3.48K subscribers
5.58K photos
393 videos
2.88K links
Breaking Brainwashed Media
Download Telegram
👍11
ရွေးကောက်ပွဲမဲထည့်ဖို့ မြို့နယ်တွေမှာ စစ်တပ်က လိုက်လံဆော်သြနေပေမဲ့ ပြည်သူတွေစိတ်ဝင်စားမှုနည်းပါး

🟥မဲရုံစောင့်တာဝန်ကျ Non CDM တွေအားလုံး ကြိုတင်မဲပေးရပြီး ပြည်နယ်ရုံးချုပ်ကို စာရင်းအတိအကျနဲ့ပို့ခိုင်း

BBM-ဒီဇင်ဘာ၂၇
သတင်း-မင်းသော်

စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲမှာ မဲထည့်ဖို့အတွက် ပထမအဆင့်ရွေးကောက်ပွဲကျင်းပမဲ့ မြို့နယ်တွေအတွင်း ဆော်သြမှုတွေလိုက်လံပြုလုပ်နေပေမဲ့ ပြည်သူတွေအနေနဲ့ စိတ်ဝင်စားမှုနည်းပါးနေတယ်လို့ ပြည်သူအချို့ထံမှ သိရပါတယ်။

လာမဲ့ ဒီဇင်ဘာလ ၂၈ ရက်မှာ စစ်ကောင်စီက ဦးဆောင်ကျင်းပမဲ့ ပထမအဆင့်ရွေးကောက်ပွဲကို မြို့နယ် ၁၀၂ မြို့နယ်တွေမှာ စတင်ကျင်းပမှာဖြစ်ပြီး စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အဆိုပါမြို့နယ်တွေအတွင်း မဲထည့်ရန် လိုက်လံပြောဆိုမှုတွေရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ရက်နေ့ကစပြီး ရန်ကုန်မြို့ အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်တွေမှာ ရွေးကောက်ပွဲမဲထည့်ရန်နဲ့ မဲစာရင်းစစ်ရန်အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေက နေ့စဥ်လိုက်လံဆော်သြခဲ့တယ်လို့ သိရပါတယ်။

အလားတူ စစ်ကောင်စီသိမ်းပိုက်ထားတဲ့ လားရှိုးမြို့အတွင်းမှာ ဒီဇင်ဘာလ ၂၇ ရက်(ဒီနေ့)ညနေကစပြီး ရွေးကောက်ပွဲကို မဖြစ်မနေမဲထည့်ကြရန် လိုက်ကြေငြာသလို စစ်ကိုင်းမြို့ပေါ်ကရပ်ကွက်တွေမှာ မဲထည့်ရန်အတွက် နာမည်နဲ့မှတ်ပုံတင်နံပတ်တွေပါတဲ့ စာရွက်တွေကိုရုံးမှဖြန့်ဝေပြီး မဖြစ်မနေမဲထည့်ကြရန် ခြိမ်းခြောက်ပြောဆိုတာတွေပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

ဒီလိုရွေးကောက်ပွဲအတွက် စစ်တပ်ဘက်မှ နည်းမျိုးစုံဖြင့် လိုက်လံဆော်သြတာတွေ၊ ခြိမ်းခြောက် အကြပ်ကိုင်တာတွေပြုလုပ်နေပေမဲ့လည်း ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှုနည်းပါးနေတယ်လို့ အင်းစိန်မြို့နေပြည်သူတစ်ဦးထံမှ သိရပါတယ်။

"မဲပေးဖို့ကတော့ လိုက်အော်နေပြီ ရပ်ကွက်အလိုက်ထည့်ရမယ်ထင်တယ်၊ သူတို့သာအော်နေတာ ပြည်သူကစိတ်မဝင်စားကြပါဘူး၊ ကိုယ့်စားဝတ်နေရေးနဲ့ကိုယ်လုံးပန်းနေတာ၊ ပြည်သူ၁၀၀မှာ ၉၀ လောက်က လုံးဝ စိတ်မဝင်စားဘူး" လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲနီးကပ်လာကတည်းက အရပ်ဘက်ဝန်ထမ်းတွေကို တာဝန်မှအပ ခရီးဝေးသွားလာခွင့်ပိတ်ပင်ထားပြီး မဖြစ်မနေသွားရမယ်ဆိုရင်တောင် အထက်ကိုအဆင့်ဆင့်တင်ပြရမယ်လို့ ညွှန်ကြားထားတယ်လို့ Non CDM တွေထံမှ သိရပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမဲရုံတွေမှာ တာဝန်ကျမဲ့ ဝန်ထမ်းတွေအနေနဲ့လည်း ၂၈ ရက်နေ့မတိုင်ခင် ကြိုတင်မဲတွေကို မဖြစ်မနေပေးရမှာဖြစ်ပြီး ဘယ်မဲရုံမှာ ဝန်ထမ်းအရေအတွက် ဘယ်နှစ်ယောက်ကြိုတင်မဲထည့်တယ်ဆိုတာကအစ ပြည်နယ်ရုံးချုပ်ကို ပြန်လည်တင်ပြရတယ်လို့လည်း Non CDM အသိုင်းအဝိုင်းထံမှ သိရပါတယ်။

"ဌာဆိုင်ရာဝန်ထမ်းတချို့ ( မဲရုံစောင့်ကျတဲ့ဝန်ထမ်းတွေ) ဟာ ကြိုတင်မဲ မဖြစ်မနေထည့်ကြရပြီး ဌာနအလိုက် ဘယ်ဝန်ထမ်းက ဘယ်နေ့မှာ ဘယ်မဲရုံ၌ မဲထည့်ပြီးကြောင်းကို အထက်ပြည်နယ်ရုံးချုပ်ကို စာရင်းပြန်တင်ပေးရတယ်လို့ သိရတယ်၊ ဝန်ထမ်းတိုင်း မဲထည့်ဖို့နဲ့ မဲထည့်ပြီးကြောင်းစာရင်းကို ပြုစုတင်ပြဖို့ ဌာနအကြီးအကဲတွေကို ညွှန်ကြားထားပြီး အောက်ခြေဝန်ထမ်းတွေကို မဲမဖြစ်မနေထည့်ရမယ်လို့ ဖိအားပေးထားပါတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပမယ်လို့ ကြေငြာပြီးနောက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်းမှာသာမက ၂၀၂၆ ခုနှစ် ဇန်နဝါရီလ အတွင်းမှာပါ ဆက်လက်ကျင်းပသွားမယ်လို့လည်း သိရပါတယ်။

Photo-ပုံဟောင်း
👍7❤1😁1
❤5👍4
နေပြည်တော်၊ တပ်ကုန်းကို မဲရုံလုံခြုံရေးအတွက်လာတဲ့ စကစ ၂၀ ခန့်ကို အလစ်ဝင်တိုက်ခိုက်

🟥စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရ

BBM-ဒီဇင်ဘာ၂၇
သတင်း-မင်းသော်

နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်းကို မဲရုံလုံခြုံရေးအတွက်လာတဲ့ စစ်ကောင်စီအင်အား ၂၀ လောက်ကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်အလစ်ဝင်တိုက်ခိုက်ခဲ့တာကြောင့် စကစတပ်သား ၃ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ PDF - Tatkon "Battalion 803" ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်၊ ညနေ ၃ နာရီခန့်မှာ စကစ ရွေးကောက်ပွဲကို အကာအကွယ်ပေးဖို့ တပ်ကုန်းမြို့နယ်၊ သဲချောင်းကျေးရွာဘက်ကို စကစတပ်ဖွဲ့ဝင် ၂၀ ခန့်က စစ်ကြောင်းထိုးလာတဲ့လမ်းမှာ ခဏတဖြုတ်နားနေစဥ် တော်လှန်ရေးရဲဘော်တွေက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲကြာမြင့်ချိန် ၁၀ မိနစ်လောက်သာ ကြာမြင့်ခဲ့ပေမဲ့လည်း စစ်ကောင်စီတပ်သား(၃)ဦးသေဆုံးပြီး (၃)ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖို့အတွက် အဆိုပါတိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာန ၊ ဗျူဟာအမှတ် (၁၈)မှ တပ်ရင်း (၈၀၃၊ ၈၀၂)နဲ့တပ်ကုန်းမြို့နယ် ပကဖ တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ PDF-Tatkon Battalion 803 က ထုတ်ပြန်ကြေငြာထားပါတယ်။

Photo-ပုံဟောင်း
👏8❤3👍1
❤11👍3
မြ၀တီမြို့မှာ ရွေးကောက်ပွဲမတိုင်ခင်ည စစ်တပ်လက်အောက်ခံ ကြံ့ဖွံ့ပါတီရုံး ဖောက်ခွဲခံရ

BBM-ဒီဇင်ဘာ ၂၇
သတင်း-Richard

ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ စစ်ကောင်စီရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရုံးကို စစ်ကောင်စီပြုလုပ်မဲ့ ရွေးကောက်ပွဲမတိုင်ခင်ညမှာ ပြင်းအားမြင့်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက BBM ကိုပြောပါတယ်။

စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကျင်းပဖို့ ၁ ရက်အလိုဖြစ်တဲ့ ဒီဇင်ဘာလ ၂၇ ရက်၊ ည ၈ နာရီ ၄၅ မိနစ်ခန့်မှာ မြ၀တီမြို့အမှတ် ၄ ရပ်ကွက်၊ ကြံ့ခိုင်ရေးလမ်းရှိ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီရုံးကို ပြင်းအားမြင့်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

“အိမ်တွေကိုတုန်ထွက်သွားတာ၊ လက်ရှိတော့ မီးလောင်နေတာတွေ့ရတယ်၊ မီးခိုးလုံးတွေကို မနည်းဘူး၊ လမ်းသွားလမ်းလာတွေအတွက်ပဲစိတ်ပူတာ၊ ဟိုကောင်တွေကတော့ များများသေလေ ကောင်းလေပဲ”လို့ အဆိုပါ ‌ဒေသခံက ဆက်ပြောပါတယ်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ကြံ့ဖွံ့ရုံးဘေးက နေအိမ်တွေကို အစတွေလွင့်စင်ထိမှန်ပြီး
ပစ္စည်းတွေလည်း ငလျင်လှုပ်သလို ပြုတ်ကျခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးဖောက်ခွဲခံရပြီး မကြာမီ မြ၀တီရဲစခန်းဘက်မှာလည်း တစ်လုံးထပ်ကွဲခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးနဲ့ ရဲစခန်းကို ဘယ်အဖွဲ့အစည်းက အခုလို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုတာနဲ့ ထိခိုက်သေဆုံးမှုကို BBM အနေနဲ့ သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။

မြ၀တီမြို့မှာ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် လက်ရှိမှာ စစ်ကောင်စီတပ်၊ စစ်ကောင်စီလက်အောက်ခံ BGF နဲ့ DKBA တို့က လုံခြုံရေးယူပေးနေတာပဲ ဖြစ်ပါတယ်။

Video - Khin Thant Zin
👍11👏4❤2
ခင်ဦးမြို့နယ် လူစုလူဝေးရှိတဲ့နေရာကို စစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ ၉ ဦးခန့် သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ

🟥လမ်းပိတ်ဆို့မှုကြောင့် ရပ်နားထားတဲ့ ကုန်စည်ကား၊ ဆီသယ်ကား စုစုပေါင်း ၈ စီးခန့် မီးလောင်ပျက်စီး

BBM - ဒီဇင်ဘာ ၂၈
သတင်း - နိုင်နိုင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်ဖိုက်တာ (၁)စီး၊ Mi 35 (၁) စီးတို့နဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၉ ဦးခန့် သေဆုံးပြီးတော့ ၁၀ ဦးကျော်မှာ ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ နေ့လည် ၁၂ နာရီ ၄၀ မိနစ်အချိန်မှာ စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာ(၁)စီး၊ Mi 35 (၁)စီးတို့နဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာ Star link ဆိုင်၊ ထမင်း/စားဖွယ်စုံနဲ့ ဆိုင်ခန်းတွေကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

အခုလို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား အပြစ်မဲ့ပြည်သူ (၉)ဦးခန့် သေဆုံးပြီး (၁၀)ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိသွားကာ အဆိုပါ ဗုံးကြဲချခံရတဲ့ နေရာအတွင်းမှာပင် လမ်းကြောပိတ်ဆို့မှုကြောင့် ရပ်နားထားတဲ့ ခရီးသည်ကုန်စည်ကား၊ ဆီဘောက်ဆာကားနဲ့ ဆီသယ်ကား စုစုပေါင်း ၈ စီးခန့်မှာလည်း မီးလောင်ပျက်စီးသွားရတာဖြစ်တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့၊ နေ့လယ်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာတစ်စီး၊ ဂျိုင်ရိုကော်ပတာ (၃)စီးနဲ့အတူ ခင်ဦးမြို့နယ်၊ မြေနီသျှိုလမ်းဆုံအနီးကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဆီခြံပေါ်ကိုတည့်တည့်ကျရောက်ခဲ့ပြီး ရွှေဘို - မြစ်ကြီးနား လမ်းကြောအတွင်း ပိတ်မိနေတဲ့ ကားသမားတွေ၊ ၊ ခရီးသွားပြည်သူတွေအပါအဝင် လမ်းဆုံအနီးရှိ စျေးဆိုင်ရှင်တွေနဲ့ အရပ်သားပြည်သူ စုစုပေါင်း ၆ ဦး သေဆုံးသွားခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိတဲ့သူတွေ များပြားခဲ့တယ်လို့လည်း သိရပါတယ်။

အလားတူ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဟာ ခင်ဦးမြို့နယ် အရှေ့တောင်ဖက်ခြမ်းက ဧရာဝတီမြစ်ကူး ဆိပ်ကမ်းနှစ်ခုကို ဂျက်ဖိုက်တာ (၅)စီးနဲ့ အကြိမ်ရေ (၃၀)ထက်မနည်း လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဧရာဝတီမြစ်ကို ဖြတ်ကူးကာ စစ်ရှောင်လာကြတဲ့ မန္တလေး - စဉ်ကူးနယ်က ဒေသခံ (၇) ဦးခန့် သေဆုံးသွားခဲ့ရပြီး (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေကို လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲချတိုက်ခိုက်နေတာကြောင့် ခင်ဦးမြို့နယ်က ဒေသခံပြည်သူတွေအနေနဲ့လည်း သတိကြီးစွာနဲ့ သွားလာ နေထိုင်ကြပါဖို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးတိုက်တွန်းထားပါတယ်။

#bbmnews #bbm #bbmtv #KhinOo #Mi35
🤬8👎3👍1🖕1
😢9😡2👍1
👎4😢4👍1😡1