3.48K subscribers
5.58K photos
393 videos
2.88K links
Breaking Brainwashed Media
Download Telegram
ရွေးကောက်ပွဲကာလ မွန်မှာ လောင်းကစားဝိုင်း ရပ်ထားဖို့ ညွှန်ကြားထားပေမဲ့ ကစားဝိုင်းတွေ ဆက်ရှိနေ

BBM-ဒီဇင်ဘာ ၂၈
သတင်း - ကိုဟန်

ရွေးကောက်ပွဲကာလအတွင်း မွန်ပြည်နယ်မှာ ပွဲလမ်းသဘင်တွေ ခေတ္တရပ်နားထားကြဖို့ ညွှန်ကြားထားပေမဲ့ အုပ်ချုပ်ရေးအဖွဲ့အချို့ရဲ့ ခွင့်ပြုချက်နဲ့ လောင်းကစားဝိုင်းတွေ ပုံမှန်ကျင်းပခွင့်ပေးထားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

ဇာတ်ပွဲသွင်းခွင့် ပါမစ်တွေ မပေးဖို့အပါအဝင် ရွေးကောက်ပွဲကာလမှာ ပွဲလမ်းသဘင်တွေ မလုပ်ကြဖို့ သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကို ညွှန်ကြားထားတာပါ။

ဒါပေမဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက နယ်မြေခံစစ်တပ်အရာရှိပိုင်းတွေနဲ့ ပူးပေါင်းပြီး မြို့နယ်အချို့မှာ ပွဲသွင်းခွင့် ပါမစ်မပေးပေမဲ့ လောင်းကစားဝိုင်းတွေကို ဆက်လက်ခွင့်ပြုထားတယ်လို့ ပေါင်မြို့နယ် ဒေသခံတဦးက BBM ကို ပြောပါတယ်။

“ကလို့မရသေးဘူး၊ ရွေးကောက်ပွဲအချိန်နဲ့ ရှုပ်နေကြတော့လို့ ပြောတယ်၊ ပွဲလမ်းသဘင်ပါမစ်မပေးတာက ဒီလောင်းကစားဝိုင်းတွေကို ရပ်နားခိုင်းတဲ့သဘောပါ၊ အခုက သူတို့ ရပ်ကျေးအဖွဲ့တွေကပဲ ပေါင်းပြီး လောင်း ကစားဝိုင်းတွေ နေ့စဉ်မပျက်ရှိနေတုန်းပဲ” လို့ ပြောပါတယ်။

BBM ရဲ့ သတင်းအရင်းအမြစ်အချို့ ပြောဆိုချက်အရ မွန်ဒေသအတွင်းက မြို့နယ်ထက်ဝက်နီးပါးမှာ လောင်းကစားဝိုင်းတွေ ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ယခင်က လောင်းကစားဝိုင်းတွေကို စစ်သား၊ ရဲတွေအပြင် စစ်အုပ်စုထောက်ခံအဖွဲ့တွေဖြစ်ကြတဲ့ ပျူစောထီး၊ ပြည်သူ့စစ်တို့ကပါ အရပ်ဝတ်တွေနဲ့ လုံခြုံရေးယူပေးခဲ့ပေမဲ့ အခုရက်ပိုင်းထဲမှာတော့ လုံခြုံရေးယူထားတာ မရှိဘူးလို့ သိရပါတယ်။

မွန်ပြည်နယ်အတွင်း လောင်းကစားဝိုင်း အံကလုံ တညကို ငွေကျပ် ၅ သိန်းဝန်းကျင် စစ်အုပ်စုနဲ့ အပေါင်းအပါ တွေကို ဆက်ကြေးပေးဆောင်ရတယ်လို့ လောင်းကစားဒိုင်းတွေက ပြောပါတယ်။

“လောင်းကစားဝိုင်းတွေ သွင်းတယ်၊ တကယ် ကိုယ်လိုအပ်လို့ ရပ်ခိုင်းတာတောင် ကိုယ့်ဆီက ဝန်ထမ်းတွေ စစ်တပ်တွေ ရဲတွေ သူတို့အပေါင်းအပါတွေက ဆက်လုပ်နေတာပဲ၊ ဘာမှ မထူးနေဘူး၊ နောက်ဆုံး ပြည်သူတွေကပဲ ဒုက္ခရောက်တာပေါ့၊ ရွေးကောက်ပွဲကာလမှ မဟုတ်ဘူး၊ ကစားဝိုင်းတွေ ဆက်မရှိစေချင်တော့ဘူး” လို့ သထုံမြို့ခံတဦးက ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင် မွန်ပြည်နယ်မှာ ပွဲတော်နဲ့ ရက်ကြီးခါကြီးနေ့မျိုးတွေမှာ ပွဲသွင်းလေ့ရှိပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုနဲ့ လောင်းကစားဒိုင်းတွေ လက်ဝါးချင်းရိုက်ပြီး ရာသီမရွေး ဇာတ်ပွဲသွင်းကာ လောင်းကစားဝိုင်းထည့်သွင်းနေကြတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

အခုတော့ စစ်အုပ်စု ခွင့်ပြုပေးထားတဲ့ လောင်းကစားဝိုင်းတွေ တဖြည်းဖြည်းများလာပြီး ပြည်သူတွေ လောင်းကစားဝိုင်းအပေါ်မှာ စွဲလမ်းလာကြသလို ကျေးလက်သာမက ပြည်နယ်မြို့တော် မော်လမြိုင်မြို့ပေါ်မှာပင် တွင်တွင်ကျယ်ကျယ်မြင်တွေ့လာရတယ်လို့ ဆိုပါတယ်။

ဓါတ်ပုံ - Social Media
ပုံစာ - ပေါင်မြို့နယ်မှ လောင်းကစားဝိုင်းများ

#bbmnews #bbm #bbmtv #monstate #election
👍3😁3
😁5👍2
သမ္မတ လုပ်မလုပ်ငြင်းဆိုခြင်းမရှိဘဲ လွှတ်တော်ခေါ်တဲ့အခါမှ ပြောဖို့သင့်မည်ဟု မင်းအောင်လှိုင်ပြော

🟥လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ကြောင်း အာမခံဟုဆို

BBM - ဒီဇင်ဘာ ၂၈
သတင်း - နိုင်နိုင်

စစ်‌ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲအလွန်ကာလမှာ သမ္မတ လုပ်မယ်၊ မလုပ်ဘူးဆိုတာကို ငြင်းဆိုခြင်းမရှိဘဲ လွှတ်တော်‌ခေါ်တဲ့အခါမှ ပြောဖို့သင့်မှာဖြစ်ကြောင်း ဒီကနေ့ မဲပေးဖို့လာစဉ် မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်၊ နံနက် ၈ နာရီ၀န်းကျင်က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ အနော်ရထာရပ်ကွက် မဲရုံအမှတ် (၁) မှာ မဲပေးခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီက ပြုလုပ်တဲ့ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁) ကို ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ မြို့နယ်ပေါင်း (၁၀၂) မြို့နယ်မှာ စတင်ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲအလွန် အခင်းအကျင်းမှာ သမ္မတလုပ်ရေး၊ မလုပ်ရေးအပေါ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က "ကျနော်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံဝန်ထမ်း၊ ကျနော်လုပ်ချင်ပါတယ် ပြုချင်ပါတယ်လို့ သွားပြောလို့မရဘူး၊ နိုင်ငံရေးပါတီခေါင်းဆောင်လည်း မဟုတ်ဘူး။ ပြီးတော့ လွှတ်တော်ခေါ်တဲ့အခါကျမှ လွှတ်တော်ကနေပြီးတော့ သမ္မတရွေးချယ်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေ ရှိပါတယ်၊ အဲဒီကျမှ ဘယ်လိုလုပ်ပါဆိုပြီး ပြောဖို့သင့်မယ်လို့ ယူဆပါတယ်" လို့ သူက ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီတပ်က ကျင်းပပြုလုပ်နေတဲ့ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ကြောင်းကို အာမခံတယ်လို့လည်း စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ မဲပေးဖို့လာစဥ် မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

မဲပေးဖို့လာတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က "လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ဒီနေ့မဲပေးတာကို ကြည့်ရင်သိလိမ့်မယ်၊ မဲပေးဖို့အတွက် အကြိုကာလတွေရှိမယ်၊ အဲဒီမှာ ပါတီတွေရဲ့လုပ်ဆောင်ချက်တွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေ၊ နောက်တစ်ခါ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်လိုက်ရင်လည်း တွေ့ပါလိမ့်မယ်၊ ဒီနေ့မဲပေးပြီးတဲ့အခါမှာလည်း ညနေကျရင်အသံထွက်လာမှာပါ၊ အဲခါကျရင်လည်း ပြောလို့ရတာပေါ့၊ အဲတာပြီးတော့မှ ကျနော်တို့က လွတ်လပ်ပြီး တရားမျှတမှုရှိရဲ့လား၊ မရှိလားဆိုတာ ပြောလို့ရပါတယ်၊ ကျနော်တော့ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ အာမခံပါတယ်၊ တပ်မတော်က လုပ်တာ နာမည်ပျက်မခံဘူး" လို့ မီဒီယာတွေနဲ့ တွေ့ဆုံစဥ်ပြောခဲ့တာလည်း ဖြစ်ပါတယ်။

အလားတူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က ကျင်းပပြုလုပ်တဲ့ ရွေးကောက်ပွဲဟာလည်း အကြီးအကျယ် အမည်ပျက်၊ ရုပ်ပျက်ဆင်းပျက်နဲ့ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တယ်လို့လည်း စွပ်စွဲပြောဆိုခဲ့ပါသေးတယ်။

လက်ရှိကျင်းပနေတဲ့ ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲကာ ကျင်းပမှာဖြစ်ပြီး ဒီကနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ အပိုင်း ၁၊ လာမဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ အပိုင်း ၂ နဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ အပိုင်း ၃ ခွဲခြားကျင်းပမှာလည်း ဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီတပ်က ကျင်းပပြုလုပ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေ၊ နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက ကန့်ကွက်ရှုတ်ချထားတာလည်း ဖြစ်ပါတယ်။
🤮13👎31👍1
တနင်္သာရီမှာ အတုအယောင်ရွေးကောက်ပွဲပြုလုပ်ဖို့ပြင်နေတဲ့အိမ်ကို ဒရုန်းနဲ့တိုက်ခိုက်

🟥အရာရှိအပါအ၀င် စစ်ကောင်စီတပ်ဖွဲ့၀င် ၅ ဦးသေဆုံးနိုင်ဟုဆို

BBM - ဒီဇင်ဘာ ၂၈
သတင်း - Richard

တနင်္သာရီတိုင်း၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြစဉ် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရာရှိ အပါအ၀င် စစ်ကောင်စီတပ်ဖွဲ့၀င် ၅ ဦးသေဆုံးနိုင်တယ်လို့ Dragon Squad (TNI)ရဲ့ တာ၀န်ရှိသူက BBM ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်၊ မနက် ၈ နာရီခန့်မှာ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာရွာတံတားကြီးအနီးရှိ ငှက်သိုက်ပြုလုပ်တဲ့အိမ်မှာ ရွေးကောက်ပွဲအတွက် စီစဉ်နေကြစဉ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဒရုန်းဗုံးသီး ၁ လုံး တစ်ကြိမ် တည်းပါဗျ၊ ဟိုကောင်(စကစ)တွေ ၅ ကောင်လောက်ထိတယ်ကြားတယ်ဗျ”လို့ အဆိုပါ တာ၀န်ခံက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဘက်က အိမ်တွေအထိလာပြီး မဲထည့်ဖို့ ဖိအားပေးတာတွေရှိတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီပြုလုပ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို တော်လှန်ရေးတပ်ဖွဲ့တွေက ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ နိုင်ငံနဲ့အဝှမ်း ဖောက်ခွဲတိုက်ခိုက်တာတွေ လုပ်ဆောင်လျက်ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ နာရီခွဲကျော်လောက်မှာလည်း မြ၀တိမြို့၊ အမှတ် ၄ ရပ်ကွက်ရှိ စစ်ကောင်စီ ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ဖွံ့ပါတီရုံးကို တော်လှန်ရေး‌တပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ကြပါသေးတယ်။

Video - Dragon Squad TNI
🥰6👏3👍1
မန္တလေး လပခ ကိုပစ်တဲ့ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲတာနဲ့ ပတ်သက်ပြီး မန်းဝန်ကြီးချုပ် ဝန်ခံ

🟥စကစ ရဲ့အတုအယောင်ရွေးကောက်ပွဲကို ရတဲ့နည်းနဲ့ဆက်လက်ဆန့်ကျင်ရန် BWM တိုက်တွန်း

BBM-ဒီဇင်ဘာ၂၈
သတင်း-မင်းသော်

မန္တလေးတိုင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)အတွင်းသို့ BWM မှပစ်တဲ့ ရှော့တိုက်
ဒုံး(၄)လုံး ကျရောက်ပေါက်ကွဲပြီး ထိခိုက်ပျက်ဆီးမှုတွေရှိကြောင်း မန်းဝန်ကြီးချုပ် ကိုယ်တိုင်ဝန်ခံပြောဆိုထားတယ်လို့ Brave Warriors For Myanmar (BWM)အဖွဲ့ထံမှ သိရပါတယ်။

စစ်ကောင်စီ ရွေးကောက်ပွဲကျင်းပမဲ့ ဒီဇင်ဘာလ ၂၈ ရက်၊ မနက်(၁)နာရီခန့်မှာ BWM ရဲ့ Mission 48 အဖြစ် BWM မှဦးဆောင်ကာ No More Dictatorship (NMD-PDF)၊ Shadow အညာနဲ့ Infinity(ပူးပေါင်းအဖွဲ့)တို့က မန္တလေးနန်းတွင်း လပခ စစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး(၅)လုံးပစ်ခတ်ရာ (၄)လုံးအောင်မြင်စွာပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ရှော့တိုက်ဒုံးတွေ လပခ ဌာနချုပ်အတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့ အသံကို မန္တလေးတစ်မြို့လုံး အတိုင်းသားကြားခဲ့ရသလို နန်းတွင်းထဲ ထိခိုက်မှုတွေရှိကြောင်းကိုလည်း စစ်ကောင်စီရဲ့ မန်းဝန်ကြီးချုပ် ဦးမျိုးအောင်ကိုယ်တိုင် ဝန်ခံပြောဆိုထားတယ်လို့ BWM မှတာဝန်ရှိသူတစ်ဦးက BBM ကိုပြောပါတယ်။

"၄ လုံးစလုံး လပခ ထဲ ကျရောက်ပေါက်ကွဲတာ နယ်မြေခံ သတင်းတွေဆီက မနက်အစော ကတည်းက ရပြီးပါပြီ၊ တစ်ချိန်ထဲမှာလဲ မန်းတစ်မြို့ လုံး နန်းတွင်းထဲ ရှော့တိုက်ဒုံး ကျတာ ကြားထားတာမို့ မတတ်သာလို့ စကစ ဘက်က ဝန်ခံရပုံပဲ၊ စကစ မန်းဝန်ကြီးချုပ် မနက်က interview မှာ ဝန်ခံတယ်"လို့ ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကျင်းပမဲ့ ရပ်ကွက်ရုံးတွေကို တိုက်ခိုက်ရင် အရပ်သားပြည်သူတွေ ထိခိုက်မှုစိုးရိမ်တာကြောင့် အခုလို မန္တလေးနန်းတွင်းထဲ ပစ်ခတ်ရခြင်းဖြစ်ပြီး ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲပြီးတာနဲ့ စစ်ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုစစ်တပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူအချို့ ထိခိုက်ခဲ့ရပြီး စစ်ကောင်စီအနေနဲ့ ပြည်သူတွေရဲ့ထိခိုက်မှုကို BWM တပ်ဖွဲ့အပေါ် ပုံချဖို့ ကြိုးပမ်းလုပ်ဆောင်နေတယ်လို့လည်း အဆိုပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

"ပြည်သူကိုထိမှာစိုးလို့ မဲရုံရှိတဲ့ဘက်တွေကိုမပစ်ဘဲ၊ လပခ ကိုပဲပစ်တာပါ၊ တစ်ချိန်ထဲမှာ
စကစ ဘက်က counter ပစ်တာကြောင့် ပြည်သူထိတာကို ဒီဘက်ကကြောင့်လို့ ဝါဒဖြန့်ချင်ပုံပဲခင်ဗျ၊ ပြည်သူတွေနေရာနဲ့ ကျွန်တော်တို့ပစ်တဲ့ direction က တခြားစီမို့၊ ရှော့ဒုံးကြောင့် လုံးဝ မဖြစ်နိုင်ပါဘူး ခင်ဗျ"လို့ သူက ဆက်ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ (၂)ဦးထိခိုက်ဒဏ်ရာရထားတယ်လို့ ထုတ်ပြောထားပေမဲ့ မြေပြင်မှာ ဒီထက်ပိုထိခိုက်နိုင်ပြီး ပြည်သူတွေအနေနဲ့ သတိဝီရိယနဲ့ စစ်ရေး target တွေကနေရှောင်ရှားကာ အတုအယောင်ရွေးကောက်ပွဲကို ရတဲ့နည်းနဲ့ ဆန့်ကျင်ကြဖို့အတွက်လည်း BWM အဖွဲ့က တိုက်တွန်းပြောဆိုထားပါတယ်။

Photo-ပုံဟောင်း
👍64
3👍3
အောင်လံမှာ စကစ ရွေးကောက်ပွဲပြုလုပ်နေစဉ် စစ်တပ်ဂိတ်ကို လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်

BBM-ဒီဇင်ဘာ၂၈
သတင်း-မင်းသော်

စစ်ကောင်စီဘက်မှ ရွေးကောက်ပွဲကျင်းပပြုလုပ်နေစဥ် မကွေးတိုင်း၊ အောင်လံမြို့နယ်ရှိ ဆပ်ဆူဝရွာ စစ်တပ်ဂိတ်စခန်းကို လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ၉၀၂တပ်ရင်း၊ တပ်ခွဲ(၃)တောင်တွင်းကြီးတပ်ခွဲက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်(ဒီနေ့)မှာ အောင်လံမြို့နယ် သမ္ဗူလရဲစခန်းနဲ့ ကပစ(၁၅)တို့ကို အကာအကွယ်ပေးနေတဲ့ ဆပ်ဆူဝရွာ စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးအဖွဲ့တွေက ၆၀ မမ လက်နက်ကြီး(၄)လုံးနဲ့ သွားရောက်ပစ်ခတ်ရာ ပစ်မှတ်ကိုထိရောက်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပစ်ခတ်မှုအပြီး တော်လှန်ရေးရဲဘော်များအနေနဲ့ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပေမဲ့ စစ်ကောင်စီထိခိုက်မှုအခြေအနေများကို လက်ရှိအချိန်ထိ သေချာစွာမသိရှိရသေးဘဲ စကစဘက်မှ ရမ်းသမ်းပစ်ခတ်မှုတွေပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ (၉၀၂)တပ်ရင်း၊ တပ်ခွဲ(၃)၊တောင်တွင်းကြီးတပ်ခွဲမှ ထုတ်ပြန်ကြေငြာထားပါတယ်။
👍111
မောင်တောမြို့နယ်ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်၊ နေအိမ် ၅ လုံးခန့်မီးလောင်ပျက်စီး

BBM - ဒီဇင်ဘာ ၂၈
သတင်း - နိုင်နိုင်

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်၊ မောင်တောမြို့မြောက်ပိုင်း၊ ကြိမ်းချောင်းကျေးရွာရှိ နယ်ခြားစောင့်ရဲစခန်း (နခခ ၇) အနီးအနားကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်ဖိုက်တာတစ်စီးနဲ့ ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မောင်တောဒေသခံတွေဆီက သိရပါတယ်။

မနေ့က ဒီဇင်ဘာလ ၂၇ ရက်၊ ည ၁၁ နာရီခွဲခန့်မှာ စစ်ကောင်စီဟာ လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အနီးအနားရှိ နေအိမ် ၅ လုံးခန့်မှာ မီးလောင်ပျက်စီးသွားတယ်လို့ မောင်တောဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

"မနေ့က ညနေပိုင်းက ဂျက်ဖိုက်တာတစ်စီး ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။ ကြိမ်ချောင်းရှိ (နခခ ၇) အနီးအနားမှာ ကျရောက်ပေါက်ကွဲတယ်လို့ ကြားပါတယ်။ နေအိမ် ၅ လုံး မီးလောင်ပျက်စီးသွားပါတယ် " လို့ မောင်တော ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာ ၃ ရွာကို လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့မှုကြောင့် နေအိမ် ၂ ဆောင်မှာ ဗုံးစတွေထိမှန်ကာပျက်စီးသွားတယ်လို့ ပုဏ္ဏားကျွန်းဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အတုယောင်ရွေးကောက်ပွဲ ပထမအပိုင်းကို ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပပြုလုပ်နေပေမဲ့လည်း အရပ်သားပြည်သူတွေကို ဦးတည်ကာ လေကြောင်း၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်က ရွေးကောက်ပွဲ ပြုလုပ်နေတဲ့ ဒီဇင်ဘာလအတွင်း စစ်တပ်ကနေ ရခိုင်ဒေသကို လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၄၂ ဦး သေဆုံးခဲ့ပြီး ၈၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
5🤬5
🖕5👍2
သထုံမြို့နယ်မှာ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြည်သူများဆန္ဒပြ

BBM-ဒီဇင်ဘာ ၂၈
သတင်း-ကိုဘုဏ်း

မွန်ပြည်နယ်၊ သထုံမြို့မှာ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများက ဆန့်ကျင် ဆန္ဒပြခဲ့ကြတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ကြေငြာထားပါတယ်။

ကရင်အမျိူးသားအစည်းအရုံး KNU ၊ ကော်သူးလေအုပ်ချူပ်မှု နယ်မြေအတွင်းရှိ သထုံမြို့နေပြည်သူတွေ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို လက်မခံကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုနိုင်ခြင်းမရှိတဲ့ အတုအယောင်ရွေးကောက်ပွဲဖြစ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီရွေးကောက်ပွဲစနစ်တစ်ရပ် မဟုတ်ကြောင်း၊ မတရားတဲ့ ရွေးကောက်ပွဲကို လက်မခံနိုင်ကြောင်းနဲ့ ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြောင်း ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါဆန္ဒပြပွဲကို ကရင်လူငယ်အစည်းအရုံး(KYO)နဲ့ ဒူးသထူးခရိုင်အတွင်းမှာရှိတဲ့တာဝန်ရှိသူခေါင်းဆောင်တွေက ဦးဆောင်ပြီး လူဦးရေ ၄၀၀ ကျော်ပါဝင်ခဲ့တယ်လို့ ကရင်အမျိူးသားအစည်းအရုံး KNU က ကြေငြာထားပါတယ်။
4👍4
👍43