3.48K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
စစ်ကိုင်း၊ ဖွံ့ဖြိုးရေးကျောင်းရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများပြား

BBM - ဒီဇင်ဘာ ၃၁
သတင်း - Richard

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အထွက်နားရှိ ပြည်ထောင်စုတိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်ထဲမှာ အတုအယောင်ရွေးကောက်ပွဲလုပ်ဖို့ပြင်နေတဲ့ စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ General Z Power ရဲ့ တာ၀န်ရှိသူက BBM ကိုပြောပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်မှာ စစ်ကိုင်းမြို့အထွက် အုန်းတောရွာရှိ အဆိုပါ ဖွံ့ဖြိုးရေးကျောင်းထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းအုပ်ကြီးနေအိမ်နဲ့ ကတုတ်ကျင်းတွေ ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားအများအပြားလည်း ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ သိရပါတယ်။

“ကျောင်းထဲကိုလူနာတင်ကားတွေနဲ့ တင်သွားတာ အတော်များတယ်၊ အထိခိုက်များလို့ထင်တယ်ဗျ ဆက်တိုက်မဲပစ်နေတာ ကျနော်တို့ဘက်ကို”လို့ အဆိုပါ တာ၀န်ရှိသူက ဆက်ပြောပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က လက်နက်ကြီးနဲ့တိုက်ခိုက်တဲ့အပေါ် စစ်ကောင်စီက လက်နက်ငယ်တွေနဲ့ တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ဒီ‌ကောင်တွေ ဘက်က ပြန်ပစ်တာတော့ ကြာတယ်ဗျ၊ ဒါပေမဲ့ ကျွန်တော်တို့ ရဲဘော်တွေအထိအခိုက်မရှိပြန်ဆုတ်နိုင်ခဲ့တယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်ကြီးနဲ့ ပစ်ပြီးပြီးချင်း စစ်ကိုင်း ခလရ ၃၃ မှ စစ်ကောင်စီတပ်ဖွဲ့၀င်တွေလည်း စစ်ကူရောက်ရှိလာတယ်လို့ သိရပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို Generation Z Power - GZP (Mandalay) ၊ Taw Twin Tup Pee–LDF နဲ့ နယ်မြေခံ ပကဖအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video - Generation Z Power - GZP ( Mandalay)

#bbmnews #bbm #bbmtv #sagaing #MDY
👍12🥰1
AA ကို ကျေးဇူးတင် ဂုဏ်ပြုကြောင်း ချင်းညီနောင်အဖွဲ့ဆို

BBM - ဒီဇင်ဘာ ၃၁
သတင်း - နိုင်နိုင်

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ စုစည်းတည်ထောင်ထားတဲ့ ချင်းညီနောင် (Chin Brotherhood) ကို အစဥ်တစိုက် ထောက်ပံ့ကူညီပေးခဲ့တဲ့ အာရက္ခတပ်တော် AA ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လေးစား ဂုဏ်ပြုကြောင်း ချင်းညီနောင်အဖွဲ့ရဲ့ ၂ နှစ်ပြည့် ထုတ်ပြန်ချက်မှာ ပြောဆိုထားတာလည်း ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ဟာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ စုစည်းတည်ထောင်ထားတဲ့ ချင်ညီနောင် (Chin Brotherhood) ၂ နှစ်ပြည့် နေ့ရက်တစ်ရက်လည်း ဖြစ်ပါတယ်။

တော်လှန်ရေး ၂ နှစ်တာကာလအတွင်းမှာ ပြည်သူလူထုတွေဟာလည်း ချင်းညီနောင်အဖွဲ့ဝင်တွေနဲ့အတူ ရပ်တည်ပေးခဲ့ကြပြီး စစ်ကောင်စီတပ်ရဲ့ ဖိနှိပ်မှုမျိုးစုံနဲ့ ကန့်သတ်မှုမျိုးစုံတွေကို ကြံကြံခံကာ လူထုတစ်ရပ်လုံး လွတ်မြောက်ရေးအတွက် မငြီးမငြူ လက်တွဲညီညီ စည်းလုံးညီညွတ်စွာနဲ့ ရုန်းကန်ကျော်လွှားနိုင်ခဲ့အပေါ်ကိုလည်း ကျေးဇူးတင်ဂုဏ်ပြုကြောင်း ချင်းညီနော်အဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် လက်ရှိနွေဦးတော်လှန်ရေးတိုက်ပွဲကာလအတွင်း အသက်ပေးသွားကြတဲ့ ရဲရဲတောက်အာဇာနည်များ၊ ကိုယ်ခန္ဓာအစိတ်အပိုင်းများ၊ ခြေလက်အင်္ဂါပေးဆပ်ခဲ့ကြရတဲ့ တော်လှန်ရေး ရဲဘော်သူရဲကောင်းတွေကိုလည်း လေးနက်စွာအလေးပြုအပ်တယ်လို့လည်း ချင်းညီနောင်အဖွဲ့ရဲ့ ၂ နှစ်ပြည့်အခမ်းအနားမှာ ပြောဆိုထားပါတယ်။

"ချင်းညီနောင်အား အစဥ်တစိုက် ထောက်ပံ့ကူညီပေးခဲ့ကြတဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်၊ မိမိတို့ရဲ့ တော်လှန်ရေးမဟာမိတ်တွေနဲ့ နိုင်ငံတကာက တော်လှန်ပြည်သူတွေအကုန်လုံးအပေါ် လှိုက်လှိုက်လှဲလှဲကျေးဇူးတင် လေးစားဂုဏ်ပြု မှတ်တမ်းတင်အပ်ပါတယ်" လို့ ချင်းညီနောင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ချင်းညီနောင်အဖွဲ့ဟာ ပြည်သူလူထုရဲ့ ထောက်ခံမှု၊ မဟာမိတ်တွေရဲ့ ထောက်ပံ့ကူညီမှုနဲ့ အခြေစိုက်ရာ မြို့နယ်၊ ဒေသတွေဖြစ်တဲ့ မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ ဖလမ်းမြို့နယ်၊ မရာဒေသနဲ့ ဒိုင်ရ်ဒေသတွေမှာ စစ်ကောင်စီတပ်ကို ကင်းစင်အောင် မောင်းထုတ်တိုက်ခိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီး တီးတိန်မြို့နယ်နဲ့ ချင်းပြည်တခုလုံးကို အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ကင်းစင်စေရေးအတွက်လည်း ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ချင်းညီနောင်အဖွဲ့ရဲ့ ၂ နှစ်ပြည့် ထုတ်ပြန်ချက်မှာ ဖော်ပြထားတာလည်း ဖြစ်ပါတယ်။

ချင်းညီနောင်အဖွဲ့ရဲ့ ၂ နှစ်ပြည့်အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ဒုဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ဦးတိုးကျော်လှိုင်တို့အပါအဝင် ချင်းတော်လှန်းရေအဖွဲ့အစည်းတွေ အများအပြားတက်ရောက်ဂုဏ်ပြုပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

#bbm #bbmnews #ChinBrotherHood #AA #UpdateNews #Myanmar
11👍3
👍64
ဘုတလင်မှာ ရွေးကောက်ပွဲမလုပ်နိုင်ဖို့နဲ့ မြို့သိမ်းတိုက်ပွဲ တိုက်ခိုက်ခဲ့ရာ စကစ ၁၅ ဦးထက်မနည်း သေဆုံး

🟥မြို့ကို ၃ ရက်တာ ပိတ်ဆို့ထိန်းချုပ်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း PDF ရဲဘော် ၆ ဦးကျဆုံး

BBM - ဒီဇင်ဘာ ၃၁
သတင်း - ခက်ဆစ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ ရွေးကောက်ပွဲ မပြုလုပ်နိုင်ဖို့နဲ့ မြို့သိမ်းဖို့အတွက် စစ်ကောင်စီတပ်စွဲနေရာတွေကို တပြိုင်တည်းတိုက်ခိုက်ခဲ့ရာ မြို့ကိုပါ ယာယီထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်၊ မနက် ၅ နာရီခန့်မှာ ရွေးကောက်ပွဲ မပြုလုပ်နိုင်ဖို့နဲ့ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရင်း ဘုတလင်မြို့ပေါ် စစ်အုပ်စု ရွေးကောက်ပွဲ ပြုလုပ်ဖို့နေရာနဲ့ အထိုင်ချတပ်စွဲထားတဲ့ နေရာ ၄ ခုကို တပြိုင်တည်းစီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုဟာ မနက် ၅ နာရီမှ နေ့လယ် ၂ နာရီခန့်အထိ ကြာမြင့်ခဲ့ပြီးနောက် မြို့ကို ယာယီထိန်းသိမ်းနိုင်ခဲ့ပြီး အနီးကပ်ဝိုင်းထားခဲ့သလို တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

"မြို့ကို တိုက်ပွဲဖြစ်တဲ့ ၂၈ ရက်ကနေပြီး ၃၀ ရက်နေ့ညအထိ ထိန်းချုပ်နိုင်ခဲ့ပါတယ်၊ နမခ က စစ်ကြောင်း ဝင်ရောက်နိုင်တဲ့အချိန် ညမှာ ကျနော်တို့ ပြန်ဆုတ်ခဲ့ရတယ်ဗျ" လို့ ဘုတလင်မြို့နယ် တပ်‌ပေါင်းစုစစ်ကြောင်းမှ စစ်ကြောင်းမှူး ကိုကြွက်ကလေးက BBM ကိုပြောပါတယ်။

တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီဘက်က နောက်ဆုံးခံစစ်ဘန်ကာ အထိုင်နေရာတွေကနေ ခုခံနေခဲ့ရသလို ဘုတလင်မြို့ပေါ်မှာလည်း ရွေးကောက်ပွဲ ပြုလုပ်နိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

"ရွေးကောက်ပွဲ မလုပ်နိုင်ပါဘူးဗျ၊ မလုပ်နိုင်တဲ့အပြင် သူတို့ ဘန်ကာထဲကတောင် မထွက်ရဲပါဘူးဗျ" လို့ စစ်ကြောင်းမှူး ကိုကြွက်ကလေးက ဆက်ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဟာ မုံရွာရှိ စစ်ကောင်စီရဲ့ နမခ တိုင်းစစ်ဌာနချုပ်မှ စစ်ကြောင်းတွေထိုးလာတဲ့အပြင် ဟောင်ဝှစ်ဇာ၊ ပါရာမိုတာ၊ Y12 ၊ အသေခံဒရုန်းတွေနဲ့ အဆက်မပြတ်ခုခံခဲ့ပြီး လေကြောင်းမှ အဆက်မပြတ် တပ်ကူပေးနေခဲ့သလို တော်လှန်ရေးအင်အားစုတွေဘက်မှာလည်း ခဲယမ်းဖြည့်တင်းဖို့ မလုံလောက်တာတွေကြောင့် မြို့အပြင်ကနေပဲ ဝိုင်းထားခဲ့ရတယ်လို့ ဆိုပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်းမှာ တော်လှန်ရေးအင်အားစုတွေဘက်မှ PDF ရဲဘော် ၃ ဦးကျဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တဲ့အပြင် နမခ မှလာတဲ့ စစ်ကူစစ်ကြောင်းကို ဖြတ်တောက်ရေးစစ်ကြောင်းဘက်မှလဲ PDF ရဲဘော် ၃ ဦး ကျဆုံးခဲ့တဲ့အတွက် စုစုပေါင်း ရဲဘော် ၆ ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

လာမဲ့ ၂၀၂၆ ဇန်နဝါရီလ ၁၁ ရက်မှာ စစ်အုပ်စုရဲ့ ထပ်မံပြုလုပ်မဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ ဘုတလင်မြို့နယ်ပါဝင်နေတာဖြစ်ပြီး အဲဒီအတွက် ဆက်လက်ဆောင်ရွက်မဲ့ အခြေအနေအပေါ် မေးမြန်းရာမှာ "ကြိုပြောလို့ မရတဲ့အတွက် ဒီကိစ္စကိုလည်း ကြိုပြောမှာ မဟုတ်ပါဘူး"လို့ စစ်ကြောင်းမှူး ကိုကြွက်ကလေးက ‌ပြောပါတယ်။

အဆိုပါစစ်ဆင်ရေးကို မုံရွာခရိုင် ကွပ်ကဲရေးမှုး အပါအဝင် မုံရွာခရိုင် ပကဖ ရဲ့ကွပ်ကဲမှုနဲ့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း၊ မုံရွာခရိုင် အမှတ် ၂၀ တပ်ရင်း၊ မုံရွာခရိုင် ဗျူဟာ ၆၆ တပ်ရင်း၊ ညောင်ဦးခရိုင် အမှတ် ၃ တပ်ရင်း၊ ယင်းမာပင်ခရိုင် အမှတ် ၂၈ တပ်ရင်း၊ ယင်းမာပင်ခရိုင် 9+1 တပ်ရင်း၊ Burma Army (BA) အမှတ်၁ တပ်ရင်း၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ ရွှေဘိုခရိုင် ဒရုန်းတပ်ဖွဲ့၊ ဘုတလင်မြို့နယ် ပကဖ အဖွဲ့၊ ရေဦးမြို့နယ် ပကဖ အဖွဲ့နဲ့ ဒီပဲယင်းမြို့နယ် ပကဖ အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

#bbm #bbmnews #Sagaing #PDF #UpdateNews #Myanmar
👍13🫡1
5👍4
ပူတာအိုကိုပို့မဲ့ လေယာဥ်ဆီနဲ့ဒီဇယ်တင်ကား (၂)စီးကို ပူတာအို PDFမှ ဖမ်းဆီးရမိ

BBM - ဒီဇင်ဘာ၃၁
သတင်း - မင်းသော်

ကချင်ပြည်နယ် ပူတာအိုမြို့ကိုပို့မဲ့ စစ်ကောင်စီရဲ့ လေယာဥ်ဆီနဲ့ဒီဇယ်ဆီတွေတင်ဆောင်လာတဲ့ ကား(၂)စီးကို မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းမှာ တော်လှန်ရေးအင်အားစုတွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၆)ရက်နေ့က မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းတစ်နေရာရှိ ပူတာအို-PDFတွေ တာဝန်ကျနေတဲ့ ဂိတ်စခန်းတစ်ခုအနီး စစ်ကောင်စီအတွက် လေယာဥ်ဆီတွေနဲ့ ဒီဇယ်ဆီတွေ သယ်ဆောင်လာတဲ့ အရပ်သားကား(၂)စီးကို ပြည်သူတွေရဲ့သတင်းပေးချက်အရ တားဆီိးစစ်ဆေးနိုင်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါအရပ်သားကားတွေကို စစ်ဆေးရာမှာ လေယာဥ်ဆီ တိုင်ကီ(၅၀)၊ဒီဇယ်ဆီ တိုင်ကီ (၇၀)နဲ့ စုစုပေါင်း တိုင်ကီ(၁၂၀)အထိပါရှိတယ်လို့ သိရပြီး အဆိုပါဆီတိုင်ကီတွေအားလုံးကို တော်လှန်ရေးအင်အားစုတွေဘက်က သိမ်းဆည်းလိုက်တယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။

"မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ကားလမ်းပိုင်းမှာ ပြည်သူတွေသတင်းအတိအကျပေးလို့ စကစ ရဲ့ဆီသယ်ယာဥ်(၂)စီးကိုရရှိလိုက်တယ်ဗျ၊စုစုပေါင်း ဆီတိုင်ကီ၁၂၀ပါတယ်၊ လေယာဥ်ဆီ ၅၀နဲ့ ဒီဇယ်ဆီ ၇၀ "

အဆိုပါ ဆီတိုင်ကီတွေဟာ ပူတာအိုမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီဗျူဟာ ၄၆ ထံပို့ဆောင်ပေးရမဲ့ တိုင်ကီတွေဖြစ်ပြီး ပူတာအိုPDFအနေနဲ့ ယခုအကြိမ်အပါအဝင် (၂)ကြိမ်
အထိပင် စစ်ကောင်စီရဲ့ ဆီတင်ကားတွေကို ဖမ်းဆီးရမိတာတွေရှိနေတယ်လို့လည်း သိရပါတယ်။

ပူတာအို-PDFအနေနဲ့ နွေဦးတော်လှန်ရေးစတင်ကတည်းက ယနေ့အချိန်ထိ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပြီးမြေပြင်စစ်ကြောင်းမှတဆင့် စစ်ကောင်စီကိုတိုက်ခိုက်နေသလို ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းမှာလည်း စစ်ကောင်စီယာဥ်တန်းတွေကို မိုင်းခွဲတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။

Video-မြေပြင်သတင်းရင်းမြစ်

#bbm #bbmnews #Kachin #PutaO
👍9👏1
သံတွဲ ဗုံးကြဲမှုအတွင်း ၁၂ နာရီကြာပိတ်မိနေတဲ့ အသက် ၃ နှစ်အရွယ်ကလေးငယ်ကို အသက်ရှင်လျက်ကယ်တင်နိုင်

BBM - ဒီဇင်ဘာ ၃၁
သတင်း - နိုင်နိုင်

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်၊ ငပလီမြို့၊ လင်းသာရပ်ကွက်၊ ကျင်းကန်ကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အဆောက်အဦ အပျက်အစီးအောက်မှာ ၁၂ နာရီခန့်ကြာအောင် ပိတ်မိနေခဲ့တဲ့ အသက် ၃ နှစ်ခန့်အရွယ် ကလေးတစ်ဦးကို သံတွဲမြို့လူမှုကူညီရေးအဖွဲ့က အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အဆောက်အဦအောက်မှာ ၁၂ နာရီခန့်ကြာအောင်ပိတ်မိနေခဲ့တဲ့ ကလေးမှာ အသက် ၃ နှစ်ခန့် အရွယ် မအေးသန္တာထွန်း (ခေါ်) မေကံကောင်းပဲ ဖြစ်ပါတယ်။

မအေးသန္တာထွန်း (ခေါ်) မေကံကောင်း တို့မိသားစုဝင် သုံးဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်၊ ညနေ ၈ နာရီအချိန်မှာ ကျေးရွာရှိ နေအိမ်တစ်အိမ်အတွင်းမှာ သတင်းတီဗွီကို ကြည့်ရှုနေစဥ် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သံတွဲမြို့လူမှုကူညီရေး လုပ်နေသူတစ်ဦးက BBM ကို ပြောပါတယ်။

"ဗုံးကျတဲ့နေအိမ်မှာ ညကျရင် သတင်းတွေကို စုပြီးတော့ ကြည့်ကြပါတယ်၊ ညနေ ၈ နာရီသတင်းတွေကို စုပြီးတော့ ကြည့်ကြတာပါ၊ အဲဒီအချိန်မှာ စကစက ဗုံးကြဲချတိုက်ခိုက်ခဲ့တာပါ၊ အကုန်လုံးက အရပ်သားတွေပါ" လို့ သူကဆက်ပြောပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း မအေးသန္တာထွန်း (ခေါ်) မေကံကောင်းရဲ့ မိခင်ဖြစ်သူ မဝင်းဝင်းရွှေမှာ ဗုံစတွေထိမှန်ကာ နေရာအတွင်းမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့ရပြီး ဖခင်ဖြစ်သူ ကိုညီညီကတော့ ဒဏ်ရာပြင်းထန်တာကြောင့် ဆေးကုသမှုခံယူဖို့အတွက် ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။

ဗုံးကြဲခံရမှုအတွင်း မအေးသန္တာထွန်း (ခေါ်) မေကံကောင်းမှာ ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး သံတွဲမြို့ရှိ လူမှုကူညီရေးအဖွဲ့တွေက ပြန်လည်ရှာဖွေရာမှာတော့ ဒီဇင်ဘာ ၃၀ ရက်နေ့၊ မနက် ၈ နာရီဝန်းကျင်မှာ တွေ့ရှိခဲ့ရတာဖြစ်တယ်လို့လည်း လူမှုကူညီရေးဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

"ဗုံးကြဲခံရမှုကြောင့် သေဆုံးခဲ့ရတဲ့ ကလေးတွေ ရှိသလို ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ခဲ့တဲ့ ကလေးတွေလည်းရှိပါတယ်၊ မေကံကောင်းကတော့ အဆောက်အဦအောက်မှာ သစ်တွေပိမိပြီး ကျနော်တို့အဖွဲ့က ရှာဖွေရာမှာ အသက်ရှင်လျက်တွေ့ရှိခဲ့တာပါ၊ အဲဒီကလေးက ၁၂ နာရီလောက်ကြာအောင် အဆောက်အဦအောက်မှာ ပိတ်မိနေခဲ့တာပါ" လို့ အဆိုပါ လူမှုကူညီရေးလုပ်ဆောင်နေသူက ဆက်ပြောပါတယ်။

လက်ရှိ မအေးသန္တာထွန်း (ခေါ်) မေကံကောင်းမှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် အရေးပေါ်ဆေးကုသမှုခံယူဖို့အတွက် ပို့ဆောင်ထားရတယ်လို့လည်း သိရပါတယ်။

မအေးသန္တာထွန်း (ခေါ်) မေကံကောင်းတို့ မိသားစုနဲ့အတူ တီဗီသတင်းတွေကြည့်ရှုနေခဲ့ကြတဲ့ နောက်ထပ်မိသားစုဝင် ၅ ဦးမှာတော့ နေရာအတွင်းမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့ရတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်၊ ညနေ ၈ နာရီကျော်အချိန်မှာ စစ်ကောင်စီတပ်က သံတွဲမြို့နယ်၊ ငပလီမြို့၊ လင်းသာရပ်ကွက်၊ ကျင်းကန်ကြီးကျေးရွာကို လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၉ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
👍5😍3
👍7😍1
ပြင်ဦးလွင် အနီးစခန်းလေဆိပ်မှတဆင့် မိုးကုတ်သို့ စစ်ကောင်စီ အင်အားများပေးပို့နေ

🟥မိုးကုတ်မြို့ပတ်လည်မှာ တိုက်ခိုက်မှုတွေ နေ့စဥ်ရှိနေပြီး စစ်တပ်အထိနာနေ

BBM-ဒီဇင်ဘာ၃၁
သတင်း-မင်းသော်

တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲဖြစ်ပွါးနေတဲ့ မိုးကုတ်မြို့တွင်းကို စစ်ကူပို့နိုင်ဖို့အတွက် စစ်ကောင်စီဟာ ပြင်ဦးလွင်မြို့ရှိ အနီးစခန်းလေယာဥ်ကွင်းကို အသုံးပြုနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စစ်ကောင်စီအနေနဲ့ အနီးစခန်းလေဆိပ်အတွင်း မိုးကုတ်မြို့ကိုပို့ဆောင်မဲ့ စစ်ကူအင်အားတွေပါဝင်တဲ့ လေယာဥ်ဆင်းသက်မှု (၅)ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာတွေရှိတယ်လို့ သိရပါတယ်။

ဒီလိုလေယာဥ်နဲ့သယ်ဆောင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို အနီးစခန်းလေဆိပ်မှတဆင့် ပြင်ဦးလွင်၊ ထိုမှတဆင့် ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်းတွေမှ မိုးကုတ်မြို့ပေါ်သို့ စစ်အင်အားပို့ဆောင်မှုတွေပြုလုပ်နေတာတွေရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးထံမှ သိရပါတယ်။

" ဒီအပတ်ထဲမှာကို လေယာဥ်ခဏခဏဆင်းသံကြားရတယ်၊ ဒီနေ့မနက်ကို ၃ စီးလောက်ရှိမယ်ထင်တယ်၊ လေယာဥ်ဆင်းတာ၊ မိုးကုတ်ကို ပို့မဲ့အဖွဲ့တွေကို ဒီကတဆင့် လေယာဥ်နဲ့သယ်လာတာလို့လည်း ကြားနေတယ်"လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

ဒီလိုမိုးကုတ်မြို့ပေါ်ကိုပို့မဲ့ စစ်ကူအင်အားတွေကို အနီးစခန်းလေဆိပ်မှတဆင့် သယ်ဆောင်နေတယ်ဆိုတဲ့ သတင်းကို မိုးကုတ် မြေပြင်တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ကြားသိရကြောင်း ထပ်မံအတည်ပြုပေးပါတယ်။

ဒါ့အပြင်ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက်အစောပိုင်းမှာလည်း အနီးစခန်းလေဆိပ်မှတဆင့် လာတဲ့ စစ်ကောင်စီစစ်ကြောင်းတချို့ မိုးကုတ်မြို့ပေါ်ကို ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်းမှတဆင့် ဝင်ရောက်လာတာတွေရှိထားပြီး တိုက်ပွဲပြင်းထန်ရာ အချိူ့နေရာတွေမှာ အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေတယ်လို့လည်း အဆိုပါ မိုးကုတ်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။

"အနီးစခန်းလေဆိပ်ကို သုံးပြီး မိုးကုတ်ကိုစစ်ကူပို့နေတယ်ဆိုတဲ့ သတင်းကို ကျွန်တော်တို့လည်း သိထားပါတယ်၊ တကယ်လည်းပို့နေတာရှိတယ်၊ ၃၁ရက်နေ့ အစောပိုင်း ပြည်သူတွေအိပ်ချိန်လောက်ကြီး မြို့တွင်းထဲကို အင်အားအများအပြားနဲ့ စစ်ကူတွေရောက်လာတာလည်းရှိနေပါတယ်" လို့ ပြောပါတယ်။

မိုးကုတ်မြို့ပေါ်အတွင်း စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေကြား နေ့စဥ်
တိုက်ခိုက်မှုတွေရှိနေပြီး ဒီဇင်ဘာလ ၃၀ ရက်၊ ညမှာတင် မိုးကုတ်အရှေ့ပိုင်းရှိ စစ်ကောင်စီအခြေချထားရာ ဓာတ်တော်ရခိုင်ကျောင်းကို တော်လှန်ရေးအဖွဲ့ဘက်က ဒရုန်းဗုံးသီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ထိခိုက်သေဆုံးမှုတွေများခဲ့တယ်လို့လည်း သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေနဲ့ မိုးကုတ်မြို့နယ်အတွင်း စစ်ကောင်စီရဲ့မြေပြင်စစ်ကြောင်းတွေကိုသာမက မြို့တွင်းရှိအခြေချတပ်စွဲရာ နေရာတွေ၊ လက်နက်ကြီးထားရှိရာနေရာတွေကို မကြာခဏဆိုသလိုပင် ရှော့တိုက်ဒုံးနဲ့ ဒရုန်းများအသုံးပြုပြီး တိုက်ခိုက်နေတာတွေပြုလုပ်လျက်ရှိတာကိုလည်း တွေ့ရှိရပါတယ်။

Photo-ပုံဟောင်း
👍10
👍7👎1
မောင်တောမှာ မူဆလင်လက်နက်ကိုင်အဖွဲ့ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းပြီး လူငယ်တစ်ဦး ခြေတစ်ဖက် ဆုံးရှုံး

BBM - ဒီဇင်ဘာ ၃၁
သတင်း - နိုင်နိုင်

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ မူဆလင်လက်နက်ကိုင်အဖွဲ့တွေ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းကိုတက်နင်းမိတာကြောင့် လူငယ်တစ်ဦး ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရတယ်လို့ မောင်တောဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့၊ နေ့လည် ၂ နာရီခွဲခန့်မှာ ရခိုင် - ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ တောထဲအတွင်းကို တောကြက်ဖမ်းဖို့သွားစဥ် အဆိုပါလူငယ်မှာ မူဆလင်လက်နက်ကိုင်အဖွဲ့တွေရဲ့ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းကို တက်နင်းမိခဲ့တာလည်း ဖြစ်ပါတယ်။

မြေမြှုပ်မိုင်းနင်းမိတာကြောင့် ခြေထောက်တစ်ဖက်ဆုံးရှုံးလိုက်ရတဲ့သူဟာ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာကနေ မောင်တောမြို့နယ်အတွင်းကို လာရောက်ကာ အလုပ်လုပ်ကိုင်နေသူ ကိုမျိုးလင်းစိုး (၂၅) နှစ် ဖြစ်ပါတယ်။

အဲဒီမြေမြှုပ်မိုင်းကို နင်းမိတာကြောင့် ကိုမျိုးလင်းစိုး (၂၅) နှစ်မှာ ဘယ်ဖက်ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ပြီး လက်ရှိမှာ အရေးပေါ်ဆေးကုသမှုခံယူဖို့အတွက် ပို့ဆောင်ထားရတယ်လို့ မောင်တောဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

" မိုင်းပေါက်ကွဲလို့ လူငယ်တစ်ဦး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရတာ ဟုတ်ပါတယ်၊ သူကတောထဲကို အဖော်တွေနဲ့ သားကောင်တွေကို ရှာဖို့သွားစဥ်မှာ မြေမြှုပ်မိုင်းကို နင်းမိခဲ့တာပါ၊ လက်ရှိမှာတော့ သူက ဆေးကုသမှုခံယူနေရပါတယ်" လို့ မောင်တောဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ ခုန်တိုင်ကျေးရွာက ဦးဒေါင်ရွိုင် (၄၂) နှစ်မှာလည်း ကျေးရွာသားတွေနဲ့အတူ တောထဲကိုဝါးခုတ်သွားစဥ်မှာ မူဆလင်လက်နက်ကိုင်အဖွဲ့တွေ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းကိုတက်နင်းမိတာကြောင့် သွေးထွက်လွန်ကာ လမ်းခုလတ်တစ်နေရာမှာသေဆုံးသွားခဲ့ရတယ်လို့လည်း သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့မှာလည်း မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ကနေ စျေးပြုပြီးပြန်လာတဲ့ အောင်သာယာကျေးရွာသား ၃ ဦးကို လိပ်ရခွဆုံနဲ့ သာယာကုန်းကျေးရွာအကြားကို ရောက်တဲ့အခါမှာ ARSA အဖွဲ့ရဲ့ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ဒေသခံကုန်သည် ၁ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။

အခုနှစ် မောင်တောခရိုင်အတွင်းမှာ မူဆလင်လက်နက်ကိုင်အဖွဲ့တွေရဲ့ မိုင်းခွဲတိုက်ခိုက်မှု၊ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေပေါက်ကွဲမှုကြောင့် သေဆုံးသူ ၅ ဦးထက်မနည်းရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ဦးထက်မနည်းရှိတယ်လို့လည်း မောင်တောဒေသခံတွေက ပြောပါတယ်။
😡71👍1👎1
👎4👍1
တနင်္သာရီတိုင်း တိုက်ပွဲ ၃ ရက်အတွင်း စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရ

BBM - ဒီဇင်ဘာ ၃၁
သတင်း - နိုင်နိုင်

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြတဲ့ မဲရုံတွေနဲ့ တပ်စွဲထားတဲ့စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၃ ရက်ဆက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးခဲ့ပြီး ၂ ဦးထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင်တပ်ရင်း - ၁ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်၊ မနက် ၈ နာရီအချိန့်ခန့်မှာ စစ်ကောင်စီတပ်ဟာ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာတံတားကြီးအနီးရှိ အတုအယောင်ရွေးကောက်ပွဲအတွက် ငှက်သိုက်အိမ်မှာ မဲရုံကိုပြင်ဆင်နေစဥ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးယူနေကြတဲ့ စစ်ကောင်စီတပ်သား ၅ ဦးခန့် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဒီဇင်ဘာလ ၂၈ ရက်၊ မနက် ၇ နာရီအချိန်ခန့်မှာလည်း အတုအယောင်ရွေးကောက်ပွဲအတွက် အင်အားဖြည့်တင်းထားတဲ့ ပြည်ကြီးမဏ္ဍိုင်မြို့မ ရဲစခန်းကုန်းရှိ အနားယူနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက ၄၀ မမ ကျည်တွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲတွေမှာလည်း အနည်းငယ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်မှာလည်း တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဆင်နှစ်ကောင်ဘုန်းတော်ကြီးကျောင်းမှာ ရွေးကောက်ပွဲအတွက် တပ်စွဲနေရာယူထားကြတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းဗုံးသီးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ပြီး ၂ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့လည်း ကော့သောင်းခရိုင်တပ်ရင်း - ၁ ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ပွဲတွေကို ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်း / SOF တပ်ခွဲ၊ ဘုတ်ပြင်းပကဖနဲ့ Dragon Squad-TNI အဖွဲ့တွေက ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ထိတွေ့တိုက်ပွဲတွေကြောင့် ပြည်ကြီးမဏ္ဍိုင်မြို့အတွင်း နေထိုင်ကြတဲ့ ပြည်သူတွေမှာ နီးစပ်ရာပျဥ်းမချောင်းကျေးရွာနဲ့ တခြားနေရာတွေကို ပြောင်းရွေ့ကာ စစ်ဘေးတိမ်းရှောင် နေကြရတယ်လို့လည်း သိရပါတယ်။
👏9👍2