3.48K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
မုံရွာ-ချောင်းဦးလမ်းမှာ ပိုက်ဆံတောင်းနေတဲ့ စစ်တပ်ဂိတ်နဲ့ မဲများသယ်လာတဲ့ ယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက်

BBM - ဇန်နဝါရီ ၁၆
သတင်း - ခက်ဆစ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီဂိတ်နဲ့ မဲပုံးတွေသယ်လာတဲ့ ယာဉ်တွေကို အဆိုပါဂိတ်မှာ အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ 5/ Commando Force က ယမန်နေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဇန်နဝါရီလ ၁၃ ရက်၊ မနက် ၆ နာရီခွဲခန့်မှာ မုံရွာအခြေစိုက် စစ်ကောင်စီရဲ့ အ‌နောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ မှထွက်လာတဲ့ အင်အားအပြည့်ပါ သံပြားကာကား ၃ စီးဟာ မအူဂိတ်မှာ ဝင်ရောက်ကာ လမ်းကင်းတွေ ကင်းပုန်းတွေ ဝပ်ပြီး ပြည်သူပိုင်ကားတွေကို အဓမ္မငွေကြေးတောင်းခံလျက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ချောင်းဦးမြို့မှ ရွေးကောက်ပွဲမဲတွေ သယ်ဆောင်လာတဲ့ အိမ်စီးကား ၂ စီးကို အဆိုပါဂိတ်အရောက်မှာ အဝေးထိန်း ရှေ့ထွက်မိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) တပ်ခွဲ (၂) 5/ Commando Force က ဦးဆောင်ပြီး မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂၈) တပ်ခွဲ (၃) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video - 5/ Commando Force

#bbmnews #bbm #bbmtv #monywa #chaungu
https://www.facebook.com/share/v/17iNDfJvS7/
👍10👏1
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်တယ်ဆိုတာ အခြေအမြစ်မရှိဟု ICJ မှာ စစ်ကောင်စီငြင်းဆို

🟥စိတ်ရောကိုယ်ပါ ပင်ပန်းနေကြောင်း စစ်ကောင်စီကိုယ်စားလှယ် ကိုကိုလှိုင် ညည်းတွား

BBM - ဇန်နဝါရီ ၁၆
သတင်း - Richard

ရိုဟင်ဂျာလူနည်းစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်လို့ မြန်မာနိုင်ငံကို ICJ က တရားစွဲဆိုထားတဲ့အပေါ် “ချို့ယွင်းချက်တွေရှိနေပြီး အခြေအမြစ်မရှိ” လို့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့က ငြင်းဆိုခဲ့ပါတယ်။

လက်ရှိ ICJ မှာ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်အနေနဲ့ တရားရင်ဆိုင်နေတဲ့ ဦးကိုကိုလှိုင်က အခုလို ဂမ်ဘီယာနိုင်ငံရဲ့ တစ်ဘက်သတ် စွပ်စွဲချက်တွေကို မြန်မာနိုင်ငံအနေနဲ့ အစွမ်းကုန်ကြိုးစားကာကွယ်သွားမှာဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မီဒီယာတစ်ခုမှာ ဇန်နဝါရီလ ၁၅ ရက်နေ့က ပြောထားပါတယ်။

အခုလို အစွမ်းကုန်ကြိုးစားနေတာဖြစ်တာကြောင့် စိတ်ရောလူရော အတော်လေးပင်ပန်းနေပြီး တရားရုံးလျှောက်လဲချက်တွေမှာလည်း တစ်ချက်လေးအမှားမခံတာကြောင့် ဖိအားတွေများနေရကြောင်း ဦးကိုကိုလှိုင်က ဆိုပါတယ်။

“ကျွန်တော်တို့အပေါ်မှာ ဘက်ပေါင်းစုံက မျက်စိဒေါက်ထောက်ကြည့်ပြီးတော့မှ ဖိအားတွေအမျိုးမျိုးရှိနေတဲ့အတွက်ကြောင့်မို့လို့ တင်းခံပြီးတော့မှ ကိုယ့်နိုင်ငံအတွက်ကို အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ပါတယ်၊ သို့သော်လည်းပဲ ကျွန်တော်တို့ကလည်း သံမဏိနဲ့လုပ်ထားတဲ့ စက်ရုပ်တွေ မဟုတ်တဲ့အတွက်ကြောင့်မို့လို့ လူသားတွေပီပီ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ တော်တော်လေးပင်ပန်းတဲ့ အနေအထားမျိုးလေးရှိပါတယ်”လို့ ဆိုထားတာပါ။

ဂမ်ဘီယာနိုင်ငံမှ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ကို တင်သွင်းခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို စစ်ကောင်စီက ဇန်နဝါရီလ ၁၄ ရက်မှာ စစ်တပ်ပိုင်မီဒီယာမှ ကြေညာချက်ထုတ်ပြန်ပြီး ဝေဖန်ရှုတ်ချခဲ့ပါသေးတယ်။

“မြန်မာအစိုးရအနေဖြင့် နိုင်ငံနှင့် ပြည်သူတို့၏ ဂုဏ်သိက္ခာကို ကာကွယ်‌နိုင်ရေးအတွက် အခြေအမြစ်မရှိသော အချက်အလက်များကို အခြေခံသည့် တစ်ဖက်သတ် အစီအရင်ခံစာများသည် အမှန်တရားကို ဖော်ဆောင်နိုင်ခြင်းမရှိကြောင်းတို့ကို တရားရုံးအားပြသရန် တာ၀န်ရှိသည်”လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာမှာ ရေးသားထားပါတယ်။

ICJ မှာ တရားရင်ဆိုင်ဖို့အတွက် နိုင်ငံတော်သမ္မတရုံး၀န်ကြီး ၂၊ ပြည်‌ထောင်စု၀န်ကြီး ဦးကိုကိုလှိုင်နဲ့ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာလှိုင်တို့အပါအ၀င် အဖွဲ့၀င် ၈ ဦးပါ အဖွဲ့ကို စေလွှတ်ထားတယ်လို့ စစ်ကောင်စီက ဖော်ပြထားပါတယ်။

ICJ မှာ တရားရုံးကြားနာပွဲကို ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ ၂၅ ရက်နေ့ထိ လုပ်မှာဖြစ်ပြီးတော့ မြန်မာနိုင်ငံအနေနဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ကနေ ၂၀ ရက်နေ့အထိနဲ့ ဒုတိယအကြိမ်အနေနဲ့ ဇန်နဝါရီလ ၂၈ ရက်ကနေ ၂၉ ရက်နေ့အထိ လျှောက်လဲသွားမယ်လို့ သိရပါတယ်။

Reference-Al Jazeera
Photo-Al Jazeera

#bbmnews #bbm #bbmtv #ICJ #myanmarmilitary
https://www.facebook.com/share/p/1BC9V1gi27/
🤣13👍4😁42🖕1
တောင်တွင်းကြီးမှာ ဆက်ကြေးကောက်ပြန်လာတဲ့ စစ်အုပ်စုကိုတိုက်ခိုက်ရာ စကစတပ်သား ၄ ဦးသေဆုံး

BBM - ဇန်နဝါရီ ၁၆
သတင်း - ခက်ဆစ်

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ ဆက်ကြေးကောက်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး လက်နက် ၅ လက်နဲ့ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ မှ တာဝန်ရှိသူက ပြောပါတယ်။

ဇန်နဝါရီလ ၁၄ ရက်၊ ည ၈ နာရီခန့်မှာ ပျဉ်ချောင်းကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပျဉ်ချောင်းကျေးရွာမှ နေပြည်တော်-တောင်တွင်းကြီး ရထားလမ်းဘေးရှိ ကုလားမကျေးရွာ လမ်းပေါက်မှာ သစ်လှည်း၊ ဝါးလှည်းတွေကို ဆက်ကြေးကောက်ပြီး အပြန်မှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"ဒီကောင်(စကစ)တွေ ကုလားမလမ်းပေါက်ကနေ ဆက်ကြေးကောက်ပြီး ပြန်လာတဲ့ အချိန်မှာ ကျနော်တို့က ကြားဖြတ်တိုက်ခိုက်တာပါ" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ မှ တာဝန်ရှိသူက ပြောပါတယ်။

ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရတဲ့အပြင် MA1 ၄ လက်၊ 79 ၁ လက်၊ ၄၀ မမ ဗုံးသီး ၆ လုံး၊ ကျည် ၉၉၀ တောင့်၊ ကျည်ဘောက် ၁၀ ခုနဲ့ ကျည်ကာ ၂ ခုတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

"အဲဒီမှာ ဆိုင်ကယ် ၃ စီးနဲ့ လူ ၅ ယောက်ပေါ့နော့၊ ၅ ယောက်ကို ၁ ယောက်က လွတ်သွားတယ်၊ ၄ ယောက်သေတယ်၊ ကျနော်တို့ MA1 ၄ လက်နဲ့ 79 ၁ လက်ရတယ်" လို့ အဆိုပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ (တောင်တွင်းကြီး)၊ သရက်ခရိုင် အမှတ် ၅ တပ်ရင်း(ဆင်ပေါင်ဝဲမြို့နယ်)၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မကွေးပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

Photo - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ

#bbmnews #bbm #bbmtv #magway #mdy #pdf
https://www.facebook.com/share/p/16QihPrrYW/
👍121
ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာချာဒိုထံမှ နိုဘယ်ဆုတံဆိပ်ကို ထရမ့် လက်ခံရယူ

BBM - ဇန်နဝါရီ ၁၆

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုဟာ အိမ်ဖြူတော်မှာ ကျင်းပတဲ့ အစည်းအဝေးတစ်ခုအတွင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို သူမရဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုတံဆိပ်ကို ဇန်နဝါရီလ ၁၅ရက် ကြာသပတေးနေ့က ပေးအပ်ခဲ့ပါတယ်။

ထရမ့်ဟာ အဆိုပါဆုတံဆိပ်ကို သိမ်းဆည်းထားဖို့ ရည်ရွယ်ထားကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက အတည်ပြုခဲ့ပါတယ်။

ထရမ့်က "မာရီယာက ကျွန်တော်လုပ်ခဲ့တဲ့ လုပ်ရပ်အတွက် သူမရဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုကို ပေးအပ်ခဲ့ပါတယ်။ အပြန်အလှန်လေးစားမှုရဲ့ အံ့သြဖွယ်ကောင်းတဲ့ အမူအရာပါပဲ။ ကျေးဇူးတင်ပါတယ် မာရီယာ!"လို့ ကြာသပတေးနေ့ ညနေပိုင်းက လူမှုမီဒီယာပို့စ်တစ်ခုမှာ ရေးသားခဲ့ပါတယ်။

အဆိုပါ တွေ့ဆုံမှုကို မာချာဒိုက "အလွန်ကောင်းမွန်တဲ့ တွေ့ဆုံမှု" လို့ ပြောကြားခဲ့ပြီး ထရမ့်ရဲ့ ဗင်နီဇွဲလားပြည်သူတွေကို လွတ်မြောက်အောင်လုပ်ပေးတဲ့လုပ်ရပ်ကို အသိအမှတ်ပြုတဲ့ အနေနဲ့ လက်ဆောင်ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မာချာဒိုရဲ့အခုလိုကြိုးပမ်းမှုဟာ ရာထူးမှ ဖြုတ်ချခံထားရတဲ့ နီကိုလပ်စ် မာဒူရိုရဲ့ နေရာမှာ ဗင်နီဇွဲလားခေါင်းဆောင်အဖြစ် သူမကို ခန့်အပ်ဖို့ ထရမ့်က ပယ်ချပြီးနောက် ပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။

မာချာဒိုက ထရမ့်ကို နိုဘယ်လ်ဆုနဲ့အတူ ဂုဏ်ပြုခံရတဲ့ ရွှေတံဆိပ်ဆု ပေးအပ်ခဲ့ပေမယ့် ဒီဆုဟာ သူမရဲ့ပိုင်ဆိုင်မှုအဖြစ် ဆက်လက်တည်ရှိနေပါတယ်။

နော်ဝေ နိုဘယ်လ်အင်စတီကျုက ဒီဆုကို လွှဲပြောင်းပေးလို့၊ မျှဝေလို့ ဒါမှမဟုတ် ရုပ်သိမ်းလို့ မရဘူးလို့ ပြောပါတယ်။

ဇန်နဝါရီလ ၁၄ရက် ဗုဒ္ဓဟူးနေ့က မာချာဒိုအနေနဲ့ ထရမ့်ကို နိုဘယ်ဆုလွှဲပြောင်းပေးတာကို လက်ခံချင်လားလို့ မေးမြန်းခဲ့ရာထရမ့် က "မဟုတ်ဘူး၊ ကျွန်တော် အဲဒီလို မပြောခဲ့ဘူး။ သူမကပဲ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့တာ"လို့ Reuters ကို ပြောပါတယ်။

ရီပတ်ဘလီကန်သမ္မတက ဒီဆုကို ရရှိဖို့ အရင်ကတည်းက စိတ်၀င်စားကြောင်း ဖော်ပြခဲ့ပြီး တစ်ခါတစ်ရံမှာ သံတမန်ရေးရာ အောင်မြင်မှုတွေနဲ့ ဆက်စပ်ပြောဆိုခဲ့ပါတယ်။

Reference-CNA
Translator-Richard
Photo-CNA

#bbmnews #bbm #bbmtv #USA #Venezuela
https://www.facebook.com/share/p/17i6pzAkdE/
👍4😁4
စစ်ကောင်စီတပ်စွဲထားတဲ့ စစ်ကိုင်းကံတလူတိုးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ပြီး ဗုံးခွဲဖျက်ဆီး

🟥တိုက်ပွဲအတွင်း စစ်ကိုင်း PDF မှ အမျိုးသမီးစစ်သည်များပါ ပါဝင်တိုက်ခိုက်

BBM-ဇန်နဝါရီ၁၆
သတင်း-မင်းသော်

စစ်ကောင်စီအင်အားစုတွေ တပ်စွဲထားတဲ့ စစ်ကိုင်းကံတလူတိုးဂိတ်ကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်မီးရှို့နိုင်ခဲ့တဲ့အပြင် အဆိုပါတိုက်ပွဲအတွင်း စစ်ကိုင်း PDF မှ အမျိုးသမီးစစ်သည်များပါ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ Sagaing PDF ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ရက်နေ့ညပိုင်းက စစ်ကိုင်းမြို့ထွက်မုံရွာ-မန္တလေး ကားလမ်းပေါ်ရှိ ကံတလူတိုးဂိတ်မှာ အခြေချတပ်စွဲနေပြီး ပြည်သူလူထုကို နေ့စဥ်ဒုက္ခပေးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီအနေနဲ့ အထိနာသွားခဲ့ပြီး စစ်ကိုင်းမြို့ဖက်ပြန်လည်ဆုတ်ခွါသွားတာကြောင့် တော်လှန်ရေးအင်အားစုတွေအနေနဲ့ ၎င်းတို့တပ်စွဲထားရာ အဆောက်အဦးတွေကို ဗုံးခွဲဖျတ်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့၊ စစ်ကိုင်းမြို့နယ် ပကဖ နဲ့ SAGAING PDF(စစ်ကိုင်းစစ်ကြောင်း)တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး SAGAING PDFမှ ရဲမေများပါ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် SAGAING PDF အနေနဲ့ Operation-677က်ိုစတင်ဖော်ဆောင်လျက်ရှိပြီး မိုးကုတ်-မိုးမိတ်ဒေသတွေမှာလည်း အမျိုးသားညီ‌ညွှတ်ရေးအစိုးရ၊ကာကွယ်ရေး၀န်ကြီးဌာန လက်အောက်ခံတပ်များနဲ့အတူတကွ ပူးတွဲ တိုက်ပွဲ၀င်နေလျက်ရှိကြောင်း ပြည်သူလူထုထံသို့ အသိပေးတယ်လို့ SAGAING PDFမှ သတင်းထုတ်ပြန်ထားပါတယ်။

Video-SAGAING PDF

#bbmnews #bbmtv #bbm #SAGAINGPDF #sagaing
https://www.facebook.com/share/r/18AN89LCk4/
👍11👏31
မင်းဘူးမြို့နယ်၊ မုန်တောင်ရဲစခန်းကို စီးနင်းတိုက်ခိုက်ပြီး စခန်းမှူးအပါ ရဲတပ်သားတချို့ ဖမ်းမိ

BBM - ဇန်နဝါရီ ၁၆
သတင်း - ကိုအိုက်

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မုန်တောင်ရွာ စစ်ကောင်စီ ရဲစခန်း စီးနင်းခံရပြီး စခန်းမှူးအပါအဝင် ရဲတပ်သားတချို့ ဖမ်းဆီးခံရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီ မုန်တောင်ရဲစခန်းကို ဒီနေ့ ဇန်နဝါရီလ ၁၆ ရက်၊ မနက် ၃ နာရီခန့်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"ရဲအင်အားလည်း သိပ်မရှိတော့ မိနစ်ပိုင်းလောက် ပစ်ခတ်မှုဖြစ်ပွားပြီး ရဲစခန်းက ကျသွားပြီ"လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

မုန်တောင်ရဲစခန်း ကျသွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေက ရဲစခန်းကို မီးရှို့ခဲ့ပြီး စခန်းမှူးအပါအဝင် ရဲတပ်သားတချို့ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

"စခန်းမှူး၊ ရဲတပ်သား၊ မိသားစုဝင်တွေကို ဖမ်းမိထားတယ်၊ စခန်းကမီးရှို့လိုက်လို့ ပြာကျသွားပြီ"လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

အဲဒီ မုန်တောင်ရဲစခန်း ဝင်ရောက်စီးနင်းမှုနဲ့ ပတ်သက်ပြီး အသေးအစိတ်သိရှိရဖို့ BBM က နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေဆီကကို ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ်မရသေးသလို တော်လှန်ရေးတပ်ဖွဲ့ကလည်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

လက်ရှိ စစ်ကောင်စီက မင်းဘူးမြို့ကနေ မုန်တောင်ရွာဘက်ကို ဦးတည် စစ်ကြောင်း ထိုးစစ်ဆင်လာတာကြောင့် ရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

မုန်တောင်ရွာဟာ မင်းဘူးမြို့နယ်၊ ဆားပွက်ချောင်းဘေးမှာရှိတဲ့ ကျေးရွာကြီး တရွာလည်း ဖြစ်ပါတယ်။

Photo - လူမှုကွန်ယက်

#bbmnews #bbm #bbmtv #minbu #magway
https://www.facebook.com/share/p/17ryeCM541/
👍13
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များသည် 'အခြေအမြစ်မရှိ'လို့ စကစ ကိုယ်စားလှယ် ဦးကိုကိုလှိုင် စတင်လျှောက်ထား

BBM - ဇန်နဝါရီ ၁၆
သတင်း - Richard

နိုင်ငံတကာတရားရုံး(ICJ)မှာ စစ်ကောင်စီရဲ့ ကိုယ်စားလှယ် ဦးကိုကိုလှိုင်က ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ ဇန်နဝါရီလ ၁၆ရက် ဒီနေ့ ညနေပိုင်းမှာ‌ စတင် ပြောခဲ့ပါတယ်။

ဒါ့အပြင် ဒါဟာ "အကြမ်းဖက်မှုတန်ပြန်စစ်ဆင်ရေး" တစ်ခုဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံးကို ပြောခဲ့ပါသေးတယ်။

"ဒီအမှုကို အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေမဟုတ်ဘဲ သက်သေပြနိုင်တဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး ဆုံးဖြတ်သွားမှာပါ။ စိတ်ခံစားမှုဆိုင်ရာ စကားလုံးတွေနဲ့ မှုန်ဝါးတဲ့ ပုံတွေဟာ တိကျတဲ့ အချက်အလက်တွေကို အစားထိုးလို့မရပါဘူး" လို့ ဦးကိုကိုလှိုင်က တရားရုံးမှာ ပြောခဲ့ပါတယ်။

အရင် ၂၀၁၇ခုနှစ်ကတည်းက ရိုဟင်ဂျာ လက်နက်ကိုင်တွေက စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှုတွေဆက်တိုက်လုပ်ဆောင်ခဲ့တာကြောင့် တန်ပြန်ပြီး အမြစ်ဖြတ်ချေမှုန်းရေးကို လုပ်ဆောင်ခဲ့ကြောင်း အမြဲတမ်းပြောခဲ့တာပါ။

"ရခိုင်ပြည်နယ် ‌မြောက်ပိုင်း ဒေသတွေမှာ အကြမ်းဖက်သမားတွေကို လွတ်လပ်စွာအုပ်ချုပ်ခွင့်ပေးဖို့ မလိုအပ်ပါဘူး" လို့ ဦးကိုကိုလှိုင်က တရားသူကြီးတွေကို ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို မြန်မာနိုင်ငံက ချိုးဖောက်ခဲ့ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ခြင်းမပြုမီ တရားသူကြီးတွေက သက်သေအထောက်အထားတွေကို ၃ ပတ်ကြာ ကြားနာမှာပဲဖြစ်ပါတယ်။

အဆိုပါ သဘောတူညီချက်အရ ဘယ်နိုင်ငံမဆို ချိုးဖောက်မှုတစ်ခု ကျူးလွန်ခဲ့တယ်လို့ ယုံကြည်ပါက နိုင်ငံအချင်းချင်းကြား အငြင်းပွားမှုတွေကို ဖြေရှင်းပေးတဲ့ ICJ ရှေ့ကို အခြားနိုင်ငံတစ်ခုက တရားစွဲဆိုနိုင်ပါတယ်။

ICJရုံးက နောက်ဆုံးဆုံးဖြတ်ချက်ဟာ လပေါင်းများစွာ ဒါမှမဟုတ် နှစ်ပေါင်းများစွာပင် ကြာနိုင်ပေမဲ့ ဂမ်ဘီယာနိုင်ငံဘက်က‌တော့ စစ်ကောင်စီတပ်အပေါ် နိုင်ငံရေးဖိအားတွေ ပိုပြီးပေးလာနိုင်မှာပါ။

“လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တွေ့ရှိချက်ဟာ ကျွန်တော်တို့နိုင်ငံနဲ့ ပြည်သူတွေအပေါ် မပျောက်ပျက်နိုင်တဲ့ အစွန်းအထင်းတစ်ခု အဖြစ်ကျန်ရှိစေလိမ့်မယ်”လို့ ဦးကိုကိုလှိုင်က ဆက်ပြောပါတယ်။

“ဒီလုပ်ငန်းစဉ်တွေဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ဂုဏ်သတင်းနဲ့ အနာဂတ်အတွက် အခြေခံအားဖြင့် အရေးပါပါတယ်။”

မြန်မာဘက်က လျှောက်လဲချက်မစခင်မှာ ဂမ်ဘီယာနိုင်ငံက ကိုယ်စားလှယ်တွေဟာ စစ်ကောင်စီတပ်ရဲ့ အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်မှု၊ ခွဲခြားမှုမရှိ လူသတ်မှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ အပါအဝင် နှိမ်နင်းမှုနဲ့ပတ်သက်တဲ့ ရက်ပေါင်းများစွာ ထိတ်လန့်ဖွယ် သက်သေအထောက်အထားတွေကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

ရိုဟင်ဂျာတွေဟာ "ဖျက်ဆီးဖို့ ပစ်မှတ်ထားခံခဲ့ရတယ်" လို့ ဂမ်ဘီယာရဲ့ တရားရေးဝန်ကြီးက တရားသူကြီးတွေကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ အစွန်းရောက် မဘသတွေရဲ့ အကြမ်းဖက်မှုတွေမှ ရိုဟင်ဂျာမွတ်စလင် သိန်းနဲ့ချီဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးခဲ့ကြရပါတယ်။

ဒါ့အပြင် အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ထိတ်လန့်ဖွယ်ရာ မှတ်တမ်းတွေကို ယူဆောင်လာခဲ့ကြပါတယ်။

ဒီနေ့ချိန်ထိ ရိုဟင်ဂျာ ၁.၁၇ သန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားရှိ ဧက ၈၀၀၀ ကျော်ရှိ ပျက်စီးယိုယွင်းနေတဲ့ စခန်းတွေမှာ ခက်ခက်ခဲခဲနေထိုင်နေကြရလျက်ရှိပါတယ်။

Reference-CNA

#bbm #bbmnews #KoKoHlaing #ICJ #Rohingya
https://www.facebook.com/share/p/1G64Qr68P5/
👍6🤣3
မိုးကုတ်မြို့ တွင်း စစ်ကောင်စီရဲ့ စိုးမိုးကုန်းတွေနဲ့ ရဲစခန်းများ နေ့စဥ်နီးပါးလက်နက်ကြီးနဲ့အပစ်ခံနေရ

🟥စစ်တပ်ကလည်း အနီးပတ်ဝန်းကျင်ကို စစ်ကြောင်းထိုးနေပြီး ပြည်သူတွေပါသတ်ဖြတ်ခဲ့

BBM-ဇန်နဝါရီ၁၆
သတင်း-မင်းသော်

မန္တလေးတိုင်း၊ မိုးကုတ်မြို့အတွင်း စစ်ကောင်စီအခြေပြုထားရာ စိုးမိုးကုန်းတွေနဲ့ ရဲစခန်းတွေကို တော်လှန်ရေးအင်အားစုတွေက နေ့စဥ်နီးပါး ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တာတွေပြုလုပ်နေသလို စစ်တပ်ဘက်မှလည်း အနီးပတ်ဝန်းကျင်ကို စစ်ကြောင်းထိုးကာ ပြည်သူအချို့ကို သတ်ဖြတ်နေတယ်လို့လည်း ဒေသခံသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်၊ မနက်ပိုင်းမှာ စစ်ကောင်စီအင်အားစုတွေ ရှိနေတဲ့ မိုးကုတ်မြို့ ရဲစခန်းကို တော်လှန်ရေးအင်အားစုတွေဘက်က ရှော့တိုက်ဒုံး(၅)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဇန်နဝါရီလ ၁၆ ရက်မှာလည်း နောက်ထပ် မိုးကုတ်မြို့ရှိ စိုးမိုးကုန်းတစ်ခုဖြစ်တဲ့ စစ်ကောင်စီတပ်သားတွေ အခြေချထားရာ မစိုးရိမ်ဘုန်းကြီးကျောင်းနဲ့ မောနေယျကျောင်းတို့ကိုလည်း ရှော့တိုက်ဒုံး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒီလိုနေ့စဥ်ရက်ဆက် တော်လှန်ရေးအင်အားစုတွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တာကို ခံနေရတာကြောင့် စစ်ကောင်စီအနေနဲ့ အဆိုပါနေရာတွေကို လုံခြုံရေးတင်းကျပ်ထားတာတွေရှိတယ်လို့လည်း ဒေသခံတစ်ဦးက BBM ကိုပြောပါတယ်။

"မိုးကုတ်ကို မနေ့ကလည်း ရဲစခန်းပစ်ခံရတယ်၊ ဒီနေ့လည်း မစိုးရိမ်နဲ့မောနေယျဘက်ပစ်ခံရတယ်၊ နေ့တိုင်းနီးပါးပစ်ခံရတော့ အဲ့နေရာတွေမှာအစောင့်တွေတင်းကျပ်တယ်၊ ပြည်သူတွေလည်း သိပ်မဖြတ်ရဲဘူး" လို့ ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေ ပစ်ခတ်တိုက်ခိုက်နေတဲ့ နေရာတွေဟာ မိုးကုတ်မြို့ကို စစ်ကောင်စီစတင်ဝင်ရောက်လာကတည်းက တပ်စွဲထားတဲ့နေရာတွေဖြစ်တဲ့အပြင် မစိုးရိမ်ကျောင်းနဲ့ မောနေယျကျောင်းတို့မှာလည်း စစ်ကောင်စီတပ်သားတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အခြားတစ်ဘက်မှာလည်း စစ်ကောင်စီက မိုးကုတ်မြို့ပြင်ပတ်ချာလည်က ဒေသတွေကို စစ်ကြောင်းထိုးတာတွေပြုလုပ်နေသလို ရွာသားအချို့ကို ဖမ်းဆီးသတ်ဖြတ်တာတွေရှိနေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်မှာလည်း မိုးကုတ်မြို့နဲ့ ၆ မိုင်ကွာဝေးတဲ့ မိုးကုတ်မြို့အရှေ့ပိုင်းက ချောင်းကြီး၊ ရှမ်းကုန်းစံကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ရွာသား ၃ ဦးကို ပစ်သတ်သွားတယ်လို့လည်း အဆိုပါဒေသခံက ဆက်ပြောပါတယ်။

"စစ်တပ်က စစ်ကြောင်းထိုးပြီး ရွာသား ၃ ယောက် ကိုပစ်သွားတယ်ဆိုတာ သတင်းမှန်ပဲဗျ၊ အဲ့တာချောင်းကြီးဘက်မှာ မိုးကုတ်မြို့အရှေ့ပိုင်းပေါ့"လို့ ဆိုပါတယ်

မိုးကုတ်မြို့အတွင်းကို စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက စစ်အင်အားအလုံးအရင်းနဲ့ ဝင်ရောက်မှုတွေရှိခဲ့ပေမဲ့ လက်ရှိအချိန်ထိ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကို ခံနေရတယ်လို့လည်း သိရပါတယ်။

Photo-ပုံဟောင်း

#bbmnews #bbm #bbmtv #mogok #mdy
https://www.facebook.com/share/p/1ErZ15t2dQ/
👍94
မြိုင်မြို့နယ်အတွင်း စစ်ကောင်စီရဲဲ့မီးရှို့မှုကြောင့် နေအိမ်(၉၀)ထက်မနည်းမီးလောင်ပျက်ဆီး

🟥အဆိုပါစစ်ကြောင်းကြောင့် အမျိုးသမီးတစ်ဦးသေဆုံးသလို သီးနှံများတင်းရာနဲ့ချီမီးရှို့ခံရ

BBM-ဇန်နဝါရီ၁၆
သတင်း-ကိုဘုဏ်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကောင်စီရဲဲ့မီးရှိုးမှု့ကြောင့် နေအိမ်(၉၀)ထက်မနည်းမီးလောင်ပျက်ဆီးခဲ့ရသလို အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့ရကာ သီးနှံများတင်းရာနဲ့ချီ ဖျတ်ဆီးခဲ့ရတယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ရက်နေ့က မြိုင်မြို့နယ်၊ နှောပင်ကျေးရွာကို အင်အား(၂၀၀)ပါ စကစ စစ်ကြောင်းကဝင်ရောက်မီးရှို့ခဲ့ပြီး ဇန်နဝါရီလ၁၆ရက်နေ့မှာတော့ အနောက်ဘုန်းကန် ပျူရွာကို ပြန်လည်ဆုတ်ခွါသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်ကြောင်းအနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၈)ရက်နေ့ကလည်း ပခုက္ကူနယ် ကံရပ်ကြီးကျေးရွာကို ရွာလုံးကျွတ်အိမ်(၂၀၀)လောက်မီးရှို့ခဲ့ပြီး ၎င်းတို့ကြောင့် အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

အဲ့ဒီနောက် ဇန်နဝါရီလ (၁၃)ရက်နေ့က ပခုက္ကူနယ် ကွမ်းသီးကန်တောတိုက်နဲ့ဇန်နဝါရီလ(၁၄)ရက်နေ့တို့မှာ ကိုင်းရွာကပြည်သူအိမ်(၂၀)ခန့်ကိုလည်း မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

ဒါတင်မက စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲပြီးတဲ့နောက် ကမ္မမြို့နယ်အတွင်းက ပြည့်အိုင်ရွာ၊ ဇောင်းဂျမ်းကုန်းရွာ၊ (ကမ္မသရက်ကန်ရွာ)၊ မင်နန်တော၊ရွာသစ်စု၊ ဖောင်းကျောင်းစတဲ့ရွာများကိုလည်း မီးရှို့ဖျတ်ဆီးခဲ့သေးပြီး နေ့စဥ်လေယာဥ်ကြဲချမှုများ ပြုလုပ်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ထုတ်ပြန်
ချက်အရ သိရပါတယ်။

Photo-အညာမြေတပ်ပေါင်းစု

#bbm #bbmnews #မြိုင်မြို့နယ် #စစ်ကောင်စီ #UpdateNews
https://www.facebook.com/share/p/18AxsXo5t3/
🤬12👎1
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်တဲ့ အမှုကို ဂမ်ဘီယာက သက်သေမပြနိုင်ကြောင်း ကမ္ဘာ့တရားရုံးကို ဦးကိုကိုလှိုင် ငြင်းဆို

BBM - ဇန်နဝါရီ ၁၇

စစ်ကောင်စီက ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးမှာ လူနည်းစု မွတ်စလင် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ဂမ်ဘီယာက သက်သေမပြနိုင်ကြောင်း ပြန်လည် ချေပခဲ့ပါတယ်။

မွတ်စလင်နိုင်ငံဖြစ်တဲ့ ဂမ်ဘီယာဟာ ၂၀၁၉ ခုနှစ်မှာ အဆိုပါ အမှုကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ တင်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၃ရက်နေ့မှာ အနောက်အာဖရိကနိုင်ငံတွေက မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို နှိမ်နှင်းဖို့ ပစ်မှတ်ထားခဲ့ကြောင်း တရားရုံးကို ပြောကြားခဲ့ပြီး အဆိုပါ စွပ်စွဲချက်တွေကို
လက်ရှိ စစ်ကောင်စီတပ်က ငြင်းဆိုခဲ့ပါတယ်။

"ဂမ်ဘီယာအနေနဲ့ သက်သေဖို့ လိုအပ်‌ပါသေးတယ်။ ဒီအမှုကို အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ မဟုတ်ဘဲ သက်သေပြနိုင်တဲ့ အချက်အလက်တွေနဲ့ ဆုံးဖြတ်သွားမှာပါ" လို့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ် ကိုကိုလှိုင်က ကမ္ဘာ့တရားရုံးလို့လည်း လူသိများတဲ့ ICJ မှာ ပြောကြားခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ဟာ အနည်းဆုံး ရိုဟင်ဂျာ ၇ သိန်း ၃ သောင်း ကို သူတို့ရဲ့ နေအိမ်တွေကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အတင်းအကျပ် တွန်းပို့ခဲ့တဲ့ ထိုးစစ်ဆင်မှုတစ်ခု စတင်ခဲ့ပါတယ်။

ဒါ့အပြင် သတ်ဖြတ်မှုတွေ၊ အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်မှုတွေနဲ့ မီးရှို့မှုတွေပါ၀င်ပါတယ်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်တစ်ခုက ၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုမှာ "လူမျိုးတုံးသတ်ဖြတ်မှု လုပ်ရပ်တွေ" ပါဝင်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

ဦးကိုကိုလှိုင်က မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ငြင်းဆိုခဲ့ပြီး အဆိုပါ ထိုးစစ်ဆင်မှုတွေဟာ မွတ်စလင်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ တရားဝင် အကြမ်းဖက်မှုတန်ပြန်စစ်ဆင်ရေးတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်ဟာ ယုံကြည်စိတ်ချရမှုမရှိဘူးလို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဂမ်ဘီယာနိုင်ငံမှ ရှေ့နေတွေက အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ရိုဟင်ဂျာအရပ်သားထောင်ပေါင်းများစွာကို မြန်မာစစ်တပ်က တိုက်ခိုက်ခဲ့တဲ့အပြင် ရွာတွေကို မီးရှို့တာဟာ အကြမ်းဖက်မှုကို တိုက်ဖျက်ရန်အတွက်သာဖြစ်တယ်ဆိုတာ ကျိုးကြောင်းဆီလျော်မှုမရှိကြောင်း တရားသူကြီးတွေကို လျှောက်ထားကြပါတယ်။

နှိမ်နင်းမှုအတွင်း အပြုအမူပုံစံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ရန် တရားဝင်လိုအပ်သော လူမျိုးတုံးသတ်ဖြတ်မှု ရည်ရွယ်ချက်ကို ညွှန်ပြနေကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွေမှ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်နေရာချထားဖို့ မြန်မာအစိုးရက ကတိကဝတ်ပြုထားပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ၊ ဆိုင်ကလုန်းနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် လက်တွေ့အကောင်အထည်မဖော်နိုင်ကြောင်း ဦးကိုကိုလှိုင်က အလေးပေးပြောခဲ့ပါတယ်။

“၂၀၁၇ ခုနှစ်ကစပြီးတော့ မြန်မာနိုင်ငံရဲ့ ကတိကဝတ်နဲ့ စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်မှုတွေဟာ ရိုဟင်ဂျာတွေကို ဖျက်ဆီးဖို့ ဒါမှမဟုတ် အတင်းအကြပ်နှင်ထုတ်ဖို့ဖြစ်တယ်ဆိုတဲ့ ဂမ်ဘီယာရဲ့ ပြောဆိုချက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ICJ ဟာ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်ပြီး နိုင်ငံအချင်းချင်းကြား အငြင်းပွားမှုတွေကို ကိုင်တွယ်ဖြေရှင်းပေးပါတယ်။

အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)မှ ထောက်ခံတဲ့ ဂမ်ဘီယာရဲ့ အမှုဟာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ICJ မှ အပြည့်အဝကြားနာနေတဲ့ ပထမဆုံးလူမျိုးတုံးသတ်ဖြတ်မှုပဲ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်ကုန်ပိုင်းမှာ နောက်ဆုံးဆုံးဖြတ်ချက်ချမှတ်ဖို့ မျှော်လင့်ရပါတယ်။

အဆိုပါ ရလဒ်ဟာ မြန်မာနိုင်ငံပြင်ပရှိ အလားတူနိုင်ငံတွေကိုပါ သက်ရောက်မှုရှိမှာဖြစ်ပါတယ်။

အဲ့ဒါကတော့ ၂၀၂၃ ခုနှစ်တုန်းက ဂါဇာမှာ အစ္စရေးက လူမျိုးတုံးသတ်ဖြတ်မှုကို တောင်ဖရိကနိုင်ငံက တရားလိုအနေနဲ့ ICJမှာ တရားစွဲထားတဲ့ အမှုပါ။

အစ္စရေးကလည်း လူမျိုးတုံးသတ်ဖြတ်မှုကို ငြင်းဆိုပြီး အစ္စရေးရှေ့နေတွေက တောင်အာဖရိကရဲ့ အမှုကို လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို အလွဲသုံးစားပြုမှုအဖြစ် ပယ်ချခဲ့ပါတယ်။

Reference-Reuters
Translator-Richard
Photos-Reuters

#bbmnews #bbm #bbmtv #rohingya #ICJ
https://www.facebook.com/share/p/1Bzg41ieTe/
🤣11👍1
မကွေးတိုင်းရှိ မြို့နယ်၃ခုမှာ စစ်ရေးတင်းမာလျက်ရှိပြီး စကစ စစ်ကြောင်းတွေနဲ့ ရဲစခန်းတွေ အတိုက်ခံနေရ

BBM-ဇန်နဝါရီ ၁၇
သတင်း-ကိုဘုဏ်း

မကွေးတိုင်း ၊ကံမမြို့နယ်၊ရေနံသာရဲစခန်းက နေကာ (၃)စီးနဲ့ထွက်လာတဲ့ အင်အား (၁၀၀)ကျော်ပါစစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တာကြောင့် ၇ဦးသေဆုံးခဲ့တယ်လို့ သရက်ခရိုင် အမှတ်၄တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၁၅ရက်နေ့က အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ကံမမြို့နယ် ပုညိုကျေးရွာမှာ ကားတွေထိုးခဲ့ပြီး ခြေလျင်စစ်ကြောင်းထိုးလာခဲ့တာပါ။

ညနေ ၃နာရီခန့်မှာ အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို
တော်လှန်ရေးတပ်ဖွဲ့တွေက စောင့်ကြိုပစ်ခတ်တိုက်ခိုက်ရာ ( ၁၀)မိနစ်ခန့်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၇ဦး သေခဲ့တယ်လို့သိရပါတယ်။

အထိနာသွားတဲ့စစ်ကောင်စီတပ်တွေဟာ တောမကုန်းကျေးရွာမှ ပြည်သူတွေ ပိုင်ဆိုင်တဲ့အဖိုးတန် ပစ္စည်းတွေကို လုယူခဲ့ကြပြီး ကျောက်စောင်းကုန်းကျေးရွာဘက်ထိ စစ်ကြောင်းထိုးလာကာ တိုက်ပွဲအတွင်း သေကြေဒဏ်ရာရခဲ့သူတွေကို ရေနံသာရဲစခန်းဘက်ကိုသယ်ပြီး ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ ပြန်လည်ဆုပ်ခွာ အထိုင်ချနေတဲ့ရေနံသာရဲစခန်းကို ည ၉နာရီခွဲမှာ ၆၀မမ ဗုံးသီး၂ခုံးနဲ့ဆက်လက်တိုက်ခိုက်ရာ စခန်းအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု တွေလည်းရှိနိုင်တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၁၅ရက်နေ့မှာပဲ စစ်ကောင်စီအင်အား၂၀၀ခန့်ဟာ သရက်မြို့နယ် ဆင်ကော်ရဲစခန်းကနေစစ်ကြောင်းထိုးလာတယ်လို့ ဆိုပါတယ်။

မင်းတုန်းမြို့နယ် ချင်းနစ်ရွာမှာ အထိုင်ချပြီးအနီးပတ်ဝန်းကျင်ရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ပြီး ကံတွင်း၊လယ်ပွ ၊လယ်ပြားကျေးရွာတွေကို ဆက်လက်စစ်ကြောင်းထိုးနေပြီး ပြည်သူတွေရဲ့ အဖိုးလက်တန်ပစ္စည်းတွေနဲ့ ဆန်စပါးတွေကို လုယူနေတယ် လို့လည်းသိရပါတယ်။

ဆက်လက်ပြီး အဆိုပါစစ်ကြောင်းဟာ မင်းတုန်းမြို့နယ်အတွင်းရှိသဖန်းကိုင်းကျေးရွာမှ နေအိမ် ၈လုံး၊ပုဇင်းဒါးကျေးရွာမှ နေအိမ် ၃၈လုံးကို PDF တွေနဲ့ ပတ်သက်တယ်လို့ ဆိုကာ မီးရှို့ခဲ့ကြပါတယ်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ သရက်မြို့နယ်အတွင်းမှာရှိတဲ့ကျေးရွ‌ာတွေကိုလည်း ဝင်ရောက်ပြီး အဖိုးတန်ပစ္စည်း‌တွေ၊ ဆန်စပါးတွေ၊ အသုံးအဆောင်ပစ္စည်းတွေကို ယူနေတယ်လို့လည်း သိရပါတယ်။

သရက်၊ကံမ၊ မင်းတုန်းမြို့နယ်တွေ အတွင်းစစ်ရေးတင်းမာလျက်ရှိတာကြောင့် ပြည်သူ‌တွေအနေနဲ့ စစ်ရေးသတိရှိကြဖို့နဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်၊ လက်နက်ကြီးရန်တွေ ကိုကာကွယ်ပြီနေကြဖို့ သရက်ခရိုင်အမှတ် ၄တပ်ရင်းက ထုတ်ပြန်ကြေငြာထားပါတယ်။

ပုံ-သရက်ခရိုင်အမှတ် ၄တပ်ရင်း

#bbmnews #bbm #bbmtv #magway #PDF
https://www.facebook.com/share/p/1BfczXsiVV/
👍162
မုဒိမ်းမှုများကျူးလွန်ထားသူ ပျူခေါင်းဆောင် လင်းထင်အပါ ပျူ ၁၀ ဦးခန့် ဒရုန်းနဲ့ဗုံးကြဲခံရပြီးသေဆုံး

BBM - ဇန်နဝါရီ ၁၇
သတင်း - ခက်ဆစ်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တွေ ခြင်းခတ်နေစဉ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁ လကျော်ဖမ်းဆီးဖို့စောင့်ဆိုင်းနေတဲ့ မုဒိမ်းမှုများ ကျူးလွန်ထားသူ ပျူခေါင်းဆောင် လင်းထင် အပါအဝင် ပျူ ၁၀ ဦး ခန့်သေဆုံးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ က ယမန်နေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဇန်နဝါရီလ ၁၅ ရက်၊ ညနေ ၅ နာရီခွဲခန့်မှာ ရေစကြို-ပခုက္ကူ ကားလမ်းဘေးရှိ ဆင်ချောင်းပျူရွာမှာ ပျူစောထီး အဖွဲ့တွေ ခြင်းခတ်နေစဉ် Drone တွေနဲ့ Drop Bomb ပေါင်းများစွာနဲ့ ကြဲချတိုက်ခိုက်ခဲ့ရာ ပျူခေါင်းဆောင် လင်းထင်(ခ)ငလင်း အပါအဝင် ပျူစောထီး ၁၀ ဦးခန့် သေဆုံးကြောင်း စုံစမ်းသိရှိရတယ်လို့ ဆိုပါတယ်။

ဆင်‌ချောင်းပျူရွာမှ ပျူခေါင်းဆောင် လင်းထင် (ခ) ငလင်း ဆိုသူမှာ ဝန်ကြီးဟောင်း စိုးမောင်ရဲ့ တူ တော်စပ်သူဖြစ်ပြီး ပြည်သူလူထုအပေါ် ပိုက်ဆံကောက်တာ၊ မိန်းကလေးငယ်တွေကို ဖမ်းဆီးမုဒိမ်းကျင့်မှုတွေ ကျူးလွန်ထားတဲ့ အချက်အလက်သက်သေတွေကိုလည်း ရရှိထားပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲတာကြောင့် ပျူစောထီး ခေါင်းဆောင် လင်းထင်(ခ)ငလင်းကို လက်ရဖမ်းစီးဖို့ ၁ လကျော်ကြာစောင့်ဆိုင်းပြီး ဝေဟင်မှ ကင်းထောက်တာ၊ မြေပြင် စနိုက်ဘာတပ်ဖွဲ့ဝင်တွေက နေ့စဥ်ကင်းထောက်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ ၁၅ ရက်၊ ညနေပိုင်းမှာ သူတို့ခြင်းခတ်နေစဥ် လက်ရဖမ်းဆီးခြင်းမပြုတော့ဘဲ Drop Bomb များချပြီး သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ရှင်းလင်းလိုက်တာကြောင့် လက်ရှိအချိန်မှာ ပျူခေါင်းဆောင် လင်းထင် ရဲ့ လက်ပါးစေ ပျူစောထီးတွေ ရှက်ရမ်းရမ်းနေတာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ သတိပြုသွားလာကြဖို့ကိုလည်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့က သတိပေးထားပါတယ်။

Photo - ရေစကြို ပကဖ

#bbmnews #bbm #bbmtv #magway #PaKaPha #PDF
https://www.facebook.com/share/p/1Hg36KxKH5/
👍13👏3
ဂရင်းလန်းကို ထိန်းချုပ်ဖို့သဘောမတူတဲ့ နိုင်ငံတွေကို အခွန်စည်းကြပ်မယ်လို့ ထရမ့် ခြိမ်းခြောက်၊ အမျိုးသားလုံခြုံရေးအတွက်လို့ ပြောကြား

BBM - ဇန်နဝါရီ၁၇

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကို အမေရိကန်က ထိန်းချုပ်ခွင့်တောင်းဆိုမှုကို မထောက်ခံတဲ့ နိုင်ငံတွေကို အခွန်တိုးကောက်ခံနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါဟာ ဒိန်းမတ်မြို့တော်မှာ တင်းမာမှုတွေ လျှော့ချဖို့ နှစ်ပါတီကွန်ဂရက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ရဲ့ ကြိုးပမ်းမှုနဲ့အတူ ဒီသတင်းစကား ထွက်ပေါ်လာခဲ့တာပါ။

ဇန်နဝါရီလမှာ ထရမ့် အိမ်ဖြူတော်ပြန်ရောက်လာပြီးကတည်းက နေတိုးမဟာမိတ် ဒိန်းမတ်ရဲ့ တစ်စိတ်တစ်ပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်တဲ့ ဂရင်းလန်းကို အမေရိကန်က ထိန်းချုပ်သင့်တယ်လို့ အကြိမ်ကြိမ် အခိုင်အမာပြောဆိုခဲ့ပြီး အာတိတ်ကျွန်းကို အမေရိကန်လက်ထဲမှာပဲ ထားသင့်တယ်လို့ ဒီအပတ်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီလ ၁၆ရက်‌နေ့က အိမ်ဖြူတော်မှာ ကျင်းပတဲ့ပွဲတစ်ခုမှာ ပြောကြားခဲ့ပြီးတော့ လက်မခံရင် ဥရောပမဟာမိတ်တွေအပေါ် ဆေးဝါးခွန်တွေ တိုးကောက်မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။

“ဂရင်းလန်းကို ထိန်းချုပ်ဖို့ သဘောမတူတဲ့ နိုင်ငံတွေအပေါ် အခွန်ကောက်ခံနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်း ကို လိုအပ်လို့ပါ”လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

ထရမ့်က ဂရင်းလန်းကျွန်းဟာ
အမေရိကန်ရဲ့ မဟာဗျူဟာကျတဲ့နေရာဖြစ်တဲ့အပြင်
သတ္တုဓာတ်ပေါကြွယ်၀မှု‌ကြောင့် အမေရိကန်လုံခြုံရေးအတွက် အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။

နောက်ပိုင်းမှာ ထရမ့်ဟာ ဂရင်းလန်း ကို ထိန်းချုပ်လိုတဲ့ အကြောင်းအရင်းတွေကို ထပ်မံအတည်ပြုခဲ့ပြီး ကျွန်းနဲ့ပတ်သက်ပြီး NATO နဲ့ ဆွေးနွေးနေကြောင်း ပြောကြားခဲ့ပါတယ်။

“အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်း ကို ကျွန်တော်တို့ အလွန်လိုအပ်ပါတယ်။ ကျွန်တော်တို့မှာ အဲဒါမရှိရင် အမျိုးသားလုံခြုံရေးမှာ အားနည်းချက်ကြီးတစ်ခုရှိပါလိမ့်တယ်၊ အထူးသဖြင့် Golden Dome နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လုပ်ဆောင်နေတဲ့အရာတွေနဲ့ ပတ်သက်လာရင်ပေါ့” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Reference-Al Jazeera
Translator-Richard
Photos-AP News

#bbmnews #bbm #bbmtv #trump #greenland #greenlandpioneer
https://www.facebook.com/share/p/182LmCudUR/
👍125
အမေရိကန်အနေနှင့် ကျူးဘားအပေါ် ခြိမ်းခြောက်မှုတွေကို လက်ခံနိုင်စရာမရှိဟု ရုရှားဆို

BBM - ဇန်နဝါရီ ၁၇

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟာဗားနားကို အချိန်မနှောင်းမီ သဘောတူညီချက်တစ်ခု ပြုလုပ်ဖို့ ပြောကြားပြီးနောက် ကျူးဘားအပေါ် ခြိမ်းခြောက်မှုတွေဟာ လက်ခံနိုင်စရာမရှိကြောင်း ရုရှားက ဇန်နဝါဂီလ ၁၅ရက် ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

“လက်တင်အမေရိကနဲ့ ကာရစ်ဘီယံဒေသရှိ အခြေအနေကို ကျွန်မတို့ အနီးကပ် စောင့်ကြည့်နေပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဆွေဖြစ်တဲ့ ကျူးဘားသမ္မတနိုင်ငံအပေါ် တင်းမာမှုတွေ တိုးပွားလာတာနဲ့ ရန်လိုတဲ့ စကားတွေ မြင့်တက်လာတဲ့အပေါ် စိုးရိမ်မိပါတယ်”လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ပြောကြားခဲ့ပါတယ်။

"ခြိမ်းခြောက်မှုတွေကို လုံးဝလက်မခံနိုင်စရာမရှိဘူးလို့ ကျွန်မတို့ ယုံကြည်ပါတယ်၊ အထူးသဖြင့် လွတ်လပ်တဲ့ကျွန်းကအစိုးရနဲ့ ပြည်သူတွေအပေါ် လွတ်ခဲ့တဲ့ဆယ်စုနှစ်များစွာကတည်းက ပိတ်ဆို့မှုတွေရဲ့ဒဏ်ခံနေရတဲ့ ကျွန်းနဲ့ ပတ်သက်ပြီးပေါ့။”လို့ သူမက ထပ်လောင်း‌ပြောကြားခဲ့ပါတယ်။

Reference-Reuters
Translator-Richard
https://www.facebook.com/share/p/17HhjenPuu/
👍10🤣2
ကံတလူတိုးဂိတ်ကို တပ်မ ၃၃ မှ အရာရှိများစစ်ဆေးနေစဥ် ကင်းယူပေးထားတဲ့ စကစတွေကို မိုင်းဆွဲတိုက်ခိုက်

🟥အဆိုပါဂိတ်သို့ တပ်မ(၃၃)မှ (၁၂)ဘီးကားဖြင့် စစ်ကူများ ထပ်မံပို့ဆောင်ထား

BBM - ဇန်နဝါရီ ၁၇
သတင်း - မင်းသော်

တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကိုင်း ကံတလူဂိတ်ကို စစ်ကောင်စီရဲ့တပ်မ(၃၃)မှ အရာရှိများက လာရောက်စစ်ဆေးနေစဥ် ၎င်းတို့ကို ကင်းယူပေးထားတဲ့ စကစများအား တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့(စစ်ကိုင်း)ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ကံတလူတိုးဂိတ်မှာပဲ စကစ များက ပလက်စတစ်ထိုင်ခံများနဲ့ ဂိတ်ကြေးကောက်နေပြီး တပ်မ(၃၃)မှ အရာရှိတွေပါဝင်တဲ့ အိမ်စီးကား (၇)စီးဖြင့် အဆိုပါဂိတ်ကို လာရောက်စစ်ဆေးနေစဥ် ဇန်နဝါရီလ ၁၇ ရက်(ဒီနေ့)မှာ ကင်းယူနေတဲ့ စစ်သားတွေကို မိုင်းဖြင့်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုတိုက်ခိုက်မှုကြောင့် ငွေကြေးကောက်ခံနေတဲ့ စစ်သားများက ထွက်ပြေးသွားပြီး ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေက လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့သလို အရာရှိတွေကလည်း ကား(၂)စီးနဲ့ စစ်ကိုင်းမြို့ဘက်ကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုတွေရှိနိုင်ပြီး နောက်ထပ်လည်း ကံတလူဂိတ်ကို ၁၂ ဘီးကားတွေနဲ့ အင်အားအပြည့်ပို့ဆောင်ထားတယ်လို့ လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့(စစ်ကိုင်း)က ထုတ်ပြန်ထားပါတယ်။

Photo-ပုံဟောင်း

#bbm #bbmnews #Sagaing #PDF #UpdateNews #Myanmar
https://www.facebook.com/share/p/1GMvVPMxYB/
👍152