မကွေးတိုင်းမြို့နယ် ၆ ခုမှ စစ်စခန်းများကိုထိုးစစ်ဆင်ပြီး ကပစတွေဆီသွယ်တန်းတဲ့ ဓာတ်တိုင်ပေါင်း ၁၀၀ ကျော်ကိုမိုင်းခွဲ
🟥စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့နယ်တို့ကို တော်လှန်ရေးတပ်များ ဝန်းရံပိတ်ဆို့ထား
BBM-ဒီဇင်ဘာ၂၈
သတင်း-မင်းသော်
မကွေးတိုင်းအတွင်းရှိ စလင်းမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ်တို့အပါအဝင် မြို့နယ် (၆)မြို့နယ်မှ စစ်စခန်းများကို ဒီဇင်ဘာလ ၂၃ ရက် မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာထားပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူလူထုကို လေကြောင်းက တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ လေယာဥ်ဗုံးများထုတ်လုပ်ရာ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကပစ (၂၁)၊(၂၂)နဲ့ လက်နက်ကြီးကျည်များထုတ်လုပ်ရာ ပေါက်မြို့နယ်အတွင်းမှ ကပစ(၂၄)တို့ကို သွယ်တန်းထားတဲ့ ဓာတ်တိုင်ပေါင်း (၁၀၀)ကျော်ကို တပြိုင်တည်း မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး အခြားစစ်ကောင်စီရဲ့ အုပ်ချုပ်ရေး စစ်ရေးဆိုင်ရာ အခြေခံအဆောက်အဦတွေကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ ၂၅ ရက်၊ ည ၇ နာရီခန့်မှာ စလင်းမြို့မှ ဆင်ဖြူကျွန်းမြို့ကို ထွက်လာတဲ့ အင်အား(၁၇၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းနဲ့ ဒရုန်းတင်ဆောင်လာတဲ့ စကစမော်တော်ယာဥ်(၅)စီး နေရာမှာတင်ပေါက်ကွဲပျက်စီးပြီး အထိအခိုက် အကျအဆုံးများစွာနဲ့ စကစ စစ်ကြောင်းတစ်ခုလုံး ဆုတ်ခွာထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ စလင်းမြို့နဲ့ ဆင်ဖြူကျွန်းမြို့တွေကို လက်ရှိပိတ်ဆို့ဝန်းရံထားပြီး သစ္စာဓိဌာန်(၄)ချက်အတိုင်း ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ထုတ်ပြန်ကြေငြာထားပါတယ်။

👍8❤3
ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ တနင်္သာရီတိုင်းအစိုးရအဖွဲ့ရုံး တိုက်ခိုက်ခံရ
BBM-ဒီဇင်ဘာ ၂၉
သတင်း - ကိုဟန်
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ် က တနင်္သာရီတိုင်းအစိုးရအဖွဲ့ရုံးအနီးတဝိုက်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပစ်ခတ်သံတွေဆက်တိုက်ကြားလိုက်ရတယ်လို့ မြို့ခံအချို့က ပြောပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ဟာ စစ်အုပ်စုကျင်းပတဲ့ ရွေးကောက်ပွဲအပိုင်း(၁)ကို ကျင်းပနေတာ ဖြစ်ပြီး ပေါက်ကွဲပစ်ခတ်မှုအသံကို မနက် ၇ နာရီဝန်းကျင်မှာ ကြားခဲ့ရတာပါ။
“အသံက တော်တော်ကျယ်တယ်၊ အစကတော့ တိုက်ပွဲဖြစ်တယ်ထင်တာပေါ့၊ ရုတ်တရက်က ပစ်ခတ်သံတွေက ဆက်တိုက်ကြားတော့လေ၊ ဖြစ်သွားတာ အစိုးရအဖွဲ့ရုံးအနားတဝိုက်မှာပဲ၊ ခရိုင်ရဲရုံးဘက်လည်း ပါတယ်ကြားတယ်” လို့ ထားဝယ်မြို့ခံတဦးက BBM ကို ပြောပါတယ်။
ပေါက်ကွဲပစ်ခတ်သံဖြစ်ပွားခဲ့တဲ့နေရာနဲ့ အစိုးရအဖွဲ့ရုံးအနီးတဝိုက်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတဲ့ အတွက် ထိခိုက်ပျက်စီးမှုအသေးစိတ်ကို မသိရဘူးလို့ မြို့ခံအချို့ ပြောပါတယ်။
ဒီလိုပေါက်ကွဲပစ်ခတ်မှုများကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် စစ်အုပ်စုရဲ့ တနင်္သာရီတိုင်းရွေးကော်ကတော့ အဲဒီအချက်ကို ငြင်းဆိုခဲ့တာကို Dawei Watch သတင်းဌာနက ရေးသားထားပါတယ်။
ဒီလိုအခြေအနေကြောင့် ဒေသခံအများစု ဆန္ဒမဲထွက်ပေးကြဖို့ တွန်းဆုတ်သွားကြပေမယ့်လည်း အချို့နေရာ မှာတော့ စိုးရိမ်စိတ်တွေနဲ့ ဆန္ဒမဲပေးနေတာ တွေ့ရတယ်လို့ နောက်ထပ်က မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။
“အရင်ရွေးကောက်ပွဲနဲ့က ယှဉ်လို့တော့ ဘယ်ရမလဲပေါ့နော်၊ တခုက ကြောက်တဲ့စိတ်နဲ့ပဲ သွားပေးနေရတာ၊ အခုလို ပစ်ခတ်သံကြောင့် လူတွေ ပိုပြီး စိုးရိမ်နေတာပဲ၊ တဖက်မှာလည်း သူတို့ကို ထောက်ခံတဲ့ အစုအဖွဲ့က တော့ ပုံမှန်အတိုင်း အေးဆေး မဲထည့်တာမျိုးတော့ တွေ့ရပါတယ်” လို့ ပြောပါတယ်။
ရွေးကောက်ပွဲအပိုင်း(၁) တနင်္သာရီတိုင်းမှာ ကော့သောင်း၊ ထားဝယ်၊ ဘုတ်ပြင်းနဲ့ မြိတ်တို့မှာ ကျင်းပနေတယ်လို့ ထုတ်ပြန်ထားပေမယ့် အဲဒီမြို့နယ်ထဲမှာ မကျင်းပနိုင်တဲ့ ရပ်ကွက်ကျေးအုပ်စုရှိတယ်လို့ စစ်အုပ်စုက ဝန်ခံထားပါတယ်။
ပေါက်ကွဲပစ်ခတ်သံဖြစ်ပွားခဲ့တဲ့ ထားဝယ်မြို့နယ်မှာဆိုရင် မဲရုံ ၅၀ နီးပါးဖွင့်လှစ်ထားပြီး မဲပေးခွင့်ရှိသူ ကိုးသောင်းကျော်ရှိတယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ တိုက်ခိုက်မှုကို ဘယ်အဖွဲ့က တိုက်ခိုက်ခဲ့တာကို ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ဓါတ်ပုံ - Social Media
ပုံစာ - တနင်္သာရီတိုင်းအစိုးရအဖွဲ့ရုံး (ပုံဟောင်း)
#bbmnews #bbmtv #bbm #eletion #junta

👍8❤2
သုံးပွင့်ဆိုင်ဆွေးနွေးပွဲမတိုင်မီ ထိုင်း-ကမ္ဘောဒီးယား အပစ်အခတ်ရပ်စဲခဲ့တာကို တရုတ်ကြိုဆို
BBM-ဒီဇင်ဘာ ၂၉
တရုတ်နိုင်ငံက ထိုင်းနဲ့ ကမ္ဘောဒီးယား ရက်သတ္တပတ်များစွာကြာ နယ်စပ်တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့တဲ့အတွက် ကမ္ဘောဒီးယားနိုင်ငံကို
ဂုဏ်ပြုချီးကျူးခဲ့ပါတယ်။
ထိုင်း-ကမ္ဘောဒီးယားနဲ့ တရုတ် သုံးနိုင်ငံမှ အရာရှိတွေဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ နှစ်ရက်ကြာ အစည်းအဝေးတစ်ခု စတင်ဖို့ ပြင်ဆင်နေကြပါတယ်။
ဒီဇင်ဘာလ ၂၇ရက် စနေနေ့က ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ အနည်းဆုံး လူ ၁၀၁ ဦး သေဆုံးပြီး လူ၅သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ရက်သတ္တပတ်များစွာကြာ နယ်စပ်တိုက်ပွဲတွေကို အဆုံးသတ်ခဲ့ ဒုတိယအကြိမ်မြောက် အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ် အပစ်အခတ်ရပ်စဲရေးကို "ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးအတွက် အရေးကြီးသော ခြေလှမ်းတစ်ခု" လို့ ပြောဆိုခဲ့ပြီး "ဒေသတွင်းရှိ နိုင်ငံတွေရဲ့ မျှော်လင့်ချက်တွေနဲ့ ကိုက်ညီတယ်" လို့ ပြောကြားခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့ ထိပ်တန်းသံတမန် ပရက်ဆိုခွန်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်ကက်ကေးတို့နှစ်ဦးစလုံးဟာ ယူနန်ပြည်နယ်မှာ နယ်စပ်အခြေအနေကို ဆွေးနွေးဖို့ တရုတ်နိုင်ငံ ဝမ်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ရပါတယ်။
ဆွေးနွေးပွဲတွေဟာ နှစ်နိုင်ငံ ရေရှည်အပစ်အခတ်ရပ်စဲရေးကို သေချာစေဖို့နဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို မြှင့်တင်ဖို့ ရည်ရွယ်ကြောင်း ထိုင်းနိုင်ငံခြားရေး၀န်ကြီး ဆီဟာဆက်ရဲ့ ရုံးကြေညာချက်မှာ ဖော်ပြထားပါတယ်။
Reference-CNA
Translator-Richard
Photo-CNA
#bbmnews #bbm #bbmtv #thailand #cambodia #china

👍7❤2🕊1
မဲဆောက်မှာ စကစရဲ့ ရွေးကောက်ပွဲဆန့်ကျင်တဲ့ ရုပ်ရှင်ပြပွဲပြုလုပ်
BBM-ဒီဇင်ဘာ ၂၉
သတင်း-Richard
ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင်ရှိ မဲဆောက်မြို့မှာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ ပထမနေ့ပြုလုပ်တဲ့ရက်မှာ “ရုပ်ရှင်ကြည့်ရင်း လက်ဆောင်ယူရင်း” တော်လှန်ရုပ်ရှင်ပြပွဲခမ်းအနားပြုလုပ်ခဲ့တယ်လို့ ပွဲစီစဉ်သူ ကိုထွန်းက BBM ကိုပြောပါတယ်။
အဆိုပါ “ရုပ်ရှင်ကြည့်ရင်း လက်ဆောင်ယူရင်း” အခမ်းအနားကို ဒီဇင်ဘာလ၂၈ရက် ညနေ၆နာရီခွဲမှ ၉နာရီမှာ မဲဆောက်မြို့တစ်နေရာမှာ ကျင်းပခဲ့တာပါ။
“ဒီနေ့ကတော့ ထူးထူးခြားခြားပေါ့ စစ်ကောင်စီကလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲစလုပ်တဲ့နေ့လည်းဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲက ဖဲသမားစကားနဲ့ပြောရလို့ရှိရင်
၅အိမ်လုံးကိုယ့်အိမ်ပဲ။ ဆိုတော့ အပျော်ကြေးရိုက်နေတဲ့သဘောပဲ။ ဘယ်သူပဲတတ်တတ် သူ့လူပဲ။ ဘယ်လောက်ထိလွတ်လပ်မှုရှိလဲဆိုရင် Zero” လို့ ပွဲလာ တော်လှန်ပြည်သူတစ်ဦးက BBMကိုပြောပါတယ်။
အဆိုပါ အခမ်းအနားအတွင်းပြသသွားတဲ့ ရုပ်ရှင်တွေနဲ့ သီချင်းတွေကတော့ DVB ဓာတ်ပုံဆုရ တော်လှန်ရေးသီချင်း၊ ပြုံးပြုံးလေး ရုပ်ရှင် Teaser၊ ပြုံးပြုံးလေးရုပ်ရှင် ပရိတ်သတ်များ၏ ရင်တွင်းစကားသံများ၊ သွေးမဲပုံး၊ Spring Burmese Billiken၊ A Fallen Hero၊ No Turning Back၊ Missing(တမ်းတခြင်း) နဲ့ ကြယ်၊ ရောင်နီ၊ ကမ္ဘာမကြေဘူး သီချင်းတွေပဲဖြစ်ပါတယ်။
“ဒီနေ့ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲနေ့မှာ ကျွန်တော်တို့ကလည်း ဒီဘက်က တော်လှန်ရေး အင်အားစုတွေအနေနဲ့ စကစရဲ့ သတင်းတု၊ သတင်းမှားတွေကို ဂရုမစိုက်ဘဲ ဆန့်ကျင်ကြောင်းပြသတဲ့အနေနဲ့ ဒီရုပ်ရှင်ပွဲကိုလုပ်တာပါ”လို့ ပွဲစီစဉ်သူ ကိုထွန်းက ပြောပါတယ်။
အဓိက ရည်ရွယ်ချက်ကတော့ တော်လှန်ရေးက အားမလျော့သွားဘဲ ဆက်လက်တိုက်ပွဲ၀င်နေတာဖြစ်ကြောင်းနဲ့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းပြသတာဖြစ်တယ်လို့ ဆိုပါတယ်။
မနေ့က ဒီဇင်ဘာလ ၂၈ရက်နေ့မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ပထမပိုင်းကို ကျင်းပခဲ့တာဖြစ်ပြီးတော့ တော်လှန်ရေးအင်အားစုတွေက ပုံစံမျိုးစုံနဲ့ တွန်းလှန်နေကြတာပဲဖြစ်ပါတယ်။
#bbmnews #bbm #bbmtv #election #maesot

ချောက်မှာ စကစယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ အရာရှိအပါ စကစတပ်သား ၁၂ သေဆုံး
BBM - ဒီဇင်ဘာ၂၉
သတင်း - ခက်ဆစ်
မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၃ ကြိမ်မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၁၂ ဦးသေဆုံးခဲ့တယ်လို့ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်၊ မနက် ၆ နာရီခန့်မှာ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ စစ်ယာဉ်တန်းကို ချောက်မြို့နယ် အမှတ် ၃ ပြည်ထောင်စုလမ်းပိုင်း တစ်နေရာမှာ ၃ ကြိမ် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၁ ဦးနဲ့ တပ်သား ၁၁ ဦးသေဆုံးသွားကြောင်း သိရတယ်လို့ ဆိုထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ချောက် ပကဖ) နဲ့ မကွေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဦးဆောင်ပြီး Chauk Guerrilla Force (ချောက်မြို့နယ် ပကဖ လက်ရုံးစစ်ကြောင်း)၊ မကွေးခရိုင် ပကဖ တပ်ခွဲ ၁ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့၊ မကွေးခရိုင် ပကဖ တပ်ခွဲ ၂ မြေလတ်ရေနံ့သာအဖွဲ့၊ မကွေးခရိုင် ပကဖ တပ်ခွဲ ၃ Chauk Revolution Force ၊ မကွေးခရိုင် ပကဖ တပ်ခွဲ ၄၊ မကွေးခရိုင် ပကဖ တပ်ခွဲ ၅ Chauk Special Attack Force ၊ မကွေးခရိုင် ပကဖ တပ်ခွဲ ၆ သခင်ဖိုးလှကြီးအဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုပြီးနောက် တော်လှန်ရေးအဖွဲ့တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး ချောက်မြို့နယ်အတွင်း စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းတွေကိုလည်း ချောက်မြို့နယ် ပကဖ နဲ့ မကွေးခရိုင် ပကဖ တို့ ဦးဆောင်ပြီး မကွေးခရိုင် ပကဖ တပ်ခွဲ ၆ ခွဲနဲ့အတူ ဆက်လက်ကာကွယ်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။
Video - People Defense Force Chauk

👍11