သစ်ဖုလှဘုရားကုန်းသိမ်းတိုက်ပွဲမှတ်တမ်း ကောလင်းခရိုင် တပ်ရင်း ၁ ထုတ်ပြန်
BBM-ဒီဇင်ဘာ၂၆
သတင်း-မင်းသော်
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကျောက်တန်းလမ်းဆုံအနီးမှာရှိတဲ့ သစ်ဖုလှဘုရားကုန်းသိမ်းတိုက်ပွဲအတွင်းရိုက်ကူးထားတဲ့ တိုက်ပွဲရုပ်သံကို ကောလင်းခရိုင် အမှတ်(၁)တပ်ရင်းမှ ဒီဇင်ဘာလ ၂၆ ရက် ဒီညနေမှာ ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ သစ်ဖုလှဘုရားကုန်းစခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်မှာ ကောလင်းခရိုင်
တပ်ရင်း(၁/၂/၃/၄/၅)၊ ကောလင်းခရိုင်တိုက်ခိုက်ရေးတပ်ခွဲ၊ ကောလင်းခရိုင် ပကဖ၊ ကောလင်း/ဝန်းသို ပကဖ အဖွဲ့၊ ပအဖ များနဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
တိုက်ပွဲအတွင်း ရဲဘော် ချစ်ကိုကို၊ ရဲဘော် မဲလေး တို့ ကျဆုံးခဲ့ရပြီး ကျန်ရှိနေတဲ့ရဲဘော်များအနေနဲ့ အဆိုပါ ရဲဘော်နှစ်ဦးရဲ့ ပေးဆပ်အနစ်နာခံမှုကို ဦးညွှတ်အလေးပြုရင်း စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေးတို့အတွက် အဆုံးထိတိုက်ပွဲဝင်သွားမယ်လို့ ကောလင်းခရိုင် အမှတ်(၁)တပ်ရင်းက ထုတ်ပြန်ကြေငြာထားပါတယ်။
Video - ကောလင်းခရိုင် အမှတ်(၁)တပ်ရင်း

🫡6❤3👍2🕊1
ရေးမြို့နယ်တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ MSRF မှ ရဲဘော် နှစ်ဦးရဲ့ စျာပန ကျင်းပပြုလုပ်
BBM-ဒီဇင်ဘာ ၂၆
သတင်း-ကိုဘုဏ်း
မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း တိုက်ပွဲအတွင်းကျဆုံးသွားတဲ့ တော်လှန်ရေးရဲဘော် နှစ်ဦးရဲ့ စျာပနအခမ်းအနားအစီအစဥ်ကို ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ထုတ်ပြန်ထားပါတယ်။
တပ်စိပ်မှူး ရဲဘော် ဖြိုး၊ ရဲဘော် အမတ တို့ဟာ ဒီဇင်ဘာလ ၂၂ ရက်၊ နေ့လည် ၃ နာရီခန့်မှာ MSRF နဲ့တော်လှန်ရေးမှ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ရင်း၊ တိုင်းပြည်နဲ့လူမျိူးအတွက် အသက်ပေးလှူသွားခဲ့တယ်လို့ သိရပါတယ်။
စျာပနအခမ်းအနားကို မွန်ပြည်တော်လှန်ရေးတပ် -MSRF ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ဗိုလ်မူးကြီးနိုင်ဒရာဂွန်က အမိန်ပြန်တမ်းဖတ်ကြားပြီး မီးသင်္ဂြိုဟ်ခြင်းအစီအစဥ်ကို ဦးဆောင်ခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင်စျာပနအခမ်းအနားကို MSRF ရဲ့မဟာမိတ်ရဲဘော်များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ ၃၃ အောက်ရှိတပ်ရင်းတပ်ဖွဲ့များ၊ ရေးပျောက်ကျားတပ် (YGF)၊ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KBDF)၊ ရာမညမွန်တပ်မတော်၊ မွန်ပြည်ကာကွယ်ရေးတပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊မော်လီကျူးဒရုန်းတပ်ဖွဲ့၊ Nonentity Coach မှ တာဝန်ရှိသူများနဲ့ ရဲဘော်ရဲဘက်များက အလေးပြုနှုတ်ဆက်ခဲ့ကြတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က ထုတ်ပြန်ကြေငြာထားပါတယ်။
Photo-MSRF

😢6❤2👍1👎1🫡1
နယ်စပ်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြုလုပ်နေစဉ် ထိုင်းနိုင်ငံက တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ ကမ္ဘောဒီးယားစွပ်စွဲ
BBM-ဒီဇင်ဘာ ၂၇
ထိုင်း-ကမ္ဘောဒီးယားနှစ်နိုင်ငံဟာ နယ်စပ်ပဋိပက္ခတွေ အဆုံးသတ်ဖို့ အစည်းအဝေးတွေ ကျင်းပနေပေမဲ့ အငြင်းပွားနေတဲ့ နယ်စပ်ဒေသမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာတယ်လို့ ကမ္ဘောဒီးယားက ထိုင်းကို စွပ်စွဲခဲ့ပါတယ်။
တရားဝင်စာရင်းတွေအရ အိမ်နီးချင်းနှစ်နိုင်ငံရဲ့ ရှည်လျားတဲ့ နယ်စပ်ပဋိပက္ခတွေဟာ အခုလထဲမှာ ပြန်လည်စတင်ခဲ့ပြီး အစောပိုင်းက သဘောတူညီထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ပျက်ပြားစေပြီး လူ ၄၀ ကျော် သေဆုံးခဲ့ရကာ လူတစ်သန်းခန့်လည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၂၆ရက် သောကြာနေ့က ကမ္ဘောဒီးယားနဲ့ ထိုင်းအရာရှိတွေက နယ်စပ်စစ်ဆေးရေးဂိတ်တစ်ခုမှာ တတိယမြောက်နေ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
လာမယ့် ဒီဇင်ဘာလ ၂၇ရက်နေ့မှာတော့ နှစ်နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးတွေက တွေ့ဆုံဖို့ စီစဉ်ထားကြပါတယ်။
ဒါပေမဲ့လည်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့မနက်က ထိုင်းစစ်တပ်က အငြင်းပွားနေတဲ့ နယ်နိမိတ်ဒေသတွေကို ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
“မနက် ၆ နာရီမှ ၇ နာရီ ၁၅ မိနစ်အထိ ထိုင်းစစ်တပ်က ချော့ချေရွာကို ဗုံး အလုံး ၄၀ အထိ ကြဲချဖို့ F-16 တိုက်လေယာဉ်တွေ စေလွှတ်ခဲ့တယ်”လို့ ကြေညာချက်တစ်စောင်မှာ ဖော်ပြထားပါတယ်။
Reference-The Guardian
Translator-Richard
Photo-The Guardian/the nation Thailand
#bbmnews #bbm #bbmtv #thailand #cambodia

👍6
ရွှေဘိုမြို့နယ်မှာ ရွေးကောက်ပွဲဆန့်ကျင်ကြောင်း လက်ဗွေနှိပ်ပြီး ဆန္ဒထုတ်ဖော်
BBM-ဒီဇင်ဘာ၂၇
သတင်း-ခက်ဆစ်
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို လက်မခံ၊ ဆန့်ကျင်ကြောင်း လက်ဗွေနှိပ် ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ရွှေဘိုမြို့နယ် သပိတ်အင်အားစုက ယမန်နေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ရွှေဘိုမြို့နယ်အတွင်းရှိ ပြည်သူလူထု အသွားအလာများတဲ့ လမ်းမတွေပေါ်မှာ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လက်ဗွေနှိပ်ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
"အတုအယောင်ရွေးကောက်ပွဲသည် ပြည်သူလက်မခံနိုင်သော စစ်ကော်မရှင်၏ အနိုင်ကျင့်မှု ထွက်ပေါက်ရှာဖွေမှု တရားဝင်ဖြစ်ဖို့အတွက် တရားမဝင်ကြံစည်မှုသာဖြစ်သည်၊ ဤလုပ်ရပ်ကို ပြည်သူက လက်မခံ ဆန့်ကျင်ကြောင်း ပြည့်သူ့လက်ဗွေများဖြင့် ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်ပါသည်" လို့ ရွှေဘိုမြို့နယ် သပိတ်အင်အားစုက အသိပေးထားပါတယ်။
Photo - ရွှေဘိုမြို့နယ် သပိတ်အင်အားစု
#bbmnews #bbm #bbmtv #election #shwebo

👍17