3.48K subscribers
5.58K photos
393 videos
2.89K links
Breaking Brainwashed Media
Download Telegram
အောင်လံမှာ စစ်ကားတစ်စီးကို တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါ စကစတပ်သား ၁၆ ဦးသေဆုံးထိခိုက်

BBM-ဒီဇင်ဘာ၂၆
သတင်း-ခက်ဆစ်

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အင်အား ၂၀ ခန့်ပါ စစ်ကောင်စီ ကားတစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၁၆ ဦးခန့် သေဆုံးထိခိုက်ခဲ့တယ်လို့ Yoma Fighter Column က ယမန်နေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၃ ရက်၊ မနက် ၈ နာရီခွဲခန့်မှာ အောင်လံမြို့ ခလရ ၇၁ မှ အင်အား ခန့်ပါ စစ်ကားတစ်စီးဟာ အောင်လံမြို့နယ်၊ လှေတုန်းနဲ့ တံခွန်တိုင် ကျေးရွာကြားသို့ မိုင်းကွင်းအား လာရောက်စစ်းဆေးတဲ့အချိန်မှာ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ အရာရှိ တစ်ဦးအပ့ါအဝင် စစ်သား ၁၆ ဦးခန့် ထိခိုက်သေဆုံးပြီး တော်လှန်ရေးရဲဘော် တစ်ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Yoma Fighter Column က ဦးဆောင်ပြီး နေပြည်တော်တပ်ရင်း (၉၀၂)၊ နေပြည်တော်တပ်ရင်း (၈၀၄) နဲ့ သရက်ခရိုင်အမှတ်(၁)တပ်ရင်း တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video - Yoma Fighter Column

#bbmnews #bbm #bbmtv #yomafightercolumn #aunglan
👏8👍3
သရက်ထောင်မှာ နိုင်ကျဉ်းတွေကို ထောင်ပိုင်အသစ် ရွှေမင်းမောင်နဲ့ တပည့် နှိပ်စက်မှုကြောင့် သေဆုံးမှုတွေရှိနေ

BBM-ဒီဇင်ဘာ ၂၆
သတင်း-Richard

မကွေးတိုင်း၊ သရက်ထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပိုင်အသစ် ရွှေမင်းမောင်နဲ့ တပည့် ဝင်းမြင့်သိန်းတို့က ဖက်ဆစ်ဆန်ဆန်နှိပ်စက်နေတာကြောင့် သေဆုံးမှုတွေရှိနေတယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်က BBM ကို ဒီဇင်ဘာလ ၂၅ ရက်မှာ ပြောပါတယ်။

အရင်က အဆိုပါသရက်ထောင်မှာ အခုလောက်ဆိုးရွားမှုမရှိဘဲ ထောင်ပိုင်အသစ်နဲ့ တပည့်တို့ ပြောင်းလာမှ ပိုဆိုးလာတာလို့ ဆိုပါတယ်။

“‌ရွှေမင်းမောင်က ခြေထောက်တစ်ဘက်ပြတ်နေတဲ့ စစ်တပ်အသွင်ပြောင်းတစ်ယောက်ဖြစ်ပြီး သဘောထားတင်းမာသူလဲဖြစ်တယ်ဗျ” လို့ အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။

အကျဉ်းသားတွေကိုလည်း စိတ်ကြိုက်နှိပ်စက်လေ့ရှိပြီး လူအခွင့်အရေးလည်းဂရုမစိုက်ဘူးလို့ အမြဲပြောလေ့ရှိတယ်လို့ သိရပါတယ်။

“အခုလိုညှင်းပန်းနှိပ်စက်ရိုက်နှက်နေရတာကို သဘောကျသာယာတတ်သူဖြစ်တယ်ဗျ၊ သူကိုယ်တိုင်လည်း ဒါမျိုးလုပ်ရတာကို ဂုဏ်ယူပြီး ပြောလေ့ရှိတယ်”လို့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

ရွှေမင်းမောင်နဲ့ ၀င်းမြင့်သိန်းကြောင့် အချို့အကျဉ်းသားတွေဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ မူမမှန်မှုတွေရှိလာပြီး အကျဉ်းသားအချို့ဆို သူတို့ရဲ့ထောင်တွင်းညှင်းပန်းနှိပ်စက်မှုကြောင့်ဆေးရုံတက်ရတာတို့ သေဆုံးတဲ့အထိ အဖြစ်အပျက်တွေရှိနေကြောင်း ဆိုပါတယ်။

“ကျွန်တော့်အသိဆို ၂၀၂၂ ကတည်းကျတာ၊ အစောပိုင်းက အင်းစိန်ကနေ ထောင်အဆင့်ဆင့် ပြောင်းလာတာ လက်ရှိ သရက်ထောင်မှာပေါ့၊ သူတို့လည်း အတော်ခံရရှာတာ၊ ခွေးတွေရဲ့ ဒဏ်ကို”လို့ ဆက်ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက မတရားဖမ်းဆီးခံထားရတဲ့ အကျဉ်းသား စုစုပေါင်း ၃၀၁၉၃ ဦးရှိလာပြီးတော့ ကျဆုံးသူ စုစုပေါင်း ၇၆၂၃ ဦး ရှိလာပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကလည်း ထုတ်ပြန်ထားပါတယ်။

#bbmnews #bbm #bbmtv #magway #AAPP
😡12👍1👎1
🖕15👍1👎1
ဟားခါးအခြေစိုက် ခလရ ၂၆၆ ကို CDF တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်

BBM - ဒီဇင်ဘာ ၂၆
သတင်း - နိုင်နိုင်

ချင်းပြည်နယ်ရဲ့ မြို့တော် ဟားခါးမြို့အခြေစိုက် ခလရ ၂၆၆ တပ်ရင်းကို ချင်းကာကွယ်ရေးတပ် (CDF - ဟားခါး) အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က ရွေးကောက်ပွဲ ပထမအပိုင်းကို ကျင်းပဖို့ ၂ ရက်သာလိုတော့တဲ့ ဟားခါးမြို့ကို ချင်းကာကွယ်ရေးတပ် (CDF - ဟားခါး) အဖွဲ့က ဒီကနေ့ ဒီဇင်ဘာလ ၂၆ ရက်၊ မနက် ၆ နာရီကျော်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိ တိုက်ပွဲတွေဟာ မနက်အစောပိုင်းကနေ နေ့လယ်ပိုင်းအထိ ဟားခါးမြို့အနီးတဝိုက်တွေမှာ ပြင်းထန်စွာဖြစ်ပွားနေကြတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း ဂျက်ဖိုက်တာ၊ Y - 12 တွေနဲ့ ဗုံးကြဲချတိုက်ခိုက်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

"ဒီမနက် ၆ နာရီခွဲကတည်းက တိုက်ပွဲတွေ စဖြစ်တာပါ၊ တိုက်ပွဲတွေက အရမ်းပြင်းထန်ပါတယ်၊ ရုန်းတောင်ပေါ်က စစ်ကောင်စီတပ်စခန်းတွေထဲမှာလည်း မီးတွေအတော်လောင်နေတာ မြင်ရပါတယ်" လို့ ဟားခါးဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

အခုလို တိုက်ပွဲတွေကြောင့် ဟားခါးမြို့ဒေသခံတွေဟာ နီးစပ်ရာနေရာတွေကို စစ်ဘေးတိမ်းရှောင်နေကြရသလို အိမ်ထဲကနေ အိမ်အပြင်မထွက်ရဲကြတဲ့သူတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ချင်းကာကွယ်ရေးတပ် (CDF ဟားခါး) ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။

#BBM #BBMNews #CDF #Hakha #UpdateNews
👏12👍2
ခရစ္စမတ်နေ့မှာ သံတွဲကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံး

BBM - ဒီဇင်ဘာ ၂၆
သတင်း - နိုင်နိုင်

ခရစ္စမတ်နေ့မှာ သံတွဲကို စစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်အမျိုးသမီး တစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာလ ၂၅ ရက်မှာ သံတွဲမြို့နယ်၊ အမှတ် ၅ တိုက်နယ်၊ ရပ်ရှည်ကျေးရွာကို လေကြောင်းကနေ ဂျက်ဖိုက်တစ်စီးနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်လာသူ ဒေါ်နော်စေးရေဖော (၅၅) နှစ်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီ ကြဲချတိုက်ခိုက်ခဲ့တဲ့ ဗုံးသီးတစ်လုံးဟာ ရပ်ရှည်ကျေးရွာ အရှေ့ဘက်ရှိ ရော်ဘာခင်းနားမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေါ်နော်စေးရေဖော (၅၅ နှစ်)ရဲ့ ညာဘက်လက်ပြင်ကနေ ရင်အုံကို လက်နက်ကြီးကျည်ဖောက်ထွက်သွားပြီး နေရာအတွင်းမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ရတယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလတစ်လတာအတွင်းမှာ စစ်ကောင်စီတပ်ဟာ သံတွဲမြို့နယ်ကို ဗုံးကြဲချတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူတစ်ဦး သေဆုံးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်တစ်ဦးနဲ့ ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦးမှာ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့လည်း သိရပါတယ်။

ရခိုင်မှာ တကျော့ပြန် တိုက်ပွဲစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့အထိ ၂ နှစ်တာ တိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၁၅၂ ဦး သေဆုံးခဲ့ပြီး ၂၁၅၃ ဦးအထိ ထိခိုက်ဒဏ်ရာရရှိသွားကာ မတရားသဖြင့် ဖမ်းဆီးခံခဲ့ရတဲ့သူ ၁၀၃၄ ဦးအထိရှိတယ်လို့ အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

#BBM #BBMNews #Thandwe #Myanmar #UpdateNews
😢7👍1🤬1
👍4😢4
ကျောက်ဖြူမြို့နယ်ကို စစ်တပ်က စစ်အင်အားတွေ ထပ်မံပို့ဆောင်နေ

BBM - ဒီဇင်ဘာ ၂၆
သတင်း - နိုင်နိုင်

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ကို စစ်ကောင်စီတပ်က စစ်အင်အားတွေ ထပ်မံပို့ဆောင်နေတယ်လို့ ကျောက်ဖြူစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်း အာရက္ခတပ်တော် AA ဟာ ထိုးစစ်အရှိန်မြှင့်ကာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို တိုက်ခိုက်လာနေတာကြောင့် စစ်ကောင်စီတပ်ကလည်း အဆိုပါနေရာတွေကို လက်လွှတ်မဆုံးရှုံးရဖို့အတွက် ပြန်ပြီးတော့ စစ်အင်အားတွေ ဖြည့်တင်းနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်အင်အားတွေကို ရေကြောင်းကနေ စစ်ရေယာဥ်သင်္ဘောတွေနဲ့ ပို့ဆောင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ကတည်းက မြို့ပေါ်ရှိတပ်ရင်းတွေနဲ့ ဓညဝတီရေတပ်ဌာနချုပ်ဘက်တွေကို စစ်အင်အားတွေ ထပ်မံရောက်ရှိတာရှိတယ်လို့ ကျောက်ဖြူမြို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကို ပြောပါတယ်။

"ကျောက်ဖြူကို စစ်အင်အားတွေ ထပ်ရောက်တယ်လို့ ကြားပါတယ်။ အဓိကတော့ မြို့ပေါ်ရှိတပ်ရင်းတွေနဲ့ ရေတပ်ဌာနချုပ်ကို ရောက်တာရှိပါတယ်။ အင်အားကတော့ ၂၀၀ ကျော်လောက် ရှိတယ်လို့ သိရပါတယ်။ ရေကြောင်းကနေ စစ်ရေယာဥ်တွေနဲ့ ရောက်ရှိလာတာပါ " လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်အင်အားတွေဟာ ရန်ကုန်နဲ့ ဧရာဝတီဘက်တွေမှ လာရောက်ကြတာဖြစ်ပြီး အဲဒီအထဲမှာ ပြည်သူ့စစ်မှုထမ်း (ပစ) တွေ အများအပြားပါဝင်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ကလည်း အာရက္ခတပ်တော် AA ဟာ မင်းပြင်၊ သိုင်းချောင်းကျေးရွာတွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အဲဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်သား ရာနဲ့ချီသေဆုံးမှုရှိတယ်လို့လည်း AA နဲ့နီးစပ်တဲ့ကျောက်ဖြူ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

AA တိုက်ခိုက်မှုကြောင့် သိုင်းချောင်းကျေးရွာမှာ တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ အဲဒီကျေးရွာနဲ့ ၂ မိုင်ကျော်အကွာ စစ်တောလမ်းဆုံရှိ ကျေးရွာတွေနဲ့ ဓညဝတီရေတပ်ဌာနချုပ်ဘက်ကို ဆုတ်ခွာထွက်ပြေးနေကြရတာလည်းဖြစ်ပြီး လက်ရှိထိတွေ့တိုက်ပွဲဖြစ်သံတွေကိုလည်း ကြားနေရဆဲဖြစ်တယ်လို့ ကျောက်ဖြူမြို့ မဒေးကျွန်းဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

"ဓညဝတီရေတပ်ကတော့ လက်နက်ကြီးပစ်ခတ်သံတွေ ကြားရပါတယ်။ တိုက်ပွဲတွေဖြစ်ပြီးဆိုရင် အမြဲတမ်းပစ်ခတ်တာရှိပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို ပစ်ခတ်နေတာပါ။ သိုင်းချောင်းတို့၊ စစ်တောလမ်းဆုံတို့ဖက်ကို ပစ်နေတာလို့သိရပါတယ်" လို့ သူကဆက်ပြောပါတယ်။

အာရက္ခတပ်တော် AA ဟာ တိုက်ပွဲ ၂ နှစ်ကျော်ကာလအတွင်းမှာ ရခိုင်ကမြို့နယ် ၁၄ ခုအပါအဝင် ချင်းပြည်နယ်က ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး လက်ကျန်မြို့နယ်တွေဖြစ်တဲ့ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ကတော့ လာမဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၀၂ မြို့နယ်မှာ ရွေးကောက်ပွဲ ပထမအပိုင်းကို စတင်ကျင်းပမှာဖြစ်ပြီး ရခိုင်မှာဆိုပါက ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေမှာ ကျင်းပပြုလုပ်မှာလည်း ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်ဟာ ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်တွေမှာ ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ကျင်းပပြုလုပ်နိုင်ဖို့အတွက် စစ်အင်အားတွေ တိုးချဲ့ချထားနေတာဖြစ်ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရှေ့တန်းစစ်မြေပြင်ကိုလည်း စစ်အင်အားတွေ အဆက်မပြတ် ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။

တရုတ်စီမံကိန်းတွေ များစွာရှိတဲ့ ကျောက်ဖြူမြို့နယ်မှာတော့ ဓညဝတီရေတပ်ဌာနချုပ်၊ ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ အမှတ် ၃၂ ရဲတပ်ရင်း၊ တောင်မော်ကြီး ရေတပ်စခန်း၊ အုံးကျွိန်ရေတပ်ဌာနခွဲ တို့ရှိပြီး ရေတပ်အင်အားကောင်းတဲ့မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။
👍7🤬21
🖕7👍1
ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ချောက်မြို့ပေါ်အနားထိ တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်ပွားလာ

🟥ချောက်မြို့နယ်မှ ကြံ့ဖွံ့ကိုယ်စားလှယ် ယာဥ်တန်းအပစ်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

BBM-ဒီဇင်ဘာ၂၆
သတင်း-မင်းသော်

ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ ချောက်မြို့ပေါ်အနီးအနားတွေအထိပင် တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်ပွားနေတဲ့အပြင် ချောက်မြို့နယ်ကြံ့ခိုင်ရေးကိုယ်စားလှယ်ရဲ့ ယာဥ်တန်းလည်း အခုရက်ပိုင်းအတွင်း တိုက်ခိုက်ခံရမှုတွေရှိနေတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

လာမဲ့ ဒီဇင်ဘာလ၂၈ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပထမအဆင့်ရွေးကောက်ပွဲကို ချောက်မြို့နယ်အပါ မြို့နယ်(၁၀၂) မြို့နယ်တို့မှာ ကျင်းပပြုလုပ်သွားမယ်လို့ စစ်ကောင်စီလက်အောက်ခံရွေးကော်မှကြေငြာထားပေမဲ့လည်း ယခုရက်ပိုင်းအတွင်းမှာတင် ချောက်မြို့ပေါ်အနီးထိပင် တိုက်ပွဲဖြစ်ပွါးနေသံတွေကြားရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၃)ရက်နေ့ ည၁၀နာရီအကျော်နဲ့ (၂၄)ရက်နေ့ တစ်နေကုန်နီးပါးထိ ချောက်မြို့ပေါ်ပတ်ချာလည်ရှိ စကစတွေကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းဗုံးသီးနဲ့ တိုက်ခိုက်တဲ့အသံတွေကို မြို့ပေါ်နေရာတွေကပါ ကြားရတယ်လို့သိရပါတယ်။

အဲ့ဒီနောက် ဒီဇင်ဘာလ ၂၅ရက်နေ့ (မနေ့)ကလည်း ချောက်-ပုဂံ-ညောင်ဦး လမ်းပေါ် ကျော်တဲရွာ လမ်းခွဲက စစ်ကောင်စီဂိတ်စခန်းတစ်ခုကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက သွားရောက်ပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံတစ်ဦးက BBM ကိုပြောပါတယ်။

"ချောက်မြို့နယ် ပတ်ချာလည်မှာတော့ ၂၃ရက်နေ့ညကထဲက တအုန်းအုန်းနဲ့ အသံတွေတော့ ကြားနေရတာပဲ၊ ဘယ်မှာ ဖြစ်နေတယ်ဆိုတာကို အတိအကျ မသိရဘူး၊ ပြီးတော့ ၂၅ရက်နေ့ နေ့ခင်းကလည်း ချောက်-ပုဂံညောင်ဦးလမ်းပေါ်က ကျော်တဲရွာသွားတဲ့ လမ်းခွဲက ဂိတ်ကို ကာကွယ်ရေးအဖွဲ့တွေကဝင်ပစ်သွားတယ်"လို့ ပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း ချောက်-ဂွေးချိုလမ်းပိုင်း တောင်နောက်ရွာအနီးမှာ စကစ ရွေးကောက်ပွဲဝင်ပြိုင်မဲ့ ကြံ့ခိုင်ရေးက်ုယ်စားလှယ် ရဲတင့် ပါဝင်တဲ့ ယာဥ်တန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့သေးတယ်လို့လည်း သိရပါတယ်။

အဆိုပါယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်အတွင်း ကြံ့ခိုင်ရေးကိုယ်စားလှယ် ရဲတင့်ရဲ့ ယာဉ်မောင်းသေဆုံးခဲ့သလို လုံခြုံရေးလိုက်ပါလာတဲ့ ခရိုင်ရဲတွေလည်း ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။

"ချောက်-ဂွေးချိုလမ်းပိုင်းမှာအပစ်ခံရတာက ကြံ့ခိုင်ရေးကိုယ်စားလှယ် ရဲတင့် ယာဥ်တန်းပဲ၊ မောင်းတဲ့ယာဥ်မောင်းသေတယ်လို့ ကြားတယ်၊ ပြီးတော့ ခရိုင်ရဲတွေစီးတဲ့ Double Cubကားအနက်ရောင်ကိုလည်း ကျည်ပေါက်တွေဗရပွနဲ့တွေ့မိတယ်ဗျ"လို့ ပြောပါတယ်။

ဒီလိုရွေးကောက်ပွဲနီးနေတဲ့ ရက်ပိုင်းအတွင်းမှာတင် ကြားဖြတ်တိုက်ခိုက်ခံရတာ၊ ဂိတ်စခန်းတွေကို တိုက်ခိုက်ခံရတာတွေနဲ့ ဒရုန်းဗုံးသီးချပြီးတိုက်ခံရတာတွေ ခပ်စိပ်စိပ်ဖြစ်ပေါ်နေတာကြောင့် မြို့တွင်း စကစ တွေစည်ကားရာနေရာတွေမှာတောင် တိတ်ဆိတ်ခြောက်ကပ်နေတဲ့အပြင် ရဲထောက်ခံစာသွားယူတဲ့ ပြည်သူအချို့ကိုလည်း အရေးကြီးကိစ္စရှိတာကြောင့် နောက်မှပြန်လာဖို့ ချိန်းဆိုမှုတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီဟာ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစပြီး ပထမအဆင့် ရွေးကောက်ပွဲကျင်းပမယ်လို့ကြေငြာထားပေမဲ့လည်း ချောက်မြို့နယ်သာမက စစ်ကောင်စီရဲ့ ပထမအဆင့်ရွေးကောက်ပွဲကျင်းပမဲ့မြို့စာရင်းထဲပါဝင်တဲ့ ချင်းပြည်နယ် ဟားခါးမြို့မှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့လည်း သိရပါတယ်။
👏111👍1
🖕9👍1🥰1