3.48K subscribers
5.58K photos
393 videos
2.88K links
Breaking Brainwashed Media
Download Telegram
ရွှေဘိုမြို့နယ်မှာ ရွေးကောက်ပွဲဆန့်ကျင်ကြောင်း လက်ဗွေနှိပ်ပြီး ဆန္ဒထုတ်ဖော်

BBM-ဒီဇင်ဘာ၂၇
သတင်း-ခက်ဆစ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို လက်မခံ၊ ဆန့်ကျင်ကြောင်း လက်ဗွေနှိပ် ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ရွှေဘိုမြို့နယ် သပိတ်အင်အားစုက ယမန်နေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ရွှေဘိုမြို့နယ်အတွင်းရှိ ပြည်သူလူထု အသွားအလာများတဲ့ လမ်းမတွေပေါ်မှာ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လက်ဗွေနှိပ်ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

"အတုအယောင်ရွေးကောက်ပွဲသည် ပြည်သူလက်မခံနိုင်သော စစ်ကော်မရှင်၏ အနိုင်ကျင့်မှု ထွက်ပေါက်ရှာဖွေမှု တရားဝင်ဖြစ်ဖို့အတွက် တရားမဝင်ကြံစည်မှုသာဖြစ်သည်၊ ဤလုပ်ရပ်ကို ပြည်သူက လက်မခံ ဆန့်ကျင်ကြောင်း ပြည့်သူ့လက်ဗွေများဖြင့် ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်ပါသည်" လို့ ရွှေဘိုမြို့နယ် သပိတ်အင်အားစုက အသိပေးထားပါတယ်။

Photo - ရွှေဘိုမြို့နယ် သပိတ်အင်အားစု

#bbmnews #bbm #bbmtv #election #shwebo
👍17
👍126
မိုးကုတ်မြို့မှာ စစ်ကောင်စီ၀င်လာပြီးနောက် စစ်ရှောင်တွေရဲ့အိမ်တွေ ဖောက်ထွင်းခံနေရ

BBM-ဒီဇင်ဘာ ၂၇
သတင်း-Richard

စစ်ကောင်စီပြန်လည်၀င်ရောက်ထားတဲ့ မိုးကုတ်မြို့မှာ စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်‌တွေ ဖောက်ထွင်းခံနေရတယ်လို့ ဒေသခံသတင်းရင်းမြစ်က BBM ကိုပြောပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်၊ ညပိုင်းမှာ မိုးကုတ်မြို့ အနောက်ခြမ်းရှိ သော်တာ၀င်းဆီဆိုင် အရှေ့ဘက်လမ်းက စစ်ရှောင်ပြည်သူတွေရဲ့ အိမ်တွေတော်တော်များများအဖောက်ခံခဲ့ရတာပါ။

“ဖောက်ခံရတဲ့အိမ်တိုင်း အကုန်လုံးကို အမွှေခံရတာ”လို့ အဆိုပါ သတင်းရင်းမြစ်က ဆိုပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်မှစပြီး မိုးကုတ်မြို့အနောက်ခြမ်းမှာ‌ရှိတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ အိမ်တော်တော်များများအဖောက်ခံရပြီး အရှေ့ပိုင်းမှာတော့ အိမ်စောင့်တွေရှိတာကြောင့် ဖောက်ထွင်းခံရတဲ့ ကိစ္စနည်းတယ်လို့ သိရပါတယ်။

ဒါဟာ မိုးကုတ်မြို့ကို စစ်ကောင်စီတပ် ပြန်လည်၀င်ရောက်လာပြီးနောက် ပြည်သူတွေရဲ့စား၀တ်နေရေးကအစ လုံခြုံရေးကိုပါ ထိခိုက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

“မနေ့က မိုးကုတ်အနောက်ပိုင်းက ကသဲကုန်စိမ်းဈေးမှာဆိုရင် စစ်သားမိန်းမတွေက ၁၀၀၀ ပေးမှ ဈေးတံတားဖွင့်ပေးမယ်ဆိုပြီး ဆက်ကြေးကောက်သလိုကောက်နေတာဗျ၊ ဈေးက အရင်လို လူသိပ်မစည်တော့ဘူးလေ၊ ၅၀၀ ဆိုရင်တောင် အနိုင်နိုင်ပေးရမှာ”လို့ မိုးကုတ်မြို့ခံ ပြည်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မိုးကုတ်မြို့ထဲရှိ ချောင်းတွေ၊ မြောင်းတွေမှာ တစ်နိုင်တစ်ပိုင် ကျောက်ရှာတဲ့ ပြည်သူတွေကိုလည်း စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

“အိမ်နားကချောင်းမှာလဲ ခနဲဆေးနေကြတာ၊ လာဖမ်းတာပြေးကြရတာဗျ၊ အဲ့နားမှာလုပ်နေကြတာတစ်ပိုင်တစ်နိုင်လေးပါ”လို့ အဆိုပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းလောက် TNLA က မိုးကုတ်မြို့ကို စစ်ကောင်စီတပ်ထံ ပြန်လည်ပေးအပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ တော်လှန်ရေးပူးပေါင်းမဟာမိတ်တပ်တွေက မိုးကုတ်မြို့မကျရေးအတွက် တိုက်ပွဲ၀င်နေကြတာဖြစ်ပါတယ်။

မိုးကုတ်မြို့ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာ တော်လှန်ရေးပူးပေါင်းမဟာမိတ်တပ်တွေနဲ့ TNLA တို့က သိမ်းပိုက်ခဲ့တာဖြစ်ပြီး တစ်နှစ်ကျော်အကြာမှာ စစ်ကောင်စီထံ TNLA က ပြန်လည်ပေးအပ်လိုက်တာပဲ ဖြစ်ပါတယ်။

#bbmnews #bbm #bbmtv #Mogok #militarycouncil
👍7😢31🤮1
TikTok က စစ်တပ်ဝါဒဖြန့် မြဝတီသတင်း MWD ကို ဖယ်ရှား

BBM-ဒီဇင်ဘာ၂၇
သတင်း-ခက်ဆစ်

နိုင်ငံတကာနည်းပညာကုမ္ပဏီတွေက စစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့် အကောင့်တွေကို ဆက်တိုက်ဆိုသလို ဖယ်ရှားလျက်ရှိရာ TikTok ကလည်း စစ်ကောင်စီဝါဒဖြန့် MWD News (မြဝတီ သတင်း) စာမျက်နှာကို ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar ရဲ့ဖော်ပြချက်အရ သိရပါတယ်။

မြဝတီသတင်း MWD News စာမျက်နှာကို TikTok က ဖယ်ရှားလိုက်ပြီဖြစ်ပြီး စစ်တပ်ဝါဒမှိုင်းဖြန့်ယန္တရားအပေါ် ထင်ရှားတဲ့ အရေးယူမှုဖြစ်လာကြောင်း Justice For Myanmar က ဒီဇင်ဘာလ ၂၆ ရက်၊ ညပိုင်းမှာ ဖော်ပြထားတာပါ။

အဆိုပါ MWD မြဝတီသတင်းစာမျက်နှာဟာ စစ်ကောင်စီရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးက ကြီးကြပ်လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။

Justice For Myanmar ဟာ TikTok ထံ စစ်အုပ်စုအကောင့်တွေအတွက် ဝန်ဆောင်မှုတွေ ဆက်လက်ပေးအပ်နေမှုတွေနဲ့ပတ်သက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လိုက်နာဆောင်ရွက်မှုနဲ့ လူ့အခွင့်အရေးဆိုင်ရာစိုးရိမ်မှုများအပေါ် စာရေးသားပေးပို့ကာ မေးခွန်းထုတ်ပြောကြားခဲ့ပြီးနောက် အခုလိုဖြုတ်ချလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာ နည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Facebook ၊ YouTube ၊ MediaFire ၊ Twitch နဲ့ Kick တို့ကလည်း MRTV ၊ MITV အပါအဝင် စစ်ကောင်စီရဲ့ ဝါဒမှိုင်းဖြန့် အကောင့် ၂၈ ခုကိုလည်း အရေးယူဖယ်ရှားပိတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

TikTok နဲ့ အခြားနည်းပညာကုမ္ပဏီအားလုံးအနေနဲ့ ကျန်ရှိနေသေးတဲ့ စစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေကို ဖြုတ်ချဖို့နဲ့ သူတို့ရဲ့ပလက်ဖောင်းတွေကို စစ်အုပ်စုက အသုံးပြုနေတာကို ပိတ်ပင်ဖို့ Justice For Myanmar က ဆက်လက်တောင်းဆိုထားတယ်လို့ သိရပါတယ်။

Photo - ပုံဟောင်း

#bbmnews #bbm #bbmtv #minaunghlaing #TikTok
👍13👏2
👍10

👍12👏21
👍11🖕2
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ “ချက်ချင်း” အပစ်အခတ်ရပ်စဲရန် သဘောတူ

BBM-ဒီဇင်ဘာ ၂၇

ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံစလုံးက “ချက်ချင်း” အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြတယ်လို့ ပူးတွဲကြေညာခဲ့ကြပါတယ်။

အဆိုပါ အပစ်အခတ်ရပ်ဆဲရေးဟာ ဒီဇင်ဘာလ ၂၇ရက် စနေနေ့ နေ့လယ်ပိုင်းမှာ စတင် အသက်၀င်မှာပါ။

ပူးတွဲကြေညာချက်ထဲမှာ “အရပ်သားတွေ၊၊ အရပ်ဘက်ပစ္စည်းတွေနဲ့ အခြေခံအဆောက်အအုံတွေအပါအ၀င် နေရာအားလုံး၊ အခြေအနေအားလုံးမှာ အပစ်အခတ်ရပ်ဆဲရမှာဖြစ်တယ်လို့ ဆိုပါတယ်။

“နှစ်ဖက်စလုံးက လက်ရှိတပ်တွေ ဖြန့်ကျက်ချထားမှုကို ရုတ်သိမ်းထားဖို့ သဘောတူညီခဲ့ကြတယ်” လို့ နှစ်နိုင်ငံလုံးက ကာကွယ်ရေးဝန်ကြီးတွေက ပူးတွဲကြေညာချက်မှာ ပြောကြားခဲ့ပါတယ်။

ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့ ကြေညာချက်အရ “ဘယ်လိုအင်အားဖြည့်တင်းမှုမဆို စစ်ရေးတင်းမာမှုတွေကို ပိုမိုမြင့်မားစေပြီး အခြေအနေကို ဖြေရှင်းဖို့ ရေရှည်ကြိုးပမ်းမှုများကို ဆိုးကျိုးသက်ရောက်စေမယ်” လို့ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံစလုံးက မိုင်းရှင်းလင်းရေးနဲ့ ဆိုက်ဘာရာဇဝတ်မှုတိုက်ဖျက်ရေးတို့ကို ပူးပေါင်းဆောင်ရွက်ဖို့လည်း သဘောတူညီခဲ့ကြပါတယ်။

ထိုင်းကာကွယ်ရေးဝန်ကြီး နန့်ထဖုန် နာခ်ဖာနစ်(Natthaphon Narkphanit) နဲ့ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီး တီး ဆီးဟာ(Tea Seiha) တို့ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်ဟာ တိုက်လေယာဉ်တွေ နဲ့တိုက်ခိုက်မှု၊ ရော့ကတ်ပစ်ခတ်မှုနဲ့ အမြောက်ပစ်ခတ်မှု‌တွေ အပါအဝင် ရက်ပေါင်း ၂၀ ကြာ တိုက်ပွဲတွေကို အဆုံးသတ်စေခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၇ရက် စနေနေ့က နှစ်နိုင်ငံဟာ ထိပ်တိုက်တွေ့မှုကို အဆုံးသတ်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ ထိုင်းနိုင်ငံဟာ နိုင်ငံရဲ့ အနောက်မြောက်ပိုင်းရှိ နေရာတစ်ခုကို လေကြောင်းတိုက်ခိုက်မှုနဲ့ ပစ်ခတ်ခဲ့ကြောင်း ကမ္ဘောဒီးယားက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့ မနက်က အနောက်မြောက်ပိုင်း ဘန်တျေး မင်ချေး(Banteay Meanchey)ပြည်နယ်၊ ဆရိုင် ဆောင်ဖွန်း)Serei Saophoan ရှိ ပစ်မှတ်တစ်ခုပေါ်ကို ဗုံးလေးလုံးကြဲချဖို့ ထိုင်းနိုင်ငံက F-16 တိုက်လေယာဉ်တွေ စေလွှတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

သောကြာနေ့က ကမ္ဘောဒီးယားက အလားတူလေကြောင်းတိုက်ခိုက်မှုတစ်ခုကို အဆိုပါပြည်နယ်ရှိ ချော့က်ချေ(Chok Chey) ရွာရှိ ပစ်မှတ်တစ်ခုပေါ်ကို ဗုံး ၄၀ ကြဲချခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ထိုင်းစစ်တပ်က သောကြာနေ့တိုက်ခိုက်မှုကို အတည်ပြုခဲ့ပါတယ်။

နယ်စပ်တစ်လျှောက် ကာလကြာရှည်စွာ ဖြစ်ပွားနေတဲ့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုတွကြောင့် ဇူလိုင်လနှောင်းပိုင်းမှာ
တိုက်ပွဲတွေစဖြစ်ခဲ့ပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မှ ကြားဝင်စေ့စပ်ပေးခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဖိအားပေးမှုကြောင့် လက်မှတ်ရေးထိုးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ဒီဇင်ဘာလ အစောပိုင်းမှာ ပျက်ပြားခဲ့ပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။

ထိုင်းအရာရှိတွေရဲ့ အဆိုအရ ဒီဇင်ဘာလ ၇ ရက်နေ့မှစပြီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်က စစ်သား ၂၆ ဦးနဲ့ အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံကလည်း အခြေအနေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် အရပ်သား ၄၄ ဦး သေဆုံးကြောင်း သတင်းပို့ထားပါတယ်။
ကမ္ဘောဒီးယားက စစ်တပ်၏ ထိခိုက်ကျဆုံးမှုဆိုင်ရာ တရားဝင် ကိန်းဂဏန်းကို မထုတ်ပြန်သော်လည်း အရပ်သား ၃၀ ဦး သေဆုံးပြီး ၉၀ ဦး ဒဏ်ရာရရှိကြောင်း ပြောကြားခဲ့သည်။

နယ်စပ်နှစ်ဖက်စလုံးရှိ စစ်ပွဲဖြစ်ပွားတဲ့ ဒေသတွေမှ လူပေါင်း သိန်းနှင့်ချီဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။

Reference-The Guardian
Translator-Richard

#bbmnews #bbm #bbmtv #thailand #cambodia
👍10
👍112