3.48K subscribers
5.58K photos
393 videos
2.88K links
Breaking Brainwashed Media
Download Telegram
အောင်လံမှာ စကစ ရွေးကောက်ပွဲပြုလုပ်နေစဉ် စစ်တပ်ဂိတ်ကို လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်

BBM-ဒီဇင်ဘာ၂၈
သတင်း-မင်းသော်

စစ်ကောင်စီဘက်မှ ရွေးကောက်ပွဲကျင်းပပြုလုပ်နေစဥ် မကွေးတိုင်း၊ အောင်လံမြို့နယ်ရှိ ဆပ်ဆူဝရွာ စစ်တပ်ဂိတ်စခန်းကို လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ၉၀၂တပ်ရင်း၊ တပ်ခွဲ(၃)တောင်တွင်းကြီးတပ်ခွဲက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်(ဒီနေ့)မှာ အောင်လံမြို့နယ် သမ္ဗူလရဲစခန်းနဲ့ ကပစ(၁၅)တို့ကို အကာအကွယ်ပေးနေတဲ့ ဆပ်ဆူဝရွာ စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးအဖွဲ့တွေက ၆၀ မမ လက်နက်ကြီး(၄)လုံးနဲ့ သွားရောက်ပစ်ခတ်ရာ ပစ်မှတ်ကိုထိရောက်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပစ်ခတ်မှုအပြီး တော်လှန်ရေးရဲဘော်များအနေနဲ့ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပေမဲ့ စစ်ကောင်စီထိခိုက်မှုအခြေအနေများကို လက်ရှိအချိန်ထိ သေချာစွာမသိရှိရသေးဘဲ စကစဘက်မှ ရမ်းသမ်းပစ်ခတ်မှုတွေပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ (၉၀၂)တပ်ရင်း၊ တပ်ခွဲ(၃)၊တောင်တွင်းကြီးတပ်ခွဲမှ ထုတ်ပြန်ကြေငြာထားပါတယ်။
👍111
မောင်တောမြို့နယ်ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်၊ နေအိမ် ၅ လုံးခန့်မီးလောင်ပျက်စီး

BBM - ဒီဇင်ဘာ ၂၈
သတင်း - နိုင်နိုင်

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်၊ မောင်တောမြို့မြောက်ပိုင်း၊ ကြိမ်းချောင်းကျေးရွာရှိ နယ်ခြားစောင့်ရဲစခန်း (နခခ ၇) အနီးအနားကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်ဖိုက်တာတစ်စီးနဲ့ ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မောင်တောဒေသခံတွေဆီက သိရပါတယ်။

မနေ့က ဒီဇင်ဘာလ ၂၇ ရက်၊ ည ၁၁ နာရီခွဲခန့်မှာ စစ်ကောင်စီဟာ လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အနီးအနားရှိ နေအိမ် ၅ လုံးခန့်မှာ မီးလောင်ပျက်စီးသွားတယ်လို့ မောင်တောဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

"မနေ့က ညနေပိုင်းက ဂျက်ဖိုက်တာတစ်စီး ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။ ကြိမ်ချောင်းရှိ (နခခ ၇) အနီးအနားမှာ ကျရောက်ပေါက်ကွဲတယ်လို့ ကြားပါတယ်။ နေအိမ် ၅ လုံး မီးလောင်ပျက်စီးသွားပါတယ် " လို့ မောင်တော ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာ ၃ ရွာကို လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့မှုကြောင့် နေအိမ် ၂ ဆောင်မှာ ဗုံးစတွေထိမှန်ကာပျက်စီးသွားတယ်လို့ ပုဏ္ဏားကျွန်းဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အတုယောင်ရွေးကောက်ပွဲ ပထမအပိုင်းကို ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပပြုလုပ်နေပေမဲ့လည်း အရပ်သားပြည်သူတွေကို ဦးတည်ကာ လေကြောင်း၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်က ရွေးကောက်ပွဲ ပြုလုပ်နေတဲ့ ဒီဇင်ဘာလအတွင်း စစ်တပ်ကနေ ရခိုင်ဒေသကို လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၄၂ ဦး သေဆုံးခဲ့ပြီး ၈၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
5🤬5
🖕5👍2
သထုံမြို့နယ်မှာ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြည်သူများဆန္ဒပြ

BBM-ဒီဇင်ဘာ ၂၈
သတင်း-ကိုဘုဏ်း

မွန်ပြည်နယ်၊ သထုံမြို့မှာ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများက ဆန့်ကျင် ဆန္ဒပြခဲ့ကြတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ကြေငြာထားပါတယ်။

ကရင်အမျိူးသားအစည်းအရုံး KNU ၊ ကော်သူးလေအုပ်ချူပ်မှု နယ်မြေအတွင်းရှိ သထုံမြို့နေပြည်သူတွေ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို လက်မခံကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုနိုင်ခြင်းမရှိတဲ့ အတုအယောင်ရွေးကောက်ပွဲဖြစ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီရွေးကောက်ပွဲစနစ်တစ်ရပ် မဟုတ်ကြောင်း၊ မတရားတဲ့ ရွေးကောက်ပွဲကို လက်မခံနိုင်ကြောင်းနဲ့ ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြောင်း ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါဆန္ဒပြပွဲကို ကရင်လူငယ်အစည်းအရုံး(KYO)နဲ့ ဒူးသထူးခရိုင်အတွင်းမှာရှိတဲ့တာဝန်ရှိသူခေါင်းဆောင်တွေက ဦးဆောင်ပြီး လူဦးရေ ၄၀၀ ကျော်ပါဝင်ခဲ့တယ်လို့ ကရင်အမျိူးသားအစည်းအရုံး KNU က ကြေငြာထားပါတယ်။
4👍4
👍43
မကွေးတိုင်းမြို့နယ် ၆ ခုမှ စစ်စခန်းများကိုထိုးစစ်ဆင်ပြီး ကပစတွေဆီသွယ်တန်းတဲ့ ဓာတ်တိုင်ပေါင်း ၁၀၀ ကျော်ကိုမိုင်းခွဲ

🟥စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့နယ်တို့ကို တော်လှန်ရေးတပ်များ ဝန်းရံပိတ်ဆို့ထား

BBM-ဒီဇင်ဘာ၂၈
သတင်း-မင်းသော်

မကွေးတိုင်းအတွင်းရှိ စလင်းမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ်တို့အပါအဝင် မြို့နယ် (၆)မြို့နယ်မှ စစ်စခန်းများကို ဒီဇင်ဘာလ ၂၃ ရက် မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာထားပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူလူထုကို လေကြောင်းက တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ လေယာဥ်ဗုံးများထုတ်လုပ်ရာ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကပစ (၂၁)၊(၂၂)နဲ့ လက်နက်ကြီးကျည်များထုတ်လုပ်ရာ ပေါက်မြို့နယ်အတွင်းမှ ကပစ(၂၄)တို့ကို သွယ်တန်းထားတဲ့ ဓာတ်တိုင်ပေါင်း (၁၀၀)ကျော်ကို တပြိုင်တည်း မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး အခြားစစ်ကောင်စီရဲ့ အုပ်ချုပ်ရေး စစ်ရေးဆိုင်ရာ အခြေခံအဆောက်အဦတွေကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၂၅ ရက်၊ ည ၇ နာရီခန့်မှာ စလင်းမြို့မှ ဆင်ဖြူကျွန်းမြို့ကို ထွက်လာတဲ့ အင်အား(၁၇၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းနဲ့ ဒရုန်းတင်ဆောင်လာတဲ့ စကစမော်တော်ယာဥ်(၅)စီး နေရာမှာတင်ပေါက်ကွဲပျက်စီးပြီး အထိအခိုက် အကျအဆုံးများစွာနဲ့ စကစ စစ်ကြောင်းတစ်ခုလုံး ဆုတ်ခွာထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ စလင်းမြို့နဲ့ ဆင်ဖြူကျွန်းမြို့တွေကို လက်ရှိပိတ်ဆို့ဝန်းရံထားပြီး သစ္စာဓိဌာန်(၄)ချက်အတိုင်း ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ထုတ်ပြန်ကြေငြာထားပါတယ်။
👍83
👍8👏2