3.47K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
တအာင်းနယ်မြေတွေကို နိုင်ငံရေး၊ လူမှုရေးဆွေးနွေးချက်အရ ရရှိတာမဟုတ်ဘဲ တိုက်ပွဲမှ ရရှိခြင်းဟု TNLA ပြော

BBM-ဇန်နဝါရီ၁၂
သတင်း-မင်းသော်

တအာင်းအုပ်ချုပ်ရေးနယ်မြေတွေကို ရရှိလာဖို့အတွက် နိုင်ငံရေး၊ လူမှုရေး ဆောင်ရွက်ချက်တွေနဲ့ ဆွေးနွေးအဖြေရှာခဲ့ပြီး ရရှိခဲ့တာမဟုတ်ဘဲ တိုက်ပွဲတွေမှတဆင့် စစ်ရေးအရ တိုက်ယူပြီးရရှိခဲ့တယ်လို့ PSLF/TNLA တပ်ဖွဲ့ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၆၃ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်နေ့ အတွက် PSLF/TNLA ရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး တာအိုက်ဘုန်းက ပြောကြားတဲ့ ဂုဏ်ပြုမိန့်ခွန်းအတွင်း အထက်ပါအတိုင်း ဆိုထားပါတယ်။

တအာင်းတိုင်းရင်းသား အရာရှိ၊ အရာခံ၊ ရဲဘော်များရဲ့ အသက်သွေးချွေး၊ ကိုယ်ခန္ဓာစွန့်လွှတ် အနစ်နာခံခဲ့တဲ့ သမိုင်းဝင်တိုက်ပွဲတွေကတဆင့် တအာင်းအုပ်ချုပ်ရေးနယ်မြေတွေကို တိုက်ယူခဲ့ရခြင်းဖြစ်တာမို့ ဂုဏ်ဒြပ်မြင့်မားပြီး ဒီတန်ဖိုးကို အရာရှိ အရာခံ၊ ရဲဘော်၊ ရဲမေတွေက မှတ်သားထားဖို့လိုတယ်လို့ ဗိုလ်ချုပ်ကြီး တာအိုက်ဘုန်းက ဆိုပါတယ်။

"အခုလို အုပ်ချုပ်ရေးနယ်မြေရရှိလာဖို့က နိုင်ငံရေး၊ လူမှူရေး ဆောင်ရွက်ချက်တွေနဲ့ ဆွေးနွေးအဖြေရှာပြီး ရရှိခဲ့ကြတာမဟုတ်ဘဲ၊ တအာင်းတိုင်းရင်းသား အရာရှိအရာခံများ၊ ရဲဘော်များရဲ့ အသက်၊ သွေး၊ ချွေး၊ ကိုယ်ခန္ဓာစွန့်လွှတ်အနစ်နာခံ သမိုင်းတွင်ပြောင်မြောက်တဲ့ တိုက်ပွဲတွေကနေတဆင့် စစ်ရေးအရ တိုက်ယူခဲ့ရတာဖြစ်တယ်" လို့ ဆိုပါတယ်။

ဒါတင်မက စစ်ဆင်ရေးကာလတွေအတွင်း ပြည်သူတွေအနေနဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးနစ်နာခဲ့ရတာတောင် စိတ်ရှည်သည်းခံပြီး PSLF/TNLA ပေါ် စိတ်ရောကိုယ်ပါ ပံ့ပိုးကူညီခဲ့ကြတာကိုလည်း အထူးလေးစားတန်ဖိုးထားဂုဏ်ယူတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ကာလတွေအတွင်း ပြည်သူတွေကော၊ ရဲဘော်တွေပါ ကိုယ်ရောစိတ်ပါ ခက်ခဲကြမ်းတမ်းတဲ့ ကာလကိုရင်ဆိုင်ဖြတ်သန်းခဲ့ရတာမို့ အခုလိုတိုက်ပွဲတွေရပ်နားချိန်မှာ ပြည်သူနဲ့ရဲဘော်တို့ ချစ်ချစ်ခင်ခင်ပူးပေါင်းပြီး ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်သွားရမဲ့အပြင် ပျက်ဆီးသွားတဲ့ အိုးအိမ်၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ အများပြည်သူ အဆောက်အအုံ၊ ဆေးရုံနဲ့ လမ်းတံတားတွေကို တတ်နိုင်သမျှပြုပြင်သွားမယ်လို့လည်း ဆိုပါတယ်။

PSLF/TNLA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း မြို့နယ်ပေါင်း ၁၂ မြို့နယ်ကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့ အခုနောက်ဆုံး (၅) မြို့နယ်ကို စစ်ကောင်စီထံပြန်လည်လက်လွှတ်ခဲ့ရပြီး စစ်တပ်နဲ့အပစ်အခတ်ရပ်ဆဲခဲ့တာလည်း ဖြစ်ပါတယ်။

#bbm #bbmtv #bbmnews #TNLA #UpdateNews
https://www.facebook.com/share/p/1Ac8DEuhKu/
👍104
ကျောင်းသားလက်ရုံးတပ်တော်ထံ၂လအတွင်း အလင်းဝင်ခိုလှုံသူ (၁၃)ဦး ရဲဘော်အဖြစ် တာဝန်ထမ်းဆောင်

🟥 စစ်သုံ့ပန်း(၁၆)ဦးကိုလည်း အမ်း-ပဒါန်းလမ်းပိုင်း၊ ပုသိမ်-မုံရွာလမ်းမတို့မှ(၂)လအတွင်း ဖမ်းဆီးရမိ

BBM-ဇန်နဝါရီ ၁၂
သတင်း-မင်းသော်

ကျောင်းသားလက်ရုံးတပ်တော်မှ ၂လအတွင်း စစ်သုံ့ပန်း(၁၆)ဦးကို အရှင်ဖမ်းမိသလို အလင်းဝင်ရောက်ခိုလှုံလာသူ စကစ (၁၃)ဦးရှိပြီး အဆိုပါအလင်းဝင်ရောက်လာသူများက
တပ်ရင်းမှာ ရဲဘော်များအဖြစ် ပြန်လည်တာဝန်
ထမ်းဆောင်နေတယ်လို့ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်မှ ဇန်နဝါရီလ ၁၂ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

ကျောင်းသားလက်ရုံးတပ်တော်ရဲ့ စစ်ဆင်ရေးနယ်မြေတစ်ခုဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပိုင်း၊ ပုသိမ်-မုံရွာလမ်းမကြီးတစ်ဝိုက်က စကစ စစ်ကြောင်းများထံမှ (၂)လအတွင်း စစ်သုံ့ပန်းများရရှိခဲ့ပြီး ၎င်းတို့ကို နိုင်ငံတကာစစ်ဥပဒေများနဲ့အညီ ထိန်းသိမ်းထားရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါစစ်ကြောင်းများမှပဲ ဒုတပ်ကြပ် (၁)ဦး၊ တပ်ကြပ်(၁)ဦးတို့အပါ စုစုပေါင်း စကစ (၁၃)ဦးတို့ အလင်းဝင်ရောက်လာပြီး ၎င်းတို့က ရဲဘော်များအဖြစ်ကျောင်းသားလက်ရုံးတပ်တော်ထံ ပြန်လည်ထမ်းဆောင်နေတယ်လို့လည်း သိရပါတယ်။

ဒါတင်မက တပ်ဦး/တပ်တော်အနေနဲ့ အဖိနှိပ်ခံလူထုကို မျက်နှာမှုပြီး တော်လှန်ရေးတာဝန်ထမ်းဆောင်လိုတဲ့ ဘယ်သူ့ကိုမဆို အတူတိုက်ပွဲဝင်ရန် လက်ကမ်းကြိုဆိုလျက်ရှိတယ်လို့လည်း ကျောင်းသားတပ်ဦး/ကျောင်းသား လက်ရုံးတပ်တော်မှ ထုတ်ပြန်ကြေငြာထားပါတယ်။

Photo-ကျောင်းသားတပ်ဦး/ကျောင်းသားတပ်တော်

#bbmnews #bbm #bbmtv #PDF #updatenews
https://www.facebook.com/share/p/19zoTrWuWW/
👍103
ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးက စစ်ကောင်စီတပ်ရဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်တဲ့အမှုကို စတင်စစ်ဆေး

BBM - ဇန်နဝါရီ ၁၃

ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးက စစ်‌ကောင်စီတပ်က မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာမူစလင်လူမျိုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တဲ့မှုကို စတင်စစ်ဆေးလျက်ရှိပါတယ်။

စစ်ကောင်စီတပ်ဟာ ရိုဟင်ဂျာလူနည်းစုကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဂမ်ဘီယာတရားရေးဝန်ကြီး ဒေါ်ဒါဂျယ်လိုက ဇန်နဝါရီလ ၁၂ရက် တနင်္လာနေ့က ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ ပြောကြားခဲ့ပါတယ်။

“ဒါဟာ နိုင်ငံတကာဥပဒေရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကိစ္စတွေအကြောင်း မဟုတ်ပါဘူး။ တကယ့်လူတွေ၊ တကယ့်ဇာတ်လမ်းတွေနဲ့ တကယ့်လူသားအုပ်စုတစ်စုအကြောင်းပါ။ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေပါ။ မြန်မာစစ်တပ်က သူတို့ကို ဖျက်ဆီးဖို့ ပစ်မှတ်ထားခဲ့ပါတယ်” လို့ ဂျယ်လို (Jallow) က ပြောကြားခဲ့ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ဂမ်ဘီယာနိုင်ငံဟာ ကမ္ဘာ့တရားရုံး (ICJ) လို့ လူသိများတဲ့တရားရုံးမှာ စစ်ကောင်စီတပ်ဟာ ရိုဟင်ဂျာ ၇၅၀,၀၀၀ ခန့်ကို နေအိမ်တွေကနေ စွန့်ခွာစေခဲ့ပြီး အများစုမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတင်းအကြပ် တွန်းပို့ခဲ့တဲ့ ထိုးစစ်ဆင်မှုတစ်ခု စတင်ခဲ့ပြီး ၂ နှစ်အကြာမှာ တရားစွဲဆိုခဲ့တာပဲဖြစ်ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ မုဒိမ်းမှုနဲ့ မီးရှို့တိုက်ခိုက်မှုတွေကို ပြန်ပြောင်းပြောပြခဲ့ကြပါတယ်။

အဆိုပါ ရုံးတင်စစ်ဆေးမှုဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ICJ မှ အပြည့်အဝကိုင်တွယ်ခဲ့တဲ့ ပထမဆုံးလူမျိုးတုံးသတ်ဖြတ်တဲ့အမှုဖြစ်ပြီး အဆိုပါ ရလဒ်ဟာ မြန်မာနိုင်ငံပြင်ပမှာပါ အကျိုးဆက်တွေ ရှိလာမှာဖြစ်ပြီးတော့ ဂါဇာမှာ လူမျိုးတုံးသတ်ဖြတ်မှုစစ်ပွဲနဲ့ ပတ်သက်ပြီး အစ္စရေးကို ဆန့်ကျင်တဲ့ တောင်အာဖရိကရဲ့ တောင်းဆိုတဲ့အမှုလိုပဲ သက်ရောက်မှုရှိမှာပါ။

ကြားနာမှုတွေဟာ ၃ ပတ်ခန့် ကြာမှာပဲဖြစ်ပါတယ်။
ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်တစ်ခုက ၂၀၁၇ ခုနှစ် ထိုးစစ်ဆင်မှုအတွင်း စစ်ကောင်စီတပ်ဟာ“လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်‌တွေ” လုပ်ဆောင်ခဲ့ကြောင်း ကောက်ချက်ချခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ်င အဆိုပါ
ထိုးစစ်ဆင်မှုတွေဟာ
ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ တရားဝင်အကြမ်းဖက်မှုတန်ပြန်လှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့ ချေပကာ အစီရင်ခံစာကို ပယ်ချခဲ့ပါတယ်။

“လူမျိုးတုံးသတ်ဖြတ်မှုကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုမလဲ၊ ဘယ်လိုသက်သေပြနိုင်မလဲ၊ ချိုးဖောက်မှုတွေကို ဘယ်လိုပြုပြင်နိုင်မလဲဆိုတဲ့ အရေးကြီးတဲ့ သာဓကတွေကို ဒီအမှုက ချမှတ်နိုင်ဖွယ်ရှိပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရားရဲ့ အကြီးအကဲ နီကိုလတ်စ် ကွန်ဂျီယန်က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Reference-Al Jazeera
Translator-Richard
Photo-Reuters

#bbmnews #bbm #bbmtv #icc #icj
https://www.facebook.com/share/p/17T5UNgop6/
👍96
အမေရိကန်က ဂရင်းလန်းကို တစ်နည်းနည်းနဲ့ သိမ်းယူမယ်လို့ ထရမ့်ပြော

BBM - ဇန်နဝါရီ ၁၃

အာတိတ်ဒေသမှာ ရုရှားနဲ့ တရုတ်တို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးလာနေတာကြောင့် သတ္တုကြွယ်ဝတဲ့ ဒိန်းမတ်နယ်မြေကို ထိန်းချုပ်တာဟာ အမေရိကန်အမျိုးသားလုံခြုံရေးအတွက် အရေးကြီးကြောင်း ထရမ့်က ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ ဂရင်းလန်းကို မသိမ်းယူဘူးဆိုရင် ရုရှား ဒါမှမဟုတ် တရုတ်က ယူမယ်၊၊ ကျွန်တော်လည်း အဲဒီလိုဖြစ်ခွင့်မပေးဘူး" လို့ ထရမ့်က Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အဆိုပါ ကျွန်းကြီးကို ပိုင်ဆိုင်ဖို့ ဘယ်သူကမှ မတောင်းဆိုပေမဲ့ ထရမ့်က ဒိန်းမတ်နဲ့ သဘောတူညီချက်တစ်ခု ပြုလုပ်ဖို့ ပြောကြားခဲ့ပြီး "ဒါပေမယ့် တစ်နည်းနည်းနဲ့တော့ ကျွန်တော်တို့အနေနဲ့ ဂရင်းလန်းကို ရအောင်လုပ်မယ်" လို့ပြောကြားခဲ့ပါတယ်။

ဒိန်းမတ်နဲ့ အခြားဥရောပမဟာမိတ်တွေက
ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမေရိကန်ပြည်ထောင်စုဟာ စစ်စခန်းတစ်ခု ထားရှိခဲ့တဲ့ ဂရင်းလန်းကျွန်းကို ထရမ့်ရဲ့ ခြိမ်းခြောက်မှုတွေနဲ့ပက်သက်ပြီး အံ့အားသင့်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

၁၉၅၃ ခုနှစ်အထိ ဒိန်းမတ်ကိုလိုနီတစ်ခုဖြစ်ခဲ့တဲ့ ဂရင်းလန်းဟာ ၂၆ နှစ်အကြာမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခဲ့ပြီး နောက်ဆုံးမှာ ဒိန်းမတ်နဲ့ ဆက်ဆံရေးကို လျှော့ချဖို့ စဉ်းစားနေပါတယ်။

ဂရင်းလန်းပြည်သူတွေနဲ့ နိုင်ငံရေးပါတီအများစုဟာ အမေရိကန်ထိန်းချုပ်မှုအောက်မှာ ‌မနေလိုကြောင်း ပြောကြားခဲ့ပြီး သူတို့ရဲ့အနာဂတ်ကို ကိုယ်တိုင်ပဲဆုံးဖြတ်ရမယ်လို့ အခိုင်အမာပြောဆိုခဲ့ကြပါတယ်

အဆိုပါအမြင်ကို ထရမ့်က အဆက်မပြတ်စိန်ခေါ်ခဲ့ပါတယ်။

"ဂရင်းလန်းဟာ ရုရှား သို့မဟုတ် တရုတ်က သိမ်းပိုက်တာကို မြင်တွေ့လိုခြင်းမရှိတာကြောင့် ဂရင်းလန်းအနေနဲ့ သဘောတူညီချက်ကို ပြုလုပ်ဖို့ လိုအပ်ပါတယ်" လို့ ထရမ့်က သူ့ရဲ့ကာကွယ်ရေးတပ်ဖွဲ့တွေကို လှောင်ပြောင်ရင်း သတိပေးခဲ့ပါတယ်။

"ခင်ဗျားသိလား" သူတို့ရဲ့ ကာကွယ်ရေးက ဘာလဲ၊ ခွေးလှည်းနှစ်စီးပေါ့” လို့ ထရမ့် ပြောကြားခဲ့ပြီး ရုရှားနဲ့ တရုတ်တို့ရဲ့ “ဖျက်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေဟာ နေရာအနှံ့မှာ”ရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်က ဒိန်းမတ်ဝန်ကြီးချုပ်က အမေရိကန်ရဲ့ဂရင်းလန်းကို အင်အားသုံးသိမ်းပိုက်ဖို့ ဘယ်လုပ်ဆောင်ချက်မဆို ဒါဟာ နှစ်ပေါင်း ၈၀ ကြာ အတ္တလန္တိတ်ဖြတ်ကျော် လုံခြုံရေးဆက်ဆံရေးကို ဖျက်ဆီးပစ်မယ်လို့ သတိပေးခဲ့ပါတယ်။

ထရမ့်က “ ဂရင်းလန်းကို ကျွန်တော်တို့လိုအပ်တာထက် ဂရင်းလန်းက ကျံန်တော်တို့ကို ပိုအပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Reference - France 24
Translator-Richard
https://www.facebook.com/share/p/1D3sZ8fANy/
👍10
ဘားအံမြို့နယ်က BGF ဂိတ်နှစ်ခုကို စစ်ကောင်စီဗုံးကြဲ၊ နှစ်ဦးဒဏ်ရာရပြီး အရပ်သားတစ်ဦးသေဆုံး

BBM - ဇန်နဝါရီ ၁၃
သတင်း - ကိုအိုက်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မြောက်ဘက် သိုက်တောရွာနဲ့ ဥဒေါင်းရွာရှိ ကရင်နယ်ခြားစောင့်တပ် (BGF) ဂိတ်နှစ်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အဲဒီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သိုက်တောရွာ ဂိတ်က BGF ရဲဘော်နှစ်ဦးဟာ ဒဏ်ရာရပြီး အရပ်သားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

မနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင်မှာ သိုက်တောကျေးရွာ BGF စက်လှေဂိတ်ကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးသီး ၃ လုံးထက်မနည်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

"BGF ပိုင် စက်လှေဂိတ်ကို ဗုံးကြဲသွားတာပါ၊ ဂိတ်မှာ ဗုံးသီးသုံး လုံးကျတယ်၊ စက်လှေသမားက သေဆုံးသွားတယ်၊ BGF ရဲဘော်နှစ်ယောက်လည်း ဒဏ်ရာရကြတယ်"လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က BBM ကို ပြောပါတယ်။

ဒါ့အပြင် ဗုံးကြဲခံရပြီးနောက် နာရီပိုင်းကြာမှာ စစ်ကောင်စီက ပေါ့ထော်ရွာကနေ အင်အားအလုံးရင်းနဲ့ စစ်ကောင်စီရဲ့ ကားလေးစီး တက်သွားတယ်လို့လည်း သိရပါတယ်။

ဗုံးကြဲခံရတဲ့ သိုက်တောရွာနဲ့ အနီးအနားကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

"ရွာမှာက ဘာတိုက်ပွဲမရှိဘူး၊ ဗုံးကြဲခံရတော့ ရွာသားတွေက တိုက်ပွဲဖြစ်မှာ စိုးရိမ်ကြတယ်၊ စစ်ကားတွေ၊ စစ်သားတွေကလည်း တက်လာတော့ ခြေရှုပ်နေကြတယ် "လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က BBM ကို ပြောပါတယ်။

ဥဒေါင်းရွာရှိ BGF ဂိတ်ကိုလည်း စစ်ကောင်စီက အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခဲ့ပြီး ထိခိုက်မှုရှိနိုင်ပေမဲ့ အသေးအစိတ်ကို မသိရသေးကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

#bbm #bbmnews #GBF #Kayin #HpaAn #Myanmar
https://www.facebook.com/share/p/17JLuvomDe/
👏93😢3👍2
ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွင်း သီတဂူ၊ ဝီရသူနဲ့ အစွန်းရောက် မဘသ ဘုန်းကြီးတွေကိုပါတရားစွဲဖို့ ဂမ်ဘီယာရှေ့နေတင်ပြ

BBM - ဇန်နဝါရီ ၁၃
သတင်း - Richard

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာ လူနည်းစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှုရဲ့ နောက်ကွယ်မှာ စစ်တပ်အမာခံဘုန်းကြီးတွေဖြစ်တဲ့ သီတဂူ၊ ဝီရသူနဲ့ အစွန်းရောက် မဘသ ဘုန်းကြီးတွေကိုပါ တရားစွဲဆိုဖို့တင်သွင်းခဲ့တယ်လို့ ဂမ်ဘီယာနိုင်ငံ ရှေ့နေ အာဆလန် ဆူလီမန်(Arsalan Suleman)ရဲ့ တရားရုံးတွင်းတင်ပြတဲ့ အစီရင်ခံစာအရ သိရပါတယ်။

အဆိုပါ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ပြီး ၂ နှစ်အကြာ ၂၀၁၉ ခုနှစ်မှာ ဂမ်ဘီယာနိုင်ငံက မြန်မာစစ်တပ်ကို တရားစွဲဆိုခဲ့တာပါ။

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာ ၇ သိန်းခွဲခန့်ကို နေအိမ်တွေကနေ စွန့်ခွာစေခဲ့ပြီး အများစုမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အတင်းအကြပ်တွန်းပို့ခဲ့တဲ့အပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ အုပ်စုလိုက် မုဒိမ်းပြုကျင့်မှုတွေနဲ့ ရွာလုံးကျွတ် မီးရှို့တာ‌တွေ ပါ၀င်တယ်လို့ သိရပါတယ်။

အဆိုပါ တရားစွဲဆိုထားတဲ့အမှုကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ICJ တရားရုံးမှာ အမှုကို ပြန်လည်စတင်ကြားနားခဲ့ပြီး မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုမှာ သီတဂူ၊ ဝီရသူ အပါအဝင် အစွန်းရောက် မဘသ ဘုန်းကြီးတွေက လှုံ့ဆော်ခဲ့မှုတွေကို သက်သေတွေနဲ့တကွ ဂမ်ဘီယာနိုင်ငံဘက်က တင်ပြခဲ့တာပဲ ဖြစ်ပါတယ်။

“၂၀၁၆ ခုနှစ် ရိုဟင်ဂျာ‌တွေကို စတင်သတ်ဖြတ်တဲ့ ပထမပိုင်းမှာ ဝီရသူဟာ ဗိုလ်ချုပ် မင်းအောင်လှိုင်ရဲ့ အကူအညီနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက စစ်တပ်အရာရှိတွေနဲ့‌ တွေ့ဆုံပြီး ရသေ့တောင်ရှိ ကျပ်ပြင်နဲ့ စေတီပြင်ကို နယ်မြေရှင်းလင်းရေးခေါင်းစဉ်တပ်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်၊ ဒါ့အပြင် ရိုဟင်ဂျာတွေကို မြက်ပင်ပေါင်းပင်တွေလို ခိုင်းနှိုင်းခဲ့ပြီး အပြတ်ရှင်းမှရမယ်၊ မဟုတ်ရင် ထိန်းမနိုင်သိမ်းမရ ပေါက်ဖွားလာလိမ့်မယ်ဟု ဝီရသူက ပြောဆိုခဲ့တယ်” လို့ ရှေ့နေအာဆလန်က တင်ပြခဲ့ပါတယ်။

ဒါ့ကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတော်အတွက် အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်တယ်လို့ဆိုကာ ဝီရသူကို သီရိပျံချီ ဘွဲ့ အပ်နှင်းခဲ့ကြောင်းကိုလည်း အာဆလန်က တင်ပြခဲ့ပါသေးတယ်။

“ဒီ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့က တပ်မတော်က ဝီရသူရဲ့စကားကို Facebookမှာ တင်ခဲ့ပါသေးတယ်၊ အဲ့စကားကတော့ 'မြန်မာအမျိုးသမီးတွေအနေနဲ့ ခွေးနဲ့ ကုလား ဘယ်ဟာကိုရွေးမလဲဆိုရင် ကုလားကိုမရွေးနဲ့၊ ခွေးထက်ပိုအမျိုးယုတ်တယ်၊ ခွေးသာယူကြ'ဆိုတဲ့ စကားပါ၊ ဒါဟာ လူ့အခွင့်အရေးချိုးဖောက်တဲ့ စကားတွေပါ၊ ဒါ့အပြင် ဝီရသူက ရိုဟင်ဂျာတွေကို ခွေးရူး၊ မြွေ၊ အမျိုးယုတ်၊ ဝံပုလွေ စတဲ့ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေနဲ့ ပြောဆိုခဲ့ပါသေးတယ်”လို့ အာဆလန်က တင်ပြခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ထိပ်တန်းဘုန်းကြီးတပါးဖြစ်တဲ့ သီတဂူကလည်း ဗုဒ္ဓဘာသာမဟုတ်သူတွေကို သတ်ဖြတ်ရင် ပြစ်မှုကျူးလွန်တာမဟုတ်ဘဲ၊ ဗုဒ္ဓဘာသာမဟုတ်သူတွေကို သတ်ဖြတ်တာဟာ အကုသိုလ်မမြောက်ကြောင်း ဟောပြောချက်ကိုလည်း အာဆလန်က တင်ပြခဲ့ပါတယ်။

"ဗုဒ္ဓဘာသာ မဟုတ်တဲ့ မကောင်းဆိုးဝါး စစ်သည် ငါးသိန်းဟာ စစ်ပွဲမှာ သေဆုံးခဲ့ပါတယ်၊ ဒါကြောင့် ဘုရင်ကြီးဟာ ညဘက်တွေမှာ အိပ်မပျော်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဘာသာအရ လူတွေကိုသတ်တာဟာ အပြစ်တော်တော်ကြီးတာကြောင့်ပါ၊ ဒါကိုရဟန်း ၈ ပါးက ဘုရင်ကြီးကို အရှင်မင်းကြီး စိတ်မပူနဲ့၊ ဘုရင်ကြီးသတ်တဲ့အထဲမှာ ဗုဒ္ဓဘာသာဝင် တစ်ယောက်မှ မပါပါဘူး၊ သူတို့က ဗုဒ္ဓရဲ့အဆုံးအမတွေကို မလိုက်နာကြလို့ ဘာကောင်းလဲ၊ ဘာဆိုးလဲမသိကြပါဘူး၊ ဒါကြောင့် တိရိစ္ဆာန်သာသာပဲ ဖြစ်ပါတယ်၊ ဘုရင်ကြီးသတ်ခဲ့တဲ့ လူ ၅ သိန်းကျော်ထဲမှာ ၁ ယောက်ခွဲလောက်ပဲ လူသားဖြစ်ဖို့ ထိုက်တန်တယ်၊ ဒါကြောင့် ဒါဟာ သေးငယ်တဲ့အပြစ်ဖြစ်ပြီး ဘုရင်ကြီး စိုးရိမ်စရာမလိုပါဘူး" ဆိုတဲ့ သီတဂူဘုန်းကြီးရဲ့ ဟောပြောချက်ကို တင်ပြခဲ့ပါသေးတယ်။

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာလူနည်းစုကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဂမ်ဘီယာတရားရေးဝန်ကြီး ဒေါ်ဒါဂျယ်လိုက ဇန်နဝါရီလ ၁၂ ရက်၊ တနင်္လာနေ့က ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ ပြောကြားခဲ့ပါသေးတယ်။

"ဒါဟာ အပြည်ပြည်ဆိုင်ရာဥပဒေရဲ့ နက်နဲခက်ခဲတဲ့ အကြောင်းအရာတွေအပေါ် ငြင်းခုံနေတာ မဟုတ်ပါဘူး၊ ဒါဟာ တကယ့်လူသားတွေ၊ တကယ့်ဖြစ်ရပ်တွေနဲ့ တကယ့်လူသားအုပ်စုတစ်စုအကြောင်း ဖြစ်ပါတယ်၊ သူတို့ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေပါ၊ သူတို့ဟာ ဖျက်ဆီးပစ်ဖို့အတွက် ပစ်မှတ်ထားခံခဲ့ရတာပါ" လို့ ဂမ်ဘီယာ တရားရေးဝန်ကြီး Dawda Jallow က ICJ တရားကို တင်ပြခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုအတွင်း မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် မျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို ဖောက်ဖျက်ခဲ့ကြောင်း ICJ တရားရုံးမှာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခဲ့တာပဲ ဖြစ်ပါတယ်။
👍135👏3
အဆိုပါ ရုံးတင်စစ်ဆေးမှုဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ICJ မှ အပြည့်အဝကိုင်တွယ်ခဲ့တဲ့ ပထမဆုံးလူမျိုးတုံးသတ်ဖြတ်တဲ့အမှုဖြစ်သလို ရလဒ်ဟာ မြန်မာနိုင်ငံပြင်ပမှာပါ အကျိုးဆက်တွေ ရှိလာမှာဖြစ်ပြီး ဂါဇာမှာ လူမျိုးတုံးသတ်ဖြတ်မှုစစ်ပွဲနဲ့ ပတ်သက်ပြီး အစ္စရေးကို ဆန့်ကျင်တဲ့ တောင်အာဖရိကရဲ့ တောင်းဆိုတဲ့အမှုလိုပဲ သက်ရောက်မှုရှိမှာပါ။ ကြားနာမှုတွေဟာလည်း ၃ ပတ်ခန့် ကြာမြင့်မှာပဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်တစ်ခုကလည်း ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်ဟာ “လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်‌တွေ” လုပ်ဆောင်ခဲ့ကြောင်း ကောက်ချက်ချခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာစစ်တပ်က အဆိုပါလူမျိုးတုံးသတ်ဖြတ်မှုတွေဟာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ တရားဝင်အကြမ်းဖက်မှုတန်ပြန်လှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့ ချေပပြီး အစီရင်ခံစာကို ပယ်ချခဲ့ကြပါတယ်။

“လူမျိုးတုံးသတ်ဖြတ်မှုကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုမလဲ၊ ဘယ်လိုသက်သေပြနိုင်မလဲ၊ ချိုးဖောက်မှုတွေကို ဘယ်လိုပြုပြင်နိုင်မလဲဆိုတဲ့ အရေးကြီးတဲ့ သာဓကတွေကို ဒီအမှုက ချမှတ်နိုင်ဖွယ်ရှိပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရားရဲ့ အကြီးအကဲ နီကိုလတ်စ် ကွန်ဂျီယန်က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒီနေ့အချိန်အထိ ရိုဟင်ဂျာ ၁.၁၇ သန်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရဆဲလည်း ဖြစ်ပါတယ်။

Reference-Al Jazeera/ Arsalan Suleman

#bbm #bbmnews #သီတဂူ #ဝီရသူ #မဘသ #ရိုဟင်ဂျာ #ဂမ်ဘီယာ
https://www.facebook.com/share/p/1BpwGyiYXy/
👍14👏31
စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်က စစ်ကောင်စီတပ်မိသားစုဝင်တွေ စတင်ထွက်ပြေးတိမ်းရှောင်

BBM - ဇန်နဝါရီ ၁၃
သတင်း - နိုင်နိုင်

ရခိုင်မှာ တိုက်ပွဲတွေပြင်းထန်နေကြတဲ့ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်အတွင်းက စစ်ကောင်စီတပ်မိသားဝင်စုတွေဟာ ရန်ကုန်နဲ့ တခြားနေရာတွေကို ထွက်ပြေးတိမ်းရှောင်မှုတွေ ရှိနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုနှစ် ၂၀၂၆ ခုနှစ်၊ နှစ်ဆန်းပိုင်းလောက်က စတင်ကာ အာရက္ခတပ်တော် AA ဟာ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်ကို ထိုးစစ်အရှိန်မြှင့်တင်ပြီး တိုက်ခိုက်လာနေတာကြောင့် မြို့ပေါ်နဲ့ နယ်တပ်ရင်းတွေမှာ နေထိုင်ကြတဲ့ စစ်တပ်မိသားစုဝင်တွေဟာ ရန်ကုန်နဲ့ တခြားနေရာတွေကို ရေကြောင်း၊ လေကြောင်းတွေကနေ ထွက်ပြေးတိမ်းရှောင်မှုတွေ ရှိနေတယ်လို့ စစ်တွေဒေသခံတွေဆီက သိရပါတယ်။

"စစ်တွေမှာ ကာကင်းစခန်း ၂ ခုကို AA က သိမ်းလိုက်ပြီလို့ ကြားပြီးနောက် စစ်တွေမြို့ပေါ်က တပ်ရင်းတွေနဲ့ ကျားမသောက်ကျေးရွာရှိ တပ်ရင်းက တပ်မိသားစုဝင်တွေဟာ ထွက်ပြေးနေကြတယ်လို့ ကြားပါတယ်၊ မိသားစုဝင်တွေရှိနေရင် စစ်မတိုက်ချင်ပဲ ဖြစ်နေမှာကြောက်တဲ့အတွက် အရာရှိပိုင်းတွေကနေ ပို့ပေးနေတာဖြစ်ပါတယ်" လို့ စစ်တွေစစ်ရေးအခြေအနေကို သိရှိတဲ့ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့က အာရက္ခတပ်တော် AA ဟာ သက္ကယ်ပြင်ကျေးရွာရှိ ဒကစ ဌာနချုပ်အနီးက ကာကင်းစခန်း ၂ ခုကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်သုံ့ပန်း အယောက် ၃၀ ကျော်ကိုလည်း ဖမ်းဆီးရမိခဲ့တာရှိတယ်လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်တွေမြို့နယ်မှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) စစ်တွေနဲ့ ကွပ်ကဲမှုအောက်က ခြေလျင်၊ ခြေမြန်တိုက်ခိုက်ရေးတပ်တွေ ဖြစ်ကြတဲ့ ခလရ (၂၀)၊ ခလရ (၂၃၂)၊ ခလရ (၂၇၀)၊ ခမရ (၃၄၄)၊ ခမရ (၃၅၄)နဲ့ အမှတ် (၁၂) ရဲတပ်ရင်း၊ အမှတ် (၃၆) ရဲတပ်ရင်းတွေအပါအဝင် ကျားမသောက်ကျေးရွာအနီးရှိ အမှတ် (၉၀၈) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတို့ ရှိနေတာလည်း ဖြစ်ပါတယ်။

အလားတူ အာရက္ခတပ်တော် AA ဟာ ကျောက်ဖြူမြို့နယ်အတွင်းက သစ်ပုတ်တောင်လမ်းပိုင်းရှိ ဓညဝတီရေတပ်ဌာနချုပ်နဲ့ ဒိုးတန်းတောင်ပေါ်ရှိ အမှတ် ၃၂ ရဲတပ်ရင်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေရှိလာနေတာကြောင့် ကျောက်ဖြူမြို့နယ်အတွင်းက တပ်မိသားစုဝင်တွေမှာလည်း ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်မှုတွေ ရှိနေကြတယ်လို့လည်း သိရပါတယ်။

"တပ်မိသားစုတစ်ချို့တော့ ရေကြောင်း၊ လေကြောင်းကနေ တိမ်းရှောင်နေကြတာရှိပါတယ်၊ စစ်တပ်က သူတို့ရဲ့မိသားစုဝင်တွေကိုပဲ အဓိကထားပြီး ပို့ဆောင်ပေးနေတာပါ၊ မြို့ပေါ်ကဒေသခံတွေလိုက်ရင် စစ်ဆေးတာတွေလုပ်တယ်၊ သုံးလေးရက်စောင့်ရတာတွေလည်း ရှိပါတယ်" လို့ ကျောက်ဖြူဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှာ သစ်ပုတ်တောင်လမ်းပိုင်းရှိ ဓညဝတီရေတပ်ဌာနချုပ်၊ မြို့ပေါ် ခရီးသည်လေယာဥ်ကွင်းအနီးရှိ ခလရ ၃၄ တပ်ရင်း၊ ဂုံးချွိန်ကျေးရွာအနီးရှိ ခမရ ၅၄၂ တပ်ရင်းနဲ့ ခမရ ၅၄၃ တပ်ရင်း၊ ပြိုင်းစေ့ကေကျေးရွာအနီးက ဒိုးတန်းတောင်ပေါ်ရှိ အမှတ် ၃၂ ရဲတပ်ရင်း၊ တောင်မော်ကြီး ရေတပ်စခန်းနဲ့ အုံးကျွိန်ရေတပ်ဌာနခွဲတို့ ရှိနေတာလည်း ဖြစ်ပါတယ်။

ကျောက်ဖြူမြို့နယ်ကို အာရက္ခတပ်တော် AA က ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်လာနေတာကြောင့် စစ်ကောင်စီတပ်ဟာ တရုတ်စီမံကိန်းတွေ များစွာရှိတဲ့ မဒေးကျွန်းရှိ အနောက်ဘက်ခြမ်း ရေနက်ဆိပ်ကမ်းစီမံကိန်းကို သွယ်တန်းထားတဲ့ ဓာတ်အားပိုက်လိုင်း လမ်းကြောင်းတွေမှာ တပ်စခန်းတွေ တိုးချဲ့ချထားတယ်လို့လည်း သိရပါတယ်။

#bbm #bbmnews #စစ်ကောင်စီ #တပ်မိသားစု #တိမ်းရှောင်
https://www.facebook.com/share/p/1C1v5z2g1M/
👏14😱1
ရေဦးမြို့ရှိ စစ်ကောင်စီအထိုင်ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်

■ဂိတ်တာဝန်ခံ ဗိုလ် ၁ ဦးအပါ စစ်ကောင်စီတပ်သား ၁၃ ဦးသေဆုံး

BBM - ဇန်နဝါရီ ၁၃
သတင်း - ကိုဘုဏ်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အနောက်ဘက် စစ်ကောင်စီတပ်တွေ အထိုင်ချထားတဲ့ ရွှေကျီးမင်းဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဇန်နဝါရီလ ၈ ရက်၊ မနက် ၅ နာရီခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၂၄ က ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အဆိုပါဂိတ်စခန်းမှ တာဝန်ခံ စစ်ဗိုလ်အပါအဝင် စစ်ကောင်စီတပ်သား ၉ ဦးသေခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပွိုင့် ၅ စက်သေနတ် တင်ထားသော ကားကိုလည်းတိုက်ခိုက်ရာ အဆိုပါကားတိမ်းမှောက်ပြီး ကားပေါ်ပါတဲ့ စစ်ကောင်စီတပ်သား ၄ ဦး လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကျန်စစ်ကောင်စီအင်အားတွေလည်း ရေဦးမြို့ထဲကို ဆိုင်ကယ်တွေနဲ့ ကစဥ့်ကလျား ထွက်ပြေးသွားကြတယ်လို့လည်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ရွေဘိုခရိုင် တပ်ရင်း ၁၁၊ တပ်ရင်း ၁၄၊ တပ်ရင်း ၂၄ တို့နဲ့အတူ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ရေဦးစစ်ကြောင်းက ဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၂၄ က အသိပေးထားပါတယ်။

Photo - ရွှေဘိုခရိုင် တပ်ရင်း ၂၄
https://www.facebook.com/share/p/18GRAZvAxi/
👍14👏4
စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုများအတွက် တီမောလက်စတေးနိုင်ငံမှာ အမှုဖွင့်တရားစွဲဆို
BBM-ဇန်နဝါရီ ၁၃
သတင်း-ကိုအိုက်
မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ ကျူးလွန်လျက်ရှိတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အရေးယူပေးဖို့ နစ်နာသူများကိုယ်စားပြုအဖွဲ့တွေက တီမောလက်စတေးနိုင်ငံရှိ ပြည်သူ့ရှေ့နေရုံးသို့ ယနေ့ ဇန်နဝါရီ ၁၃ ရက်နေ့မှာ တိုင်ကြားစာတင်သွင်းကာ အမှုဖွင့်လှစ်လိုက်ပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇာအုပ် ဦးဆောင်သောအဖွဲ့က တင်သွင်းခဲ့တဲ့ ရာဇဝတ်မှုဆိုင်ရာ မှတ်တမ်းတွေမှာ စစ်ကောင်စီရဲ့ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့တကွ တိုင်ကြားစာ တင်သွင်းတာပါ။
တိုင်ကြားချက်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်ခဲ့တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ပါဝင်တဲ့အပြင်၊ ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ သတင်းထောက်တစ်ဦး အပါအဝင် လူ ၁၀ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ပါဝင်ပါတယ်။
အဲဒီလို သတ်ဖြတ်ရာမှာ လူ ၈ ဦးမှာ လည်လှီးသတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ဘာသာရေးအဖွဲ့အစည်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ အနေနဲ့ ခရစ်ယာန်သိက္ခာတော်ရ ဆရာတော်တစ်ဦးနဲ့ သတင်းထောက် ၃ ဦးကို တမင်ရည်ရွယ်ပြီး သတ်ဖြတ်ခဲ့တဲ့အပြင် ခရစ်ယာန်ဘုရားကျောင်းတွေကိုလည်း စနစ်တကျတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ အဆောက်အအုံများဖြစ်တဲ့ ဆေးရုံတွေလည်း ချန်လှပ်ထားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးဝန်ထမ်း ၄ ဦးနဲ့ လူနာ ၄ ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်များကိုလည်း အမှုတွဲမှာ အသေးစိတ် ထည့်သွင်းဖော်ပြထားပါတယ်။
"၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီး ချင်းပြည်နယ်မှာ ကျူးလွန်တဲ့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုကို တရားစွဲဆိုတာဖြစ်ပါတယ်"လို့ ချင်းလူ့အခွင့်ရေးအဖွဲ့ချုပ် (CHRO) တာဝန်ရှိသူတစ်ဦးက BBM ကို ဖြေကြားခဲ့ပါတယ်။
တီမောလက်စတေးနိုင်ငံမှာ တရားစွဲဆိုရခြင်းဟာ တီမောလက်စတေးနိုင်ငံမှာ ကျင့်သုံးနေတဲ့ "ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ခွင့်" မူဝါဒကြောင့် ဖြစ်ပြီး အဲဒီဥပဒေအရ ကြီးလေးတဲ့ ရာဇဝတ်မှုတွေဟာ မည်သည့်နိုင်ငံမှာဖြစ်ပွားခဲ့တာဖြစ်စေ တီမောအာဏာပိုင်တွေအနေနဲ့ စုံစမ်းစစ်ဆေး အရေးယူပိုင်ခွင့်ရှိတယ်လို့ CHRO က ဆိုပါတယ်။
ချင်းပြည်နယ်အတွင်းမှာ ၂၀၂၂ ခုနှစ်မှ စတင်ပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁,၀၀၀ ခန့် ပြုလုပ်ခဲ့ပြီး အရပ်သား ၄၇၈ ဦး သေဆုံးခဲ့ကာ နေအိမ် ၄,၆၀၀ ကျော် ပျက်စီးခဲ့ကြောင်း CHRO ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းလုံးမှာလည်း ၂၀၂၅ ခုနှစ် မတ်လအထိ အရပ်သား ၆,၄၀၀ ကျော် သေဆုံးခဲ့ပြီး နေရပ်စွန့်ခွာထွက်ပြေးရသူ ၃.၅ သန်းကျော်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
"တီမောလက်စတေးနဲ့ မြန်မာဟာ ကိုလိုနီလက်အောက်ခံဘဝနဲ့ အာဏာရှင်တို့ရဲ့ ရက်စက်သော နှိပ်စက်မှုတွေကို ခံခဲ့ရတဲ့ သမိုင်းကြောင်းတူညီမှုရှိကြောင်း၊ ၁၉၉၁ ခုနှစ်က တီမောမှာ ဖြစ်ပွားခဲ့တဲ့ ဆန်တာခရုဇ် အစုလိုက်သတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံမှာ အခုဖြစ်ပွားနေတာတွေဟာ ဆင်တူနေတယ်" လို့ CHRO အမှုဆောင် ဒါရိုက်တာ ဆလိုင်းဇာအုက်က ဆိုပါတယ်။
ဒါ့ကြောင့် တီမောပြည်သူတွေအနေနဲ့ မြန်မာတို့ရဲ့ ခံစားချက်ကို ကိုယ်ချင်းစာနိုင်လိမ့်မယ်ဟု ယုံကြည်တယ်လို့ သူက ဆိုပါတယ်။
မြန်မာ့တာဝန်ခံမှုစီမံကိန်း (MAP) ရဲ့ ဒါရိုက်တာ Chris Gunness ကလည်း တီမောလက်စတေးမှာ အမှုဖွင့်လှစ်လိုက်ခြင်းဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံဒေသတွင်းမှာ အပြောင်းအလဲတွေ လိုအပ်နေပြီဖြစ်တယ်လို့ ပြသလိုက်တာဖြစ်တယ်လို့ မှတ်ချက်ပြုထားပါတယ်။
ဒါ့အပြင် အဲဒီတရားစွဲဆိုမှုဟာ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေမှာ အရင်ကအတိုင်း ဆက်သွားလို့မရတော့ဘဲ တရားမျှတမှုအတွက် အပြုသဘောဆောင်တဲ့ ရလဒ်ကောင်းတွေ ဖြစ်ပေါ်စေမဲ့ ခိုင်မာတဲ့ သတင်းစကားတစ်ခု ဖြစ်လာလိမ့်မည်လို့လည်း သူကမျှော်လင့်ချက်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
#bbmnews #bbm #bbmtv #ICJ #chin #CHRO
https://www.facebook.com/share/p/1A54VqaBMf/
👏13👍42
ရွေးကောက်ပွဲအပိုင်း ၂ ကြည့်မြင်တိုင်မြို့နယ်အတွင်း ကြံ့ခိုင်ရေးပါတီက မဲအပြတ်အသတ်ရှုံးနိမ့်

🟥မဲရှုံးသဖြင့် ကြည့်မြင်တိုင်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို စကစတွေက ဆဲဆိုကြိမ်းမောင်းပြီး ရုံးအတွင်းသောင်းကျန်း

BBM-ဇန်နဝါရီ၁၃
သတင်း-မင်းသော်

စစ်ကောင်စီဦးဆောင်တဲ့ ရွေးကောက်ပွဲအပိုင်း(၂)အတွင်း ရန်ကုန်မြို့၊ ကြည့်မြင်တိုင်
မြို့နယ်မှာ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက မဲအပြတ်အသတ်နဲ့ ရှုံးနိမ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေက အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို ဆဲဆိုကြိမ်းမောင်းနေပြီး ရုံးအတွင်းသောင်းကျန်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က စစ်တပ်က ဦးစီးပြီး ရွေးကောက်ပွဲအပိုင်း(၂)ကို နိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ပေါင်း(၁၀၀)တို့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါမြို့နယ်တွေထဲ ရန်ကုန်မြို့မှ မြို့နယ်(၁၆)ခုပါဝင်ခဲ့ပြီး ရွေးကောက်ပွဲရလဒ်
ထွက်လာချိန်မှာတော့ ရန်ကုန်မြို့၊ မြို့နယ်(၁၅)ခုမှာ စစ်တပ်ပါတီ ကြံ့ခိုင်ရေးက အနိုင်ရခဲ့ပေမဲ့ ကြည့်မြင်တိုင်မြိုနယ်မှာတော့ မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။

အခုလို ရှုံးနိမ့်ခဲ့တာကြောင့် ‌အဲဒီညမှာတင် စစ်ကောင်စီတပ်သားတွေအနေနဲ့ မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့တွေကို ဆဲဆိုကြိမ်းမောင်းတာတွေနဲ့ ရုံးအတွင်းရှိ မဲပုံးတွေ၊ ထိုင်ခုံတွေကိုလည်း ကန်ကြောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ကြည့်မြင်တိုင်ဒေသခံတစ်ဦးက BBM ကိုပြောပါတယ်။

" မဲရလဒ်ထွက်တဲ့ညက ကြည့်မြင့်တိုင် ထွေအုပ်ရုံး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ စစ်ကောင်စီတပ်သားတွေက အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တွေကို ပေါက်ကွဲဒေါသထွက်ကြတယ်၊ ရုံးထဲက ထိုင်ခုံစားပွဲတွေကို ကန်ကျောက်တယ်၊ ဆဲဆိုတယ်၊ အဲ့ဒါပြီးတော့ အုပ်ချုပ်ရေးမှူးအဖွဲ့တွေက ပြည်သူတွေကို ပြန်ကြိမ်းမောင်းတယ်"လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

ကြည့်မြင်တိုင်မြို့နယ်အတွင်း ကြံ့ခိုင်ရေးပါတီကိုကျော်လွန်ပြီး တိုင်းဒေသကြီးလွှတ်တော်မှာ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ(တစည)က အနိုင်ရခဲ့သလို အမျိုးသားလွှတ်တော်နေရာမှာတော့ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက အနိုင်ရပြီး ပြည်သူ့လွှတ်တော်နေရာမှာ တစ်သီးပုဂ္ဂလဝင်ရောက်ယှဥ်ပြိုင်သူ ဇောတိက ဦးခင်လှိုင်က အနိုင်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တစ်သီးပုဂ္ဂလဝင်ပြိုင်သူ ဇောတိက ဦးခင်လှိုင်တစ်ဦးတည်းကပင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ မဲအရေအတွက်မှာ ကြံ့ခိုင်ရေးပါတီထက် မဲအရေအတွက် တစ်သောင်းကျော်ပိုမိုများပြားပြီး အပြတ်အသတ်အနိုင်ရရှိခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီလို စစ်တပ်ဘက်က အဘက်ဘက်မှပြင်ဆင်ထားတဲ့ကြားထဲက အခုလို ကြည့်မြင်တိုင်မြို့နယ်အတွင်း ကြံ့ခိုင်ရေးပါတီ မဲအပြတ်အသတ်ရှုံးနိမ့်ရခြင်းနဲ့ပတ်သက်ပြီး လွှတ်တော်အမတ်အဟောင်းတစ်ဦးကလည်း အခုလို ပြောပါတယ်။

"ကြည့်မြင်တိုင်မှာ ဇောတိက ဦးခင်လှိုင် အနိုင်ရခြင်းက သူ့ကို မဲပေးချင်လို့မဟုတ်ဘူး၊ အဓိကက ကြံ့ခိုင်ရေးကို မနိုင်စေချင်လို့၊ ပြည့်သူ့လွှတ်တော်ရော၊ အမျိုးသားလွှတ်တော်ရော၊ တိုင်းဒေသကြီးလွှတ်တော်ရော နေရာ ၃ ခုလုံးမှာ ကြံ့ခိုင်ရေးက ရှုံးတယ်၊ တိုင်းဒေသကြီးမှာက တစညက နိုင်တယ်၊ အမျိုးသားလွှတ်တော်မှာက ကိုကိုကြီးပါတီ ပြည့်သူ့ပါတီက နိုင်တယ်၊ ပြည်သူ့လွှတ်တော်မှာက ဇောတိကဦးခင်လှိုင်က တစ်သီးပုဂ္ဂလအနေနဲ့ နိုင်တယ်" လို့ BBM ကိုပြောပါတယ်။

စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲကို အပိုင်း(၁)၊ (၂)၊ (၃)ဆိုပြီး ခွဲကာပြုလုပ်မယ်လို့ ကြေငြာထားတာဖြစ်သလို နောက်ဆုံးအပိုင်း(၃)ကိုတော့ လာမဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။
https://www.facebook.com/share/p/1RvdKd54z1/
👍8🤪4
ဒီးမော့ဆိုအနောက်ခြမ်းနဲ့ ဖားဆောင်းမြို့တို့မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စကစ ဘက်က အင်အားအလွန်အကျွံသုံးစွဲနေ

🟥ဒရုန်း၊ လေယာဥ်နည်းပညာများလည်း အဆင့်မြှင့်တင်ထား

BBM-ဇန်နဝါရီ၁၃
သတင်း-မင်းသော်

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနောက်ဘက်
ခြမ်းနဲ့ ဖားဆောင်းမြို့တို့မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က လူအင်အားအဆမတန်သုံးစွဲနေသလို ဒရုန်း၊လေယာဥ်နည်းပညာတွေလည်း မြှင့်တင်ကာ အဆိုပါဒေသတွေကို ပြန်လည်ရရှိဖို့ ကြိုးစားလာနေတယ်လို့ ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ ကရင်နီပြည်နယ်အတွင်းက မြို့နယ်တွေကို ရွေးကောက်ပွဲအပိုင်း(၃) ကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ ပိုမိုဖိအားပေးထိုးစစ်
ဆင်လာနေတယ်လို့ သိရပါတယ်။

အထူးသဖြင့် တော်လှန်ရေးအင်အားစုတွေအားကောင်းရာ ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းနဲ့ ခလရ(၁၃၅)တစ်ခုတည်းသာ ကျန်တော့တဲ့ ဖားဆောင်းမြို့တို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒီးမော့ဆိုးမြို့နယ်အနောက်ဘက်အခြမ်းက ဒေါငံခါးကျေးရွာအနီးမှာ တပ်ရင်း(၄)ရင်းအနည်းဆုံးဖြင့် စကစ ဘက်က လှုပ်ရှားနေသလို ဖားဆောင်းမြို့ကိုလည်း ဘောလခဲမြို့နယ်ဘက်မှ အင်အားရာကျော်ဖြင့်ပို့ဆောင် စစ်ကြောင်းတိုးတာတွေပြုလုပ်နေတယ်လို့ မြေပြင်တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။

"ခွေးတွေ (စစ်တပ်) ရွေးကောက်ပွဲ အတွက် နယ်မြေမရမက ထိန်ချုပ်ဖို့ လုပ်နေတာ၊ ကျွန်တော်တို့ဘက်က နယ်မြေထပ်တိုးမယူနိုင်တောင်မှ ထပ်မပေးရဖို့ လုပ်နေပါတယ်၊ အင်အားကလည်းများပါတယ်၊ ခန့်မှန်းချေ ဒေါငံခါးမှာဆိုရင် အနည်းဆုံးစစ်တပ်ဘက်ကတပ်ရင်း(၄)ရင်း လောက်ရှိတယ်၊ ဖားဆောင်းလည်း တော်တော်တိုးနေတာလည်း ဟုတ်တယ်"

စစ်တပ်ဘက်က ဒီလိုအင်အားအလုံးအရင်းနဲ့စစ်ကြောင်းတိုးနေပေမဲ့လည်း လက်ရှိအချိန်ထိ တော်လှန်ရေးအင်အားစုတွေဘက်က နယ်မြေထပ်မံလက်လွှတ်ရမှုတွေ မရှိသေးဘူးဟုလည်း သိရပါတယ်။

ဒါပေမဲ့ အခြားတစ်ဖက်မှာတော့ စစ်တပ်အနေနဲ့ လူအင်အားသာမက တိုက်ပွဲအတွင်း လက်နက်အင်အားနဲ့ နည်းပညာအင်အားတို့ကိုပါ မြှင့်တင်လာတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

အထူးသဖြင့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့
တည်နေရာကိုကင်းထောက်ပျံသန်းခြင်းနဲ့ လေကြောင်းပစ်ကူ၊ ဒရုန်းပစ်ကူပြုလုပ်ခြင်းတို့မှာ စစ်ကောင်စီဟာနည်းပညာမြှင့်တင်ထားသလို ဒရုန်းအစီးရေ အတော်များများလည်း တိုက်ပွဲမှာသုံးစွဲလာတာကိုတွေ့ရတယ်လို့လည်း မြေပြင်
ရဲဘော်တွေက ဆိုပါတယ်။

ဒါတင်မက စစ်မြေပြင်အတွင်း အရေးပါတဲ့ ဆက်သွယ်ရေးလိုင်းတွေကိုလည်း စစ်တပ်ဘက်မှ အမြဲတမ်းနီးပါး ကြားဖြတ်ဖမ်းတာတွေပြုလုပ်နေပြီး နည်းပညာအသာဖြင့် တော်လှန်ရေးအင်အားစုတွေရဲ့နယ်မြေတွေကို ရရှိနိုင်ဖို့ စစ်တပ်ကဆောင်ရွက်နေတယ်လို့ အဆိုပါသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

"တိုက်ပွဲတွေက ကြမ်းတယ် ပြောရမယ်၊ နေ့ကော ညပါ ဒီကောင်တွေ စက်ပစ္စည်း နည်းပညာတွေ ပိုပြီးအသုံးပြု တိုက်ခိုက်လာတယ်၊ ဒရုန်း လေယာဥ် အရင်ကထက်အဆင့်မြင့်လာတာထက်ကိုပိုလာ
တယ်၊ ကင်းထောက်ဆိုရင် ၂၄နာရီလုံး အစီးပေါင်းကိုမနည်းဘူး အသီးချတဲ့ဒရုန်းနဲ့ စကောက်(scoult)နဲ့တွဲပီးတော့လာတာ၊ ပြီးရင်
ဆက်သွယ်ရေးစက်တွေဆိုရင်အမြဲတမ်းလိုလို ကြားဖြတ်ဖမ်းတယ်"

ကရင်နီပြည်နယ်အတွင်း မြို့နယ်စုစုပေါင်း(၇)ခုအထိရှိပေမဲ့လည်း ပြည်နယ်မြို့တော်ဖြစ်တဲ့ လွိုင်ကော် မှလွဲပြီး ကျန်နယ်မြေအများစုကို တော်လှန်ရေးအင်အားစုတွေဘက်က စိုးမိုးထိန်းချုပ်ထားနိုင်တယ်လို့ သိရပါတယ်။

ဒါကြောင့်မို့လည်း စစ်ကောင်စီအနေနဲ့ ၎င်းတို့ အများဆုံးထိန်းချုပ်နိုင်မယ်ထင်တဲ့ လွိုင်
ကော်၊ဘောလခဲ၊ ဒီးမော့ဆိုနဲ့ဖရူဆိုမြို့တို့ကိုသာ ရွေးကောက်ပွဲကျင်းပမဲ့ အပိုင်း(၁)နဲ့အပိုင်း(၂)စာရင်းတွေထဲ ထည့်သွင်းခဲ့တာဖြစ်ပြီး ကျန်မြို့နယ်တွေကိုတော့ စာရင်းထဲထည့်သွင်းကြေငြာတာပြုလုပ်ခြင်းမရှိခဲ့ဘူးဟု သိရပါတယ်။

Photo-ပုံဟောင်း
https://www.facebook.com/share/p/14Rs3eRudxp/
👍121🥰1
အာရက္ခဆေးပညာသိပ္ပံကျောင်း ဖွင့်လှစ်မည်ဖြစ်ရာ လူငယ်များအတွက် အခွင့်အလမ်းသစ်ဖြစ်လာဟုဒေသခံများဆို

BBM - ဇန်နဝါရီ ၁၃
သတင်း - သော်

အာရက္ခတပ်တော် (AA)ရဲ့ အုပ်ချုပ်ရေးယန္တရားဖြစ်တဲ့ ULA က ဒေသတွင်း ဆရာဝန်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့နဲ့ ကျန်းမာရေးကဏ္ဍ အားကောင်းစေဖို့ "အာရက္ခဆေးပညာသိပ္ပံကျောင်း" ကို ဖွင့်လှစ်မှာဖြစ်ကြောင်း ကြေညာထားရာ ဒေသခံလူငယ်တွေအတွက် အလုပ်အကိုင်နဲ့ ပညာရေးအခွင့်အလမ်းသစ်တွေ ပေါ်ထွက်လာမယ်လို့ မျှော်လင့်နေကြပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ အဆိုပါဆေးကျောင်းအတွက် လျှောက်လွှာတွေကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်မှ စတင်ခေါ်ယူနေတာဖြစ်ပြီး ဇန်နဝါရီ ၂၅ ရက်မှာ လျှောက်လွှာပိတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အာရက္ခဆေးပညာသိပ္ပံကျောင်းမှာ ဆေးပညာကို ၇ နှစ်ကြာ သင်ကြားရမှာဖြစ်ပြီး သင်တန်းဆင်းပြီးပါက အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှာ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ခံဝန်ကတိပြုရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အရ်င်က ပညာရေးရပ်တန့်နေတဲ့ လူငယ်တွေအတွက် အဆိုပါသင်တန်းဟာ ဘဝရှေ့ရေးအတွက် လမ်းစတစ်ခုဖြစ်လာပြီး လေလွင့်နေတဲ့ လူငယ်ထုကို ထိန်းကျောင်းနိုင်မယ်လို့ ဒေသခံတွေက ယုံကြည်နေကြတယ်လို့ ဆိုပါတယ်။

“လူငယ်တွေအတွက်ကတော့ အခွင့်အရေးကောင်းတခုပါ၊ တိုက်ပွဲတွေ ဖြစ်ပြီးနောက်ပိုင်း ဒေသတွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းကလည်း နည်းပါးလာတယ်၊ ပညာရေးကလည်း ရပ်တန့်နေတာဆိုတော့ ဒီကျောင်းဖွင့်လိုက်ရင်တော့ လူငယ်တွေအတွက် ကြိုးစားချင်စိတ်တွေ ဖြစ်စေမယ်လို့ ယုံတယ်၊ ရခိုင်လူငယ်တွေအတွက် အနာဂတ်လမ်းစ ပေါ်သွားတာပေါ့”လို့ ကျောက်တော်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အဆိုပါကျောင်းမှ ဆေးပညာရှင်တွေ မွေးထုတ်ပေးနိုင်ပါက ဖုန်သာချောင်းနဲ့ လေးမြို့မြစ်အထက်ပိုင်းလိုမျိုး ဝေးလံခေါင်ဖျားဒေသတွေအထိ ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံနိုင်မယ်လို့ ဒေသခံတွေက မျှော်လင့်လျက်ရှိတယ်လို့ သိရပါတယ်။

“အခုဆိုရင် ရွာတွေမှာနေတဲ့ ဒေသခံတွေက ဆေးကုဖို့ကို မြို့ပေါ်ကို တက်ရတယ်၊ ဝေးတော့ ကားငှားခတွေကလည်း ဈေးများတယ်၊ ဆေးကုလို့ ကုန်ကျစရိတ်ထက် သွားလာရတဲ့ စရိတ်ကကြီးတော့ မဖြစ်မနေအခြေအနေမှ မြို့တက်ကုကြတယ်၊ အခုလိုဆရာဝန်တွေကို ကိုယ့်ဒေသမှာ ကိုယ်မွေးထုတ်နိုင်တယ်ဆိုရင်တော့ ကျန်းမာရေးအတွက်က ဟိုးအရင်ကလိုတော့ ပူပင်စရာမလိုတော့ဘူးလို့ ထင်တယ်”လို့ မြောက်ဦးဒေခံတစ်ဦးက ပြောပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနဟာ ပြီးခဲ့တဲ့ ဩဂုတ်လကလည်း အမျိုးသမီးတွေအတွက် သားဖွားအတတ်ပညာသင်တန်းကို ခေါ်ယူခဲ့ဖူးပြီး လက်ရှိမှာ အမျိုးသားရေးအသိနဲ့ ပြည်သူ့ကျန်းမာရေးကဏ္ဍမှာ ပါဝင်လိုတဲ့ မျိုးဆက်သစ်လူငယ်တွေကို မြေတောင်မြှောက်ပေးဖို့ ဆေးသိပ္ပံကျောင်းကို ထပ်မံတိုးချဲ့ဖွင့်လှစ်တာဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ - AA Info ပုံစာ - အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ပြည်သူများကို ဆေးကုသပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်
https://www.facebook.com/share/p/1DcrK7izhS/
👍141🥰1
ကားပေါ်မှာဂျန်ဘာဆင်ပြီး မဲရုံများလိုက်စစ်တဲ့ ကံမ မြို့နယ်အုပ်ချူပ်ရေးမူးကို တော်လှန်ရေးတပ်ဖွဲ့များရှင်းလင်း

BBM -ဇန်နဝါရီလ ၁၃
သတင်း-ကိုဘုဏ်း

မကွေးတိုင်း၊သရက်ခရိုင်၊ကံမြို့နယ်ရှိမဲရုံတွေကို ကားပေါ်ဂျန်ဘာဆင်ပြီး လိုက်စစ်နေတဲ့ ကံမမြို့နယ်အထွေထွေအုပ်ချူပ်ရေးမူး နဲ့အဖွဲ့ကိုတော်လှန်ရေးတပ်ဖွဲ့များ ဇန်နဝါရီလ(၁၁)ရက်နေ့ နေ့လယ်မှာ တိုက်ခိုက်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးသေဆုံးခဲ့တယ်လို့ ကံမမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ၁၁ရက် နေ့လယ်
၂နာရီအကျော်မှာ ကံမမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမူး ဇော်မင်းနိုင်က ၎င်း လိုက်ပါလာတဲ့ double cub ကား(၂)စီးအနက် ၁စီးကို လုံခြုံရေးအတွက် ဂျန်ဘာ တင်ပြီးမဲရုံများကိုလိုက်လံစစ်ဆေးနေခဲ့တယ်လို့ သိရပါတယ်။

ဒီလိုလိုက်လံစစ်ဆေးနေစဥ် ပြည်-ကံမ ကားလမ်းပေါ်မှာရှိတဲ့ ပြောင်ကျ ကျေးရွာနဲ့ပယ်ကျကျေးရွာ အနီးမှာ ကံမ (ပကဖ)ရဲဘော်များမှ အဆိုပါကားကို တိုက်ခိုက်ခဲ့တာကြောင့် အုပ်ချုပ်ရေးမူး ဇော်မင်းနိုင် ၊ ကားဒရိုင်ဘာ နဲ့ ၎င်းတို့ကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့များရဲ့တိုက်ခိုက်မူ့ကြောင့် ဒဏ်ရာရသူ မြို့နယ်အုပ်ချူပ်ရေမူးနဲ့အဖွဲ့ကို ရွှေတောင် ကုတင် ၁၀၀ စစ်ဆေးရုံကိုပို့ဆောင်ခဲ့သော်လည်း နေ့လယ် ၁နာရီခွဲလောက်မှာ မြို့နယ်အုပ်ချူပ်ရေးမူး ဇော်မင်းနိုင်နဲ့ ကားဒရိုင်ဘာ သေကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မူ့ကို ကံမမြို့နယ် ပကဖ က ရဲဘော်များက တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ကြေငြာထားပါတယ်။

ဓါတ်ပုံ -ပုံဟောင်း
https://www.facebook.com/share/p/1AVzq3gtaC/
👍152
ရခိုင်ပြည်နယ်၏ ပျက်စီးမှုများသည် AAကြောင့်ဟု စစ်ကောင်စီ အပြစ်တင်

BBM - ဇန်နဝါရီ ၁၄
သတင်း - သော်

နေပြည်တော်မှာ ဇန်နဝါရီ ၁၃ရက်က စစ်ကောင်စီ ပထမဆုံးအကြိမ်ကျင်းပတဲ့ “လူငယ်နှင့် ငြိမ်းချမ်းရေးဖိုရမ်”မှာ ၂၀၂၄ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေဟာ အာရက္ခတပ်တော်ရဲ့ လုပ်ရပ်တွေကြောင့်ဖြစ်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရခိုင်ပြည်နယ်အတွင်းရှိ မြို့ရွာတွေ ပျက်စီးရတာ၊ ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာနဲ့ အခြေခံ အဆောက်အအုံတွေ ဆုံးရှုံးရတာတွေဟာ AAရဲ့ နယ်မြေစိုးမိုးနိုင်ရေး ကြိုးပမ်းမှုတွေကြောင့် ပျက်စီးရတာဖြစ်တယ်လို့ ဆိုပါတယ်။

“၂၀၂၃ မိုခါဖြစ်တော့ ပျက်စီးမှုတွေဖြစ်ပါတယ်။ စစ်တွေ အထက်ပိုင်းပေါ့။ ၆လအတွင်း မူလအတိုင်းဖြစ်ဖို့ ပြန်ပြုပြင်မယ်ဆိုပြီး တာဝန်ပေးပြီး လုပ်ပါတယ်။ လုပ်အားတွေလည်း အများကြီး စိုက်ထုတ်ရပြီး ငွေတွေလည်း အများကြီးကုန်ပါတယ်။ ဒါပေမယ့် ၂၀၂၄ခုနှစ်ကျတော့ AAက ဝင်ပြီး ဖျက်ဆီးတော့ ဘာတခုမှ မကျန်သလောက် ဖြစ်သွားတယ်။ ဘီလီယံနဲ့ ချီပြီး ရင်းနှီးမြှုပ်နှံထားရတာဖြစ်တယ်။ အဲ့ဒီက ဒေသခံတွေသာ ထိခိုက်တာဖြစ်တယ်”လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

၂၀၂၄ခုနှစ်အတွင်း ရခိုင်ပြည်နယ် ပေါက်တော၊ မင်းပြား၊ မြောက်ဦးနဲ့ အခြားမြို့နယ်တွေမှာ စစ်ကောင်စီက ဂျက်ဖိုက်တာအပြင် Y-12လေယာဉ်တွေပါ အသုံးပြုပြီး မြို့ပေါ်ရပ်ကွက်တွေနဲ့ ဈေးတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်တွေ များစွာပျက်စီးခဲ့ရပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားနေရာတွေကိုလည်း စစ်ကောင်စီရဲ့ တပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာတွေကြောင့်လည်း ဘာသာရေးအဆောက်အအုံတွေနဲ့ စာသင်ကျောင်းတွေ ပျက်စီးခဲ့ရပါသေးတယ်။

“စစ်ကောင်စီက တမင်သပ်သပ်ကို လိမ်ညာပြီး ပြောနေတာ။ AAကို လူမိုက်ဇာတ်သွင်းတာပါ။ AAကတော့ ကိုယ့်ရဲ့ ဒေသ၊ ပြည်သူရှိတဲ့ နယ်မြေတွေမှာဆို စစ်ပွဲတွေကို မဖော်ဆောင်ဘူး။ ဒါက ပြည်သူချစ်တဲ့ တပ်တော်ရဲ့ လုပ်ဆောင်ချက်ပါ။ စစ်ကောင်စီကတော့ ဒီလိုမဟုတ့ပါဘူး။ သူတို့ မိုခါမှာ ကူညီခဲ့တယ်ဆိုတဲ့ ဘီလီယံနဲ့ ချီတဲ့ အကူအညီတွေက ဘယ်မှာ၏ ရသွားတာလဲ။ ဘာတခုမှလည်း လုပ်ဆောင်ပေးတာတွေ မရှိပါဘူး။ သူတို့ စစ်အသုံးအဆောင်တွေမှာ သုံးဆောင်ခဲ့တာပါ”လို့ ရခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

မိုခါမုန်တိုင်းဟာ ၂၀၂၃ခုနှစ် မေလအတွင်းက ရခိုင်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီး စစ်တွေအပါအဝင် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ ပျက်စီးမှုတွေ အများဆုံးဖြစ်ခဲ့တာပါ။

စစ်ကောင်စီက စစ်တွေမြို့ကို လာရောက်ပြီး ပြန်လည်ထူထောင်ရေးအတွက် ဘီလီယံနဲ့ချီ သုံးစွဲမယ်လို့ ကတိပေးခဲ့ပေမဲ့ လက်တွေ့မှာတော့ လမ်းအချို့ကိုသာ ရှင်းလင်းတာမျိုးရှိခဲ့ပြီး ဒေသခံပြည်သူတွေကတော့ ကိုယ်ထူကိုယ်ထ ပြန်လည်ထူထောင်ခဲ့ရတာလည်းဖြစ်ပါတယ်။

ဓါတ်ပုံ - AA Info
ပုံစာ - မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားမှုမျအား ပြန်လည်ပြုပြင်ပေးနေသော AAတပ်ဖွဲ့ဝင်များ

#bbmnews #bbm #bbmtv #rakhine #naypyitaw
https://www.facebook.com/share/p/1CM2JQ45UL/
👍8🤣4
ဂရင်းလန်းဝန်ကြီးချုပ်က အမေရိကန်ထက် ဒိန်းမတ်ကို ပိုနှစ်သက်ကြောင်း ပြောကြား

BBM - ဇန်နဝါရီ ၁၄

ဂရင်းလန်းဝန်ကြီးချုပ်က အမေရိကန်ပြည်ထောင်စုရဲ့ နယ်မြေတစ်ခုဖြစ်မယ့်အစား ဒိန်းမတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်သာ ဆက်လက်နေထိုင်လိုကြောင်း ဇန်နဝါရီလ ၁၂ရက် အင်္ဂါနေ့ပြောကြားခဲ့ပါတယ်။

ဒါဟာ သမ္မတဒေါ်နယ်ထရမ့်က အာတိတ်ကျွန်းကို ထိန်းချုပ်နိုင်ရေးအတွက် တွန်းအားပေးနေချိန်မှာ အခုလိုပြောကြားခဲ့တာပါ။

မကြာသေးမီက ဒိန်းမတ်နဲ့ ဂရင်းလန်းနိုင်ငံခြားရေးဝန်ကြီးတွေက ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတစ်ခုဖြစ်တဲ့ ဂရင်းလန်းကို သိမ်းပိုက်ဖို့ ထရမ့်က ခြိမ်းခြောက်မှုတွေ တိုးမြှင့်ပြုလုပ်ပြီးနောက် ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

ဒါဟာ ဇန်နဝါရီလ ၁၃ရက်ဗုဒ္ဓဟူးနေ့က အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်(JD Vance) နဲ့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီရို( Marco Rubio) တို့နဲ့အတူ မတွေ့ဆုံမီ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

ဂရင်းလန်းကျွန်းဟာ ရောင်းဖို့မဟုတ်ဘူး။ အမေရိကန်နဲ့ ပူးပေါင်းချင်တာ မဟုတ်ဘူးလို့ ကျွန်းရဲ့ဝန်ကြီးချုပ် ဂျန်းစ် ဖရီဒယ်ရစ်ခ် နီလ်ဆန်(Jens-Frederik Nielsen) က ဒိန်းမတ်ဝန်ကြီးချုပ် မတ် ဖရီဒါရစ်ခ်ဆန်(Mette Frederiksen)နဲ့အတူ ကိုပင်ဟေဂင်မှာပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ ပထဝီနိုင်ငံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး အမေရိကန်နဲ့ ဒိန်းမတ်ကို ရွေးချယ်ရမယ်ဆိုရင် ဒိန်းမတ်ကိုပဲ ရွေးချယ်မှာပါ” လို့ နီးလ်ဆန်( Nielsen) က ပြောပါတယ်။

“ကျွန်တော်တို့ဟာ ဒိန်းမတ်နိုင်ငံတော်မှာ စည်းလုံးညီညွတ်စွာ ရပ်တည်နေပါတယ်။”လို့ ဆိုခဲ့ပါသေးတယ်။

Reference-Reuters
Translator-Richard
Photos-Reuters

#bbmnews #bbm #bbmtv #greenland #USA #denmark
👍91