3.47K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
ရွေးကောက်ပွဲ ပထမအဆင့်မှာ မဲပေးသူ ၅၂ ရာခိုင်နှုန်းရှိကြောင်း စစ်ကောင်စီ ပြောကြား

BBM-ဇန်နဝါရီ ၁
သတင်း-Richard

ဒီဇင်ဘာလ ၂၈ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ အတု‌အယောင်ရွေးကောက်ပွဲမှာ မဲပေးသူ ၅၂%ရှိတယ်လို့ ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၅နဲ့ ၂၀၂၀ခုနှစ်က ရွေးကောက်ပွဲတွေနဲ့ယှဉ်ရင် အတော်လေး နည်းပါးတဲ့ပမာဏပါ။

လက်ရှိ အဆင့် ၃ဆင့်နဲ့ကျင်းပနေတဲ့ ရွေးကောက်ပွဲဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ပြည်တွင်းစစ်အတွင်း ကျင်းပခဲ့တာပဲဖြစ်ပါတယ်။

စစ်ကောင်စီ အငြိမ်းစားဗိုလ်ချုပ်ကြီးတွေ ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP) အာဏာပြန်ရလာမယ်လို့ လေ့လာသုံးသပ်သူတွေက ခန့်မှန်းနေကြပါတယ်။

“မဲစာရင်းပါတော့ ကတ်ပြားသွားထုတ်ရတာပေါ့။ မပေးလို့လည်း မရဘူးလေ။ အုပ်ကြီးတွေက အိမ်တိုင်ရာရောက်လာပြောတာတွေရှိတော့ မဲပေးတဲ့ ၃နေရာလုံးမှာ မီးစိမ်းပြီးရော ပေးလိုက်တာပဲ”လို့ အောင်မြေသာစံမြို့နယ်က လူငယ်တစ်ဦးက BBMကိုပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ နိုင်ငံရေးပါတီတွေ အနေနဲ့ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိပါဘူး။

ဒါ့အပြင် ကုလသမဂ္ဂ၊ အနောက်နိုင်ငံအချို့နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွတွေဟာ လွတ်လပ်ပြီး တရားမျှတမှုမရှိတဲ့အတွက် ယုံကြည်စိတ်ချလို့မရကြောင်း ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြည်သူ ၆သန်းကျော်( ၅၂.၁၃%)ဟာ မြို့နယ် ၁၀၂ ခုမှာ ရွေးကောက်ပွဲပထမအဆင့်အနေနဲ့ မဲထည့်ထဲ့ခဲ့ကြကြောင်း နိုင်ငံပိုင်မီဒီယာကို ပြောကြားခဲ့ပါတယ်။

“ဖွံ့ဖြိုးပြီးဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံတွေမှာတောင် မဲပေးသူ ၅၀% ထက် မပိုတဲ့ အခြေအနေတွေ ရှိတယ်” လို့ ဇော်မင်းထွန်းက ပြောကြားခဲ့ပြီး ဒါဟာ မြန်မာနိုင်ငံအနေနဲ့ “ဂုဏ်ယူစရာ” တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Reference-Reuters
Photos-Reuters

#bbmnews #bbm #bbmtv #election #december
😁6👍1
😁5
ဇူလိုင်လကတည်းက ဖမ်းဆီးခံထားရတဲ့ ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို ထိုင်း ပြန်လွှတ်ပေး

BBM-ဇန်နဝါရီ ၁

ဒီဇင်ဘာလ ၂၇ရက်နေ့က နှစ်နိုင်ငံ သဘောတူညီခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးသဘောညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဇူလိုင်လကတည်းက ဖမ်းဆီးထားတဲ့ ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို ထိုင်းနိုင်ငံက ပြန်လွှတ်ပေးခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် ထိုင်းရဲ့ စိုးရိမ်မှုတွေကြောင့် လွှဲပြောင်းပေးအပ်မှုကို တစ်ရက် ရွှေ့ဆိုင်းခဲ့ပေမဲ့ သဘောတူညီချက် တည်မြဲစေဖို့ တရုတ်ရဲ့ သံတမန်ရေးဖိအားပေးမှု အဆက်မပြတ် ဖြစ်ပေါ်လာပြီးနောက် အခုလို လွှဲပြောင်းပေးခဲ့တာပဲဖြစ်ပါတယ်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် တင်းမာမှုတွေဟာ အခုလအစောပိုင်းမှာ ဖြစ်ပွားခဲ့ပြ ရက်သတ္တပတ်များစွာ ကြာမြင့်ခဲ့ပြီး လူတစ်သန်းနီးပါးဟာ နေအိမ်တွေမှ စစ်ဘေးရှောင်ခဲ့ကြရပါတယ်။

ဒီဇင်ဘာလ ၂၇ရက် စနေနေ့က သဘောတူညီချက်အရ နှစ်ဖက်စလုံးဟာ ရှေ့တန်းစစ်မျက်နှာတွေကို ရုတ်သိမ်းဖို့၊ အင်အားဖြည့်တင်းမှုတွေကို ပိတ်ပင်ဖို့နဲ့ နယ်စပ်ဒေသတွေမှာ နေထိုင်နေတဲ့ အရပ်သားတွေကို အမြန်ဆုံးပြန်လာခွင့်ပြုဖို့ သဘောတူညီခဲ့ကြပါတယ်။

အရပ်ဝတ်ဝတ်ဆင်ထားတဲ့ ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို နယ်စပ်စစ်ဆေးရေးဂိတ်တစ်ခုမှတစ်ဆင့် လိုက်ပါပို့ဆောင်ပြီး ကမ္ဘောဒီးယားအာဏာပိုင်တွေကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

Reference-BBC
Translator-Richard
Photo-BBC

#bbmnews #bbm #bbmtv #thailand #cambodia
👏5👍1
👏4👍1
နှစ်သစ်ကူးအချိန်အခါသမယမှာ တော်လှန်မိဘပြည်သူအပေါင်း ဘေးကင်းလုံခြုံပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#bbm #bbmnews #bbmtv #ပိတောက်ဖူး #happynewyear2026
8👍3
8👍4
ဘီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရလို့ အရာရှိအပါအဝင် ၃ ဦးထက်မနည်းသေဆုံး

BBM-ဇန်နဝါရီ ၁
သတင်း - ကိုဟန်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဝင်းပြန်ကျေးရွာနဲ့ အလူးလေးကျေးရွာဘက်မှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်း တပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က အရာရှိတဦးအပါအဝင် သုံးဦးထက်မနည်း ထိခိုက်သေဆုံးမှု ရှိတယ်လို့ တော်လှန်ရေးတပ်တွေထံကနေ သိရပါတယ်။
ဒီဇင်ဘာလ ၃၁ ရက် မနက် ၇ နာရီခန့်က အလူးလေးကျေးရွာဘက်ကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကရင်တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲအတွင်း မိုင်းအပါအဝင် လက်နက်ကြီးတွေကို ပစ်ခတ်တိုက်ခိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တဦးက BBM ကို ပြောပါတယ်။

“စစ်ကြောင်းထိုးလာတာကို အသေအချာ စီစဉ်ပြီး မိုင်းရော၊ လက်နက်ကြီးရော ဆက်တိုက်ပစ်လိုက်တာ၊ သူတို့ တော်တော်ထိသွားတယ်၊ အစမိုင်းခွဲကတည်းက အကျအဆုံးရှိသွားတာ” လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်တပ်ဘက်က ဗိုလ်မှူးတဦးအပါအဝင် ၃ ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့တယ်လို့ တပ်တွင်းဖရဲသီးတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သူက ဆက်ပြောပါတယ်။

ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး BBM အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အင်အား ၂၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ကတည်းက ဘီးလင်းမြို့နယ် အလူးလေးကျေးရွာဘက်ကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး အဲဒီစစ်ကြောင်းကြောင့် ဒေသခံထောင်ချီက ဘေးလွတ်ရာကို တိမ်းရှောင်နေရတာပါ။

“ရွာသားတွေတော့ ရှောင်နေတုန်းပဲ၊ သူတို့ရွာထဲဝင်လာတုန်းက လက်နက်ကြီးတွေ အဆက်မပြတ်ပစ်နေတာ၊ အဲဒါကြောင့် အရင်နေ့ကတည်းက ရွာသားတွေ ထွက်ပြေးနေရတာပါ” လို့ ဒေသခံတဦးက ပြောပါတယ်။

အခုတိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဟာ ပြန်လည်ဆုတ်ခွာသွားခြင်း မရှိသေးပဲ အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ထားပြီး လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်ရှိနေဆဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်ကလည်း အလူးကြီးကျေးရွာ ဘုန်းကြီးကျောင်းထဲကို စစ်တပ်က လက်နက်ကြီးပစ်ခတ်လို့ အရပ်သား ၃ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ - Social Media
ပုံစာ - စစ်ဘေးရှောင်များနဲ့ စစ်ကောင်စီယာဉ်တန်း

#bbmnews #bbm #bbmtv #mon #belin
👍10
👏8👍1
မွန်ပြည် ဖယ်ဒရယ်ကောင်စီက ဋ္ဌာန နှစ်ခုမှာရှိတဲ့ ရဲဘော်များကို နှစ်စဥ်ထောက်ပံ့ကြေးများပေး

BBM-ဇန်နဝါရီ ၁
သတင်း-ကိုဘုဏ်း

မွန်ပြည်နယ် အခြေစိုက် မွန်ပြည်ဖယ်ဒရယ်ကောင်စီက ကာကွယ်ရေးဌာနနဲ့ ပြည်ထဲရေးဌာနမှာရှိတဲ့ ရဲဘော်တွေကို နှစ်စဥ်ထောက်ပံ့ကြေးပေးတဲ့ အခမ်းအနားကို မွန်ပြည် တော်လှန်ရေးတပ် တပ်ရင်းဌာနမှာ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်နေ့က ကာကွယ်ရေးဌာန(DoD)အောက်မှာရှိတဲ့ မွန်ပြည်ကာတော်လှန်ရေးတပ်(MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်(YPDF)နဲ့ပြည်ထဲရေးဌာန(DoHA)မှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်‌တွေကို နှစ်စဥ်နှစ်တိုင်းထောက်ပံ့ကြေးပေးအပ်တာပဲဖြစ်ပါတယ်။

အဆိုပါနှစ်စဥ်ထောက်ပံ့ကြေးပေးတဲ့ အခမ်းအနားကို မွန်ပြည်ဖယ်ဒရယ်ကောင်စီရဲ့ ကာကွယ်ရေးဌာန ဌာနမှူး နိုင်တလနိုင်၊ မွန်ပြည်တော်လှန်ရေးတပ်
တပ်ရင်းမူး ဗိုလ်မှူးကြီး နိုင်ဒရာဂွန်ဒုတပ်ရင်းမှူး ဗိုလ်မှူး ဗညားနွန်တို့က မိန့်ခွန်းပြောကြားခဲ့ပြီးမွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးမြို့ပြည်သူ့ကာကွယ်ရေးတပ်(YPDF)၊ပြည်ထဲရေးဌာန (DoAH)တို့မှရဲဘော်များတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

#bbmnews #bbm #bbmtv #mon #federal
8
12
စစ်တောင်းမြစ်အရှေ့ဘက် အိုးမြေတူးရွာ စစ်တပ်စခန်းကို တိုက်ခိုက် စကစများ အထိနာထွက်ပြေး

BBM-ဇန်နဝါရီ ၁
သတင်း-ကိုဘုဏ်း

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ အိုးမြေတူးကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြတယ်လို့ တပ်ရင်း ၈၀၅(Nay Pyi Taw PDF)က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၃၀ ရက်နေ့က အိုးမြေတူကျေးရွာမှာအင်အား ၆၀ ခန့်အထိုင်ချထားတဲ့အထိုင်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ ကျေးရွာအနီးမှာရှိတဲ့ ကင်းစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ အထိနာပြီးဆုတ်ခွာထွက်ပြေးသွားကြတယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်များဟာ စစ်တောင်းမြစ် အနောက်ဘက်အခြမ်းကို ဆုပ်ခွာထွက်ပြေးကြပြီး ထိခိုက်သေဆုံးမှုများရှိတဲ့အပြင် စစ်ကောင်စီတပ်သား ၃ ဦးကိုစစ်သုံ့ပန်းအဖြစ် အရှင်မိခဲ့တယ်လို့ သိရပါတယ်။

ဆုပ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီစခန်းကိုတော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်ရှင်းလင်းရာ၆၀မမ ၁လက်၊MA 13 ၁လက်၊RPG ဗုံးသီး ၆လုံး၊ပို့ယမ်း ၉ခု၊MA13 ကျည်အိမ် ၃ခု၊9mmကျည်အချိူ့၊60 mm ဗုံးသီး ၂လုံး၊5.56 ကျည်အချိူ့၊ ရှေ့ထွက်မိုင်း ၅လုံး၊စစ်အသုံးအဆောင်ပစ္စည်းအချိူ့နဲ့အတူဆိုလာနဲ့ battery များသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မူ့ကို တပ်ရင်းအမှတ် ၈၀၅ (ထနောင်းစစ်ကြောင်း) နေပြည်တော်PDF တပ်ရင်း (၉၀၁)၊သံတောင်မြောက်ပိုင်းအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဘက်က စစ်ကူအင်အားများနဲ့ပြန်လည် တိုးဝင်နေတာကြောင့်တိုက်ပွဲငယ်များဆက်လက်ဖြစ်ပွားနေပါတယ်လို့ ဆိုပါတယ်။

ပြည်သူများအနေဖြင့်စစ်ရေးသတိဖြင့်သွားလာကြရေး နေပြည်တော် PDF တပ်ရင်းအမှတ် ၈၀၅ က ထုတ်ပြန်ကြေငြာထားပါတယ်။

#bbmnews #bbm #bbmtv #NayPyiTAwPDF #Federal
8👍4🥰2
👍92
သံတွဲကို စစ်ကောင်စီ ထပ်မံလေကြောင်းတိုက်ခိုက် ဒေသခံ ၃ ဦးထိခိုက်ဒဏ်ရာရ

BBM - ဇန်နဝါရီ ၁
သတင်း - နိုင်နိုင်

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်၊ သံတွဲမြို့၊ အမှတ် (၁) ရပ်ကွက်က မာဃလမ်းထိပ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အများအပြား မီးလောင်ပျက်စီးသွားတယ်လို့ သံတွဲဒေသခံတွေဆီက သိရပါတယ်။

ကမ္ဘာတစ်ဝှမ်းက နှစ်သစ်ကိုကြိုဆိုနေကြတဲ့ မနေ့က ဒီဇင်ဘာလ ၃၁ ရက်နေ့၊ ညနေ ၇ နာရီ ၂၈ မိနစ် အချိန်မှာ စစ်ကောင်စီတပ်ဟာ သံတွဲမြို့၊ အမှတ် (၁) ရပ်ကွက်က မာဃလမ်းထိပ်ကို လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

"မနေ့က စစ်ကောင်စီတပ်ဟာ သံတွဲမြို့နယ်ကို ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာရှိပါတယ်၊ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရရှိတဲ့သူတွေကတော့ မရှိပါဘူး၊ ၃ ဦးကတော့ လေယာဥ်လာစဥ် ပုန်းခိုဖို့ပြေးကြတာကြောင့် အနည်းငယ်ထိခိုက်ဒဏ်ရာ ရတာတော့ရှိပါတယ်၊ နေအိမ်ကတော့ ၄ လုံးလောက် မီးလောင်ပျက်စီးသွားပါတယ်" လို့ သံတွဲဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့၊ ညနေ ၈ နာရီအချိန်မှာလည်း စစ်ကောင်စီတပ်ဟာ သံတွဲမြို့နယ်၊ ငပလီမြို့၊ လင်းသာရပ်ကွက်၊ ကျင်းကန်ကြီးကျေးရွာကို လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁ ဦးအပါအဝင် အရပ်သားပြည်သူ ၉ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်နေ့၊ ခရစ္စမတ်နေ့မှာလည်း စစ်ကောင်စီတပ်ဟာ သံတွဲမြို့နယ်၊ အမှတ် ၅ တိုက်နယ်၊ ရပ်ရှည်ကျေးရွာကို လေကြောင်းကနေ ဂျက်ဖိုက်တစ်စီးနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးတိမ်းရှောင်နေတဲ့ ဒေါ်နော်စေးရေဖော (၅၅) နှစ်မှာ သေဆုံးသွားခဲ့ရတာလည်း ဖြစ်ပါတယ်။

လက်ရှိ သံတွဲမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးအဆက်မပြတ် လာရောက်ကြဲချတိုက်ခိုက်နေတာကြောင့် မြို့ပေါ်ရှိဒေသခံတွေနဲ့ အနီးအနားရှိကျေးရွာတွေက ဒေသခံတွေမှာ စိုးရိမ်ကြောက်လန့်ကာ ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတစ်လအတွင်းမှာ AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၄၉ ဦးအထိ သေဆုံးခဲ့ရပြီး ၉၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရတာလည်း ဖြစ်ပါတယ်။

ရခိုင်မှာ တကျော့ပြန် တိုက်ပွဲစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့အထိ ၂ နှစ်တာ တိုက်ပွဲကာလအတွင်း ရခိုင်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁၁၅၂ ဦး သေဆုံးခဲ့ရပြီး ၂၁၅၃ ဦးအထိ ထိခိုက်ဒဏ်ရာရရှိသွားတာရှိတယ်လို့ အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

#bbm #bbmnews #Rakhine #Thandwe #UpdateNews
😡7👍1👎1
👎6😡5👍1