3.48K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
မြင်းခြံပျူခေါင်းဆောင် သီတာယုမွန်ရဲ့ ယောက်ျားကို မူးယစ်ဆေးဝါးတွေနဲ့အတူ အရှင်ဖမ်းမိ

🟥သီတာယုမွန်က ကား ၃ စီးနဲ့ မြို့အနှံ့ KTV တွေမှာ လင်ပျောက်ရှာပုံတော်ဖွင့်နေ

BBM - ဇန်နဝါရီ ၁၅
သတင်း - မင်းသော်

မြင်းခြံမြို့နယ်မှ စစ်ကောင်စီလက်ပါးစေ ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်ရဲ့ ယောက်ျားဖြစ်သူကို မူးယစ်ဆေးဝါးတွေနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့တွေက အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ယောက်ျားပျောက်နေတာကြောင့် သီတာယုမွန်က ကား ၃ စီးနဲ့ မြင်းခြံမြို့အနှံ့ KTV တွေမှာ လိုက်လံရှာဖွေနေတယ်လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်၊ မနက်ပိုင်းက မြင်းခြံမြို့မှတဆင့် အပန်းဖြေခရီးထွက်လာတဲ့ သီတာယုမွန်ရဲ့ ယောက်ျားဖြစ်သူ စိန်လွင်ကို သူစီးလာတဲ့ကားနဲ့အတူ မူးယစ်ဆေးဝါးအမြောက်အများနဲ့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း၊ တပ်ခွဲ(၂)က တော်လှန်ရေးတပ်ဖွဲ့တွေက မြင်းခြံ-ပုဂံညောင်ဦးလမ်းပိုင်းမှာ အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးနိုင်ခဲ့တဲ့ အဆိုပါ စိန်လွင်ဆိုသူဟာ သီတာယုမွန်ရဲ့ ယောက်ျားဖြစ်တဲ့အပြင် မြင်ခြံပြည်သူ့စစ်ရဲ့ ဒုခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ အတည်ပြုနိုင်ကြောင်း မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်းမှ ဒုတပ်ရင်းမှူး ကိုမင်းသားကြီးက BBM ကိုပြောပါတယ်။

"သီတာယုမွန်ရဲ့ ယောကျ်ားဆိုတာ အတည်ပြုလို့ရတယ်၊ သူ့ကိုဖမ်းမိတဲ့အချိန် ကားပါတယ်၊မူးယစ်ဆေးဝါးတွေပါတယ်၊ ငွေသားပါတယ်။ နောက်ထပ်တစ်ခြားဆေးတွေကောပါတယ်"လို့ ပြောပါတယ်။

ဒါ့အပြင် စိန်လွင်ဆိုသူဟာ တော်လှန်ရေးအင်အားစုတွေ လက်ရဖမ်းမိစဥ်ကတည်းက မူးယစ်ဆေးအမြောက်အများသုံးစွဲထားတာကို တွေ့ရှိရတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စိန်လွင်ကို ဖမ်းဆီးခံရတဲ့သတင်းထွက်ပေါ်လာပြီးနောက် အဆက်အသွယ်ပြတ်တောက်နေတာကြောင့် ပျူခေါင်းဆောင် သီတာယုမွန်နဲ့ အဖွဲ့ဟာ လက်နက်အပြည့်အစုံအပါ ကား ၃ စီးနဲ့ သူ့ယောက်ျားသွားလေ့ရှိတဲ့နေရာတွေနဲ့ မြင်းခြံမြို့အနှံ့ လိုက်လံရှာဖွေတာတွေပြုလုပ်ခဲ့တယ်လို့လည်း ကိုမင်းသားကြီးက ဆက်ပြောပါတယ်။

"အဓိကတော့ မြင်းခြံမှာ ပွက်လောရိုက်နေတယ်၊ သီတာယုမွန်က လင်ပျောက်ကို ရှာပုံတော်ဖွင့်နေတာ၊ သူကိုယ်တိုင် စင်တင်ကလာတာဆိုတော့ သူ့ယောကျ်ားကို ဘယ်မှာရှာရမလဲ သိနေတာ၊ ကားသုံးစီးနဲ့ KTV တွေမှာ ပတ်ရှာနေတာ"လို့ ကိုမင်းသားကြီးက ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေအနေနဲ့ အခုဖမ်းမိတဲ့ စိန်လွင်ကို ပြည်သူ့စစ်တွေရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး မေးမြန်းစရာရှိတာတွေ ဆက်လက်စစ်မေးသွားမဲ့အပြင် ဥပဒေအရထိရောက်စွာ အရေးယူနိုင်ဖို့အတွက်လည်း သက်ဆိုင်ရာအဆင့်ဆင့်ကို ဆက်လက်ပို့ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

"စစ်မေးစရာရှိတာတွေကိုတော့ မေးနေတုန်းပါ၊ ပြီးတော့သူ့ကို ဥပဒေအရ အရေးယူနိုင်ဖို့အတွက်လည်း အဆင်ဆင့်ပို့ဆောင်သွားမှာပါ၊ ပြည်သူတွေအားလုံး အိမ်ပြန်နိုင်အောင်ကျွန်တော်တို့ကြိုးစားသွားမှာပါ"လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းမှ ဒုတပ်ရင်းမှူး ကိုမင်းသားကြီးက ပြောပါတယ်။

မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းအနေနဲ့ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမဲ့အပြင် စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နိုင်အောင်အထိ ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း အသိပေးပြောဆိုထားပါတယ်။

Photo - သီတာယုမွန် ယောက်ျားနဲ့အတူ ဖမ်းမိတဲ့ ပစ္စည်းများ

#bbmnews #bbm #bbmtv #thidayumon #thidayumonhusband #Myingyan
https://www.facebook.com/share/p/1NgmWuBgDs/
👏138👍1
အမေရိကန်က နိုင်ငံပေါင်း ၇၅ နိုင်ငံအတွက် ဗီဇာထုတ်ပေးမှုကို နောက်အပတ်ကစပြီး ရပ်ဆိုင်းတော့မယ်လို့ ကြေညာ

BBM - ဇန်နဝါရီ ၁၅

အမေရိကန်နိုင်ငံက နိုင်ငံပေါင်း ၇၅ နိုင်ငံက ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ဗီဇာထုတ်ပေးမှုကို ရပ်ဆိုင်းမယ်လို့ ကြေညာခဲ့ပါတယ်။

Fox News Digital မှ ပထမဆုံးဖော်ပြခဲ့တဲ့ ပြည်တွင်းမှတ်စုတစ်ခုအရ အဆိုပါ‌ကြေညာချက်မှာ သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေအနေနဲ့ လက်ရှိလူဝင်မှုကြီးကြပ်ရေးဥပဒေအရ စိစစ်ရေးလုပ်ထုံးလုပ်နည်းတွေကို ပြန်လည်အကဲဖြတ်ဖို့ ဇန်နဝါရီ ၂၁ ရက်မှစပြီးတော့ ဆုံးဖြတ်ချက်တွေကို ရပ်ဆိုင်းဖို့ ညွှန်ကြားထားပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ၂၀၂၆ ကမ္ဘာ့ဖလားကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ကမ္ဘာတစ်ဝှမ်းကသူတွေကို လက်မှတ် ၂ သန်းနီးပါး ရောင်းချပြီး လပေါင်းများစွာအလိုမှာ အခုကြိုးပမ်းမှု ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။

ပြည်တွင်းမှတ်တမ်းအရ ခေတ္တရပ်ဆိုင်းမှုကြောင့် ပိတ်ပင်ခံရတဲ့နိုင်ငံတွေထဲမှာ ဆိုမာလီယာ၊ ရုရှား၊ အာဖဂန်နစ္စတန်၊ ဘရာဇီး၊ အီရန်၊ အီရတ်၊ အီဂျစ်၊ နိုင်ဂျီးရီးယား၊ ထိုင်းနဲ့ ယီမင်တို့ ပါဝင်ပါတယ်။

“လူမှုဖူလုံရေးနဲ့ အများပြည်သူအကျိုးခံစားခွင့်တွေကို ရယူမယ့် နိုင်ငံခြားသားတွေ ဝင်ရောက်မှုကို ကာကွယ်ဖို့ နိုင်ငံခြားရေးဌာနမှ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်တွေကို ပြန်လည်အကဲဖြတ်နေစဉ်အတွင်း ဒီနိုင်ငံပေါင်း ၇၅ နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူဗီဇာလုပ်ငန်းစဉ်ကို ခေတ္တရပ်ဆိုင်းထားမှာ ဖြစ်တယ်” လို့ ပစ်ဂေါ့တ် က ဗုဒ္ဓဟူးနေ့က ကြေညာချက်မှာ ထပ်လောင်းပြောကြားခဲ့ပါတယ်။

နိုင်ငံစာရင်းအပြည့်အစုံကို ချက်ချင်းရရှိနိုင်တာမရှိသော်ပေမဲ့ ABC Newsဟာ နောက်ထပ်အချက်အလက်
တွေအတွက် နိုင်ငံခြားရေးဌာနသို့ ဆက်သွယ်ခဲ့ပါတယ်။

ထရမ့်အစိုးရဟာ အရက "နည်းပြ‌တွေ၊ လိုအပ်တဲ့ပံ့ပိုးမှုအခန်းကဏ္ဍမှ ပါဝင်သူတွေနဲ့ နီးစပ်တဲ့ဆွေမျိုးတွေအပါအ၀င် အားကစားအသင်းဝင်တိုင်း" ခရီးသွားလာခွင့်ပိတ်ပင်ခံရတာမှ ကင်းလွတ်ခွင့်ရှိမယ်လို့ ပြောကြားခဲ့ပါတယ်။

ရွှေ့ပြောင်းနေထိုင်သူဗီဇာတွေ ရပ်ဆိုင်းတာဟာ ရွှေ့ပြောင်းနေထိုင်သူမဟုတ်တဲ့ဗီဇာတွေ၊ ယာယီခရီးသွားဗီဇာတွေနဲ့ စီးပွားရေးဗီဇာတွေ လျှောက်ထားသူတွေအတွက် အကျုံးမဝင်ကြောင်း နိုင်ငံခြားရေးဌာနက ပြောကြားခဲ့ပါတယ်။

ဒါ့ကြောင့် ကြေညာခဲ့တဲ့ ရပ်ဆိုင်းမှုတွေဟာ အခုနွေရာသီမှာ အမေရိကန်ပြည်ထောင်စုရှိ ကမ္ဘာ့ဖလားကို ခရီးသွားလိုသူတွေအတွက် အကျုံးမဝင်ပါဘူး။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အေဂျင်စီဟာ နိုင်ငံပေါင်း ၇၅ နိုင်ငံအတွက် ရွှေ့ပြောင်းနေထိုင်သူဗီဇာ လုပ်ငန်းစဉ်ကို ရပ်ဆိုင်းထားကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

"ထရမ့်အစိုးရဟာ အမေရိကန်ပြည်သူတွေဆီကနေ ချမ်းသာကြွယ်ဝမှုကို ထုတ်ယူမယ့်သူတွေက အမေရိကန်ရဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်ကို အလွဲသုံးစားလုပ်နေတာကို အဆုံးသတ်လိုက်ပါပြီ" လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဓိကပြောရေးဆိုခွင့်ရှိသူ တော်မီ ပစ်ဂေါ့တ်( Tommy Pigott)က ဇန်နဝါရီလ ၁၄ရက်ဗုဒ္ဓဟူးနေ့က ကြေညာချက်တစ်စောင်မှာ ပြောကြားခဲ့ပါတယ်။

"နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အမေရိကန်ပြည်ထောင်စုအပေါ် အများပြည်သူ့စွပ်စွဲချက်တစ်ခု ဖြစ်လာမယ့် အရည်အချင်းမပြည့်မီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို သတ်မှတ်ဖို့နဲ့ အမေရိကန်ပြည်သူတွေရဲ့ ရက်ရောမှုကို အမြတ်ထုတ်ဖို့ ရေရှည်အာဏာကို အသုံးပြုသွားမှာဖြစ်ပါတယ်”

အဲ့ဒီနောက် မင်နီဆိုတာရဲ့ လူမှုရေးဝန်ဆောင်မှုစနစ်မှာ လိမ်လည်မှုသတင်းတွေထွက်ပေါ်ပြီးနောက် မကြာသေးမီရက်‌ေတွအတွင်း ဆိုမာလီယာနိုင်ငံဟာ ထရမ့်အစိုးရရဲ့စစ်ဆေးမှုကို ခံခဲ့ရပါတယ်။

အလွတ်တန်းသတင်းထောက်တစ်ဦးလို့ ဆိုသူက မင်နီယာပိုလစ်ရှိ ဆိုမာလီလူမှုအသိုင်းအဝိုင်းတွေမှာ ကလေးထိန်းစောင့်ရှောက်မှုလိမ်လည်မှုစွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့လက ဗီဒီယိုတစ်ခုတင်ခဲ့ပါတယ်။

ပြည်နယ်နဲ့ ဒေသဆိုင်ရာအရာရှိများစွာက ဗီဒီယိုရဲ့တိကျမှုကို ငြင်းခုံခဲ့ကြပြီး အာဏာပိုင်တွေက ဗီဒီယိုမှာပါရှိသးတဲ့ စင်တာတွေထဲမှာ ဘယ်စင်တာကိုမှာ လိမ်လည်မှုနဲ့ စွပ်စွဲထားတာမျိုးမရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဖက်ဒရယ်အာဏာပိုင်တွေက ပြည်နယ်ရဲ့ လူမှုရေးဝန်ဆောင်မှုစနစ်မှာ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေပြီး မင်နီဆိုတာအရာရှိတွေက လိမ်လည်မှုစွပ်စွဲချက်တွေကို ငြင်းခုံခဲ့ကြပါတယ်။

Reference-ABC News
Translator-Richard
Photo-ABC News

#bbmnews #bbm #bbmtv #trump #visa
https://www.facebook.com/share/p/1BjNEkJEoj/
👍153👎1
ကျောက်ဖြူမြို့နယ်မှာ စစ်ဘေးရှောင်ထောင်နဲ့ချီ အကူအညီများလိုအပ်နေ

BBM - ဇန်နဝါရီ ၁၅
သတင်း - နိုင်နိုင်

လတ်တလော တိုက်ပွဲတွေကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်က ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင် ထောင်နဲ့ချီဟာ စားဝတ်နေရေးအကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ကျောက်ဖြူမြို့နယ်အတွင်း လူမှုကူညီရေးလုပ်ဆောင်နေသူတွေဆီက သိရပါတယ်။

လက်ရှိ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်တွေဟာ အလုပ်အကိုင်မရှိတာ၊ စိုက်ပျိုးထားတဲ့ စပါးတွေကို မရိတ်သိမ်းခဲ့ရတာတွေကြောင့် စားဝတ်နေရေးအခက်အခဲတွေ ရှိနေကြတာဖြစ်တယ်လို့လည်း ကျောက်ဖြူဒေသခံတွေဆီက သိရပါတယ်။

"အရေးပေါ် စစ်ရှောင်နေကြရတဲ့ သူတွေမှာတော့ စားဝတ်နေရေး၊ ကျန်းမာရေး၊ နေရာထိုင်ခင်းနဲ့ အမိုးအကာ၊ အဝတ်အထည် အစရှိတဲ့ ပစ္စည်းတွေ အကုန်လုံး လိုအပ်လျက်ရှိနေကြပါတယ်၊ အခုက စစ်ရှောင်ရင်းပါလာတဲ့ ငွေကြေးတွေကိုပဲ ချွေတာပြီးတော့ စားသောက်နေကြရပါတယ်" လို့ ကျောက်ဖြူမြို့နယ်အတွင်း လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးက BBM ကို ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ကျောက်ဖြူမြို့နယ်က မင်းပြင်၊ ချောင်းဝ၊ ရေနံတောင်၊ မှင်းခုံတိုင်၊ ချောင်းဖျား၊ သိုင်းချောင်း၊ ကျောက်ပြောက်၊ ပြူချိန်၊ ချောင်းမြှောင် စတဲ့ ကျေးရွာပေါင်း ၂၀ ကျော်ဟာ အရေးပေါ်စစ်ရှောင်နေကြရတာလည်း ဖြစ်ပါတယ်။

အဆိုပါ ကျေးရွာတွေမှ ဒေသခံတွေဟာ ရေလုပ်ငန်းနဲ့ လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတာဖြစ်ပြီးတော့ လက်ရှိမှာ စစ်ဘေးတိမ်းရှောင်နေကြရတာကြောင့် အလုပ်မရှိဖြစ်နေရတယ်လို့လည်း ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

"ရွာမှာက ငါးဖမ်းပါတယ်၊ လယ်လုပ်တာရှိပါတယ်၊ အခုက စစ်ရှောင်နေရတော့ အလုပ်အကိုင်ကလည်း မရှိတော့ပါဘူး၊ မိုးရာသီကလည်း စပါးစိုက်ပျိုးခဲ့တာရှိပါတယ်၊ ဒါပေမဲ့ အဲဒီစပါးတွေကိုလည်း မရိတ်သိမ်းခဲ့ရတော့ စားဝတ်နေရေးက အတော်လေးကိုကျပ်တည်းသွားခဲ့တာပါ" လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။

လက်ရှိ ကျောက်ဖြူမြို့နယ်အတွင်းမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် နယ်တစ်ခုတည်းသာမက မြို့ပေါ်ကလည်း ငွေကြေးတတ်နိုင်တဲ့သူတွေမှာ စစ်ဘေးတိမ်းရှောင်မှုတွေ ရှိနေကြတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်ကာ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ ၁၁ လနီးပါးကြာမြင့်လာခဲ့ပြီလည်း ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်းမှာ ကျောက်ဖြူမြို့ပေါ်နဲ့ ကျေးရွာတွေက AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စစ်ဘေးတိမ်းရှောင်လာသူဦးရေ ၇ သောင်းကျော်အထိ ရှိလာနေတယ်လို့လည်း စစ်ဘေးရှောင်အရေးဆောင်ရွက်နေကြတဲ့ ကျောက်ဖြူဒေသခံတွေဆီက သိရပါတယ်။

အဆိုပါ စစ်ဘေးရှောင်တွေဟာ အလုပ်အကိုင် ရှားပါးတာ၊ ဝင်ငွေမရှိတာ၊ စားဝတ်နေရေးကျပ်တည်းတာတွေကြောင့် တစ်မြို့နယ်ကနေ အခြားမြို့နယ်တွေကို ခြေလျင်သွားရောက်ပြီး အလှူခံတောင်းရမ်းစားသောက်မှုတွေ ရှိနေကြတယ်လို့လည်း စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

#bbm #bbmtv #bbmnews #rakhine #Kyaukpyu
https://www.facebook.com/share/p/1FL42QhV8n/
😢62👍1👎1🔥1
ထားဝယ်မှာ နှစ်ပတ်အတွင်း လူ ၂၀ ဦးနီးပါးအဖမ်းခံရပြီး အချို့စစ်မှုထမ်းအဖြစ်စုဆောင်းခံရ

BBM - ဇန်နဝါရီ ၁၅
သတင်း - ကိုဟန်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်မှာ စစ်တပ်က လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးကာ နှစ်ပတ်အတွင်း ၂၀ ဦး နီးပါး ဖမ်းဆီးခံရပြီး အချို့ကို အတင်းအကျပ် စစ်မှုထမ်းသင်တန်းပို့ဆောင်လိုက်တယ်လို့ မြို့ခံအချို့က ပြောပါတယ်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအစပိုင်းမှာ ရွေးကောက်ပွဲလုံခြုံရေးအကြောင်းပြထားတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့ဟာ ထားဝယ်မြို့ပေါ် အပါအဝင် မြို့အဝင်အထွက်နဲ့ ကျေးရွာချင်းသွားလမ်းပိုင်းတွေမှာ ရှောင်တခင်စစ်ဆေးတာ၊ ဂိတ်ချစစ်ဆေးတာတွေ လုပ်ဆောင်နေခဲ့တာပါ။

အဲဒီလို စစ်ဆေးတဲ့အခါမှာ စစ်တပ်က လူငယ်တွေကို ပစ်မှတ်ထားပြီး တကျော့ပြန်ဖမ်းဆီးမှု လုပ်လာတာလို့ ထားဝယ်မြို့ခံတဦးက BBM ကို ပြောပါတယ်။

“ပြောရရင် ဒီရွေးကောက်ပွဲလုပ်နေတဲ့အချိန်မှာ ပိုဆိုးလာတာပဲ၊ ကမြောကင်းတံတားမှာဆို မနည်းဘူး၊ ဆွဲစိခံထိ သွားတာလေ၊ အရွယ်တိုင်းကို ဖမ်းပေမဲ့ လူငယ်တွေကိုပဲ သူတို့ရစ်ပြီး ပြန်မလွှတ်တာများတယ်” လို့ ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေဟာ လမ်းသွားလမ်းလာသူတွေ၊ စားသောက်ဆိုင်ထိုင်နေသူတွေအပြင် နေအိမ်ထဲအရောက် ဝင်ရောက်ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

မြို့ခံအချို့ရဲ့ ပြောဆိုချက်အရ ဇန်နဝါရီလ ၁ ရက်မှ ဇန်နဝါရီလ ၁၄ ရက်နေ့အထိ ထားဝယ်မြို့ပေါ်၊ မြို့အဝင်အထွက်နဲ့ နယ်နမိတ်ထိစပ်နေတဲ့ လမ်းပိုင်းမှာ သွားလာသူတွေ၊ နေအိမ်တွေထဲနဲ့ စားသောက်ဆိုင်တွေမှာ ဖမ်းဆီးခံရတဲ့သူ ၂၀ ဦးခန့် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲက အများစုဟာ လူငယ်တွေဖြစ်ကြပြီး တချို့က ထားဝယ်ဒေသခံတွေပါဝင်သလို တခြားနယ်ခံတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက ဖုန်းစစ်ဆေးတာ၊ Kpay စစ်တာအပါအဝင် အကြောင်းပြချက်အမျိုးမျိုးပေးပြီး အတင်းအဓမ္မခြိမ်းခြောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေထဲက စစ်ကောင်စီနဲ့ နီးစပ်သူတွေနဲ့ ငွေကြေးပေးနိုင်တဲ့သူတွေက ပြန်လွတ်မြောက်ခဲ့ပေမဲ့ အချို့က စစ်မှုထမ်းပို့ဆောင်ခံလိုက်ရတယ်လို့ လွတ်မြောက်နယ်မြေကို ရောက်နေတဲ့ ထားဝယ်မြို့ခံတဦးက ပြောပါတယ်။

“သိတဲ့အတိုင်းပဲလေ၊ ဒီကောင်တွေက ကလိမ်ကကျစ်ကောင်တွေ ပိုက်ဆံရရင် ဘာမဆိုလုပ်နေတဲ့ကောင်တွေ အခုလည်း ပိုက်ဆံရဖို့ လူဖမ်းမယ်၊ မရရင် စစ်မှုထမ်းပို့မယ်၊ လုပ်နေကြပဲဗျာ၊ ဒါတောင် ကျွန်တော်တို့ ဆွေမျိုးထဲက အသိမိတ်ဆွေ တူလေးတွေ ဖမ်းခံထိပြီး ပိုက်ဆံနဲ့ ပြန်ရွေးရတာလေ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံရပြီးနောက် စစ်မှုထမ်းသင်တန်း မတက်ချင်ပါက တဦးကို ငွေကျပ် သိန်း ၂၀ နဲ့ ၅၀ ကြားပေါက်ဈေးရှိနေပေမဲ့ နောက်ဆုံး မပေးနိုင်တဲ့သူတွေ သက်ကြီးပိုင်းတွေကို ရသလောက်ငွေတွေ တောင်းယူတာရှိတယ်လို့ သူကဆက်ပြောပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ပြဌာန်းအတည်ပြုထားတဲ့ စစ်မှုထမ်းဥပဒေမှာ အပတ်စဉ်တခုကို လူဦးရေ ၅၀၀၀ နှုန်းနဲ့ ဖွင့်လှစ်နေခဲ့တာ အခုဆို အပတ်စဉ် (၂၀)ကျော်ရှိပြီလည်း ဖြစ်ပါတယ်။

အများစုက အတင်းအကျပ်ဖမ်းဆီးခံရပြီး စစ်မှုထမ်းသင်တန်းပို့ဆောင်ခံထားရတဲ့သူတွေဖြစ်တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေထံ ထွက်ပြေးတာ၊ အလင်းဝင်တာတွေ အများအပြားရှိနေတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဓါတ်ပုံ - Social Media
ပုံစာ - ထားဝယ်မြို့ပေါ်၊ ထားဝယ်မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ပုံဟောင်း)
https://www.facebook.com/share/p/1GKQu2TNd7/
👎5👍21👏1
ဂွမြို့နယ်မှာ အသတ်ခံထားရတဲ့ ကျောင်းသားလူငယ်တစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ
BBM - ဇန်နဝါရီ ၁၅
သတင်း - နိုင်နိုင်
ရခိုင်ပြည်၊ ဂွမြို့နယ်မှာ စစ်ဘေးတိမ်းရှောင်နေတဲ့ ကျောင်းသားလူငယ်တစ်ဦးရဲ့ အသတ်ခံထားရတဲ့ ရုပ်အလောင်းကို ဒေသခံတွေက တွေ့ရှိခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဓားဒဏ်ရာနဲ့ အသတ်ခံထားရတဲ့သူမှာ သံတွဲမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာက ဦးသက်ဝေစိုးရဲ့သား မောင်လင်းမြတ်အောင် (၁၅ နှစ်) ဖြစ်ပါတယ်။
မောင်လင်းမြတ်အောင် (၁၅ နှစ်) ဟာ သံတွဲမြို့နယ်ကနေ ဂွမြို့နယ်ကို စစ်ဘေးတိမ်းရှောင်နေသူတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့၊ နေ့လည် ၂ နာရီခွဲခန့်မှာ ဂွမြို့နယ်၊ ကျိန္တာလီတိုက်နယ်ရှိ ကိုင်းတောကွင်းကျေးရွာရဲ့ ကမ်းစပ်နားမှာ ဓာတ်ဒဏ်ရာနဲ့ သေဆုံးနေခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေသခံတွေရဲ့ တွေ့ရှိချက်အရ မောင်လင်းမြတ်အောင်ရဲ့ ရုပ်အလောင်းကို ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ DLEPS ရဲတပ်ဖွဲ့ဝင်တွေက အဆိုပါနေရာကို သွားရောက်ပြီး စစ်ဆေးရာ မောင်လင်းမြတ်အောင်ရဲ့ လည်ပင်းမှာ လှီးဖြတ်ထားတဲ့ ဒဏ်ရာ ၂ ချက်၊ ဘယ်ဘက်ရင်အုံမှာ ထိုးသွင်းထားတဲ့ ဒဏ်ရာ ၂ ချက်နဲ့ ဝမ်းမှာ ထိုးသွင်းထားတဲ့ ဒဏ်ရာ ၁ ချက် စုစုပေါင်း ၅ ချက်နဲ့ သေဆုံးခဲ့တာကို တွေ့ရှိခဲ့ရတယ်လို့လည်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မောင်လင်းမြတ်အောင် (၁၅) နှစ် သေဆုံးမှုနဲ့ပတ်သက်ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ (ULA/AA) ရဲ့ DLEPS ရဲတပ်ဖွဲ့ဝင်တွေက အမှုမှန်ပေါ်ပေါက်ရေးအတွက် တရားခံကိုလိုက်လံစုံစမ်းဖော်ထုတ်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။
#bbm #bbmtv #bbmnews #Gwe #rakhine
https://www.facebook.com/share/p/1FtFskwDtg/
👎6👍4😢1
ဓညဝတီရေတပ်ဌာနချုပ်အနီး ကာကင်းစခန်းနေရာတွေမှာ တိုက်ပွဲပြင်းထန်နေ

BBM - ဇန်နဝါရီ ၁၅
သတင်း - နိုင်နိုင်

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်လမ်းပိုင်းရှိ ဓညဝတီရေတပ်ဌာနချုပ်အနီး ကာကင်းစခန်းနေရာတွေမှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေတယ်လို့ ကျောက်ဖြူစစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က စတင်ကာ ဓညဝတီရေတပ်ဌာနချုပ်ကို သွားရာလမ်းပိုင်းရှိ ကာကင်းစခန်းတွေဖြစ်ကြတဲ့ ပျားတဲနဲ့ ကပ်သပြေကျေးရွာအနီးမှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြတယ်လို့လည်း သိရပါတယ်။

အာရက္ခတပ်တော် AA ဟာ အဲဒီကာကင်းစခန်းတွေအနီးမှာ တိုက်ပွဲတွေဖြစ်ပွားတာနဲ့အတူ ဓညဝတီရေတပ်ဌာနချုပ်အနီးကိုလည်း လက်နက်ကြီးတွေပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး စစ်ကောင်စီတပ်ကလည်း ပြန်လည်ပစ်ခတ်ကာ အပြန်အလှန်လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတယ်လို့လည်း AA နဲ့နီးစပ်တဲ့ကျောက်ဖြူ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

"ဓညဝတီရေတပ်ဌာနချုပ်ဘက်ကိုတော့ AA က တိုးနေတာရှိပါတယ်၊ ကာကင်းစခန်းတွေဖြစ်တဲ့ ကပ်သပြေတို့၊ ပျားတဲ့တို့ဘက်မှာ တိုက်ပွဲတွေပြင်းထန်နေလို့ ရေတပ်ဌာနချုပ်ဘက်က လက်နက်ကြီးတွေ အတော်လေးပစ်ခတ်နေတာပါ၊ သူပစ်ကိုယ့်ပစ် ပစ်ခတ်နေကြတာပါ" လို့ ကျောက်ဖြူဒေသခံ စစ်ရေးသတင်းရင်းတစ်ဦးက BBM ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဓညဝတီရေတပ်ဌာနချုပ်ကနေ လက်ရှိ AA က သိမ်းထားတဲ့ စစ်တောလမ်းဆုံနဲ့ သိုင်းချောင်းကျေးရွာအနီးကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ကပ်သပြေနဲ့ ပျားတဲကျေးရွာအရောက်မှာ AA ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကို ခံခဲ့ရတာလို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သားတွေရဲ့ ကျဆုံးမှုအခြေအနေတွေကို BBM က ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်သားတစ်ချို့ လက်နက်ချအညံ့ခံတာနဲ့ ထွက်ပြေးတာတွေရှိနေတယ်လို့လည်း သိရပါတယ်။

"တိုက်ပွဲဖြစ်ရင် စစ်ကောင်စီတပ်သားတွေ စစ်မြေပြင်မှာ စစ်မတိုက်ကြဘဲ ထွက်ပြေးကြတာပိုများပါတယ်၊ သူတို့က လေကြောင်းတွေနဲ့ ဒရုန်းလက်နက်တွေပါမှ ရှေ့တန်းကိုထွက်ဝံ့ကြတာပါ၊ မဟုတ်ရင် မထွက်ဝံ့ကြပါဘူး၊ တိုက်ပွဲအတွင်းမှာ ထွက်ပြေးသွားကြတဲ့ စကစတပ်သားတွေကိုလည်း AA က လိုက်လံဖမ်းဆီးမှုတွေ ရှိပါတယ်" လို့ AA စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

အလားတူ အာရက္ခတပ်တော် AA ဟာ အမှတ် ၃၂ ရဲတပ်ရင်းရှိတဲ့လမ်းပိုင်းက မင်းတက်တောင်နဲ့ ပြိုင်းစေ့ကေကျေးရွာဘက်တွေကိုလည်း ထိုးစစ်ဆင်လာတာရှိနေပြီး လက်နက်ကြီးတွေနဲ့ စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းတွေကို ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ကျောက်ဖြူမြို့နယ်ကို AA က အခုနှစ် ၂၀၂၆၊ နှစ်ဆန်းပိုင်းမှာ စတင်ကာ ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်လာနေတာကြောင့် မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းအသီးသီးက တပ်မိသားစုဝင်တွေဟာ ရန်ကုန်နဲ့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်မှုတွေ ရှိနေကြတယ်လို့လည်း သိရပါတယ်။
https://www.facebook.com/share/p/14Xqb3Nsydk/
👏11👍1
ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ကရိန်းပြိုကျမှုကြောင့် ၂ ဦးသေဆုံးပြီး ၅‌ ဦး ဒဏ်ရာရရှိ

BBM - ဇန်နဝါရီ ၁၅

ထိုင်းနိုင်ငံ၊ စမုစခွန်ပြည်နယ်မှာ ဆောက်လုပ်ရေးကရိန်းတစ်ခုရဲ့ အစိတ်အပိုင်းဆွေ ရာမ ၂ လမ်းပေါ်ကို ပြိုကျခဲ့ပြီး အောက်ဘက်မှာ မောင်းနှင်နေတဲ့ ယာဉ်နှစ်စီးကို ဝင်တိုက်မိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီလ ၁၅ရက် မနက် ၉ နာရီကျော်မှာ မူအန်ခရိုင်ရှိ သန်ချင်းမြစ်ကိုဖြတ်ကူးတဲ့ တံတားတစ်စင်းမတိုင်မီ ကီလိုမီတာ ၂၈-၃၀မှာ တောင်ဘက်ကို ဦးတည်တဲ့ လမ်းကြောပေါ်မှယ အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ကြောင်း ယာဉ်ကြောပိတ်ဆို့မှု သတင်းဌာန FM91 Trafficpro ရဲ့ အဆိုအရ သိရပါတယ်။

မူအန် စမုစခွန်ရဲစခန်းမှ ယာဉ်ကြောစစ်ဆေးရေးမှူး ရဲမှူးကြီး ပိုင်ရိုတီပင်သစ်ရဲ့ အဆိုအရ လူနှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း FM91 Trafficpro မှာ မနက် ၁၀ နာရီမှာ ဖော်ပြခဲ့ပါတယ်။

ဒေသခံသတင်းတွေအရ အမြန်လမ်းတံတားတည်ဆောက်ရာမှာ အသုံးပြုနေတဲ့ ကရိန်းပြိုကျပြီး အဆိုပါ ဂရိန်းရဲ့ အစိတ်အပိုင်းတွေဟာ အောက်မှာ မောင်းနှင်နေတဲ့ ယာဉ်နှစ်စီးပေါ်ကို
ပြုတ်ကျခဲ့ကြောင်း သိရပါတယ်။

ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးသမားတွေက
အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းသွားရောက်ခဲ့ကြပါတယ်။

အဆိုပါ တပ်ဖွဲ့တွေဟာ ဘေးကင်းရေးအတွက် အခင်းဖြစ်ပွားရာ ဧရိယာကို ကာရံထားပြီး လမ်းကိုပိတ်ထားခဲ့ပါတယ်။

ရာမ ၂ လမ်းဟာ ဘန်ကောက်နဲ့ တောင်ပိုင်းဒေသကို ဆက်သွယ်ပေးထားတဲ့ အဓိက လမ်းကြောင်းဖြစ်ပါတယ်။

Reference-The Bangkok Post
Translator-Richard
Video-The Nation Thailand
https://www.facebook.com/share/r/17ns26LBy9/
👍6
ဗန်းမော်မြို့ (၅)မိုင် တိုက်ပွဲအတွင်း ခလရ(၅၆)မှ စကစ (၁၆)ယောက်ကို အရှင်ဖမ်းမိ

🟥တိုက်ပွဲများပြင်းထန်ကာ အမိန့်မရဘဲ ပြန်ဆုတ်လာတဲ့ ဆေးတပ်တပ်သား (၁)ဦးကို စကစ မှ အချင်းချင်းပစ်သတ်

BBM - ဇန်နဝါရီ၁၅
သတင်း - မင်းသော်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲများပြင်းထန်နေပြီး ဗန်းမော်မြို့ (၅)မိုင်ဒေသ တိုက်ပွဲတွေအတွင်း စကစ (၁၆)ဦးကို တော်လှန်ရေးအဖွဲ့တွေက သုံ့ပန်းအဖြစ်အရှင်ဖမ်းဆီးနိုင်ခဲ့သလို တိုက်ပွဲကြားထဲ အမိန့်မရဘဲ ပြန်ဆုတ်လာတဲ့ ဆေးတပ်သား(၁)ဦးကိုလည်း စစ်ကောင်စီဘက်က အချင်းချင်းပစ်သတ်တာတွေရှိနေတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ(၁၄)ရက်နေ့မနက်အစောပိုင်းကတည်းက အနည်းငယ်ပြန်ငြိမ်သက်နေတဲ့ ဗန်းမော်မြို့ရှိ စစ်မျက်နှာတွေအကုန်လုံးကို KIAနဲ့မဟာမိတ်တော်လှန်ရေးအင်အားစုတွေက ထိုးစစ်အရှိန်မြှင့်တင်ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုထိုးစစ်အရှိန်မြှင့်တင်ခဲ့တာကြောင့်ပဲ ဗန်းမော်မြို့တိုက်ပွဲဟာ ဇန်နဝါရီလ၁၄ရက်(မနေ့က) တစ်နေကုန်နီးပါး ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးတာတွေလည်းရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့က နေ့လယ်ပိုင်းမှာလည်း ဗန်းမော်မြို့(၅)မိုင်ဒေသဘက်က စစ်မျက်နှာတစ်ခုမှာစကစရဲ့ ခလရ (၅၆) မှ ဒုတပ်ရင်းမှူးဦးဆောင်တဲ့ စစ်ကြောင်းမှ တပ်သား(၁၆)ဦးကို KIAနဲ့မဟာမိတ်တော်လှန်ရေးအင်အားစုတွေက သုံ့ပန်းအဖြစ်အရှင်ဖမ်းဆီးရမိခဲ့တာတွေရှိတယ်လို့ မြေပြင်တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။

"၅မိုင်ဘက်မှာ မိတာဟုတ်တယ်၊ ခလရ(၅၆)တပ် က ဒုရင်းမှူးစစ်ကြောင်းထဲက စစ်သားတွေပါ၊ ဒီကောင်တွေအကုန်ပိတ်မိပြီး ဘယ်လိုမှဖောက်ထွက်လို့မရဘဲ အဖမ်းခံလိုက်ရတာ၊ ဒုရင်းမှူးတော့မမိလိုက်ဘူး၊ အဲ့ကောင်က ခွေးပြေးဝက်ပြေး ပြေးသွားတာ"

ဒါတင်မက ဗန်းမော်မြို့ရဲ့ အခြားစစ်မျက်နှာတွေဖြစ်တဲ့ အမှတ်(၁၁) စစ်မြေပြင်ဆေးတပ်ရင်း ဒေသအခေါ် မဆရ (၁၁)ဘက်မှာလည်း တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွါးခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါ ဆေးတပ်ဘက်က တိုက်ပွဲတွေမှာလည်း တော်လှန်ရေးအင်အားစုတွေရဲ့လက်ချက်ကြောင့်စစတပ်ဘက်မှ သေဆုံးမှုတွေရှိခဲ့သလို အမိန့်မရဘဲ နောက်ပြန်ဆုတ်တဲ့ ဆေးတပ်မှ တပ်သားတစ်ဦးကိုလည်း ၎င်းတို့ အချင်းချင်းပြန်ပစ်သတ်ခဲ့တဲ့ဖြစ်စဥ်တွေရှိတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။

"တိုက်ပွဲက မနေ့ကတည်းက ပြန်စလှုပ်နေတယ်၊ ၅မိုင်ဘက်ကော ဆေးတပ်ဘက်မှာကော အခြေအနေမကောင်းဘူး၊ မနေ့က ဆေးတပ်ဘက်ကနေ အမိန့်မရဘဲ ပြန်ဆုတ်လို့ဆိုပြီး အချင်းချင်းပြန်ပစ်သတ်တာ ဆေးတပ်ကရဲဘော်တစ်ယောက်သေတယ်"

KIAနဲ့ မဟာမိတ်ပူးပေါင်းတော်လှန်ရေးအင်အားစုတွေက ဗန်းမော်ထိုးစစ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ရက်နေ့ကစတင်ပြီး သိသိသာသာမြှင့်တင်ခဲ့ပြီးနောက် တိုက်ပွဲတွေပြန်လည်ပြင်းထန်လာခြင်းဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် စစ်တပ်ဘက်ကလည်း တပ်မ(၈၈)တပ် မမှူး မြင့်ဟိဏ်းကိုယ်တိုင် ဗန်းမော် (၃)မိုင်ဒေသမှာအထိုင်ချကွပ်ကဲနေပြီး မြို့မကျစေရေးအတွက် ဆောင်ရွက်နေသလိုပဲ ၎င်းတပ်သားတွေကိုလည်း အမိန့်မရဘဲ လက်နက်ချတာတွေ၊ နောက်ပြန်ဆုတ်တာတွေမရှိစေရေးအတွက် ကြပ်မက်စွာကိုင်တွယ်နေတယ်လို့ သိရပါတယ်။

Video-မြေပြင်တော်လှန်ရေးတပ်ဖွဲ့

#bbm #bbmnews #Kachin #Bhamo #KIA #UpdateNews #Myanmar
https://www.facebook.com/share/v/17nfZhA4mF/
👍11👏1
ခမရ ၅၉၁ တပ်ရင်းက တပ်သားသုံးဦး လက်နက်(၂)လက် ယူဆောင်လာကာ အလင်းဝင်

BBM - ဇန်နဝါရီ ၁၅
သတင်း - မင်းသော်

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စကခ(၁၉) လက်အောက်ခံ ကျောင်းရွာစံပြကျေးရွာ အခြေစိုက် ခမရ ၅၉၁ တပ်ရင်းကတပ်သား သုံးဦးဟာ လက်နက်(၂)လက်နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်စစ်ဌာန၊ နည်းဗျူဟာ(၃၃)၊ ရေးပြောက်ကျားတပ် (YGF) အမှတ် (၈၀၀၁) တပ်ရင်းဆီအလင်းဝင်ရောက် လာခဲ့ကြတယ်လို့ အဆိုပါတပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇန်နဝါရီ ၁၅ ရက်နေ့(ဒီနေ့)မှာ ပြည်သူ့စစ်မှုထမ်းတပ်သားတွေဖြစ်တံလ အောင်ဆန်းလင်း၊ ခင်မောင်စိုး၊ ဇီလေးတို့ သုံးယောက်ဟာ ၎င်းတို့ကိုင်ဆောင်တံ့ MA3-(၂)လက်၊ ကျည်ဘောက်(၂)ဘောက် နဲ့ ကျည်(၄၈)တောင့် တို့ကိုယူဆောင်ပြီး အလင်းဝင်ရောက်ခဲ့ကြခြင်းဖြစ်
တယ်လို့ သိရပါတယ်။

အဆိုပါစစ်သားသုံးဦးဟာ စစ်ကောင်စီရဲ့ပေါ်တာဆွဲမှုကြောင့် သံဖြူဇရပ်မြို့နယ်၊ ဝဲကလိသင်တန်းကျောင်း အပတ်စဥ်(၁၆)၊ အမှတ်(၁၁) တန်းမြှင့် သင်တန်းကျောင်းနဲ့ အပတ်စဥ်(၁၆) ကျောင်းတွေမှာ စစ်သင်တန်းတက်ခဲ့ရတယ်လို့လည်းသိရပါတယ်။

အခုလို အလင်းဝင်ရောက် လာသူတွေကို နွေးထွေးစွာ ကြိုဆိုဂုဏ်ယူကြောင်း၊ အတင်းအဓမ္မ စစ်မှုထမ်းခံမယ့် အစား ပြည်သူ့ကာကွယ်ရေး တပ်မတော်ထဲကို ဝင်ပြီး တော်လှန်ရေး အမြန်ပြီးဆုံးအောင် ဝိုင်းဝန်း တွန်းလှန်ကြဖို့ တပ်ရင်းမှူး ရဲဘော်ဗိုလ်ကျန်ရစ် ကပြောကြားကြောင်း ရေးပြောက်ကျားတပ်(YGF)မှထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - YGF

#bbm #bbmnews #Mon #Ye #YGF #UpdateNews #Myanmar
https://www.facebook.com/share/p/1H78MCr7wS/
👏10👍3
စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲအပိုင်း ၂မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မြို့နယ် ၁၀၀မှာ ၈၇မြို့နယ်အထိ အနိုင်ရရှိထား

BBM - ဇန်နဝါရီ ၁၆

စစ်ကောင်စီတပ် ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမတ်တွေဟာ မြို့နယ်၁၀၀မှာ ၈၇နေရာ အနိုင်ရရှိခဲ့တယ်လို့ ဇန်နဝါရီလ၁၃ရက်နေ့က ကြေညာချက်အရသိရပါတယ်။

အဆိုပါ ရလဒ်ကို ဒီမိုကရေစီစောင့်ကြည့်လေ့လာသူတွေက ဒါဟာ ပြည်တွင်းစစ်ဆက်လက်ရှည်ကြာစေမယ်လို့ ပြောကြားထားကြပါတယ်။

မြန်မာပြည်သူတွေဟာ ဒီမိုကရေစီရဲ့တစ်စိတ်တစ်ပိုင်းကို ဆယ်စုနှစ်တစ်ခုကြာပဲ ခံစားခဲ့ရတာပါ။

၂၀၂၁ ခုနှစ်မှာ ဒေါ်အောင်ဆန်စုကြည်ဦး ဆောင်တဲ့ အရပ်သားအစိုးရ ဖြုတ်ချကာ ပါတီ၀င်တော်တော်တော်များများကို ဖမ်းဆီးကာ အာဏာသိမ်းယူခဲ့ပါတယ်။

အဆိုပါ အာဏာသိမ်းတဲ့ ရလဒ်အ‌နေနဲ့ နိုင်ငံဟာ ပြည်တွင်းစစ်ထဲကို ကျသွားပါတယ်။

စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၂၅ ရက်မှာ တတိယပိုင်း ရွေးကောက်ပွဲကိုကျင်းပမှာဖြစ်ပြီးတော့ သိမ်းယူထားတဲ့ အာဏာကိုပြန်ပေးမယ်လို့ ပြောကြားထားပါတယ်။

ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အမတ်တစ်ဦးက ရလဒ်တွေကို ထုတ်ဖော်ပြောဆိုခွင့်မရှိတာကြောင့် အမည်မဖော်လိုဘဲ AFP ကို ဖြေကြားရာမှာ ဇန်နဝါရီလ ၁၁ရက် တနင်္ဂနွေနေ့က ဒုတိယအဆင့် မဲပေးမှုမှာ "နေရာ ၁၀၀ မှာ ၈၇ နေရာ အနိုင်ရရှိခဲ့တယ်" လို့ ပြောကြားခဲ့ပါတယ်။

ပထမအဆင့်နဲ့ ဒုတိယအဆင့်ပေါင်းလိုက်ရင် ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အောက်လွှတ်တော်မှာ ၁၇၆ နေရာ ရရှိထားပြီးဖြစ်ပြီး တတိယအဆင့် မကျင်းပမီကပင် မှာ နေရာစုစုပေါင်း ၃၃ဝမှာ ထက်ဝက်ကျော်အနိုင်ရရှိထားတာပါ။

ပြီးခဲ့တဲ့အပတ်က ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ် အန်ဒရူးစ်(Tom Andrews) က ကြေညာချက်တစ်စောင်မှာ "စစ်အစိုးရဟာ သူတို့ပါတီရဲ့ကိုယ်စားလှယ်တွေအတွက် အောင်ပွဲရရှိစေဖို့၊ မြန်မာနိုင်ငံမှာ စစ်တပ်လွှမ်းမိုးမှုကို ခိုင်မာစေဖို့နဲ့ တရားဝင်မှု မျက်နှာစာတစ်ခုကို ဖန်တီးဖို့ ရွေးကောက်ပွဲတွေကို စီစဉ်ခဲ့တယ်" လို့ ပြောကြားခဲ့ပါတယ်။

မြန်မာ့အောက်လွှတ်တော်မှာ နေရာ ၄၄၀ ရှိပေမဲ့ စစ်တပ်ရေးဆွဲထားတဲ့ဖွဲ့စည်းပုံအရ‌ နေရာ၁၁၀(၂၅%)ကို စစ်တပ်အတွက်ထားရှိထားပါတယ်။

ဒါကို ခွဲခြမ်းစိတ်ဖြာသူတွေက ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကို စစ်တပ်ရဲ့ အဓိကနိုင်ငံရေးကိုယ်စားလှယ်အဖြစ် ဖော်ပြကြပြီး အမတ်အများစုဟာလည်း အငြိမ်းစားအရာရှိတွေဖြစ်ကြလို့ပါ။

လာမယ့် မတ်လမှာ လွှတ်တော်ခေါ်ယူဖို့ စီစဉ်ထားပြီး အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ပေါင်းစပ်ထားတဲ့ လွှတ်တော်အမတ်တွေဟာ သမ္မတကို ရွေးချယ်မှာဖြစ်ပြီးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် သမ္မတရာထူးကို လွှဲပြောင်းယူမှာဖြစ်ပေမဲ့ တစ်ဘက်မှာလည်း လက်ရှိရာထူးကနေ နှုတ်ထွက်ဖို့ ပြောဆိုထားတာ မရှိပါဘူး။

Reference-CNA
Translator-Richard
Photo-CNA

#bbmnews #bbm #bbmtv #USDP #election
https://www.facebook.com/share/p/1DtZYUBSf1/
3😁3🤣1
အစ္စရေးရဲ့ ပါလက်စတိုင်း ဒုက္ခသည်အေဂျင်စီကို ပစ်မှတ်ထားတဲ့ ဥပဒေနဲ့ပတ်သက်ပြီး ICJ ကို လွှဲပြောင်းပေးနိုင်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် သတိပေး

BBM - ဇန်နဝါရီ ၁၆

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို ကုလသမဂ္ဂရဲ့ ပါလက်စတိုင်း ဒုက္ခသည်အေဂျင်စီ (UNRWA) ကို ပစ်မှတ်ထားတဲ့ ဥပဒေတွေကို မပယ်ဖျက်ပါက အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ကို တင်သွင်းနိုင်ကြောင်း သတိပေးခဲ့ပါတယ်။

ဇန်နဝါရီ ၈ ရက်နေ့ ရက်စွဲပါ နေတန်ယာဟုဆီ ပေးပို့တဲ့စာမှာ ဂူတာရက်စ်က ကုလသမဂ္ဂဟာ “နိုင်ငံတကာဥပဒေအရ အစ္စရေးရဲ့ တာဝန်ဝတ္တရားတွေကို တိုက်ရိုက်ချိုးဖောက်တဲ့ လုပ်ဆောင်ချက်တွေကို လျစ်လျူရှုလို့မရပါဘူး။ ဒါတွေကို နှောင့်နှေးခြင်းမရှိဘဲ ပြန်လည်ရုပ်သိမ်းရမယ်” လို့ ပြောကြားခဲ့ပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ အစ္စရေးပါလီမန်က NRWAကို အစ္စရေးမှာ လုပ်ငန်းလည်ပတ်ခွင့် ပိတ်ပင်တာနဲ့ အစ္စရေးအရာရှိတွေကို အေဂျင်စီနဲ့ ဆက်သွယ်ခွင့် တားမြစ်တဲ့ ဥပဒေတစ်ရပ်ကို အတည်ပြုခဲ့ပါတယ်။

ဒါ့ကြောင့် UNRWA အဆောက်အအုံတွေကို လျှပ်စစ်မီးနဲ့ ရေ မပေးဖို့ ပြီးခဲ့တဲ့လက ဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လက အစ္စရေးအာဏာပိုင်တွေက အရှေ့ဂျေရုဆလင်မှာရှိတဲ့UNRWAရဲ့ ရုံးတွေကို သိမ်းပိုက်ခဲ့ပါတယ်။

ကုလသမဂ္ဂက အရှေ့ဂျေရုဆလင်ကို အစ္စရေးက သိမ်းပိုက်ထားတယ်လို့ ယူဆထားပါတယ်။

အစ္စရေးကတော့ ဂျေရုဆလင်တစ်ခုလုံးကို နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ယူဆထားပါတယိ။

ဂူတာရက်စ်က UNRWA ဟာ “ကုလသမဂ္ဂရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု” ဖြစ်ကြောင်း ပြောကြားခဲ့ပြီး “အစ္စရေးဟာ UNRWA နဲ့ ဝန်ထမ်းတွေကို ၁၉၄၆ ခုနှစ် ကုလသမဂ္ဂ အခွင့်အရေးများနှင့် ကင်းလွတ်ခွင့်များဆိုင်ရာ ကွန်ဗင်းရှင်းမှာ သတ်မှတ်ထားတဲ့ အထူးအခွင့်အရေးတွေနဲ့ ကင်းလွတ်ခွင့်တွေကို ပေးအပ်ဖို့ တာဝန်ရှိနေဆဲဖြစ်တယ်” လို့ အလေးပေးပြောကြားခဲ့ပါတယ်။

အဆိုပါ ကွန်ဗင်းရှင်းထဲမှာ “ကုလသမဂ္ဂရဲ့ အဆောက်အအုံတွေကို မဖျက်စီးရ” လို့ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီး ဒန်နီဒါနွန်က ဂူတာရက်စ်ရဲ့ နေတန်ယာဟုဆီ ပေးပို့တဲ့ စာကို ပယ်ချခဲ့ပါတယ်။

“ကျွန်တော် တို့ဟာ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ခြိမ်းခြောက်မှုတွေကို မစိုးရိမ်ပါဘူး”လို့ အင်္ဂါနေ့က X မှာ ပို့စ်တစ်ခု တင်ခဲ့ပါသေးတယ်။

“UNRWA ဝန်ထမ်းတွေရဲ့ ငြင်းမရတဲ့ အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်မှုကို ကိုင်တွယ်ဖြေရှင်းမယ့်အစား အထွေထွေအတွင်းရေးမှူးချုပ်က အစ္စရေးကို ခြိမ်းခြောက်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံတကာဥပဒေကို ကာကွယ်တာမဟုတ်ဘဲ အကြမ်းဖက်တဲ့ အဖွဲ့အစည်းတစ်ခုကို ကာကွယ်နေတာပါ”လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

Reference-Al Jazeera
Translator-Richard
Photo-Al Jazeera

#bbmnews #bbm #bbmtv #UNRWA #ICJ
https://www.facebook.com/share/p/1Ao56DvPt5/
3👍2👏1
စစ်ကောင်စီထိန်းချုပ်ထားတဲ့ နယ်မြေ အများစုမှာ တရုတ်ကုန်ပစ္စည်းတွေ ပြတ်လပ်လာပြီး ဈေးနှုန်းမြင့်တက်လာ

BBM - ဇန်နဝါရီ ၁၆
သတင်း - PJ

စစ်ကောင်စီထိန်းချုပ်ထားတဲ့ နယ်မြေ အများစုမှာ တရုတ်ကုန်ပစ္စည်းတွေ ပြတ်လပ်လာပြီး ဈေးနှုန်းတွေ မြင့်တက်လာနေကြောင်း ဇန်နဝါရီလ ၁၄ရက်နေ့က ဒေသခံတွေဆီက သိရပါတယ်။

တရုတ်နယ်စပ်ဘက်က ဝင်လာတဲ့ အာလူး၊ ကြက်သွန် တွေကအစ ကုန်စည်စီးဆင်းရာ လမ်းကြောင်း တွေမှာ စစ်ကောင်စီတွေက ဖမ်းတဲ့ဟာဖမ်း လုပ်နေတယ်လို့ သူက ပြောပါတယ်။

“ဈေးကွက်ထဲမှာ ဆေးဝါး ပစ္စည်းတွေ၊ ကားပစ္စည်းတွေ တော်တော် ပြတ်နေပြီ။ တချို့ ကားပစ္စည်းဆိုရင် ဝယ်လို့ တောင်မရတော့ဘူး” လို့ မန္တလေးက လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီဘက်က ဖမ်းပြလိုက် လုပ်စားလိုက် နဲ့။ ခက်တယ်။ ဘယ်သူမှ မှန်မှန်ကန်ကန် မနေတော့ဘူး။ ကိုယ်ကျိုးတွေပဲ လုံးပန်းပြီးတော့ နေတော့တာ” လို့ သူက ထပ်ပြောပြပါတယ်။

မျှမျှတတ လုပ်တာမျိုးမဟုတ်ပဲ ဈေးကွက် တခုလို ဂွင်ဖန်ပြီး ပြည်သူတွေအပေါ် ခြိမ်းခြောက်လုပ်စားနေတဲ့ သဘောတွေ့ရပြီး တရားဝင် လိုင်စင်ကလည်း ချမပေးတော့ မှောင်ခို ဖြစ်အောင် သူတို့ပဲ လုပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

“တရုတ်ကား အပို ပစ္စည်းတွေကျတော့ ဂျပန်ကားမှာလည်း ထည့်သုံးလို့ရတယ်။ တရုတ်ဘက်က အပိုပစ္စည်းတွေ ဖောဖောသီသီ ရနိုင်တယ်။ ဂျပန် ပစ္စည်းကျတော့ အဟောင်းတွေ ပဲ ဝင်တာများတယ်။ အခုက ကွန်တိန်နာနဲ့ပဲ ဝင်တော့တာ” လို့ ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

အဓိက မြဝတီ၊ မော်လမြိုင် နယ်စပ် လမ်းကြောင်းတွေ ပိတ်ထားတော့ ပိုဆိုးသွားတယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းကနေ မန္တလေးဘက် ဝင်မယ့် အမျိုးသမီး လစဉ်သုံးက အစ စစ်ကောင်စီက တင်းတင်းကြပ်ကြပ် စစ်ဆေးဖမ်းဆီးနေပြီး ဒေသထွက်ကုန် ဖြစ်တဲ့ ပြောင်းကိုတောင် မန္တလေးဘက် ဆင်းမယ်ဆိုရင် ထောက်ခံစာတွေ ပြုလုပ်ခိုင်းနေတယ်လို့ ဆိုပါတယ်။

ဆိုင်တွေမှာတော့ တရုတ်ဘက်က ဝင်လာတဲ့ ပစ္စည်းတွေ မစုံတော့တာတွေ၊ လိုအပ်တဲ့ ပစ္စည်းတွေကို သယ်လာလို့မရတာတွေ၊ သယ်လို့ ရခဲ့ရတောင် လမ်းကြေးတွေ အရမ်းများတာတွေ၊ ရောင်းလို့ ရရ မရရ သယ်လို့ရတဲ့ ပစ္စည်း တင်ထားရတာတွေ ရှိနေပြီး တချို့ကုန်သည်တွေကတော့ ပစ္စည်းရှိပေမယ့် ဈေးကိုင်ပြီး ပါးစပ်ထဲ ရှိတဲ့ ဈေးနှုန်းနဲ့ တက်ရောင်းပေးတာမျိုးလည်း ရှိတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဝင်ငွေ ဖြတ်တောက်စေချင်တာကြောင့် တရားမဝင်ကုန်စည် တိုက်ဖျက်ရေး အကြောင်းပြချက်နဲ့ တရုတ်နယ်စပ်က ဝင်လာတဲ့ ကုန်ပစ္စည်းမှန်သမျှကို ဖမ်းဆီးနေတာဖြစ်ပြီး ကုန်ဈေးနှုန်းမြင့်မားမှုဒဏ်ကိုတော့ ပြည်သူတွေ ခါးစည်း ခံနေကြရတာဖြစ်ပါတယ်။

ပုံ-ပေးပို့

#bbmnews #bbm #bbmtv #china #chinaproducts
https://www.facebook.com/share/p/1By54pAXWK/
👍8👎1
မုံရွာ-ချောင်းဦးလမ်းမှာ ပိုက်ဆံတောင်းနေတဲ့ စစ်တပ်ဂိတ်နဲ့ မဲများသယ်လာတဲ့ ယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက်

BBM - ဇန်နဝါရီ ၁၆
သတင်း - ခက်ဆစ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီဂိတ်နဲ့ မဲပုံးတွေသယ်လာတဲ့ ယာဉ်တွေကို အဆိုပါဂိတ်မှာ အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ 5/ Commando Force က ယမန်နေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဇန်နဝါရီလ ၁၃ ရက်၊ မနက် ၆ နာရီခွဲခန့်မှာ မုံရွာအခြေစိုက် စစ်ကောင်စီရဲ့ အ‌နောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ မှထွက်လာတဲ့ အင်အားအပြည့်ပါ သံပြားကာကား ၃ စီးဟာ မအူဂိတ်မှာ ဝင်ရောက်ကာ လမ်းကင်းတွေ ကင်းပုန်းတွေ ဝပ်ပြီး ပြည်သူပိုင်ကားတွေကို အဓမ္မငွေကြေးတောင်းခံလျက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ချောင်းဦးမြို့မှ ရွေးကောက်ပွဲမဲတွေ သယ်ဆောင်လာတဲ့ အိမ်စီးကား ၂ စီးကို အဆိုပါဂိတ်အရောက်မှာ အဝေးထိန်း ရှေ့ထွက်မိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) တပ်ခွဲ (၂) 5/ Commando Force က ဦးဆောင်ပြီး မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂၈) တပ်ခွဲ (၃) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video - 5/ Commando Force

#bbmnews #bbm #bbmtv #monywa #chaungu
https://www.facebook.com/share/v/17iNDfJvS7/
👍10👏1