3.48K subscribers
5.58K photos
393 videos
2.88K links
Breaking Brainwashed Media
Download Telegram
မိုးကုတ်မြို့မှာ စစ်ကောင်စီ၀င်လာပြီးနောက် စစ်ရှောင်တွေရဲ့အိမ်တွေ ဖောက်ထွင်းခံနေရ

BBM-ဒီဇင်ဘာ ၂၇
သတင်း-Richard

စစ်ကောင်စီပြန်လည်၀င်ရောက်ထားတဲ့ မိုးကုတ်မြို့မှာ စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်‌တွေ ဖောက်ထွင်းခံနေရတယ်လို့ ဒေသခံသတင်းရင်းမြစ်က BBM ကိုပြောပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်၊ ညပိုင်းမှာ မိုးကုတ်မြို့ အနောက်ခြမ်းရှိ သော်တာ၀င်းဆီဆိုင် အရှေ့ဘက်လမ်းက စစ်ရှောင်ပြည်သူတွေရဲ့ အိမ်တွေတော်တော်များများအဖောက်ခံခဲ့ရတာပါ။

“ဖောက်ခံရတဲ့အိမ်တိုင်း အကုန်လုံးကို အမွှေခံရတာ”လို့ အဆိုပါ သတင်းရင်းမြစ်က ဆိုပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်မှစပြီး မိုးကုတ်မြို့အနောက်ခြမ်းမှာ‌ရှိတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ အိမ်တော်တော်များများအဖောက်ခံရပြီး အရှေ့ပိုင်းမှာတော့ အိမ်စောင့်တွေရှိတာကြောင့် ဖောက်ထွင်းခံရတဲ့ ကိစ္စနည်းတယ်လို့ သိရပါတယ်။

ဒါဟာ မိုးကုတ်မြို့ကို စစ်ကောင်စီတပ် ပြန်လည်၀င်ရောက်လာပြီးနောက် ပြည်သူတွေရဲ့စား၀တ်နေရေးကအစ လုံခြုံရေးကိုပါ ထိခိုက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

“မနေ့က မိုးကုတ်အနောက်ပိုင်းက ကသဲကုန်စိမ်းဈေးမှာဆိုရင် စစ်သားမိန်းမတွေက ၁၀၀၀ ပေးမှ ဈေးတံတားဖွင့်ပေးမယ်ဆိုပြီး ဆက်ကြေးကောက်သလိုကောက်နေတာဗျ၊ ဈေးက အရင်လို လူသိပ်မစည်တော့ဘူးလေ၊ ၅၀၀ ဆိုရင်တောင် အနိုင်နိုင်ပေးရမှာ”လို့ မိုးကုတ်မြို့ခံ ပြည်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မိုးကုတ်မြို့ထဲရှိ ချောင်းတွေ၊ မြောင်းတွေမှာ တစ်နိုင်တစ်ပိုင် ကျောက်ရှာတဲ့ ပြည်သူတွေကိုလည်း စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

“အိမ်နားကချောင်းမှာလဲ ခနဲဆေးနေကြတာ၊ လာဖမ်းတာပြေးကြရတာဗျ၊ အဲ့နားမှာလုပ်နေကြတာတစ်ပိုင်တစ်နိုင်လေးပါ”လို့ အဆိုပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းလောက် TNLA က မိုးကုတ်မြို့ကို စစ်ကောင်စီတပ်ထံ ပြန်လည်ပေးအပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ တော်လှန်ရေးပူးပေါင်းမဟာမိတ်တပ်တွေက မိုးကုတ်မြို့မကျရေးအတွက် တိုက်ပွဲ၀င်နေကြတာဖြစ်ပါတယ်။

မိုးကုတ်မြို့ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာ တော်လှန်ရေးပူးပေါင်းမဟာမိတ်တပ်တွေနဲ့ TNLA တို့က သိမ်းပိုက်ခဲ့တာဖြစ်ပြီး တစ်နှစ်ကျော်အကြာမှာ စစ်ကောင်စီထံ TNLA က ပြန်လည်ပေးအပ်လိုက်တာပဲ ဖြစ်ပါတယ်။

#bbmnews #bbm #bbmtv #Mogok #militarycouncil
👍7😢31🤮1
TikTok က စစ်တပ်ဝါဒဖြန့် မြဝတီသတင်း MWD ကို ဖယ်ရှား

BBM-ဒီဇင်ဘာ၂၇
သတင်း-ခက်ဆစ်

နိုင်ငံတကာနည်းပညာကုမ္ပဏီတွေက စစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့် အကောင့်တွေကို ဆက်တိုက်ဆိုသလို ဖယ်ရှားလျက်ရှိရာ TikTok ကလည်း စစ်ကောင်စီဝါဒဖြန့် MWD News (မြဝတီ သတင်း) စာမျက်နှာကို ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar ရဲ့ဖော်ပြချက်အရ သိရပါတယ်။

မြဝတီသတင်း MWD News စာမျက်နှာကို TikTok က ဖယ်ရှားလိုက်ပြီဖြစ်ပြီး စစ်တပ်ဝါဒမှိုင်းဖြန့်ယန္တရားအပေါ် ထင်ရှားတဲ့ အရေးယူမှုဖြစ်လာကြောင်း Justice For Myanmar က ဒီဇင်ဘာလ ၂၆ ရက်၊ ညပိုင်းမှာ ဖော်ပြထားတာပါ။

အဆိုပါ MWD မြဝတီသတင်းစာမျက်နှာဟာ စစ်ကောင်စီရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးက ကြီးကြပ်လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။

Justice For Myanmar ဟာ TikTok ထံ စစ်အုပ်စုအကောင့်တွေအတွက် ဝန်ဆောင်မှုတွေ ဆက်လက်ပေးအပ်နေမှုတွေနဲ့ပတ်သက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လိုက်နာဆောင်ရွက်မှုနဲ့ လူ့အခွင့်အရေးဆိုင်ရာစိုးရိမ်မှုများအပေါ် စာရေးသားပေးပို့ကာ မေးခွန်းထုတ်ပြောကြားခဲ့ပြီးနောက် အခုလိုဖြုတ်ချလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာ နည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Facebook ၊ YouTube ၊ MediaFire ၊ Twitch နဲ့ Kick တို့ကလည်း MRTV ၊ MITV အပါအဝင် စစ်ကောင်စီရဲ့ ဝါဒမှိုင်းဖြန့် အကောင့် ၂၈ ခုကိုလည်း အရေးယူဖယ်ရှားပိတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

TikTok နဲ့ အခြားနည်းပညာကုမ္ပဏီအားလုံးအနေနဲ့ ကျန်ရှိနေသေးတဲ့ စစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေကို ဖြုတ်ချဖို့နဲ့ သူတို့ရဲ့ပလက်ဖောင်းတွေကို စစ်အုပ်စုက အသုံးပြုနေတာကို ပိတ်ပင်ဖို့ Justice For Myanmar က ဆက်လက်တောင်းဆိုထားတယ်လို့ သိရပါတယ်။

Photo - ပုံဟောင်း

#bbmnews #bbm #bbmtv #minaunghlaing #TikTok
👍13👏2
👍10
TikTok က စစ်တပ်ဝါဒဖြန့် မြဝတီသတင်း MWD ကို ဖယ်ရှား

BBM-ဒီဇင်ဘာ၂၇
သတင်း-ခက်ဆစ်

နိုင်ငံတကာနည်းပညာကုမ္ပဏီတွေက စစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့် အကောင့်တွေကို ဆက်တိုက်ဆိုသလို ဖယ်ရှားလျက်ရှိရာ TikTok ကလည်း စစ်ကောင်စီဝါဒဖြန့် MWD News (မြဝတီ သတင်း) စာမျက်နှာကို ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar ရဲ့ဖော်ပြချက်အရ သိရပါတယ်။

မြဝတီသတင်း MWD News စာမျက်နှာကို TikTok က ဖယ်ရှားလိုက်ပြီဖြစ်ပြီး စစ်တပ်ဝါဒမှိုင်းဖြန့်ယန္တရားအပေါ် ထင်ရှားတဲ့ အရေးယူမှုဖြစ်လာကြောင်း Justice For Myanmar က ဒီဇင်ဘာလ ၂၆ ရက်၊ ညပိုင်းမှာ ဖော်ပြထားတာပါ။

အဆိုပါ MWD မြဝတီသတင်းစာမျက်နှာဟာ စစ်ကောင်စီရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးက ကြီးကြပ်လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။

Justice For Myanmar ဟာ TikTok ထံ စစ်အုပ်စုအကောင့်တွေအတွက် ဝန်ဆောင်မှုတွေ ဆက်လက်ပေးအပ်နေမှုတွေနဲ့ပတ်သက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လိုက်နာဆောင်ရွက်မှုနဲ့ လူ့အခွင့်အရေးဆိုင်ရာစိုးရိမ်မှုများအပေါ် စာရေးသားပေးပို့ကာ မေးခွန်းထုတ်ပြောကြားခဲ့ပြီးနောက် အခုလိုဖြုတ်ချလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာ နည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Facebook ၊ YouTube ၊ MediaFire ၊ Twitch နဲ့ Kick တို့ကလည်း MRTV ၊ MITV အပါအဝင် စစ်ကောင်စီရဲ့ ဝါဒမှိုင်းဖြန့် အကောင့် ၂၈ ခုကိုလည်း အရေးယူဖယ်ရှားပိတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

TikTok နဲ့ အခြားနည်းပညာကုမ္ပဏီအားလုံးအနေနဲ့ ကျန်ရှိနေသေးတဲ့ စစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေကို ဖြုတ်ချဖို့နဲ့ သူတို့ရဲ့ပလက်ဖောင်းတွေကို စစ်အုပ်စုက အသုံးပြုနေတာကို ပိတ်ပင်ဖို့ Justice For Myanmar က ဆက်လက်တောင်းဆိုထားတယ်လို့ သိရပါတယ်။

Photo - ပုံဟောင်း

#bbmnews #bbm #bbmtv #minaunghlaing #TikTok
👍12👏21
👍11🖕2
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ “ချက်ချင်း” အပစ်အခတ်ရပ်စဲရန် သဘောတူ

BBM-ဒီဇင်ဘာ ၂၇

ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံစလုံးက “ချက်ချင်း” အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြတယ်လို့ ပူးတွဲကြေညာခဲ့ကြပါတယ်။

အဆိုပါ အပစ်အခတ်ရပ်ဆဲရေးဟာ ဒီဇင်ဘာလ ၂၇ရက် စနေနေ့ နေ့လယ်ပိုင်းမှာ စတင် အသက်၀င်မှာပါ။

ပူးတွဲကြေညာချက်ထဲမှာ “အရပ်သားတွေ၊၊ အရပ်ဘက်ပစ္စည်းတွေနဲ့ အခြေခံအဆောက်အအုံတွေအပါအ၀င် နေရာအားလုံး၊ အခြေအနေအားလုံးမှာ အပစ်အခတ်ရပ်ဆဲရမှာဖြစ်တယ်လို့ ဆိုပါတယ်။

“နှစ်ဖက်စလုံးက လက်ရှိတပ်တွေ ဖြန့်ကျက်ချထားမှုကို ရုတ်သိမ်းထားဖို့ သဘောတူညီခဲ့ကြတယ်” လို့ နှစ်နိုင်ငံလုံးက ကာကွယ်ရေးဝန်ကြီးတွေက ပူးတွဲကြေညာချက်မှာ ပြောကြားခဲ့ပါတယ်။

ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့ ကြေညာချက်အရ “ဘယ်လိုအင်အားဖြည့်တင်းမှုမဆို စစ်ရေးတင်းမာမှုတွေကို ပိုမိုမြင့်မားစေပြီး အခြေအနေကို ဖြေရှင်းဖို့ ရေရှည်ကြိုးပမ်းမှုများကို ဆိုးကျိုးသက်ရောက်စေမယ်” လို့ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံစလုံးက မိုင်းရှင်းလင်းရေးနဲ့ ဆိုက်ဘာရာဇဝတ်မှုတိုက်ဖျက်ရေးတို့ကို ပူးပေါင်းဆောင်ရွက်ဖို့လည်း သဘောတူညီခဲ့ကြပါတယ်။

ထိုင်းကာကွယ်ရေးဝန်ကြီး နန့်ထဖုန် နာခ်ဖာနစ်(Natthaphon Narkphanit) နဲ့ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီး တီး ဆီးဟာ(Tea Seiha) တို့ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်ဟာ တိုက်လေယာဉ်တွေ နဲ့တိုက်ခိုက်မှု၊ ရော့ကတ်ပစ်ခတ်မှုနဲ့ အမြောက်ပစ်ခတ်မှု‌တွေ အပါအဝင် ရက်ပေါင်း ၂၀ ကြာ တိုက်ပွဲတွေကို အဆုံးသတ်စေခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၇ရက် စနေနေ့က နှစ်နိုင်ငံဟာ ထိပ်တိုက်တွေ့မှုကို အဆုံးသတ်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ ထိုင်းနိုင်ငံဟာ နိုင်ငံရဲ့ အနောက်မြောက်ပိုင်းရှိ နေရာတစ်ခုကို လေကြောင်းတိုက်ခိုက်မှုနဲ့ ပစ်ခတ်ခဲ့ကြောင်း ကမ္ဘောဒီးယားက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့ မနက်က အနောက်မြောက်ပိုင်း ဘန်တျေး မင်ချေး(Banteay Meanchey)ပြည်နယ်၊ ဆရိုင် ဆောင်ဖွန်း)Serei Saophoan ရှိ ပစ်မှတ်တစ်ခုပေါ်ကို ဗုံးလေးလုံးကြဲချဖို့ ထိုင်းနိုင်ငံက F-16 တိုက်လေယာဉ်တွေ စေလွှတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

သောကြာနေ့က ကမ္ဘောဒီးယားက အလားတူလေကြောင်းတိုက်ခိုက်မှုတစ်ခုကို အဆိုပါပြည်နယ်ရှိ ချော့က်ချေ(Chok Chey) ရွာရှိ ပစ်မှတ်တစ်ခုပေါ်ကို ဗုံး ၄၀ ကြဲချခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ထိုင်းစစ်တပ်က သောကြာနေ့တိုက်ခိုက်မှုကို အတည်ပြုခဲ့ပါတယ်။

နယ်စပ်တစ်လျှောက် ကာလကြာရှည်စွာ ဖြစ်ပွားနေတဲ့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုတွကြောင့် ဇူလိုင်လနှောင်းပိုင်းမှာ
တိုက်ပွဲတွေစဖြစ်ခဲ့ပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မှ ကြားဝင်စေ့စပ်ပေးခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဖိအားပေးမှုကြောင့် လက်မှတ်ရေးထိုးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ဒီဇင်ဘာလ အစောပိုင်းမှာ ပျက်ပြားခဲ့ပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။

ထိုင်းအရာရှိတွေရဲ့ အဆိုအရ ဒီဇင်ဘာလ ၇ ရက်နေ့မှစပြီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်က စစ်သား ၂၆ ဦးနဲ့ အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံကလည်း အခြေအနေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် အရပ်သား ၄၄ ဦး သေဆုံးကြောင်း သတင်းပို့ထားပါတယ်။
ကမ္ဘောဒီးယားက စစ်တပ်၏ ထိခိုက်ကျဆုံးမှုဆိုင်ရာ တရားဝင် ကိန်းဂဏန်းကို မထုတ်ပြန်သော်လည်း အရပ်သား ၃၀ ဦး သေဆုံးပြီး ၉၀ ဦး ဒဏ်ရာရရှိကြောင်း ပြောကြားခဲ့သည်။

နယ်စပ်နှစ်ဖက်စလုံးရှိ စစ်ပွဲဖြစ်ပွားတဲ့ ဒေသတွေမှ လူပေါင်း သိန်းနှင့်ချီဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။

Reference-The Guardian
Translator-Richard

#bbmnews #bbm #bbmtv #thailand #cambodia
👍10
👍112
ရခိုင်မှာ စပါးတွေ စျေးကောင်းမရ၊ ဝယ်သူမရှိသဖြင့် လယ်သမားတွေ အရှုံးပေါ်နေ

BBM - ဒီဇင်ဘာ ၂၇
သတင်း - နိုင်နိုင်

ရခိုင်ပြည်နယ်မှ လယ်သမားတွေဟာ စပါးရိတ်သိမ်းပြီးချိန်ကာလဖြစ်တာကြောင့် ရိတ်သိမ်းထားတဲ့ စပါးတွေကို ပြန်လည်ရောင်းချရာမှာ စျေးကောင်းမရရှိတဲ့အပြင် ဝယ်သူလည်း ရှားပါးနေတာကြောင့် အရှုံးပေါ်နေကြတယ်လို့ လယ်သမားတွေဆီက သိရပါတယ်။

လက်ရှိ ကာလပေါက်စျေးအရ ရိတ်သိမ်းထားတဲ့ စပါးတင်း ၁၀၀ စျေးနှုန်းတွေမှာ ဆန်ချေ (ကောက်ချေ) စပါးဆိုပါက ၄ သိန်း၊ ဆန်ကြီး(ကောက်ကြီး) စပါးဆိုပါက ၆ သိန်း၊ ပေါ်ဆန်မွှေးစပါးဆိုပါက ၈ သိန်းနဲ့ ကောက်ညှင်းစပါးဆိုပါက ၈ သိန်းဝန်းကျင်သာ စျေးနှုန်းရှိတယ်လို့ လယ်သမားတွေဆီက သိရပါတယ်။

အဆိုပါ စပါးစျေးနှုန်းတွေ ကျဆင်းနေပေမဲ့လည်း ဝယ်ယူသူမရှိတာကြောင့် လယ်သမားတွေ အခက်အခဲတွေ ရှိနေကြတယ်လို့ နှစ်ပေါင်း ၂၀ ကျော်ကြာ လယ်လုပ်လာတဲ့ ဦးခင်မောင်ရင်က BBM ကို ပြောပါတယ်။

"လယ်သမားတွေမှာ မိုးရာသီကတည်းက စိုက်ပျိုးထားတဲ့ စပါးဧက ၁၀ စိုက်ပျိုးရင်၊ ဧက ၁၀ လောက်ပြန်ရတာရှိပေမဲ့ အလုပ်သမားစရိတ်တွေကို ရှင်းလိုက်ရင် အမြတ်အစွန်းက ဘာမှမကျန်ပါဘူး၊ မကျန်တဲ့သူတွေမှာက မကျန်ဘူး၊ အခံရှိတဲ့သူတွေမှာတော့ နည်းနည်းကျန်တာရှိပါတယ်၊ အရင်နှစ်တွေတုန်းကဆိုရင် စပါးဝယ်ယူသူတွေ ရှိသေးပေမဲ့လည်း ဒီနှစ်မှာတော့ ဝယ်ယူသူတွေကလည်း ရှားပါးနေပါတယ်" လို့ သူကဆက်ပြောပါတယ်။

လက်ရှိ လယ်သမားတွေမှာ စပါး စျေးကောင်းမရရှိတာကြောင့် စပါးဧက ၂၀ ရှိတဲ့သူတွေမှာ ဧက ၁၀ လောက်လုပ်ကိုင်နိုင်ကြပြီး အလုပ်သမားစရိတ်တွေကလည်း မြှင့်မားနေတာကြောင့် လယ်သမားတွေမှာ အရှုံးနဲ့ ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။

အလားတူ ဓာတ်မြေသြဇာစျေးနှုန်းတွေမှာလည်း စျေကြီးတာ၊ စက်နဲ့လယ်လုပ်မယ်ဆိုပါကလည်း ဓာတ်ဆီစရိတ်တွေကြီးမားနေတာကြောင့် လယ်သမားအများစုမှာ မိမိတို့ မိသားစုတစ်စားစာသာ လယ်ထွန်ယက်စိုက်ပျိုးနိုင်ခဲ့ကြတယ်လို့ လယ်သမားတစ်ဦးဖြစ်တဲ့ ဦးစိန်မြက ဆိုပါတယ်။

"အလုပ်သမားစရိတ်က တစ်ရက်ကို နှစ်သောင်းလောက်ပေးရပါတယ်၊ နောက်ပြီး မြေသြဇာတွေလည်း စျေးကြီးတာတွေ၊ စက်နဲ့လယ်ထွန်ရင်လည်း ဓာတ်ဆီစရိတ်တွေ စျေးကြီးတာရှိပါတယ်၊ ပြီးတော့ စက်ပစ္စည်းတစ်ခု ချို့ယွင်းရင်လည်း ဝယ်ရတာ အင်မတန်စျေးကြီးပါတယ်၊ ဒါကြောင့်လယ်သမား အများစုက ဧက ၂၀ ရှိရင် ၁၀ ဧက လုပ်ကြတယ်၊ ၁၀ ဧကရှိရင် ၅ ဧကလောက်ပဲ လုပ်ကြပါတယ်၊ မိမိတို့မိသားစု တစ်စားလောက်ပဲ လုပ်ကိုင်ကြတာပေါ့" လို့ လယ်သမားတစ်ဦးဖြစ်တဲ့ ဦးစိန်မြက ဆက်ပြောပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်က ရခိုင်ဒေသကို ကုန်လမ်း၊ ရေလမ်းပိတ်ပင်ထားတာဟာ လက်ရှိမှာ ၂ နှစ်ကျော် ကြာမြင့်လာခဲ့ပြီးလည်း ဖြစ်ပါတယ်။

အဲဒီလို စစ်ကောင်စီတပ်က လမ်းခရီးတွေပိတ်ပင်ထားတာကြောင့် ရခိုင်ဒေသခံတွေမှာ ကုန်စျေးနှုန်းမြင့်မားတဲ့ ဒဏ်တွေကို အလူးအလဲခံစားရနေပေမဲ့လည်း လယ်သမားတွေမှာတော့ စပါးစျေးကောင်းမရရှိဘဲ ဖြစ်နေကြရတာလည်း ဖြစ်ပါတယ်။

တိုက်ပွဲတွေ မဖြစ်မီအချိန်က လယ်သမားတွေမှာစပါးတင်း ၁၀၀ စျေးနှုန်း ဆန်ချေ (ကောက်ချေ) စပါးဆိုပါက ၅ သိန်းခွဲ၊ ဆန်ကြီး(ကောက်ကြီး) စပါးဆိုပါက ၈ သိန်း၊ ပေါ်ဆန်မွှေးစပါးဆိုပါက ၁၀ သိန်းနဲ့ ကောက်ညှင်းစပါးဆိုပါက ၁၀ သိန်းကျော်အထိ စျေးကောင်းတွေ ရရှိခဲ့တာ ရှိတယ်လို့လည်း လယ်သမားတွေဆီက သိရပါတယ်။

လက်ရှိ လယ်သမားတွေမှာ သွင်းစုစရိတ်မြင့်မားတာနဲ့အတူ မိုးရာသီအတွင်း ရာသီဥတုဆိုးရွားပါကလည်း စပါးပျက်စီးမှုတွေများပြားကာ တစ်ပူပေါ် နှစ်ပူဆင့်အခက်အခဲတွေ ရှိခဲ့ကြတယ်လို့လည်း လယ်သမားတွေက ဆိုပါတယ်။

ရခိုင်ပြည်မှာ စပါးစိုက်ပျိုးဧက ၁၂ သိန်းခန့်ရှိရာကနေ တိုက်ပွဲတွေကြောင့် စပါးစိုက်ပျိုးမှုဧက ထက်ဝက်လောက်လျော့ကျသွားတယ်လို့လည်း လယ်သမားတွေဆီက သိရပါတယ်။

#bbm #bbmnews #Rakhine #updatenews #myanmar
👍9
👍9
မွန်ပြည်နယ်မှာ ပြည်ပရောက်ကြိုတင်မဲပေးသူ ၈၀ ကျော်သာရှိပြီး စကစ ရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှုမရှိ

BBM-ဒီဇင်ဘာ၂၇
သတင်း - ကိုဟန်

ပြည်ပမှာ မွန်ဒေသခံသိန်းဆယ်ချီရှိနေပေမဲ့ နိုင်ငံခြားရောက်မဲပေးသူ ၈၀ ဦးကျော်သာရှိနေတာက စစ်အုပ်စု ကျင်းပတဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မရှိတာကို ပြသနေကြောင်း ဒေသခံ ပြည်သူတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ မော်လမြိုင်မြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ နိုင်ငံခြားရောက် ကြိုတင်မဲတွေကို ရေတွက်ခဲ့ပြီး ထုတ်ပြန်ချက်အရ နိုင်ငံခြားရောက် မဲဆန္ဒရှင်တွေက မဲပေးဖို့ အဆိုပြုသူ ၁၀၄ ဦးရှိတဲ့အနက် ၈၄ ဦးကသာ ဆန္ဒမဲပေးခဲ့တယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်ဒေသခံတွေက ပြည်ပရောက်ရှိနေတာ သိန်းဆယ်ချီရှိနိုင်ပေမဲ့ တကယ်တမ်း ဆန္ဒမဲလာပေးသူက ၁၀၀ ဦးတောင် မရှိတာက စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမရှိတာကို သက်သေပြနေတာလို့ ထိုင်းနိုင်ငံရောက် မွန်ပြည်နယ် မော်လမြိုင်ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

“အခုက ထွက်လာတဲ့ ရလဒ်က သက်သေပဲလေနော်၊ သူတို့(စစ်တပ်) လုပ်တဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှကို လက်မခံနိုင်ဘူး၊ တကယ်တမ်းကျွန်တော်တို့လည်း နိုင်ငံရေးကို နားလည်သိရှိနေတာ မဟုတ်ဘူး၊ အခုက မတရားဘူးထင်လို့ သွားမထည့်တာပါ” လို့ ပြောပါတယ်။

မွန်ပြည်နယ်ဒေသခံအများစုဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြသော်လည်း အဆိုပါမဲတွေကို မလေးရှား၊ စင်္ကာပူ၊ ဂျပန်၊ ကိုးရီးယား၊ ဒူဘိုင်းတို့အပြင် နိုင်ငံပေါင်း ၂၀ ကျော်က ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသား သန်းချီရှိတဲ့ ထိုင်းနိုင်ငံမှာဆို ကြိုတင်ဆန္ဒမဲပေးသူ ရာဂဏန်းမျှသာ ရှိခဲ့ပြီး အများစုက စစ်တပ်အသိုင်းအဝိုင်းကသာ မဲလာထည့်ကြတယ်လို့ ထိုင်းနိုင်ငံမှာ ကျောင်းတက်နေသူတဦးက ပြောပါတယ်။

“ကိုယ်တွေက သွားမထည့်တာ ဘာမှမပြောင်းလဲဘူးထင်လို့ မပေးတာ၊ အခုတွေ့ရတဲ့သူတွေက သူတို့ အသိုင်းအဝိုင်းက လူတစုကပဲ သွားထည့်ကြတာ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် မွန်ပြည်နယ်အပါအဝင် နိုင်ငံတဝှမ်းမှ လူငယ်ပိုင်း ထောင်သောင်းချီက ထိုင်းနိုင်ငံဘက်ကို တရားဝင်၊ တရားမဝင်လမ်းတွေက သွားရောက်ခဲ့ကြပါတယ်။

ပြည်ပရောက်ရှိနေတဲ့ အလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲစိန်ခေါ်မှုတွေ၊ လုံခြုံရေးဆိုင်ရာ ကိစ္စတွေ အပါအဝင် ရွေ့ပြောင်းအလုပ်သမားအရေးတွေကို ကူညီဆောင်ရွက်ပေးတာမျိုး မရှိတဲ့ စစ်အစိုးရကို မည်သည့်မဲမှ ထည့်မှာမဟုတ်ဘူးလို့ ထိုင်းနိုင်ငံ ချွန်ပူလီမှာ နေထိုင်တဲ့ မွန်ပြည်နယ်သူတဦးက ပြောပါတယ်။

“ကျွန်မတို့ ဘယ်လောက်အထိ ခက်ခဲလဲဆိုတာ ကျွန်မတို့ကိုယ်တိုင်ကြုံရတယ်၊ မိသားစုတွေ တကွဲတပြားဖြစ်ရတယ်၊ အခုဆို တက္ကသိုလ်တက်ရမဲ့ သားကို ခေါ်ပြီး ထိုင်းကို ခိုးဝင်လာခဲ့တာ၊ ဘယ်သူ့ကြောင့်လဲ သူတို့(စစ်တပ်)ကြောင့်ပဲ၊ ဒီရောက်တော့ အလုပ်သမားတွေ ပြဿနာမျိုးစုံ ရင်ဆိုင်နေရတာ သူတို့အစိုးရက ဘာလုပ်ပေးနေလဲ၊ ဒီလိုလူမျိုးတွေ အုပ်ချုပ်ဖို့ အာဏာဆက်ရဖို့ မဲလုံးဝမပေးနိုင်ဘူး” လို့ ပြောပါတယ်။

ပြည်ပရောက်မြန်မာနိုင်ငံသားတွေက လွတ်လပ်ပြီး မည်သူမဆို ပါဝင်ရွေးချယ်လို့ရတဲ့ ရွေးကောက်ပွဲအပေါ် အခြေခံပြီး ထွက်ပေါ်လာတဲ့ အရပ်သားအစိုးရမျိုးကို လိုးလာနေကြတယ်လို့ ပြောကြပါတယ်။

မွန်ပြည်နယ်မှာ ရွေးကောက်ပွဲအပိုင်း(၁)ကို ကျိုက်မရော၊ ချောင်းဆုံ၊ မော်လမြိုင်၊ ကျိုက်ထို၊ သထုံမြို့နယ်တို့မှာ ကျင်းပမှာဖြစ်ပြီး တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအပါအဝင် နိုင်ငံရေးပါတီ ၉ ခု ဝင်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ - SAC
ပုံစာ - မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ကြိုတင်မဲရေတွက်စဉ်။
👏9👍1
👍11
ရွေးကောက်ပွဲမဲထည့်ဖို့ မြို့နယ်တွေမှာ စစ်တပ်က လိုက်လံဆော်သြနေပေမဲ့ ပြည်သူတွေစိတ်ဝင်စားမှုနည်းပါး

🟥မဲရုံစောင့်တာဝန်ကျ Non CDM တွေအားလုံး ကြိုတင်မဲပေးရပြီး ပြည်နယ်ရုံးချုပ်ကို စာရင်းအတိအကျနဲ့ပို့ခိုင်း

BBM-ဒီဇင်ဘာ၂၇
သတင်း-မင်းသော်

စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲမှာ မဲထည့်ဖို့အတွက် ပထမအဆင့်ရွေးကောက်ပွဲကျင်းပမဲ့ မြို့နယ်တွေအတွင်း ဆော်သြမှုတွေလိုက်လံပြုလုပ်နေပေမဲ့ ပြည်သူတွေအနေနဲ့ စိတ်ဝင်စားမှုနည်းပါးနေတယ်လို့ ပြည်သူအချို့ထံမှ သိရပါတယ်။

လာမဲ့ ဒီဇင်ဘာလ ၂၈ ရက်မှာ စစ်ကောင်စီက ဦးဆောင်ကျင်းပမဲ့ ပထမအဆင့်ရွေးကောက်ပွဲကို မြို့နယ် ၁၀၂ မြို့နယ်တွေမှာ စတင်ကျင်းပမှာဖြစ်ပြီး စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အဆိုပါမြို့နယ်တွေအတွင်း မဲထည့်ရန် လိုက်လံပြောဆိုမှုတွေရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ရက်နေ့ကစပြီး ရန်ကုန်မြို့ အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်တွေမှာ ရွေးကောက်ပွဲမဲထည့်ရန်နဲ့ မဲစာရင်းစစ်ရန်အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေက နေ့စဥ်လိုက်လံဆော်သြခဲ့တယ်လို့ သိရပါတယ်။

အလားတူ စစ်ကောင်စီသိမ်းပိုက်ထားတဲ့ လားရှိုးမြို့အတွင်းမှာ ဒီဇင်ဘာလ ၂၇ ရက်(ဒီနေ့)ညနေကစပြီး ရွေးကောက်ပွဲကို မဖြစ်မနေမဲထည့်ကြရန် လိုက်ကြေငြာသလို စစ်ကိုင်းမြို့ပေါ်ကရပ်ကွက်တွေမှာ မဲထည့်ရန်အတွက် နာမည်နဲ့မှတ်ပုံတင်နံပတ်တွေပါတဲ့ စာရွက်တွေကိုရုံးမှဖြန့်ဝေပြီး မဖြစ်မနေမဲထည့်ကြရန် ခြိမ်းခြောက်ပြောဆိုတာတွေပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

ဒီလိုရွေးကောက်ပွဲအတွက် စစ်တပ်ဘက်မှ နည်းမျိုးစုံဖြင့် လိုက်လံဆော်သြတာတွေ၊ ခြိမ်းခြောက် အကြပ်ကိုင်တာတွေပြုလုပ်နေပေမဲ့လည်း ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှုနည်းပါးနေတယ်လို့ အင်းစိန်မြို့နေပြည်သူတစ်ဦးထံမှ သိရပါတယ်။

"မဲပေးဖို့ကတော့ လိုက်အော်နေပြီ ရပ်ကွက်အလိုက်ထည့်ရမယ်ထင်တယ်၊ သူတို့သာအော်နေတာ ပြည်သူကစိတ်မဝင်စားကြပါဘူး၊ ကိုယ့်စားဝတ်နေရေးနဲ့ကိုယ်လုံးပန်းနေတာ၊ ပြည်သူ၁၀၀မှာ ၉၀ လောက်က လုံးဝ စိတ်မဝင်စားဘူး" လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲနီးကပ်လာကတည်းက အရပ်ဘက်ဝန်ထမ်းတွေကို တာဝန်မှအပ ခရီးဝေးသွားလာခွင့်ပိတ်ပင်ထားပြီး မဖြစ်မနေသွားရမယ်ဆိုရင်တောင် အထက်ကိုအဆင့်ဆင့်တင်ပြရမယ်လို့ ညွှန်ကြားထားတယ်လို့ Non CDM တွေထံမှ သိရပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမဲရုံတွေမှာ တာဝန်ကျမဲ့ ဝန်ထမ်းတွေအနေနဲ့လည်း ၂၈ ရက်နေ့မတိုင်ခင် ကြိုတင်မဲတွေကို မဖြစ်မနေပေးရမှာဖြစ်ပြီး ဘယ်မဲရုံမှာ ဝန်ထမ်းအရေအတွက် ဘယ်နှစ်ယောက်ကြိုတင်မဲထည့်တယ်ဆိုတာကအစ ပြည်နယ်ရုံးချုပ်ကို ပြန်လည်တင်ပြရတယ်လို့လည်း Non CDM အသိုင်းအဝိုင်းထံမှ သိရပါတယ်။

"ဌာဆိုင်ရာဝန်ထမ်းတချို့ ( မဲရုံစောင့်ကျတဲ့ဝန်ထမ်းတွေ) ဟာ ကြိုတင်မဲ မဖြစ်မနေထည့်ကြရပြီး ဌာနအလိုက် ဘယ်ဝန်ထမ်းက ဘယ်နေ့မှာ ဘယ်မဲရုံ၌ မဲထည့်ပြီးကြောင်းကို အထက်ပြည်နယ်ရုံးချုပ်ကို စာရင်းပြန်တင်ပေးရတယ်လို့ သိရတယ်၊ ဝန်ထမ်းတိုင်း မဲထည့်ဖို့နဲ့ မဲထည့်ပြီးကြောင်းစာရင်းကို ပြုစုတင်ပြဖို့ ဌာနအကြီးအကဲတွေကို ညွှန်ကြားထားပြီး အောက်ခြေဝန်ထမ်းတွေကို မဲမဖြစ်မနေထည့်ရမယ်လို့ ဖိအားပေးထားပါတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပမယ်လို့ ကြေငြာပြီးနောက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်းမှာသာမက ၂၀၂၆ ခုနှစ် ဇန်နဝါရီလ အတွင်းမှာပါ ဆက်လက်ကျင်းပသွားမယ်လို့လည်း သိရပါတယ်။

Photo-ပုံဟောင်း
👍71😁1