3.48K subscribers
5.58K photos
393 videos
2.88K links
Breaking Brainwashed Media
Download Telegram
နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးပေမဲ့ ထိုင်းမိုင်းရှင်းလင်းရေးဌာနက မိုင်းတွေရှာဖွေတွေ့ရှိ

BBM-ဒီဇင်ဘာ ၂၉

ထိုင်းမိုင်းရှင်းလင်းရေးဌာန (TMAC)က အရင်က ကမ္ဘောဒီးယားတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဧရိယာတစ်ခုမှာ PMN-2 မိုင်းတွေ တွေ့ရှိပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ကတိကဝတ်ကို ပြသဖို့ ကမ္ဘောဒီးယားကို တောင်းဆိုခဲ့ပါတယ်။

TMAC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Siwa Whang-akat က စီစကက်ပြနယ်ရှိ နယ်စပ်တစ်လျှောက်မှာ စွန့်ပစ်ထားတဲ့ ကမ္ဘောဒီးယားစစ်စခန်းတစ်ခုကို စစ်ဆေးရာမှာ ကမ္ဘောဒီးယားတပ်ဖွဲ့တွေဟာ လူသတ်မိုင်းတွေ အသုံးပြုမှုကို ညွှန်ပြတဲ့ အထောက်အထားတွေကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

တွေ့ရှိတဲ့ အထောက်အထားတွေထဲမှာ မိုင်းထောင်ဖို့ မှတ်တမ်းတင်ထားတဲ့ မှတ်စုစာအုပ်တွေ ၊ GPS ကိုဩဒိနိတ်တွေနဲ့ PMN-2 မိုင်းဖြန့်ဖြူးမှု မှတ်တမ်းတွေ ပါဝင်ကြောင်း သူက ပြောကြားခဲ့ပါတယ်။

နယ်စပ်တစ်လျှောက် အငြင်းပွားနေတဲ့ နေရာတွေမှာ မြေမြှုပ်မိုင်းတွေဟာ အလွန်အကျွံ များပြားနေပြီး စစ်သားတွေနဲ့ အရပ်သားတွေအတွက် အန္တရာယ်တွေ ဆက်လက်ရှိနေကြောင်း ရှာဖွေတွေ့ရှိမှုက ဖော်ပြနေပါတယ်။

ဒီဇင်ဘာလ ၂၇ရက် စနေနေ့ မွန်းတည့်ချိန်က အထွေထွေနယ်စပ်ကော်မတီ (GBC) ရဲ့ တတိယအကြိမ်မြောက် အထူးအစည်းအဝေးမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် ထိုင်းအရာရှိတွေဟာ ဘူရီရမ်ရှိ နယ်စပ်ဒေသတွေကို လေ့လာဆန်းစစ်ခဲ့ပြီး BM-21 ဒုံးကျည် အကြွင်းအကျန်တွေ လယ်ယာမြေတွေတစ်လျှောက် ပြန့်ကျဲနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ဘူရီရမ်ပြည်နယ်၊ ဘန်ကရွတ်ခရိုင်၊ ဆိုင်တာကူးခရိုင်ခွဲ၊ ဘန်ဆိုင်းသိုရွာမှာ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးဆုံးရှုံးမှုတွေ ရှိကြောင်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဘန်ဆိုင်းသိုရွာရဲ့ ရွာသူကြီးက တစ်နေရာတည်းမှာ ရော့ကတ် ၁၄ စင်း တွေ့ရှိခဲ့ပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးများစွာ ရွာတစ်ဝိုက်တွေ ပြန့်ကျဲနေကြောင်း ပြောကြားခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီး မကြာမီ စနေနေ့ မွန်းလွဲ ၁၂ နာရီ ၁၉ မိနစ်မှာ စီစကက်ပြည်နယ်၊ ကန်သာလက္ခရိုင်၊ ဆောင်သောင်ချိုင်းခရိုင်ခွဲရှိ ဆတ်တာဆွမ်တောင်အနီး ကင်းလှည့်နေတဲ့ ထိုင်းစစ်သားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ခြေလျင်တပ်ရင်း ၁၁၂၊ တပ်ရင်း ၁၂ မှ တပ်ရင်းတစ်ခုသည် အဆိုပါဒေသမှာ ကင်းလှည့်နေစဉ် ဗိုလ်မှူးကြီး နာရင်ငိုပရေးက PMN-2 မြေမြှုပ်မိုင်းကို နင်းမိပြီး ညာဘက်ခြေထောက် ဆုံးရှုံးခဲ့ရပါတယ်။

နယ်စပ်တစ်လျှောက် မြေမြှုပ်မိုင်းတွေကြောင့် ထိုင်းတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရရှိခဲ့တဲ့ ၁၀ ကြိမ်မြောက် ဖြစ်ရပ်ဖြစ်ကြောင်း TMAC က ပြောကြားခဲ့ပါတယ်။

ဗိုလ်မှူးကြီး ဆီဝါက အဆိုပါ ဖြစ်ရပ်ဟာ မြေမြှုပ်မိုင်းတွေ အသုံးပြုတာကို တားမြစ်တဲ့ အော့တဝါ ကွန်ဗင်းရှင်းကို ချိုးဖောက်ခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးက အဆိုပါ စာချုပ်မှာ လက်မှတ်ရေးထိုးထားကြပါတယ်။

ထိုင်းနိုင်ငံရဲ့ ‌ေပြာရေးဆိုခွင့်ရှိသူက ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေမှာ အထောက်အကူဖြစ်စေဖို့နဲ့ ရေရှည်ငြိမ်းချမ်းရေးကို ပံ့ပိုးဖို့အတွက် မိုင်းတွေ ချထားတဲ့နေရာကို ထုတ်ဖော်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားအရာရှိတွေဟာ နယ်စပ်တစ်လျှောက် တင်းမာမှုတွေကို လျှော့ချဖို့နဲ့ တည်ငြိမ်မှုကို ပြန်လည်ထိန်းသိမ်းရန် ရည်ရွယ်တဲ့ ပူးတွဲကြေညာချက်တစ်စောင် ထွက်ပေါ်လာဖို့ ကြိုးပမ်းနေကြပါတယ်။

Reference-Bangkok Post
Translator-Richard
Photo-Bangkok Post

#bbm #bbmnews #thai #Cambodia #UpdateNews
👍92
👍10
ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးအောင်ကြည်သိန်း ကြိုတင်မဲနဲ့ မွန်ညီညွတ်ရေးပါတီကို အနိုင်ရရှိတဲ့အပေါ် သံသယဖြစ်နေ

BBM - ဒီဇင်ဘာ ၂၉
သတင်း - ကိုဟန်

စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ရွေးကောက်ပွဲမှာ ကြိုတင်မဲ ၅၀၀ ကျော်နဲ့ ပြိုင်ဘက်ပါတီကို အနိုင်ရရှိသွားအပေါ် မဲဆန္ဒရှင်တွေအကြားမှာ သံသယဖြစ်နေကြတယ်လို့ နီးစပ်သူအချို့က ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာမှ ဝင်ပြိုင်ခဲ့တဲ့ ဦးအောင်ကြည်သိန်းဟာ အစောပိုင်းရလဒ်မှာ ပြိုင်ဘက်ပါတီတခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီကို မဲအရေအတွက် ၅၀၀ ဝန်းကျင်နဲ့ ရှုံးနိမ့်နေတာပါ။

ဒါပေမယ့် ဒီကနေ့ ဒီဇင်ဘာလ ၂၉ ရက်၊ မနက်ပိုင်းမှာတော့ ပြိုင်ဘက်ပါတီကို မဲအရေအတွက် ၅၀၀ ဝန်းကျင်နဲ့ ပြန်လည်အနိုင်ရရှိသွားတယ်လို့ ပါတီနဲ့ နီးစပ်သူအချို့က BBM ကို ပြောပါတယ်။

“ညကအထိတော့ ကြံ့ခိုင်ရေးက ရှုံးတာပေါ့နော်၊ အောင်ကြည်သိန်းနေရာက ဘယ်လိုဖြစ်ပြီး မနက်ကျတော့ သူက မွန်ညီညွတ်ရေးပါတီကို မဲ ၅၀၀ ကျော်နဲ့ နိုင်သွားတယ်၊ ကြိုတင်မဲရောက်လာတာလို့တော့ ပြောတယ်” လို့ မွန်ညီညွတ်ရေးပါတီနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဦးအောင်ကြည်သိန်းဟာ မွန်ပြည်နယ်ကြံ့ခိုင်ရေးပါတီဥက္ကဌဖြစ်သလို စစ်တပ်ခန့်ထားတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲမှာ အနိုင်ရရှိပါက မွန်ပြည်နယ်ဝန်ကြီးချုပ်နေရာကို ဆက်လက်ရယူဖို့ ရည်ရွယ်ထားသူ ဖြစ်တယ်လို့ ပါတီနဲ့ နီးစပ်သူအချို့ ပြောပါတယ်။

“လုပ်နေကြတဲ့ အကွက်တွေပဲ လုပ်နေတာလားပေါ့၊ သံသယဖြစ်စရာတွေ ရှိလာတယ်၊ ဒီအပေါ်တော့ မွန်ပါတီဘက်က ဘာအသံမှ မထွက်သေးဘူး၊ မဲဆန္ဒရှင်အနေနဲ့ မခံမရပ်နိုင်ဖြစ်နေရတယ်၊ ရိုးသားမှု မရှိဘူးလို့ ထင်တယ်” လို့ ချောင်းဆုံမြို့ခံတဦးက ပြောပါတယ်။

ချောင်းဆုံမြို့နယ်မှာ မဲရုံပေါင်း ၇၃ ရုံရှိပြီး ဆန္ဒမဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်ပြည်သူ ၁၂၀၀၀၀ နီးပါးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

“မွန်ပါတီကိုကြိုက်လို့(ဖွတ်ကိုမကြိုက်လို့)၊ မဲလာထည့်တဲ့သူတစ်ယောက်ဟာ၊ မွန်ပါတီအမတ်လောင်းပြည်သူ့ နှင့် အမျိုးသားနှစ်နေရာကိုမဲပေးပြီး၊ ဒီပြည်နယ်(မွန်ပါတီ)အမတ်လောင်းနေရာမှာမှ၊ မဲမပေးဖူး(မကြိုက်ဖူး) ဆိုတာ၊ ယုတ္တိမရှိပါ၊ သေချာတာက၊ ကြိုတင်မဲဆိုပြီး ကြိုတင်ဖန်တီးလုပ်ထားတာ၊ (သို့မဟုတ်) ကြိုတင်စီမံထားတဲ့မဲပုံးကို၊ အလုံးလိုက်ပြောင်းပစ်တာ၊ အခြားမသမာမှုတစ်ခုခုလုပ်တာ၊ ဖြစ်နေနိုင်တယ်”လို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းမင်းအောင်က သူ့ရဲ့ လူမှုကွန်ရက် (Facebook) စာမျက်နှာမှာ မှတ်ချက်ပေးထားပါတယ်။

ဒါကြောင့် အဲဒီဖြစ်စဉ်ကို စိစစ်ပေးဖို့ သက်ဆိုင်ရာမွန်ညီညွတ်ရေးပါတီ MUP က တောင်းဆိုသင့်တယ်လို့ သူက တိုက်တွန်းထားပါတယ်။

ဦးအောင်ကြည်သိန်းဟာ ချောင်းဆုံမြို့နယ်ကနေ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ဖူးပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ် ရှုံးနိမ့်ခဲ့သူလည်း ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှာ စစ်အုပ်စု ကျင်းပတဲ့ ရွေးကောက်ပွဲမှာတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နေရာကို မွန်ညီညွတ်ရေးပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပြီး ကြံ့ခိုင်ရေးပါတီက ပြည်နယ်လွှတ်တော်နေရာမှာ ကြိုတင်မဲနဲ့ အနိုင်ရရှိထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင်က အနိုင်ရရှိတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Photo - Social Media
ပုံစာ - ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်း မဲပေးစဉ်။

#bbm #bbmnews #election #ShamElection #Myanmar #Mon
👍91👏1
👍9🖕3
သီတာယုမွန် ဦးဆောင်တဲ့ ပျူအဖွဲ့ဝင် အမျိုးသမီး ၃ ဦးကို ဒဏ်ရာတွေနဲ့ ဖမ်းမိထား

BBM - ဒီဇင်ဘာ ၂၉
သတင်း - နိုင်နိုင်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ စစ်ကောင်စီ လက်ပါးစေ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဝင် အမျိုးသမီး ၃ ဦးကို ဒဏ်ရာတွေနဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ ထနောင်းမြေစစ်ကြောင်းဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်မှာ မြင်းခြံမြို့အစွန်ကို သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဝင် အမျိုးသမီး ၃ ဦးဟာ ထွက်ခွာလာစဥ် ထနောင်းမြေစစ်ကြောင်းက ကင်းပုန်းဝပ်စောင့်ဆိုင်းကာ မိုင်းဆွဲပြီး ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ ထနောင်းမြေစစ်ကြောင်းက ထောက်လှမ်းရေးတာ၀န်ခံ ရဲဘော်မူတူးက BBM ကို ပြောပါတယ်။

"သူတို့က မြို့ပြင်ဘက်ကိုကျွံလာတာဗျ၊ ကျနော်တို့ကင်းပုန်း၀ပ်တဲ့ နေရာနားပေါ့၊ သတင်းရတော့ အရှင်အေးဆေးဖမ်းမယ်လုပ်တာပါ၊ မိုင်းကွင်းထဲမှာပဲ ထွက်ပြေးလို့ မိုင်းဆွဲကာ ဖမ်းလိုက်ရတာဖြစ်ပါတယ်" လို့ ရဲဘော်မူတူးက ပြောပါတယ်။

လက်ရှိမှာ အဆိုပါပျူစောထီးအဖွဲ့ဝင် အမျိုးသမီးသုံးဦးရဲ့ ထိခိုက်ထားတဲ့ ဒဏ်ရာတွေကို ဆေးကုသမှုပေးထားပြီး သက်သာလာပါက လိုချင်တဲ့သတင်းအချက်တွေကို စစ်ဆေးမေးမြန်းသွားမှာ ဖြစ်တယ်လို့လည်း ထနောင်းမြေစစ်ကြောင်းက ထောက်လှမ်းရေးတာ၀န်ခံ ရဲဘော်မူတူးက ဆိုပါတယ်။

"ကျနောတို့ အခုလောလောဆယ်တော့ ရထားတဲ့ဒဏ်ရာတွေကို ဆေးကုသမှုပေးထားဆဲပါဗျ၊ သက်သာလာရင်တော့ စစ်ဆေးမေးမြန်းပြီး ကျနော်တို့ လိုချင်တဲ့ သတင်းအချက်အလက်လေးတွေ စုဆောင်းမှာပါ" လို့ သူကဆက်ပြောပါတယ်။

သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဟာ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းမှာ လှုပ်ရှားနေကြတာဖြစ်ပြီး ဒေသခံလူငယ်တွေနဲ့ အမျိုးသမီးတွေကို ပေါ်တာဆွဲ ငွေညှစ်ဖမ်းဆီးတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

အလားတူ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းကာ မြင်းခြံမြို့နယ်အတွင်းမှ ကျေးရွားတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသခံနေအိမ်တွေကို မီးရှို့ပျက်စီးတာ၊ လူသတ်တာနဲ့ ကျေးရွာထဲရှိ ပစ္စည်းတွေကိုလုယူကာ အကြမ်းဖက်မှုတွေ ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

"သီတာယုမွန် ဦးဆောင်တဲ့ ပျူအဖွဲ့ဟာ ဒေသခံတွေဆီက ဖမ်းဆီးငွေညှစ်တာတွေ ရှိပါတယ်ဗျ၊ ပေါ်တာဆွဲတာလည်း ရှိပါတယ်၊ သူတို့အဖွဲ့ရဲ့ အင်အားကတော့ များပါတယ်ဗျ၊ သူတို့အဖွဲ့ မြင်းခြံမြို့ပေါ်မှာ ညနေ ၆ နာရီလောက်ဆိုရင် မီးတွေကိုဖြတ်ပြီးတော့မှ ပေါ်တာဆွဲပါတယ်" လို့ ထနောင်းမြေစစ်ကြောင်းက ထောက်လှမ်းရေးတာ၀န်ခံ ရဲဘော်မူတူးက ဆက်ပြောပါတယ်။

မနေ့က ဒီဇင်ဘာလ ၂၈ ရက်မှာလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်မှာ အခြေချတပ်စိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ သီတာယုမွန်ရဲ့ ပျူစခန်း ၉ ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းတွေနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

#bbmnews #bbm #bbmtv #thidayumon #mdy
👍13👏2
🖕9👍2👎1
ကသာမြို့သိမ်းတိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီစခန်းအချို့ တော်လှန်ရေးတပ်များ သိမ်းပိုက်

🟥မြို့ခံပြည်သူအများအပြား စစ်ဘေးရှောင်နေရပြီး မြို့တွင်းပိတ်မိနေသူများလဲရှိဟုဆို

BBM-ဒီဇင်ဘာ၂၉
သတင်း-မင်းသော်

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီ တပ်စခန်းအချို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားသလို ဒေသခံပြည်သူတွေအနေနဲ့ အနီးရှိ ကျေးရွာတွေကို စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက် မနက်အစောပိုင်းကစပြီး ကသာမြို့အတွင်း စစ်ကောင်စီအခြေပြုထားရာနေရာတွေကို KIA ၊ PDF နဲ့ တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် တစ်နေကုန်နီးပါးတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဒီဇင်ဘာလ ၂၉ ရက် (ဒီနေ့)အထိလည်း ကသာမြို့ ကြံတော၊ ကြိုးတံတားနဲ့ အခြားနေရာများမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေသလို တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကောင်စီရဲ့ အခြေချစခန်းအချို့ကို သိမ်းပိုက်ရရှိထားတယ်လို့လည်း သိရပါတယ်။

ဒီလိုတိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံပြည်သူအများစုမှာ ကသာမြို့နဲ့ နီးစပ်ရာ ကျေးရွာတွေဆီအလုံးအရင်းဖြင့်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြည်သူတစ်ဦးက BBM ကိုပြောပါတယ်။

"ကသာက မြို့သိမ်းစနေပါပြီ၊ အခုက ကြံတောမာဖြစ်နေတာ ကြိုးတံတားဘက်ရော၊ တိုက်ပွဲက အခုကတော့မြို့ထဲတော့မရောက်သေးဘူး၊ PDFတွေက စစ်တပ်ဂိတ်တွေပါ သိမ်းနေတယ်လို့လည်း ကြားတယ်၊ မြို့ခံတွေကတော့ နီးစပ်ရာရွာတွေကိုရှောင်ကြရတာ အတော်များပါတယ်" လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း နီးစပ်ရာကျေးရွာတွေကိုထွက်ပြေးတိမ်းရှောင်ကြတဲ့ ပြည်သူတွေရှိသလို မြို့တွင်းပိတ်မိနေတဲ့ ပြည်သူတွေလည်း ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ဒီလို ပိတ်မိနေတဲ့ ပြည်သူအချို့ကို စစ်တပ်က လူသားတံတိုင်းအဖြစ်အသုံးချကာ ထွက်ခွင့်ပိတ်ထားတယ်လို့သိရပြီး တော်လှန်ရေးအင်အားစုတွေအနေနဲ့ ပြည်သူတွေထိခိုက်မှာစိုးရိမ်တာကြောင့် သဖန်းခိုင်ရွာဘက်ကတဆင့် စစ်ဘေးရှောင်ကြဖို့ အချိန်(၂)ရက်ပေးထားတယ်လို့လည်း သိရပါတယ်။

"အခြေနေကတော့မကောင်းဘူး၊ အစောက ပိတ်မိနေတဲ့ ပြည်သူတွေကို ထွက်ခွင့်မပေးဘူးစစ်သားတွေက သူတို့က ဒိုင်းလုပ်တာလေ၊ အဲ့တာ တော်လှန်ရေးအဖွဲ့တွေက ထွက်ဖို့နှစ်ရက်ပေးတယ်တဲ့၊ သဖန်းခိုင်ဘက်ကနေထွက်ခိုင်းထားတယ်ပြောတယ်" လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတာကြောင့် လက်ရှိအချိန်ထိ ကသာမြို့အတွင်း အင်တာနက်လိုင်းနဲ့ Wifi လိုင်းများပြတ်တောက်နေပြီး ပိတ်မိနေတဲ့ စစ်ရှောင်ပြည်သူများနဲ့ အဆက်အသွယ်ပြုလုပ်ဖို့ ခက်ခဲနေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီရဲ့ ပထမအကြိမ် ရွေးကောက်ပွဲကျင်းပတဲ့ ဒီဇင်ဘာလ ၂၈ ရက်မှာ ကသာမြို့မှာသာမက ဘုတလင်၊ စလင်း၊ ဆင်ဖြူကျွန်းနဲ့ အခြားဒေသတွေမှာပါ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့လည်း သိရပါတယ်။
👍13
👍12
တပ်ကုန်းအပါ မြို့နယ် ၄ ခုမှာ တိုက်ပွဲဖြစ်ပွားပြီး ၆ ရက်အတွင်း စစ်ကောင်စီ ၂၇ ဦး သေဆုံး

BBM-ဒီဇင်ဘာ၂၉
သတင်း-မင်းသော်

နေပြည်တော်၊ တပ်ကုန်းအပါ မြို့နယ်(၄)ခုတို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတို့ ရွေးကောက်ပွဲကာလ (၆)ရက်တာတိုက်ပွဲတွေ ဖြစ်ပွါးခဲ့ပြီး စစ်တပ်ဘက်မှ (၂၇)ဦး သေဆုံးခဲ့တယ်လို့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေပြည်တော် တပ်ကုန်းမြို့နယ်၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့နယ်၊ အောင်လံမြို့နယ်တို့မှာ နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ခံ PDF တွေနဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး စစ်ကောင်စီစစ်ကြောင်းတွေကို (၅)ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့က ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ဆွာမကြီးကျေးရွာနဲ့ အနောက်ဘက်ကမ်းရှိ ခင်တန်းလေးကျေးရွာ၊ ဒိုးတန်းကျေးရွာတွေမှာ မဲရုံတည်ဆောက်ပြီး ပြည်သူတွေကိုမဲထည့်ရန် ဖိအားပေးစေခိုင်းနေတဲ့ စကစ အထိုင်စခန်းနဲ့မဲရုံတွေကို နေပြည်တော်တိုင်းစစ်ဌာနကွပ်ကဲမှုအောက်က တပ်ရင်းတွေက တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စကစ (၁၀)ဦးခန့် သေဆုံးသလို အထိအခိုက်များစွာနဲ့ ဆုတ်ခွါသွားရတယ်လို့ သိရပါတယ်။

အလားတူ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာပဲ အောင်လံမြို့နယ် ခလရ(၇၁)ကထွက်လာတဲ့ အင်အား(၂၀) ပါ စကစ စစ်ကားကို နေပြည်တော် PDF နဲ့မဟာမိတ်များက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် အရာရှိ ၁ ဦး အပါအဝင် စုစုပေါင်း ၁၆ ဦး ထိခိုက်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၂၆ ရက်မှာလည်း နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သံပုရာကုန်းအုပ်စု၊ သဲချောင်းကျေးရွာကို လာတဲ့ အင်အား(၂၀) ခန့်ပါ စကစ စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စကစ(၃)ဦးကိုရှင်းလင်းနိုင်ခဲ့သေးတယ်လို့ ဆိုပါတယ်။

ဒါတင်မက ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဆွာမြို့နယ် ခလရ ၁၉ တပ်ရင်းထဲ ၁၀၇ မမ လက်နက်ကြီး(၂)လုံးနဲ့ ပစ်ခတ်ခဲ့သလို ဒီဇင်ဘာလ၂၈ ရက်နေ့မှာလည်း ရေတာရှည်မြို့နယ် အောင်ချမ်းသာကျေးရွာ ဘုရားကုန်းမှာ စကစ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပြီး စကစ(၄)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော်တိုင်းစစ်ဌာန လက်အောက်မှ တော်လှန်ရေးအဖွဲ့များအနေနဲ့ (၆)ရက်အတွင်း စကစ (၂၇)ဦးကိုရှင်းလင်းနိုင်သလို ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ စစ်တပ်ကို အပြီးတိုင်ချေမှုန်းရေးအတွက် စွမ်းစွမ်းတမံဆက်လက်ကြိုးစားသွားမယ်လို့လည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာထားပါတယ်။
🥰11👏31👍1
မန္တလေးမှာ အတုအယောင် ရွေးကောက်ပွဲ မဲလာမထည့်တဲ့ပြည်သူတွေကို စကစက အိမ်တိုင်ရာရောက် ခြိမ်းခြောက်နေ

BBM-ဒီဇင်ဘာ ၃၀
သတင်း-Richard

မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို မဲလာမထည့်တဲ့အိမ်တွေကို အိမ်တိုင်ရာရောက် လိုက်လံခြိမ်းခြောက်ပြီး မဲထည့်ခိုင်းနေတယ်လို့ ဒေသခံတစ်ဦးက BBMကိုပြောပါတယ်။

ဒီဇင်ဘာလ ၂၈ရက်နေ့မှာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ ပထမပိုင်းကျင်းပခဲ့တာဖြစ်ပြီးတော့ ‌မနက်၆နာရီကနေ ညနေ၄နာရီထိ မဲလာထည့်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

“ဒီ လမ်းထဲက ကုန်စုံဆိုင်က လင်မယားနှစ်ယောက်ကို ဟိုကောင်တွေ(စကစ)က မဲပေးရမယ့်နာမည်စာရင်းလည်းပါတယ်။ ကတ်ပြားလည်းလာမယူလို့ဆိုပြီး အိမ်တိုင်ရာရောက် လာခြိမ်းခြောက်တာ”လို့ ဆိုပါတယ်။

စစ်ကောင်စီက အခုလို မဲလာမထည့်တဲ့ပြည်သူတွေကို ခြိမ်းခြောက်မှုတွေဆက်တိုက်လုပ်ဆောင်ပြီး အပိုင်း၂နဲ့ အပိုင်း၃တွေမှာ မဲထည့်ခိုင်းမယ်လို့ သိရပါတယ်။

ဒါ့အပြင် မဲရုံစာရင်းတွေထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သေဆုံးပြီးသား ပြည်သူတွေရဲ့ အမည်စာရင်းတွေပါနေတယ်လို့ ချမ်းအေးသာစံက ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

“ကျွန်မ အမေဆို လွန်ခဲ့တဲ့ ၂၀၁၂လောက်ကတည်းက ဆုံးတာလေ။ ၁၃နှစ်ရှိနေပြီ သေတာ။ မဲစာရင်းထဲပါတော့ ဟိုးနံပါတ် ၁ ထိပ်ဆုံးက” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

မန္တလေးမြို့မှာ မြို့နယ်စုစုပေါင်း ၇မြို့နယ် ရှိပြီးတော့ ရွေးကောက်ပွဲပထမပိုင်းအဖြစ် ပုသိမ်ကြီးမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်တွေမှာ ပြုလုပ်သွားခဲ့ပြီး ကျန်မြို့နယ် ၄မြို့နယ်ကို အပိုင်း၂နဲ့ ၃မှာ ထည့်သွင်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။

လက်ရှိအတုအယောင် ရွေးကောက်ပွဲကို ပြည်သူတွေက အသက်အန္တရာယ်စိုးရိမ်လို့သာ တာ၀န်အရ လာထည့်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

“ဟာ ဒီ ပြီးခဲ့တဲ့ ၂၀၁၅နဲ့ ၂၀၂၀ အမေစု လက်ထက်က ရွေးကောက်ပွဲတွေနဲ့ နံ့သာဆီနဲ့ အီးပဲ။ အခုဟာက မိသားစု ၇ယောက်ရှိတယ်ထားဗျာ။ ဧည့်သည်တစ်ယောက်က သားသမီး ၅ယောက်ထဲက အငယ်ဆုံးကို မုန့်ဖိုးပေးလည်း မိဘဆီရောက်မှာပဲ။ ဆိုတော့ အခုဟာလည်း အဲ့တိုင်းပဲ ဘယ်သူ့ကိုမဲထည့်ထည့် ဒီခွေးအုပ်စုပဲရမှာပဲ”လို့ အဆိုပါမြို့ခံက ဆက်ပြောပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ မဲထည့်ရတဲ့စနစ်ကို BBM ကစုံစမ်းမေးမြန်းကြည့်တဲ့အခါ မဲကိုယ်တိုင်ထည့်ခဲ့တဲ့ ပြည်သူတစ်ဦးက အခုလိုပြောပါတယ်။

“မဲမပေးခင် သူတို့(စကစ) က ကတ်ပြားလေးထုတ်ပေးတယ်။ အဲ့ထဲမှာ နံပါတ်ပါတယ်။ အမည်၊ အဘအမည်၊ မှတ်ပုံတင်နံပါတ်နဲ့ ရပ်ကွက်နာမည်တွေပါတယ်။ မဲပေးရတဲ့နေရာက ၃နေရာရှိတယ်။ ၃နေရာလုံး မီးစိမ်းရင်ရပြီ။ တွေ့ရာနှိပ်ခဲ့တာပဲ။ မဟုတ်လည်း ဒီကောင်တွေပဲရမှာလေ”လို့ အဆိုပါဒေသခံကဆက်ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို နိုင်ငံတကာကလည်း ဆန့်ကျင်ရှုံ့ချလျက်ရှိပြီး ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူတွေကလည်း စစ်ကောင်စီနဲ့ပနံသင့်တဲ့ နိုင်ငံကသူတွေပဲလာတယ်လို့ သိရပါတယ်။

#bbmnews #bbm #bbmtv #mdy #election
🔥7👍5
👍6🖕2
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ခရုဇ်ဒုံးကျည်ပစ်လွှတ်မှုကို ကြီးကြပ်

BBM-ဒီဇင်ဘာ ၃၀

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တာဝေးပစ် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်တွေ ပစ်လွှတ်မှုကို ဒီဇင်ဘာလ ၂၈ရက် တနင်္ဂနွေနေ့က ကြီးကြပ်ခဲ့ပါတယ်။

ဒါဟာ လုံခြုံရေးခြိမ်းခြောက်မှုတွေအကြား နျူကလီးယားစွမ်းအင် တည်တံ့ခိုင်မြဲမှုနဲ့ တန်ပြန်တိုက်ခိုက်ဖို့ အသင့်ဖြစ်မှုကို ပြသတာဖြစ်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဒီဇင်ဘာလ ၃၀ရက်တနင်္လာနေ့တွင် ဖော်ပြခဲ့ပါတယ်။

ဒါဟာ လာမယ့် ၂၀၂၆ ခုနှစ် အစောပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အဓိကအာဏာရပါတီ ကွန်ဂရက်မတိုင်မီ နိုင်ငံရဲ့ စစ်ရေးနဲ့ စီးပွားရေးတိုးတက်မှုကို အလေးပေးဖော်ပြဖို့ မြောက်ကိုရီးယားခေါင်းဆောင် နောက်ဆုံးတက်ရောက်ခဲ့တဲ့ပွဲပဲဖြစ်ပါတယ်။

ကင်မ်က ကိုရီးယားကျွန်းဆွယ်ရဲ့ အနောက်ဘက်ပင်လယ်ပြင်အထက်ရှိ ပတ်လမ်းတစ်လျှောက်မှာ ခရုဇ်ဒုံးကျည်တွေစမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။

အဆိုပါ ဒုံးကျည်တွေ ပစ်မှတ်ကို ထိမှန်သွားတဲ့အတွက် ကင်မ် "အလွန်အားရ ကျေနပ်ခဲ့ကြောင်း KCNA က ပြောကြားခဲ့ပါတယ်။

Reference-Reuters
Translator-Richard
Photos-Reuters

#bbmnews #bbmtv #bbm #northkorea #ကင်ဂျုံအန်
3👍3👎1
👍4👎1
နတ်တလင်းမှာ စကစလက်ပါးစေ ပျူစောထီးတွေကို တိုက်ခိုက်ရာ ပျူ ၂ ဦးသေဆုံး

BBM-ဒီဇင်ဘာ၃၀
သတင်း-ခက်ဆစ်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီလက်ပါးစေ ပျူစောထီးစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးပြီး စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဧရာညီနောင် စစ်ကြောင်းက ယမန်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်၊ ညနေ ၄ နာရီ ၄၅ မိနစ်မှာ ကံသုံးဆင့်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၅ ဦးခန့်ပါ ပျဉ်ပုံရွာမှ ပျူစောထီးတွေကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၆ ဧရာညီနောင်စစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုဟာ တစ်နာရီခန့်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီ လက်ပါးစေ ပျူစောထီ ၂ ဦးသေဆုံးပြီး ဆုတ်ခွာထွက်ပြေးသွားတဲ့အပြင် စစ်သုံးပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဧရာညီနောင်စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

Photo - ဧရာညီနောင်

#bbmnews #bbm #bbmtv #bago #PDF
👍121
👏10👍21