ခင်ဦးမြို့နယ် လူစုလူဝေးရှိတဲ့နေရာကို စစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ ၉ ဦးခန့် သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ
🟥လမ်းပိတ်ဆို့မှုကြောင့် ရပ်နားထားတဲ့ ကုန်စည်ကား၊ ဆီသယ်ကား စုစုပေါင်း ၈ စီးခန့် မီးလောင်ပျက်စီး
BBM - ဒီဇင်ဘာ ၂၈
သတင်း - နိုင်နိုင်
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်ဖိုက်တာ (၁)စီး၊ Mi 35 (၁) စီးတို့နဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၉ ဦးခန့် သေဆုံးပြီးတော့ ၁၀ ဦးကျော်မှာ ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ နေ့လည် ၁၂ နာရီ ၄၀ မိနစ်အချိန်မှာ စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာ(၁)စီး၊ Mi 35 (၁)စီးတို့နဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာ Star link ဆိုင်၊ ထမင်း/စားဖွယ်စုံနဲ့ ဆိုင်ခန်းတွေကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။
အခုလို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား အပြစ်မဲ့ပြည်သူ (၉)ဦးခန့် သေဆုံးပြီး (၁၀)ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိသွားကာ အဆိုပါ ဗုံးကြဲချခံရတဲ့ နေရာအတွင်းမှာပင် လမ်းကြောပိတ်ဆို့မှုကြောင့် ရပ်နားထားတဲ့ ခရီးသည်ကုန်စည်ကား၊ ဆီဘောက်ဆာကားနဲ့ ဆီသယ်ကား စုစုပေါင်း ၈ စီးခန့်မှာလည်း မီးလောင်ပျက်စီးသွားရတာဖြစ်တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့၊ နေ့လယ်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာတစ်စီး၊ ဂျိုင်ရိုကော်ပတာ (၃)စီးနဲ့အတူ ခင်ဦးမြို့နယ်၊ မြေနီသျှိုလမ်းဆုံအနီးကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဆီခြံပေါ်ကိုတည့်တည့်ကျရောက်ခဲ့ပြီး ရွှေဘို - မြစ်ကြီးနား လမ်းကြောအတွင်း ပိတ်မိနေတဲ့ ကားသမားတွေ၊ ၊ ခရီးသွားပြည်သူတွေအပါအဝင် လမ်းဆုံအနီးရှိ စျေးဆိုင်ရှင်တွေနဲ့ အရပ်သားပြည်သူ စုစုပေါင်း ၆ ဦး သေဆုံးသွားခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိတဲ့သူတွေ များပြားခဲ့တယ်လို့လည်း သိရပါတယ်။
အလားတူ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဟာ ခင်ဦးမြို့နယ် အရှေ့တောင်ဖက်ခြမ်းက ဧရာဝတီမြစ်ကူး ဆိပ်ကမ်းနှစ်ခုကို ဂျက်ဖိုက်တာ (၅)စီးနဲ့ အကြိမ်ရေ (၃၀)ထက်မနည်း လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဧရာဝတီမြစ်ကို ဖြတ်ကူးကာ စစ်ရှောင်လာကြတဲ့ မန္တလေး - စဉ်ကူးနယ်က ဒေသခံ (၇) ဦးခန့် သေဆုံးသွားခဲ့ရပြီး (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေကို လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲချတိုက်ခိုက်နေတာကြောင့် ခင်ဦးမြို့နယ်က ဒေသခံပြည်သူတွေအနေနဲ့လည်း သတိကြီးစွာနဲ့ သွားလာ နေထိုင်ကြပါဖို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးတိုက်တွန်းထားပါတယ်။
#bbmnews #bbm #bbmtv #KhinOo #Mi35

🤬8👎3👍1🖕1
ဂွာတီမာလာမှာ ဘတ်စ်ကား ချောက်ထဲကို ထိုးကျမှုကြောင့် အနည်းဆုံး ၁၅ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိ
BBM-ဒီဇင်ဘာ ၂၈
ဂွာတီမာလာနိုင်ငံ အနောက်ပိုင်းရှိ Inter-American အဝေးပြေးလမ်းမကြီးပေါ်မှာ ခရီးသည်တင်ဘတ်စ်ကားတစ်စင်း ချောက်ထဲကို ထိုးကျသွားပြီးနောက် အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ဒေသခံ မီးသတ်ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ လင်ဒရို အမန်ဒို(Leandro Amado)ရဲ့ အဆိုအရ သေဆုံးသူတွေထဲမှာ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၃ ဦးနဲ့ အရွယ်မရောက်သေးသူတစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၂၇ရက် စနေနေ့က ဒဏ်ရာရသူ ၁၉ ဦးခန့်ကို မတော်တဆမှုဖြစ်ပွားရာနေရာအနီးရှိ ဆေးရုံတွေကို ပို့ဆောင်ခဲ့ကြောင်း အမန်ဒိုက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အဆိုပါမတော်တဆမှုဟာ တိုတိုနီကာပန်(Totonicapan) (အနောက်ပိုင်း ဂွာတီမာလာ)မှာ ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။
အဆိုပါဒေသဟာ မြူထူထပ်မှုကြောင့် ယာဉ်မောင်းတွေ အတွက်လည်း အတော်ဒုက္ခများတဲ့လမ်းလို့ဆိုပါတယ်။
Reference-Al Jazeera
Translator-Richard
Photo-Al Jazeera
#bbmnews #bbm #bbmtv #American #LeandroAmado

😢5👍1
မြောင်မြို့ပေါ် ဗိုလ်ချုပ်ကြေးရုပ်မှာ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆိုင်းဘုတ်ထောင်ဆန္ဒပြ
BBM-ဒီဇင်ဘာ၂၈
သတင်း-ခက်ဆစ်
စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ရှိ ဗိုလ်ချုပ်ကြေးရုပ်မှာ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပိုစတာဆိုင်းဘုတ်ထောင်ခဲ့တယ်လို့ မြောင်မြို့နယ် လူထုတိုက်ပွဲဦးဆောင်ကော်မတီက ယမန့်နေ့ ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
မြောင်မြို့ပေါ် ဗိုလ်ချုပ်ကြေးရုပ်မှာ မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ အဖွဲ့ဝင်တွေက အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပိုစတာဆိုင်းဘုတ် ထောင်ခဲ့တာဖြစ်ပြီး လုံခြုံရေးအဖြစ် Blood Brother နဲ့ MRF တို့က ဝန်းရံပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
"မိမိလုံခြုံရေး ဦးစားပေး ဒါနိုင်ငံသား အခွင့်အရေး၊ အတုအယောင်ရွေးကောက်ပွဲ မဲမပေးကြေး" စာသားပါ ပိုစတာဆိုင်းဘုတ်ထောင်ပြီး ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာပါ။
ဒါ့အပြင် မြောင်မြို့နယ်မှာ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး အတုအယောင် ရွေးကောက်ပွဲကို လူထုအားနဲ့ ဆန့်ကျင်ကြဖို့အတွက် လူထုဟောပြောပွဲ လှုပ်ရှားမှုကိုလည်း ပြုလုပ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ ကျေးလက်ဒေသတွေမှာ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ စစ်ကြောင်းထိုးတာတွေ ပြုလုပ်လျက်ရှိသလို မြို့ပြတွေနဲ့ ခရီးသွားပြည်သူတွေကိုလည်း လက်နက်နဲ့ခြိမ်းခြောက်ပြီး အတင်းအကြပ် ပေးခိုင်းစေမှုတွေ ပြုလုပ်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။
စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကို ငြိမ်မခံဘဲ ကျေးလက်ပုန်ကန်၊ မြို့ပြဖီဆန်ကာ နိုင်ငံရေးအံတုဆန့်ကျင်မှုတွေကို အန္တရာယ်အကင်းဆုံးနည်းလမ်းတွေနဲ့ ဆန့်ကျင်ကြဖို့ကိုလည်း မြောင်မြို့နယ် လူထုတိုက်ပွဲဦးဆောင်ကော်မတီက တိုက်တွန်းထားပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ စစ်တပ်လက်အောက်ခံ ကြံ့ဖွံ့ပါတီရုံးနဲ့ နေရာအချို့မှာလည်း ရွေးကောက်ပွဲ မတိုင်ခင် မနေ့က ဒီဇင်ဘာလ ၂၇ ရက်၊ ညပိုင်းမှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
#bbmnews #bbm #bbmtv #BloodBrother #Election

❤14👍4