3.48K subscribers
5.58K photos
393 videos
2.88K links
Breaking Brainwashed Media
Download Telegram
👍6
ညောင်ဦးမြို့နယ်မှာ မဲရုံစောင့်ဖို့တပ်စွဲနေတဲ့ စကစတပ်သားတွေကို တိုက်ခိုက်ရာ ၅ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

BBM - ဒီဇင်ဘာ ၂၉
သတင်း - နိုင်နိုင်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း မဲရုံစောင့်ဖို့ တပ်စွဲထားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (People's Democratic Army - PDA) တပ်ဖွဲ့ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်၊ ညနေ ၆ နာရီခွဲခန့်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ညောင်ဦးမြို့နယ်အတွင်းမှ နတ်ပလ္လင်ကျေးရွာနဲ့ ကန်စောင့်ကျေးရွာတွေမှာ မဲရုံစောင့်ဖို့ တပ်စွဲထားကြတဲ့ စစ်ကောင်စီတပ်သားတွေကို သွားရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အခုလိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိတဲ့အပြင် နတ်ပလ္လင်ကျေးရွာနဲ့ ကန်စောင့်ကျေးရွာရှိ မဲရုံတွေကိုလည်း မနေ့က ဒီဇင်ဘာလ ၂၈ ရက်၊ မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက လာရောက်ရုတ်သိမ်းသွားခဲ့တယ်လို့လည်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် သတင်းနဲ့ ပြန်ကြားရေးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အလားတူ စစ်ကောင်စီတပ်ဟာ မနေ့က ဒီဇင်ဘာလ ၂၈ ရက်၊ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နတ်ပလ္လင်ကျေးရွာနဲ့ ကန်စောင့်ကျေးရွာတွေအနီးမှာရှိတဲ့ ပြွန်ရွာ၊ ညောင်ပင်ကန်ရွာနဲ့ ရွှေလှိုင်းကျေးရွာတွေရှိ မဲရုံတွေကိုလည်း ပြည်လည်ရုတ်သိမ်းသွားခဲ့တယ်လို့ သိရပါတယ်။

"ဟုတ်ပါတယ်ဗျ၊ အခုညောင်ဦးမြို့နယ်က ကျေးရွာ ၅ ရွာ ကတော့ ရွေးကောက်ပွဲ မကျင်းပနိုင်ပါဘူးဗျ၊ စစ်ကောင်စီ အင်အားတွေအနေနဲ့က တရွာကို မဲရုံစောင့် ၂၀ ခန့် ရှိပါတယ်ဗျ၊ ညောင်ဦးမြို့ပေါ်အထိတော့ မသိနိုင်သေးဘူးဗျ၊ ကျနော် ထုတ်ပြန်ချက်ထဲမှာပါတဲ့ တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ နီးစပ်တဲ့ ရွာတွေက မဲရုံတွေကတော့ ပြန်ရုတ်သိမ်းသွားတာရှိပါတယ်" လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် သတင်းနဲ့ ပြန်ကြားရေးဌာနက တာဝန်ရှိသူတဦးက BBM ကို ပြောပါတယ်။

မဲရုံစောင့်ဖို့တပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) ရဲ့ ဦးဆောင်မှုနဲ့အတူ မဟာမိတ်အဖွဲ့တွေ ဖြစ်ကြတဲ့ ဧရာဒေါင်း၊ Chauk Revolution Army (CRA) တပ်ဖွဲ့တွေက ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) အနေနဲ့လည်း စစ်ကောင်စီတပ်က ပြုလုပ်လျက်ရှိတဲ့ တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်ကာ ရရာနည်းလမ်းတွေနဲ့ တော်လှန်တိုက်ခိုက်သွားမှာ ဖြစ်သလို ပြည်သူတွေအနေနဲ့လည်း အတုယောင်ရွေးကောက်ပွဲကို သွားရောက်မဲမပေးကြဖို့နဲ့ ထောက်ခံမှုတွေ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံတယ်လို့လည်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) က ပြောဆိုထားပါတယ်။

#bbmnews #bbm #bbmtv #PDA #ညောင်ဦး
👍12❤1
👍14❤1
ရွေးကောက်ပွဲကျင်းပဖို့ နာရီပိုင်းအလို ဗုံးကွဲမှုကြောင့် မြဝတီမြို့မှာ မဲထည့်သူအနည်းအကျဉ်းသာရှိခဲ့

BBM - ဒီဇင်ဘာ ၂၉
သတင်း - ကိုဟန်

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ပေါ်မှာ ရွေးကောက်ပွဲမကျင်းပမီ နာရီပိုင်းအလို ဗုံးပေါက်ကွဲမှုကြောင့် ဆန္ဒမဲ လာထည့်တဲ့ ပြည်သူတွေ သိသိသာသာ နည်းပါးသွားခဲ့တယ်လို့ မြို့ခံအချို့က ပြောပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်၊ ညပိုင်းနဲ့ ညနက်ပိုင်းတွေမှာ နေရာလေးခုထက်မနည်းမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့တာပါ။

အဲဒီဗုံးပေါက်ကွဲမှုကြောင့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်အုပ်စုကျင်းပတဲ့ ရွေးကောက်ပွဲအပေါ် လူထုက သွားလာမရဲကြတဲ့အတွက် ဆန္ဒမဲလာထည့်သူ နည်းပါးသွားခဲ့ကြတယ်လို့ မြဝတီမြို့ခံတဦးက BBM ကို ပြောပါ တယ်။

“တော်တော်နည်းပါးသွားတယ်လို့ ပြောလို့ရနိုင်တယ်၊ ဘာလို့ဆိုတော့ တချို့မြို့ပေါ်မဲရုံတွေဆို လူဦးရေက (၁၀၀) တောင် မတွေ့ရတာမျိုး ရှိတယ်၊ အမအထင်တော့ ညက ပေါက်ကွဲကြောင့် လူတွေလည်း လန့်ပြီး သွားမထည့်ရဲတာ နေမယ်၊ မဲထည့်နေရင်းနဲ့ အဲဒီလိုမျိုး ထပ်ဖြစ်လာမှာကို ကြောက်တာပေါ့နော်” လို့ ဒီဇင်ဘာလ ၂၈ ရက် ရွေးကောက်ပွဲအခြေအနေကို မြဝတီမြို့ခံတဦးက ပြောပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် ညပိုင်းမှာ ပြည်ခိုင်ဖြိုးရုံးအနီး၊ ချစ်ကြည်ရေးတံတားအနီး၊ ကမ္ဘောဇဘဏ်လမ်းဘေး၊ မဟာစည်ဘုန်းတော်ကြီး ကျောင်းအနီး အစရှိတဲ့နေရာတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးတဦး သေဆုံးကာ ၁၀ ဦးနီးပါးဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို မြဝတီ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

ဒါ့အပြင် နေအိမ်အဆောက်အဦ အများအပြားလည်း ထိခိုက်ပျက်စီးမှုတွေ ရှိနေသလို စစ်တပ်နဲ့ သူတို့ရဲ့ လက်ဝေခံ လက်နက်ကိုင်အချို့ကလည်း မြို့အနှံ့မှာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဆိုပါတယ်။

ဒီဖောက်ခွဲတိုက်ခိုက်မှုကို တော်လှန်ရေးအင်အားစုဘက်က လုပ်ဆောင်ခဲ့တာကို စစ်တပ်ထောက်ခံတွေက ပြောဆိုနေပေမဲ့ တော်လှန်ရေးအင်အားစုဘက်က ထုတ်ပြောတာမျိုး မရှိသေးပါဘူး။

“(မနေ့က)အခြေအနေက ရှုပ်ထွေးနေဆဲပဲ၊ စစ်သားတွေရော တခြားအဖွဲ့တွေရော အများကြီးပဲ လုံခြုံရေးယူထားတာ၊ အဲဒါကို ကြည့်တာနဲ့ ဘယ်သူကမှ အပြင်ထွက် မဲမထည့်ရဲဘူး၊ မဲထည့်ဖို့ မဟုတ်ရင် မဲရုံအနား ကပ်လို့တောင် မရဘူး” လို့ နောက်ထပ် မြဝတီမြို့ခံတဦးက ပြောပါတယ်။

မြဝတီမြို့ပေါ်မှာ မဲရုံပေါင်း ၃၁ ရုံဖွင့်လှစ်ထားပြီး မဲပေးခွင့်ရှိသူ ခြောက်သောင်းနီးပါးရှိတယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။

“လာပေးတဲ့သူတွေက သူတို့နဲ့ နီးစပ်သူတဲ့သူတွေ ဝန်ထမ်းတွေ၊ စစ်တပ်ထောက်ခံသူတွေပဲ များတယ်၊ ပြီးတော့ ပြည်သူတွေကို အတင်းအကြပ်ဖိအားပေးပြီး မဲထည့်ခိုင်းနေတဲ့အခြေအနေလည်း တွေ့ရတယ်” လို့ အထက်ပါမြို့ခံက ပြောပါတယ်။

ဒီဇင်ဘာလ ၂၈ ရက် စစ်အုပ်စုကျင်းပတဲ့ ရွေးကောက်ပွဲအပိုင်း(၁) ကရင်ပြည်နယ်မှာ သံတောင်ကြီး၊ မြဝတီ၊ ဘားအံတို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီရွေးကောက်ပွဲကို KNU အပါအဝင် တော်လှန်ရေးအင်အားစုတွေက လက်ခံအသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ထုတ်ပြောနေပေမဲ့ စစ်တပ်အပေါင်းအပါ BGF/KNA ၊ DKBA တို့က စစ်အုပ်စုရွေးကောက်ပွဲကို ကူညီမယ်လို့ အတိအလင်းထုတ်ပြောထားပါတယ်။

ဓါတ်ပုံ - Social Media
ပုံစာ - မြဝတီမြို့မှာ ရွေးကောက်ပွဲအတွက် မဲထည့်နေစဉ်၊ ဗုံးပေါက်ကွဲတိုက်ခိုက်ခံရတဲ့နေရာများ

#bbmnews #bbm #bbmtv #election #myawaddy
👍11❤1
👍16
နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးပေမဲ့ ထိုင်းမိုင်းရှင်းလင်းရေးဌာနက မိုင်းတွေရှာဖွေတွေ့ရှိ

BBM-ဒီဇင်ဘာ ၂၉

ထိုင်းမိုင်းရှင်းလင်းရေးဌာန (TMAC)က အရင်က ကမ္ဘောဒီးယားတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဧရိယာတစ်ခုမှာ PMN-2 မိုင်းတွေ တွေ့ရှိပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ကတိကဝတ်ကို ပြသဖို့ ကမ္ဘောဒီးယားကို တောင်းဆိုခဲ့ပါတယ်။

TMAC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Siwa Whang-akat က စီစကက်ပြနယ်ရှိ နယ်စပ်တစ်လျှောက်မှာ စွန့်ပစ်ထားတဲ့ ကမ္ဘောဒီးယားစစ်စခန်းတစ်ခုကို စစ်ဆေးရာမှာ ကမ္ဘောဒီးယားတပ်ဖွဲ့တွေဟာ လူသတ်မိုင်းတွေ အသုံးပြုမှုကို ညွှန်ပြတဲ့ အထောက်အထားတွေကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

တွေ့ရှိတဲ့ အထောက်အထားတွေထဲမှာ မိုင်းထောင်ဖို့ မှတ်တမ်းတင်ထားတဲ့ မှတ်စုစာအုပ်တွေ ၊ GPS ကိုဩဒိနိတ်တွေနဲ့ PMN-2 မိုင်းဖြန့်ဖြူးမှု မှတ်တမ်းတွေ ပါဝင်ကြောင်း သူက ပြောကြားခဲ့ပါတယ်။

နယ်စပ်တစ်လျှောက် အငြင်းပွားနေတဲ့ နေရာတွေမှာ မြေမြှုပ်မိုင်းတွေဟာ အလွန်အကျွံ များပြားနေပြီး စစ်သားတွေနဲ့ အရပ်သားတွေအတွက် အန္တရာယ်တွေ ဆက်လက်ရှိနေကြောင်း ရှာဖွေတွေ့ရှိမှုက ဖော်ပြနေပါတယ်။

ဒီဇင်ဘာလ ၂၇ရက် စနေနေ့ မွန်းတည့်ချိန်က အထွေထွေနယ်စပ်ကော်မတီ (GBC) ရဲ့ တတိယအကြိမ်မြောက် အထူးအစည်းအဝေးမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် ထိုင်းအရာရှိတွေဟာ ဘူရီရမ်ရှိ နယ်စပ်ဒေသတွေကို လေ့လာဆန်းစစ်ခဲ့ပြီး BM-21 ဒုံးကျည် အကြွင်းအကျန်တွေ လယ်ယာမြေတွေတစ်လျှောက် ပြန့်ကျဲနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ဘူရီရမ်ပြည်နယ်၊ ဘန်ကရွတ်ခရိုင်၊ ဆိုင်တာကူးခရိုင်ခွဲ၊ ဘန်ဆိုင်းသိုရွာမှာ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးဆုံးရှုံးမှုတွေ ရှိကြောင်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဘန်ဆိုင်းသိုရွာရဲ့ ရွာသူကြီးက တစ်နေရာတည်းမှာ ရော့ကတ် ၁၄ စင်း တွေ့ရှိခဲ့ပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးများစွာ ရွာတစ်ဝိုက်တွေ ပြန့်ကျဲနေကြောင်း ပြောကြားခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီး မကြာမီ စနေနေ့ မွန်းလွဲ ၁၂ နာရီ ၁၉ မိနစ်မှာ စီစကက်ပြည်နယ်၊ ကန်သာလက္ခရိုင်၊ ဆောင်သောင်ချိုင်းခရိုင်ခွဲရှိ ဆတ်တာဆွမ်တောင်အနီး ကင်းလှည့်နေတဲ့ ထိုင်းစစ်သားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ခြေလျင်တပ်ရင်း ၁၁၂၊ တပ်ရင်း ၁၂ မှ တပ်ရင်းတစ်ခုသည် အဆိုပါဒေသမှာ ကင်းလှည့်နေစဉ် ဗိုလ်မှူးကြီး နာရင်ငိုပရေးက PMN-2 မြေမြှုပ်မိုင်းကို နင်းမိပြီး ညာဘက်ခြေထောက် ဆုံးရှုံးခဲ့ရပါတယ်။

နယ်စပ်တစ်လျှောက် မြေမြှုပ်မိုင်းတွေကြောင့် ထိုင်းတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရရှိခဲ့တဲ့ ၁၀ ကြိမ်မြောက် ဖြစ်ရပ်ဖြစ်ကြောင်း TMAC က ပြောကြားခဲ့ပါတယ်။

ဗိုလ်မှူးကြီး ဆီဝါက အဆိုပါ ဖြစ်ရပ်ဟာ မြေမြှုပ်မိုင်းတွေ အသုံးပြုတာကို တားမြစ်တဲ့ အော့တဝါ ကွန်ဗင်းရှင်းကို ချိုးဖောက်ခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးက အဆိုပါ စာချုပ်မှာ လက်မှတ်ရေးထိုးထားကြပါတယ်။

ထိုင်းနိုင်ငံရဲ့ ‌ေပြာရေးဆိုခွင့်ရှိသူက ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေမှာ အထောက်အကူဖြစ်စေဖို့နဲ့ ရေရှည်ငြိမ်းချမ်းရေးကို ပံ့ပိုးဖို့အတွက် မိုင်းတွေ ချထားတဲ့နေရာကို ထုတ်ဖော်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားအရာရှိတွေဟာ နယ်စပ်တစ်လျှောက် တင်းမာမှုတွေကို လျှော့ချဖို့နဲ့ တည်ငြိမ်မှုကို ပြန်လည်ထိန်းသိမ်းရန် ရည်ရွယ်တဲ့ ပူးတွဲကြေညာချက်တစ်စောင် ထွက်ပေါ်လာဖို့ ကြိုးပမ်းနေကြပါတယ်။

Reference-Bangkok Post
Translator-Richard
Photo-Bangkok Post

#bbm #bbmnews #thai #Cambodia #UpdateNews
👍9❤2
👍10
ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးအောင်ကြည်သိန်း ကြိုတင်မဲနဲ့ မွန်ညီညွတ်ရေးပါတီကို အနိုင်ရရှိတဲ့အပေါ် သံသယဖြစ်နေ

BBM - ဒီဇင်ဘာ ၂၉
သတင်း - ကိုဟန်

စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ရွေးကောက်ပွဲမှာ ကြိုတင်မဲ ၅၀၀ ကျော်နဲ့ ပြိုင်ဘက်ပါတီကို အနိုင်ရရှိသွားအပေါ် မဲဆန္ဒရှင်တွေအကြားမှာ သံသယဖြစ်နေကြတယ်လို့ နီးစပ်သူအချို့က ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာမှ ဝင်ပြိုင်ခဲ့တဲ့ ဦးအောင်ကြည်သိန်းဟာ အစောပိုင်းရလဒ်မှာ ပြိုင်ဘက်ပါတီတခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီကို မဲအရေအတွက် ၅၀၀ ဝန်းကျင်နဲ့ ရှုံးနိမ့်နေတာပါ။

ဒါပေမယ့် ဒီကနေ့ ဒီဇင်ဘာလ ၂၉ ရက်၊ မနက်ပိုင်းမှာတော့ ပြိုင်ဘက်ပါတီကို မဲအရေအတွက် ၅၀၀ ဝန်းကျင်နဲ့ ပြန်လည်အနိုင်ရရှိသွားတယ်လို့ ပါတီနဲ့ နီးစပ်သူအချို့က BBM ကို ပြောပါတယ်။

“ညကအထိတော့ ကြံ့ခိုင်ရေးက ရှုံးတာပေါ့နော်၊ အောင်ကြည်သိန်းနေရာက ဘယ်လိုဖြစ်ပြီး မနက်ကျတော့ သူက မွန်ညီညွတ်ရေးပါတီကို မဲ ၅၀၀ ကျော်နဲ့ နိုင်သွားတယ်၊ ကြိုတင်မဲရောက်လာတာလို့တော့ ပြောတယ်” လို့ မွန်ညီညွတ်ရေးပါတီနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဦးအောင်ကြည်သိန်းဟာ မွန်ပြည်နယ်ကြံ့ခိုင်ရေးပါတီဥက္ကဌဖြစ်သလို စစ်တပ်ခန့်ထားတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲမှာ အနိုင်ရရှိပါက မွန်ပြည်နယ်ဝန်ကြီးချုပ်နေရာကို ဆက်လက်ရယူဖို့ ရည်ရွယ်ထားသူ ဖြစ်တယ်လို့ ပါတီနဲ့ နီးစပ်သူအချို့ ပြောပါတယ်။

“လုပ်နေကြတဲ့ အကွက်တွေပဲ လုပ်နေတာလားပေါ့၊ သံသယဖြစ်စရာတွေ ရှိလာတယ်၊ ဒီအပေါ်တော့ မွန်ပါတီဘက်က ဘာအသံမှ မထွက်သေးဘူး၊ မဲဆန္ဒရှင်အနေနဲ့ မခံမရပ်နိုင်ဖြစ်နေရတယ်၊ ရိုးသားမှု မရှိဘူးလို့ ထင်တယ်” လို့ ချောင်းဆုံမြို့ခံတဦးက ပြောပါတယ်။

ချောင်းဆုံမြို့နယ်မှာ မဲရုံပေါင်း ၇၃ ရုံရှိပြီး ဆန္ဒမဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်ပြည်သူ ၁၂၀၀၀၀ နီးပါးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

“မွန်ပါတီကိုကြိုက်လို့(ဖွတ်ကိုမကြိုက်လို့)၊ မဲလာထည့်တဲ့သူတစ်ယောက်ဟာ၊ မွန်ပါတီအမတ်လောင်းပြည်သူ့ နှင့် အမျိုးသားနှစ်နေရာကိုမဲပေးပြီး၊ ဒီပြည်နယ်(မွန်ပါတီ)အမတ်လောင်းနေရာမှာမှ၊ မဲမပေးဖူး(မကြိုက်ဖူး) ဆိုတာ၊ ယုတ္တိမရှိပါ၊ သေချာတာက၊ ကြိုတင်မဲဆိုပြီး ကြိုတင်ဖန်တီးလုပ်ထားတာ၊ (သို့မဟုတ်) ကြိုတင်စီမံထားတဲ့မဲပုံးကို၊ အလုံးလိုက်ပြောင်းပစ်တာ၊ အခြားမသမာမှုတစ်ခုခုလုပ်တာ၊ ဖြစ်နေနိုင်တယ်”လို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းမင်းအောင်က သူ့ရဲ့ လူမှုကွန်ရက် (Facebook) စာမျက်နှာမှာ မှတ်ချက်ပေးထားပါတယ်။

ဒါကြောင့် အဲဒီဖြစ်စဉ်ကို စိစစ်ပေးဖို့ သက်ဆိုင်ရာမွန်ညီညွတ်ရေးပါတီ MUP က တောင်းဆိုသင့်တယ်လို့ သူက တိုက်တွန်းထားပါတယ်။

ဦးအောင်ကြည်သိန်းဟာ ချောင်းဆုံမြို့နယ်ကနေ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ဖူးပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ် ရှုံးနိမ့်ခဲ့သူလည်း ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှာ စစ်အုပ်စု ကျင်းပတဲ့ ရွေးကောက်ပွဲမှာတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နေရာကို မွန်ညီညွတ်ရေးပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပြီး ကြံ့ခိုင်ရေးပါတီက ပြည်နယ်လွှတ်တော်နေရာမှာ ကြိုတင်မဲနဲ့ အနိုင်ရရှိထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင်က အနိုင်ရရှိတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Photo - Social Media
ပုံစာ - ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်း မဲပေးစဉ်။

#bbm #bbmnews #election #ShamElection #Myanmar #Mon
👍9❤1👏1
👍9🖕3
သီတာယုမွန် ဦးဆောင်တဲ့ ပျူအဖွဲ့ဝင် အမျိုးသမီး ၃ ဦးကို ဒဏ်ရာတွေနဲ့ ဖမ်းမိထား

BBM - ဒီဇင်ဘာ ၂၉
သတင်း - နိုင်နိုင်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ စစ်ကောင်စီ လက်ပါးစေ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဝင် အမျိုးသမီး ၃ ဦးကို ဒဏ်ရာတွေနဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ ထနောင်းမြေစစ်ကြောင်းဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်မှာ မြင်းခြံမြို့အစွန်ကို သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဝင် အမျိုးသမီး ၃ ဦးဟာ ထွက်ခွာလာစဥ် ထနောင်းမြေစစ်ကြောင်းက ကင်းပုန်းဝပ်စောင့်ဆိုင်းကာ မိုင်းဆွဲပြီး ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ ထနောင်းမြေစစ်ကြောင်းက ထောက်လှမ်းရေးတာ၀န်ခံ ရဲဘော်မူတူးက BBM ကို ပြောပါတယ်။

"သူတို့က မြို့ပြင်ဘက်ကိုကျွံလာတာဗျ၊ ကျနော်တို့ကင်းပုန်း၀ပ်တဲ့ နေရာနားပေါ့၊ သတင်းရတော့ အရှင်အေးဆေးဖမ်းမယ်လုပ်တာပါ၊ မိုင်းကွင်းထဲမှာပဲ ထွက်ပြေးလို့ မိုင်းဆွဲကာ ဖမ်းလိုက်ရတာဖြစ်ပါတယ်" လို့ ရဲဘော်မူတူးက ပြောပါတယ်။

လက်ရှိမှာ အဆိုပါပျူစောထီးအဖွဲ့ဝင် အမျိုးသမီးသုံးဦးရဲ့ ထိခိုက်ထားတဲ့ ဒဏ်ရာတွေကို ဆေးကုသမှုပေးထားပြီး သက်သာလာပါက လိုချင်တဲ့သတင်းအချက်တွေကို စစ်ဆေးမေးမြန်းသွားမှာ ဖြစ်တယ်လို့လည်း ထနောင်းမြေစစ်ကြောင်းက ထောက်လှမ်းရေးတာ၀န်ခံ ရဲဘော်မူတူးက ဆိုပါတယ်။

"ကျနောတို့ အခုလောလောဆယ်တော့ ရထားတဲ့ဒဏ်ရာတွေကို ဆေးကုသမှုပေးထားဆဲပါဗျ၊ သက်သာလာရင်တော့ စစ်ဆေးမေးမြန်းပြီး ကျနော်တို့ လိုချင်တဲ့ သတင်းအချက်အလက်လေးတွေ စုဆောင်းမှာပါ" လို့ သူကဆက်ပြောပါတယ်။

သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဟာ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းမှာ လှုပ်ရှားနေကြတာဖြစ်ပြီး ဒေသခံလူငယ်တွေနဲ့ အမျိုးသမီးတွေကို ပေါ်တာဆွဲ ငွေညှစ်ဖမ်းဆီးတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

အလားတူ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းကာ မြင်းခြံမြို့နယ်အတွင်းမှ ကျေးရွားတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသခံနေအိမ်တွေကို မီးရှို့ပျက်စီးတာ၊ လူသတ်တာနဲ့ ကျေးရွာထဲရှိ ပစ္စည်းတွေကိုလုယူကာ အကြမ်းဖက်မှုတွေ ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

"သီတာယုမွန် ဦးဆောင်တဲ့ ပျူအဖွဲ့ဟာ ဒေသခံတွေဆီက ဖမ်းဆီးငွေညှစ်တာတွေ ရှိပါတယ်ဗျ၊ ပေါ်တာဆွဲတာလည်း ရှိပါတယ်၊ သူတို့အဖွဲ့ရဲ့ အင်အားကတော့ များပါတယ်ဗျ၊ သူတို့အဖွဲ့ မြင်းခြံမြို့ပေါ်မှာ ညနေ ၆ နာရီလောက်ဆိုရင် မီးတွေကိုဖြတ်ပြီးတော့မှ ပေါ်တာဆွဲပါတယ်" လို့ ထနောင်းမြေစစ်ကြောင်းက ထောက်လှမ်းရေးတာ၀န်ခံ ရဲဘော်မူတူးက ဆက်ပြောပါတယ်။

မနေ့က ဒီဇင်ဘာလ ၂၈ ရက်မှာလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်မှာ အခြေချတပ်စိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ သီတာယုမွန်ရဲ့ ပျူစခန်း ၉ ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းတွေနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

#bbmnews #bbm #bbmtv #thidayumon #mdy
👍13👏2
🖕9👍2👎1