇
သတင်း-ကိုအိုက်

အိန္ဒိယ ဗဟိုအစိုးရရဲ့ အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့် အစီအစဉ်ကို မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ မီဇိုရမ်အခြေစိုက် အဖွဲ့အစည်းတွေက ကန့်ကွက် ဆန္ဒ ဖော်ထုတ်ခဲ့ကြတယ်လို့ မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်တွေဆီက သိရပါတယ်။

ဇိုမျိုးနွယ်စုများ ပြန်လည်ပေါင်းစည်းရေး (ZORO) နဲ့ မီဇိုးကျောင်းသားသမဂ္ဂ (MZP) တို့က ဦးဆောင်ပြီး မနေ့ ဇန်နဝါရီ ၁၆ ရက် နံနက် ၁၁ နာရီအချိန်မှာ အိုင်ဇောလ်မြို့ရှိ Vanapa Hall ရှေ့မှာ ဆန္ဒဖော်ထုတ်ကြတာဖြစ်ပါတယ်။

အဲဒီအဖွဲ့တာဝန်ရှိသူတွေနဲ့ မီဇိုရမ်ပြည်သူတွေ ငြိမ်းချမ်းစွာ စုရုံးပြီး နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်မည့် အစီအစဉ်ဟာ သွေးသားညီအစ်ကိုတွေ ဖြစ်ကြတဲ့ ဇိုနဲ့ ချင်း လူမျိုး တွေကို ပိုင်းခြားဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်လို့ ဆန္ဒဖော်ထုတ်တာပါ။

"ဘုရားသခင်ပေးထားတဲ့ ဒီမြေပေါ်မှာ ဇိုနဲ့ ချင်းလူမျိုးတွေ တစ်စုတစ်စည်းပြန်လည်ပေါင်းစည်းနေထိုင်ဖို့ မျှော်လင့်နေချိန်မှာ မိမိတို့ကို ဝေးကွာစေမယ့် နယ်စပ် အုတ်တံတိုင်း တည်ဆောက်မှုကို လုံးဝ လက်မခံနိုင်ဘူး။"လို့ မီဇိုးကျောင်းသားသမဂ္ဂ (MZP) ရဲ့ ဥက္ကဌ Dr. C.Lalremruata က ပြောကြားခဲ့ပါတယ်။

ဒါ့ကြောင့် အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုး ခတ်မည့်အစီစဥ်ကို ချက်ချင်းပြန်လည်ရုပ်သိမ်းပေးဖို့ Dr. C. Lalremruata က တောင်းဆိုထားပါတယ်။

ဆန္ဒပြပွဲမှာ လာရောက်ကြတဲ့ မီဇိုရမ်ပြည်သူတွေကလည်း ချင်းပြည်နယ်နဲ့ မီဇိုရမ်ပြည်နယ် နယ်စပ်ခြံစည်းရိုး ခတ်မည့်အစီအစဉ် အလိုမရှိကြောင်း ဇို နဲ့ ချင်း လူမျိုးတွေကို ပိုင်းခြားခြင်းကို ဆက်လက် ဆန့်ကျင်သွားမယ်လို့ ပြိုင်တူ ကြွေးကြော်ခဲ့ပါတယ်။

အဲဒီ ဆန္ဒပြမှုဟာ ထိရောက်မှု မရှိပါက အိန္ဒိယဗဟိုအစိုးရရဲ့ ဆောင်ရွက်ချက်တွေ အဆုံးစွန်ထိ ဆက်လက်ဆန့်ကျင်သွားမယ်လို့ မီဇိုးကျောင်းသားသမဂ္ဂ နဲ့ ဇိုမျိုးနွယ်စုများ ပြန်လည်ပေါင်းစည်းရေးအဖွဲ့က အသိပေးထားပါသေးတယ်။

အိန္ဒိယဗဟိုအစိုးရဟာ နှစ်နိုင်ငံလွတ်လပ်စွာ သွားလာခွင့်စနစ် (FMR) ကို ဖျက်သိမ်းပြီးနောက် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးခတ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ပုံ - လူမှုကွန်ရက်

#bbmnews #bbm #bbmtv
https://www.facebook.com/share/p/1bGe56uFF2/
👍16
သထုံမြို့နယ် တက်တူကုန်းရွာ နေအိမ်၊ စျေးဆိုင်တွေကို စကစ ဖျက်ဆီးခိုးယူပြီး အရပ်သားတဦးကို ညှင်းပန်းနှိပ်စက်

BBM - ဇန်နဝါရီ ၁၈
သတင်း - ခက်ဆစ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကဒီပုကျေးရွာအုပ်စု၊ တက်တူကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်နဲ့ စျေးဆိုင်တွေကို ဖျက်ဆီးခဲ့တဲ့အပြင် အရပ်သား တစ်ဦးကို ဖမ်းဆီးချုပ်နှောင် ညှင်းပန်းနှိပ်စက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီနေ့ ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်၊ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်မှာ စစ်ကောင်စီတပ်ဟာ တက်တူကုန်းရွာကို ဝင်ရောက်တပ်စွဲခဲ့ပြီးနောက် ကျေးရွာနေ ဒေါ်မိုးမိုးဝင်း၊ အသက် ၄၃ နှစ်ရဲ့ နေအိမ်တံခါးကိုဖျက်ဆီးခဲ့ပြီးအသုံးအဆောင်ပစ္စည်း တချို့နဲ့ စျေးဆိုင်ပစ္စည်းတွေအပါအဝင် ငွေကျပ်တစ်သိန်းကိုလည်း ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာ စစ်ကောင်စီတပ်ဟာ အဆိုပါကျေးရွာနေ ဒေါ်မြရှင် အသက် ၇၇ နှစ်ရဲ့ နေအိမ်အသုံးဆောင်ပစ္စည်းအချို့နဲ့ ငွေနှစ်သိန်းယူဆောင်ခဲ့သလို ဦးသာဒွန်း၊ အသက် (၄၇)နှစ်ရဲ့ နေအိမ်ကိုလည်း ဖောက်ထွင်းဝင်ရောက်ပြီး အသုံးဆောင်ပစ္စည်းတွေနဲ့ ဆိုင်ကယ်တစ်စီးယူဆောင်ခဲ့တဲ့အပြင် ဦးအောင်သက်ဝင်း၊ အသက်(၅၇)နှစ်ရဲ့ နေအိမ်တံခါးကိုလည်းဖျက်ဆီးပြီး အသုံးအဆောင်ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ သိရပါတယ်။

အလားတူ စစ်ကောင်စီတပ်ဟာ တက်တူကုန်းရွာနေ ဒေါ်ခင်နှင်းသက် အသက်(၅၆)နှစ်၊ ဒေါ်ကြည်အေး အသက်(၅၆)နှစ်၊ ဦးဘဂျမ်း အသက်(၄၇) နှစ်တို့ရဲ့ နေအိမ်တွေကို စီးနင်းဝင်ရောက်ပြီး အိမ်အသုံးဆောင်ပစ္စည်းတွေယူဆောင်သွားသလို ဒေါ်ရင်ဌေး အသက်(၆၇)နှစ်ရဲ့ အိမ်ဆောက်ပစ္စည်းတွေနဲ့ အိမ်အသုံးဆောင်ပစ္စည်းတွေကိုလည်း ယူဆောင်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အမတ ၃၁၄ မှလည်း လက်နက်ကြီး ပစ်ခတ်ခဲ့ရာ တက်တူကုန်းရွာအတွင်းကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေါ်သန်းလှ အသက်(၇၇)နှစ်ရဲ့ နေအိမ်တစ်လုံးထိခိုက်ပျက်စီးခဲ့ပြီး တပ်စွဲနေစဉ်အတွင်း ကဒီပုရွာသစ်နေ စောချစ်သူ အသက်(၃၈) နှစ်ကိုလည်း ဖမ်းဆီးချုပ်နှောင်ထားပြီး ရိုက်နှက် ညှင်းပန်းနှိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ တက်တူကုန်းရွာအတွင်းမှာ ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၁၂ ရက်အထိ တပ်စွဲခဲ့ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဇန်နဝါရီလ ၁၃ ရက်မှာ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ KNU က အသိပေးထားတာ ဖြစ်ပါတယ်။

Photo - KNU

#bbmnews #bbm #bbmtv #mon #thahton
https://www.facebook.com/share/p/1Hms4SRaue/
🤬9👍2
စစ်မျက်နှာ ၅ ခုမှာ ထိုးစစ်အရှိိန်မြှင့်လာတဲ့ AA နဲ့ စကခမှူးတွေပါ ကျဆုံးမှုတွေရှိနေတဲ့ ပဲခူးအစပ်တိုက်ပွဲ (ဆောင်းပါးရုပ်သံ)

အာရက္ခတပ်တော် AA ဟာ ၂၀၂၆ နှစ်သစ်ကို ရောက်ရှိလာတာနဲ့အမျှ တိုက်ပွဲတွေမှာလည်း ရခိုင်၊ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတိုင်းတွေမှာ အရင်ကထက် ထိုးစစ်အရှိိန်မြှင့်တင်လာနေတာကို တွေ့ရပါတယ်။

ရခိုင်စစ်မျက်နှာတွေ ဖြစ်ကြတဲ့ ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ဟာ နှစ်ဖက်စစ်ဆိုင်းနေကြတဲ့ အခြေအနေတွေကနေ AA ကတော့ စစ်ရေးဗျူဟာသစ်ထပ်မံပြောင်းလဲကာ ထိုးစစ်အရှိန်ကိုမြှင့်တင်လာနေတယ်လို့လည်း စစ်ရေးလေ့လာသူတွေက ဆိုပါတယ်။

ရခိုင်ပြည်ရဲ့ မြို့တော်စစ်တွေနဲ့ တရုတ်စီမံကိန်းတွေများစွာရှိတဲ့ ကျောက်ဖြူမြို့နယ်ကို အာရက္ခတပ်တော် AA ဟာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ၁၁ လခန့်ကြာမြင့်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဆောင်းပါးရုပ်သံအပြည့်အစုံကို အတူကြည့်လိုက်ရအောင်။

#bbm #bbmtv #AA #FiveFronts #Offensive #Rakhine #SAC


https://www.facebook.com/share/p/1H9mBLmfWx/
👍13
ထရမ့်ရဲ့ ခြိမ်းခြောက်မှုကို ဂရင်းလန်းနိုင်ငံသား ထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ

BBM - ဇန်နဝါရီ ၁၈

ထရမ့်ရဲ့ ခြိမ်းခြောက်မှုကို ဂရင်းလန်းသားထောင်ပေါင်းများစွာက ရေခဲပြင်တွေကြားမှ ဇန်န၀ါရီလ ၁၇ရက်က စနေနေ့က ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

အဆိုပါ ဂရင်းလန်းသားတွေဟာ “ဂရင်းလန်းဟာ ရောင်းဖို့မဟုတ်ဘူး” ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

ဂရင်းလန်းရဲ့ မြို့တော် Nuuk မြို့လယ်ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကိုရှေ့မှာ ဆန္ဒပြခဲ့ကြတာပါ။

ထရမ့်ဟာ လာမယ့် ဖေဖော်ဝါရီလကစပြီးတော့ ဥရောပနိုင်ငံ ၈ နိုင်ငံအပေါ် အမေရိကန်ရဲ့ ဂရင်းလန်းထိန်းချုပ်မှုကို ဆန့်ကျင့်တာကြောင့် ၁၀% အခွန်ကောက်ခံမယ်လို့ ကြေညာခဲ့ပါတယ်။

“ဒီနေ့က ဒီထက်ဆိုးလာမယ်လို့ ကျွန်တော်ထင်တဲ့အတိုင်း တကယ်ပဲ အခြေအနေ ပိုဆိုးသွားခဲ့ပါတယ်” လို့ Malik Dollerup-Scheibelက Associated Press မှာဖြေကြားထားတဲ့ ထရမ့်ရဲ့ ကြေညာချက်ကို တုံ့ပြန်ခဲ့ပါတယ်။

“အခုအချိန်မှာ ထရမ့်ဟာ သူ့လုပ်ချင်တာတွေလုပ်နေတဲ့အပြင် အဲ့အပေါ်မှာ နောင်တရပုံလည်း မရပါဘူး”

ထရမ့်က အမေရိကန်အနေနဲ့ မဟာဗျူဟာကျတဲ့ နေရာမှာ တည်ရှိပြီး သတ္တုကြွယ်ဝတဲ့ ကျွန်းကို ပိုင်ဆိုင်သင့်တယ်လို့ ထင်မြင်ကြောင်း အရင်ကတည်းက ပြောကြားခဲ့ပါတယ်။

ဒီလအစောပိုင်းမှာ ထရမ့်ဟာ ဗင်နီဇွဲလားသမ္မတဟောင်း Nicolás Maduro ကို ဖြုတ်ချဖို့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်ပြီးနောက် တစ်ရက်အကြာမှာ သူ့ရဲ့ တောင်းဆိုမှုတွေကို ပိုမိုပြင်းထန်လာခဲ့ပါတယ်။

Reference-The Guardian
Translator-Richard
Photo - The Guardian
https://www.facebook.com/share/p/1aG84me33j/
👍9
ကရင်နီ အကျဥ်းထောင်မှ စစ်သုံ့ပန်း ၅၉ယောက် လက်နက်(၁၀)လက်ယူကာ ထွက်ပြေးလွတ်မြောက်နေ

BBM-ဇန်နဝါရီ၁၈
သတင်း-မင်းသော်

ကရင်နီပြည်နယ် အကျဥ်းထောင်တစ်ခုအတွင်းမှ စစ်သုံ့ပန်း၅၉ ယောက်ဟာ လက်နက်၁၀ လက်နဲ့အတူ ထွက်ပြေးလွတ်မြောက်နေတယ်လို့ ကရင်နီပြည်နယ် မြေပြင် သတင်းရင်းမြစ်တွေရဲ့ အတည်ပြုပြောဆိုချက်အရ သိရပါတယ်။

ဇန်နဝါရီလ ၁၈ရက်နေ့ (ဒီနေ့) မနက်ပိုင်း ၄နာရီလောက်ကတည်းက စပြီး ကရင်နီပြည် ကြားကာ လ အုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့လက်အောက် မှာ ရှိနေတဲ့ အကျဥ်းထောင်(၂)မှ ထွက်ပြေး လွတ်မြောက်သွားခြင်းဖြစ်ပြီး အစောင့်(၂)ဦးကိုလည်း ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ လက်ရှိအချိန်မှာ အဆိုပါနေရာတစ်ဝိုက်ကို သက်ဆိုင်ရာ တပ်ရင်း၊တပ်ဖွဲ့တွေ အလိုက် ပိတ်ဆို့ရှာဖွေတာတွေ ပြုလုပ်နေသလို ဒေသခံပြည်သူတွေကိုလည်း သတိထားနေထိုင်ရန် မှာကြားတာတွေပြုလုပ်ထားတယ်လို့ ဒေသခံတစ်ဦးက BBM ကိုပြောပါတယ်။

"မနက်ပိုင်းက၄နာရီလောက်ရှိမယ်၊ ထောင်ကနေ ခွေး(စစ်သား) ၅၉ကောင် လွတ်သွားတယ်၊ သေနတ်၁၀လက်ယူသွားတယ်၊ အစောင့်နှစ်ယောက်ကိုခေါ်သွားတယ်၊ ခုတပ်ရင်းတွေကတော့ ပိတ်ရှာနေပါတယ်"

ကရင်နီပြည်နယ်အတွင်း ဖမ်းဆီးရမိတဲ့စစ်သုံ့ပန်း အများစုကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) လက်အောက်ရှိအကျဥ်းထောင်များမှာ ထိန်းသိမ်းထားလေ့ရှိကြတယ်လို့ သိရပြီး ရှေ့မှာလည်း ဒီလိုထွက်ပြေးတဲ့ ဖြစ်စဥ်မျိုးရှိဖူးတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

Photo-ပုံဟောင်း
https://www.facebook.com/share/p/1DT4fvmEk8/
🤬11👍3👎1