3.48K subscribers
5.58K photos
393 videos
2.88K links
Breaking Brainwashed Media
Download Telegram
ခင်ဦးမြို့နယ် လူစုလူဝေးရှိတဲ့နေရာကို စစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ ၉ ဦးခန့် သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ

🟥လမ်းပိတ်ဆို့မှုကြောင့် ရပ်နားထားတဲ့ ကုန်စည်ကား၊ ဆီသယ်ကား စုစုပေါင်း ၈ စီးခန့် မီးလောင်ပျက်စီး

BBM - ဒီဇင်ဘာ ၂၈
သတင်း - နိုင်နိုင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်ဖိုက်တာ (၁)စီး၊ Mi 35 (၁) စီးတို့နဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၉ ဦးခန့် သေဆုံးပြီးတော့ ၁၀ ဦးကျော်မှာ ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ နေ့လည် ၁၂ နာရီ ၄၀ မိနစ်အချိန်မှာ စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာ(၁)စီး၊ Mi 35 (၁)စီးတို့နဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာ Star link ဆိုင်၊ ထမင်း/စားဖွယ်စုံနဲ့ ဆိုင်ခန်းတွေကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

အခုလို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား အပြစ်မဲ့ပြည်သူ (၉)ဦးခန့် သေဆုံးပြီး (၁၀)ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိသွားကာ အဆိုပါ ဗုံးကြဲချခံရတဲ့ နေရာအတွင်းမှာပင် လမ်းကြောပိတ်ဆို့မှုကြောင့် ရပ်နားထားတဲ့ ခရီးသည်ကုန်စည်ကား၊ ဆီဘောက်ဆာကားနဲ့ ဆီသယ်ကား စုစုပေါင်း ၈ စီးခန့်မှာလည်း မီးလောင်ပျက်စီးသွားရတာဖြစ်တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့၊ နေ့လယ်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာတစ်စီး၊ ဂျိုင်ရိုကော်ပတာ (၃)စီးနဲ့အတူ ခင်ဦးမြို့နယ်၊ မြေနီသျှိုလမ်းဆုံအနီးကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဆီခြံပေါ်ကိုတည့်တည့်ကျရောက်ခဲ့ပြီး ရွှေဘို - မြစ်ကြီးနား လမ်းကြောအတွင်း ပိတ်မိနေတဲ့ ကားသမားတွေ၊ ၊ ခရီးသွားပြည်သူတွေအပါအဝင် လမ်းဆုံအနီးရှိ စျေးဆိုင်ရှင်တွေနဲ့ အရပ်သားပြည်သူ စုစုပေါင်း ၆ ဦး သေဆုံးသွားခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိတဲ့သူတွေ များပြားခဲ့တယ်လို့လည်း သိရပါတယ်။

အလားတူ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဟာ ခင်ဦးမြို့နယ် အရှေ့တောင်ဖက်ခြမ်းက ဧရာဝတီမြစ်ကူး ဆိပ်ကမ်းနှစ်ခုကို ဂျက်ဖိုက်တာ (၅)စီးနဲ့ အကြိမ်ရေ (၃၀)ထက်မနည်း လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဧရာဝတီမြစ်ကို ဖြတ်ကူးကာ စစ်ရှောင်လာကြတဲ့ မန္တလေး - စဉ်ကူးနယ်က ဒေသခံ (၇) ဦးခန့် သေဆုံးသွားခဲ့ရပြီး (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေကို လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲချတိုက်ခိုက်နေတာကြောင့် ခင်ဦးမြို့နယ်က ဒေသခံပြည်သူတွေအနေနဲ့လည်း သတိကြီးစွာနဲ့ သွားလာ နေထိုင်ကြပါဖို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးတိုက်တွန်းထားပါတယ်။

#bbmnews #bbm #bbmtv #KhinOo #Mi35
🤬8👎3👍1🖕1
😢9😡2👍1
👎4😢4👍1😡1
ဂွာတီမာလာမှာ ဘတ်စ်ကား ချောက်ထဲကို ထိုးကျမှုကြောင့် အနည်းဆုံး ၁၅ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိ

BBM-ဒီဇင်ဘာ ၂၈

ဂွာတီမာလာနိုင်ငံ အနောက်ပိုင်းရှိ Inter-American အဝေးပြေးလမ်းမကြီးပေါ်မှာ ခရီးသည်တင်ဘတ်စ်ကားတစ်စင်း ချောက်ထဲကို ထိုးကျသွားပြီးနောက် အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ဒေသခံ မီးသတ်ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ လင်ဒရို အမန်ဒို(Leandro Amado)ရဲ့ အဆိုအရ သေဆုံးသူတွေထဲမှာ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၃ ဦးနဲ့ အရွယ်မရောက်သေးသူတစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၂၇ရက် စနေနေ့က ဒဏ်ရာရသူ ၁၉ ဦးခန့်ကို မတော်တဆမှုဖြစ်ပွားရာနေရာအနီးရှိ ဆေးရုံတွေကို ပို့ဆောင်ခဲ့ကြောင်း အမန်ဒိုက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အဆိုပါမတော်တဆမှုဟာ တိုတိုနီကာပန်(Totonicapan) (အနောက်ပိုင်း ဂွာတီမာလာ)မှာ ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။

အဆိုပါဒေသဟာ မြူထူထပ်မှုကြောင့် ယာဉ်မောင်းတွေ အတွက်လည်း အတော်ဒုက္ခများတဲ့လမ်းလို့ဆိုပါတယ်။

Reference-Al Jazeera
Translator-Richard
Photo-Al Jazeera

#bbmnews #bbm #bbmtv #American #LeandroAmado
😢5👍1
😢4👍1
မြောင်မြို့ပေါ် ဗိုလ်ချုပ်ကြေးရုပ်မှာ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆိုင်းဘုတ်ထောင်ဆန္ဒပြ

BBM-ဒီဇင်ဘာ၂၈
သတင်း-ခက်ဆစ်

စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ရှိ ဗိုလ်ချုပ်ကြေးရုပ်မှာ စစ်ကောင်စီရဲ့ အတုအယောင်‌ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပိုစတာဆိုင်းဘုတ်ထောင်ခဲ့တယ်လို့ မြောင်မြို့နယ် လူထုတိုက်ပွဲဦးဆောင်ကော်မတီက ယမန့်နေ့ ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

မြောင်မြို့​ပေါ် ဗိုလ်ချုပ်​ကြေးရုပ်မှာ ​မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦး​ဆောင်​ကော်မတီမှ အဖွဲ့ဝင်တွေက ​အတုအ​ယောင်​ရွေး​ကောက်ပွဲဆန့်ကျင်​ရေး ပိုစတာဆိုင်းဘုတ် ​ထောင်ခဲ့တာဖြစ်ပြီး လုံခြုံ​ရေးအဖြစ် Blood Brother နဲ့ MRF တို့က ဝန်းရံပူး​ပေါင်း​ဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

"မိမိလုံခြုံ​ရေး ဦးစား​ပေး ဒါနိုင်ငံသား အခွင့်အ​ရေး၊ အတုအ​ယောင်​ရွေး​ကောက်ပွဲ မဲမ​ပေး​ကြေး" စာသားပါ ပိုစတာဆိုင်းဘုတ်ထောင်ပြီး ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာပါ။

ဒါ့အပြင် မြောင်မြို့နယ်မှာ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး အတုအယောင် ရွေးကောက်ပွဲကို လူထုအားနဲ့ ဆန့်ကျင်ကြဖို့အတွက် လူထုဟောပြောပွဲ လှုပ်ရှားမှုကိုလည်း ပြုလုပ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ​ကျေးလက်​ဒေသတွေမှာ ​ရွေး​ကောက်ပွဲပြုလုပ်နိုင်ဖို့ စစ်​ကြောင်းထိုးတာတွေ ပြုလုပ်လျက်ရှိသလို မြို့ပြတွေနဲ့ ခရီးသွားပြည်သူတွေကိုလည်း ​လက်နက်နဲ့ခြိမ်းခြောက်ပြီး အတင်းအကြပ် ​ပေးခိုင်း​စေမှုတွေ ပြုလုပ်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကို ငြိမ်မခံဘဲ ကျေးလက်ပုန်ကန်၊ မြို့ပြဖီဆန်ကာ နိုင်ငံရေးအံတုဆန့်ကျင်မှုတွေကို အန္တရာယ်အကင်းဆုံးနည်းလမ်းတွေနဲ့ ဆန့်ကျင်ကြဖို့ကိုလည်း မြောင်မြို့နယ် လူထုတိုက်ပွဲဦးဆောင်ကော်မတီက တိုက်တွန်းထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ စစ်တပ်လက်အောက်ခံ ကြံ့ဖွံ့ပါတီရုံးနဲ့ နေရာအချို့မှာလည်း ရွေးကောက်ပွဲ မတိုင်ခင် မနေ့က ဒီဇင်ဘာလ ၂၇ ရက်၊ ညပိုင်းမှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

#bbmnews #bbm #bbmtv #BloodBrother #Election
❤14👍4
👍11❤5