မန္တလေးမှာ အတုအယောင် ရွေးကောက်ပွဲ မဲလာမထည့်တဲ့ပြည်သူတွေကို စကစက အိမ်တိုင်ရာရောက် ခြိမ်းခြောက်နေ
BBM-ဒီဇင်ဘာ ၃၀
သတင်း-Richard
မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို မဲလာမထည့်တဲ့အိမ်တွေကို အိမ်တိုင်ရာရောက် လိုက်လံခြိမ်းခြောက်ပြီး မဲထည့်ခိုင်းနေတယ်လို့ ဒေသခံတစ်ဦးက BBMကိုပြောပါတယ်။
ဒီဇင်ဘာလ ၂၈ရက်နေ့မှာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ ပထမပိုင်းကျင်းပခဲ့တာဖြစ်ပြီးတော့ မနက်၆နာရီကနေ ညနေ၄နာရီထိ မဲလာထည့်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
“ဒီ လမ်းထဲက ကုန်စုံဆိုင်က လင်မယားနှစ်ယောက်ကို ဟိုကောင်တွေ(စကစ)က မဲပေးရမယ့်နာမည်စာရင်းလည်းပါတယ်။ ကတ်ပြားလည်းလာမယူလို့ဆိုပြီး အိမ်တိုင်ရာရောက် လာခြိမ်းခြောက်တာ”လို့ ဆိုပါတယ်။
စစ်ကောင်စီက အခုလို မဲလာမထည့်တဲ့ပြည်သူတွေကို ခြိမ်းခြောက်မှုတွေဆက်တိုက်လုပ်ဆောင်ပြီး အပိုင်း၂နဲ့ အပိုင်း၃တွေမှာ မဲထည့်ခိုင်းမယ်လို့ သိရပါတယ်။
ဒါ့အပြင် မဲရုံစာရင်းတွေထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သေဆုံးပြီးသား ပြည်သူတွေရဲ့ အမည်စာရင်းတွေပါနေတယ်လို့ ချမ်းအေးသာစံက ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။
“ကျွန်မ အမေဆို လွန်ခဲ့တဲ့ ၂၀၁၂လောက်ကတည်းက ဆုံးတာလေ။ ၁၃နှစ်ရှိနေပြီ သေတာ။ မဲစာရင်းထဲပါတော့ ဟိုးနံပါတ် ၁ ထိပ်ဆုံးက” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။
မန္တလေးမြို့မှာ မြို့နယ်စုစုပေါင်း ၇မြို့နယ် ရှိပြီးတော့ ရွေးကောက်ပွဲပထမပိုင်းအဖြစ် ပုသိမ်ကြီးမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်တွေမှာ ပြုလုပ်သွားခဲ့ပြီး ကျန်မြို့နယ် ၄မြို့နယ်ကို အပိုင်း၂နဲ့ ၃မှာ ထည့်သွင်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။
လက်ရှိအတုအယောင် ရွေးကောက်ပွဲကို ပြည်သူတွေက အသက်အန္တရာယ်စိုးရိမ်လို့သာ တာ၀န်အရ လာထည့်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
“ဟာ ဒီ ပြီးခဲ့တဲ့ ၂၀၁၅နဲ့ ၂၀၂၀ အမေစု လက်ထက်က ရွေးကောက်ပွဲတွေနဲ့ နံ့သာဆီနဲ့ အီးပဲ။ အခုဟာက မိသားစု ၇ယောက်ရှိတယ်ထားဗျာ။ ဧည့်သည်တစ်ယောက်က သားသမီး ၅ယောက်ထဲက အငယ်ဆုံးကို မုန့်ဖိုးပေးလည်း မိဘဆီရောက်မှာပဲ။ ဆိုတော့ အခုဟာလည်း အဲ့တိုင်းပဲ ဘယ်သူ့ကိုမဲထည့်ထည့် ဒီခွေးအုပ်စုပဲရမှာပဲ”လို့ အဆိုပါမြို့ခံက ဆက်ပြောပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ မဲထည့်ရတဲ့စနစ်ကို BBM ကစုံစမ်းမေးမြန်းကြည့်တဲ့အခါ မဲကိုယ်တိုင်ထည့်ခဲ့တဲ့ ပြည်သူတစ်ဦးက အခုလိုပြောပါတယ်။
“မဲမပေးခင် သူတို့(စကစ) က ကတ်ပြားလေးထုတ်ပေးတယ်။ အဲ့ထဲမှာ နံပါတ်ပါတယ်။ အမည်၊ အဘအမည်၊ မှတ်ပုံတင်နံပါတ်နဲ့ ရပ်ကွက်နာမည်တွေပါတယ်။ မဲပေးရတဲ့နေရာက ၃နေရာရှိတယ်။ ၃နေရာလုံး မီးစိမ်းရင်ရပြီ။ တွေ့ရာနှိပ်ခဲ့တာပဲ။ မဟုတ်လည်း ဒီကောင်တွေပဲရမှာလေ”လို့ အဆိုပါဒေသခံကဆက်ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို နိုင်ငံတကာကလည်း ဆန့်ကျင်ရှုံ့ချလျက်ရှိပြီး ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူတွေကလည်း စစ်ကောင်စီနဲ့ပနံသင့်တဲ့ နိုင်ငံကသူတွေပဲလာတယ်လို့ သိရပါတယ်။
#bbmnews #bbm #bbmtv #mdy #election

🔥7👍5
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ခရုဇ်ဒုံးကျည်ပစ်လွှတ်မှုကို ကြီးကြပ်
BBM-ဒီဇင်ဘာ ၃၀
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တာဝေးပစ် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်တွေ ပစ်လွှတ်မှုကို ဒီဇင်ဘာလ ၂၈ရက် တနင်္ဂနွေနေ့က ကြီးကြပ်ခဲ့ပါတယ်။
ဒါဟာ လုံခြုံရေးခြိမ်းခြောက်မှုတွေအကြား နျူကလီးယားစွမ်းအင် တည်တံ့ခိုင်မြဲမှုနဲ့ တန်ပြန်တိုက်ခိုက်ဖို့ အသင့်ဖြစ်မှုကို ပြသတာဖြစ်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဒီဇင်ဘာလ ၃၀ရက်တနင်္လာနေ့တွင် ဖော်ပြခဲ့ပါတယ်။
ဒါဟာ လာမယ့် ၂၀၂၆ ခုနှစ် အစောပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အဓိကအာဏာရပါတီ ကွန်ဂရက်မတိုင်မီ နိုင်ငံရဲ့ စစ်ရေးနဲ့ စီးပွားရေးတိုးတက်မှုကို အလေးပေးဖော်ပြဖို့ မြောက်ကိုရီးယားခေါင်းဆောင် နောက်ဆုံးတက်ရောက်ခဲ့တဲ့ပွဲပဲဖြစ်ပါတယ်။
ကင်မ်က ကိုရီးယားကျွန်းဆွယ်ရဲ့ အနောက်ဘက်ပင်လယ်ပြင်အထက်ရှိ ပတ်လမ်းတစ်လျှောက်မှာ ခရုဇ်ဒုံးကျည်တွေစမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။
အဆိုပါ ဒုံးကျည်တွေ ပစ်မှတ်ကို ထိမှန်သွားတဲ့အတွက် ကင်မ် "အလွန်အားရ ကျေနပ်ခဲ့ကြောင်း KCNA က ပြောကြားခဲ့ပါတယ်။
Reference-Reuters
Translator-Richard
Photos-Reuters
#bbmnews #bbmtv #bbm #northkorea #ကင်ဂျုံအန်

❤3👍3👎1
နတ်တလင်းမှာ စကစလက်ပါးစေ ပျူစောထီးတွေကို တိုက်ခိုက်ရာ ပျူ ၂ ဦးသေဆုံး
BBM-ဒီဇင်ဘာ၃၀
သတင်း-ခက်ဆစ်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီလက်ပါးစေ ပျူစောထီးစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးပြီး စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဧရာညီနောင် စစ်ကြောင်းက ယမန်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ ၂၇ ရက်၊ ညနေ ၄ နာရီ ၄၅ မိနစ်မှာ ကံသုံးဆင့်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၅ ဦးခန့်ပါ ပျဉ်ပုံရွာမှ ပျူစောထီးတွေကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၆ ဧရာညီနောင်စစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲတယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုဟာ တစ်နာရီခန့်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီ လက်ပါးစေ ပျူစောထီ ၂ ဦးသေဆုံးပြီး ဆုတ်ခွာထွက်ပြေးသွားတဲ့အပြင် စစ်သုံးပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဧရာညီနောင်စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Photo - ဧရာညီနောင်
#bbmnews #bbm #bbmtv #bago #PDF

👍12❤1
ရေတာရှည်မြို့နယ်မှာ ရွေးကောက်ပွဲပြုလုပ်နေစဥ် စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွား
BBM-ဒီဇင်ဘာ၃၀
သတင်း-ကိုဘုဏ်း
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ ရွေးကောက်ပွဲပြုလုပ်နေစဥ် စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစတပ်သား(၄)ဦးသေဆုံးကာ အမြောက်အများထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အော်ပရေးရှင်းစစ်တောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က ရေတာရှည်မြို့အနီးမှာရှိတဲ့ အောင်ချမ်းသာကျေးရွာနဲ့ တခွဲကျဲကျေးရွာအနီးမှာ အတုအယောင်ရွေးကောက်ပွဲလုပ်နေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်များ တစ်နေ့လုံးအပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အစောပိုင်း တိုက်ပွဲအတွင်းအထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ ညနေပိုင်းမှာ အင်အားများပြန်လည်ဖြည့်တင်းပြီး တခွဲကျဲကျေးရွာဘက်ကနေ ပွိုင့်ဖိုက်နဲ့ လက်နက်ကြီးပစ်ကူယူကာ ပြန်လည်ထိုးစစ်ဆင်လာပေမဲ့ တော်လှန်ရေးတပ်ဖွဲ့များက မဆုတ်တမ်းခံစစ်ပြုလုပ်ပြီးပြန်လည်ခုခံခဲ့တာကြောင့် စစ်ကောင်စီတပ်ပင် အထိနာပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်သား ၄ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြသလို စစ်ကောင်စီရဲ့ပွိုင့်ဖိုင်နဲ့ ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိူးသမီးတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးနဲ့ အမျိူသမီးတစ်ဦးလည်း ထိခိုက်ဒဏ်များရခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို နေပြည်တော် တပ်ရင်း ၈၀၆၊ ၈၀၇၊ ၈၀၈ နဲ့အတူ တပ်ရင်း ၃၅၀၄၊ ရေတာရှည် ပကဖ တို့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အော်ပရေးရှင်း စစ်တောင်းက ထုတ်ပြန်ကြေငြာပါတယ်။
Video - အော်ပရေးရှင်း စစ်တောင်း
#bbmnews #bbm #bbmtv #naypyidawpdf #bago

👍12
ချောက်မြို့နယ်ရှိ စကစအထိုင်စခန်းတွေနဲ့ စစ်ကြောင်းကိုတိုက်ခိုက်မှု စကစတပ်သား ၇ ဦးသေဆုံး
BBM-ဒီဇင်ဘာ၃၀
သတင်း-ခက်ဆစ်
မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကောင်စီစခန်း၊ မြို့အဝင်ဂိတ်နဲ့ စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်တပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး ၁၉ ဦးအပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ မကွေးခရိုင်စစ်ဌာနက ယမန့်နေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ဖိုးကုန်းရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာလ ၂၃ ရက်၊ မနက် ၅ နာရီခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စကစတပ်သား ၄ ဦးသေဆုံးပြီး ၆ ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ချောက်မြို့မြောက်ဘက် မြို့အဝင် ကျောက်တဲဂိတ်အနီး တပ်စွဲထားတဲ့ စကစတွေကိုလည်း ဒီဇင်ဘာလ ၂၅ ရက်၊ နေ့လယ် ၂ နာရီခွဲခန့်မှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးအပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အတုအယောင်ရွေးကောက်ပွဲ လုံခြုံရေးအတွက် ကျောက်ပန်းတောင်းမြို့မှ ထွက်လာတဲ့ အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းကိုလည်း ဒီဇင်ဘာလ ၂၇ ရက်မှာ နင်းမိုင်း၊ ဆွဲမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ၁၀ ဦးပြင်းထန်စွာဒဏ်ရာရခဲ့တယ်လို့ ဆိုထားပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေကို မကွေးခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်ရှိ မကွေးခရိုင် အမှတ် ၁၊ ၂ တပ်ရင်းတပ်ဖွဲ့တွေနဲ့ Chauk Revolution Army CRA ၊ ဒေါင်းရင်သွေး LPDF ပူးပေါင်းတပ်ဖွဲ့တွေက ပါဝင်တိုက်ခိုက်ခဲ့လို့ သိရပါတယ်။
ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့တွေ၊ တော်လှန်ရေး အင်အားစုတွေနဲ့ပူးပေါင်းပြီး ဒေသတွင်းနယ်မြေစိုးမိုးမှုနဲ့ စစ်အာဏာရှင်အမြစ်ဖြတ် တိုက်ပွဲတွေကို အရှိန်မြှင့်ဖော်ဆောင်လျက်ရှိတယ်လို့ မကွေးခရိုင်စစ်ဌာနက အသိပေးထားပါတယ်။
Video - မကွေးခရိုင်စစ်ဌာန
#bbmnews #bbm #bbmtv #chauk #PDF

👍13
ရေးမြို့ စကခ ၁၉ မှထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သား ၂ ဦးကို တော်လှန်ရေးတပ် အရှင်ဖမ်းမိ
BBM - ဒီဇင်ဘာ ၃၀
သတင်း - Richard
မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သား ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်က ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အဆိုပါ စစ်မှုထမ်း တပ်သား ၂ ဦးဖြစ်တဲ့ အောင်သက်ဦး ၂၃ နှစ်နဲ့ ကျော်မင်းစိုး ၂၂ နှစ်တို့ဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဥ် (၁၆)သင်တန်းဆင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
“ရွာကနေ ဖမ်းပြီးတော့မှ ပြည်သူ့စစ်ထဲ ထည့်ထားတာ၊ သထုံမြို့ထဲမှာပဲ၊ ခေါ်တာတော့ လေယာဉ်ကွင်းလို့ပဲခေါ်ကြတယ်၊ သထုံ လေယာဉ်ကွင်းနားမှာ စုဆောင်းရေးရှိတယ်၊ ည ၁၀ နာရီ ၁၁ နာရီဆို ကားတစ်စီးနဲ့ထွက်ပြီ၊ တစ်ညကို ၄၊ ၅ ယောက် အနည်းဆုံးပဲ ပါပါလာတာ၊ မပါတဲ့ရက်ဆိုတာမရှိဘူး၊ မနက်မိုးလင်းရင် ပိုက်ဆံပေးနိုင်တဲ့သူက လွတ်တယ်”လို့ တပ်သား အောင်သက်ဦးက ဆိုပါတယ်။
မောင်အောင်သက်ဦး နဲ့ မောင်ကျော်မင်းစိုး တို့နှစ်ယောက်ဟာ စျေးဝယ်နေစဉ် ဆိုင်ကယ်နှစ်ယောက်စီးလို့ စစ်ကောင်စီတပ်က ဖမ်းဆီးခြင်းခံခဲ့ရတာ ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ စစ်မှုထမ်းတပ်သား ၂ ဦးကို တပင်ရွှေထီးကိုကျိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လူသားချင်း စာနာမှုထောက်ထားမှု ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
Video - တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
#bbm #bbmnews #Mon #Ye #UpdateNews #Myanmar

👍10👏1
AA ထိန်းချုပ်ထားတဲ့ သံတွဲ၊ ငပလီမြို့ပေါ်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ၁၅ ဦးဒဏ်ရာရ
BBM - ဒီဇင်ဘာ ၃၀
သတင်း - နိုင်နိုင်
အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်၊ ငပလီမြို့၊ လင်းသာရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၇ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့က ဒီဇင်ဘာလ ၂၉ ရက်နေ့၊ ညနေ ၈ နာရီခန့်မှာ စစ်ကောင်စီတပ်ဟာ သံတွဲမြို့နယ်၊ ငပလီမြို့၊ လင်းသာရပ်ကွက်၊ ကျင်းကန်ကြီးကျေးရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် သေဆုံးသွားကြတဲ့သူတွေမှာ ကျင်းကန်ကြီးကျေးရွာက မနွယ်နွယ်မျိုး၊ မတင်မြင့်၊ ဒေါ်သုံးပုံ၊ မဝင်းဝင်းရွှီ၊ ဒေါ်အငယ်၊ ကိုစိုးကျော်ဝင်းနဲ့ နောက်ထပ်တစ်ဦးတို့ ဖြစ်ကြတယ်လို့လည်း သိရပါတယ်။
အလားတူ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသွားကြတဲ့သူတွေမှာ မောင်ထွန်းထွန်းဝင်း(၁၃ နှစ်)၊ ကိုကျော်ဝင်းနိုင် (၂၀ နှစ်)၊ ဦးဝင်းနိုင် (၅၆ နှစ်)၊ ဦးမောင်မောင်နိုင် (၃၁ နှစ်)၊ ဦးမောင်ငို (၃၅ နှစ်) ၊ ဦးသိန်းထွန်းဦး (၄၈ နှစ်)၊ ဦးကိုလင်း (၄၈ နှစ်)၊ ဦးဖိုးဝင်း (၇၃ နှစ်)၊ ကိုအေးမင်းထွန်း (၂၆ နှစ်)၊ ဦးမောင်သာဖြူ (၄၆ နှစ်)၊ ဒေါ်ဝင်းဝင်းဇော် (၃၁ နှစ်)၊ မနွယ်နွယ်ဦး (၂၃ နှစ်)၊ ဒေါ်ပပလင်း (၄၈ နှစ်)၊ ဒေါ်ပုံချီ (၆၃ နှစ်)၊ ဒေါ်မတင်(၈၁ နှစ်) တို့ဖြစ်ကြပြီး လူနေအိမ် ၁၂ လုံးထက်မနည်း ဗုံးစထိမှန်မှုကြောင့် မီးလောင်ကာပြိုကျပျက်စီးသွားခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
အာရက္ခတပ်တော် AA ဟာ သံတွဲမြို့နယ်ကို ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ AA ထိန်းချုပ်ထားတဲ့ အမ်း၊ တောင်ကုတ်၊ သံတွဲနဲ့ ဂွမြို့နယ်တို့မှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်ခဲ့ပေမဲ့လည်း နယ်မြေထိန်းချုပ်မှုမရှိတာကြောင့် အဆိုပါမြို့နယ်တွေမှာ ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ပြန်လည်ထုတ်ပြန်ခဲ့ရတာလည်း ဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်ဟာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ရခိုင်က မြို့နယ်တွေကို လေကြောင်းကနေ နေ့စဥ်ရက်ဆက် ဗုံးအဆက်မပြတ်လာရောက်ကြဲချတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့လူအခွင့်အရေးနေ့မှာ မြောက်ဦးခရိုင်ရှိ ပြည်သူ့ဆေးရုံကြီးကိုလည်း ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဆေးကုသမှုခံယူနေကြတဲ့ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်သားပြည်သူ ၃၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ၇၇ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့လည်း AA က ဆိုထားပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာလတစ်လအတွင်းမှာ AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၄၉ ဦး သေဆုံးခဲ့ပြီး ၉၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရတာလည်း ဖြစ်ပါတယ်။
ရခိုင်မှာ တကျော့ပြန် တိုက်ပွဲစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့အထိ ၂ နှစ်တာ တိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁၁၅၂ ဦး သေဆုံးခဲ့ရပြီး ၂၁၅၃ ဦးအထိ ထိခိုက်ဒဏ်ရာရရှိတဲ့အပြင် မတရားသဖြင့် ဖမ်းဆီးခံခဲ့ရတဲ့သူ ၁၀၃၄ ဦးအထိ ရှိတယ်လို့ အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
#bbm #bbmnews #Rakhine #AA #Ngapali #Thandwe #UpdateNews #Myanmar

😡6👍2👎2